Uni
👩💻အမည်မဖော်လိုသူ အလောင်းတစ်လောင်းကို ****ဆိပ်ကမ်းတွင် တွေ့ရှိရပါသည်။ ထိုအလောင်းတွင် ဝမ်းဗိုက်နှင့် လက်ဖမိုးပေါ်မှာ သေနတ်ဒဏ်ရာလို့ ယူဆရတဲ့ ဒဏ်ရာ နှစ်ခုကို တွေ့ရသည်။ တာဝန်ကျအရာရှိတွေကတော့ ဒီအလောင်းဟာ ဘယ်သူဘယ်ဝါလဲ ဆိုတာ အတည်ပြုပြောကြားခြင်း မရှိသေးပါဘူး။
ဆက်လက်ရရှိမည့်သတင်းများကိုလဲ အချိန်နှင့် တစ်ပြေးညီ ဆက်လက်တင်ပြပါမယ်။ ကျေးဇူးတင်ပါတယ် ရှင်👩💻
ပြန့်နှံ့နေသော သတင်းကြောင့် ထူးစစ်သော် စိတ်ရှုပ်လှသည်။
မှုခင်းဆရာဝန်ပေးသော စာရွက်အား ကြည့်ရင်း ထူးစစ်သော်တစ်ယောက် တစ်ခုသော နေရာဆီသို့~~~~~
"ဘာကိစ္စရှိလို့ပါလဲ" အပေါ်ထပ်လှေကားမှ ဇေရဲမာန် တစ်လှမ်းချင်းဆင်းလာကာ ဧည့်ခန်းထဲက ထူးစစ်သော်ကို မေးလိုက်ခြင်းဖြစ်သည်။
"ဒီကစာရွက်ကို အရင်ဖတ်စေချင်ပါတယ်"
ဇေရဲမာန် လဲ ထိပ်ဆုံးက Sofaခုံမှာ ထိုင်လိုက်ကာ စာရွက်ကို ထုတ်ကြည့်လိုက်သည်။ ထိလုမတတ် တွန့်ချိုးသွားသော မျက်ခုံးအစုံနှင့် ထွက်လာသော စကားမှာလဲ
"အဖေ့အလောင်းကို ကျွန်တော်ကိုယ်တိုင် သင်္ဂြိုလ်ပါရစေ"
"ဒါကတော့ ကျွန်တော်တို့ စစ်ဆေးတာတွေ အားလုံးပြီးရင် ပြန်အပ်ပါ့မယ်။ ပြီးတော့ ဒီအမှုကို လူသတ်မှုလို့ ဆွဲချက်တင်ရလိမ့်မယ်။ ဦးမာန်မိုးဟိန်း ကို တရားဥပဒေက အလိုရှိသူဖြစ်ပင်မဲ့ ခုကတော့ လူသတ်မှုလို့ ခေါင်းစဥ်တပ်ပါရစေ"
"ရဲမှူးပြောချင်တာက ကျွန်တော်က အမှုမဖွင့်ရင်လဲ ကိုယ်တိုင်အမှုဖွင့်မယ်ဆိုပါတော့"
"ဒီလိုလုပ်တာက ကာရကံရှင်ရဲ့ ခွင့်ပြုချက်တော့ လိုတာပေါ့"
ဖခင်တစ်ယောက်ဆုံးတာကို အေးအေးလူလူနေနေနိုင်သော သူတစ်ယောက်ကိုကြည့်ရင်း ထူးစစ်သော် ပိုပြီးသင်္ကါမကင်းဖြစ်မိသည်။ ဒါကို အကင်းပါးလှသော ဇေရဲမာန် မှာတော့...
"ကျွန်တော်နဲ့အဖေနဲ့က အဆက်အသွယ် မလုပ်ဖြစ်ဖူး။ ပြီးတော့ အိမ်တွင်းရေးကလဲ ရဲမှူးတို့ထင်သလို မိသားစုအချင်းချင်း မခင်တွယ်ဘူး။ ဒါပင်မဲ့ အဖေ့ရဲ့ နောက်ဆုံးခရီးကိုတော့ ဘာသောကမှမရှိဘဲ အေးအေးလူလူ ပို့ချင်တယ်"
"ဒါဆို အမှုမဖွင့်ဘူးဆိုတဲ့သဘောလား"
"ဟုတ်ကဲ့"
အေးစက်တည်ငြိမ်လှသော ဇေရဲမာန်ကြောင့် ထူးစစ်သော် စိတ်ရှုပ်သွားသည်။ ဖခင်တစ်ယောက်လုံး ခုလိုဖြစ်တာအေးအေးလူလူနေနိုင်သည်လား......
.
.
.
ထူးစစ်သော်ပြန်သွားတာကိုကြည့်ရင်း ဇေရဲမာန် ပြုံးမိသည်။ ဒီကောင်လေးက ဇွဲရှိတာကိုတော့ သူလေးစားသည်။
"Boss ကျွန်တော် အကုန်ရှင်းထားပြီးပါပြီ"
"အင်း တော်တယ်....."
ဇေရဲမာန် မှာ အတုအယောင်လုပ်ကာ ငိုယိုမဲ့အထဲမပါ...
ပုံမှန်အတိုင်း အေးဆေးစွာနေဦးမှာ.....
______________
အိမ်အကူကောင်မလေးရဲ့ 'ကိုလေး နေ့လည်စာမစားဘူး' ဆိုတဲ့ ဖုန်းဆက်ပြီး ပြောချက်ကြောင့် အိမ်ကို အားချင်းပြန်လာခဲ့ရသည်။
CCTVမှကြည့်တော့ အိပ်ယာထဲတွက်သာ ရှိနေသောကြောင့် အနည်းငယ်တော့ စိတ်အေးရသည်။
တံခါးခေါက်သော်လဲ တော်တော်ထွက်မလာ သော့အပိုယူကာ ဝင်လိုက်ရတော့သည်။
ကုတင်ထက်တွင် ပြေပြေလေးမှီကာ လှဲနေသော ကလေး....မျက်နှာမှာလဲ အရင်လောက်တော့ ဖြူဖျော့မနေပဲ သွေးရောင်အနည်းငယ်တော့ ရှိသည်။ လက်က ပတ်တီးအဖြူလေးကိုမြင်တိုင်း ရင်နာလှသည်။
"ကလေး ထမင်းမစားဘူးဆို..."
". ...." ဘာမှပြန်မပြောသော်လဲ သူ့ကိုတော့ လှမ်းကြည့်ပြီး ချက်ချင်းအကြည့်လွှဲသွားသည်။ အရင်ကအိမ်ကို ပြန်ခေါ်လာတာပဲတော်သေးသည်။ မဟုတ်ရင် အရင်ကအကြောင်းကိုပြန်တွေးရင်း ဝမ်းနည်းနေမှဖြင့်....
ကုတင်ပေါ်သို့ ထိုင်လိုက်ကာ နှာဖူးကိုစမ်းတော့ ငြိမ်နေသား...
"ကိုယ်လဲမပူပါဘူး....ဘာစားချင်တာရှိလဲ ကိုယ်စီစဥ်ပေးမယ်"
"ကျွန်တော် ဖေဖေ့ကိုတွေ့ချင်တယ်"
ဟုတ်သားပဲ ဇေရဲမာန် မေ့နေသော ကလေးသတိပြန်ရထဲက ဦးမင်းဟိန်း နဲ့ ပေးမတွေ့ရသေးပေ။
"ခုကနေ့လည်ရောက်နေပြီ။ မနက်ဖြန်မနက် ကိုယ်ရုံးသွားရင်း ကလေးကို အိမ်ပြန်ပို့ပေးမယ် ကိုယ်ရုံးဆင်းရင် ပြန်ကြိုမယ်လေ"
ဒီတော့မှ လပြည့်ဝန်း ခေါင်းညိမ့်ရှာသည်။ သတိပြန်ရထဲက အရင်လို သွက်သွက်လက်လက် စကားတွေ တတွတ်တွတ်မပြောတော့သော ကလေးကြောင့် သူစိတ်မကောင်းဖြစ်ရသည်။
"ခုတော့ ထမင်းစားလိုက်နော်" ခေါင်းငြိမ့်ကာ အဖြေပေးသူကြောင့် အောက်ထပ်သို့ ဂရုတစိုက်ခေါ်သွားကာ သူကိုယ်တိုင် စီစဥ်ပေးသည်။ အစစအရာရာဂရုစိုက်သော်လဲ ကလေးဘက်က အေးစက်နေတာကြောင့် အရင်လိုပြန်ဖြစ်ဖို့ သူကြိုးစားရတော့မည်။
_______________
'ကျွီ...' ကားဘရိတ်သံက car parking မှာ ဆူညံသွားသည်။ ဥက္ကာ အလျင်အမြန်ပဲ ကားပေါ်က ဆင်းကြည့်လိုက်တော့ ဖြူဖြူသေးသေးကောင်လေးပင်။
"ရရဲ့လား"
"ဟင့်...ဘဲကြီးကလဲဗျာ....ဖြည်းဖြည်း မမောင်းဘူး"
"သြော်....ချာတိတ်ကိုး....မင်းက ကားရှေ့ရုတ်တရက်ဝင်လာတာလဲ ထည့်ပြောလေ"
"ဒါ...ဒါတော့ဒါပေါ့....ဒါပင်မဲ့ ဘဲကြီးကလဲ ဖြည်းဖြည်း မောင်းလေ"
ကတ်ကတ်လန်အောင် ရန်တွေ့နေသော ချာတိတ်ကြောင့် ဥက္ကာရယ်ချင်ပင်မဲ့ သူ့ imageကို ထိမှာစိုးသောကြောင့် ပြန်ထိန်းကာ....
"Car parking မှာ ငါကအမြန်မမောင်းဘူး ပုံမှန်ပဲ"
ဆူသလိုလိုပြောနေတာကြောင့် Jelly မှာ နှုတ်ခမ်းဆူသွားသည်။ ပြီးမှ ငိုမဲ့မဲ့နှင့်....
"နောက်မှဆူ....ခုခြေထောက်နာနေပြီ တွဲကူ"
လက်နှစ်ဖက်ကိုဆန့်ထုတ်ကာ ချီခိုင်းသည့်နှယ်လုပ်နေပုံက တကယ်အသည်းယားစရာ။ ဥက္ကာမှာလဲ မနေနိုင်တော့ဘဲ တွဲကူရတော့သည်။
"အ့" ခြေထောက် ထောက်လိုက်တိုင်း ဆူးအောင့်တာကြောင့် ထောက်ဖို့အဆင်မပြေတော့....
"ကျောပေါ်တတ်"
ဥက္ကာရဲ့ကျောပေါ်ကို ဖြည်းဖြည်းချင်း တတ်ရတော့သည်။ ဆွေ့ကနဲ ထနိုင်တာကြောင့် Jellyမှာ ပြုံးစိစိနှင့်.....
ကားပေါ်တင်ကာ အရိုးအကြောကု ဆေးရုံသို့~~~~
ခြေမျက်စိ အရွတ်ရောင်သွားတာကြောင့် Jellyမှာ ပတ်တီးနှင့်......
ဥက္ကာကိုယ်တိုင်ပဲ စဆုံးအကုန်လိုက်လုပ်ပေးရပြန်သည်။
အိမ်ကိုလဲ ဥက္ကာပဲ ပြန်လိုက်ပို့တာတွေ့တော့ ကြယ်စင့်မှာလဲ အားနာသွားရသည်။
"နင်ဟာလေ..."
"ကြယ်ကလဲ ငါက တမင်လုပ်တာမဟုတ်ပါဘူး"
"ချာတိတ်အပြစ်မဟုတ်ပါဘူး...ကျွန်တော်လဲ မမြင်လိုက်လို့ပါ။ ဒါဆို ကျွန်တော့်ကို ခွင့်ပြုပါဦး"
ဥက္ကာပြန်သွားတော့မှ ကြယ်စင်ရွှန်းလဲ့ မှာ Jelly ကို သေချာမေးကြည့်တော့...Jellyကပြောရှာသား...
"ငါက အဲ့လောက်ဖြစ်မယ် မထင်လို့ပါ...."
___________________
ညနေလေယာဥ်နဲ့ အလုပ်ကိစ္စပြည်ပကို သွားရမှာမို့ အဝတ်တွေထည့်နေရသည်။ ကုတင်ပေါ်က ချစ်ရသူလေးကတော့ သူ့ကိုပင် အဖက်မလုပ် game ဆော့နေလေသည်။
ခုနောက်ပိုင်း ကလေးက သူ့ကိုဆို သိသိသာသာရှောင်နေတတ်သည်။ သူ့မှာ ကလေးအိပ်မှ အိပ်ယာဝင်ပြီး ကလေးကိုယ်လေးကို ဖက်ဖက်အိပ်ရသည်။ လက်ကအမာရွက်ကလေးကိုမြင်တိုင်းလဲ စိတ်မကောင်းဖြစ်မိသည်။
သူမှားမှန်းလဲ သိနေပါပြီ......
ကုတင်ပေါ်ကို အသာအယာသွားထိုင်လိုက်ပြီး.....
"ကလေး...ကိုယ်လေ တစ်ပတ်လောက်ကြာလိမ့်မယ်။ ကလေး အစားပုံမှန်စားနော်...ဆေးလဲ သောက်ဦး... စားချင်တာရှိလဲ အိမ်ကလူတွေလုပ်ခိုင်း...."
"ဟုတ်ကဲ့"
"ဟိုလေ....ကိုယ် တောင်းပန်ပါတယ်.... ကိုယ့်ကိုအဲ့လိုကြီး မစိမ်းကားပါနဲ့......ပြီး"
"ကျွန်တော်အိပ်တော့မယ်"
စောင်ခြုံကာဟိုဘက်လှည့်သွားပြန်ပြီ......ကျွန်တော်ရင်နာမိပြန်သည်။
ကလေးစိတ်ချမ်းသာအောင်ပဲ သူနှုတ်ဆိတ်နေရပြန်သည်။ ကလေးကို ဒီထက်ပိုပြီး သူစိတ်မညစ်စေချင်ဘူး.....
အဝတ်တွေပြန်ထည့်လိုက်ပြီး ကလေးအိပ်ပျော်လောက်မှ ကလေးဘေးဝင်လှဲလိုက်သည်။ ကလေးကို သူနဲ့အနီးဆုံး သူ့ရင်ခွင်ထဲ ထည့်ရင်းပေါ့.......
ကိုယ်ကြိုးစားမှာပါ...ကလေးကိုယ့်ကို အရင်လို ပြန်ချွဲပေးပါလား ကိုယ်လွမ်းလှပြီကွာ...ကိုယ်ဆူလိုက်တိုင်း ဆူသွားတဲ့ နှုတ်ခမ်းလေး..... အဲ့နှုတ်ခမ်းလေးကို ကိုယ်လွမ်းတယ် ကလေးရယ်.........
______________
28.8.2021
Khine Lay
မူနေသူလေးကလဲ စိတ်ကောက်နေတုန်းနော်....
Jellyလို မာယာများတတ်ရင်တောင် ချစ်စရာမကောင်းသော မိမိအဖြစ်....
Zaw
👩💻အမည္မေဖာ္လိုသူ အေလာင္းတစ္ေလာင္းကို ****ဆိပ္ကမ္းတြင္ ေတြ႕ရွိရပါသည္။ ထိုအေလာင္းတြင္ ဝမ္းဗိုက္ႏွင့္ လက္ဖမိုးေပၚမွာ ေသနတ္ဒဏ္ရာလို႔ ယူဆရတဲ့ ဒဏ္ရာ ႏွစ္ခုကို ေတြ႕ရသည္။ တာဝန္က်အရာရွိေတြကေတာ့ ဒီအေလာင္းဟာ ဘယ္သူဘယ္ဝါလဲ ဆိုတာ အတည္ျပဳေျပာၾကားျခင္း မရွိေသးပါဘူး။
ဆက္လက္ရရွိမည့္သတင္းမ်ားကိုလဲ အခ်ိန္ႏွင့္ တစ္ေျပးညီ ဆက္လက္တင္ျပပါမယ္။ ေက်းဇူးတင္ပါတယ္ ရွင္👩💻
ျပန့္ႏွံ႕ေနေသာ သတင္းေၾကာင့္ ထူးစစ္ေသာ္ စိတ္ရႈပ္လွသည္။
မႈခင္းဆရာဝန္ေပးေသာ စာ႐ြက္အား ၾကည့္ရင္း ထူးစစ္ေသာ္တစ္ေယာက္ တစ္ခုေသာ ေနရာဆီသို႔~~~~~
"ဘာကိစၥရွိလို႔ပါလဲ" အေပၚထပ္ေလွကားမွ ေဇရဲမာန္ တစ္လွမ္းခ်င္းဆင္းလာကာ ဧည့္ခန္းထဲက ထူးစစ္ေသာ္ကို ေမးလိုက္ျခင္းျဖစ္သည္။
"ဒီကစာ႐ြက္ကို အရင္ဖတ္ေစခ်င္ပါတယ္"
ေဇရဲမာန္ လဲ ထိပ္ဆုံးက Sofaခုံမွာ ထိုင္လိုက္ကာ စာ႐ြက္ကို ထုတ္ၾကည့္လိုက္သည္။ ထိလုမတတ္ တြန့္ခ်ိဳးသြားေသာ မ်က္ခုံးအစုံႏွင့္ ထြက္လာေသာ စကားမွာလဲ
"အေဖ့အေလာင္းကို ကြၽန္ေတာ္ကိုယ္တိုင္ သျဂၤိုလ္ပါရေစ"
"ဒါကေတာ့ ကြၽန္ေတာ္တို႔ စစ္ေဆးတာေတြ အားလုံးၿပီးရင္ ျပန္အပ္ပါ့မယ္။ ၿပီးေတာ့ ဒီအမႈကို လူသတ္မႈလို႔ ဆြဲခ်က္တင္ရလိမ့္မယ္။ ဦးမာန္မိုးဟိန္း ကို တရားဥပေဒက အလိုရွိသူျဖစ္ပင္မဲ့ ခုကေတာ့ လူသတ္မႈလို႔ ေခါင္းစဥ္တပ္ပါရေစ"
"ရဲမႉးေျပာခ်င္တာက ကြၽန္ေတာ္က အမႈမဖြင့္ရင္လဲ ကိုယ္တိုင္အမႈဖြင့္မယ္ဆိုပါေတာ့"
"ဒီလိုလုပ္တာက ကာရကံရွင္ရဲ႕ ခြင့္ျပဳခ်က္ေတာ့ လိုတာေပါ့"
ဖခင္တစ္ေယာက္ဆုံးတာကို ေအးေအးလူလူေနေနနိုင္ေသာ သူတစ္ေယာက္ကိုၾကည့္ရင္း ထူးစစ္ေသာ္ ပိုၿပီးသကၤါမကင္းျဖစ္မိသည္။ ဒါကို အကင္းပါးလွေသာ ေဇရဲမာန္ မွာေတာ့...
"ကြၽန္ေတာ္နဲ႕အေဖနဲ႕က အဆက္အသြယ္ မလုပ္ျဖစ္ဖူး။ ၿပီးေတာ့ အိမ္တြင္းေရးကလဲ ရဲမႉးတို႔ထင္သလို မိသားစုအခ်င္းခ်င္း မခင္တြယ္ဘူး။ ဒါပင္မဲ့ အေဖ့ရဲ႕ ေနာက္ဆုံးခရီးကိုေတာ့ ဘာေသာကမွမရွိဘဲ ေအးေအးလူလူ ပို႔ခ်င္တယ္"
"ဒါဆို အမႈမဖြင့္ဘူးဆိုတဲ့သေဘာလား"
"ဟုတ္ကဲ့"
ေအးစက္တည္ၿငိမ္လွေသာ ေဇရဲမာန္ေၾကာင့္ ထူးစစ္ေသာ္ စိတ္ရႈပ္သြားသည္။ ဖခင္တစ္ေယာက္လုံး ခုလိုျဖစ္တာေအးေအးလူလူေနနိုင္သည္လား......
.
.
.
ထူးစစ္ေသာ္ျပန္သြားတာကိုၾကည့္ရင္း ေဇရဲမာန္ ၿပဳံးမိသည္။ ဒီေကာင္ေလးက ဇြဲရွိတာကိုေတာ့ သူေလးစားသည္။
"Boss ကြၽန္ေတာ္ အကုန္ရွင္းထားၿပီးပါၿပီ"
"အင္း ေတာ္တယ္....."
ေဇရဲမာန္ မွာ အတုအေယာင္လုပ္ကာ ငိုယိုမဲ့အထဲမပါ...
ပုံမွန္အတိုင္း ေအးေဆးစြာေနဦးမွာ.....
______________
အိမ္အကူေကာင္မေလးရဲ႕ 'ကိုေလး ေန႕လည္စာမစားဘူး' ဆိုတဲ့ ဖုန္းဆက္ၿပီး ေျပာခ်က္ေၾကာင့္ အိမ္ကို အားခ်င္းျပန္လာခဲ့ရသည္။
CCTVမွၾကည့္ေတာ့ အိပ္ယာထဲတြက္သာ ရွိေနေသာေၾကာင့္ အနည္းငယ္ေတာ့ စိတ္ေအးရသည္။
တံခါးေခါက္ေသာ္လဲ ေတာ္ေတာ္ထြက္မလာ ေသာ့အပိုယူကာ ဝင္လိုက္ရေတာ့သည္။
ကုတင္ထက္တြင္ ေျပေျပေလးမွီကာ လွဲေနေသာ ကေလး....မ်က္ႏွာမွာလဲ အရင္ေလာက္ေတာ့ ျဖဴေဖ်ာ့မေနပဲ ေသြးေရာင္အနည္းငယ္ေတာ့ ရွိသည္။ လက္က ပတ္တီးအျဖဴေလးကိုျမင္တိုင္း ရင္နာလွသည္။
"ကေလး ထမင္းမစားဘူးဆို..."
". ...." ဘာမွျပန္မေျပာေသာ္လဲ သူ႕ကိုေတာ့ လွမ္းၾကည့္ၿပီး ခ်က္ခ်င္းအၾကည့္လႊဲသြားသည္။ အရင္ကအိမ္ကို ျပန္ေခၚလာတာပဲေတာ္ေသးသည္။ မဟုတ္ရင္ အရင္ကအေၾကာင္းကိုျပန္ေတြးရင္း ဝမ္းနည္းေနမွျဖင့္....
ကုတင္ေပၚသို႔ ထိုင္လိုက္ကာ ႏွာဖူးကိုစမ္းေတာ့ ၿငိမ္ေနသား...
"ကိုယ္လဲမပူပါဘူး....ဘာစားခ်င္တာရွိလဲ ကိုယ္စီစဥ္ေပးမယ္"
"ကြၽန္ေတာ္ ေဖေဖ့ကိုေတြ႕ခ်င္တယ္"
ဟုတ္သားပဲ ေဇရဲမာန္ ေမ့ေနေသာ ကေလးသတိျပန္ရထဲက ဦးမင္းဟိန္း နဲ႕ ေပးမေတြ႕ရေသးေပ။
"ခုကေန႕လည္ေရာက္ေနၿပီ။ မနက္ျဖန္မနက္ ကိုယ္႐ုံးသြားရင္း ကေလးကို အိမ္ျပန္ပို႔ေပးမယ္ ကိုယ္႐ုံးဆင္းရင္ ျပန္ႀကိဳမယ္ေလ"
ဒီေတာ့မွ လျပည့္ဝန္း ေခါင္းညိမ့္ရွာသည္။ သတိျပန္ရထဲက အရင္လို သြက္သြက္လက္လက္ စကားေတြ တတြတ္တြတ္မေျပာေတာ့ေသာ ကေလးေၾကာင့္ သူစိတ္မေကာင္းျဖစ္ရသည္။
"ခုေတာ့ ထမင္းစားလိုက္ေနာ္" ေခါင္းၿငိမ့္ကာ အေျဖေပးသူေၾကာင့္ ေအာက္ထပ္သို႔ ဂ႐ုတစိုက္ေခၚသြားကာ သူကိုယ္တိုင္ စီစဥ္ေပးသည္။ အစစအရာရာဂ႐ုစိုက္ေသာ္လဲ ကေလးဘက္က ေအးစက္ေနတာေၾကာင့္ အရင္လိုျပန္ျဖစ္ဖို႔ သူႀကိဳးစားရေတာ့မည္။
_______________
'ကြၽီ...' ကားဘရိတ္သံက car parking မွာ ဆူညံသြားသည္။ ဥကၠာ အလ်င္အျမန္ပဲ ကားေပၚက ဆင္းၾကည့္လိုက္ေတာ့ ျဖဴျဖဴေသးေသးေကာင္ေလးပင္။
"ရရဲ႕လား"
"ဟင့္...ဘဲႀကီးကလဲဗ်ာ....ျဖည္းျဖည္း မေမာင္းဘူး"
"ေၾသာ္....ခ်ာတိတ္ကိုး....မင္းက ကားေရွ႕႐ုတ္တရက္ဝင္လာတာလဲ ထည့္ေျပာေလ"
"ဒါ...ဒါေတာ့ဒါေပါ့....ဒါပင္မဲ့ ဘဲႀကီးကလဲ ျဖည္းျဖည္း ေမာင္းေလ"
ကတ္ကတ္လန္ေအာင္ ရန္ေတြ႕ေနေသာ ခ်ာတိတ္ေၾကာင့္ ဥကၠာရယ္ခ်င္ပင္မဲ့ သူ႕ imageကို ထိမွာစိုးေသာေၾကာင့္ ျပန္ထိန္းကာ....
"Car parking မွာ ငါကအျမန္မေမာင္းဘူး ပုံမွန္ပဲ"
ဆူသလိုလိုေျပာေနတာေၾကာင့္ Jelly မွာ ႏႈတ္ခမ္းဆူသြားသည္။ ၿပီးမွ ငိုမဲ့မဲ့ႏွင့္....
"ေနာက္မွဆူ....ခုေျခေထာက္နာေနၿပီ တြဲကူ"
လက္ႏွစ္ဖက္ကိုဆန့္ထုတ္ကာ ခ်ီခိုင္းသည့္ႏွယ္လုပ္ေနပုံက တကယ္အသည္းယားစရာ။ ဥကၠာမွာလဲ မေနနိုင္ေတာ့ဘဲ တြဲကူရေတာ့သည္။
"အ့" ေျခေထာက္ ေထာက္လိုက္တိုင္း ဆူးေအာင့္တာေၾကာင့္ ေထာက္ဖို႔အဆင္မေျပေတာ့....
"ေက်ာေပၚတတ္"
ဥကၠာရဲ႕ေက်ာေပၚကို ျဖည္းျဖည္းခ်င္း တတ္ရေတာ့သည္။ ေဆြ႕ကနဲ ထနိုင္တာေၾကာင့္ Jellyမွာ ၿပဳံးစိစိႏွင့္.....
ကားေပၚတင္ကာ အရိုးအေၾကာကု ေဆး႐ုံသို႔~~~~
ေျခမ်က္စိ အ႐ြတ္ေရာင္သြားတာေၾကာင့္ Jellyမွာ ပတ္တီးႏွင့္......
ဥကၠာကိုယ္တိုင္ပဲ စဆုံးအကုန္လိုက္လုပ္ေပးရျပန္သည္။
အိမ္ကိုလဲ ဥကၠာပဲ ျပန္လိုက္ပို႔တာေတြ႕ေတာ့ ၾကယ္စင့္မွာလဲ အားနာသြားရသည္။
"နင္ဟာေလ..."
"ၾကယ္ကလဲ ငါက တမင္လုပ္တာမဟုတ္ပါဘူး"
"ခ်ာတိတ္အျပစ္မဟုတ္ပါဘူး...ကြၽန္ေတာ္လဲ မျမင္လိုက္လို႔ပါ။ ဒါဆို ကြၽန္ေတာ့္ကို ခြင့္ျပဳပါဦး"
ဥကၠာျပန္သြားေတာ့မွ ၾကယ္စင္႐ႊန္းလဲ့ မွာ Jelly ကို ေသခ်ာေမးၾကည့္ေတာ့...Jellyကေျပာရွာသား...
"ငါက အဲ့ေလာက္ျဖစ္မယ္ မထင္လို႔ပါ...."
___________________
ညေနေလယာဥ္နဲ႕ အလုပ္ကိစၥျပည္ပကို သြားရမွာမို႔ အဝတ္ေတြထည့္ေနရသည္။ ကုတင္ေပၚက ခ်စ္ရသူေလးကေတာ့ သူ႕ကိုပင္ အဖက္မလုပ္ game ေဆာ့ေနေလသည္။
ခုေနာက္ပိုင္း ကေလးက သူ႕ကိုဆို သိသိသာသာေရွာင္ေနတတ္သည္။ သူ႕မွာ ကေလးအိပ္မွ အိပ္ယာဝင္ၿပီး ကေလးကိုယ္ေလးကို ဖက္ဖက္အိပ္ရသည္။ လက္ကအမာ႐ြက္ကေလးကိုျမင္တိုင္းလဲ စိတ္မေကာင္းျဖစ္မိသည္။
သူမွားမွန္းလဲ သိေနပါၿပီ......
ကုတင္ေပၚကို အသာအယာသြားထိုင္လိုက္ၿပီး.....
"ကေလး...ကိုယ္ေလ တစ္ပတ္ေလာက္ၾကာလိမ့္မယ္။ ကေလး အစားပုံမွန္စားေနာ္...ေဆးလဲ ေသာက္ဦး... စားခ်င္တာရွိလဲ အိမ္ကလူေတြလုပ္ခိုင္း...."
"ဟုတ္ကဲ့"
"ဟိုေလ....ကိုယ္ ေတာင္းပန္ပါတယ္.... ကိုယ့္ကိုအဲ့လိုႀကီး မစိမ္းကားပါနဲ႕......ၿပီး"
"ကြၽန္ေတာ္အိပ္ေတာ့မယ္"
ေစာင္ၿခဳံကာဟိုဘက္လွည့္သြားျပန္ၿပီ......ကြၽန္ေတာ္ရင္နာမိျပန္သည္။
ကေလးစိတ္ခ်မ္းသာေအာင္ပဲ သူႏႈတ္ဆိတ္ေနရျပန္သည္။ ကေလးကို ဒီထက္ပိုၿပီး သူစိတ္မညစ္ေစခ်င္ဘူး.....
အဝတ္ေတြျပန္ထည့္လိုက္ၿပီး ကေလးအိပ္ေပ်ာ္ေလာက္မွ ကေလးေဘးဝင္လွဲလိုက္သည္။ ကေလးကို သူနဲ႕အနီးဆုံး သူ႕ရင္ခြင္ထဲ ထည့္ရင္းေပါ့.......
ကိုယ္ႀကိဳးစားမွာပါ...ကေလးကိုယ့္ကို အရင္လို ျပန္ခြၽဲေပးပါလား ကိုယ္လြမ္းလွၿပီကြာ...ကိုယ္ဆူလိုက္တိုင္း ဆူသြားတဲ့ ႏႈတ္ခမ္းေလး..... အဲ့ႏႈတ္ခမ္းေလးကို ကိုယ္လြမ္းတယ္ ကေလးရယ္.........
______________
28.8.2021
Khine Lay
မူေနသူေလးကလဲ စိတ္ေကာက္ေနတုန္းေနာ္....
Jellyလို မာယာမ်ားတတ္ရင္ေတာင္ ခ်စ္စရာမေကာင္းေသာ မိမိအျဖစ္....