Transmigrator meets reincarna...

By Larkspur41

99.4K 19.6K 978

Title: Transmigrator meets reincarnator Not my own story.Just translation. Credits to: Written by:Snow Mounta... More

108 (part 1)
108 (part 2)
109 (part 1)
109(part 2)
110(part 1)
110 (part 2 )
111(part 1)
111(part 2)
112(part 1)
112(part 2)
113(part 1)
113(part 2)
114(part 1)
114(part 2)
115(part 1)
115(part 2)
116(part 1)
116(part 2)
117(part 1)
117(part 2)
118(part 1)
118(part 2)
119(part 1)
119(part 2)
120(part 2)
121(part 1)
121( part2 )
122(part 1)
122(part 2)
123(part 1)
123(part 2)
124(part 1)
124(part 2)
125(part 1)
125(part 2)
126(part 1)
126(part 2)
127(part 1)
127(part 2)
128
129
130
131
132
133
134
135
136
137
138
139
New Trans
140
141
142
143
144
145
146
147
148
149
150
151
152
153
154

120(part 1)

1.1K 286 14
By Larkspur41

Unicode

သွက်လက်ချက်ချာတဲ့ အစေခံတွေထဲက တစ်ယောက်က ဒီဖြစ်ရပ်ကို မြင်တော့ သခင်မကြီးဟေးဆီ အပြေးအလွှားသွားပြီး သတင်းပို့တော့တာဘဲ။

သိပ်ဝေးဝေးမှာ မဟုတ်တဲ့ မြောင်ကျဲလည်း ဒါတွေကို မြင်ပြီး ထိတ်လန့်ကြောက်ရွံလာတယ်၊ အကြီးဆုံး ...အကြီးဆုံးသခင်မက ကျင်းအန်ဆက်ခံသူကို တကယ် ထိခိုက်စေရဲတယ်။

မြောင်ကျဲလည်း သူမ စိတ်ကို သေချာပြန်စုစည်းပြီးတာနဲ့ ချက်ချင်းဘဲ ဟေးချန်ကျီဘေးကိုသွားပြီး လက်ကိုင်ပဝါလေးနဲ့ နဖူးပေါ်က ဒဏ်ရာကို ဖိထားပေးမိတယ်။

သူမ အသံက စိုးရိမ်ကြောင့်ကြလွန်းလို့ ဆို့နင့်နေပုံပေါ်တယ်" ကျင်းအန်ဆက်ခံသူ အများကြီး ထိခိုက်သွားလား၊ မြန်မြန် ကျွန်မတို့ တော်ဝင်သမားတော်ကို ခေါ်ရမယ် "

ဟေးချန်ကျီ နဖူးက သွေးတွေ စီးကျလာတာကို မြင်တော့ သခင်မကျိုးက တကယ်ကို အေးခဲပြီး တန့်သွားတယ် ၊ဒါပေမယ့် ဒီ မိန်းမပျက်လို မြောင်ကျဲက သူမနဲ့ သူမခင်ပွန်းကြားက ဒီလို အခြေနေကို ဝင်ပြီး အခွင့်ကောင်းယူနေတာကို မြင်တော့ သူမရဲ့ လျော့ပါးသွားတဲ့ ဒေါသတွေက တဖန် ပြန်တောက်လောင်လာတယ်၊ သူမရဲ့ ဆင်ခြင်တုံတရားတွေ ပျောက်ဆုံးသွားပြီးတော့ ‌မျက်လုံးတွေကလည်း အမျက်ဒေါသကြောင့် ရဲရဲနီလာတယ်။

"ဒီ ခွေးကောင်မ ၊ နင်ကများ ငါ့ရှေ့မှာ စကား‌စပြောရဲတယ်" သခင်မကျိုးက အော်ပြောပြီးပြီးချင်းဘဲ ကြမ်းပေါ်က ကြွေပန်းကန်ကွဲစ ကို ကောက်ပြီး မြောင်ကျဲကို ပစ်ဖို့ ရွယ်လိုက်တယ်။

ဟေးချန်ကျီမှာ ဘာတွေ ဖြစ်နေလဲဆိုတာ‌ကိုတွေ့တော့ သခင်မကျိုးရဲ့ အစေခံတွေအားလုံးက အခြေနေကို ထိန်းဖို့ သူမဆီ မြန်မြန်ပြေးလာကြတယ်။

သခင်မကျိုးရဲ့ အယုံကြည်ရဆုံး အနီးကပ်အစေခံ က ငိုယိုပြီးပြောတယ် "သခင်မ စိတ်လိုက်မာန်ပါတွေ မလုပ်လိုက်ပါနဲ့ "

ဟေးချန်ကျီ သခင်မကျိုးကို ကြည့်နေတဲ့ အကြည့်တွေက ဝင်ရိုးစွန်းဒေသက ရေခဲပြင်တွေလို အေးစက်စူးရှနေတယ် ၊ သူက ရှေ့ထွက်ပြီး မြောင်ကျဲကို သူ့နောက်ကို ဆွဲပြီး ကာကွယ်ပေးလိုက်တယ်၊ သူ့အသံက ပုံမှန် သူ့ဇနီးသည်ကို ပြောနေကျထက် ပိုပြီး အေးစက်နေတယ် " သခင်မကျိုး မင်းဒီလို ရူးကြောင်ကြောင်အလုပ်တွေကို ဘယ်အချိန်ထိ ဆက်လုပ်နေမလဲဆိုတာ ငါကြည့်ချင်ပါသေးတယ် "

အစေခံတွေက သခင်မကျိူးလက်ထဲက ကြွေ ပန်းကန်စကို ယူပြီးတဲ့ အခါ သခင်မကျိုးကတော့ သူမရဲ့ ချစ်လှ‌စွာသော ခင်ပွန်းသည်ကိုဘဲ အေးစက်စက်နဲ့ ကြည့်နေမိနေတယ် ၊ ဒါပေမယ့် သူမ ခင်ပွန်းက အခြား အမျိုးသမီး တစ်ဦးကို သူ့နောက်ကို ပို့ပြီး ကာကွယ်ပေးနေတာကို မြင်လိုက်ရတော့ သူမစိတ်ထဲမှာ တင်းခံထားတဲ့ နောက်ဆုံးသော ကြိုးလေး တမျှင်က ပျက်ထွက်သွားခဲ့ပြီ။

သူမက ရူးသွပ်သွားတဲ့ ဂရိဒဏ္ဍာရီ ငှက်ကြီးလို စူးစူးရှရှ အော်ဟစ်ပြီးတော့ ဟေးချန်ကျီဆီ မဆင်မခြင်နဲ့ တဟုန်ထိုး ပြေးဝင်သွားတော့တာဘဲ ။

ဟေးချန်ကျီကတော့ သူ့နဖူးကနေ သွေးတွေ တစက်စက်ကျနေတာကိုတောင်မှ အလေးမထားဘဲနဲ့ သခင်မကျိူးရဲ့ ရူးသွပ်သွားမှုကို သူရဲ့ သွေးတစ်ဝက်ပေကျံနေတဲ့ မျက်နှာနဲ့ဘဲ ကြည့်နေမိတယ်။

သူရဲ့ နွေးထွေးပြီး ကြင်နာတတ်တဲ့ ဇနီးသည်က ဒီလိူပုံစံမျိုးထိ ပြောင်းလဲသွားမယ်လို့ တွေးတောင် မတွေးကြည့်မိဖူးဘူး ၊ ဒီလူကို သူတကယ် မမှတ်မိတော့ဘူး။

ဒီလောက် နှစ်တွေ အများကြီး ထိတောင်မှ သူတစ်ခါလေးမှ သခင်မကျိုးအပေါ် မတရားဆက်ဆံတာမျိုး မရှိခဲ့ဖူးဘူးဆိုတာ ကျိန်ဆို ရဲပါတယ် ၊ဟေးမိသားစုအိမ်တော်ရဲ့ စည်းမျဉ်းစည်းကမ်းတွေ အတိုင်း ဘယ် ကိုယ်လုပ်တော်မှလည်း မထားခဲ့ပါဘူး ၊ဒါ့အပြင် အိမ်တော် ပြင်ပက တခြား မိန်းမတွေနဲ့တောင်မှ တစ်ခါမှ မပျော်မွေ့ခဲ့ဘူး ၊သူ့ သူငယ်ချင်းတွေနဲ့ အပြင်ထွက်ရင်တောင်မှ ဘဲ အမြဲ စည်းစောင့်ခဲ့တာ။

သူနဲ့ သခင်မကျိုးတို့မှာ သား မထွန်းကားခဲ့ရင်တောင်မှ သူတို့တွေက အရာရာတိုင်းကို အတူတကွ ဖြတ်သန်းခဲ့ကြတာဘဲလေ ၊မျိုးဆက် ကိစ္စနဲ့ ပတ်သတ်ပြီးတော့လည်း သခင်မကျိုးကို တစ်ခါလေးမှ တွန်းအားမပေးခဲ့ဖူးဘူး ။

သူ့ ဘဝမှာ သား မရခဲ့ရင် ဘာဆက်လုပ်ရမလဲဆိုတာတောင် အဆုံးစွန်ထိ တွေးတောထားခဲ့တာ၊ သူ့ အောက်မှာ ညီငယ် နှစ်ယောက်တောင် ရှိနေသေးတော့ မိသားစုတာဝန်ကို လက်လွှဲယူဖို့က သူ့အတွက် သိပ်ပြီး စိတ်ထဲ ထားစရာ မလိုခဲ့ဘူး၊ သူနဲ့ သူဇနီးတို့ သင့်မြတ် ချစ်ခင်နေသရွေ့ သူ့ အဘွားကလည်း ဘာမှ ပြောနိုင်မှာ မဟုတ်ဘူး။

ဒါပေမယ့် သူဘက်က အလုံးစုံ မပြောပြရသေးခင်မှာဘဲ သူမက ဘာကြောင့်ရယ်မသိ ပြောင်းလဲသွားခဲ့ပြီ။

ဟေးချန်ကျီရဲ့ နှလုံးသားကတော့ လျန်ကျိုးက လွင်ပြင်ဒေသလိုဘဲ ခြောက်သွေ့ ပျက်စီးလို့နေပြီ၊သူ့ ဇနီးသည်ရဲ့ ထက်မြတ်ပြီး စင်ကြယ်လှတဲ့ ဇနီးပုံရိပ်က ရုတ်ခြည်းကွဲကြေပြီး ပျောက်ကွယ်သွားပြီ။

သခင်မကျိုးကတော့ သူမနောက်က အစေခံတွေက ဆွဲထားတာတောင်မှ အားစိုက်ပြီး တွန်းကန်နေတုန်းဘဲ၊သူမဘေးက အစေခံတွေကို တွန်းချပြီးတော့ စိတ်ဖောက်‌ပြန်နေတဲ့ အလား ဟေးချန်ကျီဆီ အော်ဟစ်ပြီး ပြေးဝင်လာတယ် " ဒီ မိန်းမပျက်မ ဘယ်လိုတောင်
ဆက်ခံသူကို ဖြားယောင်းရဲရတာလဲ ၊ဒီနေ့ နင့်ကို သင်ခန်းစာပေးမှ ကို ရမယ် "

ဒါပေမယ့် မြောင်ကျဲရဲ့ ဝတ်စုံ အနားစလေးကို သခင်မကျိုး မထိမိခင်မှာဘဲ ..

လက်ဝါးနဲ့ ရိုက်သံတစ်ခုက အခန်းထဲမှာ ထင်ထင်ရှားရှားကြီးကို ပဲ့တင်ထပ်သွားတယ်။

သခင်မကျိုး ပါးပြင်က ပူထူပြီး နာကျင်သွားတာကို ခံစားမိလိုက်တယ်၊ မကြာခင်မှာဘဲ ကြမ်းပြင်ပေါ်ကို ပုံကျသွားတယ်။

ချူးလျန်ကလည်း သခင်မကြီးဟေးနဲ့ အတူ အထဲကိုဝင်လာတော့ ဟေးချန်ကျီက သနားညှာတာမှု အလျင်းမရှိဘဲ သခင်မကျိုးကို ရိုက်ချလိုက်တဲ့ အချိန်ဖြစ်နေတယ်။

လန့်ဖြန့်ပြီး ချူးလျန်ရဲ့ မျက်လုံးတွေတောင် ပြူးသွားတယ်။

ပြီးတော့ ဟေးချန်ကျီရဲ့ သွေးတွေ စီးကျနေတဲ့ မျက်နှာကို မြင်တော့ ထပ်ပြီး ထိတ်လန့်သွားရပြန်တယ်။

ဘာတွေ ဖြစ်ကုန်တာလဲ? တစ်နာရီတောင်မကြာသေးဘဲနဲ့ ဒီအိမ်တော်ထဲမှာ ဘာတွေများ ဖြစ်သွားတာလဲ?

သခင်မကျိုးကတော့ ဟေးချန်ကျီရဲ့ ဂရုဏာကင်းမဲ့လှတဲ့ ရိုက်ချက်ကြောင့် မူးမေ့မတတ်ဘဲ၊ သူမက ရောင်ရမ်းသွားတဲ့ ပါးကို ကိုင်ထားရက်နဲ့ ကြမ်းပေါ်မှာ ပုံကျနေတယ်၊ ဟေးချန်ကျီကို မယုံကြည်နိုင်တဲ့ပုံနဲ့ ကြည့်လာတယ်၊ ပြီးတော့ သူမ နှလုံးသား ကွဲကြေသွားတဲ့ အတိုင်း ငိုကြွေးလာတယ် " ဟေးချန်ကျီ ရှင် ကျွန်မကို တကယ် ရိုက်တယ် "

အဲ့အချိန်မှာဘဲ အစေခံလျိုက ကြမ်းပေါ်မှာ မလှုပ်မယှက်နဲ့ လဲကျနေဆဲဆိုတာကို မြင်သွားတဲ့ သခင်မကြီးဟေးကတော့ ဒေါသတွေတောင် မျက်လုံးတွေက စူးရှလာပြီ။

"မင်းတို့အားလုံး ရပ်လိုက်ကြစမ်း ၊ ဒီနေရာမှာ ဆက်ပြီး ခိုက်ရန်ဖြစ်ဖို့ ကြိုးစားနေကြတာလား"
သခင်မကြီးဟေးရဲ့ အသံကတော့ ဩဇာ အာဏာတွေ အပြည့်ဘဲ။

သူမပြောပြီးပြီး ချင်းဘဲ အိမ်တော် အစောင့်တွေက ဝင်လာပြီး ဟေးချန်ကျီနဲ့ သခင်မကျိုးကို ခွဲထားလိုက်တယ်၊ နောက်ပြီး အစေခံငယ်လေးတွေကလည်း ဒဏ်ရာရနေတဲ့ အကြီးတန်း အစေခံလျိုကို ဘေးအခန်းကို ခေါ်သွားတယ်။

ကျန်တဲ့ အစေခံတွေကတော့ ဧည့်ခန်းထဲက အပျက်အစီးတွေကို ချက်ချင်းဘဲ ရှင်းလင်းကြတယ်။

သခင်မကြီးဟေးရဲ့ စိတ်ဆိုးတကြီး အော်ပြောတာကို ကြားကတည်းက သခင်မကျိုးက သူမရဲ့ စဉ်းစားဆင်ခြင်နိုင်စွမ်းကို ပြန်စုစည်းနိုင်သွားခဲ့ပြီ။

သူမရဲ့ မျက်လုံးတွေကတော့ ဟေးချန်ကျီကို ထိုင်ခုံယူပေးပြီး နဖူးက ဒဏ်ရာကို ဆေးထည့်ပေးနေသော သမားတော်ကို ကူညီနေတဲ့ မိန်းမပျက်လို မြောင်ကျဲဆီမှာဘဲ၊သခင်မကျိုးရဲ့ နှုတ်ခမ်းတွေ မဲ့ကျသွားပေမယ့် ၊စကားတခွန်းမှ မဆိုနိုင်ခဲ့ဘူး။

အခုတော့ အခြေနေတွေ အားလုံးကို ထိန်းချုပ်နိုင်သွားပြီ၊ ချူးလျန်က သခင်မကြီးဟေးကို ဧည့်ခန်းက အဓိက ထိုင်ခုံမှာ ထိုင်ဖို့ ကူညီပေးနေတယ်။

သခင်မကြီးဟေးက ထိုင်ခုံမှာ ထိုင်ပြီးတာနဲ့ မာကျောတဲ့ အမူအရာနဲ့ဘဲ ဟစ်အော်လိုက်တယ် " ပထမအိမ်တော်က လူတွေအားလုံး အခုချက်ချင်း ဒူးထောက်ကြစမ်း "

ချူးလျန်က ဘေးက အစေခံတွေအကူညီနဲ့ ဒူးထောက်ထားကြတဲ့ သူမရှေ့က ခဲအိုနဲ့ အမကြီးကို မကြည့်မိခင် ဒေါသတကြီးဖြစ်နေတဲ့သခင်မကြီးဟေးကို ဖျက်ခနဲကြည့်မိတယ်၊ ပြီးတော့ သခင်မကြီးဟေးရဲ့ နား နားကို သွားပြီး တိုးတိုး‌ေလးကပ်ပြောလိုက်တယ်။

(နောက်တစ်ပိုင်းက နည်းနည်း နောက်ကျပါမယ် တင်တော့တင်မှာပါ စကားလုံးတွေ က နည်းနည်းခက်လို့ပါ😥)




Zawgyi

သြက္လက္ခ်က္ခ်ာတဲ့ အေစခံေတြထဲက တစ္ေယာက္က ဒီျဖစ္ရပ္ကို ျမင္ေတာ့ သခင္မႀကီးေဟးဆီ အေျပးအလႊားသြားၿပီး သတင္းပို႔ေတာ့တာဘဲ။

သိပ္ေဝးေဝးမွာ မဟုတ္တဲ့ ေျမာင္က်ဲလည္း ဒါေတြကို ျမင္ၿပီး ထိတ္လန္႔ေၾကာက္႐ြံလာတယ္၊ အႀကီးဆုံး ...အႀကီးဆုံးသခင္မက က်င္းအန္ဆက္ခံသူကို တကယ္ ထိခိုက္ေစရဲတယ္။

ေျမာင္က်ဲလည္း သူမ စိတ္ကို ေသခ်ာျပန္စုစည္းၿပီးတာနဲ႔ ခ်က္ခ်င္းဘဲ ေဟးခ်န္က်ီေဘးကိုသြားၿပီး လက္ကိုင္ပဝါေလးနဲ႔ နဖူးေပၚက ဒဏ္ရာကို ဖိထားေပးမိတယ္။

သူမ အသံက စိုးရိမ္ေၾကာင့္ၾကလြန္းလို႔ ဆို႔နင့္ေနပုံေပၚတယ္" က်င္းအန္ဆက္ခံသူ အမ်ားႀကီး ထိခိုက္သြားလား၊ ျမန္ျမန္ ကြၽန္မတို႔ ေတာ္ဝင္သမားေတာ္ကို ေခၚရမယ္ "

ေဟးခ်န္က်ီ နဖူးက ေသြးေတြ စီးက်လာတာကို ျမင္ေတာ့ သခင္မက်ိဳးက တကယ္ကို ေအးခဲၿပီး တန္႔သြားတယ္ ၊ဒါေပမယ့္ ဒီ မိန္းမပ်က္လို ေျမာင္က်ဲက သူမနဲ႔ သူမခင္ပြန္းၾကားက ဒီလို အေျခေနကို ဝင္ၿပီး အခြင့္ေကာင္းယူေနတာကို ျမင္ေတာ့ သူမရဲ႕ ေလ်ာ့ပါးသြားတဲ့ ေဒါသေတြက တဖန္ ျပန္ေတာက္ေလာင္လာတယ္၊ သူမရဲ႕ ဆင္ျခင္တုံတရားေတြ ေပ်ာက္ဆုံးသြားၿပီးေတာ့ ‌မ်က္လုံးေတြကလည္း အမ်က္ေဒါသေၾကာင့္ ရဲရဲနီလာတယ္။

"ဒီ ေခြးေကာင္မ ၊ နင္ကမ်ား ငါ့ေ႐ွ႕မွာ စကား‌စေျပာရဲတယ္" သခင္မက်ိဳးက ေအာ္ေျပာၿပီးၿပီးခ်င္းဘဲ ၾကမ္းေပၚက ေႂကြပန္းကန္ကြဲစ ကို ေကာက္ၿပီး ေျမာင္က်ဲကို ပစ္ဖို႔ ႐ြယ္လိုက္တယ္။

ေဟးခ်န္က်ီမွာ ဘာေတြ ျဖစ္ေနလဲဆိုတာ‌ကိုေတြ႕ေတာ့ သခင္မက်ိဳးရဲ႕ အေစခံေတြအားလုံးက အေျခေနကို ထိန္းဖို႔ သူမဆီ ျမန္ျမန္ေျပးလာၾကတယ္။

သခင္မက်ိဳးရဲ႕ အယုံၾကည္ရဆုံး အနီးကပ္အေစခံ က ငိုယိုၿပီးေျပာတယ္ "သခင္မ စိတ္လိုက္မာန္ပါေတြ မလုပ္လိုက္ပါနဲ႔ "

ေဟးခ်န္က်ီ သခင္မက်ိဳးကို ၾကည့္ေနတဲ့ အၾကည့္ေတြက ဝင္႐ိုးစြန္းေဒသက ေရခဲျပင္ေတြလို ေအးစက္စူး႐ွေနတယ္ ၊ သူက ေ႐ွ႕ထြက္ၿပီး ေျမာင္က်ဲကို သူ႕ေနာက္ကို ဆြဲၿပီး ကာကြယ္ေပးလိုက္တယ္၊ သူ႕အသံက ပုံမွန္ သူ႕ဇနီးသည္ကို ေျပာေနက်ထက္ ပိုၿပီး ေအးစက္ေနတယ္ " သခင္မက်ိဳး မင္းဒီလို ႐ူးေၾကာင္ေၾကာင္အလုပ္ေတြကို ဘယ္အခ်ိန္ထိ ဆက္လုပ္ေနမလဲဆိုတာ ငါၾကည့္ခ်င္ပါေသးတယ္ "

အေစခံေတြက သခင္မက်ိဴးလက္ထဲက ေႂကြ ပန္းကန္စကို ယူၿပီးတဲ့ အခါ သခင္မက်ိဳးကေတာ့ သူမရဲ႕ ခ်စ္လွ‌စြာေသာ ခင္ပြန္းသည္ကိုဘဲ ေအးစက္စက္နဲ႔ ၾကည့္ေနမိေနတယ္ ၊ ဒါေပမယ့္ သူမ ခင္ပြန္းက အျခား အမ်ိဳးသမီး တစ္ဦးကို သူ႕ေနာက္ကို ပို႔ၿပီး ကာကြယ္ေပးေနတာကို ျမင္လိုက္ရေတာ့ သူမစိတ္ထဲမွာ တင္းခံထားတဲ့ ေနာက္ဆုံးေသာ ႀကိဳးေလး တမွ်င္က ပ်က္ထြက္သြားခဲ့ၿပီ။

သူမက ႐ူးသြပ္သြားတဲ့ ဂရိဒ႑ာရီ ငွက္ႀကီးလို စူးစူး႐ွ႐ွ ေအာ္ဟစ္ၿပီးေတာ့ ေဟးခ်န္က်ီဆီ မဆင္မျခင္နဲ႔ တဟုန္ထိုး ေျပးဝင္သြားေတာ့တာဘဲ ။

ေဟးခ်န္က်ီကေတာ့ သူ႕နဖူးကေန ေသြးေတြ တစက္စက္က်ေနတာကိုေတာင္မွ အေလးမထားဘဲနဲ႔ သခင္မက်ိဴးရဲ႕ ႐ူးသြပ္သြားမႈကို သူရဲ႕ ေသြးတစ္ဝက္ေပက်ံေနတဲ့ မ်က္ႏွာနဲ႔ဘဲ ၾကည့္ေနမိတယ္။

သူရဲ႕ ေႏြးေထြးၿပီး ၾကင္နာတတ္တဲ့ ဇနီးသည္က ဒီလိူပုံစံမ်ိဳးထိ ေျပာင္းလဲသြားမယ္လို႔ ေတြးေတာင္ မေတြးၾကည့္မိဖူးဘူး ၊ ဒီလူကို သူတကယ္ မမွတ္မိေတာ့ဘူး။

ဒီေလာက္ ႏွစ္ေတြ အမ်ားႀကီး ထိေတာင္မွ သူတစ္ခါေလးမွ သခင္မက်ိဳးအေပၚ မတရားဆက္ဆံတာမ်ိဳး မ႐ွိခဲ့ဖူးဘူးဆိုတာ က်ိန္ဆို ရဲပါတယ္ ၊ေဟးမိသားစုအိမ္ေတာ္ရဲ႕ စည္းမ်ဥ္းစည္းကမ္းေတြ အတိုင္း ဘယ္ ကိုယ္လုပ္ေတာ္မွလည္း မထားခဲ့ပါဘူး ၊ဒါ့အျပင္ အိမ္ေတာ္ ျပင္ပက တျခား မိန္းမေတြနဲ႔ေတာင္မွ တစ္ခါမွ မေပ်ာ္ေမြ႕ခဲ့ဘူး ၊သူ႕ သူငယ္ခ်င္းေတြနဲ႔ အျပင္ထြက္ရင္ေတာင္မွ ဘဲ အၿမဲ စည္းေစာင့္ခဲ့တာ။

သူနဲ႔ သခင္မက်ိဳးတို႔မွာ သား မထြန္းကားခဲ့ရင္ေတာင္မွ သူတို႔ေတြက အရာရာတိုင္းကို အတူတကြ ျဖတ္သန္းခဲ့ၾကတာဘဲေလ ၊မ်ိဳးဆက္ ကိစၥနဲ႔ ပတ္သတ္ၿပီးေတာ့လည္း သခင္မက်ိဳးကို တစ္ခါေလးမွ တြန္းအားမေပးခဲ့ဖူးဘူး ။

သူ႕ ဘဝမွာ သား မရခဲ့ရင္ ဘာဆက္လုပ္ရမလဲဆိုတာေတာင္ အဆုံးစြန္ထိ ေတြးေတာထားခဲ့တာ၊ သူ႕ ေအာက္မွာ ညီငယ္ ႏွစ္ေယာက္ေတာင္ ႐ွိေနေသးေတာ့ မိသားစုတာဝန္ကို လက္လႊဲယူဖို႔က သူ႕အတြက္ သိပ္ၿပီး စိတ္ထဲ ထားစရာ မလိုခဲ့ဘူး၊ သူနဲ႔ သူဇနီးတို႔ သင့္ျမတ္ ခ်စ္ခင္ေနသေ႐ြ႕ သူ႕ အဘြားကလည္း ဘာမွ ေျပာႏိုင္မွာ မဟုတ္ဘူး။

ဒါေပမယ့္ သူဘက္က အလုံးစုံ မေျပာျပရေသးခင္မွာဘဲ သူမက ဘာေၾကာင့္ရယ္မသိ ေျပာင္းလဲသြားခဲ့ၿပီ။

ေဟးခ်န္က်ီရဲ႕ ႏွလုံးသားကေတာ့ လ်န္က်ိဳးက လြင္ျပင္ေဒသလိုဘဲ ေျခာက္ေသြ႕ ပ်က္စီးလို႔ေနၿပီ၊သူ႕ ဇနီးသည္ရဲ႕ ထက္ျမတ္ၿပီး စင္ၾကယ္လွတဲ့ ဇနီးပုံရိပ္က ႐ုတ္ျခည္းကြဲေၾကၿပီး ေပ်ာက္ကြယ္သြားၿပီ။

သခင္မက်ိဳးကေတာ့ သူမေနာက္က အေစခံေတြက ဆြဲထားတာေတာင္မွ အားစိုက္ၿပီး တြန္းကန္ေနတုန္းဘဲ၊သူမေဘးက အေစခံေတြကို တြန္းခ်ၿပီးေတာ့ စိတ္ေဖာက္‌ျပန္ေနတဲ့ အလား ေဟးခ်န္က်ီဆီ ေအာ္ဟစ္ၿပီး ေျပးဝင္လာတယ္ " ဒီ မိန္းမပ်က္မ ဘယ္လိုေတာင္
ဆက္ခံသူကို ျဖားေယာင္းရဲရတာလဲ ၊ဒီေန႔ နင့္ကို သင္ခန္းစာေပးမွ ကို ရမယ္ "

ဒါေပမယ့္ ေျမာင္က်ဲရဲ႕ ဝတ္စုံ အနားစေလးကို သခင္မက်ိဳး မထိမိခင္မွာဘဲ ..

လက္ဝါးနဲ႔ ႐ိုက္သံတစ္ခုက အခန္းထဲမွာ ထင္ထင္႐ွား႐ွားႀကီးကို ပဲ့တင္ထပ္သြားတယ္။

သခင္မက်ိဳး ပါးျပင္က ပူထူၿပီး နာက်င္သြားတာကို ခံစားမိလိုက္တယ္၊ မၾကာခင္မွာဘဲ ၾကမ္းျပင္ေပၚကို ပုံက်သြားတယ္။

ခ်ဴးလ်န္ကလည္း သခင္မႀကီးေဟးနဲ႔ အတူ အထဲကိုဝင္လာေတာ့ ေဟးခ်န္က်ီက သနားညႇာတာမႈ အလ်င္းမ႐ွိဘဲ သခင္မက်ိဳးကို ႐ိုက္ခ်လိုက္တဲ့ အခ်ိန္ျဖစ္ေနတယ္။

လန္႔ျဖန္႔ၿပီး ခ်ဴးလ်န္ရဲ႕ မ်က္လုံးေတြေတာင္ ျပဴးသြားတယ္။

ၿပီးေတာ့ ေဟးခ်န္က်ီရဲ႕ ေသြးေတြ စီးက်ေနတဲ့ မ်က္ႏွာကို ျမင္ေတာ့ ထပ္ၿပီး ထိတ္လန္႔သြားရျပန္တယ္။

ဘာေတြ ျဖစ္ကုန္တာလဲ? တစ္နာရီေတာင္မၾကာေသးဘဲနဲ႔ ဒီအိမ္ေတာ္ထဲမွာ ဘာေတြမ်ား ျဖစ္သြားတာလဲ?

သခင္မက်ိဳးကေတာ့ ေဟးခ်န္က်ီရဲ႕ ဂ႐ုဏာကင္းမဲ့လွတဲ့ ႐ိုက္ခ်က္ေၾကာင့္ မူးေမ့မတတ္ဘဲ၊ သူမက ေရာင္ရမ္းသြားတဲ့ ပါးကို ကိုင္ထားရက္နဲ႔ ၾကမ္းေပၚမွာ ပုံက်ေနတယ္၊ ေဟးခ်န္က်ီကို မယုံၾကည္ႏိုင္တဲ့ပုံနဲ႔ ၾကည့္လာတယ္၊ ၿပီးေတာ့ သူမ ႏွလုံးသား ကြဲေၾကသြားတဲ့ အတိုင္း ငိုေႂကြးလာတယ္ " ေဟးခ်န္က်ီ ႐ွင္ ကြၽန္မကို တကယ္ ႐ိုက္တယ္ "

အဲ့အခ်ိန္မွာဘဲ အေစခံလ်ိဳက ၾကမ္းေပၚမွာ မလႈပ္မယွက္နဲ႔ လဲက်ေနဆဲဆိုတာကို ျမင္သြားတဲ့ သခင္မႀကီးေဟးကေတာ့ ေဒါသေတြေတာင္ မ်က္လုံးေတြက စူး႐ွလာၿပီ။

"မင္းတို႔အားလုံး ရပ္လိုက္ၾကစမ္း ၊ ဒီေနရာမွာ ဆက္ၿပီး ခိုက္ရန္ျဖစ္ဖို႔ ႀကိဳးစားေနၾကတာလား"
သခင္မႀကီးေဟးရဲ႕ အသံကေတာ့ ဩဇာ အာဏာေတြ အျပည့္ဘဲ။

သူမေျပာၿပီးၿပီး ခ်င္းဘဲ အိမ္ေတာ္ အေစာင့္ေတြက ဝင္လာၿပီး ေဟးခ်န္က်ီနဲ႔ သခင္မက်ိဳးကို ခြဲထားလိုက္တယ္၊ ေနာက္ၿပီး အေစခံငယ္ေလးေတြကလည္း ဒဏ္ရာရေနတဲ့ အႀကီးတန္း အေစခံလ်ိဳကို ေဘးအခန္းကို ေခၚသြားတယ္။

က်န္တဲ့ အေစခံေတြကေတာ့ ဧည့္ခန္းထဲက အပ်က္အစီးေတြကို ခ်က္ခ်င္းဘဲ ႐ွင္းလင္းၾကတယ္။

သခင္မႀကီးေဟးရဲ႕ စိတ္ဆိုးတႀကီး ေအာ္ေျပာတာကို ၾကားကတည္းက သခင္မက်ိဳးက သူမရဲ႕ စဥ္းစားဆင္ျခင္ႏိုင္စြမ္းကို ျပန္စုစည္းႏိုင္သြားခဲ့ၿပီ။

သူမရဲ႕ မ်က္လုံးေတြကေတာ့ ေဟးခ်န္က်ီကို ထိုင္ခုံယူေပးၿပီး နဖူးက ဒဏ္ရာကို ေဆးထည့္ေပးေနေသာ သမားေတာ္ကို ကူညီေနတဲ့ မိန္းမပ်က္လို ေျမာင္က်ဲဆီမွာဘဲ၊သခင္မက်ိဳးရဲ႕ ႏႈတ္ခမ္းေတြ မဲ့က်သြားေပမယ့္ ၊စကားတခြန္းမွ မဆိုႏိုင္ခဲ့ဘူး။

အခုေတာ့ အေျခေနေတြ အားလုံးကို ထိန္းခ်ဳပ္ႏိုင္သြားၿပီ၊ ခ်ဴးလ်န္က သခင္မႀကီးေဟးကို ဧည့္ခန္းက အဓိက ထိုင္ခုံမွာ ထိုင္ဖို႔ ကူညီေပးေနတယ္။

သခင္မႀကီးေဟးက ထိုင္ခုံမွာ ထိုင္ၿပီးတာနဲ႔ မာေက်ာတဲ့ အမူအရာနဲ႔ဘဲ ဟစ္ေအာ္လိုက္တယ္ " ပထမအိမ္ေတာ္က လူေတြအားလုံး အခုခ်က္ခ်င္း ဒူးေထာက္ၾကစမ္း "

ခ်ဴးလ်န္က ေဘးက အေစခံေတြအကူညီနဲ႔ ဒူးေထာက္ထားၾကတဲ့ သူမေ႐ွ႕က ခဲအိုနဲ႔ အမႀကီးကို မၾကည့္မိခင္ ေဒါသတႀကီးျဖစ္ေနတဲ့သခင္မႀကီးေဟးကို ဖ်က္ခနဲၾကည့္မိတယ္၊ ၿပီးေတာ့ သခင္မႀကီးေဟးရဲ႕ နား နားကို သြားၿပီး တိုးတိုး‌ေလးကပ္ေျပာလိုက္တယ္။

(ေနာက္တစ္ပိုင္းက နည္းနည္း ေနာက္က်ပါမယ္ တင္ေတာ့တင္မွာပါ စကားလုံးေတြ က နည္းနည္းခက္လို႔ပါ😥)

Continue Reading

You'll Also Like

1.7M 69.4K 29
After a disastrous first season in London, Rose Wilde finds herself torn between two men who love her -- but who both hide secrets that could ruin he...