Transmigrator meets reincarna...

By Larkspur41

99.6K 19.6K 978

Title: Transmigrator meets reincarnator Not my own story.Just translation. Credits to: Written by:Snow Mounta... More

108 (part 1)
108 (part 2)
109 (part 1)
109(part 2)
110(part 1)
110 (part 2 )
111(part 1)
111(part 2)
112(part 1)
112(part 2)
113(part 1)
113(part 2)
114(part 1)
114(part 2)
115(part 1)
116(part 1)
116(part 2)
117(part 1)
117(part 2)
118(part 1)
118(part 2)
119(part 1)
119(part 2)
120(part 1)
120(part 2)
121(part 1)
121( part2 )
122(part 1)
122(part 2)
123(part 1)
123(part 2)
124(part 1)
124(part 2)
125(part 1)
125(part 2)
126(part 1)
126(part 2)
127(part 1)
127(part 2)
128
129
130
131
132
133
134
135
136
137
138
139
New Trans
140
141
142
143
144
145
146
147
148
149
150
151
152
153
154

115(part 2)

1.2K 284 22
By Larkspur41

Unicode

သခင်မကျိုးက ဆေးဝါးပြသာနာကို ပြန်အစဖော်လိုက်တော့ သခင်မကြီးဟေးရဲ့ အမူအရာက အလေးအနက်ပုံစံ ပြန်ဖစ်သွားတယ်" ဒါက ဒီပြသာနာကို သေချာဂရုမစိုက်မိတဲ့ ငါ့အပြစ်ပါဘဲ၊ ငါမှတ်မိသလောက်တော့ ငါတို့အိမ်တော်‌ဆိုင်ခန်းတွေရဲ့ အနည်းဆုံးဝင်ငွေက ငွေပြားသုံးထောင် ကျော်တယ် မဟုတ်ဘူးလား"

ငွေပြားသုံးထောင်က ကျင်းအန်ကတော်ရဲ့ ဆေးစရိတ်တွေကို ပေးချေ‌နိုင်တဲ့ အပြင် အိမ်တော်ရဲ့ အသုံးစရိတ်အသီးသီးအတွက်ပါ လုံလောက်တယ်ဆိုတာထက် ပိုနေတယ်။

သခင်မကျိုးက ပြန်ပြောဖို့ တွန့်ဆုတ်နေခဲ့တယ်။ ဒါပေမယ့် သူမရဲ့ နောက်ဆုံးလက်ကျန်သတ္တိကိုစုစည်းပြီး ပြောလိုက်တယ်"အဘွား အဲ့ဒါက လွန်ခဲ့တဲ့ ငါးနှစ်က အခြေအနေပါ ၊အခုအခြေ‌အနေနဲ့ ဘယ်လိုလုပ်ယှဉ်လို့ရတော့မှာလဲ"

ပြောရင်းနဲ့ ချူးလျန်ကို တချက်လှမ်းကြည့်လိုက်သေးတယ်။ သူမမြင်တာတော့ သူမရဲ့ လင်ညီအစ်မငယ်လေးက ခေါင်းကိုငုံ့ပြီး အေးဆေးစွာနဲ့ ပျားရည်ကိုသောက်နေတာကိုဘဲ ၊ဒါကိုမြင်တော့ သူမစိတ်ထဲက မကျေနပ်မှု မီးပွားလေးက ‌ထိုးထွက်လာတယ်
" ဒီမြေးမမှာ တတိယညီမငယ်ရဲ့ ကူလင်းစားသောက်ဆိုင်လို လက်ဆုပ်လက်ကိုင်ပြစရာ ဆိုင်ခန်းလည်း တစ်ခန်းမှ မရှိပါဘူး"

ချူးလျန်က အိမ်တော်ကိုစီမံခန့်ခွဲရာမှာလည်း
ဝင်မစွက်ဖက်သလို တာဝန်တွေကို ခွဲဝေယူဖို့လည်း ဆန္ဒမရှိလှဘူး။ သူမက ကိုယ့်ရေကိုယ်သောက်ပြီး နောက်ခံအင်အားကို အကောင်းဆူံးဖြစ်အောင် ကြိုးစားနေရုံလေးဘဲလေ။ဘာလို့များ အစ်မကြီးက ဒီခေါင်းစဉ်ကြီးတွေကို သူမဆီ တွန်းပို့လာရတာလဲ?

ချူးလျန်ရဲ့ လက်တွေက ခွက်လေးကို ကိုင်လုဆဲဆဲမှာဘဲ တန့်သွားတယ်။ ဒါပေမယ့် စကားပြောဖို့ အချိန်ကောင်း မဟုတ်မှန်းသိနေတော့ တိတ်တိတ်လေးဘဲ ဆက်နေလိုက်တယ်။

သခင်မကြီးဟေးရဲ့ မျက်ခုံးတွေ တွန့်ချိုးသွားရ
ပြန်တယ်။ ဘာလို့များ အိမ်တော်ရဲ့ ဝင်ငွေက ဒီလောက်မြန်မြန် ဆုတ်ယုတ်နေရတာလဲ?

အခြားအိမ်တော်က သခင်မတွေဆိုရင် အိမ်တော်ကိုစီမံခန့်ခွဲဖို့ လုပ်ပိုင်ခွင့်ရတာနဲ့  လက်ထဲရောက်လာတဲ့ ပိုင်ဆိုင်မှုတွေကို တိုးတက်အောင်လုပ်ပြီး ဝင်ငွေပိုတိုးအောင် ကြံကြတယ်။ဒါပေမယ့် Dalang မိန်းမကျတော့ သူတို့အိမ်တော်ရဲ့စီးပွားရေးတွေက မတိုးတက်လာတဲ့အပြင် ဝင်ငွေက တစ်ဝက်ထိကို လျော့ကျသွားသေးတယ်။ အိမ်တော်ရဲ့ ပိုင်ဆိုင်မှုတွေကို သူမဘယ်လိုဘယ်ပုံများ စီမံနေသလဲ?

သခင်မကျိုးလည်း ပြောဆိုပြီးမှ အနည်းငယ်လိပ်ပြာမလုံသလိုဖြစ်သွားတယ်။

အစကတည်းက ကူလင်းစားသောက်ဆိုင်က ချူးလျန်ရဲ့ ပိုင်ဆိုင်မှုမှမဟုတ်ဘဲ ၊ဒါက အိမ်တော်ရဲ့ ပိုင်ဆိုင်မှုတွေထဲက တစ်စိတ်တပိုင်းဘဲကို။

သခင်မကျိုးက ကူလင်းစားသောက်ဆိုင်ရဲ့ လက်ရှိရလာတဲ့ အကျိုးအမြတ်တွေကိုဘဲ မြင်တယ်။ ဆိုင်အောင်မြင်ရတဲ့ နောက်ကွယ်က အကြောင်းရင်းကိုတော့ မမြင်နိုင်ရှာဘူး။

ချူးလျန်ကြောင့်သာမဟုတ်ရင် ကူလင်းစားသောက်ဆိုင်က အနောက်ဖက်ဈေးမှာ ပုန်းကွယ်နေပြီး အရှုံးပေါ်နေအုံးမှာဘဲ။

သခင်မကျိုးရဲ့ စကားတွေကိုကြားတော့ သခင်မကြီးဟေးက ခဏလောက် ကြောင်သွားတယ်။ တွေဝေနေရာကနေ သတိပြန်လည်လာတော့ ပြောလိုက်တယ်
"Dalangမိန်းမက အခုဘယ်လိုစဉ်းစားထားတာလဲ?"

သခင်မကျိုးက လက်အိတ်ထဲက လက်တွေကို ညှစ်လိုက်မိပြန်တယ်။ ပြီးတော့ အားမွေးပြီး ထပ်ပြောလိုက်တယ်။
"အခြေအနေတွေကို ခြုံကြည့်တော့ ဒီမြေးမ အမြင်မှာ တတိယညီမက စီးပွားရေးလုပ်တဲ့နေရာမှာ ထူးချွန်သလိုဘဲ ၊ ကျွန်မတို့‌နှစ်ယောက်လုံးက ကျင်းအန်အိမ်တော်ရဲ့ မြေးချွေးမတွေဘဲ ၊ဒီတော့ တတိယညီမလည်း တာဝန်အချို့ ခွဲယူသင့်တယ်၊ တတိယညီမက လုပ်နိုင်စွမ်းရှိနေမှတော့ ကူလင်းစားသောက်ဆိုင်ကို အိမ်တော်ရဲ့ ပိုင်ဆိုင်မှုထဲ ဘာလို့ ပြန်မပြောင်းနိုင်ရမှာလဲ ၊ တကယ်လို့ အဘွားက ဒီလိုပြောင်းတာကို ညီမအတွက် မမျှတဘူး ထင်ရင် ဒီမြေးမက အလျော်အစားအနေနဲ့ အခြားဆိုင်အချို့ပေးလိုက်မယ်လေ၊ တတိယညီမက ဒီလောက်အရည်အချင်းရှိနေမှတော့ အခြားဆိုင်တွေလဲ နှစ်လအတွင်းမှာ ကူလင်းစားသောက်ဆိုင်လို တိုးတက်လာမှာ သေချာတယ်"

သခင်မကျိုးစကားပြောလို့ ပြီးတော့ ချူးလျန်တင်မကဘူး သခင်မကြီးဟေးရော အစေခံလျိုပါ အံ့ဩသွားကြတယ်။

ချူးလျန်ရဲ့ အယ်မွန်ပုံ မျက်ဝန်းတစ်စုံက လက်ခနဲဖစ်သွားတယ်၊ သူမစိတ်ထဲမှာတော့ တကယ်ကို လှောင်ရယ်နေမိပြီ ။ သခင်မကျိုးက ဒီလိုပရိယာယ်တွေသုံးပြီး သူမကိုဆွဲချလိမ့်မယ်လို့ မထင်ထားဘူး။

ကြည့်ရတာ သူမရှေ့တင်ကူလင်းစားသောက်ဆိုင်ကို ပြန်ထူထောင်လိုက်တာက သူမကို မနာလိုစိတ်ဖြစ်သွားစေဟန်တူတယ်။

စိတ်မကောင်းစရာကတော့ သခင်မကြီးဟေးက လွန်ခဲ့တဲ့ရက်အနည်းငယ်ကတည်းက ကူလင်းစားသောက်ဆိုင်ပိုင်ဆိုင်မှုစာချုပ်တွေကို ချူးလျန်ကို လွှဲပြောင်းပေးခဲ့ ပြီးပြီ။ဒါက လုံးဝကို သူမအပိုင်ဖြစ်သွားခဲ့ပြီ ။သခင်မကျိုးက သခင်မကြီးဟေးကို သွားပြောနေလည်း အလကားဘဲ။အဲ့ဒီအစား ကူလင်းစားသောက်ဆိုင်ကို ရချင်ရင် သူမဆီ လာတောင်းဆိုရတော့မယ်။

ချူးလျန်က သူမရဲ့ အကြည့်တွေကို နှိမ့်ချပြီး တည်ငြိမ်တဲ့ အမူအရာနဲ့ဘဲ တိတ်ဆိတ်စွာ ဆက်ထိုင်နေတယ်။ သခင်မကျိုးရဲ့ စကားတွေက သူမကိုမထိခိုက်သရွေ့ သခင်မကျိုးက သူမပိုင်ဆိုင်တာတွေကို မခိုးယူသရွေ့တော့ ဘာမှ တုံ့ပြန်မှာ မဟုတ်ဘူး။

တချိန်တည်းမှာဘဲ သခင်မကြီးဟေးနဲ့ အစေခံလျိုက ချူးလျန်ကို ပြိုင်တူဆိုသလို ကြည့်လိုက်မိတယ်။

သခင်မကြီးဟေးရဲ့ မျက်ခုံးတွေက ပိုပို တွန့်ချိုးလာတယ်" Dalangမိန်းမ ဘာတွေပြောနေတာလဲ၊ ကူလင်းစားသောက်ဆိုင်ကိုလျန်အာကို ပေးမယ်လို့ မင်းကို ပြောထားပြီးပြီ ၊အဲ့တုန်းကတော့ ဘာမှမပြောခဲ့ဘဲ မင်းကိုယ်တိုင်သဘောတူခဲ့တယ်လေ၊ အခုမှဘာလုပ်ဖို့ ကြိုးစားနေတာလဲ? ဒါက လုံးဝကိုမသင့်တော်ဘူး၊ ဒါ့အပြင် ငါက ဆိုင်ရဲ့ စာချုပ်စာတမ်းတွေအားလုံးကို လျန်အာကို ပေးထားပြီးပြီ"

သခင်မကျိုးရဲ့ အမူအရာတွေက ချက်ချင်းဆိုသလို ပြောင်းလဲသွားတယ်" အဘွား ၊အိမ်တော်ရဲ့ ပိုင်ဆိုင်မှုစာရင်းထဲမှာသာ ကူလင်းစားသောင်ဆိုင်ရှိနေရင်
အမေရဲ့ ဆေးဖိုးဝါးခအတွက် ထပ်ပြီး စိုးရိမ်နေစရာမလိုတော့ဘူး၊ နောက်ပြီး တတိယညီမက လုပ်နိုင်စွမ်းရှိတော့ သူမ....."

"တော်တော့ ၊ဒီကိစ္စကို ထပ်မပြောနဲ့တော့ ၊ငါဆုံးဖြတ်ပြီးသွားပြီ အိမ်တော်ရဲ့ ပြင်ပဝင်ငွေက မင်းတို့အမေရဲ့ဆေးဖိုးအတွက် မလူံလောက်တော့ဘူးဆိုတော့ ဆေးဖိုးတစ်ဝက်ကို ငါ့ရဲ့ ကိုယ်ပိုင်အသုံးစရိတ်ထဲက ပေးချေလိုက် ၊ကျန်တစ်ဝက်ကိုတော့ အပြင်ဝင်ငွေထဲက ပေးလိုက်"

ဒါကသခင်မကျိုး လိုချင်နေတဲ့ ရလဒ်မဟုတ်ဘူး၊ သူမလိုချင်နေတာ ချူးလျန်ရဲ့ ကူလင်းစားသောက်ဆိုင်လေ၊ အဲ့ဒါကမှ တကယ် ကို ရွှေဘဲငန်းကြီးကို။

သူမသာ ကူလင်းစားသောက်ဆိုင်ကို လက်ဝယ်စီမံရရင် ဆိုင်ရဲ့ လျို့ဝှက် ဟင်းချက်နည်းတွေကိုလည်း ရနိုင်တယ်။
ဒါဆို ကူလင်းစားသောက်ဆိုင်လိုဆိုင် မျိုး ဆယ်ဆိုင်ထက်မနည်း ထပ်ဖွင့်နိုင်မယ်။ သူမဘယ်လောက်တောင် ချမ်းသာလာလိုက်မလဲ။

သခင်မကျိုး မကျေမနပ်ဖြစ်ပြီး အစီအစဉ်တွေ ထပ်ဆွဲနေတုန်းမှာဘဲ ချူးလျန်က ပြောလာတယ်၊
" အစ်မကြီးနဲ့ အဘွားတို့က ဒီပြသာနာအတွက် စိုးရိမ်နေကြမှန်း မြေးမက မသိခဲ့ဘူး၊အဘွား ဒီမြေးမက
အမေ့ရဲ့ ဆေးဖိုးဝါးခတွေကို အစားပေးပါရစေ၊ မြေးမရဲ့ဆိုင်က လွန်ခဲ့တဲ့လက အကျိုးအမြတ် ကျန်ပါတယ်၊ ဒီမြေးမက လုပ်နိုင်စွမ်းတွေရှိနေတော့ အိမ်တော်ကို တဖက်တလမ်းကနေ ထောက်ပံ့ရမှာပေါ့၊ဒါက အမေ့ရဲ့ ဆေးဖိုးဝါးခ အတွက်ပါ ၊စန်းလန်ကလည်း အနားမှာရှိမနေတော့ အိမ်တော်အတွက် ဒီမြေးမ လုပ်ပေးနိုင်တာ ဒါအကုန်ပါဘဲ၊ အဘွားနဲ့ အစ်မကြီးတို့က ဒီသေးငယ်တဲ့ အားစိုက်မှုလေးကို လက်ခံပေးမယ်လို့ မျှော်လင့်ပါတယ်"

အစောပိုင်း အဘွားနဲ့ အစ်မကြီးတို့ မိသားစု
ပြသာ‌နာတွေ ဖြေရှင်းနေတုန်းက ချူးလျန်က မသိသလိုဟန်ဆောင်ပြီး ပျားရည်ဘဲ ဆက်သောက်နေခဲ့တာ၊
ဒါပေမယ့် သခင်မကျိုးက သူမကို ဇာတ်လမ်းဆင်လာမှတော့ သူမကလည်း ပြန်လှည့်စားမပေးလိူ့ မရတော့ဘူး ၊သူမက လွယ်လွယ် အနိုင်ကျင့်ခံရမယ့်သူ မဟုတ်ဘူး။

အစက ဒီလိုစကားတွေထိ မပြောချင်ပေမယ့်လည်း အခြေနေတွေက သူမကိုတွန်းပို့ခဲ့တာဘဲ။

သခင်မကြီးဟေးရှေ့မှာတင် ကျင်းအန်ကတော်အတွက် ဆေးဝါးစရိတ်တွေကို ချပြလိုက်ခြင်းက သခင်မကျိုးအတွက်  ဆိုးဆိုးဝါးဝါးသက်ရောက်သွားစေတယ်။ အမေရဲ့ ဆေးဖိုးကို ပေးချေဖို့သာ မကမ်းလှမ်းခဲ့ဘူးဆိုရင် သူမက ကူလင်းစားသောက်ဆိုင်ကို လုယူဖို့ ထပ်ပြီး ကြိုးစားအုံးမှာဘဲ။ဆိုင်ကိုရဖို့ လမ်းကြောင်းပြီး သူမသုံးနှုန်းခဲ့တဲ့ ချီးမွမ်းစကားတွေက အလကားဘဲ။သခင်မကျိုးရဲ့ စကားတွေထဲက တကိုယ်ကောင်းဆန်မှုတွေကို သခင်မကြီးဟေးက မမြင်ဘဲ ဘယ်နေပါ့မလဲ။

ချူးလျန်က သူမယောက္ခမရဲ့ အသုံးစရိတ်တွေကို ပေးချေပေးလိမ့်မယ်။

ဒါကိုကြည့်ရင် ဘယ်သူက ပိုကောင်းသလဲဆိုတာ ခွဲခြားဖို့ လွယ်ကူသွားပြီ။သခင်မကျိုးက လုံးဝကို ချောင်ထိုးခံလိုက်ရပြီ။

ဒါ့အပြင် ချူးလျန်က ခန်းဝင်ပစ္စည်းတောင် များများစားစားပါ မလာတဲ့ ဆင်းရဲတဲ့ သခင်မလေးတစ်ယောက်လေ ။ဒီတော့ နှိုင်းယှဉ် မှုတွေက ပိုသိသာလာတော့တာဘဲ။

သခင်မကျိုးရဲ့ မျက်နှာက အမူအရာအမျိုးမျိုးနဲ့ သိသာစွာ ဆိုးဝါးနေတော့တယ်။


Zawgyi

သခင္မက်ိဳးက ေဆးဝါးျပသာနာကို ျပန္အစေဖာ္လိုက္ေတာ့ သခင္မႀကီးေဟးရဲ႕ အမူအရာက အေလးအနက္ပုံစံ ျပန္ဖစ္သြားတယ္" ဒါက ဒီျပသာနာကို ေသခ်ာဂ႐ုမစိုက္မိတဲ့ ငါ့အျပစ္ပါဘဲ၊ ငါမွတ္မိသေလာက္ေတာ့ ငါတို႔အိမ္ေတာ္‌ဆိုင္ခန္းေတြရဲ႕ အနည္းဆုံးဝင္ေငြက ေငြျပားသုံးေထာင္ ေက်ာ္တယ္ မဟုတ္ဘူးလား"

ေငြျပားသုံးေထာင္က က်င္းအန္ကေတာ္ရဲ႕ ေဆးစရိတ္ေတြကို ေပးေခ်‌ႏိုင္တဲ့ အျပင္ အိမ္ေတာ္ရဲ႕ အသုံးစရိတ္အသီးသီးအတြက္ပါ လုံေလာက္တယ္ဆိုတာထက္ ပိုေနတယ္။

သခင္မက်ိဳးက ျပန္ေျပာဖို႔ တြန္႔ဆုတ္ေနခဲ့တယ္။ ဒါေပမယ့္ သူမရဲ႕ ေနာက္ဆုံးလက္က်န္သတၱိကိုစုစည္းၿပီး ေျပာလိုက္တယ္"အဘြား အဲ့ဒါက လြန္ခဲ့တဲ့ ငါးႏွစ္က အေျခအေနပါ ၊အခုအေျခ‌အေနနဲ႔ ဘယ္လိုလုပ္ယွဥ္လို႔ရေတာ့မွာလဲ"

ေျပာရင္းနဲ႔ ခ်ဴးလ်န္ကို တခ်က္လွမ္းၾကည့္လိုက္ေသးတယ္။ သူမျမင္တာေတာ့ သူမရဲ႕ လင္ညီအစ္မငယ္ေလးက ေခါင္းကိုငုံ႔ၿပီး ေအးေဆးစြာနဲ႔ ပ်ားရည္ကိုေသာက္ေနတာကိုဘဲ ၊ဒါကိုျမင္ေတာ့ သူမစိတ္ထဲက မေက်နပ္မႈ မီးပြားေလးက ‌ထိုးထြက္လာတယ္
" ဒီေျမးမမွာ တတိယညီမငယ္ရဲ႕ ကူလင္းစားေသာက္ဆိုင္လို လက္ဆုပ္လက္ကိုင္ျပစရာ ဆိုင္ခန္းလည္း တစ္ခန္းမွ မ႐ွိပါဘူး"

ခ်ဴးလ်န္က အိမ္ေတာ္ကိုစီမံခန္႔ခြဲရာမွာလည္း
ဝင္မစြက္ဖက္သလို တာဝန္ေတြကို ခြဲေဝယူဖို႔လည္း ဆႏၵမ႐ွိလွဘူး။ သူမက ကိုယ့္ေရကိုယ္ေသာက္ၿပီး ေနာက္ခံအင္အားကို အေကာင္းဆူံးျဖစ္ေအာင္ ႀကိဳးစားေန႐ုံေလးဘဲေလ။ဘာလို႔မ်ား အစ္မႀကီးက ဒီေခါင္းစဥ္ႀကီးေတြကို သူမဆီ တြန္းပို႔လာရတာလဲ?

ခ်ဴးလ်န္ရဲ႕ လက္ေတြက ခြက္ေလးကို ကိုင္လုဆဲဆဲမွာဘဲ တန္႔သြားတယ္။ ဒါေပမယ့္ စကားေျပာဖို႔ အခ်ိန္ေကာင္း မဟုတ္မွန္းသိေနေတာ့ တိတ္တိတ္ေလးဘဲ ဆက္ေနလိုက္တယ္။

သခင္မႀကီးေဟးရဲ႕ မ်က္ခုံးေတြ တြန္႔ခ်ိဳးသြားရ
ျပန္တယ္။ ဘာလို႔မ်ား အိမ္ေတာ္ရဲ႕ ဝင္ေငြက ဒီေလာက္ျမန္ျမန္ ဆုတ္ယုတ္ေနရတာလဲ?

အျခားအိမ္ေတာ္က သခင္မေတြဆိုရင္ အိမ္ေတာ္ကိုစီမံခန္႔ခြဲဖို႔ လုပ္ပိုင္ခြင့္ရတာနဲ႔  လက္ထဲေရာက္လာတဲ့ ပိုင္ဆိုင္မႈေတြကို တိုးတက္ေအာင္လုပ္ၿပီး ဝင္ေငြပိုတိုးေအာင္ ၾကံၾကတယ္။ဒါေပမယ့္ Dalang မိန္းမက်ေတာ့ သူတို႔အိမ္ေတာ္ရဲ႕စီးပြားေရးေတြက မတိုးတက္လာတဲ့အျပင္ ဝင္ေငြက တစ္ဝက္ထိကို ေလ်ာ့က်သြားေသးတယ္။ အိမ္ေတာ္ရဲ႕ ပိုင္ဆိုင္မႈေတြကို သူမဘယ္လိုဘယ္ပုံမ်ား စီမံေနသလဲ?

သခင္မက်ိဳးလည္း ေျပာဆိုၿပီးမွ အနည္းငယ္လိပ္ျပာမလုံသလိုျဖစ္သြားတယ္။

အစကတည္းက ကူလင္းစားေသာက္ဆိုင္က ခ်ဴးလ်န္ရဲ႕ ပိုင္ဆိုင္မႈမွမဟုတ္ဘဲ ၊ဒါက အိမ္ေတာ္ရဲ႕ ပိုင္ဆိုင္မႈေတြထဲက တစ္စိတ္တပိုင္းဘဲကို။

သခင္မက်ိဳးက ကူလင္းစားေသာက္ဆိုင္ရဲ႕ လက္႐ွိရလာတဲ့ အက်ိဳးအျမတ္ေတြကိုဘဲ ျမင္တယ္။ ဆိုင္ေအာင္ျမင္ရတဲ့ ေနာက္ကြယ္က အေၾကာင္းရင္းကိုေတာ့ မျမင္ႏိုင္႐ွာဘူး။

ခ်ဴးလ်န္ေၾကာင့္သာမဟုတ္ရင္ ကူလင္းစားေသာက္ဆိုင္က အေနာက္ဖက္ေဈးမွာ ပုန္းကြယ္ေနၿပီး အ႐ႈံးေပၚေနအုံးမွာဘဲ။

သခင္မက်ိဳးရဲ႕ စကားေတြကိုၾကားေတာ့ သခင္မႀကီးေဟးက ခဏေလာက္ ေၾကာင္သြားတယ္။ ေတြေဝေနရာကေန သတိျပန္လည္လာေတာ့ ေျပာလိုက္တယ္
"Dalangမိန္းမက အခုဘယ္လိုစဥ္းစားထားတာလဲ?"

သခင္မက်ိဳးက လက္အိတ္ထဲက လက္ေတြကို ညႇစ္လိုက္မိျပန္တယ္။ ၿပီးေတာ့ အားေမြးၿပီး ထပ္ေျပာလိုက္တယ္။
"အေျခအေနေတြကို ျခဳံၾကည့္ေတာ့ ဒီေျမးမ အျမင္မွာ တတိယညီမက စီးပြားေရးလုပ္တဲ့ေနရာမွာ ထူးခြၽန္သလိုဘဲ ၊ ကြၽန္မတို႔‌ႏွစ္ေယာက္လုံးက က်င္းအန္အိမ္ေတာ္ရဲ႕ ေျမးေခြၽးမေတြဘဲ ၊ဒီေတာ့ တတိယညီမလည္း တာဝန္အခ်ိဳ႕ ခြဲယူသင့္တယ္၊ တတိယညီမက လုပ္ႏိုင္စြမ္း႐ွိေနမွေတာ့ ကူလင္းစားေသာက္ဆိုင္ကို အိမ္ေတာ္ရဲ႕ ပိုင္ဆိုင္မႈထဲ ဘာလို႔ ျပန္မေျပာင္းႏိုင္ရမွာလဲ ၊ တကယ္လို႔ အဘြားက ဒီလိုေျပာင္းတာကို ညီမအတြက္ မမွ်တဘူး ထင္ရင္ ဒီေျမးမက အေလ်ာ္အစားအေနနဲ႔ အျခားဆိုင္အခ်ိဳ႕ေပးလိုက္မယ္ေလ၊ တတိယညီမက ဒီေလာက္အရည္အခ်င္း႐ွိေနမွေတာ့ အျခားဆိုင္ေတြလဲ ႏွစ္လအတြင္းမွာ ကူလင္းစားေသာက္ဆိုင္လို တိုးတက္လာမွာ ေသခ်ာတယ္"

သခင္မက်ိဳးစကားေျပာလို႔ ၿပီးေတာ့ ခ်ဴးလ်န္တင္မကဘူး သခင္မႀကီးေဟးေရာ အေစခံလ်ိဳပါ အံ့ဩသြားၾကတယ္။

ခ်ဴးလ်န္ရဲ႕ အယ္မြန္ပုံ မ်က္ဝန္းတစ္စုံက လက္ခနဲဖစ္သြားတယ္၊ သူမစိတ္ထဲမွာေတာ့ တကယ္ကို ေလွာင္ရယ္ေနမိၿပီ ။ သခင္မက်ိဳးက ဒီလိုပရိယာယ္ေတြသုံးၿပီး သူမကိုဆြဲခ်လိမ့္မယ္လို႔ မထင္ထားဘူး။

ၾကည့္ရတာ သူမေ႐ွ႕တင္ကူလင္းစားေသာက္ဆိုင္ကို ျပန္ထူေထာင္လိုက္တာက သူမကို မနာလိုစိတ္ျဖစ္သြားေစဟန္တူတယ္။

စိတ္မေကာင္းစရာကေတာ့ သခင္မႀကီးေဟးက လြန္ခဲ့တဲ့ရက္အနည္းငယ္ကတည္းက ကူလင္းစားေသာက္ဆိုင္ပိုင္ဆိုင္မႈစာခ်ဳပ္ေတြကို ခ်ဴးလ်န္ကို လႊဲေျပာင္းေပးခဲ့ ၿပီးၿပီ။ဒါက လုံးဝကို သူမအပိုင္ျဖစ္သြားခဲ့ၿပီ ။သခင္မက်ိဳးက သခင္မႀကီးေဟးကို သြားေျပာေနလည္း အလကားဘဲ။အဲ့ဒီအစား ကူလင္းစားေသာက္ဆိုင္ကို ရခ်င္ရင္ သူမဆီ လာေတာင္းဆိုရေတာ့မယ္။

ခ်ဴးလ်န္က သူမရဲ႕ အၾကည့္ေတြကို ႏွိမ့္ခ်ၿပီး တည္ၿငိမ္တဲ့ အမူအရာနဲ႔ဘဲ တိတ္ဆိတ္စြာ ဆက္ထိုင္ေနတယ္။ သခင္မက်ိဳးရဲ႕ စကားေတြက သူမကိုမထိခိုက္သေ႐ြ႕ သခင္မက်ိဳးက သူမပိုင္ဆိုင္တာေတြကို မခိုးယူသေ႐ြ႕ေတာ့ ဘာမွ တုံ႔ျပန္မွာ မဟုတ္ဘူး။

တခ်ိန္တည္းမွာဘဲ သခင္မႀကီးေဟးနဲ႔ အေစခံလ်ိဳက ခ်ဴးလ်န္ကို ၿပိဳင္တူဆိုသလို ၾကည့္လိုက္မိတယ္။

သခင္မႀကီးေဟးရဲ႕ မ်က္ခုံးေတြက ပိုပို တြန္႔ခ်ိဳးလာတယ္" Dalangမိန္းမ ဘာေတြေျပာေနတာလဲ၊ ကူလင္းစားေသာက္ဆိုင္ကိုလ်န္အာကို ေပးမယ္လို႔ မင္းကို ေျပာထားၿပီးၿပီ ၊အဲ့တုန္းကေတာ့ ဘာမွမေျပာခဲ့ဘဲ မင္းကိုယ္တိုင္သေဘာတူခဲ့တယ္ေလ၊ အခုမွဘာလုပ္ဖို႔ ႀကိဳးစားေနတာလဲ? ဒါက လုံးဝကိုမသင့္ေတာ္ဘူး၊ ဒါ့အျပင္ ငါက ဆိုင္ရဲ႕ စာခ်ဳပ္စာတမ္းေတြအားလုံးကို လ်န္အာကို ေပးထားၿပီးၿပီ"

သခင္မက်ိဳးရဲ႕ အမူအရာေတြက ခ်က္ခ်င္းဆိုသလို ေျပာင္းလဲသြားတယ္" အဘြား ၊အိမ္ေတာ္ရဲ႕ ပိုင္ဆိုင္မႈစာရင္းထဲမွာသာ ကူလင္းစားေသာင္ဆိုင္႐ွိေနရင္
အေမရဲ႕ ေဆးဖိုးဝါးခအတြက္ ထပ္ၿပီး စိုးရိမ္ေနစရာမလိုေတာ့ဘူး၊ ေနာက္ၿပီး တတိယညီမက လုပ္ႏိုင္စြမ္း႐ွိေတာ့ သူမ....."

"ေတာ္ေတာ့ ၊ဒီကိစၥကို ထပ္မေျပာနဲ႔ေတာ့ ၊ငါဆုံးျဖတ္ၿပီးသြားၿပီ အိမ္ေတာ္ရဲ႕ ျပင္ပဝင္ေငြက မင္းတို႔အေမရဲ႕ေဆးဖိုးအတြက္ မလူံေလာက္ေတာ့ဘူးဆိုေတာ့ ေဆးဖိုးတစ္ဝက္ကို ငါ့ရဲ႕ ကိုယ္ပိုင္အသုံးစရိတ္ထဲက ေပးေခ်လိုက္ ၊က်န္တစ္ဝက္ကိုေတာ့ အျပင္ဝင္ေငြထဲက ေပးလိုက္"

ဒါကသခင္မက်ိဳး လိုခ်င္ေနတဲ့ ရလဒ္မဟုတ္ဘူး၊ သူမလိုခ်င္ေနတာ ခ်ဴးလ်န္ရဲ႕ ကူလင္းစားေသာက္ဆိုင္ေလ၊ အဲ့ဒါကမွ တကယ္ ကို ေ႐ႊဘဲငန္းႀကီးကို။

သူမသာ ကူလင္းစားေသာက္ဆိုင္ကို လက္ဝယ္စီမံရရင္ ဆိုင္ရဲ႕ လ်ိဳ႕ဝွက္ ဟင္းခ်က္နည္းေတြကိုလည္း ရႏိုင္တယ္။
ဒါဆို ကူလင္းစားေသာက္ဆိုင္လိုဆိုင္ မ်ိဳး ဆယ္ဆိုင္ထက္မနည္း ထပ္ဖြင့္ႏိုင္မယ္။ သူမဘယ္ေလာက္ေတာင္ ခ်မ္းသာလာလိုက္မလဲ။

သခင္မက်ိဳး မေက်မနပ္ျဖစ္ၿပီး အစီအစဥ္ေတြ ထပ္ဆြဲေနတုန္းမွာဘဲ ခ်ဴးလ်န္က ေျပာလာတယ္၊
" အစ္မႀကီးနဲ႔ အဘြားတို႔က ဒီျပသာနာအတြက္ စိုးရိမ္ေနၾကမွန္း ေျမးမက မသိခဲ့ဘူး၊အဘြား ဒီေျမးမက
အေမ့ရဲ႕ ေဆးဖိုးဝါးခေတြကို အစားေပးပါရေစ၊ ေျမးမရဲ႕ဆိုင္က လြန္ခဲ့တဲ့လက အက်ိဳးအျမတ္ က်န္ပါတယ္၊ ဒီေျမးမက လုပ္ႏိုင္စြမ္းေတြ႐ွိေနေတာ့ အိမ္ေတာ္ကို တဖက္တလမ္းကေန ေထာက္ပံ့ရမွာေပါ့၊ဒါက အေမ့ရဲ႕ ေဆးဖိုးဝါးခ အတြက္ပါ ၊စန္းလန္ကလည္း အနားမွာ႐ွိမေနေတာ့ အိမ္ေတာ္အတြက္ ဒီေျမးမ လုပ္ေပးႏိုင္တာ ဒါအကုန္ပါဘဲ၊ အဘြားနဲ႔ အစ္မႀကီးတို႔က ဒီေသးငယ္တဲ့ အားစိုက္မႈေလးကို လက္ခံေပးမယ္လို႔ ေမွ်ာ္လင့္ပါတယ္"

အေစာပိုင္း အဘြားနဲ႔ အစ္မႀကီးတို႔ မိသားစု
ျပသာ‌နာေတြ ေျဖ႐ွင္းေနတုန္းက ခ်ဴးလ်န္က မသိသလိုဟန္ေဆာင္ၿပီး ပ်ားရည္ဘဲ ဆက္ေသာက္ေနခဲ့တာ၊
ဒါေပမယ့္ သခင္မက်ိဳးက သူမကို ဇာတ္လမ္းဆင္လာမွေတာ့ သူမကလည္း ျပန္လွည့္စားမေပးလိူ႕ မရေတာ့ဘူး ၊သူမက လြယ္လြယ္ အႏိုင္က်င့္ခံရမယ့္သူ မဟုတ္ဘူး။

အစက ဒီလိုစကားေတြထိ မေျပာခ်င္ေပမယ့္လည္း အေျခေနေတြက သူမကိုတြန္းပို႔ခဲ့တာဘဲ။

သခင္မႀကီးေဟးေ႐ွ႕မွာတင္ က်င္းအန္ကေတာ္အတြက္ ေဆးဝါးစရိတ္ေတြကို ခ်ျပလိုက္ျခင္းက သခင္မက်ိဳးအတြက္  ဆိုးဆိုးဝါးဝါးသက္ေရာက္သြားေစတယ္။ အေမရဲ႕ ေဆးဖိုးကို ေပးေခ်ဖို႔သာ မကမ္းလွမ္းခဲ့ဘူးဆိုရင္ သူမက ကူလင္းစားေသာက္ဆိုင္ကို လုယူဖို႔ ထပ္ၿပီး ႀကိဳးစားအုံးမွာဘဲ။ဆိုင္ကိုရဖို႔ လမ္းေၾကာင္းၿပီး သူမသုံးႏႈန္းခဲ့တဲ့ ခ်ီးမြမ္းစကားေတြက အလကားဘဲ။သခင္မက်ိဳးရဲ႕ စကားေတြထဲက တကိုယ္ေကာင္းဆန္မႈေတြကို သခင္မႀကီးေဟးက မျမင္ဘဲ ဘယ္ေနပါ့မလဲ။

ခ်ဴးလ်န္က သူမေယာကၡမရဲ႕ အသုံးစရိတ္ေတြကို ေပးေခ်ေပးလိမ့္မယ္။

ဒါကိုၾကည့္ရင္ ဘယ္သူက ပိုေကာင္းသလဲဆိုတာ ခြဲျခားဖို႔ လြယ္ကူသြားၿပီ။သခင္မက်ိဳးက လုံးဝကို ေခ်ာင္ထိုးခံလိုက္ရၿပီ။

ဒါ့အျပင္ ခ်ဴးလ်န္က ခန္းဝင္ပစၥည္းေတာင္ မ်ားမ်ားစားစားပါ မလာတဲ့ ဆင္းရဲတဲ့ သခင္မေလးတစ္ေယာက္ေလ ။ဒီေတာ့ ႏိႈင္းယွဥ္ မႈေတြက ပိုသိသာလာေတာ့တာဘဲ။

သခင္မက်ိဳးရဲ႕ မ်က္ႏွာက အမူအရာအမ်ိဳးမ်ိဳးနဲ႔ သိသာစြာ ဆိုးဝါးေနေတာ့တယ္။
















Continue Reading

You'll Also Like

1.7M 69.4K 29
After a disastrous first season in London, Rose Wilde finds herself torn between two men who love her -- but who both hide secrets that could ruin he...