Unicode
လူအိုကြီးက ပိန်ပါးပေမဲ့ သူ့နောက်ကျောက ဖြောင့်နေသည်။ သူက ခုံတန်းလေးတွင် တိတ်ဆိတ်စွာ ထိုင်နေခဲ့ပြီး နွမ်းပါးသည့် အဝတ်တွေကို ဝတ်ထားပြီး အနက်ရောင် နေကာမျက်မှန်ကို တပ်ထားခဲ့သည်။
သူ့ရှေ့တွင် နှစ်များစွာ ကြာနေပုံရသည့် ရိုးရှင်းပြီး သန့်ရှင်းသည့် သစ်သားစားပွဲက ရှိနေပြီး ထောင့်တွေက အနည်းငယ် ပဲ့နေသည်။ စားပွဲပုံစံက အရောင်မှေးမှိန်နေသည်။ စားပွဲပေါ်တွင် ပစ္စည်းအများကြီး ရှိမနေပဲ ဝါးနဲ့ဖန်တီးထားသည့် ကရားတစ်ခုနဲ့ ‘အနာဂတ်ဟောခြင်း’လို့ ရေးထားသည့် စာအုပ်တစ်အုပ် ရှိသည်။
လူအများအပြားက ဒီလမ်းတွင် လျှောက်လှမ်းနေကြပေမဲ့ လူအနည်းစုကသာ သူ့ကိုကြည့်ကြပြီး အများစုကတော့ ကြည့်တောင်မကြည့်ပဲ လျှောက်သွားကြသည်။ နောက်တော့ ဒီရက်ပိုင်းတွင် လူအနည်းစုကသာ အနာဂတ်ဟောတာကို ယုံကြည်ကြတော့သည်။
လူအိုကြီးက ဂရုမစိုက်ပဲ နေနေခဲ့သည်။ သူက တိတ်ဆိတ်စွာဖြင့်သာ မျက်မှန်တပ်ထားရင်း ရှေ့ကိုသာ စိုက်ကြည့်နေခဲ့သည်။ ကြည့်တယ်၊ စားတယ်၊ ပြန်လာတယ်၊ ဆက်ထိုင်တယ်၊ ဒါတွေကို နေ့တစ်ဝက်လောက် လုပ်နေခဲ့ပြီး သူဘာတွေ လုပ်နေမှန်း မသိနိုင်ပေ။
“လူငယ်လေး၊ ထိုင်” လူအိုကြီးက ရှေ့ကိုကြည့်လိုက်ပြီး ရုတ်တရက် ထ,ပြောလိုက်သည်။
လျန်ဂျင်း နဲ့ ဝမ်ရှင်း တို့နှစ်ယောက်လုံးက ရပ်သွားကြပြီး တစ်ယောက်နဲ့ တစ်ယောက် ကြည့်လိုက်ကြသည်။ သူတို့က သူ့အပေါ်တွင် အာရုံစိုက်ဖို့ စိတ်ကူးမရှိကြပဲ ထွက်သွားဖို့သာ ပြင်လိုက်သည်။
“မကြာခင်က မင်းတို့နှစ်ယောက်မှာ ဘယ်လိုတောင် ကံဆိုးမှုတွေ ရှိနေရတာလဲ?” လူအိုကြီးက အမူအရာ မပြောင်းလဲပဲ သူ့လက်နှစ်ဖက်က ခြေထောက်ပေါ်တွင်သာ ရှိနေခဲ့သည်။
လျန်ဂျင်း ကသူ့အား ပြန်လှည့်ကြည့်လိုက်ပြီး လျှောက်သွားလိုက်သည်။ “ဦးလေး ပြောတာ ကျွန်တော်တို့ နှစ်ယောက်လား?”
“အင်း” လူအိုကြီးက ခေါင်းညိတ်လိုက်သည်။
ဝမ်ရှင်း ကလူအိုကြီးအား စိုးထိတ်စွာဖြင့် ကြည့်လိုက်သည်။
လျန်ဂျင်း ကနည်းနည်းတော့ စိုးရိမ်နေသည်။ “ကျွန်တော့်ကိုပြော၊ ကျွန်တော်တို့ ဘယ်လိုမကောင်းတဲ့ကံကို ထိမိသွားခဲ့တာလဲ?”
လူအိုကြီးရဲ့ မျက်ခုံးက အနည်းငယ် ကြုတ်သွားခဲ့သည်။ “မင်းတို့က သေမင်းကို အနှောင့်အယှက် ပေးခဲ့ကြတယ်”
လျန်ဂျင်း ကထိုနေရာတွင်သာ အေးခဲသွားပြီး ဝမ်ရှင်း အားထိတ်လန့်စွာ ကြည့်လိုက်ပြီး ဆက်မေးလိုက်သည်။ “ဒါကို ဘယ်လိုဖြေရှင်းရမလဲ?”
လူအိုကြီးက တစ်ခုခုကို ပြောချင်ပေမဲ့ သူ့လည်ချောင်းကို တစ်စုံတစ်ခုက တားဆီးထားပုံရပြီး စကားတစ်လုံးတောင် ဆက်မပြောနိုင်ပေ။ သူ့ခေါင်းကို တဖြည်းဖြည်း လှည့်လိုက်ပြီး သူ့အကြည့်က လမ်းထောင့်ဘက်ကို စူးရှစွာကြည့်လိုက်ပြီး သူဘာမြင်မှန်း မသိလိုက်ပေ။ သူ့တစ်ကိုယ်လုံးက ချက်ချင်းပင် ပျော့ခွေသွားပြီး သူ့ခန္ဓာကိုယ်က မမတ်နိုင်တော့ပေ။
လူအိုကြီးရဲ့ ပြောင်းလဲမှုကြောင့် လျန်ဂျင်း နဲ့ ဝမ်ရှင်း တို့ကလည်း လူအိုကြီး ကြည့်သည့်နေရာကို ထိတ်လန့်စွာဖြင့် ကြည့်လိုက်ကြပေမဲ့ ထိုနေရာတွင် ဘယ်သူမှ ရှိမနေပေ။
လူအိုကြီးက အနည်းငယ် တောင့်တင်းနေပေမဲ့ နောက်ဆုံးတော့ သူ့လက်ကို ဝေ့ယမ်းလိုက်ပြီး ထ,ရပ်လိုက်ကာ သူ့ပစ္စည်းတွေကို စုဆောင်းဖို့ လုပ်လိုက်ရင်း ထွက်သွားလိုက်သည်။ “မင်းတို့သွားတော့၊ ငါမသိဘူး၊ ငါက အနာဂတ် ဟောတဲ့သူပဲ”
လျန်ဂျင်း ကမျက်မှောင်ကြုတ်လိုက်ပေမဲ့ ဘာမှမပြောပေ။ သူ့အရင်က လေးစားသည့် အကြည့်က ချက်ချင်းပင် တင်းမာသွားခဲ့သည်။
ဒီလူက တကယ့်ကို နာမည်ကြီးသူလို့ သူထင်ခဲ့ပေမဲ့ အတုသာဖြစ်ပြီး ဘာမှမပိုပေ။
လူစားထိုးအား သူသတ်ခဲ့တာ အခုဆိုရင် လဝက်ကြာသွားခဲ့သည်။ ဒီအချိန်အတွင်း ကံဆိုးမှုက ချက်ချင်းပဲ ခွဲထွက်သွားခဲ့ပြီး အရင်ကထက်တောင် ပိုကံကောင်းလာခဲ့သည်။
သို့သော် ဒါက လျန်ဂျင်း အတွက်တော့ အကန့်အသတ်သာ ဖြစ်သည်။ ဆန့်ကျင်ဘက်အနေဖြင့် ဝမ်ရှင်း ရဲ့ရုပ်ပိုင်းဆိုင်ရာ အခြေအနေကလည်း သွေးစုတ်ခံထားရသလို ပိုဆိုးရွားလာခဲ့သည်။ သူမက တစ်နေ့တခြား ပိုပိုစိတ်ဓာတ်ကျလာခဲ့ပြီး သူမခန္ဓာကိုယ်ကလည်း မြင်နိုင်သည့် အရှိန်နှုန်းဖြင့် ဝိတ်ကျလာခဲ့သည်။
အစက ဝမ်ရှင်း သည်အရပ်ရှည်၊ ပိန်ပါးကာ အရမ်းကို ကြည့်ကောင်းသည့် ခန္ဓာကိုယ်ဖြင့် လှပသည့် အမျိုးသမီး ဖြစ်သော်လည်း အခုတော့ သူမက ရှုံ့တွနေပြီး သူမပါးတွေက နှစ်ဝင်နေခဲ့သည်။ သူမစားချင်စိတ်က ပိုပြင်းထန်လာပေမဲ့ ထူးဆန်းသည့် အရာကတော့ သူမ ပိုစားလေ ပိုဆာလောင်လေပင်။ သူမဗိုက်က အဆုံးမဲ့လိုမျိုး သူမဘယ်လောက်ပဲ ဖြည့်ပါစေ၊ တရုတ်ဆေးတွေ ဘယ်လောက်ပဲ သောက်ပါစေ ပြည့်ဝသည့် ခံစားချက်မျိုးကို မရပေ။
ထိုအရာကြောင့် ဝမ်ရှင်း ရဲ့ဘဝက အစပိုင်းကို ပြန်ဆုတ်နေခဲ့ပြီး ဒါက နှစ်ပေါင်းများစွာ ကြာနေပုံပေါ်သည်။
လူအိုကြီးက မျက်မမြင် တုတ်ကောက်ကို ကိုင်လိုက်ပြီး လက်တစ်ဖက်ဖြင့် ခုံကိုကိုင်လိုက်ကာ ပြန်လှည့်မကြည့်ပဲ သူ့နောက်မှ တစ်ခုခု လွှမ်းမိုးလာသလိုမျိုး ရှေ့ဆီသို့သာ မြန်နိုင်သမျှ မြန်မြန် လျှောက်နေခဲ့သည်။
သူ့လည်စလုတ်က လှုပ်ရှားသွားခဲ့သည်။
မျက်မှန်အောက်မှ မျက်လုံးတွေကတော့ ကြောက်လန့်ခြင်းတွေနဲ့ ပြည့်နှက်နေပြီး ထိတ်လန့်နေခဲ့သည်။
အဲ့လူ
သေမင်းလား?
လျန်ဂျင်း ကနှာမှုတ်လိုက်ပြီး ဝမ်ရှင်း ကိုလှည့်ကြည့်လိုက်ပြီး ခြိမ်းခြောက်သည့် လေသံအနည်းငယ်ဖြင့် ပြောလိုက်သည်။ “သွားရအောင်”
ဝမ်ရှင်း ကခေါင်းညိတ်လိုက်ပြီး သူမတစ်ကိုယ်လုံးက တွန့်ဆုတ်နေခဲ့သည်။
သူမ လျန်ဂျင်း ကိုကြောက်သည်...
အခုတော့ သူတို့နှစ်ယောက်က ခွဲလို့မရတော့ပေ။ ကျောင်းတွင်၊ သူမ သန့်စင်ခန်း သွားချိန်တောင် သူက သူမအပြင်ထွက်သည်အထိ တံခါးဝတွင် စောင့်နေခဲ့သည်။ သူမအဝတ်တွေနဲ့ လိုအပ်သည့် ပစ္စည်းတွေကို ထုပ်ပိုးပြီး လျန်ဂျင်း ငှားထားသည့် အခန်းဆီကို ပို့ခဲ့သည်။ ဒီလိုဖြင့် အမွှာတွေလိုမျိုး သူတို့က ခွဲမရတော့ပေ။
ဒါက ချစ်သူကြားမှ ချစ်ခြင်းလို့ လူတွေက ထင်နိုင်ပေမဲ့ ဝမ်ရှင်း ကတော့ အဲ့လိုမဟုတ်ကြောင်း သိသည်။
လျန်ဂျင်း ကသူမကို ဖုံးကွယ်ဖို့သာ ထားခဲ့သည်။
သူမဖုန်းကို နေ့တိုင်း စစ်ဆေးခဲ့သည်။ သူမရဲ့ ကိုယ်ပိုင်ကိစ္စတွေကို သူမပတ်ဝန်းကျင်က ဘယ်သူ့ကိုမှ မပြောနိုင်ပဲ ဒီလိုလုပ်ဖို့ ဆန္ဒမရှိတာကိုလည်း ထုတ်မပြနိုင်ခဲ့ပေ။
ဝမ်ရှင်း ကသတိလက်လွတ် သူမလက်ကောက်ဝတ်ကို ထိလိုက်သည်။ ဒီလိုပူပြင်းသည့် နေ့မှာတောင် သူမက ရှည်လျားသည့် အင်္ကျီကို ဝတ်ထားခဲ့သည်။ အဝတ်အောက်တွင် နှိပ်စက်ခံမှုကြောင့် ဖြစ်ပေါ်နေသည့် အရာတွေ ရှိနေတာကြောင့် သူမတွင် ရွေးချယ်စရာ မရှိတော့ပေ။
သူမ ခုခံရင် လျန်ဂျင်း ကသူမကို ရိုက်နှက်လိမ့်မည်!
လက်ရှိလျန်ဂျင်း ကသူမသိခဲ့သည့် လျန်ဂျင်း မဟုတ်တော့ဘူး!
သို့သော် သူမ မခုခံရဲပေ! သူမ အရမ်းကို ကြောက်နေခဲ့သည်! သူမလည်း ကြံရာပါ ဖြစ်နေခဲ့သည်!
သူမက Stockholm Syndrome (အနိုင်ကျင့်ခံရမှုမှ ခံစားရသည့်ရောဂါ)ကို ခံစားနေရပြီး သူ့ကို မှီခိုနေစဉ် ကြောက်နေခဲ့သည်။
-
“စား” ထိုလူက အေးစက်သည့် မျက်နှာရှိပြီး သူ့မျက်လုံးတွေက သုံးနာရီလောက် ဆိုဖာပေါ်တွင် လှဲလျောင်းကာ ဂိမ်းကစားနေသည့် ရှောင်ချန်း ပေါ်တွင်သာ ရှိနေခဲ့သည်။
ရှောင်ချန်း ကသူ့ရင်ဘတ်အောက်တွင် အခံကို ခုထားပြီး တံတောင်ဖြင့် သူ့ခန္ဓာကိုယ်ကို ထောက်ထားကာ ဆိုဖာပေါ်တွင် လှဲလျောင်းနေခဲ့သည်။ သူက ကြီးမားသည့် တီရှပ်ကို ဝတ်ဆင်ထားပေမဲ့ သူ့သေးသွယ်ပြီး ကျဉ်းမြောင်းသည့် ခါးလေးကိုတော့ ဖုန်းမထားနိုင်ပေ။ သူ့တင်ပါးက ကွေးနေပြီး S ပုံစံမျိုး ပေါ်နေသည်။ ရှောင်ချန်း ကခြေအိတ်ကိုသာ ဝတ်ဆင်ထားပြီး သူ့ခြေထောက်က လေထဲတွင် လွှဲရမ်းနေကာ ပျင်းရိနေပုံပေါ်သည်။
ရှားပါးစွာဖြင့် ထိုလူရဲ့နွေးထွေးသည့် ဒေါသသံကို ကြားလိုက်ပြီး ရှောင်ချန်း ကချက်ချင်းပင် သူ့ကိုယ်သူ ပြင်လိုက်ပြီး ဖုန်းကိုရုတ်လိုက်သည်။ ဆိုဖာပေါ်တွင် သူ့ကိုယ်ကို လှိမ့်လိုက်ပြီး ရေရွတ်လိုက်သည်။ “ခင်ဗျား ဒီကိုယူလာခဲ့၊ ကျွန်တော် မရွေ့ချင်ဘူး”
သူ့အပေါ်တွင် ကျူးလွန်ခဲ့သည့် လူကတော့ ကလေးအကြိုက်အတိုင်း ပန်းကန်လုံးထဲထည့်ကာ ကလေးဆီကို တိုက်ရိုက်လျှောက်သွားခဲ့သည်။
ရှောင်ချန်း ကပန်းကန်လုံးကို ယူလိုက်ပြီး နေရာရွေ့လိုက်ကာ ထိုလူအတွက် နေရာဖယ်ပေးလိုက်ပြီး ထိုင်ဖို့အတွက် ဆိုဖာကို ပုတ်ပြလိုက်သည်။
ထိုလူက စားနေပြီး စကားတစ်လုံးမှ မပြောသည့် ကလေးကို စိုက်ကြည့်နေခဲ့သည်။
သေမင်းက အစားစားဖို့ မလိုအပ်ပေမဲ့ ကလေးကတော့ ကွာခြားသည်။ ကလေးအတွက် အသုံးမပြုနိုင်သည့် ၁၈ မျိုးသော ကိုယ်ခံပညာတွေကို သူသင်ယူနိုင်ခဲ့ပြီး ကလေးအတွက် နေ့စဉ်လိုအပ်ချက် အရာအားလုံးကို အဆင်ပြေအောင် ဂရုစိုက်ပေးခဲ့သည်။
ကလေးဘဝရဲ့ အသေးစိတ်အချက်တိုင်းကို သူသိချင်နေတာကြောင့် ကလေးက သူ့အပေါ် ပိုမှီတွယ်လာတာကို စိတ်ထဲမထာပဲ သူ့ဂရုစိုက်မှုကနေ ကလေး ထွက်သွားမှာကိုသာ စိုးရိမ်နေခဲ့သည်။
ဒါက သူ့ကိုယ်တွင်းမှ နတ်ဆိုးအကြိုက်ဖြစ်သည်။
ရှောင်ချန်း ကသူ့ထိုင်နေသည့် ပုံစံကို ပြောင်းလိုက်ပြီး သူ့ခေါင်းကို ဆိုဖာတွင် မှီလိုက်ကာ လှည့်လိုက်သည်။ "ခင်ဗျား ‘မင်းသားလေး’ အကြောင်းကို ထပ်ပြောပြဦး၊ နှင်းဆီလေးနဲ့ မြွေအကြောင်းကို ကျွန်တော် ကြားချင်သေးတယ်”
ထိုလူက ရယ်လိုက်ပြီး သက်ပြင်းချကာ ပြောလိုက်သည်။ “နှင်းဆီလေးက အရမ်းကိုလှပတယ်။ နှင်းဆီလေးက B612 ဂြိုလ်မှာသာ ကြီးပြင်းလာခဲ့တာ။ မြွေကတော့ မတော်တဆနဲ့ အဲ့ဂြိုလ်ကို ရောက်သွားခဲ့ပြီးတော့ နှင်းဆီလေးနဲ့ ချစ်ကြိုက်သွားခဲ့ကြတယ်။ နှင်းဆီလေးနဲ့ မြွေက ချစ်မိသွားကြပြီး မြွေက နှင်းဆီကို အဝေးကို ခေါ်ဖို့ကြိုးစားခဲ့ပေမဲ့ နှင်းဆီရဲ့အမြစ်တွေက မြေဆီလွှာထဲ စိုက်ဝင်နေခဲ့တယ်...”
21.9.2021 (Tue)
...........................
Zawgyi
လူအိုႀကီးက ပိန္ပါးေပမဲ့ သူ႕ေနာက္ေက်ာက ေျဖာင့္ေနသည္။ သူက ခုံတန္းေလးတြင္ တိတ္ဆိတ္စြာ ထိုင္ေနခဲ့ၿပီး ႏြမ္းပါးသည့္ အဝတ္ေတြကို ဝတ္ထားၿပီး အနက္ေရာင္ ေနကာမ်က္မွန္ကို တပ္ထားခဲ့သည္။
သူ႕ေ႐ွ႕တြင္ ႏွစ္မ်ားစြာ ၾကာေနပုံရသည့္ ႐ိုး႐ွင္းၿပီး သန္႔႐ွင္းသည့္ သစ္သားစားပြဲက ႐ွိေနၿပီး ေထာင့္ေတြက အနည္းငယ္ ပဲ့ေနသည္။ စားပြဲပုံစံက အေရာင္ေမွးမွိန္ေနသည္။ စားပြဲေပၚတြင္ ပစၥည္းအမ်ားႀကီး ႐ွိမေနပဲ ဝါးနဲ႔ဖန္တီးထားသည့္ ကရားတစ္ခုနဲ႔ ‘အနာဂတ္ေဟာျခင္း’လို႔ ေရးထားသည့္ စာအုပ္တစ္အုပ္ ႐ွိသည္။
လူအမ်ားအျပားက ဒီလမ္းတြင္ ေလွ်ာက္လွမ္းေနၾကေပမဲ့ လူအနည္းစုကသာ သူ႕ကိုၾကည့္ၾကၿပီး အမ်ားစုကေတာ့ ၾကည့္ေတာင္မၾကည့္ပဲ ေလွ်ာက္သြားၾကသည္။ ေနာက္ေတာ့ ဒီရက္ပိုင္းတြင္ လူအနည္းစုကသာ အနာဂတ္ေဟာတာကို ယုံၾကည္ၾကေတာ့သည္။
လူအိုႀကီးက ဂ႐ုမစိုက္ပဲ ေနေနခဲ့သည္။ သူက တိတ္ဆိတ္စြာျဖင့္သာ မ်က္မွန္တပ္ထားရင္း ေ႐ွ႕ကိုသာ စိုက္ၾကည့္ေနခဲ့သည္။ ၾကည့္တယ္၊ စားတယ္၊ ျပန္လာတယ္၊ ဆက္ထိုင္တယ္၊ ဒါေတြကို ေန႔တစ္ဝက္ေလာက္ လုပ္ေနခဲ့ၿပီး သူဘာေတြ လုပ္ေနမွန္း မသိႏိုင္ေပ။
“လူငယ္ေလး၊ ထိုင္” လူအိုႀကီးက ေ႐ွ႕ကိုၾကည့္လိုက္ၿပီး ႐ုတ္တရက္ ထ,ေျပာလိုက္သည္။
လ်န္ဂ်င္း နဲ႔ ဝမ္႐ွင္း တို႔ႏွစ္ေယာက္လုံးက ရပ္သြားၾကၿပီး တစ္ေယာက္နဲ႔ တစ္ေယာက္ ၾကည့္လိုက္ၾကသည္။ သူတို႔က သူ႕အေပၚတြင္ အာ႐ုံစိုက္ဖို႔ စိတ္ကူးမ႐ွိၾကပဲ ထြက္သြားဖို႔သာ ျပင္လိုက္သည္။
“မၾကာခင္က မင္းတို႔ႏွစ္ေယာက္မွာ ဘယ္လိုေတာင္ ကံဆိုးမႈေတြ ႐ွိေနရတာလဲ?” လူအိုႀကီးက အမူအရာ မေျပာင္းလဲပဲ သူ႕လက္ႏွစ္ဖက္က ေျခေထာက္ေပၚတြင္သာ ႐ွိေနခဲ့သည္။
လ်န္ဂ်င္း ကသူ႕အား ျပန္လွည့္ၾကည့္လိုက္ၿပီး ေလွ်ာက္သြားလိုက္သည္။ “ဦးေလး ေျပာတာ ကြၽန္ေတာ္တို႔ ႏွစ္ေယာက္လား?”
“အင္း” လူအိုႀကီးက ေခါင္းညိတ္လိုက္သည္။
ဝမ္႐ွင္း ကလူအိုႀကီးအား စိုးထိတ္စြာျဖင့္ ၾကည့္လိုက္သည္။
လ်န္ဂ်င္း ကနည္းနည္းေတာ့ စိုးရိမ္ေနသည္။ “ကြၽန္ေတာ့္ကိုေျပာ၊ ကြၽန္ေတာ္တို႔ ဘယ္လိုမေကာင္းတဲ့ကံကို ထိမိသြားခဲ့တာလဲ?”
လူအိုႀကီးရဲ႕ မ်က္ခုံးက အနည္းငယ္ ၾကဳတ္သြားခဲ့သည္။ “မင္းတို႔က ေသမင္းကို အေႏွာင့္အယွက္ ေပးခဲ့ၾကတယ္”
လ်န္ဂ်င္း ကထိုေနရာတြင္သာ ေအးခဲသြားၿပီး ဝမ္႐ွင္း အားထိတ္လန္႔စြာ ၾကည့္လိုက္ၿပီး ဆက္ေမးလိုက္သည္။ “ဒါကို ဘယ္လိုေျဖ႐ွင္းရမလဲ?”
လူအိုႀကီးက တစ္ခုခုကို ေျပာခ်င္ေပမဲ့ သူ႕လည္ေခ်ာင္းကို တစ္စုံတစ္ခုက တားဆီးထားပုံရၿပီး စကားတစ္လုံးေတာင္ ဆက္မေျပာႏိုင္ေပ။ သူ႕ေခါင္းကို တျဖည္းျဖည္း လွည့္လိုက္ၿပီး သူ႕အၾကည့္က လမ္းေထာင့္ဘက္ကို စူး႐ွစြာၾကည့္လိုက္ၿပီး သူဘာျမင္မွန္း မသိလိုက္ေပ။ သူ႕တစ္ကိုယ္လုံးက ခ်က္ခ်င္းပင္ ေပ်ာ့ေခြသြားၿပီး သူ႕ခႏၶာကိုယ္က မမတ္ႏိုင္ေတာ့ေပ။
လူအိုႀကီးရဲ႕ ေျပာင္းလဲမႈေၾကာင့္ လ်န္ဂ်င္း နဲ႔ ဝမ္႐ွင္း တို႔ကလည္း လူအိုႀကီး ၾကည့္သည့္ေနရာကို ထိတ္လန္႔စြာျဖင့္ ၾကည့္လိုက္ၾကေပမဲ့ ထိုေနရာတြင္ ဘယ္သူမွ ႐ွိမေနေပ။
လူအိုႀကီးက အနည္းငယ္ ေတာင့္တင္းေနေပမဲ့ ေနာက္ဆုံးေတာ့ သူ႕လက္ကို ေဝ့ယမ္းလိုက္ၿပီး ထ,ရပ္လိုက္ကာ သူ႕ပစၥည္းေတြကို စုေဆာင္းဖို႔ လုပ္လိုက္ရင္း ထြက္သြားလိုက္သည္။ “မင္းတို႔သြားေတာ့၊ ငါမသိဘူး၊ ငါက အနာဂတ္ ေဟာတဲ့သူပဲ”
လ်န္ဂ်င္း ကမ်က္ေမွာင္ၾကဳတ္လိုက္ေပမဲ့ ဘာမွမေျပာေပ။ သူ႕အရင္က ေလးစားသည့္ အၾကည့္က ခ်က္ခ်င္းပင္ တင္းမာသြားခဲ့သည္။
ဒီလူက တကယ့္ကို နာမည္ႀကီးသူလို႔ သူထင္ခဲ့ေပမဲ့ အတုသာျဖစ္ၿပီး ဘာမွမပိုေပ။
လူစားထိုးအား သူသတ္ခဲ့တာ အခုဆိုရင္ လဝက္ၾကာသြားခဲ့သည္။ ဒီအခ်ိန္အတြင္း ကံဆိုးမႈက ခ်က္ခ်င္းပဲ ခြဲထြက္သြားခဲ့ၿပီး အရင္ကထက္ေတာင္ ပိုကံေကာင္းလာခဲ့သည္။
သို႔ေသာ္ ဒါက လ်န္ဂ်င္း အတြက္ေတာ့ အကန္႔အသတ္သာ ျဖစ္သည္။ ဆန္႔က်င္ဘက္အေနျဖင့္ ဝမ္႐ွင္း ရဲ႕႐ုပ္ပိုင္းဆိုင္ရာ အေျခအေနကလည္း ေသြးစုတ္ခံထားရသလို ပိုဆိုး႐ြားလာခဲ့သည္။ သူမက တစ္ေန႔တျခား ပိုပိုစိတ္ဓာတ္က်လာခဲ့ၿပီး သူမခႏၶာကိုယ္ကလည္း ျမင္ႏိုင္သည့္ အ႐ွိန္ႏႈန္းျဖင့္ ဝိတ္က်လာခဲ့သည္။
အစက ဝမ္႐ွင္း သည္အရပ္႐ွည္၊ ပိန္ပါးကာ အရမ္းကို ၾကည့္ေကာင္းသည့္ ခႏၶာကိုယ္ျဖင့္ လွပသည့္ အမ်ိဳးသမီး ျဖစ္ေသာ္လည္း အခုေတာ့ သူမက ႐ႈံ႕တြေနၿပီး သူမပါးေတြက ႏွစ္ဝင္ေနခဲ့သည္။ သူမစားခ်င္စိတ္က ပိုျပင္းထန္လာေပမဲ့ ထူးဆန္းသည့္ အရာကေတာ့ သူမ ပိုစားေလ ပိုဆာေလာင္ေလပင္။ သူမဗိုက္က အဆုံးမဲ့လိုမ်ိဳး သူမဘယ္ေလာက္ပဲ ျဖည့္ပါေစ၊ တ႐ုတ္ေဆးေတြ ဘယ္ေလာက္ပဲ ေသာက္ပါေစ ျပည့္ဝသည့္ ခံစားခ်က္မ်ိဳးကို မရေပ။
ထိုအရာေၾကာင့္ ဝမ္႐ွင္း ရဲ႕ဘဝက အစပိုင္းကို ျပန္ဆုတ္ေနခဲ့ၿပီး ဒါက ႏွစ္ေပါင္းမ်ားစြာ ၾကာေနပုံေပၚသည္။
လူအိုႀကီးက မ်က္မျမင္ တုတ္ေကာက္ကို ကိုင္လိုက္ၿပီး လက္တစ္ဖက္ျဖင့္ ခုံကိုကိုင္လိုက္ကာ ျပန္လွည့္မၾကည့္ပဲ သူ႕ေနာက္မွ တစ္ခုခု လႊမ္းမိုးလာသလိုမ်ိဳး ေ႐ွ႕ဆီသို႔သာ ျမန္ႏိုင္သမွ် ျမန္ျမန္ ေလွ်ာက္ေနခဲ့သည္။
သူ႕လည္စလုတ္က လႈပ္႐ွားသြားခဲ့သည္။
မ်က္မွန္ေအာက္မွ မ်က္လုံးေတြကေတာ့ ေၾကာက္လန္႔ျခင္းေတြနဲ႔ ျပည့္ႏွက္ေနၿပီး ထိတ္လန္႔ေနခဲ့သည္။
အဲ့လူ
ေသမင္းလား?
လ်န္ဂ်င္း ကႏွာမႈတ္လိုက္ၿပီး ဝမ္႐ွင္း ကိုလွည့္ၾကည့္လိုက္ၿပီး ၿခိမ္းေျခာက္သည့္ ေလသံအနည္းငယ္ျဖင့္ ေျပာလိုက္သည္။ “သြားရေအာင္”
ဝမ္႐ွင္း ကေခါင္းညိတ္လိုက္ၿပီး သူမတစ္ကိုယ္လုံးက တြန္႔ဆုတ္ေနခဲ့သည္။
သူမ လ်န္ဂ်င္း ကိုေၾကာက္သည္...
အခုေတာ့ သူတို႔ႏွစ္ေယာက္က ခြဲလို႔မရေတာ့ေပ။ ေက်ာင္းတြင္၊ သူမ သန္႔စင္ခန္း သြားခ်ိန္ေတာင္ သူက သူမအျပင္ထြက္သည္အထိ တံခါးဝတြင္ ေစာင့္ေနခဲ့သည္။ သူမအဝတ္ေတြနဲ႔ လိုအပ္သည့္ ပစၥည္းေတြကို ထုပ္ပိုးၿပီး လ်န္ဂ်င္း ငွားထားသည့္ အခန္းဆီကို ပို႔ခဲ့သည္။ ဒီလိုျဖင့္ အမႊာေတြလိုမ်ိဳး သူတို႔က ခြဲမရေတာ့ေပ။
ဒါက ခ်စ္သူၾကားမွ ခ်စ္ျခင္းလို႔ လူေတြက ထင္ႏိုင္ေပမဲ့ ဝမ္႐ွင္း ကေတာ့ အဲ့လိုမဟုတ္ေၾကာင္း သိသည္။
လ်န္ဂ်င္း ကသူမကို ဖုံးကြယ္ဖို႔သာ ထားခဲ့သည္။
သူမဖုန္းကို ေန႔တိုင္း စစ္ေဆးခဲ့သည္။ သူမရဲ႕ ကိုယ္ပိုင္ကိစၥေတြကို သူမပတ္ဝန္းက်င္က ဘယ္သူ႕ကိုမွ မေျပာႏိုင္ပဲ ဒီလိုလုပ္ဖို႔ ဆႏၵမ႐ွိတာကိုလည္း ထုတ္မျပႏိုင္ခဲ့ေပ။
ဝမ္႐ွင္း ကသတိလက္လြတ္ သူမလက္ေကာက္ဝတ္ကို ထိလိုက္သည္။ ဒီလိုပူျပင္းသည့္ ေန႔မွာေတာင္ သူမက ႐ွည္လ်ားသည့္ အက်ႌကို ဝတ္ထားခဲ့သည္။ အဝတ္ေအာက္တြင္ ႏွိပ္စက္ခံမႈေၾကာင့္ ျဖစ္ေပၚေနသည့္ အရာေတြ ႐ွိေနတာေၾကာင့္ သူမတြင္ ေ႐ြးခ်ယ္စရာ မ႐ွိေတာ့ေပ။
သူမ ခုခံရင္ လ်န္ဂ်င္း ကသူမကို ႐ိုက္ႏွက္လိမ့္မည္!
လက္႐ွိလ်န္ဂ်င္း ကသူမသိခဲ့သည့္ လ်န္ဂ်င္း မဟုတ္ေတာ့ဘူး!
သို႔ေသာ္ သူမ မခုခံရဲေပ! သူမ အရမ္းကို ေၾကာက္ေနခဲ့သည္! သူမလည္း ၾကံရာပါ ျဖစ္ေနခဲ့သည္!
သူမက Stockholm Syndrome (အႏိုင္က်င့္ခံရမႈမွ ခံစားရသည့္ေရာဂါ)ကို ခံစားေနရၿပီး သူ႕ကို မွီခိုေနစဥ္ ေၾကာက္ေနခဲ့သည္။
-
“စား” ထိုလူက ေအးစက္သည့္ မ်က္ႏွာ႐ွိၿပီး သူ႕မ်က္လုံးေတြက သုံးနာရီေလာက္ ဆိုဖာေပၚတြင္ လွဲေလ်ာင္းကာ ဂိမ္းကစားေနသည့္ ေ႐ွာင္ခ်န္း ေပၚတြင္သာ ႐ွိေနခဲ့သည္။
ေ႐ွာင္ခ်န္း ကသူ႕ရင္ဘတ္ေအာက္တြင္ အခံကို ခုထားၿပီး တံေတာင္ျဖင့္ သူ႕ခႏၶာကိုယ္ကို ေထာက္ထားကာ ဆိုဖာေပၚတြင္ လွဲေလ်ာင္းေနခဲ့သည္။ သူက ႀကီးမားသည့္ တီ႐ွပ္ကို ဝတ္ဆင္ထားေပမဲ့ သူ႕ေသးသြယ္ၿပီး က်ဥ္းေျမာင္းသည့္ ခါးေလးကိုေတာ့ ဖုန္းမထားႏိုင္ေပ။ သူ႕တင္ပါးက ေကြးေနၿပီး S ပုံစံမ်ိဳး ေပၚေနသည္။ ေ႐ွာင္ခ်န္း ကေျခအိတ္ကိုသာ ဝတ္ဆင္ထားၿပီး သူ႕ေျခေထာက္က ေလထဲတြင္ လႊဲရမ္းေနကာ ပ်င္းရိေနပုံေပၚသည္။
႐ွားပါးစြာျဖင့္ ထိုလူရဲ႕ေႏြးေထြးသည့္ ေဒါသသံကို ၾကားလိုက္ၿပီး ေ႐ွာင္ခ်န္း ကခ်က္ခ်င္းပင္ သူ႕ကိုယ္သူ ျပင္လိုက္ၿပီး ဖုန္းကို႐ုတ္လိုက္သည္။ ဆိုဖာေပၚတြင္ သူ႕ကိုယ္ကို လွိမ့္လိုက္ၿပီး ေရ႐ြတ္လိုက္သည္။ “ခင္ဗ်ား ဒီကိုယူလာခဲ့၊ ကြၽန္ေတာ္ မေ႐ြ႕ခ်င္ဘူး”
သူ႕အေပၚတြင္ က်ဴးလြန္ခဲ့သည့္ လူကေတာ့ ကေလးအႀကိဳက္အတိုင္း ပန္းကန္လုံးထဲထည့္ကာ ကေလးဆီကို တိုက္႐ိုက္ေလွ်ာက္သြားခဲ့သည္။
ေ႐ွာင္ခ်န္း ကပန္းကန္လုံးကို ယူလိုက္ၿပီး ေနရာေ႐ြ႕လိုက္ကာ ထိုလူအတြက္ ေနရာဖယ္ေပးလိုက္ၿပီး ထိုင္ဖို႔အတြက္ ဆိုဖာကို ပုတ္ျပလိုက္သည္။
ထိုလူက စားေနၿပီး စကားတစ္လုံးမွ မေျပာသည့္ ကေလးကို စိုက္ၾကည့္ေနခဲ့သည္။
ေသမင္းက အစားစားဖို႔ မလိုအပ္ေပမဲ့ ကေလးကေတာ့ ကြာျခားသည္။ ကေလးအတြက္ အသုံးမျပဳႏိုင္သည့္ ၁၈ မ်ိဳးေသာ ကိုယ္ခံပညာေတြကို သူသင္ယူႏိုင္ခဲ့ၿပီး ကေလးအတြက္ ေန႔စဥ္လိုအပ္ခ်က္ အရာအားလုံးကို အဆင္ေျပေအာင္ ဂ႐ုစိုက္ေပးခဲ့သည္။
ကေလးဘဝရဲ႕ အေသးစိတ္အခ်က္တိုင္းကို သူသိခ်င္ေနတာေၾကာင့္ ကေလးက သူ႕အေပၚ ပိုမွီတြယ္လာတာကို စိတ္ထဲမထာပဲ သူ႕ဂ႐ုစိုက္မႈကေန ကေလး ထြက္သြားမွာကိုသာ စိုးရိမ္ေနခဲ့သည္။
ဒါက သူ႕ကိုယ္တြင္းမွ နတ္ဆိုးအႀကိဳက္ျဖစ္သည္။
ေ႐ွာင္ခ်န္း ကသူ႕ထိုင္ေနသည့္ ပုံစံကို ေျပာင္းလိုက္ၿပီး သူ႕ေခါင္းကို ဆိုဖာတြင္ မွီလိုက္ကာ လွည့္လိုက္သည္။ "ခင္ဗ်ား ‘မင္းသားေလး’ အေၾကာင္းကို ထပ္ေျပာျပဦး၊ ႏွင္းဆီေလးနဲ႔ ေႁမြအေၾကာင္းကို ကြၽန္ေတာ္ ၾကားခ်င္ေသးတယ္”
ထိုလူက ရယ္လိုက္ၿပီး သက္ျပင္းခ်ကာ ေျပာလိုက္သည္။ “ႏွင္းဆီေလးက အရမ္းကိုလွပတယ္။ ႏွင္းဆီေလးက B612 ၿဂိဳလ္မွာသာ ႀကီးျပင္းလာခဲ့တာ။ ေႁမြကေတာ့ မေတာ္တဆနဲ႔ အဲ့ၿဂိဳလ္ကို ေရာက္သြားခဲ့ၿပီးေတာ့ ႏွင္းဆီေလးနဲ႔ ခ်စ္ႀကိဳက္သြားခဲ့ၾကတယ္။ ႏွင္းဆီေလးနဲ႔ ေႁမြက ခ်စ္မိသြားၾကၿပီး ေႁမြက ႏွင္းဆီကို အေဝးကို ေခၚဖို႔ႀကိဳးစားခဲ့ေပမဲ့ ႏွင္းဆီရဲ႕အျမစ္ေတြက ေျမဆီလႊာထဲ စိုက္ဝင္ေနခဲ့တယ္...”
21.9.2021 (Tue)
...........................