ဗီလိန်ရဲ့ လမ်းပြကြယ်

由 CrystalKyi

780K 131K 3.7K

ဝတ္ထုစာအုပ်ထဲကို ဝိဉာဉ္ကူးပြောင်းလာတဲ့ ချောင်လန်တစ်ယောက် သူမရဲ့ နေရာက ဇာတ်လိုက် မင်းသားကို ကြိုက် မိသွားတဲ့ ဗ... 更多

မိတ်ဆက်
အပိုင်း (၁)
အပိုင်း(၂)
အပိုင်း(၃)
အပိုင်း(၄)
အပိုင်း(၅)
အပိုင်း(၆)
အပိုင်း (၇)
အပိုင်း(၈)
အပိုင်း(၉)
အပိုင်း(၁၀)
အပိုင်း(၁၁)
အပိုင်း(၁၂)
အပိုင်း(၁၃)
အပိုင်း(၁၄)
အပိုင်း(၁၅)
အပိုင်း(၁၆)
အပိုင်း(၁၇)
အပိုင်း(၁၈)
အပိုင်း(၁၉)
အပိုင်း(၂၀)
အပိုင်း(၂၁)
အပိုင်း(၂၂)
အပိုင်း(၂၃)
အပိုင်း(၂၄)
အပိုင်း(၂၅)
အပိုင်း(၂၆)
အပိုင်း(၂၇)
အပိုင်း(၂၈)
အပိုင်း(၂၉)
အပိုင်း (၃၀)
အပိုင်း(၃၁)
အပိုင်း(၃၂)
အပိုင်း(၃၃)
အပိုင်း (၃၄)
အပိုင်း(၃၅)
အပိုင်း(၃၆)
အပိုင်း(၃၇)
အပိုင်း(၃၈)
အပိုင်း(၃၉)
အပိုင်း(၄၀)
အပိုင်း(၄၁)
အပိုင်း(၄၂)
အပိုင်း(၄၃)
အပိုင်း(၄၄)
အပိုင်း(၄၅)
အပိုင်း(၄၆)
အပိုင်း(၄၇)
အပိုင်း(၄၈)
အပိုင်း(၄၉)
အပိုင်း(၅၀)
အပိုင်း(၅၁)
အပိုင်း(၅၂)
အပိုင်း(၅၃)
အပိုင်း(၅၄)
အပိုင်း(၅၅)
အပိုင်း(၅၆)
အပိုင်း(၅၇)
အပိုင်း(၅၈)
အပိုင်း(၅၉)
Not Upade!!!
အပိုင်း(၆၀)
အပိုင်း(၆၁)
အပိုင်း(၆၂)
အပိုင်း(၆၃)
အပိုင်း(၆၄)
အပိုင်း(၆၅)
အပိုင်း(၆၆)
အပိုင်း(၆၇)
အပိုင်း(၆၈)
အပိုင်း(၆၉)
အပိုင်း(၇၀)
အပိုင်း(၇၁)
အပိုင်း(၇၂)
အပိုင်း(၇၃)
အပိုင်း(၇၄)
အပိုင်း(၇၅)
အပိုင်း(၇၆)
အပိုင်း(၇၇)
အပိုင်း(၇၈)
အပိုင်း(၇၉)
အပိုင်း(၈၀)
အပိုင်း(၈၁)
အပိုင်း(၈၂)
အပိုင်း(၈၃)
အပိုင်း(၈၄)
အပိုင်း(၈၅)
အပိုင်း(၈၆)
အပိုင်း(၈၇)
အပိုင်း(၈၉)
အပိုင်း(၉၀)
အပိုင်း(၉၁)
အပိုင်း(၉၂)
အပိုင်း(၉၃)
အပိုင်း(၉၄)
အပိုင်း(၉၅)
အပိုင်း(၉၆)
အပိုင်း(၉၇)
အပိုင်း(၉၈)
အပိုင်း(၉၉)
အပိုင်း(၁၀၀)
အပိုင်း(၁၀၁)
အပိုင်း(၁၀၂)
အပိုင်း(၁၀၃)
အပိုင်း(၁၀၄)
အပိုင်း(၁၀၅)
အပိုင်း(၁၀၆)
အပိုင်း(၁၀၇)
အပိုင်း(၁၀၈)
အပိုင်း(၁၀၉)
အပိုင်း(၁၁၀)
အပိုင်း(၁၁၁)
အပိုင်း(၁၁၂)
အပိုင်း(၁၁၃)
အပိုင်း(၁၁၄)
အပိုင်း(၁၁၅)
အပိုင်း(၁၁၆)
အပိုင်း(၁၁၇)
အပိုင်း(၁၁၈)
အပိုင်း(၁၁၉)
အပိုင်း(၁၂၀)
အပိုင်း(၁၂၁)
အပိုင်း(၁၂၂)
အပိုင်း(၁၂၃)
အပိုင်း(၁၂၄)
အပိုင်း(၁၂၅)
အပိုင်း(၁၂၆)
အပိုင်း(၁၂၇)
အပိုင်း(၁၂၈)
အပိုင်း(၁၂၉)
အပိုင်း(၁၃၀)
အပိုင်း(၁၃၁)
အပိုင်း(၁၃၂)
အပိုင်း(၁၃၃)
အပိုင်း(၁၃၄)
အပိုင်း(၁၃၅)
အပိုင်း(၁၃၆)
အပိုင်း(၁၃၇)
အပိုင်း(၁၃၈)
အပိုင်း(၁၃၉)
အပိုင်း(၁၄၀)
အပိုင်း(၁၄၁)
အပိုင်း(၁၄၂)
အပိုင်း(၁၄၃)
အပိုင်း(၁၄၄)
အပိုင်း(၁၄၅)
အပိုင်း(၁၄၆)
အပိုင်း(၁၄၇)
အပိုင်း(၁၄၈)
အပိုင်း(၁၄၉)

အပိုင်း(၈၈)

4.4K 809 191
由 CrystalKyi

Unicode
ချောင်လန်က နေ့တိုင်းနေ့ လူတွေစောင့်ကြည့်တာ ခံနေရဆဲဆိုပေမဲ့ အနည်းဆုံးတော့ အားလုံးက သူမကို အထင်မလွဲကြတော့ဘူးပေါ့။ အဲ့တာက သူမကို ပိုပြီး နေလို့ကောင်းစေခဲ့တယ်။ အထူးသဖြင့် ပထမလပတ်စာမေးပွဲပြီးသွားတော့ပေါ့။ သူမက တစ်နှစ်လုံးရဲ့အဆင့်၂နေရာမှာ ဆက်ရှိနေတာကို မြင်ပြီး သူမစိတ်ပေါ့သွားတယ်။

ဒါပေမဲ့ ဒီတစ်ခေါက် ထန်းမော့က ချောင်လန့်ထက် အမှတ်အများကြီးမသာခဲ့ဘူး။ ဘာလို့လဲဆိုတော့ အထက်တန်းဒုတိယနှစ်အစမှာ သိပ္ပံဘာသာ၃ခုက ပထမနှစ်တုန်းကလို အမှတ်၁၅၀မဟုတ်တော့ဘဲ အမှတ်၁၀၀ပဲ ဖြစ်သွားတယ်လေ။ အမှတ်ကွာခြားချက်က အရင်ကထက် အများကြီးပိုနည်းသွားတယ်။ ဒါပေမဲ့ အမှတ်နည်းနည်းပဲ ကွာရတာက နောက်ထပ် အကြောင်းရင်းတစ်ခုရှိသေးတယ်။ အဲ့တာက ဘာလို့လဲဆိုတော့ ထန်းမော့ရဲ့ စာစီစာကုံးက ခေါင်းစဥ်ကနေ နောက်တစ်ခါ လမ်းချော်သွားပြီလို့လေ။

သူ့ရဲ့စာစီစာကုံးက ခေါင်းစဥ်ကနေ လမ်းချော်သွားရုံတင်မကဘူး သူ့ရဲ့ reading comprehension အမှတ်ကလဲ နည်းနေတယ်လေ။

အကြောင်းရင်းကတော့ ရှင်းပါတယ်။ ဒီတစ်ခေါက် reading comprehensionနဲ့ စာစီစာကုံးတွေ အကုန်လုံးက စိတ်ခံစားချက်နဲ့ပတ်သတ်တာတွေ မလို့လေ။

ထန်းမော့ရဲ့ ဖော်ပြနိုင်တဲ့ စွမ်းရည်က အရမ်းကောင်းတယ်။ သာမန်လူတစ်ယောက်ထက် အများကြီးပိုကောင်းတယ်။ သူက vocabulary လဲ ကြွယ်ဝတယ်။ ပြီးတော့ အရမ်းလဲ ကျိုးကြောင်းဆီလျော်တယ်။ ချောင်လန့်အတွက်တော့ သူရေးထားတဲ့ စာစီစာကုံးက အရမ်းကိုပြင်းထန် တိကျတဲ့ စာပုဒ်တစ်ပုဒ်လိုပဲ။ အဲ့တာက လူတွေကို သူကသူများတွေထက် ပိုသာတယ်ဆိုတဲ့ ခံစားချက်ကိုရစေတယ်။

တစ်ကယ်လို့ စာစီစာကုံးရဲ့ အဆိုပြုချက်ကို fixed လုပ်လိုက်ပြီး စာရေးတာကို objective လုပ်လိုက်မယ်ဆိုရင် ထန်းမော့ စာစီစာကုံးက အမှတ်ပြည့်တောင်ရနိုင်လောက်တယ်။ ဒါပေမဲ့ တစ်ကယ်လို့ စိတ်ခံစားချက်တွေအပေါ်မှာ အခြေခံလိုက်ရင်တော့ ထန်းမော့စာစီစာကုံးက လုံးဝကြီးကို ခေါင်းစဥ်နဲ့လွဲချော်နေတာပေါ့။ အဲ့တာက သူ့ရဲ့အမှတ်တစ်ဝက်လောက်ကို နှုတ်သွားခဲ့တယ်လေ။

ဆရာက မေးခွန်းတွေကို အမြန်ပဲ ရှင်းပြသွားခဲ့တယ်။ အထူးသဖြင့် ဒီတစ်ခေါက်က အားလုံးက အမှတ်တွေများကြတာကိုး။ ဒါကြောင့်မလို့လဲ အတန်းပြီးသွားတော့ ချောင်လန်က ထန်းမော့နဲ့ အစကနေ အကုန်ပြန်လုပ်ခဲ့တယ်။ သူမက အိမ်မှာလိုပဲ အရမ်းစိတ်ရှည်နေတယ်။ အဲ့တာက ထန်းမော့ စိတ်ခံစားချက်တွေကို စမှတ်တုန်းကလိုပဲ။ ဖော်ပြထားတဲ့ စိတ်ခံစားချက်တိုင်း အတွေးတိုင်းကို သူမက ထန်းမော့ကို သေသေချာချာ ရှင်းပြခဲ့တယ်။

ချောင်လန်က သူမထန်းမော့ကို ပြောနေတဲ့ဟာတွေကို တစ်ခြားလူတွေကို မကြားစေချင်ဘူး။ ဘာလို့လဲဆိုတော့ တစ်ခြားသူတွေအမြင်မှာက ဒါမျိုးက ပြောစရာမလိုတဲ့ဟာတွေ မလို့လေ။ ထန်းမော့က စိတ်ခံစားချက်နဲ့ပတ်သက်ရင် နှေးကွေးတယ်ဆိုတာကို သူမက တစ်ခြားသူတွေကို မသိစေချင်ဘူး။ သူမက ထန်းမော့ရဲ့ရောဂါနဲ့အခြေအနေကို သနားပြီး နားလည်ပေးနိုင်တယ်ဆိုပေမဲ့ တစ်ခြားသူတွေက ဒါကိုသိသွားရင် သူမလိုပဲ ဖြစ်လိမ့်မယ်လို့ သူမသေချာမပြောနိုင်ဘူးလေ။

ထန်းမော့ရှင်းရှင်းလင်းလင်း ကြားနိုင်အောင်လို့ ချောင်လန်က အသံကိုတိုးလိုက်ပြီး ထန်းမော့နဲ့ အရမ်းကပ်လိုက်တယ်။ သူမက ခံစားချက်တွေအကြောင်းမေးထားတဲ့ စာပိုဒ်ကိုလက်ညိုးထိုးပြလိုက်ပြီး အဲ့တာက ဘာကိုဆိုလိုတာလဲဆိုတဲ့ ထန်းမော့အတွေးကိုမေးလိုက်တယ်။

ထန်းမော့က သိပ်မတိကျဘူး။ အဲ့တာကြောင့် ချောင်လန်က ထန်းမော့လက်ထဲက ဘောပင်ကိုယူလိုက်တယ်။ သူ သူမကိုဘောပင်ပေးတော့ သူမလက်ချောင်းတွေက သဘာဝကျစွာပဲ ထန်းမော့ရဲ့ အေးစက်နေတဲ့ လက်ချောင်းတွေကို ထိမိသွားတယ်။

ရုတ်တရက် ထန်းမော့တောင့်သွားတယ်။ ခဏကြာတော့ သူက ရုတ်တရက်ကြီး လက်ကို ချောင်လန်နဲ့အဝေးကို ထားလိုက်တယ်။

ချောင်လန် ကြောင်သွားတယ်။

သူမနဲ့ ထန်းမော့က တစ်ယောက်နဲ့တစ်ယောက်သိတာကြပြီလေ။ ပြီးတော့ သူမက ထန်းမော့ကိုကူပြီးတော့တောင် နှိပ်ပေးခဲ့တာလေ။ ထန်းမော့က သူမရဲ့အထိအတွ့ကို ရင်းနီးနေပါပြီ။ ဒါပေမဲ့ အခုတလော ထန်းမော့က သူမကိုထိရမှာကို ကြောက်နေသလိုပဲ။

ဒီအခြေအနေက ဒီနေ့မှ ပထမဆုံးဖြစ်တာ မဟုတ်ဘူး။

ချောင်လန်က သူမလက်ထဲက ဘောပင်ကိုအကြာကြီးကိုင်ထားပြီး ရပ်သွားတယ်။ နောက်ဆုံးတော့ သူမမနေနိုင်တော့ဘဲ ထန်းမော့ကိုမေးလိုက်တော့တယ်။ " ထန်းမော့ နင်အခုတလော ဘာဖြစ်နေတာလဲ။ "

ထန်းမော့ရဲ့ မျက်လုံးလှလှလေးတွေက အနည်းငယ်တုန်ခါသွားတယ်။ ဒါပေမဲ့ ချောင်လန်က အဲ့မျက်လုံးတွေကို ထွင်းဖောက်မမြင်နိုင်ခဲ့ဘူး။ ထန်းမော့က မျက်တောင်တွေကို အောက်ကိုစိုက်ချလိုက်ပြီး ပြောလိုက်တယ်။ " ဘာမှမဖြစ်ပါဘူး "

သူတို့က ဒီအတိုင်းပဲ ဒုတိယချိန်ပြီးတဲ့အထိ နေခဲ့တယ်။ အဲ့အချိန်အတွင်းမှာ ချောင်လန်ကလေ့ကျင့်ခန်းလုပ်ဖို့ ထွက်သွားခဲ့တယ်။ ထန်းမော့က စာရွက်ပေါ်မှာ ချောင်လန် စိတ်ရှည်ရှည်နဲ့ ရေးထားတဲ့ လက်ရေးလေးကို ကြည့်နေခဲ့တယ်။ ပြီးတော့ ထိုင်ခုံပေါ်မှာ မလှုပ်မယှက်နဲ့ ထိုင်နေခဲ့တယ်။

စာသင်ခန်းထဲကို တစ်ယောက်ယောက်ဝင်လာတော့ ထန်းမော့က ဂရုမစိုက်အားဘူး။ လေ့ကျင့်ခန်းလုပ်တဲ့အချိန်မှာ ဆရာက နေ့တိုင်းနေ့ ကျောင်းသူကျောင်းသား၂ယောက်ကို အခန်းသန့်ရှင်းရေးလုပ်ဖို့ ချန်ထားလေ့ရှိတယ်။ သူမော့ကြည့်လိုက်တော့ ရှန်းရှောင်ဟန်ကို သူတွေ့လိုက်ရတယ်။

ရှန်းရှောင်ဟန်က ထန်းမော့ရှေ့မှာ ထိုင်လိုက်တယ်။ ထန်းမော့က သူမကို ထွက်သွားလို့ မပြောရသေးခင်မှာပဲ သူမက ရုတ်တရက်ကြီး မေးလိုက်တယ်။

" ထန်းမော့ နင်ချောင်လန့်ကို ကြိုက်နေတာလား "

အဲ့ခဏတွင်းချင်းမှာပဲ တစ်ယောက်ယောက်က သူ့နှလုံးကို လာညှစ်လိုက်သလိုပဲ။ ထန်းမော့ စကားတစ်ခွန်းမှ ပြောမထွက်ခဲ့ဘူး။

ထန်းမော့က တောင့်တင်းနေခဲ့တယ်။ ဒါပေမဲ့ ဘာစကားမှမပြောခဲ့ဘူး။

ရှန်းရှောင်ဟန်က တိတ်ဆိတ်နေတဲ့ ထန်းမော့ကိုကြည့်လိုက်ပြီး ဆက်ပြောလိုက်တယ်။ " အားကစားပွဲနေ့တုန်းက ငါနင့်ကိုတွေ့လိုက်တယ်။ နင်ရယ် ချောင်လန်ရယ်က ပိုင်ယွီနဲ့ တစ်ခြားသူတွေနဲ့ ကဒ်ကစားနေကြတာလေ။ နောက်တော့ နင်က လူတွေရပ်နေတဲ့နေရာကိုသွားပြီး ချောင်လန်ပြိုင်တာကို ကြည့်နေခဲ့တာလေ။ ထန်းမော့ နင်ဘာလို့ အဲ့လိုလုပ်ရတာလဲ။ နင်ပြောတော့ အားကစားပွဲကိုမသွားဘူးဆို။ နောက်တော့မှ နင်ဘာလို့ သွားရတာလဲ။ "

ထန်းမော့နားတွေက အူနေပြီ။ ရှန်းရှောင်ဟန်က ပြုံးလိုက်ပြီး ဆက်ပြောလိုက်တယ်။ " နင်က ချောင်လန့်ကြောင့်သွားတာမလား။ ဘာလို့လဲဆိုတော့ အဲ့နေ့တုန်းက ချောင်လန်ဝတ်တဲ့စကပ်က အရမ်းလှတယ်လို့ ငါနင့်ကိုပြောခဲ့လို့လေ။ အဲ့တာကြောင့် နင်က ချောင်လန့်ကို အထူးတည်လာပြီး ကြည့်တာ ဟုတ်တယ်မလား။ "

ထန်းမော့က ထိုင်ခုံအနောက်ကိုမီလိုက်တယ်။ သူ့လက်ချောင်းတွေက တုန်နေတာကို သူက သတိမထားမိဘူး။ သူက ရှန်းရှောင်ဟန်ကို စိုက်ကြည့်ပြီး ပြောလိုက်တယ်။ " နင်အပူမဟုတ်ဘူး "

ရှန်းရှောင်ဟန်က အဲ့တာကိုကြားလိုက်ရတော့ တစ်ကယ့်ကို ဒေါသထွက်သွားတယ်။ ဒါပေမဲ့ သူမက ဒေါသကိုပြန်ထိန်းလိုက်ပြီး ပြောလိုက်တယ်။ " နင်ပြောတာမှန်တယ်။ အဲ့တာ ငါ့အပူမဟုတ်ဘူး။ ဒါပေမဲ့ ထူးဆန်းတယ်လို့ နင်မထင်ဘူးလား။ နင်က ချောင်လန်နဲ့ အရမ်းရင်းနီးတာပဲလေ။ ဒါကို အားလုံးကလဲသိကြတယ်။ ဒါပေမဲ့ ဘယ်သူကမှ အဲ့တာထက်ပိုပြီး မတွေးကြဘူး။ ငါကလွဲလို့ ဘယ်သူကမှ နင်သူမကိုကြိုက်နေတယ်လို့ မထင်ထားကြဘူး။ ထန်းမော့ ဘာလို့လဲဆိုတာ နင်သိလား။ "

ထန်းမော့က နားမထောင်ချင်ဘူး။ သူ့ မသိစိတ်ကနေပြီးသိနေတယ် ရှန်းရှောင်ဟန်ပြောတဲ့စကားတွေက ဘာပဲဖြစ်ဖြစ် ကောင်းတဲ့ဟာတွေတော့ မဟုတ်လောက်ဘူးဆိုတာကိုပေါ့။ ဒါပေမဲ့လဲ အဲလိုဆိုရင်တောင် သူမပြောလာမဲ့စကားတွေကိုတော့ သူမထင်မှတ်ထားမိဘူး။

ရှန်းရှောင်ဟန်က ထန်းမော့ကို ပေါ့ပါးပြီး နူးညံ့တဲ့အသံနဲ့ ပြောလိုက်တယ်။ " ဘာလို့လဲဆိုတော့ အားလုံးရဲ့ မျက်လုံးထဲမှာ နင်က အစကထဲကိုတာက ပုံမန်လူ မဟုတ်ခဲ့လို့ပဲ။ "

" လူတော်တော်များများက ချောင်လန်က ချန်ယောင်းရန်ကိုများကြိုက်နေတာလားလို့ ခန့်မှန်းနေကြတယ်။ ပြီးတော့ ချောင်လန်နဲ့ နီးကပ်တဲ့ တစ်ခြားကောင်လေးတွေများ ရှိနေဦးမလားလို့ သူတို့က သိချင်နေကြတယ်။ ဘယ်သူကမှ သူတို့ထဲမှာ နင့်ကို ထည့်မရေတွက်ကြဘူး။ တစ်ကယ်တော့ နင်ကမှ ချောင်လန့်ရဲ့ အရင်းနီးဆုံးတစ်ယောက်လေ။ ဒါပေမဲ့ ဘယ်သူကမှ နင့်ကို ထည့်မတွက်ကြဘူး။ ဘာလို့လဲဆိုတော့ ဘယ်သူကမှ ချောင်လန်က နင့်ကို ထန်းမော့ကို ကြိုက်မယ်လို့ မထင်ကြလို့လေ။ နင်ဘယ်လောက်ပဲ တော်နေနေ အားလုံးက နင့်ကို ဥာဏ်ကြီးရှင်လို့ပဲ ခေါ်နေနေ လူအများစုရဲ့မျက်လုံးထဲမှာတော့ ထန်းမော့ နင်က လုံးဝ ပုံမန်လူတစ်ယောက်မဟုတ်ဘူး။ နင်က ပုံမန်လူတောင်မဟုတ်ဘူးဆိုမှတော့ ဘယ်သူက နင့်နာမည်ကို ထည့်တွေးမိမှာလဲ။ "

တစ်ချို့စကားလုံးတွေက ဓားတစ်ချောင်းထက်တောင် ပိုပြီး ကြောက်စရာကောင်းသေးတယ်။ တစ်ချို့ဟာတွေက ပိုပြီးတော့တောင် ကျောချမ်းစရာကောင်းသေးတယ်။ လူတစ်ယောက်ကို စိတ်ပျက်အားငယ်သွားအောင် လုပ်နိုင်တယ်။

" ပုံမန်လူတစ်ယောက်မဟုတ်ဘူး " အဲ့ဒီ့စကားလုံးတွေက ထန်းမော့နှလုံးသားရဲ့ အကျိုးပဲ့အလွယ်ဆုံးနေရာကို သွားပြီး ရိုက်ခတ်လိုက်တယ်။ ပြီးတော့ အဲ့နာကျင်မှုက သူ့ကိုဘာကိုမှ တွေးလို့မရအောင်ဖြစ်စေခဲ့တယ်။

ထန်းမော့က ပါးစပ်ကို ဖွင့်လိုက်တယ်။ ဒါပေမဲ့ ဘာစကားမှ ထွက်မလာနိုင်တာကို တွေ့လိုက်ရတယ်။

ဘာလို့လဲဆိုတော့ သူက သူမစကားလုံးတွေကို ပြန်လည်ချေပဖို့ အကြောင်းပြချက်ကို စဥ်းစားလို့မရခဲ့ဘူးလေ။

ရှန်းရှောင်ဟန်က အောင်နိုင်သူတစ်ယောက်လို ပြုံးလိုက်တယ်။

သူမအစတုန်းကထင်ထားတာက ချောင်လန်က ဟောင်ရင်နဲ့ တွဲမှာပဲလို့ပေါ့။ တစ်ကယ်လို့ သူတို့၂ယောက်က မတွဲရင်တောင် အီစီကလီအဆင့်မှာတော့ ရှိမှာပဲလို့ပေါ့။ ဒါပေမဲ့ အံ့ဩစရာကောင်းစွာပဲ ချောင်လန်က ဟောင်ရင့်ကို တိုက်ရိုက်ကြီး ငြင်းချပစ်လိုက်တယ်လေ။

ရှန်းရှောင်ဟန်က လန့်သွားခဲ့တယ်။ ဒါပေမဲ့ သူမက နည်းနည်းစိတ်အနှောင့်အယှက်ဖြစ်သွားတယ်။

ဒါပေါ့ သူမလဲ အားလုံးလိုပဲ ချောင်လန်ကထန်းမော့ကို သဘောကျလိမ့်မယ်လို့ ဘယ်တုန်းကမှ မတွေးခဲ့ဘူးလေ။

ဒါပေမဲ့ ချောင်လန်က ထန်းမော့ကို မကြိုက်ဘူးဆိုရင်တောင်........

ထန်းမော့က ချောင်လန့်ကို ကြိုက်လောက်လား???

သူကြိုက်လောက်တယ်။

ရှန်းရှောင်ဟန်က ဝန်မခံချင်ပေမဲ့လဲ အစတုန်းက အားကစားပွဲကိုမလာဘူးလို့ ပြောခဲ့တဲ့ ထန်းမော့က သူမစကားကြောင့် အားကစားပွဲကိုလာတာ တွေ့လိုက်ရတော့ သူမစိတ်တိုသွားတယ်။

ထန်းမော့က ချောင်လန့်ကို ကြိုက်နေတာ။ သူမဒါကို ကျိန်းသေပြောရဲတယ်။

" ဒါပေမဲ့ ထန်းမော့ နင်ဘယ်လိုတောင် လုပ်ရဲရတာလဲ " ရှန်းရှောင်ဟန်က သူ့ကိုစိုက်ကြည့်လိုက်တယ်။ " ချောင်လန့်ကို သဘောကျတာ ပုံမန်ပဲဆိုတာ ငါသိပါတယ်။ သူမကလှလဲလှတယ်၊ အဆင့်တွေကလဲ ထိပ်တန်းပဲ၊ ပြီးတော့ သဘောလဲကောင်းသေးတယ်။ ငါဆို သူမကို အပြစ်တောင်ရှာလို့မရဘူး။ အဲ့တာကြောင့် သူမကို သဘောကျတာ ပုံမန်ပါပဲ။ အဲ့တာက ဘာမှမဟုတ်ပါဘူး။ ဒါပေမဲ့ နင်က ဘယ်လိုလုပ် သူမကို သဘောကျရဲရတာလဲ။ "

ရှန်းရှောင်ဟန်က အဲ့လိုပြောလိုက်တော့ သူမစိတ်ထဲမှာ ဘာလို့လဲမသိဘူး ပြောပြလို့မရတဲ့ ပျော်ရွှင်မှုတစ်ခု ပေါ်လာခဲ့တယ်။

" ချောင်လန်က အဆောင်မှာ နင့်အကြောင်းကို ဘာတွေပြောတာလဲ ဆိုတာ နင်သိလား။ သူမကပြောတယ် နင်က လုံးဝအကောင်းကြီးပဲတဲ့။ ပြီးတော့ သူမက ငါတို့ကို နင်နဲ့ စကားပိုပြောပေးပြီး နင်နဲ့ သူငယ်ချင်းဖြစ်စေချင်တယ်တဲ့။ တစ်ကယ်လို့ နင့်မှာ တစ်ခြားသူငယ်ချင်းတွေရှိလာလို့ရှိရင် သူမက နင့်အတွက်​ပျော်နေမှာလို့လဲ ပြောသေးတယ်။ ထန်းမော့ နင်က သူမကိုကြိုက်ရင်တောင် သူမက နင့်ကို နည်းနည်းလေးမှ ကြိုက်တာ မဟုတ်ဘူး။ ဒါကို ငါသေချာပေါက် ကျိန်းသေပြောရဲတယ်။ သူမက နင့်ကို ကောင်းကောင်းဆက်ဆံပေးတာက နင်က အစကထဲက သနားစရာကောင်းနေလို့ပဲ။ သူမက ဟောင်ရင့်ကိုတောင် လှည့်မကြည့်တာ သေချာပေါက် နင့်ကို ကြိုက်မိသွားမှာ မဟုတ်........  "

" ပါးစပ်ပိတ်ထား!! "

သူ့နှလုံးသားထဲက ကြိုးက ပြိုလဲကျမတက်ဖြစ်နေပြီ။ ပြီးတော့ ထန်းမော့အသံထဲမှာ စိုးရိမ်ကြောက်လန့်မှုတွေ ရူးသွပ်မှုတွေကို ဖုံးကွယ်ထားတယ်။

ပါးစပ်ပိတ်.. ပါးစပ်ပိတ်ထား!!!

သူ့နှလုံးသားထဲမှာ ထန်းမော့ကိုယ်တိုင် ဟိုးအနက်ကြီးမှာမြုပ်ထားပြီး လုံးဝမတူးဆွရဲတဲ့ သိမ်ငယ်စိတ်လေးရှိနေတယ်။ သူအဲ့တာကို တွေးတောင်မတွေးရဲဘူး။ ပြီးတော့ စဥ်းလဲမစဥ်းစားချင်ဘူး။ ဘယ်သူမှ သူ့ကိုလာမထိမချင်း သူက ဘာမှမဖြစ်သလိုမျိုး တစ်ခြားသူတွေဆီကနေ ကောင်းကောင်းကြီး ဖုံးကွယ်ထားနိုင်တယ်။

ဒါပေမဲ့ အခုတော့ တိုက်ရိုက်အကျဆုံးနည်းလမ်းကိုသုံးပြီး သူ့ရဲ့အမာရွတ်တွေအားလုံးကို စာနာမှုမရှိ အကုန်ဖော်နေတဲ့ တစ်စုံတစ်ယောက်ရှိနေတယ်။ သူ့ရဲ့ သွေးသံရဲရဲနီနေတဲ့ အနာတွေအကုန်လုံး အက်ကွဲကုန်ပြီ။ အကုန်လုံးပဲ။

သူ သူမပြောတာကို ဆက်နားမထောင်ချင်တော့ဘူး။ ပြီးတော့ အခုအချိန်မှာ သူနားကန်းနေရင်ကောင်းမယ်လို့တောင် ဆုတောင်းမိတယ်။ ဒါပေမဲ့ သူပိုပြီးမကြားချင်လေလေ ပိုပိုပြီး ရှင်းရှင်းလင်းလင်း ကြားနေရလေပဲ။

နင်က ပုံမန်လူမှမဟုတ်တာ။

ထန်းမော့ နင်ဘယ်လိုတောင် လုပ်ရဲရတာလဲ။

ထန်းမော့ရင်ဘတ်တွေနာလာတယ်။ အသက်ကောင်းကောင်းရှူလို့ မရတော့ဘူးလို့ ခံစားနေရတယ်။ သူ လက်တွေကို တင်းတင်းဆုပ်ထားနေတယ်။ အချိန်ခဏလောက်တော့ သူ
ရှန်းရှောင်ဟန်လည်ပင်းကို ညစ်လိုက်ပြီး သူမကို သေအောင်လုပ်ပစ်လိုက်ချင်နေတယ်။

ထန်းမော့ရဲ့ ပုံစံကြောင့် ရှန်းရှောင်ဟန် လန့်သွားတယ်။ ဒါပေမဲ့ ထန်းမော့ထိုင်နေတဲ့ wheelchair ကိုကြည့်လိုက်ပြီး သူမ နောက်တစ်ခါထပ်ပြီး ရဲလာပြန်တယ်။

ထန်းမော့က မတ်တပ်တောင်မရပ်နိုင်တာ။ အဲ့တာကို သူမက ဘာကိုကြောက်နေရမှာလဲ။

" နင်ဒေါသထွက်နေတာလား " ရှန်းရှောင်ဟန်က အနောက်ကို တစ်လှမ်းလောက်ဆုတ်လိုက်ပြီး ဆက်ပြောလိုက်တယ်။ " တစ်ကယ်တော့ နင်လဲ ဒါတွေကို နင့်စိတ်ထဲမှာ နားလည်ပြီးသားပဲကို။ ငါက ဒီတိုင်း ထုတ်ပြောလိုက်တာပဲ ရှိတာလေ။ နင်က ဘာလို့ ဒီလောက်တောင် ဒေါသထွက်နေရတာလဲ။ ထန်းမော့ ငါက နင့်ဒဏ်ရာတွေကို တမင်ထုတ်ပြတာမဟုတ်ပါဘူး။ အနှေးနဲ့အမြန် နင်သိလာရမဲ့ ကိစ္စတွေကို ငါက နင့်ကို ပြောပြရုံပါပဲ။ သူမကို မကြိုက်နဲ့။ ဟုတ်ပြီလား။ ဟောင်ရင် ဖွင့်ပြောပြီးသွားတော့ ချောင်လန်က သူ့ကို ရှောင်ဖယ်နေတာလေ။ တစ်ကယ်လို့ နင်တွေးနေတာကို ချောင်လန်သိသွားခဲ့ရင် သူမဘယ်လိုလုပ်မယ်လို့ နင်ထင်လဲ။ "

ထန်းမော့က သွားကိုတင်းတင်းကြိတ်လိုက်တယ်။ သူပါးစပ်ဖွင့်လိုက်တော့ သွေးအရသာတောင် ရနေတယ်လို့ သူခံစားနေရတယ်။

" နင် ငါ့ကို ခြိမ်းခြောက်နေတာလား "

" မဟုတ်ပါဘူး မဟုတ်ပါဘူးနော် " ရှန်းရှောင်ဟန်က အမြန်လက်ကို ယမ်းပြလိုက်တယ်။ " ငါခုနကပြောသလိုပဲ ငါက နင့်ကို စောစော နားလည်သွားစေချင်ရုံပါပဲ။ မဖြစ်နိုင်တာကို မစဥ်းစားပါနဲ့ဟာ။ "

မဖြစ်နိုင်တာ... ထန်းမော့ရင်ဘတ်က ဟာတာတာဖြစ်သွားတယ်။ တစ်ယောက်ယောက်က လှီးဖြတ်သွားသလိုပဲ။ အရမ်းနာလွန်းလို့ သူသတိမေ့မတက်တောင်ဖြစ်နေတယ်။

" အဲ့တာဆို ဘာက ဖြစ်နိုင်တာလဲ "

" ဖြစ်နိုင်တဲ့ဟာက. " ရုတ်တရက် ရှန်းရှောင်ဟန်က ရှက်သွေးဖြာသွားတယ်။ ပြီးတော့ ထန်းမော့ကို သေသေချာချာ ကြည့်လိုက်ပြီး " ထန်းမော့ ငါက တစ်ကယ် နင်ကောင်းဖို့ အတွက်လုပ်တာပါဟာ။ တစ်ကယ်တော့ ငါက နင့်ကို ပထမဆုံးတွေ့ကထဲက ကြိုက်နေတာ...... "

Zawgyi

ေခ်ာင္လန္က ေန႔တိုင္းေန႔ လူေတြေစာင့္ၾကည့္တာ ခံေနရဆဲဆိုေပမဲ့ အနည္းဆုံးေတာ့ အားလုံးက သူမကို အထင္မလြဲၾကေတာ့ဘူးေပါ့။ အဲ့တာက သူမကို ပိုၿပီး ေနလို႔ေကာင္းေစခဲ့တယ္။ အထူးသျဖင့္ ပထမလပတ္စာေမးပြဲၿပီးသြားေတာ့ေပါ့။ သူမက တစ္ႏွစ္လုံးရဲ႕အဆင့္၂ေနရာမွာ ဆက္ရွိေနတာကို ျမင္ၿပီး သူမစိတ္ေပါ့သြားတယ္။

ဒါေပမဲ့ ဒီတစ္ေခါက္ ထန္းေမာ့က ေခ်ာင္လန္႔ထက္ အမွတ္အမ်ားႀကီးမသာခဲ့ဘူး။ ဘာလို႔လဲဆိုေတာ့ အထက္တန္းဒုတိယႏွစ္အစမွာ သိပၸံဘာသာ၃ခုက ပထမႏွစ္တုန္းကလို အမွတ္၁၅၀မဟုတ္ေတာ့ဘဲ အမွတ္၁၀၀ပဲ ျဖစ္သြားတယ္ေလ။ အမွတ္ကြာျခားခ်က္က အရင္ကထက္ အမ်ားႀကီးပိုနည္းသြားတယ္။ ဒါေပမဲ့ အမွတ္နည္းနည္းပဲ ကြာရတာက ေနာက္ထပ္ အေၾကာင္းရင္းတစ္ခုရွိေသးတယ္။ အဲ့တာက ဘာလို႔လဲဆိုေတာ့ ထန္းေမာ့ရဲ႕ စာစီစာကုံးက ေခါင္းစဥ္ကေန ေနာက္တစ္ခါ လမ္းေခ်ာ္သြားၿပီလို႔ေလ။

သူ႔ရဲ႕စာစီစာကုံးက ေခါင္းစဥ္ကေန လမ္းေခ်ာ္သြား႐ုံတင္မကဘူး သူ႔ရဲ႕ reading comprehension အမွတ္ကလဲ နည္းေနတယ္ေလ။

အေၾကာင္းရင္းကေတာ့ ရွင္းပါတယ္။ ဒီတစ္ေခါက္ reading comprehensionနဲ႔ စာစီစာကုံးေတြ အကုန္လုံးက စိတ္ခံစားခ်က္နဲ႔ပတ္သတ္တာေတြ မလို႔ေလ။

ထန္းေမာ့ရဲ႕ ေဖာ္ျပႏိုင္တဲ့ စြမ္းရည္က အရမ္းေကာင္းတယ္။ သာမန္လူတစ္ေယာက္ထက္ အမ်ားႀကီးပိုေကာင္းတယ္။ သူက vocabulary လဲ ႂကြယ္ဝတယ္။ ၿပီးေတာ့ အရမ္းလဲ က်ိဳးေၾကာင္းဆီေလ်ာ္တယ္။ ေခ်ာင္လန္႔အတြက္ေတာ့ သူေရးထားတဲ့ စာစီစာကုံးက အရမ္းကိုျပင္းထန္ တိက်တဲ့ စာပုဒ္တစ္ပုဒ္လိုပဲ။ အဲ့တာက လူေတြကို သူကသူမ်ားေတြထက္ ပိုသာတယ္ဆိုတဲ့ ခံစားခ်က္ကိုရေစတယ္။

တစ္ကယ္လို႔ စာစီစာကုံးရဲ႕ အဆိုျပဳခ်က္ကို fixed လုပ္လိုက္ၿပီး စာေရးတာကို objective လုပ္လိုက္မယ္ဆိုရင္ ထန္းေမာ့ စာစီစာကုံးက အမွတ္ျပည့္ေတာင္ရႏိုင္ေလာက္တယ္။ ဒါေပမဲ့ တစ္ကယ္လို႔ စိတ္ခံစားခ်က္ေတြအေပၚမွာ အေျခခံလိုက္ရင္ေတာ့ ထန္းေမာ့စာစီစာကုံးက လုံးဝႀကီးကို ေခါင္းစဥ္နဲ႔လြဲေခ်ာ္ေနတာေပါ့။ အဲ့တာက သူ႔ရဲ႕အမွတ္တစ္ဝက္ေလာက္ကို ႏႈတ္သြားခဲ့တယ္ေလ။

ဆရာက ေမးခြန္းေတြကို အျမန္ပဲ ရွင္းျပသြားခဲ့တယ္။ အထူးသျဖင့္ ဒီတစ္ေခါက္က အားလုံးက အမွတ္ေတြမ်ားၾကတာကိုး။ ဒါေၾကာင့္မလို႔လဲ အတန္းၿပီးသြားေတာ့ ေခ်ာင္လန္က ထန္းေမာ့နဲ႔ အစကေန အကုန္ျပန္လုပ္ခဲ့တယ္။ သူမက အိမ္မွာလိုပဲ အရမ္းစိတ္ရွည္ေနတယ္။ အဲ့တာက ထန္းေမာ့ စိတ္ခံစားခ်က္ေတြကို စမွတ္တုန္းကလိုပဲ။ ေဖာ္ျပထားတဲ့ စိတ္ခံစားခ်က္တိုင္း အေတြးတိုင္းကို သူမက ထန္းေမာ့ကို ေသေသခ်ာခ်ာ ရွင္းျပခဲ့တယ္။

ေခ်ာင္လန္က သူမထန္းေမာ့ကို ေျပာေနတဲ့ဟာေတြကို တစ္ျခားလူေတြကို မၾကားေစခ်င္ဘူး။ ဘာလို႔လဲဆိုေတာ့ တစ္ျခားသူေတြအျမင္မွာက ဒါမ်ိဳးက ေျပာစရာမလိုတဲ့ဟာေတြ မလို႔ေလ။ ထန္းေမာ့က စိတ္ခံစားခ်က္နဲ႔ပတ္သက္ရင္ ေႏွးေကြးတယ္ဆိုတာကို သူမက တစ္ျခားသူေတြကို မသိေစခ်င္ဘူး။ သူမက ထန္းေမာ့ရဲ႕ေရာဂါနဲ႔အေျခအေနကို သနားၿပီး နားလည္ေပးႏိုင္တယ္ဆိုေပမဲ့ တစ္ျခားသူေတြက ဒါကိုသိသြားရင္ သူမလိုပဲ ျဖစ္လိမ့္မယ္လို႔ သူမေသခ်ာမေျပာႏိုင္ဘူးေလ။

ထန္းေမာ့ရွင္းရွင္းလင္းလင္း ၾကားႏိုင္ေအာင္လို႔ ေခ်ာင္လန္က အသံကိုတိုးလိုက္ၿပီး ထန္းေမာ့နဲ႔ အရမ္းကပ္လိုက္တယ္။ သူမက ခံစားခ်က္ေတြအေၾကာင္းေမးထားတဲ့ စာပိုဒ္ကိုလက္ညိဳးထိုးျပလိုက္ၿပီး အဲ့တာက ဘာကိုဆိုလိုတာလဲဆိုတဲ့ ထန္းေမာ့အေတြးကိုေမးလိုက္တယ္။

ထန္းေမာ့က သိပ္မတိက်ဘူး။ အဲ့တာေၾကာင့္ ေခ်ာင္လန္က ထန္းေမာ့လက္ထဲက ေဘာပင္ကိုယူလိုက္တယ္။ သူ သူမကိုေဘာပင္ေပးေတာ့ သူမလက္ေခ်ာင္းေတြက သဘာဝက်စြာပဲ ထန္းေမာ့ရဲ႕ ေအးစက္ေနတဲ့ လက္ေခ်ာင္းေတြကို ထိမိသြားတယ္။

႐ုတ္တရက္ ထန္းေမာ့ေတာင့္သြားတယ္။ ခဏၾကာေတာ့ သူက ႐ုတ္တရက္ႀကီး လက္ကို ေခ်ာင္လန္နဲ႔အေဝးကို ထားလိုက္တယ္။

ေခ်ာင္လန္ ေၾကာင္သြားတယ္။

သူမနဲ႔ ထန္းေမာ့က တစ္ေယာက္နဲ႔တစ္ေယာက္သိတာၾကၿပီေလ။ ၿပီးေတာ့ သူမက ထန္းေမာ့ကိုကူၿပီးေတာ့ေတာင္ ႏွိပ္ေပးခဲ့တာေလ။ ထန္းေမာ့က သူမရဲ႕အထိအတြ႕ကို ရင္းႏီွးေနပါၿပီ။ ဒါေပမဲ့ အခုတေလာ ထန္းေမာ့က သူမကိုထိရမွာကို ေၾကာက္ေနသလိုပဲ။

ဒီအေျခအေနက ဒီေန႔မွ ပထမဆုံးျဖစ္တာ မဟုတ္ဘူး။

ေခ်ာင္လန္က သူမလက္ထဲက ေဘာပင္ကိုအၾကာႀကီးကိုင္ထားၿပီး ရပ္သြားတယ္။ ေနာက္ဆုံးေတာ့ သူမမေနႏိုင္ေတာ့ဘဲ ထန္းေမာ့ကိုေမးလိုက္ေတာ့တယ္။ " ထန္းေမာ့ နင္အခုတေလာ ဘာျဖစ္ေနတာလဲ။ "

ထန္းေမာ့ရဲ႕ မ်က္လုံးလွလေလးေတြက အနည္းငယ္တုန္ခါသြားတယ္။ ဒါေပမဲ့ ေခ်ာင္လန္က အဲ့မ်က္လုံးေတြကို ထြင္းေဖာက္မျမင္ႏိုင္ခဲ့ဘူး။ ထန္းေမာ့က မ်က္ေတာင္ေတြကို ေအာက္ကိုစိုက္ခ်လိုက္ၿပီး ေျပာလိုက္တယ္။ " ဘာမွမျဖစ္ပါဘူး "

သူတို႔က ဒီအတိုင္းပဲ ဒုတိယခ်ိန္ၿပီးတဲ့အထိ ေနခဲ့တယ္။ အဲ့အခ်ိန္အတြင္းမွာ ေခ်ာင္လန္ကေလ့က်င့္ခန္းလုပ္ဖို႔ ထြက္သြားခဲ့တယ္။ ထန္းေမာ့က စာ႐ြက္ေပၚမွာ ေခ်ာင္လန္ စိတ္ရွည္ရွည္နဲ႔ ေရးထားတဲ့ လက္ေရးေလးကို ၾကည့္ေနခဲ့တယ္။ ၿပီးေတာ့ ထိုင္ခုံေပၚမွာ မလႈပ္မယွက္နဲ႔ ထိုင္ေနခဲ့တယ္။

စာသင္ခန္းထဲကို တစ္ေယာက္ေယာက္ဝင္လာေတာ့ ထန္းေမာ့က ဂ႐ုမစိုက္အားဘူး။ ေလ့က်င့္ခန္းလုပ္တဲ့အခ်ိန္မွာ ဆရာက ေန႔တိုင္းေန႔ ေက်ာင္းသူေက်ာင္းသား၂ေယာက္ကို အခန္းသန္႔ရွင္းေရးလုပ္ဖို႔ ခ်န္ထားေလ့ရွိတယ္။ သူေမာ့ၾကည့္လိုက္ေတာ့ ရွန္းေရွာင္ဟန္ကို သူေတြ႕လိုက္ရတယ္။

ရွန္းေရွာင္ဟန္က ထန္းေမာ့ေရွ႕မွာ ထိုင္လိုက္တယ္။ ထန္းေမာ့က သူမကို ထြက္သြားလို႔ မေျပာရေသးခင္မွာပဲ သူမက ႐ုတ္တရက္ႀကီး ေမးလိုက္တယ္။

" ထန္းေမာ့ နင္ေခ်ာင္လန္႔ကို ႀကိဳက္ေနတာလား "

အဲ့ခဏတြင္းခ်င္းမွာပဲ တစ္ေယာက္ေယာက္က သူ႔ႏွလုံးကို လာညႇစ္လိုက္သလိုပဲ။ ထန္းေမာ့ စကားတစ္ခြန္းမွ ေျပာမထြက္ခဲ့ဘူး။

ထန္းေမာ့က ေတာင့္တင္းေနခဲ့တယ္။ ဒါေပမဲ့ ဘာစကားမွမေျပာခဲ့ဘူး။

ရွန္းေရွာင္ဟန္က တိတ္ဆိတ္ေနတဲ့ ထန္းေမာ့ကိုၾကည့္လိုက္ၿပီး ဆက္ေျပာလိုက္တယ္။ " အားကစားပြဲေန႔တုန္းက ငါနင့္ကိုေတြ႕လိုက္တယ္။ နင္ရယ္ ေခ်ာင္လန္ရယ္က ပိုင္ယြီနဲ႔ တစ္ျခားသူေတြနဲ႔ ကဒ္ကစားေနၾကတာေလ။ ေနာက္ေတာ့ နင္က လူေတြရပ္ေနတဲ့ေနရာကိုသြားၿပီး ေခ်ာင္လန္ၿပိဳင္တာကို ၾကည့္ေနခဲ့တာေလ။ ထန္းေမာ့ နင္ဘာလို႔ အဲ့လိုလုပ္ရတာလဲ။ နင္ေျပာေတာ့ အားကစားပြဲကိုမသြားဘူးဆို။ ေနာက္ေတာ့မွ နင္ဘာလို႔ သြားရတာလဲ။ "

ထန္းေမာ့နားေတြက အူေနၿပီ။ ရွန္းေရွာင္ဟန္က ၿပဳံးလိုက္ၿပီး ဆက္ေျပာလိုက္တယ္။ " နင္က ေခ်ာင္လန္႔ေၾကာင့္သြားတာမလား။ ဘာလို႔လဲဆိုေတာ့ အဲ့ေန႔တုန္းက ေခ်ာင္လန္ဝတ္တဲ့စကပ္က အရမ္းလွတယ္လို႔ ငါနင့္ကိုေျပာခဲ့လို႔ေလ။ အဲ့တာေၾကာင့္ နင္က ေခ်ာင္လန႔္ကို အထူးတည္လာၿပီး ၾကည့္တာ ဟုတ္တယ္မလား။ "

ထန္းေမာ့က ထိုင္ခုံအေနာက္ကိုမီလိုက္တယ္။ သူ႔လက္ေခ်ာင္းေတြက တုန္ေနတာကို သူက သတိမထားမိဘူး။ သူက ရွန္းေရွာင္ဟန္ကို စိုက္ၾကည့္ၿပီး ေျပာလိုက္တယ္။ " နင္အပူမဟုတ္ဘူး "

ရွန္းေရွာင္ဟန္က အဲ့တာကိုၾကားလိုက္ရေတာ့ တစ္ကယ့္ကို ေဒါသထြက္သြားတယ္။ ဒါေပမဲ့ သူမက ေဒါသကိုျပန္ထိန္းလိုက္ၿပီး ေျပာလိုက္တယ္။ " နင္ေျပာတာမွန္တယ္။ အဲ့တာ ငါ့အပူမဟုတ္ဘူး။ ဒါေပမဲ့ ထူးဆန္းတယ္လို႔ နင္မထင္ဘူးလား။ နင္က ေခ်ာင္လန္နဲ႔ အရမ္းရင္းႏီွးတာပဲေလ။ ဒါကို အားလုံးကလဲသိၾကတယ္။ ဒါေပမဲ့ ဘယ္သူကမွ အဲ့တာထက္ပိုၿပီး မေတြးၾကဘူး။ ငါကလြဲလို႔ ဘယ္သူကမွ နင္သူမကိုႀကိဳက္ေနတယ္လို႔ မထင္ထားၾကဘူး။ ထန္းေမာ့ ဘာလို႔လဲဆိုတာ နင္သိလား။ "

ထန္းေမာ့က နားမေထာင္ခ်င္ဘူး။ သူ႔ မသိစိတ္ကေနၿပီးသိေနတယ္ ရွန္းေရွာင္ဟန္ေျပာတဲ့စကားေတြက ဘာပဲျဖစ္ျဖစ္ ေကာင္းတဲ့ဟာေတြေတာ့ မဟုတ္ေလာက္ဘူးဆိုတာကိုေပါ့။ ဒါေပမဲ့လဲ အဲလိုဆိုရင္ေတာင္ သူမေျပာလာမဲ့စကားေတြကိုေတာ့ သူမထင္မွတ္ထားမိဘူး။

ရွန္းေရွာင္ဟန္က ထန္းေမာ့ကို ေပါ့ပါးၿပီး ႏူးညံ့တဲ့အသံနဲ႔ ေျပာလိုက္တယ္။ " ဘာလို႔လဲဆိုေတာ့ အားလုံးရဲ႕ မ်က္လုံးထဲမွာ နင္က အစကထဲကိုတာက ပုံမန္လူ မဟုတ္ခဲ့လို႔ပဲ။ "

" လူေတာ္ေတာ္မ်ားမ်ားက ေခ်ာင္လန္က ခ်န္ေယာင္းရန္ကိုမ်ားႀကိဳက္ေနတာလားလို႔ ခန္႔မွန္းေနၾကတယ္။ ၿပီးေတာ့ ေခ်ာင္လန္နဲ႔ နီးကပ္တဲ့ တစ္ျခားေကာင္ေလးေတြမ်ား ရွိေနဦးမလားလို႔ သူတို႔က သိခ်င္ေနၾကတယ္။ ဘယ္သူကမွ သူတို႔ထဲမွာ နင့္ကို ထည့္မေရတြက္ၾကဘူး။ တစ္ကယ္ေတာ့ နင္ကမွ ေခ်ာင္လန္႔ရဲ႕ အရင္းႏီွးဆုံးတစ္ေယာက္ေလ။ ဒါေပမဲ့ ဘယ္သူကမွ နင့္ကို ထည့္မတြက္ၾကဘူး။ ဘာလို႔လဲဆိုေတာ့ ဘယ္သူကမွ ေခ်ာင္လန္က နင့္ကို ထန္းေမာ့ကို ႀကိဳက္မယ္လို႔ မထင္ၾကလို႔ေလ။ နင္ဘယ္ေလာက္ပဲ ေတာ္ေနေန အားလုံးက နင့္ကို ဥာဏ္ႀကီးရွင္လို႔ပဲ ေခၚေနေန လူအမ်ားစုရဲ႕မ်က္လုံးထဲမွာေတာ့ ထန္းေမာ့ နင္က လုံးဝ ပုံမန္လူတစ္ေယာက္မဟုတ္ဘူး။ နင္က ပုံမန္လူေတာင္မဟုတ္ဘူးဆိုမွေတာ့ ဘယ္သူက နင့္နာမည္ကို ထည့္ေတြးမိမွာလဲ။ "

တစ္ခ်ိဳ႕စကားလုံးေတြက ဓားတစ္ေခ်ာင္းထက္ေတာင္ ပိုၿပီး ေၾကာက္စရာေကာင္းေသးတယ္။ တစ္ခ်ိဳ႕ဟာေတြက ပိုၿပီးေတာ့ေတာင္ ေက်ာခ်မ္းစရာေကာင္းေသးတယ္။ လူတစ္ေယာက္ကို စိတ္ပ်က္အားငယ္သြားေအာင္ လုပ္ႏိုင္တယ္။

" ပုံမန္လူတစ္ေယာက္မဟုတ္ဘူး " အဲ့ဒီ့စကားလုံးေတြက ထန္းေမာ့ႏွလုံးသားရဲ႕ အက်ိဳးပဲ့အလြယ္ဆုံးေနရာကို သြားၿပီး ႐ိုက္ခတ္လိုက္တယ္။ ၿပီးေတာ့ အဲ့နာက်င္မႈက သူ႔ကိုဘာကိုမွ ေတြးလို႔မရေအာင္ျဖစ္ေစခဲ့တယ္။

ထန္းေမာ့က ပါးစပ္ကို ဖြင့္လိုက္တယ္။ ဒါေပမဲ့ ဘာစကားမွ ထြက္မလာႏိုင္တာကို ေတြ႕လိုက္ရတယ္။

ဘာလို႔လဲဆိုေတာ့ သူက သူမစကားလုံးေတြကို ျပန္လည္ေခ်ပဖို႔ အေၾကာင္းျပခ်က္ကို စဥ္းစားလို႔မရခဲ့ဘူးေလ။

ရွန္းေရွာင္ဟန္က ေအာင္ႏိုင္သူတစ္ေယာက္လို ၿပဳံးလိုက္တယ္။

သူမအစတုန္းကထင္ထားတာက ေခ်ာင္လန္က ေဟာင္ရင္နဲ႔ တြဲမွာပဲလို႔ေပါ့။ တစ္ကယ္လို႔ သူတို႔၂ေယာက္က မတြဲရင္ေတာင္ အီစီကလီအဆင့္မွာေတာ့ ရွိမွာပဲလို႔ေပါ့။ ဒါေပမဲ့ အံ့ဩစရာေကာင္းစြာပဲ ေခ်ာင္လန္က ေဟာင္ရင့္ကို တိုက္႐ိုက္ႀကီး ျငင္းခ်ပစ္လိုက္တယ္ေလ။

ရွန္းေရွာင္ဟန္က လန္႔သြားခဲ့တယ္။ ဒါေပမဲ့ သူမက နည္းနည္းစိတ္အေႏွာင့္အယွက္ျဖစ္သြားတယ္။

ဒါေပါ့ သူမလဲ အားလုံးလိုပဲ ေခ်ာင္လန္ကထန္းေမာ့ကို သေဘာက်လိမ့္မယ္လို႔ ဘယ္တုန္းကမွ မေတြးခဲ့ဘူးေလ။

ဒါေပမဲ့ ေခ်ာင္လန္က ထန္းေမာ့ကို မႀကိဳက္ဘူးဆိုရင္ေတာင္........

ထန္းေမာ့က ေခ်ာင္လန္႔ကို ႀကိဳက္ေလာက္လား???

သူႀကိဳက္ေလာက္တယ္။

ရွန္းေရွာင္ဟန္က ဝန္မခံခ်င္ေပမဲ့လဲ အစတုန္းက အားကစားပြဲကိုမလာဘူးလို႔ ေျပာခဲ့တဲ့ ထန္းေမာ့က သူမစကားေၾကာင့္ အားကစားပြဲကိုလာတာ ေတြ႕လိုက္ရေတာ့ သူမစိတ္တိုသြားတယ္။

ထန္းေမာ့က ေခ်ာင္လန္႔ကို ႀကိဳက္ေနတာ။ သူမဒါကို က်ိန္းေသေျပာရဲတယ္။

" ဒါေပမဲ့ ထန္းေမာ့ နင္ဘယ္လိုေတာင္ လုပ္ရဲရတာလဲ " ရွန္းေရွာင္ဟန္က သူ႔ကိုစိုက္ၾကည့္လိုက္တယ္။ " ေခ်ာင္လန္႔ကို သေဘာက်တာ ပုံမန္ပဲဆိုတာ ငါသိပါတယ္။ သူမကလွလဲလွတယ္၊ အဆင့္ေတြကလဲ ထိပ္တန္းပဲ၊ ၿပီးေတာ့ သေဘာလဲေကာင္းေသးတယ္။ ငါဆို သူမကို အျပစ္ေတာင္ရွာလို႔မရဘူး။ အဲ့တာေၾကာင့္ သူမကို သေဘာက်တာ ပုံမန္ပါပဲ။ အဲ့တာက ဘာမွမဟုတ္ပါဘူး။ ဒါေပမဲ့ နင္က ဘယ္လိုလုပ္ သူမကို သေဘာက်ရဲရတာလဲ။ "

ရွန္းေရွာင္ဟန္က အဲ့လိုေျပာလိုက္ေတာ့ သူမစိတ္ထဲမွာ ဘာလို႔လဲမသိဘူး ေျပာျပလို႔မရတဲ့ ေပ်ာ္႐ႊင္မႈတစ္ခု ေပၚလာခဲ့တယ္။

" ေခ်ာင္လန္က အေဆာင္မွာ နင့္အေၾကာင္းကို ဘာေတြေျပာတာလဲ ဆိုတာ နင္သိလား။ သူမကေျပာတယ္ နင္က လုံးဝအေကာင္းႀကီးပဲတဲ့။ ၿပီးေတာ့ သူမက ငါတို႔ကို နင္နဲ႔ စကားပိုေျပာေပးၿပီး နင္နဲ႔ သူငယ္ခ်င္းျဖစ္ေစခ်င္တယ္တဲ့။ တစ္ကယ္လို႔ နင့္မွာ တစ္ျခားသူငယ္ခ်င္းေတြရွိလာလို႔ရွိရင္ သူမက နင့္အတြက္​ေပ်ာ္ေနမွာလို႔လဲ ေျပာေသးတယ္။ ထန္းေမာ့ နင္က သူမကိုႀကိဳက္ရင္ေတာင္ သူမက နင့္ကို နည္းနည္းေလးမွ ႀကိဳက္တာ မဟုတ္ဘူး။ ဒါကို ငါေသခ်ာေပါက္ က်ိန္းေသေျပာရဲတယ္။ သူမက နင့္ကို ေကာင္းေကာင္းဆက္ဆံေပးတာက နင္က အစကထဲက သနားစရာေကာင္းေနလို႔ပဲ။ သူမက ေဟာင္ရင့္ကိုေတာင္ လွည့္မၾကည့္တာ ေသခ်ာေပါက္ နင့္ကို ႀကိဳက္မိသြားမွာ မဟုတ္........  "

" ပါးစပ္ပိတ္ထား!! "

သူ႔ႏွလုံးသားထဲက ႀကိဳးက ၿပိဳလဲက်မတက္ျဖစ္ေနၿပီ။ ၿပီးေတာ့ ထန္းေမာ့အသံထဲမွာ စိုးရိမ္ေၾကာက္လန္႔မႈေတြ ႐ူးသြပ္မႈေတြကို ဖုံးကြယ္ထားတယ္။

ပါးစပ္ပိတ္.. ပါးစပ္ပိတ္ထား!!!

သူ႔နလုံးသားထဲမွာ ထန္းေမာ့ကိုယ္တိုင္ ဟိုးအနက္ႀကီးမွာျမဳပ္ထားၿပီး လုံးဝမတူးဆြရဲတဲ့ သိမ္ငယ္စိတ္ေလးရွိေနတယ္။ သူအဲ့တာကို ေတြးေတာင္မေတြးရဲဘူး။ ၿပီးေတာ့ စဥ္းလဲမစဥ္းစားခ်င္ဘူး။ ဘယ္သူမွ သူ႔ကိုလာမထိမခ်င္း သူက ဘာမွမျဖစ္သလိုမ်ိဳး တစ္ျခားသူေတြဆီကေန ေကာင္းေကာင္းႀကီး ဖုံးကြယ္ထားႏိုင္တယ္။

ဒါေပမဲ့ အခုေတာ့ တိုက္႐ိုက္အက်ဆုံးနည္းလမ္းကိုသုံးၿပီး သူ႔ရဲ႕အမာ႐ြတ္ေတြအားလုံးကို စာနာမႈမရွိ အကုန္ေဖာ္ေနတဲ့ တစ္စုံတစ္ေယာက္ရွိေနတယ္။ သူ႔ရဲ႕ ေသြးသံရဲရဲနီေနတဲ့ အနာေတြအကုန္လုံး အက္ကြဲကုန္ၿပီ။ အကုန္လုံးပဲ။

သူ သူမေျပာတာကို ဆက္နားမေထာင္ခ်င္ေတာ့ဘူး။ ၿပီးေတာ့ အခုအခ်ိန္မွာ သူနားကန္းေနရင္ေကာင္းမယ္လို႔ေတာင္ ဆုေတာင္းမိတယ္။ ဒါေပမဲ့ သူပိုၿပီးမၾကားခ်င္ေလေလ ပိုပိုၿပီး ရွင္းရွင္းလင္းလင္း ၾကားေနရေလပဲ။

နင္က ပုံမန္လူမွမဟုတ္တာ။

ထန္းေမာ့ နင္ဘယ္လိုေတာင္ လုပ္ရဲရတာလဲ။

ထန္းေမာ့ရင္ဘတ္ေတြနာလာတယ္။ အသက္ေကာင္းေကာင္းရႉလို႔ မရေတာ့ဘူးလို႔ ခံစားေနရတယ္။ သူ လက္ေတြကို တင္းတင္းဆုပ္ထားေနတယ္။ အခ်ိန္ခဏေလာက္ေတာ့ သူရ
ရွန္းေရွာင္ဟန္လည္ပင္းကို ညစ္လိုက္ၿပီး သူမကို ေသေအာင္လုပ္ပစ္လိုက္ခ်င္ေနတယ္။

ထန္းေမာ့ရဲ႕ ပုံစံေၾကာင့္ ရွန္းေရွာင္ဟန္ လန္႔သြားတယ္။ ဒါေပမဲ့ ထန္းေမာ့ထိုင္ေနတဲ့ wheelchair ကိုၾကည့္လိုက္ၿပီး သူမ ေနာက္တစ္ခါထပ္ၿပီး ရဲလာျပန္တယ္။

ထန္းေမာ့က မတ္တပ္ေတာင္မရပ္ႏိုင္တာ။ အဲ့တာကို သူမက ဘာကိုေၾကာက္ေနရမွာလဲ။

" နင္ေဒါသထြက္ေနတာလား " ရန္းေရာင္ဟန္က အေနာက္ကို တစ္လမ္းေလာက္ဆုတ္လိုက္ၿပီး ဆက္ေျပာလိုက္တယ္။ " တစ္ကယ္ေတာ့ နင္လဲ ဒါေတြကို နင့္စိတ္ထဲမွာ နားလည္ၿပီးသားပဲကို။ ငါက ဒီတိုင္း ထုတ္ေျပာလိုက္တာပဲ ရွိတာေလ။ နင္က ဘာလို႔ ဒီေလာက္ေတာင္ ေဒါသထြက္ေနရတာလဲ။ ထန္းေမာ့ ငါက နင့္ဒဏ္ရာေတြကို တမင္ထုတ္ျပတာမဟုတ္ပါဘူး။ အေႏွးနဲ႔အျမန္ နင္သိလာရမဲ့ ကိစၥေတြကို ငါက နင့္ကို ေျပာျပ႐ုံပါပဲ။ သူမကို မႀကိဳက္နဲ႔။ ဟုတ္ၿပီလား။ ေဟာင္ရင္ ဖြင့္ေျပာၿပီးသြားေတာ့ ေခ်ာင္လန္က သူ႔ကို ေရွာင္ဖယ္ေနတာေလ။ တစ္ကယ္လို႔ နင္ေတြးေနတာကို ေခ်ာင္လန္သိသြားခဲ့ရင္ သူမဘယ္လိုလုပ္မယ္လို႔ နင္ထင္လဲ။ "

ထန္းေမာ့က သြားကိုတင္းတင္းႀကိတ္လိုက္တယ္။ သူပါးစပ္ဖြင့္လိုက္ေတာ့ ေသြးအရသာေတာင္ ရေနတယ္လို႔ သူခံစားေနရတယ္။

" နင္ ငါ့ကို ၿခိမ္းေျခာက္ေနတာလား "

" မဟုတ္ပါဘူး မဟုတ္ပါဘူးေနာ္ " ရန္းေရာင္ဟန္က အျမန္လက္ကို ယမ္းျပလိုက္တယ္။ " ငါခုနကေျပာသလိုပဲ ငါက နင့္ကို ေစာေစာ နားလည္သြားေစခ်င္႐ုံပါပဲ။ မျဖစ္ႏိုင္တာကို မစဥ္းစားပါနဲ႔ဟာ။ "

မျဖစ္ႏိုင္တာ.. ထန္းေမာ့ရင္ဘတ္က ဟာတာတာျဖစ္သြားတယ္။ တစ္ေယာက္ေယာက္က လီွးျဖတ္သြားသလိုပဲ။ အရမ္းနာလြန္းလို႔ သူသတိေမ့မတက္ေတာင္ျဖစ္ေနတယ္။

" အဲ့တာဆို ဘာက ျဖစ္ႏိုင္တာလဲ "

" ျဖစ္ႏိုင္တဲ့ဟာက...    " ႐ုတ္တရက္ ရွန္းေရွာင္ဟန္က ရွက္ေသြးျဖာသြားတယ္။ ၿပီးေတာ့ ထန္းေမာ့ကို ေသေသခ်ာခ်ာ ၾကည့္လိုက္ၿပီး " ထန္းေမာ့ ငါက တစ္ကယ္ နင္ေကာင္းဖို႔ အတြက္လုပ္တာပါဟာ။ တစ္ကယ္ေတာ့ ငါက နင့္ကို ပထမဆုံးေတြ႕ကထဲက ႀကိဳက္ေနတာ...... "

繼續閱讀

You'll Also Like

37.8M 1.1M 68
Deadly assassins Allegra and Ace have been trying in vain to kill each other for years. With a mutual enemy threatening their mafias, they find thems...