Uni
သူ ဒီကလေးလေးကို အရာရာထက် ပိုချစ်သည်။ ဒါကြောင့်လဲ သူ မဖြစ်ဖြစ်တဲ့နည်းနဲ့ ကလေးကို သူ့အနားပဲ ခေါ်ထားမှာ...
လွန်းထက်သာအကြောင်းကို ဦးစိုးလွင် ကို ကိုယ်တိုင်ပြောကာ တားခိုင်းထားပင်မဲ့ ဒီကောင်က နောက်ဆုတ်မဲ့ပုံမပေါ်ခဲ့။ ဒါကြောင့် သူကိုယ်တိုင်ကပဲ ဝင်စီမံရတော့တာပေါ့....
ကုတင်ပေါ်တွင် ဖျော့တော့စွာအိပ်နေသော ကလေးငယ်။ သူ့ကို ကလေးချစ်လား... ဒါမှမဟုတ် သူ့လုပ်ရပ်ကြောင့် မုန်းပဲ မုန်းနေလေပြီလား။ ဘာပဲဖြစ်ဖြစ် ပါ...ကလေးသာ သူ့အနားရှိရင် ကျန်တာတွေ မလိုအပ်ဘူး။
ငယ်စဥ်ထဲက မိခင်ကို ဓာတ်ပုံထဲတွင်သာ တွေ့ဖူးခဲ့သည်။ ဖခင်ဆိုသူကလဲ သူ့အပေါ်မေတ္တာတွေ အလုံအလောက်မပေးခဲ့။ အမြဲတမ်းဆူပူကာ အော်ဟစ်နေတတ်သေးသည်။
၅နှစ်သား....၅နှစ်သားဆိုတဲ့ကလေးတစ်ယောက်ဟာ အများသူအမြင်မှာ ငယ်ရွယ်သော်လဲ ဇေရဲမာန် မှာတော့ ထိုချိန်ထဲက ဖခင်ကိုယ်တိုင် သူ့အား ဓားကိုင်စေကာ လက်ယဥ်အောင် လေ့ကျင့်ပေးနေလေပြီ။
သူဒါတွေကို မလုပ်ချင်ခဲ့။ အခြားကလေးတွေလို စိတ်လက်ပေါ့ပါးကာ နေချင်သော်လဲ ဖခင်ဖြစ်သူ ဦးမာန်မိုးဟိန်း ကို လွန်စွာမှကြောက်ခဲ့ရသည်။
ဒါကြောင့်လဲ သူ၆နှစ်သားအရွယ်လောက်က အိမ်ကနေ ထွက်ပြေးဖူးသည်။ အဲ့မှာ လွန်းထက်သာ ၏ ဖခင်နဲ့တွေ့ခြင်းဖြစ်သည်။ လောကကြီးက ကြာကြာသူ့ကို လွတ်လပ်ခွင့် မပေးခဲ့ဘူး။ အဖေပြန်ခေါ်လို့ အိမ်သို့ပြန်လာခဲ့သည်။
အဲ့နောက်ပိုင်း ရွဲ့ချင်စိတ်ကြောင့် ဖခင်သင်ပေးသမျှကို အကုန်နာခံခဲ့သည်။ သူ့အတွေးထဲမှာ သူသာ အဖေ့ထက် အင်အားကြီးရင် အဖေ့လောင်းရိပ်အောက်က သူထွက်သွားနိုင်မည်ဆိုတာပင်။
ကလေးအိပ်နေတုန်းမို့ ရေချိုး အဝတ်စားလဲကာ ရှယ်ယာရှင် အစည်းအဝေးပွဲသို့ သွားရပေသည်။ အိမ်မှာ လုံခြုံရေး တင်းကြပ်ထားတာသော်လဲ ကလေးကိုစိတ်မချနိုင်....
နောက်ဆုံးတော့ အစည်းအဝေးလုပ်နေရင်းပဲ အိမ်မှာတပ်ထားတဲ့CCTVကနေတစ်ဆင့် ကလေးကို စောင့်ကြည့်နေလိုက်သည်။
အလုပ်ကတစ်ဖက်မို့ သူ့မှာအာရုံများနေတယ်ဆိုလဲမမှားပေ။
မိမိတို့နဲ့မှ လက်တွဲလုပ်မယ်ဆိုတဲ့ တစ်ဖက်companyမှာ မိမိတို့နဲ့မဟုတ်ပဲ အခြား company တစ်ခုနဲ့ သွားပူးပေါင်းလိုက်တာကြောင့် အစီအစဥ်များအားလုံး ရှုပ်ကုန်လေသည်။
တစ်ဖက် computer ပေါ်မှ ကောင်လေးတစ်ယောက်၏ လှုပ်ရှားနေသော ပုံရိပ်ကိုတော့ ဇေရဲမာန် သတိလက်လွှတ်ဖြစ်နေလေရဲ့။
_____________
မူးနောက်နေသောခေါင်းကို ဖိကိုင်ထားရင် ထိုင်လိုက်သည်။ အခန်းထဲဝေ့ဝဲကြည့်တော့ ဘယ်သူမှရှိမနေ။
ခုသူရောက်နေတဲ့အခန်းက သူဒီအိမ်ကို ရောက်ရောက်ချင်း ဝင်လာရတဲ့အခန်းပင်။ အခန်းခြေရင်းထောင့်မှာလဲ ကြွေပန်းအိုးရှိနေလေသည်။ ထိုနေရာကို လပြည့်ဝန်း မျက်လုံးနဲ့တောင်မကြည့်ချင်။
တံခါးရှိရာဆီသို့သာ တရွေ့ရွေ့လျှောက်လာလိုက်ပြီး ဖွင့်ကြည့်တော့ အပြင်ကနေ သော့ခတ်သွားသည်ထင်သည်။
တရိပ်ရိပ်နဲ့ အဖြစ်အပျက်တွေက ခေါင်းထဲသို့ အစီအရီ ပြန်ရောက်လာလေသည်။ ဟင့်အင်း သူ့ကြောက်သည်။ သွေးတွေကိုလဲ သူကြောက်သည်။
ခုချိန်သူစဥ်းစားမိလိုက်တာက သူဒီနေရာကနေ ထွက်ပြေးချင်မိသည်။ ပြတင်းပေါက်တံခါးတွေကလဲ သံပန်းပါတပ်ထားတာကြောင့် အပြင်သို့ မထွက်နိုင်။
ကြံရာမရတဲ့အဆုံး အခန်းထဲကို ဝေ့ဝဲကြည့်လိုက်တော့ အန္တရာယ်ပြုနိုင်လောက်တဲ့ ဘာပစ္စည်းကိုမှမတွေ့။ ရေချိုးခန်းလို့ ထင်ရတဲ့အခန်းထဲကို ဝင်ကြည့်တော့ သူ့ဘက်ကို ကံကြမ္မာကြီးကဦးစားပေးရှာသည်။
Basinထောင့်နားမှာတင်ထားတဲ့ဘူးတစ်ဘူး။ ဖွင့်ကြည့်လိုက်တော့ အထဲတွင် ဘရိတ်ဓားနှစ်ခုသုံးခု။ ထိုအထဲက တစ်ခုကိုယူကာ လက်ကောက်ဝတ်ကို တစ်ဖြတ်လှီးလိုက်သည်။
လှီးထားတဲ့နေရာကနေ တစိမ့်စိမ့် ထွက်လာသောသွေးတွေ။ အများကြီး မဟုတ်သော်လဲ ဖြည်းဖြည်းချင်း ဆီထွက်လာသည်။
သူ့လုပ်ရပ်အတွက် သူပြန်စဥ်းစားမိရင် မှားတယ်ဆိုတာ သူသိပါသည်။ ဒါပင်မဲ့......
သူဖေဖေ့ကိုတော့ နောက်ဆုံးအကြိမ်အနေနဲ့တွေ့ချင်သည်။ ကြယ်စင့်ကိုလဲ သူမှာချင်တာတွေရှိသေးသည်။ အရင်နှုတ်မဆက်ပဲ ထွက်သွားရတဲ့အတွက် အားလုံးကို တောင်းပန်ပါတယ်....
အရမ်းကြီး သတိလစ်သွားတာမျိုးမဟုတ်ပင်မဲ့ နံရံကိုမှီထားကာ မျက်လုံးကိုပိတ်ထားရင်း လောကကြီးနဲ့ ပြတ်တောက်သွားမဲ့အချိန်ကိုသာ စောင့်စားလျက်....
လက်ကောပ်ဝတ်မှ ခတ်ဆူးဆူးအရာက တဖြည်းဖြည်း နဲ့တော့ ပိုနာလာသရောင်ရောင်......
__________
အလုပ်ထဲအာရုံရောက်နေတုန်း ချက်ချင်းသတိရပြီး computer screen ကိုကြည့်လိုက်တော့ ကလေးက ကုတက်ပေါ်တွင်ရှိမနေတော့။
ပြာယာခတ်ကာ အခြားCCTV တွေ ကိုဖွင့်ကြည့်တော့လဲမတွေ့။
ခုမှသတိရသည် သူကလေးကို သော့ခတ်ထားတာပဲ ဒီအခန်းထဲပဲရှိမယ်ဆိုကာ ရေချိုးခန်းCCTVကိုဖွင့်ကြည့်လိုက်တော့......
သူ့အတွက် သွေးပျက်စရာမြင်ကွင်း....
သူ့မျက်လုံးနဲ့ လူအများအပြားရဲ့သွေးကို မြင်ဖူးသော်လဲ ခုလို ချစ်ရသူ၏ လက်ကောက်ဝတ်မှ သွေးကိုတော့ သူကြည့်ရင်း ရင်ထဲစို့တတ်သွားသည်။
ချက်ချင်းအိမ်ကအစောင့်တွေကို ဖုန်းဆက်ကာ အခန်းထဲ သွားကြည့်ခိုင်းလိုက်ပြီး တစ်ခါထဲ ဆေးရုံကိုခေါ်သွားခိုင်းလိုက်သည်။ သူက အိမ်ထိပြန်လာရင် ပိုကြာသွားမှာကြောင့် ဆေးရုံတွင်ကြိုစောင့်နေလိုက်သည်။
မကြာခင်ကားအနက်တစ်စီး ဆေးရုံရှေ့ထိုးရပ်လာသည်။ ဇေရဲမာန် လဲ ကားတံခါးအား ကိုယ်တိုင်ဖွင့်ကာ လပြည့်ဝန်း ကိုပွေ့ချီလိုက်ပြီး ဘေးက အသင့်စောင့်နေသော ကုတင်ပေါ်သို့တင်လိုက်သည်။
ဆရာဝန်တွေကပဲ လပြည့်ဝန်း ကိုခေါ်သွားကာ operation အခန်းထဲသို့ဝင်သွားသည်။
အပြင်ကနေစောင့်နေရင်း ဇေရဲမာန် တစ်ယောက် ဖြေမဆည်နိုင်ဖြစ်နေမိသည်။ ဒါမိမိကြောင့် မိမိကြောင့်...
"ဟာကွာ!!!!!"
အနီးရှိခုံတွေ ပစ္စည်းတွေ ကို ခြေနဲ့စောင့်ကန်ပြစ်လိုက်တော့ ဘေးကလူတွေပါ လန့်ကုန်သည်။
ဥက္ကာလဲ သူ့Bossဒေါသဖြစ်နေရင် စိတ်ထိန်းဖို့ ပြောမကူခဲ့.... ဘာလို့ဆို သူ့Boss အကြောင်းသူကောင်းကောင်းသိသည်မို့ပင်။ ဒါကြောင့် တပည့်လေးငါးယောက်ကို ကာရပ်ခိုင်းလိုက်ကာ ဇေရဲမာန် ဒေါသတွေကို ဖြေဖျောက်ခိုင်းထားလိုက်သည်။
အပြင်ကလူတွေကလဲ သိချင်ဇောနဲ့ကြည့်ကြပင်မဲ့ လူတွေကွယ်ထားတာကြောင့် အသံသာကြားနေရသည်။
ပစ္စည်းတွေ ရိုက်ချိုးကာ ထင်တိုင်းကြဲပြီးမှ နံရံကိုကျောမှီကာ ထိုင်ချလိုက်သည်။ လက်နှစ်ဖက်စလုံးမှ ပွန်းရာတွေလဲ သူဂရုမစိုက်အား သူ့ကလေး...သူ့ကလေးသာ သူစိုးရိမ်သည်။
"ဘာလို့လဲ....ဘာလို့ ကိုယ့်အနားက ထွက်သွားချင်ရတာလဲကွာ.....ကိုယ်ကလေးကို ဒီလောက်ချစ်တာကို....ကလေးကွာ....အဲ့အကောင်ကြောင့်နဲ့ ကိုယ့်ကိုထားခဲ့ပြီလား....."
"သားးး" အမောတကောပြေးလာသော ဦးမင်းဟိန်းနောက်တွင် ကြယ်စင် Jelly နဲ့ လွန်းထက်သာ လဲ ပါလာသည်။
ထိုမြင်ကွင်းက ဇေရဲမာန် ဒေါသကို ပို၍ပင် ထိုးဆွနေသည့်အလား။ လွန်းထက်သာ အင်္ကျီကော်လံကို ဆုတ်ကိုင်လိုက်ကာ...
"မင်း....မင်းဘာကြောင့်လာတာလဲ"
"ကျွန်တော် ကောင်လေးဆီလာတာ"
"လာဦးကွာ!!"
'ခွပ်' အရှိန်ပြင်းပြင်းနဲ့ ထိုးလိုက်တာကြောင့် လွန်းထက်သာ လဲကျသွားသည်။
"Boss" ဥက္ကာအမြန်တားလိုက်ရသည်။ ကြယ်စင်ကလဲ လွန်းထက်သာ ကို ကူထူပေးသည်။ ထိုချိန်အခန်းထဲမှ ဆရာဝန်ထွက်လာတာကြောင့် အားလုံးအာရုံက ထိုဆရာဝန်ဆီသို့...
"လူနာရှင်တွေလား မသိဘူး။ လူနာက သွေးလိုအပ်နေတယ် ဒဏ်ရာကသိပ်မနက်ပင်မဲ့ ဆုံးရှုံးသွားတဲ့သွေးအတွက်တော့ အစားထိုးဖို့ လိုအပ်ပါတယ်"
"အန်ကယ်...အန်ကယ်က လပြည့်ဖေဖေပဲ...အန်ကယ်ဆို ရလောက်မှာ"
ကြယ်စင်က ပြာပြာသလဲ ပြောနေပင်မဲ့ ဇေရဲမာန် နဲ့ ဦးမင်းဟိန်း မှာတော့ မျက်နှာပျက်သွားသည်။
ဇေရဲမာန် လဲ ချက်ချင်း
"ဥက္ကာ လူအင်အားကြိုက်သလောက်သုံး ကလေးနဲ့ အဆင်ပြေမဲ့သွေးကို တစ်မြို့လုံးကဆေးရုံတွေမှာ ပတ်ရှာ"
"ဟုတ်ကဲ့ Boss"
ခုအခြေအနေကို ကြယ်စင်ကော လွန်းထက်သာ ကော နားမလည်ဖြစ်သွားသည်။
"အဖေတစ်ယောက်လုံးရှိနေတာကို မေးတောင်မကြည့်ဘူးလား..."
လွန်းထက်သာ စကားကို ဇေရဲမာန် မဲ့ပြုံးပြုံးလိုက်ကာ
"မင်းငါထက်ငယ်သေးတယ်။ လောကကြီးမှာ မင်းမသိသေးတဲ့အရာတွေ အများကြီးကျန်သေးတယ်.... ခုတော့ ကလေးအတွက် ပိုအရေးကြီးလို့ မင်းနဲ့ငါ နောက်မှ စာရင်းရှင်းမယ်။"
____________
20.8.2021
Khine Lay
အပိုင်း၄၀လောက်ထိဆိုရင်ရော အဆင်ပြေတယ်မှတ်လား😥
Zaw
သူ ဒီကေလးေလးကို အရာရာထက္ ပိုခ်စ္သည္။ ဒါေၾကာင့္လဲ သူ မျဖစ္ျဖစ္တဲ့နည္းနဲ႕ ကေလးကို သူ႕အနားပဲ ေခၚထားမွာ...
လြန္းထက္သာအေၾကာင္းကို ဦးစိုးလြင္ ကို ကိုယ္တိုင္ေျပာကာ တားခိုင္းထားပင္မဲ့ ဒီေကာင္က ေနာက္ဆုတ္မဲ့ပုံမေပၚခဲ့။ ဒါေၾကာင့္ သူကိုယ္တိုင္ကပဲ ဝင္စီမံရေတာ့တာေပါ့....
ကုတင္ေပၚတြင္ ေဖ်ာ့ေတာ့စြာအိပ္ေနေသာ ကေလးငယ္။ သူ႕ကို ကေလးခ်စ္လား... ဒါမွမဟုတ္ သူ႕လုပ္ရပ္ေၾကာင့္ မုန္းပဲ မုန္းေနေလၿပီလား။ ဘာပဲျဖစ္ျဖစ္ ပါ...ကေလးသာ သူ႕အနားရွိရင္ က်န္တာေတြ မလိုအပ္ဘူး။
ငယ္စဥ္ထဲက မိခင္ကို ဓာတ္ပုံထဲတြင္သာ ေတြ႕ဖူးခဲ့သည္။ ဖခင္ဆိုသူကလဲ သူ႕အေပၚေမတၱာေတြ အလုံအေလာက္မေပးခဲ့။ အၿမဲတမ္းဆူပူကာ ေအာ္ဟစ္ေနတတ္ေသးသည္။
၅ႏွစ္သား....၅ႏွစ္သားဆိုတဲ့ကေလးတစ္ေယာက္ဟာ အမ်ားသူအျမင္မွာ ငယ္႐ြယ္ေသာ္လဲ ေဇရဲမာန္ မွာေတာ့ ထိုခ်ိန္ထဲက ဖခင္ကိုယ္တိုင္ သူ႕အား ဓားကိုင္ေစကာ လက္ယဥ္ေအာင္ ေလ့က်င့္ေပးေနေလၿပီ။
သူဒါေတြကို မလုပ္ခ်င္ခဲ့။ အျခားကေလးေတြလို စိတ္လက္ေပါ့ပါးကာ ေနခ်င္ေသာ္လဲ ဖခင္ျဖစ္သူ ဦးမာန္မိုးဟိန္း ကို လြန္စြာမွေၾကာက္ခဲ့ရသည္။
ဒါေၾကာင့္လဲ သူ၆ႏွစ္သားအ႐ြယ္ေလာက္က အိမ္ကေန ထြက္ေျပးဖူးသည္။ အဲ့မွာ လြန္းထက္သာ ၏ ဖခင္နဲ႕ေတြ႕ျခင္းျဖစ္သည္။ ေလာကႀကီးက ၾကာၾကာသူ႕ကို လြတ္လပ္ခြင့္ မေပးခဲ့ဘူး။ အေဖျပန္ေခၚလို႔ အိမ္သို႔ျပန္လာခဲ့သည္။
အဲ့ေနာက္ပိုင္း ႐ြဲ႕ခ်င္စိတ္ေၾကာင့္ ဖခင္သင္ေပးသမွ်ကို အကုန္နာခံခဲ့သည္။ သူ႕အေတြးထဲမွာ သူသာ အေဖ့ထက္ အင္အားႀကီးရင္ အေဖ့ေလာင္းရိပ္ေအာက္က သူထြက္သြားနိုင္မည္ဆိုတာပင္။
ကေလးအိပ္ေနတုန္းမို႔ ေရခ်ိဳး အဝတ္စားလဲကာ ရွယ္ယာရွင္ အစည္းအေဝးပြဲသို႔ သြားရေပသည္။ အိမ္မွာ လုံၿခဳံေရး တင္းၾကပ္ထားတာေသာ္လဲ ကေလးကိုစိတ္မခ်နိဳင္....
ေနာက္ဆုံးေတာ့ အစည္းအေဝးလုပ္ေနရင္းပဲ အိမ္မွာတပ္ထားတဲ့CCTVကေနတစ္ဆင့္ ကေလးကို ေစာင့္ၾကည့္ေနလိုက္သည္။
အလုပ္ကတစ္ဖက္မို႔ သူ႕မွာအာ႐ုံမ်ားေနတယ္ဆိုလဲမမွားေပ။
မိမိတို႔နဲ႕မွ လက္တြဲလုပ္မယ္ဆိုတဲ့ တစ္ဖက္companyမွာ မိမိတို႔နဲ႕မဟုတ္ပဲ အျခား company တစ္ခုနဲ႕ သြားပူးေပါင္းလိုက္တာေၾကာင့္ အစီအစဥ္မ်ားအားလုံး ရႈပ္ကုန္ေလသည္။
တစ္ဖက္ computer ေပၚမွ ေကာင္ေလးတစ္ေယာက္၏ လႈပ္ရွားေနေသာ ပုံရိပ္ကိုေတာ့ ေဇရဲမာန္ သတိလက္လႊတ္ျဖစ္ေနေလရဲ႕။
_____________
မူးေနာက္ေနေသာေခါင္းကို ဖိကိုင္ထားရင္ ထိုင္လိုက္သည္။ အခန္းထဲေဝ့ဝဲၾကည့္ေတာ့ ဘယ္သူမွရွိမေန။
ခုသူေရာက္ေနတဲ့အခန္းက သူဒီအိမ္ကို ေရာက္ေရာက္ခ်င္း ဝင္လာရတဲ့အခန္းပင္။ အခန္းေျခရင္းေထာင့္မွာလဲ ေႂကြပန္းအိုးရွိေနေလသည္။ ထိုေနရာကို လျပည့္ဝန္း မ်က္လုံးနဲ႕ေတာင္မၾကည့္ခ်င္။
တံခါးရွိရာဆီသို႔သာ တေ႐ြ႕ေ႐ြ႕ေလွ်ာက္လာလိုက္ၿပီး ဖြင့္ၾကည့္ေတာ့ အျပင္ကေန ေသာ့ခတ္သြားသည္ထင္သည္။
တရိပ္ရိပ္နဲ႕ အျဖစ္အပ်က္ေတြက ေခါင္းထဲသို႔ အစီအရီ ျပန္ေရာက္လာေလသည္။ ဟင့္အင္း သူ႕ေၾကာက္သည္။ ေသြးေတြကိုလဲ သူေၾကာက္သည္။
ခုခ်ိန္သူစဥ္းစားမိလိုက္တာက သူဒီေနရာကေန ထြက္ေျပးခ်င္မိသည္။ ျပတင္းေပါက္တံခါးေတြကလဲ သံပန္းပါတပ္ထားတာေၾကာင့္ အျပင္သို႔ မထြက္နိုင္။
ႀကံရာမရတဲ့အဆုံး အခန္းထဲကို ေဝ့ဝဲၾကည့္လိုက္ေတာ့ အႏၱရာယ္ျပဳနိုင္ေလာက္တဲ့ ဘာပစၥည္းကိုမွမေတြ႕။ ေရခ်ိဳးခန္းလို႔ ထင္ရတဲ့အခန္းထဲကို ဝင္ၾကည့္ေတာ့ သူ႕ဘက္ကို ကံၾကမၼာႀကီးကဦးစားေပးရွာသည္။
Basinေထာင့္နားမွာတင္ထားတဲ့ဘူးတစ္ဘူး။ ဖြင့္ၾကည့္လိုက္ေတာ့ အထဲတြင္ ဘရိတ္ဓားႏွစ္ခုသုံးခု။ ထိုအထဲက တစ္ခုကိုယူကာ လက္ေကာက္ဝတ္ကို တစ္ျဖတ္လွီးလိုက္သည္။
လွီးထားတဲ့ေနရာကေန တစိမ့္စိမ့္ ထြက္လာေသာေသြးေတြ။ အမ်ားႀကီး မဟုတ္ေသာ္လဲ ျဖည္းျဖည္းခ်င္း ဆီထြက္လာသည္။
သူ႕လုပ္ရပ္အတြက္ သူျပန္စဥ္းစားမိရင္ မွားတယ္ဆိုတာ သူသိပါသည္။ ဒါပင္မဲ့......
သူေဖေဖ့ကိုေတာ့ ေနာက္ဆုံးအႀကိမ္အေနနဲ႕ေတြ႕ခ်င္သည္။ ၾကယ္စင့္ကိုလဲ သူမွာခ်င္တာေတြရွိေသးသည္။ အရင္ႏႈတ္မဆက္ပဲ ထြက္သြားရတဲ့အတြက္ အားလုံးကို ေတာင္းပန္ပါတယ္....
အရမ္းႀကီး သတိလစ္သြားတာမ်ိဳးမဟုတ္ပင္မဲ့ နံရံကိုမွီထားကာ မ်က္လုံးကိုပိတ္ထားရင္း ေလာကႀကီးနဲ႕ ျပတ္ေတာက္သြားမဲ့အခ်ိန္ကိုသာ ေစာင့္စားလ်က္....
လက္ေကာပ္ဝတ္မွ ခတ္ဆူးဆူးအရာက တျဖည္းျဖည္း နဲ႕ေတာ့ ပိုနာလာသေရာင္ေရာင္......
__________
အလုပ္ထဲအာ႐ုံေရာက္ေနတုန္း ခ်က္ခ်င္းသတိရၿပီး computer screen ကိုၾကည့္လိုက္ေတာ့ ကေလးက ကုတက္ေပၚတြင္ရွိမေနေတာ့။
ျပာယာခတ္ကာ အျခားCCTV ေတြ ကိုဖြင့္ၾကည့္ေတာ့လဲမေတြ႕။
ခုမွသတိရသည္ သူကေလးကို ေသာ့ခတ္ထားတာပဲ ဒီအခန္းထဲပဲရွိမယ္ဆိုကာ ေရခ်ိဳးခန္းCCTVကိုဖြင့္ၾကည့္လိုက္ေတာ့......
သူ႕အတြက္ ေသြးပ်က္စရာျမင္ကြင္း....
သူ႕မ်က္လုံးနဲ႕ လူအမ်ားအျပားရဲ႕ေသြးကို ျမင္ဖူးေသာ္လဲ ခုလို ခ်စ္ရသူ၏ လက္ေကာက္ဝတ္မွ ေသြးကိုေတာ့ သူၾကည့္ရင္း ရင္ထဲစို႔တတ္သြားသည္။
ခ်က္ခ်င္းအိမ္ကအေစာင့္ေတြကို ဖုန္းဆက္ကာ အခန္းထဲ သြားၾကည့္ခိုင္းလိုက္ၿပီး တစ္ခါထဲ ေဆး႐ုံကိုေခၚသြားခိုင္းလိုက္သည္။ သူက အိမ္ထိျပန္လာရင္ ပိုၾကာသြားမွာေၾကာင့္ ေဆး႐ုံတြင္ႀကိဳေစာင့္ေနလိုက္သည္။
မၾကာခင္ကားအနက္တစ္စီး ေဆး႐ုံေရွ႕ထိုးရပ္လာသည္။ ေဇရဲမာန္ လဲ ကားတံခါးအား ကိုယ္တိုင္ဖြင့္ကာ လျပည့္ဝန္း ကိုေပြ႕ခ်ီလိုက္ၿပီး ေဘးက အသင့္ေစာင့္ေနေသာ ကုတင္ေပၚသို႔တင္လိုက္သည္။
ဆရာဝန္ေတြကပဲ လျပည့္ဝန္း ကိုေခၚသြားကာ operation အခန္းထဲသို႔ဝင္သြားသည္။
အျပင္ကေနေစာင့္ေနရင္း ေဇရဲမာန္ တစ္ေယာက္ ေျဖမဆည္နိုင္ျဖစ္ေနမိသည္။ ဒါမိမိေၾကာင့္ မိမိေၾကာင့္...
"ဟာကြာ!!!!!"
အနီးရွိခုံေတြ ပစၥည္းေတြ ကို ေျခနဲ႕ေစာင့္ကန္ျပစ္လိုက္ေတာ့ ေဘးကလူေတြပါ လန့္ကုန္သည္။
ဥကၠာလဲ သူ႕Bossေဒါသျဖစ္ေနရင္ စိတ္ထိန္းဖို႔ ေျပာမကူခဲ့.... ဘာလို႔ဆို သူ႕Boss အေၾကာင္းသူေကာင္းေကာင္းသိသည္မို႔ပင္။ ဒါေၾကာင့္ တပည့္ေလးငါးေယာက္ကို ကာရပ္ခိုင္းလိုက္ကာ ေဇရဲမာန္ ေဒါသေတြကို ေျဖေဖ်ာက္ခိုင္းထားလိုက္သည္။
အျပင္ကလူေတြကလဲ သိခ်င္ေဇာနဲ႕ၾကည့္ၾကပင္မဲ့ လူေတြကြယ္ထားတာေၾကာင့္ အသံသာၾကားေနရသည္။
ပစၥည္းေတြ ရိုက္ခ်ိဳးကာ ထင္တိုင္းႀကဲၿပီးမွ နံရံကိုေက်ာမွီကာ ထိုင္ခ်လိဳက္သည္။ လက္ႏွစ္ဖက္စလုံးမွ ပြန္းရာေတြလဲ သူဂ႐ုမစိုက္အား သူ႕ကေလး...သူ႕ကေလးသာ သူစိုးရိမ္သည္။
"ဘာလို႔လဲ....ဘာလို႔ ကိုယ့္အနားက ထြက္သြားခ်င္ရတာလဲကြာ.....ကိုယ္ကေလးကို ဒီေလာက္ခ်စ္တာကို....ကေလးကြာ....အဲ့အေကာင္ေၾကာင့္နဲ႕ ကိုယ့္ကိုထားခဲ့ၿပီလား....."
"သားးး" အေမာတေကာေျပးလာေသာ ဦးမင္းဟိန္းေနာက္တြင္ ၾကယ္စင္ Jelly နဲ႕ လြန္းထက္သာ လဲ ပါလာသည္။
ထိုျမင္ကြင္းက ေဇရဲမာန္ ေဒါသကို ပို၍ပင္ ထိုးဆြေနသည့္အလား။ လြန္းထက္သာ အကၤ်ီေကာ္လံကို ဆုတ္ကိုင္လိုက္ကာ...
"မင္း....မင္းဘာေၾကာင့္လာတာလဲ"
"ကြၽန္ေတာ္ ေကာင္ေလးဆီလာတာ"
"လာဦးကြာ!!"
'ခြပ္' အရွိန္ျပင္းျပင္းနဲ႕ ထိုးလိုက္တာေၾကာင့္ လြန္းထက္သာ လဲက်သြားသည္။
"Boss" ဥကၠာအျမန္တားလိုက္ရသည္။ ၾကယ္စင္ကလဲ လြန္းထက္သာ ကို ကူထူေပးသည္။ ထိုခ်ိန္အခန္းထဲမွ ဆရာဝန္ထြက္လာတာေၾကာင့္ အားလုံးအာ႐ုံက ထိုဆရာဝန္ဆီသို႔...
"လူနာရွင္ေတြလား မသိဘူး။ လူနာက ေသြးလိုအပ္ေနတယ္ ဒဏ္ရာကသိပ္မနက္ပင္မဲ့ ဆုံးရႈံးသြားတဲ့ေသြးအတြက္ေတာ့ အစားထိုးဖို႔ လိုအပ္ပါတယ္"
"အန္ကယ္...အန္ကယ္က လျပည့္ေဖေဖပဲ...အန္ကယ္ဆို ရေလာက္မွာ"
ၾကယ္စင္က ျပာျပာသလဲ ေျပာေနပင္မဲ့ ေဇရဲမာန္ နဲ႕ ဦးမင္းဟိန္း မွာေတာ့ မ်က္ႏွာပ်က္သြားသည္။
ေဇရဲမာန္ လဲ ခ်က္ခ်င္း
"ဥကၠာ လူအင္အားႀကိဳက္သေလာက္သုံး ကေလးနဲ႕ အဆင္ေျပမဲ့ေသြးကို တစ္ၿမိဳ႕လုံးကေဆး႐ုံေတြမွာ ပတ္ရွာ"
"ဟုတ္ကဲ့ Boss"
ခုအေျခအေနကို ၾကယ္စင္ေကာ လြန္းထက္သာ ေကာ နားမလည္ျဖစ္သြားသည္။
"အေဖတစ္ေယာက္လုံးရွိေနတာကို ေမးေတာင္မၾကည့္ဘူးလား..."
လြန္းထက္သာ စကားကို ေဇရဲမာန္ မဲ့ၿပဳံးၿပဳံးလိုက္ကာ
"မင္းငါထက္ငယ္ေသးတယ္။ ေလာကႀကီးမွာ မင္းမသိေသးတဲ့အရာေတြ အမ်ားႀကီးက်န္ေသးတယ္.... ခုေတာ့ ကေလးအတြက္ ပိုအေရးႀကီးလို႔ မင္းနဲ႕ငါ ေနာက္မွ စာရင္းရွင္းမယ္။"
____________
20.8.2021
Khine Lay
အပိုင္း၄၀ေလာက္ထိဆိုရင္ေရာ အဆင္ေျပတယ္မွတ္လား😥