Uni
"ဘာ!!!" ဆူးရှလှသောအသံကြောင့် ရှေ့က ဧည့်သည်တွေပါ ထိတ်လန့်ကုန်သည်။
"အခုချက်ချင်း တွေ့အောင်ရှာကြ!!! မတွေ့လို့ကတော့ အကုန်အသေပဲ"
ဥက္ကာမှာ သတွေးသာမြိုချနေရသည်။ အစောင့်က သူ့ဆီphဆက်ပြီးပြောလို့ bossအား နား နားကပ်ကာပြောပင်မဲ့ ဒေါသအလွန်ထွက်သွားသော Bossမှာတော့ ဘာမှမြင်တော့မည့်ပုံမပေါ်။
သေချာတာကတော့ ဆိုးရွားတာတစ်ခုခုဖြစ်တော့မည်ဆိုတာပင်။ အစောင့်ကောင်လေးအတွက်တော့ ကြိုပြီး သာဓုခေါ်ပါရစေ....
'ခွပ်....ခွပ်.....ခွပ်'
"ပြော...ဘယ်မှာလဲ ငါ့ကလေး ဘယ်မှာလဲ ငါ့ကလေးလို့!!!!"
အစောင့်အား အပေါ်မှတတ်ခွကာ စိတ်ကြိုက်ထိုးနှက်နေသော ဇေရဲမာန်....
အောက်က အစောင့်မှာလဲ မျက်နှာမှာ ရစရာပင်မရှိ။
ကော်လံစကိုဆွဲကာ ဒေါသတကြီးပြောနေသော Bossကြောင့် အစောင့်မှာ သေသာသေလိုက်ချင်သည်။ Bossလက်နဲ့တော့ မသေချင် ဘာလို့ဆို သူ့အတွက် ထွက်သက်က အစဥ်မချောမှန်းသိပေလို့....
"တောင်း.... တောင်း...ပန်ပါတယ်... Boss"
"သိပ်...ကို...နောက်ကျသွားပြီ"
Bossရဲ့မျက်လုံးတွေမှာ နီရဲနေကာ နတ်ဆိုးတစ်ယောက်အလား...
"အဲ့အကောင်ကိုချုပ်ထား မသေစေနဲ့ ငါ့လက်နဲ့ကိုယ်တိုင်သတ်မှာ"
ဘေးကလူတွေမှာ အစောင့်ကို တစ်ရွက်တိုင်ဆွဲခေါ်ပြီး အခန်းထဲက ထွက်သွားရသည်။
"Boss. ..CCTVမှာ ကျွန်တော်တို့ ထားခဲ့တဲ့ အစောင့်ကလွဲပြီး နောက်ထပ်ရောက်လာတဲ့လူနှစ်ယောက်ရဲ့ မျက်နှာကို မမြင်ရပါဘူး။
Car Parking မှာတော့ ကိုလေးကို တင်ခေါ်သွားတဲ့ကားကိုတော့ CCTVကနေ ရိုက်မိထားတယ်"
"ပြစမ်းးးး"
ကားအနက်တစ်စီးအပေါ်မှာ ကလေးကိုတင်ခေါ်သွားသည်။ ကားနံပါတ်ကိုကြည့်လိုက်တော့ သီးသန့်ထုတ်ယူထားတဲ့ကားနံပါတ်ပင်။
ဇေရဲမာန် သိလိုက်ပြီ ဒါဘယ်သူ့လက်ချက်လဲဆိုတာ..
ဒီလိုကားမျိုးကို သဲလွန်စချန်ပြီး စီးပြမှတော့ လုပ်သူကလဲ သူမှန်းသိစေချင်နေတာ အသိသာကြီးပင်။
"ဟက်....အချစ်နဲ့စစ်မှာ မတရားတာမရှိဘူး....ကျွန်တော့်ကလေးကိုထိမှတော့ ဘယ်သူကြီးဖြစ်နေပါစေ ကျွန်တော်ဒီအတိုင်း လွှတ်ပေးမှာ မဟုတ်ဘူး အဖေ"
______________________
ကြယ်စင်တို့သုံးယောက် နောက်နေ့မနက် ဆေးရုံကို ရောက်လာတော့ အရင်လပြည့်ဝန်း နေတဲ့အခန်းက လူမရှိတာကြောင့် အနီးက ဖြတ်သွားတဲ့ nurseကို လှမ်းမေးလိုက်သည်။
"အော်...ဒါ...ဒါလား...လူနာ ပြန်ပေးဆွဲခံရလို့" Nurseမလေးရဲ့ မချိမရဲစကားကြောင့် သုံးယောက်လုံးလန့်ဖြန့်သွားသည်။
ဒါကိုကြယ်စင်ကတော့
"ဟုတ်လို့လား ဆရာမရယ်...သေ...သေချာလို့လား"
"သိပ်သေချာတာပေါ့ရှင်...လူနာရှင်လဲ တော်တော် သောင်းကြန်းနေတယ် ပြောရင်းနဲ့တောင်ကြောက်လာပြီ။ ဒါဆို သွားခွင့်ပြုပါဦး"
"ကြယ်...ကြယ်...သတိထားပါဦး" ကြယ်စင်ရွှန်းလဲ့ မှာ ထိုနေရာတွင် ထိုင်ရက်ဖြစ်သွားသည်။ သူ့သူငယ်ချင်း အန္တရာယ်ကင်းပါစေ......
_____________
"ဝုန်း!!!"
"Bossတောင်းပန်ပါတယ် ဘယ်လိုမှ ဆွဲမရလို့ပါ" အတွင်းရေးမှူးကောင်မလေးမှာ ကြောက်ကြောက်လန့်လန့်နဲ့ပဲ ဇေရဲမာန် ကို တောင်းပန်နေရှာသည်...
ဇေရဲမာန် ကတော့ လက်ခါပြကာ ကောင်မလေးအား ပြန်ထွက်သွားဖို့ပြောလိုက်သည်။
"လူယုတ်မာ.."
'ခွပ်' ဇေရဲမာန် ပါးပေါ်သို့ ကျရောက်လာသော လက်သီးတစ်ချက် ပြီးတော့ အင်္ကျီ ကော်လံကို ကိုင်စောင့်ရင်း..
"ကောင်လေး ပြန်ပေးဆွဲခံနေရတာကို မင်းက ဒီမှာအေးဆေး နေနိုင်သေးတာလား...ဟမ်!!!"
"မင်းဝင်မပါနဲ့...မဟုတ်ရင် ငါ့အဆိုးမဆိုနဲ့"
'ခွပ်' ထိုးလိုက်တဲ့အရှိန်ကြောင့် လွန်းထက်သာ မျက်နှာတောင်လည်သွားသည်။
ဇေရဲမာန် ခုံပေါ်သို့ ပြန်သွားလိုက်ပြီး လုံခြုံရေးကို လှမ်းခေါ်လိုက်သည်။
ထို့နောက် လုံခြုံရေးတွေရောက်လာပြီး လွန်းထက်သာ ကို အတင်းဆွဲခေါ်သွားလေသည်။
လွန်းထက်သာမှာ ရုန်းရင်းနဲ့ပဲ လုံခြုံရေးတွေနောက် ပါသွားလေတော့သည်။
ထိုချိန်ဥက္ကာဆီမှ ဖုန်းလာတာကြောင့် ကိုင်လိုက်ပြီး
📱Boss ည သင်္ဘောနဲ့ နယ်စပ်ဘက်ကို ကူးမယ်လို့ သတင်းရပါတယ်📱
"Ok ငါအခုပဲလာခဲ့မယ် နေရာပို့ထား"
📱ဟုတ်ကဲ့ Boss📱
ဇေရဲမာန် ရုံးခန်းထဲတွင် အေးအေးဆေးဆေး နေနေခြင်းတော့မဟုတ်။ မနေ့ညက သူတစ်ညလုံးကလေးကို ရှာနေခဲ့တာပင်။ ထိုချိန်မထင်မှတ်ပဲ သူ့ဆီကို အကန့်အသတ်ဖုန်းနံပါတ် တစ်ခုဝင်လာလေသည်။
ဇေရဲမာန် အား ငြိမ်ငြိမ်နေဖို့ လိုက်မရှာဖို့ ပြောသွားခြင်း မဟုတ်ရင် သူ့ကလေးအား အလောင်းပြန်ကောက်ရလိမ့်မယ်လို့ ချိန်းခြောက်လေသည်။
ခုလိုချိန်းခြောက်မှုတွေကို ဇေရဲမာန် မကြောက်ခဲ့သော်လဲ ခုဟာက သူ့ရဲ့ကလေး သူရဲ့အသက်ကလေးပင်..ဒါကြောင့် တစ်ဖက်က ပြောတာကို နားထောင်သလိုလိုနဲ့ သူကငြိမ်နေကာ ဥက္ကာနဲ့ အခြားတပည့်တွေကို လိုက်စုံစမ်းခိုင်းထားလေသည်။ ခုတော့ သူနေရာသိရပြီ ဒီညတော့ ကလေးကိုဒုက္ခပေးသူကို သူအသေသတ်ရလိမ့်မည်........
_____________
သင်္ဘော၏မလှမ်းမကမ်းတွင် ကုန်တင်နာများကိုကွယ်ပြီး ဇေရဲမာန် တို့အဖွဲ့ အသင့်အနေအထား စောင့်နေလေသည်။ သတင်းရထားသော သင်္ဘောထဲမှ လူသူကင်းမဲ့နေတာကြောင့် မရောက်သေးဘူးလို့တော့ ထင်သည်။
"Boss. ....."
"အင်း" သင်္ဘောကိုသာ မျက်ခြေမပြတ်ကြည့်နေသော ဇေရဲမာန် မှာ ဥက္ကာခေါ်တာကိုတောင် လှည့်ကြည့်မအား။
"ဟိုလေ....စိတ်လိုက်မာန်ပါတော့ မလုပ်လိုက်ပါနဲ့နော်" ဥက္ကာအမှန်တကယ် စိတ်ပူသည်။ ဘာလို့ဆို သူ့Bossက လပြည့်ဝန်း ကိုထိရင် ဖခင်ဖြစ်သူကိုတောင် ပြန်သတ်နိုင်သည်။
တစ်ဖက်ကလဲ ဖခင်ဖြစ်နေတာကြောင့် သူ့ဆရာကိုခုလိုအပြစ်မျိုးကို မကျူးလွန်စေချင်..
နေမင်းကြီးက အနောက်အရပ်သို့ တဖြည်းဖြည်း ဝင်လုဆဲဆဲဖြစ်နေချိန်.....မှောင်ရီစပျိုးချိန်မှာတော့ သင်္ဘောပေါ်နားသို့ လူတစ်စုချဥ်းကပ်လာသည်။
ဇေရဲမာန် တို့အဖွဲ့လဲ အားလုံးသတိအနေအထားဖြစ်သွားသည်။ မကြာခင် ကားအနက်တစ်စီး အတိအကျပြောရရင် လပြည့်ဝန်း အား တင်ခေါ်သွားသော ကားမှာ ဆိပ်ကမ်းမှာ ထိုးရပ်သွားသည်။
ပြီးတော့အထဲမှ အနက်ရောင် ဝတ်ထားတဲ့ လူတစ်စုထွက်လာသည်။ တစ်ဖက်က ကားတံခါးကနေဆင်းလာသူက အသေအချာ ဦးမာန်မိုးဟိန်း ပင်။ အခြားတစ်ဖက်သို့သွားကာ လူတစ်ယောက်ကို ပွေ့ချီကာ ထုတ်လိုက်ပြီး သင်္ဘောပေါ်သို့ တတ်သွားသည်။
ထိုမြင်ကွင်းကြောင့် ဇေရဲမာန် မှာ လက်သီးကို ကျစ်နေအောင်ဆုတ်ထားမိသည်။ သူ့ကလေးက ခုထိသတိရသေးပုံမပေါ် လက်မှာလဲ ဆေးပိုက်တန်းလန်းပင်။
လူတွေအားလုံး သင်္ဘောပေါ်တတ်သွားကြတော့မှ ဇေရဲမာန် တို့တစ်စုလုံး သင်္ဘောနားချဥ်းကပ်သွားသည်။
ဇေရဲမာန် ရဲ့ ရှေ့ပြေးတွေက အပြင်ကစောင့်နေသူတွေကို တိတ်တဆိတ် သတ်ဖြတ်ကာ လမ်းအရင်ရှင်းပေးသည်။
သင်္ဘောရဲ့ အောက်အထပ်ကို ဇေရဲမာန် လဲ သတိကပ်ကာ ဆင်းသွားလိုက်တော့ အခန်းဝမှာ လူလေးယောက်က စောင့်နေသေးသည်။
ထိုလူလေးယောက်၏ လက်ထဲလဲ သေနတ်ကိုယ်စီနဲ့မို့ သတိထားနေရသည်။ ပြီးတော့မှ ဇေရဲမာန် လဲ အကွယ်ကနေ လူတစ်ယောက်ကို ချိန်ရွယ်ကာ ပြစ်လိုက်သည်။
ထို့နောက် အပြန်အလှန်ပြစ်သံတွေ ဆူညံသွားသည်။
အပြင်က သေနတ်သံကြောင့် အထဲက ဦးမာန်မိုးဟိန်း သိလိုက်ပြီ သူ့သားလိုက်လာပြီဆိုတာ....
'ဝုန်း' တံခါးအား ခြေထောက်နဲ့ ကန်ဖွင့်လိုက်တာကြောင့် အရှိန်ပြင်းစွာ ပွင့်သွားသည်။
"ရပ်လိုက်သား မဟုတ်ရင် သူ့ကို အဖေသတ်မှာ" ကုတင်ပေါ်တွင် ဖြူဖျော့စွာ လှဲနေသော လပြည့်ဝန်း.....
ဦးမာန်မိုးဟိန်း မှာ လပြည့်ဝန်း ဘေးတွင်ထိုင်ကာ လပြည့်ဝန်း နားထင်ကို သေနတ်နဲ့ချိန်ရွယ်ထားသည်။
"အဖေ....ဘာလို့ သူ့ကိုထိရတာလဲ"
"ဟက်....ငါ့သားရယ် သိရဲ့သားနဲ့...အဖေ ဒီbaeလေးကို ချစ်လို့ပေါ့...သားနောက်တစ်ယောက်ရှာလိုက်ကွာ...အဖေက baeရဲ့ အသွေးအသားလေးကို ခံစားကြည့်ချင်တယ်။"
"အဖေ!!!!"
__________
24.8.2021
Khine Lay
တို့လဲ အချစ်ခံချင်လိုက်တာနော်🤧
Zaw
'ခွပ်....ခွပ်.....ခွပ်'
"ပြစမ်းးးး"
______________________
ဒါကိုကြယ်စင်ကတော့
_____________
"ဝုန်း!!!"
"လူယုတ်မာ.."
📱ဟုတ်ကဲ့ Boss📱
_____________
"Boss. ....."
"အဖေ!!!!"
__________
24.8.2021
Khine Lay