ဗီလိန်ရဲ့ လမ်းပြကြယ်

By CrystalKyi

780K 131K 3.7K

ဝတ္ထုစာအုပ်ထဲကို ဝိဉာဉ္ကူးပြောင်းလာတဲ့ ချောင်လန်တစ်ယောက် သူမရဲ့ နေရာက ဇာတ်လိုက် မင်းသားကို ကြိုက် မိသွားတဲ့ ဗ... More

မိတ်ဆက်
အပိုင်း (၁)
အပိုင်း(၂)
အပိုင်း(၃)
အပိုင်း(၄)
အပိုင်း(၅)
အပိုင်း(၆)
အပိုင်း (၇)
အပိုင်း(၈)
အပိုင်း(၉)
အပိုင်း(၁၀)
အပိုင်း(၁၁)
အပိုင်း(၁၂)
အပိုင်း(၁၃)
အပိုင်း(၁၄)
အပိုင်း(၁၅)
အပိုင်း(၁၆)
အပိုင်း(၁၇)
အပိုင်း(၁၈)
အပိုင်း(၁၉)
အပိုင်း(၂၀)
အပိုင်း(၂၁)
အပိုင်း(၂၂)
အပိုင်း(၂၃)
အပိုင်း(၂၄)
အပိုင်း(၂၅)
အပိုင်း(၂၆)
အပိုင်း(၂၇)
အပိုင်း(၂၈)
အပိုင်း(၂၉)
အပိုင်း (၃၀)
အပိုင်း(၃၁)
အပိုင်း(၃၂)
အပိုင်း(၃၃)
အပိုင်း (၃၄)
အပိုင်း(၃၅)
အပိုင်း(၃၆)
အပိုင်း(၃၇)
အပိုင်း(၃၈)
အပိုင်း(၃၉)
အပိုင်း(၄၀)
အပိုင်း(၄၁)
အပိုင်း(၄၂)
အပိုင်း(၄၃)
အပိုင်း(၄၄)
အပိုင်း(၄၅)
အပိုင်း(၄၆)
အပိုင်း(၄၇)
အပိုင်း(၄၈)
အပိုင်း(၄၉)
အပိုင်း(၅၀)
အပိုင်း(၅၁)
အပိုင်း(၅၂)
အပိုင်း(၅၃)
အပိုင်း(၅၄)
အပိုင်း(၅၅)
အပိုင်း(၅၆)
အပိုင်း(၅၇)
အပိုင်း(၅၈)
အပိုင်း(၅၉)
Not Upade!!!
အပိုင်း(၆၀)
အပိုင်း(၆၁)
အပိုင်း(၆၂)
အပိုင်း(၆၃)
အပိုင်း(၆၄)
အပိုင်း(၆၅)
အပိုင်း(၆၆)
အပိုင်း(၆၇)
အပိုင်း(၆၈)
အပိုင်း(၆၉)
အပိုင်း(၇၀)
အပိုင်း(၇၁)
အပိုင်း(၇၂)
အပိုင်း(၇၃)
အပိုင်း(၇၄)
အပိုင်း(၇၅)
အပိုင်း(၇၆)
အပိုင်း(၇၇)
အပိုင်း(၇၈)
အပိုင်း(၇၉)
အပိုင်း(၈၀)
အပိုင်း(၈၁)
အပိုင်း(၈၂)
အပိုင်း(၈၃)
အပိုင်း(၈၄)
အပိုင်း(၈၅)
အပိုင်း(၈၆)
အပိုင်း(၈၇)
အပိုင်း(၈၈)
အပိုင်း(၈၉)
အပိုင်း(၉၀)
အပိုင်း(၉၁)
အပိုင်း(၉၂)
အပိုင်း(၉၃)
အပိုင်း(၉၄)
အပိုင်း(၉၅)
အပိုင်း(၉၆)
အပိုင်း(၉၇)
အပိုင်း(၉၈)
အပိုင်း(၉၉)
အပိုင်း(၁၀၀)
အပိုင်း(၁၀၁)
အပိုင်း(၁၀၂)
အပိုင်း(၁၀၃)
အပိုင်း(၁၀၅)
အပိုင်း(၁၀၆)
အပိုင်း(၁၀၇)
အပိုင်း(၁၀၈)
အပိုင်း(၁၀၉)
အပိုင်း(၁၁၀)
အပိုင်း(၁၁၁)
အပိုင်း(၁၁၂)
အပိုင်း(၁၁၃)
အပိုင်း(၁၁၄)
အပိုင်း(၁၁၅)
အပိုင်း(၁၁၆)
အပိုင်း(၁၁၇)
အပိုင်း(၁၁၈)
အပိုင်း(၁၁၉)
အပိုင်း(၁၂၀)
အပိုင်း(၁၂၁)
အပိုင်း(၁၂၂)
အပိုင်း(၁၂၃)
အပိုင်း(၁၂၄)
အပိုင်း(၁၂၅)
အပိုင်း(၁၂၆)
အပိုင်း(၁၂၇)
အပိုင်း(၁၂၈)
အပိုင်း(၁၂၉)
အပိုင်း(၁၃၀)
အပိုင်း(၁၃၁)
အပိုင်း(၁၃၂)
အပိုင်း(၁၃၃)
အပိုင်း(၁၃၄)
အပိုင်း(၁၃၅)
အပိုင်း(၁၃၆)
အပိုင်း(၁၃၇)
အပိုင်း(၁၃၈)
အပိုင်း(၁၃၉)
အပိုင်း(၁၄၀)
အပိုင်း(၁၄၁)
အပိုင်း(၁၄၂)
အပိုင်း(၁၄၃)
အပိုင်း(၁၄၄)
အပိုင်း(၁၄၅)
အပိုင်း(၁၄၆)
အပိုင်း(၁၄၇)
အပိုင်း(၁၄၈)
အပိုင်း(၁၄၉)

အပိုင်း(၁၀၄)

4.1K 710 14
By CrystalKyi

Unicode
ချောင်လန်ကတော့ ဘာတွေဖြစ်နေတာလဲဆိုတာ မသိခဲ့ဘူး။ ဦးလေးချန်က နောက်တစ်ခေါက်သူမကို လာကြိုတော့မှ လော့ညန်တို့မိသားစုမှာ တစ်ခုခုဖြစ်ခဲ့တာဆိုတာ သူမသိတာ။

ချောင်လန်က ထန်းမော့မျက်နှာကို အလိုလိုကြည့်မိသွားတယ်။ ထန်းမော့က ပေါ့ပေါ့ပါးပါးပဲ ပြောလိုက်တယ်။ " လော့မိသားစုရဲ့ စားသောက်ဆိုင်က ကျန်းမာရေးအဆင့်က သတ်မှတ်ထားတဲ့ စံကိုမကိုက်ညီဘူး။ ဟိုတလောတုန်းက သတင်းတွေထဲမှာ ပါလာတယ်။ "

" အာ....... အဲ့တာဆို အဲ့တာကြောင့်ကိုး။ " ချောင်လန်က ပြောလိုက်တယ်။ ပြီးတော့ ခဏလောက်တွေးပြီးသွားတော့ ရပ်လိုက်တယ်။ သူတို့ရဲ့ ကိစ္စအကြောင်းကြားပြီးတော့ သူမစိတ်ထဲမှာ စကားလုံး၂လုံးပဲ ပြောစရာရှိတယ် 'တန်တယ်' ဆိုတာပေါ့။

နောက်ဆုံးတော့ ထန်းမော့က ချောင်လန့်အတွက် အရာအားလုံးကို ကိုင်တွယ်ဖြေရှင်းပြီးသွားပြီ။ သူက သူမကို ဂရုစိုက်စောင့်ကြည့်ပေးဖို့ လူတစ်ယောက်တောင် စီစဥ်ထားသေးတယ်။ အရာအားလုံးလဲ ပြီးသွားရော သူနဲ့ချောင်လန်က ဆိုဖာပေါ်မှာ တူတူထိုင်ပြီး ရုပ်ရှင်တူတူကြည့်ကြတယ်။

ရုပ်ရှင်ပြီးခါနီးမှာ ထန်းမော့က ရုတ်တရက်ကြီး ပြောလိုက်တယ်။ " ငါအချိန်ခဏလောက်တော့ ဒီမှာ မရှိလောက်ဘူး "

ချောင်လန့်မျက်လုံးတွေက တီဗွီကြည့်နေတာကို ရပ်လိုက်တယ်။

အခုတလော ထန်းမော့က ကျောင်းကိုမလာဘူး။ ရက်၂၀လောက်တောင်ရှိနေပြီ။ အဲ့အချိန်အတွင်းမှာ တစ်ခုခုဖြစ်လာတော့မယ်လို့ ဘာလို့လဲမသိဘူး သူမ ခံစားနေရတယ်။

ထန်းမော့စကားတွေက သူမသံသယတွေကို အတည်ပြုပေးလိုက်တယ်။

ထန်းမော့က ပြောတယ် သူက အချိန်ခဏလောက်တော့ ဒီမှာမရှိလောက်ဘူးတဲ့။ တစ်ကယ်လို့ သူဒါကို တစ်ခြားတစ်ယောက်ယောက်ကိုသာ ပြောရင် သူတို့က ထန်းမော့က ရက်အနည်းငယ်လောက် ခွင့်ယူတာလို့ပဲ တွေးလိုက်မှာလေ။ ဒါပေမဲ့ ချောင်လန်ကတော့ ဘာလို့လဲမသိဘူး ဒီလိုမဟုတ်လောက်ဘူးလို့ နည်းနည်း ခံစားနေရတယ်။

သူမ အကြာကြီး ရပ်သွားပြီးမှ ပြောလိုက်တယ်။ " ဘယ်လောက်ကြာကြာလဲ "

" ခဏလေးလဲ ဖြစ်နိုင်တယ် " ထန်းမော့က ခဏလောက်ရပ်သွားပြီး ပြီးမှ ဆက်ပြောလိုက်တယ်။ " ဒါပေမဲ့ အကြာကြီးလဲ ဖြစ်သွားနိုင်တယ်။ "

တစ်ကယ်လို့ အကောင်းဆုံးဆေးရုံကတောင် သူ့ခြေထောက်တွေကို မကုပေးနိုင်ဘူးဆိုရင် ၊ သူက အဲ့အချိန်ထိ မတ်တပ်မရပ်နိုင်သေးဘူးဆိုရင်... အဲ့တာဆို သူအမြန်အဝတ်ပြန်ထုတ်ပြီး အမြန်ပြန်လာခဲ့မှာ။

ဒါပေမဲ့ တစ်ကယ်လို့ သူ့ခြေထောက်ကို ပြန်ကုသနိုင်မဲ့ မျှော်လင့်ချက်လေးရှိတယ်ဆိုရင် အဲ့တာဆို အချိန်ကြာကြာ ပြန်လည်ကုထုံးနဲ့ ပြန်ကုရလိမ့်မယ်။ အဲ့တာဆိုရင်တော့ အချိန်အများကြီး ကြာလိမ့်မယ်။

ထန်းမော့က ချောင်လန့်ကို သူက သူ့ခြေထောက်ကိုသွားကုမှာလို့ မပြောချင်ဘူး။ ဘာလို့လဲဆိုတော့ သူတောင် ဘာဖြစ်လာမလဲဆိုတာကို မသိသေးဘူးလေ။

မျှော်လင့်ချက်ရှိရင်လဲ ရှိမယ်။ စိတ်ပျက်စရာတွေပဲ ရှိရင်လဲ ရှိမယ်။

ဒါက မသိနိုင်တဲ့ ရက်စက်တဲ့ ကံကြမ္မာပဲလေ။

အဲ့တာကြောင့် သူက ချောင်လန့်ကို မပြောပြချင်ဘူး။ တစ်ကယ်လို့ အောင်မြင်ခဲ့တယ်ဆိုရင်တော့ သူမကို စိတ်မပူစေချင်ဘူး။ တစ်ကယ်လို့ မအောင်မြင်ဘူးဆိုရင်လဲ သူမကို စိတ်ပျက်မသွားစေချင်ဘူးလေ။

ဘာပဲဖြစ်ဖြစ် တစ်ကယ်လို့ သူကချောင်လန့်ကို မပြောပြခဲ့ဘူးဆိုရင် တစ်ကယ်လို့ သူကကုလို့မရဘူးဆိုရင် အဲ့တာဆို သူပြန်လာပြီးတဲ့နောက်မှာ သူနဲ့ချောင်လန့်ကြားက ပြောင်းလဲမှု သိပ်မရှိလောက်ဘူးပေါ့။

ဒါပေမဲ့ တစ်ကယ်လို့ ကုလို့ရတယ်ဆိုရင် တစ်ကယ်လို့ သူတစ်ကယ်ပဲ မတ်တပ်ရပ်နိုင်မယ်ဆိုရင်....

ရုတ်တရက် ထန်းမော့နှလုံးခုန်နှုန်းက ပိုမြန်လာခဲ့တယ်။

တစ်ကယ်လို့ သူမတ်တပ်ရပ်နိုင်မယ်ဆိုရင် အဲ့တာက သူချောင်လန့်ကို ပေးနိုင်မဲ့ အကြီးမားဆုံး surprise ပဲဖြစ်လိမ့်မယ်။

ထန်းမော့က ဘာမှမပြောခဲ့ဘူး။ ပြီးတော့ ချောင်လန်ကလဲ ထပ်မမေးတော့ဘူး။ ဒါပေမဲ့ သူမအသံထဲမှာတော့ စိတ်ပျက်အားငယ်မှုတွေ ရောနှောနေတာကို မဖုံးကွယ်ထားနိုင်ဘူး။

" ဘယ်ကိုသွားမှာလဲ "

" အမေရိကား "

" ဘယ်အချိန် သွားမှာလဲ "

" နှစ်သစ်ကူးပြီးရင် "

ငါက နှစ်သစ်ကူးကိုတော့ နင်နဲ့အတူ ကုန်ဆုံးချင်သေးတယ်။

ချောင်လန့်မှာက မိသားစုရော ဆွေမျိုးရော မရှိတော့ဘူးလေ။ သူမက အခုဒီနေရာကို သူမအိမ်အဖြစ် သတ်မှတ်ထားတာ။ ပြီးတော့ ထန်းမော့ကလဲ ချောင်လန့်ကို အားလုံးပြန်လည်ဆုံစည်းကြတဲ့နေ့မှာ တစ်ယောက်ထဲ မထားခဲ့ချင်ဘူး။

နှစ်သစ်ကူးနေ့မှာ အားလုံးကတက်ကြွပြီး ပျော်ရွှင်နေရမဲ့ နှစ်သစ်ကို ကြိုဆိုတဲ့နေ့မှာ နည်းနည်းတော့ စိတ်ဓာတ်ကျစရာကောင်းနေတယ်။

နှစ်သစ်ကူးခေါင်းလောင်းမြည်တော့ ချောင်လန်က သူမရဲ့မျက်လုံးကို ပွတ်လိုက်တယ်။ ပြီးတော့ သူမက အိပ်ချင်စိတ်ကိုလဲ မတားနိုင်တော့ဘူး။ သူမမျက်လုံးတွေက ဘယ်အချိန်တုန်းကပိတ်သွားပြီး ဘယ်အချိန်တုန်းက အိပ်ပျော်သွားလဲဆိုတာ သူမမသိတော့ဘူး။

ကောင်မလေးက ကွေးကွေးလေးနဲ့ ဆိုဖာပေါ်မှာ အိပ်နေခဲ့တယ်။ သူမအသက်ရှူသံက ချောမွေ့နေတယ်။ ဒါပေမဲ့ သူမက သူမအခန်းထဲကို မပြန်ခဲ့ဘူး။

သူမက ထန်းမော့မထွက်သွားခင်လေး ထန်းမော့နဲ့ နောက်တစ်ညလောက် နေချင်သေးတယ်။

တီဗွီကအသံက တိုးနေတာပါ။ ဒါပေမဲ့ ထန်းမော့က ရီမုတ်ကိုယူလိုက်ပြီး အသံကို mute လုပ်လိုက်တယ်။ သူက ဘေးတစောင်းအိပ်နေတဲ့ ကောင်မလေးကို ကြည့်နေခဲ့တယ်။ သူ့မျက်လုံးတွေက သူမရဲ့ ကော့စင်းနေတဲ့ မျက်တောင်မွှေးတွေ ပြီးတော့ နှင်းဆီရောင်သန်းနေတဲ့ နှုတ်ခမ်းတွေပေါ်ကို ရောက်သွားတယ်။ အကြာကြီးကြည့်နေပြီးတော့ သူ့အကြည့်က ခေါင်းအုံးပေါ်မှာရှိနေတဲ့ သူမရဲ့ ညာဘက်လက်ပေါ်ကို ရောက်သွားတယ်။

တစ်ကယ်လို့ သူသာ မတ်တပ်ရပ်နိုင်ရင် အဲ့တာဆို သူသူမကို ထွေးပွေ့ပေးလို့ရတယ်။ ဒါပေမဲ့ အခုတော့ သူအဲ့တာကို မလုပ်နိုင်ဘူး။

ထန်းမော့က အသက်ပြင်းပြင်းရှူလိုက်တယ်။ ပြီးတော့ သူ့ wheelchair ကို လှည့်နေတဲ့လက်လေးက တုန်သွားတယ်။ ဒါပေမဲ့ ဒီတစ်ခေါက်တော့ သူက မအောင့်ထားတော့ပဲ အရှေ့ကို တိုးလာခဲ့တယ်။

ကြမ်းပြင်ပေါ်မှာ wheelchair ကိုတွန်းလိုက်တော့ အသံနည်းနည်းထွက်သွားတယ်။ ပြီးတော့ အဲ့အသံကြောင့်လန့်သွားတဲ့ ထန်းမော့ကလဲ တောင့်တောင့်ကြီး လုပ်လက်စကို ရပ်သွားတယ်။

ချောင်လန်က နိုးမသွားခဲ့ဘူး။ ဆက်ပြီးတော့ နှစ်နှစ်ခြိုက်ခြိုက်ပဲ အိပ်ပျော်နေခဲ့တယ်။

ထန်းမော့က သူမကို တိတ်ဆိတ်စွာ ကြည့်နေခဲ့တယ်။ သူတို့၂ယောက်ကြားက အကွာအဝေးက ဘယ်တုန်းကမှ ဒီလောက် မနီးနေခဲ့ဘူး။ သူက သူမနဲ့အရမ်းနီးနေလွန်းလို့ သူမအသက်ရှူသံတောင်ကြားနေရတယ်။ သူက တောင့်တောင့်ကြီးနဲ့ပဲ ချောင်လန့်ရဲ့ အိပ်ပျော်နေတဲ့ မျက်နှာလေးကို စိုက်ကြည့်နေခဲ့တယ်။ သူ့မှာရှိသမျှ စွမ်းအင်တွေ အင်အားတွေအကုန်လုံးကို ထုတ်သုံးနေရသလိုမျိုးပဲ။ သတ္တိမွေးလိုက်ပြီး သူဖြေးဖြေးချင်း အရှေ့ကိုတိုးလိုက်တယ်။

သူ့ရဲ့တုန်ရီနေတဲ့ နှုတ်ခမ်းတွေက ချောင်လန့်နှုတ်ခမ်းတွေနဲ့ လက်၂ချောင်းအကွာလောက်ပဲ ဝေးတော့တယ်။ အဲ့အကွာအဝေးရောက်တော့ ထန်းမော့က ရပ်လိုက်တယ်။

ခဏလောက်ကြာတော့မှ သူက ချောင်လန့်လက်လေးကို ဂရုတစိုက်လေးနဲ့ ယူလိုက်ပြီး ခေါင်းကိုငုံ့လိုက်တယ်။ ပြီးတော့ သူ့နှုတ်ခမ်းတွေကို သူမရဲ့အေးစက်နေတဲ့လက်ချောင်းတွေအပေါ်ကို ယုယုယယနဲ့ တံဆိပ်ခတ်လိုက်တယ်။

ထန်းမော့ထွက်သွားပြီး အကြာကြီးနေတော့မှ ချောင်လန်က ဆိုဖာပေါ်မှာ နိုးလာခဲ့တယ်။ ပြီးတော့ သူမမနေ့ညအိပ်သွားတုန်းက သူမအပေါ်မှာ ရှိမနေတဲ့တဲ့ စောင်ထဲမှာ ကွေးနေလိုက်တယ်။

ထန်းမော့က ဘာလို့ အမေရိကားကိုသွားဖို့လိုမှန်း ချောင်လန်မသိဘူး။ ပြီးတော့သူက အဲ့မှာ ဘာလုပ်နေမှာလဲဆိုတာကိုလဲ သူမမသိဘူး။ ဒါပေမဲ့ ထန်းမော့က အရမ်းကိုပြတ်ပြတ်သားသားနဲ့ ဆုံးဖြတ်ထားတယ်လို့ သူမခံစားနေရတယ်။ ဒါက သူမပဲ စိတ်ထင်တာလား တစ်ကယ့်အမှန်လားဆိုတာတော့ သူမမသေချာဘူး။

အားလပ်ရက်တွေက အမြန်ပဲ ကုန်ဆုံးသွားခဲ့တယ်။ ပြီးတော့ ကျောင်းပြန်ဖွင့်တော့လဲ ထန်းမော့က ကျောင်းကို ပြန်မလာသေးဘူး။

ပြီးခဲ့တဲ့ semester တုန်းကတော့ ကျောင်းသူကျောင်းသားတွေက ထန်းမော့က ဘာလို့ကျောင်းမလာတာလဲလို့ နည်းနည်းအံ့ဩနေကြတယ်။ ဒါပေမဲ့ semester အသစ်စတော့လဲ ထန်းမော့ကို မမြင်ရသေးဘူးဆိုတော့ သူတို့က အမြန်ပဲ နေသားကျသွားကြတယ်။

ချောင်လန့် tablemateက နောက်တစ်ယောက်ပြောင်းသွားတယ်။ ချောင်လန်နဲ့သိပ်မရင်းနီးတဲ့ ကောင်လေးတစ်ယောက်ပေါ့။ ပြီးတော့ သူ့အဆင့်တွေကလဲ အရမ်းမြင့်တယ်။

ဒီကောင်လေးက ဖေးနင်နဲ့ အတော်လေးဆင်တယ်။ ရုပ်ရည်ကိုပြောတာမဟုတ်ဘူး။ အကျင့်စရိုက်နဲ့ စာလုပ်တဲ့နေရာမှာပြောတာ။ သူ့အကျင့်က နည်းနည်းလေး အနေအေးတယ်။ ပြီးတော့ သူက ချောင်လန်နဲ့တစ်ခုံထဲ ထိုင်နေရတော့ နည်းနည်းလေးတောင် ရှက်နေလိုက်သေးတယ်။

ဖေးနင်နဲ့တူစွာပဲ သူ့ရဲ့သိပ္ပံဘာသာအမှတ်တွေက အရမ်းကောင်းတယ်။ ဒါပေမဲ့ အင်္ဂလိပ်စာမှာတော့ နည်းနည်းနောက်ကျကျန်နေတယ်။ အဲ့တာကြောင့် ဒီကျောင်းသားကို အရမ်းသဘောကျတဲ့ အတန်းပိုင်ဆရာက သူ့ကို ချောင်လန့်ဘေးမှာ ထားပေးတာပေါ့။ ချောင်လန့်ကို သူ့အင်္ဂလိပ်စာတိုးတက်လာအောင် ဘေးကနေ ကူညီပေးစေချင်တဲ့သဘောပေါ့။

ချောင်လန်က ထန်းမော့သူမဘေးမှာထိုင်နေတဲ့ နေ့ရက်တွေကို နေသားကျနေတာလေ။ တစ်ခါတစ်လေ သူမလုံးဝမတွက်တက်တဲ့ ပုစ္ဆာတွေကိုတွေ့ရင် သူမက ခေါင်းလေးကိုဘေးကိုလှည့်လိုက်ပြီး ထန်းမော့ကို မေးတယ်လေ။ ဒါပေမဲ့ သူမမရင်းနီးတဲ့ သူမdeskmate ရဲ့ မျက်နှာကို တွေ့လိုက်ရတော့ ထန်းမော့က သူမဘေးမှာ ထိုင်မနေတော့ဘူးဆိုတာ သူမမှတ်မိသွားတယ်။

သူမရဲ့ deskmate အသစ်က အရမ်းကောင်းပါတယ်။ ဒါပေမဲ့ ချောင်လန်က သူမထန်းမော့နဲ့ ကုန်ဆုံးခဲ့တဲ့အချိန်တွေကို လွမ်းနေတုန်းပဲ။ သူတို့က နားကြပ်တစ်ခုထဲနဲ့ သီချင်းတွေကို တူတူနားထောင်ခဲ့ကြတယ်။ ပြီးတော့ စာလေးတွေ ဖလှယ်ခဲ့ကြတယ်။

ချောင်လန်က အရင်ကထက်ပိုပြီး စာကြိုးစားလုပ်လာခဲ့တယ်။ စာအရမ်းလုပ်လွန်းလို့ ပိုင်ယွီတောင် ကြောက်လာခဲ့တယ်။ ဒါပေမဲ့ သူမဒီလောက်ကြိုးစားနေမြင်ရတော့ ချောင်လန့်နားက အဆောင်က ကျောင်းသူတွေလဲ အရင်ကထက်ပိုပြီး စာပိုလုပ်လာကြတော့တယ်။

ထန်းမော့မရှိဘူးဆိုတော့ စာမေးပွဲတွေမှာ ချောင်လန်က ပထမနေရာကို မြဲမြံစွာ ဆုပ်ကိုင်ထားခဲ့တယ်။ သူမနဲ့ရင်းနီးတဲ့သူငယ်ချင်းတစ်ချို့က ဒီနှစ်ရဲ့ ပထမအဆင့် စကော်လားရှစ်က ချောင်လန်ပဲ ထပ်ရမှာ ကျိန်းသေတယ်လို့ သူမကို ပြောကြတယ်။

ပြီးတော့ တစ်ယောက်ယောက်က ပြုံးပြီးပြောလိုက်တယ်။ ထန်းမော့က ဒီမှာမရှိလို့တဲ့။

ထန်းမော့ ကျောင်းကိုမလာတာ အကြာကြီးရှိသွားပြီ။ အားလုံးကလဲ ထန်းမော့နဲ့ ချောင်လန့်အပေါ်ကို အပုံလိုက်ကျရောက်ခဲ့တဲ့ စော်ကားမှုတွေကို မေ့သွားကြတဲ့ပုံပဲ။ အခု ကျောင်းသားကျောင်းသူတွေက ထန်းမော့အကြောင်းပြောပြီဆိုရင် အများစုက သက်ပြင်းချလိုက်ကြပြီး အဲ့လိုဥာဏ်ကြီးရှင်မျိုးကို သူတို့ဘယ်လိုသိခဲ့ကြတယ်ဆိုတဲ့ အကြောင်း ပြန်ပြောကြတယ်။

တစ်ခါတုန်းက တစ်ခြားအခန်းကတစ်ယောက်က ဥာဏ်ကြီးရှင်နဲ့အတန်းဖော်ဖြစ်ရတာ ဘယ်လိုမျိုးရှိလဲလို့ မေးလိုက်တယ်။ အဲ့တာက ဘယ်ကနေဘယ်လိုမှန်းမသိဘူး ကျောင်းရဲ့ forum တွေပေါ်ကို ရောက်သွားတယ်။ ဒါပေမဲ့ အရင်တုန်းကလို ရက်စက်တဲ့မှတ်ချက်တွေအစား သူတို့ရဲ့ စကားတွေအကုန်လုံးက အခု ချီးကျူးမှုတွေနဲ့ ပြည့်နေခဲ့တယ်။

အားလပ်ချိန်မှာ အားလုံးက ဟိုအကြောင်းဒီအကြောင်းတွေ ပြောကြတယ်။ ဥပမာပြောရရင် ဘွဲ့ယူတဲ့အကြောင်းတို့၊ တက္ကသိုလ်အကြောင်းတို့ပေါ့။ (ဒီမှာ ဘွဲ့ယူတာက အထက်တန်းပြီးတဲ့ဘွဲ့ကို ပြောတာပါ)

တစ်ခါတုန်းက ဟောင်ရင်က ချောင်လန့်ကို မေးဖူးတယ် သူမနောက်ကျရင် ဘယ်တက္ကသိုလ်ကို သွားချင်တာလဲလို့ပေါ့။

သူမကတစ်ခါတုန်းက သူ့ကို ငြင်းခဲ့တယ်။ ပြီးတော့ သူမစကားလုံးတွေနောက်က အဓိပ္ပာယ်ကိုလဲ သူနားလည်တယ်။ ဒါပေမဲ့သူက အပြည့်အဝ လက်မလျှော့သေးဘူး။

ဒီလိုမျိုး လှပပြီးထက်မြက်တဲ့မိန်းကလေးမျိုးကို တွေ့ဖို့အခွင့်အရေးရခဲ့တာကို သူ့အတွက် လက်လျှော့ဖို့ဆိုတာ ခက်တယ်လေ။ ဒါပေမဲ့ သူက ချောင်လန့်ကို အပြစ်မတင်ပါဘူး။ သူ့ဘဝမှာ ပထမဆုံးအနေနဲ့ အငြင်းခံရတာကို ကြုံတွေ့ပြီးတဲ့နောက်မှာ နောက်ဆုံးတော့ သူက အတိတ်ကို ဘက်မလိုက်ဘဲ ပိုကြည့်တက်သွားပြီ။

ဟောင်ရင်က အများကြီး ပြောင်းလဲသွားခဲ့တယ်။ သူ့စာလုပ်တဲ့နေရာမှာလဲ အများကြီးတိုးတက်လာခဲ့တယ်။ ပြီးတော့ သူ့အကျင့်စရိုက်ကလဲ အများကြီး ပြောင်းလဲသွားခဲ့တယ်။

ချောင်လန်က ဒီအတိုင်းပဲ နိုင်ငံထဲက နာမည်ကြီးကျောင်းတွေကို ရွတ်ပြလိုက်တယ်။ ဘာလို့လဲဆိုတော့ သူမက ပိုက်ဆံတွေအများကြီးလိုတာမလို့ အဲ့ဒီကို သွားမှကို ရမှာလို့ ပေါ့။

ဒါကိုကြားလိုက်ရတော့ သူမသူငယ်ချင်းတွေက တစ်ခုခုမှားနေတယ်လို့ မတွေးမိကြဘူး။ ချောင်လန်က တစ်နှစ်လုံးမှာ ပထမပဲလေ။ သူမမှာ ဒါကိုပြောဖို့ အရည်အချင်းအပြည့်ရှိတယ်။ ဟောင်ရင်က ဝမ်းနည်းနေတဲ့ အမူအရာလေးနဲ့ သူ့မျက်နှာသူ ပွတ်လိုက်တယ်။ သူ့အမှတ်တွေက အများကြီး တက်လာတယ်ဆိုပေမဲ့ အဲ့လိုကျောင်းမျိုးကို သွားဖို့ကျ အခုထိ သူ့အတွက်က မဖြစ်နိုင်သေးဘူးလေ။

" အဲ့တာဆို နင်ဘယ်ဘာသာရပ်ကို မေဂျာအနေနဲ့ယူမှာလဲ " တစ်ယောက်ယောက်က မေးလိုက်တယ်။

" Finance " ချောင်လန်က စာရေးနေရင်းနဲ့ ပြောလိုက်တယ်။ သူမက လုံးဝမတွေးခဲ့ဘူး။ အဲ့လူကမေးလိုက်တော့ သူမက အရင်တုန်းက သူမသင်ခဲ့တဲ့ ဘာသာရပ်ကိုပဲ ဖြေလိုက်တာ။ အဲ့လိုဖြေပြီးသွားတော့ ရုတ်တရက် ချောင်လန်က စာရေးနေတာကို ရပ်လိုက်တယ်။

တစ်ကယ်တော့ အရင်တုန်းက တစ်ခါလောက်တော့ နောက်ထပ်မေဂျာတစ်ခုကို သူမတွေးမိသေးတယ်။ ထန်းမော့အတွက်ကြောင့်မလို့ပေါ့။

ဒါပေမဲ့ ဘာပဲပြောပြော ဒါက ဒီတိုင်းလျှောက်တွေးတာပဲလေ။ တက္ကသိုလ်စာမေးပွဲဖြေဖို့က အချိန်အများကြီး ကျန်သေးတာပဲ။

Finance က သူမအသင်ယူချင်ဆုံး ဘာသာရပ်မဟုတ်တော့ဘူး။ ဒါပေမဲ့ ချောင်လန်ကဒါကို အားလုံးကို မရှင်းပြနေခဲ့ဘူး။ နေ့တစ်နေ့ကုန်ဆုံးသွားတော့ သူမကုတင်ပေါ်မှာ လှဲလိုက်ပြီး ဖုန်းကိုကောက်ကိုင်လိုက်ကာ ပုံမန်လိုပဲ ချောင်လန့်ကို good night လို့ ပို့လိုက်တယ်။

အမြဲတမ်းလိုပဲ ထန်းမော့က ချက်ချင်း reply မပြန်ခဲ့ဘူး။ သူထွက်သွားကထဲက ထန်းမော့ကသူမကို မနက်ခင်း ၃နာရီ ၄နာရီလောက်မှ reply ပြန်ခဲ့တယ်။ New York မှာဆိုရင်တော့ ညနေ ၃နာရီ ၄နာရီလောက် ရှိမှာပေါ့။

Zawgyi

ေခ်ာင္လန္ကေတာ့ ဘာေတြျဖစ္ေနတာလဲဆိုတာ မသိခဲ့ဘူး။ ဦးေလးခ်န္က ေနာက္တစ္ေခါက္သူမကို လာႀကိဳေတာ့မွ ေလာ့ညန္တို႔မိသားစုမွာ တစ္ခုခုျဖစ္ခဲ့တာဆိုတာ သူမသိတာ။

ေခ်ာင္လန္က ထန္းေမာ့မ်က္ႏွာကို အလိုလိုၾကည့္မိသြားတယ္။ ထန္းေမာ့က ေပါ့ေပါ့ပါးပါးပဲ ေျပာလိုက္တယ္။ " ေလာ့မိသားစုရဲ႕ စားေသာက္ဆိုင္က က်န္းမာေရးအဆင့္က သတ္မွတ္ထားတဲ့ စံကိုမကိုက္ညီဘူး။ ဟိုတေလာတုန္းက သတင္းေတြထဲမွာ ပါလာတယ္။ "

" အာ.. အဲ့တာဆို အဲ့တာေၾကာင့္ကိုး။ " ေခ်ာင္လန္က ေျပာလိုက္တယ္။ ၿပီးေတာ့ ခဏေလာက္ေတြးၿပီးသြားေတာ့ ရပ္လိုက္တယ္။ သူတို႔ရဲ႕ ကိစၥအေၾကာင္းၾကားၿပီးေတာ့ သူမစိတ္ထဲမွာ စကားလုံး၂လုံးပဲ ေျပာစရာရွိတယ္ ' တန္တယ္ '။

ေနာက္ဆုံးေတာ့ ထန္းေမာ့က ေခ်ာင္လန္႔အတြက္ အရာအားလုံးကို ကိုင္တြယ္ေျဖရွင္းၿပီးသြားၿပီ။ သူက သူမကို ဂ႐ုစိုက္ေစာင့္ၾကည့္ေပးဖို႔ လူတစ္ေယာက္ေတာင္ စီစဥ္ထားေသးတယ္။ အရာအားလုံးလဲ ၿပီးသြားေရာ သူနဲ႔ေခ်ာင္လန္က ဆိုဖာေပၚမွာ တူတူထိုင္ၿပီး ႐ုပ္ရွင္တူတူၾကည့္ၾကတယ္။

႐ုပ္ရွင္ၿပီးခါနီးမွာ ထန္းေမာ့က ႐ုတ္တရက္ႀကီး ေျပာလိုက္တယ္။ " ငါအခ်ိန္ခဏေလာက္ေတာ့ ဒီမွာ မရွိေလာက္ဘူး "

ေခ်ာင္လန္႔မ်က္လုံးေတြက တီဗြီၾကည့္ေနတာကို ရပ္လိုက္တယ္။

အခုတေလာ ထန္းေမာ့က ေက်ာင္းကိုမလာဘူး။ ရက္၂၀ေလာက္ေတာင္ရွိေနၿပီ။ အဲ့အခ်ိန္အတြင္းမွာ တစ္ခုခုျဖစ္လာေတာ့မယ္လို႔ သူမဘာလို႔လဲမသိဘူး ခံစားေနရတယ္။

ထန္းေမာ့စကားေတြက သူမသံသယေတြကို အတည္ျပဳေပးလိုက္တယ္။

ထန္းေမာ့က ေျပာတယ္ သူက အခ်ိန္ခဏေလာက္ေတာ့ ဒီမွာမရွိေလာက္ဘူးတဲ့။ တစ္ကယ္လို႔ သူဒါကို တစ္ျခားတစ္ေယာက္ေယာက္ကိုသာ ေျပာရင္ သူတို႔က ထန္းေမာ့က ရက္အနည္းငယ္ေလာက္ ခြင့္ယူတာလို႔ပဲ ေတြးလိုက္မွာေလ။ ဒါေပမဲ့ ေခ်ာင္လန္ကေတာ့ ဘာလို႔လဲမသိဘူး ဒီလိုမဟုတ္ေလာက္ဘူးလို႔ နည္းနည္း ခံစားေနရတယ္။

သူမ အၾကာႀကီး ရပ္သြားၿပီးမွ ေျပာလိုက္တယ္။ " ဘယ္ေလာက္ၾကာၾကာလဲ "

" ခဏေလးလဲ ျဖစ္ႏိုင္တယ္ " ထန္းေမာ့က ခဏေလာက္ရပ္သြားၿပီး ၿပီးမွ ဆက္ေျပာလိုက္တယ္။ " ဒါေပမဲ့ အၾကာႀကီးလဲ ျဖစ္သြားႏိုင္တယ္။ "

တစ္ကယ္လို႔ အေကာင္းဆုံးေဆး႐ုံကေတာင္ သူ႔ေျခေထာက္ေတြကို မကုေပးႏိုင္ဘူးဆိုရင္ ၊ သူက အဲ့အခ်ိန္ထိ မတ္တပ္မရပ္ႏိုင္ေသးဘူးဆိုရင္... အဲ့တာဆို သူအျမန္အဝတ္ျပန္ထုပ္ၿပီး အျမန္ျပန္လာခဲ့မွာ။

ဒါေပမဲ့ တစ္ကယ္လို႔ သူ႔ေျခေထာက္ကို ျပန္ကုသႏိုင္မဲ့ ေမွ်ာ္လင့္ခ်က္ေလးရွိတယ္ဆိုရင္ အဲ့တာဆို အခ်ိန္ၾကာၾကာ ျပန္လည္ကုထုံးနဲ႔ ျပန္ကုရလိမ့္မယ္။ အဲ့တာဆိုရင္ေတာ့ အခ်ိန္အမ်ားႀကီး ၾကာလိမ့္မယ္။

ထန္းေမာ့က ေခ်ာင္လန္႔ကို သူက သူ႔ေျခေထာက္ကိုသြားကုမွာလို႔ မေျပာခ်င္ဘူး။ ဘာလို႔လဲဆိုေတာ့ သူေတာင္ ဘာျဖစ္လာမလဲဆိုတာကို မသိေသးဘူးေလ။

ေမွ်ာ္လင့္ခ်က္ရွိရင္လဲ ရွိမယ္။ စိတ္ပ်က္စရာေတြပဲ ရွိရင္လဲ ရွိမယ္။

ဒါက မသိႏိုင္တဲ့ ရက္စက္တဲ့ ကံၾကမၼာပဲေလ။

အဲ့တာေၾကာင့္ သူက ေခ်ာင္လန္႔ကို မေျပာျပခ်င္ဘူး။ တစ္ကယ္လို႔ ေအာင္ျမင္ခဲ့တယ္ဆိုရင္ေတာ့ သူမကို စိတ္မပူေစခ်င္ဘူး။ တစ္ကယ္လို႔ မေအာင္ျမင္ဘူးဆိုရင္လဲ သူမကို စိတ္ပ်က္မသြားေစခ်င္ဘူးေလ။

ဘာပဲျဖစ္ျဖစ္ တစ္ကယ္လို႔ သူကေခ်ာင္လန္႔ကို မေျပာျပခဲ့ဘူးဆိုရင္ တစ္ကယ္လို႔ သူကကုလို႔မရဘူးဆိုရင္ အဲ့တာဆို သူျပန္လာၿပီးတဲ့ေနာက္မွာ သူနဲ႔ေခ်ာင္လန္႔ၾကားက ေျပာင္းလဲမႈ သိပ္မရွိေလာက္ဘူးေပါ့။

ဒါေပမဲ့ တစ္ကယ္လို႔ ကုလို႔ရတယ္ဆိုရင္ တစ္ကယ္လို႔ သူတစ္ကယ္ပဲ မတ္တပ္ရပ္ႏိုင္မယ္ဆိုရင္....

႐ုတ္တရက္ ထန္းေမာ့ႏွလုံးခုန္ႏႈန္းက ပိုျမန္လာခဲ့တယ္။

တစ္ကယ္လို႔ သူမတ္တပ္ရပ္ႏိုင္မယ္ဆိုရင္ အဲ့တာက သူေခ်ာင္လန္႔ကို ေပးႏိုင္မဲ့ အႀကီးမားဆုံး surprise ပဲျဖစ္လိမ့္မယ္။

ထန္းေမာ့က ဘာမွမေျပာခဲ့ဘူး။ ၿပီးေတာ့ ေခ်ာင္လန္ကလဲ ထပ္မေမးေတာ့ဘူး။ ဒါေပမဲ့ သူမအသံထဲမွာေတာ့ စိတ္ပ်က္အားငယ္မႈေတြ ေရာေႏွာေနတာကို မဖုံးကြယ္ထားႏိုင္ဘူး။

" ဘယ္ကိုသြားမွာလဲ "

" အေမရိကား "

" ဘယ္အခ်ိန္ သြားမွာလဲ "

" ႏွစ္သစ္ကူးၿပီးရင္ "

ငါက ႏွစ္သစ္ကူးကိုေတာ့ နင္နဲ႔အတူ ကုန္ဆုံးခ်င္ေသးတယ္။

ေခ်ာင္လန္႔မွာက မိသားစုေရာ ေဆြမ်ိဳးေရာ မရွိေတာ့ဘူးေလ။ သူမက အခုဒီေနရာကို သူမအိမ္အျဖစ္ သတ္မွတ္ထားတာ။ ၿပီးေတာ့ ထန္းေမာ့ကလဲ ေခ်ာင္လန္႔ကို အားလုံးျပန္လည္ဆုံစည္းၾကတဲ့ေန႔မွာ တစ္ေယာက္ထဲ မထားခဲ့ခ်င္ဘူး။

နစ္သစ္ကူးေန႔မွာ အားလုံးကတက္ႂကြၿပီး ေပ်ာ္႐ႊင္ေနရမဲ့ ႏွစ္သစ္ကို ႀကိဳဆိုတဲ့ေန႔မွာ နည္းနည္းေတာ့ စိတ္ဓာတ္က်စရာေကာင္းေနတယ္။

နစ္သစ္ကူးေခါင္းေလာင္းျမည္ေတာ့ ေခ်ာင္လန္က သူမရဲ႕မ်က္လုံးကို ပြတ္လိုက္တယ္။ ၿပီးေတာ့ သူမက အိပ္ခ်င္စိတ္ကိုလဲ မတားႏိုင္ေတာ့ဘူး။ သူမမ်က္လုံးေတြက ဘယ္အခ်ိန္တုန္းကပိတ္သြားၿပီး ဘယ္အခ်ိန္တုန္းက အိပ္ေပ်ာ္သြားလဲဆိုတာ သူမမသိေတာ့ဘူး။

ေကာင္မေလးက ေကြးေကြးေလးနဲ႔ ဆိုဖာေပၚမွာ အိပ္ေနခဲ့တယ္။ သူမအသက္ရႉသံက ေခ်ာေမြ႕ေနတယ္။ ဒါေပမဲ့ သူမက သူမအခန္းထဲကို မျပန္ခဲ့ဘူး။

သူမက ထန္းေမာ့မထြက္သြားခင္ေလး ထန္းေမာ့နဲ႔ ေနာက္တစ္ညေလာက္ ေနခ်င္ေသးတယ္။

တီဗြီကအသံက တိုးေနတာပါ။ ဒါေပမဲ့ ထန္းေမာ့က ရီမုတ္ကိုယူလိုက္ၿပီး အသံကို mute လုပ္လိုက္တယ္။ သူက ေဘးတစ္ေစာင္းအိပ္ေနတဲ့ ေကာင္မေလးကို ၾကည့္ေနခဲ့တယ္။ သူ႔မ်က္လုံးေတြက သူမရဲ႕ ေကာ့စင္းေနတဲ့ မ်က္ေတာင္ေမြးေတြ ၿပီးေတာ့ နင္းဆီေရာင္သန္းေနတဲ့ ႏႈတ္ခမ္းေတြေပၚကို ေရာက္သြားတယ္။ အၾကာႀကီးၾကည့္ေနၿပီးေတာ့ သူ႔အၾကည့္က ေခါင္းအုံးေပၚမွာရွိေနတဲ့ သူမရဲ႕ ညာဘက္လက္ေပၚကို ေရာက္သြားတယ္။

တစ္ကယ္လို႔ သူသာ မတ္တပ္ရပ္ႏိုင္ရင္ အဲ့တာဆို သူသူမကို ေထြးေပြ႕ေပးလို႔ရတယ္။ ဒါေပမဲ့ အခုေတာ့ သူအဲ့တာကို မလုပ္ႏိုင္ဘူး။

ထန္းေမာ့က အသက္ျပင္းျပင္းရႉလိုက္တယ္။ ၿပီးေတာ့ သူ႔ wheelchair ကို လွည့္ေနတဲ့လက္ေလးက တုန္သြားတယ္။ ဒါေပမဲ့ ဒီတစ္ေခါက္ေတာ့ သူက မေအာင့္ထားေတာ့ပဲ အေရွ႕ကို တိုးလာခဲ့တယ္။

ၾကမ္းျပင္ေပၚမွာ wheelchair ကိုတြန္းလိုက္ေတာ့ အသံနည္းနည္းထြက္သြားတယ္။ ၿပီးေတာ့ အဲ့အသံေၾကာင့္လန္႔သြားတဲ့ ထန္းေမာ့ကလဲ ေတာင့္ေတာင့္ႀကီး လုပ္လက္စကို ရပ္သြားတယ္။

ေခ်ာင္လန္က ႏိုးမသြားခဲ့ဘူး။ ဆက္ၿပီးေတာ့ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ပဲ အိပ္ေပ်ာ္ေနခဲ့တယ္။

ထန္းေမာ့က သူမကို တိတ္ဆိတ္စြာ ၾကည့္ေနခဲ့တယ္။ သူတို႔၂ေယာက္ၾကားက အကြာအေဝးက ဘယ္တုန္းကမွ ဒီေလာက္ မနီးေနခဲ့ဘူး။ သူက သူမနဲ႔အရမ္းနီးေနလြန္းလို႔ သူမအသက္ရႉသံေတာင္ၾကားေနရတယ္။ သူက ေတာင့္ေတာင့္ႀကီးနဲ႔ပဲ ေခ်ာင္လန္႔ရဲ႕ အိပ္ေပ်ာ္ေနတဲ့ မ်က္ႏွာေလးကို စိုက္ၾကည့္ေနခဲ့တယ္။ သူ႔မွာရွိသမွ် စြမ္းအင္ေတြ အင္အားေတြအကုန္လုံးကို ထုတ္သုံးေနရသလိုမ်ိဳးပဲ။ သတၱိေမြးလိုက္ၿပီး သူေျဖးေျဖးခ်င္း အေရွ႕ကိုတိုးလိုက္တယ္။

သူ႔ရဲ႕တုန္ရီေနတဲ့ ႏႈတ္ခမ္းေတြက ေခ်ာင္လန္႔ႏႈတ္ခမ္းေတြနဲ႔ လက္၂ေခ်ာင္းအကြာေလာက္ပဲ ေဝးေတာ့တယ္။ အဲ့အကြာအေဝးေရာက္ေတာ့ ထန္းေမာ့က ရပ္လိုက္တယ္။

ခဏေလာက္ၾကာေတာ့မွ သူက ေခ်ာင္လန္႔လက္ေလးကို ဂ႐ုတစိုက္ေလးနဲ႔ ယူလိုက္ၿပီး ေခါင္းကိုငုံ႔လိုက္တယ္။ ၿပီးေတာ့ သူ႔ႏႈတ္ခမ္းေတြကို သူမရဲ႕ေအးစက္ေနတဲ့လက္ေခ်ာင္းေတြအေပၚကို ယုယုယယနဲ႔ တံဆိပ္ခတ္လိုက္တယ္။

ထန္းေမာ့ထြက္သြားၿပီး အၾကာႀကီးေနေတာ့မ ေခ်ာင္လန္က ဆိုဖာေပၚမွာ ႏိုးလာခဲ့တယ္။ ၿပီးေတာ့ သူမမေန႔ညအိပ္သြားတုန္းက သူမအေပၚမွာ ရွိမေနတဲ့တဲ့ ေစာင္ထဲမွာ ေကြးေနလိုက္တယ္။

ထန္းေမာ့က ဘာလို႔ အေမရိကားကိုသြားဖို႔လိုမွန္း ေခ်ာင္လန္မသိဘူး။ ၿပီးေတာ့သူက အဲ့မွာ ဘာလုပ္ေနမာလဲဆိုတာကိုလဲ သူမမသိဘူး။ ဒါေပမဲ့ ထန္းေမာ့က အရမ္းကိုျပတ္ျပတ္သားသားနဲ႔ ဆုံးျဖတ္ထားတယ္လို႔ သူမခံစားေနရတယ္။ ဒါက သူမပဲ စိတ္ထင္တာလား တစ္ကယ့္အမွန္လားဆိုတာေတာ့ သူမမေသခ်ာဘူး။

အားလပ္ရက္ေတြက အျမန္ပဲ ကုန္ဆုံးသြားခဲ့တယ္။ ၿပီးေတာ့ ေက်ာင္းျပန္ဖြင့္ေတာ့လဲ ထန္းေမာ့က ေက်ာင္းကို ျပန္မလာေသးဘူး။

ၿပီးခဲ့တဲ့ semester တုန္းကေတာ့ ေက်ာင္းသူေက်ာင္းသားေတြက ထန္းေမာ့က ဘာလို႔ေက်ာင္းမလာတာလဲလို႔ နည္းနည္းအံ့ဩေနၾကတယ္။ ဒါေပမဲ့ semester အသစ္စေတာ့လဲ ထန္းေမာ့ကို မျမင္ရေသးဘူးဆိုေတာ့ သူတို႔က အျမန္ပဲ ေနသားက်သြားၾကတယ္။

ေခ်ာင္လန္႔ tablemateက ေနာက္တစ္ေယာက္ေျပာင္းသြားတယ္။ ေခ်ာင္လန္နဲ႔သိပ္မရင္းႏီွးတဲ့ ေကာင္ေလးတစ္ေယာက္ေပါ့။ ၿပီးေတာ့ သူ႔အဆင့္ေတြကလဲ အရမ္းျမင့္တယ္။

ဒီေကာင္ေလးက ေဖးနင္နဲ႔ အေတာ္ေလးဆင္တယ္။ ႐ုပ္ရည္ကိုေျပာတာမဟုတ္ဘူး။ အက်င့္စ႐ိုက္နဲ႔ စာလုပ္တဲ့ေနရာမွာေျပာတာ။ သူ႔အက်င့္က နည္းနည္းေလး အေနေအးတယ္။ ၿပီးေတာ့ သူက ေခ်ာင္လန္နဲ႔တစ္ခုံထဲ ထိုင္ေနရေတာ့ နည္းနည္းေလးေတာင္ ရွက္ေနလိုက္ေသးတယ္။

ေဖးနင္နဲ႔တူစြာပဲ သူ႔ရဲ႕သိပၸံဘာသာအမွတ္ေတြက အရမ္းေကာင္းတယ္။ ဒါေပမဲ့ အဂၤလိပ္စာမွာေတာ့ နည္းနည္းေနာက္က်က်န္ေနတယ္။ အဲ့တာေၾကာင့္ ဒီေက်ာင္းသားကို အရမ္းသေဘာက်တဲ့ အတန္းပိုင္ဆရာက သူ႔ကို ေခ်ာင္လန္႔ေဘးမွာ ထားေပးတာေပါ့။ ေခ်ာင္လန္႔ကို သူ႔အဂၤလိပ္စာတိုးတက္လာေအာင္ ေဘးကေန ကူညီေပးေစခ်င္တဲ့သေဘာေပါ့။

ေခ်ာင္လန္က ထန္းေမာ့သူမေဘးမွာထိုင္ေနတဲ့ ေန႔ရက္ေတြကို ေနသားက်ေနတာေလ။ တစ္ခါတစ္ေလ သူမလုံးဝမတြက္တက္တဲ့ ပုစာၦေတြကိုေတြ႕ရင္ သူမက ေခါင္းေလးကိုေဘးကိုလွည့္လိုက္ၿပီး ထန္းေမာ့ကို ေမးတယ္ေလ။ ဒါေပမဲ့ သူမမရင္းႏီွးတဲ့ သူမdeskmate ရဲ႕ မ်က္ႏွာကို ေတြ႕လိုက္ရေတာ့ ထန္းေမာ့က သူမေဘးမွာ ထိုင္မေနေတာ့ဘူးဆိုတာ သူမမွတ္မိသြားတယ္။

သူမရဲ႕ deskmate အသစ္က အရမ္းေကာင္းပါတယ္။ ဒါေပမဲ့ ေခ်ာင္လန္က သူမထန္းေမာ့နဲ႔ ကုန္ဆုံးခဲ့တဲ့အခ်ိန္ေတြကို လြမ္းေနတုန္းပဲ။ သူတို႔က နားၾကပ္တစ္ခုထဲနဲ႔ သီခ်င္းေတြကို တူတူနားေထာင္ခဲ့ၾကတယ္။ ၿပီးေတာ့ စာေလးေတြ ဖလွယ္ခဲ့ၾကတယ္။

ေခ်ာင္လန္က အရင္ကထက္ပိုၿပီး စာႀကိဳးစားလုပ္လာခဲ့တယ္။ စာအရမ္းလုပ္လြန္းလို႔ ပိုင္ယြီေတာင္ ေၾကာက္လာခဲ့တယ္။ ဒါေပမဲ့ သူမဒီေလာက္ႀကိဳးစားေနျမင္ရေတာ့ ေခ်ာင္လန္႔နားက အေဆာင္က ေက်ာင္းသူေတြလဲ အရင္ကထက္ပိုၿပီး စာပိုလုပ္လာၾကေတာ့တယ္။

ထန္းေမာ့မရွိဘူးဆိုေတာ့ စာေမးပြဲေတြမွာ ေခ်ာင္လန္က ပထမေနရာကို ၿမဲၿမံစြာ ဆုပ္ကိုင္ထားခဲ့တယ္။ သူမနဲ႔ရင္းနီးတဲ့သူငယ္ခ်င္းတစ္ခ်ိဳ႕က ဒီႏွစ္ရဲ႕ ပထမအဆင့္ စေကာ္လားရစ္က ေခ်ာင္လန္ပဲ ထပ္ရမွာ က်ိန္းေသတယ္လို႔ သူမကို ေျပာၾကတယ္။

ၿပီးေတာ့ တစ္ေယာက္ေယာက္က ၿပဳံးၿပီးေျပာလိုက္တယ္။ ထန္းေမာ့က ဒီမွာမရွိလို႔တဲ့။

ထန္းေမာ့ ေက်ာင္းကိုမလာတာ အၾကာႀကီးရွိသြားၿပီ။ အားလုံးကလဲ ထန္းေမာ့နဲ႔ ေခ်ာင္လန္႔အေပၚကို အပုံလိုက္က်ေရာက္ခဲ့တဲ့ ေစာ္ကားမႈေတြကို ေမ့သြားၾကတဲ့ပုံပဲ။ အခု ေက်ာင္းသားေက်ာင္းသူေတြက ထန္းေမာ့အေၾကာင္းေျပာၿပီဆိုရင္ အမ်ားစုက သက္ျပင္းခ်လိုက္ၾကၿပီး အဲ့လိုဥာဏ္ႀကီးရွင္မ်ိဳးကို သူတို႔ဘယ္လိုသိခဲ့ၾကတယ္ဆိုတဲ့ အေၾကာင္း ျပန္ေျပာၾကတယ္။

တစ္ခါတုန္းက တစ္ျခားအခန္းကတစ္ေယာက္က ဥာဏ္ႀကီးရွင္နဲ႔အတန္းေဖာ္ျဖစ္ရတာ ဘယ္လိုမ်ိဳးရွိလဲလို႔ ေမးလိုက္တယ္။ အဲ့တာက ဘယ္ကေနဘယ္လိုမွန္းမသိဘူး ေက်ာင္းရဲ႕ forum ေတြေပၚကို ေရာက္သြားတယ္။ ဒါေပမဲ့ အရင္တုန္းကလို ရက္စက္တဲ့မွတ္ခ်က္ေတြအစား သူတို႔ရဲ႕ စကားေတြအကုန္လုံးက အခု ခ်ီးက်ဴးမႈေတြနဲ႔ ျပည့္ေနခဲ့တယ္။

အားလပ္ခ်ိန္မွာ အားလုံးက ဟိုအေၾကာင္းဒီအေၾကာင္းေတြ ေျပာၾကတယ္။ ဥပမာေျပာရရင္ ဘြဲ႕ယူတဲ့အေၾကာင္းတို႔ ၊ တကၠသိုလ္အေၾကာင္းတို႔ေပါ့။ (ဒီမွာ ဘြဲ႕ယူတာက အထက္တန္းၿပီးတဲ့ဘြဲ႕ကို ေျပာတာပါ)

တစ္ခါတုန္းက ေဟာင္ရင္က ေခ်ာင္လန္႔ကို ေမးဖူးတယ္ သူမေနာက္က်ရင္ ဘယ္တကၠသိုလ္ကို သြားခ်င္တာလဲလို႔ေပါ့။

သူမကတစ္ခါတုန္းက သူ႔ကို ျငင္းခဲ့တယ္။ ၿပီးေတာ့ သူမစကားလုံးေတြေနာက္က အဓိပၸာယ္ကိုလဲ သူနားလည္တယ္။ ဒါေပမဲ့သူက အျပည့္အဝ လက္မေလွ်ာ့ေသးဘူး။

ဒီလိုမ်ိဳး လွပၿပီးထက္ျမက္တဲ့မိန္းကေလးမ်ိဳးကို ေတြ႕ဖို႔အခြင့္အေရးရခဲ့တာကို သူ႔အတြက္ လက္ေလွ်ာ့ဖို႔ဆိုတာ ခက္တယ္ေလ။ ဒါေပမဲ့ သူက ေခ်ာင္လန္႔ကို အျပစ္မတင္ပါဘူး။ သူ႔ဘဝမွာ ပထမဆုံးအေနနဲ႔ အျငင္းခံရတာကို ႀကဳံေတြ႕ၿပီးတဲ့ေနာက္မွာ ေနာက္ဆုံးေတာ့ သူက အတိတ္ကို ဘက္မလိုက္ဘဲ ပိုၾကည့္တက္သြားၿပီ။

ေဟာင္ရင္က အမ်ားႀကီး ေျပာင္းလဲသြားခဲ့တယ္။ သူ႔စာလုပ္တဲ့ေနရာမွာလဲ အမ်ားႀကီးတိုးတက္လာခဲ့တယ္။ ၿပီးေတာ့ သူ႔အက်င့္စ႐ိုက္ကလဲ အမ်ားႀကီး ေျပာင္းလဲသြားခဲ့တယ္။

ေခ်ာင္လန္က ဒီအတိုင္းပဲ ႏိုင္ငံထဲက နာမည္ႀကီးေက်ာင္းေတြကို ႐ြတ္ျပလိုက္တယ္။ ဘာလို႔လဲဆိုေတာ့ သူမက ပိုက္ဆံေတြအမ်ားႀကီးလိုတာမလို႔ အဲ့ဒီကို သြားမွကို ရမွာလို႔ ေပါ့။

ဒါကိုၾကားလိုက္ရေတာ့ သူမသူငယ္ခ်င္းေတြက တစ္ခုခုမွားေနတယ္လို႔ မေတြးမိၾကဘူး။ ေခ်ာင္လန္က တစ္ႏွစ္လုံးမွာ ပထမပဲေလ။ သူမမာ ဒါကိုေျပာဖို႔ အရည္အခ်င္းအျပည့္ရွိတယ္။ ေဟာင္ရင္က ဝမ္းနည္းေနတဲ့ အမူအရာေလးနဲ႔ သူ႔မ်က္ႏွာသူ ပြတ္လိုက္တယ္။ သူ႔အမွတ္ေတြက အမ်ားႀကီး တက္လာတယ္ဆိုေပမဲ့ အဲ့လိုေက်ာင္းမ်ိဳးကို သြားဖို႔က် အခုထိ သူ႔အတြက္က မျဖစ္ႏိုင္ေသးဘူးေလ။

" အဲ့တာဆို နင္ဘယ္ဘာသာရပ္ကို ေမဂ်ာအေနနဲ႔ယူမွာလဲ " တစ္ေယာက္ေယာက္က ေမးလိုက္တယ္။

" Finance " ေခ်ာင္လန္က စာေရးေနရင္းနဲ႔ ေျပာလိုက္တယ္။ သူမက လုံးဝမေတြးခဲ့ဘူး။ အဲ့လူကေမးလိုက္ေတာ့ သူမက အရင္တုန္းက သူမသင္ခဲ့တဲ့ ဘာသာရပ္ကိုပဲ ေျဖလိုက္တာ။ အဲ့လိုေျဖၿပီးသြားေတာ့ ႐ုတ္တရက္ ေခ်ာင္လန္က စာေရးေနတာကို ရပ္လိုက္တယ္။

တစ္ကယ္ေတာ့ အရင္တုန္းက တစ္ခါေလာက္ေတာ့ ေနာက္ထပ္ေမဂ်ာတစ္ခုကို သူမေတြးမိေသးတယ္။ ထန္းေမာ့အတြက္ေၾကာင့္မလို႔ေပါ့။

ဒါေပမဲ့ ဘာပဲေျပာေျပာ ဒါက ဒီတိုင္းေလွ်ာက္ေတြးတာပဲေလ။ တကၠသိုလ္စာေမးပြဲေျဖဖို႔က အခ်ိန္အမ်ားႀကီး က်န္ေသးတာပဲ။

Finance က သူမအသင္ယူခ်င္ဆုံး ဘာသာရပ္မဟုတ္ေတာ့ဘူး။ ဒါေပမဲ့ ေခ်ာင္လန္ကဒါကို အားလုံးကို မရွင္းျပေနခဲ့ဘူး။ ေန႔တစ္ေန႔ကုန္ဆုံးသြားေတာ့ သူမကုတင္ေပၚမွာ လွဲလိုက္ၿပီး ဖုန္းကိုေကာက္ကိုင္လိုက္ကာ ပုံမန္လိုပဲ ေခ်ာင္လန္႔ကို good night လို႔ ပို႔လိုက္တယ္။

အၿမဲတမ္းလိုပဲ ထန္းေမာ့က ခ်က္ခ်င္း reply မျပန္ခဲ့ဘူး။ သူထြက္သြားကထဲက ထန္းေမာ့ကသူမကို မနက္ခင္း ၃နာရီ ၄နာရီေလာက္မွ reply ျပန္ခဲ့တယ္။ New York မွာဆိုရင္ေတာ့ ညေန ၃နာရီ ၄နာရီေလာက္ ရွိမွာေပါ့။

Continue Reading

You'll Also Like

765K 38.4K 35
1ST BOOK OF BRIDE SERIES✨✨ Don't do this, leave my parents, don't ruin my life, I will die. She was begging infront of him joining her both hands. Th...
3.7M 234K 96
What will happen when an innocent girl gets trapped in the clutches of a devil mafia? This is the story of Rishabh and Anokhi. Anokhi's life is as...
668K 51.7K 34
"Why the fuck you let him touch you!!!"he growled while punching the wall behind me 'I am so scared right now what if he hit me like my father did to...
575K 31K 19
𝐒𝐡𝐢𝐯𝐚𝐧𝐲𝐚 𝐑𝐚𝐣𝐩𝐮𝐭 𝐱 𝐑𝐮𝐝𝐫𝐚𝐤𝐬𝐡 𝐑𝐚𝐣𝐩𝐮𝐭 ~By 𝐊𝐚𝐣𝐮ꨄ︎...