Transmigrator meets reincarna...

By Larkspur41

97.6K 19.6K 978

Title: Transmigrator meets reincarnator Not my own story.Just translation. Credits to: Written by:Snow Mounta... More

108 (part 1)
108 (part 2)
109 (part 1)
109(part 2)
110(part 1)
110 (part 2 )
111(part 1)
111(part 2)
112(part 1)
112(part 2)
113(part 1)
113(part 2)
114(part 1)
114(part 2)
115(part 1)
115(part 2)
116(part 1)
116(part 2)
117(part 1)
117(part 2)
118(part 1)
118(part 2)
119(part 1)
119(part 2)
120(part 1)
120(part 2)
121(part 1)
121( part2 )
122(part 1)
122(part 2)
123(part 1)
123(part 2)
124(part 2)
125(part 1)
125(part 2)
126(part 1)
126(part 2)
127(part 1)
127(part 2)
128
129
130
131
132
133
134
135
136
137
138
139
New Trans
140
141
142
143
144
145
146
147
148
149
150
151
152
153
154

124(part 1)

1.1K 314 20
By Larkspur41

Unicode

ချူးလျန်ရှင်းပြနေတာတွေကို ကြားတော့ သခင်မကြီးဟေးမှာ တိတ်ဆိတ်သွားရပြန်ပြီ ။

သူမ စိတ်ထဲမှာ ချူးလျန်အမှန်‌တွေပြောနေမှန်းသိနေပေမယ့် အမှန်တရားကို ရင်မဆိုင်ချင်ပါဘူး။

ချူးလျန်ကလည်း သူမကို သိပ်ပြီး တွန်းအားမပေးတော့ဘဲ နူးညံ့တဲ့ အသံလေးနဲ့ "အဘွား သမီးတို့ အကိုကြီး ပြန်လာတာကို စောင့်ရအောင်လေ၊ ပြီးမှ အကိုကြီးနဲ့ ဆွေးနွေးကြတာပေါ့ "

သခင်မကြီးဟေးကလည်း အလေးအနက်ထားတဲ့ ပုံနဲ့ သဘောတူလာတယ် ။

ဟေးချန်ကျီကို အကြောင်းကြားပြီးတာ တစ်နာရီလောက်ရှိနေပြီ ၊သူက အိမ်တော်ဝင်ပေါက်ကို ဖြတ်ပြီး ကျင်းချီ ခန်းမဆီ ခပ်မြန်မြန် ဦးတည်လာတယ်။

ဟေးချန်ကျီက ချူးလျန်ပါ အတူရှိနေတာကို မြင်တော့ နည်းနည်းတော့ အံ့ဩသွားတယ်။

သခင်မကြီးဟေးက သူမဘေးက ထိုင်ခုံကို သွှန်ပြပြီးတော့ "စကားမပြောခင် ခဏလောက်ထိုင်ပြီး နားလိုက်ဦး"

မူရှန်းက ဟေးချန်ကျီအတွက် လက်ဖက်ရည် ယူလာပေးတယ်၊ ဒါပေမယ့် သူ့မှာ ကြာကြာမထိုင်နိုင်ဘဲ လက်ဖက်ရည်ခွက်ကို ဘေးချပြီး စိုးရိမ်တကြီး ပြောလာတယ်"အဘွား ကျွန်တော် ဧကရာဇ်ဆီမှာ အသနားခံပြီး မြောက်ပိုင်းကို သွားဖို့ ခွင့်တောင်းရင်ရော ဘယ်လိုလဲ "

သခင်မကြီးဟေးက ထူးခြားလှတဲ့ အမျိုးသမီးကြီးဖြစ်တယ်၊သူမက ဆူပူအုံကြွမှူကြီးတွေကို ငယ်စဥ်တုန်းက ကြုံတွေ့ခဲ့ရပြီးပြီ၊ဟေးချန်ကျီအလာကို စောင့်နေကတည်းက ဒါတွေကို တွေးပြီး သုံးသပ်ကြည့်ပြီးပြီ။

စန်းလန် မိန်းမ ပြောတာမမှားဘူး။၊သူတိူ့တွေက ဟေးချန်ကျီကို မြို့တော်ကနေ ထွက်ခွာစေလို့ မဖြစ်ဘူး၊ ဒီတော့ သူတိူ့တွေက ဒီခရီးအတွက် စန်းလန် မိန်းမကိုဘဲ အားထားရမယ်။

Dalangပြောတာကို ကြားတော့ သခင်မကြီးဟေးက ခေါင်းခါလိုက်တယ် ၊" Dalang အခု အဘွားတို့ မိသားစု အခြေအနေကို သိနေတာဘဲ၊ ဧကရာဇ်က မင်းကို မြောက်ပိုင်းကို သွားခွင့် ဘယ်တော့မှ ပေးလာမှာ မဟုတ်ဘူး၊ ဒါပေမယ့် တို့မိသားစုက စန်းလန်
အန္တရယ်ကျနေတာကို ဘာမှ မလုပ်ဘဲ နေလို့မရဘူး၊ ဒီမိန်းမအိုကြီးက ဆုံးဖြတ်ပြီးပြီ ၊ငါတို့တွေ စန်းလန် မိန်းမကို မြောက်ပိုင်းကို လွှတ်ရမယ်"

"ဘာ!"

ဟေးချန်ကျီက မယုံကြည်နိုင်ဘဲ အံဩတကြီး အော်မိတယ်၊ သူ့အပြုအမူတွေက နည်းနည်းလွန်သွားတယ် ဆိုတာကိုသိတော့ အရှက်ပြေ ချောင်းတချက်ဟန့်ပြီး သခင်မကြီးဟေး ဘေးမှာ ထိုင်နေတဲ့ ချူးလျန်ကို တချက် ကြည့်လိုက်တယ်။

"အဘွား ၊ဒါက မသင့်တော်ပါဘူး၊ တတိယညီမငယ်က အခုမှ 15နှစ်ဘဲ ရှိသေးတဲ့ မိန်းကလေးလေ၊ ဘယ်လိုလုပ် မြောက်ပိုင်းလို အေးတဲ့ နေရာကြီးကို လွှတ်လို့ဖြစ်မလဲ ၊ တခုခုဖြစ်သွားရင် ဘယ်နှယ့်လုပ်မလဲ"

သခင်မကြီးဟေးရဲ့ အမူအရာတွေက ခက်ထန်လာပြီ "သူမက မိန်းကလေးဖြစ်တော့ ဘာဖြစ်လဲ၊ သူမက 15နှစ်ဘဲ ရှိသေးတော့ ဘာဖြစ်လဲ ၊လျန်အာက 15နှစ်နဲ့တောင် ကူလင်းစားသောက်ဆိုင်ကို အောင်မြင်အောင် စီမံခန့်ခွဲနိုင်နေပြီ ၊မင်းဆိုရင်ရော လုပ်နိုင်မယ် ထင်နေလား၊ နောက်ပြီး ငါ ငယ်တုန်းကလည်း မင်းတို့အဘိုးရှိတဲ့  ရှင်းကျန် ဒေသဆီ လိုက်သွားခဲ့တာဘဲ၊အဲ့ အချိန်တုန်းက ငါလည်း 16နှစ်ဘဲ ရှိသေးတာ ၊စိတ်မပူပါနဲ့ ၊ငါတို့က ဒီကလေးကို ဖြစ်သလိုမလွှတ်ပါဘူး၊ သူမအတွက် အတတ်နိုင်ဆုံး သေချာပြင်ဆင်ပေးရမယ် ၊သွားတဲ့ အခါကျရင် အိမ်တော်ရဲ့ လျှို့ဝှက်အစောင့်တွေကို လျန်အာကို ကာကွယ်ခိုင်းမယ်၊ ဒါမှ သူမ ဘေးကင်းမှာ "

ဟေးချန်ကျီက ရဲရင့်ပြီး ကြမ်းတမ်းတဲ့ အရာရှိတစ်ဦး ဖြစ်နေပေမယ့် ဒီအခြေအနေအရပ်ရပ်တွေ အတွက် တကယ်ဘဲ စိုးရိမ်နေပါတယ်။

အဘွားရဲ့ အခိုင်အမာပြောနေတာကို ကြည့်ပြီးတော့ အစောကြီးကတည်းက အဘွားက ဆုံးဖြတ်ပြီးသားမှန်း သူသိလိုက်ပြီ။

သူကိုယ်တိုင်လည်း မြို့တော်ကနေ ခွာဖို့မလွယ်မှန်း သိထားပါတယ် ၊ဒါပေမယ့် သူ့ရဲ့ ငယ်ရွယ်တဲ့ တတိယညီမငယ်ကို ကြည့်မိတော့ စိတ်ထဲမှာ သက်ပြင်းချမိတယ် ၊ဒီလိုမိန်းမငယ်လေးက ကြမ်းတမ်းတဲ့ ခရီးကို ခံနိုင်ရည်ရှိပါ့မလား ။

မြောက်ပိုင်းခရီးရဲ့ အဓိက ရည်ရွယ်ချက်က စန်းလန်ကို ကူညီဖို့ဘဲ၊အကျပ်အတည်းကျလာရင် စန်းလန်ကို ကယ်တင်ဖို့ရာ သူမ ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ထုတ်သုံးရပါလိမ့်မယ် ၊ ဒါက ဉာဏ်ကောင်းဖိူ့နဲ့ အမြော်အမြင်ရှိဖို့လိုတယ် ၊ဟင်းလေးချက်ပြီး စားသောက်ဆိုင်ဖွင့်တာလောက်တော့ မလွယ်ကူနိုင်ဘူး။

ဟေးချန်ကျီ စိတ်ထဲ ထပ်ပြီး ဝမ်းနည်းပူဆွေးလာမိပြီ ၊ဘာလို့များ ဟေးချန်ဒီရဲ့ မြောက်ပိုင်းကို သွားဖို့အစီအစဉ်ကို ကြိုမသိခဲ့ရတာလဲ၊ သူသာ ကြိုသိခဲ့ရင် တနည်းနည်းနဲ့ တားဖြစ်အောင် တားခဲ့မိမှာ။

"အဘွားက ဆုံးဖြတ်ပြီးမှတော့ ကျွန်တော် ဘာမှ မပြောလိုတော့ပါဘူး ၊ဒါပေမယ့် ဒီမြေးမှာ တောင်းဆိုစရာလေး တစ်ခုရှိပါတယ် "

‌"ပြော"

"ကျွန်တော်လည်း မြောက်ပိုင်းခရီးအတွက် တယောက်ယောက်ထည့်ပေးလိုက်ပါမယ် ၊တကယ်လို့များ ရုတ်တရက် အ‌ခြေအနေမျိုးမှာ တတိယညီမငယ်က မဆုံးဖြတ်နိုင်ခဲ့ရင် ကျွန်တော်လွှတ်ပေးတဲ့လူက ကူညီပေးလို့ရတာပေါ့"

ဟေးချန်ကျီရဲ့ စကားတွေကို ကြားတော့ သူ့ကို ပြန်မကြည့်မိခင် ချူးလျန်က ခဏလောက် ကြောင်သွားတယ် ။

အမှန်တော့ တည်တည့်ပြောရရင် သူက သူမရဲ့ အရည်အချင်းတွေကို မယုံကြည်နိုင်ဘူးလို့ပြောချင်တာဘဲ ၊ဘယ်လိုဘဲ ဖြစ်ဖြစ် ဒါက ပုံမှန်အခြေနေပါဘဲလေ ၊ဟေးချန်ကျီက လက်ထပ်ခြင်းမှာ အောင်အောင်မြင်မြင် မစီမံနိုင်ခဲ့ပေမယ့် သူက ဂရုစိုက်တတ်တဲ့ သင့်လျော်တဲ့ လူတစ်ဦးပါ၊ ကျင်းအန်အိမ်တော်ရဲ့ အကြီးဆုံး အမွေခံသားဆိုတဲ့ နောက်ခံကြီးကြောင့်သာ မဟုတ်ရင် သူက စစ်တပ်ထဲမှာ တကယ်ရဲရင့်တဲ့ စစ်သူကြီး ဖြစ်လာလောက်တယ်။

သခင်မကြီးဟေးက ချူးလျန်ကို ကြည့်မိတယ်၊ဟေးချန်ကျီရဲ့ စကားတွေကြောင့် စိတ်ဆိုးပုံမရတာကို မြင်လိုက်မှဘဲ စိတ်သက်သာရာ ရသွားတော့တယ်။

သခင်မကြီးဟေးက အပြင်မှာ ထုတ်မပြောပေမယ့် ဟေးချန်ကျီ တားဆီးလာမယ့် အခြေနေတွေကို ကြိုတွေးထားပြီးပါပြီ။

ချုးလျန်ရဲ့ တည်ငြိမ်လှတဲ့ အပြုအမူလေးက သခင်မကြီးဟေးအတွက်တော့ ဒီကြင်နာပြီး ငယ်ရွယ်တဲ့ မြေးချွေးမငယ်လေးအပေါ် မှီခိုအားထားချင်စိတ်တွေ ဖြစ်လာစေတော့တာဘဲ။

"သေချာတာပေါ့ အကိုကြီးအနေနဲ့ ဒီလိုတောင်းဆိုတာက သဘာဝကျပါတယ် ၊တကယ်လို့ ညီမက သာ ယောက်ျားကိုမကူညီနိုင်ခဲ့ရင် အခြားသူတွေ ကူညီမှာကိုလည်း မတားဆီးပါဘူး ၊ အဓိက က သူဘေးကင်းဖို့ဘဲလေ "

‌ဟေးချန်ကျီလည်း ချူးလျန်က ဒီလို စဉ်းစားချင့်ချိန်နိုင်တာကို မယုံနိုင်ဘူး ဖြစ်နေတယ်၊ အခြားအိမ်တော်က သခင်မလေးတွေသာဆိုရင် သူတို့ ခြံဝန်းထဲမှာဘဲ ငိုယိုပြီး ပူဆွေးနေကြမှာ ၊ဘယ်တစ်ယောက်မှ သူတို့ ခင်ပွန်းသည်ကို ကိုယ်တိုင်ကိုယ်ကျ သွားကယ်တင်ဖို့ တွေး‌ကြမှာ မဟုတ်ဘူး ၊ ခဏလောက်အံ့အားသင့်ပြီးမှ ဟေးချန်ကျီက ခေါင်းညိမ့်သဘောတူလာတယ် ၊သူမှာ ဘာမှ ထပ်ပြောစရာ မကျန်တော့ဘူး။

ခရီးအတွက် ပြင်ဆင်ဖို့က သခင်မကြီးဟေးနဲ့ ဟေးချန်ကျီတို့ ခေါင်းပေါ်ကျလာတယ်။

နောက်နေ့ကျတော့ သခင်မကြီးဟေးက နန်းတော်ကို လူလွှတ်ပြီး မယ်တော်ကြီးနဲ့ တွေ့ခွင့်တောင်းလိုက်တယ်။

2ရက်ကြာတော့ မယ်တော်ကြီးဆီကနေ အမျိုးသမီးကျင်းယီအတွက် အမိန့်စာရောက်လာတယ် ၊ဒါက မြို့တော်ကပြည်သူတွေဆီက မြောက်ပိုင်းစစ်သားတွေအတွက် ပို့ပေးမယ့် ဝါဂွမ်းထပ်အကျီတွေနဲ့ စောင်တွေ ယူဆောင်ဖို့ဘဲ။

အမှန်တော့ ဒါတွေက သခင်မကြီးဟေးက မယ်တော်ကြီးကို တောင်းဆိုထားတဲ့ အပေါ်ယံဟန်ပြသက်သက်ဘဲ၊ ဘယ်သူကမှ ပြည်သူတွေဆီက
လှုဒါန်းမှုကို လက်ခံမရရှိပါဘူး၊ ဒါက ကျင်းအန်အိမ်တော်ကနေ အလိမ်အညာပီပြင်စေဖို့ ကိုယ်တိုင်ဖန်တီးထားတာတွေပါ။

ဟေးချန်ကျီက မင်းသားကျင်းဆီ အသိပေးလိုက်တော့ မင်းသားကျင်းက သူလည်း ဘဲ ခရီးအတွက် လူအနည်းငယ် ထည့်ပေးလိုက်မယ်လို့ အကြောင်းပြန်လာတယ်။

အံ့အားသင့်စရာကတော့ မင်းသမီးဝေလည်း ဒီသတင်းကို ကြားသိသွားတာပါဘဲ ၊သူမက မင်းသမီးတွမ့်ကျားနဲ့ အတူ ချူးလျန်ကို တွေ့ဖို့ ကျင်းအန်အိမ်တော်ကို ရောက်လာတယ်။








Zawgyi

ခ်ဴးလ်န္႐ွင္းျပေနတာေတြကို ၾကားေတာ့ သခင္မႀကီးေဟးမွာ တိတ္ဆိတ္သြားရျပန္ၿပီ ။

သူမ စိတ္ထဲမွာ ခ်ဴးလ်န္အမွန္‌ေတြေျပာေနမွန္းသိေနေပမယ့္ အမွန္တရားကို ရင္မဆိုင္ခ်င္ပါဘူး။

ခ်ဴးလ်န္ကလည္း သူမကို သိပ္ၿပီး တြန္းအားမေပးေတာ့ဘဲ ႏူးညံ့တဲ့ အသံေလးနဲ႔ "အဘြား သမီးတို႔ အကိုႀကီး ျပန္လာတာကို ေစာင့္ရေအာင္ေလ၊ ၿပီးမွ အကိုႀကီးနဲ႔ ေဆြးေႏြးၾကတာေပါ့ "

သခင္မႀကီးေဟးကလည္း အေလးအနက္ထားတဲ့ ပုံနဲ႔ သေဘာတူလာတယ္ ။

ေဟးခ်န္က်ီကို အေၾကာင္းၾကားၿပီးတာ တစ္နာရီေလာက္႐ွိေနၿပီ ၊သူက အိမ္ေတာ္ဝင္ေပါက္ကို ျဖတ္ၿပီး က်င္းခ်ီ ခန္းမဆီ ခပ္ျမန္ျမန္ ဦးတည္လာတယ္။

ေဟးခ်န္က်ီက ခ်ဴးလ်န္ပါ အတူ႐ွိေနတာကို ျမင္ေတာ့ နည္းနည္းေတာ့ အံ့ဩသြားတယ္။

သခင္မႀကီးေဟးက သူမေဘးက ထိုင္ခုံကို သႊန္ျပၿပီးေတာ့ "စကားမေျပာခင္ ခဏေလာက္ထိုင္ၿပီး နားလိုက္ဦး"

မူ႐ွန္းက ေဟးခ်န္က်ီအတြက္ လက္ဖက္ရည္ ယူလာေပးတယ္၊ ဒါေပမယ့္ သူ႕မွာ ၾကာၾကာမထိုင္ႏိုင္ဘဲ လက္ဖက္ရည္ခြက္ကို ေဘးခ်ၿပီး စိုးရိမ္တႀကီး ေျပာလာတယ္"အဘြား ကြၽန္ေတာ္ ဧကရာဇ္ဆီမွာ အသနားခံၿပီး ေျမာက္ပိုင္းကို သြားဖို႔ ခြင့္ေတာင္းရင္ေရာ ဘယ္လိုလဲ "

သခင္မႀကီးေဟးက ထူးျခားလွတဲ့ အမ်ိဳးသမီးႀကီးျဖစ္တယ္၊သူမက ဆူပူအုံႂကြမႉႀကီးေတြကို ငယ္စဥ္တုန္းက ၾကဳံေတြ႕ခဲ့ရၿပီးၿပီ၊ေဟးခ်န္က်ီအလာကို ေစာင့္ေနကတည္းက ဒါေတြကို ေတြးၿပီး သုံးသပ္ၾကည့္ၿပီးၿပီ။

စန္းလန္ မိန္းမ ေျပာတာမမွားဘူး။၊သူတိူ႕ေတြက ေဟးခ်န္က်ီကို ၿမိဳ႕ေတာ္ကေန ထြက္ခြာေစလို႔ မျဖစ္ဘူး၊ ဒီေတာ့ သူတိူ႕ေတြက ဒီခရီးအတြက္ စန္းလန္ မိန္းမကိုဘဲ အားထားရမယ္။

Dalangေျပာတာကို ၾကားေတာ့ သခင္မႀကီးေဟးက ေခါင္းခါလိုက္တယ္ ၊" Dalang အခု အဘြားတို႔ မိသားစု အေျခအေနကို သိေနတာဘဲ၊ ဧကရာဇ္က မင္းကို ေျမာက္ပိုင္းကို သြားခြင့္ ဘယ္ေတာ့မွ ေပးလာမွာ မဟုတ္ဘူး၊ ဒါေပမယ့္ တို႔မိသားစုက စန္းလန္
အႏၲရယ္က်ေနတာကို ဘာမွ မလုပ္ဘဲ ေနလို႔မရဘူး၊ ဒီမိန္းမအိုႀကီးက ဆုံးျဖတ္ၿပီးၿပီ ၊ငါတို႔ေတြ စန္းလန္ မိန္းမကို ေျမာက္ပိုင္းကို လႊတ္ရမယ္"

"ဘာ!"

ေဟးခ်န္က်ီက မယုံၾကည္ႏိုင္ဘဲ အံဩတႀကီး ေအာ္မိတယ္၊ သူ႕အျပဳအမူေတြက နည္းနည္းလြန္သြားတယ္ ဆိုတာကိုသိေတာ့ အ႐ွက္ေျပ ေခ်ာင္းတခ်က္ဟန္႔ၿပီး သခင္မႀကီးေဟး ေဘးမွာ ထိုင္ေနတဲ့ ခ်ဴးလ်န္ကို တခ်က္ ၾကည့္လိုက္တယ္။

"အဘြား ၊ဒါက မသင့္ေတာ္ပါဘူး၊ တတိယညီမငယ္က အခုမွ 15ႏွစ္ဘဲ ႐ွိေသးတဲ့ မိန္းကေလးေလ၊ ဘယ္လိုလုပ္ ေျမာက္ပိုင္းလို ေအးတဲ့ ေနရာႀကီးကို လႊတ္လို႔ျဖစ္မလဲ ၊ တခုခုျဖစ္သြားရင္ ဘယ္ႏွယ့္လုပ္မလဲ"

သခင္မႀကီးေဟးရဲ႕ အမူအရာေတြက ခက္ထန္လာၿပီ "သူမက မိန္းကေလးျဖစ္ေတာ့ ဘာျဖစ္လဲ၊ သူမက 15ႏွစ္ဘဲ ႐ွိေသးေတာ့ ဘာျဖစ္လဲ ၊လ်န္အာက 15ႏွစ္နဲ႔ေတာင္ ကူလင္းစားေသာက္ဆိုင္ကို ေအာင္ျမင္ေအာင္ စီမံခန္႔ခြဲႏိုင္ေနၿပီ ၊မင္းဆိုရင္ေရာ လုပ္ႏိုင္မယ္ ထင္ေနလား၊ ေနာက္ၿပီး ငါ ငယ္တုန္းကလည္း မင္းတို႔အဘိုး႐ွိတဲ့  ႐ွင္းက်န္ ေဒသဆီ လိုက္သြားခဲ့တာဘဲ၊အဲ့ အခ်ိန္တုန္းက ငါလည္း 16ႏွစ္ဘဲ ႐ွိေသးတာ ၊စိတ္မပူပါနဲ႔ ၊ငါတို႔က ဒီကေလးကို ျဖစ္သလိုမလႊတ္ပါဘူး၊ သူမအတြက္ အတတ္ႏိုင္ဆုံး ေသခ်ာျပင္ဆင္ေပးရမယ္ ၊သြားတဲ့ အခါက်ရင္ အိမ္ေတာ္ရဲ႕ လွ်ိဳ႕ဝွက္အေစာင့္ေတြကို လ်န္အာကို ကာကြယ္ခိုင္းမယ္၊ ဒါမွ သူမ ေဘးကင္းမွာ "

ေဟးခ်န္က်ီက ရဲရင့္ၿပီး ၾကမ္းတမ္းတဲ့ အရာ႐ွိတစ္ဦး ျဖစ္ေနေပမယ့္ ဒီအေျခအေနအရပ္ရပ္ေတြ အတြက္ တကယ္ဘဲ စိုးရိမ္ေနပါတယ္။

အဘြားရဲ႕ အခိုင္အမာေျပာေနတာကို ၾကည့္ၿပီးေတာ့ အေစာႀကီးကတည္းက အဘြားက ဆုံးျဖတ္ၿပီးသားမွန္း သူသိလိုက္ၿပီ။

သူကိုယ္တိုင္လည္း ၿမိဳ႕ေတာ္ကေန ခြာဖို႔မလြယ္မွန္း သိထားပါတယ္ ၊ဒါေပမယ့္ သူ႕ရဲ႕ ငယ္႐ြယ္တဲ့ တတိယညီမငယ္ကို ၾကည့္မိေတာ့ စိတ္ထဲမွာ သက္ျပင္းခ်မိတယ္ ၊ဒီလိုမိန္းမငယ္ေလးက ၾကမ္းတမ္းတဲ့ ခရီးကို ခံႏိုင္ရည္႐ွိပါ့မလား ။

ေျမာက္ပိုင္းခရီးရဲ႕ အဓိက ရည္႐ြယ္ခ်က္က စန္းလန္ကို ကူညီဖို႔ဘဲ၊အက်ပ္အတည္းက်လာရင္ စန္းလန္ကို ကယ္တင္ဖို႔ရာ သူမ ကိုယ္စြမ္းဉာဏ္စြမ္း႐ွိသမွ် ထုတ္သုံးရပါလိမ့္မယ္ ၊ ဒါက ဉာဏ္ေကာင္းဖိူ႕နဲ႔ အေျမာ္အျမင္႐ွိဖို႔လိုတယ္ ၊ဟင္းေလးခ်က္ၿပီး စားေသာက္ဆိုင္ဖြင့္တာေလာက္ေတာ့ မလြယ္ကူႏိုင္ဘူး။

ေဟးခ်န္က်ီ စိတ္ထဲ ထပ္ၿပီး ဝမ္းနည္းပူေဆြးလာမိၿပီ ၊ဘာလို႔မ်ား ေဟးခ်န္ဒီရဲ႕ ေျမာက္ပိုင္းကို သြားဖို႔အစီအစဥ္ကို ႀကိဳမသိခဲ့ရတာလဲ၊ သူသာ ႀကိဳသိခဲ့ရင္ တနည္းနည္းနဲ႔ တားျဖစ္ေအာင္ တားခဲ့မိမွာ။

"အဘြားက ဆုံးျဖတ္ၿပီးမွေတာ့ ကြၽန္ေတာ္ ဘာမွ မေျပာလိုေတာ့ပါဘူး ၊ဒါေပမယ့္ ဒီေျမးမွာ ေတာင္းဆိုစရာေလး တစ္ခု႐ွိပါတယ္ "

‌"ေျပာ"

"ကြၽန္ေတာ္လည္း ေျမာက္ပိုင္းခရီးအတြက္ တေယာက္ေယာက္ထည့္ေပးလိုက္ပါမယ္ ၊တကယ္လို႔မ်ား ႐ုတ္တရက္ အ‌ေျခအေနမ်ိဳးမွာ တတိယညီမငယ္က မဆုံးျဖတ္ႏိုင္ခဲ့ရင္ ကြၽန္ေတာ္လႊတ္ေပးတဲ့လူက ကူညီေပးလို႔ရတာေပါ့"

ေဟးခ်န္က်ီရဲ႕ စကားေတြကို ၾကားေတာ့ သူ႕ကို ျပန္မၾကည့္မိခင္ ခ်ဴးလ်န္က ခဏေလာက္ ေၾကာင္သြားတယ္ ။

အမွန္ေတာ့ တည္တည့္ေျပာရရင္ သူက သူမရဲ႕ အရည္အခ်င္းေတြကို မယုံၾကည္ႏိုင္ဘူးလို႔ေျပာခ်င္တာဘဲ ၊ဘယ္လိုဘဲ ျဖစ္ျဖစ္ ဒါက ပုံမွန္အေျခေနပါဘဲေလ ၊ေဟးခ်န္က်ီက လက္ထပ္ျခင္းမွာ ေအာင္ေအာင္ျမင္ျမင္ မစီမံႏိုင္ခဲ့ေပမယ့္ သူက ဂ႐ုစိုက္တတ္တဲ့ သင့္ေလ်ာ္တဲ့ လူတစ္ဦးပါ၊ က်င္းအန္အိမ္ေတာ္ရဲ႕ အႀကီးဆုံး အေမြခံသားဆိုတဲ့ ေနာက္ခံႀကီးေၾကာင့္သာ မဟုတ္ရင္ သူက စစ္တပ္ထဲမွာ တကယ္ရဲရင့္တဲ့ စစ္သူႀကီး ျဖစ္လာေလာက္တယ္။

သခင္မႀကီးေဟးက ခ်ဴးလ်န္ကို ၾကည့္မိတယ္၊ေဟးခ်န္က်ီရဲ႕ စကားေတြေၾကာင့္ စိတ္ဆိုးပုံမရတာကို ျမင္လိုက္မွဘဲ စိတ္သက္သာရာ ရသြားေတာ့တယ္။

သခင္မႀကီးေဟးက အျပင္မွာ ထုတ္မေျပာေပမယ့္ ေဟးခ်န္က်ီ တားဆီးလာမယ့္ အေျခေနေတြကို ႀကိဳေတြးထားၿပီးပါၿပီ။

ခ်ဳးလ်န္ရဲ႕ တည္ၿငိမ္လွတဲ့ အျပဳအမူေလးက သခင္မႀကီးေဟးအတြက္ေတာ့ ဒီၾကင္နာၿပီး ငယ္႐ြယ္တဲ့ ေျမးေခြၽးမငယ္ေလးအေပၚ မွီခိုအားထားခ်င္စိတ္ေတြ ျဖစ္လာေစေတာ့တာဘဲ။

"ေသခ်ာတာေပါ့ အကိုႀကီးအေနနဲ႔ ဒီလိုေတာင္းဆိုတာက သဘာဝက်ပါတယ္ ၊တကယ္လို႔ ညီမက သာ ေယာက်္ားကိုမကူညီႏိုင္ခဲ့ရင္ အျခားသူေတြ ကူညီမွာကိုလည္း မတားဆီးပါဘူး ၊ အဓိက က သူေဘးကင္းဖို႔ဘဲေလ "

‌ေဟးခ်န္က်ီလည္း ခ်ဴးလ်န္က ဒီလို စဥ္းစားခ်င့္ခ်ိန္ႏိုင္တာကို မယုံႏိုင္ဘူး ျဖစ္ေနတယ္၊ အျခားအိမ္ေတာ္က သခင္မေလးေတြသာဆိုရင္ သူတို႔ ျခံဝန္းထဲမွာဘဲ ငိုယိုၿပီး ပူေဆြးေနၾကမွာ ၊ဘယ္တစ္ေယာက္မွ သူတို႔ ခင္ပြန္းသည္ကို ကိုယ္တိုင္ကိုယ္က် သြားကယ္တင္ဖို႔ ေတြး‌ၾကမွာ မဟုတ္ဘူး ၊ ခဏေလာက္အံ့အားသင့္ၿပီးမွ ေဟးခ်န္က်ီက ေခါင္းညိမ့္သေဘာတူလာတယ္ ၊သူမွာ ဘာမွ ထပ္ေျပာစရာ မက်န္ေတာ့ဘူး။

ခရီးအတြက္ ျပင္ဆင္ဖို႔က သခင္မႀကီးေဟးနဲ႔ ေဟးခ်န္က်ီတို႔ ေခါင္းေပၚက်လာတယ္။

ေနာက္ေန႔က်ေတာ့ သခင္မႀကီးေဟးက နန္းေတာ္ကို လူလႊတ္ၿပီး မယ္ေတာ္ႀကီးနဲ႔ ေတြ႕ခြင့္ေတာင္းလိုက္တယ္။

2ရက္ၾကာေတာ့ မယ္ေတာ္ႀကီးဆီကေန အမ်ိဳးသမီးက်င္းယီအတြက္ အမိန္႔စာေရာက္လာတယ္ ၊ဒါက ၿမိဳ႕ေတာ္ကျပည္သူေတြဆီက ေျမာက္ပိုင္းစစ္သားေတြအတြက္ ပို႔ေပးမယ့္ ဝါဂြမ္းထပ္အက်ီေတြနဲ႔ ေစာင္ေတြ ယူေဆာင္ဖို႔ဘဲ။

အမွန္ေတာ့ ဒါေတြက သခင္မႀကီးေဟးက မယ္ေတာ္ႀကီးကို ေတာင္းဆိုထားတဲ့ အေပၚယံဟန္ျပသက္သက္ဘဲ၊ ဘယ္သူကမွ ျပည္သူေတြဆီက
လႈဒါန္းမႈကို လက္ခံမရ႐ွိပါဘူး၊ ဒါက က်င္းအန္အိမ္ေတာ္ကေန အလိမ္အညာပီျပင္ေစဖို႔ ကိုယ္တိုင္ဖန္တီးထားတာေတြပါ။

ေဟးခ်န္က်ီက မင္းသားက်င္းဆီ အသိေပးလိုက္ေတာ့ မင္းသားက်င္းက သူလည္း ဘဲ ခရီးအတြက္ လူအနည္းငယ္ ထည့္ေပးလိုက္မယ္လို႔ အေၾကာင္းျပန္လာတယ္။

အံ့အားသင့္စရာကေတာ့ မင္းသမီးေဝလည္း ဒီသတင္းကို ၾကားသိသြားတာပါဘဲ ၊သူမက မင္းသမီးတြမ့္က်ားနဲ႔ အတူ ခ်ဴးလ်န္ကို ေတြ႕ဖို႔ က်င္းအန္အိမ္ေတာ္ကို ေရာက္လာတယ္။

(😟ဖ်ားေနလို႔ မတင္ႏိုင္တာပါ အခုျပန္ေကာင္းၿပီမို႔ အစားထိုးၿပီးေတာ့ ျပန္တင္ေပးပါမယ္ 😁ဒီေန႔ေတာ့ တပိုင္းဘဲေနာ္ )
































Continue Reading

You'll Also Like

1.7M 69.3K 29
After a disastrous first season in London, Rose Wilde finds herself torn between two men who love her -- but who both hide secrets that could ruin he...