Unicode
ပေကတ်ကတ်နဲ့ သစ္စာရှိတဲ့ ရှီယန်ကတော့ အခု သူမထက်စာရင် ပိုမျက်နှာရနေပြီဘဲ။
ဟက်!
မင်ယန်က အခုချိန်မှာ ရေခဲကန်ရဲ့ အလယ်တည့်တည်မှာ ရောက်နေသလိုခံစားနေရတယ်၊ သူမ ရင်ထဲမှာ အနွေးဓာတ်လေး နည်းနည်းရှိနေသေးပေမယ့် ဒီမီးစလေးကလည်း ငြိမ်းလုနီးပါးဘဲ တဖြည်းဖြည်းနဲ့ ဖျော့တော့လို့လာတယ်။
တိုက်ခတ်လာတဲ့ အအေးဒဏ်ကို အံတုရင်းနဲ့ဘဲ ကျန်းအိမ်တော်က အဖြစ်အပျက်တွေက သူမစိတ်ထဲ ပြန်ဝင်လာတယ်။
မြို့စားအိုကျန်းက ကူလင်းစားသောက်ဆိုင်ကို အကြိမ်ကြိမ် အခါခါ သွားရောက်လည်ပတ်လေ့ရှိတယ်၊ ဆိုင်ဖွင့်ပြီးကတည်းက ဒီလူအိုကြီးက မနက်စာကလွဲပြီး ကျန်တဲ့ အချိန်တွေကို ကူလင်းစားသောက်ဆိုင်မှာဘဲ စားသောက်လေ့ရှိတယ်။
ချူးလျန်ကလည်း မြို့စားအိုကျန်းအတွက် အထူးသီးသန့်ခန်းကို အမြဲပြင်ဆင်ပေးထားတယ်၊ဒီတော့ သူသွားတိုင်း စားချင်တဲ့ ဟင်းမှန်သမျှကို အလှည့်ကျ စောင့်နေစရာမလိုဘဲ ရရှိနိုင်တော့တယ်။
တဖြည်းဖြည်းနဲ့ မြို့စားအိုကျန်းက မင်ယန်ရဲ့ ဟင်းလျာတွေကို ခံတွင်းမတွေ့တော့ဘူး။
တနေ့ မြို့စားအိုကျန်း အိမ်ကို ပြန်လာတော့ မြို့စားအိုကတော်က သူ့ယောက်ျားကို ညစာ ဘာစားချင်လဲလို့မေးတယ်၊မြို့စားအိုကျန်း ပြန်ဖြေလိုက်တာက ထိပ်တန်းလက်ရာဟော့ပေါ့ တဲ့၊ သူက ဒီဟင်းလျာကို နေ့လည်ကမှ ကူလင်းစားသောက်ဆိုင်ကနေ စားလာတာဖြစ်ပြီး ဒါက ဒီလအတွက် ဆိုင်ရဲ့ ဟင်းလျာ အသစ်ဘဲ၊ သူက ဒါကိုတခါ စားပြီးတာတောင်မှ မတင်းတိမ်နိုင်ဘူး ၊ဒီတော့ သူ့အတွင်းစိတ်ကနေ တကယ်ဘဲ တောင့်တနေတယ်။
ကျန်းအိမ်တော်က စားတော်ကဲအဟောင်းတွေက အခုချိန်မှာ တကယ်ဘဲ အားလပ်လို့နေတယ်၊မြို့စားအိုကျန်းရဲ့ စားဖိုဆောင်မှာ မင်းမူနေတာကတော့ မင်ယန်ဘဲ၊ မြို့စားအိူကျန်း တခုခု ပြောလိုက်တာနဲ့ ဟင်းလျာတွေ ချက်ပြုတ်ဖို့က မင်ယန် ပုခုံးပေါ်ကျလာတော့တာဘဲ။
သူမက ချက်ပြုတ်တဲ့ အခါတိုင်း အခြားသူတွေကို အပြင်ကိုမောင်းထုတ်လေ့ရှိတော့ စားဖိုဆောင်က အစေခံတွေကလည်း သူမ အပေါ် အမြင်မကြည်ကြဘူး။
ဒီတော့ မြို့စားအိုကျန်းက ဒီလို ဆန်းပြာတဲ့ ဟင်းလျာကို တောင်းဆိုလာတာတောင်မှ ဘယ်သူမှ သူမဘက်က ဝင်ကူညီဖို့ ဆန္ဒမရှိကြဘူး။
တဖက်က မင်ယန်မှာလည်း ကမ်းပါးစွန်းမှာ လမ်းလျှောက်နေရသလို ခံစားလိုက်ရတယ်၊ ဒီဟင်းလျာ ချက်နည်းကို သူမ တခါမှကို မကြားဖူးဘူးလေ။
အမှန်တကယ်လည်း သူမက ဒီ ထိပ်တန်းလက်ရာဟော့ေပါ့ကို မပြုလုပ်နိုင်ခဲ့ဘူး၊ ဒီလိုနဲ့ မြို့စားအိုကတော်ဆီကနေ ဆင့်ခေါ်ပြီး ပြင်းပြင်းထန်ထန် အဆူခံလိုက်ရတာဘဲ။
မြို့စားကတော် ရှေ့မှောက်မှာ ဒူးထောက်လိုက်ရကတည်းက မင်ယန် သိလိုက်တာက သူမ လုပ်နိုင်စွမ်းက အဆုံးစွန်ကို ရောက်နေပြီမှန်း သိလိုက်ပြီ။
ဒီတော့ သူမ အတွက် အသက်ရှင်ဖို့ရာ လမ်းကြောင်းကို ရှာဖို့ စကြံစည်မိတော့တာဘဲ။
ဆက်ခံသူကျန်းက မြို့စားအိုကျန်းရဲ့ ခြံဝန်းကို မနက်တိုင်း မနက်စာ လာစားလေ့ရှိတယ်၊သူမက ဒီအခွင့်အရေးကို သူံးပြီး သူစားမယ့်ဟင်းထဲကို မသိမသာနဲ့ ဆေးခပ်ပစ်လိုက်တယ်၊ ဒါပေမယ့် ဆက်ခံသူကျန်း ဒီဟင်းလျာကို မထိရသေးခင်မှာဘဲ အစေခံတစ်ဦးက မင်ယန်ရဲ့ အပြုအမူတွေကို မြို့စားကတော်ကျန်းဆီ တိုင်ကြားလိုက်တော့တယ်။
ကျန်းအိမ်တော်အတွက် ဆက်ခံသူက တစ်ဦးတည်းဘဲ ရှိလေတော့ သူက သူတိူ့အားလုံးအတွက် သိပ်အဖိုးတန်တယ်၊မြို့စားကတော်ကျန်းကလည်း သူ့ကို တင်းတင်းကျပ်ကျပ်နဲ့ စောင့်ရှောက်ထားတယ်၊ ဒီလို သူမသားလေးကို အစေခံမတစ်ဦးကဆေးခပ်တယ်လို့ ကြားတာနဲ့ သူမ ဒေါသူပုန်ထတော့တာဘဲ။
ဒါနဲ့ မြို့စားကတော်ကျန်းရဲ့ ကိုယ်ပိူင် အပြစ်ပေးနည်းတွေအရ မင်ယန်မှာ သေလုမတတ် အရိုက်ခံလိုက်ရတော့တာဘဲ၊ ဒါတင်မကသေးဘူး သူမက အစေခံတွေကို မင်ယန်ရဲ့ လက်တွေကို နောက်တစ်ခါ ဟင်းမချက်နိုင်တော့တဲ့ အထိ မသန်စွမ်းဖြစ်သွားအောင် ပြုလုပ်ခိုင်းလိုက်တယ်။
အတွင်းဆောင်အတွင်းမှာ လုံလောက်တဲ့ အရိုးစုဆိုတာမရှိဘူးလေ၊ မျိုးရိုးမြင့်အိမ်တော်က သခင်မတွေ အားလုံးက အပြင်ပိုင်းမှာ သိပ်မွေ့ပြီး တည်ကြည်ကြပေမယ့် သူတို့ရဲ့ လက်တွေမှာ သွေးမစွန်းဖူးတာ မရှိကြဘူး။
မြို့စားကတော်ကျန်းက နူးညံ့တတ်တဲ့ သခင်မတစ်ဦးမဟုတ်လေဘူး၊ ပြီးတော့ မင်ယန်က အစေခံအဆင့်ဘဲ ၊သူမ ဘယ်လောက်ဘဲတော်နေနေ မင်ယန်က နည်းနည်းပါးပါးချက်ပြုတ်တတ်တဲ့ အစေခံတစ်ဦးဘဲ၊ သခင်မတွေရဲ့ မျက်လုံးထဲမှာတော့ သူမက ခွေးတစ်ကောင်သာသာဘဲ ရှိတယ်။
မင်ယန် အပြစ်ပေးခံရတော့လည်း မြို့စားအိုကျန်းက သူမအတွက် တခွန်းတေလမှ ဝင်မပြောပေးခဲ့ဘူး၊ဒါနဲ့ မင်ယန်က ကျန်းအိမ်တော်တံခါးစောင့်ကို သူမ ပိုင်ဆိုင်သမျှအကုန် လာဘ်ထိုးပြီးတော့ ထွက်ပြေးဖို့ ကြိုးစားရတော့တယ်။
သူမ ခေါင်းထဲမှာ ပထမဆူံးပေါ်လာတဲ့ အကူညီပေးနိုင်သူက ချူးလျန်ဘဲ။
ကံမကောင်းစွာနဲ့ သူမက ချူးလျန်ကိုနောက်တကြိမ် ထပ်ပြီးတွေ့ဖို့ရာ မဖြစ်နိုင်တော့ဘူး ။
ဒီလိုနဲ့သူမ နှလုံးသားထဲက မီးစလေး ငြိမ်းသွားတဲ့ အချိန်မှာဘဲ မွန်းတည့်နေရောင်လေးက သူမခေါင်းပေါ်မှာ ထွန်းလင်းလာတယ်။
နောက်နေ့မှာ ရှီယန်က အစေခံတချို့နဲ့အတူ ကးလင်းစားသောက်ဆိုင်ကို သွားဖို့ ပြင်တယ်၊ သူမ အပြင်ကို ထွက်ထွက်ချင်းဘဲ အိမ်ေတာ်ထောင့်နားမှာ ခွေနေတဲ့ ခန္ဓာကိုယ်တစ်ခုကိုတွေ့လိုက်ရတယ်။
တံခါးဝနားကအေစခံလည်း ရှီယန်ရဲ့ အကြည့်တွေကို မြင်တော့ ချက်ချင်းဘဲ မျက်နှာချိုသွေးပြီး ရှင်းပြလာတယ် "မိန်းကလေး ရှီယန် ၊ဒါက အရူးမတစ်ယောက်ပါ၊မနေ့က ဒီမိန်းမက ကြီးကြီးကျယ်ကျယ်နဲ့ အိမ်တော်ထဲကို အတင်းဝင်ဖို့ ကြိုးစားတယ်လေ၊ ပြီးတော့ တတိယသခင်မလေးရဲ့ အနီးကပ်အစေခံလိုလည်း ဟန်ဆောင်သေးတယ်၊ ဒါနဲ့ တံခါးစောင့်က ရိုက်ပြီး အိမ်အပြင်ကို ပစ်ထုတ်လိုက်တာပါ ၊ဒါတောင်မှ ထောင့်နားသွားပြီး ကွေးနေသေးတယ်၊ ဒီမိန်းမက အသက်ရှင်ချင်စိတ်မရှိတော့တာနဲ့ တူပါတယ်"
အနီးကပ် အစေခံ?
မကောင်းတဲ့ ခံစားချက်တွေ ရှီယန်စိတ်ထဲ ဝင်လာပြီ။
သူမက အမျိုးသားအစေခံနှစ်ဦးကိုခေါ်ပြီး မြန်မြန်ဘဲ အဲ့ဒီမိန်းမကို စစ်ဆေးခိုင်းလိုက်တယ်၊စစ်ေဆးကြည့်ေတာ့ အသက်မရှုတော့ဘူး၊ မျက်နှာပေါ်က ဆံပင်တွေကို ဖယ်ကြည့်လိုက်တော့ ပေရေနေတဲ့ မင်ယန်ရဲ့မျက်နှာကို တွေ့လိုက်ရတယ်၊မင်ယန်တကိုယ်လံုးေအးခဲေတာင့်တင်းေနတယ်၊ဒါက တကယ်ကို မင်ယန်ဘဲ။
အတိတ်မှာ ညီအစ်မတွေလို နေထိုင်ခဲ့တဲ့ တစ်ယောက်ကို ဒီလိုပုံနဲ့တွေ့လိုက်ရတော့ ရှီယန်စိတ်တွေ ရှုပ်ထွေးလို့နေပြီ၊သူမ ဘေးက အမျိုးသားအစေခံက မမေးလာခင်အထိ ကြောင်အအနဲ့ ရပ်နေမိတယ်
"မိန်းကလေးရှီယန် ကျွန်တော်တို့ ဘာလုပ်လိုက်ရမလဲ?"
ရှီယန်က သက်ပြင်းရှိုက်လိုက်ပြီး သူမ စိတ်ထဲက ခံစားချက်တွေကို ဖိနှိပ်ထားလိုက်တယ် ၊ပြီးတော့
အကျီလက်ထဲကနေ ငွေတုံးတစ်ခုထုတ်ပြီး အမျိုးသားအစေခံကို ကမ်းပေးလိုက်တယ် " ခေါင်းတလားတစ်ခုဝယ်ပြီး သူမကို မြှုပ်နှံပေးလိုက်ပါ "
မင်ယန်က ချူးလျန်လက်ထပ်မှ အိမ်တော်ကို ရောက်လာတာဖြစ်တယ်၊ ဒီမတိုင်ခင်က သူမက ဆွေမရှိမျိုးမရှိ အရောင်းခံလိုက်ရတဲ့ ကျေးကျွန်တစ်ဦးသာသာဘဲ။
ရှီယန်က အေးခဲတောင့်တင်းနေတဲ့ အသက်မဲ့ ခန္ဓာကိုယ်ကို တချက်ငဲ့ကြည့်လိုက်မိတယ်။
မင်ယန်က သူမလမ်းကို ကိုယ်တိူင်ရွေးချယ်သွားတာဘဲ ၊သူမ အဆုံးသတ်ကို ဖန်တီးသွားတာလည်း သူမ ကိုယ်တိုင်ဘဲ။
Zawgyi
ေပကတ္ကတ္နဲ႔ သစၥာ႐ွိတဲ့ ႐ွီယန္ကေတာ့ အခု သူမထက္စာရင္ ပိုမ်က္ႏွာရေနၿပီဘဲ။
ဟက္!
မင္ယန္က အခုခ်ိန္မွာ ေရခဲကန္ရဲ႕ အလယ္တည့္တည္မွာ ေရာက္ေနသလိုခံစားေနရတယ္၊ သူမ ရင္ထဲမွာ အေႏြးဓာတ္ေလး နည္းနည္း႐ွိေနေသးေပမယ့္ ဒီမီးစေလးကလည္း ၿငိမ္းလုနီးပါးဘဲ တျဖည္းျဖည္းနဲ႔ ေဖ်ာ့ေတာ့လို႔လာတယ္။
တိုက္ခတ္လာတဲ့ အေအးဒဏ္ကို အံတုရင္းနဲ႔ဘဲ က်န္းအိမ္ေတာ္က အျဖစ္အပ်က္ေတြက သူမစိတ္ထဲ ျပန္ဝင္လာတယ္။
ၿမိဳ႕စားအိုက်န္းက ကူလင္းစားေသာက္ဆိုင္ကို အႀကိမ္ႀကိမ္ အခါခါ သြားေရာက္လည္ပတ္ေလ့႐ွိတယ္၊ ဆိုင္ဖြင့္ၿပီးကတည္းက ဒီလူအိုႀကီးက မနက္စာကလြဲၿပီး က်န္တဲ့ အခ်ိန္ေတြကို ကူလင္းစားေသာက္ဆိုင္မွာဘဲ စားေသာက္ေလ့႐ွိတယ္။
ခ်ဴးလ်န္ကလည္း ၿမိဳ႕စားအိုက်န္းအတြက္ အထူးသီးသန္႔ခန္းကို အၿမဲျပင္ဆင္ေပးထားတယ္၊ဒီေတာ့ သူသြားတိုင္း စားခ်င္တဲ့ ဟင္းမွန္သမွ်ကို အလွည့္က် ေစာင့္ေနစရာမလိုဘဲ ရ႐ွိႏိုင္ေတာ့တယ္။
တျဖည္းျဖည္းနဲ႔ ၿမိဳ႕စားအိုက်န္းက မင္ယန္ရဲ႕ ဟင္းလ်ာေတြကို ခံတြင္းမေတြ႕ေတာ့ဘူး။
တေန႔ ၿမိဳ႕စားအိုက်န္း အိမ္ကို ျပန္လာေတာ့ ၿမိဳ႕စားအိုကေတာ္က သူ႕ေယာက်္ားကို ညစာ ဘာစားခ်င္လဲလို႔ေမးတယ္၊ၿမိဳ႕စားအိုက်န္း ျပန္ေျဖလိုက္တာက ထိပ္တန္းလက္ရာေဟာ့ေပါ့ တဲ့၊ သူက ဒီဟင္းလ်ာကို ေန႔လည္ကမွ ကူလင္းစားေသာက္ဆိုင္ကေန စားလာတာျဖစ္ၿပီး ဒါက ဒီလအတြက္ ဆိုင္ရဲ႕ ဟင္းလ်ာ အသစ္ဘဲ၊ သူက ဒါကိုတခါ စားၿပီးတာေတာင္မွ မတင္းတိမ္ႏိုင္ဘူး ၊ဒီေတာ့ သူ႕အတြင္းစိတ္ကေန တကယ္ဘဲ ေတာင့္တေနတယ္။
က်န္းအိမ္ေတာ္က စားေတာ္ကဲအေဟာင္းေတြက အခုခ်ိန္မွာ တကယ္ဘဲ အားလပ္လို႔ေနတယ္၊ၿမိဳ႕စားအိုက်န္းရဲ႕ စားဖိုေဆာင္မွာ မင္းမူေနတာကေတာ့ မင္ယန္ဘဲ၊ ၿမိဳ႕စားအိူက်န္း တခုခု ေျပာလိုက္တာနဲ႔ ဟင္းလ်ာေတြ ခ်က္ျပဳတ္ဖို႔က မင္ယန္ ပုခုံးေပၚက်လာေတာ့တာဘဲ။
သူမက ခ်က္ျပဳတ္တဲ့ အခါတိုင္း အျခားသူေတြကို အျပင္ကိုေမာင္းထုတ္ေလ့႐ွိေတာ့ စားဖိုေဆာင္က အေစခံေတြကလည္း သူမ အေပၚ အျမင္မၾကည္ၾကဘူး။
ဒီေတာ့ ၿမိဳ႕စားအိုက်န္းက ဒီလို ဆန္းျပာတဲ့ ဟင္းလ်ာကို ေတာင္းဆိုလာတာေတာင္မွ ဘယ္သူမွ သူမဘက္က ဝင္ကူညီဖို႔ ဆႏၵမ႐ွိၾကဘူး။
တဖက္က မင္ယန္မွာလည္း ကမ္းပါးစြန္းမွာ လမ္းေလွ်ာက္ေနရသလို ခံစားလိုက္ရတယ္၊ ဒီဟင္းလ်ာ ခ်က္နည္းကို သူမ တခါမွကို မၾကားဖူးဘူးေလ။
အမွန္တကယ္လည္း သူမက ဒီ ထိပ္တန္းလက္ရာေဟာ့ေပါ့ကို မျပဳလုပ္ႏိုင္ခဲ့ဘူး၊ ဒီလိုနဲ႔ ၿမိဳ႕စားအိုကေတာ္ဆီကေန ဆင့္ေခၚၿပီး ျပင္းျပင္းထန္ထန္ အဆူခံလိုက္ရတာဘဲ။
ၿမိဳ႕စားကေတာ္ ေ႐ွ႕ေမွာက္မွာ ဒူးေထာက္လိုက္ရကတည္းက မင္ယန္ သိလိုက္တာက သူမ လုပ္ႏိုင္စြမ္းက အဆုံးစြန္ကို ေရာက္ေနၿပီမွန္း သိလိုက္ၿပီ။
ဒီေတာ့ သူမ အတြက္ အသက္႐ွင္ဖို႔ရာ လမ္းေၾကာင္းကို ႐ွာဖို႔ စၾကံစည္မိေတာ့တာဘဲ။
ဆက္ခံသူက်န္းက ၿမိဳ႕စားအိုက်န္းရဲ႕ ျခံဝန္းကို မနက္တိုင္း မနက္စာ လာစားေလ့႐ွိတယ္၊သူမက ဒီအခြင့္အေရးကို သူံးၿပီး သူစားမယ့္ဟင္းထဲကို မသိမသာနဲ႔ ေဆးခပ္ပစ္လိုက္တယ္၊ ဒါေပမယ့္ ဆက္ခံသူက်န္း ဒီဟင္းလ်ာကို မထိရေသးခင္မွာဘဲ အေစခံတစ္ဦးက မင္ယန္ရဲ႕ အျပဳအမူေတြကို ၿမိဳ႕စားကေတာ္က်န္းဆီ တိုင္ၾကားလိုက္ေတာ့တယ္။
က်န္းအိမ္ေတာ္အတြက္ ဆက္ခံသူက တစ္ဦးတည္းဘဲ ႐ွိေလေတာ့ သူက သူတိူ႕အားလုံးအတြက္ သိပ္အဖိုးတန္တယ္၊ၿမိဳ႕စားကေတာ္က်န္းကလည္း သူ႕ကို တင္းတင္းက်ပ္က်ပ္နဲ႔ ေစာင့္ေ႐ွာက္ထားတယ္၊ ဒီလို သူမသားေလးကို အေစခံမတစ္ဦးကေဆးခပ္တယ္လို႔ ၾကားတာနဲ႔ သူမ ေဒါသူပုန္ထေတာ့တာဘဲ။
ဒါနဲ႔ ၿမိဳ႕စားကေတာ္က်န္းရဲ႕ ကိုယ္ပိူင္ အျပစ္ေပးနည္းေတြအရ မင္ယန္မွာ ေသလုမတတ္ အ႐ိုက္ခံလိုက္ရေတာ့တာဘဲ၊ ဒါတင္မကေသးဘူး သူမက အေစခံေတြကို မင္ယန္ရဲ႕ လက္ေတြကို ေနာက္တစ္ခါ ဟင္းမခ်က္ႏိုင္ေတာ့တဲ့ အထိ မသန္စြမ္းျဖစ္သြားေအာင္ ျပဳလုပ္ခိုင္းလိုက္တယ္။
အတြင္းေဆာင္အတြင္းမွာ လုံေလာက္တဲ့ အ႐ိုးစုဆိုတာမ႐ွိဘူးေလ၊ မ်ိဳး႐ိုးျမင့္အိမ္ေတာ္က သခင္မေတြ အားလုံးက အျပင္ပိုင္းမွာ သိပ္ေမြ႕ၿပီး တည္ၾကည္ၾကေပမယ့္ သူတို႔ရဲ႕ လက္ေတြမွာ ေသြးမစြန္းဖူးတာ မ႐ွိၾကဘူး။
ၿမိဳ႕စားကေတာ္က်န္းက ႏူးညံ့တတ္တဲ့ သခင္မတစ္ဦးမဟုတ္ေလဘူး၊ ၿပီးေတာ့ မင္ယန္က အေစခံအဆင့္ဘဲ ၊သူမ ဘယ္ေလာက္ဘဲေတာ္ေနေန မင္ယန္က နည္းနည္းပါးပါးခ်က္ျပဳတ္တတ္တဲ့ အေစခံတစ္ဦးဘဲ၊ သခင္မေတြရဲ႕ မ်က္လုံးထဲမွာေတာ့ သူမက ေခြးတစ္ေကာင္သာသာဘဲ ႐ွိတယ္။
မင္ယန္ အျပစ္ေပးခံရေတာ့လည္း ၿမိဳ႕စားအိုက်န္းက သူမအတြက္ တခြန္းတေလမွ ဝင္မေျပာေပးခဲ့ဘူး၊ဒါနဲ႔ မင္ယန္က က်န္းအိမ္ေတာ္တံခါးေစာင့္ကို သူမ ပိုင္ဆိုင္သမွ်အကုန္ လာဘ္ထိုးၿပီးေတာ့ ထြက္ေျပးဖို႔ ႀကိဳးစားရေတာ့တယ္။
သူမ ေခါင္းထဲမွာ ပထမဆူံးေပၚလာတဲ့ အကူညီေပးႏိုင္သူက ခ်ဴးလ်န္ဘဲ။
ကံမေကာင္းစြာနဲ႔ သူမက ခ်ဴးလ်န္ကိုေနာက္တႀကိမ္ ထပ္ၿပီးေတြ႕ဖို႔ရာ မျဖစ္ႏိုင္ေတာ့ဘူး ။
ဒီလိုနဲ႔သူမ ႏွလုံးသားထဲက မီးစေလး ၿငိမ္းသြားတဲ့ အခ်ိန္မွာဘဲ မြန္းတည့္ေနေရာင္ေလးက သူမေခါင္းေပၚမွာ ထြန္းလင္းလာတယ္။
ေနာက္ေန႔မွာ ႐ွီယန္က အေစခံတခ်ိဳ႕နဲ႔အတူ ကးလင္းစားေသာက္ဆိုင္ကို သြားဖို႔ ျပင္တယ္၊ သူမ အျပင္ကို ထြက္ထြက္ခ်င္းဘဲ အိမ္ေတာ္ေထာင့္နားမွာ ေခြေနတဲ့ ခႏၶာကိုယ္တစ္ခုကိုေတြ႕လိုက္ရတယ္။
တံခါးဝနားကအေစခံလည္း ႐ွီယန္ရဲ႕ အၾကည့္ေတြကို ျမင္ေတာ့ ခ်က္ခ်င္းဘဲ မ်က္ႏွာခ်ိဳေသြးၿပီး ႐ွင္းျပလာတယ္ "မိန္းကေလး ႐ွီယန္ ၊ဒါက အ႐ူးမတစ္ေယာက္ပါ၊မေန႔က ဒီမိန္းမက ႀကီးႀကီးက်ယ္က်ယ္နဲ႔ အိမ္ေတာ္ထဲကို အတင္းဝင္ဖို႔ ႀကိဳးစားတယ္ေလ၊ ၿပီးေတာ့ တတိယသခင္မေလးရဲ႕ အနီးကပ္အေစခံလိုလည္း ဟန္ေဆာင္ေသးတယ္၊ ဒါနဲ႔ တံခါးေစာင့္က ႐ိုက္ၿပီး အိမ္အျပင္ကို ပစ္ထုတ္လိုက္တာပါ ၊ဒါေတာင္မွ ေထာင့္နားသြားၿပီး ေကြးေနေသးတယ္၊ ဒီမိန္းမက အသက္႐ွင္ခ်င္စိတ္မ႐ွိေတာ့တာနဲ႔ တူပါတယ္"
အနီးကပ္ အေစခံ?
မေကာင္းတဲ့ ခံစားခ်က္ေတြ ႐ွီယန္စိတ္ထဲ ဝင္လာၿပီ။
သူမက အမ်ိဳးသားအေစခံႏွစ္ဦးကိုေခၚၿပီး ျမန္ျမန္ဘဲ အဲ့ဒီမိန္းမကို စစ္ေဆးခိုင္းလိုက္တယ္၊စစ္ေဆးၾကည့္ေတာ့ အသက္မ႐ႈေတာ့ဘူး၊ မ်က္ႏွာေပၚက ဆံပင္ေတြကို ဖယ္ၾကည့္လိုက္ေတာ့ ေပေရေနတဲ့ မင္ယန္ရဲ႕မ်က္ႏွာကို ေတြ႕လိုက္ရတယ္၊မင္ယန္တကိုယ္လံဳးေအးခဲေတာင့္တင္းေနတယ္၊ဒါက တကယ္ကို မင္ယန္ဘဲ။
အတိတ္မွာ ညီအစ္မေတြလို ေနထိုင္ခဲ့တဲ့ တစ္ေယာက္ကို ဒီလိုပုံနဲ႔ေတြ႕လိုက္ရေတာ့ ႐ွီယန္စိတ္ေတြ ႐ႈပ္ေထြးလို႔ေနၿပီ၊သူမ ေဘးက အမ်ိဳးသားအေစခံက မေမးလာခင္အထိ ေၾကာင္အအနဲ႔ ရပ္ေနမိတယ္
"မိန္းကေလး႐ွီယန္ ကြၽန္ေတာ္တို႔ ဘာလုပ္လိုက္ရမလဲ?"
႐ွီယန္က သက္ျပင္း႐ိႈက္လိုက္ၿပီး သူမ စိတ္ထဲက ခံစားခ်က္ေတြကို ဖိႏွိပ္ထားလိုက္တယ္ ၊ၿပီးေတာ့
အက်ီလက္ထဲကေန ေငြတုံးတစ္ခုထုတ္ၿပီး အမ်ိဳးသားအေစခံကို ကမ္းေပးလိုက္တယ္ " ေခါင္းတလားတစ္ခုဝယ္ၿပီး သူမကို ျမႇဳပ္ႏွံေပးလိုက္ပါ "
မင္ယန္က ခ်ဴးလ်န္လက္ထပ္မွ အိမ္ေတာ္ကို ေရာက္လာတာျဖစ္တယ္၊ ဒီမတိုင္ခင္က သူမက ေဆြမ႐ွိမ်ိဳးမ႐ွိ အေရာင္းခံလိုက္ရတဲ့ ေက်းကြၽန္တစ္ဦးသာသာဘဲ။
႐ွီယန္က ေအးခဲေတာင့္တင္းေနတဲ့ အသက္မဲ့ ခႏၶာကိုယ္ကို တခ်က္ငဲ့ၾကည့္လိုက္မိတယ္။
မင္ယန္က သူမလမ္းကို ကိုယ္တိူင္ေ႐ြးခ်ယ္သြားတာဘဲ ၊သူမ အဆုံးသတ္ကို ဖန္တီးသြားတာလည္း သူမ ကိုယ္တိုင္ဘဲ။