ဗီလိန်ရဲ့ လမ်းပြကြယ်

By CrystalKyi

783K 131K 3.7K

ဝတ္ထုစာအုပ်ထဲကို ဝိဉာဉ္ကူးပြောင်းလာတဲ့ ချောင်လန်တစ်ယောက် သူမရဲ့ နေရာက ဇာတ်လိုက် မင်းသားကို ကြိုက် မိသွားတဲ့ ဗ... More

မိတ်ဆက်
အပိုင်း (၁)
အပိုင်း(၂)
အပိုင်း(၃)
အပိုင်း(၄)
အပိုင်း(၅)
အပိုင်း(၆)
အပိုင်း (၇)
အပိုင်း(၈)
အပိုင်း(၉)
အပိုင်း(၁၀)
အပိုင်း(၁၁)
အပိုင်း(၁၂)
အပိုင်း(၁၃)
အပိုင်း(၁၄)
အပိုင်း(၁၅)
အပိုင်း(၁၆)
အပိုင်း(၁၇)
အပိုင်း(၁၈)
အပိုင်း(၁၉)
အပိုင်း(၂၀)
အပိုင်း(၂၁)
အပိုင်း(၂၂)
အပိုင်း(၂၃)
အပိုင်း(၂၄)
အပိုင်း(၂၅)
အပိုင်း(၂၆)
အပိုင်း(၂၇)
အပိုင်း(၂၈)
အပိုင်း(၂၉)
အပိုင်း (၃၀)
အပိုင်း(၃၁)
အပိုင်း(၃၂)
အပိုင်း(၃၃)
အပိုင်း (၃၄)
အပိုင်း(၃၅)
အပိုင်း(၃၆)
အပိုင်း(၃၇)
အပိုင်း(၃၈)
အပိုင်း(၃၉)
အပိုင်း(၄၀)
အပိုင်း(၄၁)
အပိုင်း(၄၂)
အပိုင်း(၄၃)
အပိုင်း(၄၄)
အပိုင်း(၄၅)
အပိုင်း(၄၆)
အပိုင်း(၄၇)
အပိုင်း(၄၈)
အပိုင်း(၄၉)
အပိုင်း(၅၀)
အပိုင်း(၅၁)
အပိုင်း(၅၂)
အပိုင်း(၅၃)
အပိုင်း(၅၄)
အပိုင်း(၅၅)
အပိုင်း(၅၆)
အပိုင်း(၅၇)
အပိုင်း(၅၈)
အပိုင်း(၅၉)
Not Upade!!!
အပိုင်း(၆၀)
အပိုင်း(၆၁)
အပိုင်း(၆၂)
အပိုင်း(၆၃)
အပိုင်း(၆၄)
အပိုင်း(၆၅)
အပိုင်း(၆၆)
အပိုင်း(၆၇)
အပိုင်း(၆၈)
အပိုင်း(၆၉)
အပိုင်း(၇၀)
အပိုင်း(၇၁)
အပိုင်း(၇၂)
အပိုင်း(၇၃)
အပိုင်း(၇၄)
အပိုင်း(၇၅)
အပိုင်း(၇၆)
အပိုင်း(၇၇)
အပိုင်း(၇၈)
အပိုင်း(၇၉)
အပိုင်း(၈၀)
အပိုင်း(၈၁)
အပိုင်း(၈၂)
အပိုင်း(၈၃)
အပိုင်း(၈၄)
အပိုင်း(၈၅)
အပိုင်း(၈၇)
အပိုင်း(၈၈)
အပိုင်း(၈၉)
အပိုင်း(၉၀)
အပိုင်း(၉၁)
အပိုင်း(၉၂)
အပိုင်း(၉၃)
အပိုင်း(၉၄)
အပိုင်း(၉၅)
အပိုင်း(၉၆)
အပိုင်း(၉၇)
အပိုင်း(၉၈)
အပိုင်း(၉၉)
အပိုင်း(၁၀၀)
အပိုင်း(၁၀၁)
အပိုင်း(၁၀၂)
အပိုင်း(၁၀၃)
အပိုင်း(၁၀၄)
အပိုင်း(၁၀၅)
အပိုင်း(၁၀၆)
အပိုင်း(၁၀၇)
အပိုင်း(၁၀၈)
အပိုင်း(၁၀၉)
အပိုင်း(၁၁၀)
အပိုင်း(၁၁၁)
အပိုင်း(၁၁၂)
အပိုင်း(၁၁၃)
အပိုင်း(၁၁၄)
အပိုင်း(၁၁၅)
အပိုင်း(၁၁၆)
အပိုင်း(၁၁၇)
အပိုင်း(၁၁၈)
အပိုင်း(၁၁၉)
အပိုင်း(၁၂၀)
အပိုင်း(၁၂၁)
အပိုင်း(၁၂၂)
အပိုင်း(၁၂၃)
အပိုင်း(၁၂၄)
အပိုင်း(၁၂၅)
အပိုင်း(၁၂၆)
အပိုင်း(၁၂၇)
အပိုင်း(၁၂၈)
အပိုင်း(၁၂၉)
အပိုင်း(၁၃၀)
အပိုင်း(၁၃၁)
အပိုင်း(၁၃၂)
အပိုင်း(၁၃၃)
အပိုင်း(၁၃၄)
အပိုင်း(၁၃၅)
အပိုင်း(၁၃၆)
အပိုင်း(၁၃၇)
အပိုင်း(၁၃၈)
အပိုင်း(၁၃၉)
အပိုင်း(၁၄၀)
အပိုင်း(၁၄၁)
အပိုင်း(၁၄၂)
အပိုင်း(၁၄၃)
အပိုင်း(၁၄၄)
အပိုင်း(၁၄၅)
အပိုင်း(၁၄၆)
အပိုင်း(၁၄၇)
အပိုင်း(၁၄၈)
အပိုင်း(၁၄၉)

အပိုင်း(၈၆)

4.4K 806 20
By CrystalKyi

Unicode
ပိုင်ယွီက ကြည့်လိုက်ရင်သာ လွတ်လွတ်လပ်လပ်နေတက်တဲ့ ပုံပေါ်တာ။ ဒါပေမဲ့ တစ်ကယ်တမ်း သူမက ဂရုစိုက်တက်တဲ့ ကောင်မလေးပါ။ ချောင်လန့်အသံတိမ်ဝင်သွားတာကို သတိထားလိုက်မိတော့ သူမက ဒီနေ့မနက်တုန်းက ချောင်လန် ထန်းမော့ကိုခေါ်လာခဲ့တဲ့ မြင်ကွင်းကို သတိရသွားတယ်။ အကြာကြီး တွေဝေနေပြီးတော့မှ သူမက မနေနိုင်ပဲ ပြောချလိုက်တယ်။ " လန်လန် ငါတစ်ကယ် သိချင်လို့နော်။ နင်ဘာလို့ ထန်းမော့အပေါ် အရမ်းကောင်းနေရတာလဲ။ "

သာမန်အချိန်တွေဆိုပြောမနေနဲ့တော့ မနက်က သူတို့ကစားတုန်းက ကြည့်လေ။ ထန်းမော့အပေါ် ချောင်လန့်ရဲ့ အပြုအမူတွေက အရမ်းကို ရင်းနီးလွန်းနေတယ်။ သူမ သူ့ကိုဂရုစိုက်တာက ပိုင်ယွီသူမမောင်လေးကို ဂရုစိုက်တာထက်ပိုပြီးတော့တောင် တိကျသေသပ်သေးတယ်။

ထန်းမော့က သနားစရာကောင်းလွန်းလို့ အဲ့တာကြောင့် သူမက မမြင်ရက်လို့ ဆိုရင်တောင် ဒီလောက်ထိ လုပ်ပေးစရာ မလိုဘူးလေ။ တစ်ကယ်လို့ ထန်းမော့ကသာ ပုံမန်လူတစ်ယောက်ဖြစ်ခဲ့မယ်ဆိုရင် ချောင်လန်နဲ့ ထန်းမော့ကြားက ဆက်ဆံရေးကို ပိုင်ယွီက သေချာပေါက် သံသယဖြစ်မိမှာပဲ။

" ငါက ထန်းမော့အပေါ် ကောင်းတယ်လို့ နင်ထင်တာလား " ချောင်လန်က မမျှော်လင့်စွာပဲ ပိုင်ယွီကို မေးလိုက်တယ်။

ပိုင်ယွီဘာမှတောင် ပြန်မပြောရသေးခင်မှာပဲ ချောင်လန်က ဆက်ပြောလိုက်တယ်။ " ဒါပေမဲ့ သူ ငါ့အပေါ် ဘယ်လောက်ကောင်းခဲ့တာနဲ့ ယှဥ်ရင်တော့ ငါလုပ်ပေးတာတွေက အသေးအမွှားပဲ ရှိပါတယ်ဟာ။ "

အသေးအမွှား......

ပိုင်ယွီ ကြောင်သွားတယ်။ သူမချောင်လန့်ကို မေးခွန်းတစ်ခုထပ်မေးဖို့အတွက် အချိန်နည်းနည်းလောက်ကြာသွားတယ်။ " ထန်းမော့....... သူကဘာလုပ်ပေးခဲ့လို့လဲ။ "

ချောင်လန်က ဒီလိုစကားတွေပြောရအောင်အထိ ထန်းမော့က ဘာတွေများလုပ်ပေးခဲ့တာလဲ။

ချောင်လန်ခဏလောက် စဥ်းစားလိုက်တယ်။ သူမကို ပိုက်ဆံကူရှာပေးတယ်၊ သူမကို ခရစ်စမတ်လက်ဆောင်ပေးတယ်၊ တမင်သက်သက်စာမေးပွဲကို မဖြေပဲ သူမကို ပညာသင်ဆုရအောင် လုပ်ပေးတယ်၊ နေ့တိုင်းနေ့ သူမကို စာပြန်သင်ပြတယ်၊ သူမဘယ်မှသွားစရာမရှိတဲ့ အချိန်မှာ သူမနားမှာပေါ်လာပြီး သူမကို ခေါ်သွားပေးတယ်၊ ပြီးတော့ သူမကို ရင်ထဲနှလုံးထဲကနေ ယုံကြည်တယ်။

" အရမ်းများလွန်းလို့ ရေလို့တောင်မရတော့ဘူး " ချောင်လန်က ပြောလိုက်တယ်။ " တစ်ကယ်လို့ ငါရှင်းရှင်းလေးပြောရမယ်ဆိုရင်တော့ ထန်းမော့သာ မရှိခဲ့ဘူးဆိုရင် ငါက အခုလိုကောင်းကောင်းစာသင်နေနိုင်မှာ မဟုတ်ဘူး။ ပြီးတော့ ငါ့အဆင့်တွေကလဲ အခုလိုကောင်းနေမှာ မဟုတ်လောက်ဘူး။ ပြီးတော့ အခုငါ့ရဲ့လက်ရှိဘဝကလဲ ရှုပ်ထွေးနေလောက်တယ်။ "

ထန်းမော့သာ မရှိခဲ့ရင် သူမက နေ့တိုင်းနေ့ ပိုက်ဆံကို အရမ်းကြိုးစားပြီးရှာနေရမှာ။ ပြီးတော့ သူမရဲ့နေ့စဥ်ဘဝကလဲ အရမ်းကို ခက်ခဲနေမှာ။ ထန်းမော့သာ မရှိခဲ့ရင် သူမက ချောင်မိသားစုကို သည်းခံပြီး အဲ့နေရာမှာ ဆက်နေနေရဦးမှာ။ သူမကို အမြဲတစ်စေ အသက်ရှူကြပ်အောင်လုပ်နေတဲ့ ပတ်ဝန်းကျင်မျိုးမှာ နေရတာက နေ့တိုင်းနေ့ ကြောက်စရာကောင်းနေလိမ့်မယ်။

ပိုင်ယွီအမြဲထင်ခဲ့တာက ချောင်လန်က သနားကြင်နာတက်လို့ပေါ့။ အဲ့တာကြောင့် ထန်းမော့က သနားစရာကောင်းတယ်လို့ တွေးပြီး သူ့ကိုကောင်းပေးတာပေါ့။ ဒါပေမဲ့ သူတို့၂ယောက်ကြားမှာ ဒီလောက်ကိစ္စအများကြီးရှိခဲ့မယ်လို့ သူမမထင်ထားခဲ့ဘူး။

" ထန်းမော့က နင့်အတွက် အရမ်းအရေးကြီးတာပေါ့ " အကြာကြီးနေတော့မှ ပိုင်ယွီက ရုတ်တရက်ပြောလိုက်တယ်။

" ဒါပေါ့ " ချောင်လန်က ပြုံးလိုက်တယ်။ " အရမ်းအရေးကြီးတာပေါ့ "

သူမရဲ့မူရင်းကမ္ဘာကနေစလို့ အခုကမ္ဘာအထိ သူမမှာ ဆွေမျိုးလဲမရှိဘူး၊ သူငယ်ချင်းလဲ မရှိဘူး။ အန်ချင်စရာကောင်းတဲ့ မိသားစုနဲ့ အေးစက်နေတဲ့ စာသင်ခန်းထဲမှာ ထန်းမော့က ပထမဆုံးပဲ။ သူမရဲ့ ၂ဘဝလုံးမှာ သူမအပေါ် တစ်ကယ့်ကို ကောင်းပေးတဲ့ ပထမဆုံးလူက ထန်းမော့ပဲလေ။

ထန်းမော့က ဒီကမ္ဘာပေါ်မှာ သူမအတွက် အရေးကြီးဆုံးလူပဲ။

----------

ကျောင်းအားကစားပွဲက အရမ်းမြန်တယ်။ မနက်ခင်းမှာ ပြိုင်ပွဲတွေပြီးသွားတော့ နေ့လည်ခင်းမှာ ဗိုလ်လုပွဲ ရောက်လာခဲ့တယ်။

မနက်ခင်းတုန်းက ပြေးပြီးသွားကထဲက ချောင်လန်က တစ်ခုခုတော့မှားနေပြီဆိုတဲ့ ခံစားချက်ကြီးရနေတယ်။ ပိုင်ယွီအပြင် အဆောင်ကလူတော်တော်များများကလဲ သူမရှေ့မှာ ဟောင်ရင့်နာမည်ကို ပြောပြောနေကြတယ်။ နောက်မှ သူမသိလိုက်ရတယ် ဟောင်ရင်က သူမနဲ့အတူလိုက်ပြေးပြီးသွားတော့ သူက ရေဘူးကိုလဲ လှမ်းပေးလိုက်တာ အဲ့တာကို သူမကသောက်လိုက်လို့ ဆိုတာကိုပေါ့။

ချောင်လန် ခေါင်းကိုက်လာတယ်။

အဲ့အချိန်တုန်းက သူမက ပြေးပြီးခါစပဲရှိသေးတာလေ။ ပြီးတော့ အတန်းဖော်တွေအများကြီးက သူမကို ဝန်းရံထားကြတာ။ အဲ့အချိန်မှာ တစ်ယောက်ယောက်က သူမကို ရေဘူးလှမ်းပေးတော့ သူမလဲ ပြေးတဲ့သူတွေအကုန်လုံးကို ပေးတာလို့ထင်ပြီး ဘာမှသိပ်မတွေးပဲ သောက်လိုက်တာလေ။

အဲ့တာက ဟောင်ရင်ဝယ်လာတာမှန်းတောင် သူမမသိခဲ့ဘူး။

ပြီးတော့ ဟောင်ရင်က မကြာခဏလဲ သူမနဲ့ အတူပြေးဖို့ ပြောလေ့ရှိတယ်လေ။

အဲ့အချိန်တုန်းက ချောင်လန်က တစ်ခုခုမှားနေတယ်လို့တော့ ခံစားမိတယ်။ ဒါပေမဲ့ အဲ့အချိန်တုန်းက ဟောင်ရင်က ဘာမှမပြောခဲ့ဘူးလေ။ အဲ့တာကြောင့် ချောင်လန်လဲ ဘာမှပြန်မပြောခဲ့တာပေါ့။ ဘာပဲပြောပြော သူတို့က သူငယ်ချင်းတွေပဲလေ။ ချောင်လန်တွေးတာက တစ်ကယ်လို့ သူမက သူနဲ့အကွာအဝေးကို ဆက်ထိန်းထားမယ်ဆိုရင် အဲ့တာက ဟောင်ရင့်ကို နားလည်သွားစေမှာလို့ပေါ့။

ဒါပေမဲ့ အဲ့တာရဲ့ရလဒ်ကတော့ ဟောင်ရင့်ကိုသိတဲ့လူ သူမကိုသိတဲ့လူတွေအကုန်လုံးက ဟောင်ရင်ဘာကိုဆိုလိုတာလဲဆိုတာ သိကုန်ကြလောက်ပြီ။ သူတို့က သိရုံတင်မကဘူး တစ်ခုခုကို အထင်လွဲသွားလောက်ပြီ။

သူမ အချိန်တစ်ခုရှာပြီး ဟောင်ရင့်ကို သေချာရှင်းအောင်ပြောဖို့ လိုနေပြီ။ အဖူးကောင်းကောင်းထွက်မလာခင်မှာ အညှာကို ညှပ်ပစ်ဖို့လိုတယ်လေ။ ဒါကို သိတဲ့လူအများကြီး မရှိလောက်သေးဘူး။ အဲ့တာကြောင့် သူမက ဒီငယ်သေးတဲ့ အစေ့လေးကို သေအောင်သတ်ပစ်တာ အကောင်းဆုံးပဲ။

ဒါပေမဲ့ သူမရဲ့အစီအစဥ်က ပြောင်းလဲမှုတွေကို လိုက်မမီခဲ့ဘူး။ အားကစားပွဲတော်ရဲ့နောက်ဆုံးနေ့က ရွှေရောင်ရက်သတ္တပတ် မတိုင်ခင်ရက်ဖြစ်တယ်။ အတန်းလဲတက်စရာမလိုဘူး ပြီးတာ့ ညနေခင်း self study လဲ သွားစရာမလိုဘူးဆိုတော့ အတန်းရဲ့စီမံမှုရော အဆောင်ကစီမံမှုတွေပါ နည်းနည်းလျော့နေတယ်။ ဒါ့အပြင် မိန်းကလေးအဆောင် နံပါတ်၁ မှာ လူတော်တော်များများက လွန်ခဲ့တဲ့၂ရက်အတွင်းမှာ အဆောင်ကို ပြောင်းလာကြတယ်။ ရွှေ့ပြောင်းရတာ ပိုမြန်အောင်လို့ အတန်းထဲကကောင်လေးတွေကိ​ု မိန်းကလေးတွေကို ပစ္စည်းတွေကူရွှေ့ပေးရအောင် မိန်းကလေးဆောင်ကို ဝင်ထွက်ခွင့်ပြုခဲ့တယ်။

ဟောင်ရင်က ဒါကို အခွင့်ကောင်းယူပြီး လူသိရှင်ကြားသူ့အချစ်ကို တိုက်ရိုက်ဖော်ထုတ်ပြသလိုက်တော့တယ်။

စက်တင်ဘာလ၃၀ရက်နေ့ရဲ့ ညနေခင်းမှာ လူတွေဝင်ထွက်နေကြတဲ့ အဆောင်တံခါးပေါက်မှာ ဟောင်ရင်က အနီရောင်နှင်းဆီပန်းစည်းကြီး အကြီးကြီးကိုင်ပြီး ရောက်လာခဲ့တယ်။ သူက မိန်းကလေးဆောင်ထဲကို ဝင်သွားခဲ့တယ်။ လမ်းတစ်လျှောက်မှာလဲ အံ့အားသင့်နေတဲ့ ကောင်လေးတွေရယ် အားကျလွန်းလို့ ရူးမတက်ဖြစ်နေကြတဲ့ ကောင်မလေးတွေရဲ့ မျက်လုံးတွေကို ချန်ထားခဲ့ရင်းပေါ့။

ဒီလို ပန်းတွေနဲ့ ဖွင့်ပြောတယ်ဆိုတာ အစကထဲက hot topic တစ်ခုလေ။ ပြီးတော့ ဒီကိစ္စရဲ့ ဇာတ်လိုက်က ဟောင်ရင်ဖြစ်နေတာကြောင့် ဒီကိစ္စရဲ့ပေါက်ကွဲမှုပြင်းအားက hpt topic လို့တောင်ဖော်ပြလို့ မရလောက်အောင်အထိ ပျံ့သွားခဲ့တယ်။ ချောင်လန်တို့အခန်းရှေ့ကဖြတ်သွားတဲ့ ကောင်မလေးတွေအကုန်လုံးထဲမှာ သူမကို အားမကျတဲ့သူတစ်ယောက်မှ မရှိဘူး။ ချောင်လန့်အခန်းထဲက ကောင်မလေးတွေကတောင် ဟောင်ရင် ဘယ်လောက်တောင် လုပ်နိုင်ရဲရတာလဲဆိုပြီး ရူးကုန်ကြတယ်။

ဖြစ်ချင်တော့ ချောင်လန်က အဲ့နေ့မှာ အဆောင်မှာ မရှိခဲ့ဘူး။ ဒါပေမဲ့ သူမပြန်လာတော့ ပန်းတွေက သူမစားပွဲပေါ်မှာ ရှိနေတုန်းပဲ။ အရာအားလုံးက မရှင်းမလင်းဖြစ်လာခဲ့တယ်။

ဟောင်ရင်ရဲ့ အရင်တုန်းက လုပ်ရပ်တွေက သေးငယ်တယ်လေ။ ဒါပေမဲ့ သူပန်းပို့ပြီးသွားတဲ့နောက်မှာ ဟောင်ရင်က ကျောင်းအားကစားပွဲမှာ ကျောင်းရဲ့ထိပ်တန်းအလှလေးကို လိုက်နေတယ်ဆိုတာကို ကျောင်းကသူတွေအားလုံးသိကုန်ကြပြီလေ။

ထန်းမော့တောင် အဲ့တာကိုသိသွားတယ်။

ဟောင်ရင်က သူ့အချစ်ကို နည်းလမ်းမျိုးစုံသုံးပြီး ထုတ်ဖော်ပြသနေတယ်။ တစ်ခုပြီးတစ်ခုက ပိုပိုပြီး အကျယ်ချဲ့လွန်းနေတယ်။ အဲ့အချိန်မှာပဲ ထန်းမော့က တစ်စုံတစ်ယောက်ကို ကြိုက်တယ် ဆိုတဲ့ အဓိပ္ပာယ်ကို နားလည်စပြုလာပြီ။ ပြီးတော့ သူက တစ်စုံတစ်ယောက်ကို သဘောကျတာနဲ့ အတူတွဲပါလာတဲ့ အားကောင်းတဲ့ ရှုပ်ထွေးတဲ့ စိတ်ပိုင်းဆိုင်ရာ လှုံ့ဆော်မှုတွေကို နားလည်စပြုလာနေပြီ။

နောက်ဆုံးတော့ သူက သူ့ရဲ့ရိုးရှင်းတဲ့ စိတ်ဆိုးမာန်ဆိုးဖြစ်တယ်ဆိုတဲ့ နောက်က ခံစားချက်သေးသေးလေးတွေကို ခွဲခြားသွားနိုင်ပြီ။

ဒေါသထွက်ခြင်း

မနာလိုခြင်း

ရူးသွပ်ခြင်း

အဲ့တာက ဘယ်လိုလဲ ဘာနဲ့တူတာလဲဆိုတာကို ထန်းမော့စနားလည်လာတော့ အဲ့တာက သူခံစားရဖူးခဲ့တာတွေထဲမှာ အခါးဆုံးဆိုတာ သူသိလာတယ်။

ရွှေရောင်ရက်သတ္တပတ်ပြီးလို့ ကျောင်းပြန်လာတော့ ချောင်လန့်ကို စောင့်ကြိုနေတာက လာမဲ့ပထမဆုံး လပတ်စာမေးပွဲမဟုတ်ခဲ့ဘူး။ တစ်ပတ်လုံးလုံး ဒေါသကိုထိန်းနေရတဲ့ အတန်းပိုင်ဆရာပဲဖြစ်တယ်။

ဟောင်ရင်က ဒီအချိန်အတွင်းမှာ ပြဿနာတွေအများကြီးရှာခဲ့တယ်။ ပြီးတော့ အတန်းပိုင်ဆရာတောင်မှ သူ့ကျောင်းသားရဲ့ အရမ်းကိုသတ္တိရှိလွန်းတဲ့ လုပ်ရပ်တွေကို ကြားခဲ့တယ်။ အဲ့တာကြောင့် အဲ့ကျောင်းသားက ဟောင်ရင်ဆိုတာ သူကြားလိုက်ရတဲ့အချိန်မှာ သူက ပိုပြီး ဒေါသထွက်သွားခဲ့တယ်။

ရွှေရောင်ရက်သတ္တပတ်ပြီးပြီးချင်း ကျောင်းပြန်တက်တဲ့နေ့မှာပဲ အတန်းပိုင်ဆရာက ချောင်လန်နဲ့ ဟောင်ရင်တို့ကို ရုံးခန်းထဲကို ခေါ်တွေ့ခဲ့တယ်။

အတန်းပိုင်ဆရာက အရမ်းကိုလွှမ်းမိုးဖို့လွယ်တယ်။ စာတော်တဲ့ကျောင်းသားတွေအပေါ် ထားတဲ့ သူ့ရဲ့သဘောထားနဲ့ စာညံ့တဲ့ကျောင်းသားတွေအပေါ်ထားတဲ့ သူ့ရဲ့သဘောထားက မိုးနဲ့မြေလိုပဲ ကွာခြားတယ်။ သူက ချောင်လန့်ကိုပြောရင် ညင်ညင်သာသာလေးပြောတယ်။ နောက်ဆုံး ချောင်လန်က ရည်းစားထားဖို့ အစီအစဥ်မရှိသေးဘူး၊ ပြီးတော့ ဟောင်ရင်နဲ့ ကြိုက်ဖို့လဲ အစီအစဥ်မရှိဘူးလို့ ပြောတာကို ကြားလိုက်ရမှ သူက ကျေနပ်စွာနဲ့ ချောင်လန့်ကို ပြန်သွားခိုင်းလိုက်တယ်။

အဲ့တာပြီးတော့ ဟောင်ရင်လဲဝင်လာရော တစ်ပတ်လုံး သူမြိုသိပ်ထားရတဲ့ စကားလုံးတွေက ပေါက်ကွဲထွက်လာတော့တယ်။

အဲ့အထပ်က ကျောင်းသားကျောင်းသူတွေအကုန်လုံး အတန်းပိုင်ဆရာရဲ့ အော်သံကြီးကို ကြားလိုက်ရတယ်။

" မင်းဘာသာမင်း စာမလုပ်နိုင်ရင်လဲ ငါ့ရဲ့ တော်တဲ့ကျောင်းသားတွေကို ဆွဲခေါ်မသွားနဲ့ကွ!! "

ဟောင်ရင့်ကို မနက်ခင်း self study လုပ်တဲ့တစ်ချိန်လုံး ခေါ်ထားခဲ့တယ်။ အခန်းထဲက ကျောင်းသားတွေအကုန်လုံး နီးပါးက ချောင်လန့်ကို လှည့်ကြည့်ကြတယ်။ အခန်းထဲက ချောင်လန်နဲ့ ခင်တဲ့သူတွေ အကုန်လုံးရယ် ပြီးတော့ အခန်း၂၈က ဖေးနင်လိုမျိုး တစ်ချို့လူတွေကလဲ wechat ကနေ မက်ဆေ့တွေပို့ပြီး သူမနဲ့ ဟောင်ရင်နဲ့က တွဲနေတာလားလို့ မေးနေကြတယ်။

ချောင်လန်က စိတ်ညစ်နေတယ်။

ဒီလိုမျိုး အခြေအနေတွေ စကားတွေက သူမကို အရမ်း စိတ်ရှုပ်စေတယ်။

သူမ ဘာအမှားလုပ်ခဲ့မိတာလဲတောင် သူမစဥ်းစားလို့မရတော့ဘူး။ သူမ ဟောင်ရင့်ကို အဲ့လိုhint ပေးခဲ့မိတာများလား။ အဲ့တာကြောင့် ဟောင်ရင်က နားလည်မှုလွဲသွားတာများလား။ ဒါမှမဟုတ် ဟောင်ရင်ကပဲ အရမ်းကိုယ့်ကိုယ်ကိုယုံကြည်မှုရှိလွန်းနေတာများလား။ ဘယ်ကောင်မလေးမှ သူ့ကိုငြင်းမှာမဟုတ်ဘူးဆိုပြီးတော့လေ။ အဲ့တာကြောင့်များ သူက အဲ့လောက်လူသိရှင်ကြားနည်းလမ်းကြီးကို ရွေးခဲ့တာများလား။ အဲ့တာကြောင့်မလို့ ကောလဟာတွေက အရမ်းပျံ့သွားခဲ့တာလေ။

ချောင်လန့်ကိုပိုပြီးစိတ်တိုစေတာက ဘာလဲဆိုတော့ လူတော်တော်များများက အဲ့ကောလဟာလတွေကို အမှန်တွေလို့ ယုံကြည်နေကြတာပဲ။

ထန်းမော့ ကျောင်းကိုရောက်ရောက်ချင်းမှာပဲ ဟောင်ရင်က စိတ်ပျက်လက်ပျက်နဲ့ ရုံးခန်းထဲက ထွက်လာတာကို တွေ့လိုက်ရတယ်။ ဟောင်ရင်က ထန်းမော့ကို မြင်တော့ ခေါင်းညိတ်ပြီး နှုတ်ဆက်လိုက်တယ်။ ပြီးတော့ စာသင်ခန်းထဲကို ဝင်သွားလိုက်တယ်။

ထန်းမော့က ဟောင်ရင့်ရဲ့နောက်ကျောကိုကြည့်ပြီး ရုတ်တရက် ဟောင်ရင်က ချောင်လန့်နောက်ကနေ ဘယ်လိုပြေးနေတာလဲဆိုတာကို မှတ်မိသွားတယ်။ ပြီးတော့ ဟောင်ရင်က ပန်းစည်းကြီးကိုင်ပြီး မိန်းကလေးအဆောင်ထဲကို ဝင်သွားတဲ့ ဓာတ်ပုံကြီးကိုလဲ သူကမှတ်မိလိုက်တယ်။ ပြီးတော့ အဲ့ဓာတ်ပုံအောက်ကနေ သူတို့၂ယောက်ကို 'လိုက်ဖက်တဲ့ စုံတွဲ' ဆိုပြီး သူမသိတဲ့ အတန်းဖော်တစ်ချို့ကနေ မှတ်ချက်ပေးထားကြတာကိုလဲ သူမှတ်မိလိုက်တယ်။

နှင်းဆီပန်းတွေက နီရဲနေတာပဲ။

ဒါပေမဲ့ အဲ့ဒီစကားစုက နှင်းဆီပန်းတွေထက်တောင် ပိုပြီး မျက်စိကျိန်းစရာကောင်းနေတယ်။

အချိန်ခဏလောက် ရုတ်တရက်ကြီး ထန်းမော့က အဲ့ဒီ့စာသင်ခန်းထဲကို ဝင်မသွားချင်တော့ဘူး။

သူက စာသင်ခန်းရဲ့အပြင်ဘက်က ကော်ရစ်တာမှာ နေနေခဲ့တယ်။ ပြီးတော့ အကြာကြီးနေတော့မှ ကျောင်းသားကျောင်းသူတစ်ချို့က အသံကျယ်ကျယ် ကျယ်ကျယ်နဲ့ ချောင်လန်နဲ့ ဟောင်ရင်တို့က စာသင်ခန်းထဲကနေ ရှေ့ဆင့်နောက်ဆင့် ထွက်သွားကြတယ်လို့ ပြောနေကြတာကို သူကြားလိုက်ရတယ်။ အဲ့တာကို ကြားလိုက်ရတော့ သူက ပိုပြီးတော့တောင် အထဲကို မဝင်ချင်တော့ဘူး။

အားလုံးရဲ့ အံ့အားသင့်တဲ့အသံတွေ ပြီးတော့ အော်သံတွေက ထန်းမော့နားထဲမှာ ပြည့်နှက်နေတယ်။

သူတို့က ဘယ်သွားကြတာလဲ?

သူတို့ ဘာလုပ်ကြမှာလဲ?

သူတို့ ဘာပြောကြမှာလဲ?

ထန်းမော့ မသိတော့ဘူး။ သူစဥ်းတောင်မစဥ်းစားရဲဘူး။

တစ်ခါတုန်းက ချောင်လန်က သူမဆီကို ဟောင်ရင်က နေ့တိုင်းနေ့ စာလာလာမေးနေတာ စိတ်ရှုပ်ဖို့ကောင်းတယ်လို့ သူ့ကို အသံတိုးတိုးလေးနဲ့ ပြောခဲ့ဖူးတာကို သူက မမှတ်မိဘဲ တစ်ခြားသူတွေရဲ့ ပြောစကားတွေကပဲ သူ့အတွေးထဲကို ဝင်လာနေတယ်။

" အဲ့တာက ဟောင်ရင်လေကွာ "

" ဘယ်သူက ဟောင်ရင့်ကို ငြင်းမှာလဲကွ "

Zawgyi
ပိုင္ယြီက ၾကည့္လိုက္ရင္သာ လြတ္လြတ္လပ္လပ္ေနတက္တဲ့ ပုံေပၚတာ။ ဒါေပမဲ့ တစ္ကယ္တမ္း သူမက ဂ႐ုစိုက္တက္တဲ့ ေကာင္မေလးပါ။ ေခ်ာင္လန္႔အသံတိမ္ဝင္သြားတာကို သတိထားလိုက္မိေတာ့ သူမက ဒီေန႔မနက္တုန္းက ေခ်ာင္လန္ ထန္းေမာ့ကိုေခၚလာခဲ့တဲ့ ျမင္ကြင္းကို သတိရသြားတယ္။ အၾကာႀကီး ေတြေဝေနၿပီးေတာ့မွ သူမက မေနႏိုင္ပဲ ေျပာခ်လိုက္တယ္။ " လန္လန္ ငါတစ္ကယ္ သိခ်င္လို႔ေနာ္။ နင္ဘာလို႔ ထန္းေမာ့အေပၚ အရမ္းေကာင္းေနရတာလဲ။ "

သာမန္အခ်ိန္ေတြဆိုေျပာမေနနဲ႔ေတာ့ မနက္က သူတို႔ကစားတုန္းက ၾကည့္ေလ။ ထန္းေမာ့အေပၚ ေခ်ာင္လန္႔ရဲ႕ အျပဳအမူေတြက အရမ္းကို ရင္းႏီွးလြန္းေနတယ္။ သူမ သူ႔ကိုဂ႐ုစိုက္တာက ပိုင္ယြီသူမေမာင္ေလးကို ဂ႐ုစိုက္တာထက္ပိုၿပီးေတာ့ေတာင္ တိက်ေသသပ္ေသးတယ္။

ထန္းေမာ့က သနားစရာေကာင္းလြန္းလို႔ အဲ့တာေၾကာင့္ သူမက မျမင္ရက္လို႔ ဆိုရင္ေတာင္ ဒီေလာက္ထိ လုပ္ေပးစရာ မလိုဘူးေလ။ တစ္ကယ္လို႔ ထန္းေမာ့ကသာ ပုံမန္လူတစ္ေယာက္ျဖစ္ခဲ့မယ္ဆိုရင္ ေခ်ာင္လန္နဲ႔ ထန္းေမာ့ၾကားက ဆက္ဆံေရးကို ပိုင္ယြီက ေသခ်ာေပါက္ သံသယျဖစ္မိမွာပဲ။

" ငါက ထန္းေမာ့အေပၚ ေကာင္းတယ္လို႔ နင္ထင္တာလား " ေခ်ာင္လန္က မေမွ်ာ္လင့္စြာပဲ ပိုင္ယြီကို ေမးလိုက္တယ္။

ပိုင္ယြီဘာမွေတာင္ ျပန္မေျပာရေသးခင္မွာပဲ ေခ်ာင္လန္က ဆက္ေျပာလိုက္တယ္။ " ဒါေပမဲ့ သူ ငါ့အေပၚ ဘယ္ေလာက္ေကာင္းခဲ့တာနဲ႔ ယွဥ္ရင္ေတာ့ ငါလုပ္ေပးတာေတြက အေသးအမႊားပဲ ရွိပါတယ္ဟာ။ "

အေသးအမႊား......

ပိုင္ယြီ ေၾကာင္သြားတယ္။ သူမေခ်ာင္လန္႔ကို ေမးခြန္းတစ္ခုထပ္ေမးဖို႔အတြက္ အခ်ိန္နည္းနည္းေလာက္ၾကာသြားတယ္။ " ထန္းေမာ့....... သူကဘာလုပ္ေပးခဲ့လို႔လဲ။ "

ေခ်ာင္လန္က ဒီလိုစကားေတြေျပာရေအာင္အထိ ထန္းေမာ့က ဘာေတြမ်ားလုပ္ေပးခဲ့တာလဲ။

ေခ်ာင္လန္ခဏေလာက္ စဥ္းစားလိုက္တယ္။ သူမကို ပိုက္ဆံကူရွာေပးတယ္၊ သူမကို ခရစ္စမတ္လက္ေဆာင္ေပးတယ္၊ တမင္သက္သက္စာေမးပြဲကို မေျဖပဲ သူမကို ပညာသင္ဆုရေအာင္ လုပ္ေပးတယ္၊ ေန႔တိုင္းေန႔ သူမကို စာျပန္သင္ျပတယ္၊ သူမဘယ္မွသြားစရာမရွိတဲ့ အခ်ိန္မွာ သူမနားမွာေပၚလာၿပီး သူမကို ေခၚသြားေပးတယ္၊ ၿပီးေတာ့ သူမကို ရင္ထဲႏွလုံးထဲကေန ယုံၾကည္တယ္။

" အရမ္းမ်ားလြန္းလို႔ ေရလို႔ေတာင္မရေတာ့ဘူး " ေခ်ာင္လန္က ေျပာလိုက္တယ္။ " တစ္ကယ္လို႔ ငါရွင္းရွင္းေလးေျပာရမယ္ဆိုရင္ေတာ့ ထန္းေမာ့သာ မရွိခဲ့ဘူးဆိုရင္ ငါက အခုလိုေကာင္းေကာင္းစာသင္ေနႏိုင္မွာ မဟုတ္ဘူး။ ၿပီးေတာ့ ငါ့အဆင့္ေတြကလဲ အခုလိုေကာင္းေနမွာ မဟုတ္ေလာက္ဘူး။ ၿပီးေတာ့ အခုငါ့ရဲ႕လက္ရွိဘဝကလဲ ရႈပ္ေထြးေနေလာက္တယ္။ "

ထန္းေမာ့သာ မရွိခဲ့ရင္ သူမက ေန႔တိုင္းေန႔ ပိုက္ဆံကို အရမ္းႀကိဳးစားၿပီးရွာေနရမွာ။ ၿပီးေတာ့ သူမရဲ႕ေန႔စဥ္ဘဝကလဲ အရမ္းကို ခက္ခဲေနမွာ။ ထန္းေမာ့သာ မရွိခဲ့ရင္ သူမက ေခ်ာင္မိသားစုကို သည္းခံၿပီး အဲ့ေနရာမွာ ဆက္ေနေနရဦးမွာ။ သူမကို အၿမဲတစ္ေစ အသက္႐ူၾကပ္ေအာင္လုပ္ေနတဲ့ ပတ္ဝန္းက်င္မ်ိဳးမွာ ေနရတာက ေန႔တိုင္းေန႔ ေၾကာက္စရာေကာင္းေနလိမ့္မယ္။

ပိုင္ယြီအၿမဲထင္ခဲ့တာက ေခ်ာင္လန္က သနားၾကင္နာတက္လို႔ေပါ့။ အဲ့တာေၾကာင့္ ထန္းေမာ့က သနားစရာေကာင္းတယ္လို႔ ေတြးၿပီး သူ႔ကိုေကာင္းေပးတာေပါ့။ ဒါေပမဲ့ သူတို႔၂ေယာက္ၾကားမွာ ဒီေလာက္ကိစၥအမ်ားႀကီးရွိခဲ့မယ္လို႔ သူမမထင္ထားခဲ့ဘူး။

" ထန္းေမာ့က နင့္အတြက္ အရမ္းအေရးႀကီးတာေပါ့ " အၾကာႀကီးေနေတာ့မွ ပိုင္ယြီက ႐ုတ္တရက္ေျပာလိုက္တယ္။

" ဒါေပါ့ " ေခ်ာင္လန္က ၿပဳံးလိုက္တယ္။ " အရမ္းအေရးႀကီးတာေပါ့ "

သူမရဲ႕မူရင္းကမာၻကေနစလို႔ အခုကမာၻအထိ သူမမွာ ေဆြမ်ိဳးလဲမရွိဘူး၊ သူငယ္ခ်င္းလဲ မရွိဘူး။ အန္ခ်င္စရာေကာင္းတဲ့ မိသားစုနဲ႔ ေအးစက္ေနတဲ့ စာသင္ခန္းထဲမွာ ထန္းေမာ့က ပထမဆုံးပဲ။ သူမရဲ႕ ၂ဘဝလုံးမွာ သူမအေပၚ တစ္ကယ့္ကို ေကာင္းေပးတဲ့ ပထမဆုံးလူက ထန္းေမာ့ပဲေလ။

ထန္းေမာ့က ဒီကမာၻေပၚမွာ သူမအတြက္ အေရးႀကီးဆုံးလူပဲ။

----------

ေက်ာင္းအားကစားပြဲက အရမ္းျမန္တယ္။ မနက္ခင္းမွာ ၿပိဳင္ပြဲေတြၿပီးသြားေတာ့ ေန႔လည္ခင္းမွာ ဗိုလ္လုပြဲ ေရာက္လာခဲ့တယ္။

မနက္ခင္းတုန္းက ေျပးၿပီးသြားကထဲက ေခ်ာင္လန္က တစ္ခုခုေတာ့မွားေနၿပီဆိုတဲ့ ခံစားခ်က္ႀကီးရေနတယ္။ ပိုင္ယြီအျပင္ အေဆာင္ကလူေတာ္ေတာ္မ်ားမ်ားကလဲ သူမေရွ႕မွာ ေဟာင္ရင့္နာမည္ကို ေျပာေျပာေနၾကတယ္။ ေနာက္မွ သူမသိလိုက္ရတယ္ ေဟာင္ရင္က သူမနဲ႔အတူလိုက္ေျပးၿပီးသြားေတာ့ သူက ေရဘူးကိုလဲ လွမ္းေပးလိုက္တာ အဲ့တာကို သူမကေသာက္လိုက္လို႔ ဆိုတာကိုေပါ့။

ေခ်ာင္လန္ ေခါင္းကိုက္လာတယ္။

အဲ့အခ်ိန္တုန္းက သူမက ေျပးၿပီးခါစပဲရွိေသးတာေလ။ ၿပီးေတာ့ အတန္းေဖာ္ေတြအမ်ားႀကီးက သူမကို ဝန္းရံထားၾကတာ။ အဲ့အခ်ိန္မွာ တစ္ေယာက္ေယာက္က သူမကို ေရဘူးလွမ္းေပးေတာ့ သူမလဲ ေျပးတဲ့သူေတြအကုန္လုံးကို ေပးတာလို႔ထင္ၿပီး ဘာမွသိပ္မေတြးပဲ ေသာက္လိုက္တာေလ။

အဲ့တာက ေဟာင္ရင္ဝယ္လာတာမွန္းေတာင္ သူမမသိခဲ့ဘူး။

ၿပီးေတာ့ ေဟာင္ရင္က မၾကာခဏလဲ သူမနဲ႔ အတူေျပးဖို႔ ေျပာေလ့ရွိတယ္ေလ။

အဲ့အခ်ိန္တုန္းက ေခ်ာင္လန္က တစ္ခုခုမွားေနတယ္လို႔ေတာ့ ခံစားမိတယ္။ ဒါေပမဲ့ အဲ့အခ်ိန္တုန္းက ေဟာင္ရင္က ဘာမွမေျပာခဲ့ဘူးေလ။ အဲ့တာေၾကာင့္ ေခ်ာင္လန္လဲ ဘာမွျပန္မေျပာခဲ့တာေပါ့။ ဘာပဲေျပာေျပာ သူတို႔က သူငယ္ခ်င္းေတြပဲေလ။ ေခ်ာင္လန္ေတြးတာက တစ္ကယ္လို႔ သူမက သူနဲ႔အကြာအေဝးကို ဆက္ထိန္းထားမယ္ဆိုရင္ အဲ့တာက ေဟာင္ရင့္ကို နားလည္သြားေစမွာလို႔ေပါ့။

ဒါေပမဲ့ အဲ့တာရဲ႕ရလဒ္ကေတာ့ ေဟာင္ရင့္ကိုသိတဲ့လူ သူမကိုသိတဲ့လူေတြအကုန္လုံးက ေဟာင္ရင္ဘာကိုဆိုလိုတာလဲဆိုတာ သိကုန္ၾကေလာက္ၿပီ။ သူတို႔က သိ႐ုံတင္မကဘူး တစ္ခုခုကို အထင္လြဲသြားေလာက္ၿပီ။

သူမ အခ်ိန္တစ္ခုရွာၿပီး ေဟာင္ရင့္ကို ေသခ်ာရွင္းေအာင္ေျပာဖို႔ လိုေနၿပီ။ အဖူးေကာင္းေကာင္းထြက္မလာခင္မွာ အညႇာကို ညႇပ္ပစ္ဖို႔လိုတယ္ေလ။ ဒါကို သိတဲ့လူအမ်ားႀကီး မရွိေလာက္ေသးဘူး။ အဲ့တာေၾကာင့္ သူမက ဒီငယ္ေသးတဲ့ အေစ့ေလးကို ေသေအာင္သတ္ပစ္တာ အေကာင္းဆုံးပဲ။

ဒါေပမဲ့ သူမရဲ႕အစီအစဥ္က ေျပာင္းလဲမႈေတြကို လိုက္မမီခဲ့ဘူး။ အားကစားပြဲေတာ္ရဲ႕ေနာက္ဆုံးေန႔က ေ႐ႊေရာင္ရက္သတၱပတ္ မတိုင္ခင္ရက္ျဖစ္တယ္။ အတန္းလဲတက္စရာမလိုဘူး ၿပီးတာ့ ညေနခင္း self study လဲ သြားစရာမလိုဘူးဆိုေတာ့ အတန္းရဲ႕စီမံမႈေရာ အေဆာင္ကစီမံမႈေတြပါ နည္းနည္းေလ်ာ့ေနတယ္။ ဒါ့အျပင္ မိန္းကေလးအေဆာင္ နံပါတ္၁ မွာ လူေတာ္ေတာ္မ်ားမ်ားက လြန္ခဲ့တဲ့၂ရက္အတြင္းမွာ အေဆာင္ကို ေျပာင္းလာၾကတယ္။ ေ႐ႊ႕ေျပာင္းရတာ ပိုျမန္ေအာင္လို႔ အတန္းထဲကေကာင္ေလးေတြကိ​ျ မိန္းကေလးေတြကို ပစၥည္းေတြကူေ႐ႊ႕ေပးရေအာင္ မိန္းကေလးေဆာင္ကို ဝင္ထြက္ခြင့္ျပဳခဲ့တယ္။

ေဟာင္ရင္က ဒါကို အခြင့္ေကာင္းယူၿပီး လူသိရွင္ၾကားသူ႔အခ်စ္ကို တိုက္႐ိုက္ေဖာ္ထုတ္ျပသလိုက္ေတာ့တယ္။

စက္တင္ဘာလ၃၀ရက္ေန႔ရဲ႕ ညေနခင္းမွာ လူေတြဝင္ထြက္ေနၾကတဲ့ အေဆာင္တံခါးေပါက္မွာ ေဟာင္ရင္က အနီေရာင္ႏွင္းဆီပန္းစည္းႀကီး အႀကီးႀကီးကိုင္ၿပီး ေရာက္လာခဲ့တယ္။ သူက မိန္းကေလးေဆာင္ထဲကို ဝင္သြားခဲ့တယ္။ လမ္းတစ္ေလွ်ာက္မွာလဲ အံ့အားသင့္ေနတဲ့ ေကာင္ေလးေတြရယ္ အားက်လြန္းလို႔ ႐ူးမတက္ျဖစ္ေနၾကတဲ့ ေကာင္မေလးေတြရဲ႕ မ်က္လုံးေတြကို ခ်န္ထားခဲ့ရင္းေပါ့။

ဒီလို ပန္းေတြနဲ႔ ဖြင့္ေျပာတယ္ဆိုတာ အစကထဲက hot topic တစ္ခုေလ။ ၿပီးေတာ့ ဒီကိစၥရဲ႕ ဇာတ္လိုက္က ေဟာင္ရင္ျဖစ္ေနတာေၾကာင့္ ဒီကိစၥရဲ႕ေပါက္ကြဲမႈျပင္းအားက hpt topic လို႔ေတာင္ေဖာ္ျပလို႔ မရေလာက္ေအာင္အထိ ပ်ံ႕သြားခဲ့တယ္။ ေခ်ာင္လန္တို႔အခန္းေရွ႕ကျဖတ္သြားတဲ့ ေကာင္မေလးေတြအကုန္လုံးထဲမွာ သူမကို အားမက်တဲ့သူတစ္ေယာက္မွ မရွိဘူး။ ေခ်ာင္လန္႔အခန္းထဲက ေကာင္မေလးေတြကေတာင္ ေဟာင္ရင္ ဘယ္ေလာက္ေတာင္ လုပ္ႏိုင္ရဲရတာလဲဆိုၿပီး ႐ူးကုန္ၾကတယ္။

ျဖစ္ခ်င္ေတာ့ ေခ်ာင္လန္က အဲ့ေန႔မွာ အေဆာင္မွာ မရွိခဲ့ဘူး။ ဒါေပမဲ့ သူမျပန္လာေတာ့ ပန္းေတြက သူမစားပြဲေပၚမွာ ရွိေနတုန္းပဲ။ အရာအားလုံးက မရွင္းမလင္းျဖစ္လာခဲ့တယ္။

ေဟာင္ရင္ရဲ႕ အရင္တုန္းက လုပ္ရပ္ေတြက ေသးငယ္တယ္ေလ။ ဒါေပမဲ့ သူပန္းပို႔ၿပီးသြားတဲ့ေနာက္မွာ ေဟာင္ရင္က ေက်ာင္းအားကစားပြဲမွာ ေက်ာင္းရဲ႕ထိပ္တန္းအလေလးကို လိုက္ေနတယ္ဆိုတာကို ေက်ာင္းကသူေတြအားလုံးသိကုန္ၾကၿပီေလ။

ထန္းေမာ့ေတာင္ အဲ့တာကိုသိသြားတယ္။

ေဟာင္ရင္က သူ႔အခ်စ္ကို နည္းလမ္းမ်ိဳးစုံသုံးၿပီး ထုတ္ေဖာ္ျပသေနတယ္။ တစ္ခုၿပီးတစ္ခုက ပိုပိုၿပီး အက်ယ္ခ်ဲ႕လြန္းေနတယ္။ အဲ့အခ်ိန္မွာပဲ ထန္းေမာ့က တစ္စုံတစ္ေယာက္ကို ႀကိဳက္တယ္ ဆိုတဲ့ အဓိပၸာယ္ကို နားလည္စျပဳလာၿပီ။ ၿပီးေတာ့ သူက တစ္စုံတစ္ေယာက္ကို သေဘာက်တာနဲ႔ အတူတြဲပါလာတဲ့ အားေကာင္းတဲ့ ရႈပ္ေထြးတဲ့ စိတ္ပိုင္းဆိုင္ရာ လုံ႔ေဆာ္မႈေတြကို နားလည္စျပဳလာေနၿပီ။

ေနာက္ဆုံးေတာ့ သူက သူ႔ရဲ႕႐ိုးရွင္းတဲ့ စိတ္ဆိုးမာန္ဆိုးျဖစ္တယ္ဆိုတဲ့ ေနာက္က ခံစားခ်က္ေသးေသးေလးေတြကို ခြဲျခားသြားႏိုင္ၿပီ။

ေဒါသထြက္ျခင္း

မနာလိုျခင္း

႐ူးသြပ္ျခင္း

အဲ့တာက ဘယ္လိုလဲ ဘာနဲ႔တူတာလဲဆိုတာကို ထန္းေမာ့စနားလည္လာေတာ့ အဲ့တာက သူခံစားရဖူးခဲ့တာေတြထဲမွာ အခါးဆုံးဆိုတာ သူသိလာတယ္။

ေ႐ႊေရာင္ရက္သတၱပတ္ၿပီးလို႔ ေက်ာင္းျပန္လာေတာ့ ေခ်ာင္လန္႔ကို ေစာင့္ႀကိဳေနတာက လာမဲ့ပထမဆုံး လပတ္စာေမးပြဲမဟုတ္ခဲ့ဘူး။ တစ္ပတ္လုံးလုံး ေဒါသကိုထိန္းေနရတဲ့ အတန္းပိုင္ဆရာပဲျဖစ္တယ္။

ေဟာင္ရင္က ဒီအခ်ိန္အတြင္းမွာ ျပႆနာေတြအမ်ားႀကီးရွာခဲ့တယ္။ ၿပီးေတာ့ အတန္းပိုင္ဆရာေတာင္မွ သူ႔ေက်ာင္းသားရဲ႕ အရမ္းကိုသတၱိရွိလြန္းတဲ့ လုပ္ရပ္ေတြကို ၾကားခဲ့တယ္။ အဲ့တာေၾကာင့္ အဲ့ေက်ာင္းသားက ေဟာင္ရင္ဆိုတာ သူၾကားလိုက္ရတဲ့အခ်ိန္မွာ သူက ပိုၿပီး ေဒါသထြက္သြားခဲ့တယ္။

ေ႐ႊေရာင္ရက္သတၱပတ္ၿပီးၿပီးခ်င္း ေက်ာင္းျပန္တက္တဲ့ေန႔မွာပဲ အတန္းပိုင္ဆရာက ေခ်ာင္လန္နဲ႔ ေဟာင္ရင္တို႔ကို ႐ုံးခန္းထဲကို ေခၚေတြ႕ခဲ့တယ္။

အတန္းပိုင္ဆရာက အရမ္းကိုလႊမ္းမိုးဖို႔လြယ္တယ္။ စာေတာ္တဲ့ေက်ာင္းသားေတြအေပၚ ထားတဲ့ သူ႔ရဲ႕သေဘာထားနဲ႔ စာညံ့တဲ့ေက်ာင္းသားေတြအေပၚထားတဲ့ သူ႔ရဲ႕သေဘာထားက မိုးနဲ႔ေျမလိုပဲ ကြာျခားတယ္။ သူက ေခ်ာင္လန္႔ကိုေျပာရင္ ညင္ညင္သာသာေလးေျပာတယ္။ ေနာက္ဆုံး ေခ်ာင္လန္က ရည္းစားထားဖို႔ အစီအစဥ္မရွိေသးဘူး၊ ၿပီးေတာ့ ေဟာင္ရင္နဲ႔ ႀကိဳက္ဖို႔လဲ အစီအစဥ္မရွိဘူးလို႔ ေျပာတာကို ၾကားလိုက္ရမွ သူက ေက်နပ္စြာနဲ႔ ေခ်ာင္လန္႔ကို ျပန္သြားခိုင္းလိုက္တယ္။

အဲ့တာၿပီးေတာ့ ေဟာင္ရင္လဲဝင္လာေရာ တစ္ပတ္လုံး သူၿမိဳသိပ္ထားရတဲ့ စကားလုံးေတြက ေပါက္ကြဲထြက္လာေတာ့တယ္။

အဲ့အထပ္က ေက်ာင္းသားေက်ာင္းသူေတြအကုန္လုံး အတန္းပိုင္ဆရာရဲ႕ ေအာ္သံႀကီးကို ၾကားလိုက္ရတယ္။

" မင္းဘာသာမင္း စာမလုပ္ႏိုင္ရင္လဲ ငါ့ရဲ႕ ေတာ္တဲ့ေက်ာင္းသားေတြကို ဆြဲေခၚမသြားနဲ႔ကြ!! "

ေဟာင္ရင့္ကို မနက္ခင္း self study လုပ္တဲ့တစ္ခ်ိန္လုံး ေခၚထားခဲ့တယ္။ အခန္းထဲက ေက်ာင္းသားေတြအကုန္လုံး နီးပါးက ေခ်ာင္လန္႔ကို လွည့္ၾကည့္ၾကတယ္။ အခန္းထဲက ေခ်ာင္လန္နဲ႔ ခင္တဲ့သူေတြ အကုန္လုံးရယ္ ၿပီးေတာ့ အခန္း၂၈က ေဖးနင္လိုမ်ိဳး တစ္ခ်ိဳ႕လူေတြကလဲ wechat ကေန မက္ေဆ့ေတြပို႔ၿပီး သူမနဲ႔ ေဟာင္ရင္နဲ႔က တြဲေနတာလားလို႔ ေမးေနၾကတယ္။

ေခ်ာင္လန္က စိတ္ညစ္ေနတယ္။

ဒီလိုမ်ိဳး အေျခအေနေတြ စကားေတြက သူမကို အရမ္း စိတ္ရႈပ္ေစတယ္။

သူမ ဘာအမွားလုပ္ခဲ့မိတာလဲေတာင္ သူမစဥ္းစားလို႔မရေတာ့ဘူး။ သူမ ေဟာင္ရင့္ကို အဲ့လိုhint ေပးခဲ့မိတာမ်ားလား။ အဲ့တာေၾကာင့္ ေဟာင္ရင္က နားလည္မႈလြဲသြားတာမ်ားလား။ ဒါမွမဟုတ္ ေဟာင္ရင္ကပဲ အရမ္းကိုယ့္ကိုယ္ကိုယုံၾကည္မႈရွိလြန္းေနတာမ်ားလား။ ဘယ္ေကာင္မေလးမွ သူ႔ကိုျငင္းမွာမဟုတ္ဘူးဆိုၿပီးေတာ့ေလ။ အဲ့တာေၾကာင့္မ်ား သူက အဲ့ေလာက္လူသိရွင္ၾကားနည္းလမ္းႀကီးကို ေ႐ြးခဲ့တာမ်ားလား။ အဲ့တာေၾကာင့္မလို႔ ေကာလဟာေတြက အရမ္းပ်ံ႕သြားခဲ့တာေလ။

ေခ်ာင္လန္႔ကိုပိုၿပီးစိတ္တိုေစတာက ဘာလဲဆိုေတာ့ လူေတာ္ေတာ္မ်ားမ်ားက အဲ့ေကာလဟာလေတြကို အမွန္ေတြလို႔ ယုံၾကည္ေနၾကတာပဲ။

ထန္းေမာ့ ေက်ာင္းကိုေရာက္ေရာက္ခ်င္းမွာပဲ ေဟာင္ရင္က စိတ္ပ်က္လက္ပ်က္နဲ႔ ႐ုံးခန္းထဲက ထြက္လာတာကို ေတြ႕လိုက္ရတယ္။ ေဟာင္ရင္က ထန္းေမာ့ကို ျမင္ေတာ့ ေခါင္းညိတ္ၿပီး ႏႈတ္ဆက္လိုက္တယ္။ ၿပီးေတာ့ စာသင္ခန္းထဲကို ဝင္သြားလိုက္တယ္။

ထန္းေမာ့က ေဟာင္ရင့္ရဲ႕ေနာက္ေက်ာကိုၾကည့္ၿပီး ႐ုတ္တရက္ ေဟာင္ရင္က ေခ်ာင္လန္႔ေနာက္ကေန ဘယ္လိုေျပးေနတာလဲဆိုတာကို မွတ္မိသြားတယ္။ ၿပီးေတာ့ ေဟာင္ရင္က ပန္းစည္းႀကီးကိုင္ၿပီး မိန္းကေလးအေဆာင္ထဲကို ဝင္သြားတဲ့ ဓာတ္ပုံႀကီးကိုလဲ သူကမွတ္မိလိုက္တယ္။ ၿပီးေတာ့ အဲ့ဓာတ္ပုံေအာက္ကေန သူတို႔၂ေယာက္ကို 'လိုက္ဖက္တဲ့ စုံတြဲ' ဆိုၿပီး သူမသိတဲ့ အတန္းေဖာ္တစ္ခ်ိဳ႕ကေန မွတ္ခ်က္ေပးထားၾကတာကိုလဲ သူမွတ္မိလိုက္တယ္။

ႏွင္းဆီပန္းေတြက နီရဲေနတာပဲ။

ဒါေပမဲ့ အဲ့ဒီစကားစုက ႏွင္းဆီပန္းေတြထက္ေတာင္ ပိုၿပီး မ်က္စိက်ိန္းစရာေကာင္းေနတယ္။

အခ်ိန္ခဏေလာက္ ႐ုတ္တရက္ႀကီး ထန္းေမာ့က အဲ့ဒီ့စာသင္ခန္းထဲကို ဝင္မသြားခ်င္ေတာ့ဘူး။

သူက စာသင္ခန္းရဲ႕အျပင္ဘက္က ေကာ္ရစ္တာမွာ ေနေနခဲ့တယ္။ ၿပီးေတာ့ အၾကာႀကီးေနေတာ့မွ ေက်ာင္းသားေက်ာင္းသူတစ္ခ်ိဳ႕က အသံက်ယ္က်ယ္ က်ယ္က်ယ္နဲ႔ ေခ်ာင္လန္နဲ႔ ေဟာင္ရင္တို႔က စာသင္ခန္းထဲကေန ေရွ႕ဆင့္ေနာက္ဆင့္ ထြက္သြားၾကတယ္လို႔ ေျပာေနၾကတာကို သူၾကားလိုက္ရတယ္။ အဲ့တာကို ၾကားလိုက္ရေတာ့ သူက ပိုၿပီးေတာ့ေတာင္ အထဲကို မဝင္ခ်င္ေတာ့ဘူး။

အားလုံးရဲ႕ အံ့အားသင့္တဲ့အသံေတြ ၿပီးေတာ့ ေအာ္သံေတြက ထန္းေမာ့နားထဲမွာ ျပည့္ႏွက္ေနတယ္။

သူတို႔က ဘယ္သြားၾကတာလဲ?

သူတို႔ ဘာလုပ္ၾကမွာလဲ?

သူတို႔ ဘာေျပာၾကမွာလဲ?

ထန္းေမာ့ မသိေတာ့ဘူး။ သူစဥ္းေတာင္မစဥ္းစားရဲဘူး။

တစ္ခါတုန္းက ေခ်ာင္လန္က သူမဆီကို ေဟာင္ရင္က ေန႔တိုင္းေန႔ စာလာလာေမးေနတာ စိတ္ရႈပ္ဖို႔ေကာင္းတယ္လို႔ သူ႔ကို အသံတိုးတိုးေလးနဲ႔ ေျပာခဲ့ဖူးတာကို သူက မမွတ္မိဘဲ တစ္ျခားသူေတြရဲ႕ ေျပာစကားေတြကပဲ သူ႔အေတြးထဲကို ဝင္လာေနတယ္။

" အဲ့တာက ေဟာင္ရင္ေလကြာ "

" ဘယ္သူက ေဟာင္ရင့္ကို ျငင္းမွာလဲကြ "

Continue Reading

You'll Also Like

37.8M 1.1M 68
Deadly assassins Allegra and Ace have been trying in vain to kill each other for years. With a mutual enemy threatening their mafias, they find thems...