Transmigrator meets reincarna...

By Larkspur41

99.6K 19.6K 978

Title: Transmigrator meets reincarnator Not my own story.Just translation. Credits to: Written by:Snow Mounta... More

108 (part 1)
108 (part 2)
109 (part 1)
109(part 2)
110(part 1)
110 (part 2 )
111(part 1)
111(part 2)
112(part 1)
112(part 2)
113(part 1)
113(part 2)
114(part 1)
114(part 2)
115(part 1)
115(part 2)
116(part 1)
116(part 2)
117(part 1)
117(part 2)
118(part 1)
119(part 1)
119(part 2)
120(part 1)
120(part 2)
121(part 1)
121( part2 )
122(part 1)
122(part 2)
123(part 1)
123(part 2)
124(part 1)
124(part 2)
125(part 1)
125(part 2)
126(part 1)
126(part 2)
127(part 1)
127(part 2)
128
129
130
131
132
133
134
135
136
137
138
139
New Trans
140
141
142
143
144
145
146
147
148
149
150
151
152
153
154

118(part 2)

1.2K 300 22
By Larkspur41

Unicode

စန်းလန်ရဲ့ မိန်းမလေးက နည်းနည်းလေး အပျင်းထူတတ်ပေမယ့် သူမရဲ့ လုပ်ဆောင်ချက်လေးတွေက သခင်ကြီးဟေး ဖြစ်စေချင်နေတာနဲ့ လုံးဝကိုက်ညီနေတယ်။

ဒါကြောင့် လာသမျှ‌ဧည့်သည်တွေ အားလုံးက ဒီမိန်းမငယ်လေး နှစ်ယောက်နား အုံနေကြတာတောင် သခင်မကြီးဟေးက တားမြစ်စကား တခွန်းမဆိုလာဘူး။

သခင်မကျိုးက အာရုံစိုက်မှုတွေကို သူမဆီ ပြန်ရောက်အောင်လုပ်ချင်ပေမယ့် သခင်မကြီးဟေးရှိနေလေတော့ ဘာမှ မလုပ်ရဲရှာဘူး၊ အံကြိတ်ပြီးတော့ဘဲ ဟန်မပျက်နေနေရတယ်၊ ဒါပေမယ့် ချူးလျန်ကို ကြည့်တဲ့ အကြည့်တွေထဲမှာတော့ မနာလိုမုန်းတီးမှုတွေ အပြည့်ဘဲ။

ဒီလေထုက သိပ်မကြာရှည်လိုက်ဘူး၊ သခင်မကြီးဟေးက မွေးနေ့ အချိန်ရောက်လာပြီဆိုတာ သိတော့ ဒီအမျိုးသမီးထုကြီးကို ဦးဆောင်ပြီး ကျင်းအန်းကတော်ရှိရာ ခြံဝန်းကို ခေါ်လာတယ်။

သူတို့တွေ ခြံဝင်းထဲ ဝင်ဝင်ချင်းဘဲ ကျင်းအန်ဆက်ခံသူ ဟေးချန်ကျီနဲ့ ဒုတိယသား ဟေးချန်ကျူကို တွေ့လိုက်ရတယ်။

တက်ရောက်တဲ့ ဧည့်သည်တွေ အားလုံးက ဒီလိုစုဝေးရတဲ့ တကယ့်ရည်ရွယ်ချက်ကို သိထားတယ် ၊ဒီတော့ သူတို့တွေ ဧည့်ခန်းထဲဝင်ဝင်ချင်း သခင်မတွေနဲ့ သခင်မလေးတွေရဲ့ အကြည့်တွေက ဒီအမျိုးသားနှစ်ယောက်ပေါ် ကျရောက်သွားတယ်။

မင်းသမီးတွမ့်ကျားက ချူးလျန်ဘေးကနေ လျှောက်ပြီး လိုက်ပါလာတယ်၊သူမ‌ေခါင်း‌ေလးက သစ်သားရုပ်ထုကြီးလို ဘယ်သူ့မှမကြည့်ဘဲ တည်တည်ကြီး ဖြစ်နေတဲ့ ဟေးအားလန်ကို ငဲ့ကြည့်မိသွားတယ်။

ဒါကိုမြင်တော့မှ သူမမျက်လူံးထဲမှာ ကျေနပ်အားရမှုလေး ဖြတ်ပြေးသွားတယ်။

ကျင်းအန်ကတော်က မင်္ဂလာရှိတဲ့ နီညိုရောင်ဝတ်စုံကိုဝတ်ဆင်ထားပြီးတော့ အပြင်ဝတ်ရုံကို အနီရောင်မြေခွေးသားမွှေးနဲ့ အနားသတ်ထားတယ်၊ စိမ်းပြာရောင်ကျောက်မျက် ခေါင်းစည်း အဆင်တန်ဆာကို သူမနဖူးပြင်ပေါ်မှာ ချထားတယ်၊ မျက်နှာကိုလည်း ပေါင်ဒါအနည်းငယ် လိမ်းခြယ်ပြီး ပုံမှန်နေမကောင်းဖြစ်နေတဲ့ မျက်နှာကို ဖုံးကွယ်ထားတယ်၊ဆောင်းရာသီ အဝတ်အထည်တွေရဲ့ ထူထပ်မှုက သူမရဲ့ ပိန်ပါးမှုကိုဖုံးကွယ်ပေးထားတယ်၊ ရုတ်တရက်ကြည့်လိုက်ရင် သူမက ပုံမှန် ကျန်းမာနေဆဲ မျိုးရိုးမြင့် သခင်မတစ်ဦးလိုဘဲ။

ဂုဏ်သရေရှိဧည့်သည်တွေက တယောက်ပြီး တယောက်လာပြီး လက်ဆောင်ပေးရင်း ကျင်းအန်ကတော်အတွက် မွေးနေ့ဆုတောင်းပေးကြတယါ။

ဒီနေ့တက်ရောက်တဲ့ ဧည့်သည်တွေ အားလုံးက ကျင်းအန်အိမ်တော်ရဲ့ မိတ်ရင်းဆွေရင်းတွေ ချည်းဘဲ၊
ကျင်းအန်ကတော်ရဲ့ နာမကျန်းမှုကိုလည်း သိထားလေတော့ အခမ်းအနားကို ကြာရှည်အောင်မလုပ်ကြဘူး၊ အားလုံးက ပွဲကို အချိန်ဆွဲ မနေဘဲ ခပ်သွက်သွက်ဘဲ လုပ်ဆောင်ကြတယ်။

နောက်ဆုံးတော့ ယောက္ခမဖြစ်သူအတွက် ဆုတောင်းပေးဖို့ ချွေးမ နှစ်ဦးဘဲ ကျန်တော့တယ်။

သခင်မကျိုးရဲ့ လက်ဆောင်က နှစ်တရာ ဂျင်းဆင်းမြစ် ဖြစ်နေတော့ လူတွေအားလုံးကို တအံ့တဩကြီးကိုဖြစ်သွားစေတယ်။

ကျင်းအန်ကတော်က သခင်မကျိုးရဲ့ လက်တွေကိုဆွဲယူလိုက်ပြီး လက်ဖမိုးလေးကို ဖွဖွလေး ပုတ်ပေးလိုက်တယ် "Dalangရဲ့ ဇနီးရေ ဒီလောက် တန်ဖိုးကြီးတာကြီး ပေးဖို့မလိုပါဘူး"

"အမေကျန်းမာလာဖို့ဆိုရင် သတ်သတ်လွတ်စားပြီး သုံးလလောက် ဘုရားဆီမှာဝတ်ပြုဖို့ထိ သမီးက လုပ်ပေးနိုင်ပါတယ်၊ ဒီဂျင်ဆင်းလေး တစ်ခုလောက်က ဘာမှ မဟုတ်ပါဘူး"

ကျင်းအန်ကတော်ကလည်း ပြုံးပြုံးလေးနဲ့ သူမရဲ့ ကိုယ်ပိုင်ကျန်းမာရေးကို ဘဲ ပိုဂရုစိုက်ဖို့ ညင်ညင်သာသာနဲ့ မောင်းမဲလိုက်တယ်။

သခင်မကြီးဟေးနဲ့ ကျင်းအန်က‌ေတာ်ဘေးက သခင်မတွေကတော့ သခင်မကျိုးရဲ့ ဝတ္တရားကျေမှုကို ချီးမွမ်းမဆုံးဖြစ်နေကြတယ်။

သခင်မကျိုးက ချီးမွမ်းမှုကြောင့် ရှက်ကိုးရှက်ကန်းဖြစ်နေပုံနဲ့ ခေါင်းကို ငုံထားတယ်၊စိတ်ထဲမှာတော့ ဝမ်းသာအားရမှုတွေက လျှံကျနေပြီ။

သူမက ဒီနှစ်တရာဂျင်ဆင်းကို ရဖို့ ငွေပြားရာဂဏန်းခန့်ကို သုံးစွဲခဲ့ရတော့ ဒါကိုတွေးမိပြီး နှမြောနေခဲ့တာ၊ဒါပေမယ့် အခု ဒီဂျင်ဆင်းက သူမကို သခင်မတွေ ကြားမှာ မျက်နှာပွင့်စေတော့ ငွေသုံးရတာ တန်တယ်လို့ ခံစားမိသွားပြီ။

သခင်မကျိုးက ကျေနပ်မှုတွေ ပြည့်နေတဲ့ အကြည့်နဲ့ ချူးလျန်ကို လှည့်မကြည့်ဘဲ မနေနိုင်တော့ဘူး။
သူမရဲ့ အကြည့်တွေထဲမှာ ရန်‌စမှုတွေ ကြွားဝါမှုတွေ၊ အောင်မြင်ကြောင်းဝင့်ကြွားလိုမှုတွေက ထင်ဟပ်လို့နေတယ်။

အခု သူမက ချူးလျန်ရဲ့ မကောင်းမကန်း လက်ဆောင်ထက် ပိုတန်ဖိုးကြီးတဲ့ လက်ဆောင်ကို ပေးလိုက်နိုင်ခဲ့ပြီ၊ ချူးလျန်တော့ လုံးဝကို မျက်နှာ ပျက်ရတော့မယ်၊ သူမရဲ့ အောင်မြင်လှတဲ့ လင်ညီအစ်မငယ်လေးက ဒီအခြေနေကို ဘယ်လို ကိုင်တွယ်မလဲ သိချင်လိုက်တာ။

ချူးလျန်က မင်းသမီးတွမ့်ကျားကို တိုးတိုးလေး စကားကပ်ပြောနေချိန်ဖြစ်တော့ သူ့အစ်မကြီးရဲ့ မနှစ်မြို့ဖွယ် အကြည့်ကြီးကို သတိမပြုမိလိုက်ဘူး။

သူမ အလှည့် ရောက်ပြီဆိုတာ သိတော့ ဝမ်ချင်းလက်ထဲက လက်ဆောင်ဘူးလေးကို လှမ်းယူပြီး ကျင်းအန်ကတော်ကို ရိုရိုသေသေနဲ့ ကမ်းပေးလိုက်တယ်။

"အမေ ဒီခေါင်းဆောင်းလေး က အမေ့အတွက် မွေးနေ့လက်ဆောင်လေးပါ အမေ နှစ်သက်မယ်လို့ မျှော်လင့်ပါတယ်"

ခေါင်းဆောင်းလား?

ဟက်!!

သခင်မတစ်ဦးမှာ အဆင်တန်ဆာဆိုတာ ဘယ်လိုလုပ်ရှားပါးနေမှာလဲ ၊ ကြည့်ရတာ သူမရဲ့ လင်ညီအစ်မလေးက သူမထင်ထားသလောက်လည်း မပါးနပ်ပါဘူး။

ကျင်းအန်ကတော်ရဲ့ အမူအရာကတော့ ပြောင်းလဲသခြင်း မရှိလှဘူး ၊သူမ ကချူးလျန်ရဲ့ လက်ဆောင်ကို
ရွှင်ရွှင်ပျပျ ဖော်ဖော်ရွေရွေနဲ့ဘဲ လက်ခံယူလိုက်တယ်
"စန်းလန်မိန်းမရယ် ဒုက္ခရှာလို့ကွယ် "

သခင်မကြီးဟေးရဲ့ မြစ်ချီလိုတဲ့ ဆန္ဒပြင်းပြမှုကြောင့်သာ မဟုတ်ရင် ချူးလျန်က သူမရဲ့ မိဘအိမ်မှာ နှစ်နှစ်လောက် ဆက်နေဖို့ထိကို ငယ်ရွယ်လွန်းနေသေးတယ်။

သိပ်မကြာခင်ဘဲ သူမ က လက်ထပ်ခဲ့ရတယ်၊ ဟေးစန်းလန်က လည်း သူမအပေါ် ကောင်းကောင်းမွန်မွန် မဆက်ဆံလှဘူး၊ လက်ထပ်ပြီး ပြီးချင်းမှာဘဲ ဘာအကြောင်းပြချက်မှ မရှိဘဲ မြောက်ပိုင်းကို စစ်တိုက်ထွက်သွားသေးတယ်။ ဒါကို သူမရဲ့ ဒီချွေးမငယ်လေးက ငိုယို အထွန့်တက်ခြင်းမရှိခဲ့ဘူး ။အဲ့ဒီအစား အရင်လို ကြင်နာတတ်ပြီး အပြစ်ကင်းစင်နေတုန်းဘဲ၊ ဟေးစန်းလန်ရဲ့ အပြုအမူတွေကြောင့် အိမ်တော်အပေါ် မကျေမချမ်းဖြစ်နေတာမျိုးလည်း မရှိရှာဘူး။

ကျင်းအန်ကတော်ရဲ့ နှလုံးသားထဲမှာ လိပ်ပြာမလုံသလိုတောင်ဖြစ်လာတယ်၊ ချူးလျန် ဘယ်လောက်ထိငယ်ရွယ်သေးလဲဆိုတာကိုပါ မြင်တော့ ချူးလျန်အပေါ် ပိုပြီး အလိုလိုက်ပေးချင်သလိုပါ ခံစားရတယ်။

လက်ဆောင်က ဘာအရေးကြီးမှာလဲ ပေးချင်တဲ့ စိတ်ကသာ အဓိကပေါ့၊

ချူးလျန်ကလည်း သူမရဲ့ လက်ဆောင်ကို ဖွင့်ပြဖို့ မမျှော်လင့်ထားဘူး ၊ဒီတော့ ပေးပြီးတာနဲ့ သူမနေရာကို ချက်ချင်း ပြန်သွားထိုင်လိုက်တယ်၊

သခင်မကျိုးကတော့ချက်ချင်းဘဲ သူမဘေးက သခင်မတစ်ဦးကို အဓိပ္ပာယ်ပါတဲ့အကြည့်နဲ့ ကြည့်လိုက်တယ်။

အဲ့ဒီ သခင်မက ပြုံးပြုံးလေးနဲ့ ရှေ့ထွက်လာပြီးပြောလာတယ် " မြင့်မြတ်တဲ့ အမျိုးသမီး ကျင်းယီက ဘယ်လိုခေါင်းဆောင်းမျိုးကို များ လက်ဆောင် အဖြစ်ပေးလဲဆိုတာ တကယ်ဘဲ သိချင်လိုက်တာ ၊ဒါက နန်းတော်က ‌အဆင်တန်ဆာ တစ်ခုခုတော့ မဟုတ်နိုင်ဘူးမလား၊ ကျင်းအန်‌ကတော်က စိတ်မရှိဘူးဆိုရင် အဲ့ဒီလက်ဆောင်လေးကို ကျွန်မတို့အားလုံး အသိမြင် ဗဟုသုတ  ရအောင် ဖွင့်ပြလို့ရမလား?"

မျှော်လင့်ထားသလိုပါဘဲ သခင်မတွေနဲ့ သခင်မလေးတွေအားလုံးက ဒါကို စိတ်ဝင်တစားဖြစ်နေကြတယ်၊
တစ်ယောက်ယောက်က ဒါကို အစမဖော်ရင်တောင်မှ သူတို့တွေအားလုံးက ချူးလျန်ရဲ့ လက်ဆောင်က ဘယ်လိုဟာမျိုးလဲဆိုတာ သိခွင့်ရဖို့ တောင်းဆိုကြမှာဘဲ။

ကျင်းအန်ကတော်ကတော့ လက်ဆောင်ကို ဖွင့်ကြည့်ဖို့ မရည်ရွယ်ထားဘူး၊ သူမ ချွေးမငယ်လေးရဲ့ လက်ဆောင်က သင့်တော်ရုံလောက်ဘဲလို့ဘဲ ထင်ထားတာ၊ သူမဒီလိုတုံ့ဆိုင်းနေတာကို မြင်တော့ သခင်မကျိုးက မီးထဲကို လောင်စာ ထပ်ဖြည့်လိုက်တယ်။

"အမေ ဒါက တတိယညီမငယ်ရဲ့ ဝတ္တရားကျေပွန်မှုကို ပြသတဲ့ နည်းလမ်းတစ်ခုဘဲလေ ၊ဘာလို့ အားလုံး ကြည့်ဖို့ မဖွင့်ပြနိုင်ရမှာလဲ?"

ကျင်းအန်ကတော်မှာ ဒီအေခြအနေကြီးကို ဘယ်လိုကျော်လွှားရမှန်း မသိတော့ဘူး ၊သူမက ချူးလျန်ကို တောင်းပန်တဲ့ အကြည့်လေးနဲ့ ကြည့်လိုက်ပြီး သူမရဲ့ အစေခံ မြောင်ကျဲကို လက်ဆောင်ဘူးကို ဖွင့်ခိုင်းလိုက်တယ်။

မင်းသမီးတွမ့်ကျားက လေးစားရိုသေမှု တစက်ကလေးတောင် မပါတဲ့ အကြည့်စူးစူးနဲ့ သခင်မကျိုးကို စိုက်ကြည့်နေမိတယ်။

သခင်မကျိုး ခေါင်းလှည့်လိုက်တော့ မင်းသမီးတွမ့်ကျားရဲ့ အကြည့်စူးစူးတွေနဲ့ သွားစုံတယ် ၊ သခင်မကျိုးခမျာ ဒေါသထွက်ပြီး မျက်နှာ တစ်ခုလုံးမှာ အရောင်အမျိုးမျိုးကို ဖြတ်ပြေးနေပြီ။



Zawgyi




စန္းလန္ရဲ႕ မိန္းမေလးက နည္းနည္းေလး အပ်င္းထူတတ္ေပမယ့္ သူမရဲ႕ လုပ္ေဆာင္ခ်က္ေလးေတြက သခင္ႀကီးေဟး ျဖစ္ေစခ်င္ေနတာနဲ႔ လုံးဝကိုက္ညီေနတယ္။

ဒါေၾကာင့္ လာသမွ်‌ဧည့္သည္ေတြ အားလုံးက ဒီမိန္းမငယ္ေလး ႏွစ္ေယာက္နား အုံေနၾကတာေတာင္ သခင္မႀကီးေဟးက တားျမစ္စကား တခြန္းမဆိုလာဘူး။

သခင္မက်ိဳးက အာ႐ုံစိုက္မႈေတြကို သူမဆီ ျပန္ေရာက္ေအာင္လုပ္ခ်င္ေပမယ့္ သခင္မႀကီးေဟး႐ွိေနေလေတာ့ ဘာမွ မလုပ္ရဲ႐ွာဘူး၊ အံႀကိတ္ၿပီးေတာ့ဘဲ ဟန္မပ်က္ေနေနရတယ္၊ ဒါေပမယ့္ ခ်ဴးလ်န္ကို ၾကည့္တဲ့ အၾကည့္ေတြထဲမွာေတာ့ မနာလိုမုန္းတီးမႈေတြ အျပည့္ဘဲ။

ဒီေလထုက သိပ္မၾကာ႐ွည္လိုက္ဘူး၊ သခင္မႀကီးေဟးက ေမြးေန႔ အခ်ိန္ေရာက္လာၿပီဆိုတာ သိေတာ့ ဒီအမ်ိဳးသမီးထုႀကီးကို ဦးေဆာင္ၿပီး က်င္းအန္းကေတာ္႐ွိရာ ျခံဝန္းကို ေခၚလာတယ္။

သူတို႔ေတြ ျခံဝင္းထဲ ဝင္ဝင္ခ်င္းဘဲ က်င္းအန္ဆက္ခံသူ ေဟးခ်န္က်ီနဲ႔ ဒုတိယသား ေဟးခ်န္က်ဴကို ေတြ႕လိုက္ရတယ္။

တက္ေရာက္တဲ့ ဧည့္သည္ေတြ အားလုံးက ဒီလိုစုေဝးရတဲ့ တကယ့္ရည္႐ြယ္ခ်က္ကို သိထားတယ္ ၊ဒီေတာ့ သူတို႔ေတြ ဧည့္ခန္းထဲဝင္ဝင္ခ်င္း သခင္မေတြနဲ႔ သခင္မေလးေတြရဲ႕ အၾကည့္ေတြက ဒီအမ်ိဳးသားႏွစ္ေယာက္ေပၚ က်ေရာက္သြားတယ္။

မင္းသမီးတြမ့္က်ားက ခ်ဴးလ်န္ေဘးကေန ေလွ်ာက္ၿပီး လိုက္ပါလာတယ္၊သူမ‌ေခါင္း‌ေလးက သစ္သား႐ုပ္ထုႀကီးလို ဘယ္သူ႕မွမၾကည့္ဘဲ တည္တည္ႀကီး ျဖစ္ေနတဲ့ ေဟးအားလန္ကို ငဲ့ၾကည့္မိသြားတယ္။

ဒါကိုျမင္ေတာ့မွ သူမမ်က္လူံးထဲမွာ ေက်နပ္အားရမႈေလး ျဖတ္ေျပးသြားတယ္။

က်င္းအန္ကေတာ္က မဂၤလာ႐ွိတဲ့ နီညိဳေရာင္ဝတ္စုံကိုဝတ္ဆင္ထားၿပီးေတာ့ အျပင္ဝတ္႐ုံကို အနီေရာင္ေျမေခြးသားေမႊးနဲ႔ အနားသတ္ထားတယ္၊ စိမ္းျပာေရာင္ေက်ာက္မ်က္ ေခါင္းစည္း အဆင္တန္ဆာကို သူမနဖူးျပင္ေပၚမွာ ခ်ထားတယ္၊ မ်က္ႏွာကိုလည္း ေပါင္ဒါအနည္းငယ္ လိမ္းျခယ္ၿပီး ပုံမွန္ေနမေကာင္းျဖစ္ေနတဲ့ မ်က္ႏွာကို ဖုံးကြယ္ထားတယ္၊ေဆာင္းရာသီ အဝတ္အထည္ေတြရဲ႕ ထူထပ္မႈက သူမရဲ႕ ပိန္ပါးမႈကိုဖုံးကြယ္ေပးထားတယ္၊ ႐ုတ္တရက္ၾကည့္လိုက္ရင္ သူမက ပုံမွန္ က်န္းမာေနဆဲ မ်ိဳး႐ိုးျမင့္ သခင္မတစ္ဦးလိုဘဲ။

ဂုဏ္သေရ႐ွိဧည့္သည္ေတြက တေယာက္ၿပီး တေယာက္လာၿပီး လက္ေဆာင္ေပးရင္း က်င္းအန္ကေတာ္အတြက္ ေမြးေန႔ဆုေတာင္းေပးၾကတယါ။

ဒီေန႔တက္ေရာက္တဲ့ ဧည့္သည္ေတြ အားလုံးက က်င္းအန္အိမ္ေတာ္ရဲ႕ မိတ္ရင္းေဆြရင္းေတြ ခ်ည္းဘဲ၊
က်င္းအန္ကေတာ္ရဲ႕ နာမက်န္းမႈကိုလည္း သိထားေလေတာ့ အခမ္းအနားကို ၾကာ႐ွည္ေအာင္မလုပ္ၾကဘူး၊ အားလုံးက ပြဲကို အခ်ိန္ဆြဲ မေနဘဲ ခပ္သြက္သြက္ဘဲ လုပ္ေဆာင္ၾကတယ္။

ေနာက္ဆုံးေတာ့ ေယာကၡမျဖစ္သူအတြက္ ဆုေတာင္းေပးဖို႔ ေခြၽးမ ႏွစ္ဦးဘဲ က်န္ေတာ့တယ္။

သခင္မက်ိဳးရဲ႕ လက္ေဆာင္က ႏွစ္တရာ ဂ်င္းဆင္းျမစ္ ျဖစ္ေနေတာ့ လူေတြအားလုံးကို တအံ့တဩႀကီးကိုျဖစ္သြားေစတယ္။

က်င္းအန္ကေတာ္က သခင္မက်ိဳးရဲ႕ လက္ေတြကိုဆြဲယူလိုက္ၿပီး လက္ဖမိုးေလးကို ဖြဖြေလး ပုတ္ေပးလိုက္တယ္ "Dalangရဲ႕ ဇနီးေရ ဒီေလာက္ တန္ဖိုးႀကီးတာႀကီး ေပးဖို႔မလိုပါဘူး"

"အေမက်န္းမာလာဖို႔ဆိုရင္ သတ္သတ္လြတ္စားၿပီး သုံးလေလာက္ ဘုရားဆီမွာဝတ္ျပဳဖို႔ထိ သမီးက လုပ္ေပးႏိုင္ပါတယ္၊ ဒီဂ်င္ဆင္းေလး တစ္ခုေလာက္က ဘာမွ မဟုတ္ပါဘူး"

က်င္းအန္ကေတာ္ကလည္း ျပဳံးျပဳံးေလးနဲ႔ သူမရဲ႕ ကိုယ္ပိုင္က်န္းမာေရးကို ဘဲ ပိုဂ႐ုစိုက္ဖို႔ ညင္ညင္သာသာနဲ႔ ေမာင္းမဲလိုက္တယ္။

သခင္မႀကီးေဟးနဲ႔ က်င္းအန္က‌ေတာ္ေဘးက သခင္မေတြကေတာ့ သခင္မက်ိဳးရဲ႕ ဝတၱရားေက်မႈကို ခ်ီးမြမ္းမဆုံးျဖစ္ေနၾကတယ္။

သခင္မက်ိဳးက ခ်ီးမြမ္းမႈေၾကာင့္ ႐ွက္ကိုး႐ွက္ကန္းျဖစ္ေနပုံနဲ႔ ေခါင္းကို ငုံထားတယ္၊စိတ္ထဲမွာေတာ့ ဝမ္းသာအားရမႈေတြက လွ်ံက်ေနၿပီ။

သူမက ဒီႏွစ္တရာဂ်င္ဆင္းကို ရဖို႔ ေငြျပားရာဂဏန္းခန္႔ကို သုံးစြဲခဲ့ရေတာ့ ဒါကိုေတြးမိၿပီး ႏွေျမာေနခဲ့တာ၊ဒါေပမယ့္ အခု ဒီဂ်င္ဆင္းက သူမကို သခင္မေတြ ၾကားမွာ မ်က္ႏွာပြင့္ေစေတာ့ ေငြသုံးရတာ တန္တယ္လို႔ ခံစားမိသြားၿပီ။

သခင္မက်ိဳးက ေက်နပ္မႈေတြ ျပည့္ေနတဲ့ အၾကည့္နဲ႔ ခ်ဴးလ်န္ကို လွည့္မၾကည့္ဘဲ မေနႏိုင္ေတာ့ဘူး။
သူမရဲ႕ အၾကည့္ေတြထဲမွာ ရန္‌စမႈေတြ ႂကြားဝါမႈေတြ၊ ေအာင္ျမင္ေၾကာင္းဝင့္ႂကြားလိုမႈေတြက ထင္ဟပ္လို႔ေနတယ္။

အခု သူမက ခ်ဴးလ်န္ရဲ႕ မေကာင္းမကန္း လက္ေဆာင္ထက္ ပိုတန္ဖိုးႀကီးတဲ့ လက္ေဆာင္ကို ေပးလိုက္ႏိုင္ခဲ့ၿပီ၊ ခ်ဴးလ်န္ေတာ့ လုံးဝကို မ်က္ႏွာ ပ်က္ရေတာ့မယ္၊ သူမရဲ႕ ေအာင္ျမင္လွတဲ့ လင္ညီအစ္မငယ္ေလးက ဒီအေျခေနကို ဘယ္လို ကိုင္တြယ္မလဲ သိခ်င္လိုက္တာ။

ခ်ဴးလ်န္က မင္းသမီးတြမ့္က်ားကို တိုးတိုးေလး စကားကပ္ေျပာေနခ်ိန္ျဖစ္ေတာ့ သူ႕အစ္မႀကီးရဲ႕ မႏွစ္ၿမိဳ႕ဖြယ္ အၾကည့္ႀကီးကို သတိမျပဳမိလိုက္ဘူး။

သူမ အလွည့္ ေရာက္ၿပီဆိုတာ သိေတာ့ ဝမ္ခ်င္းလက္ထဲက လက္ေဆာင္ဘူးေလးကို လွမ္းယူၿပီး က်င္းအန္ကေတာ္ကို ႐ို႐ိုေသေသနဲ႔ ကမ္းေပးလိုက္တယ္။

"အေမ ဒီေခါင္းေဆာင္းေလး က အေမ့အတြက္ ေမြးေန႔လက္ေဆာင္ေလးပါ အေမ ႏွစ္သက္မယ္လို႔ ေမွ်ာ္လင့္ပါတယ္"

ေခါင္းေဆာင္းလား?

ဟက္!!

သခင္မတစ္ဦးမွာ အဆင္တန္ဆာဆိုတာ ဘယ္လိုလုပ္႐ွားပါးေနမွာလဲ ၊ ၾကည့္ရတာ သူမရဲ႕ လင္ညီအစ္မေလးက သူမထင္ထားသေလာက္လည္း မပါးနပ္ပါဘူး။

က်င္းအန္ကေတာ္ရဲ႕ အမူအရာကေတာ့ ေျပာင္းလဲသျခင္း မ႐ွိလွဘူး ၊သူမ ကခ်ဴးလ်န္ရဲ႕ လက္ေဆာင္ကို
႐ႊင္႐ႊင္ပ်ပ် ေဖာ္ေဖာ္ေ႐ြေ႐ြနဲ႔ဘဲ လက္ခံယူလိုက္တယ္
"စန္းလန္မိန္းမရယ္ ဒုကၡ႐ွာလို႔ကြယ္ "

သခင္မႀကီးေဟးရဲ႕ ျမစ္ခ်ီလိုတဲ့ ဆႏၵျပင္းျပမႈေၾကာင့္သာ မဟုတ္ရင္ ခ်ဴးလ်န္က သူမရဲ႕ မိဘအိမ္မွာ ႏွစ္ႏွစ္ေလာက္ ဆက္ေနဖို႔ထိကို ငယ္႐ြယ္လြန္းေနေသးတယ္။

သိပ္မၾကာခင္ဘဲ သူမ က လက္ထပ္ခဲ့ရတယ္၊ ေဟးစန္းလန္က လည္း သူမအေပၚ ေကာင္းေကာင္းမြန္မြန္ မဆက္ဆံလွဘူး၊ လက္ထပ္ၿပီး ၿပီးခ်င္းမွာဘဲ ဘာအေၾကာင္းျပခ်က္မွ မ႐ွိဘဲ ေျမာက္ပိုင္းကို စစ္တိုက္ထြက္သြားေသးတယ္။ ဒါကို သူမရဲ႕ ဒီေခြၽးမငယ္ေလးက ငိုယို အထြန္႔တက္ျခင္းမ႐ွိခဲ့ဘူး ။အဲ့ဒီအစား အရင္လို ၾကင္နာတတ္ၿပီး အျပစ္ကင္းစင္ေနတုန္းဘဲ၊ ေဟးစန္းလန္ရဲ႕ အျပဳအမူေတြေၾကာင့္ အိမ္ေတာ္အေပၚ မေက်မခ်မ္းျဖစ္ေနတာမ်ိဳးလည္း မ႐ွိ႐ွာဘူး။

က်င္းအန္ကေတာ္ရဲ႕ ႏွလုံးသားထဲမွာ လိပ္ျပာမလုံသလိုေတာင္ျဖစ္လာတယ္၊ ခ်ဴးလ်န္ ဘယ္ေလာက္ထိငယ္႐ြယ္ေသးလဲဆိုတာကိုပါ ျမင္ေတာ့ ခ်ဴးလ်န္အေပၚ ပိုၿပီး အလိုလိုက္ေပးခ်င္သလိုပါ ခံစားရတယ္။

လက္ေဆာင္က ဘာအေရးႀကီးမွာလဲ ေပးခ်င္တဲ့ စိတ္ကသာ အဓိကေပါ့၊

ခ်ဴးလ်န္ကလည္း သူမရဲ႕ လက္ေဆာင္ကို ဖြင့္ျပဖို႔ မေမွ်ာ္လင့္ထားဘူး ၊ဒီေတာ့ ေပးၿပီးတာနဲ႔ သူမေနရာကို ခ်က္ခ်င္း ျပန္သြားထိုင္လိုက္တယ္၊

သခင္မက်ိဳးကေတာ့ခ်က္ခ်င္းဘဲ သူမေဘးက သခင္မတစ္ဦးကို အဓိပၸာယ္ပါတဲ့အၾကည့္နဲ႔ ၾကည့္လိုက္တယ္။

အဲ့ဒီ သခင္မက ျပဳံးျပဳံးေလးနဲ႔ ေ႐ွ႕ထြက္လာၿပီးေျပာလာတယ္ " ျမင့္ျမတ္တဲ့ အမ်ိဳးသမီး က်င္းယီက ဘယ္လိုေခါင္းေဆာင္းမ်ိဳးကို မ်ား လက္ေဆာင္ အျဖစ္ေပးလဲဆိုတာ တကယ္ဘဲ သိခ်င္လိုက္တာ ၊ဒါက နန္းေတာ္က ‌အဆင္တန္ဆာ တစ္ခုခုေတာ့ မဟုတ္ႏိုင္ဘူးမလား၊ က်င္းအန္‌ကေတာ္က စိတ္မ႐ွိဘူးဆိုရင္ အဲ့ဒီလက္ေဆာင္ေလးကို ကြၽန္မတို႔အားလုံး အသိျမင္ ဗဟုသုတ  ရေအာင္ ဖြင့္ျပလို႔ရမလား?"

ေမွ်ာ္လင့္ထားသလိုပါဘဲ သခင္မေတြနဲ႔ သခင္မေလးေတြအားလုံးက ဒါကို စိတ္ဝင္တစားျဖစ္ေနၾကတယ္၊
တစ္ေယာက္ေယာက္က ဒါကို အစမေဖာ္ရင္ေတာင္မွ သူတို႔ေတြအားလုံးက ခ်ဴးလ်န္ရဲ႕ လက္ေဆာင္က ဘယ္လိုဟာမ်ိဳးလဲဆိုတာ သိခြင့္ရဖို႔ ေတာင္းဆိုၾကမွာဘဲ။

က်င္းအန္ကေတာ္ကေတာ့ လက္ေဆာင္ကို ဖြင့္ၾကည့္ဖို႔ မရည္႐ြယ္ထားဘူး၊ သူမ ေခြၽးမငယ္ေလးရဲ႕ လက္ေဆာင္က သင့္ေတာ္႐ုံေလာက္ဘဲလို႔ဘဲ ထင္ထားတာ၊ သူမဒီလိုတုံ႔ဆိုင္းေနတာကို ျမင္ေတာ့ သခင္မက်ိဳးက မီးထဲကို ေလာင္စာ ထပ္ျဖည့္လိုက္တယ္။

"အေမ ဒါက တတိယညီမငယ္ရဲ႕ ဝတၱရားေက်ပြန္မႈကို ျပသတဲ့ နည္းလမ္းတစ္ခုဘဲေလ ၊ဘာလို႔ အားလုံး ၾကည့္ဖို႔ မဖြင့္ျပႏိုင္ရမွာလဲ?"

က်င္းအန္ကေတာ္မွာ ဒီေအျခအေနႀကီးကို ဘယ္လိုေက်ာ္လႊားရမွန္း မသိေတာ့ဘူး ၊သူမက ခ်ဴးလ်န္ကို ေတာင္းပန္တဲ့ အၾကည့္ေလးနဲ႔ ၾကည့္လိုက္ၿပီး သူမရဲ႕ အေစခံ ေျမာင္က်ဲကို လက္ေဆာင္ဘူးကို ဖြင့္ခိုင္းလိုက္တယ္။

မင္းသမီးတြမ့္က်ားက ေလးစား႐ိုေသမႈ တစက္ကေလးေတာင္ မပါတဲ့ အၾကည့္စူးစူးနဲ႔ သခင္မက်ိဳးကို စိုက္ၾကည့္ေနမိတယ္။

သခင္မက်ိဳး ေခါင္းလွည့္လိုက္ေတာ့ မင္းသမီးတြမ့္က်ားရဲ႕ အၾကည့္စူးစူးေတြနဲ႔ သြားစုံတယ္ ၊ သခင္မက်ိဳးခမ်ာ ေဒါသထြက္ၿပီး မ်က္ႏွာ တစ္ခုလုံးမွာ အေရာင္အမ်ိဳးမ်ိဳးကို ျဖတ္ေျပးေနၿပီ။


























Continue Reading

You'll Also Like

1.7M 69.4K 29
After a disastrous first season in London, Rose Wilde finds herself torn between two men who love her -- but who both hide secrets that could ruin he...