ဗီလိန်ရဲ့ လမ်းပြကြယ်

By CrystalKyi

783K 131K 3.7K

ဝတ္ထုစာအုပ်ထဲကို ဝိဉာဉ္ကူးပြောင်းလာတဲ့ ချောင်လန်တစ်ယောက် သူမရဲ့ နေရာက ဇာတ်လိုက် မင်းသားကို ကြိုက် မိသွားတဲ့ ဗ... More

မိတ်ဆက်
အပိုင်း (၁)
အပိုင်း(၂)
အပိုင်း(၃)
အပိုင်း(၄)
အပိုင်း(၅)
အပိုင်း(၆)
အပိုင်း (၇)
အပိုင်း(၈)
အပိုင်း(၉)
အပိုင်း(၁၀)
အပိုင်း(၁၁)
အပိုင်း(၁၂)
အပိုင်း(၁၃)
အပိုင်း(၁၄)
အပိုင်း(၁၅)
အပိုင်း(၁၆)
အပိုင်း(၁၇)
အပိုင်း(၁၈)
အပိုင်း(၁၉)
အပိုင်း(၂၀)
အပိုင်း(၂၁)
အပိုင်း(၂၂)
အပိုင်း(၂၃)
အပိုင်း(၂၄)
အပိုင်း(၂၅)
အပိုင်း(၂၆)
အပိုင်း(၂၇)
အပိုင်း(၂၈)
အပိုင်း(၂၉)
အပိုင်း (၃၀)
အပိုင်း(၃၁)
အပိုင်း(၃၂)
အပိုင်း(၃၃)
အပိုင်း (၃၄)
အပိုင်း(၃၅)
အပိုင်း(၃၆)
အပိုင်း(၃၇)
အပိုင်း(၃၈)
အပိုင်း(၃၉)
အပိုင်း(၄၀)
အပိုင်း(၄၁)
အပိုင်း(၄၂)
အပိုင်း(၄၃)
အပိုင်း(၄၄)
အပိုင်း(၄၅)
အပိုင်း(၄၆)
အပိုင်း(၄၇)
အပိုင်း(၄၈)
အပိုင်း(၄၉)
အပိုင်း(၅၀)
အပိုင်း(၅၁)
အပိုင်း(၅၂)
အပိုင်း(၅၃)
အပိုင်း(၅၄)
အပိုင်း(၅၅)
အပိုင်း(၅၆)
အပိုင်း(၅၇)
အပိုင်း(၅၈)
အပိုင်း(၅၉)
Not Upade!!!
အပိုင်း(၆၀)
အပိုင်း(၆၁)
အပိုင်း(၆၂)
အပိုင်း(၆၃)
အပိုင်း(၆၄)
အပိုင်း(၆၅)
အပိုင်း(၆၆)
အပိုင်း(၆၇)
အပိုင်း(၆၈)
အပိုင်း(၆၉)
အပိုင်း(၇၀)
အပိုင်း(၇၁)
အပိုင်း(၇၂)
အပိုင်း(၇၃)
အပိုင်း(၇၄)
အပိုင်း(၇၅)
အပိုင်း(၇၆)
အပိုင်း(၇၇)
အပိုင်း(၇၈)
အပိုင်း(၇၉)
အပိုင်း(၈၀)
အပိုင်း(၈၁)
အပိုင်း(၈၂)
အပိုင်း(၈၃)
အပိုင်း(၈၄)
အပိုင်း(၈၅)
အပိုင်း(၈၆)
အပိုင်း(၈၇)
အပိုင်း(၈၈)
အပိုင်း(၈၉)
အပိုင်း(၉၀)
အပိုင်း(၉၁)
အပိုင်း(၉၂)
အပိုင်း(၉၃)
အပိုင်း(၉၄)
အပိုင်း(၉၅)
အပိုင်း(၉၆)
အပိုင်း(၉၇)
အပိုင်း(၉၈)
အပိုင်း(၁၀၀)
အပိုင်း(၁၀၁)
အပိုင်း(၁၀၂)
အပိုင်း(၁၀၃)
အပိုင်း(၁၀၄)
အပိုင်း(၁၀၅)
အပိုင်း(၁၀၆)
အပိုင်း(၁၀၇)
အပိုင်း(၁၀၈)
အပိုင်း(၁၀၉)
အပိုင်း(၁၁၀)
အပိုင်း(၁၁၁)
အပိုင်း(၁၁၂)
အပိုင်း(၁၁၃)
အပိုင်း(၁၁၄)
အပိုင်း(၁၁၅)
အပိုင်း(၁၁၆)
အပိုင်း(၁၁၇)
အပိုင်း(၁၁၈)
အပိုင်း(၁၁၉)
အပိုင်း(၁၂၀)
အပိုင်း(၁၂၁)
အပိုင်း(၁၂၂)
အပိုင်း(၁၂၃)
အပိုင်း(၁၂၄)
အပိုင်း(၁၂၅)
အပိုင်း(၁၂၆)
အပိုင်း(၁၂၇)
အပိုင်း(၁၂၈)
အပိုင်း(၁၂၉)
အပိုင်း(၁၃၀)
အပိုင်း(၁၃၁)
အပိုင်း(၁၃၂)
အပိုင်း(၁၃၃)
အပိုင်း(၁၃၄)
အပိုင်း(၁၃၅)
အပိုင်း(၁၃၆)
အပိုင်း(၁၃၇)
အပိုင်း(၁၃၈)
အပိုင်း(၁၃၉)
အပိုင်း(၁၄၀)
အပိုင်း(၁၄၁)
အပိုင်း(၁၄၂)
အပိုင်း(၁၄၃)
အပိုင်း(၁၄၄)
အပိုင်း(၁၄၅)
အပိုင်း(၁၄၆)
အပိုင်း(၁၄၇)
အပိုင်း(၁၄၈)
အပိုင်း(၁၄၉)

အပိုင်း(၉၉)

3.9K 735 9
By CrystalKyi

Unicode
ချောင်လန်က ဒုတိယအစ်မချောင်ကို ရှင်းထုတ်ပြီး ကားထဲဝင်လာခဲ့တယ်။ သူမမော့ကြည့်လိုက်လိုက်ချင်းမှာ သူမကိုကြည့်နေတဲ့ ထန်းမော့မျက်လုံးတွေနဲ့ ဆုံတွေ့သွားတယ်။

သူတို့၂ယောက်အတွက် တစ်ယောက်ကိုတစ်ယောက်ကြည့်တယ်ဆိုတာ ပုံမန်ပါပဲ။ အရင်တုန်းကလဲ ဘယ်နှခါလောက်အကြည့်ချင်းဆုံဖူးမှန်း သူမမသိတော့ဘူးလေ။ ဒါပေမဲ့ ဒီတစ်ခေါက်တော့ သူမက သူ့မျက်နှာကိုမတွေ့တာကြာသွားလို့လား ဒါမှမဟုတ် ဟိုတစ်နေ့က သူမအမှတ်တမဲ့ပြောလိုက်မိတဲ့ စကားတွေကြောင့်လားတော့ မသိဘူး သူမနှလုံးသားထဲက တစ်ခုခုက ပြောင်းလဲသွားသလိုပဲ။

ထန်းမော့နဲ့ အကြည့်ချင်းဆုံသွားတော့ ချောင်လန်က တစ်ကယ်ကြီးရှက်သွားပြီး အကြည့်လွှဲလိုက်တယ်။

ကံကောင်းတာက ထန်းမော့က ဒီမျက်နှာအမူအရာသေးသေးလေးကို သတိမထားလိုက်မိဘူး။ တစ်ကယ်လို့ သူသတိထားခဲ့မိတယ်ဆိုရင်တောင် သူက ဒါကဘာလိုဆိုလိုတာလဲဆိုတာ မသိလောက်ပါဘူးလေ။ ဒီလိုတွေးလိုက်တော့ ချောင်လန်က ပြန်ပြီး စိတ်ပေါ့သွားပြန်တယ်။

ဦးလေးချန်က လွန်ခဲ့တဲ့၂ရက်လုံးလုံး အများကြီး ခံစားနေခဲ့ရတာ။ ဒါပေမဲ့ သူက ချောင်လန့်ကို ခုနက သူမကိုလာဆွဲနေတဲ့လူက ဘယ်သူလဲလို့ အားစိုက်ပြီး မေးလိုက်သေးတယ်။

" သမီးရဲ့ ဒုတိယအစ်မပါ "

ချောင်လန်နဲ့ ဦးလေးချန်တို့က ပုံမန်လိုပဲ စကားစမြည်ပြောနေကြတယ်။ သူမက ဦးလေးချန်နဲ့ ထန်းမော့တို့ကို အပြင်လူတွေလို့ မသတ်မှတ်ထားဘူး။ ပြီးတော့ သူမက ဒုတိယအစ်မချောင်ရဲ့ လုပ်ရပ်တွေကိုလဲ စိတ်ကောင်းထားပြီး မဖုံးကွယ်ထားပေးဘူး။ သူမက ရိုးရိုးပဲ အစ်မချောင်နဲ့ ဘာဖြစ်ခဲ့တာလဲဆိုတာကို ရှင်းပြလိုက်တယ်။

သူမပြောတာကိုနားထောင်ပြီးသွားတော့ ဦးလေးချန်က ဘာပြောရမလဲတောင် မသိတော့ဘူး။

တစ်ခါတစ်လေကျရင် ဦးလေးချန်နားမလည်နိုင်ဘူး။ ဘာလို့ ချောင်လန့်လို့ ဒီလောက်ကောင်းတဲ့ကလေးမျိုးက အခုလိုဆိုးဝါးလှတဲ့ မိသားစုဝင်တွေရှိနေရတာလဲဆိုတာကိုပေါ့။

ဒါပေမဲ့ အခုလက်ရှိမှာတော့ သူက ဒါတွေကို ဂရုစိုက်နိုင်တဲ့ စိတ်အခြေအနေ ဟုတ်မနေဘူးလေ။

သူဒီနေ့ ထန်းမော့နဲ့ အပြင်သွားတာက အဓိကကတော့ အဖေထန်းနဲ့ ထမင်းသွားစားတာပါ။

ထန်းမော့က သူနိုင်ငံခြားသွားချင်တယ်လို့ပြောတယ်။

ထန်းမော့က သူ့ခံစားချက်တွေကို ဦးလေးချန်ကို မဖုံးကွယ်ထားခဲ့ဘူး။ ဖြစ်နိုင်တာက သူ့ရင်ဘတ်ထဲမှာ အရမ်းကို မသက်မသာဖြစ်နေလို့ နေမှာပေါ့။ အဲ့တာကြောင့် သူက တစ်ယောက်ယောက်ကို ဒီအကြောင်းတွေကို ပြောပြချင်ခဲ့တာနေမှာပေါ့။ သူက ချောင်လန့်ကို သဘောကျတယ်လို့ ဦးလေးချန်ကို ပြောပြခဲ့တယ်။

ထန်းမော့က ဘာလို့ဆေးစစ်ဖို့ သဘောတူလိုက်ရတာလဲဆိုတာ နောက်ဆုံးတော့ ဦးလေးချန်သိသွားခဲ့ပြီ။ ဒါပေမဲ့ ဆေးစစ်တဲ့ရလဒ်တွေအကြောင်းတွေးလိုက်မိတော့ သူရင်ဘတ်ထဲမှာ မနာကျင်ဘဲ မနေနိုင်တော့ဘူးလေ။

" သခင်လေး တစ်ကယ်တော့ လန်လန်က အဲ့တာတွေကို ဂရုမစိုက်လောက်ပါဘူး။ သူမက မိန်းမကောင်းလေးပါ။ "

သူမက သခင်လေးရဲ့ ခြေထောက်တွေကိုရော Asperger ရောဂါကိုရော ဂရုမစိုက်လောက်ပါဘူး။ ဦးလေးချန်က ချောင်လန့်ကို သိလာတာ အချိန်တစ်ခုရှိလာပြီလေ။ အဲ့တာကြောင့် ချောင်လန်က ထန်းမော့ သူမကိုသဘောကျတယ်ဆိုတာ သိသွားရင် သူမက ထူးဆန်းတယ်လို့ ခံစားရပြီး ထန်းမော့အဝေးမှာ နေလိမ့်မယ်လိုတာ သူကတော့ မယုံဘူး။

" သူမက ဂရုမစိုက်ဘူး။ ဒါပေမဲ့ ကျွန်တော်က ဂရုစိုက်တယ်။ " ထန်းမော့ကပြောလိုက်တယ်။ " သူမက မိန်းမကောင်းလေးပါ။ အဲ့တာကြောင့် ကျွန်တော့်ဆီမှာ ချည်နှောင်မိနေဖို့ မလိုပါဘူး။ "

ဦးလေးချန် တိတ်ဆိတ်သွားခဲ့တယ်။

ထန်းမော့က ဘယ်တုန်းကမှ အချစ်ဆိုတာကို နားမလည်ခဲ့ဘူး။ ဒါပေမဲ့ အခုနောက်ဆုံးနားလည်သွားတော့လဲ သူက အခုအချိန်ကစပြီး ပျော်ရွှင်သွားရတော့မယ်လို့ ဆိုလိုတာ မဟုတ်ခဲ့ဘူး။

သူက သူမကို အရမ်းသဘောကျတာကြောင့် သူထွက်သွားပေးရမယ်။

ဦးလေးချန်က တစ်ခုခုကို ပြောချင်နေတယ်။ ဒါပေမဲ့ ထန်းမော့ရဲ့ ပုံစံကို ကြည့်ပြီးသွားတော့ သူမပြောနိုင်ခဲ့တော့ဘူး။

ထန်းမော့နဲ့ ဦးလေးချန်တို့က ထူးဆန်းနေတယ်ဆိုတာ ချောင်လန်ခံစားမိတယ်။ ဒါပေမဲ့ သူတို့က ဘာမှမပြောကြဘူးဆိုတော့ သူမလဲ ဘာမှမမေးခဲ့ဘူး။

----------

မျက်စိတစ်မှိတ်အတွင်းမှာပဲ ပိတ်ရက်က ကုန်ဆုံးသွားခဲ့တယ်။ ချောင်လန်က ကျောင်းကိုပြန်လာခဲ့တယ်။ ဒါပေမဲ့ ကျောင်းအပေါက်ဝမှာ လူငယ်လေးတစ်ယောက်နဲ့ တွေ့ခဲ့တယ်။

ချောင်လန်က တွေ့တွေ့ချင်းမှာ သူ့ကို မမှတ်မိခဲ့ဘူး။ အဲ့လူက သူကသူမကိုပြီးခဲ့တဲ့ သောကြာနေက တွေ့ခဲ့တယ်လေလို့ ပြောမှ ချောင်လန်က သူ့ကို မှတ်မိသွားတယ်။ ဒီလူက အဲ့နေ့က ဒုတိယအစ်မချောင်ရဲ့ ကားထဲမှာ ထိုင်နေတဲ့လူလေ။

ချောင်လန့်ကို လူကိုယ်တိုင်မတွေ့ခင်တုန်းက လော့ညန်က အဆင်ပြေနေသေးတယ်။ ဒီတိုင်း သူမမျက်နှာကလှတယ်ဆိုတာပဲ တွေးခဲ့မိတာ။ ဒါပေမဲ့ တစ်ခါလောက်တွေ့ပြီးသွားတော့ သူက သူမကို မမေ့နိုင်ဘူးဖြစ်သွားတယ်။ သူက အစ်မချောင်ကို ချောင်လန်နဲ့ နောက်တစ်ခါလောက်တွေ့ရအောင် သူ့ကိုခေါ်သွားပေးလို့ ပြောခဲ့တယ်။ ဒါပေမဲ့ အစ်မချောင်က ချောင်လန်က လာမှာ မဟုတ်ဘူးလို့ ပြောခဲ့တယ်။ လော့ညန်လဲ အကြိမ်အနည်းငယ်လောက် ဆဲလိုက်ပြီး သူ့ဘာသူပဲ လာဖို့ ဆုံးဖြတ်လိုက်တယ်။

သူက သူ့ရဲ့ကိုယ်ပိုင် မီလီယံတန်ကားကိုမောင်းလာတယ်။ ပြီးတော့ branded အဝတ်အစားတွေဝတ်လာတယ်။ ပြီးတော့ ကျောင်းရှေ့က စာတိုက်ပုံးနားမှာ မတ်တပ်ရပ်နေခဲ့တယ်။ အဲ့တာက ဖြတ်သွားတဲ့လူတိုင်းကို လှည့်လှည့်ကြည့်စေခဲ့တယ်။

ချောင်လန်က ချက်ချင်းပဲ ခြေလှမ်း၂လှမ်းလောက်အနောက်ကိုဆုတ်လိုက်ပြီး မျက်လုံးကို အပေါ်ကိုမော့ကြည့်လိုက်ကာ သူ့ကို မေးလိုက်တယ်။ " တစ်ခုခုကိစ္စရှိလို့လား "

လော့ညန်က ချောင်လန့်ရဲ့ အေးစက်နေတဲ့ မျက်နှာထားကို ကြည့်လိုက်ပြီး ချောင်လန်က သူ့ကိုယ်ပေါ်က နာမည်ကြီးဘရန်းတွေရဲ့ နာမည်ကို မသိလောက်ဘူးလို့ တွေးနေခဲ့တယ်။ သူမက တစ်ကယ့်ကိုပဲ ဆင်းရဲတဲ့မိသားစုက ကောင်မလေးပဲ။ ဗဟုသုတကို မရှိဘူး။

ဒါပေမဲ့လဲ ဆင်းရဲတဲ့သူက ဆင်းရဲတဲ့သူနဲ့ပဲ ရပေမဲ့လို့ သူမမျက်နှာလေးကတော့ လှသေးတာပဲ။ လော့ညန်က ပြုံးလိုက်ပြီး ပြောလိုက်တယ်။ " အကိုနဲ့ ညီမဒုတိယအစ်မနဲ့က သူငယ်ချင်းတွေလေ။ ပြီးတော့ ဟိုနေ့ကပဲ ညီမအမေနဲ့လဲ တွေ့ခဲ့သေးတယ်။ "

" အဲ့တော့?? "

လော့ညန် ကြောင်သွားတယ်။ " ညီမ အမေနဲ့ အစ်မတို့က ညီမကို ပြောမထားဘူးလား "

သူတို့ဘေးမှာ ပွဲရှိမလားလို့ လာလာကြည့်တဲ့သူတွေ ပိုပိုများလာတယ်။ အဲ့တာကြောင့် ချောင်လန်ကလဲ လော့ညန်နဲ့ပိုဝေးဝေးကို တိုးလိုက်တယ်။ " ကျွန်မ ကျွန်မအမေကို မတွေ့တာ နှစ်ဝက်ကျော်နေပြီ။ တစ်ကယ်လို့ တစ်ခုခုပြောစရာရှိတယ်ဆိုရင် သူမကိုပဲ သွားပြောလိုက်ပါ။ "

အဲ့တာပြောပြီးတော့ သူမက လှည့်ထွက်သွားခဲ့တယ်။

သူမက အဝေးကြီးထိပြေးသွားပြီးမှ ရပ်လိုက်တယ်။ အဲ့မှာခဏလောက် တိတ်ဆိတ်စွာ ရပ်နေခဲ့တယ်။

သူမထင်ခဲ့တာက သူမက ချောင်မိသားစုကို သွားမထိပဲ သူတို့နဲ့ ဝေးဝေးနေနိုင်မယ်ဆိုရင် သူမကောင်းကောင်းမွန်မွန်နဲ့ ဘဝကို သန့်သန့်ရှင်းရှင်းနေနိုင်တော့မယ်လို့ပေါ့။ ဒါပေမဲ့ ချောင်မိသားစုရဲ့ အရှက်မရှိမှုက သူမမျှော်မှန်းထားတာထက်တောင် အများကြီးပိုနေသေးတယ်လေ။

ချောင်လန်က မတုံးပါဘူး။ အစ်မချောင်အကြောင်းကိုစဥ်းစားလိုက်တာနဲ့ လော့ညန်က ဘာလို့သူမဆီလာရတာလဲဆိုတာ သူမချက်ချင်း ခန့်မှန်းနိုင်တယ်။

ချောင်မိသားစုက ရူးနေကြတာလား?? သူတို့က သူတို့မောင်းထုတ်လိုက်တဲ့ သမီးကိုတောင် ရောင်းစားဖို့ နည်းလမ်းရှာနိုင်သေးတယ်!!

ချောင်လန်က အရမ်းဒေါသထွက်သွားပြီး စိတ်မသက်မသာဖြစ်သွားတယ်။ ဒါပေမဲ့ သူမ စာကြည့်ပြီးလို့ ညဥ့်နက်ကြီးမှာ ရုတ်တရက်ကြီး လော့ညန်ဆီက မက်ဆေ့တစ်စောင်ရလိုက်တော့ ချောင်လန်က လုံးဝကို စိတ်ရှုပ်သွားတယ်။

လော့ညန်က ဘယ်ကနေ သူမဖုန်းနံပါတ်ကို ရသွားတာလဲ??

လော့ညန်က တစ်ကယ့်ဆိုက်ကိုကြီးလိုပဲ။ သူမကို နေ့တိုင်းနေ့ ဖုန်းနံပါတ်မျိုးစုံကနေ မက်ဆေ့မျိုးစုံပို့ပြီး နှောင့်ယှက်နေတယ်။ ချောင်လန်က စိတ်ညစ်လွန်းလို့ ဖုန်းကိုပိတ်ထားလိုက်ပြီး နောက်ပိတ်ရက်ထိစောင့်လိုက်တယ်။ ချောင်လန်က ဒီအပတ်မှာ ပိုင်ယွီတို့အိမ်ကို လိုက်လည်မယ်လို့ ကတိပေးထားတယ်။ ဒါပေမဲ့ သူမတို့အဆောင်ကအတူတူ ထွက်လာတော့ လော့ညန်ကို ကျောင်းအပြင်မှာ တွေ့လိုက်ရတယ်။

လော့ညန်က သူကသူမကို ညစာဖိတ်ကျွေးချင်လို့လို့ ပြောတယ်။ ချောင်လန်ကမစားဘူးလို့ ပြောပြီး ထွက်သွားတော့ လော့ညန်က သူမလက်ကောက်ဝတ်ကို ဆွဲလိုက်ပြီး သူမကို ကားဆီဆွဲခေါ်သွားတယ်။

--------------

ထန်းမော့က ဒီလကုန်ရင်ထွက်သွားတော့မှာ။ အခုကနေဆို ၃ရက်ကြာရင်ပေါ့။

သူက အံဆွဲကိုဖွင့်လိုက်တော့ အံဆွဲထဲမှာ အစိမ်းရောင်ဘဏ်ကဒ်လေးကို တွေ့လိုက်ရတယ်။

" ထန်းမော့ ဒီကဒ်ထဲမှာ နောက်၂နှစ်စာအတွက် ငါစုထားသမျှပိုက်ဆံတွေအကုန်ပါတယ်။ နင်ငါ့ကို ကူပြီး ဒီကဒ်လေးကို သိမ်းထားပေးမလား။ "

အဲ့အချိန်တုန်းက သူက သူမကို တည်တည်ငြိမ်ငြိမ်နဲ့ သဘောတူခဲ့တယ်။

မနှုတ်ဆက်ဘဲ ထွက်သွားမယ်လို့ ဆုံးဖြတ်ထားတဲ့ သူ့ရဲ့အကြံဥာဏ်က ဘဏ်ကဒ်တစ်ခုလေးကြောင့် ပျက်စီးသွားတယ်။

သူ သူမကို ပြောသင့်တယ်။ သူမကို မြင်ပြီးသွားရင် သူကထွက်သွားဖို့ ဝန်လေးနေမှာကို စိုးရိမ်မိပေမဲ့ပေါ့။

ထန်းမော့က ကဒ်ကိုယူလိုက်ပြီး အဲ့တာကို အကြာကြီးစိုက်ကြည့်နေခဲ့တယ်။ နောက်ဆုံးတော့ သူက ဖုန်းကိုထုတ်လိုက်ပြီး wechat ကနေ ချောင်လန့်ကို မက်ဆေ့လှမ်းပို့လိုက်တယ်။ ဒါပေမဲ့ အကြာကြီးနေတာတောင် reply ပြန်မလာခဲ့ဘူး။

ချောင်လန်က သူပို့တဲ့မက်ဆေ့ဆို ဘယ်တုန်းကမှ မပြန်ဘဲ မနေဖူးပါဘူး။

တစ်ခုခုတော့ မှားနေပြီလို့ ထန်းမော့က နည်းနည်းခံစားလိုက်ရတယ်။ အဲ့တာကြောင့် သူက ချောင်လန့်ဖုန်းကို ဆက်ကြည့်လိုက်တယ်။ ဒါပေမဲ့ ဖုန်းက auto လုပ်ထားတဲ့ ဖုန်းဆက်ပိတ်ထားပါသဖြင့် ခေါ်ဆို၍မရနိုင်ပါ ဆိုတဲ့ voice massage ကြီးပဲ သူ့ဆီရောက်လာတယ်။

ရုတ်တရက် ထန်းမော့ သူ့လက်ထဲက ကဒ်ကို တင်းတင်းဆုပ်ကိုင်လိုက်တယ်။

စက္ကန့်အနည်းငယ်လောက် တိတ်ဆိတ်သွားပြီးတဲ့နောက်မှာ သူက ဦးလေးချန်ဆီ သွားလိုက်ပြီး သူ့ကို ကျောင်းကိုအမြန်လိုက်ပို့ပေးလို့ ပြောလိုက်တယ်။

ဒီအချိန်မှာဆိုရင် ကျောင်းသားကျောင်းသူအများစုက ပြန်ကုန်ကြပြီ။ အခုအချိန်မှာ ကျောင်းပေါက်ဝမှာ လူအများကြီးမရှိဘူး။ ချောင်လန်နဲ့ ပိုင်ယွီတို့က လော့ညန်နဲ့တိုးနေကြတယ်။ လော့ညန်က အရပ်ရှည်တော့ ချောင်လန်သူ့လက်ကနေ ရုန်းထွက်ဖို့ဆိုတာ ခက်နေတယ်။

ချောင်လန်က သူမလက်ကောက်ဝတ်ပေါ်က လော့ညန်လက်ကိုကြည့်လိုက်ပြီး ချက်ချင်းကိုပဲ စိတ်တိုသွားတယ်။ သူမက သူမလက်ကိုပြန်ဆွဲလိုက်ပြီး သူ့ကို လမ်းဖယ်၊ သူမရှေ့ကထွက်သွား လို့ ပြောလိုက်တယ်။

လော့ညန်က သူ့တစ်ဘဝလုံး သူ့ကို ထွက်သွားလို့ ပြောတာဘယ်တုန်းကမှ မကြားဖူးဘူးလေ။ သူက မျက်နှာကို ဆက်မထိန်းထားနိုင်တော့ဘဲ ဒေါသထွက်သွားတော့တယ်။ သူက စကားလုံးအနည်းငယ်လေးနဲ့ သူ့ပင်ကိုစရိုက်က ထွက်လာခဲ့တော့တယ်။

" မင်းအမေရော မင်းအစ်မရောက မင်းကို ပြန်ခေါ်လာဖို့ နေ့တိုင်းနေ့ ငါ့ကိုလာတောင်းပန်နေကြတာ။ မင်းက ကိုယ့်ကိုယ်ကို နည်းနည်းလေးပိုလှလာပြီး ကျောင်းမှာ စာပိုတော်လာရုံနဲ့ မင်းကိုယ်မင်း အရမ်းမြင့်မြတ်သွားတယ်လို့ ထင်နေတာလား။ "

ဦးလေးချန်ကားက အမြန်မောင်းလာခဲ့တယ်။ ပြီးတော့ ထန်းမော့က အဲ့တာကို အရင်တွေ့သွားတယ်။ ဆိုးသွမ်းလှတဲ့ လူကြီးက ချောင်လန့်ရှေ့မှာ ရပ်နေပြီး သူမကို ရိုက်တော့မလိုမျိုး သူ့လက်ကိုမြှောက်လိုက်တယ်။

ထန်းမော့ မျက်လုံးတွေရုတ်တရက် ကျုံ့သွားတယ်။ ထန်းမော့ ဘာမှပြောဖို့တောင်မလိုဘူး ဦးလေးချန်က ကားထဲကနေ အမြန်ပြေးထွက်သွားပြီး လော့ညန်ကို တားလိုက်တယ်။

ဘေးနားမှာ ဒီတိုင်းရပ်ကြည့်နေတဲ့လူတစ်ချို့ရှိတယ်။ သူတို့ထဲက တစ်ချို့က ရှေ့ထွက်လာပြီး ကူညီချင်တယ်။ ဒါပေမဲ့ သူတို့မလုပ်ရဲကြဘူး။ အခု လူတစ်ယောက်ကအမြန်ထွက်လာတာကို တွေ့လိုက်ရတော့ သူတို့ထဲက ၂ယောက် ၃ယောက်ကလဲ ထွက်လာပြီး လော့ညန်ကို ဘေးကိုတွန်းလိုက်ကြတယ်။

ရုတ်တရက် လော့ညန်မျက်နှာက ပိုပြီး ဆိုးဝါးလာယ်။

လူတွေအများကြီးရှိလာတာကို သူတွေ့လိုက်တော့ ဘာမှသိပ်မပြောတော့ဘူး။ မထွက်သွားခင်မှာ သူက ချောင်လန့်ကို မင်းစောင့်နေ လို့ ပြောသွားတယ်။ ပြီးတော့ ကားထဲဝင်သွားပြီး မောင်းထွက်သွားတယ်။

ပြီးသွားပြီဆိုတော့ လူအုပ်ကလဲ လူစုကွဲသွားကြတယ်။ သူတို့လဲထွက်သွားကြရော ချောင်လန်က ဖျော့တော့နေတဲ့ မျက်နှာနဲ့ ဦးလေးချန်ကို ကြည့်လိုက်တယ်။ ပြီးတော့ အဝေးမှာwheelchair ပေါ်မှာ ထိုင်နေတဲ့ ထန်းမော့ကို ကြည့်လိုက်တယ်။ ပြီးတော့ သူ့ဆီပြေးသွားပြီး " ထန်းမော့ နင်ဘယ်လိုလုပ် ဒီရောက်နေတာလဲ "

ထန်းမော့က လော့ညန်ထွက်သွားတဲ့ဘက်ကို ကြည့်လိုက်တယ်။ ပြီးတော့ သူ့စိတ်ထဲမှာလဲ ထိန်းချုပ်လို့မရတဲ့ ဒေါသတွေ တလိမ့်လိမ့်ထွက်နေတာကို ခံစားလိုက်ရတယ်။ " အဲ့တာဘယ်သူလဲ!! "

Zawgyi

ေခ်ာင္လန္က ဒုတိယအစ္မေခ်ာင္ကို ရင္းထုတ္ၿပီး ကားထဲဝင္လာခဲ့တယ္။ သူမေမာ့ၾကည့္လိုက္လိုက္ခ်င္းမွာ သူမကိုၾကည့္ေနတဲ့ ထန္းေမာ့မ်က္လုံးေတြနဲ႔ ဆုံေတြ႕သြားတယ္။

သူတို႔၂ေယာက္အတြက္ တစ္ေယာက္ကိုတစ္ေယာက္ၾကည့္တယ္ဆိုတာ ပုံမန္ပါပဲ။ အရင္တုန္းကလဲ ဘယ္ႏွခါေလာက္အၾကည့္ခ်င္းဆုံဖူးမွန္း သူမမသိေတာ့ဘူးေလ။ ဒါေပမဲ့ ဒီတစ္ေခါက္ေတာ့ သူမက သူ႔မ်က္ႏွာကိုမေတြ႕တာၾကာသြားလို႔လား ဒါမွမဟုတ္ ဟိုတစ္ေန႔က သူမအမွတ္တမဲ့ေျပာလိုက္မိတဲ့ စကားေတြေၾကာင့္လားေတာ့ မသိဘူး သူမႏွလုံးသားထဲက တစ္ခုခုက ေျပာင္းလဲသြားသလိုပဲ။

ထန္းေမာ့နဲ႔ အၾကည့္ခ်င္းဆုံသြားေတာ့ ေခ်ာင္လန္က တစ္ကယ္ႀကီးရွက္သြားၿပီး အၾကည့္လႊဲလိုက္တယ္။

ကံေကာင္းတာက ထန္းေမာ့က ဒီမ်က္ႏွာအမူအရာေသးေသးေလးကို သတိမထားလိုက္မိဘူး။ တစ္ကယ္လို႔ သူသတိထားခဲ့မိတယ္ဆိုရင္ေတာင္ သူက ဒါကဘာလိုဆိုလိုတာလဲဆိုတာ မသိေလာက္ပါဘူးေလ။ ဒီလိုေတြးလိုက္ေတာ့ ေခ်ာင္လန္က ျပန္ၿပီး စိတ္ေပါ့သြားျပန္တယ္။

ဦးေလးခ်န္က လြန္ခဲ့တဲ့၂ရက္လုံးလုံး အမ်ားႀကီး ခံစားေနခဲ့ရတာ။ ဒါေပမဲ့ သူက ေခ်ာင္လန္႔ကို ခုနက သူမကိုလာဆြဲေနတဲ့လူက ဘယ္သူလဲလို႔ အားစိုက္ၿပီး ေမးလိုက္ေသးတယ္။

" သမီးရဲ႕ ဒုတိယအစ္မပါ "

ေခ်ာင္လန္နဲ႔ ဦးေလးခ်န္တို႔က ပုံမန္လိုပဲ စကားစျမည္ေျပာေနၾကတယ္။ သူမက ဦးေလးခ်န္နဲ႔ ထန္းေမာ့တို႔ကို အျပင္လူေတြလို႔ မသတ္မွတ္ထားဘူး။ ၿပီးေတာ့ သူမက ဒုတိယအစ္မေခ်ာင္ရဲ႕ လုပ္ရပ္ေတြကိုလဲ စိတ္ေကာင္းထားၿပီး မဖုံးကြယ္ထားေပးဘူး။ သူမက ႐ိုး႐ိုးပဲ အစ္မေခ်ာင္နဲ႔ ဘာျဖစ္ခဲ့တာလဲဆိုတာကို ရွင္းျပလိုက္တယ္။

သူမေျပာတာကိုနားေထာင္ၿပီးသြားေတာ့ ဦးေလးခ်န္က ဘာေျပာရမလဲေတာင္ မသိေတာ့ဘူး။

တစ္ခါတစ္ေလက်ရင္ ဦးေလးခ်န္နားမလည္ႏိုင္ဘူး။ ဘာလို႔ ေခ်ာင္လန္႔လို႔ ဒီေလာက္ေကာင္းတဲ့ကေလးမ်ိဳးက အခုလိုဆိုးဝါးလွတဲ့ မိသားစုဝင္ေတြရွိေနရတာလဲဆိုတာကိုေပါ့။

ဒါေပမဲ့ အခုလက္ရွိမွာေတာ့ သူက ဒါေတြကို ဂ႐ုစိုက္ႏိုင္တဲ့ စိတ္အေျခအေန ဟုတ္မေနဘူးေလ။

သူဒီေန႔ ထန္းေမာ့နဲ႔ အျပင္သြားတာက အဓိကကေတာ့ အေဖထန္းနဲ႔ ထမင္းသြားစားတာပါ။

ထန္းေမာ့က သူႏိုင္ငံျခားသြားခ်င္တယ္လို႔ေျပာတယ္။

ထန္းေမာ့က သူ႔ခံစားခ်က္ေတြကို ဦးေလးခ်န္ကို မဖုံးကြယ္ထားခဲ့ဘူး။ ျဖစ္ႏိုင္တာက သူ႔ရင္ဘတ္ထဲမွာ အရမ္းကို မသက္မသာျဖစ္ေနလို႔ ေနမွာေပါ့။ အဲ့တာေၾကာင့္ သူက တစ္ေယာက္ေယာက္ကို ဒီအေၾကာင္းေတြကို ေျပာျပခ်င္ခဲ့တာေနမွာေပါ့။ သူက ေခ်ာင္လန္႔ကို သေဘာက်တယ္လို႔ ဦးေလးခ်န္ကို ေျပာျပခဲ့တယ္။

ထန္းေမာ့က ဘာလို႔ေဆးစစ္ဖို႔ သေဘာတူလိုက္ရတာလဲဆိုတာ ေနာက္ဆုံးေတာ့ ဦးေလးခ်န္သိသြားခဲ့ၿပီ။ ဒါေပမဲ့ ေဆးစစ္တဲ့ရလဒ္ေတြအေၾကာင္းေတြးလိုက္မိေတာ့ သူရင္ဘတ္ထဲမွာ မနာက်င္ဘဲ မေနႏိုင္ေတာ့ဘူးေလ။

" သခင္ေလး တစ္ကယ္ေတာ့ လန္လန္က အဲ့တာေတြကို ဂ႐ုမစိုက္ေလာက္ပါဘူး။ သူမက မိန္းမေကာင္းေလးပါ။ "

သူမက သခင္ေလးရဲ႕ ေျခေထာက္ေတြကိုေရာ Asperger ေရာဂါကိုေရာ ဂ႐ုမစိုက္ေလာက္ပါဘူး။ ဦးေလးခ်န္က ေခ်ာင္လန္႔ကို သိလာတာ အခ်ိန္တစ္ခုရွိလာၿပီေလ။ အဲ့တာေၾကာင့္ ေခ်ာင္လန္က ထန္းေမာ့ သူမကိုသေဘာက်တယ္ဆိုတာ သိသြားရင္ သူမက ထူးဆန္းတယ္လို႔ ခံစားရၿပီး ထန္းေမာ့အေဝးမွာ ေနလိမ့္မယ္လိုတာ သူကေတာ့ မယုံဘူး။

" သူမက ဂ႐ုမစိုက္ဘူး။ ဒါေပမဲ့ ကြၽန္ေတာ္က ဂ႐ုစိုက္တယ္။ " ထန္းေမာ့ကေျပာလိုက္တယ္။ " သူမက မိန္းမေကာင္းေလးပါ။ အဲ့တာေၾကာင့္ ကြၽန္ေတာ့္ဆီမွာ ခ်ည္ေႏွာင္မိေနဖို႔ မလိုပါဘူး။ "

ဦးေလးခ်န္ တိတ္ဆိတ္သြားခဲ့တယ္။

ထန္းေမာ့က ဘယ္တုန္းကမွ အခ်စ္ဆိုတာကို နားမလည္ခဲ့ဘူး။ ဒါေပမဲ့ အခုေနာက္ဆုံးနားလည္သြားေတာ့လဲ သူက အခုအခ်ိန္ကစၿပီး ေပ်ာ္႐ႊင္သြားရေတာ့မယ္လို႔ ဆိုလိုတာ မဟုတ္ခဲ့ဘူး။

သူက သူမကို အရမ္းသေဘာက်တာေၾကာင့္ သူထြက္သြားေပးရမယ္။

ဦးေလးခ်န္က တစ္ခုခုကို ေျပာခ်င္ေနတယ္။ ဒါေပမဲ့ ထန္းေမာ့ရဲ႕ ပုံစံကို ၾကည့္ၿပီးသြားေတာ့ သူမေျပာႏိုင္ခဲ့ေတာ့ဘူး။

ထန္းေမာ့နဲ႔ ဦးေလးခ်န္တို႔က ထူးဆန္းေနတယ္ဆိုတာ ေခ်ာင္လန္ခံစားမိတယ္။ ဒါေပမဲ့ သူတို႔က ဘာမွမေျပာၾကဘူးဆိုေတာ့ သူမလဲ ဘာမွမေမးခဲ့ဘူး။

----------

မ်က္စိတစ္မွိတ္အတြင္းမွာပဲ ပိတ္ရက္က ကုန္ဆုံးသြားခဲ့တယ္။ ေခ်ာင္လန္က ေက်ာင္းကိုျပန္လာခဲ့တယ္။ ဒါေပမဲ့ ေက်ာင္းအေပါက္ဝမာ လူငယ္ေလးတစ္ေယာက္နဲ႔ ေတြ႕ခဲ့တယ္။

ေခ်ာင္လန္က ေတြ႕ေတြ႕ခ်င္းမွာ သူ႔ကို မမွတ္မိခဲ့ဘူး။ အဲ့လူက သူကသူမကိုၿပီးခဲ့တဲ့ ေသာၾကာေနက ေတြ႕ခဲ့တယ္ေလလို႔ ေျပာမ ေခ်ာင္လန္က သူ႔ကို မွတ္မိသြားတယ္။ ဒီလူက အဲ့ေန႔က ဒုတိယအစ္မေခ်ာင္ရဲ႕ ကားထဲမွာ ထိုင္ေနတဲ့လူေလ။

ေခ်ာင္လန္႔ကို လူကိုယ္တိုင္မေတြ႕ခင္တုန္းက ေလာ့ညန္က အဆင္ေျပေနေသးတယ္။ ဒီတိုင္း သူမမ်က္ႏွာကလွတယ္ဆိုတာပဲ ေတြးခဲ့မိတာ။ ဒါေပမဲ့ တစ္ခါေလာက္ေတြ႕ၿပီးသြားေတာ့ သူက သူမကို မေမ့ႏိုင္ဘူးျဖစ္သြားတယ္။ သူက အစ္မေခ်ာင္ကို ေခ်ာင္လန္နဲ႔ ေနာက္တစ္ခါေလာက္ေတြ႕ရေအာင္ သူ႔ကိုေခၚသြားေပးလို႔ ေျပာခဲ့တယ္။ ဒါေပမဲ့ အစ္မေခ်ာင္က ေခ်ာင္လန္က လာမွာ မဟုတ္ဘူးလို႔ ေျပာခဲ့တယ္။ ေလာ့ညန္လဲ အႀကိမ္အနည္းငယ္ေလာက္ ဆဲလိုက္ၿပီး သူ႔ဘာသူပဲ လာဖို႔ ဆုံးျဖတ္လိုက္တယ္။

သူက သူ႔ရဲ႕ကိုယ္ပိုင္ မီလီယံတန္ကားကိုေမာင္းလာတယ္။ ၿပီးေတာ့ branded အဝတ္အစားေတြဝတ္လာတယ္။ ၿပီးေတာ့ ေက်ာင္းေရွ႕က စာတိုက္ပုံနားမွာ မတ္တပ္ရပ္ေနခဲ့တယ္။ အဲ့တာက ျဖတ္သြားတဲ့လူတိုင္းကို လွည့္လွည့္ၾကည့္ေစခဲ့တယ္။

ေခ်ာင္လန္က ခ်က္ခ်င္းပဲ ေျခလွမ္း၂လွမ္းေလာက္အေနာက္ကိုဆုတ္လိုက္ၿပီး မ်က္လုံးကို အေပၚကိုေမာ့ၾကည့္လိုက္ကာ သူ႔ကို ေမးလိုက္တယ္။ " တစ္ခုခုကိစၥရွိလို႔လား "

ေလာ့ညန္က ေခ်ာင္လန္႔ရဲ႕ ေအးစက္ေနတဲ့ မ်က္နာထားကို ၾကည့္လိုက္ၿပီး ေခ်ာင္လန္က သူ႔ကိုယ္ေပၚက နာမည္ႀကီးဘရန္းေတြရဲ႕ နာမည္ကို မသိေလာက္ဘူးလို႔ ေတြးေနခဲ့တယ္။ သူမက တစ္ကယ့္ကိုပဲ ဆင္းရဲတဲ့မိသားစုက ေကာင္မေလးပဲ။ ဗဟုသုတကို မရွိဘူး။

ဒါေပမဲ့လဲ ဆင္းရဲတဲ့သူက ဆင္းရဲတဲ့သူနဲ႔ပဲ ရေပမဲ့လို႔ သူမမ်က္ႏွာေလးကေတာ့ လွေသးတာပဲ။ ေလာ့ညန္က ၿပဳံးလိုက္ၿပီး ေျပာလိုက္တယ္။ " ငါနဲ႔ ညီမဒုတိယအစ္မနဲ႔က သူငယ္ခ်င္းေတြေလ။ ၿပီးေတာ့ ဟိုေန႔ကပဲ ညီမအေမနဲ႔လဲ ေတြ႕ခဲ့ေသးတယ္။ "

" အဲ့ေတာ့?? "

ေလာ့ညန္ ေၾကာင္သြားတယ္။ " ညီမ အေမနဲ႔ အစ္မတို႔က ညီမကို ေျပာမထားဘူးလား "

သူတို႔ေဘးမွာ ပြဲရွိမလားလို႔ လာလာၾကည့္တဲ့သူေတြ ပိုပိုမ်ားလာတယ္။ အဲ့တာေၾကာင့္ ေခ်ာင္လန္ကလဲ ေလာ့ညန္နဲ႔ပိုေဝးေဝးကို တိုးလိုက္တယ္။ " ကြၽန္မ ကြၽန္မအေမကို မေတြ႕တာ ႏွစ္ဝက္ေက်ာ္ေနၿပီ။ တစ္ကယ္လို႔ တစ္ခုခုေျပာစရာရွိတယ္ဆိုရင္ သူမကိုပဲ သြားေျပာလိုက္ပါ။ "

အဲ့တာေျပာၿပီးေတာ့ သူမက လွည့္ထြက္သြားခဲ့တယ္။

သူမက အေဝးႀကီးထိေျပးသြားၿပီးမွ ရပ္လိုက္တယ္။ အဲ့မွာခဏေလာက္ တိတ္ဆိတ္စြာ ရပ္ေနခဲ့တယ္။

သူမထင္ခဲ့တာက သူမက ေခ်ာင္မိသားစုကို သြားမထိပဲ သူတို႔နဲ႔ ေဝးေဝးေနႏိုင္မယ္ဆိုရင္ သူမေကာင္းေကာင္းမြန္မြန္နဲ႔ ဘဝကို သန္႔သန္႔ရွင္းရွင္းေနႏိုင္ေတာ့မယ္လို႔ေပါ့။ ဒါေပမဲ့ ေခ်ာင္မိသားစုရဲ႕ အရွက္မရွိမႈက သူမေမွ်ာ္မွန္းထားတာထက္ေတာင္ အမ်ားႀကီးပိုေနေသးတယ္ေလ။

ေခ်ာင္လန္က မတုံးပါဘူး။ အစ္မေခ်ာင္အေၾကာင္းကိုစဥ္းစားလိုက္တာနဲ႔ ေလာ့ညန္က ဘာလို႔သူမဆီလာရတာလဲဆိုတာ သူမခ်က္ခ်င္း ခန္႔မွန္းႏိုင္တယ္။

ေခ်ာင္မိသားစုက ႐ူးေနၾကတာလား?? သူတို႔က သူတို႔ေမာင္းထုတ္လိုက္တဲ့ သမီးကိုေတာင္ ေရာင္းစားဖို႔ နည္းလမ္းရွာႏိုင္ေသးတယ္!!

ေခ်ာင္လန္က အရမ္းေဒါသထြက္သြားၿပီး စိတ္မသက္မသာျဖစ္သြားတယ္။ ဒါေပမဲ့ သူမ စာၾကည့္ၿပီးလို႔ ညဥ့္နက္ႀကီးမွာ ႐ုတ္တရက္ႀကီး ေလာ့ညန္ဆီက မက္ေဆ့တစ္ေစာင္ရလိုက္ေတာ့ ေခ်ာင္လန္က လုံးဝကို စိတ္ရႈပ္သြားတယ္။

ေလာ့ညန္က ဘယ္ကေန သူမဖုန္းနံပါတ္ကို ရသြားတာလဲ??

ေလာ့ညန္က တစ္ကယ့္ဆိုက္ကိုႀကီးလိုပဲ။ သူမကို ေန႔တိုင္းေန႔ ဖုန္းနံပါတ္မ်ိဳးစုံကေန မက္ေဆ့မ်ိဳးစုံပို႔ၿပီး ေႏွာင့္ယွက္ေနတယ္။ ေခ်ာင္လန္က စိတ္ညစ္လြန္းလို႔ ဖုန္းကိုပိတ္ထားလိုက္ၿပီး ေနာက္ပိတ္ရက္ထိေစာင့္လိုက္တယ္။ ေခ်ာင္လန္က ဒီအပတ္မွာ ပိုင္ယြီတို႔အိမ္ကို လိုက္လည္မယ္လို႔ ကတိေပးထားတယ္။ ဒါေပမဲ့ သူမတို႔အေဆာင္ကအတူတူ ထြက္လာေတာ့ ေလာ့ညန္ကို ေက်ာင္းအျပင္မွာ ေတြ႕လိုက္ရတယ္။

ေလာ့ညန္က သူကသူမကို ညစာဖိတ္ေကြၽးခ်င္လို႔လို႔ ေျပာတယ္။ ေခ်ာင္လန္ကမစားဘူးလို႔ ေျပာၿပီး ထြက္သြားေတာ့ ေလာ့ညန္က သူမလက္ေကာက္ဝတ္ကို ဆြဲလိုက္ၿပီး သူမကို ကားဆီဆြဲေခၚသြားတယ္။

--------------

ထန္းေမာ့က ဒီလကုန္ရင္ထြက္သြားေတာ့မွာ။ အခုကေနဆို ၃ရက္ၾကာရင္ေပါ့။

သူက အံဆြဲကိုဖြင့္လိုက္ေတာ့ အံဆြဲထဲမွာ အစိမ္းေရာင္ဘဏ္ကဒ္ေလးကို ေတြ႕လိုက္ရတယ္။

" ထန္းေမာ့ ဒီကဒ္ထဲမွာ ေနာက္၂ႏွစ္စာအတြက္ ငါစုထားသမွ်ပိုက္ဆံေတြအကုန္ပါတယ္။ နင္ငါ့ကို ကူၿပီး ဒီကဒ္ေလးကို သိမ္းထားေပးမလား။ "

အဲ့အခ်ိန္တုန္းက သူက သူမကို တည္တည္ၿငိမ္ၿငိမ္နဲ႔ သေဘာတူခဲ့တယ္။

မႏႈတ္ဆက္ဘဲ ထြက္သြားမယ္လို႔ ဆုံးျဖတ္ထားတဲ့ သူ႔ရဲ႕အႀကံဥာဏ္က ဘဏ္ကဒ္တစ္ခုေလးေၾကာင့္ ပ်က္စီးသြားတယ္။

သူ သူမကို ေျပာသင့္တယ္။ သူမကို ျမင္ၿပီးသြားရင္ သူကထြက္သြားဖို႔ ဝန္ေလးေနမွာကို စိုးရိမ္မိေပမဲ့ေပါ့။

ထန္းေမာ့က ကဒ္ကိုယူလိုက္ၿပီး အဲ့တာကို အၾကာႀကီးစိုက္ၾကည့္ေနခဲ့တယ္။ ေနာက္ဆုံးေတာ့ သူက ဖုန္းကိုထုတ္လိုက္ၿပီး wechat ကေန ေခ်ာင္လန္႔ကို မက္ေဆ့လွမ္းပို႔လိုက္တယ္။ ဒါေပမဲ့ အၾကာႀကီးေနတာေတာင္ reply ျပန္မလာခဲ့ဘူး။

ေခ်ာင္လန္က သူပို႔တဲ့မက္ေဆ့ဆို ဘယ္တုန္းကမွ မျပန္ဘဲ မေနဖူးပါဘူး။

တစ္ခုခုေတာ့ မွားေနၿပီလို႔ ထန္းေမာ့က နည္းနည္းခံစားလိုက္ရတယ္။ အဲ့တာေၾကာင့္ သူက ေခ်ာင္လန္႔ဖုန္းကို ဆက္ၾကည့္လိုက္တယ္။ ဒါေပမဲ့ ဖုန္းက auto လုပ္ထားတဲ့ ဖုန္းဆက္ပိတ္ထားပါသျဖင့္ ေခၚဆို၍မရႏိုင္ပါ ဆိုတဲ့ voice massage ႀကီးပဲ သူ႔ဆီေရာက္လာတယ္။

႐ုတ္တရက္ ထန္းေမာ့ သူ႔လက္ထဲက ကဒ္ကို တင္းတင္းဆုပ္ကိုင္လိုက္တယ္။

စကၠန္႔အနည္းငယ္ေလာက္ တိတ္ဆိတ္သြားၿပီးတဲ့ေနာက္မွာ သူက ဦးေလးခ်န္ဆီ သြားလိုက္ၿပီး သူ႔ကို ေက်ာင္းကိုအျမန္လိုက္ပို႔ေပးလို႔ ေျပာလိုက္တယ္။

ဒီအခ်ိန္မွာဆိုရင္ ေက်ာင္းသားေက်ာင္းသူအမ်ားစုက ျပန္ကုန္ၾကၿပီ။ အခုအခ်ိန္မွာ ေက်ာင္းေပါက္ဝမွာ လူအမ်ားႀကီးမရွိဘူး။ ေခ်ာင္လန္နဲ႔ ပိုင္ယြီတို႔က ေလာ့ညန္နဲ႔တိုးေနၾကတယ္။ ေလာ့ညန္က အရပ္ရွည္ေတာ့ ေခ်ာင္လန္သူ႔လက္ကေန ႐ုန္းထြက္ဖို႔ဆိုတာ ခက္ေနတယ္။

ေခ်ာင္လန္က သူမလက္ေကာက္ဝတ္ေပၚက ေလာ့ညန္လက္ကိုၾကည့္လိုက္ၿပီး ခ်က္ခ်င္းကိုပဲ စိတ္တိုသြားတယ္။ သူမက သူမလက္ကိုျပန္ဆြဲလိုက္ၿပီး သူ႔ကို လမ္းဖယ္၊ သူမေရွ႕ကထြက္သြား လို႔ ေျပာလိုက္တယ္။

ေလာ့ညန္က သူ႔တစ္ဘဝလုံး သူ႔ကို ထြက္သြားလို႔ ေျပာတာဘယ္တုန္းကမွ မၾကားဖူးဘူးေလ။ သူက မ်က္နာကို ဆက္မထိန္းထားႏိုင္ေတာ့ဘဲ ေဒါသထြက္သြားေတာ့တယ္။ သူက စကားလုံးအနည္းငယ္ေလးနဲ႔ သူ႔ပင္ကိုစ႐ိုက္က ထြက္လာခဲ့ေတာ့တယ္။

" မင္းအေမေရာ မင္းအစ္မေရာက မင္းကို ျပန္ေခၚလာဖို႔ ေန႔တိုင္းေန႔ ငါ့ကိုလာေတာင္းပန္ေနၾကတာ။ မင္းက ကိုယ့္ကိုယ္ကို နည္းနည္းေလးပိုလွလာၿပီး ေက်ာင္းမွာ စာပိုေတာ္လာ႐ုံနဲ႔ မင္းကိုယ္မင္း အရမ္းျမင့္ျမတ္သြားတယ္လို႔ ထင္ေနတာလား။ "

ဦးေလးခ်န္ကားက အျမန္ေမာင္းလာခဲ့တယ္။ ၿပီးေတာ့ ထန္းေမာ့က အဲ့တာကို အရင္ေတြ႕သြားတယ္။ ဆိုးသြမ္းလတဲ့ လူႀကီးက ေခ်ာင္လန္႔ေရွ႕မွာ ရပ္ေနၿပီး သူမကို ႐ိုက္ေတာ့မလိုမ်ိဳး သူ႔လက္ကိုေျမႇာက္လိုက္တယ္။

ထန္းေမာ့ မ်က္လုံးေတြ႐ုတ္တရက္ က်ဳံ႕သြားတယ္။ ထန္းေမာ့ ဘာမွေျပာဖို႔ေတာင္မလိုဘူး ဦးေလးခ်န္က ကားထဲကေန အျမန္ေျပးထြက္သြားၿပီး ေလာ့ညန္ကို တားလိုက္တယ္။

ေဘးနားမွာ ဒီတိုင္းရပ္ၾကည့္ေနတဲ့လူတစ္ခ်ိဳ႕ရွိတယ္။ သူတို႔ထဲက တစ္ခ်ိဳ႕က ေရွ႕ထြက္လာၿပီး ကူညီခ်င္တယ္။ ဒါေပမဲ့ သူတို႔မလုပ္ရဲၾကဘူး။ အခု လူတစ္ေယာက္ကအျမန္ထြက္လာတာကို ေတြ႕လိုက္ရေတာ့ သူတို႔ထဲက ၂ေယာက္ ၃ေယာက္ကလဲ ထြက္လာၿပီး ေလာ့ညန္ကို ေဘးကိုတြန္းလိုက္ၾကတယ္။

႐ုတ္တရက္ ေလာ့ညန္မ်က္ႏွာက ပိုၿပီး ဆိုးဝါးလာယ္။

လူေတြအမ်ားႀကီးရွိလာတာကို သူေတြ႕လိုက္ေတာ့ ဘာမွသိပ္မေျပာေတာ့ဘူး။ မထြက္သြားခင္မွာ သူက ေခ်ာင္လန္႔ကို မင္းေစာင့္ေန လို႔ ေျပာသြားတယ္။ ၿပီးေတာ့ ကားထဲဝင္သြားၿပီး ေမာင္းထြက္သြားတယ္။

ၿပီးသြားၿပီဆိုေတာ့ လူအုပ္ကလဲ လူစုကြဲသြားၾကတယ္။ သူတို႔လဲထြက္သြားၾကေရာ ေခ်ာင္လန္က ေဖ်ာ့ေတာ့ေနတဲ့ မ်က္ႏွာနဲ႔ ဦးေလးခ်န္ကို ၾကည့္လိုက္တယ္။ ၿပီးေတာ့ အေဝးမွာwheelchair ေပၚမွာ ထိုင္ေနတဲ့ ထန္းေမာ့ကို ၾကည့္လိုက္တယ္။ ၿပီးေတာ့ သူ႔ဆီေျပးသြားၿပီး " ထန္းေမာ့ နင္ဘယ္လိုလုပ္ ဒီေရာက္ေနတာလဲ "

ထန္းေမာ့က ေလာ့ညန္ထြက္သြားတဲ့ဘက္ကို ၾကည့္လိုက္တယ္။ ၿပီးေတာ့ သူ႔စိတ္ထဲမွာလဲ ထိန္းခ်ဳပ္လို႔မရတဲ့ ေဒါသေတြ တလိမ့္လိမ့္ထြက္ေနတာကို ခံစားလိုက္ရတယ္။ " အဲ့တာဘယ္သူလဲ!! "

Continue Reading

You'll Also Like

37.8M 1.1M 68
Deadly assassins Allegra and Ace have been trying in vain to kill each other for years. With a mutual enemy threatening their mafias, they find thems...