ဗီလိန်ရဲ့ လမ်းပြကြယ်

By CrystalKyi

780K 131K 3.7K

ဝတ္ထုစာအုပ်ထဲကို ဝိဉာဉ္ကူးပြောင်းလာတဲ့ ချောင်လန်တစ်ယောက် သူမရဲ့ နေရာက ဇာတ်လိုက် မင်းသားကို ကြိုက် မိသွားတဲ့ ဗ... More

မိတ်ဆက်
အပိုင်း (၁)
အပိုင်း(၂)
အပိုင်း(၃)
အပိုင်း(၄)
အပိုင်း(၅)
အပိုင်း(၆)
အပိုင်း (၇)
အပိုင်း(၈)
အပိုင်း(၉)
အပိုင်း(၁၀)
အပိုင်း(၁၁)
အပိုင်း(၁၂)
အပိုင်း(၁၃)
အပိုင်း(၁၄)
အပိုင်း(၁၅)
အပိုင်း(၁၆)
အပိုင်း(၁၇)
အပိုင်း(၁၈)
အပိုင်း(၁၉)
အပိုင်း(၂၀)
အပိုင်း(၂၁)
အပိုင်း(၂၂)
အပိုင်း(၂၃)
အပိုင်း(၂၄)
အပိုင်း(၂၅)
အပိုင်း(၂၆)
အပိုင်း(၂၇)
အပိုင်း(၂၈)
အပိုင်း(၂၉)
အပိုင်း (၃၀)
အပိုင်း(၃၁)
အပိုင်း(၃၂)
အပိုင်း(၃၃)
အပိုင်း (၃၄)
အပိုင်း(၃၅)
အပိုင်း(၃၆)
အပိုင်း(၃၇)
အပိုင်း(၃၈)
အပိုင်း(၃၉)
အပိုင်း(၄၀)
အပိုင်း(၄၁)
အပိုင်း(၄၂)
အပိုင်း(၄၃)
အပိုင်း(၄၄)
အပိုင်း(၄၅)
အပိုင်း(၄၆)
အပိုင်း(၄၇)
အပိုင်း(၄၈)
အပိုင်း(၄၉)
အပိုင်း(၅၀)
အပိုင်း(၅၁)
အပိုင်း(၅၂)
အပိုင်း(၅၃)
အပိုင်း(၅၄)
အပိုင်း(၅၅)
အပိုင်း(၅၆)
အပိုင်း(၅၇)
အပိုင်း(၅၈)
အပိုင်း(၅၉)
Not Upade!!!
အပိုင်း(၆၀)
အပိုင်း(၆၁)
အပိုင်း(၆၂)
အပိုင်း(၆၃)
အပိုင်း(၆၄)
အပိုင်း(၆၅)
အပိုင်း(၆၆)
အပိုင်း(၆၇)
အပိုင်း(၆၈)
အပိုင်း(၆၉)
အပိုင်း(၇၀)
အပိုင်း(၇၁)
အပိုင်း(၇၂)
အပိုင်း(၇၃)
အပိုင်း(၇၄)
အပိုင်း(၇၅)
အပိုင်း(၇၆)
အပိုင်း(၇၇)
အပိုင်း(၇၈)
အပိုင်း(၇၉)
အပိုင်း(၈၀)
အပိုင်း(၈၁)
အပိုင်း(၈၂)
အပိုင်း(၈၃)
အပိုင်း(၈၄)
အပိုင်း(၈၅)
အပိုင်း(၈၆)
အပိုင်း(၈၇)
အပိုင်း(၈၈)
အပိုင်း(၈၉)
အပိုင်း(၉၀)
အပိုင်း(၉၁)
အပိုင်း(၉၂)
အပိုင်း(၉၃)
အပိုင်း(၉၄)
အပိုင်း(၉၅)
အပိုင်း(၉၆)
အပိုင်း(၉၇)
အပိုင်း(၉၈)
အပိုင်း(၉၉)
အပိုင်း(၁၀၀)
အပိုင်း(၁၀၁)
အပိုင်း(၁၀၂)
အပိုင်း(၁၀၃)
အပိုင်း(၁၀၄)
အပိုင်း(၁၀၅)
အပိုင်း(၁၀၆)
အပိုင်း(၁၀၇)
အပိုင်း(၁၀၈)
အပိုင်း(၁၀၉)
အပိုင်း(၁၁၀)
အပိုင်း(၁၁၁)
အပိုင်း(၁၁၃)
အပိုင်း(၁၁၄)
အပိုင်း(၁၁၅)
အပိုင်း(၁၁၆)
အပိုင်း(၁၁၇)
အပိုင်း(၁၁၈)
အပိုင်း(၁၁၉)
အပိုင်း(၁၂၀)
အပိုင်း(၁၂၁)
အပိုင်း(၁၂၂)
အပိုင်း(၁၂၃)
အပိုင်း(၁၂၄)
အပိုင်း(၁၂၅)
အပိုင်း(၁၂၆)
အပိုင်း(၁၂၇)
အပိုင်း(၁၂၈)
အပိုင်း(၁၂၉)
အပိုင်း(၁၃၀)
အပိုင်း(၁၃၁)
အပိုင်း(၁၃၂)
အပိုင်း(၁၃၃)
အပိုင်း(၁၃၄)
အပိုင်း(၁၃၅)
အပိုင်း(၁၃၆)
အပိုင်း(၁၃၇)
အပိုင်း(၁၃၈)
အပိုင်း(၁၃၉)
အပိုင်း(၁၄၀)
အပိုင်း(၁၄၁)
အပိုင်း(၁၄၂)
အပိုင်း(၁၄၃)
အပိုင်း(၁၄၄)
အပိုင်း(၁၄၅)
အပိုင်း(၁၄၆)
အပိုင်း(၁၄၇)
အပိုင်း(၁၄၈)
အပိုင်း(၁၄၉)

အပိုင်း(၁၁၂)

4.3K 709 16
By CrystalKyi

Unicode

ချောင်လန်က Asperger ရောဂါအကြောင်းရေးထားတဲ့ စာအုပ်ကို ဖတ်တုန်းက စာပိုဒ်တစ်ပိုဒ်ကို မြင်ဖူးတယ်။ အဲ့စာပိုဒ်ထဲမှာ ရှင်းပြထားတာက Asperger ရောဂါရှိတဲ့လူတွေက 'love disorder' ခံစားရတက်တယ်တဲ့။ Asperger ရောဂါရှိတဲ့လူတွေရဲ့ ရာခိုင်နှုန်းအနည်းငယ်လောက်က သာမန်လူတွေထက် IQ အများကြီးမြင့်ကြတယ်၊ ဒါပေမဲ့ EQ ကျတော့ သာမန်လူတွေထက် အများကြီးပိုနိမ့်ကြတယ်လို့ တစ်ချို့လူတွေက ယုံကြည်ကြတယ်။ စိတ်ခံစားချက်တွေအရပြောရမယ်ဆိုရင် သူတို့က ကလေးလေးတွေလိုပဲ အဖြူထည်လေးတွေပေါ့။

အဲ့တာကြောင့်မလို့ ထန်းမော့က သူမကိုဘယ်တော့မှ ကြိုက်လာမှာ မဟုတ်ဘူးဆိုတာ ချောင်လန်က အရမ်းသေချာနေတာပေါ့။ သူက သူမအပေါ်မီခိုမယ်၊ သူမကိုဂရုစိုက်မယ်၊ ပြီးတော့ သူမကို ကာကွယ်ပေးမယ်။ ဒါပေမဲ့ သူက သူမကို ယောက်ျားတစ်ယောက်က မိန်းမတစ်ယောက်ကို ကြိုက်သလိုမျိုးတော့ ကြိုက်မှာ မဟုတ်ဘူး။ ဘာလို့လဲဆိုတော့ ထန်းမော့က ဒီလိုခံစားချက်မျိုးကို နားမှမလည်တာလေ။

တစ်ချို့လူတွေကပြောကြတယ် Asperger ရောဂါရှိတဲ့လူတွေက သူတို့ဘဝတစ်သက်လုံးမှာ အချစ်ဆိုတာကို ဘာလဲဆိုတာကို ဘယ်တော့မှ နားလည်မှာ မဟုတ်ဘူးတဲ့။ အဲ့ထဲက အနည်းစုလောက်ကတော့ နားလည်ရင်နားလည်ကြမှာပေါ့။ ဒါပေမဲ့ အဲ့လိုဖြစ်ရပ်တွေမှာဆိုရင် သူတို့တွေက အရမ်းကိုအစွဲအလမ်းကြီးပြီး ပိုင်ဆိုင်လိုစိတ်ပြင်းပြကြတယ်တဲ့။ ဒီလိုဖြစ်လာတော့ လူတစ်ယောက်ကို အရမ်းအစွဲအလမ်းကြီးလွန်းတာက ပြဿနာတွေ အများကြီးကို ယူဆောင်လာတာပေါ့။ လူနည်းနည်းလေးကပဲ အဲ့လိုအချစ်မျိုးကို နားလည်တာ ခံနိုင်ရည်ရှိတာလေ။ အဲ့တာကြောင့် ဒီလိုအချစ်မျိုးက ဝမ်းနည်းကြေကွဲမှုကို ဦးတည်စေတယ်။

ချောင်လန်က တစ်ခါတစ်လေကျသိချင်တယ် ထန်းမော့က အဲ့လူနည်းစုအုပ်စုထဲမှာများ ပါလားလို့ပေါ့။ ဒါပေမဲ့ သူမလေ့လာ စောင့်ကြည့်ရသလောက်ကတော့ မဟုတ်ဘူးပဲ သူက အဲ့အုပ်စုထဲမှာ မပါဘူး။

ထန်းမော့က သူမကိုဘာလို့မကြိုက်ရတာလဲဆိုတာ ပိုင်ယွီနားမလည်ရင်တောင် ချောင်လန်က သူမကို ဘာလို့လဲဆိုတဲ့ အကြောင်းပြချက်ကို မပြောပြနိုင်ဘူးလေ။

ထန်းမော့မှာ Asperger ရောဂါရှိတယ်ဆိုတဲ့ အချက်က ပြောပြစရာမလိုဘူးလေ။ လူနည်းနည်းလေးပဲ သိလေပိုကောင်းလေပဲ။ ဘာပဲပြောပြော ထန်းမော့က နောက်ဆုံးမှ သူ့ရဲ့ခြေထောက်ကြောင့် ဖြစ်လာရတဲ့ လှောင်ပြောင်သရော်မှုတွေကို အခုမှ ဖယ်ရှားပစ်နိုင်ခဲ့တာမလို့လေ။

သူက သာမန်လူတစ်ယောက်နဲ့တူအောင်လို့ နေ့တိုင်းနေ့တိုင်း ကြိုးကြိုးစားစား လေ့ကျင့်နေခဲ့ရတာလေ။ ထန်းမော့က လုပ်ဖို့မလိုဘူးဆိုရင်တောင် သူက လုံလုံလောက်လောက် ကြိုးစားခဲ့ပြီးပြီလေ။

ရွှေရောင်ရက်သတ္တပတ် အားလပ်ရက်က ရက်အနည်းငယ်ပဲ ကြာလိုက်တယ်။ အဲ့လရဲ့နောက်ပိုင်း အောက်တိုဘာအလယ်လောက်မှာ ထန်းမော့က သူ့ရဲ့၁၇နှစ်ပြည့်မွေးနေ့ကို ကျင်းပမှာ ဖြစ်တယ်။

စိတ်ထဲက အသက်က ၂၀ကျော်နေပြီဖြစ်တဲ့ " မမချောင်လန် " က အခုတလော သူမရုန်းကန်နေရတဲ့ အကြီးမားဆုံးပြဿနာကြီးကို သတိရလိုက်တော့ သူမစိတ်ထဲမှာ ရုတ်တရက် ဖော်ပြလို့မရနိုင်လောက်တဲ့ အပြစ်ရှိစိတ်ခံစားလိုက်ရတယ်။

ထန်းမော့က အခုမှ ၁၇နှစ်ပဲ ရှိသေးတယ်။ တစ်ကယ်လို့သူမက သူ့ကိုသူငယ်ချင်းကောင်းတစ်ယောက် ဒါမှမဟုတ် အရင်းနီးဆုံးအဖော်မွန်ထက်ပိုတာ တစ်ခုခုကို တွေးလိုက်မိတယ်ဆိုရင် သူမက နွားအိုကမြက်နုစားဖို့ တွေးနေတာနဲ့ တူနေပြီလေ။ သူမက သူတို့၂ယောက်ရဲ့ဆက်ဆံရေးကို အမျိုးအစားခွဲခြားနေတယ်ဆိုတာကိုသာ တစ်ကယ်လို့ ထန်းမော့သိသွားခဲ့ရင် သူဘယ်လိုစဥ်းစားမလဲ။ ဘယ်လိုထင်မလဲ။

ခေါင်းရှုပ်နေတဲ့ ချောင်လန်တစ်ယောက် အသက်ပြင်းပြင်းရှူလိုက်ပြီး သူမခေါင်းထဲက အရှုပ်တွေကို ရှင်းလိုက်တယ်။ ပြီးတော့ ထန်းမော့ကို နည်းနည်းရှက်နေတဲ့ မျက်နှာနဲ့ ပြောလိုက်တယ်။ " မော့မော့ မနက်ဖြန် နင့်မွေးနေ့ကျရင် ငါနင့်ကို strawberry mousse စားဖို့ ခေါ်သွားပေးမယ်။ အဲ့ဆိုင်က ငါအရင်တစ်ခေါက် ဈေးဝယ်ထွက်တုန်းက တွေ့ခဲ့တာလေ။ "

ထန်းမော့က ချောင်လန့်ရဲ့'မော့မော့'ဆိုတဲ့ စကားကို နောက်ထပ် မပြင်ပေးတော့ဘူး။ သူပြန်စဥ်းစားကြည့်လိုက်တော့ အားလုံးက သူ့ကိုထန်းမော့လို့ ခေါ်နေကြပြီး ချောင်လန်က သူ့ကို'မော့မော့'လို့ ခေါ်တာကြားလိုက်ရတော့ အင်းးးးး နားထောင်ရတာ သိပ်မဆိုးပါဘူး။

ထန်းမော့ မျက်လုံးတွေနည်းနည်း လှုပ်သွားတယ်။ " နင်က တစ်ယောက်ထဲ ဈေးဝယ်ထွက်ခဲ့တာလား? "

ဘယ်လိုလုပ် လူတစ်ယောက်က တစ်ယောက်ထဲ ဈေးဝယ်ထွက်မှာလဲ??? ချောင်လန်နဲ့ ဘယ်သူက အတူသွားခဲ့တာလဲ? ကောင်လေးလား ကောင်မလေးလား?? အဲ့လူက ဟောင်ရင်များလား??

သူ့အတွက်ကံကောင်းတာက ချောင်လန်က ထန်းမော့အတွေးရထားကြီးကို အချိန်မီ ဖြတ်တောက်လိုက်တာပဲ။

" ငါ ပိုင်ယွီနဲ့သွားခဲ့တာလေ။ အဲ့မှာ ရှော့ပင်းမော့တစ်ခုလဲ ရှိတယ်။ အဲ့ရှော့ပင်းမောထဲကရုပ်ရှင်ရုံဘေးမှာ အချိုပွဲဆိုင်ရှိတယ်လေ။ သူတို့ရဲ့ strawberry mousse က အရမ်းအရသာရှိတာပဲ။ နင်သေချာပေါက် ကြိုက်မှာ။ "

ထန်းမော့ မျက်လုံးတွေက ပြန်ပြီး တည်ငြိမ်သွားပြန်တယ်။ သူက အခု strawberry mousse ကိုမစားရသေးပေမဲ့ သူ့လျှာပေါ်မှာ ချိုမြိန်မှုအနည်းငယ်ကို ခံစားမိလာရသလိုပဲ။

ထန်းမော့က ကောင်မလေးရဲ့ လှပတဲ့မျက်လုံးလေးတွေကို ကြည့်လိုက်တယ်။ ပြီးတော့ သူ့နှုတ်ခမ်းပေါ်မှာ အပြုံးလေးတစ်ခု ပေါ်လာခဲ့တယ်။ " အိုကေလေ " သူညင်သာစွာ ပြောလိုက်တယ်။

ဒါကို သူတို့၂ယောက်ကြားက 'date' တစ်ခုအဖြစ် သူသတ်မှတ်လိုက်လို့ ရလား??

သူ သတ်မှတ်လိုက်မှာ။ ဒါပေမဲ့ သူက ချောင်လန့်ကိုတော့ သိခွင့်မပေးဘူးပေါ့။

သူ့ရဲ့၁၇နှစ်ပြည့်မွေးနေ့ မတိုင်ခင်ညမှာ အချစ်နွံထဲကျနေတဲ့ ကောင်လေးတွေ ကောင်မလေးလိုပဲ ထန်းမော့ကလဲ နောက်နေ့မှာ ဖြစ်လာမဲ့ 'date' ကြောင့် သူကစိတ်လှုပ်ရှားနေခဲ့တယ်။ ဒါပေမဲ့ သူ့ရဲ့စိတ်လှုပ်ရှားမှုက သာမန်လူတွေထက် အများကြီး ပိုဆိုးနေတယ်။

ဘာလို့လဲဆိုတော့ သူက ဘယ်တုန်းကမှ အဲ့လိုဆူညံတဲ့နေရာတွေသွားရတာကို မကြိုက်ခဲ့လို့ သူက ချောင်လန်နဲ့ မနက်ဖြန်မှာ ရောက်လာမဲ့ 'date' လေးကို မျှော်လင့်နေခဲ့တယ်။ သူတို့ဘယ်ကိုသွားမယ်၊ ဘာတွေစားမယ်၊ ဘာအကြောင်းတွေကို ပြောကြမယ်၊ ပြီးတော့ သူဘာအဝတ်အစားတွေကို ဝတ်သင့်တယ် ဆိုတာတွေကို သူမစဥ်းစားဘဲ မနေနိုင်ဘူး။

ဦးလေးချန်က တံခါးမှာရပ်ပြီး အခုလက်ရှိမှာ အင်္ကျီလဲနေတဲ့ ထန်းမော့ကို ကြည့်နေခဲ့တယ်။ ပြီးတော့ ဖော်ပြလို့မရလောက်အောင်ပဲ ပျော်နေခဲ့တယ်။ နှစ်ပေါင်းအများကြီးကြာပြီးတဲ့နောက်မှာ နောက်ဆုံးတော့ သူက ထန်းမော့ ဆယ်ကျော်သက်အငွေ့အသက်လေး ပြန်ရှိလာတာကို မြင်လာရပြီလေ။

ထန်းမော့က သူကြည့်လို့ကောင်းရဲ့လားဆိုပြီး သူ့ကို စိတ်လှုပ်ရှားစွာနဲ့ မေးတာကို ကြားလိုက်ရတော့ ဦးလေးချန်က ပျော်ရွှင်စွာနဲ့ ပြီးခဲ့တဲ့ဝတ်စုံက ပိုကောင်းတယ်လို့ ပြောလိုက်တယ်။

မနက်စောစောထ မနက်စာ စောစောစားပြီးသွားတဲ့အချိန်မှာ ထန်းမော့က စိတ်လှုပ်ရှားပြီး ဂနာမငြိမ်ဖြစ်နေခဲ့တယ်။ အကွာအဝေးတစ်ခုမှာ ကောင်မလေးလာနေတာကို မတွေ့လိုက်ရသေးခင်အထိပေါ့။ သူမက ကျောင်းယူနီဖောင်းဝတ်မထားဘဲ သူမဆံပင်လေးကိုလဲ ပုခုံးပေါ်ကို ဖြန့်ချထားလိုက်တယ်။ သူမက အရမ်းလှလွန်းလို့ သူ့မျက်လုံးတွေတောင် ဖယ်လို့မရတော့ဘူး။

သူမက အရမ်းကို လှတာပဲ။

သူက အဲ့တာကိုပဲ ပြန်မစဥ်းစားပဲ မနေနိုင်ခဲ့ဘူး။ သူနောက်တစ်ခါကြည့်လိုက်တော့ ချောင်လန်က သူဝတ်ထားတဲ့အဝတ်တွေနဲ့ တော်တော်လေးဆင်တဲ့ ရှပ်အင်္ကျီနဲ့ ဘောင်းဘီတိုကို ဝတ်ထားတာကို တွေ့လိုက်ရတယ်။။

ချောင်လန်ကလဲ သူတို့၂ယောက် အဝတ်ရွေးတဲ့နေရာမှာ စိတ်ချင်းဆက်နေတာကို တွေ့သွားတဲ့ပုံပဲ။ ခဏလောက်အံ့ဩပြီးသွားတော့ သူမနားရွက်ထိပ်တွေက နည်းနည်းနီလာခဲ့တယ်။

ဒါပေမဲ့ သူမ ထန်းမော့ကို သေသေချာချာကြည့်လိုက်တော့ သူမစိတ်က ရုတ်တရက်ကြီး အတွေးတွေ ရပ်သွားခဲ့တယ်။

သူက ဘာလို့ဒီလောက်တောင် ကြည့်ကောင်းနေရတာလဲ??

အခုက အောက်တိုဘာလလယ်ဆိုတော့ ရာသီဥတုက အရင်လို မပူတော့ဘူး။ အဲ့တာကြောင့်ချောင်လန်က ရိုးရှင်းတဲ့ ဘောင်းဘီတိုနဲ့ ထသွားထလာ ရှပ်အင်္ကျီပဲ ဝတ်လာခဲ့တယ်။ အဲ့တာက ဖြစ်ချင်တော့ ထန်းမော့ဝတ်ထားတာနဲ့ တိုက်ဆိုင်သွားတယ်လေ။

သူတို့၂ယောက်လုံးက သူတို့ရဲ့ဝတ်စုံတွေက အရမ်းကိုဆင်တူနေတာကို မြင်လိုက်ရတဲ့အချိန်မှာ သူတို့၂ယောက်လုံးရဲ့စိတ်ထဲမှာ ဖုံးကွယ်ထားတဲ့ လှိုင်းလေးတွေ ထသွားကြတယ်။ အပြင်ပိုင်းမှာတော့ သူတို့မျက်နှာတွေက အရင်လိုပဲ တည်ငြိမ်နေတုန်းပဲ။ ပြီးတော့ အမြဲတမ်းလိုပဲ ဣန္ဒြေမပျက်ဘဲနဲ့ပေါ့။ တစ်ယောက်ကို တစ်ယောက် လှုပ်ခတ်နေတဲ့ လှိုင်းတွေကို ဖုံးကွယ်ရင်းပေါ့။

ထန်းမော့က ဘယ်လောက်ပဲ အာဟာရပြည့်ဝတဲ့ အစာတွေပဲ စားစား သူ့ခြေထောက်က ဒဏ်ရာရပြီး wheelchair ပေါ်မှာ အကြာကြီးနေခဲ့ရတာကြောင့် ထန်းမော့အရပ်က အခုအချိန်ထိ အရမ်းကြီးမရှည်ခဲ့ဘူး။ ဒါပေမဲ့ ၁၇၈စင်တီမီတာပဲ ရှိပေမဲ့ သူ့ရဲ့ ခန္ဓာကိုယ်အချိုးအစားက အရမ်းကောင်းတယ်။ ဖြောင့်မတ်နေတဲ့ကိုယ်ရယ် ပြီးတော့ သွယ်လျနေတဲ့ ခြေထောက်ရှည်တွေရယ်က သူ့ကိုတစ်ကယ့်အရပ်ထက် ပိုရှည်တဲ့ပုံပေါ်စေတယ်။ ဒါ့အပြင် သူ့ရဲ့ချောမွတ်နေတဲ့အသားအရေရယ် ပြီးတော့ ထူးခြားလှတဲ့ မျက်နှာအသွင်အပြင်တွေရယ်ဆိုတော့ အချိုပွဲဆိုင်က ကလေးငယ်တွေရော ဆယ်ကျော်သက်တွေရောကပါ သူ့ကို တစ်ချက်ချက် လှည့်မကြည့်ဘဲ မနေနိုင်ကြဘူး။

ချောင်လန်က သူမအရမ်းကြိုက်တဲ့ strawberry mousse ကို မှာလိုက်တယ်။ ပြီးတော့ ထန်းမော့အကြိုက်တွေကိုလဲ ခန့်မှန်းလိုက်ပြီးတော့ သူကြိုက်မယ်လို့ သူမထင်တဲ့ သောက်စရာတစ်ခုကို မှာပေးလိုက်တယ်။

သူမ အဲ့လိုလုပ်နေတဲ့အချိန်မှာ ထန်းမော့က သူ့ထိုင်ခုံမှာ စိတ်ရှည်လက်ရှည်နဲ့ ထိုင်နေခဲ့တယ်။ သူ့ဘက်ကိုကြည့်နေကြတဲ့ အကြည့်တွေအများကြီးကို ဂရုမစိုက်ဘဲ ချောင်လန့်ဘက်ကိုပဲ သူ့အကြည့်က ရောက်နေခဲ့တယ်။

ထန်းမော့က ဒီလိုနေရာမျိုးကို ဘယ်တုန်းကမှမရောက်ဖူးဘူး။ လူငယ်တွေစုကြတဲ့ နေရာမျိုးကိုပေါ့။ ဒါပေမဲ့ ပထမဆုံးအကြိမ်မှာ ရိုးရိုးသားသားပြောရရင် ထန်းမော့က ဘေးပတ်ဝန်းကျင်ကို သိပ်ပြီး စိတ်ထဲမထားဘူး။

ဒီလိုဖြစ်ရတဲ့ အကြောင်းရင်းကတော့ ဒီအချိုပွဲဆိုင်မှာ လာတဲ့ ဧည့်သည်အများစုက အမျိုးအစား၂မျိုးထဲမှာ ပါဝင်နေလို့လေ။ ဧည့်သည်တွေက သူငယ်ချင်းတွေတစ်ဖွဲ့လိုက်ကြီးနဲ့လာတာပဲဖြစ်ဖြစ် ဒါမှမဟုတ် အတွဲတွေပဲဖြစ်ဖြစ် အဲ့၂ခုထဲက တစ်ခုခုပဲ။

ချစ်သူတွေ........

ဒီမှာရှိနေတဲ့ လူတစ်ချို့ကတော့ တစ်ကယ့်ချစ်သူတွေ ဟုတ်ချင်မှလဲ ဟုတ်လိမ့်မယ်။ ဒါပေမဲ့ လူအများစုကတော့ သူတို့ကို အဲ့လိုမှတ်ယူကြတာပဲ။ ဒါကြောင့်မလို့လဲ ထန်းမော့က သူတို့၂ယောက်အကြောင်းကို မတွေးဘဲ မနေနိုင်ဘူး။ သူနဲ့ချောင်လန်ကလဲ အတွဲတွေနဲ့ တူတာပဲ။

Zawgyi

ေခ်ာင္လန္က Asperger ေရာဂါအေၾကာင္းေရးထားတဲ့ စာအုပ္ကို ဖတ္တုန္းက စာပိုဒ္တစ္ပိုဒ္ကို ျမင္ဖူးတယ္။ အဲ့စာပိုဒ္ထဲမွာ ရွင္းျပထားတာက Asperger ေရာဂါရိတဲ့လူေတြက 'love disorder' ခံစားရတက္တယ္တဲ့။ Asperger ေရာဂါရွိတဲ့လူေတြရဲ႕ ရာခိုင္ႏုန္းအနည္းငယ္ေလာက္က သာမန္လူေတြထက္ IQ အမ်ားႀကီးျမင့္ၾကတယ္၊ ဒါေပမဲ့ EQ က်ေတာ့ သာမန္လူေတြထက္ အမ်ားႀကီးပိုနိမ့္ၾကတယ္လို႔ တစ္ခ်ိဳ႕လူေတြက ယုံၾကည္ၾကတယ္။ စိတ္ခံစားခ်က္ေတြအရေျပာရမယ္ဆိုရင္ သူတို႔က ကေလးေလးေတြလိုပဲ အျဖဴထည္ေလးေတြေပါ့။

အဲ့တာေၾကာင့္မလို႔ ထန္းေမာ့က သူမကိုဘယ္ေတာ့မွ ႀကိဳက္လာမွာ မဟုတ္ဘူးဆိုတာ ေခ်ာင္လန္က အရမ္းေသခ်ာေနတာေပါ့။ သူက သူမအေပၚမီခိုမယ္၊ သူမကိုဂ႐ုစိုက္မယ္၊ ၿပီးေတာ့ သူမကို ကာကြယ္ေပးမယ္။ ဒါေပမဲ့ သူက သူမကို ေယာက္်ားတစ္ေယာက္က မိန္းမတစ္ေယာက္ကို ႀကိဳက္သလိုမ်ိဳးေတာ့ ႀကိဳက္မွာ မဟုတ္ဘူး။ ဘာလို႔လဲဆိုေတာ့ ထန္းေမာ့က ဒီလိုခံစားခ်က္မ်ိဳးကို နားမွမလည္တာေလ။

တစ္ခ်ိဳ႕လူေတြကေျပာၾကတယ္ Asperger ေရာဂါရွိတဲ့လူေတြက သူတို႔ဘဝတစ္သက္လုံးမွာ အခ်စ္ဆိုတာကို ဘာလဲဆိုတာကို ဘယ္ေတာ့မွ နားလည္မွာ မဟုတ္ဘူးတဲ့။ အဲ့ထဲက အနည္းစုေလာက္ကေတာ့ နားလည္ရင္နားလည္ၾကမွာေပါ့။ ဒါေပမဲ့ အဲ့လိုျဖစ္ရပ္ေတြမာဆိုရင္ သူတို႔ေတြက အရမ္းကိုအစြဲအလမ္းႀကီးၿပီး ပိုင္ဆိုင္လိုစိတ္ျပင္းျပၾကတယ္တဲ့။ ဒီလိုျဖစ္လာေတာ့ လူတစ္ေယာက္ကို အရမ္းအစြဲအလမ္းႀကီးလြန္းတာက ျပႆနာေတြ အမ်ားႀကီးကို ယူေဆာင္လာတာေပါ့။ လူနည္းနည္းေလးကပဲ အဲ့လိုအခ်စ္မ်ိဳးကို နားလည္တာ ခံႏိုင္ရည္ရွိတာေလ။ အဲ့တာေၾကာင့္ ဒီလိုအခ်စ္မ်ိဳးက ဝမ္းနည္းေၾကကြဲမႈကို ဦးတည္ေစတယ္။

ေခ်ာင္လန္က တစ္ခါတစ္ေလက်သိခ်င္တယ္ ထန္းေမာ့က အဲ့လူနည္းစုအုပ္စုထဲမွာမ်ား ပါလားလို႔ေပါ့။ ဒါေပမဲ့ သူမေလ့လာ ေစာင့္ၾကည့္ရသေလာက္ကေတာ့ မဟုတ္ဘူးပဲ သူက အဲ့အုပ္စုထဲမွာ မပါဘူး။

ထန္းေမာ့က သူမကိုဘာလို႔မႀကိဳက္ရတာလဲဆိုတာ ပိုင္ယြီနားမလည္ရငိေတာင္ ေခ်ာင္လန္က သူမကို ဘာလို႔လဲဆိုတဲ့ အေၾကာင္းျပခ်က္ကို မေျပာျပႏိုင္ဘူးေလ။

ထန္းေမာ့မွာ Asperger ေရာဂါရွိတယ္ဆိုတဲ့ အခ်က္က ေျပာျပစရာမလိုဘူးေလ။ လူနည္းနည္းေလးပဲ သိေလပိုေကာင္းေလပဲ။ ဘာပဲေျပာေျပာ ထန္းေမာ့က ေနာက္ဆုံးမွ သူ႔ရဲ႕ေျခေထာက္ေၾကာင့္ ျဖစ္လာရတဲ့ ေလွာင္ေျပာင္သေရာ္မႈေတြကို အခုမွ ဖယ္ရားပစ္ႏိုင္ခဲ့တာမလို႔ေလ။

သူက သာမန္လူတစ္ေယာက္နဲ႔တူေအာင္လို႔ ေန႔တိုင္းေန႔တိုင္း ႀကိဳးႀကိဳးစားစား ေလ့က်င့္ေနခဲ့ရတာေလ။ ထန္းေမာ့က လုပ္ဖို႔မလိုဘူးဆိုရင္ေတာင္ သူက လုံလုံေလာက္ေလာက္ ႀကိဳးစားခဲ့ၿပီးၿပီေလ။

ေ႐ႊေရာင္ရက္သတၱပတ္ အားလပ္ရက္က ရက္အနည္းငယ္ပဲ ၾကာလိုက္တယ္။ အဲ့လရဲ႕ေနာက္ပိုင္း ေအာက္တိုဘာအလယ္ေလာက္မွာ ထန္းေမာ့က သူ႔ရဲ႕၁၇ႏွစ္ျပည့္ေမြးေန႔ကို က်င္းပမွာ ျဖစ္တယ္။

စိတ္ထဲက အသက္က ၂၀ေက်ာ္ေနၿပီျဖစ္တဲ့ " မမေခ်ာင္လန္ " က အခုတေလာ သူမ႐ုန္းကန္ေနရတဲ့ အႀကီးမားဆုံးျပႆနာႀကီးကို သတိရလိုက္ေတာ့ သူမစိတ္ထဲမွာ ႐ုတ္တရက္ ေဖာ္ျပလို႔မရႏိုင္ေလာက္တဲ့ အျပစ္ရွိစိတ္ခံစားလိုက္ရတယ္။

ထန္းေမာ့က အခုမွ ၁၇ႏွစ္ပဲ ရွိေသးတယ္။ တစ္ကယ္လို႔သူမက သူ႔ကိုသူငယ္ခ်င္းေကာင္းတစ္ေယာက္ ဒါမွမဟုတ္ အရင္းႏီွးဆုံးအေဖာ္မြန္ထက္ပိုတာ တစ္ခုခုကို ေတြးလိုက္မိတယ္ဆိုရင္ သူမက ႏြားအိုကျမက္ႏုစားဖို႔ ေတြးေနတာနဲ႔ တူေနၿပီေလ။ သူမက သူတို႔၂ေယာက္ရဲ႕ဆက္ဆံေရးကို အမ်ိဳးအစားခြဲျခားေနတယ္ဆိုတာကိုသာ တစ္ကယ္လို႔ ထန္းေမာ့သိသြားခဲ့ရင္ သူဘယ္လိုစဥ္းစားမလဲ။ ဘယ္လိုထင္မလဲ။

ေခါင္းရႈပ္ေနတဲ့ ေခ်ာင္လန္တစ္ေယာက္ အသက္ျပင္းျပင္းရႉလိုက္ၿပီး သူမေခါင္းထဲက အရႈပ္ေတြကို ရွင္းလိုက္တယ္။ ၿပီးေတာ့ ထန္းေမာ့ကို နည္းနည္းရွက္ေနတဲ့ မ်က္ႏွာနဲ႔ ေျပာလိုက္တယ္။ " ေမာ့ေမာ့ မနက္ျဖန္ နင့္ေမြးေန႔က်ရင္ ငါနင့္ကို strawberry mousse စားဖို႔ ေခၚသြားေပးမယ္။ အဲ့ဆိုင္က ငါအရင္တစ္ေခါက္ ေဈးဝယ္ထြက္တုန္းက ေတြ႕ခဲ့တာေလ။ "

ထန္းေမာ့က ေခ်ာင္လန္႔ရဲ႕'ေမာ့ေမာ့'ဆိုတဲ့ စကားကို ေနာက္ထပ္ မျပင္ေပးေတာ့ဘူး။ သူျပန္စဥ္းစားၾကည့္လိုက္ေတာ့ အားလုံးက သူ႔ကိုထန္းေမာ့လို႔ ေခၚေနၾကၿပီး ေခ်ာင္လန္က သူ႔ကို'ေမာ့ေမာ့'လို႔ ေခၚတာၾကားလိုက္ရေတာ့ အင္းးးးး နားေထာင္ရတာ သိပ္မဆိုးပါဘူး။

ထန္းေမာ့ မ်က္လုံးေတြနည္းနည္း လႈပ္သြားတယ္။ " နင္က တစ္ေယာက္ထဲ ေဈးဝယ္ထြက္ခဲ့တာလား? "

ဘယ္လိုလုပ္ လူတစ္ေယာက္က တစ္ေယာက္ထဲ ေဈးဝယ္ထြက္မွာလဲ??? ေခ်ာင္လန္နဲ႔ ဘယ္သူက အတူသြားခဲ့တာလဲ? ေကာင္ေလးလား ေကာင္မေလးလား?? အဲ့လူက ေဟာင္ရင္မ်ားလား??

သူ႔အတြက္ကံေကာင္းတာက ေခ်ာင္လန္က ထန္းေမာ့အေတြးရထားႀကီးကို အခ်ိန္မီ ျဖတ္ေတာက္လိုက္တာပဲ။

" ငါ ပိုင္ယြီနဲ႔သြားခဲ့တာေလ။ အဲ့မာ ေရာ့ပင္းေမာ့တစ္ခုလဲ ရွိတယ္။ အဲ့ေရွာ့ပင္းေမာထဲက႐ုပ္ရွင္႐ုံေဘးမွာ အခ်ိဳပြဲဆိုင္ရွိတယ္ေလ။ သူတို႔ရဲ႕ strawberry mousse က အရမ္းအရသာရွိတာပဲ။ နင္ေသခ်ာေပါက္ ႀကိဳက္မွာ။ "

ထန္းေမာ့ မ်က္လုံးေတြက ျပန္ၿပီး တည္ၿငိမ္သြားျပန္တယ္။ သူက အခု strawberry mousse ကိုမစားရေသးေပမဲ့့ သူ႔လွ်ာေပၚမွာ ခ်ိဳၿမိန္မႈအနည္းငယ္ကို ခံစားမိလာရသလိုပဲ။

ထန္းေမာ့က ေကာင္မေလးရဲ႕ လွပတဲ့မ်က္လုံးေလးေတြကို ၾကည့္လိုက္တယ္။ ၿပီးေတာ့ သူ႔ႏႈတ္ခမ္းေပၚမွာ အၿပဳံးေလးတစ္ခု ေပၚလာခဲ့တယ္။ " အိုေကေလ " သူညင္သာစြာ ေျပာလိုက္တယ္။

ဒါကို သူတို႔၂ေယာက္ၾကားက 'date' တစ္ခုအျဖစ္ သူသတ္မွတ္လိုက္လို႔ ရလား??

သူ သတ္မတ္လိုက္မွာ။ ဒါေပမဲ့ သူက ေခ်ာင္လန္႔ကိုေတာ့ သိခြင့္မေပးဘူးေပါ့။

သူ႔ရဲ႕၁၇ႏွစ္ျပည့္ေမြးေန႔ မတိုင္ခင္ညမွာ အခ်စ္ႏြံထဲက်ေနတဲ့ ေကာင္ေလးေတြ ေကာင္မေလးလိုပဲ ထန္းေမာ့ကလဲ ေနာက္ေန႔မွာ ျဖစ္လာမဲ့ 'date' ေၾကာင့္ သူကစိတ္လႈပ္ရွားေနခဲ့တယ္။ ဒါေပမဲ့ သူ႔ရဲ႕စိတ္လႈပ္ရွားမႈက သာမန္လူေတြထက္ အမ်ားႀကီး ပိုဆိုးေနတယ္။

ဘာလို႔လဲဆိုေတာ့ သူက ဘယ္တုန္းကမွ အဲ့လိုဆူညံတဲ့ေနရာေတြသြားရတာကို မႀကိဳက္ခဲ့လို႔ သူက ေခ်ာင္လန္နဲ႔ မနက္ျဖန္မွာ ေရာက္လာမဲ့ 'date' ေလးကို ေမွ်ာ္လင့္ေနခဲ့တယ္။ သူတို႔ဘယ္ကိုသြားမယ္၊ ဘာေတြစားမယ္၊ ဘာအေၾကာင္းေတြကို ေျပာၾကမယ္၊ ၿပီးေတာ့ သူဘာအဝတ္အစားေတြကို ဝတ္သင့္တယ္ ဆိုတာေတြကို သူမစဥ္းစားဘဲ မေနႏိုင္ဘူး။

ဦးေလးခ်န္က တံခါးမွာရပ္ၿပီး အခုလက္ရွိမွာ အက်ႌလဲေနတဲ့ ထန္းေမာ့ကို ၾကည့္ေနခဲ့တယ္။ ၿပီးေတာ့ ေဖာ္ျပလို႔မရေလာက္ေအာင္ပဲ ေပ်ာ္ေနခဲ့တယ္။ ႏွစ္ေပါင္းအမ်ားႀကီးၾကာၿပီးတဲ့ေနာက္မွာ ေနာက္ဆုံးေတာ့ သူက ထန္းေမာ့ ဆယ္ေက်ာ္သက္အေငြ႕အသက္ေလး ျပန္ရွိလာတာကို ျမင္လာရၿပီေလ။

ထန္းေမာ့က သူၾကည့္လို႔ေကာင္းရဲ႕လားဆိုၿပီး သူ႔ကို စိတ္လႈပ္ရွားစြာနဲ႔ ေမးတာကို ၾကားလိုက္ရေတာ့ ဦးေလးခ်န္က ေပ်ာ္႐ႊင္စြာနဲ႔ ၿပီးခဲ့တဲ့ဝတ္စုံက ပိုေကာင္းတယ္လို႔ ေျပာလိုက္တယ္။

မနက္ေစာေစာထ မနက္စာ ေစာေစာစားၿပီးသြားတဲ့အခ်ိန္မာ ထန္းေမာ့က စိတ္လႈပ္ရွားၿပီး ဂနာမၿငိမ္ျဖစ္ေနခဲ့တယ္။ အကြာအေဝးတစ္ခုမွာ ေကာင္မေလးလာေနတာကို မေတြ႕လိုက္ရေသးခင္အထိေပါ့။ သူမက ေက်ာင္းယူနီေဖာင္းဝတ္မထားဘဲ သူမဆံပင္ေလးကိုလဲ ပုခုံးေပၚကို ျဖန္႔ခ်ထားလိုက္တယ္။ သူမက အရမ္းလွလြန္းလို႔ သူ႔မ်က္လုံးေတြေတာင္ ဖယ္လို႔မရေတာ့ဘူး။

သူမက အရမ္းကို လွတာပဲ။

သူက အဲ့တာကိုပဲ ျပန္မစဥ္းစားပဲ မေနႏိုင္ခဲ့ဘူး။ သူေနာက္တစ္ခါၾကည့္လိုက္ေတာ့ ေခ်ာင္လန္က သူဝတ္ထားတဲ့အဝတ္ေတြနဲ႔ ေတာ္ေတာ္ေလးဆင္တဲ့ ရွပ္အက်ႌနဲ႔ ေဘာင္းဘီတိုကို ဝတ္ထားတာကို ေတြ႕လုိက္ရတယ္။။

ေခ်ာင္လန္ကလဲ သူတို႔၂ေယာက္ အဝတ္ေ႐ြးတဲ့ေနရာမွာ စိတ္ခ်င္းဆက္ေနတာကို ေတြ႕သြားတဲ့ပုံပဲ။ ခဏေလာက္အံ့ဩၿပီးသြားေတာ့ သူမနား႐ြက္ထိပ္ေတြက နည္းနည္းနီလာခဲ့တယ္။

ဒါေပမဲ့ သူမ ထန္းေမာ့ကို ေသေသခ်ာခ်ာၾကည့္လိုက္ေတာ့ သူမစိတ္က ႐ုတ္တရက္ႀကီး အေတြးေတြ ရပ္သြားခဲ့တယ္။

သူက ဘာလို႔ဒီေလာက္ေတာင္ ၾကည့္ေကာင္းေနရတာလဲ??

အခုက ေအာက္တိုဘာလလယ္ဆိုေတာ့ ရာသီဥတုက အရင္လို မပူေတာ့ဘူး။ အဲ့တာေၾကာင့္ေခ်ာင္လန္က ႐ိုးရွင္းတဲ့ ေဘာင္းဘီတိုနဲ႔ ထသြားထလာ ရွပ္အက်ႌပဲ ဝတ္လာခဲ့တယ္။ အဲ့တာက ျဖစ္ခ်င္ေတာ့ ထန္းေမာ့ဝတ္ထားတာနဲ႔ တိုက္ဆိုင္သြားတယ္ေလ။

သူတို႔၂ေယာက္လုံးက သူတို႔ရဲ႕ဝတ္စုံေတြက အရမ္းကိုဆင္တူေနတာကို ျမင္လိုက္ရတဲ့အခ်ိန္မာ သူတို႔၂ေယာက္လုံးရဲ႕စိတ္ထဲမွာ ဖုံးကြယ္ထားတဲ့ လိႈင္းေလးေတြ ထသြားၾကတယ္။ အျပင္ပိုင္းမွာေတာ့ သူတို႔မ်က္ႏွာေတြက အရင္လိုပဲ တည္ၿငိမ္ေနတုန္းပဲ။ ၿပီးေတာ့ အၿမဲတမ္းလိုပဲ ဣေျႏၵမပ်က္ဘဲနဲ႔ေပါ့။ တစ္ေယာက္ကို တစ္ေယာက္ လႈပ္ခတ္ေနတဲ့ လိုင္းေတြကို ဖုံးကြယ္ရင္းေပါ့။

ထန္းေမာ့က ဘယ္ေလာက္ပဲ အာဟာရျပည့္ဝတဲ့ အစာေတြပဲ စားစား သူ႔ေျခေထာက္က ဒဏ္ရာရၿပီး wheelchair ေပၚမွာ အၾကာႀကီးေနခဲ့ရတာေၾကာင့္ ထန္းေမာ့အရပ္က အခုအခ်ိန္ထိ အရမ္းႀကီးမရွည္ခဲ့ဘူး။ ဒါေပမဲ့ ၁၇၈စင္တီမီတာပဲ ရွိေပမဲ့ သူ႔ရဲ႕ ခႏၶာကိုယ္အခ်ိဳးအစားက အရမ္းေကာင္းတယ္။ ေျဖာင့္မတ္ေနတဲ့ကိုယ္ရယ္ ၿပီးေတာ့ သြယ္လ်ေနတဲ့ ေျခေထာက္ရွည္ေတြရယ္က သူ႔ကိုတစ္ကယ့္အရပ္ထက္ ပိုရွည္တဲ့ပုံေပၚေစတယ္။ ဒါ့အျပင္ သူ႔ရဲ႕ေခ်ာမြတ္ေနတဲ့အသားအေရရယ္ ၿပီးေတာ့ ထူးျခားလွတဲ့ မ်က္ႏွာအသြင္အျပင္ေတြရယ္ဆိုေတာ့ အခ်ိဳပြဲဆိုင္က ကေလးငယ္ေတြေရာ ဆယ္ေက်ာ္သက္ေတြေရာကပါ သူ႔ကို တစ္ခ်က္ခ်က္ လွည့္မၾကည့္ဘဲ မေနႏိုင္ၾကဘူး။

ေခ်ာင္လန္က သူမအရမ္းႀကိဳက္တဲ့ strawberry mousse ကို မွာလိုက္တယ္။ ၿပီးေတာ့ ထန္းေမာ့အႀကိဳက္ေတြကိုလဲ ခန္႔မွန္းလိုက္ၿပီးေတာ့ သူႀကိဳက္မယ္လို႔ သူမထင္တဲ့ ေသာက္စရာတစ္ခုကို မွာေပးလိုက္တယ္။

သူမ အဲ့လိုလုပ္ေနတဲ့အခ်ိန္မွာ ထန္းေမာ့က သူ႔ထိုင္ခုံမွာ စိတ္ရွည္လက္ရွည္နဲ႔ ထိုင္ေနခဲ့တယ္။ သူ႔ဘက္ကိုၾကည့္ေနၾကတဲ့ အၾကည့္ေတြအမ်ားႀကီးကို ဂ႐ုမစိုက္ဘဲ ေခ်ာင္လန္႔ဘက္ကိုပဲ သူ႔အၾကည့္က ေရာက္ေနခဲ့တယ္။

ထန္းေမာ့က ဒီလိုေနရာမ်ိဳးကို ဘယ္တုန္းကမွမေရာက္ဖူးဘူး။ လူငယ္ေတြစုၾကတဲ့ ေနရာမ်ိဳးကိုေပါ့။ ဒါေပမဲ့ ပထမဆုံးအႀကိမ္မွာ ႐ိုး႐ိုးသားသားေျပာရရင္ ထန္းေမာ့က ေဘးပတ္ဝန္းက်င္ကို သိပ္ၿပီး စိတ္ထဲမထားဘူး။

ဒီလိုျဖစ္ရတဲ့ အေၾကာင္းရင္းကေတာ့ ဒီအခ်ိဳပြဲဆိုင္မွာ လာတဲ့ ဧည့္သည္အမ်ားစုက အမ်ိဳးအစား၂မ်ိဳးထဲမွာ ပါဝင္ေနလို႔ေလ။ ဧည့္သည္ေတြက သူငယ္ခ်င္းေတြတစ္ဖြဲ႕လိုက္ႀကီးနဲ႔လာတာပဲျဖစ္ျဖစ္ ဒါမွမဟုတ္ အတြဲေတြပဲျဖစ္ျဖစ္ အဲ့၂ခုထဲက တစ္ခုခုပဲ။

ခ်စ္သူေတြ........

ဒီမွာရွိေနတဲ့ လူတစ္ခ်ိဳ႕ကေတာ့ တစ္ကယ့္ခ်စ္သူေတြ ဟုတ္ခ်င္မလဲ ဟုတ္လိမ့္မယ္။ ဒါေပမဲ့ လူအမ်ားစုကေတာ့ သူတို႔ကို အဲ့လိုမွတ္ယူၾကတာပဲ။ ဒါေၾကာင့္မလို႔လဲ ထန္းေမာ့က သူတို႔၂ေယာက္အေၾကာင္းကို မေတြးဘဲ မေနႏိုင္ဘူး။ သူနဲ႔ေခ်ာင္လန္ကလဲ အတြဲေတြနဲ႔ တူတာပဲ။

Continue Reading

You'll Also Like

37.8M 1.1M 68
Deadly assassins Allegra and Ace have been trying in vain to kill each other for years. With a mutual enemy threatening their mafias, they find thems...