(Unicode)
အခန်း ၄၅ ) တစ်ချိန်လုံး ငြိမ်နေခဲ့သည့် ဟန်ကျိုးလီက ကတ်တွေကောက်ထုတ်လို့
“ စောစောကပဲအားလုံးကိုကြားပြီးပါပြီ ”
လုမန် ခေါင်းညိတ်လိုက်သည်။
ထိုစဥ် သူနာပြုတစ်ဦးပြေးလာကာ
“ ဒေါက်တာဟူ ဒေါက်တာ ခွဲခန်းကိုသုံးမှာလား.. မသုံးဘူးလား.. တကယ်လို့ မသုံးတော့ရင် တခြားသူကို ပေးသုံးလို့ ရမလား ”
“ ဟုတ်ကဲ့ ကျွန်မတို့သုံးမှာပါ! ”
လုမန် အသော့ဝင်ပြောလိုက်သည်။
“ ကျွန်မက လူနာဖြစ်သူရဲ့သမီးပါ ဆရာမတို့က မိသားစုဝင်တစ်ယောက်ရဲ့လက်မှတ်လိုနေတာဟုတ်ပါတယ်နော်? ကျွန်မလက်မှတ်ထိုးပေးပါ့မယ် ”
ဘေးနားက သူနာပြုက စာချုပ်ကိုပြင်ထားတာကြာပြီဖြစ်ကာ လုမန် အချိန်ထပ်မဆွဲချင်၍ ချက်ချင်း လက်မှတ်ထိုးလိုက်သည်။
“ ကုန်ကျစရိတ်ကို သွားရှင်းလို့ရပါပြီ ”
ဒေါက်တာဟူက ပြောလာ၏။
“ ခွဲခစရိတ်က တစ်သိန်းပါ ”
နှလုံးခွဲစိတ်ကုသမှုသည် အရေးကြီးသောခွဲစိတ်ကုသမှုဖြစ်၍ ခွဲခစရိတ်တွေက မသေးပေ။
“ ကျွန်မ အခုပဲ သွားယူလိုက်ပါမယ်။ အရင်က လဝက်လောက်နေမှ ခွဲစိတ်ကုသဖို့ ဒိတ်ယူထားတာမို့လို့ အခု ကျွန်မမှာ ပိုက်ဆံတွေ အများကြီး ပါမလာခဲ့ဘူး။ မေမေ့ကို အရင်ခွဲစိတ်ပေးထားလို့ဖြစ်မလားရှင့် ”
ခွဲစိတ်ကုသမှုအတွက် ကုန်ကျစရိတ်ကို ပြင်ဆင်ထားတာက ကြာပါပြီ။ အရင်ဘဝမှာ ထောင်ထဲကိုသွားရတော့ ခွဲစိတ်ဖို့စောင့်နေသည့် မေမေ့ဘေးမှာ ရှိမနေခဲ့ရတာကို မှတ်မိပါသေးသည်။ ထို့ကြောင့် ထန်းကျိကိုပဲ ပိုက်ဆံတွေအပ်ခဲ့ရ၏။
သို့ပေမယ့် ခွဲစိတ်ခ တစ်သိန်းပဲ ငွေစုနိုင်ခဲ့ကာ.. ထိုမှလွဲရင် ဆေးဝါးနှင့်ဆေးရုံစရိတ်တွေအတွက် ပေးစရာငွေ အလုံအလောက်တော့ မရှိပေ။
ဒါပေမဲ့ ခုချိန်မှာ အရေးကြီးဆုံးက ခွဲစိတ်ကုသမှု ပြီးဆုံးဖို့ဖြစ်ပြီး နောက်ဆက်တွဲလိုအပ်မယ့်ငွေကိစ္စအတွက်တော့ နည်းလမ်းရှာရလိမ့်မည်။
အရင်ဆုံး ဆေးရုံမှာ အကြွေးထားပြီး နောက်မှ အလုပ်တွေရှာလုပ်တာပဲဖြစ်ဖြစ် အရေထူစွာနဲ့ ပိုက်ဆံချေးတာပဲဖြစ်ဖြစ် လုပ်ရနိုင်သည်။
လက်ရှိမှာ အလုပ်တွေအများကြီးလုပ်နိုင်ပေမယ့် လုချီ့လက်ထောက်တော့ ထပ်မလုပ်နိုင်။
ပြီးတော့ လုချီလက်ထောက်အနေနဲ့ ဝင်ငွေက နည်းပြီး မကာမိပေ။
ရှချင်းယန်နဲ့ သူ့သမီးက သူမကို လုချီ့အစ်မကြီးလို့ မကြာမကြာ ပြောလေ့ရှိကာ မိသားစုတွေဖြစ်တဲ့အတွက် အတွက်အချက်ဆန်လို့ရပါ့မလားတဲ့..
ပြီးတော့ လုချီယွမ်ကလည်း သူတို့ပြောတာကို ကျိုးကြောင်းဆီလျော်တယ်လို့ထင်သည်။ လုမန်က သူများနည်းတူ လစာလိုချင်တယ်လို့ပြောရင် ညီမလေးကိုဂရုစိုက်ဘဲ မိသားစုဝင်တစ်ယောက်ရဲ့ငွေကို မတရားသဖြင့် ယူတယ်ဖြစ်၏။
ပြီးတော့ မိသားစုတွေဖြစ်လို့ အတွက်အချက်ဆန်စရာမလိုပါဘူးလို့ ရှချင်းယန်က လုချီယွမ်ကို ပြောထားသတဲ့လေ။
ဒါကိုလည်း လုချီယွမ်က လက်ခံသည်။
တကယ်တမ်း ဘာမှမပေးလို့ရရင် လုမန်ကို အလကားတောင် ခိုင်းစားမလားပင်။
ထို့ကြောင့် လုမန်လစာက သာမန်လက်ထောက်တစ်ဦး၏လစာထက်နည်း၍ မစို့မပို့လေးဖြစ်၏။
ရှချင်းယန်နဲ့ သူ့သမီးအမြင်မှာတော့ လုချီယွမ်ရဲ့ဥစ္စာပစ္စည်း ငွေကြေးပိုင်ဆိုင်မှုတွေကစလို့ လုမိသားစု ဝင်ငွေအားလုံးသည် သူတို့နှစ်ယောက်အပိုင်တွေပဲ ဖြစ်ကြသည်။ လုမန်အတွက်နည်းနည်းလေးဖဲ့ပေးလိုက်ရတာနှင့် သူတို့အသားတွေအလှီးခံရသလို နာတတ်၏။
သူတို့အတွက်တော့ လုမန်ကိုပိုက်ဆံပေးတာက ငွေကုန်ကြေးကျခံပြီး ခွေးကို အစာကျွေးသလိုပဲဖြစ်သည်။
လုချီယွမ်သူဌေးဖြစ်လို့ လုမိသားစုပြေပြေလည်လည်ရှိမှ ရှချင်းယန်က သူနဲ့လက်ထပ်ခဲ့သည်။ ထို့ကြောင့် သူမဟာ နှစ်တွေနဲ့ကြာအောင် သူဌေးမကြီး လုပ်နေခဲ့၏။
ဒါပေမဲ့လည်း အောက်တန်းကျသည့် စိတ်ဓာတ် အမူအကျင့်တွေကို မစွန့်လွှတ်နိုင်တာက အမှန်~
ဒီနှစ်တွေမှာ လုမန် ရှချင်းဝေနှင့် နေချင်ပေမယ့် ဆေးဝါးစရိတ်တွေအတွက် ငွေစုရမည်ဖြစ်၍ အတူနေဖို့ မဖြစ်နိုင်ခဲ့ပေ။
များသောအားဖြင့် လုချီ ရုပ်ရှင်ရိုက်နေချိန်မှာ လုမန်က အဖွဲ့နဲ့အတူ ထမင်းဘူးတွေကိုပဲ စားရသည်။ သို့ပေမယ့် ဘီမြို့တော်တွင် ရှိနေခဲ့စဥ်က ရှချင်းယန်နှင့်လုချီ၏ စွပ်စွဲကြံစည်မှုကို ရင်ဆိုင်ခဲ့ရပေမယ့် နေထိုင်စားသောက်စရိတ်တွေမကုန်ချင်လို့ လုမိသားစုအိမ်မှာပဲ ဆက်နေပြီး ရှာလို့ရသမျှငွေအားလုံးကို ရှချင်းဝေအတွက် စုဆောင်းခဲ့သည်။
ဒါပေမယ့် ခုထိ ရှချင်းဝေရဲ့ဆေးရုံစရိတ်တွေနှင့် ဒီနေ့ ခွဲစိတ်ခကို တွက်ကြည့်လိုက်ရင် လုမန်စုဆောင်းထားသမျှက ကုန်ပြီ။
ရှချင်းဝေ၏ ခွဲစိတ်ကုသမှုကို ဟိုးအရင်တည်းက ကြိုတင်စီစဥ်ထားခဲ့တာဖြစ်သည်။ ရှချင်းဝေ ဆေးရုံလာပြရစဥ်အချိန်တည်းက လုမန်က ဘယ်စရိတ်ကိုမဆို ထုတ်ရှင်းခဲ့၏။
ထို့ကြောင့် ဒေါက်တာက သူမကိုယုံကြည်၍ သဘောတူလိုက်သည်။
“ ဖြစ်ပါတယ် အမေဖြစ်သူကို ကျွန်တော်တို့တွေ အရင်ဆုံးခွဲစိတ်ကုသလိုက်မှာမလို့ ကုန်ကျစရိတ်ကို နောက်မှ ရှင်းပါ ”
“ မလိုပါဘူး ”
တစ်ချိန်လုံး ငြိမ်နေခဲ့သည့် ဟန်ကျိုးလီက ချက်ချင်းကို ကတ်တွေဆွဲထုတ်လို့..
“ ခွဲစိတ်ခကို ကျွန်တော်အရင်ပေးချေလိုက်မယ် ”
လုမန် သူ့ကို ကြည့်လိုက်မိကာ..
“ ရပါတယ် ကျွန်မမှာပိုက်ဆံရှိပါတယ် ”
“ ဒါပေမဲ့ ပြန်သွားယူရဦးမှာမဟုတ်ဘူးလား။ သွားလိုက် ပြန်လိုက်နဲ့ အလုပ်ရှုပ်တယ် ကိုယ့်ပိုက်ဆံကိုသုံးလိုက် နောက်မှ ပြန်ပေးလို့ရတယ် ”
ဟန်ကျိုးလီက သူ့ကတ်ကို သူနာပြုထံဝှေ့ယမ်းပြလိုက်သည်။
[အပြင်ခေါ်ထားမှပဲ သူဌေးကြီးဦးဘောဂကို :3]
====================================
(Zawgyi)
အခန္း ၄၅ ) တစ္ခ်ိန္လံုး ၿငိမ္ေနခဲ့သည့္ ဟန္က်ိဳးလီက ကတ္ေတြေကာက္ထုတ္လို႔
“ ေစာေစာကပဲအားလံုးကိုၾကားၿပီးပါၿပီ ”
လုမန္ ေခါင္းညိတ္လိုက္သည္။
ထိုစဥ္ သူနာျပဳတစ္ဦးေျပးလာကာ
“ ေဒါက္တာဟူ ေဒါက္တာ ခြဲခန္းကိုသံုးမွာလား.. မသံုးဘူးလား.. တကယ္လို႔ မသံုးေတာ့ရင္ တျခားသူကို ေပးသံုးလို႔ ရမလား ”
“ ဟုတ္ကဲ့ ကြၽန္မတို႔သံုးမွာပါ! ”
လုမန္ အေသာ့ဝင္ေျပာလိုက္သည္။
“ ကြၽန္မက လူနာျဖစ္သူရဲ့သမီးပါ ဆရာမတို႔က မိသားစုဝင္တစ္ေယာက္ရဲ့လက္မွတ္လိုေနတာဟုတ္ပါတယ္ေနာ္? ကြၽန္မလက္မွတ္ထိုးေပးပါ့မယ္ ”
ေဘးနားက သူနာျပဳက စာခ်ဳပ္ကိုျပင္ထားတာၾကာၿပီျဖစ္ကာ လုမန္ အခ်ိန္ထပ္မဆြဲခ်င္၍ ခ်က္ခ်င္း လက္မွတ္ထိုးလိုက္သည္။
“ ကုန္က်စရိတ္ကို သြားရွင္းလို႔ရပါၿပီ ”
ေဒါက္တာဟူက ေျပာလာ၏။
“ ခြဲခစရိတ္က တစ္သိန္းပါ ”
ႏွလံုးခြဲစိတ္ကုသမႈသည္ အေရးႀကီးေသာခြဲစိတ္ကုသမႈျဖစ္၍ ခြဲခစရိတ္ေတြက မေသးေပ။
“ ကြၽန္မ အခုပဲ သြားယူလိုက္ပါမယ္။ အရင္က လဝက္ေလာက္ေနမွ ခြဲစိတ္ကုသဖို႔ ဒိတ္ယူထားတာမို႔လို႔ အခု ကြၽန္မမွာ ပိုက္ဆံေတြ အမ်ားႀကီး ပါမလာခဲ့ဘူး။ ေမေမ့ကို အရင္ခြဲစိတ္ေပးထားလို႔ျဖစ္မလားရွင့္ ”
ခြဲစိတ္ကုသမႈအတြက္ ကုန္က်စရိတ္ကို ျပင္ဆင္ထားတာက ၾကာပါၿပီ။ အရင္ဘဝမွာ ေထာင္ထဲကိုသြားရေတာ့ ခြဲစိတ္ဖို႔ေစာင့္ေနသည့္ ေမေမ့ေဘးမွာ ရိွမေနခဲ့ရတာကို မွတ္မိပါေသးသည္။ ထို႔ေၾကာင့္ ထန္းက်ိကိုပဲ ပိုက္ဆံေတြအပ္ခဲ့ရ၏။
သို႔ေပမယ့္ ခြဲစိတ္ခ တစ္သိန္းပဲ ေငြစုႏိုင္ခဲ့ကာ.. ထိုမွလြဲရင္ ေဆးဝါးႏွင့္ေဆးရံုစရိတ္ေတြအတြက္ ေပးစရာေငြ အလံုအေလာက္ေတာ့ မရိွေပ။
ဒါေပမဲ့ ခုခ်ိန္မွာ အေရးႀကီးဆံုးက ခြဲစိတ္ကုသမႈ ၿပီးဆံုးဖို႔ျဖစ္ၿပီး ေနာက္ဆက္တြဲလိုအပ္မယ့္ေငြကိစၥအတြက္ေတာ့ နည္းလမ္းရွာရလိမ့္မည္။
အရင္ဆံုး ေဆးရံုမွာ အေႂကြးထားၿပီး ေနာက္မွ အလုပ္ေတြရွာလုပ္တာပဲျဖစ္ျဖစ္ အေရထူစြာနဲ႔ ပိုက္ဆံေခ်းတာပဲျဖစ္ျဖစ္ လုပ္ရႏိုင္သည္။
လက္ရိွမွာ အလုပ္ေတြအမ်ားႀကီးလုပ္ႏိုင္ေပမယ့္ လုခ်ီ့လက္ေထာက္ေတာ့ ထပ္မလုပ္ႏိုင္။
ၿပီးေတာ့ လုခ်ီလက္ေထာက္အေနနဲ႔ ဝင္ေငြက နည္းၿပီး မကာမိေပ။
ရွခ်င္းယန္နဲ႔ သူ႔သမီးက သူမကို လုခ်ီ့အစ္မႀကီးလို႔ မၾကာမၾကာ ေျပာေလ့ရိွကာ မိသားစုေတျြဖစ္တဲ့အတြက္ အတြက္အခ်က္ဆန္လို႔ရပါ့မလားတဲ့..
ၿပီးေတာ့ လုခ်ီယြမ္ကလည္း သူတို႔ေျပာတာကို က်ိဳးေၾကာင္းဆီေလ်ာ္တယ္လို႔ထင္သည္။ လုမန္က သူမ်ားနည္းတူ လစာလိုခ်င္တယ္လို႔ေျပာရင္ ညီမေလးကိုဂရုစိုက္ဘဲ မိသားစုဝင္တစ္ေယာက္ရဲ့ေငြကို မတရားသျဖင့္ ယူတယ္ျဖစ္၏။
ၿပီးေတာ့ မိသားစုေတျြဖစ္လို႔ အတြက္အခ်က္ဆန္စရာမလိုပါဘူးလို႔ ရွခ်င္းယန္က လုခ်ီယြမ္ကို ေျပာထားသတဲ့ေလ။
ဒါကိုလည္း လုခ်ီယြမ္က လက္ခံသည္။
တကယ္တမ္း ဘာမွမေပးလို႔ရရင္ လုမန္ကို အလကားေတာင္ ခိုင္းစားမလားပင္။
ထို႔ေၾကာင့္ လုမန္လစာက သာမန္လက္ေထာက္တစ္ဦး၏လစာထက္နည္း၍ မစို႔မပို႔ေလးျဖစ္၏။
ရွခ်င္းယန္နဲ႔ သူ႔သမီးအျမင္မွာေတာ့ လုခ်ီယြမ္ရဲ့ဥစၥာပစၥည္း ေငြေၾကးပိုင္ဆိုင္မႈေတြကစလို႔ လုမိသားစု ဝင္ေငြအားလံုးသည္ သူတို႔ႏွစ္ေယာက္အပိုင္ေတြပဲ ျဖစ္ၾကသည္။ လုမန္အတြက္နည္းနည္းေလးဖဲ့ေပးလိုက္ရတာႏွင့္ သူတို႔အသားေတြအလွီးခံရသလို နာတတ္၏။
သူတို႔အတြက္ေတာ့ လုမန္ကိုပိုက္ဆံေပးတာက ေငြကုန္ေၾကးက်ခံၿပီး ေခြးကို အစာေကြၽးသလိုပဲျဖစ္သည္။
လုခ်ီယြမ္သူေဌးျဖစ္လို႔ လုမိသားစုေျပျပေလည္လည္ရိွမွ ရွခ်င္းယန္က သူနဲ႔လက္ထပ္ခဲ့သည္။ ထို႔ေၾကာင့္ သူမဟာ ႏွစ္ေတြနဲ႔ၾကာေအာင္ သူေဌးမႀကီး လုပ္ေနခဲ့၏။
ဒါေပမဲ့လည္း ေအာက္တန္းက်သည့္ စိတ္ဓာတ္ အမူအက်င့္ေတြကို မစြန္႔လႊတ္ႏိုင္တာက အမွန္~
ဒီႏွစ္ေတြမွာ လုမန္ ရွခ်င္းေဝႏွင့္ ေနခ်င္ေပမယ့္ ေဆးဝါးစရိတ္ေတြအတြက္ ေငြစုရမည္ျဖစ္၍ အတူေနဖို႔ မျဖစ္ႏိုင္ခဲ့ေပ။
မ်ားေသာအားျဖင့္ လုခ်ီ ရုပ္ရွင္ရိုက္ေနခ်ိန္မွာ လုမန္က အဖြဲ႔နဲ႔အတူ ထမင္းဘူးေတြကိုပဲ စားရသည္။ သို႔ေပမယ့္ ဘီၿမိဳ႔ေတာ္တြင္ ရိွေနခဲ့စဥ္က ရွခ်င္းယန္ႏွင့္လုခ်ီ၏ စြပ္စြဲႀကံစည္မႈကို ရင္ဆိုင္ခဲ့ရေပမယ့္ ေနထိုင္စားေသာက္စရိတ္ေတြမကုန္ခ်င္လို႔ လုမိသားစုအိမ္မွာပဲ ဆက္ေနၿပီး ရွာလို႔ရသမ်ွေငြအားလံုးကို ရွခ်င္းေဝအတြက္ စုေဆာင္းခဲ့သည္။
ဒါေပမယ့္ ခုထိ ရွခ်င္းေဝရဲ့ေဆးရံုစရိတ္ေတြႏွင့္ ဒီေန့ ခြဲစိတ္ခကို တြက္ၾကည့္လိုက္ရင္ လုမန္စုေဆာင္းထားသမ်ွက ကုန္ၿပီ။
ရွခ်င္းေဝ၏ ခြဲစိတ္ကုသမႈကို ဟိုးအရင္တည္းက ႀကိဳတင္စီစဥ္ထားခဲ့တာျဖစ္သည္။ ရွခ်င္းေဝ ေဆးရံုလာျပရစဥ္အခ်ိန္တည္းက လုမန္က ဘယ္စရိတ္ကိုမဆို ထုတ္ရွင္းခဲ့၏။
ထို႔ေၾကာင့္ ေဒါက္တာက သူမကိုယံုၾကည္၍ သေဘာတူလိုက္သည္။
“ ျဖစ္ပါတယ္ အေမျဖစ္သူကို ကြၽန္ေတာ္တို႔ေတြ အရင္ဆံုးခြဲစိတ္ကုသလိုက္မွာမလို႔ ကုန္က်စရိတ္ကို ေနာက္မွ ရွင္းပါ ”
“ မလိုပါဘူး ”
တစ္ခ်ိန္လံုး ၿငိမ္ေနခဲ့သည့္ ဟန္က်ိဳးလီက ခ်က္ခ်င္းကို ကတ္ေတြဆြဲထုတ္လို႔..
“ ခြဲစိတ္ခကို ကြၽန္ေတာ္အရင္ေပးေခ်လိုက္မယ္ ”
လုမန္ သူ႔ကို ၾကည့္လိုက္မိကာ..
“ ရပါတယ္ ကြၽန္မမွာပိုက္ဆံရိွပါတယ္ ”
“ ဒါေပမဲ့ ျပန္သြားယူရဦးမွာမဟုတ္ဘူးလား။ သြားလိုက္ ျပန္လိုက္နဲ႔ အလုပ္ရႈပ္တယ္ ကိုယ့္ပိုက္ဆံကိုသံုးလိုက္ ေနာက္မွ ျပန္ေပးလို႔ရတယ္ ”
ဟန္က်ိဳးလီက သူ႔ကတ္ကို သူနာျပဳထံေဝ႔ွယမ္းျပလိုက္သည္။
[အျပင္ေခၚထားမွပဲ သူေဌးႀကီးဦးေဘာဂကို :3]
====================================