Uni
အသက်အရွယ်အားဖြင့် လပြည့်ဝန်း နဲ့ ဇေရဲမာန်က ကွာဟလွန်းသည်။ လပြည့်ဝန်း ၉တန်းကျောင်းသားအရွယ်မှာ ဇေရဲမာန်က အသက်၂၇နှစ်လေ.....
ငယ်ငယ်ရွယ်ရွယ်နဲ့ ဖခင်၏ သွန်သင်မှုကြောင့် ကျောက်သားမပါ မာကျောလာခဲ့ပြီး လူသတ်တာကိုလဲ သွေးအေးနိုင်ခဲ့လေသည်။
တစ်နေ့နဲ့တစ်နေ့ အလုပ်အပေါ် ခေါင်းစိုက်ခဲ့ရသော်လည်း အိမ်ပြန်ရောက်တိုင်း ကလေးမျက်နှာကို မြင်ရတာကြောင့် ပင်ပန်းမှုများပျောက်သွားလေသည်။
ခုလဲ လကုန်ရက်မို့ လူသိရှင်ကြားအလုပ်တွေသာမက မှောင်ခိုအလုပ်တွေရဲ့ စာရင်းတွေပါ လုပ်နေရသည်။ လက်မှတ်ထိုးစရာရှိတဲ့စာရွက်တွေကို လက်မှတ်ထိုးနေတုန်း....
"Hello. ...My son. ...Long time no see. .."
အခန်းတံခါးတောင်မခေါက်ပဲ ဝင်လာနိုင်သောသူမှာ အခြားတော့မဟုတ် ဇေရဲမာန် ၏ ဖခင် ဦးမာန်မိုးဟိန်း ပင်။
"ငါ့သားက မတွေ့ရတာကြာလို့လားမသိဘူး အရမ်းကိုသန့်ပြန့်ပြီး ခန်လာလိုက်တာ ဖအေအတိုင်းပဲ" ရုံးခန်းထဲက sofaပေါ်တွင်ထိုင်လိုက်ရင်း ဦးမာန်မိုးဟိန်း ပြောလိုက်သည်။
"ဒီတစ်ခေါက်ကကော ဘာကိစ္စလဲ..." ဖခင်ပြန်လာမည့်သတင်းကိုကြားသော်လဲ ဒီလောက်မြန်မြန်ကြီး ပြန်လာလိမ့်မယ်တော့ ဇေရဲမာန် မထင်မိ။
"အင်းးးဘယ်လိုပြောရမလဲ....အဖေက နိုင်ငံခြားအသားစားတာများပြီး အီလာလို့ မြန်မာပြည်အသား ပြောင်းစားချင်လာလို့"
ဦးမာန်မိုးဟိန်း ပြောသည့်စကားအဓိပ္ပါယ် ဆိုလိုရင်းကို ဇေရဲမာန် သိတာပေါ့။ သူ့ဖခင်က Play boy လေ ပြီးတော့ girl and boy အားလုံးကိုလဲ သူစားသည်လေ။
"ဒါဆိုလဲ သားကောင်သွားရှာပေါ့...ဒီကို ဘာကိစ္စရှိလို့လဲ"
"သားကလဲကွာ...စိမ်းကားလိုက်တာ။ အဖေတစ်ခါတစ်လေ ပြန်လာတာကို.....ပြီးတော့ သားတို့ အရင်အိမ်ကို ပြန်နေပါလား အဖေတို့အတူတူမနေရတာကြာပြီလေ"
ဒါဆို ဦးမာန်မိုးဟိန်း မှာ ဇေရဲမာန် ၏ အကြောင်းကို သိနှင့်ပြီးသားပဲ....
"စဥ်းစားကြည့်မယ်"
"သားကလဲကွာ......အဖေက ကိုယ့်သားမက်လေးကိုတော့ ကြည့်ချင်သေးတယ်ကွ....အဖေအိမ်မှာပဲစောင့်နေမယ်။ ညနေကျရင် ပြောင်းခဲ့ကြနော်...."
ထပြန်သွားသော ဖခင်ကိုကြည့်ရင်း ဇေရဲမာန် သက်ပြင်းချမိသည်.....
_________________
"လာပါ....ကိုယ်ရှိတယ်လေ" ခုအနေအထားကို လပြည့်ဝန်း တကယ်နားမလည်နိုင် မသိရင် ချစ်သူ၏ အဖေက အိမ်ခေါ်တွေ့လို့ လာရသလိုလို...
ချစ်သူလို့ပြောရအောင်လဲ ကိုကိုနဲ့သူနဲ့ကကော ဘာတွေလဲ... ဟိုအိမ်ကပါ ပြန်ပြောင်းလာခဲ့ရသည်လေ။
"ရောက်လာကြပြီလား...." အပေါ်ထပ်ကနေဆင်းလာသော ဦးမာန်မိုးဟိန်း.....
သားဘေးနားကကောင်လေးကို ဓာတ်ပုံတွေထဲမှာ မြင်ဖူးသော်လဲ ခုအပြင်မှာ မြင်လိုက်ရတာ ပိုအံ့သြမိသည်။ ယောက်ျားလေးတစ်ယောက်ပင်မဲ့ လှလွန်ပြီး ဖြူအုနေသေး။ သားနဲ့ယှဥ်လိုက်ရင် သားက အရပ်မြင့်မြင့် body တောင့်သည်။ ဒီကောင်လေးက သေးသေးဖြူဖြူလေးနဲ့ သားရဲ့ ရင်ဘက်နားတွင်သာရှိသည်။
သူ့ကိုလဲ မျက်လုံးဝိုင်းဝိုင်းလေးနဲ့ ကြည့်နေပြန်သည်။ အေးလေ သားသဘောကျလဲ သဘောကျချင်စရာပဲ...
"ကဲ...ညစာစားရင်းနဲ့မှ ပြောကြတာပေါ့" ဦးမာန်မိုးဟိန်း က ထမင်းစားခန်းထဲသို့ ဦးဆောင်ကာ ဝင်သွားတော့ သူတို့နှစ်ယောက်လဲ နောက်ကလိုက်ဝင်လာသည်။
ဇေရဲမာန် မှာ လပြည့်ဝန်း လက်လေးကို ခုချိန်ထိ မလွှတ်ပေးမိ။ ထိုင်ခုံပေါ်တွင်လဲ သေချာနေရာချပေးသေးသည်။
ဖခင်အရှေ့မို့ မဝံ့မရဲဖြစ်နေသော လပြည့်ဝန်း ကို ဇေရဲမာန် ကိုယ်တိုင်ပဲ ဟင်းတွေခပ်ထည့်ပေးနေသည်။
သားဖြစ်သူ၏ ဂရုစိုက်မှုကို ရသောဒီကောင်လေးကိုကြည့်ရင်း ဦးမာန်မိုးဟိန်း ပြုံးမိသည်။
စားသောက်ပြီးလို့ ဧည့်ခန်းတွင် အချိုပွဲစားနေကြရင်း ဇေရဲမာန် က...
"ဒါ ကိုယ့်အဖေ ဦးမာန်မိုးဟိန်း.... ဒါက.."
"တပည့်ပါ..."
"တပည့်??" လပြည့်ဝန်း အဖြေကြောင့် ဦးမာန်မိုးဟိန်း မှာ တဟားဟားနဲ့ရယ်သွားသည်။ ဇေရဲမာန် မျက်နှာကတော့ တည်တင်းသွားသည်။ လပြည့်ဝန်း ကတော့ အူကြောင်ကြောင်ဖြစ်သွားရှာသည်။
"တပည့်ဆိုတော့လဲ တပည့်ပေါ့ကွာ...သား...မင်းတို့အတွက် အခန်းပြင်ထားပြီးပြီ..."
"နေပါစေ သူနဲ့ကျွန်တော် တစ်ခန်းထဲသုံးမှာ...လာ...ကလေး"
"မဟုတ်သေးဘူးလေ...ကိုကို...ကိုကို..." လပြည့်ဝန်း မှာ ယက်ကန်ယက်ကန်နဲ့ ဇေရဲမာန် ဆွဲခေါ်ရာနောက်ကို ပါသွားလေသည်။
"ငါ့သားက ကလေးလို့ခေါ်တဲ့အတိုင်း တကယ်ဖြူအုအုကလေးလေးပဲ...." မေးကိုပွတ်ကာ အပေါ်တတ်သွားသော နှစ်ယောက်ကို ဦးမာန်မိုးဟိန်း ကြည့်နေမိသည်။
.
.
'ဒုန်း'
ဆောင့်ပိတ်လိုက်သော တံခါးသံကြောင့် လပြည့်ဝန်း တုန်တတ်သွားသည်။ မဟုတ်မှလွဲရော ကိုကိုဒေါသထွက်နေတာလား...
တံခါးကို နှာဖူးနဲ့တိုက်ထားကာ အသက်ကို ပြင်းပြင်းရှူနေသော ဇေရဲမာန်.... လက်ကလဲ လပြည့်ဝန်းလက် ကို ကိုင်ထားသေး....
ခဏလောက်ကြာမှ လပြည့်ဝန်း ကိုမျက်နှာချင်းဆိုင်လာကာ....
"ဘာတဲ့...တပည့်တဲ့လား"
"ကျွန်...တော်ပြောတာ မှားလို့လား....ဖေဖေ....ဖေဖေက ကိုကို့ဆီမှာ ပညာသင်ဖို့လွှတ်ထားတာလေ"
လပြည့်ဝန်း မှာ ပြန်သာဖြေရတာ ရင်တလှပ်လှပ်နှင့်။ ခုချိန်ဇေရဲမာန် ပုံစံမှာ သားရဲတစ်ကောင်အလား....
"ဒါဆို ကိုယ်နဲ့အိပ်ခဲ့တဲ့ညတွေကကော....ဘာလဲ ဆရာ တပည့်က အဲ့လိုပဲ အိပ်ကြတာလား" ခပ်ရွဲ့ရွဲ့စကားကြောင့် ပြန်ပြောစရာတောင်ပျောက်သွားသည်။
လပြည့်ဝန်း မဖြေတတ်ပါ။ ဘာလို့ဆို ခုချိန်ထိ ကိုကို့ဘက်က သူ့ကို 'ချစ်တယ်' လို့ မပြောဖူးသေးဘူးလေ။ သူ့အသွေးအသားကိုသာ ယူသွားသည်သာလေ။ သူကကော ကြည်ကြည်ဖြူဖြူနဲ့ ပေးတာမဟုတ်သော်လဲ မမုန်းရက်.....
"မေးတာဖြေ!!" အော်တာမဟုတ်သော်လဲ တင်းလွန်းသောအသံကြောင့် လပြည့်ဝန်း မျက်ရည်ချက်ချင်း ဝဲတတ်လာသည်။
ယောက်ျားဆိုတာ မငိုရဘူး ဆိုပြီး မျက်ရည်များကို အကြမ်းပတမ်းဖိသုတ်ပြစ်လိုက်သည်။ ဒါတောင် ရှိုက်သံလေးသဲ့သဲ့ကထွက်နေသေး။
သူ့ရှေ့တွင် ကလေးငိုတာကို မကြည့်ရက်သော်လည်း ခုနက အကြောင်းအရာကိုတော့ မကျေနပ်နိုင်သေး။
ဘာမှမပြောပဲ ရေချိုးခန်းထဲ ဝင်သွားသောဇေရဲမာန်ကိုကြည့်ရင်း ပိုငိုချင်လာလေသည်။ သူတကယ်ပြောတာ သူဘယ်လိုဖြေရမလဲ မပြောတတ်ဘူး။ ခုလဲ ကြည့် တစ်ခန်းထဲအတူတူတဲ့....အရာရာသူ့စိတ်ကြိုက် သူ့သဘောကြီးတွေသာ......
_________________
"သူ့အဖေပြန်ရောက်နေပြီ.... မနေ့ကတောင်(xxx)club ကို သွားသေးတယ်"
"မြန်လှချည်လား"
"ဒါနဲ့ အစ်ကိုစုံစမ်းခိုင်းထားတဲ့ ဇေရဲမာန် အကြောင်းက ကျွန်တော်တစ်သက် နောက်ကြောင်းလိုက်ရတာ အခတ်ခဲဆုံးပဲ"
"သူကအကောင်ကြီးတာကိုးးး"
"သူလဲ အနည်းနဲ့အများတော့ မှောင်ခိုလောကနဲ့ ဆက်နွယ်နေမှာပဲ...ခတ်တာက သတ်သေရှာမရတာ" ထူးစစ်သော် စကားကို လွန်းထက်သာ သေချာတွေးနေမိသည်။
"ဟုတ်လောက်မယ်....ဒီလိုဆို ကောင်လေးအတွက် စိတ်ပူရလိမ့်မယ် ဘာလို့ဆို တစ်ချိန်ချိန်ကျရင် ကောင်လေးကိုသူ ဓားစာခံတာတို့ ဂျောက်ချတာတို့ လုပ်နိုင်တယ်"
ထူးစစ်သော် မျက်ခုံးပင့်သွားသည်။ စိတ်ထဲတွင်လဲ
'ဒီလူတော်တော် လပြည့်ဝန်း ကိုချစ်တာပဲ...'
"ကဲ...ဒါဆို ကျွန်တော် ကိစ္စရှိသေးလို့ ခွင့်ပြုဦး"
"အင်း ကျေးဇူးပါ..."
ထူးစစ်သော် ထွက်သွားသည့်တိုင် cafeဆိုင်ထဲ လွန်းထက်သာ ဆက်ထိုင်နေမိသည်။ ခုမိမိအဖြစ်က လိုက်ရှာလေ ရှုပ်ထွေးလေဖြစ်နေသည်။ ရေရေရာရာလဲ မသိရသေးဘူး။ ကျေးဇူးရှင် ဆိုတဲ့စကားတစ်ခုနဲ့တဲ့ သူက တစ်ဝက်ရှုံးနေလေပြီလား......
___________
8.8.2021
Khine Lay
ခိုင်လေး comments တိုင်း rpပြန်ပေးပါတယ် ကျန်သွားတာရှိရင် sorry ပါ။ ဒါဒါလေးတစ်ယောက်က ကျန်တဲ့ဆိုလို့ ရှာလို့လဲ မတွေ့ဖြစ်နေတယ် sorryပါ ကလေးရေ.....
Zaw
"စဉ်းစားကြည့်မယ်"
_________________
"တပည့်ပါ..."
.
.
'ဒုန်း'
"ဘာတဲ့...တပည့်တဲ့လား"
_________________
"မြန်လှချည်လား"
"အင်း ကျေးဇူးပါ..."
___________
8.8.2021
Khine Lay