Transmigrator meets reincarna...

By Larkspur41

97.6K 19.6K 978

Title: Transmigrator meets reincarnator Not my own story.Just translation. Credits to: Written by:Snow Mounta... More

108 (part 1)
108 (part 2)
109 (part 1)
109(part 2)
110(part 1)
110 (part 2 )
111(part 1)
111(part 2)
112(part 1)
112(part 2)
113(part 1)
113(part 2)
114(part 1)
114(part 2)
115(part 1)
115(part 2)
116(part 1)
116(part 2)
117(part 1)
117(part 2)
118(part 1)
118(part 2)
119(part 1)
119(part 2)
120(part 1)
121(part 1)
121( part2 )
122(part 1)
122(part 2)
123(part 1)
123(part 2)
124(part 1)
124(part 2)
125(part 1)
125(part 2)
126(part 1)
126(part 2)
127(part 1)
127(part 2)
128
129
130
131
132
133
134
135
136
137
138
139
New Trans
140
141
142
143
144
145
146
147
148
149
150
151
152
153
154

120(part 2)

1.2K 299 6
By Larkspur41

Unicode

ပြီးတော့ ချူးလျန်က သူမနဲ့ ပါလာတဲ့ အစေခံလေးတွေကို ခေါ်ပြီး ဘေးအခန်းမှာ သမားတော်ဆီကနေ ကုသမှုခံယူနေတဲ့ အစေခံလျိုဆီကို လာကြည့်ရှုတယ်။

သခင်မကြီးဟေးကတော့ ပင်မအိမ်တော်ကို သေချာလေးဆိုဆုံးမဖို့လိုတယ် ၊အငယ်ဆုံးမိသားစုဝင်အနေနဲ့ ဒီလိုအရှက်ကွဲစရာ ဖြစ်ရပ်မျိုးမှာ မျက်မြင်ကိုယ်တွေ့တည်ရှ်ိနေမယ်ဆိုရင် သူမရဲ့ ခဲအိုနဲ့ အစ်မကြီးဆီက ဒေါသတွေကို လက်ခံနေရလိမ့်မယ်။

ချူးလျန်က ဧည့်ခန်းထဲက လှုပ်ရှား‌မှုတွေကို စောင့်နေရင်းနဲ့ အစေခံလျိုကိုပါ စောင့်ကြည့်ပေးနေတယ်၊ကံကောင်းတာက အရိုးလေးတစ်ရိုး ကျိုးသွားတာကလွဲလို့ အစေခံလျိုရဲ့ ခန္ဓာကိုယ်က ကြံ့ခိုင်ဆဲဘဲ၊သူမ က အိပ်ရာထဲမှာ သုံး လေး လလောက် အနားယူလိုက်ရင် အပြည့်အဝ ပြန်ကောင်းလာလိမ့်မယ်။

တနာရီလောက်ကြာတော့ တယောက်ယောက်က ဧည့်ခန်းမထဲက အကြောင်းကို လာသတင်းပို့တယ်၊
သတင်းကို နားထောင်ပြီးတာနဲ့ ချူးလျန်က ဧည့်ခန်းမဆီ ချက်ချင်း ပြန်သွားတော့တယ်။

ပင်မခြံဝင်းထဲက ထွက်လာတော့ ချူးလျန်က သခင်မကြီးဟေးရဲ့ လက်မောင်းတဖက်ကို တွဲကိုင်ထားပြီး ဧည့်ခန်းမ တံခါးကို ပြန်လှည့်ကြည့်မိတယ်၊ပင်မအိမ်တော်ရဲ့ သခင်ရော သခင်မရောက ဒူးထောက်လျက် ရှိနေတုန်းဘဲ၊ ဒါပေမယ့် ခင်ပွန်းနဲ့ ဇနီးသည်တို့က တစ်ဦးနဲ့ တစ်ဦး သူစိမ်းတွေလို မသိကျိုးကျွန်ပြုနေကြတယ်။

သခင်မကြီးဟေးကို ကျင်းချီခန်းမဆောင်ကို ပြန်ပို့ပေးတော့ သူမ ခမျာ အတော်ကို ခြေကုန်လက်ပန်းကျနေရှာပြီ၊ ချူးလျန် မထွက်ခွာခင်မှာ သခင်မကြီးဟေးက ချူးလျန်ကို ဒီအကြောင်းအရာတွေကို ကျင်းအန်ကတော် မသိအောင် ဖုံးကွယ်ထားဖို့ သတိပေးလိုက်တယ်။

ချူးလျန်ကလည်း မဆိုင်းမတွဘဲ သဘောတူလိုက်တယ် ၊သူမရဲ့Songtaoအဆောင်ကို မပြန်လာခင် သခင်မကြီးဟေးကို အိပ်ခန်းထဲထိ ရောက်အောင် ပို့ဆောင်‌ေပးခဲ့တယ်။

အခြေနေ အချိန်အခါတွေအရ ဟေးချန်ကျီမှာ အသက်သုံးဆယ် မပြည့်ခင်မှာဘဲ ကိုယ်လုပ်တော်တစ်ဦး ရှိသွားခဲ့ပြီ၊ အစေခံတွေ အချင်းချင်း ပြန်ပြောနေကြတာကတော့ သူတို့ရဲ့ ကျင်းအန်ဆက်ခံသူက အိပ်ဖော်အစေခံတစ်ဦး ရရှိသွားရုံပါဘဲ၊ ဒါကို ကိုယ်လုပ်တော်လို့ မဆိုသာဘူးပေါ့၊ ဒီတော့ သူက ဟေးမိသားစု စည်းမျဉ်းတွေကို ဖောက်ဖျက်နေတာ မဟုတ်ဘူးပေါ့၊ ပြီးတော့ သူ့ရဲ့ တရားဝင်ဇနီးကလည်း 10နှစ်ကြာတာတောင် သားယောက်ျားလေးမှ မွေူဖွားမပေးနိုင်ခဲ့တာ။

သခင်မကြီးဟေးရဲ့ အမိန့်အရ သခင်မကျိုးက လဝက်တိတိ အကျယ်ချုပ်ကျခံရတယ်၊ဒီတော့ အိမ်တော်ရဲ့ ကိစ္စအဝဝက သခင်ကြီးဟေးလက်ထဲ ပြန်ရောက်လာတော့တယ်၊

လွန်ခဲ့တဲ့ ရက်အနည်းငယ်က ချူးလျန် ကျင်းချီ ခန်းမဆီ သွားလည်တော့ သခင်မကြီးဟေးက ချူးလျန်ကို အကြာကြီးဆွဲထားပြီး အိမ်တော်ရဲ့ ငွေစာရင်းစာအုပ်တွေပြပြီး ကိစ္စရပ်တွေကို ကိုင်တွယ်ခိုင်းတယ်။

ချူးလျန်က အိမ်တော်ကို စီမံဖို့ရာ လုံးဝ စိတ်မပါလှတဲ့ အပျင်းထူလေးသာမဟုတ်ဘူးဆိုရင် သခင်မကြီးဟေးက ချူးလျန်ကို သခင်မကျိုးနေရာမှာ ယာယီ အစားထိုးပြီး ကိုင်တွယ်ခိုင်းလိမ့်မယ်။

မျက်စိတစ်မှိတ်အတွင်းမှာဘဲ အောက်တိုဘာလလယ်ကို ရောက်လာခဲ့ပြီ ၊ဒီရက်တွေမှာ ချူးလျန်က ရှောင်လွှဲလို့မရနိုင်တဲ့ အနှောက်အယှက်ကောင် ရှောင်ပိုကျင်းနဲ့ မတွေ့စေဖို့ အိမ်တော်ကနေ အပြင်ကို မထွက်ခွာခဲ့ဘူး။

ဒီအချိန်မှာတော့ မင်းသမီးတွမ့်ကျားက မင်းသမီးဝေ ပြန်ပေးလိုက်တဲ့ လက်ဆောင်တွေနဲ့အတူ သူမဆီကို လာလည်တယ်။

သူမ မပြန်ခင်မှာ ချူးလျန်က မင်းသမီးတွမ့်ကျားနဲ့ ယှဉ်တွဲပြီး ခြံဝန်းဘေးမှာ ခဏတဖြုတ်လမ်းလျှောက်ကြတယ်၊ အပြင်ခြံဝန်းက စာကြည့်ခန်းထိတောင် သူတို့သွားခဲ့ကြသေးတယ်၊ ဒါပေမယ့် တချို့ အကြောင်းပြချက်လေးတွေကြောင့် မင်းသမီးတွမ့်ကျားက မပျော်မရွှင်ဖြစ်နေတယ်။

ချူးလျန်မှာလည်း စဉ်းစားစရာတွေ အများကြီး ရှိနေတယ် ၊ဒါပေမယ့် သူမက ဒါတွေကို နှိုက်နှ်ုက်ချွတ်ချွတ်တွေးမနေတော့ဘူး။

ချူးလျန်နဲ့ မင်းသမီးတွမ့်ကျားက နှစ်ယောက်ပေါင်းပြီး လက်ဝတ်ရတနာဆိုင်ဖွင့်ဖို့ ဆွေးနွေးတိုင်ပင်နေကြတယ်၊ဒီတကြိမ်မှာတော့ မင်းသားဝေအိမ်တော်က ဦးဆောင်မှာဆိုတော့ သူမ အများကြီး စိတ်ပူနေစရာမလိုဘူး၊ အကုန်လုံးကို မင်းသမီးဝေရဲ့ လူတွေက စီစဉ်လိမ့်မယ်၊ သူမ လုပ်ရမှာက လစဉ် လက်ဝတ်ရတနာ ဒီဇိုင်းလေး ဆွဲပေးရုံဘဲ။

လက်ရှိမှာတော့ ချူးလျန်က သူမ အခန်း ပြတင်းပေါက်ဘေးက သစ်သားကုလားထိုင်မှာ ပျင်းတိပျင်းရွဲနဲ့ ထိုင်နေတယ် ၊လက်တစ်ဖက်ကလည်း စာအုပ်ကို ကိုင်ထားသေးတယ်၊ပြီးတော့ စာမျက်နှာ တစ်ခုတည်းကိုဘဲ အကြာကြီး ကြည့်နေတယ်။

ဝတ္ထုရဲ့ ဇာတ်ကြောင်းအတိုင်းဆိုရင် နောက်ဆုံး အင်ပါယာစာမေးပွဲက မကြာခင် ကျင်းပတော့မှာ၊ အဲ့ဒါပြီးတာနဲ့ ရှောင်ပိုကျင်းကလည်း မြို့တော်တခွင် ကျော်ကြားလာတော့မှာ ၊ဘာလို့ဆို သူက ထိပ်တန်းကျောင်းသားဖြစ်နေတာကိုး၊ဒါက စစ်ပွဲစတော့မယ့် နိမိတ်လည်း ဖြစ်နိုင်တယ် Tuhunsတွေက စစ်တပ်ဖွဲ့ပြီး လျန်ကျိုးကို ကျူးကျော်လာလိမ့်မယ်။

ဝတ္ထုထဲမှာက ဒီအကြောင်းကို အရိပ်အမြွက်လေးဘဲဖော်ပြထားတာ၊ ချူးလျန် ဒါတွေကို အတိအကျ မသိနိုင်ဘူး၊သူမ သိတာက ဒါက နိုင်ဖို့ ခက်တဲ့ စစ်ပွဲဖြစ်ပြီးတော့ မြောက်ပိုင်းက စစ်သားတွေ အတွက် ခက်ခဲမယ်ဆိုတာဘဲ။

အခုချိန်မှာ သူမရဲ့ စိတ်မနှံ့တဲ့ ယောက်ျား စန်းလန်ကလည်း မြောက်ပိုင်းမှာ ရှိနေတော့ သူဘေးကင်းနိုင်ပါ့မလား....?

ချူးလျန် သက်ပြင်းရှိုက်မိတယ်၊ သူမရဲ့ အိမ်မက်လေးက ပျော်ရွှင်တဲ့ လူပျင်းလေးဘဲ ဖြစ်ချင်တာပေမယ့် အခုတော့ သူမ ဘာလို့ စိုးရိမ်မကင်းဖြစ်နေရတာပါလိမ့်?

ချူးလျန်ရဲ့ အတွေးတွေ ယောက်ယက်ခတ်နေတုန်းမှာဘဲ ရှီယန်ရဲ့ ပျော်ရွှင်နေတဲ့ အသံက အပြင်ခန်းထဲကနေ ထွက်လာတယ်။

"တတိယသခင်မလေး ကူလင်းစားသောက်ဆိုင်က သတင်းပို့လာတယ်"

ချူးလျန်က စာအုပ်ကို ချပြီး လှည့်ကြည့်လိုက်တာ်၊ ရှီယန်က အမြဲလိုလို တည်ငြိမ်အေးဆေးတဲ့သူပါ၊ သူမဘာလို့ ဒီလောက်တောင် စိတ်လှုပ်ရှားနေရတာလဲ? ဘာကောင်းတဲ့ အရာတွေများ ဖြစ်သွားလို့လဲ?

ရှီယန်က ကူလင်းစားသောက်ဆိုင်ကို ထည့်ပြောလာတော့မှ သူမစိတ်ထဲ အတွေးလေးတစ်ခုဝင်ရောက်လာတယ်။

သူတို့ အဲ့လူကို ရှာတွေ့တာများလား?

ရှီယန် လာခေါ်တာကိုတောင် မစောင့်နိုင်ဘဲ ချူးလျန်က အပြေးအလွှား ထွက်လာတယ် "မေးခွန်း သုံးခုလူံး ဖြေနိုင်တဲ့ သူကို ရှာတွေ့သွားပြီလား ?"

ရှီယန်က မျက်လုံးလေးတွေ လခြမ်းကွေးဖြစ်တဲ့ အထိကို ပြုံးပြီးဖြေတယ် " သေချာတာပေါ့ ၊သခင်မလေး သူတို့က ရှာတွေ့တွေ့ချင်းဘဲ မန်နေဂျာကျင်းက လူလွှတ်ပြီး လာပြောခိုင်းတာ၊ အဲ့ လူက အခု ကူလင်းစားသောက်ဆိုင်ရဲ့ သီးသန့်ခန်းထဲမှာ အသက် ခပ်ကြီးကြီး လူတစ်ဦးနဲ့ စားသောက်နေကြတယ်တဲ့ "


ချူးလျန်က သူမရဲ့ ပန်းထိုးဖိနပ်လေး တဖက် ကျွတ်နေတာကိုတောင်မှ ဂရုမစိုက်ဘဲ မြန်မြန်ထသွားတယ်၊သူမက ခြေအိတ်ဝတ်ထားရက်နဲ့ဘဲ ပြေးသွားတယ် "မြန်မြန် အဝတ်အစားယူပေး ၊ဝမ်လန်ကို အပြင်သွားပြီး လှည်းအဆင်သင့်ပြင်ထားခိုင်း၊ ငါအခု ချက်ချင်းဘဲ ကူလင်းစားသောက်ဆိုင်ကိုသွားမယ်၊ အိုး ပြီးတော့ အကြီးတန်းအစေခံကျူံးကို ငါပေးထားတဲ့ စပျစ်ဝိုင် တစ်အိုးလောက်ယူခဲ့အုံး ၊ပြီးတော့ အဘွားဆီကို ငါအပြင်ထွက်သွားတယ်ဆိုတာ အကြောင်းသွားကြားဖို့လည်း မမေ့နဲ့ "

ချူးလျန်တကယ်ကို ပျာယာခတ်နေပြီ၊ အဲ့လူက ဆေးဆရာMiaoဘဲ ၊သူမ တကယ်ဘဲ သူ့ကို ရှာတွေ့ခဲ့ပြီ။



Zawgyi


ၿပီးေတာ့ ခ်ဴးလ်န္က သူမနဲ႔ ပါလာတဲ့ အေစခံေလးေတြကို ေခၚၿပီး ေဘးအခန္းမွာ သမားေတာ္ဆီကေန ကုသမႈခံယူေနတဲ့ အေစခံလ်ိဳဆီကို လာၾကည့္႐ႈတယ္။

သခင္မႀကီးေဟးကေတာ့ ပင္မအိမ္ေတာ္ကို ေသခ်ာေလးဆိုဆုံးမဖို႔လိုတယ္ ၊အငယ္ဆုံးမိသားစုဝင္အေနနဲ႔ ဒီလိုအ႐ွက္ကြဲစရာ ျဖစ္ရပ္မ်ိဳးမွာ မ်က္ျမင္ကိုယ္ေတြ႕တည္႐ွ္ိေနမယ္ဆိုရင္ သူမရဲ႕ ခဲအိုနဲ႔ အစ္မႀကီးဆီက ေဒါသေတြကို လက္ခံေနရလိမ့္မယ္။

ခ်ဴးလ်န္က ဧည့္ခန္းထဲက လႈပ္႐ွား‌မႈေတြကို ေစာင့္ေနရင္းနဲ႔ အေစခံလ်ိဳကိုပါ ေစာင့္ၾကည့္ေပးေနတယ္၊ကံေကာင္းတာက အ႐ိုးေလးတစ္႐ိုး က်ိဳးသြားတာကလြဲလို႔ အေစခံလ်ိဳရဲ႕ ခႏၶာကိုယ္က ၾကံ့ခိုင္ဆဲဘဲ၊သူမ က အိပ္ရာထဲမွာ သုံး ေလး လေလာက္ အနားယူလိုက္ရင္ အျပည့္အဝ ျပန္ေကာင္းလာလိမ့္မယ္။

တနာရီေလာက္ၾကာေတာ့ တေယာက္ေယာက္က ဧည့္ခန္းမထဲက အေၾကာင္းကို လာသတင္းပို႔တယ္၊
သတင္းကို နားေထာင္ၿပီးတာနဲ႔ ခ်ဴးလ်န္က ဧည့္ခန္းမဆီ ခ်က္ခ်င္း ျပန္သြားေတာ့တယ္။

ပင္မျခံဝင္းထဲက ထြက္လာေတာ့ ခ်ဴးလ်န္က သခင္မႀကီးေဟးရဲ႕ လက္ေမာင္းတဖက္ကို တြဲကိုင္ထားၿပီး ဧည့္ခန္းမ တံခါးကို ျပန္လွည့္ၾကည့္မိတယ္၊ပင္မအိမ္ေတာ္ရဲ႕ သခင္ေရာ သခင္မေရာက ဒူးေထာက္လ်က္ ႐ွိေနတုန္းဘဲ၊ ဒါေပမယ့္ ခင္ပြန္းနဲ႔ ဇနီးသည္တို႔က တစ္ဦးနဲ႔ တစ္ဦး သူစိမ္းေတြလို မသိက်ိဳးကြၽန္ျပဳေနၾကတယ္။

သခင္မႀကီးေဟးကို က်င္းခ်ီခန္းမေဆာင္ကို ျပန္ပို႔ေပးေတာ့ သူမ ခမ်ာ အေတာ္ကို ေျခကုန္လက္ပန္းက်ေန႐ွာၿပီ၊ ခ်ဴးလ်န္ မထြက္ခြာခင္မွာ သခင္မႀကီးေဟးက ခ်ဴးလ်န္ကို ဒီအေၾကာင္းအရာေတြကို က်င္းအန္ကေတာ္ မသိေအာင္ ဖုံးကြယ္ထားဖို႔ သတိေပးလိုက္တယ္။

ခ်ဴးလ်န္ကလည္း မဆိုင္းမတြဘဲ သေဘာတူလိုက္တယ္ ၊သူမရဲ႕Songtaoအေဆာင္ကို မျပန္လာခင္ သခင္မႀကီးေဟးကို အိပ္ခန္းထဲထိ ေရာက္ေအာင္ ပို႔ေဆာင္‌ေပးခဲ့တယ္။

အေျခေန အခ်ိန္အခါေတြအရ ေဟးခ်န္က်ီမွာ အသက္သုံးဆယ္ မျပည့္ခင္မွာဘဲ ကိုယ္လုပ္ေတာ္တစ္ဦး ႐ွိသြားခဲ့ၿပီ၊ အေစခံေတြ အခ်င္းခ်င္း ျပန္ေျပာေနၾကတာကေတာ့ သူတို႔ရဲ႕ က်င္းအန္ဆက္ခံသူက အိပ္ေဖာ္အေစခံတစ္ဦး ရ႐ွိသြား႐ုံပါဘဲ၊ ဒါကို ကိုယ္လုပ္ေတာ္လို႔ မဆိုသာဘူးေပါ့၊ ဒီေတာ့ သူက ေဟးမိသားစု စည္းမ်ဥ္းေတြကို ေဖာက္ဖ်က္ေနတာ မဟုတ္ဘူးေပါ့၊ ၿပီးေတာ့ သူ႕ရဲ႕ တရားဝင္ဇနီးကလည္း 10ႏွစ္ၾကာတာေတာင္ သားေယာက်္ားေလးမွ ေမြဴဖြားမေပးႏိုင္ခဲ့တာ။

သခင္မႀကီးေဟးရဲ႕ အမိန္႔အရ သခင္မက်ိဳးက လဝက္တိတိ အက်ယ္ခ်ဳပ္က်ခံရတယ္၊ဒီေတာ့ အိမ္ေတာ္ရဲ႕ ကိစၥအဝဝက သခင္ႀကီးေဟးလက္ထဲ ျပန္ေရာက္လာေတာ့တယ္၊

လြန္ခဲ့တဲ့ ရက္အနည္းငယ္က ခ်ဴးလ်န္ က်င္းခ်ီ ခန္းမဆီ သြားလည္ေတာ့ သခင္မႀကီးေဟးက ခ်ဴးလ်န္ကို အၾကာႀကီးဆြဲထားၿပီး အိမ္ေတာ္ရဲ႕ ေငြစာရင္းစာအုပ္ေတြျပၿပီး ကိစၥရပ္ေတြကို ကိုင္တြယ္ခိုင္းတယ္။

ခ်ဴးလ်န္က အိမ္ေတာ္ကို စီမံဖို႔ရာ လုံးဝ စိတ္မပါလွတဲ့ အပ်င္းထူေလးသာမဟုတ္ဘူးဆိုရင္ သခင္မႀကီးေဟးက ခ်ဴးလ်န္ကို သခင္မက်ိဳးေနရာမွာ ယာယီ အစားထိုးၿပီး ကိုင္တြယ္ခိုင္းလိမ့္မယ္။

မ်က္စိတစ္မွိတ္အတြင္းမွာဘဲ ေအာက္တိုဘာလလယ္ကို ေရာက္လာခဲ့ၿပီ ၊ဒီရက္ေတြမွာ ခ်ဴးလ်န္က ေ႐ွာင္လႊဲလို႔မရႏိုင္တဲ့ အေႏွာက္အယွက္ေကာင္ ေ႐ွာင္ပိုက်င္းနဲ႔ မေတြ႕ေစဖို႔ အိမ္ေတာ္ကေန အျပင္ကို မထြက္ခြာခဲ့ဘူး။

ဒီအခ်ိန္မွာေတာ့ မင္းသမီးတြမ့္က်ားက မင္းသမီးေဝ ျပန္ေပးလိုက္တဲ့ လက္ေဆာင္ေတြနဲ႔အတူ သူမဆီကို လာလည္တယ္။

သူမ မျပန္ခင္မွာ ခ်ဴးလ်န္က မင္းသမီးတြမ့္က်ားနဲ႔ ယွဥ္တြဲၿပီး ျခံဝန္းေဘးမွာ ခဏတျဖဳတ္လမ္းေလွ်ာက္ၾကတယ္၊ အျပင္ျခံဝန္းက စာၾကည့္ခန္းထိေတာင္ သူတို႔သြားခဲ့ၾကေသးတယ္၊ ဒါေပမယ့္ တခ်ိဳ႕ အေၾကာင္းျပခ်က္ေလးေတြေၾကာင့္ မင္းသမီးတြမ့္က်ားက မေပ်ာ္မ႐ႊင္ျဖစ္ေနတယ္။

ခ်ဴးလ်န္မွာလည္း စဥ္းစားစရာေတြ အမ်ားႀကီး ႐ွိေနတယ္ ၊ဒါေပမယ့္ သူမက ဒါေတြကို ႏိႈက္ႏ္ႈက္ခြၽတ္ခြၽတ္ေတြးမေနေတာ့ဘူး။

ခ်ဴးလ်န္နဲ႔ မင္းသမီးတြမ့္က်ားက ႏွစ္ေယာက္ေပါင္းၿပီး လက္ဝတ္ရတနာဆိုင္ဖြင့္ဖို႔ ေဆြးေႏြးတိုင္ပင္ေနၾကတယ္၊ဒီတႀကိမ္မွာေတာ့ မင္းသားေဝအိမ္ေတာ္က ဦးေဆာင္မွာဆိုေတာ့ သူမ အမ်ားႀကီး စိတ္ပူေနစရာမလိုဘူး၊ အကုန္လုံးကို မင္းသမီးေဝရဲ႕ လူေတြက စီစဥ္လိမ့္မယ္၊ သူမ လုပ္ရမွာက လစဥ္ လက္ဝတ္ရတနာ ဒီဇိုင္းေလး ဆြဲေပး႐ုံဘဲ။

လက္႐ွိမွာေတာ့ ခ်ဴးလ်န္က သူမ အခန္း ျပတင္းေပါက္ေဘးက သစ္သားကုလားထိုင္မွာ ပ်င္းတိပ်င္း႐ြဲနဲ႔ ထိုင္ေနတယ္ ၊လက္တစ္ဖက္ကလည္း စာအုပ္ကို ကိုင္ထားေသးတယ္၊ၿပီးေတာ့ စာမ်က္ႏွာ တစ္ခုတည္းကိုဘဲ အၾကာႀကီး ၾကည့္ေနတယ္။

ဝတၳဳရဲ႕ ဇာတ္ေၾကာင္းအတိုင္းဆိုရင္ ေနာက္ဆုံး အင္ပါယာစာေမးပြဲက မၾကာခင္ က်င္းပေတာ့မွာ၊ အဲ့ဒါၿပီးတာနဲ႔ ေ႐ွာင္ပိုက်င္းကလည္း ၿမိဳ႕ေတာ္တခြင္ ေက်ာ္ၾကားလာေတာ့မွာ ၊ဘာလို႔ဆို သူက ထိပ္တန္းေက်ာင္းသားျဖစ္ေနတာကိုး၊ဒါက စစ္ပြဲစေတာ့မယ့္ နိမိတ္လည္း ျဖစ္ႏိုင္တယ္ Tuhunsေတြက စစ္တပ္ဖြဲ႕ၿပီး လ်န္က်ိဳးကို က်ဴးေက်ာ္လာလိမ့္မယ္။

ဝတၳဳထဲမွာက ဒီအေၾကာင္းကို အရိပ္အႁမြက္ေလးဘဲေဖာ္ျပထားတာ၊ ခ်ဴးလ်န္ ဒါေတြကို အတိအက် မသိႏိုင္ဘူး၊သူမ သိတာက ဒါက ႏိုင္ဖို႔ ခက္တဲ့ စစ္ပြဲျဖစ္ၿပီးေတာ့ ေျမာက္ပိုင္းက စစ္သားေတြ အတြက္ ခက္ခဲမယ္ဆိုတာဘဲ။

အခုခ်ိန္မွာ သူမရဲ႕ စိတ္မႏွံ႔တဲ့ ေယာက်္ား စန္းလန္ကလည္း ေျမာက္ပိုင္းမွာ ႐ွိေနေတာ့ သူေဘးကင္းႏိုင္ပါ့မလား....?

ခ်ဴးလ်န္ သက္ျပင္း႐ိႈက္မိတယ္၊ သူမရဲ႕ အိမ္မက္ေလးက ေပ်ာ္႐ႊင္တဲ့ လူပ်င္းေလးဘဲ ျဖစ္ခ်င္တာေပမယ့္ အခုေတာ့ သူမ ဘာလို႔ စိုးရိမ္မကင္းျဖစ္ေနရတာပါလိမ့္?

ခ်ဴးလ်န္ရဲ႕ အေတြးေတြ ေယာက္ယက္ခတ္ေနတုန္းမွာဘဲ ႐ွီယန္ရဲ႕ ေပ်ာ္႐ႊင္ေနတဲ့ အသံက အျပင္ခန္းထဲကေန ထြက္လာတယ္။

"တတိယသခင္မေလး ကူလင္းစားေသာက္ဆိုင္က သတင္းပို႔လာတယ္"

ခ်ဴးလ်န္က စာအုပ္ကို ခ်ၿပီး လွည့္ၾကည့္လိုက္တာ္၊ ႐ွီယန္က အၿမဲလိုလို တည္ၿငိမ္ေအးေဆးတဲ့သူပါ၊ သူမဘာလို႔ ဒီေလာက္ေတာင္ စိတ္လႈပ္႐ွားေနရတာလဲ? ဘာေကာင္းတဲ့ အရာေတြမ်ား ျဖစ္သြားလို႔လဲ?

႐ွီယန္က ကူလင္းစားေသာက္ဆိုင္ကို ထည့္ေျပာလာေတာ့မွ သူမစိတ္ထဲ အေတြးေလးတစ္ခုဝင္ေရာက္လာတယ္။

သူတို႔ အဲ့လူကို ႐ွာေတြ႕တာမ်ားလား?

႐ွီယန္ လာေခၚတာကိုေတာင္ မေစာင့္ႏိုင္ဘဲ ခ်ဴးလ်န္က အေျပးအလႊား ထြက္လာတယ္ "ေမးခြန္း သုံးခုလူံး ေျဖႏိုင္တဲ့ သူကို ႐ွာေတြ႕သြားၿပီလား ?"

႐ွီယန္က မ်က္လုံးေလးေတြ လျခမ္းေကြးျဖစ္တဲ့ အထိကို ျပဳံးၿပီးေျဖတယ္ " ေသခ်ာတာေပါ့ ၊သခင္မေလး သူတို႔က ႐ွာေတြ႕ေတြ႕ခ်င္းဘဲ မန္ေနဂ်ာက်င္းက လူလႊတ္ၿပီး လာေျပာခိုင္းတာ၊ အဲ့ လူက အခု ကူလင္းစားေသာက္ဆိုင္ရဲ႕ သီးသန္႔ခန္းထဲမွာ အသက္ ခပ္ႀကီးႀကီး လူတစ္ဦးနဲ႔ စားေသာက္ေနၾကတယ္တဲ့ "


ခ်ဴးလ်န္က သူမရဲ႕ ပန္းထိုးဖိနပ္ေလး တဖက္ ကြၽတ္ေနတာကိုေတာင္မွ ဂ႐ုမစိုက္ဘဲ ျမန္ျမန္ထသြားတယ္၊သူမက ေျခအိတ္ဝတ္ထားရက္နဲ႔ဘဲ ေျပးသြားတယ္ "ျမန္ျမန္ အဝတ္အစားယူေပး ၊ဝမ္လန္ကို အျပင္သြားၿပီး လွည္းအဆင္သင့္ျပင္ထားခိုင္း၊ ငါအခု ခ်က္ခ်င္းဘဲ ကူလင္းစားေသာက္ဆိုင္ကိုသြားမယ္၊ အိုး ၿပီးေတာ့ အႀကီးတန္းအေစခံက်ံဴးကို ငါေပးထားတဲ့ စပ်စ္ဝိုင္ တစ္အိုးေလာက္ယူခဲ့အုံး ၊ၿပီးေတာ့ အဘြားဆီကို ငါအျပင္ထြက္သြားတယ္ဆိုတာ အေၾကာင္းသြားၾကားဖို႔လည္း မေမ့နဲ႔ "

ခ်ဴးလ်န္တကယ္ကို ပ်ာယာခတ္ေနၿပီ၊ အဲ့လူက ေဆးဆရာMiaoဘဲ ၊သူမ တကယ္ဘဲ သူ႕ကို ႐ွာေတြ႕ခဲ့ၿပီ။

Continue Reading

You'll Also Like

1.7M 69.3K 29
After a disastrous first season in London, Rose Wilde finds herself torn between two men who love her -- but who both hide secrets that could ruin he...