Unicode
ထန်းယန်လည်း ထိုင်ခုံမှ မှီထိုင်နေရင်းနဲ့ သူ့ရှေ့မှာ ငမ်းငမ်းတက်စားသောက်နေကြတဲ့ အစောင့်နှစ်ယောက်ကို ကြည့်နေမိတယ်၊ ပြီးမှ ထပ်ပြီး သည်းမခံနိုင်တော့တာနဲ့ သူ့ဆီ အာရုံစိုက်လာအောင် ချောင်းနှစ်ချက်လောက်ဟန့်လိုက်တယ်။
အစောင့်နှစ်ယောက်ကလည်း သူတိူ့ရဲ့
ယုန်သားဟင်းအပေါ်မှာဘဲ အာရုံအပြည့်ရှိနေလေတော့ တယောက်မှ ခေါင်းမထောင်လာကြဘူး။
ထန်းယန် ခံစားချက်တွေ ပေါက်ထွက်လို့လာပြီ၊ ဆက်ပြီး မထိုင်နေနိုင်တော့ဘဲ ရှေ့က အစောင့်နှစ်ယောက်ဆီ လျှောက်သွားလိုက်တယ်။
ထန်းယန် အနားရောက်လာမှ အစောင့်တယောက်က ငဲ့လို့ကြည့်လာတယ်။
ထန်းယန်အတွက်ကတော့ အနံ့အရသာနဲ့ ပြည့်စုံနေတဲ့ ယုန်သားလေးတွေက သူ့ကို လာပါလာပါဆိုပြီး လက်ယပ်ခေါ်နေသလိုဘဲ၊ ဒါ့အပြင် ဒီအစောင့် နှစ်ယောက်ရဲ့ အားရပါးရ စားနေပုံကိုပါ ထပ်ပေါင်းထည့်လိုက်တော့ သူ့ဗိုက်ထဲ ပိုလို့ဆာလောင်လာတယ်၊ ပြီးတော့ ပန်းကန်ထဲ နည်းနည်းဘဲ ကျန်တော့တာကို မြင်တော့ မြန်မြန်ဘဲ ဖြတ်မေးလိုက်တယ် "အမျိုးသမီး ကျင်းယီ ပို့လာတာတွေက အရသာ ဘယ်လိုနေလဲ "
အစောင့်နှစ်ယောက်ကတော့ ခေါင်းညိမ့်ပြရုံဘဲ တတ်နိုင်တယ်၊ ပါးစပ်ထဲက အပြည့်အသိပ်ဖြစ်နေလေတော့ လက်မ နှစ်ဖက်စီဘဲ ထောင်ပြလို့လာတယ်။
ထန်းယန်ကတော့ ဒီအစောင့်နှစ်ယောက် ဒီလောက်တုံးအမှန်း နားမလည်နိုင်ဘူး၊ သူဘာကိုဆိုလိုချသ်နေလဲဆိုတာကို သူတို့တွေ မသိကြဘူးလယး။
"ဒါက ဘယ်လောက်တောင် အရသာရှိလို့လဲ"
အစောင့်တစ်ယောက်က ပါးစပ်ထဲ အပြည့်အသိပ်နဲ့ ဖြေလာတယ် "ခေါင်းဆောင် ၊ခေါင်းဆောင်က မင်းသားကျင်းနောက်ကနေ အမြဲလိုက်ရတာဆိုတော့ အစားကောင်းတွေ မကြာခဏစားနေရမှာဘဲ၊ ဒီဟော့ပေါ့အတွက်နဲ့တော့ ကျွန်တော်တို့နဲ့ တုပြီး မလုဘူးမလား၊ ပြီးတော့ ဒါက ခေါင်းဆောင် ကိုယ်တိုင် ကျွန်တော်တို့ကိုပေးထားတာနော် "
ထန်းယန်လည်း ဘယ်လိုပြန်ဖြေရမလဲ မသိတော့ဘူး၊ မျက်နှာတခုလူံးနီရဲလာပြီး ဒေါသထွက်ထွက်နဲ့ ကြိမ်းမောင်းလိုက်တယ်၊"မင်းတိူ့တွေက အမြဲ စားဖို့ဘဲ သိတယ်၊ ဘယ်လိုတောင် အစားကြူးတဲ့ ကောင်တွေလဲ၊ မြန်မြန်စားပြီး သွားကြတော့၊ တဲတစ်ခုလူံး အနံ့အသက်တွေနဲ့ ပြည့်နေပြီဆိုတာ မသိဘူးလား"
တကယ်တော့ ထန်းယန်ရဲ့ အကြောင်းပြချက်ကြီးက တကယ်ဘဲ မဆီလျော်လှဘူး၊ 15မိနစ်တောင် မကြာဘဲ တဲထဲက ယုန်သားဟော့ပေါ့ အနံ့တွေက အစောင့်နှစ်ယောက်ရဲ့ အငမ်းမရ စားမှုကြောင့် ပျောက်ကွယ်သွားပြီ၊ ပန်းကန်လူံးထဲမှာ စွပ်ပြုတ်ရည် တစက်လေးမှကို မကျန်တော့ဘူး။
ထန်းယန်ကတော့ ဒီနှစ်ယောက်ကို ဒေါသထွက်ထွက်နဲ့ ကန်လွှင့်လိုက်ချင်တော့တာဘဲ။
တဖက်က ဝမ်ချင်းကလည်း အစားအသောက်တွေ ပေးပြီး ပြန်လာတာနဲ့ မိုချန်ကွေ့နဲ့ ထန်းယန်ရဲ့ အပြုအမူတွေ ကို ချူးလျန်ဆီ ပြန်ပြောပြတော့တာဘဲ။
ချူးလျန်က ရိုးရိုးလေးဘဲ ပြုံးလိုက်ပြီး ညအိပ်ဖို့ရာ တဲထဲ ဝင်သွားတော့တယ်။
နောက်နေ့ရောက်တော့ တဖွဲ့လုံး မနက်စောစော ခရီးဆက်ကြတယ်။
နေ့လည်ရောက်တော့ မြောက်ပိုင်းဆီက သတင်းအချို့ရတာနဲ့ တဖွဲ့လုံးခဏနားပြီး နေ့လည်စာစားကြတယ်၊ သတင်းပေးသူပြောတာတော့ အဲ့ဒီမှာ
မထင်မှတ်ထားတာတွေ ဖြစ်ပေါ်နေပြီလို့ပြောတယ်၊ လျန်ကျိုးမြို့ပြင်မှာဘဲ ကြမ်းကြုတ်တဲ့ တိုက်ပွဲတွေ စဖြစ်ပွားနေပြီ။
ချူးလျန်က ဘယ်လိုမှတောင် မတုံ့ပြန်ရသေးခင်မှာဘဲ မိုချန်ကွေ့က စပြီးလှုပ်လှုပ်ရှားရှားတွေ ဖြစ်လို့လာတယ်။
သူတို့က တတ်နိုင်သမျှ အမြန်ဆုံးသွားနေကြပြီးတော့ လမ်းမကြီးတွေကို ရှောင်ပြီး လမ်းသွယ်လေးတွေကိုဘဲ ဖြတ်လာခဲ့ကြတာ။
ဒါပေမယ့်လို့ သူတို့ထဲမှာ အမျိုးသမီးတွေ ပါနေပြီးတော့ ဂွမ်းထည်တွေ စောင်တွေကိုပါ သယ်နေရသေးတော့ ဒီထက်မြန်အောင်လည်း သွားလို့ မဖြစ်တော့ဘူး။
မိုချန်ကွေ့က ချူးလျန်နဲ့ ထန်းယန်ကို ခေါ်ပြီး သူက ကျင်းအန်အိမ်တော် တပ်သား တွေကို ဦးဆောင်ပြီး မြောက်ပိုင်းကို အရင်သွားနှင့်လိုတဲ့ အကြောင်းပွင့်ပွင့်လင်းလင်းပြောလာတယ်။
မိုချန်ကွေ့က ကျင်းအန်အိမ်တော်ရဲ့ တပ်သားတစ်ဦးဖြစ်ပြီးတော့ ချူးလျန်အပေါ် အမြင်မကြည်လှသူဖြစ်တယ်၊ထန်းယန်ကိုလည်း သူက မင်းသားကျင်းရဲ့ နောက်လိုက်တစ်ဦးအနေနဲ့ဘဲ ရှုမြင်လို့ထားတယ်၊ ဒီတော့ သူ မထွက်ခွာခင် ချူးလျန်တို့ ထန်းယန်တို့နဲ့ ဆွေးနွေးတိုင်ပင်တယ်လို့ ဆိုနေပေမယ့် ဒါက သူ့လုပ်ရပ်တွေကို အသိပေးရုံသက်သက်ပါဘဲ။
နေ့လည်စောင်းတာနဲ့ မိုချန်ကွေ့က စစ်သားတွေကို ဦးဆောင်ပြီး ရှေ့က ထွက်သွားတယ်၊သူက သခင်မကြီးဟေးက ချူးလျန်အတွက်လွှတ်ထားတဲ့ သီးသန့်သက်တော်စောင့်နှစ်ယောက်ကိုပါ ခေါ်သွားတယ်။
အခုချိန်မှာ ခရီးသွားအုပ်စုမှာ လူက ထက်ဝက်ကို လျော့ကျသွားပြီ။
နောက်တနေ့ကုန်တော့ သူတို့က မြို့သေးသေးလေး တမြို့မှာဘဲ ညပိုင်း ရပ်နားကြတယ်၊ မနက်မလင်းခင်မှာဘဲ ချူးလျန်ဆီကို ထန်းယန် အဖျားကြီးနေတဲ့ အကြောင်း အကြောင်းကြားလာတယ်။
သူမ အံအားသင့်သွားရပြီ၊ ရာသီဥတုက အရမ်းကြီးဆိုးဝါးနေတာ အမှန်ပေမယ့် သူမကတော့ နှာတောင်မစေးဘူး၊ ဒါပေမယ့် ထန်းယန်ကတော့ အဖျားကြီးလို့နေပြီ။
ထန်းယန်က စစ်ပညာသင်ထားတဲ့ သူမဟုတ်ပေမယ့်လို့ အားနည်းလှတဲ့ သူတော့မဟုတ်ဘူး၊ဒါပေမယ့် သူက ငယ်ရွယ်ေနပြီး ကြမ်းတမ်းလှတဲ့ အအေးဒဏ်ကို အတွေ့အကြုံမရှိလေတော့ အဖျားကြောင့် အိပ်ရာထဲ ဘုန်းဘုန်းလဲသွားတော့တာဘဲ။
ထန်းယန်ရဲ့ အဖျားက ကျဖို့လမ်းမမြင်ဘူး၊ သူက တဖြည်းဖြည်းဆိုးလာပြီး မြင်းတောင်မစီးနိုင်တော့ဘူး၊ ဒါနဲ့ တဖွဲ့လုံး မြို့ငယ်လေးမှာဘဲ တရက် ထပ်နေကြရတယ်၊သို့ပေမယ့် နောက်တရက် ကြာသွားတာတောင်မှ ထန်းယန်က မသက်သာလာဘူး။
ချူးလျန်ကတော့ ထန်းယန်ကို စိတ်ပူတာထက်ကို ပိုပြီး စိတ် မရှည်ဖြစ်လို့နေပြီ၊တရက် နှစ်ရက် နောက်ကျတာက ပြသာနာမရှိလှဘူး ၊သူတိူ့ ခပ်သွက်သွက်သွားရင် အချိန်မှီရောက်သွားနိုင်တယ်၊ ဒါပေမယ့် ထန်းယန်ရဲ့ အဖျားက သုံးရက်ကြာတဲ့ အထိကို မသက်သာလာဘူး။
ဒီတော့ ချူးလျန်အပြောကို မစောင့်ဘဲနဲ့ ထန်းယန်က ချူးလျန်ကို အရင်သွားနှင့်ခိုင်းတယ်။
မင်းသားကျင်းရဲ့ လူတွေကို တဝက်စီ ခွဲပြီး ချူးလျန်က ကျန်တစ်ဝက်နဲ့ အတူ မြောက်ပိုင်းကို ဆက်ပြီး ခရီးဆက်သွားတယ်၊ သူတို့ လူနည်းစုလေးနဲ့ ဘာမှ အများကြီး မသယ်နိုင်လေတော့ ပစ္စည်းအများစုကို ထန်းယန်နဲ့ အခြားလူတွေ နောက်ကနေ သယ်လာဖို့ ထားခဲ့လိုက်တယ်။
တတိယမြောက်ရက် နေ့လည်ပိုင်းမှာဘဲ ချူးလျန်က သူမ အဖွဲ့တွေနဲ့ အတူ မြို့ငယ်လေးကနေ ထွက်ခွာလာတယ်။
အခုချိန်မှာ သူတိူ့က လျန်ကျိုးကိုရောက်ဖို့ သုံးရက်ကျော်လောက်ဘဲ လိုတော့တယ်။
ချူးလျန်က လမ်းတလျှောက်လုံး အစစအရာရာ ဂရုစိုက်လေတယ်၊ နောက်ဆုံးတော့ သူတိူ့တွေ မြောက်ပိုင်းဆီ ရောက်ရှိဖို့ တရက်လောက်ဘဲ လိုတော့တယ်။
တဖြည်းဖြည်း ညမှောင်လာတော့ မန်နေဂျာကျင်းက အနားယူဖိူ့ လှည်းတွေကို ရပ်ခိုင်းလိုက်တယ်၊ ည အနားယူဖို့ရာ ခြောက်သွေ့တဲ့ နေရာလေးကို ရှာလိုက်ကြတယ်။
ခရီးစဉ်ပြီးဆုံးခါနီး လျန်ကျိုးကလည်း မျက်စိတကမ်းဘဲ ကွာဝေးတော့တာမို့ သူတို့အားလုံး တာဝန်တွေပြီးဆုံးပြီး မြို့ဆီ အန္တရာယ်ကင်းကင်းနဲ့ ရောက်ရှိတော့မယ်လို့ မျှော်လင့်နေကြတယ်၊ ဒါပေမယ့် သူတို့ရဲ့ ခရီးစဉ်နောက်ဆုံးညမှာဘဲ ချုံခိုတိုက်ခံရလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ၊ ဒါကို ပထမဆုံး သတိပြုမိတဲ့ သူကတော့ ဝမ်ချင်းဘဲ။
ဝမ်လန်ကလည်း အန္တရာယ်ကို မြင်တာနဲ့ ချူးလျန်ကို လှုပ်နှိုးလာတယ်။
အခြေအနေကို သတိထားမိတော့ ချူးလျန်က သူမ အကျီ လက်ကြားက ဓားေမြှာင်လေးကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လိုက်မိတယ်။
အပြင်က သတ်ဖြတ်နေတဲ့ လေအေးတွေကြားကနေ ဝမ်ချင်းက ဓားရှည်ကိုကိုင်ပြီး ချူးလျန်တို့ တဲဆီ အပြေးအလွှား ရောက်လာတယ်၊ အမှောင်ကြောင့် သူမ မျက်နှာကို သေချာမမြင်နိုင်ပေမယ့် သူမ အသံက ပူပန်ပြီးစိုးထိတ်နေတာ သိသာလှတယ် "တတိယသခင်မလေး ကျွန်မတို့ကို အလစ်ဝင်တိုက်တဲ့ သူတွေက အရေအတွက် အရမ်းများတော့ ကျွန်မတို့ မယှဉ်နိုင်လောက်ဘူး၊ အရင်ဆူံးဘေးကင်းရာကို ရှောင်မှ ဖြစ်မယ် "
ပြီးတော့ ကြောင်နေတဲ့ ဝမ်လန်ကို အော်လိုက်တယ် "ဝမ်လန် ဘာလို့ကြောင်နေတာလဲ မြန်မြန်လုပ် တတိယသခင်မလေးကိုခေါ်ပြီး ပြေးတော့၊ မြင်းတွေက တဲနောက်ဘက်နားက သစ်ပင်မှာ ချည်ထားတယ်၊ တတိယသခင်မလေးကို ခေါ်ပြီး လွတ်အောင်ပြေး "
ဝမ်လန်လည်း ဝမ်ချင်းအော်လိုက်မှ သတိပြန်ဝင်လာပြီးတော့ ချူးလျန်လက်ကိုဆွဲပြီး တဟုန်ထိုးပြေးတော့တာဘဲ။
သူတို့ တဲထဲကနေ ထွက်သွားပြီးတော့ ချူးလျန်က တိုက်ခိုက်သံတွေနဲ့ သူမ နားမလည်တဲ့ ဘာသာစကားနဲ့ အော်ဟစ်နေသံတွေကိုပါ ကြားလိုက်ရတယ်၊မီးရောင် မှိန်ပျပျအောက်မှ သူမ မြင်လိုက်ရတာက တိုက်ခိုက်သူတွေက သားမွှေးတွေကို ဝတ်ဆင်ထားပြီး သူတို့ ဆံပင်တွေကို ဖွတ်မြီး ကျစ်ထားကြတာဘဲ။
ချူးလျန်ရဲ့ မျက်လုံးတွေ ကျဉ်းမြောင်းသွားတယ်။
ဒီလူတွေက လူရိုင်းတွေများလား !
သူတို့ ကိုင်ထားတဲ့ ဓားပြားကြီးတွေနဲ့ ရက်စက်ကြမ်းကြုတ်တဲ့ သွင်ပြင်က ချူးလျန်ရဲ့ အဖွဲ့သားတွေနဲ့ ကွာခြားလှတယ်၊သူတို့က ကျွမ်းကျင်မှုမရှိပေမယ့် သူတို့ရဲ့ ရုပ်ပိုင်းဆိုင်ရာ ခွန်အားက ကောင်းမွန်လှတယ်။
အစောင့်တစ်ယောက်ဆို မရှောင်တိမ်းနိုင်လိုက်ဘဲ လက်မောင်းတဖက် ပြတ်ထွက်သွားတာကို ချူးလျန် မြင်လိုက်ရတယ်၊အစောင့်က မြေပြင်ပေါ်လဲကျပြီး နာကျင်မှုကြောင့် ညည်းညူလို့နေတယ်။
တိုက်ခိုက်နေကြတဲ့ အသံတွေက နေရာအနှံ့ကို ပျံနှံ့လာတယ်၊ ချူးလျန်က မထွက်သွားချင်ပေမယ့်လို့ သူမရဲ့ ကိုယ်ခံပညာလေးက ဒီလူရိုင်းကြီးတွေကို အနိုင်တိုက်ဖို့ထိတော့ မစွမ်းဆောင်နိုင်ဘူးလေ။
သူမလည်း သူမရဲ့ အဖွဲ့တွေနဲ့ အတူရှိပြီး တိုက်ခိုက်ပေးချင်ပေမယ့် သူမရဲ့ ခွန်အားကို သူမ သေချာသိတယ်လေ၊ တကယ်လို့ သူမ သာရှိနေရင် အားမကိူးရတဲ့ အပြင် ဝန်ထုပ်ဝန်ပိုးဘဲဖြစ်နေလိမ့်မယ်။
ဒါနဲ့ ချူးလျန်က သူမ နှုတ်ခမ်းတွေကို ဖိကိုက်ပြီး
ဝမ်လန်ဆွဲတဲ့ နောက်ကို လိုက်ပြေးလိုက်တယ်။
အသက်ရှုမဝဖြစ်တဲ့ အထိ ပြေးလွှားပြီးတော့မှ ဝမ်ချင်းပြောတဲ့ မြင်းတွေ ချည်ထားတဲ့ နေရာဆီ ရောက်လာတယ်။
ဝမ်လန်က ကြိုးတွေကို ဖြတ်နေဆဲ တန်းလန်းမှာဘဲ သူတိူ့နဲ့ နီးရာဆီ ရောက်လာတဲ့ စကားသံတွေကို ကြားလိုက်ရတယ်။
နောက်တော့ သူတို့ဆီကို ထူးဆန်းတဲ့ အသံတွေနဲ့ လူသူံးယောက် ပြေးလာတာကို မြင်လိုက်ရတယ်။
(မူရင်းကိုက တိုတာနော်ဒီအပိုင်းက 1 2ဆိုပြီး ခွဲဖို့ မရှိဘူးရယ်)
Zawgyi
ထန္းယန္လည္း ထိုင္ခုံမွ မွီထိုင္ေနရင္းနဲ႔ သူ႕ေ႐ွ႕မွာ ငမ္းငမ္းတက္စားေသာက္ေနၾကတဲ့ အေစာင့္ႏွစ္ေယာက္ကို ၾကည့္ေနမိတယ္၊ ၿပီးမွ ထပ္ၿပီး သည္းမခံႏိုင္ေတာ့တာနဲ႔ သူ႕ဆီ အာ႐ုံစိုက္လာေအာင္ ေခ်ာင္းႏွစ္ခ်က္ေလာက္ဟန္႔လိုက္တယ္။
အေစာင့္ႏွစ္ေယာက္ကလည္း သူတိူ႕ရဲ႕
ယုန္သားဟင္းအေပၚမွာဘဲ အာ႐ုံအျပည့္႐ွိေနေလေတာ့ တေယာက္မွ ေခါင္းမေထာင္လာၾကဘူး။
ထန္းယန္ ခံစားခ်က္ေတြ ေပါက္ထြက္လို႔လာၿပီ၊ ဆက္ၿပီး မထိုင္ေနႏိုင္ေတာ့ဘဲ ေ႐ွ႕က အေစာင့္ႏွစ္ေယာက္ဆီ ေလွ်ာက္သြားလိုက္တယ္။
ထန္းယန္ အနားေရာက္လာမွ အေစာင့္တေယာက္က ငဲ့လို႔ၾကည့္လာတယ္။
ထန္းယန္အတြက္ကေတာ့ အနံ႔အရသာနဲ႔ ျပည့္စုံေနတဲ့ ယုန္သားေလးေတြက သူ႕ကို လာပါလာပါဆိုၿပီး လက္ယပ္ေခၚေနသလိုဘဲ၊ ဒါ့အျပင္ ဒီအေစာင့္ ႏွစ္ေယာက္ရဲ႕ အားရပါးရ စားေနပုံကိုပါ ထပ္ေပါင္းထည့္လိုက္ေတာ့ သူ႕ဗိုက္ထဲ ပိုလို႔ဆာေလာင္လာတယ္၊ ၿပီးေတာ့ ပန္းကန္ထဲ နည္းနည္းဘဲ က်န္ေတာ့တာကို ျမင္ေတာ့ ျမန္ျမန္ဘဲ ျဖတ္ေမးလိုက္တယ္ "အမ်ိဳးသမီး က်င္းယီ ပို႔လာတာေတြက အရသာ ဘယ္လိုေနလဲ "
အေစာင့္ႏွစ္ေယာက္ကေတာ့ ေခါင္းညိမ့္ျပ႐ုံဘဲ တတ္ႏိုင္တယ္၊ ပါးစပ္ထဲက အျပည့္အသိပ္ျဖစ္ေနေလေတာ့ လက္မ ႏွစ္ဖက္စီဘဲ ေထာင္ျပလို႔လာတယ္။
ထန္းယန္ကေတာ့ ဒီအေစာင့္ႏွစ္ေယာက္ ဒီေလာက္တုံးအမွန္း နားမလည္ႏိုင္ဘူး၊ သူဘာကိုဆိုလိုခ်သ္ေနလဲဆိုတာကို သူတို႔ေတြ မသိၾကဘူးလယး။
"ဒါက ဘယ္ေလာက္ေတာင္ အရသာ႐ွိလို႔လဲ"
အေစာင့္တစ္ေယာက္က ပါးစပ္ထဲ အျပည့္အသိပ္နဲ႔ ေျဖလာတယ္ "ေခါင္းေဆာင္ ၊ေခါင္းေဆာင္က မင္းသားက်င္းေနာက္ကေန အၿမဲလိုက္ရတာဆိုေတာ့ အစားေကာင္းေတြ မၾကာခဏစားေနရမွာဘဲ၊ ဒီေဟာ့ေပါ့အတြက္နဲ႔ေတာ့ ကြၽန္ေတာ္တို႔နဲ႔ တုၿပီး မလုဘူးမလား၊ ၿပီးေတာ့ ဒါက ေခါင္းေဆာင္ ကိုယ္တိုင္ ကြၽန္ေတာ္တို႔ကိုေပးထားတာေနာ္ "
ထန္းယန္လည္း ဘယ္လိုျပန္ေျဖရမလဲ မသိေတာ့ဘူး၊ မ်က္ႏွာတခုလူံးနီရဲလာၿပီး ေဒါသထြက္ထြက္နဲ႔ ႀကိမ္းေမာင္းလိုက္တယ္၊"မင္းတိူ႕ေတြက အၿမဲ စားဖို႔ဘဲ သိတယ္၊ ဘယ္လိုေတာင္ အစားၾကဴးတဲ့ ေကာင္ေတြလဲ၊ ျမန္ျမန္စားၿပီး သြားၾကေတာ့၊ တဲတစ္ခုလူံး အနံ႔အသက္ေတြနဲ႔ ျပည့္ေနၿပီဆိုတာ မသိဘူးလား"
တကယ္ေတာ့ ထန္းယန္ရဲ႕ အေၾကာင္းျပခ်က္ႀကီးက တကယ္ဘဲ မဆီေလ်ာ္လွဘူး၊ 15မိနစ္ေတာင္ မၾကာဘဲ တဲထဲက ယုန္သားေဟာ့ေပါ့ အနံ႔ေတြက အေစာင့္ႏွစ္ေယာက္ရဲ႕ အငမ္းမရ စားမႈေၾကာင့္ ေပ်ာက္ကြယ္သြားၿပီ၊ ပန္းကန္လူံးထဲမွာ စြပ္ျပဳတ္ရည္ တစက္ေလးမွကို မက်န္ေတာ့ဘူး။
ထန္းယန္ကေတာ့ ဒီႏွစ္ေယာက္ကို ေဒါသထြက္ထြက္နဲ႔ ကန္လႊင့္လိုက္ခ်င္ေတာ့တာဘဲ။
တဖက္က ဝမ္ခ်င္းကလည္း အစားအေသာက္ေတြ ေပးၿပီး ျပန္လာတာနဲ႔ မိုခ်န္ေကြ႕နဲ႔ ထန္းယန္ရဲ႕ အျပဳအမူေတြ ကို ခ်ဴးလ်န္ဆီ ျပန္ေျပာျပေတာ့တာဘဲ။
ခ်ဴးလ်န္က ႐ိုး႐ိုးေလးဘဲ ျပဳံးလိုက္ၿပီး ညအိပ္ဖို႔ရာ တဲထဲ ဝင္သြားေတာ့တယ္။
ေနာက္ေန႔ေရာက္ေတာ့ တဖြဲ႕လုံး မနက္ေစာေစာ ခရီးဆက္ၾကတယ္။
ေန႔လည္ေရာက္ေတာ့ ေျမာက္ပိုင္းဆီက သတင္းအခ်ိဳ႕ရတာနဲ႔ တဖြဲ႕လုံးခဏနားၿပီး ေန႔လည္စာစားၾကတယ္၊ သတင္းေပးသူေျပာတာေတာ့ အဲ့ဒီမွာ
မထင္မွတ္ထားတာေတြ ျဖစ္ေပၚေနၿပီလို႔ေျပာတယ္၊ လ်န္က်ိဳးၿမိဳ႕ျပင္မွာဘဲ ၾကမ္းၾကဳတ္တဲ့ တိုက္ပြဲေတြ စျဖစ္ပြားေနၿပီ။
ခ်ဴးလ်န္က ဘယ္လိုမွေတာင္ မတုံ႔ျပန္ရေသးခင္မွာဘဲ မိုခ်န္ေကြ႕က စၿပီးလႈပ္လႈပ္႐ွား႐ွားေတြ ျဖစ္လို႔လာတယ္။
သူတို႔က တတ္ႏိုင္သမွ် အျမန္ဆုံးသြားေနၾကၿပီးေတာ့ လမ္းမႀကီးေတြကို ေ႐ွာင္ၿပီး လမ္းသြယ္ေလးေတြကိုဘဲ ျဖတ္လာခဲ့ၾကတာ။
ဒါေပမယ့္လို႔ သူတို႔ထဲမွာ အမ်ိဳးသမီးေတြ ပါေနၿပီးေတာ့ ဂြမ္းထည္ေတြ ေစာင္ေတြကိုပါ သယ္ေနရေသးေတာ့ ဒီထက္ျမန္ေအာင္လည္း သြားလို႔ မျဖစ္ေတာ့ဘူး။
မိုခ်န္ေကြ႕က ခ်ဴးလ်န္နဲ႔ ထန္းယန္ကို ေခၚၿပီး သူက က်င္းအန္အိမ္ေတာ္ တပ္သား ေတြကို ဦးေဆာင္ၿပီး ေျမာက္ပိုင္းကို အရင္သြားႏွင့္လိုတဲ့ အေၾကာင္းပြင့္ပြင့္လင္းလင္းေျပာလာတယ္။
မိုခ်န္ေကြ႕က က်င္းအန္အိမ္ေတာ္ရဲ႕ တပ္သားတစ္ဦးျဖစ္ၿပီးေတာ့ ခ်ဴးလ်န္အေပၚ အျမင္မၾကည္လွသူျဖစ္တယ္၊ထန္းယန္ကိုလည္း သူက မင္းသားက်င္းရဲ႕ ေနာက္လိုက္တစ္ဦးအေနနဲ႔ဘဲ ႐ႈျမင္လို႔ထားတယ္၊ ဒီေတာ့ သူ မထြက္ခြာခင္ ခ်ဴးလ်န္တို႔ ထန္းယန္တို႔နဲ႔ ေဆြးေႏြးတိုင္ပင္တယ္လို႔ ဆိုေနေပမယ့္ ဒါက သူ႕လုပ္ရပ္ေတြကို အသိေပး႐ုံသက္သက္ပါဘဲ။
ေန႔လည္ေစာင္းတာနဲ႔ မိုခ်န္ေကြ႕က စစ္သားေတြကို ဦးေဆာင္ၿပီး ေ႐ွ႕က ထြက္သြားတယ္၊သူက သခင္မႀကီးေဟးက ခ်ဴးလ်န္အတြက္လႊတ္ထားတဲ့ သီးသန္႔သက္ေတာ္ေစာင့္ႏွစ္ေယာက္ကိုပါ ေခၚသြားတယ္။
အခုခ်ိန္မွာ ခရီးသြားအုပ္စုမွာ လူက ထက္ဝက္ကို ေလ်ာ့က်သြားၿပီ။
ေနာက္တေန႔ကုန္ေတာ့ သူတို႔က ၿမိဳ႕ေသးေသးေလး တၿမိဳ႕မွာဘဲ ညပိုင္း ရပ္နားၾကတယ္၊ မနက္မလင္းခင္မွာဘဲ ခ်ဴးလ်န္ဆီကို ထန္းယန္ အဖ်ားႀကီးေနတဲ့ အေၾကာင္း အေၾကာင္းၾကားလာတယ္။
သူမ အံအားသင့္သြားရၿပီ၊ ရာသီဥတုက အရမ္းႀကီးဆိုးဝါးေနတာ အမွန္ေပမယ့္ သူမကေတာ့ ႏွာေတာင္မေစးဘူး၊ ဒါေပမယ့္ ထန္းယန္ကေတာ့ အဖ်ားႀကီးလို႔ေနၿပီ။
ထန္းယန္က စစ္ပညာသင္ထားတဲ့ သူမဟုတ္ေပမယ့္လို႔ အားနည္းလွတဲ့ သူေတာ့မဟုတ္ဘူး၊ဒါေပမယ့္ သူက ငယ္႐ြယ္ေနၿပီး ၾကမ္းတမ္းလွတဲ့ အေအးဒဏ္ကို အေတြ႕အၾကဳံမ႐ွိေလေတာ့ အဖ်ားေၾကာင့္ အိပ္ရာထဲ ဘုန္းဘုန္းလဲသြားေတာ့တာဘဲ။
ထန္းယန္ရဲ႕ အဖ်ားက က်ဖို႔လမ္းမျမင္ဘူး၊ သူက တျဖည္းျဖည္းဆိုးလာၿပီး ျမင္းေတာင္မစီးႏိုင္ေတာ့ဘူး၊ ဒါနဲ႔ တဖြဲ႕လုံး ၿမိဳ႕ငယ္ေလးမွာဘဲ တရက္ ထပ္ေနၾကရတယ္၊သို႔ေပမယ့္ ေနာက္တရက္ ၾကာသြားတာေတာင္မွ ထန္းယန္က မသက္သာလာဘူး။
ခ်ဴးလ်န္ကေတာ့ ထန္းယန္ကို စိတ္ပူတာထက္ကို ပိုၿပီး စိတ္ မ႐ွည္ျဖစ္လို႔ေနၿပီ၊တရက္ ႏွစ္ရက္ ေနာက္က်တာက ျပသာနာမ႐ွိလွဘူး ၊သူတိူ႕ ခပ္သြက္သြက္သြားရင္ အခ်ိန္မွီေရာက္သြားႏိုင္တယ္၊ ဒါေပမယ့္ ထန္းယန္ရဲ႕ အဖ်ားက သုံးရက္ၾကာတဲ့ အထိကို မသက္သာလာဘူး။
ဒီေတာ့ ခ်ဴးလ်န္အေျပာကို မေစာင့္ဘဲနဲ႔ ထန္းယန္က ခ်ဴးလ်န္ကို အရင္သြားႏွင့္ခိုင္းတယ္။
မင္းသားက်င္းရဲ႕ လူေတြကို တဝက္စီ ခြဲၿပီး ခ်ဴးလ်န္က က်န္တစ္ဝက္နဲ႔ အတူ ေျမာက္ပိုင္းကို ဆက္ၿပီး ခရီးဆက္သြားတယ္၊ သူတို႔ လူနည္းစုေလးနဲ႔ ဘာမွ အမ်ားႀကီး မသယ္ႏိုင္ေလေတာ့ ပစၥည္းအမ်ားစုကို ထန္းယန္နဲ႔ အျခားလူေတြ ေနာက္ကေန သယ္လာဖို႔ ထားခဲ့လိုက္တယ္။
တတိယေျမာက္ရက္ ေန႔လည္ပိုင္းမွာဘဲ ခ်ဴးလ်န္က သူမ အဖြဲ႕ေတြနဲ႔ အတူ ၿမိဳ႕ငယ္ေလးကေန ထြက္ခြာလာတယ္။
အခုခ်ိန္မွာ သူတိူ႕က လ်န္က်ိဳးကိုေရာက္ဖို႔ သုံးရက္ေက်ာ္ေလာက္ဘဲ လိုေတာ့တယ္။
ခ်ဴးလ်န္က လမ္းတေလွ်ာက္လုံး အစစအရာရာ ဂ႐ုစိုက္ေလတယ္၊ ေနာက္ဆုံးေတာ့ သူတိူ႕ေတြ ေျမာက္ပိုင္းဆီ ေရာက္႐ွိဖို႔ တရက္ေလာက္ဘဲ လိုေတာ့တယ္။
တျဖည္းျဖည္း ညေမွာင္လာေတာ့ မန္ေနဂ်ာက်င္းက အနားယူဖိူ႕ လွည္းေတြကို ရပ္ခိုင္းလိုက္တယ္၊ ည အနားယူဖို႔ရာ ေျခာက္ေသြ႕တဲ့ ေနရာေလးကို ႐ွာလိုက္ၾကတယ္။
ခရီးစဥ္ၿပီးဆုံးခါနီး လ်န္က်ိဳးကလည္း မ်က္စိတကမ္းဘဲ ကြာေဝးေတာ့တာမို႔ သူတို႔အားလုံး တာဝန္ေတြၿပီးဆုံးၿပီး ၿမိဳ႕ဆီ အႏၲရာယ္ကင္းကင္းနဲ႔ ေရာက္႐ွိေတာ့မယ္လို႔ ေမွ်ာ္လင့္ေနၾကတယ္၊ ဒါေပမယ့္ သူတို႔ရဲ႕ ခရီးစဥ္ေနာက္ဆုံးညမွာဘဲ ခ်ံဳခိုတိုက္ခံရလိမ့္မယ္လို႔ ဘယ္သူက ထင္မွာလဲ၊ ဒါကို ပထမဆုံး သတိျပဳမိတဲ့ သူကေတာ့ ဝမ္ခ်င္းဘဲ။
ဝမ္လန္ကလည္း အႏၲရာယ္ကို ျမင္တာနဲ႔ ခ်ဴးလ်န္ကို လႈပ္ႏိႈးလာတယ္။
အေျခအေနကို သတိထားမိေတာ့ ခ်ဴးလ်န္က သူမ အက်ီ လက္ၾကားက ဓားေျမႇာင္ေလးကို က်စ္က်စ္ပါေအာင္ ဆုပ္ကိုင္လိုက္မိတယ္။
အျပင္က သတ္ျဖတ္ေနတဲ့ ေလေအးေတြၾကားကေန ဝမ္ခ်င္းက ဓား႐ွည္ကိုကိုင္ၿပီး ခ်ဴးလ်န္တို႔ တဲဆီ အေျပးအလႊား ေရာက္လာတယ္၊ အေမွာင္ေၾကာင့္ သူမ မ်က္ႏွာကို ေသခ်ာမျမင္ႏိုင္ေပမယ့္ သူမ အသံက ပူပန္ၿပီးစိုးထိတ္ေနတာ သိသာလွတယ္ "တတိယသခင္မေလး ကြၽန္မတို႔ကို အလစ္ဝင္တိုက္တဲ့ သူေတြက အေရအတြက္ အရမ္းမ်ားေတာ့ ကြၽန္မတို႔ မယွဥ္ႏိုင္ေလာက္ဘူး၊ အရင္ဆူံးေဘးကင္းရာကို ေ႐ွာင္မွ ျဖစ္မယ္ "
ၿပီးေတာ့ ေၾကာင္ေနတဲ့ ဝမ္လန္ကို ေအာ္လိုက္တယ္ "ဝမ္လန္ ဘာလို႔ေၾကာင္ေနတာလဲ ျမန္ျမန္လုပ္ တတိယသခင္မေလးကိုေခၚၿပီး ေျပးေတာ့၊ ျမင္းေတြက တဲေနာက္ဘက္နားက သစ္ပင္မွာ ခ်ည္ထားတယ္၊ တတိယသခင္မေလးကို ေခၚၿပီး လြတ္ေအာင္ေျပး "
ဝမ္လန္လည္း ဝမ္ခ်င္းေအာ္လိုက္မွ သတိျပန္ဝင္လာၿပီးေတာ့ ခ်ဴးလ်န္လက္ကိုဆြဲၿပီး တဟုန္ထိုးေျပးေတာ့တာဘဲ။
သူတို႔ တဲထဲကေန ထြက္သြားၿပီးေတာ့ ခ်ဴးလ်န္က တိုက္ခိုက္သံေတြနဲ႔ သူမ နားမလည္တဲ့ ဘာသာစကားနဲ႔ ေအာ္ဟစ္ေနသံေတြကိုပါ ၾကားလိုက္ရတယ္၊မီးေရာင္ မွိန္ပ်ပ်ေအာက္မွ သူမ ျမင္လိုက္ရတာက တိုက္ခိုက္သူေတြက သားေမႊးေတြကို ဝတ္ဆင္ထားၿပီး သူတို႔ ဆံပင္ေတြကို ဖြတ္ၿမီး က်စ္ထားၾကတာဘဲ။
ခ်ဴးလ်န္ရဲ႕ မ်က္လုံးေတြ က်ဥ္းေျမာင္းသြားတယ္။
ဒီလူေတြက လူ႐ိုင္းေတြမ်ားလား !
သူတို႔ ကိုင္ထားတဲ့ ဓားျပားႀကီးေတြနဲ႔ ရက္စက္ၾကမ္းၾကဳတ္တဲ့ သြင္ျပင္က ခ်ဴးလ်န္ရဲ႕ အဖြဲ႕သားေတြနဲ႔ ကြာျခားလွတယ္၊သူတို႔က ကြၽမ္းက်င္မႈမ႐ွိေပမယ့္ သူတို႔ရဲ႕ ႐ုပ္ပိုင္းဆိုင္ရာ ခြန္အားက ေကာင္းမြန္လွတယ္။
အေစာင့္တစ္ေယာက္ဆို မေ႐ွာင္တိမ္းႏိုင္လိုက္ဘဲ လက္ေမာင္းတဖက္ ျပတ္ထြက္သြားတာကို ခ်ဴးလ်န္ ျမင္လိုက္ရတယ္၊အေစာင့္က ေျမျပင္ေပၚလဲက်ၿပီး နာက်င္မႈေၾကာင့္ ညည္းညဴလို႔ေနတယ္။
တိုက္ခိုက္ေနၾကတဲ့ အသံေတြက ေနရာအႏွံ႔ကို ပ်ံႏွံ႔လာတယ္၊ ခ်ဴးလ်န္က မထြက္သြားခ်င္ေပမယ့္လို႔ သူမရဲ႕ ကိုယ္ခံပညာေလးက ဒီလူ႐ိုင္းႀကီးေတြကို အႏိုင္တိုက္ဖို႔ထိေတာ့ မစြမ္းေဆာင္ႏိုင္ဘူးေလ။
သူမလည္း သူမရဲ႕ အဖြဲ႕ေတြနဲ႔ အတူ႐ွိၿပီး တိုက္ခိုက္ေပးခ်င္ေပမယ့္ သူမရဲ႕ ခြန္အားကို သူမ ေသခ်ာသိတယ္ေလ၊ တကယ္လို႔ သူမ သာ႐ွိေနရင္ အားမကိူးရတဲ့ အျပင္ ဝန္ထုပ္ဝန္ပိုးဘဲျဖစ္ေနလိမ့္မယ္။
ဒါနဲ႔ ခ်ဴးလ်န္က သူမ ႏႈတ္ခမ္းေတြကို ဖိကိုက္ၿပီး
ဝမ္လန္ဆြဲတဲ့ ေနာက္ကို လိုက္ေျပးလိုက္တယ္။
အသက္႐ႈမဝျဖစ္တဲ့ အထိ ေျပးလႊားၿပီးေတာ့မွ ဝမ္ခ်င္းေျပာတဲ့ ျမင္းေတြ ခ်ည္ထားတဲ့ ေနရာဆီ ေရာက္လာတယ္။
ဝမ္လန္က ႀကိဳးေတြကို ျဖတ္ေနဆဲ တန္းလန္းမွာဘဲ သူတိူ႕နဲ႔ နီးရာဆီ ေရာက္လာတဲ့ စကားသံေတြကို ၾကားလိုက္ရတယ္။
ေနာက္ေတာ့ သူတို႔ဆီကို ထူးဆန္းတဲ့ အသံေတြနဲ႔ လူသူံးေယာက္ ေျပးလာတာကို ျမင္လိုက္ရတယ္။
(မူရင္းကိုက တိုတာေနာ္ဒီအပိုင္းက 1 2ဆိုၿပီး ခြဲဖို႔ မ႐ွိဘူးရယ္)