Candy Crush

By hunkyu

32.2K 1K 34

"ငါအဆင်သင့်ဖြစ်တဲ့အခါ မင်းဆီလာခဲ့မယ်' #တေဇာမောင် "အစတည်းက ငါကအရှုံးသမား‌ပါမောင်" #ဇေယျာဦး "ကို့ ကိုအရမ်းချစ်တ... More

အခန်း(၁)
အခန်း(၂)
အခန်း(၃)
အခန်း(၄)
အခန်း(၅)
အခန်း(၆)
အခန်း(၇)
အခန်း(၈)
အခန်း(၉)
အခန်း(၁၁)
အခန်း(၁၂)
အခန်း(၁၃)
အခန်း(၁၄)
အခန်း(၁၅)
အခန်း(၁၆)
အခန်း(၁၇)
အခန်း(၁၈)
အခန်း(၁၉)
အခန်း(၂၀)
အခန်း(၂၁)
အခန်း(၂၂)
အခန်း(၂၃)
အခန်း(၂၄)
အခန်း(၂၅)
အခန်း(၂၆)
အခန်း(၂၇)
အခန်း(၂၈)
အခန်း(၂၉)
အခန်း (၃၀)
အခန်း (၃၁)
အခန်း (၃၂)
အခန်း (၃၃)
အခန်း (၃၄)
အခန်း(၃၅)
အခန်း (၃၆)(ဇာတ်သိမ်းပိုင်း)
Notice
Q and A

အခန်း(၁၀)

689 25 0
By hunkyu

ဒီနေ့ဟာ မောင်နဲ့ပထမဆုံးရုပ်ရှင်အတူတူကြည့်ရမယ့်နေ့ဘဲ။ နှစ်ယောက်တည်းတော့မဟုတ်ပေ။ မနေ့ညက

"ဒေါက် ဒေါက်"

မောင့်အကြောင်းဒိုင်ယာရီရေးနေစဉ် အခန်းတံခါးလာခေါက်နေသည်မို့ ရေးလက်စကို သတ်ရင်းစာအုပ်အား လုံခြုံစွာသိမ်းလိုက်သည်။ပြီးနောက်တံခါးအားဖွင့်ကာ

"တံခါးဖွင့်ဖို့အရေး နှစ်တစ်ရာလောက်ကြာတယ်၊ ဘာတွေလုပ်နေလို့ဒီလောက်ကြာနေတာလဲ"

ပြောလဲပြောအခန်းထဲသို့ခွင့်တောင်းခြင်းအလျင်းမရှိဘဲဝင်လာသည်။ ဒီလိုဘဲ ကျွန်တော့်နှလုံးသားအိမ်ထဲကိုလဲ တံ‌ခါးမခေါက်ဘဲ သူ့ဘာသာနေရာဝင်ယူနေလေသည်။

"ဘာကိစ္စလဲ"

မောင်ကစာကြည့်စားပွဲဘေးက ခုံမှာထိုင်ပြီး ကျွန်တော်ကတော့ ကုတင်ပေါာတွင်သာထိုင်လိုက်သည်။ တော်သေးတယ် ခုနကစာအုပ်ကိုမသိမ်းဘဲဒီတိုင်းထားရင် ပြသနာတက်တော့မို့။မောင်ကခုံနားကိုသူ့လက်ထိပ်နဲ့ခေါက်နေရင်းပင်

"မနက်ဖြန် နွယ်နဲ့မိတ်ဆက်ပေးဖို့ငါပြောထားတာမေ့နေမှာစိုးလို့၊ လာအသိပေးတာ"
"မမေ့ပါဘူး၊ ဘယ်အချိန်လဲ"
" ၉နာရီ"
"ဟမ်အစောကြီးပါလား"
"မင်းလာနောက်နေတာလား၊ ၉နာရီက စောမလားကွ"
"မင်းခါတိုင်း ကျောင်းပိတ်ရက်ဆို၁၂နာရီမှထတာမဟုတ်ဘူးလား"

ကျွန်တော်ပြောပြီးမှ ကိုယ့်ပါးစပ်ကိုအပြစ်တင်မိသည်။ ဒါပေမယ့် မောင်ကသတိထားမိဟန်မတူဘဲ

" အချစ်နဲ့တွေ့ရမှာလေကွာ ပုံမှန်နဲ့တူပါ့မလားကွ၊ ဒါနဲ့"
ကျွန်တော့်ရင်ထဲဒိတ်ခနဲဖြစ်သွားမိသည်။
အကြောင်းမှာ မောင်က စာအုပ်စင်ဘက်ကို မျက်နှာမူရင်းပြောနေသည်မို့ပင်။

"မင်းမှာ စာအုပ်တွေရှိတာဘဲကွ ၊ငါ့ကိုလဲငှားဖတ်ကွာဇေယျာ"

ထိုသို့မှသာ ကျွန်တော့်မှာသက်ပြင်းခိုးချမိသည်။ မောင်လိုချင်ရင် ငါ့စာအုပ်တွေတင်မဟုတ်ဘူး။ ငါ့ကိုယ်ငါပါ အပိုင်ပေးချင်တယ်။ ဒါတွေကိုမောင်တစ်ယောက်သိမှာမဟုတ်ပါဘူးလေ။ ဒါပေမယ့် ငါကနေပြီးမောင့်ဆီတိုက်ရိုက်မသိစေရဘူး။ မောင် ငါ့အချစ်တွေကို သိလာမှာပါ။ငါ့ဆီကနေမဟုတ်ဘဲ။ ကျွန်တော့် ပြုံးလိုက်မိသည်။ ချိုမြိန်တဲ့အပြုံးမဟုတ်တာတော့သေချာသည်။

"မင်းဖတ်ချင် ယူလေ"
"အေး အာ့ဆို ၊ ငါဒီတစ်အုပ်ယူသွားမယ်
မနက်ကျ စောစောထနော်ဟျောင့်"
"အေးပါကွာ"

မောင်တစ်ယောက်အခန်းထဲကထွက်သွားပြီးနောက် မောင်ယူသွားတဲ့စာအုပ်နေရာကိုကြည့်မိတော့ မောင်ယူသွားတဲ့စာအုပ်က
ဆရာချစ်ဦးညိုရဲ့ လက်ာဒီပချစ်သူဆိုတဲ့စာအုပ်ပင်ဖြစ်သည်။ ကျွန်တော်ပြုံးမိပြန်သည်။ ဒီတခါတော့ကျေကျေနပ်နပ်အပြုံးပင်ဖြစ်သည်။
~ဒသက မယ်သီတာ့ကို
ရာမလက်ထဲပြန်ထည့်ပေမယ့်
ငါကတော့ ရာမကိုယ်တိုင်
ငါ့လက်ထဲထားခဲ့ဖို့ပိုမျှော်လင့်တယ်~
# Irena

Continue Reading

You'll Also Like

339K 18.5K 56
A Love Story ( Own Characters ) ဘုဏ်းဇေယျာကျော်xရှင်းသန့်တည်ကြည် " မင်းသားလေး...မင်း ငါ့အပေါ် သိပ်သဘောကောင်းတာပဲ၊ ငါ့မေမေကပြောတယ်၊ အသက်ကြီးလို့ လက်ထ...
374K 17.2K 65
Love is a thing that if you'll find, never can see it but you will meet this nearly or by chance.
420K 24.4K 78
သံမဏိနှင်း‌ဆီ-Book Announcement
172K 10.7K 22
Uni "ခင်ဗျားက ရွာသူကြီးဆိုတော့ ခင်ဗျားကိုကျုပ်ယူလိုက်ရင် ကျုပ်ဒီရွာကိုပိုင်ပြီမလား?" -မင်းတစ်ခေတ်- "ခင်...