Unicode
ရက်သတ္တပတ်အသစ်ကိုရောက်လာတော့ ချောင်လန်နဲ့ ထန်းမော့တို့က ထိုင်ခုံနေရာတွေပြောင်းလိုက်ကြပြီး ပိုင်ယွီတို့ ရှေ့ကခုံကို ပြောင်းခဲ့ကြတယ်။
ပိုင်ယွီက နောက်ထပ်ကောင်လေးတစ်ယောက်နဲ့ တစ်ခုံထဲ ထိုင်တာဖြစ်တယ်။ သူတို့၂ယောက်က အထက်တန်းပထမနှစ်တုန်းက တစ်ခန်းထဲလေ။ ပြီးတော့ အခုလဲ သူတို့၂ယောက်က အရမ်းကိုရင်းနီးတဲ့ သူငယ်ချင်းတွေဖြစ်နေကြတုန်းပဲ။ သူတို့က လွတ်လွတ်လပ်လပ်နေတက်တဲ့ အကျင့်ချင်းတူတယ်။ ပြီးတော့ ကြည့်လိုက်ရင် မောင်နှမ၂ယောက်နဲ့ အရမ်းတူတယ်။
သူတို့၂ယောက်က 'ရွှယ်ပါး' ၂ယောက်ရောက်လာမှုကို အရမ်းကို လွန်လွန်ကြူးကြူး ချဲ့ကားထားတဲ့ အသံတွေနဲ့ ကြိုဆိုခဲ့ကြတယ်။
( ရွှယ်ပါး ဆိုတာက ကျောင်းမှာ စာအရမ်းတော်တဲ့ ကျောင်းသား ကျောင်းသူတွေကို ပြောတာပါ။ ပြီးတော့ အဲ့တာက ကျောင်းသားတွေရဲ့ခေါင်းဆောင်ဆိုပြီးလဲ အဓိပ္ပာယ်ရသေးတယ်။ )
ချောင်လန်က ထန်းမော့က လက်မောင်းကို ဆွဲလိုက်ပြီး သူ့ကိုသတိပေးလိုက်တယ်။ " ပြုံးဦးလေ "
ကောင်လေးက ခဏလောက်ကြောင်သွားတယ်။ ပြီးတော့ သူ့ရဲ့နူးညံ့ပြီး မျက်နှာအမူအရာဘာမှ မရှိတဲ့ မျက်နှာ ကပြုံးလိုက်တယ်။
အနောက်တန်းကလူ၂ယောက်က ထန်းမော့ရဲ့ တစ်ခြားမျက်နှာထားတွေကို မမြင်ဖူးဘူး။ ဒီလိုကြည့်ကောင်းတဲ့ မျက်နှာထားဆို ပိုဆိုးပေါ့။ ပိုင်ယွီက သူမရင်ဘတ်နေရာကို ဖိလိုက်ပြီး ချောင်လန့်ကို ဆွဲလိုက်ကာ ချဲ့ကားပြီးပြောလိုက်တယ်။ " လန်လန် ငါတော့ heart attack ရသွားပြီနဲ့တူတယ်။ အရမ်းကို ပြင်းပြင်းထန်ထန်ကို ထိသွားတာပဲ!! "
ထန်းမော့က ဒီလိုအခြေအနေမျိုးကို တစ်ခါမှ မကြုံတွေ့ဖူးဘူးလေ။ ဒီလို အရမ်းပုံကြီးချဲ့ထားတဲ့ ရင်းနီးမှုကို မြင်လိုက်ရတော့ အချိန်ခဏလောက် သူဘယ်လို တုံ့ပြန်ရမယ်မှန်း မသိတော့ဘူး။ သူတောင့်နေတာကို မြင်လိုက်ရတော့ ချောင်လန်က သူ့နားနားလေးကို ကပ်ပြီးပြောလိုက်တယ်။ " ငါနင့်ကို ဟိုးအရင်ကထဲကပြောသားပဲ နင်က ရယ်လိုက်ရင် ပိုကြည့်လို့ကောင်းပါတယ်ဆို။ ကြည့်လေ ငါနင့်ကို လိမ်ပြောတာ မဟုတ်ဘူးမလား။ "
ထန်းမော့က ခေါင်းကိုလှည့်လိုက်ပြီး သူမကိုထပ်ကြည့်လိုက်တယ်။ အချိန်ခဏလောက်တော့ သူ့မျက်လုံးထဲမှာ အပြုံးတစ်ခုရှိနေခဲ့တယ်။
ဒါပေမဲ့ ထန်းမော့အပြုံးက အမြဲတမ်း တစ်ခြားသူတွေနဲ့ မတူဘူး။ သူကပျော်လို့ရှိရင် ရင်ဘတ်ထဲက ပြုံးတာမဟုတ်ဘူး။ အဲ့အစားက တိုတိုနဲ့ မြန်မြန်တွက်ချက်ပြီးသွားတဲ့နောက်မှာ သူကပြုံးတယ်။ သင့်တော်လား မသင့်တော်ဘူးလားဆိုတာ သူကသုံးသပ်ပြီးတဲ့ နောက်မှာပေါ့။
အဲ့တာကြောင့် တစ်ခါတစ်လေကျ ချောင်လန်တောင် ထန်းမော့အပြုံးတွေနောက်မှာ ဘာကိုဖုံးကွယ်ထားတာလဲဆိုတာ နားမလည်နိုင်ဘူး။
ထန်းမော့က သူမကို ပိုကြည့်လေလေ၊ သူမကိုပိုပြီး စကားပြောလေလေ ထန်းမော့ ရှန်းရှောင်ဟန်ရဲ့ စကား၂ခွန်းအောက်မှာ ပိုပိုပြီး ရုန်းကန်ရလေဆိုတာကို သူမမသိခဲ့ဘူး။
နင်တို့၂ယောက်က ဘယ်လိုလုပ် လိုက်ဖက်မှာလဲ?? နင်ဘယ်လိုတောင် ကြိုက်ရဲရတာလဲ!!!
သူတစ်ယောက်ထဲရှိနေတဲ့ အချိန်မှာ သူက ဖုန်းကိုကိုင်လိုက်ပြီး အချိန်အကြာကြီး တွန့်ဆုတ်နေခဲ့တယ်။ ပြီးတော့မှ ခက်ခက်ခဲခဲနဲ့ မသန်မစွမ်း ဆိုတဲ့ စာလုံးကို ရိုက်လိုက်တယ်။
သူက မသန်မစွမ်းလူတစ်ယောက်ဆိုတာ သူဝန်ခံပါတယ်။ ရုပ်ပိုင်းဆိုင်ရာလဲ မသန်စွမ်းဘူး။ စိတ်ပိုင်းဆိုင်ရာကလဲ မသန်စွမ်းဘူး။ ဒါပေမဲ့ သူက တစ်စုံတစ်ယောက်ကို သဘောကျနေတယ်။
အဲ့ဒီ့စာလုံးတွေကို ရိုက်ဖို့ ရုန်းကန်ပြီးတဲ့နောက်မှာ သူက အချစ် ဆိုတဲ့ စာလုံး၂လုံးကို သေချာဂရုစိုက်ပြီး ရိုက်လိုက်တယ်။ ပြီးတော့ search ဆိုတာကို နှိပ်လိုက်တယ်။ ဒါပေမဲ့ တစ်ချက်လေးကြည့်လိုက်ရုံနဲ့ ချက်ချင်းကိုပဲ ထန်းမော့ရဲ့ သွေးအလိမ်းလိမ်းနဲ့ အနာက ထပ်ပြီး စိုက်ထိုးခံလိုက်ရပြန်တယ်။
အောက်က တောက်ပနေတဲ့ ခေါင်းစဥ်က ပြောထားတယ်။ " ငါက တစ်စုံတစ်ယောက်ကို သဘောကျတယ်။ ဒါပေမဲ့ မသန်မစွမ်းတွေက ဘယ်တော့မှ အချစ်နဲ့ လိုချင်တောင့်တမှုကို မရသင့်ဘူး တဲ့။"
ထန်းမော့ ရုတ်တရက် မျက်လုံးကိုပိတ်လိုက်တယ်။ ပြီးတော့ ဖုန်းကိုစားပွဲပေါ်ကို တင်လိုက်တယ်။ သူ့ပုခုံးတွေက wheelchair နောက်မှီကို မှီလိုက်တယ်။ အကြာကြီးနေတော့မှ သူဖုန်းကို နောက်တစ်ခါ ထပ်ကောက်ယူလိုက်တယ်။
သူက ဒီမှတ်ချက်တွေအားလုံးထဲက မတူညီတဲ့ဟာ တစ်ခုခုကို ရှာတွေ့ချင်တယ်။ ဒါပေမဲ့ ၁နာရီလောက် တစ်ခုချင်းလိုက်ဖတ်ပြီးတာတောင် သူ့ခေါင်းထဲက စာလုံးတွေကို ပြန်ချေပနိုင်မဲ့ စာလုံးတွေကို ရှာမတွေ့ခဲ့ဘူး။
သူက ဇာတ်လမ်းတွေအများကြီးနဲ့ မှတ်ချက်တွေအားလုံးကို လှန်လှောကြည့်ပြီးနေပြီ။ ဒါပေမဲ့ သာမန်လူတစ်ယောက်နဲ့ မသန်မစွမ်းလူတစ်ယောက်နဲ့က အတူတူရှိနေပြီး စိတ်ကျေနပ်ပျော်ရွှင်နေကြတဲ့ အခြေအနေမျိုး တစ်ခုမှ ရှာမတွေ့ခဲ့ဘူး။ အစတုန်းက သူတို့မိသားစုတွေရဲ့ ကန့်ကွက်တာကို အတင်းဆန့်ကျင်ပြီး အတူရှိခဲ့ကြတဲ့ အတွဲတွေတောင် နှစ်တွေကြာလာတော့ ကြေကွဲဝမ်းနည်းဖွယ်ရာတွေနဲ့ အဆုံးသတ်ရတာပဲ။
ကောင်မလေးတစ်ယောက်ပြောထားသလိုပဲ။ တစ်ခါတုန်းက သူမမှာ မျက်စိမမြင်ရတဲ့ ချစ်သူကောင်လေးတစ်ယောက်ရှိတယ်တဲ့။ သူမက သူ့ကို အရမ်းချစ်ခဲ့တာ။ သူမက သူ့အတွက်နဲ့ သူမမိသားစုနဲ့ အဆက်အသွယ်အားလုံးကို ဖြတ်ပစ်ခဲ့တာ။ သူမက အဲ့လိုအချစ်မျိုးက တစ်သက်လုံးခံမယ်လို့ ထင်ထားခဲ့တာပေါ့။
ဒါပေမဲ့ နောက်တော့ အဲ့တာက ၃နှစ်ပဲ ခံခဲ့တယ်။
သူမက ပြောတယ်။ အဲ့တာက အရမ်းခက်ခဲတာပဲတဲ့။ တစ်ခါတစ်လေ သူမမခံနိုင်တော့တဲ့ အချိန်ကျ သူမကိုယ်သူမ ထပ်ခါထပ်ခါမေးမိတယ်တဲ့။ သူမက ဘာလို့ဒီလောက်တောင် ပင်ပန်းနေရတာလဲ၊ တစ်ခြားသာမန်လူတွေလိုမျိုး ဘာလို့ သူမက ပုံမန်ဘဝလေးမှာ မနေနိုင်ရတာလဲ လို့ပေါ့။
သူမလဲ ပုံမန်လူတစ်ယောက် ဖြစ်ခဲ့တာပဲ။
လူအများစုက အစတုန်းကတော့ သိချင်ကြတယ်။ မသန်မစွမ်းဖြစ်နေတဲ့ လူတွေက ပုံမန်လူတွေနဲ့ ချစ်သင့်လား မချစ်သင့်ဘူးလား ဆိုတာကိုပေါ့။ အချိန်တွေကုန်ဆုံးလာတာနဲ့အမျှ သူတို့ခန္ဓာကိုယ်တွေက ပိုပိုပြီး ဆိုဝါးလာခဲ့တယ်။ ပြီးတော့ သူတို့အပေါ်ကို ဖိအားပေါင်း သောင်းခြောက်တောင်က ဖိလာတဲ့အချိန်မှာ မသန်မစွမ်းဖြစ်နေတဲ့လူတွေက ပုံမန်လူတွေကို နေနိုင်ပါတော့မလား??
သူနဲ့ ချောင်လန်မှာ အနာဂတ်ရှိနိုင်မလားဆိုတာ သူသိချင်တယ်။ ဒါပေမဲ့ သူရလိုက်တဲ့ အဖြေတစ်ခုချင်းစီတိုင်းက သူ့ကို ပိုပိုပြီး စိတ်ပျက်လာစေခဲ့တယ်။
ထန်းမော့က အရမ်းကိုပဲ ပျော်ရွှင်တဲ့ ဖြစ်ရပ်လေးကို ရှာတွေ့ချင်နေတယ်။ သူ့ကို နည်းနည်းလောက် စိတ်သက်သာရာရစေမဲ့ ပျော်ရွှင်နိုင်တဲ့ ဖြစ်နိုင်ချေလေးကိုပေါ့။ နောက်ဆုံးတော့ တစ်ယောက်ယောက်က သူတို့ အချစ်ကို ရှာတွေ့ခဲ့တယ်လို့ ပြောထားတာကို သူတွေ့လိုက်တယ်။ ဒါပေမဲ့ အဲ့တာကို ဖတ်လိုက်တော့ ထန်းမော့က ပိုပြီး စိတ်ညစ်သွားတယ်။
အဲ့လူရေးထားခဲ့တာက သူမမှာ တစ်ခါတုန်းက အရမ်းချောပြီး အရမ်းကောင်းတဲ့ကောင်လေးတစ်ယောက်နဲ့ တွဲခဲ့ဖူးတယ်တဲ့။ သူက စကားမပြောနိုင်ဘူး။ ဒါပေမဲ့ သူက အရမ်းကောင်းတယ်။ အဆုံးမှာတော့ သူက နှစ်အနည်းငယ်ကြာတော့ လက်ထပ်သွားခဲ့တယ်။ သူ့အမျိုးသမီးက အရမ်းလှတဲ့ ကောင်မလေးတစ်ယောက်ပဲ။ ပြီးတော့ သူမလဲပဲ စကားမပြောနိုင်ဘူးတဲ့လေ။
အဲ့တာက အရိုးရှင်းဆုံးနဲ့ အရက်စက်ဆုံး ပြောစကားပဲ။ " နဂါးက နဂါးနဲ့၊ ပြီးတော့ ပုစွန်က ပုစွန်နဲ့ " တဲ့လေ။ မင်းလိုပဲ မပြည့်စုံတဲ့ လူတစ်ယောက်ကို ရှာတဲ့။ မင်းကိုယ်တိုင်အတွက်ရော တစ်ခြားသူတွေအတွက်ရော မင်းလိုလူတစ်ယောက်ကို ရှာတာ အကောင်းဆုံးပဲတဲ့။ မင်းရဲ့ စံနှုန်းတွေကို နှိမ့်ချလိုက်ပါ။ အဲ့တာဆို မျှော်လင့်ချက် တွေ့ကောင်းတွေ့နိုင်တယ်။
အချိန်ခဏလောက်တော့ ထန်းမော့တွေးမိတယ်။ တစ်ကယ်လို့ သူသာ တစ်ကယ်ကုသမှုခံယူခဲ့မယ်ဆိုရင်..... သူသာ ပြန်ပြီးမတ်တပ်ရပ်နိုင်ခဲ့မယ်ဆိုရင်..... ဒါပေမဲ့ အဲ့အတွေးက ချက်ချင်းပဲ ပျောက်သွားခဲ့တယ်။ ရုတ်တရက် သူက သူ့ကိုယ်သူ လှည့်စားနေတာပဲ ဆိုတာကို နားလည်သွားတယ်။
တစ်ချို့လူတွေက ရုပ်ပိုင်းဆိုင်ရာ မသန်မစွမ်းဖြစ်တာ။ တစ်ချို့က စိတ်ပိုင်းဆိုင်ရာ မသန်စွမ်းတာ။ ဒါပေမဲ့ စိတ်ပိုင်းဆိုင်ရာ မသန်စွမ်းတာက ရုပ်ပိုင်းဆိုင်ရာ မသန်စွမ်းတာထက် အများကြီး ပိုကြောက်ဖို့ ကောင်းတယ်။
တစ်ကယ်လို့ သူက မတ်တပ်ရပ်နိုင်တယ်ဆိုရင်တောင်.... သူက သာမန်လူတစ်ယောက်နဲ့တူတယ်ဆိုရင်တောင်..... သူက သူ့ရဲ့စိတ်အခြေအနေနဲ့ ခံစားချက်တွေက ဘယ်လောက်တောင်ကြောက်ဖို့ ကောင်းလဲဆိုတာကို တစ်ခြားသူတွေထက် သူ့ကိုယ်သူ ပိုသိနေတယ်လေ။
ရုတ်တရက် ထန်းမော့ နားလည်သွားခဲ့တယ်။ သူအရင်တုန်းက ဘယ်လိုမှ နားမလည်ခဲ့တဲ့ ကဗျာထဲက နောက်ဆုံးစာကြောင်း၂ကြောင်းကိုပေါ့။
Had I not seen the sun
I could have borne the shade
But light a newer wilderness
My wilderness has made
သူမက သူ့ဘဝရဲ့ကယ်တင်ရှင်လေ။ သူမက သူ့ကို နွေးထွေးမှုတွေ အလင်းရောင်တွေ ယူဆောင်လာပေးတယ်။ ဒါပေမဲ့ သူက နေမင်းကြီးရဲ့လှပမှုကို မြင်တွေ့ပြီးသွားပြီဆိုတော့ သူက အထီးကျန်တဲ့ မှောင်မိုက်နေတဲ့ နေရာကို ဘယ်တော့မှ ပြန်မသွားနိုင်တော့ဘူး။ ဒါပေမဲ့ နေရောင်ခြည်က သူ့ကို အမှောင်ထုထဲကနေ မကယ်နိုင်ခဲ့ဘူး။ အဲ့အစား သူ့ကို နေရောင်ခြည်ရဲ့နွေးထွေးမှု စည်းစိမ်ကို ပိုပြီးလိုချင်တောင့်တအောင် လုပ်နေတယ်။
ဗုဒ္ဓဟူးနေ့နေ့လည်ခင်း တရုတ်စာအချိန်မှာ တရုတ်စာသင်တဲ့ဆရာက ကျောင်းသူကျောင်းသားတွေကို ဂန္တဝင်ရုပ်ရှင်ကားတစ်ခုဖြစ်တဲ့ Edward Scissorhands ဆိုတဲ့ ရုပ်ရှင်ကို ကြည့်ခိုင်းခဲ့တယ်။
သူတို့ကို ရုပ်ရှင်ကို သေသေချာချာကြည့်ခိုင်းပြီး ကြည့်ပြီးသွားတာနဲ့ ဆရာ့ကို သူတို့ရဲ့အဲ့ရုပ်ရှင်ပေါ်အမြင်ကို ရေးတင်ခိုင်တယ်။
Edward ဆိုတာ ရဲတိုက်ထဲမှာနေတဲ့ တီထွင်တဲ့သူတစ်ယောက်က ဖန်တီးထားတဲ့ စက်ရုပ်တစ်ရုပ်ပဲဖြစ်တယ်။ အဲ့ဒီ့တီထွင်တဲ့လူက Edward အတွက် ခရစ်စမတ်လက်ဆောင်အဖြစ် လူလက်တစ်စုံကိုပြန်ပြင်ပေးနေတဲ့ အချိန်မှာပဲ သူက ကြမ်းပြင်ပေါ်ကို မတော်တဆ ပြုတ်ကျသွားပြီး သေသွားခဲ့တယ်။ သူ့ကိုဖန်တီးပေးတဲ့သူရဲ့ မတော်တဆသေဆုံးမှုကြောင့် Edward က သာမန်လူတွေလိုမျိုး လက်တစ်စုံကိုမရနိုင်ခဲ့တော့ဘူး။ အဲ့အစား လက်တွေနေရာမှာ ချွန်ထက်တဲ့ ကတ်ကြေးတစ်စုံကနေရာယူနေခဲ့တယ်။
Pegg ကနေ အိမ်ကိုခေါ်သွားပြီးတဲ့နောက်မှာ သူက လှပတဲ့ Kim ကိုချစ်မိသွားခဲ့တယ်။ ဒါပေမဲ့ သူက နောက်ဆုံးမှာတော့ မြို့လေးထဲကလူတွေဆီကနေ ဖယ်ကျဥ်တာတွေ မုန်းတာတွေခံရပြီး နောက်တစ်ခါ ရဲတိုက်ထဲမှာ သွားပုန်းနေခဲ့တယ်။
Edward က မကောင်းဆိုးဝါးမလို့ Kimအပေါ်ထားတဲ့ သူ့ရဲ့ခံစားချက်တွေက စိတ်နေစိတ်ထားပေါ်မှာပဲ လုံးဝအခြေခံနေခဲ့တာ။ ဘာလက်တွေ့မှ မရှိဘဲနဲ့ပေါ့။ သူက Kim အတွက် အနုပညာလက်ရာတွေဖန်တီးပေးလို့ရတယ်၊ သူ့ရဲ့ကတ်ကြေးလက်ကို အသုံးပြုပြီး တစ်ခြားသူတွေစားလို့ရအောင် အစားအစာတွေကို လှီးဖြတ်ပေးလို့ရတယ်၊ အိမ်နီးချင်းတွေရဲ့ မုန်းတီးမှုကို သည်းခံလို့ရတယ် ပြီးတော့ သူ့အသိစိတ်ကိုဖုံးထားပြီး အမှန်တရားကို မျက်ကွယ်ပြုကာ သူမအတွက် ခိုးပေးလို့ရတယ်။
Kim က သူဘာလို့ အဲ့လိုလုပ်ခဲ့တာလဲလို့ မေးတဲ့အခါ Edward က သူမကိုပြောပြခဲ့တယ်။ " ဘာလို့လဲဆိုတော့ မင်းက င့ါကို လုပ်ခိုင်းခဲ့တာမလို့လေ " တဲ့။
ရုပ်ရှင်က နောင်တရစရာကောင်းတဲ့ အဆုံးသတ်လေးဖြစ်တယ်။ " ငါကတ်ကြေးတွေကို တပ်ထားတဲ့အချိန်မှာ မင်းကို မထွေးပွေ့ပေးနိုင်ဘူး။ ပြီးတော့ ငါကတ်ကြေးတွေကို ချထားလိုက်တော့လဲ မင်းကို မကာကွယ်နိုင်ဘူး။ " ရှန်ဟိုင်းက ကောင်မလေးတော်တော်များများက ဒီစာသားတွေကြောင့် မျက်ရည်တွေကျကုန်ကြတယ်။ သူတို့ထဲက အများစုက Edward ရဲ့ချစ်ပုံချစ်နည်းကြောင့် ရင်ထဲထိကုန်ကြတယ်။ သူက သူအချစ်ရဆုံးသူကို ကာကွယ်ပေးခဲ့တာ။ ဒါပေမဲ့ အထင်လွဲခံခဲ့ရတယ်။ သူက အရမ်းကို အင်အားမဲ့တယ်လို့ ခံစားရတာကြောင့် ထွက်ပြေးတာတစ်ခုပဲ သူလုပ်နိုင်ခဲ့တယ်။
အဲ့နေ့က အားလုံးဖော်ပြခဲ့တဲ့ အတွေးတွေအများစုက အပြောင်းအလဲသိပ်မရှိဘူး။ ဒီရုပ်ရှင်ရဲ့ theme က လူမှုရေးခွဲခြားမှုနဲ့ ရှောင်ဖယ်ထားခြင်းပဲ ဖြစ်တယ်တဲ့။
ဆရာက အကောင်းဆုံးတုံ့ပြန်မှုတွေကို ရွေးလိုက်ပြီး တစ်ခန်းလုံးမြင်နိုင်အောင်လို့ projector ပေါ်မှာ ပြလိုက်တယ်။
တစ်ယောက်က ရေးခဲ့တယ်။ " နက်ရှိုင်းတဲ့အချစ်ဆိုတာ သူတို့အတူရှိတာနဲ့အဆုံးသတ်သွားတဲ့ ပျော်ရွှင်စရာကောင်းတဲ့ ဇာတ်သိမ်းတစ်ခုရှိဖို့လို့ မဆိုလိုဘူး။ ခွဲခွာရခြင်းက အရမ်းကို ဝမ်းနည်းရရင်တောင်....အားလုံးပြီးဆုံးသွားတဲ့အချိန်မှာ သူတို့၂ယောက်က သူစိမ်းတွေဖြစ်သွားခဲ့တယ်ဆိုရင်တောင် အနည်းဆုံးတော့ အမှတ်တရတွေ ကျန်နေခဲ့တာပဲလေ။ Kimရဲ့ ခံစားချက်တွေက 'နင်ငါ့ကိုမှတ်မိတာနဲ့တင် ငါက အရမ်းပျော်နေပါပြီ။ နင်ငါ့ကို မှတ်မိနေတဲ့အချိန်တွေက ငါ့ရဲ့အလှပဆုံးသော ငယ်ရွယ်နုပျိုချိန်တွေဖြစ်နေလို့ ငါဝမ်းသာပါတယ်။' ဆိုတဲ့ စာသားတွေအတိုင်းဖြစ်နေလိမ့်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။ "
Edwardက Kimကိုမှတ်မိတဲ့အချိန်အများဆုံးက သူမအလှဆုံးဖြစ်နေတဲ့ အချိန်ကိုပဲ။ ဒါပေမဲ့ ထန်းမော့ကတော့ အဲ့တာကို ဘယ်တော့မှ နားမလည်ခဲ့ဘူး။
သူက ရုပ်ရှင်ရဲ့အဆုံးသတ်ကို တွေ့လိုက်တဲ့အချိန်မှာ.. Edward တစ်ယောက်ထဲ ရဲတိုက်ကြီးကို ဘယ်လိုပြန်လာတာလဲဆိုတာ တွေ့လိုက်တဲ့အချိန်မှာ..၊ Kim က သူမကိုယ်ပိုင်ဘဝနဲ့ နေနေတာကို မြင်လိုက်ရတဲ့အချိန်မှာ၊ သူမလက်ထပ်လိုက်ပြီး ကလေးတွေရတာကို တွေ့လိုက်တဲ့အချိန်မှာ..... အဲ့အချိန်မှာ ထန်းမော့ ခံစားလိုက်ရတာက တစ်ကယ်လို့ သူသာ Edward ဆိုရင် သူက သေဖို့ကို ရွေးချယ်ရင်ရွေးချယ်ခဲ့မှာ ဆိုတဲ့ သူ့အတွေးတွေကို တစ်ခြားသူတွေကို မပြောပြခဲ့ဘူး။
သူ့ကမ္ဘာထဲက အချစ်ကတော့ အမြဲတမ်း အဖြေ၂မျိုးပဲ ရှိတယ်။ ၁၀၀အပြည့်ရရင်ရ မဟုတ်ရင် သုံညပဲ။
ဆရာက ထန်းမော့ကို assignment တင်ဖို့ မပြောခဲ့ဘူး။ ဒါပေမဲ့ ထန်းမော့က ဒီတစ်ခေါက်သူ့အတွေးတွေကို ရေးခဲ့တယ်။ ဒါပေမဲ့ သူက ဆရာ့ဆီမအပ်ခဲ့ဘူး။ သူက သူ့အတန်းဖော်တွေ လူမှုအသိုင်းအဝိုင်းကို အပြစ်တင်ရှုံ့ချကြတာကို ကြည့်နေခဲ့တယ်။ ဒါပေမဲ့ သူ ဒီအဖြေကိုရေးနေတဲ့အချိန်မှာ သူ့ရင်ထဲနှလုံးထဲကနေလာတဲ့ Edward အပေါ် စာနာသနားမှုကို သတိရသွားတယ်။
အားလုံးကပြောကြတယ် ဒီရုပ်ရှင်က လူမှုရေးခွဲခြားထားတဲ့ အကြောင်းကိုပေါ့။ ဒါပေမဲ့ ထန်းမော့က ဒါကဘာလို့လဲဆိုတော့ လောကကြီးမှာ ဂြိုဟ်သားတွေကို ခွင့်ပြုမထားလို့ လို့ ရေးသားခဲ့တယ်။
Edward လိုမျိုး သူ့လိုမျိုးပေါ့။
Edward မှာက လူတွေနဲ့မတူတဲ့ ကတ်ကြေးလက်တစ်စုံရှိတယ်။ ထန်းမော့မှာက ဘယ်တော့မှ မတ်တပ်ရပ်နိုင်မှာ မဟုတ်တဲ့ ခြေထောက်တစ်စုံနဲ့ စိတ်ခံစားချက်တွေကို နားမလည်နိုင်တဲ့ ဦးနောက်တစ်ခုရှိတယ်။
Edwardက တစ်ချိန်တုန်းက ဒီကတ်ကြေးလက်တစ်စုံကြောင့် နာမည်ကြီးခဲ့တယ်။ ဒါပေမဲ့ ဇာတ်လိုက်မင်းသမီးကို ချစ်မိသွားတဲ့နောက်မှာ သူက အားလုံးဆီကနေ သံသယအဝင်ခံရတယ်၊ အငြင်းပယ်ခံရတယ်။ ထန်းမော့ကို အားလုံးက အထင်ကြီးကြတာ ဘာလို့လဲဆိုတော့ သူ့ရဲ့ IQက တစ်ခြားသာမန်လူတွေထက် အများကြီးသာလွန်နေလို့ပဲ။ ဒါပေမဲ့ တစ်ကယ်လို့ သူက ချောင်လန့်လို အရမ်းကောင်းတဲ့မိန်းကလေးမျိုးကို သဘောကျနေတယ်ဆိုတာကိုသာ သူတို့သိသွားခဲ့ရင် သူတို့လဲ ရှန်းရှောင်ဟန်လိုပဲ သူက ထူးဆန်းပြီးရွံစရာကောင်းတယ်လို့ ထင်ရင်ထင်ကုန်ကြမှာ။
Edward ရဲ့ ကတ်ကြေးလက်တစ်စုံက သင်္ကေတတစ်ခုပဲ။ အဲ့တာက သူများနဲ့မတူတာကို ကိုယ်စားပြုတဲ့ သင်္ကေတတစ်ခုပဲ။ အဲ့တာက ဒီတိုင်းကတ်ကြေးတစ်စုံလို့ပဲ တစ်ကယ်ယူဆလို့မရဘူး။ ဒီကတ်ကြေးတစ်စုံက autism၊ ဆင်းရဲမှု၊ မသန်စွမ်းမှု အစရှိသဖြင့် သာမန်လူတွေ လက်မခံတဲ့ အရာတွေကို ကိုယ်စားပြုနေတယ်။
နှစ်ပေါင်းအများကြီးကြာပြီးသွားတဲ့ တစ်နေ့မှာ သူနဲ့ ချောင်လန်လဲ ရုပ်ရှင်ထဲက Edward နဲ့ Kimလိုပဲ အဆုံးသတ်သွားလောက်တယ်။ တစ်ယောက်က တစ်ဘဝလုံး အထီးကျန်နေပြီး နောက်တစ်ယောက်က တဖြေးဖြေးနဲ့ သူ့ကိုယ်ပိုင်ဘဝနဲ့ သူဖြစ်သွားတော့မှာ။
ထန်းမော့က မျက်လုံးတွေကို ပိတ်လိုက်ပြီး အကြာကြီး စကားတစ်ခွန်းမှ မပြောခဲ့ဘူး။ ဒီလိုမျိုးနေခဲ့တာ ဘယ်လောက်ကြာသွားလဲတော့ သူမသိဘူး။ ဒါပေမဲ့ အဲ့ဒီ့နောက် ထန်းမော့က အဲ့စာရွက်ကို ထက်ပိုင်းဖြဲလိုက်ပြီး အမှိုက်ပုံးထဲကို လွှင့်ပစ်လိုက်တယ်။
သူက တုန်ရီနေတဲ့ လက်ကို ဆုပ်လိုက်ပြီး သူ့ခံစားချက်တွေကို အတက်နိုင်ဆုံး ဖယ်ရှားပစ်နေတယ်။
အရာအားလုံးကို ချိုးနှိမ်ပစ်ဖို့ပေါ့....
Zawgyi
ရက္သတၱပတ္အသစ္ကိုေရာက္လာေတာ့ ေခ်ာင္လန္နဲ႔ ထန္းေမာ့တို႔က ထိုင္ခုံေနရာေတြေျပာင္းလိုက္ၾကၿပီး ပိုင္ယြီတို႔ ေရွ႕ကခုံကို ေျပာင္းခဲ့ၾကတယ္။
ပိုင္ယြီက ေနာက္ထပ္ေကာင္ေလးတစ္ေယာက္နဲ႔ တစ္ခုံထဲ ထိုင္တာျဖစ္တယ္။ သူတို႔၂ေယာက္က အထက္တန္းပထမႏွစ္တုန္းက တစ္ခန္းထဲေလ။ ၿပီးေတာ့ အခုလဲ သူတို႔၂ေယာက္က အရမ္းကိုရင္းႏီွးတဲ့ သူငယ္ခ်င္းေတြျဖစ္ေနၾကတုန္းပဲ။ သူတို႔က လြတ္လြတ္လပ္လပ္ေနတက္တဲ့ အက်င့္ခ်င္းတူတယ္။ ၿပီးေတာ့ ၾကည့္လိုက္ရင္ ေမာင္ႏွမ၂ေယာက္နဲ႔ အရမ္းတူတယ္။
သူတို႔၂ေယာက္က '႐ႊယ္ပါး' ၂ေယာက္ေရာက္လာမႈကို အရမ္းကို လြန္လြန္ၾကဴးၾကဴး ခ်ဲ႕ကားထားတဲ့ အသံေတြနဲ႔ ႀကိဳဆိုခဲ့ၾကတယ္။
( ႐ႊယ္ပါး ဆိုတာက ေက်ာင္းမွာ စာအရမ္းေတာ္တဲ့ ေက်ာင္းသား ေက်ာင္းသူေတြကို ေျပာတာပါ။ ၿပီးေတာ့ အဲ့တာက ေက်ာင္းသားေတြရဲ႕ေခါင္းေဆာင္ဆိုၿပီးလဲ အဓိပၸာယ္ရေသးတယ္။ )
ေခ်ာင္လန္က ထန္းေမာ့က လက္ေမာင္းကို ဆြဲလိုက္ၿပီး သူ႔ကိုသတိေပးလိုက္တယ္။ " ၿပဳံးဦးေလ "
ေကာင္ေလးက ခဏေလာက္ေၾကာင္သြားတယ္။ ၿပီးေတာ့ သူ႔ရဲ႕ႏူးညံ့ၿပီး မ်က္ႏွာအမူအရာဘာမွ မရွိတဲ့ မ်က္ႏွာ ကၿပဳံးလိုက္တယ္။
အေနာက္တန္းကလူ၂ေယာက္က ထန္းေမာ့ရဲ႕ တစ္ျခားမ်က္ႏွာထားေတြကို မျမင္ဖူးဘူး။ ဒီလိုၾကည့္ေကာင္းတဲ့ မ်က္ႏွာထားဆို ပိုဆိုးေပါ့။ ပိုင္ယြီက သူမရင္ဘတ္ေနရာကို ဖိလိုက္ၿပီး ေခ်ာင္လန္႔ကို ဆြဲလိုက္ကာ ခ်ဲ႕ကားၿပီးေျပာလိုက္တယ္။ " လန္လန္ ငါေတာ့ heart attack ရသြားၿပီနဲ႔တူတယ္။ အရမ္းကို ျပင္းျပင္းထန္ထန္ကို ထိသြားတာပဲ!! "
ထန္းေမာ့က ဒီလိုအေျခအေနမ်ိဳးကို တစ္ခါမွ မႀကဳံေတြ႕ဖူးဘူးေလ။ ဒီလို အရမ္းပုံႀကီးခ်ဲ႕ထားတဲ့ ရင္းႏီွးမႈကို ျမင္လိုက္ရေတာ့ အခ်ိန္ခဏေလာက္ သူဘယ္လို တုံ႔ျပန္ရမယ္မွန္း မသိေတာ့ဘူး။ သူေတာင့္ေနတာကို ျမင္လိုက္ရေတာ့ ေခ်ာင္လန္က သူ႔နားနားေလးကို ကပ္ၿပီးေျပာလိုက္တယ္။ " ငါနင့္ကို ဟိုးအရင္ကထဲကေျပာသားပဲ နင္က ရယ္လိုက္ရင္ ပိုၾကည့္လို႔ေကာင္းပါတယ္ဆို။ ၾကည့္ေလ ငါနင့္ကို လိမ္ေျပာတာ မဟုတ္ဘူးမလား။ "
ထန္းေမာ့က ေခါင္းကိုလွည့္လိုက္ၿပီး သူမကိုထပ္ၾကည့္လိုက္တယ္။ အခ်ိန္ခဏေလာက္ေတာ့ သူ႔မ်က္လုံးထဲမွာ အၿပဳံးတစ္ခုရွိေနခဲ့တယ္။
ဒါေပမဲ့ ထန္းေမာ့အၿပဳံးက အၿမဲတမ္း တစ္ျခားသူေတြနဲ႔ မတူဘူး။ သူကေပ်ာ္လို႔ရွိရင္ ရင္ဘတ္ထဲက ၿပဳံးတာမဟုတ္ဘူး။ အဲ့အစားက တိုတိုနဲ႔ ျမန္ျမန္တြက္ခ်က္ၿပီးသြားတဲ့ေနာက္မွာ သူကၿပဳံးတယ္။ သင့္ေတာ္လား မသင့္ေတာ္ဘူးလားဆိုတာ သူကသုံးသပ္ၿပီးတဲ့ ေနာက္မွာေပါ့။
အဲ့တာေၾကာင့္ တစ္ခါတစ္ေလက် ေခ်ာင္လန္ေတာင္ ထန္းေမာ့အၿပဳံးေတြေနာက္မွာ ဘာကိုဖုံးကြယ္ထားတာလဲဆိုတာ နားမလည္ႏိုင္ဘူး။
ထန္းေမာ့က သူမကို ပိုၾကည့္ေလေလ၊ သူမကိုပိုၿပီး စကားေျပာေလေလ ထန္းေမာ့ ရွန္းေရွာင္ဟန္ရဲ႕ စကား၂ခြန္းေအာက္မွာ ပိုပိုၿပီး ႐ုန္းကန္ရေလဆိုတာကို သူမမသိခဲ့ဘူး။
နင္တို႔၂ေယာက္က ဘယ္လိုလုပ္ လိုက္ဖက္မွာလဲ?? နင္ဘယ္လိုေတာင္ ႀကိဳက္ရဲရတာလဲ!!!
သူတစ္ေယာက္ထဲရွိေနတဲ့ အခ်ိန္မွာ သူက ဖုန္းကိုကိုင္လိုက္ၿပီး အခ်ိန္အၾကာႀကီး တြန္႔ဆုတ္ေနခဲ့တယ္။ ၿပီးေတာ့မွ ခက္ခက္ခဲခဲနဲ႔ မသန္မစြမ္း ဆိုတဲ့ စာလုံးကို ႐ိုက္လိုက္တယ္။
သူက မသန္မစြမ္းလူတစ္ေယာက္ဆိုတာ သူဝန္ခံပါတယ္။ ႐ုပ္ပိုင္းဆိုင္ရာလဲ မသန္စြမ္းဘူး။ စိတ္ပိုင္းဆိုင္ရာကလဲ မသန္စြမ္းဘူး။ ဒါေပမဲ့ သူက တစ္စုံတစ္ေယာက္ကို သေဘာက်ေနတယ္။
အဲ့ဒီ့စာလုံးေတြကို ႐ိုက္ဖို႔ ႐ုန္းကန္ၿပီးတဲ့ေနာက္မွာ သူက အခ်စ္ ဆိုတဲ့ စာလုံး၂လုံးကို ေသခ်ာဂ႐ုစိုက္ၿပီး ႐ိုက္လိုက္တယ္။ ၿပီးေတာ့ search ဆိုတာကို ႏွိပ္လိုက္တယ္။ ဒါေပမဲ့ တစ္ခ်က္ေလးၾကည့္လိုက္႐ုံနဲ႔ ခ်က္ခ်င္းကိုပဲ ထန္းေမာ့ရဲ႕ ေသြးအလိမ္းလိမ္းနဲ႔ အနာက ထပ္ၿပီး စိုက္ထိုးခံလိုက္ရျပန္တယ္။
ေအာက္က ေတာက္ပေနတဲ့ ေခါင္းစဥ္က ေျပာထားတယ္။ " ငါက တစ္စုံတစ္ေယာက္ကို သေဘာက်တယ္။ ဒါေပမဲ့ မသန္မစြမ္းေတြက ဘယ္ေတာ့မွ အခ်စ္နဲ႔ လိုခ်င္ေတာင့္တမႈကို မရသင့္ဘူး တဲ့။"
ထန္းေမာ့ ႐ုတ္တရက္ မ်က္လုံးကိုပိတ္လိုက္တယ္။ ၿပီးေတာ့ ဖုန္းကိုစားပြဲေပၚကို တင္လိုက္တယ္။ သူ႔ပုခုံးေတြက wheelchair ေနာက္မွီကို မွီလိုက္တယ္။ အၾကာႀကီးေနေတာ့မွ သူဖုန္းကို ေနာက္တစ္ခါ ထပ္ေကာက္ယူလိုက္တယ္။
သူက ဒီမွတ္ခ်က္ေတြအားလုံးထဲက မတူညီတဲ့ဟာ တစ္ခုခုကို ရွာေတြ႕ခ်င္တယ္။ ဒါေပမဲ့ ၁နာရီေလာက္ တစ္ခုခ်င္းလိုက္ဖတ္ၿပီးတာေတာင္ သူ႔ေခါင္းထဲက စာလုံးေတြကို ျပန္ေခ်ပႏိုင္မဲ့ စာလုံးေတြကို ရွာမေတြ႕ခဲ့ဘူး။
သူက ဇာတ္လမ္းေတြအမ်ားႀကီးနဲ႔ မွတ္ခ်က္ေတြအားလုံးကို လန္ေလွာၾကည့္ၿပီးေနၿပီ။ ဒါေပမဲ့ သာမန္လူတစ္ေယာက္နဲ႔ မသန္မစြမ္းလူတစ္ေယာက္နဲ႔က အတူတူရွိေနၿပီး စိတ္ေက်နပ္ေပ်ာ္႐ႊင္ေနၾကတဲ့ အေျခအေနမ်ိဳး တစ္ခုမွ ရွာမေတြ႕ခဲ့ဘူး။ အစတုန္းက သူတို႔မိသားစုေတြရဲ႕ ကန္႔ကြက္တာကို အတင္းဆန္႔က်င္ၿပီး အတူရွိခဲ့ၾကတဲ့ အတြဲေတြေတာင္ ႏွစ္ေတြၾကာလာေတာ့ ေၾကကြဲဝမ္းနည္းဖြယ္ရာေတြနဲ႔ အဆုံးသတ္ရတာပဲ။
ေကာင္မေလးတစ္ေယာက္ေျပာထားသလိုပဲ။ တစ္ခါတုန္းက သူမမာ မ်က္စိမျမင္ရတဲ့ ခ်စ္သူေကာင္ေလးတစ္ေယာက္ရွိတယ္တဲ့။ သူမက သူ႔ကို အရမ္းခ်စ္ခဲ့တာ။ သူမက သူ႔အတြက္နဲ႔ သူမမိသားစုနဲ႔ အဆက္အသြယ္အားလုံးကို ျဖတ္ပစ္ခဲ့တာ။ သူမက အဲ့လိုအခ်စ္မ်ိဳးက တစ္သက္လုံးခံမယ္လို႔ ထင္ထားခဲ့တာေပါ့။
ဒါေပမဲ့ ေနာက္ေတာ့ အဲ့တာက ၃ႏွစ္ပဲ ခံခဲ့တယ္။
သူမက ေျပာတယ္။ အဲ့တာက အရမ္းခက္ခဲတာပဲတဲ့။ တစ္ခါတစ္ေလ သူမမခံႏိုင္ေတာ့တဲ့ အခ်ိန္က် သူမကိုယ္သူမ ထပ္ခါထပ္ခါေမးမိတယ္တဲ့။ သူမက ဘာလို႔ဒီေလာက္ေတာင္ ပင္ပန္းေနရတာလဲ၊ တစ္ျခားသာမန္လူေတြလိုမ်ိဳး ဘာလို႔ သူမက ပုံမန္ဘဝေလးမွာ မေနႏိုင္ရတာလဲ လို႔ေပါ့။
သူမလဲ ပုံမန္လူတစ္ေယာက္ ျဖစ္ခဲ့တာပဲ။
လူအမ်ားစုက အစတုန္းကေတာ့ သိခ်င္ၾကတယ္။ မသန္မစြမ္းျဖစ္ေနတဲ့ လူေတြက ပုံမန္လူေတြနဲ႔ ခ်စ္သင့္လား မခ်စ္သင့္ဘူးလား ဆိုတာကိုေပါ့။ အခ်ိန္ေတြကုန္ဆုံးလာတာနဲ႔အမ် သူတို႔ခႏၶာကိုယ္ေတြက ပိုပိုၿပီး ဆိုဝါးလာခဲ့တယ္။ ၿပီးေတာ့ သူတို႔အေပၚကို ဖိအားေပါင္း ေသာင္းေျခာက္ေတာင္က ဖိလာတဲ့အခ်ိန္မွာ မသန္မစြမ္းျဖစ္ေနတဲ့လူေတြက ပုံမန္လူေတြကို ေနႏိုင္ပါေတာ့မလား??
သူနဲ႔ ေခ်ာင္လန္မွာ အနာဂတ္ရွိႏိုင္မလားဆိုတာ သူသိခ်င္တယ္။ ဒါေပမဲ့ သူရလိုက္တဲ့ အေျဖတစ္ခုခ်င္းစီတိုင္းက သူ႔ကို ပိုပိုၿပီး စိတ္ပ်က္လာေစခဲ့တယ္။
ထန္းေမာ့က အရမ္းကိုပဲ ေပ်ာ္႐ြင္တဲ့ ျဖစ္ရပ္ေလးကို ရွာေတြ႕ခ်င္ေနတယ္။ သူ႔ကို နည္းနည္းေလာက္ စိတ္သက္သာရာရေစမဲ့ ေပ်ာ္႐ႊင္ႏိုင္တဲ့ ျဖစ္ႏိုင္ေခ်ေလးကိုေပါ့။ ေနာက္ဆုံးေတာ့ တစ္ေယာက္ေယာက္က သူတို႔ အခ်စ္ကို ရွာေတြ႕ခဲ့တယ္လို႔ ေျပာထားတာကို သူေတြ႕လိုက္တယ္။ ဒါေပမဲ့ အဲ့တာကို ဖတ္လိုက္ေတာ့ ထန္းေမာ့က ပိုၿပီး စိတ္ညစ္သြားတယ္။
အဲ့လူေရးထားခဲ့တာက သူမမွာ တစ္ခါတုန္းက အရမ္းေခ်ာၿပီး အရမ္းေကာင္းတဲ့ေကာင္ေလးတစ္ေယာက္နဲ႔ တြဲခဲ့ဖူးတယ္တဲ့။ သူက စကားမေျပာႏိုင္ဘူး။ ဒါေပမဲ့ သူက အရမ္းေကာင္းတယ္။ အဆုံးမွာေတာ့ သူက ႏွစ္အနည္းငယ္ၾကာေတာ့ လက္ထပ္သြားခဲ့တယ္။ သူ႔အမ်ိဳးသမီးက အရမ္းလွတဲ့ ေကာင္မေလးတစ္ေယာက္ပဲ။ ၿပီးေတာ့ သူမလဲပဲ စကားမေျပာႏိုင္ဘူးတဲ့ေလ။
အဲ့တာက အ႐ိုးရွင္းဆုံးနဲ႔ အရက္စက္ဆုံး ေျပာစကားပဲ။ " နဂါးက နဂါးနဲ႔၊ ၿပီးေတာ့ ပုစြန္က ပုစြန္နဲ႔ " တဲ့ေလ။ မင္းလိုပဲ မျပည့္စုံတဲ့ လူတစ္ေယာက္ကို ရွာတဲ့။ မင္းကိုယ္တိုင္အတြက္ေရာ တစ္ျခားသူေတြအတြက္ေရာ မင္းလိုလူတစ္ေယာက္ကို ရွာတာ အေကာင္းဆုံးပဲတဲ့။ မင္းရဲ႕ စံႏႈန္းေတြကို ႏွိမ့္ခ်လိုက္ပါ။ အဲ့တာဆို ေမွ်ာ္လင့္ခ်က္ ေတြ႕ေကာင္းေတြ႕ႏိုင္တယ္။
အခ်ိန္ခဏေလာက္ေတာ့ ထန္းေမာ့ေတြးမိတယ္။ တစ္ကယ္လို႔ သူသာ တစ္ကယ္ကုသမႈခံယူခဲ့မယ္ဆိုရင္..... သူသာ ျပန္ၿပီးမတ္တပ္ရပ္ႏိုင္ခဲ့မယ္ဆိုရင္..... ဒါေပမဲ့ အဲ့အေတြးက ခ်က္ခ်င္းပဲ ေပ်ာက္သြားခဲ့တယ္။ ႐ုတ္တရက္ သူက သူ႔ကိုယ္သူ လွည့္စားေနတာပဲ ဆိုတာကို နားလည္သြားတယ္။
တစ္ခ်ိဳ႕လူေတြက ႐ုပ္ပိုင္းဆိုင္ရာ မသန္မစြမ္းျဖစ္တာ။ တစ္ခ်ိဳ႕က စိတ္ပိုင္းဆိုင္ရာ မသန္စြမ္းတာ။ ဒါေပမဲ့ စိတ္ပိုင္းဆိုင္ရာ မသန္စြမ္းတာက ႐ုပ္ပိုင္းဆိုင္ရာ မသန္စြမ္းတာထက္ အမ်ားႀကီး ပိုေၾကာက္ဖို႔ ေကာင္းတယ္။
တစ္ကယ္လို႔ သူက မတ္တပ္ရပ္ႏိုင္တယ္ဆိုရင္ေတာင္.... သူက သာမန္လူတစ္ေယာက္နဲ႔တူတယ္ဆိုရင္ေတာင္..... သူက သူ႔ရဲ႕စိတ္အေျခအေနနဲ႔ ခံစားခ်က္ေတြက ဘယ္ေလာက္ေတာင္ေၾကာက္ဖို႔ ေကာင္းလဲဆိုတာကို တစ္ျခားသူေတြထက္ သူ႔ကိုယ္သူ ပိုသိေနတယ္ေလ။
႐ုတ္တရက္ ထန္းေမာ့ နားလည္သြားခဲ့တယ္။ သူအရင္တုန္းက ဘယ္လိုမွ နားမလည္ခဲ့တဲ့ ကဗ်ာထဲက ေနာက္ဆုံးစာေၾကာင္း၂ေၾကာင္းကိုေပါ့။
Had I not seen the sun
I could have borne the shade
But light a newer wilderness
My wilderness has made
သူမက သူ႔ဘဝရဲ႕ကယ္တင္ရွင္ေလ။ သူမက သူ႔ကို ေႏြးေထြးမႈေတြ အလင္းေရာင္ေတြ ယူေဆာင္လာေပးတယ္။ ဒါေပမဲ့ သူက ေနမင္းႀကီးရဲ႕လွပမႈကို ျမင္ေတြ႕ၿပီးသြားၿပီဆိုေတာ့ သူက အထီးက်န္တဲ့ ေမွာင္မိုက္ေနတဲ့ ေနရာကို ဘယ္ေတာ့မွ ျပန္မသြားႏိုင္ေတာ့ဘူး။ ဒါေပမဲ့ ေနေရာင္ျခည္က သူ႔ကို အေမွာင္ထုထဲကေန မကယ္ႏိုင္ခဲ့ဘူး။ အဲ့အစား သူ႔ကို ေနေရာင္ျခည္ရဲ႕ေႏြးေထြးမႈ စည္းစိမ္ကို ပိုၿပီးလိုခ်င္ေတာင့္တေအာင္ လုပ္ေနတယ္။
ဗုဒၶဟူးေန႔ေန႔လည္ခင္း တ႐ုတ္စာအခ်ိန္မွာ တ႐ုတ္စာသင္တဲ့ဆရာက ေက်ာင္းသူေက်ာင္းသားေတြကို ဂႏၲဝင္႐ုပ္ရွင္ကားတစ္ခုျဖစ္တဲ့ Edward Scissorhands ဆိုတဲ့ ႐ုပ္ရွင္ကို ၾကည့္ခိုင္းခဲ့တယ္။
သူတို႔ကို ႐ုပ္ရွင္ကို ေသေသခ်ာခ်ာၾကည့္ခိုင္းၿပီး ၾကည့္ၿပီးသြားတာနဲ႔ ဆရာ့ကို သူတို႔ရဲ႕အဲ့႐ုပ္ရွင္ေပၚအျမင္ကို ေရးတင္ခိုင္တယ္။
Edward ဆိုတာ ရဲတိုက္ထဲမွာေနတဲ့ တီထြင္တဲ့သူတစ္ေယာက္က ဖန္တီးထားတဲ့ စက္႐ုပ္တစ္႐ုပ္ပဲျဖစ္တယ္။ အဲ့ဒီ့တီထြင္တဲ့လူက Edward အတြက္ ခရစ္စမတ္လက္ေဆာင္အျဖစ္ လူလက္တစ္စုံကိုျပန္ျပင္ေပးေနတဲ့ အခ်ိန္မွာပဲ သူက ၾကမ္းျပင္ေပၚကို မေတာ္တဆ ျပဳတ္က်သြားၿပီး ေသသြားခဲ့တယ္။ သူ႔ကိုဖန္တီးေပးတဲ့သူရဲ႕ မေတာ္တဆေသဆုံးမႈေၾကာင့္ Edward က သာမန္လူေတြလိုမ်ိဳး လက္တစ္စုံကိုမရႏိုင္ခဲ့ေတာ့ဘူး။ အဲ့အစား လက္ေတြေနရာမွာ ခြၽန္ထက္တဲ့ ကတ္ေၾကးတစ္စုံကေနရာယူေနခဲ့တယ္။
Pegg ကေန အိမ္ကိုေခၚသြားၿပီးတဲ့ေနာက္မွာ သူက လွပတဲ့ Kim ကိုခ်စ္မိသြားခဲ့တယ္။ ဒါေပမဲ့ သူက ေနာက္ဆုံးမွာေတာ့ ၿမိဳ႕ေလးထဲကလူေတြဆီကေန ဖယ္က်ဥ္တာေတြ မုန္းတာေတြခံရၿပီး ေနာက္တစ္ခါ ရဲတိုက္ထဲမွာ သြားပုန္းေနခဲ့တယ္။
Edward က မေကာင္းဆိုးဝါးမလို႔ Kimအေပၚထားတဲ့ သူ႔ရဲ႕ခံစားခ်က္ေတြက စိတ္ေနစိတ္ထားေပၚမွာပဲ လုံးဝအေျခခံေနခဲ့တာ။ ဘာလက္ေတြ႕မွ မရွိဘဲနဲ႔ေပါ့။ သူက Kim အတြက္ အႏုပညာလက္ရာေတြဖန္တီးေပးလို႔ရတယ္၊ သူ႔ရဲ႕ကတ္ေၾကးလက္ကို အသုံးျပဳၿပီး တစ္ျခားသူေတြစားလို႔ရေအာင္ အစားအစာေတြကို လီွးျဖတ္ေပးလို႔ရတယ္၊ အိမ္နီးခ်င္းေတြရဲ႕ မုန္းတီးမႈကို သည္းခံလို႔ရတယ္ ၿပီးေတာ့ သူ႔အသိစိတ္ကိုဖုံးထားၿပီး အမွန္တရားကို မ်က္ကြယ္ျပဳကာ သူမအတြက္ ခိုးေပးလို႔ရတယ္။
Kim က သူဘာလို႔ အဲ့လိုလုပ္ခဲ့တာလဲလို႔ ေမးတဲ့အခါ Edward က သူမကိုေျပာျပခဲ့တယ္။ " ဘာလို႔လဲဆိုေတာ့ မင္းက င့ါကို လုပ္ခိုင္းခဲ့တာမလို႔ေလ " တဲ့။
႐ုပ္ရွင္က ေနာင္တရစရာေကာင္းတဲ့ အဆုံးသတ္ေလးျဖစ္တယ္။ " ငါကတ္ေၾကးေတြကို တပ္ထားတဲ့အခ်ိန္မွာ မင္းကို မေထြးေပြးေပးႏိုင္ဘူး။ ၿပီးေတာ့ ငါကတ္ေၾကးေတြကို ခ်ထားလိုက္ေတာ့လဲ မင္းကို မကာကြယ္ႏိုင္ဘူး။ " ရန္ဟိုင္းက ေကာင္မေလးေတာ္ေတာ္မ်ားမ်ားက ဒီစာသားေတြေၾကာင့္ မ်က္ရည္ေတြက်ကုန္ၾကတယ္။ သူတို႔ထဲက အမ်ားစုက Edward ရဲ႕ခ်စ္ပုံခ်စ္နည္းေၾကာင့္ ရင္ထဲထိကုန္ၾကတယ္။ သူက သူအခ်စ္ရဆုံးသူကို ကာကြယ္ေပးခဲ့တာ။ ဒါေပမဲ့ အထင္လြဲခံခဲ့ရတယ္။ သူက အရမ္းကို အင္အားမဲ့တယ္လို႔ ခံစားရတာေၾကာင့္ ထြက္ေျပးတာတစ္ခုပဲ သူလုပ္ႏိုင္ခဲ့တယ္။
အဲ့ေန႔က အားလုံးေဖာ္ျပခဲ့တဲ့ အေတြးေတြအမ်ားစုက အေျပာင္းအလဲသိပ္မရွိဘူး။ ဒီ႐ုပ္ရွင္ရဲ႕ theme က လူမႈေရးခြဲျခားမႈနဲ႔ ေရွာင္ဖယ္ထားျခင္းပဲ ျဖစ္တယ္တဲ့။
ဆရာက အေကာင္းဆုံးတုံ႔ျပန္မႈေတြကို ေ႐ြးလိုက္ၿပီး တစ္ခန္းလုံးျမင္ႏိုင္ေအာင္လို႔ projector ေပၚမွာ ျပလိုက္တယ္။
တစ္ေယာက္က ေရးခဲ့တယ္။ " နက္ရိႈင္းတဲ့အခ်စ္ဆိုတာ သူတို႔အတူရွိတာနဲ႔အဆုံးသတ္သြားတဲ့ ေပ်ာ္႐ႊင္စရာေကာင္းတဲ့ ဇာတ္သိမ္းတစ္ခုရွိဖို႔လို႔ မဆိုလိုဘူး။ ခြဲခြာရျခင္းက အရမ္းကို ဝမ္းနည္းရရင္ေတာင္....အားလုံးၿပီးဆုံးသြားတဲ့အခ်ိန္မွာ သူတို႔၂ေယာက္က သူစိမ္းေတြျဖစ္သြားခဲ့တယ္ဆိုရင္ေတာင္ အနည္းဆုံးေတာ့ အမွတ္တရေတြ က်န္ေနခဲ့တာပဲေလ။ Kimရဲ႕ ခံစားခ်က္ေတြက 'နင္ငါ့ကိုမွတ္မိတာနဲ႔တင္ ငါက အရမ္းေပ်ာ္ေနပါၿပီ။ နင္ငါ့ကို မွတ္မိေနတဲ့အခ်ိန္ေတြက ငါ့ရဲ႕အလွပဆုံးေသာ ငယ္႐ြယ္ႏုပ်ိဳခ်ိန္ေတြျဖစ္ေနလို႔ ငါဝမ္းသာပါတယ္။' ဆိုတဲ့ စာသားေတြအတိုင္းျဖစ္ေနလိမ့္မယ္လို႔ ကြၽန္ေတာ္ယုံၾကည္ပါတယ္။ "
Edwardက Kimကိုမွတ္မိတဲ့အခ်ိန္အမ်ားဆုံးက သူမအလွဆုံးျဖစ္ေနတဲ့ အခ်ိန္ကိုပဲ။ ဒါေပမဲ့ ထန္းေမာ့ကေတာ့ အဲ့တာကို ဘယ္ေတာ့မွ နားမလည္ခဲ့ဘူး။
သူက ႐ုပ္ရွင္ရဲ႕အဆုံးသတ္ကို ေတြ႕လိုက္တဲ့အခ်ိန္မွာ.. Edward တစ္ေယာက္ထဲ ရဲတိုက္ႀကီးကို ဘယ္လိုျပန္လာတာလဲဆိုတာ ေတြ႕လိုက္တဲ့အခ်ိန္မွာ..၊ Kim က သူမကိုယ္ပိုင္ဘဝနဲ႔ ေနေနတာကို ျမင္လိုက္ရတဲ့အခ်ိန္မွာ၊ သူမလက္ထပ္လိုက္ၿပီး ကေလးေတြရတာကို ေတြ႕လိုက္တဲ့အခ်ိန္မွာ..... အဲ့အခ်ိန္မွာ ထန္းေမာ့ ခံစားလိုက္ရတာက တစ္ကယ္လို႔ သူသာ Edward ဆိုရင္ သူက ေသဖို႔ကို ေ႐ြးခ်ယ္ရင္ေ႐ြးခ်ယ္ခဲ့မွာ ဆိုတဲ့ သူ႔အေတြးေတြကို တစ္ျခားသူေတြကို မေျပာျပခဲ့ဘူး။
သူ႔ကမာၻထဲက အခ်စ္ကေတာ့ အၿမဲတမ္း အေျဖ၂မ်ိဳးပဲ ရွိတယ္။ ၁၀၀အျပည့္ရရင္ရ မဟုတ္ရင္ သုံညပဲ။
ဆရာက ထန္းေမာ့ကို assignment တင္ဖို႔ မေျပာခဲ့ဘူး။ ဒါေပမဲ့ ထန္းေမာ့က ဒီတစ္ေခါက္သူ႔အေတြးေတြကို ေရးခဲ့တယ္။ ဒါေပမဲ့ သူက ဆရာ့ဆီမအပ္ခဲ့ဘူး။ သူက သူ႔အတန္းေဖာ္ေတြ လူမႈအသိုင္းအဝိုင္းကို အျပစ္တင္ရႈံ႕ခ်ၾကတာကို ၾကည့္ေနခဲ့တယ္။ ဒါေပမဲ့ သူ ဒီအေျဖကိုေရးေနတဲ့အခ်ိန္မာ သူ႔ရင္ထဲႏွလုံးထဲကေနလာတဲ့ Edward အေပၚ စာနာသနားမႈကို သတိရသြားတယ္။
အားလုံးကေျပာၾကတယ္ ဒီ႐ုပ္ရွင္က လူမႈေရးခြဲျခားထားတဲ့ အေၾကာင္းကိုေပါ့။ ဒါေပမဲ့ ထန္းေမာ့က ဒါကဘာလို႔လဲဆိုေတာ့ ေလာကႀကီးမွာ ၿဂိဳဟ္သားေတြကို ခြင့္ျပဳမထားလို႔ လို႔ ေရးသားခဲ့တယ္။
Edward လိုမ်ိဳး သူ႔လိုမ်ိဳးေပါ့။
Edward မွာက လူေတြနဲ႔မတူတဲ့ ကတ္ေၾကးလက္တစ္စုံရွိတယ္။ ထန္းေမာ့မွာက ဘယ္ေတာ့မွ မတ္တပ္ရပ္ႏိုင္မွာ မဟုတ္တဲ့ ေျခေထာက္တစ္စုံနဲ႔ စိတ္ခံစားခ်က္ေတြကို နားမလည္ႏိုင္တဲ့ ဦးေနာက္တစ္ခုရွိတယ္။
Edwardက တစ္ခ်ိန္တုန္းက ဒီကတ္ေၾကးလက္တစ္စုံေၾကာင့္ နာမည္ႀကီးခဲ့တယ္။ ဒါေပမဲ့ ဇာတ္လိုက္မင္းသမီးကို ခ်စ္မိသြားတဲ့ေနာက္မွာ သူက အားလုံးဆီကေန သံသယအဝင္ခံရတယ္၊ အျငင္းပယ္ခံရတယ္။ ထန္းေမာ့ကို အားလုံးက အထင္ႀကီးၾကတာ ဘာလို႔လဲဆိုေတာ့ သူ႔ရဲ႕ IQက တစ္ျခားသာမန္လူေတြထက္ အမ်ားႀကီးသာလြန္ေနလို႔ပဲ။ ဒါေပမဲ့ တစ္ကယ္လို႔ သူက ေခ်ာင္လန္႔လို႔ အရမ္းေကာင္းတဲ့မိန္းကေလးမ်ိဳးကို သေဘာက်ေနတယ္ဆိုတာကိုသာ သူတို႔သိသြားခဲ့ရင္ သူတို႔လဲ ရွန္းေရွာင္ဟန္လိုပဲ သူက ထူးဆန္းၿပီး႐ြံစရာေကာင္းတယ္လို႔ ထင္ရင္ထင္ကုန္ၾကမွာ။
Edward ရဲ႕ ကတ္ေၾကးလက္တစ္စုံက သေကၤတတစ္ခုပဲ။ အဲ့တာက သူမ်ားနဲ႔မတူတာကို ကိုယ္စားျပဳတဲ့ သေကၤတတစ္ခုပဲ။ အဲ့တာက ဒီတိုင္းကတ္ေၾကးတစ္စုံလို႔ပဲ တစ္ကယ္ယူဆလို႔မရဘူး။ ဒီကတ္ေၾကးတစ္စုံက autism၊ ဆင္းရဲမႈ၊ မသန္စြမ္းမႈ အစရွိသျဖင့္ သာမန္လူေတြ လက္မခံတဲ့ အရာေတြကို ကိုယ္စားျပဳေနတယ္။
ႏွစ္ေပါင္းအမ်ားႀကီးၾကာၿပီးသြားတဲ့ တစ္ေန႔မွာ သူနဲ႔ ေခ်ာင္လန္လဲ ႐ုပ္ရွင္ထဲက Edward နဲ႔ Kimလိုပဲ အဆုံးသတ္သြားေလာက္တယ္။ တစ္ေယာက္က တစ္ဘဝလုံး အထီးက်န္ေနၿပီး ေနာက္တစ္ေယာက္က တေျဖးေျဖးနဲ႔ သူ႔ကိုယ္ပိုင္ဘဝနဲ႔ သူျဖစ္သြားေတာ့မွာ။
ထန္းေမာ့က မ်က္လုံးေတြကို ပိတ္လိုက္ၿပီး အၾကာႀကီး စကားတစ္ခြန္းမွ မေျပာခဲ့ဘူး။ ဒီလိုမ်ိဳးေနခဲ့တာ ဘယ္ေလာက္ၾကာသြားလဲေတာ့ သူမသိဘူး။ ဒါေပမဲ့ အဲ့ဒီ့ေနာက္ ထန္းေမာ့က အဲ့စာ႐ြက္ကို ထက္ပိုင္းၿဖဲလိုက္ၿပီး အမိႈက္ပုံးထဲကို လြင့္ပစ္လိုက္တယ္။
သူက တုန္ရီေနတဲ့ လက္ကို ဆုပ္လိုက္ၿပီး သူ႔ခံစားခ်က္ေတြကို အတက္ႏိုင္ဆုံး ဖယ္ရွားပစ္ေနတယ္။
အရာအားလုံးကို ခ်ိဳးႏွိမ္ပစ္ဖို႔ေပါ့....