Transmigrator meets reincarna...
By Larkspur41
97.6K 19.6K 978
Title: Transmigrator meets reincarnator Not my own story.Just translation. Credits to: Written by:Snow Mounta... More
108 (part 1)
108 (part 2)
109 (part 1)
109(part 2)
110(part 1)
110 (part 2 )
111(part 1)
111(part 2)
112(part 1)
112(part 2)
113(part 1)
113(part 2)
114(part 1)
115(part 1)
115(part 2)
116(part 1)
116(part 2)
117(part 1)
117(part 2)
118(part 1)
118(part 2)
119(part 1)
119(part 2)
120(part 1)
120(part 2)
121(part 1)
121( part2 )
122(part 1)
122(part 2)
123(part 1)
123(part 2)
124(part 1)
124(part 2)
125(part 1)
125(part 2)
126(part 1)
126(part 2)
127(part 1)
127(part 2)
128
129
130
131
132
133
134
135
136
137
138
139
New Trans
140
141
142
143
144
145
146
147
148
149
150
151
152
153
154
114(part 2)
1.1K 278 7
By Larkspur41
Unicode
ဒီလိုတွေးမိတော့ ချူးလျန်မှာ ပီပီပြင်ပြင်ကို မပြုံးနိုင်တော့ဘူး ။ သူမဒီအကြောင်းတွေကို တကယ် ထပ်မတွေးချင်တော့ဘူး။ ဒီလိုစိတ်အနှောက်အယှက် ဖြစ်စရာတွေကို ဂရုမစိုက်တတ်တဲ့ လူဘော်ကြော့ တစ်ယောက်လိုဘဲ နေတာကောင်းတယ်။
သူမသခင်မလေးရဲ့ စိတ်မသက်မသာဖြစ်နေပုံကို ရှီယန်က စောင့်ကြည့်နေတယ်။ တတိယသခင်မလေး ဘာတွေတွေးနေလဲဆိုတာ သူမတကယ်ကို မသိနိုင်ဘူး။
မနက်ဖြန်ပြီးတော့ နောက်တစ်ရက်က ကျင်းအန်ကတော်ရဲ့ မွေးနေ့ပွဲ ဘဲ။ သူမမွေးနေ့က ဆောင်းဦးရာသီ စာမေးပွဲ ပြီးဆုံးမယ့် ရက်နဲ့ အတူတူဘဲ။ အဲ့နေ့မှာဘဲ စာမေးပွဲ ရလဒ်တွေကို ထုတ်ပြန်ကြေညာလိမ့်မယ်။ ဒါပေမယ့် ကျင်းအန်အိမ်တော်က
စစ်မက်ရေးရာ အိမ်တော်ဖြစ်လို့ ဘယ်မိသားစုဝင်ကမှ စာမေးပွဲကို ဝင်ရောက်ဖြေဆိုထားခြင်း မရှိဘူး။ ဒါကြောင့် စာမေးပွဲရလဒ်နဲ့ ပတ်သတ်ပြီး စိတ်ပူပန်စရာသိပ်မရှိလှဘူး ။သူတို့ အတွက်ကတော့ ထိပ်ဆုံးပညာသင်ဆုရတဲ့ 3ယောက်ကို စောင့်ကြည့်ပြီး ဝေဖန်ဆွေးနွေးရုံဘဲ။
ဒါပေမယ့် ဒီစာမေးပွဲရဲ့ ပထမရသူက ဝတ္ထုရဲ့ မူလဇာတ်လိုက်ဖြစ်တဲ့ ရှောင်ပိုကျင်း မှန်း ချူးလျန်ကသိထားပြီးသားဘဲ။ ဒီအကြံအစည်များ ပြီး ရည်မှန်းကြီးတဲ့ ယောက်ျားက စာမေးပွဲရလဒ်ကို သုံးပြီး
သူ့ကိုယ်သူ ရုံးတော်မှာ နေရာအခိုင်အမာရအောင် ပြုလုပ်လိမ့်မယ်။
ချူးလျန်က ဒီလိုတွေ ဖြစ်လာမှာကို တကယ်မမြင်ချင်ပေမယ့် တားဆီးဖို့ရာ နည်းလမ်းက ရှိမနေဘူး။ သူမ စွမ်းဆောင်နိုင်တာကလည်း အကန့်အသတ်နဲ့ရှိတယ် ။ ပြီးတော့ ရှောင်ပိုကျင်းနောက်မှာက သိုသိပ်တဲ့ အထောက်အပံ့ တစ်ခုက ရှိနေသေးတယ်။ သူမက ဒီဝတ္ထုကို ပြီးဆုံးအောင် မဖတ်ခဲ့ရဘူး ။ သူမဖတ်ပြီးတဲ့ အထိဆိုရင် စာရေးဆရာက ရှောင်ပိုကျင်းနောက်ကွယ်မှာ အင်အားကြီးမားတဲ့ အထောက်အပံ့ ရှိတယ် လို့ဘဲ ပြောထားတယ် ၊ဒါနဲ့ ပတ်သတ်ပြီး အသေးစိတ်ကို မဖော်ပြထားသေးဘူး။
ဒါတွေကိုတွေး မိတော့ ဝမ်းနည်းပြီး ယူကြုံးမရဖြစ်စွာနဲ့ဘဲ အိပ်ရာခင်းကို ထုရိုက်နေမိတော့တယ်။ သူမစာအုပ် စမဖတ်ခင် ဘာလို့များ ဇာတ်သိမ်းကို ကြိုမကြည့် မိခဲ့ရတာလဲ?
သူမသိထားတဲ့ မပြည့်မစုံ ဇာတ်ကြောင်းလေးက သူမကို တကယ်ဘဲ စိတ်တထင့်ထင့်ဖြစ်စေတယ်။ နောက်ပိုင်း ရှောင်ပိုကျင်း ဘာဆက်လုပ်မလဲ ဆိုတာ သူမ တကယ်ကို မသိနိုင်တော့ဘူး။
ဘာတွေ ဆက်ဖြစ်လာမလဲဆိုတာကို သူမ မသိနိုင်တော့‌ေပမယ့် အနည်း‌ဆုံးရှေ့ဆက်အချိန်အနည်းငယ်လေးကိုတော့  သူမ သိနိုင်သေးတယ်။ လက်တလောတော့ ဘာမှ စိုးရိမ်နေစရာ မလိုလောက်ပါဘူး။
ကျင်းအန်ကတော်ရဲ့ မွေးနေ့မတိုင်ခင် တရက်ကို ရောက်ခဲ့ပြီ။
မြို့တော်မှာ ဆောင်းရာသီထဲကို တဖြည်းဖြည်းဝင်ရောက်လာပြီ။ လေအေးတွေကလည်း လူတွေရဲ့
ပါးတွေ ခိုက်ခိုက်တုန်အောင်ကို တိုက်လာပြီ။
အိမ်တော်မှာလည်း မြောက်လေက တသုန်သုန်နဲ့ တိုက်နေပြီ ။ဒါပေမယ့် ကျင်းချီ ခန်းမဆောင်ကတော့ မြေအောက်ကနေ အပူပေးထားတော့ နွေရာသီလေးလို နွေးနွေးထွေးထွေး ရှိနေဆဲဘဲ။
သခင်မကြီးဟေးက အိပ်ရာနိုးလို့ မနက်စာတောင် စားလို့နေပြီ။ ပြီးတော့ လက်ဖက်ရည်လေးသောက်ပြီး အစေခံလျိုတို့ မူရှန်းတို့နဲ့ စကားစမြည်ပြောလို့နေတယ်။
အစေခံလျိုက သခင်မကြီးဟေးရဲ့ ခြေထောက်တွေကို နှိပ်နှယ်ပေးရင်းနဲ့ စပြောလာတယ် "သခင်မကြီးကို တတိယသခင်လေး နဲ့ သခင်‌မလေးတို့ ဘယ်လိုချစ်မြတ်နိုးနေကြလဲဆိုတာ မြင်စေချင်လိုက်တာ ၊ သခင်လေးက သခင်မလေးဖို့ ဒီလောက်ထူတဲ့ စာအိတ်ကြီးကို လူကြုံပါးပေးလိုက်တာ " သူမက အရွယ်အစားကို မြင်သာစေဖို့ လက်မနဲ့ လက်ညိုးကို ကွေးပြီးတောင်
ပုံဖော်ပြလိုက်သေးတယ်။ " ဒီအစေခံအိုကြီးက တတိယသခင်မလေးဘေးကနေ သူမ စာဖတ်နေတာကိုတောင် စောင့်ကြည့်ခဲ့သေးတယ် ၊တတိယသခင်မလေးကလည်း စာကိုပြန်ပြန်ဖတ်နေတာ  အနည်းဆုံး 7ကြိမ်လောက်တောင်ရှိတယ်"
" အိုး ငါ့ရဲ့ စန်းလန်က‌လား ... ဒီကောင်လေးက မြောက်ပိုင်းကို ထွက်သွားပြီး နောက်ဆုံးတော့
ဇနီးသည်ကို ဘယ်လိုဂရုစိုက်ရမလဲ နားလည်ခဲ့ပြီဘဲ။ ကောင်းတယ် ကောင်းတယ် ၊ သူတို့နှစ်ယောက်လုံးက အခုမှ ငယ်ငယ်လေး ရှိကြသေးတာ၊ သူဒီတစ်ခေါက် ပြန်လာရင် ဒီနှစ်ယောက်က ပိုပြီး နီးစပ်လာတော့မှာဘဲ" ။သခင်မကြီးဟေးက အတိတ်နေ့ရက်တွေအတွက် နည်းနည်းတော့ စိတ်မကောင်းဖြစ်နေမိတုန်းဘဲ။  ဒါပေမယ့် မနေ့က သူမရဲ့ မြေးအငယ်ဆုံးလေးဆီကနေ ပြန်စာရလာတော့ စိတ်အခြေအနေပြန်ကောင်းလာပြီး ပြုံးပြုံးရွှင်ရွှင် ဖြစ်လာတယ်။ သူမက ဒီနေ့တော့ ရွှင်ပျပြီး အားအင်တွေ အပြည့် ဖြစ်နေပုံပေါ်တယ် ။ ပုံမှန်ဖျော့တော့နေတဲ့ သွင်ပြင်ကတောင် ပိုပြီးအဆင်ပြေလာသလိုဘဲ။
သခင်မကြီးဟေးက သူ့မြေးတွေ အားလုံးထဲမှာ
ဟေးချန်ဒီကို အစိုးရိမ်ဆုံး ဆိုတာကို အစေခံလျိုသိထားတယ်။ ဒါကြောင့် သူမကလည်း သခင်မကြီးဟေး စိတ်ပျော်အောင် သတင်းအသစ်‌လေးတွေ ပြောပြပေးတယ်။
မိသားစုထဲကအငယ်ဆုံးစုံတွဲလေးရဲ့ သတင်းကောင်းကလွဲပြီး ဘယ်ဟာကများ သခင်မကြီးဟေးကို
ပျော်ရွှင်အောင်လုပ်ပေးနိုင်မှာလဲ။
သခင်မကျိုးက သူမ သမီးတွေနဲ့အတူ အိပ်ဆောင် အဝင်ဝကိုရောက်တော့ အထဲက ရယ်သံအကျယ်ကြီးကိုတောင် ကြားလိုက်ရတယ်။
သခင်မကျိုးက မျက်မှောင်ကြုတ်သွားတယ်။ ဒီလထဲမှာ သူမခန္ဓာကိုယ်က အတော်လေး ပိန်ကျသွားတယ်။ သူမရဲ့ ပုံမှန် ပြည့်ဖောင်းနေတဲ့ ပါးတွေတောင် ချောင်ကျ‌နေတယ်။ ဒါတွေကြောင့် သူမအခုပုံစံ က ရှိရင်းစွဲ အသက်ထက် ပိုရင့်နေပုံတောင် ပေါ်တယ်။
သူမမျက်လုံးထဲ မပျော်ရွှင်မှုတွေ ဖြတ်ပြေးသွားပြီး အံတွေတောင်ကြိတ်မိတယ်။
သူမ ယောက္ခမရဲ့ မွေးနေ့ပွဲက နီးလာတော့ အိမ်တော်ရဲ့ အကြီးအမှုးတစ်ယောက်အနေနဲ့ ကိစ္စအရပ်ရပ်ကို ကိုင်တွယ်နေရတယ်။ဒါကြောင့် သူမမှာ အနားယူချိန်တောင် နည်းနည်းဘဲ ရှိတယ်။သခင်မကြီးဟေးက သူမကို အကူအညီမပေးတာနဲ့ တင်ကို ဆိုးဝါးနေပြီ။ အခု‌ေတာ့ ခြံဝန်းထဲမှာ ဘယ်လိုတွေ ပြုမူနေကြတာလဲ။
သူတို့ရဲ့ မွန်မြတ်တဲ့ အကျင့်သိက္ခာတွေ မေ့ပစ်ပြီးတော့တောင် အကျယ်ကြီး အော်ရယ်နေကြတယ်။
ရှောင်အန်းနဲ့ ရှောင်လင်းတို့မှာ သူမတို့အမေကလက်တွေကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားလို့ တုန်လှုပ်နေကြတယ်။ သူမတို့အမေ မပျော်တာကို ခံစားမိတော့ သူတို့အမူအရာက ပိုပြီးတောင်စိုးရိမ်ပူပန်လာတယ်။
တံခါးဝမှာ စောင့်နေတဲ့ အစေခံလေးက ခန်းဆီးစကို မပြီး သခင်မကျိုးနဲ့ သခင်မငယ်လေးတွေကို အထဲဝင်ဖို့ ကူညီပေးလိုက်တယ်။
သခင်မငယ်လေးတွေက သခင်မကြီးဟေးရဲ့ ဖော်ရွေတဲ့ အကြည့်တွေကို မြင်တော့ သူမတို့အမေရဲ့ လက်‌ကို ဖြုတ်ချပစ်ပြီး သခင်းမကြီးဟေးဆီ ပြေးဝင်သွားကြတယ်။
သခင်မကြီး‌ဟေးက ရယ်မောပြီး ကလေးနှစ်ယောက်ကို သူမဘေးကို ဆွဲခေါ်လိုက်တယ်။ ပြီးတော့ ခေါင်းလေးတွေကို ပွတ်သပ်နေတယ်။
"ရှောင်အန်းနဲ့ ရှောင်လင်း တို့ရောက်လာတာဘဲ ။ အပြင်မှာ အရမ်းအေးသလား?"
ရှောင်အန်းက သူမညီမလေးရဲ့ လက်ကို ပြန်ဆွဲယူလိုက်တယ်။ ပြီးတော့ နာခံတဲ့ ပုံစံလေးနဲ့ ခေါင်းယမ်း မပြခင် သခင်မကျိုးကို ဖြတ်ခနဲပြန်ကြည့်လိုက်သေးတယ်။" ရှောင်အန်းက အရမ်းကြီး မအေးပါဘူး ၊ စောစောထပြီး ဘွားဘွားကြီးကို တွေ့ဖို့ဘဲ လာချင်နေတာ"
"အာ၊ ဘွားဘွားကြီးရဲ့ ရှောင်အန်းလေးက အကောင်းဆူံးပါဘဲလား"
သခင်မ‌ကြီးဟေးက သူမရဲ့ ခြောက်နှစ်အရွယ်မြေးမလေးကို မချီပြီး ပွေ့ဖက်လိုက်တယ်။
သခင်မကြီးဟေးရဲ့ ကျန်းမာရေးက အကောင်းကြီး မဟုတ်တော့ သခင်မငယ်လေးရဲ့ အလေးချိန်ကြောင့် သခင်မကြီးဟေး ခန္ဓာကိုယ်ထိခိုက်သွားမှာကို အစေခံလျိုက စိုးရိမ်တကြီး ဖြစ်နေတာ ။အစေခံလျိုက  ကလေးထိန်း နှစ်ယောက်ကို မျက်စပစ်ပြလိုက်တယ်။
ဒါ‌ေကြာင့် ကလေးထိန်းနှစ်ယောက်က ကလေးတွေကို ချီပြီး ကစားဖိူ့ ခေါ်ဆောင်သွားလိုက်တယ်။
သခင်မကျိုးလည်း သခင်မကြီး ဟေးက သူမကလေးနှစ်ယောက်နဲ့ တရင်းတနှီး ရှိနေတာကို မြင်မှဘဲ ရှေ့တိုးပြီး နှုတ်ဆက်လိုက်တယ်။
"ဒီ မြေးချွေးမက အဘွားကို ဂါရဝပြုပါတယ်"
သခင်မကြီးဟေးက ဟိတ်ကြီးဟန်ကြီးတွေ လုပ်မနေဖို့ လက်ကာပြ ပြီး သခင်မကျိုးကို ထိုင်ခိုင်းလိုက်တယ်။
"အပြင်ဘက်က ရာသီဥတုက အေးလာပြီ ၊ ရှောင်အန်းနဲ့ ရှောင်လင်းက ငယ်ငယ်ရွယ်ရွယ်လေးရှိသေးတာ၊ သူတို့ရဲ့ ခန္ဓာကိုယ်က ထိခိုက်လွယ်တယ် ၊ဒါကြောင့် ငါ့ဆီ လာနှုတ်ခွန်းဆက်ဖို့ သူတို့ကိုနေ့တိုင်း ခေါ်မလာနဲ့တော့၊ ကလေးတွေကို နည်းနည်းလောက် ပိုအိပ်ပါစေ"
ဒီစကားတွေက သခင်မကြီးဟေးရဲ့ သူ့မရဲ့ မြစ်နှစ်ယောက်အပေါ် ဂရုစိုက်ခြင်းကို ဖော်ပြနေတာပါဘဲ။ ဒါပေမယ့် သခင်မကျိုးရဲ့ စိတ်ထဲမှာတော့ အခြား အဓိပ္ပာယ်သက်ရောက်သွားတယ်။
သူမရဲ့ အမူအရာက ခက်ထန်သွားပြီး ပြန်ဖြေကြားလိုက်တယ် "ဒါက ဘယ်လိုလုပ်ကောင်းပါ့မလဲ အဘွားရဲ့ ၊သူတို့က ငယ်သေးပေမယ့်လည်း အဘွားရဲ့ တရားဝင် မြစ်မလေးတွေဘဲ ၊အဘွားကို မနက်ခင်းတိုင်း နှုတ်ခွန်းဆက်ရမှာက သူတို့ရဲ့ တာဝန်ဘဲလေ"
Zawgyi