Unicode
ညနေခင်းကျ သူမက ပိုင်ယွီနဲ့ ပြေးခဲ့တယ်။ မနက်ခင်းမှာ စာလုပ်ပြီးသွားတော့ ထန်းမော့က အန်တီချန်ခွဲပေးထားတဲ့ အသီးတွေကို ချောင်လန့်ကို ယူလာပေးတယ်။
ချောင်လန်က ပုံမန်လိုပဲ ချိုတဲ့ အသီးတွေကို ထန်းမော့ကို လှမ်းပေးတယ်။ ပြီးတော့ စားနေရင်းနဲ့ပဲ ထန်းမော့ စာသင်တာကို နားထောင်နေခဲ့တယ်။
အခုတလော ဟောင်ရင်က သူမဆီကို ပုစ္ဆာတွေယူယူလာပြီး ကူတွက်ခိုင်းတုန်းက သူမဘယ်လိုခံစားခဲ့ရတယ်ဆိုတာကို ချောင်လန်က မှတ်မိသွားပြီး ရုတ်တရက် ထန်းမော့ကို မေးလိုက်တယ်။ " ထန်းမော့ ငါနင့်ကို ဒီလိုမျိုး နေ့တိုင်းနေ့ကြီး စာတွေမေးမေးနေတာ နင် စိတ်ရှုပ်တယ်လို့ ခံစားရလား။ "
ထန်းမော့က ခေါင်းကိုမော့လိုက်ပြီး သူ့မျက်လုံးတွေက သူမကို တည့်တည့်စိုက်ကြည့်လိုက်တယ်။ " နင်က ဘာလို့မေးတာလဲ "
ချောင်လန်က ဘယ်ဘက်ညာဘက် လှည့်ကြည့်လိုက်ပြီး ထန်းမော့နားကို ကပ်လိုက်ကာ သူတို့၂ယောက်ပဲ ကြားနိုင်တဲ့ အသံနဲ့ ပြောလိုက်တယ်။ " ဘာလို့လဲဆိုတော့ ဟောင်ရင်က ငါ့ကိုနေ့တိုင်းနေ့ စာတွေလာလာမေးနေတော့ ငါက နည်းနည်းစိတ်ရှုပ်တယ်လို့ ခံစားရလို့လေ။ "
ထန်းမော့က ကြောင်သွားတယ်။ ပြီးတော့ ရုတ်တရက် ပြုံးလိုက်တယ်။
နေရောင်က ထန်းမော့ပေါ်ကို ကျရောက်နေတယ်။ ကောင်လေးရဲ့ အေးစက်နေတဲ့မျက်နှာအသွင်အပြင်တွေက ပြုံးလိုက်တော့ အရမ်းကို တောက်ပနေခဲ့တယ်။
ချောင်လန်နဲ့ ထန်းမော့နောက်မှာ ထိုင်နေတဲ့ ရှန်းရှောင်ဟန်က ထန်းမော့ကို ပထမဆုံးကျောင်းဖွင့်တဲ့နေ့မှာ အခန်းထဲမှာ တွေ့လိုက်တဲ့ အချိန်ကို သတိရသွားတယ်။
အဲ့နေ့တုန်းကလဲ သူက မနက်ခင်းအစော အလင်းရောင်ထဲမှာ ဒီလိုပဲ မျက်လုံးတွေက ကွေးနေပြီး ပြုံးနေခဲ့တာ။ အဲ့အချိန်တုန်းက သူမက ကောင်လေးရဲ့ ထူးခြားလှတဲ့ မျက်နှာကြောင့် လန့်ပြီး မှင်သက်သွားခဲ့တာ။
သူမက ထန်းမော့နဲ့ ချောင်လန့်နောက်မှာ ထိုင်ခွင့်ရတာကိုတာက သေလောက်အောင်ကံကောင်းခဲ့လို့ပဲ။
ဒါပေမဲ့ ၁လနီးပါးသာကုန်သွားတယ်။ ထန်းမော့က သူမကို စကားတစ်ခွန်းတောင် မပြောခဲ့ဖူးဘူး။ တစ်ကယ်လို့ သူမက ထန်းမော့ကို အရင်သွားပြီး နှုတ်ဆက်ရင်တောင်မှ ထန်းမော့က သူမကို ပြုံးပြဖို့နေနေသာသာ အဖက်တောင်မလုပ်ဘူး။
ရှန်းရှောင်ဟန်က ရုတ်တရက် နည်းနည်း ရွဲ့နေတယ်လို့ ခံစားလာရတယ်။
သူမက ချောင်လန်လောက်လဲ အဆင့်မကောင်းဘူး။ ချောင်လန့်လောက်လဲ ကြည့်လို့မလဘူး။ အားလုံးကလဲ အဲ့လိုပဲ အတူတူတွေးကြမှာပဲ။ ဒါပေမဲ့ ထန်းမော့ကတော့ အဲ့လိုတွေးဖို့ အရည်အချင်းမရှိဘူးလေ။
တစ်ခါတစ်လေကျရင် ရှန်းရှောင်ဟန်က သူ့ကို တိုက်ရိုက်သွားပြီး ပြောပစ်လိုက်ချင်မိတယ်။ ဒါပေမဲ့ ချောင်လန်နဲ့တွေ့ပြီဆိုရင်ဖြစ်သွားတဲ့ ထန်းမော့ရဲ့ နူးညံ့ညင်သာမှု စိတ်ရှည်မှုတွေကို သူမတွေ့လိုက်ရတိုင်း သူမရဲ့ မကျေနပ်မှုတွေအကုန်လုံးက ရုတ်တရက် ပြောင်းလဲ သွားသလိုပဲ။
ခုနလေးတုန်းကလဲ ထန်းမော့က ချောင်လန့်ကို ရယ်ပြလိုက်ပြန်ပြီ။ ရှန်းရှောင်ဟန်က နှုတ်ခမ်းကိုကိုက်လိုက်ပြီး သူမမျက်နှာပေါ်က ရှုပ်ထွေးနေတဲ့ မျက်နှာထားကို ပြင်လိုက်တယ်။ သူမအသံက လုံးဝကို သဘာဝကျနေပြီး တက်ကြွနေတယ်။ " ထန်းမော့ နင်က ချောင်လန့်ကို နေ့တိုင်းနေ့ စာပြပေးနေတာလေ။ တစ်ကယ်လို့ နင့်မှာ အချိန်ရှိသေးရင် ငါ့ကိုလဲ ကူပြပေးလို့ရမလား။ "
ချောင်လန့်က ထန်းမော့ကို တစ်ချက်လှမ်းကြည့်လိုက်တယ်။ ချက်ချင်းကိုပဲ ထန်းမော့မျက်နှာက အပြုံးက လုံးဝပျောက်သွားတယ်။ သူက ရှန်းရှောင်ဟန်ကို အေးစက်စွာ လှမ်းကြည့်လိုက်တယ်။
ရှန်းရှောင်ဟန်က ထန်းမော့ရဲ့ ဖုံးကွယ်မထားတဲ့ အေးစက်စက်အကြည့်ကြောင့် နေရာမှာတင် ကြောင်သွားတယ်။ ပြီးတော့ သူမမျက်နှာပေါ်က အပြုံးကလဲ ရုတ်တရက် တောင့်သွားတယ်။
" အချိန်မရှိဘူး " ထန်းမော့က ပြောလိုက်တယ်။ ပြီးတော့ ခေါင်းကိုလှည့်လိုက်ပြီး ချောင်လန့်ဘက်ကို ပြန်ပြီး အာရုံစိုက်လိုက်တယ်။
ရှန်းရှောင်ဟန်က ဘေးဘီကို အမြန်လှည့်ကြည့်လိုက်တယ်။ တစ်ယောက်ယောက်က သူမဘက်ကိုကြည့်နေပြီး နေရခက်စွာနဲ့ သူမအင်္ကျီထောင့်နားကို ဆွဲနေတာကို သူမတွေ့လိုက်ရတယ်။
ယွီကွမ်းက ထန်းမော့ ချောင်လန့်ကို စကားပြောနေတာလေးကိုပဲ မြင်လိုက်မိတာ။ ရှန်းရှောင်ဟန်က အရမ်းခံပြင်းနေတယ်။ ထန်းမော့က အချိန်လုံးဝမရှိဘူးလေ။ ဘာလို့လဲဆိုတော့ သူ့ရဲ့အချိန်တွေအကုန်လုံးက ချောင်လန့်ပေါ်မှာပဲ သုံးပစ်တဲ့ဟာကို။
ဒါပေမဲ့ ထန်းမော့က ချောင်လန့်အပေါ် ဘာလို့ ဒီလောက်တောင် ကောင်းနေရတာလဲ။ သူမကြားရသလောက်တော့ သူတို့အထက်တန်းပထမနှစ်ကထဲက ချောင်လန်က အမြဲထန်းမော့ကို ဂရုစိုက်ပေးခဲ့တာတဲ့။ အဲ့တာကြောင့် သူမက ကောင်းတယ်လို့ သူက ထင်တာတဲ့။
ဒါပေမဲ့ တစ်ကယ်တမ်း အဲ့တာပဲလား?
ဘာပဲပြောပြော ချောင်လန်က အရမ်းလှတာပဲလေ။ ဟောင်ရင့်လို ကောင်လေးတွေတောင် သူမကို စိတ်ဝင်စားကြတယ်။ ထန်းမော့မှာရော အဲ့လိုအတွေးတွေ ရှိနေတာများလား??
ဒါပေမဲ့ သူ့လိုလူက ဘယ်လိုတောင် ချောင်လန့်အပေါ် အဲ့လိုစိတ်ကူးတွေ ရှိရဲရတာလဲ။
ရှန်းရှောင်ဟန်က တွေးနေတာကို ရပ်လိုက်ပြီး ချောင်လန်နဲ့ ထန်းမော့ကို ကြည့်လိုက်တယ်။ ခုနက သူမအတွေးထဲမှာ ပေါ်လာတဲ့ ဟာကို စဥ်းစားမိသွားတော့ သူမစိတ်ထဲမှာ ထူးဆန်းသလို ခံစားလာရတယ်။
ချောင်လန်က ကိုယ်လက်သန့်စင်ပြီးလို့ အဆောင်ခန်းထဲ ပြန်ရောက်လာတော့ မီးတွေပိတ်ပြီးသွားတာတောင် အားလုံးက စကားတွေပြောနေကြတုန်းပဲ။
သူတို့က စကားပြောနေကြရင်းကနေ ဘယ်ကနေဘယ်လိုရောက်သွားတယ်မသိဘူး ခေါင်းစဥ်က ထန်းမော့ အကြောင်းဖြစ်သွားတယ်။
ရှန်းရှောင်ဟန်က သူမရဲ့အားကျမှုကို ဖုံးကွယ်မထားနိုင်တော့ဘူး။ " ထန်းမော့က ချောင်လန့်အတွက် အသီးတွေ ခဏခဏယူလာပေးတယ်နော်။ ချောင်လန် နင်နဲ့ ထန်းမော့က ဘယ်လိုကနေ ခင်သွားတာလဲ။ "
သူတို့က ဘယ်လိုကနေခင်သွားတာလဲ?
" ငါက သူ့ကိုနေ့တိုင်းနေ့ သွားသွားပြီး စကားပြောတယ်လေ။ ပြီးတော့ နေ့တိုင်းနေ့သွားပြီး နှုတ်ဆက်တယ်လေ။ သူက ဖြေးဖြေးချင်းနေသားကျသွားပြီး ငါတို့ သူငယ်ချင်းဖြစ်သွားတာလေ။ "
" နင်က ထန်းမော့ကို အရင်စကားသွားပြောတာလား "
" အင်း " ချောင်လန်ကသူမပစ္စည်းတွေကို သိမ်းလိုက်ပြီး ကုတင်ပေါ်တက်လိုက်တယ်။ " တစ်ကယ်တော့ ထန်းမော့က အရမ်းကောင်းတဲ့သူတစ်ယောက်ပါ။ အစပိုင်းမှာ သူနဲ့ စကားပြောဆိုရတာ နည်းနည်းခက်တာပဲ ရှိတာ။ နင်တို့ သူနဲ့ ကောင်းကောင်းသိသွားလို့ရှိရင် သူဘယ်လောက်ကောင်းလဲဆိုတာ နင်တို့ သိသွားလိမ့်မယ်။ "
ပိုင်ယွီက ထန်းမော့ရဲ့ အေးစက်နေတဲ့ မျက်လုံးတွေကို သတိရသွားပြီး ချောင်လန့်ကို ခေါင်းယမ်းပြလိုက်တယ်။ " ဟင့်အင်း ငါတော့ သူ့ကို ကြောက်တယ်။ "
ချောင်လန်က အကြာကြီး ရယ်လိုက်တယ်။ " နင်က ဘာတွေကြောက်နေတာလဲ "
" ငါ အရင်တုန်းက သူ့ကို သွားသွား နှုတ်ဆက်ဖူးတယ်။ ၂ခါ ၃ခါလောက်သွားပြောဖူးတယ်။ ဒါပေမဲ့ ဘာတုံ့ပြန်မှုမှ မရခဲ့ဘူးလေ။ " ရှန်းရှောင်ဟန်က ပြောလိုက်တယ်။
" သူက တစ်ယောက်ယောက်ကို လက်ခံဖို့က အချိန်တော့ကြာတယ်။ ငါကသူ့ကို ၁လနီးပါးလောက် သွားနှုတ်ဆက်ခဲ့တာလေ။ အဲ့ကျမှ သူက စကားပြန်ပြောခဲ့တာ။ "
ပိုင်ယွီက ချောင်လန့်ကို တအံ့တဩနဲ့ ကြည့်လိုက်ပြီး စိတ်ရင်းနဲ့ ပြောလိုက်တယ်။ " နင်က အရမ်းလေးစားဖို့ ကောင်းတာပဲ "
ရှန်းရှောင်ဟန်က အကြာကြီးတိတ်ဆိတ်သွားတယ်။ ရုတ်တရက် သူမက ပြောလိုက်တယ်။ " ငါကြားတာတော့ ထန်းမော့မိသားစု အခြေအနေက အရမ်းကောင်းတဲ့ ပုံပေါ်တယ်တဲ့။ "
ချောင်လန်က မျက်မှောင်ကျုံ့လိုက်တယ်။ " ငါမသိဘူး "
" ထန်းမော့ကို နေ့တိုင်းနေ့ လာလာကြိုတဲ့ ကားက အရမ်းဈေးကြီးတာပဲလို့ ငါကြားတာပဲ။ " ရှန်းရှောင်ဟန်က စကားဆက်ပြောလိုက်တယ်။ သူမက ကုတင်ပေါ်လှဲလိုက်ပြီး ချောင်လန့်ကိုမေးလိုက်တယ်။ " ချောင်လန် ထန်းမော့က တစ်ခြားသူတွေအပေါ်ကောင်းသွားပြီး သူတို့နဲ့ ရင်းနီးသွားမှာ နင်မကြောက်ဘူးလား "
ချောင်လန် မျက်မှောင်ကျုံ့လိုက်တယ်။ ရှန်းရှောင်ဟန်က ဘာလို့ ဒီလိုထူးဆန်းတဲ့စကားတွေကို ပြောနေတာပါလိမ့်။ သူမက စကားပြန်မပြောဖို့ ဆုံးဖြတ်ခဲ့တယ်။
သူမနဲ့ ဆန့်ကျင်ဘက်ပဲ ပိုင်ယွီကတော့ တိုက်ရိုက်ပဲ ပြောချလိုက်တယ်။ " ရှန်းရှောင်ဟန် နင်တစ်ခုခုဖြစ်နေတာတော့ မဟုတ်ပါဘူးနော်။ လန်လန်နဲ့ ထန်းမော့နဲ့က ဒီတိုင်း သူငယ်ချင်းတွေပဲဟာကို။ သူတို့က တွဲနေကြတာမှ မဟုတ်တာ။ "
ရှန်းရှောင်ဟန်က နှာရှုံ့လိုက်ပြီး ပိုင်ယွီ့ကို ပြန်မပြောခဲ့ဘူး။ အဲ့အစား သူမက စောင်ထဲကို ဝင်လိုက်ပြီး ဖုန်းကိုကြည့်နေလိုက်တယ်။
အားလုံးက အဆောင်နေတာ ကြာလာတော့ အားလုံးက ကိုယ်စီကိုယ်စီ တိကျတဲ့လူတွေနဲ့ပဲ ခင်လာကြတယ်။ ပြီးတော့ အဖွဲသေးသေးလေးတွေလဲ တဖြေးဖြေး ပေါ်လာခဲ့တယ်။
အစတုန်းကတော့ ချောင်လန်က ရှန်းရှောင်ဟန်အပေါ်ကို အတော်လေး impression ကောင်းခဲ့တယ်။ ဘာပဲပြောပြော ထန်းမော့ကို အရင်စကားစပြောရဲတာဆိုလို့ လူအနည်းငယ်ပဲ ရှိတာလေ။ ဒါပေမဲ့ ၁လနီးပါးလောက်ကြာတော့ ချောင်လန်က ရှန်းရှောင်ဟန်ကို သိပ်မကြည်တော့ဘူး။
သူမက ထန်းမော့ကို သူငယ်ချင်းတွေအများကြီးရှိလာစေချင်တယ်။ ပြီးတော့ လူတွေအများကြီးနဲ့လဲ သိလာစေချင်တယ်။ ပိုင်ယွီလို ဖေးနင်လို့ လူမျိုးတွေပေါ့။ သူတို့က အရမ်းကောင်းတဲ့ သူငယ်ချင်းတွေလေ။ ဒါပေမဲ့ ရှန်ရှောင်ဟန်ကိုတော့...... သူမကိုတော့ လွှတ်ထားလိုက်တာ ကောင်းပါတယ်။
လူစစ်တဲ့ ဆရာမက သူတို့အခန်းကနေ ဖြတ်သွားပြီးတော့ အားလုံးက ဒီတိုင်းပဲ စကားတွေထပ်ပြောနေကြတယ်။ ပိုင်ယွီက ချောင်လန့်ကို မနက်ဖြန်ကျ ဝတ်ရမဲ့ အင်္ကျီသွားယူရမှာလားလို့ မေးလိုက်တယ်။
" အင်း " ချောင်လန်က ပြောလိုက်တယ်။ " ဘယ်လို အဝတ်အစားမျိုးလဲဆိုတာတော့ ငါလဲ မသိသေးဘူး "
" စကပ်အတိုလေ " ပိုင်ယွီက အရမ်းစိတ်လှုပ်ရှားနေတယ်။ " ဒီနှစ်တော့ ဘာအရောင်လဲ ဆိုတာတော့ ငါမသိဘူး။ ဒါပေမဲ့ မနှစ်က အပန်းရောင်ဆိုတာတော့ ငါမှတ်မိတယ်။ နင်မနက်ဖြန်ကျ တွေ့ရလိမ့်မယ်။ အဲ့တာကြောင့် စိတ်ပူမနေနဲ့။ "
ချောင်လန်က ပြုံးလိုက်တယ်။ " ဘာလို့ နင်က ငါ့ထက်ပိုပြီး စိတ်လှုပ်ရှားနေတယ်လို့ ငါထင်နေရတာပါလိမ့်။ "
---------------
Zawgyi
ညေနခင္းက် သူမက ပိုင္ယြီနဲ႔ ေျပးခဲ့တယ္။ မနက္ခင္းမွာ စာလုပ္ၿပီးသြားေတာ့ ထန္းေမာ့က အန္တီခ်န္ခြဲေပးထားတဲ့ အသီးေတြကို ေခ်ာင္လန္႔ကို ယူလာေပးတယ္။
ေခ်ာင္လန္က ပုံမန္လိုပဲ ခ်ိဳတဲ့ အသီးေတြကို ထန္းေမာ့ကို လွမ္းေပးတယ္။ ၿပီးေတာ့ စားေနရင္းနဲ႔ပဲ ထန္းေမာ့ စာသင္တာကို နားေထာင္ေနခဲ့တယ္။
အခုတေလာ ေဟာင္ရင္က သူမဆီကို ပုစာၦေတြယူယူလာၿပီး ကူတြက္ခိုင္းတုန္းက သူမဘယ္လိုခံစားခဲ့ရတယ္ဆိုတာကို ေခ်ာင္လန္က မွတ္မိသြားၿပီး ႐ုတ္တရက္ ထန္းေမာ့ကို ေမးလိုက္တယ္။ " ထန္းေမာ့ ငါနင့္ကို ဒီလိုမ်ိဳး ေန႔တိုင္းေန႔ႀကီး စာေတြေမးေမးေနတာ နင္ စိတ္ရႈပ္တယ္လို႔ ခံစားရလား။ "
ထန္းေမာ့က ေခါင္းကိုေမာ့လိုက္ၿပီး သူ႔မ်က္လုံးေတြက သူမကို တည့္တည့္စိုက္ၾကည့္လိုက္တယ္။ " နင္က ဘာလို႔ေမးတာလဲ "
ေခ်ာင္လန္က ဘယ္ဘက္ညာဘက္ လွည့္ၾကည့္လိုက္ၿပီး ထန္းေမာ့နားကို ကပ္လိုက္ကာ သူတို႔၂ေယာက္ပဲ ၾကားႏိုင္တဲ့ အသံနဲ႔ ေျပာလိုက္တယ္။ " ဘာလို႔လဲဆိုေတာ့ ေဟာင္ရင္က ငါ့ကိုေန႔တိုင္းေန႔ စာေတြလာလာေမးေနေတာ့ ငါက နည္းနည္းစိတ္ရႈပ္တယ္လို႔ ခံစားရလို႔ေလ။ "
ထန္းေမာ့က ေၾကာင္သြားတယ္။ ၿပီးေတာ့ ႐ုတ္တရက္ ၿပဳံးလိုက္တယ္။
ေနေရာင္က ထန္းေမာ့ေပၚကို က်ေရာက္ေနတယ္။ ေကာင္ေလးရဲ႕ ေအးစက္ေနတဲ့မ်က္ႏွာအသြင္အျပင္ေတြက ၿပဳံးလိုက္ေတာ့ အရမ္းကို ေတာက္ပေနခဲ့တယ္။
ေခ်ာင္လန္နဲ႔ ထန္းေမာ့ေနာက္မွာ ထိုင္ေနတဲ့ ရွန္းေရွာင္ဟန္က ထန္းေမာ့ကို ပထမဆုံးေက်ာင္းဖြင့္တဲ့ေန႔မွာ အခန္းထဲမွာ ေတြ႕လိုက္တဲ့ အခ်ိန္ကို သတိရသြားတယ္။
အဲ့ေန႔တုန္းကလဲ သူက မနက္ခင္းအေစာ အလင္းေရာင္ထဲမွာ ဒီလိုပဲ မ်က္လုံးေတြက ေကြးေနၿပီး ၿပဳံးေနခဲ့တာ။ အဲ့အခ်ိန္တုန္းက သူမက ေကာင္ေလးရဲ႕ ထူးျခားလွတဲ့ မ်က္ႏွာေၾကာင့္ လန္႔ၿပီး မွင္သက္သြားခဲ့တာ။
သူမက ထန္းေမာ့နဲ႔ ေခ်ာင္လန္႔ေနာက္မွာ ထိုင္ခြင့္ရတာကိုတာက ေသေလာက္ေအာင္ကံေကာင္းခဲ့လို႔ပဲ။
ဒါေပမဲ့ ၁လနီးပါးသာကုန္သြားတယ္။ ထန္းေမာ့က သူမကို စကားတစ္ခြန္းေတာင္ မေျပာခဲ့ဖူးဘူး။ တစ္ကယ္လို႔ သူမက ထန္းေမာ့ကို အရင္သြားၿပီး ႏႈတ္ဆက္ရင္ေတာင္မွ ထန္းေမာ့က သူမကို ၿပဳံးျပဖို႔ေနေနသာသာ အဖက္ေတာင္မလုပ္ဘူး။
ရွန္းေရွာင္ဟန္က ႐ုတ္တရက္ နည္းနည္း ႐ြဲ႕ေနတယ္လို႔ ခံစားလာရတယ္။
သူမက ေခ်ာင္လန္ေလာက္လဲ အဆင့္မေကာင္းဘူး။ ေခ်ာင္လန္႔ေလာက္လဲ ၾကည့္လို႔မလဘူး။ အားလုံးကလဲ အဲ့လိုပဲ အတူတူေတြးၾကမွာပဲ။ ဒါေပမဲ့ ထန္းေမာ့ကေတာ့ အဲ့လိုေတြးဖို႔ အရည္အခ်င္းမရွိဘူးေလ။
တစ္ခါတစ္ေလက်ရင္ ရွန္းေရွာင္ဟန္က သူ႔ကို တိုက္႐ိုက္သြားၿပီး ေျပာပစ္လိုက္ခ်င္မိတယ္။ ဒါေပမဲ့ ေခ်ာင္လန္နဲ႔ေတြ႕ၿပီဆိုရင္ျဖစ္သြားတဲ့ ထန္းေမာ့ရဲ႕ ႏူးညံ့ညင္သာမႈ စိတ္ရွည္မႈေတြကို သူမေတြ႕လိုက္ရတိုင္း သူမရဲ႕ မေက်နပ္မႈေတြအကုန္လုံးက ႐ုတ္တရက္ ေျပာင္းလဲ သြားသလိုပဲ။
ခုနေလးတုန္းကလဲ ထန္းေမာ့က ေခ်ာင္လန္႔ကို ရယ္ျပလိုက္ျပန္ၿပီ။ ရွန္းေရွာင္ဟန္က ႏႈတ္ခမ္းကိုကိုက္လိုက္ၿပီး သူမမ်က္ႏွာေပၚက ရႈပ္ေထြးေနတဲ့ မ်က္ႏွာထားကို ျပင္လိုက္တယ္။ သူမအသံက လုံးဝကို သဘာဝက်ေနၿပီး တက္ႂကြေနတယ္။ " ထန္းေမာ့ နင္က ေခ်ာင္လန္႔ကို ေန႔တိုင္းေန႔ စာျပေပးေနတာေလ။ တစ္ကယ္လို႔ နင့္မွာ အခ်ိန္ရွိေသးရင္ ငါ့ကိုလဲ ကူျပေပးလို႔ရမလား။ "
ေခ်ာင္လန္႔က ထန္းေမာ့ကို တစ္ခ်က္လွမ္းၾကည့္လိုက္တယ္။ ခ်က္ခ်င္းကိုပဲ ထန္းေမာ့မ်က္ႏွာက အၿပဳံးက လုံးဝေပ်ာက္သြားတယ္။ သူက ရွန္းေရွာင္ဟန္ကို ေအးစက္စြာ လမ္းၾကည့္လိုက္တယ္။
ရွန္းေရွာင္ဟန္က ထန္းေမာ့ရဲ႕ ဖုံးကြယ္မထားတဲ့ ေအးစက္စက္အၾကည့္ေၾကာင့္ ေနရာမွာတင္ ေၾကာင္သြားတယ္။ ၿပီးေတာ့ သူမမ်က္ႏွာေပၚက အၿပဳံးကလဲ ႐ုတ္တရက္ ေတာင့္သြားတယ္။
" အခ်ိန္မရွိဘူး " ထန္းေမာ့က ေျပာလိုက္တယ္။ ၿပီးေတာ့ ေခါင္းကိုလွည့္လိုက္ၿပီး ေခ်ာင္လန္႔ဘက္ကို ျပန္ၿပီး အာ႐ုံစိုက္လိုက္တယ္။
ရွန္းေရွာင္ဟန္က ေဘးဘီကို အျမန္လွည့္ၾကည့္လိုက္တယ္။ တစ္ေယာက္ေယာက္က သူမဘက္ကိုၾကည့္ေနၿပီး ေနရခက္စြာနဲ႔ သူမအက်ႌေထာင့္နားကို ဆြဲေနတာကို သူမေတြ႕လိုက္ရတယ္။
ယြီကြမ္းက ထန္းေမာ့ ေခ်ာင္လန္႔ကို စကားေျပာေနတာေလးကိုပဲ ျမင္လိုက္မိတာ။ ရွန္းေရွာင္ဟန္က အရမ္းခံျပင္းေနတယ္။ ထန္းေမာ့က အခ်ိန္လုံးဝမရွိဘူးေလ။ ဘာလို႔လဲဆိုေတာ့ သူ႔ရဲ႕အခ်ိန္ေတြအကုန္လုံးက ေခ်ာင္လန္႔ေပၚမွာပဲ သုံးပစ္တဲ့ဟာကို။
ဒါေပမဲ့ ထန္းေမာ့က ေခ်ာင္လန္႔အေပၚ ဘာလို႔ ဒီေလာက္ေတာင္ ေကာင္းေနရတာလဲ။ သူမၾကားရသေလာက္ေတာ့ သူတို႔အထက္တန္းပထမႏွစ္ကထဲက ေခ်ာင္လန္က အၿမဲထန္းေမာ့ကို ဂ႐ုစိုက္ေပးခဲ့တာတဲ့။ အဲ့တာေၾကာင့္ သူမက ေကာင္းတယ္လို႔ သူက ထင္တာတဲ့။
ဒါေပမဲ့ တစ္ကယ္တမ္း အဲ့တာပဲလား?
ဘာပဲေျပာေျပာ ေခ်ာင္လန္က အရမ္းလွတာပဲေလ။ ေဟာင္ရင့္လို႔ ေကာင္ေလးေတြေတာင္ သူမကို စိတ္ဝင္စားၾကတယ္။ ထန္းေမာ့မွာေရာ အဲ့လိုအေတြးေတြ ရွိေနတာမ်ားလား??
ဒါေပမဲ့ သူ႔လိုလူက ဘယ္လိုေတာင္ ေခ်ာင္လန္႔အေပၚ အဲ့လိုစိတ္ကူးေတြ ရွိရဲရတာလဲ။
ရွန္းေရွာင္ဟန္က ေတြးေနတာကို ရပ္လိုက္ၿပီး ေခ်ာင္လန္နဲ႔ ထန္းေမာ့ကို ၾကည့္လိုက္တယ္။ ခုနက သူမအေတြးထဲမွာ ေပၚလာတဲ့ ဟာကို စဥ္းစားမိသြားေတာ့ သူမစိတ္ထဲမွာ ထူးဆန္းသလို ခံစားလာရတယ္။
ေခ်ာင္လန္က ကိုယ္လက္သန္႔စင္ၿပီးလို႔ အေဆာင္ခန္းထဲ ျပန္ေရာက္လာေတာ့ မီးေတြပိတ္ၿပီးသြားတာေတာင္ အားလုံးက စကားေတြေျပာေနၾကတုန္းပဲ။
သူတို႔က စကားေျပာေနၾကရင္းကေန ဘယ္ကေနဘယ္လိုေရာက္သြားတယ္မသိဘူး ေခါင္းစဥ္က ထန္းေမာ့ အေၾကာင္းျဖစ္သြားတယ္။
ရွန္းေရွာင္ဟန္က သူမရဲ႕အားက်မႈကို ဖုံးကြယ္မထားႏိုင္ေတာ့ဘူး။ " ထန္းေမာ့က ေခ်ာင္လန္႔အတြက္ အသီးေတြ ခဏခဏယူလာေပးတယ္ေနာ္။ ေခ်ာင္လန္ နင္နဲ႔ ထန္းေမာ့က ဘယ္လိုကေန ခင္သြားတာလဲ။ "
သူတို႔က ဘယ္လိုကေနခင္သြားတာလဲ?
" ငါက သူ႔ကိုေန႔တိုင္းေန႔ သြားသြားၿပီး စကားေျပာတယ္ေလ။ ၿပီးေတာ့ ေန႔တိုင္းေန႔သြားၿပီး ႏႈတ္ဆက္တယ္ေလ။ သူက ေျဖးေျဖးခ်င္းေနသားက်သြားၿပီး ငါတို႔ သူငယ္ခ်င္းျဖစ္သြားတာေလ။ "
" နင္က ထန္းေမာ့ကို အရင္စကားသြားေျပာတာလား "
" အင္း " ေခ်ာင္လန္ကသူမပစၥည္းေတြကို သိမ္းလိုက္ၿပီး ကုတင္ေပၚတက္လိုက္တယ္။ " တစ္ကယ္ေတာ့ ထန္းေမာ့က အရမ္းေကာင္းတဲ့သူတစ္ေယာက္ပါ။ အစပိုင္းမွာ သူနဲ႔ စကားေျပာဆိုရတာ နည္းနည္းခက္တာပဲ ရွိတာ။ နင္တို႔ သူနဲ႔ ေကာင္းေကာင္းသိသြားလို႔ရွိရင္ သူဘယ္ေလာက္ေကာင္းလဲဆိုတာ နင္တို႔ သိသြားလိမ့္မယ္။ "
ပိုင္ယြီက ထန္းေမာ့ရဲ႕ ေအးစက္ေနတဲ့ မ်က္လုံးေတြကို သတိရသြားၿပီး ေခ်ာင္လန္႔ကို ေခါင္းယမ္းျပလိုက္တယ္။ " ဟင့္အင္း ငါေတာ့ သူ႔ကို ေၾကာက္တယ္။ "
ေခ်ာင္လန္က အၾကာႀကီး ရယ္လိုက္တယ္။ " နင္က ဘာေတြေၾကာက္ေနတာလဲ "
" ငါ အရင္တုန္းက သူ႔ကို သြားသြား ႏႈတ္ဆက္ဖူးတယ္။ ၂ခါ ၃ခါေလာက္သြားေျပာဖူးတယ္။ ဒါေပမဲ့ ဘာတုံ႔ျပန္မႈမွ မရခဲ့ဘူးေလ။ " ရွန္းေရွာင္ဟန္က ေျပာလိုက္တယ္။
" သူက တစ္ေယာက္ေယာက္ကို လက္ခံဖို႔က အခ်ိန္ေတာ့ၾကာတယ္။ ငါကသူ႔ကို ၁လနီးပါးေလာက္ သြားႏႈတ္ဆက္ခဲ့တာေလ။ အဲ့က်မွ သူက စကားျပန္ေျပာခဲ့တာ။ "
ပိုင္ယြီက ေခ်ာင္လန္႔ကို တအံ့တဩနဲ႔ ၾကည့္လိုက္ၿပီး စိတ္ရင္းနဲ႔ ေျပာလိုက္တယ္။ " နင္က အရမ္းေလးစားဖို႔ ေကာင္းတာပဲ "
ရွန္းေရွာင္ဟန္က အၾကာႀကီးတိတ္ဆိတ္သြားတယ္။ ႐ုတ္တရက္ သူမက ေျပာလိုက္တယ္။ " ငါၾကားတာေတာ့ ထန္းေမာ့မိသားစု အေျခအေနက အရမ္းေကာင္းတဲ့ ပုံေပၚတယ္တဲ့။ "
ေခ်ာင္လန္က မ်က္ေမွာင္က်ဳံ႕လိုက္တယ္။ " ငါမသိဘူး "
" ထန္းေမာ့ကို ေန႔တိုင္းေန႔ လာလာႀကိဳတဲ့ ကားက အရမ္းေဈးႀကီးတာပဲလို႔ ငါၾကားတာပဲ။ " ရွန္းေရွာင္ဟန္က စကားဆက္ေျပာလိုက္တယ္။ သူမက ကုတင္ေပၚလဲလိုက္ၿပီး ေခ်ာင္လန္႔ကိုေမးလိုက္တယ္။ " ေခ်ာင္လန္ ထန္းေမာ့က တစ္ျခားသူေတြအေပၚေကာင္းသြားၿပီး သူတို႔နဲ႔ ရင္းႏီွးသြားမွာ နင္မေၾကာက္ဘူးလား "
ေခ်ာင္လန္ မ်က္ေမွာင္က်ဳံ႕လိုက္တယ္။ ရန္းေရာင္ဟန္က ဘာလို႔ ဒီလိုထူးဆန္းတဲ့စကားေတြကို ေျပာေနတာပါလိမ့္။ သူမက စကားျပန္မေျပာဖို႔ ဆုံးျဖတ္ခဲ့တယ္။
သူမနဲ႔ ဆန္႔က်င္ဘက္ပဲ ပိုင္ယြီကေတာ့ တိုက္႐ိုက္ပဲ ေျပာခ်လိုက္တယ္။ " ရွန္းေရွာင္ဟန္ နင္တစ္ခုခုျဖစ္ေနတာေတာ့ မဟုတ္ပါဘူးေနာ္။ လန္လန္နဲ႔ ထန္းေမာ့နဲ႔က ဒီတိုင္း သူငယ္ခ်င္းေတြပဲဟာကို။ သူတို႔က တြဲေနၾကတာမွ မဟုတ္တာ။ "
ရွန္းေရွာင္ဟန္က ႏွာရႈံ႕လိုက္ၿပီး ပိုင္ယြီ႕ကို ျပန္မေျပာခဲ့ဘူး။ အဲ့အစား သူမက ေစာင္ထဲကို ဝင္လိုက္ၿပီး ဖုန္းကိုၾကည့္ေနလိုက္တယ္။
အားလုံးက အေဆာင္ေနတာ ၾကာလာေတာ့ အားလုံးက ကိုယ္စီကိုယ္စီ တိက်တဲ့လူေတြနဲ႔ပဲ ခင္လာၾကတယ္။ ၿပီးေတာ့ အဖြဲေသးေသးေလးေတြလဲ တေျဖးေျဖး ေပၚလာခဲ့တယ္။
အစတုန္းကေတာ့ ေခ်ာင္လန္က ရွန္းေရွာင္ဟန္အေပၚကို အေတာ္ေလး impression ေကာင္းခဲ့တယ္။ ဘာပဲေျပာေျပာ ထန္းေမာ့ကို အရင္စကားစေျပာရဲတာဆိုလို႔ လူအနည္းငယ္ပဲ ရွိတာေလ။ ဒါေပမဲ့ ၁လနီးပါးေလာက္ၾကာေတာ့ ေခ်ာင္လန္က ရွန္းေရွာင္ဟန္ကို သိပ္မၾကည္ေတာ့ဘူး။
သူမက ထန္းေမာ့ကို သူငယ္ခ်င္းေတြအမ်ားႀကီးရွိလာေစခ်င္တယ္။ ၿပီးေတာ့ လူေတြအမ်ားႀကီးနဲ႔လဲ သိလာေစခ်င္တယ္။ ပိုင္ယြီလို ေဖးနင္လို႔ လူမ်ိဳးေတြေပါ့။ သူတို႔က အရမ္းေကာင္းတဲ့ သူငယ္ခ်င္းေတြေလ။ ဒါေပမဲ့ ရွန္ေရွာင္ဟန္ကိုေတာ့...... သူမကိုေတာ့ လႊတ္ထားလိုက္တာ ေကာင္းပါတယ္။
လူစစ္တဲ့ ဆရာမက သူတို႔အခန္းကေန ျဖတ္သြားၿပီးေတာ့ အားလုံးက ဒီတိုင္းပဲ စကားေတြထပ္ေျပာေနၾကတယ္။ ပိုင္ယြီက ေခ်ာင္လန္႔ကို မနက္ျဖန္က် ဝတ္ရမဲ့ အက်ႌသြားယူရမွာလားလို႔ ေမးလိုက္တယ္။
" အင္း " ေခ်ာင္လန္က ေျပာလိုက္တယ္။ " ဘယ္လို အဝတ္အစားမ်ိဳးလဲဆိုတာေတာ့ ငါလဲ မသိေသးဘူး "
" စကပ္အတိုေလ " ပိုင္ယြီက အရမ္းစိတ္လႈပ္ရွားေနတယ္။ " ဒီႏွစ္ေတာ့ ဘာအေရာင္လဲ ဆိုတာေတာ့ ငါမသိဘူး။ ဒါေပမဲ့ မႏွစ္က အပန္းေရာင္ဆိုတာေတာ့ ငါမွတ္မိတယ္။ နင္မနက္ျဖန္က် ေတြ႕ရလိမ့္မယ္။ အဲ့တာေၾကာင့္ စိတ္ပူမေနနဲ႔။ "
ေခ်ာင္လန္က ၿပဳံးလိုက္တယ္။ " ဘာလို႔ နင္က ငါ့ထက္ပိုၿပီး စိတ္လႈပ္ရွားေနတယ္လို႔ ငါထင္ေနရတာပါလိမ့္။ "
---------------