Unicode
ထန်းမော့က တစ်နေကုန် ပြန်လည်ကုသရေးလုပ်ပြီးသွားတော့ တစ်ကိုယ်လုံးက ရေထဲကတက်လာသလိုမျိုး ချွေးတွေနဲ့ စိုရွှဲနေတာပဲ။ သူက လက်ကိုမြှောက်ဖို့ အားမရှိတော့တဲ့အထိကို ခြေကုန်လက်ပန်းကျနေတယ်။
အရမ်းနာတာပဲ။
ထန်းမော့ ကားအက်စီးဒန့်ဖြစ်တုန်းက သူ့ခြေထောက်ကျိုးတော့ရတဲ့ နာကျင်မှုက သူ့ဘဝမှာ အကြီးမားဆုံးနာကျင်မှုကြီးပဲလို့ သူထင်ခဲ့တာ။ ပြန်လည်ကုသရေးလုပ်တော့မှ သူခြေထောက်ကျိုးတုန်းက ရတဲ့ နာကျင်မှုက ဘာမှမပြောပလောက်ဘူးဆိုတာ သူသိလာရတယ်။
New Yorkမှာ ရှိတဲ့ ဆေးရုံက သူ့ကို ပြောတယ် သူ့ခြေထောက်တွေက ကုလို့ရတယ်တဲ့။ ဒါပေမဲ့ အရမ်းအရမ်းကို ခက်ခဲမှာတဲ့။
သူ့ရဲ့ ဒူးခေါင်းက patella အရိုးက ကျိုးသွားတယ်။ အဲ့တာကြောင့် အဲ့တာကို ပြန်ပြင်ဖို့ ခွဲစိတ်မှုလုပ်ရတယ်။ မခွဲစိတ်ခင်မှာ သူ့ရဲ့အရင်တုန်းက သက်သာနေပြီဆိုပေမဲ့ ရွဲတွဲနေတဲ့ ကြွက်သားတွေနဲ့ အရိုးတွေကို ပြန်ပြီး ခွဲပစ်ရတယ်။ ခွဲစိတ်ခန်းထဲက ထွက်လာတော့ မေ့ဆေးက တစ်ဖြည်းဖြည်းနဲ့ အရှိန်ပြန်လာခဲ့တော့ ၁နှစ်ခွဲလောက် ဘာမှခံစားခဲ့ရတဲ့ သူ့ခြေထောက်တွေက စပြီး ကိုက်ခဲလာခဲ့တယ်။ အရိုးတွေဖြစ်ဖြစ် အာရုံကြောတွေဖြစ်ဖြစ် ဒါမှမဟုတ် ကြွက်သားတွေဖြစ်ဖြစ် မနာတဲ့နေရာကို မရှိဘူး။
သူ ခြေထောက်ကို လှုပ်တောင်မလှုပ်ရဲဘူး။ ခွဲစိတ်မှုပြီးတော့ သူ့ခြေထောက်တွေက အသေကို တောင့်နေခဲ့တာ။ ပြီးတော့ ခွဲစိတ်မှုကြောင့် သူ့ဒူးတွေကလဲ အရမ်းကို ကျိုးပဲ့လွယ်နေတယ်။ ပြီးတော့ ဒဏ်ရာကလဲ အရမ်းကို ပြင်းထန်ပြီး အရမ်းနာရတယ်။ သူက နာတာ ယောင်တာ သက်သာအောင်လို့ နေ့တိုင်းနေ့ ရေခဲအုပ်ပေးတယ်။ ဒဏ်ရာက နောက်တစ်ခါပြန်ပြီး ကွဲထွက်တော့မလို့ ခံစားနေနေရတယ်။
သူ့မှာ Asperger ရောဂါ ရှိတာမလို့ ထန်းမော့က သာမန်လူတွေထက် နာကျင်မှုကို ပိုပြီး sensitive ဖြစ်တယ်။ တစ်ခါတစ်လေ နာကျင်မှုက ရုတ်တရက် တိုက်ခတ်လာတဲ့အချိန်မှာ ဆေးသောက်ရုံနဲ့ အကျိုးမထူးခဲ့ဘူး။ အဲ့တာကြောင့် နာကျင်မှုကို မခံနိုင်တော့လို့ မေ့လဲတဲ့အထိ ရောက်သွားရတယ်။
ပြန်သတိရလာတော့ ထန်းမော့က ပြတင်းပေါက်အပြင်ဘက်မှာ ရှိတဲ့ ကြယ်တွေကို ကြည့်လိုက်ပြီး သူငရဲကနေ ပြန်အခေါ်ခံလိုက်ရတယ်လို့ ခံစားလိုက်ရတယ်။
ထန်းမော့က ခွဲစိတ်မှု ပြီးတော့ ၂လနီးပါးလောက် ဆေးရုံကုတင်ပေါ်မှာ လှဲနေခဲ့ရတယ်။ ၂လကြာတော့ နောက်ဆုံး သူက မြေပြင်ပေါ်ကို ခြေထောက်နဲ့ စမ်းထိကြည့်တယ်။ သူ့ခြေထောက် ပထမဆုံးအကြိမ် မြေပြင်နဲ့ထိသွားတော့ ခြေထောက်တစ်ဖက်က ချက်ချင်းကိုပဲ မဲပြာသွားပြီး ဘီးနဲ့ ထပ်ခါထပ်ခါ အကြိတ်ခံလိုက်ရသလို ခံစားလိုက်ရတယ်။ ထန်းမော့က အံကြိတ်ပြီး ဦးလေးချန်လက်ကို ဆွဲကိုင်လိုက်တယ်။ တစ်ဖက်မှာတော့ ဦးလေးချန်က ထန်းမော့အားနဲ့ဆွဲလို့ သူ့လက်ကျိုးတော့မလို ခံစားနေရတယ်။
တစ်ခါတစ်လေ နာကျင်မှုက လူတွေကို စိတ်လွတ်သွားစေနိုင်တယ်။ ဒါပေမဲ့ ဒီလိုဆိုရင်တောင် ထန်းမော့က ပြန်သတိရလာတိုင်း သူ့နှလုံးသားထဲမှာ ပြောပြလို့မရနိုင်လောက်အောင် ပျော်ရွှင်မှုတွေနဲ့ ပြည့်နှက်နေခဲ့တယ်။
ဟုတ်တယ်။ နာကျင်တယ်။
ဒါပေမဲ့ ဒါက ၂နှစ်နီးပါးလောက်နေပြီးမှ သူ့ကိုယ်ပိုင်ခြေထောက်နဲ့ မြေပြင်ပေါ်မှာ ပထမဆုံးရပ်ရတာလေ။
သူက ခြေလှမ်းအနည်းငယ်လောက်လှမ်းချင်နေတယ်။ ဒါပေမဲ့ ဆရာဝန်က သူ့ကို တစ်ဆင့်ပြီးမှ တစ်ဆင့်သွားဖို့ ပြောပြီး ရပ်ခိုင်းလိုက်တယ်။
အဲ့တာကြောင့် သူလဲ အဲ့တိုင်းလုပ်ခဲ့တယ်။ တစ်ဆင့်ပြီးတစ်ဆင့် သူ့ရဲ့ ပြန်လည်ကုသရေးကို စတင်ခဲ့တယ်။
အစတုန်းက သူခြေထောက်ကို လုံးဝကွေးလို့မရခဲ့ဘူး။ ဒါပေမဲ့ သူဖြေးဖြေးချင်းလေ့ကျင့်ပြီး သူ့ခြေထောက်တွေကို ထပ်ခါထပ်ခါ အကျင့်ဖြစ်အောင် လုပ်ပေးခဲ့တယ်။ အဲ့ကျတော့မှ ခြေထောက်တွေက ဖြေးဖြေးချင်း စကွေးနိုင်လာတယ်။ နည်းနည်းလေး ကွေးနိုင်လာပြီဆိုတော့ ခြေထောက်ကို ထောင့်လေးဖြစ်အောင် လုပ်နိုင်တဲ့အထိ ပြီးတော့မှ သူ့ခြေဖဝါးက ပေါင်ကို ကောင်းကောင်းထိလာနိုင်တဲ့အထိ လေ့ကျင့်ခဲ့တယ်။
နေ့တိုင်းနေ့တိုင်း သူက ဒီအလုပ်တစ်ခုထဲကိုပဲ ထပ်ခါထပ်ခါ လုပ်နေခဲ့တယ်။
နာတာအပြင် ခန္ဓာကိုယ်က အားအများကြီးစိုက်ထုတ်ရတာမလို့ ပြန်လည်ကုသရေးကျွမ်းကျင်ပညာရှင်တွေက လေ့ကျင့်ခန်းတွေအများကြီးလုပ်ရင် လူနာကို နောက်တစ်ကြိမ် ရှော့ခ်ရသွားစေနိုင်တယ် ဒါမှမဟုတ် အနည်းဆုံးတော့ သူတို့ရဲ့ ကောင်းကောင်းပြန်လည်ကောင်းမွန်နေပြီဖြစ်တဲ့ ကြွက်သားတွေက နောက်တစ်ခါထပ်ပြီး ပြဲသွားနိုင်တယ်လို့ ပြောကြတယ်။
အဲ့တာကြောင့် မနက်ခင်းအစောမှာ ထန်းမော့က ခြေထောက်တွေမှာ စက်တွေအမျိုးအမျိုးက ဝိုင်ယာကြိုးတွေတပ်ပြီး အမြဲလေ့ကျင့်ခန်းလုပ်တယ်။ ပြီးတော့ သူ့ခြေထောက်တွေကို ဆွဲဆန့်ပြီး ကွေးတာတွေ စလုပ်တယ်။ ဒီလိုလုပ်တဲ့အချိန်တိုင်း သူ့ရဲ့ အဆစ်တွေက လွဲတော့မလို ခံစားနေရတယ်။ နေ့တိုင်းနေ့တိုင်း သူ့ခြေထောက်က အရိုးတွေကို ပြန်ဖြုတ်ပြီး ပြန်တပ်နေသလို ခံစားနေရတယ်။ သူ့ကြွက်သားတွေကလဲ ပြဲသွားလိုက် ပြီးတော့မှ တစ်ဆက်ထဲ ပြန်ဖြစ်သွားလိုက် ဖြစ်နေသလိုခံစားနေရတယ်။
ထန်းမော့က လူနာတစ်ယောက်ခန်းမှာ နေတယ်။ သူ့ဘေးကလူနာခန်းမှာက အသက်၂၀အရွယ် လူငယ်လေးတစ်ယောက်ဖြစ်တယ်။ သူကလဲ ကားအက်စီးဒန့်ကြောင့် ဆေးရုံရောက်လာတာ ဖြစ်တယ်။
သူက ကားအက်စီးဒန့်ပြီးပြီးချင်း ဆေးရုံကို ချက်ချင်းအပို့ခံလိုက်ရတာဖြစ်တယ်။ အဲ့တာကြောင့် သူက ထန်းမော့ထက် အများကြီးပို စိတ်သက်သာနေတယ်။ ဒါပေမဲ့ နေ့တိုင်း ပြန်လည်ကုသရေးအစမှာ အတော်လေးထူတဲ့နံရံတွေကို ဖြတ်ပြီး အားလုံးက နှလုံးကိုထိုးခွဲခံရသလိုမျိုး နာကျင်စွာ အော်ငိုသံကို ကြားနေရသေးတယ်။
အသက်၂၀ကျော်လူတောင် ပြန်လည်ကုသရေးက သေလောက်တာနာကျင်တယ်လို့ ခံစားရသေးတယ်။ ဒါပေမဲ့ သူ့ထက်အများကြီး ပိုခက်တဲ့ ထန်းမော့က အစကနေ အဆုံးထိ နာကျင်မှုကြောင့် တစ်ခါမှကို မငိုခဲ့ဖူးဘူး။
သူက အမြဲတမ်း သွားကြိတ်ရင်ကြိတ်ထားမယ်၊ ဒါမှမဟုတ်ရင် အိပ်ယာခင်းကိုဆုပ်ကိုင်ရင် ဆုပ်ကိုင်ထားမယ်။ တစ်ခါတစ်လေ နာကျင်မှုက အရမ်းပြင်းထန်တဲ့အချိန်ကျ ညီးညူသံလေးနည်းနည်းထွက်မယ်။ ဒါပေမဲ့ အဲ့တာတွေအပြင် တစ်ခြားအသံမရှိတော့ဘူး။
ဒါပေမဲ့ နေ့တိုင်းနေ့ အသံမထွက်ဘူးဆိုပေမဲ့ သူ့ရဲ့နေ့စဥ် ပြန်လည်ကုသရေး ပြီးသွားရင် သူ့သွားတွေက ကြိတ်ထားတာ အားအရမ်းများလွန်းတော့ သူ့အတွက် ထမင်းစားဖို့တောင် နာကျင်နေရတယ်။ သူဆုပ်ကိုင်ထားတဲ့ အိပ်ယာခင်းစောင်တွေကလဲ ပြဲနေပြီ။ ပြီးတော့ သူ့တစ်ကိုယ်လုံးကလဲ ချွေးစေးတွေ ထပ်ခါတလဲလဲ ထွက်နေခဲ့တယ်။ ဒီဆေးရုံတစ်ခုလုံးမှာ သူဘယ်လောက်အားစိုက်ထုတ်ထားရတယ်ဆိုတာ မသိတဲ့လူကို မရှိဘူး။
ညမှာ အနားယူပြီးသွားတော့ နောက်တစ်နေ့မှာ တူညီတဲ့အရာက နောက်တစ်ဖန်ပြန်ဖြစ်တာပဲ။
ဆေးရုံက တစ်ချို့လူတွေက ပြန်လည်ကုသမှုရဲ့ နာကျင်မှုကို သည်းမခံနိုင်တော့တာကြောင့် နောက်ဆုံး လက်လျှော့လိုက်ဖို့ကို ရွေးချယ်ခဲ့ကြတယ်။ ထန်းမော့က ဆေးရုံကို အရင်ဆုံးလာတာဖြစ်တယ်။ ပြီးတော့ လူတွေ တစ်ယောက်ပြီးတစ်ေယာက် ထွက်ခွာသွားတာကို ကြည့်နေခဲ့ရတယ်။ ဒါပေမဲ့ သူကတော့ အဆုံးထိ နေခဲ့တယ်။
ခွဲစိတ်ပြီးလို့ ၂လနားပြီးသွားပြီး ပြန်လည်ကုသမှု ရက်၈၀လောက် ခံယူပြီးတော့လဲ ထန်းမော့ ဆက်ပြီး သွားကြိတ်ကာ တင်းခံနေခဲ့တာ်။ သူ့ခြေထောက်တွေက နောက်ဆုံး ၃၀ဒီဂရီလောက် ကွေးလို့ရသွားတော့ တစ်ချို့လူနာတွေက မနေနိုင်တော့ဘဲ သူကဘာလို့ဆက်ပြီး တင်းခံနေနိုင်တာလဲလို့ သွားမေးကြတယ်။
ထန်းမော့က ခဏလောက်တိတ်ဆိတ်သွားပြီး ပြန်ဖြေလိုက်တယ်။ " ဘာလို့လဲဆိုတော့ တစ်ယောက်ယောက်က ကျွန်တော် နောက်တစ်ခါထပ်ပြီး မတ်တပ်ရပ်နိုင်မှာကို စောင့်နေတာမလို့။ "
" မင်းအတွက် အရေးကြီးတဲ့လူလား "
" အရေးအကြီးဆုံးလူပါ "
လူငယ်လေးက ဖြူဖျော့နေတယ်။ ပြီးတော့ နေ့စဥ်ပြန်လည်ကုသမှု အပြီးမှာ သူက အရမ်းကို ပင်ပန်းနေပြီ။ ဒါပေမဲ့ သူက ချိုင်းထောက်ကိုသုံးကာ ဆက်ပြီး လမ်းလျှောက်ကျင့်နေတုန်းပဲ။
သူပထမဆုံးလာတုန်းက ဆရာဝန်ကပြောတယ် သူက ပြန်လည်ကုသမှုရဲ့ နာကျင်မှုနဲ့ ပင်ပန်းမှုကို ခံနိုင်ဖို့ရာ အရမ်းအားနည်းလွန်းတယ်တဲ့။ ဒါပေမဲ့သူက အံကြိတ်ပြီး ဆက်ပြီး သည်းခံနေခဲ့တယ်။
နောက်ဆုံးတော့ သူ့လမ်းရဲ့အဆုံးမှာ သူတောင့်တနေခဲ့တဲ့ မိုးသောက်ချိန်ကို တွေ့ခဲ့ပြီလေ။
------------
ထန်းမော့ချိုင်းထောက်ဖြုတ်လိုက်တဲ့နေ့မှာပဲ ချောင်လန့်ရဲ့ ဒုတိယနှစ်ကျောင်းသူဘဝက အဆုံးသတ်သွားခဲ့တယ်။
ချောင်လန်က သူမက ဒုတိယနှစ်အတွက် ပထမအဆင့် ပညာသင်ဆုကို ရခဲ့တယ်လို့ ထန်းမော့ကို ပြောပြတယ်။ ပြီးတော့ သူမက အခုတလော အချိုပွဲဆိုင်တစ်ဆိုင်တွေထားတယ်လို့လဲ ပြောလိုက်သေးတယ်။ အဲ့ဆိုင်က စတော်ဘယ်ရီ mousse က အရမ်းသောက်လို့ကောင်းတာပဲလို့လဲ ပြောလိုက်တယ်။ နောက်တော့ တစ်ကယ်လို့အခု ထန်းမော့က ကျောင်းပြန်လာမယ်ဆိုရင်တောင် သူမကို အဆင့်၁နေရာကနေ ဖြုတ်ချဖို့ အတော်လေးခက်သွားလောက်ပြီလို့လဲ ယုံကြည်ချက်ရှိရှိနဲ့ ပြောလိုက်သေးတယ်။
ထန်းမော့က သူ့ညာဘက်လက်နဲ့ သူ့ခြေထောက်ကြွက်သား ပြန်လည်ကုသရေးအတွက် စက်ကို တင်းကြပ်စွာ ဆုပ်ကိုင်ထားလိုက်တယ်။ ပြီးတော့ ဘယ်ဘက်လက်နဲ့ ဖုန်းကို နားနားလေးကပ်ကိုင်ထားတယ်။ သူက အခုမှ ပြင်းထန်တဲ့လေ့ကျင့်ရေးတွေ လုပ်ပြီးသွားတာလေ။ အဲ့တာကြောင့် သူ့အသက်ရှူသံက ပုံမန်ထက် နည်းနည်းတော့ မြန်နေတယ်။
သူမစကားတွေကြားလိုက်ရတော့ သူ့နှုတ်ခမ်းတွေက အလိုလို ကော့တက်သွားပြီး အပြုံးသေးသေးလေးတစ်ခု ပေါ်လာခဲ့တယ်။ " တစ်ကယ်လား "
" တစ်ကယ်ပေါ့ဟ " ချောင်လန်က ပြောလိုက်တယ်။ " ငါ့ရဲ့ bio အမှတ်က အရမ်းကောင်းတာနော်။ အခေါက်တိုင်းမှာ ငါက အမှတ်ပြည့်နီးပါးရတယ်။ နင်က အခုတလော စာမလုပ်ဘူးဆိုတော့ ငါ့ထက်လုံးဝ မသာနိုင်ဘူး။ "
ထန်းမော့က တိတ်ဆိတ်စွာ ပြုံးလိုက်တယ်။ " တစ်ကယ်လား။ မိုက်တာပေါ့။ "
သူ့စကားကိုကြားလိုက်ရတော့ ချောင်လန်က အတွေးထဲမြောသွားတယ်။ သူမစိတ်ထင်တာလား ဘာလားတော့ မသိဘူး။ ခုနက ထန်းမော့အသံထဲမှာ ချစ်ခြင်းတရားတွေအပြည့်ပါနေသလို သူမခံစားနေရတယ်။ " ထန်းမော့ " ချောင်လန်က ထန်းမော့ကို ခေါ်လိုက်တယ်။ " ဒီနေ့ ကောင်းတဲ့ကိစ္စတစ်ခုခုများ ရှိလို့လား။ နင်ဒီနေ့ အရမ်းပျော်နေတဲ့ ပုံပဲ။ "
" အင်း " ထန်းမော့က စက်ကိုလွှတ်လိုက်ပြီး ဘာအကူအညီမှ မပါဘဲ ဒီတိုင်း ရပ်လိုက်တယ်။ သူ့က တည့်တည့်မတ်မတ်ရပ်နေခဲ့တယ်။ ပြီးတော့ အဲ့နေရာကနေ သူ့ဆေးရုံခန်းထဲကို ပြန်လျှောက်သွားလိုက်တယ်။ သူ့မျက်လုံးတွေက လခြမ်းလေးကို ကွေးနေတယ်။ ပြီးတော့ သူ့နှုတ်ခမ်းတွေကလဲ ချောင်လန့်စကားတွေကြောင့် အပြုံးသေးသေးလေး ဖြစ်နေတယ်။
ချောင်လန်က ဒီနေ့ ဘာတွေရှိလို့ သူဒီလောက်ပျော်နေရတာလဲလို့ သူ့ကိုမေးတယ်။ ထန်းမော့က ဒါကလျှို့ဝှက်ချက်လို့ ပြောလိုက်ပြီး သူမကို မပြောပြခဲ့ဘူး။
နှစ်ဝက်ကျော်ကျော်လောက် ဒီခရီးရှည်ကြီးက အံ့ဖွယ်ရာအဖြစ်အဆုံးသတ်မလား ၊ ဒါမှမဟုတ် စိတ်ပျက်စရာအနေနဲ့ပဲ အဆုံးသတ်သွားမလားဆိုတာ ထန်းမော့မသိခဲ့ဘူး။ အခုကျတော့မှ နောက်ဆုံးဆရာဝန်က သူ့အတွက် ဖြစ်နိုင်ချေရှိတယ်ဆိုတာကို အတပ်ပြောခဲ့တယ်။
သူက ဘာအကူအညီကိုမှ မမှီခိုဘဲ မတ်တပ်ရပ်နိုင် လမ်းလျှောက်နိုင်သွားပြီ။ အခုလက်ရှိမှာ သူက အရင်ကလို ပြန်လည်ကုသရေးတွေ မလုပ်ရတော့ဘူး။ သူ့အရင်တုန်းက နေ့စဥ်ပြန်လည်ကုသရေးလုပ်ငန်းစဥ်က အဓိကကတော့ လေ့ကျင့်ခန်းလုပ်ဖို့နဲ့ အာဟာရရှိတာတွေအများကြီး စားပေးဖို့ပဲ။ ပြီးတော့ သူ့ရဲ့ ကိုယ်ခန္ဓာကို ကြံ့ခိုင်အောင် လေ့ကျင့်ခန်းတွေ စလုပ်ခဲ့တာပေါ့။
ဖြေးဖြေးချင်းနဲ့ သူက ပုံမန်လို လမ်းလျှောက်နိုင်ရုံတင်မကဘူး၊ လှေကားကိုရော အတက်အဆင်းလုပ်နိုင်ပြီး ပြေးတာ ခုန်တာတွေလဲ လုပ်နိုင်လာတော့မှာ။
Zawgyi
ထန္းေမာ့က တစ္ေနကုန္ ျပန္လည္ကုသေရးလုပ္ၿပီးသြားေတာ့ တစ္ကိုယ္လုံးက ေရထဲကတက္လာသလိုမ်ိဳး ေခြၽးေတြနဲ႔ စို႐ႊဲေနတာပဲ။ သူက လက္ကိုေျမာက္ဖို႔ အားမရွိေတာ့တဲ့အထိကို ေျခကုန္လက္ပန္းက်ေနတယ္။
အရမ္းနာတာပဲ။
ထန္းေမာ့ ကားအက္စီးဒန႔္ျဖစ္တုန္းက သူ႔ေျခေထာက္က်ိဳးေတာ့ရတဲ့ နာက်င္မႈက သူ႔ဘဝမွာ အႀကီးမားဆုံးနာက်င္မႈႀကီးပဲလို႔ သူထင္ခဲ့တာ။ ျပန္လည္ကုသေရးလုပ္ေတာ့မွ သူေျခေထာက္က်ိဳးတုန္းက ရတဲ့ နာက်င္မႈက ဘာမွမေျပာပေလာက္ဘူးဆိုတာ သူသိလာရတယ္။
New Yorkမွာ ရွိတဲ့ ေဆး႐ုံက သူ႔ကို ေျပာတယ္ သူ႔ေျခေထာက္ေတြက ကုလို႔ရတယ္တဲ့။ ဒါေပမဲ့ အရမ္းအရမ္းကို ခက္ခဲမွာတဲ့။
သူ႔ရဲ႕ ဒူးေခါင္းက patella အ႐ိုးက က်ိဳးသြားတယ္။ အဲ့တာေၾကာင့္ အဲ့တာကို ျပန္ျပင္ဖို႔ ခြဲစိတ္မုလုပ္ရတယ္။ မခြဲစိတ္ခင္မွာ သူ႔ရဲ႕အရင္တုန္းက သက္သာေနၿပီဆိုေပမဲ့ ႐ြဲတြဲေနတဲ့ ႂကြက္သားေတြနဲ႔ အ႐ိုးေတြကို ျပန္ၿပီး ခြဲပစ္ရတယ္။ ခြဲစိတ္ခန္းထဲက ထြက္လာေတာ့ ေမ့ေဆးက တစ္ျဖည္းျဖည္းနဲ႔ အရွိန္ျပန္လာခဲ့ေတာ့ ၁ႏွစ္ခြဲေလာက္ ဘာမွခံစားခဲ့ရတဲ့ သူ႔ေျခေထာက္ေတြက စၿပီး ကိုက္ခဲလာခဲ့တယ္။ အ႐ိုးေတြျဖစ္ျဖစ္ အာ႐ုံေၾကာေတြျဖစ္ျဖစ္ ဒါမွမဟုတ္ ႂကြက္သားေတြျဖစ္ျဖစ္ မနာတဲ့ေနရာကို မရွိဘူး။
သူ ေျခေထာက္ကို လႈပ္ေတာင္မလႈပ္ရဲဘူး။ ခြဲစိတ္မႈၿပီးေတာ့ သူ႔ေျခေထာက္ေတြက အေသကို ေတာင့္ေနခဲ့တာ။ ၿပီးေတာ့ ခြဲစိတ္မုေၾကာင့္ သူ႔ဒူးေတြကလဲ အရမ္းကို က်ိဳးပဲ့လြယ္ေနတယ္။ ၿပီးေတာ့ ဒဏ္ရာကလဲ အရမ္းကို ျပင္းထန္ၿပီး အရမ္းနာရတယ္။ သူက နာတာ ေယာင္တာ သက္သာေအာင္လို႔ ေန႔တိုင္းေန႔ ေရခဲအုပ္ေပးတယ္။ ဒဏ္ရာက ေနာက္တစ္ခါျပန္ၿပီး ကြဲထြက္ေတာ့မလို႔ ခံစားေနေနရတယ္။
သူ႔မွာ Asperger ေရာဂါ ရွိတာမလို႔ ထန္းေမာ့က သာမန္လူေတြထက္ နာက်င္မႈကို ပိုၿပီး sensitive ျဖစ္တယ္။ တစ္ခါတစ္ေလ နာက်င္မႈက ႐ုတ္တရက္ တိုက္ခတ္လာတဲ့အခ်ိန္မွာ ေဆးေသာက္႐ုံနဲ႔ အက်ိဳးမထူးခဲ့ဘူး။ အဲ့တာေၾကာင့္ နာက်င္မႈကို မခံႏိုင္ေတာ့လို႔ ေမ့လဲတဲ့အထိ ေရာက္သြားရတယ္။
ျပန္သတိရလာေတာ့ ထန္းေမာ့က ျပတင္းေပါက္အျပင္ဘက္မွာ ရွိတဲ့ ၾကယ္ေတြကို ၾကည့္လိုက္ၿပီး သူငရဲကေန ျပန္အေခၚခံလိုက္ရတယ္လို႔ ခံစားလိုက္ရတယ္။
ထန္းေမာ့က ခြဲစိတ္မႈ ၿပီးေတာ့ ၂လနီးပါးေလာက္ ေဆး႐ုံကုတင္ေပၚမွာ လွဲေနခဲ့ရတယ္။ ၂လၾကာေတာ့ ေနာက္ဆုံး သူက ေျမျပင္ေပၚကို ေျခေထာက္နဲ႔ စမ္းထိၾကည့္တယ္။ သူ႔ေျခေထာက္ ပထမဆုံးအႀကိမ္ ေျမျပင္နဲ႔ထိသြားေတာ့ေျခေထာက္တစ္ဖက္က ခ်က္ခ်င္းကိုပဲ မဲျပာသြားၿပီး ဘီးနဲ႔ ထပ္ခါထပ္ခါ အႀကိတ္ခံလိုက္ရသလို ခံစားလိုက္ရတယ္။ ထန္းေမာ့က အံႀကိတ္ၿပီး ဦးေလးခ်န္လက္ကို ဆြဲကိုင္လိုက္တယ္။ တစ္ဖက္မွာေတာ့ ဦးေလးခ်န္က ထန္းေမာ့အားနဲ႔ဆြဲလို႔ သူ႔လက္က်ိဳးေတာ့မလို ခံစားေနရတယ္။
တစ္ခါတစ္ေလ နာက်င္မႈက လူေတြကို စိတ္လြတ္သြားေစႏိုင္တယ္။ ဒါေပမဲ့ ဒီလိုဆိုရင္ေတာင္ ထန္ေမာ့က ျပန္သတိရလာတိုင္း သူ႔ႏွလုံးသားထဲမွာ ေျပာျပလို႔မရႏိုင္ေလာက္ေအာင္ ေပ်ာ္႐ႊင္မႈေတြနဲ႔ ျပည့္နက္ေနခဲ့တယ္။
ဟုတ္တယ္။ နာက်င္တယ္။
ဒါေပမဲ့ ဒါက ၂ႏွစ္နီးပါးေလာက္ေနၿပီးမွ သူ႔ကိုယ္ပိုင္ေျခေထာက္နဲ႔ ေျမျပင္ေပၚမွာ ပထမဆုံးရပ္ရတာေလ။
သူက ေျခလွမ္းအနည္းငယ္ေလာက္လွမ္းခ်င္ေနတယ္။ ဒါေပမဲ့ ဆရာဝန္က သူ႔ကို တစ္ဆင့္ၿပီးမွ တစ္ဆင့္သြားဖို႔ ေျပာၿပီး ရပ္ခိုင္းလိုက္တယ္။
အဲ့တာေၾကာင့္ သူလဲ အဲ့တိုင္းလုပ္ခဲ့တယ္။ တစ္ဆင့္ၿပီးတစ္ဆင့္ သူ႔ရဲ႕ ျပန္လည္ကုသေရးကို စတင္ခဲ့တယ္။
အစတုန္းက သူေျခေထာက္ကို လုံးဝေကြးလို႔မရခဲ့ဘူး။ ဒါေပမဲ့ သူေျဖးေျဖးခ်င္းေလ့က်င့္ၿပီး သူ႔ေျခေထာက္ေတြကို ထပ္ခါထပ္ခါ အက်င့္ျဖစ္ေအာင္ လုပ္ေပးခဲ့တယ္။ အဲ့က်ေတာ့မွ ေျခေထာက္ေတြက ေျဖးေျဖးခ်င္း စေကြးႏိုင္လာတယ္။ နည္းနည္းေလး ေကြးႏိုင္လာၿပီဆိုေတာ့ ေျခေထာက္ကို ေထာင့္ေလးျဖစ္ေအာင္ လုပ္ႏိုင္တဲ့အထိ ၿပီးေတာ့မ သူ႔ေျခဖဝါးက သူ႔ေျခဖဝါးကေပါင္ကို ေကာင္းေကာင္းထိလာႏိုင္တဲ့အထိ ေလ့က်င့္ခဲ့တယ္။
ေန႔တိုင္းေန႔တိုင္း သူက ဒီအလုပ္တစ္ခုထဲကိုပဲ ထပ္ခါထပ္ခါ လုပ္ေနခဲ့တယ္။
နာတာအျပင္ ခႏၶာကိုယ္က အားအမ်ားႀကီးစိုက္ထုတ္ရတာမလို႔ ျပန္လည္ကုသေရးကြၽမ္းက်င္ပညာရွင္ေတြက ေလ့က်င့္ခန္းေတြအမ်ားႀကီးလုပ္ရင္ လူနာကို ေနာက္တစ္ႀကိမ္ ေရွာ့ခ္ရသြားေစႏိုင္တယ္ ဒါမွမဟုတ္ အနည္းဆုံးေတာ့ သူတို႔ရဲ႕ ေကာင္းေကာင္းျပန္လည္ေကာင္းမြန္ေနၿပီျဖစ္တဲ့ ႂကြက္သားေတြက ေနာက္တစ္ခါထပ္ၿပီး ၿပဲသြားႏိုင္တယ္လို႔ ေျပာၾကတယ္။
အဲ့တာေၾကာင့္ မနက္ခင္းအေစာမွာ ထန္းေမာ့က ေျခေထာက္ေတြမွာ စက္ေတြအမ်ိဳးအမ်ိဳးက ဝိုင္ယာႀကိဳးေတြတပ္ၿပီး အၿမဲေလ့က်င့္ခန္းလုပ္တယ္။ ၿပီးေတာ့ သူ႔ေျခေထာက္ေတြကို ဆြဲဆန႔္ၿပီး ေကြးတာေတြ စလုပ္တယ္။ ဒီလိုလုပ္တဲ့အခ်ိန္တိုင္း သူ႔ရဲ႕ အဆစ္ေတြက လြဲေတာ့မလို ခံစားေနရတယ္။ ေန႔တိုင္းေန႔တိုင္း သူ႔ေျခေထာက္က အ႐ိုးေတြကို ျပန္ျဖဳတ္ၿပီး ျပန္တပ္ေနသလို ခံစားေနရတယ္။ သူ႔ႂကြက္သားေတြကလဲ ၿပဲသြားလိုက္ ၿပီးေတာ့မွ တစ္ဆက္ထဲ ျပန္ျဖစ္သြားလိုက္ ျဖစ္ေနသလိုခံစားေနရတယ္။
ထန္းေမာ့က လူနာတစ္ေယာက္ခန္းမွာ ေနတယ္။ သူ႔ေဘးကလူနာခန္းမွာက အသက္၂၀အ႐ြယ္ လူငယ္ေလးတစ္ေယာက္ျဖစ္တယ္။ သူကလဲ ကားအက္စီးဒန႔္ေၾကာင့္ ေဆး႐ုံေရာက္လာတာ ျဖစ္တယ္။
သူက ကားအက္စီးဒန႔္ၿပီးၿပီးခ်င္း ေဆး႐ုံကို ခ်က္ခ်င္းအပို႔ခံလိုက္ရတာျဖစ္တယ္။ အဲ့တာေၾကာင့္ သူက ထန္းေမာ့ထက္ အမ်ားႀကီးပို စိတ္သက္သာေနတယ္။ ဒါေပမဲ့ ေန႔တိုင္း ျပန္လည္ကုသေရးအစမွာ အေတာ္ေလးထူတဲ့နံရံေတြကို ျဖတ္ၿပီး အားလုံးက ႏွလုံးကိုထိုးခြဲခံရသလိုမ်ိဳး နာက်င္စြာ ေအာ္ငိုသံကို ၾကားေနရေသးတယ္။
အသက္၂၀ေက်ာ္လူေတာင္ ျပန္လည္ကုသေရးက ေသေလာက္တာနာက်င္တယ္လို႔ ခံစားရေသးတယ္။ ဒါေပမဲ့ သူ႔ထက္အမ်ားႀကီး ပိုခက္တဲ့ ထန္းေမာ့က အစကေန အဆုံးထိ နာက်င္မႈေၾကာင့္ တစ္ခါမွကို မငိုခဲ့ဖူးဘူး။
သူက အၿမဲတမ္း သြားႀကိတ္ရင္ႀကိတ္ထားမယ္၊ ဒါမွမဟုတ္ရင္ အိပ္ယာခင္းကိုဆုပ္ကိုင္ရင္ ဆုပ္ကိုင္ထားမယ္။ တစ္ခါတစ္ေလ နာက်င္မႈက အရမ္းျပင္းထန္တဲ့အခ်ိန္က် ညီးညဴသံေလးနည္းနည္းထြက္မယ္။ ဒါေပမဲ့ အဲ့တာေတြအျပင္ တစ္ျခားအသံမရွိေတာ့ဘူး။
ဒါေပမဲ့ ေန႔တိုင္းေန႔ အသံမထြက္ဘူးဆိုေပမဲ့ သူ႔ရဲ႕ေန႔စဥ္ ျပန္လည္ကုသေရး ၿပီးသြားရင္ သူ႔သြားေတြက ႀကိတ္ထားတာ အားအရမ္းမ်ားလြန္းေတာ့ သူ႔အတြက္ ထမင္းစားဖို႔ေတာင္ နာက်င္ေနရတယ္။ သူဆုပ္ကိုင္ထားတဲ့ အိပ္ယာခင္းေစာင္ေတြကလဲ ၿပဲေနၿပီ။ ၿပီးေတာ့ သူ႔တစ္ကိုယ္လုံးကလဲ ေခြၽးေစးေတြ ထပ္ခါတလဲလဲ ထြက္ေနခဲ့တယ္။ ဒီေဆး႐ုံတစ္ခုလုံးမွာ သူဘယ္ေလာက္အားစိုက္ထုတ္ထားရတယ္ဆိုတာ မသိတဲ့လူကို မရွိဘူး။
ညမွာ အနားယူၿပီးသြားေတာ့ ေနာက္တစ္ေန႔မွာ တူညီတဲ့အရာက ေနာက္တစ္ဖန္ျပန္ျဖစ္တာပဲ။
ေဆး႐ုံက တစ္ခ်ိဳ႕လူေတြက ျပန္လည္ကုသမႈရဲ႕ နာက်င္မႈကို သည္းမခံႏိုင္ေတာ့တာေၾကာင့္ ေနာက္ဆုံး လက္ေလွ်ာ့လိုက္ဖို႔ကို ေ႐ြးခ်ယ္ခဲ့ၾကတယ္။ ထန္းေမာ့က ေဆး႐ုံကို အရင္ဆုံးလာတာျဖစ္တယ္။ ၿပီးေတာ့ လူေတြ တစ္ေယာက္ၿပီးတစ္ေယာက္ ထြက္ခြာသြားတာကို ၾကည့္ေနခဲ့ရတယ္။ ဒါေပမဲ့ သူကေတာ့ အဆုံးထိ ေနခဲ့တယ္။
ခြဲစိတ္ၿပီးလို႔ ၂လနားၿပီးသြားၿပီး ျပန္လည္ကုသမႈ ရက္၈၀ေလာက္ ခံယူၿပီးေတာ့လဲ ထန္းေမာ့ ဆက္ၿပီး သြားႀကိတ္ကာ တင္းခံေနခဲ့တာ္။ သူ႔ေျခေထာက္ေတြက ေနာက္ဆုံး ၃၀ဒီဂရီေလာက္ ေကြးလို႔ရသြားေတာ့ တစ္ခ်ိဳ႕လူနာေတြက မေနႏိုင္ေတာ့ဘဲ သူကဘာလို႔ဆက္ၿပီး တင္းခံေနႏိုင္တာလဲလို႔ သြားေမးၾကတယ္။
ထန္းေမာ့က ခဏေလာက္တိတ္ဆိတ္သြားၿပီး ျပန္ေျဖလိုက္တယ္။ " ဘာလို႔လဲဆိုေတာ့ တစ္ေယာက္ေယာက္က ကြၽန္ေတာ္ ေနာက္တစ္ခါထပ္ၿပီး မတ္တပ္ရပ္ႏိုင္မွာကို ေစာင့္ေနတာမလို႔။ "
" မင္းအတြက္ အေရးႀကီးတဲ့လူလား "
" အေရးအႀကီးဆုံးလူပါ "
လူငယ္ေလးက ျဖဴေဖ်ာ့ေနတယ္။ ၿပီးေတာ့ ေန႔စဥ္ျပန္လည္ကုသမႈ အၿပီးမွာ သူက အရမ္းကို ပင္ပန္းေနၿပီ။ ဒါေပမဲ့ သူက ခ်ိဳင္းေထာက္ကိုသုံးကာ ဆက္ၿပီး လမ္းေလွ်ာက္က်င့္ေနတုန္းပဲ။
သူပထမဆုံးလာတုန္းက ဆရာဝန္ကေျပာတယ္ သူက ျပန္လည္ကုသမႈရဲ႕ နာက်င္မႈနဲ႔ ပင္ပန္းမႈကို ခံႏိုင္ဖို႔ရာ အရမ္းအားနည္းလြန္းတယ္တဲ့။ ဒါေပမဲ့သူက အံႀကိတ္ၿပီး ဆက္ၿပီး သည္းခံေနခဲ့တယ္။
ေနာက္ဆုံးေတာ့ သူ႔လမ္းရဲ႕အဆုံးမွာ သူေတာင့္တေနခဲ့တဲ့ မိုးေသာက္ခ်ိန္ကို ေတြ႕ခဲ့ၿပီေလ။
------------
ထန္းေမာ့ခ်ိဳင္းေထာက္ျဖဳတ္လိုက္တဲ့ေန႔မွာပဲ ေခ်ာင္လန႔္ရဲ႕ ဒုတိယႏွစ္ေက်ာင္းသူဘဝက အဆုံးသတ္သြားခဲ့တယ္။
ေခ်ာင္လန္က သူမက ဒုတိယႏွစ္အတြက္ ပထမအဆင့္ ပညာသင္ဆုကို ရခဲ့တယ္လို႔ ထန္းေမာ့ကို ေျပာျပတယ္။ ၿပီးေတာ့ သူမက အခုတေလာ အခ်ိဳပြဲဆိုင္တစ္ဆိုင္ေတြထားတယ္လို႔လဲ ေျပာလိုက္ေသးတယ္။ အဲ့ဆိုင္က စေတာ္ဘယ္ရီ mousse က အရမ္းေသာက္လို႔ေကာင္းတာပဲလို႔လဲ ေျပာလိုက္တယ္။ ေနာက္ေတာ့ တစ္ကယ္လို႔အခု ထန္းေမာ့က ေက်ာင္းျပန္လာမယ္ဆိုရင္ေတာင္ သူမကို အဆင့္၁ေနရာကေန ျဖဳတ္ခ်ဖို႔ အေတာ္ေလးခက္သြားေလာက္ၿပီလို႔လဲ ယုံၾကည္ခ်က္ရွိရွိနဲ႔ ေျပာလိုက္ေသးတယ္။
ထန္းေမာ့က သူ႔ညာဘက္လက္နဲ႔ သူ႔ေျခေထာက္ႂကြက္သား ျပန္လည္ကုသေရးအတြက္ စက္ကို တင္းၾကပ္စြာ ဆုပ္ကိုင္ထားလိုက္တယ္။ ၿပီးေတာ့ ဘယ္ဘက္လက္နဲ႔ ဖုန္းကို နားနားေလးကပ္ကိုင္ထားတယ္။ သူက အခုမွ ျပင္းထန္တဲ့ေလ့က်င့္ေရးေတြ လုပ္ၿပီးသြားတာေလ။ အဲ့တာေၾကာင့္ သူ႔အသက္ရႉသံက ပုံမန္ထက္ နည္းနည္းေတာ့ ျမန္ေနတယ္။
သူမစကားေတြၾကားလိုက္ရေတာ့ သူ႔ႏႈတ္ခမ္းေတြက အလိုလို ေကာ့တက္သြားၿပီး အၿပဳံးေသးေသးေလးတစ္ခု ေပၚလာခဲ့တယ္။ " တစ္ကယ္လား "
" တစ္ကယ္ေပါ့ဟ " ေခ်ာင္လန္က ေျပာလိုက္တယ္။ " ငါ့ရဲ႕ bio အမွတ္က အရမ္းေကာင္းတာေနာ္။ အေခါက္တိုင္းမွာ ငါက အမတ္ျပည့္နီးပါးရတယ္။ နင္က အခုတေလာ စာမလုပ္ဘူးဆိုေတာ့ ငါ့ထက္လုံးဝ မသာႏိုင္ဘူး။ "
ထန္းေမာ့က တိတ္ဆိတ္စြာ ၿပဳံးလိုက္တယ္။ " တစ္ကယ္လား။ မိုက္တာေပါ့။ "
သူ႔စကားကိုၾကားလိုက္ရေတာ့ ေခ်ာင္လန္က အေတြးထဲေျမာသြားတယ္။ သူမစိတ္ထင္တာလား ဘာလားေတာ့ မသိဘူး။ ခုနက ထန္းေမာ့အသံထဲမွာ ခ်စ္ျခင္းတရားေတြအျပည့္ပါေနသလို သူမခံစားေနရတယ္။ " ထန္းေမာ့ " ေခ်ာင္လန္က ထန္းေမာ့ကို ေခၚလိုက္တယ္။ " ဒီေန႔ ေကာင္းတဲ့ကိစၥတစ္ခုခုမ်ား ရွိလို႔လား။ နင္ဒီေန႔ အရမ္းေပ်ာ္ေနတဲ့ ပုံပဲ။ "
" အင္း " ထန္းေမာ့က စက္ကိုလြတ္လိုက္ၿပီး ဘာအကူအညီမွ မပါဘဲ ဒီတိုင္း ရပ္လိုက္တယ္။ သူ႔က တည့္တည့္မတ္မတ္ရပ္ေနခဲ့တယ္။ ၿပီးေတာ့ အဲ့ေနရာကေန သူ႔ေဆး႐ုံခန္းထဲကို ျပန္ေလွ်ာက္သြားလိုက္တယ္။ သူ႔မ်က္လုံးေတြက လျခမ္းေလးကို ေကြးေနတယ္။ ၿပီးေတာ့ သူ႔ႏႈတ္ခမ္းေတြကလဲ ေခ်ာင္လန႔္စကားေတြေၾကာင့္ အၿပဳံးေသးေသးေလး ျဖစ္ေနတယ္။
ေခ်ာင္လန္က ဒီေန႔ ဘာေတြရွိလို႔ သူဒီေလာက္ေပ်ာ္ေနရတာလဲလို႔ သူ႔ကိုေမးတယ္။ ထန္းေမာ့က ဒါကလွ်ိဳ႕ဝွက္ခ်က္လို႔ ေျပာလိုက္ၿပီး သူမကို မေျပာျပခဲ့ဘူး။
ႏွစ္ဝက္ေက်ာ္ေက်ာ္ေလာက္ ဒီခရီးရည္ႀကီးက အံ့ဖြယ္ရာအျဖစ္အဆုံးသတ္မလား ၊ ဒါမွမဟုတ္ စိတ္ပ်က္စရာအေနနဲ႔ပဲ အဆုံးသတ္သြားမလားဆိုတာ ထန္းေမာ့မသိခဲ့ဘူး။ အခုက်ေတာ့မွ ေနာက္ဆုံးဆရာဝန္က သူ႔အတြက္ ျဖစ္ႏိုင္ေခ်ရွိတယ္ဆိုတာကို အတပ္ေျပာခဲ့တယ္။
သူက ဘာအကူအညီကိုမွ မမွီခိုဘဲ မတ္တပ္ရပ္ႏိုင္ လမ္းေလွ်ာက္ႏိုင္သြားၿပီ။ အခုလက္ရွိမွာ သူက အရင္ကလို ျပန္လည္ကုသေရးေတြ မလုပ္ရေတာ့ဘူး။ သူ႔အရင္တုန္းက ေန႔စဥ္ျပန္လည္ကုသေရးလုပ္ငန္းစဥ္က အဓိကကေတာ့ ေလ့က်င့္ခန္းလုပ္ဖို႔နဲ႔ အာဟာရရွိတာေတြအမ်ားႀကီး စားေပးဖို႔ပဲ။ ၿပီးေတာ့ သူ႔ရဲ႕ ကိုယ္ခႏၶာကို ႀကံ့ခိုင္ေအာင္ ေလ့က်င့္ခန္းေတြ စလုပ္ခဲ့တာေပါ့။
ေျဖးေျဖးခ်င္းနဲ႔ သူက ပုံမန္လို လမ္းေလွ်ာက္ႏိုင္႐ုံတင္မကဘူး၊ ေလွကားကိုေရာ အတက္အဆင့္လုပ္ႏိုင္ၿပီး ေျပးတာ ခုန္တာေတြလဲ လုပ္ႏိုင္လာေတာ့မွာ။