Unicode
ဒီလိုအကြည့်နောက်ဆုံးအကြိမ်ပေါ်လာတာက ချောင်လန်က ထန်းမော့ကို အနောက်တိုင်းစားသောက်ဆိုင်ကိုမလာနဲ့တော့ လို့ပြောလိုက်တဲ့အချိန်တုန်းကလေ။ အဲ့တာက ဟိုးးးအရင်တုန်းကကြီးကို။
ချောင်လန်က ရုတ်တရက်လန့်သွားပြီး ထန်းမော့ လက်မောင်းကို သူ့အလိုလိုဆွဲလိုက်မိတယ်။ " နင်ဘာဖြစ်လို့လဲ "
ထန်းမော့က သူမကို ၂စက္ကန့်၃စက္ကန့်လောက် စိုက်ကြည့်နေပြီး ရုတ်တရက် နိုးလာသလိုမျိုး ဖြစ်သွားတယ်။
ဒီစာသင်ခန်းက ချောင်လန့်အတွက်အရမ်းကောင်းတယ်။ ပထမနှစ်တုန်းကလို သူမကို မခင်တဲ့အတန်းဖော်တွေလဲ မရှိဘူး။ ဒီအတန်းဖော်တွေက ချောင်လန့်ကိုဆို အရမ်းအားတက်သရော ကြိုဆိုကြတာကို ထန်းမော့တောင် မြင်နိုင်နေတယ်။ အထူးသဖြင့် ကောင်လေးတွေပေါ့။
ချောင်လန့်ရဲ့ထိုင်ခုံပတ်ပတ်လည်မှာ ပထမနှစ်တုန်းကလို သူမနားမှာရှိနေတာက ဖေးနင်တစ်ယောက်ထဲ မဟုတ်တော့ဘူး။ အခု နေ့တိုင်းနေ့ အတန်းပြီးပြီဆိုရင် သူမနားမှာ အကြောင်းပြချက်မျိုးစုံနဲ့ လာစုနေကြတဲ့လူတွေအများကြီး ရှိနေတယ်။ ချောင်လန့်ကို စကားလာလာပြောကြတဲ့ လူအရေအတွက်က ရုတ်တရက်ကြီး တိုးလာခဲ့တယ်။ အခန်း၁၃တုန်းက စုန့်ယောင်လိုပဲ။
ထန်းမော့က မတုံးဘူး။ သူက ခံစားချက်တွေကို သိပ်နားမလည်ဘူးဆိုပေမဲ့ ချောင်လန်က အခန်း၁၃တုန်းက နာမည်မကြီးဘူးဆိုတာ သူသိတယ်။ ပြီးတော့ သူမက အပယ်တောင်ခံခဲ့ရသေးတာ။
လူ၂ယောက်က တူညီတဲ့အခြေအနေတွေထဲမှာ ဆိုရင် သူတို့က အမြဲတမ်း ရင်းနီးတဲ့ ခံစားချက်တစ်ခု သူ့အလိုလို ခံစားရတယ်။ သူတို့၂ယောက်လုံးက နာမည်မကြီးဘူး။ ပြီးတော့ တစ်ခြားသူငယ်ချင်းလဲ မရှိကြဘူး။ အဲ့တာကြောင့် တစ်ခြားဘယ်သူမှ ဝင်မလာနိုင်တဲ့ သူတို့၂ယောက်ထဲပဲရှိတဲ့ သီးသန့်ကမ္ဘာထဲရောက်နေတယ်လို့ ထင်ယောင်ထင်မှား ဖြစ်နိုင်တယ်။ အဲ့တာကြောင့် ဖေးနင်က နေ့တိုင်းနေ့ ချောင်လန့်ကို စကားလာပြောရင်တောင် ထန်းမော့က ဖေးနင်ကို တစ်ကယ်ကြီး မမုန်းပါဘူး။
ဒါပေမဲ့ အခုတော့ အရာအားလုံးက မတူညီတော့ဘူး။
တစ်နေ့ပြီးတစ်နေ့ သူနဲ့ ချောင်လန်နဲ့ ကြားထဲကို နာမည်မျိုးစုံက ဖြေးဖြေးချင်းနေရာယူလာတာကို ထန်းမော့သိလာတယ်။
ကောင်လေးတွေရော ကောင်မလေးတွေရောပဲ။
ဒါပေမဲ့ ထန်းမော့ကို ပိုပြီး စိတ်ညစ်စေတာက ဘာလဲဆိုတော့ ဒါတွေအားလုံးက သူလုပ်ခဲ့တဲ့ အကျိုးရလဒ်တစ်ခုဖြစ်နေတာပဲ။
တစ်ခါတုန်းက သူမ ကောင်းတာကို တစ်ခြားသူတွေက မမြင်နိုင်လို့ သူက မတရားဘူးလို့ ခံစားခဲ့ရဖူးတယ်။ အဲ့တာကြောင့် သူက ၁နှစ်ကျော်လောက် အချိန်ကုန်ခံပြီး ချောင်လန့်ကို အများကြီးကျွေးခဲ့တယ်။ ချောင်လန် ဘယ်လောက်ကောင်းလဲဆိုတာ မသိတဲ့လူတွေကို သူမဘယ်လောက်တောင်ကောင်းကြောင်း သူက လူတွေကို မြင်စေချင်ခဲ့တယ်။
အခု သူဆန္ဒရှိတဲ့အတိုင်း အားလုံးက သူမအလှကို မြင်သွားကြပြီလေ။
ဒါပေမဲ့ သူတစ်ခုကို မေ့သွားခဲ့တယ်။ အဲ့တာကတော့ လူအားလုံးက လှပတဲ့ အရာတွေကို နှစ်သက်တောင့်တကြတယ်ဆိုတာကိုပဲ။ တစ်ချို့လူတွေက ချောင်လန်ကောင်းတာကို ရှာတွေ့သွားကြပြီး သူမနဲ့ နီးကပ်ဖို့ ကြိုးစားလာကြတယ်။ သူ့လိုပဲပေါ့။
ထန်းမော့က သူ့အင်္ကျီလက်ပေါ်က ချောင်လန့်လက်ကို ငုံ့ကြည့်လိုက်တယ်။ သူက လက်ကိုဆန့်ထုတ်လိုက်တယ်။ ဒါပေမဲ့ ရုတ်တရက် တစ်ခုခုကို တွေးမိသွားပြီး လက်ကို ပြန်ရုတ်လိုက်တယ်။
အဲ့အခိုက်အတန့်မှာ သူတစ်ကယ်ပဲ သူမလက်ကို ဆုပ်ကိုင်လိုက်ချင်နေတယ်။
သူက အဲ့လိုအတွေးမျိုးဝင်လာပေမဲ့ ဘာလို့ အဲ့လိုမလုပ်ခဲ့မိတာလဲဆိုတာ သူတစ်ကယ် မသိတော့ဘူး။ သူ့စိတ်ထဲက အသံတစ်ခုကပြောနေတယ် အဲ့တာက မဖြစ်နိုင်ဘူးတဲ့လေ။ အဲ့တစ်ခုပဲ သူသိတော့တယ်။
ထန်းမော့က ဟောင်ရင့်ကို ပထမဆုံးနေ့ကထဲက မှတ်မိခဲ့တာ။
ချောင်လန့်ဘေးမှာ စကားပြောရင်း ရယ်ရင်းမောရင်းနဲ့ လမ်းလျှောက်ခဲ့ဖူးတဲ့ တက်ကြွပြီး ကျန်းမာတဲ့ ကောင်လေးလေ။ သူက အခုတလော ချောင်လန့်အနီးတစ်ဝိုက်မှာ ပေါ်ပေါ်လာတယ်။
သူ့ကိုယ်သူ ပြောနေမိတယ် ဟောင်ရင့်အကြောင်း မစဥ်းစားဖို့၊ ဟောင်ရင်ခုနက ပြောလိုက်တဲ့ဟာကို မတွေးနေဖို့ကိုပေါ့။ သူက ချောင်လန့်မျက်နှာကို ပြန်ကြည့်လိုက်ပြီး ပြောလိုက်တယ်။ " ဘာမှမဖြစ်ပါဘူး "
ချောင်လန်က သူ့ကို ဘယ်လိုပြုံးရမလဲဆိုတာ သင်ပေးပြီးကထဲက ချောင်လန့်ကို ပျော်ရွှင်အောင်လုပ်ဖို့အတွက် သူမှန်ထဲမှာ ဘယ်နှခါလောက် အပြုံးကျင့်ခဲ့လဲဆိုတာတောင် သူမသိတော့ဘူး။ အဲ့ဒီ့နောက်မှာ သူက ဒီမျက်နှာအမူအရာကို နှုတ်ခမ်းထောင့်လေးတွေကို မြင့်လိုက်ရုံနဲ့ပဲ ကျွမ်းကျွမ်းကျင်ကျင်လုပ်တက်နေပြီလေ။ ပြီးတော့ အခုဆို အဲ့တာက သူတောင်မသိလိုက်ဘဲ မသိစိတ်ကနေတောင် လုပ်နိုင်နေပြီလေ။
ချောင်လန်က သူပြုံးတာကို ကြည့်လိုက်တယ်။ ဒါပေမဲ့ ထန်းမော့ရဲ့လက်မောင်းကို ကိုင်ထားတုန်းပဲ။ သူ့ကို စိတ်လျှော့လို့ပြောပေးနေတဲ့ အတိုင်းပဲ။
သူမက ထန်းမော့နဲ့၂လနီးပါးလောက် တစ်နေရာထဲမှာ အတူနေလာခဲ့တာ။ သူမတောင် သတိမထားလိုက်မိပဲ လုပ်လိုက်မိတဲ့ တရင်းတနီး ကိုင်တာ ထိတာတွေ အများကြီးပဲ ရှိတာ အမှန်ပဲလေ။ သူမက ထန်းမော့ခြေထောက်တွေကိုတောင် ကူနှိပ်ပေးဖူးတာပဲကို။ အဲ့တာကြောင့် ဒီလိုအပြုအမူက ဘာမှထူးဆန်းနေတာ မရှိဘူးလေ..
ဘေးမှာ စကားပြောနေတဲ့ ဟောင်ရင်က ထန်းမော့ရဲ့ အေးစက်နေတဲ့ မျက်နှာက ချောင်လန့်ရဲ့ ပြုံးနေတဲ့ မျက်နှာနဲ့ မျက်နှာချင်းဆိုင်နေတာရယ် ပြီးတော့ ချောင်လန့်ရဲ့ ညာဘက်လက်က ထန်းမော့ကိုယ်ပေါ်ရောက်နေတာရယ်ကို တွေ့လိုက်ရတယ်။ အဲ့ကျ သူစကားပြောနေတာက အချိန်ခဏလောက်ရပ်သွားခဲ့တယ်။
ဒါပေမဲ့ အဲ့တာလဲပြီးရော သူက အကြည့်လွှဲလိုက်ပြီး စကားဆက်ပြောနေတယ်။
------------
ချောင်လန် ချောင်မိသားစုအိမ်ကထွက်လာခဲ့တာ နှစ်ဝက်လောက်ရှိပြီ။ ဒီအချိန်အတွင်းမှာ အတန်းပိုင်ဆရာက အမေချောင်က သူမကို တစ်ခါဆက်သွယ်လာတယ်လို့ပြောတဲ့ တစ်ခေါက်ကလွဲလို့ ချောင်လန်နဲ့ ချောင်မိသားစုနဲ့က အဆက်အသွယ်မရှိခဲ့ကြဘူး။
သူမက ပုံမန်ဆို ကျောင်းကအဆောင်မှာပဲနေလေ့ရှိတယ်။ ဒါပေမဲ့ စနေ တနင်္ဂနွေတွေမှာတော့ အန်တီချန်က သူမကို ထမင်းစားဖို့ အိမ်ကို ခေါ်လေ့ရှိတယ်။
အခုလက်ရှိက ပိတ်ရက်ကို ရောက်လာပြန်ပြီ။ ချောင်လန်နဲ့ အဆောင်မှာ ဆက်ဆံရေးကောင်းတဲ့ ပိုင်ယွီက သူမကို ဒီတိုင်းပဲ မေးလိုက်တယ်။ " နင်အိမ်ပြန်မလို့လား "
" အင်း " တစ်ကယ်တော့ သူမက ထန်းမော့အိမ်ကို သွားမလို့ပါ။
ပိုင်ယွီက သူမပစ္စည်းတွေကို အမြန်ထုတ်ပိုးနေတယ်။ " နောက်အပတ်ကျ ငါ့အိမ်ကိုသွားရအောင်။ ငါ့အမေကပြောတယ် နင့်ကို တွေ့ချင်လို့တဲ့။ "
" နင်..... နင့်အမေကို ဘာပြောထားသေးလဲ "
ပိုင်ယွီက မျက်စိမှိတ်ပြလိုက်တယ်။ " ငါက ဒီတိုင်းပြောလိုက်တာပါ။ သမီးအပေါ်က ကုတင်မှာအိပ်တဲ့ ကောင်မလေးက သမီးတို့တစ်နှစ်လုံးမှာ အချောဆုံးကောင်မလေးပဲလို့ လေ။ "
ချောင်လန် တံတွေးတောင်သီးမလိုဖြစ်သွားရတယ်။ " အာ. အဲ့လိုကြီးမပြောစမ်းပါနဲ့ဟာ။ အဲ့တာကို ကြားလိုက်တိုင်း ငါကြက်သီးထထလာတယ်။ "
" နင်က ဘာတွေကြောက်နေတာလဲ။ ငါက အမှန်တွေပြောနေတာပဲဟာကို။ " ပိုင်ယွီက ပြောလိုက်တယ်။ " ငါအရင်ပြန်တော့မယ်။ နင်အိမ်ကိုရောက်ရင် နောက်အပတ်ကျ ငါ့အိမ်ကို သွားမှာလို့ နင့်မိဘတွေကို ပြောဖို့ မမေ့နဲ့ဦးနော်။ "
" အင်းပါ " ချောင်လန်က တာ့တာပြလိုက်ပြီး သူမပစ္စည်းတွေကို ကျောင်းလွယ်အိတ်ထဲကို ထည့်သိမ်းနေတယ်။ ခဏကြာတော့ သူမကျောင်းပေါက်ဝကို ရောက်သွားတယ်။ အဲ့မှာ ဦးလေးချန်နဲ့ ထန်းမော့တို့က ကားထဲမှာ သူမကို စောင့်နေနှင့်ကြနေပြီ။
ကားပေါ်တက်လိုက်ပြီး ဦးလေးချန်နဲ့ ချောင်လန်တို့က စကားပြောကြတယ်။ ထန်းမော့က အရင်လိုပဲ သူတို့စကားပြောတာကို ငြိမ်ငြိမ်လေး နားထောင်နေခဲ့တယ်။ ခဏကြာတော့ ချောင်လန်က ပိုင်ယွီဖိတ်ထားတာကို သတိရသွားခဲ့တယ်။ ဘေးကိုလှည့်လိုက်ပြီး ထန်းမော့နဲ့ ဦးလေးချန်တို့ကိုပြောလိုက်တယ်။ " ငါမေ့သွားတော့မလို့။ နောက်အပတ်ကျရင် သွားစရာတစ်ခုရှိလို့ ငါဒီကို မလာတော့ဘူးနော်။ "
" ဘာဖြစ်လို့လဲ " ထန်းမော့က ခေါင်းကိုလှည့်လိုက်ပြီး သူမကိုမေးလိုက်တယ်။
ဦးလေးချန်က နောက်ကြည့်မှန်ကနေ ချောင်လန့်ကို တစ်ချက်လှမ်းကြည့်လိုက်ပြီး မေးလိုက်တယ်။ " သမီးမိဘတွေက ခေါ်လို့လား "
" အဲ့တာမဟုတ်ပါဘူး " ချောင်လန်က ပြောလိုက်တယ်။ " သမီးအခန်းဖော်တစ်ယောက်က နောက်အပတ်ကျ သူမအိမ်ကို လိုက်လည်ဖို့ ဖိတ်ထားလို့ပါ။ "
" အာ..... အဲ့လိုကိုး။ " ဦးလေးချန်က ခေါင်းငြိမ့်လိုက်တယ်။ " ကောင်းတာပေါ့။ သမီးတို့လူငယ်တွေက သူငယ်ချင်းများများ ထားသင့်တယ်။ "
အောက်မှာဖွက်ထားတဲ့ ထန်းမော့လက်တွေက ခုံကို အားနဲ့ ကုတ်ခြစ်မိသွားတယ်။ သူက ကားပြတင်းပေါက်ကနေ ဖြတ်သွားတဲ့ ရှုခင်းကို တိတ်ဆိတ်စွာ ကြည့်နေခဲ့တယ်။ သူဘာတွေတွေးနေတာလဲဆိုတာ ဘယ်သူမှ မသိကြဘူး။
Zawgyi
ဒီလိုအၾကည့္ေနာက္ဆုံးအႀကိမ္ေပၚလာတာက ေခ်ာင္လန္က ထန္းေမာ့ကို အေနာက္တိုင္းစားေသာက္ဆိုင္ကိုမလာနဲ႔ေတာ့ လို႔ေျပာလိုက္တဲ့အခ်ိန္တုန္းကေလ။ အဲ့တာက ဟိုးအရင္တုန္းကႀကီးကို။
ေခ်ာင္လန္က ႐ုတ္တရက္လန္႔သြားၿပီး ထန္းေမာ့ လက္ေမာင္းကို သူ႔အလိုလိုဆြဲလိုက္မိတယ္။ " နင္ဘာျဖစ္လို႔လဲ "
ထန္းေမာ့က သူမကို ၂စကၠန္႔၃စကၠန္႔ေလာက္ စိုက္ၾကည့္ေနၿပီး ႐ုတ္တရက္ ႏိုးလာသလိုမ်ိဳး ျဖစ္သြားတယ္။
ဒီစာသင္ခန္းက ေခ်ာင္လန္႔အတြက္အရမ္းေကာင္းတယ္။ ပထမႏွစ္တုန္းကလို သူမကို မခင္တဲ့အတန္းေဖာ္ေတြလဲ မရွိဘူး။ ဒီအတန္းေဖာ္ေတြက ေခ်ာင္လန္႔ကိုဆို အရမ္းအားတက္သေရာ ႀကိဳဆိုၾကတာကို ထန္းေမာ့ေတာင္ ျမင္ႏိုင္ေနတယ္။ အထူးသျဖင့္ ေကာင္ေလးေတြေပါ့။
ေခ်ာင္လန္႔ရဲ႕ထိုင္ခုံပတ္ပတ္လည္မွာ ပထမႏွစ္တုန္းကလို သူမနားမွာရွိေနတာက ေဖးနင္တစ္ေယာက္ထဲ မဟုတ္ေတာ့ဘူး။ အခု ေန႔တိုင္းေန႔ အတန္းၿပီးၿပီဆိုရင္ သူမနားမွာ အေၾကာင္းျပခ်က္မ်ိဳးစုံနဲ႔ လာစုေနၾကတဲ့လူေတြအမ်ားႀကီး ရွိေနတယ္။ ေခ်ာင္လန္႔ကို စကားလာလာေျပာၾကတဲ့ လူအေရအတြက္က ႐ုတ္တရက္ႀကီး တိုးလာခဲ့တယ္။ အခန္း၁၃တုန္းက စုန္႔ေယာင္လိုပဲ။
ထန္းေမာ့က မတုံးဘူး။ သူက ခံစားခ်က္ေတြကို သိပ္နားမလည္ဘူးဆိုေပမဲ့ ေခ်ာင္လန္က အခန္း၁၃တုန္းက နာမည္မႀကီးဘူးဆိုတာ သူသိတယ္။ ၿပီးေတာ့ သူမက အပယ္ေတာင္ခံခဲ့ရေသးတာ။
လူ၂ေယာက္က တူညီတဲ့အေျခအေနေတြထဲမွာ ဆိုရင္ သူတို႔က အၿမဲတမ္း ရင္းႏီွးတဲ့ ခံစားခ်က္တစ္ခု သူ႔အလိုလို ခံစားရတယ္။ သူတို႔၂ေယာက္လုံးက နာမည္မႀကီးဘူး။ ၿပီးေတာ့ တစ္ျခားသူငယ္ခ်င္းလဲ မရွိၾကဘူး။ အဲ့တာေၾကာင့္ တစ္ျခားဘယ္သူမွ ဝင္မလာႏိုင္တဲ့ သူတို႔၂ေယာက္ထဲပဲရွိတဲ့ သီးသန္႔ကမာၻထဲေရာက္ေနတယ္လို႔ ထင္ေယာင္ထင္မွား ျဖစ္ႏိုင္တယ္။ အဲ့တာေၾကာင့္ ေဖးနင္က ေန႔တိုင္းေန႔ ေခ်ာင္လန္႔ကို စကားလာေျပာရင္ေတာင္ ထန္းေမာ့က ေဖးနင္ကို တစ္ကယ္ႀကီး မမုန္းပါဘူး။
ဒါေပမဲ့ အခုေတာ့ အရာအားလုံးက မတူညီေတာ့ဘူး။
တစ္ေန႔ၿပီးတစ္ေန႔ သူနဲ႔ ေခ်ာင္လန္နဲ႔ ၾကားထဲကို နာမည္မ်ိဳးစုံက ေျဖးေျဖးခ်င္းေနရာယူလာတာကို ထန္းေမာ့သိလာတယ္။
ေကာင္ေလးေတြေရာ ေကာင္မေလးေတြေရာပဲ။
ဒါေပမဲ့ ထန္းေမာ့ကို ပိုၿပီး စိတ္ညစ္ေစတာက ဘာလဲဆိုေတာ့ ဒါေတြအားလုံးက သူလုပ္ခဲ့တဲ့ အက်ိဳးရလဒ္တစ္ခုျဖစ္ေနတာပဲ။
တစ္ခါတုန္းက သူမ ေကာင္းတာကို တစ္ျခားသူေတြက မျမင္ႏိုင္လို႔ သူက မတရားဘူးလို႔ ခံစားခဲ့ရဖူးတယ္။ အဲ့တာေၾကာင့္ သူက ၁ႏွစ္ေက်ာ္ေလာက္ အခ်ိန္ကုန္ခံၿပီး ေခ်ာင္လန္႔ကို အမ်ားႀကီးေကြၽးခဲ့တယ္။ ေခ်ာင္လန္ ဘယ္ေလာက္ေကာင္းလဲဆိုတာ မသိတဲ့လူေတြကို သူမဘယ္ေလာက္ေတာင္ေကာင္းေၾကာင္း သူက လူေတြကို ျမင္ေစခ်င္ခဲ့တယ္။
အခု သူဆႏၵရွိတဲ့အတိုင္း အားလုံးက သူမအလွကို ျမင္သြားၾကၿပီေလ။
ဒါေပမဲ့ သူတစ္ခုကို ေမ့သြားခဲ့တယ္။ အဲ့တာကေတာ့ လူအားလုံးက လွပတဲ့ အရာေတြကို ႏွစ္သက္ေတာင့္တၾကတယ္ဆိုတာကိုပဲ။ တစ္ခ်ိဳ႕လူေတြက ေခ်ာင္လန္ေကာင္းတာကို ရွာေတြ႕သြားၾကၿပီး သူမနဲ႔ နီးကပ္ဖို႔ ႀကိဳးစားလာၾကတယ္။ သူ႔လိုပဲေပါ့။
ထန္းေမာ့က သူ႔အက်ႌလက္ေပၚက ေခ်ာင္လန္႔လက္ကို ငုံ႔ၾကည့္လိုက္တယ္။ သူက လက္ကိုဆန္႔ထုတ္လိုက္တယ္။ ဒါေပမဲ့ ႐ုတ္တရက္ တစ္ခုခုကို ေတြးမိသြားၿပီး လက္ကို ျပန္႐ုတ္လိုက္တယ္။
အဲ့အခိုက္အတန္႔မွာ သူတစ္ကယ္ပဲ သူမလက္ကို ဆုပ္ကိုင္လိုက္ခ်င္ေနတယ္။
သူက အဲ့လိုအေတြးမ်ိဳးဝင္လာေပမဲ့ ဘာလို႔ အဲ့လိုမလုပ္ခဲ့မိတာလဲဆိုတာ သူတစ္ကယ္ မသိေတာ့ဘူး။ သူ႔စိတ္ထဲက အသံတစ္ခုကေျပာေနတယ္ အဲ့တာက မျဖစ္ႏိုင္ဘူးတဲ့ေလ။ အဲ့တစ္ခုပဲ သူသိေတာ့တယ္။
ထန္းေမာ့က ေဟာင္ရင့္ကို ပထမဆုံးေန႔ကထဲက မွတ္မိခဲ့တာ။
ေခ်ာင္လန္႔ေဘးမွာ စကားေျပာရင္း ရယ္ရင္းေမာရင္းနဲ႔ လမ္းေလွ်ာက္ခဲ့ဖူးတဲ့ တက္ႂကြၿပီး က်န္းမာတဲ့ ေကာင္ေလးေလ။ သူက အခုတေလာ ေခ်ာင္လန္႔အနီးတစ္ဝိုက္မွာ ေပၚေပၚလာတယ္။
သူ႔ကိုယ္သူ ေျပာေနမိတယ္ ေဟာင္ရင့္အေၾကာင္း မစဥ္းစားဖို႔၊ ေဟာင္ရင္ခုနက ေျပာလိုက္တဲ့ဟာကို မေတြးေနဖို႔ကိုေပါ့။ သူက ေခ်ာင္လန္႔မ်က္ႏွာကို ျပန္ၾကည့္လိုက္ၿပီး ေျပာလိုက္တယ္။ " ဘာမွမျဖစ္ပါဘူး "
ေခ်ာင္လန္က သူ႔ကို ဘယ္လိုၿပဳံးရမလဲဆိုတာ သင္ေပးၿပီးကထဲက ေခ်ာင္လန္႔ကို ေပ်ာ္႐ႊင္ေအာင္လုပ္ဖို႔အတြက္ သူမွန္ထဲမွာ ဘယ္ႏွခါေလာက္ အၿပဳံးက်င့္ခဲ့လဲဆိုတာေတာင္ သူမသိေတာ့ဘူး။ အဲ့ဒီ့ေနာက္မွာ သူက ဒီမ်က္ႏွာအမူအရာကို ႏႈတ္ခမ္းေထာင့္ေလးေတြကို ျမင့္လိုက္႐ုံနဲ႔ပဲ ကြၽမ္းကြၽမ္းက်င္က်င္လုပ္တက္ေနၿပီေလ။ ၿပီးေတာ့ အခုဆို အဲ့တာက သူေတာင္မသိလိုက္ဘဲ မသိစိတ္ကေနေတာင္ လုပ္ႏိုင္ေနၿပီေလ။
ေခ်ာင္လန္က သူၿပဳံးတာကို ၾကည့္လိုက္တယ္။ ဒါေပမဲ့ ထန္းေမာ့ရဲ႕လက္ေမာင္းကို ကိုင္ထားတုန္းပဲ။ သူ႔ကို စိတ္ေလ်ာ့လို႔ေျပာေပးေနတဲ့ အတိုင္းပဲ။
သူမက ထန္းေမာ့နဲ႔၂လနီးပါးေလာက္ တစ္ေနရာထဲမွာ အတူေနလာခဲ့တာ။ သူမေတာင္ သတိမထားလိုက္မိပဲ လုပ္လိုက္မိတဲ့ တရင္းတနီး ကိုင္တာ ထိတာေတြ အမ်ားႀကီးပဲ ရွိတာ အမွန္ပဲေလ။ သူမက ထန္းေမာ့ေျခေထာက္ေတြကိုေတာင္ ကူႏွိပ္ေပးဖူးတာပဲကို။ အဲ့တာေၾကာင့္ ဒီလိုအျပဳအမူက ဘာမွထူးဆန္းေနတာ မရွိဘူးေလ..
ေဘးမွာ စကားေျပာေနတဲ့ ေဟာင္ရင္က ထန္းေမာ့ရဲ႕ ေအးစက္ေနတဲ့ မ်က္ႏွာက ေခ်ာင္လန္႔ရဲ႕ ၿပဳံးေနတဲ့ မ်က္ႏွာနဲ႔ မ်က္ႏွာခ်င္းဆိုင္ေနတာရယ္ ၿပီးေတာ့ ေခ်ာင္လန္႔ရဲ႕ ညာဘက္လက္က ထန္းေမာ့ကိုယ္ေပၚေရာက္ေနတာရယ္ကို ေတြ႕လိုက္ရတယ္။ အဲ့က် သူစကားေျပာေနတာက အခ်ိန္ခဏေလာက္ရပ္သြားခဲ့တယ္။
ဒါေပမဲ့ အဲ့တာလဲၿပီးေရာ သူက အၾကည့္လႊဲလိုက္ၿပီး စကားဆက္ေျပာေနတယ္။
------------
ေခ်ာင္လန္ ေခ်ာင္မိသားစုအိမ္ကထြက္လာခဲ့တာ ႏွစ္ဝက္ေလာက္ရွိၿပီ။ ဒီအခ်ိန္အတြင္းမွာ အတန္းပိုင္ဆရာက အေမေခ်ာင္က သူမကို တစ္ခါဆက္သြယ္လာတယ္လို႔ေျပာတဲ့ တစ္ေခါက္ကလြဲလို႔ ေခ်ာင္လန္နဲ႔ ေခ်ာင္မိသားစုနဲ႔က အဆက္အသြယ္မရွိခဲ့ၾကဘူး။
သူမက ပုံမန္ဆို ေက်ာင္းကအေဆာင္မွာပဲေနေလ့ရွိတယ္။ ဒါေပမဲ့ စေန တနဂၤေႏြေတြမွာေတာ့ အန္တီခ်န္က သူမကို ထမင္းစားဖို႔ အိမ္ကို ေခၚေလ့ရွိတယ္။
အခုလက္ရွိက ပိတ္ရက္ကို ေရာက္လာျပန္ၿပီ။ ေခ်ာင္လန္နဲ႔ အေဆာင္မွာ ဆက္ဆံေရးေကာင္းတဲ့ ပိုင္ယြီက သူမကို ဒီတိုင္းပဲ ေမးလိုက္တယ္။ " နင္အိမ္ျပန္မလို႔လား "
" အင္း " တစ္ကယ္ေတာ့ သူမက ထန္းေမာ့အိမ္ကို သြားမလို႔ပါ။
ပိုင္ယြီက သူမပစၥည္းေတြကို အျမန္ထုတ္ပိုးေနတယ္။ " ေနာက္အပတ္က် ငါ့အိမ္ကိုသြားရေအာင္။ ငါ့အေမကေျပာတယ္ နင့္ကို ေတြ႕ခ်င္လို႔တဲ့။ "
" နင္ နင့္အေမကို ဘာေျပာထားေသးလဲ "
ပိုင္ယြီက မ်က္စိမွိတ္ျပလိုက္တယ္။ " ငါက ဒီတိုင္းေျပာလိုက္တာပါ။ သမီးအေပၚက ကုတင္မွာအိပ္တဲ့ ေကာင္မေလးက သမီးတို႔တစ္ႏွစ္လုံးမွာ အေခ်ာဆုံးေကာင္မေလးပဲလို႔ ေလ။ "
ေခ်ာင္လန္ တံေတြးေတာင္သီးမလိုျဖစ္သြားရတယ္။ " အာ အဲ့လိုႀကီးမေျပာစမ္းပါနဲ႔ဟာ။ အဲ့တာကို ၾကားလိုက္တိုင္း ငါၾကက္သီးထထလာတယ္။ "
" နင္က ဘာေတြေၾကာက္ေနတာလဲ။ ငါက အမွန္ေတြေျပာေနတာပဲဟာကို။ " ပိုင္ယြီက ေျပာလိုက္တယ္။ " ငါအရင္ျပန္ေတာ့မယ္။ နင္အိမ္ကိုေရာက္ရင္ ေနာက္အပတ္က် ငါ့အိမ္ကို သြားမွာလို႔ နင့္မိဘေတြကို ေျပာဖို႔ မေမ့နဲ႔ဦးေနာ္။ "
" အင္းပါ " ေခ်ာင္လန္က တာ့တာျပလိုက္ၿပီး သူမပစၥည္းေတြကို ေက်ာင္းလြယ္အိတ္ထဲကို ထည့္သိမ္းေနတယ္။ ခဏၾကာေတာ့ သူမေက်ာင္းေပါက္ဝကို ေရာက္သြားတယ္။ အဲ့မွာ ဦးေလးခ်န္နဲ႔ ထန္းေမာ့တို႔က ကားထဲမွာ သူမကို ေစာင့္ေနနင့္ၾကေနၿပီ။
ကားေပၚတက္လိုက္ၿပီး ဦးေလးခ်န္နဲ႔ ေခ်ာင္လန္တို႔က စကားေျပာၾကတယ္။ ထန္းေမာ့က အရင္လိုပဲ သူတို႔စကားေျပာတာကို ၿငိမ္ၿငိမ္ေလး နားေထာင္ေနခဲ့တယ္။ ခဏၾကာေတာ့ ေခ်ာင္လန္က ပိုင္ယြီဖိတ္ထားတာကို သတိရသြားခဲ့တယ္။ ေဘးကိုလွည့္လိုက္ၿပီး ထန္းေမာ့နဲ႔ ဦးေလးခ်န္တို႔ကိုေျပာလိုက္တယ္။ " ငါေမ့သြားေတာ့မလို႔။ ေနာက္အပတ္က်ရင္ သြားစရာတစ္ခုရွိလို႔ ငါဒီကို မလာေတာ့ဘူးေနာ္။ "
" ဘာျဖစ္လို႔လဲ " ထန္းေမာ့က ေခါင္းကိုလွည့္လိုက္ၿပီး သူမကိုေမးလိုက္တယ္။
ဦးေလးခ်န္က ေနာက္ၾကည့္မွန္ကေန ေခ်ာင္လန္႔ကို တစ္ခ်က္လွမ္းၾကည့္လိုက္ၿပီး ေမးလိုက္တယ္။ " သမီးမိဘေတြက ေခၚလို႔လား "
" အဲ့တာမဟုတ္ပါဘူး " ေခ်ာင္လန္က ေျပာလိုက္တယ္။ " သမီးအခန္းေဖာ္တစ္ေယာက္က ေနာက္အပတ္က် သူမအိမ္ကို လိုက္လည္ဖို႔ ဖိတ္ထားလို႔ပါ။ "
" အာ..... အဲ့လိုကိုး။ " ဦးေလးခ်န္က ေခါင္းၿငိမ့္လိုက္တယ္။ " ေကာင္းတာေပါ့။ သမီးတို႔လူငယ္ေတြက သူငယ္ခ်င္းမ်ားမ်ား ထားသင့္တယ္။ "
ေအာက္မွာဖြက္ထားတဲ့ ထန္းေမာ့လက္ေတြက ခုံကို အားနဲ႔ ကုတ္ျခစ္မိသြားတယ္။ သူက ကားျပတင္းေပါက္ကေန ျဖတ္သြားတဲ့ ရႈခင္းကို တိတ္ဆိတ္စြာ ၾကည့္ေနခဲ့တယ္။ သူဘာေတြေတြးေနတာလဲဆိုတာ ဘယ္သူမွ မသိၾကဘူး။