ဗီလိန်ရဲ့ လမ်းပြကြယ်

By CrystalKyi

780K 131K 3.7K

ဝတ္ထုစာအုပ်ထဲကို ဝိဉာဉ္ကူးပြောင်းလာတဲ့ ချောင်လန်တစ်ယောက် သူမရဲ့ နေရာက ဇာတ်လိုက် မင်းသားကို ကြိုက် မိသွားတဲ့ ဗ... More

မိတ်ဆက်
အပိုင်း (၁)
အပိုင်း(၂)
အပိုင်း(၃)
အပိုင်း(၄)
အပိုင်း(၅)
အပိုင်း(၆)
အပိုင်း (၇)
အပိုင်း(၈)
အပိုင်း(၉)
အပိုင်း(၁၀)
အပိုင်း(၁၁)
အပိုင်း(၁၂)
အပိုင်း(၁၃)
အပိုင်း(၁၄)
အပိုင်း(၁၅)
အပိုင်း(၁၆)
အပိုင်း(၁၇)
အပိုင်း(၁၈)
အပိုင်း(၁၉)
အပိုင်း(၂၀)
အပိုင်း(၂၁)
အပိုင်း(၂၂)
အပိုင်း(၂၃)
အပိုင်း(၂၄)
အပိုင်း(၂၅)
အပိုင်း(၂၆)
အပိုင်း(၂၇)
အပိုင်း(၂၈)
အပိုင်း(၂၉)
အပိုင်း (၃၀)
အပိုင်း(၃၁)
အပိုင်း(၃၂)
အပိုင်း(၃၃)
အပိုင်း (၃၄)
အပိုင်း(၃၅)
အပိုင်း(၃၆)
အပိုင်း(၃၇)
အပိုင်း(၃၈)
အပိုင်း(၃၉)
အပိုင်း(၄၀)
အပိုင်း(၄၁)
အပိုင်း(၄၂)
အပိုင်း(၄၃)
အပိုင်း(၄၄)
အပိုင်း(၄၅)
အပိုင်း(၄၆)
အပိုင်း(၄၇)
အပိုင်း(၄၈)
အပိုင်း(၄၉)
အပိုင်း(၅၀)
အပိုင်း(၅၁)
အပိုင်း(၅၂)
အပိုင်း(၅၃)
အပိုင်း(၅၄)
အပိုင်း(၅၅)
အပိုင်း(၅၆)
အပိုင်း(၅၇)
အပိုင်း(၅၈)
အပိုင်း(၅၉)
Not Upade!!!
အပိုင်း(၆၀)
အပိုင်း(၆၁)
အပိုင်း(၆၂)
အပိုင်း(၆၃)
အပိုင်း(၆၄)
အပိုင်း(၆၅)
အပိုင်း(၆၆)
အပိုင်း(၆၇)
အပိုင်း(၆၈)
အပိုင်း(၆၉)
အပိုင်း(၇၀)
အပိုင်း(၇၁)
အပိုင်း(၇၂)
အပိုင်း(၇၃)
အပိုင်း(၇၄)
အပိုင်း(၇၅)
အပိုင်း(၇၆)
အပိုင်း(၇၈)
အပိုင်း(၇၉)
အပိုင်း(၈၀)
အပိုင်း(၈၁)
အပိုင်း(၈၂)
အပိုင်း(၈၃)
အပိုင်း(၈၄)
အပိုင်း(၈၅)
အပိုင်း(၈၆)
အပိုင်း(၈၇)
အပိုင်း(၈၈)
အပိုင်း(၈၉)
အပိုင်း(၉၀)
အပိုင်း(၉၁)
အပိုင်း(၉၂)
အပိုင်း(၉၃)
အပိုင်း(၉၄)
အပိုင်း(၉၅)
အပိုင်း(၉၆)
အပိုင်း(၉၇)
အပိုင်း(၉၈)
အပိုင်း(၉၉)
အပိုင်း(၁၀၀)
အပိုင်း(၁၀၁)
အပိုင်း(၁၀၂)
အပိုင်း(၁၀၃)
အပိုင်း(၁၀၄)
အပိုင်း(၁၀၅)
အပိုင်း(၁၀၆)
အပိုင်း(၁၀၇)
အပိုင်း(၁၀၈)
အပိုင်း(၁၀၉)
အပိုင်း(၁၁၀)
အပိုင်း(၁၁၁)
အပိုင်း(၁၁၂)
အပိုင်း(၁၁၃)
အပိုင်း(၁၁၄)
အပိုင်း(၁၁၅)
အပိုင်း(၁၁၆)
အပိုင်း(၁၁၇)
အပိုင်း(၁၁၈)
အပိုင်း(၁၁၉)
အပိုင်း(၁၂၀)
အပိုင်း(၁၂၁)
အပိုင်း(၁၂၂)
အပိုင်း(၁၂၃)
အပိုင်း(၁၂၄)
အပိုင်း(၁၂၅)
အပိုင်း(၁၂၆)
အပိုင်း(၁၂၇)
အပိုင်း(၁၂၈)
အပိုင်း(၁၂၉)
အပိုင်း(၁၃၀)
အပိုင်း(၁၃၁)
အပိုင်း(၁၃၂)
အပိုင်း(၁၃၃)
အပိုင်း(၁၃၄)
အပိုင်း(၁၃၅)
အပိုင်း(၁၃၆)
အပိုင်း(၁၃၇)
အပိုင်း(၁၃၈)
အပိုင်း(၁၃၉)
အပိုင်း(၁၄၀)
အပိုင်း(၁၄၁)
အပိုင်း(၁၄၂)
အပိုင်း(၁၄၃)
အပိုင်း(၁၄၄)
အပိုင်း(၁၄၅)
အပိုင်း(၁၄၆)
အပိုင်း(၁၄၇)
အပိုင်း(၁၄၈)
အပိုင်း(၁၄၉)

အပိုင်း(၇၇)

4.9K 927 30
By CrystalKyi

Unicode
ချောင်လန်က အခန်း၁၈က ဒုတိယစာသင်ဆောင်ရဲ့ ပထမထပ်မှာရှိတာကို ရှာတွေ့သွားတယ်။ အတန်းပိုင်ဆရာအသစ်က အခန်းထဲက စတိတ်စင်ပေါ်မှာထိုင်ပြီး ကျောင်းသားတစ်ယောက်ချင်းစီကို စာရင်းသွင်းပေးနေတယ်။ စာသင်ခန်းထဲမှာ ကျောင်းသား ကျောင်းသူတွေအများကြီးပဲ ရှိနေပြီ။ ပြီးတော့ အားလုံးကလဲ စိတ်လှုပ်ရှားနေကြတယ်။ ကျောင်းသား ကျောင်းသူအသစ်တစ်ယောက် ဝင်လာတိုင်း အခန်းထဲက ကျောင်းသား ကျောင်းသူတွေက သူတို့သိတဲ့လူများဖြစ်နေမလားဆိုပြီး ဝင်လာတဲ့သူတွေကို စိုက်ကြည့်ကြတယ်။

ချောင်လန်ဝင်လာတော့ စာသင်ခန်းက ခဏလောက်တိတ်ဆိတ်သွားတယ်။ ပြီးတော့ ကျောင်းသားတစ်ချို့က ချောင်လန့်ကို ကြောင်ပြီးကြည့်နေကြတယ်။ သူမက စာသင်ခန်းမှားပြီး ဝင်လာခဲ့မိတဲ့အတိုင်းပဲ။

ဘာပဲပြောပြော သိပ္ပံတွဲခန်းတွေက များတာပဲလေ။

ဝင်လာတဲ့လူက သူတို့အတန်းမှာ အဆင့်၂ အမြဲရနေတဲ့ ချောင်လန်မှန်း တစ်ယောက်ယောက်က မှတ်မိသွားတဲ့အချိန်မှာ အံ့ဩထိတ်လန့်မှုတွေပဲ ကျန်ခဲ့တော့တယ်။ ထိပ်တန်းကျောင်းသူလဲဖြစ်သေးတယ်။ ပြီးတော့ အရမ်းလဲ လှလာသေးတယ်။ ဒီလိုပေါင်းစပ်မှုက အရမ်းကို အံ့ဩဖို့ကောင်းတာပဲ။

ဟောင်ရင် စာသင်ခန်းထဲကို ဝင်လာတော့ သူက တစ်ချက်ထဲနဲ့တင် ချောင်လန့်နောက်ကျောကို မှတ်မိလိုက်တယ်။

လွန်ခဲ့တဲ့၁နှစ်လောက်တုန်းက စာမေးပွဲမှာ သူက ချောင်လန့်နောက်မှာ ထိုင်ခဲ့ဖူးတယ်လေ။ ပြီးတော့ ချောင်လန့်ခေါင်းကို နာရီဝက်နီးပါးလောက် စိုက်ကြည့်နေခဲ့ဖူးတယ်လေ။ အဲ့စာမေးပွဲမှာ သူ့ရဲ့သင်္ချာအမှတ်က ရခဲ့သမျှထဲမှာ အမြင့်ဆုံးဖြစ်ခဲ့တာလေ။

ဟောင်ရင်က ခင်လွယ်တယ်။ အဲ့ဒီ့စာမေးပွဲကြောင့် သူက သူနဲ့ချောင်လန်နဲ့က တစ်ယောက်နဲ့တစ်ယောက် ခင်ကြတယ်လို့ အမြဲထင်ယောင်ထင်မှား ဖြစ်နေခဲ့တာလေ။ နောက်တော့ သူက ချောင်လန့်ကို လမ်းပေါ်မှာ တွေ့ရင်တောင် သူက အရင်သွားပြီး နှုတ်ဆက်တယ်လေ။

သူ စာသင်ခန်းထဲကို ဝင်ဝင်လာချင်းမှာပဲ ချောင်လန့်ကို တွေ့လိုက်တယ်။ ဟောင်ရင်ကဘာလို့ ဒီကိုရောက်နေရတာလဲ ဆိုပြီး တစ်ချို့လူတွေ တိုးတိုး တိုးတိုးပြောနေကြတာကို မကြားချင်ယောင်ဆောင်လိုက်ပြီး သူ့ရဲ့ခြေထောက်အရှည်ကြီးနဲ့ ချောင်လန်ထိုင်တဲ့ ခုံရဲ့အနောက်ကခုံကို လျှောက်သွားလိုက်ပြီး အဲ့မှာထိုင်လိုက်တယ်။ ပြီးတော့ သူမကို အနောက်ကနေ တို့လိုက်တယ်။

ချောင်လန် အနောက်လှည့်ကြည့်လိုက်တော့ သွားတိုက်ဆေးကြော်ညာလို့ရတဲ့ ပုလဲလိုဖြူဖွေးနေတဲ့ သွားအတန်းလိုက်ကြီးကို တွေ့လိုက်ရတော့ ဒါက ဘယ်သူလဲဆိုတာ သူမချက်ချင်းသိသွားတယ်။

" ငါ ဒီလို ponytail ကိုမြင်လိုက်ကထဲက နင်မှန်းသိသားပဲ။ နောက်လာမဲ့စာမေးပွဲတွေမှာလဲ အများကြီးမေးမယ်နော်..... "

အရှေ့က ကောင်မလေးက ခေါင်းကို ရုတ်တရက်လှည့်လာတယ်။ ဟောင်ရင်က ရုတ်တရက်ကြီးဆိုတော့ စကားပြောတာကို ရပ်လိုက်မိတယ်။ ကြည့်နေကြတဲ့လူတွေရဲ့ မျက်လုံးထဲမှာတော့ စကားအများကြီးပြောနိုင်တဲ့ ဟောင်ရင်က ဒီလိုအရမ်းလှတဲ့ မျက်နှာလေးကို တွေ့လိုက်ရလို့ လန့်သွားပြီး ရုတ်တရက်စကားပြောမထွက်တော့တာလို့ ထင်နေကြတယ်။

ချောင်လန်က ဟောင်ရင်ကို တစ်ချက်ကြည့်လိုက်ပြီး နည်းနည်း အံ့အားသင့်သွားခဲ့တယ်။ ဟောင်ရင်ရဲ့ အဆင့်တွေက တအားကြီးတော့ မဆိုးပါဘူး။ ဒါပေမဲ့ ဒီအခန်းကို ဝင်နိုင်လောက်တဲ့အထိ ကောင်းတာ မဟုတ်တာတော့ သေချာတယ်။ ချောင်လန်က သူ့ကို မသေချာတဲ့ပုံစံနဲ့ မေးလိုက်တယ်။ " နင်က ဒီအခန်းမှာ ကျတာလား "

ဟောင်ရင်က ကြောင်သွားတယ်။ သူ့ရဲ့ချောမောလှတဲ့ မျက်နှာက စိတ်လှုပ်ရှားနေတာ အသိသာကြီးပဲ။

" ငါ့အဖေကပြောတယ် ငါ့ကိုဒီအခန်းကိုလာခိုင်းတာက ကျောင်းကစာတော်တဲ့သူတွေရဲ့ သင်ယူမှုအခြေအနေတွေ ငါ့ကို ကူးစက်နိုင်အောင်လို့တဲ့။ ပြီးတော့ တစ်ခုခု သင်ယူလို့ရအောင်လို့လေ။ " ဒီလူကတော့ သူကနောက်ပေါက်ကနေလာတယ်ဆိုတာ လူတွေကိုပြောပြဖို့ နည်းနည်းလေးတောင်မရှက်ဘူးဘဲ။ အရိုးသားဆုံးပြောရရင် ချောင်လန်က မေးလိုက်တာတောင် နည်းနည်း ရှက်နေပြီလေ။ " အိုး " လို့ပဲ ပြန်ပြောနိုင်တော့တယ်။

ဟောင်ရင်က ပျော်ရွှင်စွာ ပြုံးလိုက်တယ်။

အထက်တန်းပထမနှစ်တုန်းက အခန်း၁၃က တစ်နှစ်လုံးရဲ့ အစောင့်ကြည့်ခံရဆုံး အခန်းပဲဖြစ်တယ်။ သူတို့အခန်းရဲ့ စာမေးပွဲရလဒ်တွေက အမြဲပထမချည်းဖြစ်နေခဲ့တာလေ။ သူတို့က အမြဲတမ်း ထိပ်ဆုံး၃နေရာကို အပိုင်သိမ်းထားကြတယ်။ ဒါ့အပြင် ပထမနှစ်ရဲ့ အချောဆုံးကောင်လေးတွေ အလှဆုံးကောင်မလေးတွေကလဲ သူတို့အခန်းထဲမှာပဲ ရှိကြတာလေ။

အခုတော့ အထက်တန်းပထမနှစ်က ပြီးဆုံးသွားခဲ့ပြီး ဒုတိယနှစ်လဲစရော အခန်း၁၈က ပထမဆုံးကျောင်းအပ်တဲ့နေ့မှာပဲ အာရုံစိုက်စရာတစ်ခုထပ်ဖြစ်လာတယ်။

အရမ်းအရမ်းနာမည်ကြီးတဲ့ ချန်ယောင်းရန်နဲ့ ဟောင်ရင်တို့က တစ်ကယ်ကြီး စာသင်ခန်းတစ်ခုထဲကို ကျသွားတယ်။ ပြီးတော့ နွေရာသီကျောင်းပိတ်ရက်ပြီးတော့ ရုတ်တရက်ကြီး အရမ်းလှလာတဲ့ ချောင်လန်ကလဲ ကျောင်းစဖွင့်တဲ့ ပထမဆုံးနေ့မှာတင် hot topic တစ်ခု ဖြစ်လာခဲ့တယ်။

တစ်ယောက်ပြီးတစ်ယောက် စာရင်းပေးပြီးတဲ့နောက်မှာတော့ စာသင်ခန်းထဲက ကျောင်းသားကျောင်းသူတစ်ဝက်လောက်က ရောက်နေကြပြီ။

ထိပ်တန်းစာသင်ခန်း၂ခန်းက သူတို့နှစ်ရဲ့ အတော်ဆုံးကျောင်းသားတွေလုံးနီးပါးကို စုစည်းထားတာဖြစ်တယ်။ အဲ့တာကြောင့် စာသင်ခန်းထဲက လူတိုင်းက သူတို့နဲ့ရင်းနီးတဲ့လူ ၁ယောက်၂ယောက်လောက်နဲ့တော့ ပြန်တွေ့ကြတယ်။ သူတို့က အခန်းအသစ်ဖြစ်သွားတာရယ် ပြီးတော့ တစ်ယောက်နဲ့တစ်ယောက်လဲ သိပ်မရင်းနီးသေးတဲ့အတွက်ရယ် အများစုက သူတို့နဲ့ရင်းနီးတဲ့သူ ဒါမှမဟုတ် သူတို့နဲ့ အခန်းတူဖူးတဲ့လူတွေနဲ့ပဲ ထိုင်ကြတာများတယ်။

ဒါပေမဲ့ ဟောင်ရင်က ရက်ရက်ရောရောနဲ့လာပြီး ချောင်လန့်ဘေးက နေရာလွတ်ကို လက်ညိုးထိုးပြလိုက်တယ်။ " ချောင်လန် ငါတို့ တစ်ခုံထဲ တူတူထိုင်လို့ရမလား။ "

သူ့စကားကို ကြားလိုက်ကြတော့ စာသင်ခန်းထဲက ကောင်လေးတွေရော ကောင်မလေးတွေရော အကုန်လုံးက ချောင်လန့်ကို လှမ်းကြည့်လိုက်ကြတယ်။ သူတို့ရဲ့မျက်လုံးတွေအကုန်လုံးက သူတို့၂ယောက်ပေါ်ကို အားကျစိတ်တွေအပြည့်နဲ့ ကျရောက်နေတယ်။ ဒါပေမဲ့ သူတို့ အားကျတာက ချောင်လန့်ကိုလား ဒါမှမဟုတ် ဟောင်ရင့်ကိုလားဆိုတာတော့ သူတို့မသိကြဘူး။

ကျောင်းသူတစ်ယောက်က တစ်ခါတုန်းက ပြောဖူးတယ် ဟောင်ရင့်အပြုံးက လူတွေကို " မရဘူး " ဆိုတဲ့ အငြင်းစကားကို ပြောထွက်ရခက်စေတယ်တဲ့လေ။ အခု ဒီလောက်ချောမောခံ့ညားတဲ့ ကောင်လေးက သူမကို တူတူထိုင်ရအောင်လို့ ခွင့်တောင်းလာမတော့ ဘယ်ကောင်မလေးကမှ ငြင်းနိုင်မှာ မဟုတ်ဘူး။ အထူးသဖြင့် ခုနက ချောင်လန်နဲ့ ဟောင်ရင်တို့ စကားပြောနေကြတာကို သူတို့မြင်ထားပြီးတဲ့ အချိန်မှာပေါ့။

ဒါပေမဲ့ အဆုံးမှာတော့ ချောင်လန်က စဥ်းတောင်မစဥ်းစားဘဲ ငြင်းလိုက်တယ်။

" sorry ပဲနော် " ချောင်လန်ကပြုံးလိုက်တယ်။ " ငါက တစ်ခြားတစ်ယောက်နဲ့ တူတူထိုင်ဖို့ ပြောထားပြီးသားဖြစ်နေလို့ "

တစ်ခြားတစ်ယောက်? ကတိပေးထားတယ်? စာသင်ခန်းထဲက လူအားလုံးနီးပါးက ဒီမှာရောက်နေပြီလေ။ ချန်ယောင်းရန်တောင်မှ ရောက်နေပြီကို။ ဘယ်သူကမလာသေးတာလဲ?

နောက်နေ့ကျတော့မှ အားလုံးက wheelchair ပေါ်မှာထိုင်နေတဲ့ ဖြူဖျော့နေတဲ့ ကောင်လေးကို တွေ့လိုက်ရတော့မှ သူတို့ ရုတ်တရက်နားလည်သွားတော့တယ်။ အဲ့တော့ ထန်းမော့ဖြစ်နေတာပဲကိုး။

ထန်းမော့က တစ်ခြားသူတွေနဲ့ မတူတာကြောင့်လာတော့ မသိဘူး။ အဲ့တာကြောင့် သူတို့က ထန်းမော့ကို ပထမဆုံးမတွေးမိတာနေမှာ။

အဲ့လိုပြောလိုက်တော့ ချန်ယောင်းရန်တင်မကဘူး ထန်းမော့ကပါ ချောင်လန်နဲ့ တစ်ခန်းထဲကျတာပဲ။

ဒီလိုထိပ်ဆုံး၃ယောက်ကို တစ်ခန်းထဲမှာ တွေ့လိုက်ရတာက အားလုံးကို စပ်စုချင်စိတ်တွေဖြစ်လာစေတယ်။

လူတွေအများကြီးက သူ့ကိုစိုက်ကြည့်နေကြတယ်။ ဒါပေမဲ့ ထန်းမော့ကတော့ လူတွေအများကြီးထဲမှာ ချောင်လန်တစ်ယောက်ကိုပဲ မြင်တယ်။ သူ့ရဲ့နှုတ်ခမ်းထောင့်လေးတွေက သူတောင်မသိလိုက်ဘဲ အပေါ်ကို ကွေးတက်သွားခဲ့တယ်။ သူ့ရဲ့အေးစက်နေတဲ့ မျက်နှာက ရုတ်တရက် အရည်ပျော်သွားတဲ့နှင်းလိုပဲ။ သူနဲ့အရမ်းနီးတဲ့နေရာမှာရှိတဲ့ ကောင်မလေးက ထန်းမော့ကို ကြည့်လိုက်ပြီး ရုတ်တရက် ရှက်သွားတယ်။

ဟောင်ရင်ရဲ့ tablemate အသစ်က ဟောင်ရင့်ကို တိုးတိုးလေးပြောလိုက်တယ်။ " ငါကြားတာတော့ အရင်တုန်းကလဲ ချောင်လန်က ထန်းမော့နဲ့ တစ်ခုံထဲ တူတူထိုင်တာတဲ့။ ချောင်လန်က ထန်းမော့ကို အမြဲဂရုစိုက်ပေးခဲ့တာလေ။ "

" ရှန်းရှီလုက ထန်းမော့ကို အနိုင်ကျင့်ချင်တာကို ချောင်လန်က သူ့ကို ကာကွယ်ပေးခဲ့တာလို့လဲ ငါကြားသေးတယ်။ "

" တစ်ကယ်ကြီးလား " ဟောင်ရင်ကမေးလိုက်ပြီး မှတ်ချက်တစ်ခုပေးလိုက်တယ်။ " သူမက လှလဲလှတယ်၊ ပြီးတော့ ကြင်လဲကြင်နာတက်တာပဲ။ "

အနီးနားက လူတွေအားလုံး ပြုံးလိုက်ကြတယ်။

အခုလက်ရှိချောင်လန်က သံသယဖြစ်စရာမရှိလောက်အောင် လှတယ်။ ပြီးတော့ သူမကတစ်ကယ့်ကို ကြင်နာတက်တယ်။ ဘာလို့လဲဆိုတော့ သူမက ထန်းမော့လို လူကိုတောင် အရင်စပြီးဂရုစိုက်ပေးတာလေ။ သူမက အရင်တုန်းကလဲ သူ့ကိုဂရုစိုက်ပေးခဲ့တယ်။ အခုထိလဲ ဂရုစိုက်နေတုန်းပဲလေ။

ချောင်လန်က ထန်းမော့ကို တိုးတိုးလေးပြောလိုက်တယ်။ " အဲ့တော့ နင်နဲ့ ဦးလေးချန်တို့က ငါတို့အခန်းတူတူကျတာကို အစောကြီးကထဲက ကြိုသိနေတာပေါ့လေ။ ဒါပေမဲ့ နင်တို့က ငါ့ကို ကြိုပြီးလဲ ပြောမထားကြဘူး။ "

" surprise လေ "

ချောင်လန်က ပြုံးလိုက်တယ်။ သူမတစ်ကယ်လဲ အံ့ဩသွားရတယ်။

" ဦးလေးချန်ကပြောတယ် ငါ့ကို စိတ်ချထားတဲ့။ ဒါပေမဲ့ သူပြောတာ ဘာအဓိပ္ပာယ်လဲဆိုတာ ငါနားမလည်ခဲ့ဘူး။ နာမည်စာရင်းကိုတွေ့ပြီးတော့မှ ငါ့နားလည်သွားတာ။ " ချောင်လန်ကပြောပြီး အနောက်ကိုလှည့်လိုက်တာ ချန်ယောင်းရန်ကို တစ်ချက်ကြည့်လိုက်တယ်။ " ချန်ယောင်းရန်ကလဲ ငါတို့နဲ့အခန်းတူတူကျလိမ့်မယ်လို့ ငါမထင်ခဲ့ဘူး။ သနားစရာကောင်းလိုက်တဲ့ ဖေးနင်လေးကတော့ အခန်း၂၈ကို ကျသွားတယ်။ "

" အင်း " ထန်းမော့က ပြန်ပြောလိုက်တယ်။ သူက ဖေးနင်ကိုရော ချန်ယောင်းရန်ကိုရော စိတ်မဝင်စားဘူး။ သူက ချောင်လန်ပြောတာကိုပဲ ဒီတိုင်းနားထောင်နေတာ။

သူတို့က နွေရာသီကျောင်းပိတ်ရက်တစ်လျှောက်လုံး တစ်ကယ်ကြီး အတူတူရှိနေခဲ့တာ။ သူတို့နောက်ဆုံးတွေ့ခဲ့တာက တမြန်နေ့ကလေ။ ဒါပေမဲ့ သူချောင်လန့်ကို ကျောင်းဝတ်စုံနဲ့ ပြန်တွေ့လိုက်ရတော့ သူအချိန်အကြာကြီးမခံစားခဲ့ရတဲ့ သစ်လွင်မှုကို ပြန်ခံစားလိုက်ရတယ်။

ချောင်လန်က ထန်းမော့ကြည့်နေတာကို သတိထားလိုက်မိပြီး ပြုံးလိုက်ကာ သူ့ကို ဘာဖြစ်လို့လဲလို့ လှည့်မေးလိုက်တယ်။

ထန်းမော့အကြည့်က ချောင်လန့်လည်ပင်းမှာ ဆွဲထားတဲ့ ကျောက်စိမ်းဆွဲသီးလေးပေါ် ကျသွားတယ်။ " ဘာမှမဖြစ်ပါဘူး " ချောင်လန်က ထန်းမော့ကြည့်နေတဲ့နေရာနောက်ကို လိုက်ကြည့်လိုက်ပြီး ကျောက်စိမ်းဆွဲသီးလေးကို ကြည့်လိုက်တယ်။ ပြီးတော့ ထန်းမော့ကို တိုးတိုးလေးပြောလိုက်တယ်။ " ဒီဟာက အရမ်း ဈေးကြီးလားဆိုတာတောင် ငါနင့်ကို မမေးရသေးဘူး။ "

" ဈေးမကြီးပါဘူး " ထန်းမော့က ချောင်လန့်ကို ကြည့်လိုက်ပြီး ခေါင်းခါလိုက်တယ်။ ချောင်လန်က ဒီလိုကိစ္စတွေမှာ sensitive ဖြစ်တယ်ဆိုတာ သူသိသွားပြီးကထဲက ထန်းမော့က လည်သွားတယ်။ ပြီးတော့ ချောင်လန့်ကို ဈေးနှုန်းအတိအကျ ဘယ်တုန်းကမှ မပြောခဲ့ဘူး။ သူက ခေါင်းကိုလှည့်လိုက်ပြီး ချောင်လန့်ကို စကားပြောနေတယ်။ ဒါပေမဲ့ ဘေးနားကလူတွေရဲ့ အကြည့်တွေကိုတော့ သိနေခဲ့တယ်။

တစ်ခြားဘယ်သူမှ သူ့လောက် လူတွေရဲ့ အကြည့်ကို sensitive မဖြစ်နိုင်ဘူး။ တစ်ယောက်ယောက်က သူ့ကိုကြည့်လိုက်ပြီဆိုရင် ထန်းမော့က အမြဲတမ်း မသက်မသာခံစားရတယ်။ သူ့ ခန္ဓာကိုယ်ပေါ်ကို ခွာလို့မရနိုင်တဲ့တစ်ခုခုကြီး လာကပ်နေသလိုပဲ။

သူက တစ်ခြားသူတွေရဲ့ ထူးဆန်းတဲ့ အကြည့်တွေကို ရင်းနီးနေပြီး ကျင့်သားရနေတာ ကြာပါပြီ။ သူ လူအသစ်တစ်ယောက်နဲ့ ပြောဆိုတိုင်း ဒါမှမဟုတ် ပတ်ဝန်းကျင်အသစ်တစ်ခုနဲ့ ထိတွေ့တိုင်း စောင့်ကြည့်နေမှုတွေအားလုံးက အမြဲသေချာပေါက် ရှိနေတယ်။ ဒါကိုလဲ သူက ခန့်မှန်းပြီးသားပါ။

ဒါပေမဲ့ အဲ့လိုဆိုပေမဲ့ အခုဒီမှာက အရင်ကထက်ပိုများနေတာကိုတော့ ထန်းမော့မြင်နေရတယ်။ ပြီးတော့ ချောင်လန်က စကားပြောလိုက်ပြီဆိုရင် လူတွေကြည့်နေကြတာက ပိုပြီးဆိုးလာတယ်ဆိုတာကို ထန်းမော့ သေသေချာချာမြင်နေရတယ်။

အခုအချိန်မှာ ရုတ်တရက် ထန်းမော့နားလည်သွားတယ်။ သူတို့ကြည့်နေတာက သူ့ကိုမဟုတ်ဘဲ ချောင်လန့်ကို ကြည့်နေကြတယ်ဆိုတာကိုပေါ့........

Zawgyi
ေခ်ာင္လန္က အခန္း၁၈က ဒုတိယစာသင္ေဆာင္ရဲ႕ ပထမထပ္မွာရွိတာကို ရွာေတြ႕သြားတယ္။ အတန္းပိုင္ဆရာအသစ္က အခန္းထဲက စတိတ္စင္ေပၚမွာထိုင္ၿပီး ေက်ာင္းသားတစ္ေယာက္ခ်င္းစီကို စာရင္းသြင္းေပးေနတယ္။ စာသင္ခန္းထဲမွာ ေက်ာင္းသား ေက်ာင္းသူေတြအမ်ားႀကီးပဲ ရွိေနၿပီ။ ၿပီးေတာ့ အားလုံးကလဲ စိတ္လႈပ္ရွားေနၾကတယ္။ ေက်ာင္းသား ေက်ာင္းသူအသစ္တစ္ေယာက္ ဝင္လာတိုင္း အခန္းထဲက ေက်ာင္းသား ေက်ာင္းသူေတြက သူတို႔သိတဲ့လူမ်ားျဖစ္ေနမလားဆိုၿပီး ဝင္လာတဲ့သူေတြကို စိုက္ၾကည့္ၾကတယ္။

ေခ်ာင္လန္ဝင္လာေတာ့ စာသင္ခန္းက ခဏေလာက္တိတ္ဆိတ္သြားတယ္။ ၿပီးေတာ့ ေက်ာင္းသားတစ္ခ်ိဳ႕က ေခ်ာင္လန္႔ကို ေၾကာင္ၿပီးၾကည့္ေနၾကတယ္။ သူမက စာသင္ခန္းမွားၿပီး ဝင္လာခဲ့မိတဲ့အတိုင္းပဲ။

ဘာပဲေျပာေျပာ သိပၸံတြဲခန္းေတြက မ်ားတာပဲေလ။

ဝင္လာတဲ့လူက သူတို႔အတန္းမွာ အဆင့္၂ အၿမဲရေနတဲ့ ေခ်ာင္လန္မွန္း တစ္ေယာက္ေယာက္က မွတ္မိသြားတဲ့အခ်ိန္မွာ အံ့ဩထိတ္လန္႔မႈေတြပဲ က်န္ခဲ့ေတာ့တယ္။ ထိပ္တန္းေက်ာင္းသူလဲျဖစ္ေသးတယ္။ ၿပီးေတာ့ အရမ္းလဲ လွလာေသးတယ္။ ဒီလိုေပါင္းစပ္မႈက အရမ္းကို အံ့ဩဖို႔ေကာင္းတာပဲ။

ေဟာင္ရင္ စာသင္ခန္းထဲကို ဝင္လာေတာ့ သူက တစ္ခ်က္ထဲနဲ႔တင္ ေခ်ာင္လန္႔ေနာက္ေက်ာကို မွတ္မိလိုက္တယ္။

လြန္ခဲ့တဲ့၁ႏွစ္ေလာက္တုန္းက စာေမးပြဲမွာ သူက ေခ်ာင္လန္႔ေနာက္မွာ ထိုင္ခဲ့ဖူးတယ္ေလ။ ၿပီးေတာ့ ေခ်ာင္လန္႔ေခါင္းကို နာရီဝက္နီးပါးေလာက္ စိုက္ၾကည့္ေနခဲ့ဖူးတယ္ေလ။ အဲ့စာေမးပြဲမွာ သူ႔ရဲ႕သခ်ၤာအမွတ္က ရခဲ့သမွ်ထဲမွာ အျမင့္ဆုံးျဖစ္ခဲ့တာေလ။

ေဟာင္ရင္က ခင္လြယ္တယ္။ အဲ့ဒီ့စာေမးပြဲေၾကာင့္ သူက သူနဲ႔ေခ်ာင္လန္နဲ႔က တစ္ေယာက္နဲ႔တစ္ေယာက္ ခင္ၾကတယ္လို႔ အၿမဲထင္ေယာင္ထင္မွား ျဖစ္ေနခဲ့တာေလ။ ေနာက္ေတာ့ သူက ေခ်ာင္လန္႔ကို လမ္းေပၚမွာ ေတြ႕ရင္ေတာင္ သူက အရင္သြားၿပီး ႏႈတ္ဆက္တယ္ေလ။

သူ စာသင္ခန္းထဲကို ဝင္ဝင္လာခ်င္းမွာပဲ ေခ်ာင္လန္႔ကို ေတြ႕လိုက္တယ္။ ေဟာင္ရင္ကဘာလို႔ ဒီကိုေရာက္ေနရတာလဲ ဆိုၿပီး တစ္ခ်ိဳ႕လူေတြ တိုးတိုး တိုးတိုးေျပာေနၾကတာကို မၾကားခ်င္ေယာင္ေဆာင္လိုက္ၿပီး သူ႔ရဲ႕ေျခေထာက္အရွည္ႀကီးနဲ႔ ေခ်ာင္လန္ထိုင္တဲ့ ခုံရဲ႕အေနာက္ကခုံကို ေလွ်ာက္သြားလိုက္ၿပီး အဲ့မွာထိုင္လိုက္တယ္။ ၿပီးေတာ့ သူမကို အေနာက္ကေန တို႔လိုက္တယ္။

ေခ်ာင္လန္ အေနာက္လွည့္ၾကည့္လိုက္ေတာ့ သြားတိုက္ေဆးေၾကာ္ညာလို႔ရတဲ့ ပုလဲလိုျဖဴေဖြးေနတဲ့ သြားအတန္းလိုက္ႀကီးကို ေတြ႕လိုက္ရေတာ့ ဒါက ဘယ္သူလဲဆိုတာ သူမခ်က္ခ်င္းသိသြားတယ္။

" ငါ ဒီလို ponytail ကိုျမင္လိုက္ကထဲက နင္မွန္းသိသားပဲ။ ေနာက္လာမဲ့စာေမးပြဲေတြမွာလဲ အမ်ားႀကီးေမးမယ္ေနာ္..... "

အေရွ႕က ေကာင္မေလးက ေခါင္းကို ႐ုတ္တရက္လွည့္လာတယ္။ ေဟာင္ရင္က ႐ုတ္တရက္ႀကီးဆိုေတာ့ စကားေျပာတာကို ရပ္လိုက္မိတယ္။ ၾကည့္ေနၾကတဲ့လူေတြရဲ႕ မ်က္လုံးထဲမွာေတာ့ စကားအမ်ားႀကီးေျပာႏိုင္တဲ့ ေဟာင္ရင္က ဒီလိုအရမ္းလွတဲ့ မ်က္ႏွာေလးကို ေတြ႕လိုက္ရလို႔ လန္႔သြားၿပီး ႐ုတ္တရက္စကားေျပာမထြက္ေတာ့တာလို႔ ထင္ေနၾကတယ္။

ေခ်ာင္လန္က ေဟာင္ရင္ကို တစ္ခ်က္ၾကည့္လိုက္ၿပီး နည္းနည္း အံ့အားသင့္သြားခဲ့တယ္။ ေဟာင္ရင္ရဲ႕ အဆင့္ေတြက တအားႀကီးေတာ့ မဆိုးပါဘူး။ ဒါေပမဲ့ ဒီအခန္းကို ဝင္ႏိုင္ေလာက္တဲ့အထိ ေကာင္းတာ မဟုတ္တာေတာ့ ေသခ်ာတယ္။ ေခ်ာင္လန္က သူ႔ကို မေသခ်ာတဲ့ပုံစံနဲ႔ ေမးလိုက္တယ္။ " နင္က ဒီအခန္းမွာ က်တာလား "

ေဟာင္ရင္က ေၾကာင္သြားတယ္။ သူ႔ရဲ႕ေခ်ာေမာလွတဲ့ မ်က္ႏွာက စိတ္လႈပ္ရွားေနတာ အသိသာႀကီးပဲ။

" ငါ့အေဖကေျပာတယ္ ငါ့ကိုဒီအခန္းကိုလာခိုင္းတာက ေက်ာင္းကစာေတာ္တဲ့သူေတြရဲ႕ သင္ယူမႈအေျခအေနေတြ ငါ့ကို ကူးစက္ႏိုင္ေအာင္လို႔တဲ့။ ၿပီးေတာ့ တစ္ခုခု သင္ယူလို႔ရေအာင္လို႔ေလ။ " ဒီလူကေတာ့ သူကေနာက္ေပါက္ကေနလာတယ္ဆိုတာ လူေတြကိုေျပာျပဖို႔ နည္းနည္းေလးေတာင္မရွက္ဘူးဘဲ။ အ႐ိုးသားဆုံးေျပာရရင္ ေခ်ာင္လန္က ေမးလိုက္တာေတာင္ နည္းနည္း ရွက္ေနၿပီေလ။ " အိုး " လို႔ပဲ ျပန္ေျပာႏိုင္ေတာ့တယ္။

ေဟာင္ရင္က ေပ်ာ္႐ႊင္စြာ ၿပဳံးလိုက္တယ္။

အထက္တန္းပထမႏွစ္တုန္းက အခန္း၁၃က တစ္ႏွစ္လုံးရဲ႕ အေစာင့္ၾကည့္ခံရဆုံး အခန္းပဲျဖစ္တယ္။ သူတို႔အခန္းရဲ႕ စာေမးပြဲရလဒ္ေတြက အၿမဲပထမခ်ည္းျဖစ္ေနခဲ့တာေလ။ သူတို႔က အၿမဲတမ္း ထိပ္ဆုံး၃ေနရာကို အပိုင္သိမ္းထားၾကတယ္။ ဒါ့အျပင္ ပထမႏွစ္ရဲ႕ အေခ်ာဆုံးေကာင္ေလးေတြ အလွဆုံးေကာင္မေလးေတြကလဲ သူတို႔အခန္းထဲမွာပဲ ရွိၾကတာေလ။

အခုေတာ့ အထက္တန္းပထမႏွစ္က ၿပီးဆုံးသြားခဲ့ၿပီး ဒုတိယႏွစ္လဲစေရာ အခန္း၁၈က ပထမဆုံးေက်ာင္းအပ္တဲ့ေန႔မွာပဲ အာ႐ုံစိုက္စရာတစ္ခုထပ္ျဖစ္လာတယ္။

အရမ္းအရမ္းနာမည္ႀကီးတဲ့ ခ်န္ေယာင္းရန္နဲ႔ ေဟာင္ရင္တို႔က တစ္ကယ္ႀကီး စာသင္ခန္းတစ္ခုထဲကို က်သြားတယ္။ ၿပီးေတာ့ ေႏြရာသီေက်ာင္းပိတ္ရက္ၿပီးေတာ့ ႐ုတ္တရက္ႀကီး အရမ္းလွလာတဲ့ ေခ်ာင္လန္ကလဲ ေက်ာင္းစဖြင့္တဲ့ ပထမဆုံးေန႔မွာတင္ hot topic တစ္ခု ျဖစ္လာခဲ့တယ္။

တစ္ေယာက္ၿပီးတစ္ေယာက္ စာရင္းေပးၿပီးတဲ့ေနာက္မွာေတာ့ စာသင္ခန္းထဲက ေက်ာင္းသားေက်ာင္းသူတစ္ဝက္ေလာက္က ေရာက္ေနၾကၿပီ။

ထိပ္တန္းစာသင္ခန္း၂ခန္းက သူတို႔ႏွစ္ရဲ႕ အေတာ္ဆုံးေက်ာင္းသားေတြလုံးနီးပါးကို စုစည္းထားတာျဖစ္တယ္။ အဲ့တာေၾကာင့္ စာသင္ခန္းထဲက လူတိုင္းက သူတို႔နဲ႔ရင္းနီးတဲ့လူ ၁ေယာက္၂ေယာက္ေလာက္နဲ႔ေတာ့ ျပန္ေတြ႕ၾကတယ္။ သူတို႔က အခန္းအသစ္ျဖစ္သြားတာရယ္ ၿပီးေတာ့ တစ္ေယာက္နဲ႔တစ္ေယာက္လဲ သိပ္မရင္းနီးေသးတဲ့အတြက္ရယ္ အမ်ားစုက သူတို႔နဲ႔ရင္းနီးတဲ့သူ ဒါမွမဟုတ္ သူတို႔နဲ႔ အခန္းတူဖူးတဲ့လူေတြနဲ႔ပဲ ထိုင္ၾကတာမ်ားတယ္။

ဒါေပမဲ့ ေဟာင္ရင္က ရက္ရက္ေရာေရာနဲ႔လာၿပီး ေခ်ာင္လန္႔ေဘးက ေနရာလြတ္ကို လက္ညိဳးထိုးျပလိုက္တယ္။ " ေခ်ာင္လန္ ငါတို႔ တစ္ခုံထဲ တူတူလိုင္လို႔ရမလား။ "

သူ႔စကားကို ၾကားလိုက္ၾကေတာ့ စာသင္ခန္းထဲက ေကာင္ေလးေတြေရာ ေကာင္မေလးေတြေရာ အကုန္လုံးက ေခ်ာင္လန္႔ကို လွမ္းၾကည့္လိုက္ၾကတယ္။ သူတို႔ရဲ႕မ်က္လုံးေတြအကုန္လုံးက သူတို႔၂ေယာက္ေပၚကို အားက်စိတ္ေတြအျပည့္နဲ႔ က်ေရာက္ေနတယ္။ ဒါေပမဲ့ သူတို႔ အားက်တာက ေခ်ာင္လန္႔ကိုလား ဒါမွမဟုတ္ ေဟာင္ရင့္ကိုလားဆိုတာေတာ့ သူတို႔မသိၾကဘူး။

ေက်ာင္းသူတစ္ေယာက္က တစ္ခါတုန္းက ေျပာဖူးတယ္ ေဟာင္ရင့္အၿပဳံးက လူေတြကို " မရဘူး " ဆိုတဲ့ အျငင္းစကားကို ေျပာထြက္ရခက္ေစတယ္တဲ့ေလ။ အခု ဒီေလာက္ေခ်ာေမာခံ့ညားတဲ့ ေကာင္ေလးက သူမကို တူတူထိုင္ရေအာင္လို႔ ခြင့္ေတာင္းလာမေတာ့ ဘယ္ေကာင္မေလးကမွ ျငင္းႏိုင္မွာ မဟုတ္ဘူး။ အထူးသျဖင့္ ခုနက ေခ်ာင္လန္နဲ႔ ေဟာင္ရင္တို႔ စကားေျပာေနၾကတာကို သူတို႔ျမင္ထားၿပီးတဲ့ အခ်ိန္မွာေပါ့။

ဒါေပမဲ့ အဆုံးမွာေတာ့ ေခ်ာင္လန္က စဥ္းေတာင္မစဥ္းစားဘဲ ျငင္းလိုက္တယ္။

" sorry ပဲေနာ္ " ေခ်ာင္လန္ကၿပဳံးလိုက္တယ္။ " ငါက တစ္ျခားတစ္ေယာက္နဲ႔ တူတူထိုင္ဖို႔ ေျပာထားၿပီးသားျဖစ္ေနလို႔ "

တစ္ျခားတစ္ေယာက္? ကတိေပးထားတယ္? စာသင္ခန္းထဲက လူအားလုံးနီးပါးက ဒီမွာေရာက္ေနၿပီေလ။ ခ်န္ေယာင္းရန္ေတာင္မွ ေရာက္ေနၿပီကို။ ဘယ္သူကမလာေသးတာလဲ?

ေနာက္ေန႔က်ေတာ့မွ အားလုံးက wheelchair ေပၚမွာထိုင္ေနတဲ့ ျဖဴေဖ်ာ့ေနတဲ့ ေကာင္ေလးကို ေတြ႕လိုက္ရေတာ့မွ သူတို႔ ႐ုတ္တရက္နားလည္သြားေတာ့တယ္။ အဲ့ေတာ့ ထန္းေမာ့ျဖစ္ေနတာပဲကိုး။

ထန္းေမာ့က တစ္ျခားသူေတြနဲ႔ မတူတာေၾကာင့္လာေတာ့ မသိဘူး။ အဲ့တာေၾကာင့္ သူတို႔က ထန္းေမာ့ကို ပထမဆုံးမေတြးမိတာေနမွာ။

အဲ့လိုေျပာလိုက္ေတာ့ ခ်န္ေယာင္းရန္တင္မကဘူး ထန္းေမာ့ကပါ ေခ်ာင္လန္နဲ႔ တစ္ခန္းထဲက်တာပဲ။

ဒီလိုထိပ္ဆုံး၃ေယာက္ကို တစ္ခန္းထဲမွာ ေတြ႕လိုက္ရတာက အားလုံးကို စပ္စုခ်င္စိတ္ေတြျဖစ္လာေစတယ္။

လူေတြအမ်ားႀကီးက သူ႔ကိုစိုက္ၾကည့္ေနၾကတယ္။ ဒါေပမဲ့ ထန္းေမာ့ကေတာ့ လူေတြအမ်ားႀကီးထဲမွာ ေခ်ာင္လန္တစ္ေယာက္ကိုပဲ ျမင္တယ္။ သူ႔ရဲ႕ႏႈတ္ခမ္းေထာင့္ေလးေတြက သူေတာင္မသိလိုက္ဘဲ အေပၚကို ေကြးတက္သြားခဲ့တယ္။ သူ႔ရဲ႕ေအးစက္ေနတဲ့ မ်က္ႏွာက ႐ုတ္တရက္ အရည္ေပ်ာ္သြားတဲ့ႏွင္းလိုပဲ။ သူနဲ႔အရမ္းနီးတဲ့ေနရာမွာရွိတဲ့ ေကာင္မေလးက ထန္းေမာ့ကို ၾကည့္လိုက္ၿပီး ႐ုတ္တရက္ ရွက္သြားတယ္။

ေဟာင္ရင္ရဲ႕ tablemate အသစ္က ေဟာင္ရင့္ကို တိုးတိုးေလးေျပာလိုက္တယ္။ " ငါၾကားတာေတာ့ အရင္တုန္းကလဲ ေခ်ာင္လန္က ထန္းေမာ့နဲ႔ တစ္ခုံထဲ တူတူထိုင္တာတဲ့။ ေခ်ာင္လန္က ထန္းေမာ့ကို အၿမဲဂ႐ုစိုက္ေပးခဲ့တာေလ။ "

" ရွန္းရွီလုက ထန္းေမာ့ကို အႏိုင္က်င့္ခ်င္တာကို ေခ်ာင္လန္က သူ႔ကို ကာကြယ္ေပးခဲ့တာလို႔လဲ ငါၾကားေသးတယ္။ "

" တစ္ကယ္ႀကီးလား " ေဟာင္ရင္ကေမးလိုက္ၿပီး မွတ္ခ်က္တစ္ခုေပးလိုက္တယ္။ " သူမက လွလဲလွတယ္၊ ၿပီးေတာ့ ၾကင္လဲၾကင္နာတက္တာပဲ။ "

အနီးနားက လူေတြအားလုံး ၿပဳံးလိုက္ၾကတယ္။

အခုလက္ရွိေခ်ာင္လန္က သံသယျဖစ္စရာမရွိေလာက္ေအာင္ လွတယ္။ ၿပီးေတာ့ သူမကတစ္ကယ့္ကို ၾကင္နာတက္တယ္။ ဘာလို႔လဲဆိုေတာ့ သူမက ထန္းေမာ့လို လူကိုေတာင္ အရင္စၿပီးဂ႐ုစိုက္ေပးတာေလ။ သူမက အရင္တုန္းကလဲ သူ႔ကိုဂ႐ုစိုက္ေပးခဲ့တယ္။ အခုထိလဲ ဂ႐ုစိုက္ေနတုန္းပဲေလ။

ေခ်ာင္လန္က ထန္းေမာ့ကို တိုးတိုးေလးေျပာလိုက္တယ္။ " အဲ့ေတာ့ နင္နဲ႔ ဦးေလးခ်န္တို႔က ငါတို႔အခန္းတူတူက်တာကို အေစာႀကီးကထဲက ႀကိဳသိေနတာေပါ့ေလ။ ဒါေပမဲ့ နင္တို႔က ငါ့ကို ႀကိဳၿပီးလဲ ေျပာမထားၾကဘူး။ "

" surprise ေလ "

ေခ်ာင္လန္က ၿပဳံးလိုက္တယ္။ သူမတစ္ကယ္လဲ အံ့ဩသြားရတယ္။

" ဦးေလးခ်န္ကေျပာတယ္ ငါ့ကို စိတ္ခ်ထားတဲ့။ ဒါေပမဲ့ သူေျပာတာ ဘာအဓိပၸာယ္လဲဆိုတာ ငါနားမလည္ခဲ့ဘူး။ နာမည္စာရင္းကိုေတြ႕ၿပီးေတာ့မွ ငါ့နားလည္သြားတာ။ " ေခ်ာင္လန္ကေျပာၿပီး အေနာက္ကိုလွည့္လိုက္တာ ခ်န္ေယာင္းရန္ကို တစ္ခ်က္ၾကည့္လိုက္တယ္။ " ခ်န္ေယာင္းရန္ကလဲ ငါတို႔နဲ႔အခန္းတူတူက်လိမ့္မယ္လို႔ ငါမထင္ခဲ့ဘူး။ သနားစရာေကာင္းလိုက္တဲ့ ေဖးနင္ေလးကေတာ့ အခန္း၂၈ကို က်သြားတယ္။ "

" အင္း " ထန္းေမာ့က ျပန္ေျပာလိုက္တယ္။ သူက ေဖးနင္ကိုေရာ ခ်န္ေယာင္းရန္ကိုေရာ စိတ္မဝင္စားဘူး။ သူက ေခ်ာင္လန္ေျပာတာကိုပဲ ဒီတိုင္းနားေထာင္ေနတာ။

သူတို႔က ေႏြရာသီေက်ာင္းပိတ္ရက္တစ္ေလွ်ာက္လုံး တစ္ကယ္ႀကီး အတူတူရွိေနခဲ့တာ။ သူတို႔ေနာက္ဆုံးေတြ႕ခဲ့တာက တျမန္ေန႔ကေလ။ ဒါေပမဲ့ သူေခ်ာင္လန္႔ကို ေက်ာင္းဝတ္စုံနဲ႔ ျပန္ေတြ႕လိုက္ရေတာ့ သူအခ်ိန္အၾကာႀကီးမခံစားခဲ့ရတဲ့ သစ္လြင္မႈကို ျပန္ခံစားလိုက္ရတယ္။

ေခ်ာင္လန္က ထန္းေမာ့ၾကည့္ေနတာကို သတိထားလိုက္မိၿပီး ၿပဳံးလိုက္ကာ သူ႔ကို ဘာျဖစ္လို႔လဲလို႔ လွည့္ေမးလိုက္တယ္။

ထန္းေမာ့အၾကည့္က ေခ်ာင္လန္႔လည္ပင္းမွာ ဆြဲထားတဲ့ ေက်ာက္စိမ္းဆြဲသီးေလးေပၚ က်သြားတယ္။ " ဘာမွမျဖစ္ပါဘူး " ေခ်ာင္လန္က ထန္းေမာ့ၾကည့္ေနတဲ့ေနရာေနာက္ကို လိုက္ၾကည့္လိုက္ၿပီး ေက်ာက္စိမ္းဆြဲသီးေလးကို ၾကည့္လိုက္တယ္။ ၿပီးေတာ့ ထန္းေမာ့ကို တိုးတိုးေလးေျပာလိုက္တယ္။ " ဒီဟာက အရမ္း ေဈးႀကီးလားဆိုတာေတာင္ ငါနင့္ကို မေမးရေသးဘူး။ "

" ေဈးမႀကီးပါဘူး " ထန္းေမာ့က ေခ်ာင္လန္႔ကို ၾကည့္လိုက္ၿပီး ေခါင္းခါလိုက္တယ္။ ေခ်ာင္လန္က ဒီလိုကိစၥေတြမွာ sensitive ျဖစ္တယ္ဆိုတာ သူသိသြားၿပီးကထဲက ထန္းေမာ့က လည္သြားတယ္။ ၿပီးေတာ့ ေခ်ာင္လန္႔ကို ေဈးႏႈန္းအတိအက် ဘယ္တုန္းကမွ မေျပာခဲ့ဘူး။ သူက ေခါင္းကိုလွည့္လိုက္ၿပီး ေခ်ာင္လန္႔ကို စကားေျပာေနတယ္။ ဒါေပမဲ့ ေဘးနားကလူေတြရဲ႕ အၾကည့္ေတြကိုေတာ့ သိေနခဲ့တယ္။

တစ္ျခားဘယ္သူမွ သူ႔ေလာက္ လူေတြရဲ႕ အၾကည့္ကို sensitive မျဖစ္ႏိုင္ဘူး။ တစ္ေယာက္ေယာက္က သူ႔ကိုၾကည့္လိုက္ၿပီဆိုရင္ ထန္းေမာ့က အၿမဲတမ္း မသက္မသာခံစားရတယ္။ သူ႔ ခႏၶာကိုယ္ေပၚကို ခြာလို႔မရႏိုင္တဲ့တစ္ခုခုႀကီး လာကပ္ေနသလိုပဲ။

သူက တစ္ျခားသူေတြရဲ႕ ထူးဆန္းတဲ့ အၾကည့္ေတြကို ရင္းနီးေနၿပီး က်င့္သားရေနတာ ၾကာပါၿပီ။ သူ လူအသစ္တစ္ေယာက္နဲ႔ ေျပာဆိုတိုင္း ဒါမွမဟုတ္ ပတ္ဝန္းက်င္အသစ္တစ္ခုနဲ႔ ထိေတြ႕တိုင္း ေစာင့္ၾကည့္ေနမႈေတြအားလုံးက အၿမဲေသခ်ာေပါက္ ရွိေနတယ္။ ဒါကိုလဲ သူက ခန္႔မွန္းၿပီးသားပါ။

ဒါေပမဲ့ အဲ့လိုဆိုေပမဲ့ အခုဒီမွာက အရင္ကထက္ပိုမ်ားေနတာကိုေတာ့ ထန္းေမာ့ျမင္ေနရတယ္။ ၿပီးေတာ့ ေခ်ာင္လန္က စကားေျပာလိုက္ၿပီဆိုရင္ လူေတြၾကည့္ေနၾကတာက ပိုၿပီးဆိုးလာတယ္ဆိုတာကို ထန္းေမာ့ ေသေသခ်ာခ်ာျမင္ေနရတယ္။

အခုအခ်ိန္မွာ ႐ုတ္တရက္ ထန္းေမာ့နားလည္သြားတယ္။ သူတို႔ၾကည့္ေနတာက သူ႔ကိုမဟုတ္ဘဲ ေခ်ာင္လန္႔ကို ၾကည့္ေနၾကတယ္ဆိုတာကိုေပါ့........

Continue Reading

You'll Also Like

659K 50.3K 34
"Why the fuck you let him touch you!!!"he growled while punching the wall behind me 'I am so scared right now what if he hit me like my father did to...
263K 17.9K 20
#2 IN HIS SERIES 𝐕𝐢𝐤𝐫𝐚𝐦 𝐒𝐢𝐧𝐠𝐡 𝐑𝐚𝐭𝐡𝐨𝐫𝐞 The elder son of the Rathore family and the future King of Rajasthan, he was cold, arrogant...
157K 17.6K 49
#Book-2 of Hidden Marriage Series. 🔥❤️ This book is the continuation/sequel of the first book "Hidden Marriage - Amazing Husband." If you guys have...
369K 21.1K 40
The story continues to unfold, with secrets unraveling and new dangers lurking in the shadows. The Chauhan family must stay united and face the chall...