Unicode
ဟေး အားလန်က တော့ သူ့မှာ
ဘာတွေဖြစ်ပျက်လာမလဲဆိုတာ
အရိပ်အမွက်လေးတောင်မသိဘဲနဲ့ အပူ
အပင်ကင်းစွာနဲ့ မြင်းစီးပြီး အိမ်တော် ပြန်လာနေတယ်။
မနေ့က သူ့ရဲ့ အထက်လူကြီးဆီကနေ
အဆူပူခံရတဲ့အပြင် အဘွားဆီကနေ အမေ့မွေးနေ့အိမ်ပြန်လာဖို့ဆိုတဲ့ စာပါ ရလိုက်ရတော့ ဒီနေ့ အိမ်ပြန်လမ်းမှာ စိတ်အခြေအနေက သိပ်အဆင်မပြေနေလှဘူး။
ဒါနဲ့ မဆင်မခြင်တရှိန်ထိုး မောင်းလာတဲ့ မြင်းလှည်းကို မြင်ရတဲ့ အထိ မြင်းကိုဇာက်ကြိုးတောင် မထိန်းဘဲ
အရှိန်ပြင်းပြင်းနဲ့ စီးလာတော့တာဘဲ။
အဲ့ဒီ မဆင်မခြင်မောင်းတဲ့မြင်းလှည်းက
မရပ်ခင်မှာဘဲ လှည်းထဲနေ တယောက်ယောက်ခုန်ထွက်လာပြီးတော့ သူ့မြင်းရဲ့ ဗိုက်နားကို ပစ်ဝင်လာတယ်။
ဟေးအားလန်ကလည်း ကိုယ်ခံပညာကို အထူးတတ်ကျွမ်းထားသူဖြစ်တော့ ခါးကို နှစ်ပတ်လောက်လှည့်ပြီး လှည်းထဲနေ ထွက်လာတဲ့ တစ်ယောက်ကိုသူ့ရဲ့ ကြွက်သားတွေအပြည့်နဲ့ လက်မောင်းကြားကို ဆွဲယူလိုက်တယ်။
အဲ့လိုလုပ်ဖို့အတွက် မြင်းရဲ့ ဘေးဘက်ကို ကန်ချလိုက်ရတော့ မြင်းက ကြောက်လန့်တကြီးနဲ့ ခါချတော့တာဘဲ။
တော်ဝင်မင်းသမီးတွမ့်ကျားမှာ ဟေးအားလန်ရဲ့ လက်မောင်းတွေထဲမှာ နစ်မြုပ်လို့နေတယ်။ဟေးအားလန်ကတော့သူမြင်းပေါ်က ပြုတ်ကျတော့မယ်လို့ ခံစားမိတာနဲ့ က်ိုယ်ကို ထပ်လှည့်ပြီး မြင်းပေါ်ကနေ ကိုယ်တိုင်ခုန်ဆင်းလိုက်တယ်။ ဒါပေမယ့် ခန္ဓာကိုယ်က ဟန်ချက် မထိန်းနိုင်တော့ဘဲ မင်းသမီးတွမ့်ကျားအပေါ်ကနေ ထပ်ရက် ပြုတ်ကျမယ့် အခြေနေဖစ်သွားတယ်။
ဟေးအားလန်က ချက်ချင်းဘဲ သူ့လက်မောင်းကြားမှာ ဖက်တွယ်ထားတာ နုနယ်တဲ့ မိန်းမငယ်လေးမှန်း သတိထားမိသွားတယ်။
သူသာ သူမအပေါ်ကနေ ထပ်ရက်ပြုတ်ကျသွားရင် သူမအတွက် နာကျင်မသွားနိုင်ဘူးလား။
ဒီလိုတွေးမိတာနဲ့ ချက်ချင်းဘဲ ဆုံးဖြတ်ချက်ချပြီး ခန္ဓာကိုယ်အနေအထားကို ပြောင်းလဲလိုက်တယ်။
သူရဲ့ ကြွက်သားတွေနဲ့ လက်တွေက မင်းသမီးတွမ့်ကျားကို ရင်ခွင်ထဲထည့်ပြီး တင်းကျပ်စွာဖက်တွယ်လို့ထားတယ်။
နောက်ဆုံးတော့ မြေပြင်နဲ့ ထိစပ်သွားရတာက ဟေးအားလန်ရဲ့ ကျောပြင်ကျယ်ဘဲ။ မင်းသမီးတွမ့်ကျားကတော့ ဟေးအားလန်ရဲ့ လက်မောင်းကြားမှာ ဘာဒဏ်ရာမှ မရရှိခဲ့ဘူး ၊သူမက ဆံပင်တွေ ရှုပ်ပွပြီး အဝတ်အစားတွေ ဖရိုဖရဲဖြစ်သွားရုံလောက်ဘဲ။
ဟေးအားလန်ကတော့ ကျောပြင်ကစူးခနဲ့ အောင့်တက်သွားရတယ်။ ဒါပေမယ့် မျက်နှာ အမူအရာကတော့ မျက်ခုံးလေးတချက်ဘဲ တွန့်ရုံလေးဘဲ။ သူက လက်မောင်းထဲက မိန်းမငယ်လေးကို မြန်မြန်ဘဲ လွှတ်ပေးပြီး ဩရှရှ အသံနဲ့ ပြောလိုက်တယ်" မိန်းကလေး ၊အဆင်ပြေရဲ့လား? ထိခိုက်သွားသေးလား?"
ဟေးအားလန်ရဲ့ ဂရုတစိုက်အမေးတွေကို ကြားနေရတာတောင် မင်းသမီးတွမ့်ကျားက အာရုံတွေကို ပြန်မစုစည်းနိုင်သေးဘူး။သူမ ကကြောင်အမ်းအမ်းဖြစ်နေပြီး မလှုပ်မယက်နဲ့ စကားလည်း မပြောတော့ဘူး။
သူမကို သိပုံမရတဲ့ သူမရှေ့က ဒီလူထူးဆန်းကိုဘဲ စိုက်ကြည့်နေမိတယ်။
"မင်းသမီးလေး မင်းသမီးလေး အဆင်ပြေရဲ့လား?"
မင်းသမီးတွမ့်ကျား အသိအာရုံတွေ ပြန်စုစည်းလို့မရခင်မှာဘဲ သူမရဲ့ အစေခံတွေအားလုံးက ဖြူဖျော့နေတဲ့ မျက်နှာထားတွေနဲ့ ပြေးလာကြတယ်။
မင်းသမီးတွမ့်ကျားက မသိစိတ်က ပြန်ဖြေတဲ့ အနေနဲ့ ခေါင်းခါပြလိုက်တယ်။ သူမရဲ့ အစေခံလေးကျင်းရှို့က သူမအဝတ်အစားတွေ ပြန့်ပြူးအောင်လုပ်ပေးနေတုန်းမှာလည်း သူမကတော့ သူမကို ကယ်လိုက်တဲ့ယောက်ျားကိုဘဲ ကြည့်နေမိတယ်။
အစေခံတွေရဲ့ မိန်းမငယ်လေးကို ခေါ်လိုက်ပုံကိုကြားတော့ ဟေးချန်ကျူက နည်းနည်းတောင်အံ့ဩသွားတယ်။ သူကယ်လိုက်တဲ့ ဒီမိန်းမငယ်လေးက တော်ဝင်မင်းသမီး ဖြစ်နေမယ်လို့ သူ မထင်ထားခဲ့ဘူး။
မင်းသမီးတွမ့်ကျားကို အစေခံတွေက ကူညီပေးနေတုန်းမှာဘဲ ဟေးချန်ကျူကလည်း သူ့ခြေထောက်နဲ့ အကျီလက်တွေမှာ ပေသွားတဲ့ ဖုန်တွေကို ခါနေလိုက်တယ်။
သူ့အရပ်အမောင်းက မြေပြင်ပေါ် လဲကျနေတုန်းက သိပ်မသိသာလှဘူး။ ဒါပေမယ့် သူမတ်တပ်ထရပ်လိုက်တော့ သူ့ဘေးနားက မိန်းမပျိုလေးတွေ အားလုံးထက် ခေါင်းတစ်လုံးစာကို သိသိသာသာ ပိုမြင့်နေတယ်။ ဟေးချန်ကျူက အရပ်ရှည်ပြီး ကြံ့ခိုင်သန်မာပုံပေါ်တယ်။ သူရဲ့ ကျယ်ပြန်လှတဲ့ ပုခုံးပေါ်မှာ လက်ဝဲ မြို့စောင့်စစ်တပ်ရဲ့ ဝတ်စုံကို ဝတ်ဆင်ထားတယ်။
သူ့အသားရေက အနည်းငယ်ညိုေနတယ်။ ရုပ်ရည်သွင်ပြင်က ဟေးချန်ဒီလောက် မချောမောပေမယ့် သူ့ကို ကြည့်လိုက်တာနဲ့ တည်ကြည်ပြတ်သားတဲ့ အရှိန်အဝါတွေ အပြည့်ဘဲ။ သူတည်ရှိနေတာနဲ့တင် သူ့ဘေးကလူတွေကို စိတ်ချလက်ချရှိစေတယ်။
မင်းသမီးတွမ့်ကျားက သူ့ကို စိုက်ကြည့်နေတာမြင်တော့ ဟေးချန်ကျူက အကြည့်လွှဲလိုက်ပြီး ဦးညွှတ် ဂါရဝပြုလိုက်တယ်။ "ကျွန်တော်က လက်ဝဲမြို့စောင့်တပ်က ဟေးချန်ကျူလို့ခေါ်ပါတယ်၊ ဒီအညတရက မင်းသမီးအပေါ် ရိုင်းပြမိသွားပါတယ်၊ အခြေအနေအချိန်အခါကြောင့် ဒီလိုဖြစ်သွားရတာမို့ မင်းသမီးကဘဲ ဒီအညတရကို ခွင့်လွှတ်ပေးဖို့ တောင်းဆိုပါရစေ"
မင်းသမီးတွမ့်ကျားကတော့ တိတ်ဆိတ်စွာနဲ့ ဟေးချန်ကျူကို စိုက်ကြည့်နေမိတုန်းဘဲ၊ သူမစိတ်ထဲ ဟေးချန်ကျူ ဘယ်သူဆိုတာ သေချာသိသွားပြီ၊ ဒီအရပ်ရှည်ရှည်နဲ့ သန်မာတဲ့ လူငယ်က ခေါင်းကိုညွှတ်ထားပြီး သူမကို တစက်ကလေးမှ မော့မကြည့်လာတာကိုမြင်တော့ တကယ်ကို ဘက်ပဲ့နေသလိုဘဲ။
သူမစိတ်ထဲမှာတော့ ဒီကိစ္စအတွက် သူ့ကို တစက်ကလေးမှ အပြစ်တင်လိုစိတ်ရှိမနေပါဘူး။
သူ့ရဲ့ ကမောက်ကမ ဖြစ်နေပုံကို ကျီစယ်ချင်စိတ်လေးဘဲရှိနေတယ်။
အချိန်အတော်ကြာတဲ့ အထိ မင်းသမီး တွမ့်ကျားဆီက တုံ့ပြန်မှုမရတော့ ဟေးချန်ကျူက မင်းသမီးကိုမော့ကြည့်လိုက်တယ်။ ဒါပေမယ့် သူမရဲ့ မျက်ဝန်းတွေထဲက မရိုးမသားအကြည့်လေးကို ဖမ်းဆုပ်မိသွားတော့ ဟေးချန်ကျူက တောင့်တင်းပြီး အဆင်မပြေဖြစ်လာတော့တယ်။
ကျင်းရှို့က ဒီအခြေအနေကြီးကို ကြည့်နေရတာကို ပိုပိုပြီး အဆင်မပြေဖြစ်လာတယ်။ အိမ်တော်ဝင်ေပါက်အရှေ့ကြီးမှာ အကြာကြီး ရပ်နေတာက သူတို့အတွက် အဆင်မပြေဘူးလေ။ ဒီနေ့က ကျင်းအန်ကတော်ရဲ့ မွေးနေ့ပွဲဖြစ်တော့ မကြာခင်မှာဘဲ ဧည့်သည်တွေ ထပ်ရောက်လာကြမှာဘဲ။
မင်းသမီးတွမ့်ကျားက သူမမျက်လုံးထဲက ခံစားချက်တွေကို ဖုံးကွယ်ထားပြီးတော့ မေးလေးကို တမင် မော့ချီပြီး ပြောလိုက်တယ်" ရှင့်ရဲ့ တောင်းပန်မှုကြောင့် ဒီတစ်ကြိမ်တော့ ဒီမင်းသမီးက ခွင့်လွှတ်ပေးလိုက်မယ်၊ နောက်တစ်ခါ မဖြစ်စေနဲ့"
မင်းသမီးတွမ့်ကျားဆီက အဖြေစကား ပြန်ရတော့မှဘဲ ဟေးချန်ကျူမှာ စိတ်ထဲက လေးပင်နေတာတွေ လျော့ကျသွားတော့တယ်" ကျေးဇူးတင်ပါတယ် မင်းသမီး"
တော်ဝင် မင်းသမီးတွမ့်ကျားက အစေအခံတွေ ခြံရံပြီး ကျင်းအန်အိမ်တော်ထဲ ဝင်ရောက်သွားတယ်။
ဟေးချန်ကျူကလည်း သူတို့နောက် ခပ်လှမ်းလှမ်းကနေ လိုက်ပါသွားတယ်။ မင်းသမီး တွမ့်ကျားက ဟေးအားလန်က သူမကို အိမ်တော်ရဲ့ ဧည့်ခန်းဆီ လိုက်ပို့ပေးမယ်လို့ ထင်ထားတာ၊ ဒါပေမယ့် အိမ်တော်ထဲကို ဝင်ဝင်ချင်းဘဲ သူကလှည့်ထွက်ပြီး မတူညီတဲ့ အခြားလမ်းကို လျှောက်သွားတော့တာဘဲ။
သူမလှည့်ကြည့်လိုက်တော့ သူ့ရဲ့ ထွက်ခွာသွားတဲ့ မြင့်မားတဲ့ ကျောပြင်ရိပ်ကိုဘဲ တွေ့ရတော့တယ်။
သူမစိတ်ထဲ ခါးသက်သက်နဲ့ မချင့်မရဲဖြစ်သွားတာကို မတားဆီးနိုင်တော့ဘူး။ ဒါနဲ့ Songtaoအဆောင်ကို သွားပြီး ချူးလျန်ကို သွားရှာတော့တယ်။
Zawgyi
ေဟး အားလန္က ေတာ့ သူ႕မွာ
ဘာေတြျဖစ္ပ်က္လာမလဲဆိုတာ
အရိပ္အမြက္ေလးေတာင္မသိဘဲနဲ႔ အပူ
အပင္ကင္းစြာနဲ႔ ျမင္းစီးၿပီး အိမ္ေတာ္ ျပန္လာေနတယ္။
မေန႔က သူ႕ရဲ႕ အထက္လူႀကီးဆီကေန
အဆူပူခံရတဲ့အျပင္ အဘြားဆီကေန အေမ့ေမြးေန႔အိမ္ျပန္လာဖို႔ဆိုတဲ့ စာပါ ရလိုက္ရေတာ့ ဒီေန႔ အိမ္ျပန္လမ္းမွာ စိတ္အေျခအေနက သိပ္အဆင္မေျပေနလွဘူး။
ဒါနဲ႔ မဆင္မျခင္တ႐ွိန္ထိုး ေမာင္းလာတဲ့ ျမင္းလွည္းကို ျမင္ရတဲ့ အထိ ျမင္းကိုဇာက္ႀကိဳးေတာင္ မထိန္းဘဲ
အ႐ွိန္ျပင္းျပင္းနဲ႔ စီးလာေတာ့တာဘဲ။
အဲ့ဒီ မဆင္မျခင္ေမာင္းတဲ့ျမင္းလွည္းက
မရပ္ခင္မွာဘဲ လွည္းထဲေန တေယာက္ေယာက္ခုန္ထြက္လာၿပီးေတာ့ သူ႕ျမင္းရဲ႕ ဗိုက္နားကို ပစ္ဝင္လာတယ္။
ေဟးအားလန္ကလည္း ကိုယ္ခံပညာကို အထူးတတ္ကြၽမ္းထားသူျဖစ္ေတာ့ ခါးကို ႏွစ္ပတ္ေလာက္လွည့္ၿပီး လွည္းထဲေန ထြက္လာတဲ့ တစ္ေယာက္ကိုသူ႕ရဲ႕ ႂကြက္သားေတြအျပည့္နဲ႔ လက္ေမာင္းၾကားကို ဆြဲယူလိုက္တယ္။
အဲ့လိုလုပ္ဖို႔အတြက္ ျမင္းရဲ႕ ေဘးဘက္ကို ကန္ခ်လိုက္ရေတာ့ ျမင္းက ေၾကာက္လန္႔တႀကီးနဲ႔ ခါခ်ေတာ့တာဘဲ။
ေတာ္ဝင္မင္းသမီးတြမ့္က်ားမွာ ေဟးအားလန္ရဲ႕ လက္ေမာင္းေတြထဲမွာ နစ္ျမဳပ္လို႔ေနတယ္။ေဟးအားလန္ကေတာ့သူျမင္းေပၚက ျပဳတ္က်ေတာ့မယ္လို႔ ခံစားမိတာနဲ႔ က္ိဳယ္ကို ထပ္လွည့္ၿပီး ျမင္းေပၚကေန ကိုယ္တိုင္ခုန္ဆင္းလိုက္တယ္။ ဒါေပမယ့္ ခႏၶာကိုယ္က ဟန္ခ်က္ မထိန္းႏိုင္ေတာ့ဘဲ မင္းသမီးတြမ့္က်ားအေပၚကေန ထပ္ရက္ ျပဳတ္က်မယ့္ အေျခေနဖစ္သြားတယ္။
ေဟးအားလန္က ခ်က္ခ်င္းဘဲ သူ႕လက္ေမာင္းၾကားမွာ ဖက္တြယ္ထားတာ ႏုနယ္တဲ့ မိန္းမငယ္ေလးမွန္း သတိထားမိသြားတယ္။
သူသာ သူမအေပၚကေန ထပ္ရက္ျပဳတ္က်သြားရင္ သူမအတြက္ နာက်င္မသြားႏိုင္ဘူးလား။
ဒီလိုေတြးမိတာနဲ႔ ခ်က္ခ်င္းဘဲ ဆုံးျဖတ္ခ်က္ခ်ၿပီး ခႏၶာကိုယ္အေနအထားကို ေျပာင္းလဲလိုက္တယ္။
သူရဲ႕ ႂကြက္သားေတြနဲ႔ လက္ေတြက မင္းသမီးတြမ့္က်ားကို ရင္ခြင္ထဲထည့္ၿပီး တင္းက်ပ္စြာဖက္တြယ္လို႔ထားတယ္။
ေနာက္ဆုံးေတာ့ ေျမျပင္နဲ႔ ထိစပ္သြားရတာက ေဟးအားလန္ရဲ႕ ေက်ာျပင္က်ယ္ဘဲ။ မင္းသမီးတြမ့္က်ားကေတာ့ ေဟးအားလန္ရဲ႕ လက္ေမာင္းၾကားမွာ ဘာဒဏ္ရာမွ မရ႐ွိခဲ့ဘူး ၊သူမက ဆံပင္ေတြ ႐ႈပ္ပြၿပီး အဝတ္အစားေတြ ဖ႐ိုဖရဲျဖစ္သြား႐ုံေလာက္ဘဲ။
ေဟးအားလန္ကေတာ့ ေက်ာျပင္ကစူးခနဲ႔ ေအာင့္တက္သြားရတယ္။ ဒါေပမယ့္ မ်က္ႏွာ အမူအရာကေတာ့ မ်က္ခုံးေလးတခ်က္ဘဲ တြန္႔႐ုံေလးဘဲ။ သူက လက္ေမာင္းထဲက မိန္းမငယ္ေလးကို ျမန္ျမန္ဘဲ လႊတ္ေပးၿပီး ဩ႐ွ႐ွ အသံနဲ႔ ေျပာလိုက္တယ္" မိန္းကေလး ၊အဆင္ေျပရဲ႕လား? ထိခိုက္သြားေသးလား?"
ေဟးအားလန္ရဲ႕ ဂ႐ုတစိုက္အေမးေတြကို ၾကားေနရတာေတာင္ မင္းသမီးတြမ့္က်ားက အာ႐ုံေတြကို ျပန္မစုစည္းႏိုင္ေသးဘူး။သူမ ကေၾကာင္အမ္းအမ္းျဖစ္ေနၿပီး မလႈပ္မယက္နဲ႔ စကားလည္း မေျပာေတာ့ဘူး။
သူမကို သိပုံမရတဲ့ သူမေ႐ွ႕က ဒီလူထူးဆန္းကိုဘဲ စိုက္ၾကည့္ေနမိတယ္။
"မင္းသမီးေလး မင္းသမီးေလး အဆင္ေျပရဲ႕လား?"
မင္းသမီးတြမ့္က်ား အသိအာ႐ုံေတြ ျပန္စုစည္းလို႔မရခင္မွာဘဲ သူမရဲ႕ အေစခံေတြအားလုံးက ျဖဴေဖ်ာ့ေနတဲ့ မ်က္ႏွာထားေတြနဲ႔ ေျပးလာၾကတယ္။
မင္းသမီးတြမ့္က်ားက မသိစိတ္က ျပန္ေျဖတဲ့ အေနနဲ႔ ေခါင္းခါျပလိုက္တယ္။ သူမရဲ႕ အေစခံေလးက်င္း႐ိႈ႕က သူမအဝတ္အစားေတြ ျပန္႔ျပဴးေအာင္လုပ္ေပးေနတုန္းမွာလည္း သူမကေတာ့ သူမကို ကယ္လိုက္တဲ့ေယာက်္ားကိုဘဲ ၾကည့္ေနမိတယ္။
အေစခံေတြရဲ႕ မိန္းမငယ္ေလးကို ေခၚလိုက္ပုံကိုၾကားေတာ့ ေဟးခ်န္က်ဴက နည္းနည္းေတာင္အံ့ဩသြားတယ္။ သူကယ္လိုက္တဲ့ ဒီမိန္းမငယ္ေလးက ေတာ္ဝင္မင္းသမီး ျဖစ္ေနမယ္လို႔ သူ မထင္ထားခဲ့ဘူး။
မင္းသမီးတြမ့္က်ားကို အေစခံေတြက ကူညီေပးေနတုန္းမွာဘဲ ေဟးခ်န္က်ဴကလည္း သူ႕ေျခေထာက္နဲ႔ အက်ီလက္ေတြမွာ ေပသြားတဲ့ ဖုန္ေတြကို ခါေနလိုက္တယ္။
သူ႕အရပ္အေမာင္းက ေျမျပင္ေပၚ လဲက်ေနတုန္းက သိပ္မသိသာလွဘူး။ ဒါေပမယ့္ သူမတ္တပ္ထရပ္လိုက္ေတာ့ သူ႕ေဘးနားက မိန္းမပ်ိဳေလးေတြ အားလုံးထက္ ေခါင္းတစ္လုံးစာကို သိသိသာသာ ပိုျမင့္ေနတယ္။ ေဟးခ်န္က်ဴက အရပ္႐ွည္ၿပီး ၾကံ့ခိုင္သန္မာပုံေပၚတယ္။ သူရဲ႕ က်ယ္ျပန္လွတဲ့ ပုခုံးေပၚမွာ လက္ဝဲ ၿမိဳ႕ေစာင့္စစ္တပ္ရဲ႕ ဝတ္စုံကို ဝတ္ဆင္ထားတယ္။
သူ႕အသားေရက အနည္းငယ္ညိဳေနတယ္။ ႐ုပ္ရည္သြင္ျပင္က ေဟးခ်န္ဒီေလာက္ မေခ်ာေမာေပမယ့္ သူ႕ကို ၾကည့္လိုက္တာနဲ႔ တည္ၾကည္ျပတ္သားတဲ့ အ႐ွိန္အဝါေတြ အျပည့္ဘဲ။ သူတည္႐ွိေနတာနဲ႔တင္ သူ႕ေဘးကလူေတြကို စိတ္ခ်လက္ခ်႐ွိေစတယ္။
မင္းသမီးတြမ့္က်ားက သူ႕ကို စိုက္ၾကည့္ေနတာျမင္ေတာ့ ေဟးခ်န္က်ဴက အၾကည့္လႊဲလိုက္ၿပီး ဦးၫႊတ္ ဂါရဝျပဳလိုက္တယ္။ "ကြၽန္ေတာ္က လက္ဝဲၿမိဳ႕ေစာင့္တပ္က ေဟးခ်န္က်ဴလို႔ေခၚပါတယ္၊ ဒီအညတရက မင္းသမီးအေပၚ ႐ိုင္းျပမိသြားပါတယ္၊ အေျခအေနအခ်ိန္အခါေၾကာင့္ ဒီလိုျဖစ္သြားရတာမို႔ မင္းသမီးကဘဲ ဒီအညတရကို ခြင့္လႊတ္ေပးဖို႔ ေတာင္းဆိုပါရေစ"
မင္းသမီးတြမ့္က်ားကေတာ့ တိတ္ဆိတ္စြာနဲ႔ ေဟးခ်န္က်ဴကို စိုက္ၾကည့္ေနမိတုန္းဘဲ၊ သူမစိတ္ထဲ ေဟးခ်န္က်ဴ ဘယ္သူဆိုတာ ေသခ်ာသိသြားၿပီ၊ ဒီအရပ္႐ွည္႐ွည္နဲ႔ သန္မာတဲ့ လူငယ္က ေခါင္းကိုၫႊတ္ထားၿပီး သူမကို တစက္ကေလးမွ ေမာ့မၾကည့္လာတာကိုျမင္ေတာ့ တကယ္ကို ဘက္ပဲ့ေနသလိုဘဲ။
သူမစိတ္ထဲမွာေတာ့ ဒီကိစၥအတြက္ သူ႕ကို တစက္ကေလးမွ အျပစ္တင္လိုစိတ္႐ွိမေနပါဘူး။
သူ႕ရဲ႕ ကေမာက္ကမ ျဖစ္ေနပုံကို က်ီစယ္ခ်င္စိတ္ေလးဘဲ႐ွိေနတယ္။
အခ်ိန္အေတာ္ၾကာတဲ့ အထိ မင္းသမီး တြမ့္က်ားဆီက တုံ႔ျပန္မႈမရေတာ့ ေဟးခ်န္က်ဴက မင္းသမီးကိုေမာ့ၾကည့္လိုက္တယ္။ ဒါေပမယ့္ သူမရဲ႕ မ်က္ဝန္းေတြထဲက မ႐ိုးမသားအၾကည့္ေလးကို ဖမ္းဆုပ္မိသြားေတာ့ ေဟးခ်န္က်ဴက ေတာင့္တင္းၿပီး အဆင္မေျပျဖစ္လာေတာ့တယ္။
က်င္း႐ိႈ႕က ဒီအေျခအေနႀကီးကို ၾကည့္ေနရတာကို ပိုပိုၿပီး အဆင္မေျပျဖစ္လာတယ္။ အိမ္ေတာ္ဝင္ေပါက္အေ႐ွ႕ႀကီးမွာ အၾကာႀကီး ရပ္ေနတာက သူတို႔အတြက္ အဆင္မေျပဘူးေလ။ ဒီေန႔က က်င္းအန္ကေတာ္ရဲ႕ ေမြးေန႔ပြဲျဖစ္ေတာ့ မၾကာခင္မွာဘဲ ဧည့္သည္ေတြ ထပ္ေရာက္လာၾကမွာဘဲ။
မင္းသမီးတြမ့္က်ားက သူမမ်က္လုံးထဲက ခံစားခ်က္ေတြကို ဖုံးကြယ္ထားၿပီးေတာ့ ေမးေလးကို တမင္ ေမာ့ခ်ီၿပီး ေျပာလိုက္တယ္" ႐ွင့္ရဲ႕ ေတာင္းပန္မႈေၾကာင့္ ဒီတစ္ႀကိမ္ေတာ့ ဒီမင္းသမီးက ခြင့္လႊတ္ေပးလိုက္မယ္၊ ေနာက္တစ္ခါ မျဖစ္ေစနဲ႔"
မင္းသမီးတြမ့္က်ားဆီက အေျဖစကား ျပန္ရေတာ့မွဘဲ ေဟးခ်န္က်ဴမွာ စိတ္ထဲက ေလးပင္ေနတာေတြ ေလ်ာ့က်သြားေတာ့တယ္" ေက်းဇူးတင္ပါတယ္ မင္းသမီး"
ေတာ္ဝင္ မင္းသမီးတြမ့္က်ားက အေစအခံေတြ ျခံရံၿပီး က်င္းအန္အိမ္ေတာ္ထဲ ဝင္ေရာက္သြားတယ္။
ေဟးခ်န္က်ဴကလည္း သူတို႔ေနာက္ ခပ္လွမ္းလွမ္းကေန လိုက္ပါသြားတယ္။ မင္းသမီး တြမ့္က်ားက ေဟးအားလန္က သူမကို အိမ္ေတာ္ရဲ႕ ဧည့္ခန္းဆီ လိုက္ပို႔ေပးမယ္လို႔ ထင္ထားတာ၊ ဒါေပမယ့္ အိမ္ေတာ္ထဲကို ဝင္ဝင္ခ်င္းဘဲ သူကလွည့္ထြက္ၿပီး မတူညီတဲ့ အျခားလမ္းကို ေလွ်ာက္သြားေတာ့တာဘဲ။
သူမလွည့္ၾကည့္လိုက္ေတာ့ သူ႕ရဲ႕ ထြက္ခြာသြားတဲ့ ျမင့္မားတဲ့ ေက်ာျပင္ရိပ္ကိုဘဲ ေတြ႕ရေတာ့တယ္။
သူမစိတ္ထဲ ခါးသက္သက္နဲ႔ မခ်င့္မရဲျဖစ္သြားတာကို မတားဆီးႏိုင္ေတာ့ဘူး။ ဒါနဲ႔ Songtaoအေဆာင္ကို သြားၿပီး ခ်ဴးလ်န္ကို သြား႐ွာေတာ့တယ္။