Unicode
အကြီးတန်းအစေခံလျိုရဲ့ မျှော်လင့်တကြီး အမူအရာကိုမြင်ရတော့ ချူးလျန်ခမျာ စာကိုဖွင့်ဖတ်ရုံအပြင် မတတ်နိုင်တော့ဘူး။
မျှော်လင့်ထားတဲ့ အတိုင်း အထဲမှာ စာတွေမှ အထပ်လိုက်ဘဲ။ ချူးလျန်ဘာတွေကို မျှော်လင့်နေမိတာလဲ။
အရင်က ဟေးစန်းလန်ဆီက စာတစ်စောင်လေးမှ ကောင်းကောင်းရဖူးတာမဟုတ်ဘူး။ အရင်ကလို ဆိုးဝါးနေတဲ့ စုတ်ချက်တွေထက်စာရင် ဒီလို သူမဖတ်လို့ရအောင်ရေးပေးထားတာက ထူးခြားအံ့ဩဖွယ်ဘဲ။
ချူးလျန်က စာအိတ်ထဲက စာတစ်စောင်ကိုထုတ်ယူပြီး ဟေးစန်းလန်ရဲ့ ဆိုးဝါးလှတဲ့ လက်ရေးကိုဖတ်နိုင်ဖို့ မျက်လုံးလေး စွေကြည့်လိုက်တယ်။
ဒါပေမယ့် စာတွေကို ကြည့်မိသွားတော့ သူဒီတစ်ကြိမ်တော့ အမှန်တကယ် အားစိုက်ထားမှန်း သိသာတယ်။
စာရွက်ပေါ်က စုတ်ချက်တွေက လှပပြီး ခံ့ညားတယ် ၊တချိန်တည်းမှာဘဲ ထင်ရှားပြီး အားပြင်းနေပုံပေါ်တယ်။
"သို့ ချစ်လှစွာသော ဇနီး သခင်မချူး၊ ဒီစာလေးကို ကိုယ် အနားမှာ ရှိနေသလိုသဘောထားပြီး ဖတ်ပေးပါ။"
ချူးလျန်မှာ အံ့ဩပြီး မျက်လုံးတွေကို ပြူးကျယ်လာတယ်။ ဒါပေမယ့် စိတ်တည်ငြိမ်နေတဲ့ ပုံနဲ့ဘဲ ဆက်ဖတ်လိုက်လိုက်တယ်။
ဒီစာရွက်အထူကြီးတွေက အမှန်တကယ်ကို ရှစ်ရွက်တောင်ကျော်တယ်။ အစေခံလျိုက ဘာစာတွေရေးထားလဲဆိုတာ သေချာမမြင်ရပေမယ့် စာရွက်တစ်ခုစီမှာ စာလုံးတွေအပြည့်နဲ့ဆိုတာကိုတော့ သေချာကိုမြင်နေရတယ်။ သူမမျက်လုံးတွေမှာ အပျော်တွေနဲ့ ပြည့်သွားတော့တယ်။ကြည့်ရတာ တတိယသခင်လေးက သခင်မလေးကို ပြောစရာတွေ အများကြီး ရှိနေပုံရတယ်။
အပြင်က အစေခံတွေအားလုံးက ကန်းနေကြတာဖြစ်မယ်။ တတိယသခင်လေးနဲ့ သခင်မလေးတို့က တစ်ယောက်နဲ့ တစ်ယောက်မချစ်မြတ်နိုးကြဘူးလို့ ဘယ်လိုတောင်ပြောရဲကြတာလဲ? ဒီလက်ထပ်ပွဲကြောင့် မပျော်မရွှင်နဲ့ မြောက်ပိုင်းကိုထွက်သွားတာပါလို့ ဘယ်သူကများ ပြောရဲရတာလဲ? ဒီစာအထူကြီးတွေကို ကြည့်ကြပါအုံး! တကယ်လို့ အဲ့လူတွေသာ ဒီလိုကောလဟာလတွေ ဆက်ဖြန့်နေရင် ဒီစာရွက်တွေနဲ့ မျက်နှာကို ဖြတ်ရိုက်ပစ်မယ်။
ဟေးစန်းလန်က တကယ်ဘဲ စာတွေအများကြီး ရေးထားခဲ့တာ ။ ချူးလျန်မှာ ဒါတွေဖတ်ဖို့ 15မိနစ်ကျော်လောက်ထိကို အချိန်ယူလိုက်ရတယ်။
သူမစာတွေဆီကနေ အကြည့်ပြန်ခွာတော့ အစေခံလျိုရဲ့ တဖျက်ဖျက်လက်နေတဲ့ မျက်ဝန်းတွေနဲ့ သွားဆုံတယ်။ အစေခံလျိုရဲ့ မျက်နှာအမူအရာက နဖူးမှာ 'သူဘာစာတွေ ပြန်လိုက်လဲ ပြောပြပါအုံး' ဆိုတဲ့ စာကပ်ထားတဲ့ အတိုင်းဘဲ။
ချူးလျန်မှာ နည်းနည်းတောင် ရှက်ကိုးရှက်ကန်းဖြစ်သွားတယ်။ အစေခံလျိုကို ဘာပြန်ပြောရမလဲတောင် မသိတတ်တော့ဘူး။
ဟေးစန်းလန်က သူမ စာရွက်ဗြောင်တွေ ပြန်ပို့တဲ့ ကိစ္စကို မေးမြန်းထားတယ်ဆိုတာ တကယ် ပြန်ပြောပြသင့်ရဲ့လား။ ပြီးတော့ သူက ပြောထားသေးတာ သူမက သူ့အပေါ် ဂရုစိုက်မှူမရှိ စာနာထောက်ထားမှု မရှိတဲ့ အတွက် သူ့ဇနီးဖြစ်ဖို့ မထိုက်တန်ပါဘူးတဲ့။
ပြီးတော့ လွန်ခဲ့တဲ့လက ပါဆယ်မှာ သူ့အတွက် ဘာပစ္စည်းမှ မထည့်ပေးလိုက်တာကိုလည်း အထွန့်တက်ထားသေးတယ်။ သူမယောက်ျားက အလွန်ခက်ခဲကြမ်းတမ်းတဲ့ မြောက်ပိုင်းမှာ စစ်တိုက်နေရတာကို သူမက သူ့ဖို့ အင်္ကျီ၊ ဖိနပ် ၊ခြေအိတ်တို့တောင် မထည့်ပေးလိုက်ပါဘူးပေါ့။ ပြီးတော့ သူမ အရင်ကထည့်ပေးတဲ့ အမဲသားခြောက်နဲ့ စပျစ်ဝိုင်ကို ထပ်မထည့်ပေးတဲ့ အကြောင်းပေါ့။
ဟေးစန်းလန်က ထပ်ပြီး ထည့်ပြောထားသေးတယ်။ သူမက ဧကရာဇ်က ချီးမြင့်ထားတဲ့ မြင့်မြတ်တဲ့ အမျိုးသမီး ဖြစ်နေတာတောင်မှ ပို မြင့်မြင့်မားမား မတွေးခေါ်နိုင်သေးဘူးတဲ့။ ဒီဘွဲ့ ကပဉ္စမ အဆင့်ဘွဲ့လေး တစ်ခုပါဘဲပေါ့ ။ တကယ်လို့ သူမသာ အနာဂတ်မှာ ပိုမြင့်တဲ့ ဘွဲ့ထူးတွေကို လိုချင်ရင် သူ့အပေါ်ကိုသာ မှီခိုရပါလိမ့်မယ်ပေါ့။
ချူးလျန်ဒီစာတွေကို စဖတ်တော့ သူ့စကားတွေကြောင့် နည်းနည်းတောင် စိတ်ဆိုးမိသွားသေးတယ်။
အဆုံးထိ ဆက်ဖတ်ကြည့်မိပြီးမှဘဲ ရယ်ရလွန်းလို့ မထိန်းနိုင်တော့ဘူး။
သူရဲ့စာကို ဂရုတစိုက်နဲ့ သေချာပြန်ဖတ်ကြည့်တော့ သူ့ရဲ့မည်းနက်နေတဲ့ ဒီစုတ်ချက်တွေက သူမကို ဘာလို့ မကြည်မသာ ဖြစ်နေပုံ ပေါ်နေတာလဲ။
သူမရဲ့ ဒီ အရူးယောက်ျား ဟေးစန်းလန်က တကယ်ကို ကြောင်သူတော်ကြီးဘဲ။
သူမတို့ လက်ထပ်ပြီးကတည်းက သူက တခြားသူတစ်ယောက်လို လုံးဝပြောင်းလဲ သွားတယ်။ပြီးတော့ ဘာအကြောင်းပြချက်မှ မပေးဘဲ သူမကို အိမ်တော်မှာ ချန်ထားခဲ့တယ်။အခုကျတော့ စိတ်ပြန်လည်လာပြီး သူမဘဝထဲကို လာစွက်ဖက်ဖို့ ကြိုးစားနေပြန်ပြီ ။ ဘာတွေကများ သူ့ကို တည့်မတ်ပေးလိုက်ပါလိမ့်?
စာရဲ့ အဆုံးမှာ ဒီယောက်ျားဘာတွေများ ရေးထားလဲလို့ ဆက်ကြည့်လိုက်မိတယ်။
" သခင်မချူး၊ ငါ့ရဲ့ ဇနီးအနေနဲ့ ဘာလို့များ အခြားသူတွေဖို့ နေ့တိုင်း ချက်ပြုတ်ပေးနေရတာလဲ၊
ဇနီး တစ်ယောက်ရဲ့ တာဝန်ဝတ္တရားတွေကို သတိရပါ "
"မင်းကို ငါကလွဲပြီး အခြားသူတွေကို ချက်ပြုတ်ကျွေးခွင့် မပြုဘူး ၊ မဟုတ်ရင် ငါဒေါသထွက်မိလိမ့်မယ် " ဒီစာကို ဒီလိုအဓိပ္ပာယ်နဲ့ဘဲ သူမမှတ်ယူပစ်လိုက်တယ်။
ဒါပေမယ့် ဟေးချန်ဒီရဲ့ စကားတွေကို သူမစိတ်ထဲ သိပ်မထည့်ထားပါဘူး။ သူကအခု မြောက်ပိုင်း အဝေးကြီးမှာဘဲလေ ။ ဒီအကွာအဝေးကြီးကနေ သူမကို ဘာမှ မလုပ်နိုင်ပါဘူး။
ဒါပေမယ့် သူမ မထင်ထားခဲ့တာက ဟေးစန်းလန်က ခေါင်းဆောင်တပ်မှုး အဖြစ် ရာထူးတိုးသွားလိမ့်မယ်လို့လေ။ သူရဲ့ စွမ်းရည်တွေကို သူမ တကယ်ကို အားကျသွားမိတယ်။ ဒီလောက် အချိန်တိုတိုလေးအတွင်းမှာ စစ်တပ်ရဲ့ စံနှုန်းသတ်မှတ်ချက်တွေကို ကျော်ဖြတ်ဖို့က တကယ်ကို မလွယ်ကူလှဘူး ။ ဒါ့အပြင် စစ်သူကြီး ချီအန်းဆိုတာကလည်း အတော်စည်းကမ်းကြီးလှတဲ့ စစ်သားတစ်ယောက်ဖြစ်နေသေးတယ်။
ကြည့်ရတာ သူမနောက်ဆုံးတစ်ခေါက်ဆွဲပေးလိုက်တဲ့ ပုံတွေထဲက အရိပ်အမြွက်လေးတွေက အသုံးဝင်သွားပုံရတယ်။
ဟေးချန်ဒီ ရာထူးတိုးတာနဲ့ ပတ်သတ်ပြီး သူမအတွေးထဲ မြောနေမိတုန်းဘဲ။
ဒါနဲ့ ချူးလျန်က အစေခံလျိုကို ပြန်မဖြေခင် ကို့ရို့ကားယားနဲ့ ချောင်းတချက်ဟန့်လိုက်တယ် " ယောက်ျား ရေးထားတာက သူက အခု မြောက်ပိုင်းစစ်တပ် ခြေလျင်တပ်ခွဲတစ်ခုရဲ့ ခေါင်းဆောင်တပ်မှုးဖြစ်နေပြီတဲ့ ၊ဒါက တပ်မတော်ရဲ့ ဆဌမ အဆင့်ရာထူး တစ်ခုဘဲ"
"အိုက်ယား၊ ဒါက တကယ်သတင်းကောင်းဘဲ ၊ဒီအစေခံအိုကြီး ကသတင်းေကာင်းကို ပင်မအိမ်တော်ဆီ အခုချက်ချင်း သွားတင်ပြလိုက်ပါ့မယ်"
အဲ့လိုပြောပြီးတာနဲ့ အစေခံလျိုက သူမခေါ်ခဲ့တဲ့ အစေခံငယ်တွေနဲ့ အတူ ကျင်းရှီခန်းမဆောင်ကို ကသုတ်ကရိုက် ပြေးသွားတော့တာဘဲ။
အဲ့အချိန်မှဘဲ ချူးလျန်လည်းသူမရဲ့ ချွေးစေးတွေကိုသုတ်လိုက်နိုင်တော့တယ်။ နောက်ဆုံးတော့ အစေခံလျိုကို ပထုတ်နိုင်သွားပြီ ။ မဟုတ်ရင် ဒီဉာဏ်ပြေးလှတဲ့ အစေခံအိုကြီး ကို သူမဘယ်လိုရှင်းပြ ရမလဲ တကယ်ကို မသိဘူး ။
ဒါပေမယ့် အစေခံလျိုရဲ့ အမူအရာက တကယ်ကို ဟန်ဆောင်နေတာနဲ့ မတူဘူး။ ဟေးစန်းလန်က
သူရာထူးတိုးတဲ့ အကြောင်းကို အဘွားဆီကို ထည့်မရေးဘူးလား။
ဒါက ဘာလို့လဲ? ဖြစ်နိုင်တာက သူက မြင့်မြင့်မားမားမျှော်မှန်းထားပြီး ဒီ ခေါင်းဆောင်ရာထူးလောက်လေးနဲ့ အထူးတလည်ပြောပြ မနေချင်တာဘဲ ဖြစ်ရမယ်။
ဒါဆိုရင် သူမရဲ့ စာထဲမှာကျ ဘာလို့များ ထည့်ရေးထားရတာလဲ။ သူက သူ့ရာထူးအသစ်နဲ့ ပတ်သတ်ပြီး သူမကို အလေးထားစေချင်နေတာဘဲ။
ချူးလျန်ခက်ခက်ခဲခဲတွေးတောပြီး နောက်ဆုံးတော့ ဖြစ်နိုင်ချေကို စဉ်းစားမိသွားတယ်။
သူမရဲ့ မြင့်မြတ်တဲ့ အမျိုးသမီးဘွဲ့က သူ့ကိုရန်စမိသလိုများ ဖြစ်နေတာလား? ဒါကြောင့်များ သူမှာလည်း တောက်ပတဲ့ အနာဂတ်ရှိပါတယ်ဆိုပြီး အသည်းအသန် ကြိုးစား ပြနေတာလား? ဒါဆို အနာဂတ်က သူမရဲ့ဘွဲ့ ထူးတွေက သူ့အပေါ် မူတည်နေတော့မှာ များလား?
ချူးလျန်က ခေါင်းခါပြီး ပြုံးလိုက်မိတယ်။ ဒါက ဘယ်လို ဦးနှောက်မရှိတဲ့ အတွေးကြီးလဲ။
လက်ထပ်ပြီး သူမအပေါ် ဆက်ဆံတဲ့ ပုံကိုကြည့်တာနဲ့ ဟေးစန်းလန်က သူမကို မကြိုက်တာ အသိသာကြီးကို။ သူသာ သူမကို အကြောင်းပြချက်မရှိဘဲ ကွာရှင်းချင်လာရင် ဆုံးဖြတ်ချက်ချဖို့ တစ်မိနစ်တောင် မကြာလောက်ဘူး။ သူမကို ဒီလိုဆက်ဆံထားတဲ့ ယောက်ျားက သူမအတွက် စဉ်းစားပေးနေတာ ဘယ်လိုဖြစ်နိုင်မှာလဲ။
Zawgyi