ဗီလိန်ရဲ့ လမ်းပြကြယ်

By CrystalKyi

783K 131K 3.7K

ဝတ္ထုစာအုပ်ထဲကို ဝိဉာဉ္ကူးပြောင်းလာတဲ့ ချောင်လန်တစ်ယောက် သူမရဲ့ နေရာက ဇာတ်လိုက် မင်းသားကို ကြိုက် မိသွားတဲ့ ဗ... More

မိတ်ဆက်
အပိုင်း (၁)
အပိုင်း(၂)
အပိုင်း(၃)
အပိုင်း(၄)
အပိုင်း(၅)
အပိုင်း(၆)
အပိုင်း (၇)
အပိုင်း(၈)
အပိုင်း(၉)
အပိုင်း(၁၀)
အပိုင်း(၁၁)
အပိုင်း(၁၂)
အပိုင်း(၁၃)
အပိုင်း(၁၄)
အပိုင်း(၁၅)
အပိုင်း(၁၆)
အပိုင်း(၁၇)
အပိုင်း(၁၈)
အပိုင်း(၁၉)
အပိုင်း(၂၀)
အပိုင်း(၂၁)
အပိုင်း(၂၂)
အပိုင်း(၂၃)
အပိုင်း(၂၄)
အပိုင်း(၂၅)
အပိုင်း(၂၆)
အပိုင်း(၂၇)
အပိုင်း(၂၈)
အပိုင်း(၂၉)
အပိုင်း (၃၀)
အပိုင်း(၃၁)
အပိုင်း(၃၂)
အပိုင်း(၃၃)
အပိုင်း (၃၄)
အပိုင်း(၃၅)
အပိုင်း(၃၆)
အပိုင်း(၃၇)
အပိုင်း(၃၈)
အပိုင်း(၃၉)
အပိုင်း(၄၀)
အပိုင်း(၄၁)
အပိုင်း(၄၂)
အပိုင်း(၄၃)
အပိုင်း(၄၄)
အပိုင်း(၄၅)
အပိုင်း(၄၆)
အပိုင်း(၄၇)
အပိုင်း(၄၈)
အပိုင်း(၄၉)
အပိုင်း(၅၀)
အပိုင်း(၅၁)
အပိုင်း(၅၂)
အပိုင်း(၅၃)
အပိုင်း(၅၄)
အပိုင်း(၅၅)
အပိုင်း(၅၆)
အပိုင်း(၅၇)
အပိုင်း(၅၈)
အပိုင်း(၅၉)
Not Upade!!!
အပိုင်း(၆၀)
အပိုင်း(၆၁)
အပိုင်း(၆၂)
အပိုင်း(၆၃)
အပိုင်း(၆၄)
အပိုင်း(၆၅)
အပိုင်း(၆၆)
အပိုင်း(၆၇)
အပိုင်း(၆၈)
အပိုင်း(၆၉)
အပိုင်း(၇၀)
အပိုင်း(၇၁)
အပိုင်း(၇၂)
အပိုင်း(၇၃)
အပိုင်း(၇၄)
အပိုင်း(၇၅)
အပိုင်း(၇၆)
အပိုင်း(၇၇)
အပိုင်း(၇၈)
အပိုင်း(၇၉)
အပိုင်း(၈၀)
အပိုင်း(၈၁)
အပိုင်း(၈၂)
အပိုင်း(၈၃)
အပိုင်း(၈၄)
အပိုင်း(၈၅)
အပိုင်း(၈၆)
အပိုင်း(၈၇)
အပိုင်း(၈၈)
အပိုင်း(၈၉)
အပိုင်း(၉၀)
အပိုင်း(၉၁)
အပိုင်း(၉၂)
အပိုင်း(၉၃)
အပိုင်း(၉၄)
အပိုင်း(၉၆)
အပိုင်း(၉၇)
အပိုင်း(၉၈)
အပိုင်း(၉၉)
အပိုင်း(၁၀၀)
အပိုင်း(၁၀၁)
အပိုင်း(၁၀၂)
အပိုင်း(၁၀၃)
အပိုင်း(၁၀၄)
အပိုင်း(၁၀၅)
အပိုင်း(၁၀၆)
အပိုင်း(၁၀၇)
အပိုင်း(၁၀၈)
အပိုင်း(၁၀၉)
အပိုင်း(၁၁၀)
အပိုင်း(၁၁၁)
အပိုင်း(၁၁၂)
အပိုင်း(၁၁၃)
အပိုင်း(၁၁၄)
အပိုင်း(၁၁၅)
အပိုင်း(၁၁၆)
အပိုင်း(၁၁၇)
အပိုင်း(၁၁၈)
အပိုင်း(၁၁၉)
အပိုင်း(၁၂၀)
အပိုင်း(၁၂၁)
အပိုင်း(၁၂၂)
အပိုင်း(၁၂၃)
အပိုင်း(၁၂၄)
အပိုင်း(၁၂၅)
အပိုင်း(၁၂၆)
အပိုင်း(၁၂၇)
အပိုင်း(၁၂၈)
အပိုင်း(၁၂၉)
အပိုင်း(၁၃၀)
အပိုင်း(၁၃၁)
အပိုင်း(၁၃၂)
အပိုင်း(၁၃၃)
အပိုင်း(၁၃၄)
အပိုင်း(၁၃၅)
အပိုင်း(၁၃၆)
အပိုင်း(၁၃၇)
အပိုင်း(၁၃၈)
အပိုင်း(၁၃၉)
အပိုင်း(၁၄၀)
အပိုင်း(၁၄၁)
အပိုင်း(၁၄၂)
အပိုင်း(၁၄၃)
အပိုင်း(၁၄၄)
အပိုင်း(၁၄၅)
အပိုင်း(၁၄၆)
အပိုင်း(၁၄၇)
အပိုင်း(၁၄၈)
အပိုင်း(၁၄၉)

အပိုင်း(၉၅)

4.1K 691 12
By CrystalKyi

Unicode
တနင်္ဂနွေနေ့မှာ ချောင်လန်က ပုံမန်လိုပဲ ဘတ်စ်ကားစီးပြီး ကျောင်းကိုပြန်ဖို့ လုပ်လိုက်တယ်။ ဘာပဲပြောပြော သူမက တနင်္ဂနွေညကျ နောက်ကျတဲ့အထိ စာလုပ်ရမှာလေ။ ဒါပေမဲ့ အပြင်မှာ မိုးသည်းနေလိမ့်မယ်လို့တော့ သူမမထင်ထားခဲ့ဘူး။

ဦးလေးချန်က အပြင်ကို တစ်ချက်ကြည့်လိုက်ပြီး အနောက်ကိုလှည့်လိုက်ကာ ချောင်လန့်ကို ပြောလိုက်တယ်။ " လန်လန် ဒီနေ့အလောတကြီးမသွားနဲ့တော့။ ခဏနေရင် ဦးလေး သမီးကို ကျောင်းကို လိုက်ပို့ပေးမယ်။ မငြင်းနဲ့နော်။ အပြင်မှာ မိုးက အရမ်းသည်းနေတာ။ သမီးကိုလိုက်ပို့ရလို့လဲ အလုပ်မရှုပ်သွားပါဘူး။ "

အဲ့လိုပြောလိုက်တော့ ချောင်လန်က မငြင်းနိုင်တော့ဘူး။ ဦးလေးချန်ကို ကျေးဇူးတင်လိုက်ပြီး သူမက ၄နာရီထိုးခါနီးအထိ စောင့်နေခဲ့တယ်။ ပြီးတော့မှ ဦးလေးချန်နောက်ကို လွယ်အိတ်လေးလွယ်ပြီး လိုက်သွားခဲ့တယ်။

အထက်တန်းကျောင်းသား ကျောင်းသူတွေက တနင်္ဂနွေညဆို နောက်ကျတဲ့အထိ စာလုပ်ရတယ်။ အဲ့တာကြောင်း ကျောင်းသားကျောင်းသူ တော်တော်များများက အိမ်စာလုပ်ဖို့ စောစောလာကြတယ်။ ဒီအချိန်ဆို ကျောင်းဂိတ်ပေါက်ဝမှာ လူတွေမှ အများကြီးပဲ။ ချောင်လန် ကားထဲကနေထွက်ပြီးတော့ ကျောင်းထဲကို ဝင်သွားပြီးသွားတော့ ဘယ်အခန်းကမှန်း မသိတဲ့ ကောင်မလေးတစ်ချို့က တုံ့ဆိုင်းတုံ့ဆိုင်းနဲ့ မေးလိုက်တယ်။ " ခုနကဟာက ချောင်လန်မလား "

" ဟုတ်လား " ကောင်မလေးတစ်ချို့က လှမ်းကြည့်လိုက်ကြတယ်။ အခုလက်ရှိမှာ ဒီကျောင်းထဲမှာ ချောင်လန်ကဘယ်သူလဲဆိုတာ မသိတဲ့လူမရှိဘူးလေ။

" သူမက ခုနတုန်းက အဲ့ကားပေါ်ကနေ ဆင်းလာတာလား.. "

ကောင်မလေးက မသေမချာနဲ့ပြောလိုက်တယ်။ " အဲ့ကားက ထန်းမော့ကို နေ့တိုင်းနေ့ လာလာကြိုနေတဲ့ ကားဖြစ်ဖို့များတယ်။ ငါ သိပ်မကြာခင်တုန်းက ကျောင်းဖိုရမ်မှာ အဲ့ကားရဲ့ဈေးက ဂဏာန်း၈လုံးလောက်တောင် ရှိတယ်လို့ မြင်မိသလိုပဲ..... "

ဒီကိစ္စကို သိပ်ပြီးအာရုံမစိုက်ဖြစ်တဲ့ကောင်မလေးတွေက ဂဏာန်၈လုံးဆိုတာကို ကြားလိုက်ရတော့ လန့်သွားကြတယ်။ ဒါပေမဲ့ အဲ့တာပြီးသွားတော့ ပြဿနာကို ရှာတွေ့သွားခဲ့တယ်။

" အဲ့တာဆို ထန်းမော့ကို နေ့တိုင်းနေ့ အကြိုအပို့လုပ်နေတဲ့ ကားက ဒီနေ့ချောင်လန့်ကို ကျောင်းကို လိုက်ပို့တာလား?? "

အားလုံး တိတ်ဆိတ်သွားကြတယ်။

သူတို့က အခန်း၁၈က ကျောင်းသားကျောင်းသူတွေ မဟုတ်ကြပါဘူး။ ဒါပေမဲ့ အရင်တုန်းက ဟောင်ရင်က ချောင်လန့်ကို အရမ်းကို ပေါ်ပေါ်ထင်ထင်ကြီး လိုက်ခဲ့တာကြောင့် သူမအကြောင်းနည်းနည်းပါးပါးကို သိနေကြတာလေ။ အတင်းသိပ်မပြောတက်တဲ့ ကျောင်းသား ကျောင်းသူတွေတောင် ဒီကိစ္စကို အများကြီး သိထားကြတယ်လေ။ ပြီးတော့ အတင်းပြောရတာကြိုက်တဲ့သူတွေဆို ချောင်လန်နဲ့ ရင်းနီးတဲ့ ကောင်လေးတွေကိုတောင် ရွေးထုတ်ပြီးပြောခဲ့တာလေ။ သူတို့ထဲက တစ်ချို့က ထန်းမော့နာမည်ကို ထုတ်ပြောသွားကြတယ်။

သူက အထက်တန်းပထမနှစ်ထဲက ချောင်လန့်အတန်းဖော်လို့ ပြောကြတယ်။ ပြီးတော့ အဲ့အချိန်တုန်းက ချောင်လန်က ထန်းမော့နဲ့ တစ်စားပွဲထဲ တူတူထိုင်တာတဲ့။ ပြီးတော့ အဲ့အချိန်တုန်းက ထန်းမော့ကချောင်လန်ကလွဲရင် အားလုံးကို လျစ်လျူရှုထားတာတဲ့။

အရင်တုန်းကတော့ သူတို့ဆက်ဆံရေးက ကောင်းတယ်လို့ ခေါ်လို့ရတာပေါ့။ ဒါပေမဲ့ ဒီနေ့ ဦးလေးချန်က ချောင်လန့်ကို လိုက်ပို့တာကို တစ်ချို့လူတွေကမြင်သွားပြီးတဲ့နောက်မှာတော့ ဒီကိစ္စက ပြောပြလို့မရနိုင်အောင် နည်းနည်း ရင်းနီးလွန်းတဲ့ပုံပေါ်လာတယ်။

ပြီးတော့ ပြောပြလို့မရနိုင်တဲ့ ထူးဆန်းမှု တစ်ခုလဲ ဖြစ်လာတယ်။

ကောင်မလေးတစ်ယောက်ကိုပဲ စကားပြောတဲ့ ကောင်လေး.... သူက ကောင်မလေးကို နေ့တိုင်းနေ့ စာပြန်သင်ပေးတယ်။ ပြီးတော့ တစ်ခါတစ်လေကျ သူမကို လိုက်တောင်ပို့သေးတယ်။ အခုသူက သူမကို အထူးကားနဲ့တောင် လိုက်ပို့လိုက်သေးတယ်။ တစ်ကယ်လို့ ဒီနေရာမှာ တစ်ခြားလူအစားထိုးလိုက်မယ်ဆိုရင်တော့ သူတို့၂ယောက်အကြောင်း အီစီကလီ ကောလဟာလတွေ ထွက်တော့မှာ သေချာသလောက်ရှိတယ်လေ။

ဒါပေမဲ့ ဇာတ်လိုက်က ထန်းမော့လို့ ပြောင်းသွားတာနဲ့ တစ်ပြိုင်နက် ဒီကိစ္စက ဒီလိုမဖြစ်သင့်ဘူးလို့ အားလုံးကထင်သွားကြတယ်။

ဒီလိုမဖြစ်သင့်ဘူး။ ဒါပေမဲ့ အခြေအနေက အရမ်းကိုမရေမရာ မပြတ်မသားဖြစ်နေတယ်။ အဲ့တာကြောင့် ပိုပြီးထူးဆန်;ပြီး ပိုပြီး စိတ်မသက်မသာ ခံစားရစေတာပဲ။

" ငါက အရင်တုန်းက ငါ့သူငယ်ချင်းတစ်ယောက်ဆီက ကြားဖူးတယ်။ သူမနဲ့ ချောင်လန့်အခန်းဖော်တို့က ဆက်ဆံရေးကောင်းလို့လေ။ ချောင်လန့်အခန်းဖော်က ပြောတာတော့ ချောင်လန့်အိမ်က အရမ်းကိုအခြေအနေဆိုးဝါးတယ်တဲ့။ အဲ့တာကြောင့် ချောင်လန်က ထန်းမော့ကို တမင်သက်သက် သွားကပ်တာတဲ့။ ဘာပဲပြောပြော ထန်းမော့မိသားစုက အရမ်းချမ်းသာတာပဲကို။ "

" မဖြစ်နိုင်ပါဘူး။ ငါတော့ ချောင်လန်က အဲ့လိုလူမျိုးလို့ မထင်ပါဘူး။ မဟုတ်ရင် သူမက ဘာလို့ ဟောင်ရင်သူမကိုလိုက်တုန်းက ငြင်းခဲ့မှာလဲ။ ဟောင်ရင့်မိသားစုက ပိုက်ဆံမရှိဘူးလို့ နင်ထင်လို့လား။ "

" အဲ့တာဆို သူမက ဘာလို့ ထန်းမော့အပေါ်ကောင်းရုံတင်မကဘဲ အခု ထန်းမော့ကားစီးပြီး ကျောင်းကို ရောက်လာရတာလဲ။ "

ချောင်လန်ကတော့ ဘာတွေဖြစ်နေမှန်း မသိခဲ့ဘူး။ ညနေခင်း စာလုပ်နေတုန်း ပိုင်ယွီက သူမမျက်နှာကို လာတို့တယ်။ ပြီးတော့ ချောင်လန့်ကို အသံတိုးတိုးလေးနဲ့ မေးလိုက်တယ်။ " လန်လန် နင်ဒီနေ့ ကျောင်းကို ဘာနဲ့လာတာလဲ "

ချောင်လန်က ပိတ်ရက်ဆို ထန်းမော့အိမ်ကို သွားတယ်ဆိုတဲ့အကြောင်းကို သူမကို မပြောပြခဲ့ဘူး။ သူမက အဲ့တာကို ဒီတိုင်းမပြောဘဲ ထားချင်နေတယ်။ ဒါပေမဲ့ ရုတ်တရက် ပိုင်ယွီစကားက တစ်ခုခုမှားနေတယ်လို့ ခံစားနေရတယ်။ " ဘာဖြစ်လို့လဲ "

" တစ်ယောက်ယောက်က နင်ထန်းမော့ကားပေါ်ကနေ ဆင်းလာတဲ့ပုံကို ဓာတ်ပုံရိုက်ထားလိုက်တာလေ။ အခု လူတွေအများကြီးက ဒီအကြောင်းကို ပြောနေကြပြီ။ "

ချောင်လန်က လန့်သွားပြီး ပိုင်ယွီ့ဖုန်းကို ကြည့်လိုက်တယ်။ တစ်ယောက်ယောက်က ဒီနေ့သူမ ဦးလေးချန်ကားထဲကနေ ဆင်းလာတဲ့ပုံကို တင်ထားပြီး ဒီကားက ထန်းမော့ကားဖြစ်မှာ သေချာပေါက်ပဲဆိုပြီး ပြောထားတယ်။

အခုလက်ရှိမှာ ချောင်လန်၊ ဟောင်ရင်၊ ချန်ယောင်းရန် အစရှိသဖြင့် အဲ့လိုနာမည်တွေပါလာတာနဲ့ အတင်းအဖျင်းတွေအကုန်လုံးက ချက်ချင်းကို ပေါက်ထွက်ကုန်တော့တယ်။ ဒါပေမဲ့ တစ်ချို့လူတွေက တမင်သက်သက် စနောက်ပြီး ပြောထားသေးတယ်.... ကျောင်းရဲ့အလှပကေးလေးက ဟောင်ရင့်ရဲ့ နှင်းဆီပန်းတွေကိုကျ ငြင်းလွှတ်ပြီး ထန်းမော့ရဲ့ ဇိမ်ခံကားကိုကျတော့ မငြင်းဘူး ဆိုပြီးပေါ့။

ဒီလို စနောက်ပုံပေါ်တဲ့ မှတ်ချက်တွေက ချောင်လန့်ကို ထေ့ငေါ့ပြီးပြောထားတာကိုတော့ မဖုံးနိုင်ပါဘူး။ နောက်တစ်ယောက်ကလဲ အဲ့ပုံစံအတိုင်းလိုက်ပြီး ပြောထားသေးတယ်။ ချောင်လန်က ထန်းမော့နဲ့ အဆက်အသွယ်လုပ်တာက ထန်းမော့မိသားစုကြောင့်တဲ့လေ။

ချောင်လန့်အခြေအနေက ပိုပိုပြီး ကောင်းလာနေပေမဲ့ သူမကို မကြိုက်တဲ့သူတွေလဲ ပိုပိုများလာတယ်။ အထူးသဖြင့် ကောင်မလေးတွေပေါ့။ ချောင်လန်က သူတို့ထဲက အများစုကို မသိပေမဲ့လို့လေ။

အခုဒီလူတွေက ဟောင်ရင့်အတွက် မတရားသလိုခံစားရတဲ့ အသံတွေနဲ့ ပြောနေကြတယ်လေ။ ဘာတဲ့.... ဟောင်ရင့်ကို မသန်စွမ်းတဲ့လူနဲ့ နှိုင်းယှဥ်နေတာက သူ့ကိုစော်ကားတာနဲ့ တူတူပဲတဲ့လေ။

ချောင်လန့်မျက်နှာက အရမ်းကို ကြည့်ရဆိုးသွားတယ်။

ဒီဟာဖြစ်လာရတာက သူမကိုယ်တိုင်နဲ့ ထန်းမော့ကြောင့်လား၊ ဒါမှမဟုတ် ဒီကျောင်းက ကျောင်းသူကျောင်းသားတွေကပဲ ဒီလိုအရမ်းစိတ်ပျက်စရာကောင်းလို့လားတော့ သူမလဲ မသိတော့ဘူး။ လူတွေအများကြီးက ဘာလို့ သူစိမ်းတစ်ယောက်ကို ဒီလို ဟောင်ဖွာဖွာနိုင်ပြီး ရွံစရာကောင်းတဲ့ အချိုးတွေနဲ့ judge လုပ်ရတာကို ကြိုက်ကြတာမှန်း သူမတော့ မသိတော့ဘူး။

ဒီလိုလုပ်လိုက်တာက သူတို့အတွက် ဘာအကျိုးကျေးဇူးများ ယူဆောင်လာပေးနိုင်လို့လဲ??

စိတ်ပိုင်းဆိုင်ရာ နှစ်သိမ့်မှု???

ချောင်လန်က စဥ်းစားလို့လဲမရဘူး။ ပြီးတော့ တွေးလဲ မတွေးချင်တော့ဘူး။ ဒီဟာကိုမြင်လိုက်ရတော့ သူမရဲ့ ပထမဆုံး တုံ့ပြန်မှုက ထန်းမော့ကို ဒီလိုအရှုပ်အရှုပ်တွေကို မမြင်စေချင်တာပဲ။ ချောင်လန်က ပိုင်ယွီကို ဖုန်းပြန်ပေးလိုက်ပြီး ပြောလိုက်တယ်။ " ထန်းမော့ကို ဒီလိုဟာတွေသွားမပြနဲ့နော်။ ပြီးတော့ ထန်းမော့ရှိနေတဲ့အချိန်ကျ ဒီအကြောင်းကို မပြောနဲ့။ "

ဒါပေမဲ့ ထူးဆန်းနေတဲ့ ပတ်ဝန်းကျင်ကို သိနိုင်နေတဲ့ ထန်းမော့ရဲ့စွမ်းရည်က သူမထက် အဆပေါင်းများစွာ သာတယ်ဆိုတာ ချောင်လန်က မေ့သွားခဲ့တယ်။

ဘာတွေဖြစ်ခဲ့တာလဲတော့ သူမသိဘူး။ ဒါပေမဲ့ သူ့ကိုသေသေချာချာမသိတဲ့လူတွေရဲ့ အကြည့်တွေက သူ့အပေါ်ရောက်နေမှန်း သူခံစားလို့ရနေတယ်။

ဒါပေမဲ့ သူ့ဘေးနားက ဘယ်သူမှ သူ့ကို ဘာတွေဖြစ်ခဲ့တာလဲဆိုတာ မပြောပြကြဘူး။

အချိန်က နောက်တစ်ပတ် PE ချိန်ဖြစ်တယ်။ အားလုံးက စာသင်ခန်းထဲက ထွက်သွားကြတယ်။ ထန်းမော့က စာသင်ခန်းထဲမှာ ထိုင်နေပြီး စာဖတ်နေတယ်။ နေပူထဲမှာ ပြေးလွှားမနေချင်တဲ့ ကောင်မလေးတွေက စာသင်ဆောင်ဘေးက အရိပ်လေးထဲကို ပြေးလာကြပြီး စကားပြောနေကြတယ်။ ထန်းမော့က အဲ့ဒီလူတွေပြောတဲ့စကားတွေကို နားထောင်နိုင်တဲ့ စိတ်ခြေအနေမဟုတ်ဘူး။ ဒါပေမဲ့ ရုတ်တရက် သူကချောင်လန့်နာမည်ကို ကြားသွားတယ်။

ထန်းမော့က ဘယ်တုန်းကမှ ချောင်လန်နဲ့တစ်ခြားသူတွေကို သူ့အတွေးတွေကို ပေးမသိရဲခဲ့ဘူး။ သူ့ရဲ့ပျက်စီးနေတဲ့ ခန္ဓာကိုယ်က ချောင်လန့်ကို အတင်းအဖျင်းတွေကို ယူဆောင်လာပေးမှာကို သူကကြောက်နေလို့လေ။ ဒါပေမဲ့ အခု ဘယ်ကနေဘယ်လိုပျံ့သွားမှန်းမသိတဲ့ အဲ့အတင်းအဖျင်းတွေက သူအရင်တုန်းက ခန့်မှန်းထားတာထက်တောင် ပိုပြီးလက်ခံနိုင်စရာမကောင်းလောက်အောင်ဖြစ်နေမယ်လို့တော့ ထန်းမော့ ဘယ်တုန်းကမှ မထင်ထားခဲ့ဘူး။

" အဲ့တာက ချောင်လန်မလား။ သူမက အားလုံးပြောသလိုပဲ ထန်းမော့မိသားစုက ချမ်းသာလို့ အဲ့တာကြောင့် သူမက ထန်းမော့ကို တမင်သက်သက် ချဥ်းကပ်တာလို့ နင်ထင်လား။ "

" ငါတော့ အဲ့လိုမထင်ဘူး " တစ်ယောက်ယောက်ကပြောလိုက်တယ်။ " ချောင်လန်က ထန်းမော့အပေါ် တစ်ကယ်ကောင်းတာလို့ ငါတော့ထင်တာပဲ။ "

" ငါတော့ တစ်ကယ်နားမလည်နိုင်တော့ဘူး။ ထန်းမော့က ဘယ်လိုလုပ် ဟောင်ရင့်ကို ယှဥ်လို့ရမှာလဲ။ ချောင်လန်က ကန်းနေတာလား?? "

ဒီစာကြောင်းရဲ့ အဓိပ္ပာယ်ကို ထန်းမော့က အပြည့်အဝနားမလည်သေးဘူး။ ဒါပေမဲ့ နောက်လာမဲ့စာကြောင်းက သူ့ရဲ့စိတ်ကို လုံးလုံး ပြိုလဲကျသွားစေတယ်။

" နင်ဒါကို နားမလည်ဘူးမလား " ကောင်မလေးက အကြာကြီး ရယ်လိုက်တယ်။ " နင် စာလုံးတစ်လုံးကို ကြားဖူးလား "

" ဘာကြီးလဲ?? "

" မူခန် (Mu Can) "

(TN: Mu Can ဆိုတာ မူခန် လား မူချန်လား သေချာတော့မသိဘူး။ ချန်ဆို ch ဖြစ်ရလို့ထင်တာပဲ။ သေချာမသိလို့ pinyin ပါ ထည့်ရေးပေးလိုက်တယ်နော်။ Mu Can ဆိုတာက sexual orientation တစ်မျိုးပဲတဲ့။ အဲ့တာက မသန်စွမ်းတဲ့လူတွေကို ပိုသဘောကျတဲ့လူ၊ ဒါမှမဟုတ် မသန်မစွမ်းဖြစ်ရမှာကို လိုလားတဲ့လူ ကိုညွှန်းဆိုတာတဲ့။)

ထန်းမော့ကြီးပြင်းလာရင်းနဲ့ မရေမတွက်နိုင်တဲ့ ဆဲဆိုမှု ၊ စော်ကားမှုတွေကို ကြားဖူးတယ်။ အစတုန်းကတော့ အဲ့လိုဟာတွေကြားရရင် စိတ်တိုလာပြီး ထိန်းမရတာတွေဖြစ်လာတယ်။ ဒါပေမဲ့ ကြီးလာတာနဲ့အမျှ သူက တစ်ခြားသူတွေပြောတာတွေ တစ်ခြားသူတွေ တွေးတာတွေကို ဂရုမစိုက်တော့ဘူး။ သူတို့ရဲ့ မှတ်ချက်တွေက သူ့ကို ထပ်ပြီး ဒေါသမထွက်စေနိုင်တော့ဘူး။

ဒါပေမဲ့ တစ်နေ့ကျ တစ်ယောက်ယောက်ကို စကားကြမ်းကြမ်းနဲ့တောင် မပြောရက်တဲ့ သူမကို သူ့ကြောင့်မလို့ ဒီလိုအရုပ်ဆိုးလှတဲ့ စကားလုံးကြီးနဲ့ ခေါင်းစဥ်အတပ်ခံရလိမ့်မယ်လို့ သူဘယ်တုန်းကမှ မတွေးထားခဲ့ဖူးဘူး။

Mu Can...

အဲ့စာလုံး၂လုံးပြောပြီးသွားတာနဲ့ ထန်းမော့ အသက်ရှူရတာတောင် အရမ်းခက်ခဲလာတယ်လို့ ခံစားလာရတယ်။ သူမက သူ့အပေါ်ကြင်နာတာကြောင့်မလို့ ၊ သူမက အရမ်းကြင်နာတက်တာကြောင့်မလို့..... အဲ့တာကြောင့် ဒီလိုယုတ်ညံ့တဲ့ စကားလုံးတွေကို သူမက ရှင်းပြလို့မရနိုင်လောက်အောင် သည်းခံပြီးနေနေရတယ်။

ဒါတွေအားလုံးက သူ့ကြောင့်ပဲ။

နောက်ဆုံးတော့ ထန်းမော့နားလည်သွားပြီ။ ဒီရက်ပိုင်းအတွင်း အားလုံးက သူ့ကို ကြည့်နေကြတဲ့ ထူးဆန်းတဲ့ အကြည့်တွေရဲ့ နောက်ကွယ်က အကြောင်းကိုပေါ့။

ဒါကို ချောင်လန်မသိဘူးဆိုတာ မဖြစ်နိုင်ဘူး။ ဒါပေမဲ့ ချောင်လန်က သူ့ကို မပြောပြခဲ့ဘူး။ အကြောင်းရင်းကတော့ ခန့်မှန်းရမခက်ပါဘူး။ ဒါပေမဲ့ ထန်းမော့က ရင်ထဲထိသွားတယ်လို့ မခံစားရဘူး။ သူ့ရဲ့ဒေါသတွေ ပြီးတော့ နောင်တတွေက သူ့ခေါင်းထဲက တစ်ခြားခံစားချက်တွေအကုန်လုံးကို ရှင်းထုတ်သွားတယ်။ မြက်ခင်းကိုလောင်နေတဲ့ မီးလိုပဲ အထိန်းအကွတ်မရှိ ပျံ့နှံ့သွားနေတယ်။

Zawgyi
တနဂၤေႏြေန႔မွာ ေခ်ာင္လန္က ပုံမန္လိုပဲ ဘတ္စ္ကားစီးၿပီး ေက်ာင္းကိုျပန္ဖို႔ လုပ္လိုက္တယ္။ ဘာပဲေျပာေျပာ သူမက တနဂၤေႏြညက် ေနာက္က်တဲ့အထိ စာလုပ္ရမာေလ။ ဒါေပမဲ့ အျပင္မွာ မိုးသည္းေနလိမ့္မယ္လို႔ေတာ့ သူမမထင္ထားခဲ့ဘူး။

ဦးေလးခ်န္က အျပင္ကို တစ္ခ်က္ၾကည့္လိုက္ၿပီး အေနာက္ကိုလွည့္လိုက္ကာ ေခ်ာင္လန္႔ကို ေျပာလိုက္တယ္။ " လန္လန္ ဒီေန႔အေလာတႀကီးမသြားနဲ႔ေတာ့။ ခဏေနရင္ ဦးေလး သမီးကို ေက်ာင္းကို လိုက္ပို႔ေပးမယ္။ မျငင္းနဲ႔ေနာ္။ အျပင္မွာ မိုးက အရမ္းသည္းေနတာ။ သမီးကိုလိုက္ပို႔ရလို႔လဲ အလုပ္မရႈပ္သြားပါဘူး။ "

အဲ့လိုေျပာလိုက္ေတာ့ ေခ်ာင္လန္က မျငင္းႏိုင္ေတာ့ဘူး။ ဦးေလးခ်န္ကို ေက်းဇူးတင္လိုက္ၿပီး သူမက ၄နာရီထိုးခါနီးအထိ ေစာင့္ေနခဲ့တယ္။ ၿပီးေတာ့မ ဦးေလးခ်န္ေနာက္ကို လြယ္အိတ္ေလးလြယ္ၿပီး လိုက္သြားခဲ့တယ္။

အထက္တန္းေက်ာင္းသား ေက်ာင္းသူေတြက တနဂၤေႏြညဆို ေနာက္က်တဲ့အထိ စာလုပ္ရတယ္။ အဲ့တာေၾကာင္း ေက်ာင္းသားေက်ာင္းသူ ေတာ္ေတာ္မ်ားမ်ားက အိမ္စာလုပ္ဖို႔ ေစာေစာလာၾကတယ္။ ဒီအခ်ိန္ဆို ေက်ာင္းဂိတ္ေပါက္ဝမွာ လူေတြမွ အမ်ားႀကီးပဲ။ ေခ်ာင္လန္ ကားထဲကေနထြက္ၿပီးေတာ့ ေက်ာင္းထဲကို ဝင္သြားၿပီးသြားေတာ့ ဘယ္အခန္းကမွန္း မသိတဲ့ ေကာင္မေလးတစ္ခ်ိဳ႕က တုံ႔ဆိုင္းတုံ႔ဆိုင္းနဲ႔ ေမးလိုက္တယ္။ " ခုနကဟာက ေခ်ာင္လန္မလား "

" ဟုတ္လား " ေကာင္မေလးတစ္ခ်ိဳ႕က လမ္းၾကည့္လိုက္ၾကတယ္။ အခုလက္ရွိမွာ ဒီေက်ာင္းထဲမွာ ေခ်ာင္လန္ကဘယ္သူလဲဆိုတာ မသိတဲ့လူမရွိဘူးေလ။

" သူမက ခုနတုန္းက အဲ့ကားေပၚကေန ဆင္းလာတာလား. "

ေကာင္မေလးက မေသမခ်ာနဲ႔ေျပာလိုက္တယ္။ " အဲ့ကားက ထန္းေမာ့ကို ေန႔တိုင္းေန႔ လာလာႀကိဳေနတဲ့ ကားျဖစ္ဖို႔မ်ားတယ္။ ငါ သိပ္မၾကာခင္တုန္းက ေက်ာင္းဖိုရမ္မွာ အဲ့ကားရဲ႕ေဈးက ဂဏာန္း၈လုံးေလာက္ေတာင္ ရွိတယ္လို႔ ျမင္မိသလိုပဲ.. "

ဒီကိစၥကို သိပ္ၿပီးအာ႐ုံမစိုက္ျဖစ္တဲ့ေကာင္မေလးေတြက ဂဏာန္၈လုံးဆိုတာကို ၾကားလိုက္ရေတာ့ လန္႔သြားၾကတယ္။ ဒါေပမဲ့ အဲ့တာၿပီးသြားေတာ့ ျပႆနာကို ရွာေတြ႕သြားခဲ့တယ္။

" အဲ့တာဆို ထန္းေမာ့ကို ေန႔တိုင္းေန႔ အႀကိဳအပို႔လုပ္ေနတဲ့ ကားက ဒီေန႔ေခ်ာင္လန္႔ကို ေက်ာင္းကို လိုက္ပို႔တာလား?? "

အားလုံး တိတ္ဆိတ္သြားၾကတယ္။

သူတို႔က အခန္း၁၈က ေက်ာင္းသားေက်ာင္းသူေတြ မဟုတ္ၾကပါဘူး။ ဒါေပမဲ့ အရင္တုန္းက ေဟာင္ရင္က ေခ်ာင္လန္႔ကို အရမ္းကို ေပၚေပၚထင္ထင္ႀကီး လိုက္ခဲ့တာေၾကာင့္ သူမအေၾကာင္းနည္းနည္းပါးပါးကို သိေနၾကတာေလ။ အတင္းသိပ္မေျပာတက္တဲ့ ေက်ာင္းသား ေက်ာင္းသူေတြေတာင္ ဒီကိစၥကို အမ်ားႀကီး သိထားၾကတယ္ေလ။ ၿပီးေတာ့ အတင္းေျပာရတာႀကိဳက္တဲ့သူေတြဆို ေခ်ာင္လန္နဲ႔ ရင္းနီးတဲ့ ေကာင္ေလးေတြကိုေတာင္ ေ႐ြးထုတ္ၿပီးေျပာခဲ့တာေလ။ သူတို႔ထဲက တစ္ခ်ိဳ႕က ထန္းေမာ့နာမည္ကို ထုတ္ေျပာသြားၾကတယ္။

သူက အထက္တန္းပထမႏွစ္ထဲက ေခ်ာင္လန္႔အတန္းေဖာ္လို႔ ေျပာၾကတယ္။ ၿပီးေတာ့ အဲ့အခ်ိန္တုန္းက ေခ်ာင္လန္က ထန္းေမာ့နဲ႔ တစ္စားပြဲထဲ တူတူထိုင္တာတဲ့။ ၿပီးေတာ့ အဲ့အခ်ိန္တုန္းက ထန္းေမာ့ကေခ်ာင္လန္ကလြဲရင္ အားလုံးကို လ်စ္လ်ဴရႈထားတာတဲ့။

အရင္တုန္းကေတာ့ သူတို႔ဆက္ဆံေရးက ေကာင္းတယ္လို႔ ေခၚလို႔ရတာေပါ့။ ဒါေပမဲ့ ဒီေန႔ ဦးေလးခ်န္က ေခ်ာင္လန္႔ကို လိုက္ပို႔တာကို တစ္ခ်ိဳ႕လူေတြကျမင္သြားၿပီးတဲ့ေနာက္မွာေတာ့ ဒီကိစၥက ေျပာျပလို႔မရႏိုင္ေအာင္ နည္းနည္း ရင္းႏီွးလြန္းတဲ့ပုံေပၚလာတယ္။

ၿပီးေတာ့ ေျပာျပလို႔မရႏိုင္တဲ့ ထူးဆန္းမႈ တစ္ခုလဲ ျဖစ္လာတယ္။

ေကာင္မေလးတစ္ေယာက္ကိုပဲ စကားေျပာတဲ့ ေကာင္ေလး.. သူက ေကာင္မေလးကို ေန႔တိုင္းေန႔ စာျပန္သင္ေပးတယ္။ ၿပီးေတာ့ တစ္ခါတစ္ေလက် သူမကို လိုက္ေတာင္ပို႔ေသးတယ္။ အခုသူက သူမကို အထူးကားနဲ႔ေတာင္ လိုက္ပို႔လိုက္ေသးတယ္။ တစ္ကယ္လို႔ ဒီေနရာမွာ တစ္ျခားလူအစားထိုးလိုက္မယ္ဆိုရင္ေတာ့ သူတို႔၂ေယာက္အေၾကာင္း အီစီကလီ ေကာလဟာလေတြ ထြက္ေတာ့မွာ ေသခ်ာသေလာက္ရွိတယ္ေလ။

ဒါေပမဲ့ ဇာတ္လိုက္က ထန္းေမာ့လို႔ ေျပာင္းသြားတာနဲ႔ တစ္ၿပိဳင္နက္ ဒီကိစၥက ဒီလိုမျဖစ္သင့္ဘူးလို႔ အားလုံးကထင္သြားၾကတယ္။

ဒီလိုမျဖစ္သင့္ဘူး။ ဒါေပမဲ့ အေျခအေနက အရမ္းကိုမေရမရာ မျပတ္မသားျဖစ္ေနတယ္။ အဲ့တာေၾကာင့္ ပိုၿပီးထူးဆန္ၿပီး ပိုၿပီး စိတ္မသက္မသာ ခံစားရေစတာပဲ။

" ငါက အရင္တုန္းက ငါ့သူငယ္ခ်င္းတစ္ေယာက္ဆီက ၾကားဖူးတယ္။ သူမနဲ႔ ေခ်ာင္လန္႔အခန္းေဖာ္တို႔က ဆက္ဆံေရးေကာင္းလို႔ေလ။ ေခ်ာင္လန္႔အခန္းေဖာ္က ေျပာတာေတာ့ ေခ်ာင္လန္႔အိမ္က အရမ္းကိုအေျခအေနဆိုးဝါးတယ္တဲ့။ အဲ့တာေၾကာင့္ ေခ်ာင္လန္က ထန္းေမာ့ကို တမင္သက္သက္ သြားကပ္တာတဲ့။ ဘာပဲေျပာေျပာ ထန္းေမာ့မိသားစုက အရမ္းခ်မ္းသာတာပဲကို။ "

" မျဖစ္ႏိုင္ပါဘူး။ ငါေတာ့ ေခ်ာင္လန္က အဲ့လိုလူမ်ိဳးလို႔ မထင္ပါဘူး။ မဟုတ္ရင္ သူမက ဘာလို႔ ေဟာင္ရင္သူမကိုလိုက္တုန္းက ျငင္းခဲ့မွာလဲ။ ေဟာင္ရင့္မိသားစုက ပိုက္ဆံမရွိဘူးလို႔ နင္ထင္လို႔လား။ "

" အဲ့တာဆို သူမက ဘာလို႔ ထန္းေမာ့အေပၚေကာင္း႐ုံတင္မကဘဲ အခု ထန္းေမာ့ကားစီးၿပီး ေက်ာင္းကို ေရာက္လာရတာလဲ။ "

ေခ်ာင္လန္ကေတာ့ ဘာေတြျဖစ္ေနမွန္း မသိခဲ့ဘူး။ ညေနခင္း စာလုပ္ေနတုန္း ပိုင္ယြီက သူမမ်က္ႏွာကို လာတို႔တယ္။ ၿပီးေတာ့ ေခ်ာင္လန္႔ကို အသံတိုးတိုးေလးနဲ႔ ေမးလိုက္တယ္။ " လန္လန္ နင္ဒီေန႔ ေက်ာင္းကို ဘာနဲ႔လာတာလဲ "

ေခ်ာင္လန္က ပိတ္ရက္ဆို ထန္းေမာ့အိမ္ကို သြားတယ္ဆိုတဲ့အေၾကာင္းကို သူမကို မေျပာျပခဲ့ဘူး။ သူမက အဲ့တာကို ဒီတိုင္းမေျပာဘဲ ထားခ်င္ေနတယ္။ ဒါေပမဲ့ ႐ုတ္တရက္ ပိုင္ယြီစကားက တစ္ခုခုမွားေနတယ္လို႔ ခံစားေနရတယ္။ " ဘာျဖစ္လို႔လဲ "

" တစ္ေယာက္ေယာက္က နင္ထန္းေမာ့ကားေပၚကေန ဆင္းလာတဲ့ပုံကို ဓာတ္ပုံ႐ိုက္ထားလိုက္တာေလ။ အခု လူေတြအမ်ားႀကီးက ဒီအေၾကာင္းကို ေျပာေနၾကၿပီ။ "

ေခ်ာင္လန္က လန္႔သြားၿပီး ပိုင္ယြီ႕ဖုန္းကို ၾကည့္လိုက္တယ္။ တစ္ေယာက္ေယာက္က ဒီေန႔သူမ ဦးေလးခ်န္ကားထဲကေန ဆင္းလာတဲ့ပုံကို တင္ထားၿပီး ဒီကားက ထန္းေမာ့ကားျဖစ္မွာ ေသခ်ာေပါက္ပဲဆိုၿပီး ေျပာထားတယ္။

အခုလက္ရွိမွာ ေခ်ာင္လန္၊ ေဟာင္ရင္၊ ခ်န္ေယာင္းရန္ အစရွိသျဖင့္ အဲ့လိုနာမည္ေတြပါလာတာနဲ႔ အတင္းအဖ်င္းေတြအကုန္လုံးက ခ်က္ခ်င္းကို ေပါက္ထြက္ကုန္ေတာ့တယ္။ ဒါေပမဲ့ တစ္ခ်ိဳ႕လူေတြက တမင္သက္သက္ စေနာက္ၿပီး ေျပာထားေသးတယ္.... ေက်ာင္းရဲ႕အလွပေကးေလးက ေဟာင္ရင့္ရဲ႕ နင္းဆီပန္းေတြကိုက် ျငင္းလႊတ္ၿပီး ထန္းေမာ့ရဲ႕ ဇိမ္ခံကားကိုက်ေတာ့ မျငင္းဘူး ဆိုၿပီးေပါ့။

ဒီလို စေနာက္ပုံေပၚတဲ့ မွတ္ခ်က္ေတြက ေခ်ာင္လန္႔ကို ေထ့ေငါ့ၿပီးေျပာထားတာကိုေတာ့ မဖုံးႏိုင္ပါဘူး။ ေနာက္တစ္ေယာက္ကလဲ အဲ့ပုံစံအတိုင္းလိုက္ၿပီး ေျပာထားေသးတယ္။ ေခ်ာင္လန္က ထန္းေမာ့နဲ႔ အဆက္အသြယ္လုပ္တာက ထန္းေမာ့မိသားစုေၾကာင့္တဲ့ေလ။

ေခ်ာင္လန္႔အေျခအေနက ပိုပိုၿပီး ေကာင္းလာေနေပမဲ့ သူမကို မႀကိဳက္တဲ့သူေတြလဲ ပိုပိုမ်ားလာတယ္။ အထူးသျဖင့္ ေကာင္မေလးေတြေပါ့။ ေခ်ာင္လန္က သူတို႔ထဲက အမ်ားစုကို မသိေပမဲ့လို႔ေလ။

အခုဒီလူေတြက ေဟာင္ရင့္အတြက္ မတရားသလိုခံစားရတဲ့ အသံေတြနဲ႔ ေျပာေနၾကတယ္ေလ။ ဘာတဲ့.... ေဟာင္ရင့္ကို မသန္စြမ္းတဲ့လူနဲ႔ ႏိုင္းယွဥ္ေနတာက သူ႔ကိုေစာ္ကားတာနဲ႔ တူတူပဲတဲ့ေလ။

ေခ်ာင္လန္႔မ်က္ႏွာက အရမ္းကို ၾကည့္ရဆိုးသြားတယ္။

ဒီဟာျဖစ္လာရတာက သူမကိုယ္တိုင္နဲ႔ ထန္းေမာ့ေၾကာင့္လား၊ ဒါမွမဟုတ္ ဒီေက်ာင္းက ေက်ာင္းသူေက်ာင္းသားေတြကပဲ ဒီလိုအရမ္းစိတ္ပ်က္စရာေကာင္းလို႔လားေတာ့ သူမလဲ မသိေတာ့ဘူး။ လူေတြအမ်ားႀကီးက ဘာလို႔ သူစိမ္းတစ္ေယာက္ကို ဒီလို ေဟာင္ဖြာဖြာႏိုင္ၿပီး ႐ြံစရာေကာင္းတဲ့ အခ်ိဳးေတြနဲ႔ judge လုပ္ရတာကို ႀကိဳက္ၾကတာမွန္း သူမေတာ့ မသိေတာ့ဘူး။

ဒီလိုလုပ္လိုက္တာက သူတို႔အတြက္ ဘာအက်ိဳးေက်းဇူးမ်ား ယူေဆာင္လာေပးႏိုင္လို႔လဲ??

စိတ္ပိုင္းဆိုင္ရာ ႏွစ္သိမ့္မႈ???

ေခ်ာင္လန္က စဥ္းစားလို႔လဲမရဘူး။ ၿပီးေတာ့ ေတြးလဲ မေတြးခ်င္ေတာ့ဘူး။ ဒီဟာကိုျမင္လိုက္ရေတာ့ သူမရဲ႕ ပထမဆုံး တုံ႔ျပန္မႈက ထန္းေမာ့ကို ဒီလိုအရႈပ္အရႈပ္ေတြကို မျမင္ေစခ်င္တာပဲ။ ေခ်ာင္လန္က ပိုင္ယြီကို ဖုန္းျပန္ေပးလိုက္ၿပီး ေျပာလိုက္တယ္။ " ထန္းေမာ့ကို ဒီလိုဟာေတြသြားမျပနဲ႔ေနာ္။ ၿပီးေတာ့ ထန္းေမာ့ရွိေနတဲ့အခ်ိန္က် ဒီအေၾကာင္းကို မေျပာနဲ႔။ "

ဒါေပမဲ့ ထူးဆန္းေနတဲ့ ပတ္ဝန္းက်င္ကို သိႏိုင္ေနတဲ့ ထန္းေမာ့ရဲ႕စြမ္းရည္က သူမထက္ အဆေပါင္းမ်ားစြာ သာတယ္ဆိုတာ ေခ်ာင္လန္က ေမ့သြားခဲ့တယ္။

ဘာေတြျဖစ္ခဲ့တာလဲေတာ့ သူမသိဘူး။ ဒါေပမဲ့ သူ႔ကိုေသေသခ်ာခ်ာမသိတဲ့လူေတြရဲ႕ အၾကည့္ေတြက သူ႔အေပၚေရာက္ေနမွန္း သူခံစားလို႔ရေနတယ္။

ဒါေပမဲ့ သူ႔ေဘးနားက ဘယ္သူမွ သူ႔ကို ဘာေတြျဖစ္ခဲ့တာလဲဆိုတာ မေျပာျပၾကဘူး။

အခ်ိန္က ေနာက္တစ္ပတ္ PE ခ်ိန္ျဖစ္တယ္။ အားလုံးက စာသင္ခန္းထဲက ထြက္သြားၾကတယ္။ ထန္းေမာ့က စာသင္ခန္းထဲမွာ ထိုင္ေနၿပီး စာဖတ္ေနတယ္။ ေနပူထဲမွာ ေျပးလြားမေနခ်င္တဲ့ ေကာင္မေလးေတြက စာသင္ေဆာင္ေဘးက အရိပ္ေလးထဲကို ေျပးလာၾကၿပီး စကားေျပာေနၾကတယ္။ ထန္းေမာ့က အဲ့ဒီလူေတြေျပာတဲ့စကားေတြကို နားေထာင္ႏိုင္တဲ့ စိတ္ေျခအေနမဟုတ္ဘူး။ ဒါေပမဲ့ ႐ုတ္တရက္ သူကေခ်ာင္လန္႔နာမည္ကို ၾကားသြားတယ္။

ထန္းေမာ့က ဘယ္တုန္းကမွ ေခ်ာင္လန္နဲ႔တစ္ျခားသူေတြကို သူ႔အေတြးေတြကို ေပးမသိရဲခဲ့ဘူး။ သူ႔ရဲ႕ပ်က္စီးေနတဲ့ ခႏၶာကိုယ္က ေခ်ာင္လန္႔ကို အတင္းအဖ်င္းေတြကို ယူေဆာင္လာေပးမာကို သူကေၾကာက္ေနလို႔ေလ။ ဒါေပမဲ့ အခု ဘယ္ကေနဘယ္လိုပ်ံ႕သြားမွန္းမသိတဲ့ အဲ့အတင္းအဖ်င္းေတြက သူအရင္တုန္းက ခန္႔မွန္းထားတာထက္ေတာင္ ပိုၿပီးလက္ခံႏိုင္စရာမေကာင္းေလာင္ေအာင္ျဖစ္ေနမယ္လို႔ေတာ့ ထန္းေမာ့ ဘယ္တုန္းကမွ မထင္ထားခဲ့ဘူး။

" အဲ့တာက ေခ်ာင္လန္မလား။ သူမက အားလုံးေျပာသလိုပဲ ထန္းေမာ့မိသားစုက ခ်မ္းသာလို႔ အဲ့တာေၾကာင့္ သူမက ထန္းေမာ့ကို တမင္သက္သက္ ခ်ဥ္းကပ္တာလို႔ နင္ထင္လား။ "

" ငါေတာ့ အဲ့လိုမထင္ဘူး " တစ္ေယာက္ေယာက္ကေျပာလိုက္တယ္။ " ေခ်ာင္လန္က ထန္းေမာ့အေပၚ တစ္ကယ္ေကာင္းတာလို႔ ငါေတာ့ထင္တာပဲ။ "

" ငါေတာ့ တစ္ကယ္နားမလည္ႏိုင္ေတာ့ဘူး။ ထန္းေမာ့က ဘယ္လိုလုပ္ ေဟာင္ရင့္ကို ယွဥ္လို႔ရမွာလဲ။ ေခ်ာင္လန္က ကန္းေနတာလား?? "

ဒီစာေၾကာင္းရဲ႕ အဓိပၸာယ္ကို ထန္းေမာ့က အျပည့္အဝနားမလည္ေသးဘူး။ ဒါေပမဲ့ ေနာက္လာမဲ့စာေၾကာင္းက သူ႔ရဲ႕စိတ္ကို လုံးလုံး ၿပိဳလဲက်သြားေစတယ္။

" နင္ဒါကို နားမလည္ဘူးမလား " ေကာင္မေလးက အၾကာႀကီး ရယ္လိုက္တယ္။ " နင္ စာလုံးတစ္လုံးကို ၾကားဖူးလား "

" ဘာႀကီးလဲ?? "

" မူခန္ (Mu Can) "

TN: Mu Can ဆိုတာ မူခန္ လား မူခ်န္လား ေသခ်ာေတာ့မသိဘူး။ ခ်န္ဆို ch ျဖစ္ရလို႔ထင္တာပဲ။ ေသခ်ာမသိလို႔ pinyin ပါ ထည့္ေရးေပးလိုက္တယ္ေနာ္။ Mu Can ဆိုတာက sexual orientation တစ္မ်ိဳးပဲတဲ့။ အဲ့တာက မသန္စြမ္းတဲ့လူေတြကို ပိုသေဘာက်တဲ့လူ၊ ဒါမွမဟုတ္ မသန္မစြမ္းျဖစ္ရမွာကို လိုလားတဲ့လူ ကိုၫႊန္းဆိုတာတဲ့။

ထန္းေမာ့ႀကီးျပင္းလာရင္းနဲ႔ မေရမတြက္ႏိုင္တဲ့ ဆဲဆိုမႈ ၊ ေစာ္ကားမႈေတြကို ၾကားဖူးတယ္။ အစတုန္းကေတာ့ အဲ့လိုဟာေတြၾကားရရင္ စိတ္တိုလာၿပီး ထိန္းမရတာေတြျဖစ္လာတယ္။ ဒါေပမဲ့ ႀကီးလာတာနဲ႔အမွ် သူက တစ္ျခားသူေတြေျပာတာေတြ တစ္ျခားသူေတြ ေတြးတာေတြကို ဂ႐ုမစိုက္ေတာ့ဘူး။ သူတို႔ရဲ႕ မွတ္ခ်က္ေတြက သူ႔ကို ထပ္ၿပီး ေဒါသမထြက္ေစႏိုင္ေတာ့ဘူး။

ဒါေပမဲ့ တစ္ေန႔က် တစ္ေယာက္ေယာက္ကို စကားၾကမ္းၾကမ္းနဲ႔ေတာင္ မေျပာရက္တဲ့ သူမကို သူ႔ေၾကာင့္မလို႔ ဒီလိုအ႐ုပ္ဆိုးလွတဲ့ စကားလုံးႀကီးနဲ႔ ေခါင္းစဥ္အတပ္ခံရလိမ့္မယ္လို႔ သူဘယ္တုန္းကမ မေတြးထားခဲ့ဖူးဘူး။

Mu Can...

အဲ့စာလုံး၂လုံးေျပာၿပီးသြားတာနဲ႔ ထန္းေမာ့ အသက္ရႉရတာေတာင္ အရမ္းခက္ခဲလာတယ္လို႔ ခံစားလာရတယ္။ သူမက သူ႔အေပၚၾကင္နာတာေၾကာင့္မလို႔ ၊ သူမက အရမ္းၾကင္နာတက္တာေၾကာင့္မလို႔..... အဲ့တာေၾကာင့္ ဒီလိုယုတ္ညံ့တဲ့ စကားလုံးေတြကို သူမက ရွင္းျပလို႔မရႏိုင္ေလာက္ေအာင္ သည္းခံၿပီးေနေနရတယ္။

ဒါေတြအားလုံးက သူ႔ေၾကာင့္ပဲ။

ေနာက္ဆုံးေတာ့ ထန္းေမာ့နားလည္သြားၿပီ။ ဒီရက္ပိုင္းအတြင္း အားလုံးက သူ႔ကို ၾကည့္ေနၾကတဲ့ ထူးဆန္းတဲ့ အၾကည့္ေတြရဲ႕ ေနာက္ကြယ္က အေၾကာင္းကိုေပါ့။

ဒါကို ေခ်ာင္လန္မသိဘူးဆိုတာ မျဖစ္ႏိုင္ဘူး။ ဒါေပမဲ့ ေခ်ာင္လန္က သူ႔ကို မေျပာျပခဲ့ဘူး။ အေၾကာင္းရင္းကေတာ့ ခန္႔မွန္းရမခက္ပါဘူး။ ဒါေပမဲ့ ထန္းေမာ့က ရင္ထဲထိသြားတယ္လို႔ မခံစားရဘူး။ သူ႔ရဲ႕ေဒါသေတြၿပီးေတာ့ ေနာင္တေတြက သူ႔ေခါင္းထဲက တစ္ျခားခံစားခ်က္ေတြအကုန္လုံးကို ရွင္းထုတ္သြားတယ္။ ျမက္ခင္းကိုေလာင္ေနတဲ့ မီးလိုပဲ အထိန္းအကြတ္မရွိ ပ်ံ႕ႏွံ႔သြားေနတယ္။

Continue Reading

You'll Also Like

37.8M 1.1M 68
Deadly assassins Allegra and Ace have been trying in vain to kill each other for years. With a mutual enemy threatening their mafias, they find thems...