ဗီလိန်ရဲ့ လမ်းပြကြယ်

By CrystalKyi

783K 131K 3.7K

ဝတ္ထုစာအုပ်ထဲကို ဝိဉာဉ္ကူးပြောင်းလာတဲ့ ချောင်လန်တစ်ယောက် သူမရဲ့ နေရာက ဇာတ်လိုက် မင်းသားကို ကြိုက် မိသွားတဲ့ ဗ... More

မိတ်ဆက်
အပိုင်း (၁)
အပိုင်း(၂)
အပိုင်း(၃)
အပိုင်း(၄)
အပိုင်း(၅)
အပိုင်း(၆)
အပိုင်း (၇)
အပိုင်း(၈)
အပိုင်း(၉)
အပိုင်း(၁၀)
အပိုင်း(၁၁)
အပိုင်း(၁၂)
အပိုင်း(၁၃)
အပိုင်း(၁၄)
အပိုင်း(၁၅)
အပိုင်း(၁၆)
အပိုင်း(၁၇)
အပိုင်း(၁၈)
အပိုင်း(၁၉)
အပိုင်း(၂၀)
အပိုင်း(၂၁)
အပိုင်း(၂၂)
အပိုင်း(၂၃)
အပိုင်း(၂၄)
အပိုင်း(၂၅)
အပိုင်း(၂၆)
အပိုင်း(၂၇)
အပိုင်း(၂၈)
အပိုင်း(၂၉)
အပိုင်း (၃၀)
အပိုင်း(၃၁)
အပိုင်း(၃၂)
အပိုင်း(၃၃)
အပိုင်း (၃၄)
အပိုင်း(၃၅)
အပိုင်း(၃၆)
အပိုင်း(၃၇)
အပိုင်း(၃၈)
အပိုင်း(၃၉)
အပိုင်း(၄၀)
အပိုင်း(၄၁)
အပိုင်း(၄၂)
အပိုင်း(၄၃)
အပိုင်း(၄၄)
အပိုင်း(၄၅)
အပိုင်း(၄၆)
အပိုင်း(၄၇)
အပိုင်း(၄၈)
အပိုင်း(၄၉)
အပိုင်း(၅၀)
အပိုင်း(၅၁)
အပိုင်း(၅၂)
အပိုင်း(၅၃)
အပိုင်း(၅၄)
အပိုင်း(၅၅)
အပိုင်း(၅၆)
အပိုင်း(၅၇)
အပိုင်း(၅၈)
အပိုင်း(၅၉)
Not Upade!!!
အပိုင်း(၆၀)
အပိုင်း(၆၁)
အပိုင်း(၆၂)
အပိုင်း(၆၃)
အပိုင်း(၆၄)
အပိုင်း(၆၅)
အပိုင်း(၆၆)
အပိုင်း(၆၇)
အပိုင်း(၆၈)
အပိုင်း(၆၉)
အပိုင်း(၇၀)
အပိုင်း(၇၁)
အပိုင်း(၇၂)
အပိုင်း(၇၃)
အပိုင်း(၇၄)
အပိုင်း(၇၅)
အပိုင်း(၇၆)
အပိုင်း(၇၇)
အပိုင်း(၇၉)
အပိုင်း(၈၀)
အပိုင်း(၈၁)
အပိုင်း(၈၂)
အပိုင်း(၈၃)
အပိုင်း(၈၄)
အပိုင်း(၈၅)
အပိုင်း(၈၆)
အပိုင်း(၈၇)
အပိုင်း(၈၈)
အပိုင်း(၈၉)
အပိုင်း(၉၀)
အပိုင်း(၉၁)
အပိုင်း(၉၂)
အပိုင်း(၉၃)
အပိုင်း(၉၄)
အပိုင်း(၉၅)
အပိုင်း(၉၆)
အပိုင်း(၉၇)
အပိုင်း(၉၈)
အပိုင်း(၉၉)
အပိုင်း(၁၀၀)
အပိုင်း(၁၀၁)
အပိုင်း(၁၀၂)
အပိုင်း(၁၀၃)
အပိုင်း(၁၀၄)
အပိုင်း(၁၀၅)
အပိုင်း(၁၀၆)
အပိုင်း(၁၀၇)
အပိုင်း(၁၀၈)
အပိုင်း(၁၀၉)
အပိုင်း(၁၁၀)
အပိုင်း(၁၁၁)
အပိုင်း(၁၁၂)
အပိုင်း(၁၁၃)
အပိုင်း(၁၁၄)
အပိုင်း(၁၁၅)
အပိုင်း(၁၁၆)
အပိုင်း(၁၁၇)
အပိုင်း(၁၁၈)
အပိုင်း(၁၁၉)
အပိုင်း(၁၂၀)
အပိုင်း(၁၂၁)
အပိုင်း(၁၂၂)
အပိုင်း(၁၂၃)
အပိုင်း(၁၂၄)
အပိုင်း(၁၂၅)
အပိုင်း(၁၂၆)
အပိုင်း(၁၂၇)
အပိုင်း(၁၂၈)
အပိုင်း(၁၂၉)
အပိုင်း(၁၃၀)
အပိုင်း(၁၃၁)
အပိုင်း(၁၃၂)
အပိုင်း(၁၃၃)
အပိုင်း(၁၃၄)
အပိုင်း(၁၃၅)
အပိုင်း(၁၃၆)
အပိုင်း(၁၃၇)
အပိုင်း(၁၃၈)
အပိုင်း(၁၃၉)
အပိုင်း(၁၄၀)
အပိုင်း(၁၄၁)
အပိုင်း(၁၄၂)
အပိုင်း(၁၄၃)
အပိုင်း(၁၄၄)
အပိုင်း(၁၄၅)
အပိုင်း(၁၄၆)
အပိုင်း(၁၄၇)
အပိုင်း(၁၄၈)
အပိုင်း(၁၄၉)

အပိုင်း(၇၈)

5K 925 20
By CrystalKyi

Unicode
အသက်၁၅နှစ် ၁၆နှစ်အရွယ်တွေက ကောင်လေးပဲဖြစ်ဖြစ် ကောင်မလေးပဲဖြစ်ဖြစ် သူတို့စိတ်ထားလေးတွေက သိပ်မဆိုးကြသေးပါဘူးလို့ ချောင်လန်ကထင်တယ်။ အဲ့တာကြောင့် အခန်း၁၃ရဲ့ အခြေအနေက ကျောင်းတစ်ကျောင်းလုံးနဲ့ တစ်ခြားသူတွေကို ကိုယ်စားပြုမယ်လို့ သူမမတွေးဘူး။ အဲ့တာကြောင့်လဲ ချောင်လန်က သူမရဲ့အထက်တန်းသူငယ်ချင်းအသစ်လေးတွေကို အနည်းငယ်စောင့်မျှော်နေသေးတယ်။

ပတ်ဝန်းကျင်အသစ်ကို ဝင်လာပြီးတော့ နောက်ဆုံးမှ ချောင်လန်ခံစားလိုက်ရတယ်။ ဒီလိုအခြေအနေက သူမစိတ်ကူးထဲက ပုံမန်အထက်တန်းကျောင်းသူဘဝနဲ့ လုံးဝကိုက်ညီတာပဲလို့ပေါ့။

အထက်တန်းဒုတိယနှစ်မှာ ကျောင်းသူကျောင်းသားတွေက ညနေပိုင်း self study စလုပ်ရတော့မှာ ဖြစ်တယ်။ အိမ်နဲ့ဝေးတဲ့ ကျောင်းသားကျောင်းသူ အတော်များများက အထက်တန်းဒုတိယနှစ်ဆိုရင် ကျောင်းမှာအဆောင်လာနေကြတာများတယ်။ အဲ့တာကြောင့် အဆောင်မှာနေတဲ့ ကျောင်းသားအရေအတွက်က ရုတ်တရက်ကြီး မြင့်တက်လာခဲ့တယ်။ ပြီးတော့ အဆောင်အခန်းတွေကို ပြန်ခွဲပေးထားခဲ့တယ်။ ဒီတစ်ခေါက်တော့ ချောင်လန်နဲ့ အခန်းတူတဲ့ ကျောင်းသူ၇ဦးက အဆောင်ခန်းမှာ တူတူနေရမှာဖြစ်တယ်။ တစ်ကယ်လို့ ဘာပြဿနာမှမဖြစ်ခဲ့ဘူးဆိုရင် ဒီအဆောင်ခန်းက နောက်၂နှစ်အတွင်းမှာ အပြောင်းအလဲရှိမှာ မဟုတ်လောက်တော့ဘူး။

သူမရဲ့အခန်းဖော်အသစ်တွေက အရမ်းပေါင်းရသင်းရလွယ်ကူတယ်။ အထူးသဖြင့် ချောင်လန်နဲ့ ခုတင်အပေါ်အောက်နေတဲ့ ဆံပင်တိုတိုနဲ့ ပိုင်ယွီဆိုတဲ့ ကောင်မလေးပေါ့။ သူမတို့၂ယောက်က အကျင့်စရိုက်လဲတူကြတယ်။ ဝါသနာတွေလဲ ဆင်တူကြတယ်။ အခုတလော ချောင်လန်က နေ့လည်စာကို ပိုင်ယွီနဲ့စားပြီး ညစာကို ထန်းမော့နဲ့စားတယ်။ ထန်းမော့က ညပိုင်း study ချိန်ကို မလာတဲ့အချိန်ကျရင် ပိုင်ယွီက ထိုင်ခုံတစ်ခုံကို ရွှေ့လာပြီး ထန်းမော့နေရာမှာ လာထိုင်တယ်။

စာသင်ခန်းထဲက ထိုင်ခုံနေရာတွေက ကျောင်းအပ်တဲ့နေ့တုန်းက ရွေးထားတဲ့ အတိုင်းထိုင်ရတာဖြစ်တယ်။ အတန်းပိုင်အသစ်ကလဲ ဒီအပိုင်းမှာ အတော်လေး ဂရုစိုက်တဲ့ပုံပဲ။ အတန်းပိုင်ဆရာက စိတ္တဇရောဂါရှိတဲ့အတိုင်းပဲ။ သူက သင်္ချာပုစ္ဆာတွေအကြောင်းပြောပြီဆိုရင် တစ်ခန်းလုံးက အချိန်ကိုလုပြီး အပြေးပြိုင်နေရသလိုပဲ။

သိပ္ပံတွဲမှာ ထိပ်တန်းအခန်းက ၂ခန်းပဲရှိတာလေ။ အဲ့တော့ ဒီ၂ခန်းက ကျောင်းသူအရေအတွက်က တစ်ခြားသာမန်အခန်းတွေထက်စာရင်တော့ ကျောင်းသားပိုများတယ်။ တစ်ချို့ပုံမန်အခန်းတွေက ကျောင်းသားကျောင်းသူအရေအတွက်က အယောက်၅၀အောက်မှာ ရှိတယ်။ ဒါပေမဲ့ အခန်း၁၈နဲ့ ၂၈မှာတော့ တစ်ခန်းစီမှာ စုစုပေါင်း ကျောင်းသားကျောင်းသူအရေအတွက်က အယောက်၆၀လောက်ရှိတယ်။

ယောက်ျားလေးနဲ့ မိန်းကလေးအချိုးက ၇၃ရာခိုင်နှုန်းရှိတယ်။ ပြီးတော့ အခန်းထဲက မိန်းကလေးအရေအတွက်က စုစုပေါင်းမှအယောက်၂၀တောင်မရှိဘူး။

ချောင်လန်က အရင်တုန်းက ဝိဇ္ဇာအတန်းကိုတက်ဖူးတာလေ။ ပြီးတော့ အဲ့မှာ စာသင်ခန်းထဲမှာ ကောင်လေးဆိုလို့ အရှေ့မှာတစ်ယောက်နဲ့ အနောက်ဆုံးတစ်ယောက်ပဲ ရှိတာကိုပဲ မှတ်မိတယ်။ အခုဟာက သိပ္ပံအတန်းလေ။ ချောင်လန်ကို ကောင်လေးတွေချည်း ဝန်းရံထားနေတယ်။ ကံကောင်းတာက သူမနောက်ကခုံက ကောင်မလေး၂ယောက်ဖြစ်နေတာပဲ။ သူတို့ထဲက တစ်ယောက်က ချောင်လန်နဲ့ အဆောင်ခန်းချင်းတူတဲ့ ရှန်းရှောင်ဟန် လို့ခေါ်တယ်။

ရှန်းရှောင်ဟန်က အရမ်းကို တက်ကြွတဲ့ personality ရှိတယ်။ ထိုင်ခုံမှာထိုင်ပြီးတာနဲ့ သူမက ချောင်လန့်ကို သူမကိုယ်သူမ မိတ်ဆက်ပေးပြီး ထန်းမော့ကိုတောင် စကားပြောလိုက်သေးတယ်။ ဒါပေမဲ့ ထန်းမော့က လူတစ်ယောက်နဲ့ ရင်းနီးဖို့ဆို အချိန်ကြာကြာယူရတဲ့ ပုံစံမျိုးဆိုတော့ နှမြောစရာပဲ။ အဲ့တာကြောင့် သူက အစပိုင်းမှာ ဘာမှပြန်မပြောခဲ့ဘဲ သူမကို လျစ်လျူရှုခဲ့တယ်။

အတန်းအစည်းအဝေးမှာ အတန်းပိုင်ဆရာက မိန့်ခွန်းတိုတိုလေးတစ်ခု ပြောခဲ့တယ်။ သူကပြောတယ် ထိပ်ဆုံးအခန်းဆိုတာက ' ထိပ်ဆုံး ' ဆိုတဲ့ စကားလုံးကို ရောင်ပြန်ဟပ်နေသင့်တယ်တဲ့။ အထူးသဖြင့် ဘာလို့လဲဆိုတော့ တစ်နှစ်လုံးက ထိပ်ဆုံး၃ယောက်က အခန်း၁၈ထဲမှာ ရှိနေမှတော့ သူတို့အခန်းက လပတ်စာမေးပွဲတွေမှာ အခန်း၂၈ကို သေချာပေါက် ရိုက်ချနိုင်မှာပဲလို့ အတန်းပိုင်ဆရာက တွေးလို့လေ။

အဲ့လိုပြောပြီးသွားတော့ သူကထပ်ပြောလိုက်တယ်။ ကျောင်းသားကျောင်းသူတွေက စာထဲမှာပဲ စိတ်နှစ်ထားသင့်တယ်တဲ့။ နေ့တိုင်းနေ့ ပိုးဖလံတွေလိုမျိုး တလူလူလုပ်မနေကြနဲ့တဲ့။

ဒါကိုကြားလိုက်ရတော့ အတန်းထဲက လူအားလုံးက ခေါင်းတွေကို လှည့်လိုက်ကြပြီး လူ၂ယောက်ကို ကြည့်လိုက်ကြတယ်။ အရပ်အရမ်းရှည်ကြလို့ အနောက်ဆုံးမှာထိုင်နေကြတဲ့ ချန်ယောင်းရန်နဲ့ ဟောင်ရင့်ဆီကိုပေါ့။ ဒီလူ၂ယောက်က စာသင်ခန်းထဲမှာ ရှိနေတာကြောင့် ဒီအခန်းထဲမှာ မရှိသင့်တဲ့ ကျောင်းသူတစ်ချို့က အမြဲဝင်လိုက်ထွက်လိုက် လုပ်နေကြတာလေ။

သူတို့စာသင်ခန်းထဲက ထွက်ပြီဆိုရင်လဲ စာသင်ခန်းတံခါးပေါက်မှာ အမြဲတမ်း ကောင်မလေးတွေအများကြီးပဲ ရှိနေတယ်။ ပြီးတော့ အကုန်လုံးကလဲ တစ်ခြားအခန်းကသူတွေချည်းပဲ။

အတန်းပိုင်ဆရာက စာသင်လာတာ နှစ်အများကြီးရှိနေပြီ။ ဒါပေမဲ့ ဒီလို အခြေအနေမျိုးကို သူတစ်ခါမှ မကြုံတွေ့ခဲ့ဖူးပါဘူး။ အဲ့တာကြောင့် သူက အဲ့ကျောင်းသား၂ယောက် နာမည်ကိုတောင် အလွတ်ပြောနိုင်နေပြီ။ အထူးသဖြင့် ဟောင်ရင့်ကိုပေါ့။ တစ်ချို့ကျောင်းသားတွေက သူတို့အမှတ်ကြောင့် ဒီအခန်းကိုရောက်လာတာ မဟုတ်ဘူး၊ အဲ့တာကြောင့် သူတို့က သူတို့နေရာကို ကောင်းကောင်းကြည့်နေသင့်တယ် လို့ အတန်းပိုင်ဆရာက တိုက်ရိုက်ကြီး ပြောချလိုက်တယ်။

နောက်ဆုံးတော့ သူက ချန်ယောင်းရန်ကို ဆူလိုက်ချင်တယ်။ ဒါပေမဲ့ သည်းခံခဲ့တယ်။ ဘာပဲပြောပြော ချန်ယောင်းရန်ရဲ့ အဆင့်တွေက အရမ်းကောင်းနေသေးတာပဲလေ။

ချောင်လန်က အတန်းပိုင်ဆရာပြောတာကို နားထောင်ရင်း မေးခွန်းတွေကို လုပ်နေခဲ့တယ်။

စာသင်ခန်းက နည်းနည်းဆူညံတယ်ဆိုပေမဲ့ စာသင်ခန်းထဲက သင်ယူမှု အခြေအနေက အရမ်းအားကောင်းတယ်။ ပြီးတော့ အားလုံးရဲ့ သင်ယူလေ့လာနိုင်စွမ်းကလဲ သိပ်မဆိုးကြဘူး။

ဒါပေမဲ့ ချောင်လန် အရင်က သွားခဲ့ဖူးတဲ့ ထိပ်တန်းကျောင်းရဲ့ ထိပ်တန်းအခန်းနဲ့ယှဥ်လိုက်ရင်တော့ ဒီအခန်းက နည်းနည်းတော့ နောက်ကျကျန်နေတယ်။ အဲ့တာကြောင့် ဒီလိုအားပြိုင်မှုက ချောင်လန့်အတွက်တော့ ဘာမှသိပ်မဟုတ်သေးပါဘူး။ သူမစိတ်ပူရတဲ့ တစ်ခုထဲသောအရာက ဘာသာရပ်ခွဲတွေစသင်ပြီဆိုရင် သူမက နည်းနည်းလောက် အကျိုးယုတ်နိုင်မလားဆိုတာပဲ။

သူမက အရင်တုန်းက ထိပ်ဆုံး၃ယောက်ထဲကို ဝင်နေကျလေ။ ဒါပေမဲ့ အခုတော့ သူမသိပ်မသေချာနိုင်တော့ဘူး။ ဘာလို့လဲဆိုတော့ သူမချန်ယောင်းရန်ကို အမှတ်တွေအများကြီး ပြတ်ကျကျန်နေခဲ့အောင်လုပ်နိုင်တာက ဘာလို့လဲဆိုတော့ သူမရဲ့ နိုင်ငံရေး သမိုင်းတွေက ချန်ယောင်းရန်ထက် အမှတ်ပိုများနေတာကြောင့်လေ။

အဲ့တာတွေအပြင် ဘာသာစကားလဲ ရှိသေးတယ်။

အထက်တန်းဒုတိယနှစ်ရဲ့ physics က ရုတ်တရက်ကြီး ခက်ခဲမှုက လုံဝနောက်level အသစ်တစ်ခုကို မြင့်တက်သွားတဲ့အတိုင်းပဲ။ ချောင်လန်က အဲ့တာကို လွယ်လွယ်လေးနဲ့ မရင်ဆိုင်နိုင်ဘူး။ တော်သေးတာပေါ့ သူမမှာ ထန်းမော့ရှိလို့ပေါ့။

သူမ ထန်းမော့ကို မေးခွန်းတစ်ခု လှမ်းပေးလိုက်တိုင်း သူက ၁မိနစ်အတွင်းမှာပဲ အဖြေကို တွက်နိုင်နေတယ်လေ။ ချောင်လန်ကလဲ သူ့ကို အားမကျဘဲ မနေနိုင်တော့ဘူး။ နောက်ဆုံး အတန်းအစည်းအဝေးပြီးတော့ ထန်းမော့က မေးခွန်းရဲ့ အဓိကအချက်တွေကို စာကြောင်းအနည်းငယ်နဲ့တင် ထောက်ပြသွားခဲ့တယ်။ ချောင်လန်က အသံတိုးတိုးလေးနဲ့ ပြောလိုက်တယ်။ " နင်ဘာလို့ ဒီလောက်တောင် တော်နေရတာလဲဟာ "

ထန်းမော့ရဲ့ဘောပင်က ရပ်သွားတယ်။ ပြီးတော့ သူက ဘေးကိုလှည့်လိုက်ပြီး ချောင်လန့်ကို ကြည့်ကာပြောလိုက်တယ်။ " နင်ကလဲ အရမ်းတော်ပါတယ် "

ချောင်လန်က ရုတ်တရက်ရယ်လိုက်တယ်။ " ငါကတော်တယ်လို့ မပြောရဲပါဘူးနော်။ နင်နဲ့ယှဥ်လိုက်ရင် ငါက သာမန်ထက်နည်းနည်းလေး ပိုသာနေရုံပဲ ရှိတာကို။ "

ပြီးတော့ ချောင်လန်က ဘေးကိုလှည့်ကြည့်လိုက်တော့ ဟောင်ရင်က သူမညာဘက်ကလွတ်နေတဲ့ ခုံမှာ ထိုင်နေတာကို တွေ့လိုက်ရတယ်။

[ ဟောင်ရင်ထိုင်နေတာက နောက်တစ်row ပါ။ စာသင်ခန်းထဲမှာက row တစ်ခုမှာ စားပွဲခုံ၂ခုံကို ကပ်ရပ်ထားတာလေ။ အဲ့တာကြောင့် ဟောင်ရင်ထိုင်နေတာက ချောင်လန့်ရဲ့ညာဘက်မှာ ရှိတဲ့ လျှောက်လမ်းခြားထားတဲ့ထိုင်ခုံမှာပါ။ ထန်းမော့ကကျတော့ သူမရဲ့ ဘယ်ဘက်ကပ်ရပ်မှာပါ။ ]

သူက ဒီအခန်းထဲကို ပိုက်ဆံပေးပြီးရောက်လာတာလို့ သူများတွေပြောတုန်းက ဟောင်ရင်က သိပ်ဂရုမစိုက်ခဲ့ဘူး။ ဒါပေမဲ့ အတန်းပိုင်ဆရာက လူတွေအများကြီးရှေ့မှာ တိုက်ရိုက်ကြီး သူ့ကိုဆူလိုက်တော့ သူတစ်ကယ်ဂရုမစိုက်ပေမဲ့လဲ နည်းနည်းတော့ စိတ်ပူလာတယ်။

ဟောင်ရင်က အခုတလော အတန်းပိုင်ဆရာရဲ့စကားတွေကြောင့် လှုံ့ဆော်ခံနေရတယ်။ အဲ့တာကြောင့် သူကနေ့တိုင်း စာကိုစပြီး ကြိုးစားလာတယ်။ သူက စာသင်ရင်လဲ သေသေချာချာနားထောင်တယ်။ ပြီးတော့ အတန်းပြီးသွားရင်လဲ အားတဲ့အချိန်တိုင်း သူ့အတန်းဖော်တွေကို မေးလေ့ရှိတယ်။ ဒါပေမဲ့သူက logarithms အကြောင်းမေးဖို့အတွက် ချောင်လန့်ခုံရှေ့ကို သွားပြီး တိုးလေ့ရှိတယ်။

ချောင်လန်က အစတုန်းကတော့ အတော်လေးစိတ်ရှည်တယ်။ ဒါပေမဲ့ ဟောင်ရင်က အရမ်းကိုခဏခဏလာနေတော့ သူမငြင်းချင်လာတယ်။ ဒါပေမဲ့ ဟောင်ရင်ရဲ့ တောက်ပတဲ့အပြုံးနဲ့ လေးလေးနက်နက်ဖြစ်နေတဲ့ ပုံစံကိုမြင်လိုက်ရတော့ ချောင်လန်တိတ်ဆိတ်သွားပြီး သူမပြောမဲ့ စကားကိုပဲ ပြောင်းပြောလိုက်ရတော့တယ်။ " တစ်ကယ်တော့ နင် နင့် tablemate ကိုလဲ မေးလို့ရပါတယ်။ သူကလဲ သင်္ချာအတော်လေး တော်တာလေ။ "

ချောင်လန်က ဟောင်ရင့် tablemate ကို အတော်လေးအထင်ကြီးတယ်။ သူ့နာမည်အရဆိုရင်တော့ သူက မနှစ်တုန်းက အခန်း၅က အဆင့်၁ရတဲ့ တစ်ယောက်ပဲ ဖြစ်ရတယ်။ ပြီးတော့ သူက စာမေးပွဲတိုင်းမှာ တစ်တန်းလုံးမှာ top 10 ထဲကို ဝင်တယ်နဲ့တူတယ်။

" ငါသူ့ကို ဟိုးအရင်ကထဲက မေးပြီးသွားပြီ။ " ဟောင်ရင်က လေးနက်တဲ့ပုံစံနဲ့ ပြောလိုက်တယ်။ " သူက ဘယ်လိုတွက်ရမလဲဆိုတာ မသိဘူး။ အဲ့တာကြောင့် ငါနင့်ကို လာမေးတာပေါ့။ ဒီဟာလေးနဲ့ ဒီဟာလေးပဲ ငါအောက်ပိုင်းတစ်ဝက်ကို မတွက်တက်ဘူး။ "

ချောင်လန်က မေးခွန်းကို ခဏလောက်စိုက်ကြည့်နေပြီး ဟောင်ရင့်ဆီက မှတ်စုစာအုပ်ကိုယူလိုက်တယ်။ သူမတစ်ချက်ကြည့်လိုက်ပြီး ဟောင်ရင်တွက်လက်စအဆင့်တွေအတိုင်းပဲ ဆက်ရေးလိုက်တယ်။

ချောင်လန့်ရဲ့ တစ်ကယ့်အသက်က ၂၀လေ။ ၂နှစ်သားလေးမှ မဟုတ်တာ။ အခုဒီမျက်နှာက ဘယ်လောက်တောင် အားကောင်းလဲဆိုတာ သူမကောင်းကောင်းသိတယ်။ ဟောင်ရင်က ဒီကိုအကြိမ်ပေါင်းများစွာလာလာနေတာ။ သူ့ရည်ရွယ်ချက်ကဘာလဲဆိုတာ ချောင်လန် မခန့်မှန်းမိနိုင်ဘူးဆိုတာ မဖြစ်နိုင်ဘူးလေ။

ဒါပေမဲ့ ဟောင်ရင်က ဘာမှအပိုမပြောဘူးလေ။ ပြီးတော့ ဟောင်ရင့်မေးခွန်းတွေက တစ်ကယ်လဲ ခက်တယ်။ အဲ့တာကြောင့် ချောင်လန်က တိုက်ရိုက်မပြောနိုင်ခဲ့ဘူး။

ဟောင်ရင်မေးခွန်းပြီးသွားတော့ ချောင်လန်နဲ့ ထန်းမော့နောက်မှာထိုင်တဲ့ ရှန်းရှောင်ဟန်က ဟောင်ရင့်ကို ပြုံးပြီးမေးလိုက်တယ်။ " နင်တို့က အစကထဲက သိကြတာလား "

ဟောင်ရင်ရဲ့ချောမောလှတဲ့ မျက်နှာက ပိုပြီးတော့တောင် တောက်ပသွားတယ်။ " အင်း။ ငါသူ့ကို အထက်တန်းပထမနှစ်ရဲ့ ပထမ semester မှာကထဲကသိတာ။ " သူချောင်လန့်ကို မေးခွန်းတွေလာလာမေးနေတာ။ ဒါပေမဲ့ သူ့အတွေးရဲ့ ၇၀ရာခိုင်နှုန်းလောက်က မေးခွန်းပေါ်မှာ မဟုတ်ဘဲ တစ်ကယ်တော့ ချောင်လန့်ပေါ်မှာ ရှိနေတာလေ။ အခု ရှန်းရှောင်ဟန်က သူ့ကို အထူးတလည်မေးလာပြီဆိုတော့ သူဒီမှာ ကြာကြာနေဖို့ အခွင့်အရေးရသွားလို့ သူကတော့ ပျော်တာပေါ့။

" ငါသူမနဲ့ ဘယ်လိုဆုံခဲ့တာလဲဆိုတာ မှန်းကြည့်ကြည့် "

" ဘယ်လိုဆုံခဲ့တာလဲ " အခန်း၁၈က ကောင်မလေးတွေက စာကိုအားတက်သရောလုပ်ကြတယ်ဆိုပေမဲ့ အားလုံးကတော့ ချောတဲ့ ကောင်လေးတွေနဲ့ စကားပြောရတာကို ကြိုက်ကြတာပဲလေ။

" ငါက မနှစ်က ပထမ semester ရဲ့ နှစ်ဝက်စာမေးပွဲမှာ ချောင်လန့်နောက်မှာ ထိုင်ခဲ့တာလေ " ဟောင်ရင်က ခဏလောက်ပြောတာကို ရပ်လိုက်ပြီး " အင်းးးးးးး အဲ့တာထက်တော့ ပိုမပြောတော့ဘူးနော်။ အဲ့တာက နည်းနည်း ရှက်ဖို့ကောင်းတယ်။ "

ရှန်းရှောင်ဟန်နဲ့ လူတော်တော်များများက ရယ်လိုက်ကြတယ်။ ချောင်လန်က သူမထိုင်ခုံမှာ ထိုင်နေရင်း မျက်မှောင်ကျုံ့လိုက်တယ်။ တစ်ခုခုကို ပြောမလို့လုပ်လိုက်ပေမဲ့ သူမသည်းခံခဲ့တယ်။

ချောင်လန်က သူမအာရုံကို physics စာအုပ်ပေါ်ပြန်ထားလိုက်တယ်။ ပြီးတော့ ဘေးကိုလှည့်လိုက်ပြီး ထန်းမော့ကို ခေါ်လိုက်တယ်။

ထန်းမော့က ရုတ်တရက်ခေါင်းကိုလှည့်လာပြီး သူမကို ကြည့်လိုက်တယ်။ သူမ သူ့ရဲ့လှပတဲ့ အဲ့ဒီ့အညိုဖျော့ရောင် မျက်လုံးလေးတွေနဲ့ဆုံသွားတော့ အဲ့မျက်လုံးတွေက ပုံမန်နဲ့နည်းနည်း ကွဲပြားနေတာကို သူမတွေ့လိုက်ရတယ်။ အဲ့တာက ဘာကိုမှဂရုမစိုက်သမျိုးဖြစ်နေတဲ့အကြည့်လိုလဲမဟုတ်ဘူး။ သူမကိုကြည့်နေတဲ့ အချိန်မှာ အေးချမ်းနေတဲ့ ပုံစံမျိုးလဲမဟုတ်ဘူး။ ချောင်လန် သူ့မျက်လုံးထဲက မှုန်မှိုင်းနေတဲ့ အကြည့်တွေကို မမြင်ရတာ အတော်ကြာနေပြီ။

Zawgyi
အသက္၁၅ႏွစ္ ၁၆ႏွစ္အ႐ြယ္ေတြက ေကာင္ေလးပဲျဖစ္ျဖစ္ ေကာင္မေလးပဲျဖစ္ျဖစ္ သူတို႔စိတ္ထားေလးေတြက သိပ္မဆိုးၾကေသးပါဘူးလို႔ ေခ်ာင္လန္ကထင္တယ္။ အဲ့တာေၾကာင့္ အခန္း၁၃ရဲ႕ အေျခအေနက ေက်ာင္းတစ္ေက်ာင္းလုံးနဲ႔ တစ္ျခားသူေတြကို ကိုယ္စားျပဳမယ္လို႔ သူမမေတြးဘူး။ အဲ့တာေၾကာင့္လဲ ေခ်ာင္လန္က သူမရဲ႕အထက္တန္းသူငယ္ခ်င္းအသစ္ေလးေတြကို အနည္းငယ္ေစာင့္ေမွ်ာ္ေနေသးတယ္။

ပတ္ဝန္းက်င္အသစ္ကို ဝင္လာၿပီးေတာ့ ေနာက္ဆုံးမွ ေခ်ာင္လန္ခံစားလိုက္ရတယ္။ ဒီလိုအေျခအေနက သူမစိတ္ကူးထဲက ပုံမန္အထက္တန္းေက်ာင္းသူဘဝနဲ႔ လုံးဝကိုက္ညီတာပဲလို႔ေပါ့။

အထက္တန္းဒုတိယႏွစ္မွာ ေက်ာင္းသူေက်ာင္းသားေတြက ညေနပိုင္း self study စလုပ္ရေတာ့မွာ ျဖစ္တယ္။ အိမ္နဲ႔ေဝးတဲ့ ေက်ာင္းသားေက်ာင္းသူ အေတာ္မ်ားမ်ားက အထက္တန္းဒုတိယႏွစ္ဆိုရင္ ေက်ာင္းမွာအေဆာင္လာေနၾကတာမ်ားတယ္။ အဲ့တာေၾကာင့္ အေဆာင္မွာေနတဲ့ ေက်ာင္းသားအေရအတြက္က ႐ုတ္တရက္ႀကီး ျမင့္တက္လာခဲ့တယ္။ ၿပီးေတာ့ အေဆာင္အခန္းေတြကို ျပန္ခြဲေပးထားခဲ့တယ္။ ဒီတစ္ေခါက္ေတာ့ ေခ်ာင္လန္နဲ႔ အခန္းတူတဲ့ ေက်ာင္းသူ၇ဦးက အေဆာင္ခန္းမွာ တူတူေနရမွာျဖစ္တယ္။ တစ္ကယ္လို႔ ဘာျပသနာမွမျဖစ္ခဲ့ဘူးဆိုရင္ ဒီအေဆာင္ခန္းက ေနာက္၂ႏွစ္အတြင္းမွာ အေျပာင္းအလဲရွိမွာ မဟုတ္ေလာက္ေတာ့ဘူး။

သူမရဲ႕အခန္းေဖာ္အသစ္ေတြက အရမ္းေပါင္းရသင္းရလြယ္ကူတယ္။ အထူးသျဖင့္ ေခ်ာင္လန္နဲ႔ ခုတင္အေပၚေအာက္ေနတဲ့ ဆံပင္တိုတိုနဲ႔ ပိုင္ယြီဆိုတဲ့ ေကာင္မေလးေပါ့။ သူမတို႔၂ေယာက္က အက်င့္စ႐ိုက္လဲတူၾကတယ္။ ဝါသနာေတြလဲ ဆင္တူၾကတယ္။ အခုတေလာ ေခ်ာင္လန္က ေန႔လည္စာကို ပိုင္ယြီနဲ႔စားၿပီး ညစာကို ထန္းေမာ့နဲ႔စားတယ္။ ထန္းေမာ့က ညပိုင္း study ခ်ိန္ကို မလာတဲ့အခ်ိန္က်ရင္ ပိုင္ယြီက ထိုင္ခုံတစ္ခုံကို ေ႐ႊ႕လာၿပီး ထန္းေမာ့ေနရာမွာ လာထိုင္တယ္။

စာသင္ခန္းထဲက ထိုင္ခုံေနရာေတြက ေက်ာင္းအပ္တဲ့ေန႔တုန္းက ေ႐ြးထားတဲ့ အတိုင္းထိုင္ရတာျဖစ္တယ္။ အတန္းပိုင္အသစ္ကလဲ ဒီအပိုင္းမွာ အေတာ္ေလး ဂ႐ုစိုက္တဲ့ပုံပဲ။ အတန္းပိုင္ဆရာက စိတၱဇေရာဂါရွိတဲ့အတိုင္းပဲ။ သူက သခ်ၤာပုစာၦေတြအေၾကာင္းေျပာၿပီဆိုရင္ တစ္ခန္းလုံးက အခ်ိန္ကိုလုၿပီး အေျပးၿပိဳင္ေနရသလိုပဲ။

သိပၸံတြဲမွာ ထိပ္တန္းအခန္းက ၂ခန္းပဲရွိတာေလ။ အဲ့ေတာ့ ဒီ၂ခန္းက ေက်ာင္းသူအေရအတြက္က တစ္ျခားသာမန္အခန္းေတြထက္စာရင္ေတာ့ ေက်ာင္းသားပိုမ်ားတယ္။ တစ္ခ်ိဳ႕ပုံမန္အခန္းေတြက ေက်ာင္းသားေက်ာင္းသူအေရအတြက္က အေယာက္၅၀ေအာက္မွာ ရွိတယ္။ ဒါေပမဲ့ အခန္း၁၈နဲ႔ ၂၈မွာေတာ့ တစ္ခန္းစီမွာ စုစုေပါင္း ေက်ာင္းသားေက်ာင္းသူအေရအတြက္က အေယာက္၆၀ေလာက္ရွိတယ္။

ေယာက္်ားေလးနဲ႔ မိန္းကေလးအခ်ိဳးက ၇၃ရာခိုင္ႏႈန္းရွိတယ္။ ၿပီးေတာ့ အခန္းထဲက မိန္းကေလးအေရအတြက္က စုစုေပါင္းမွအေယာက္၂၀ေတာင္မရွိဘူး။

ေခ်ာင္လန္က အရင္တုန္းက ဝိဇၨာအတန္းကိုတက္ဖူးတာေလ။ ၿပီးေတာ့ အဲ့မွာ စာသင္ခန္းထဲမွာ ေကာင္ေလးဆိုလို႔ အေရွ႕မွာတစ္ေယာက္နဲ႔ အေနာက္ဆုံးတစ္ေယာက္ပဲ ရိတာကိုပဲ မွတ္မိတယ္။ အခုဟာက သိပၸံအတန္းေလ။ ေခ်ာင္လန္ကို ေကာင္ေလးေတြခ်ည္း ဝန္းရံထားေနတယ္။ ကံေကာင္းတာက သူမေနာက္ကခုံက ေကာင္မေလး၂ေယာက္ျဖစ္ေနတာပဲ။ သူတို႔ထဲက တစ္ေယာက္က ေခ်ာင္လန္နဲ႔ အေဆာင္ခန္းခ်င္းတူတဲ့ ရွန္းေရွာင္ဟန္ လို႔ေခၚတယ္။

ရွန္းေရွာင္ဟန္က အရမ္းကို တက္ႂကြတဲ့ personality ရွိတယ္။ ထိုင္ခုံမွာထိုင္ၿပီးတာနဲ႔ သူမက ေခ်ာင္လန္႔ကို သူမကိုယ္သူမ မိတ္ဆက္ေပးၿပီး ထန္းေမာ့ကိုေတာင္ စကားေျပာလိုက္ေသးတယ္။ ဒါေပမဲ့ ထန္းေမာ့က လူတစ္ေယာက္နဲ႔ ရင္းနီးဖို႔ဆို အခ်ိန္ၾကာၾကာယူရတဲ့ ပုံစံမ်ိဳးဆိုေတာ့ ႏွေျမာစရာပဲ။ အဲ့တာေၾကာင့္ သူက အစပိုင္းမွာ ဘာမွျပန္မေျပာခဲ့ဘဲ သူမကို လ်စ္လ်ဴရႈခဲ့တယ္။

အတန္းအစည္းအေဝးမာ အတန္းပိုင္ဆရာက မိန္႔ခြန္းတိုတိုေလးတစ္ခု ေျပာခဲ့တယ္။ သူကေျပာတယ္ ထိပ္ဆုံးအခန္းဆိုတာက ' ထိပ္ဆုံး ' ဆိုတဲ့ စကားလုံးကို ေရာင္ျပန္ဟပ္ေနသင့္တယ္တဲ့။ အထူးသျဖင့္ ဘာလို႔လဲဆိုေတာ့ တစ္နစ္လုံးက ထိပ္ဆုံး၃ေယာက္က အခန္း၁၈ထဲမွာ ရွိေနမွေတာ့ သူတို႔အခန္းက လပတ္စာေမးပြဲေတြမွာ အခန္း၂၈ကို ေသခ်ာေပါက္ ႐ိုက္ခ်ႏိုင္မွာပဲလို႔ အတန္းပိုင္ဆရာက ေတြးလို႔ေလ။

အဲ့လိုေျပာၿပီးသြားေတာ့ သူကထပ္ေျပာလိုက္တယ္။ ေက်ာင္းသားေက်ာင္းသူေတြက စာထဲမွာပဲ စိတ္ႏွစ္ထားသင့္တယ္တဲ့။ ေန႔တိုင္းေန႔ ပိုးဖလံေတြလိုမ်ိဳး တလူလူလုပ္မေနၾကနဲ႔တဲ့။

ဒါကိုၾကားလိုက္ရေတာ့ အတန္းထဲက လူအားလု႔းက ေခါင္းေတြကို လွည့္လိုက္ၾကၿပီး လူ၂ေယာက္ကို ၾကည့္လိုက္ၾကတယ္။ အရပ္အရမ္းရွည္ၾကလို႔ အေနာက္ဆုံးမွာထိုင္ေနၾကတဲ့ ခ်န္ေယာင္းရန္နဲ႔ ေဟာင္ရင့္ဆီကိုေပါ့။ ဒီလူ၂ေယာက္က စာသင္ခန္းထဲမွာ ရွိေနတာေၾကာင့္ ဒီအခန္းထဲမွာ မရွိသင့္တဲ့ ေက်ာင္းသူတစ္ခ်ိဳ႕က အၿမဲဝင္လိုက္ထြက္လိုက္ လုပ္ေနၾကတာေလ။

သူတို႔စာသင္ခန္းထဲက ထြက္ၿပီဆိုရင္လဲ စာသင္ခန္းတံခါးေပါက္မွာ အၿမဲတမ္း ေကာင္မေလးေတြအမ်ားႀကီးပဲ ရွိေနတယ္။ ၿပီးေတာ့ အကုန္လုံးကလဲ တစ္ျခားအခန္းကသူေတြခ်ည္းပဲ။

အတန္းပိုင္ဆရာက စာသင္လာတာ နစ္အမ်ားႀကီးရွိေနၿပီ။ ဒါေပမဲ့ ဒီလို အေျခအေနမ်ိဳးကို သူတစ္ခါမွ မႀကဳံေတြ႕ခဲ့ဖူးပါဘူး။ အဲ့တာေၾကာင့္ သူက အဲ့ေက်ာင္းသား၂ေယာက္ နာမည္ကိုေတာင္ အလြတ္ေျပာႏိုင္ေနၿပီ။ အထူးသျဖင့္ ေဟာင္ရင့္ကိုေပါ့။ တစ္ခ်ိဳ႕ေက်ာင္းသားေတြက သူတို႔အမွတ္ေၾကာင့္ ဒီအခန္းကိုေရာက္လာတာ မဟုတ္ဘူး၊ အဲ့တာေၾကာင့္ သူတို႔က သူတို႔ေနရာကို ေကာင္းေကာင္းၾကည့္ေနသင့္တယ္ လို႔ အတန္းပိုင္ဆရာက တိုက္႐ိုက္ႀကီး ေျပာခ်လိုက္တယ္။

ေနာက္ဆုံးေတာ့ သူက ခ်န္ေယာင္းရန္ကို ဆူလိုက္ခ်င္တယ္။ ဒါေပမဲ့ သည္းခံခဲ့တယ္။ ဘာပဲေျပာေျပာ ခ်န္ေယာင္းရန္ရဲ႕ အဆင့္ေတြက အရမ္းေကာင္းေနေသးတာပဲေလ။

ေခ်ာင္လန္က အတန္းပိုင္ဆရာေျပာတာကို နားေထာင္ရင္း ေမးခြန္းေတြကို လုပ္ေနခဲ့တယ္။

စာသင္ခန္းက နည္းနည္းဆူညံတယ္ဆိုေပမဲ့ စာသင္ခန္းထဲက သင္ယူမႈ အေျခအေနက အရမ္းအားေကာင္းတယ္။ ၿပီးေတာ့ အားလုံးရဲ႕ သင္ယူေလ့လာႏိုင္စြမ္းကလဲ သိပ္မဆိုးၾကဘူး။

ဒါေပမဲ့ ေခ်ာင္လန္ အရင္က သြားခဲ့ဖူးတဲ့ ထိပ္တန္းေက်ာင္းရဲ႕ ထိပ္တန္းအခန္းနဲ႔ယွဥ္လိုက္ရင္ေတာ့ ဒီအခန္းက နည္းနည္းေတာ့ ေနာက္က်က်န္ေနတယ္။ အဲ့တာေၾကာင့္ ဒီလိုအားၿပိဳင္မႈက ေခ်ာင္လန္႔အတြက္ေတာ့ ဘာမသိပ္မဟုတ္ေသးပါဘူး။ သူမစိတ္ပူရတဲ့ တစ္ခုထဲေသာအရာက ဘာသာရပ္ခြဲေတြစသင္ၿပီဆိုရင္ သူမက နည္းနည္းေလာက္ အက်ိဳးယုတ္ႏိုင္မလားဆိုတာပဲ။

သူမက အရင္တုန္းက ထိပ္ဆုံး၃ေယာက္ထဲကို ဝင္ေနက်ေလ။ ဒါေပမဲ့ အခုေတာ့ သူမသိပ္မေသခ်ာႏိုင္ေတာ့ဘူး။ ဘာလို႔လဲဆိုေတာ့ သူမခ်န္ေယာင္းရန္ကို အမွတ္ေတြအမ်ားႀကီး ျပတ္က်က်န္ေနခဲ့ေအာင္လုပ္ႏိုင္တာက ဘာလို႔လဲဆိုေတာ့ သူမရဲ႕ ႏိုင္ငံေရး သမိုင္းေတြက ခ်န္ေယာင္းရန္ထက္ အမွတ္ပိုမ်ားေနတာေၾကာင့္ေလ။

အဲ့တာေတြအျပင္ ဘာသာစကားလဲ ရွိေသးတယ္။

အထက္တန္းဒုတိယႏွစ္ရဲ႕ physics က ႐ုတ္တရက္ႀကီး ခက္ခဲမႈက လုံဝေနာက္level အသစ္တစ္ခုကို ျမင့္တက္သြားတဲ့အတိုင္းပဲ။ ေခ်ာင္လန္က အဲ့တာကို လြယ္လြယ္ေလးနဲ႔ မရင္ဆိုင္ႏိုင္ဘူး။ ေတာ္ေသးတာေပါ့ သူမမွာ ထန္းေမာ့ရွိလို႔ေပါ့။

သူမ ထန္းေမာ့ကို ေမးခြန္းတစ္ခု လွမ္းေပးလိုက္တိုင္း သူက ၁မိနစ္အတြင္းမွာပဲ အေျဖကို တြက္ႏိုင္ေနတယ္ေလ။ ေခ်ာင္လန္ကလဲ သူ႔ကို အားမက်ဘဲ မေနႏိုင္ေတာ့ဘူး။ ေနာက္ဆုံး အတန္းအစည္းအေဝးၿပီးေတာ့ ထန္းေမာ့က ေမးခြန္းရဲ႕ အဓိကအခ်က္ေတြကို စာေၾကာင္းအနည္းငယ္နဲ႔တင္ ေထာက္ျပသြားခဲ့တယ္။ ေခ်ာင္လန္က အသံတိုးတိုးေလးနဲ႔ ေျပာလိုက္တယ္။ " နင္ဘာလို႔ ဒီေလာက္ေတာင္ ေတာ္ေနရတာလဲဟာ "

ထန္းေမာ့ရဲ႕ေဘာပင္က ရပ္သြားတယ္။ ၿပီးေတာ့ သူက ေဘးကိုလွည့္လိုက္ၿပီး ေခ်ာင္လန္႔ကို ၾကည့္ကာေျပာလိုက္တယ္။ " နင္ကလဲ အရမ္းေတာ္ပါတယ္ "

ေခ်ာင္လန္က ႐ုတ္တရက္ရယ္လိုက္တယ္။ " ငါကေတာ္တယ္လို႔ မေျပာရဲပါဘူးေနာ္။ နင္နဲ႔ယွဥ္လိုက္ရင္ ငါက သာမန္ထက္နည္းနည္းေလး ပိုသာေန႐ုံပဲ ရွိတာကို။ "

ၿပီးေတာ့ ေခ်ာင္လန္က ေဘးကိုလွည့္ၾကည့္လိုက္ေတာ့ ေဟာင္ရင္က သူမညာဘက္ကလြတ္ေနတဲ့ ခုံမွာ ထိုင္ေနတာကို ေတြ႕လိုက္ရတယ္။

[ ေဟာင္ရင္ထိုင္ေနတာက ေနာက္တစ္row ပါ။ စာသင္ခန္းထဲမွာက row တစ္ခုမွာ စားပြဲခုံ၂ခုံကို ကပ္ရပ္ထားတာေလ။ အဲ့တာေၾကာင့္ ေဟာင္ရင္ထိုင္ေနတာက ေခ်ာင္လန္႔ရဲ႕ညာဘက္မွာ ရွိတဲ့ ေလွ်ာက္လမ္းျခားထားတဲ့ထိုင္ခုံမွာပါ။ ထန္းေမာ့ကက်ေတာ့ သူမရဲ႕ ဘယ္ဘက္ကပ္ရပ္မွာပါ။ ]

သူက ဒီအခန္းထဲကို ပိုက္ဆံေပးၿပီးေရာက္လာတာလို႔ သူမ်ားေတြေျပာတုန္းက ေဟာင္ရင္က သိပ္ဂ႐ုမစိုက္ခဲ့ဘူး။ ဒါေပမဲ့ အတန္းပိုင္ဆရာက လူေတြအမ်ားႀကီးေရွ႕မွာ တိုက္႐ိုက္ႀကီး သူ႔ကိုဆူလိုက္ေတာ့ သူတစ္ကယ္ဂ႐ုမစိုက္ေပမဲ့လဲ နည္းနည္းေတာ့ စိတ္ပူလာတယ္။

ေဟာင္ရင္က အခုတေလာ အတန္းပိုင္ဆရာရဲ႕စကားေတြေၾကာင့္ လႈံ႕ေဆာ္ခံေနရတယ္။ အဲ့တာေၾကာင့္ သူကေန႔တိုင္း စာကိုစၿပီး ႀကိဳးစားလာတယ္။ သူက စာသင္ရင္လဲ ေသေသခ်ာခ်ာနားေထာင္တယ္။ ၿပီးေတာ့ အတန္းၿပီးသြားရင္လဲ အားတဲ့အခ်ိန္တိုင္း သူ႔အတန္းေဖာ္ေတြကို ေမးေလ့ရွိတယ္။ ဒါေပမဲ့သူက logarithms အေၾကာင္းေမးဖို႔အတြက္ ေခ်ာင္လန္႔ခုံေရွ႕ကို သြားၿပီး တိုးေလ့ရွိတယ္။

ေခ်ာင္လန္က အစတုန္းကေတာ့ အေတာ္ေလးစိတ္ရွည္တယ္။ ဒါေပမဲ့ ေဟာင္ရင္က အရမ္းကိုခဏခဏလာေနေတာ့ သူမျငင္းခ်င္လာတယ္။ ဒါေပမဲ့ ေဟာင္ရင္ရဲ႕ ေတာက္ပတဲ့အၿပဳံးနဲ႔ ေလးေလးနက္နက္ျဖစ္ေနတဲ့ ပုံစံကိုျမင္လိုက္ရေတာ့ ေခ်ာင္လန္တိတ္ဆိတ္သြားၿပီး သူမေျပာမဲ့ စကားကိုပဲ ေျပာင္းေျပာလိုက္ရေတာ့တယ္။ " တစ္ကယ္ေတာ့ နင္ နင့္ tablemate ကိုလဲ ေမးလို႔ရပါတယ္။ သူကလဲ သခ်ၤာအေတာ္ေလး ေတာ္တာေလ။ "

ေခ်ာင္လန္က ေဟာင္ရင့္ tablemate ကို အေတာ္ေလးအထင္ႀကီးတယ္။ သူ႔နာမည္အရဆိုရင္ေတာ့ သူက မႏွစ္တုန္းက အခန္း၅က အဆင့္၁ရတဲ့ တစ္ေယာက္ပဲ ျဖစ္ရတယ္။ ၿပီးေတာ့ သူက စာေမးပြဲတိုင္းမွာ တစ္တန္းလုံးမွာ top 10 ထဲကို ဝင္တယ္နဲ႔တူတယ္။

" ငါသူ႔ကို ဟိုးအရင္ကထဲက ေမးၿပီးသြားၿပီ။ " ေဟာင္ရင္က ေလးနက္တဲ့ပုံစံနဲ႔ ေျပာလိုက္တယ္။ " သူက ဘယ္လိုတြက္ရမလဲဆိုတာ မသိဘူး။ အဲ့တာေၾကာင့္ ငါနင့္ကို လာေမးတာေပါ့။ ဒီဟာေလးနဲ႔ ဒီဟာေလးပဲ ငါေအာက္ပိုင္းတစ္ဝက္ကို မတြက္တက္ဘူး။ "

ေခ်ာင္လန္က ေမးခြန္းကို ခဏေလာက္စိုက္ၾကည့္ေနၿပီး ေဟာင့္ရင္းဆီက မတ္စုစာအုပ္ကိုယူလိုက္တယ္။ သူမတစ္ခ်က္ၾကည့္လိုက္ၿပီး ေဟာင္ရင္တြက္လက္စအဆင့္ေတြအတိုင္းပဲ ဆက္ေရးလိုက္တယ္။

ေခ်ာင္လန္႔ရဲ႕ တစ္ကယ့္အသက္က ၂၀ေလ။ ၂ႏွစ္သားေလးမွ မဟုတ္တာ။ အခုဒီမ်က္ႏွာက ဘယ္ေလာက္ေတာင္ အားေကာင္းလဲဆိုတာ သူမေကာင္းေကာင္းသိတယ္။ ေဟာင္ရင္က ဒီကိုအႀကိမ္ေပါင္းမ်ားစြာလာလာေနတာ။ သူ႔ရည္႐ြယ္ခ်က္ကဘာလဲဆိုတာ ေခ်ာင္လန္ မခန္႔မွန္းမိႏိုင္ဘူးဆိုတာ မျဖစ္ႏိုင္ဘူးေလ။

ဒါေပမဲ့ ေဟာင္ရင္က ဘာမွအပိုမေျပာဘူးေလ။ ၿပီးေတာ့ ေဟာင္ရင့္ေမးခြန္းေတြက တစ္ကယ္လဲ ခက္တယ္။ အဲ့တာေၾကာင့္ ေခ်ာင္လန္က တိုက္႐ိုက္မေျပာႏိုင္ခဲ့ဘူး။

ေဟာင္ရင္ေမးခြန္းၿပီးသြားေတာ့ ေခ်ာင္လန္နဲ႔ ထန္းေမာ့ေနာက္မွာထိုင္တဲ့ ရွန္းေရွာင္ဟန္က ေဟာင္ရင့္ကို ၿပဳံးၿပီးေမးလိုက္တယ္။ " နင္တို႔က အစကထဲက သိၾကတာလား "

ေဟာင္ရင္ရဲ႕ေခ်ာေမာလွတဲ့ မ်က္ႏွာက ပိုၿပီးေတာ့ေတာင္ ေတာက္ပသြားတယ္။ " အင္း။ ငါသူ႔ကို အထက္တန္းပထမႏွစ္ရဲ႕ ပထမ semester မွာကထဲကသိတာ။ " သူေခ်ာင္လန္႔ကို ေမးခြန္းေတြလာလာေမးေနတာ။ ဒါေပမဲ့ သူ႔အေတြးရဲ႕ ၇၀ရာခိုင္ႏႈန္းေလာက္က ေမးခြန္းေပၚမွာ မဟုတ္ဘဲ တစ္ကယ္ေတာ့ ေခ်ာင္လန္႔ေပၚမွာ ရွိေနတာေလ။ အခု ရွန္းေရွာင္ဟန္က သူ႔ကို အထူးတလည္ေမးလာၿပီဆိုေတာ့ သူဒီမွာ ၾကာၾကာေနဖို႔ အခြင့္အေရးရသြားလို႔ သူကေတာ့ ေပ်ာ္တာေပါ့။

" ငါသူမနဲ႔ ဘယ္လိုဆုံခဲ့တာလဲဆိုတာ မွန္းၾကည့္ၾကည့္ "

" ဘယ္လိုဆုံခဲ့တာလဲ " အခန္း၁၈က ေကာင္မေလးေတြက စာကိုအားတက္သေရာလုပ္ၾကတယ္ဆိုေပမဲ့ အားလုံးကေတာ့ ေခ်ာတဲ့ ေကာင္ေလးေတြနဲ႔ စကားေျပာရတာကို ႀကိဳက္ၾကတာပဲေလ။

" ငါက မႏွစ္က ပထမ semester ရဲ႕ ႏွစ္ဝက္စာေမးပြဲမွာ ေခ်ာင္လန္႔ေနာက္မွာ ထိုင္ခဲ့တာေလ " ေဟာင္ရင္က ခဏေလာက္ေျပာတာကို ရပ္လိုက္ၿပီး " အင္းးးးးးး အဲ့တာထက္ေတာ့ ပိုမေျပာေတာ့ဘူးေနာ္။ အဲ့တာက နည္းနည္း ရွက္ဖို႔ေကာင္းတယ္။ "

ရန္းေရာင္ဟန္နဲ႔ လူေတာ္ေတာ္မ်ားမ်ားက ရယ္လိုက္ၾကတယ္။ ေခ်ာင္လန္က သူမထိုင္ခုံမွာ ထိုင္ေနရင္း မ်က္ေမွာင္က်ဳံ႕လိုက္တယ္။ တစ္ခုခုကို ေျပာမလို႔လုပ္လိုက္ေပမဲ့ သူမသည္းခံခဲ့တယ္။

ေခ်ာင္လန္က သူမအာ႐ုံကို physics စာအုပ္ေပၚျပန္ထားလိုက္တယ္။ ၿပီးေတာ့ ေဘးကိုလွည့္လိုက္ၿပီး ထန္းေမာ့ကို ေခၚလိုက္တယ္။

ထန္းေမာ့က ႐ုတ္တရက္ေခါင္းကိုလွည့္လာၿပီး သူမကို ၾကည့္လိုက္တယ္။ သူမ သူ႔ရဲ႕လွပတဲ့ အဲ့ဒီ့အညိဳေဖ်ာ့ေရာင္ မ်က္လုံးေလးေတြနဲ႔ဆုံသြားေတာ့ အဲ့မ်က္လုံးေတြက ပုံမန္နဲ႔နည္းနည္း ကြဲျပားေနတာကို သူမေတြ႕လိုက္ရတယ္။ အဲ့တာက ဘာကိုမွဂ႐ုမစိုက္သမ်ိဳးျဖစ္ေနတဲ့အၾကည့္လိုလဲမဟုတ္ဘူး။ သူမကိုၾကည့္ေနတဲ့ အခ်ိန္မွာ ေအးခ်မ္းေနတဲ့ ပုံစံမ်ိဳးလဲမဟုတ္ဘူး။ ေခ်ာင္လန္ သူ႔မ်က္လုံးထဲက မႈန္မိႈင္းေနတဲ့ အၾကည့္ေတြကို မျမင္ရတာ အေတာ္ၾကာေနၿပီ။

Continue Reading

You'll Also Like

37.8M 1.1M 68
Deadly assassins Allegra and Ace have been trying in vain to kill each other for years. With a mutual enemy threatening their mafias, they find thems...