Unicode
ချောင်လန် စားပွဲကနေထသွားတာ ၁မိနစ်တောင်မရှိသေးဘူး ထန်းမော့စိတ်ထဲမှာတော့ အတွေးပေါင်းသောင်းခြောက်ထောင်လောက် ပေါ်လာနေပြီ။
အဲ့အချိန်အတွင်းမှာ ချောင်လန်က ဘယ်နေရာကမှန်းမသိတဲ့ မှန်တစ်ချပ်ကို ရှာလာတယ်။ ပြီးတော့ ထန်းမော့ဘေးမှာ ထိုင်ဖို့ ထိုင်ခုံကို ရွှေ့လိုက်တယ်။ မကြာခဏဆိုသလိုပဲ သူမလက်မောင်းက ထန်းမော့လက်မောင်းကို သွားသွားထိမိနေတယ်။ သူတို့ကျောင်းမှာ တစ်စားပွဲထဲထိုင်တုန်းကနဲ့ ခံစားချက်ခြင်းမတူဘူး။ ကျောင်းမှာတုန်းက ကျောင်းယူနီဖောင်းတွေဝတ်ထားရတာလေ။ အိမ်ကကျတော့ အရမ်းနွေးထွေးတယ်။ အဲ့တာကြောင့် ထန်းမော့ ချောင်လန့်ရဲ့ နွေးနေတဲ့ အရေပြားကို ခံစားလို့ရနေတယ်။
အဲ့တာက သူ့အရေပြားထက် အများကြီး ပိုနွေးတယ်။
ချောင်လန်က မှန်ကို ထန်းမော့ရှေ့မှာထားပေးလိုက်တယ်။ " ကောင်းပြီ။ အခြေခံအကျဆုံးဟာကနေ စသင်လိုက်ရအောင်။ အဲ့တာကတော့ အပြုံးတွေပဲ။ အပြုံးတွေက အမျိုးအစားအများကြီးပဲ ရှိတယ်။ ပုံမန်အပြုံး၊ ရယ်ပြုံး၊ ကောက်ကျစ်တဲ့ အပြုံး၊ မဲ့ပြုံး.. အများကြီးရှိတာပေါ့။ ဒီနေ့ ငါတို့က အရိုးရှင်းဆုံး အလွယ်ကူဆုံး တစ်ခုကို စသင်မယ်။ အခြေခံအကျဆုံး အပြုံးပေါ့။ ငါ့ကို ကြည့်နော်! "
ထန်းမော့က ခေါင်းကိုလှည့်လိုက်တယ်။
အားးး အရမ်းနီးကပ်နေတာပဲ။
" ဘယ်လိုအပြုံးပဲ ဖြစ်ဖြစ် နှုတ်ခမ်းထောင့်တွေက တစ်ဖြည်းဖြည်း မြင့်တက်သွားတယ်နော်။ တစ်ချို့အပြုံးတွေက အကွေးကြီးတယ်။ တစ်ချို့အပြုံးတွေကကျတော့ ကွေးတာ သေးတယ်။ အပြုံးဆိုတာက လူတိုင်းလုပ်လေ့ရှိတဲ့ တူညီတဲ့ မျက်နှာထားတစ်ခုပဲ။ အရိုးရှင်းဆုံးပြောရမယ်ဆိုရင် ပြုံးဖို့ဆိုရင် နင် နှုတ်ခမ်းလေးကို အပေါ်ကို နည်းနည်းလေး ကွေးပေးရမယ်။ ငါပြောတာနည်းနည်းလေးဆိုတော့ နှုတ်ခမ်းအကျယ်က သိပ်မကြီးဘူးနော်။ အဲ့တာကြောင့် ပါးစပ်ထောင့်တွေရဲ့ အကွေးကလဲ အရမ်းကြီး ကျယ်မှာ မဟုတ်ဘူး။ အခု ငါလုပ်နေသလိုမျိုးလေ။ "
ချောင်လန်က သူ့ကို ပြုံးပြီး ကြည့်လိုက်တယ်။ ပြီးတော့ သူမနှုတ်ခမ်းထောင့်ကို လက်ညိုးထိုးပြလိုက်တယ်။ " နှုတ်ခမ်းထောင့်တွေက အပေါ်ကို တက်နေမယ်။ ဖြေးဖြေးချင်းသွားလေးတွေကို ဖော်မယ်။ ပြီးတော့ မျက်လုံးလေးတွေကို အနည်းငယ်မှေးလိုက်မယ်။ ပြီးတော့ မျက်နှာအကွေးတစ်ခုလုံးကို အပေါ်ကို ကွေးလိုက်မယ်။ " ချောင်လန်က လက်၂ဖက်လုံးနဲ့ အပေါ်ကို တက်တဲ့ အမူအရာတွေလုပ်ပြလိုက်တယ်။
" တစ်ကယ်လို့ လူတစ်ယောက်ရဲ့ မျက်နှာအသွင်အပြင်က ဒီလိုပုံမျိုးဖြစ်နေတယ်ဆိုရင် သူပြုံးနေတဲ့ဖြစ်နိုင်ချေက ၈၀ကနေ ၉၀ ရာခိုင်နှုန်းလောက်ထိ ရှိတယ်။ ပုံမန်အားဖြင့်တော့ လူတွေက ပျော်နေတဲ့ အချိန်မှာ ပြုံးကြတယ်။ အပြုံးက လူတွေကို ပိုပြီး ကိုယ့်ကိုယ်ကို ယုံကြည်ချက်ရှိစေပြီး ပိုပြီး လှပစေတယ်။ တစ်ဖက်လူက ပြုံးနေတာကို မြင်လို့ရှိရင် လူတိုင်းက နေရတာ ပိုကောင်းလာတာပေါ့။ "
ထန်းမော့က သူနဲ့အရမ်းနီးကပ်နေတဲ့ ချောင်လန့်ရဲ့ ပြုံးနေတဲ့ မျက်နှာကနေ နည်းနည်းခွာလိုက်တယ်။
လူတစ်ယောက်က ပြုံးလို့ရှိရင် ပိုကြည့်ကောင်းတယ်လို့ သူလဲထင်တယ်။
ချောင်လန့်လိုပေါ့။ ဒီအခိုက်အတန့်မှာ သူမက အရမ်းလှတာပဲလို့ ထန်းမော့တွေးနေမိတယ်။
ပြီးတော့ သူကလဲ သူ့ခံစားချက်တွေကို လက်ခံရယူနိုင်သလိုမျိုးပဲ ဖြစ်လာပြီး အခုသူ့စိတ်အခြေအနေက အရမ်းကောင်းနေတယ်လို့ ခံစားနေရတယ်။
" အဲ့တာဆို အရင်ဆုံး ပြုံးတာကို သင်ရအောင်နော်။ ဟုတ်ပြီလား။ " ချောင်လန်က ထန်းမော့ရှေ့မှာ မှန်ကိုထားလိုက်ပြီး သူမမျက်နှာထားကိုလဲ အဲ့အတိုင်း ဆက်ထိန်းထားနေတယ်။ " ငါ့လိုမျိုးလေ နှုတ်ခမ်းလေးတွေကို အပေါ်ကို ကွေးလိုက်... "
မှန်ထဲကို ကြည့်နေရင်း ချောင်လန် ဘာတွေလုပ်နေတာလဲ ဆိုတာ နောက်ဆုံးတော့ ထန်းမော့ နားလည်သွားတယ်။
သူက သူ့ရဲ့တောင့်တင်းနေတဲ့ မျက်နှာကြွက်သားတွေကို လှုပ်ရှားလိုက်တယ်။ ပြီးတော့ သူ့ခေါင်းကိုလှည့်လိုက်ပြီး ချောင်လန့်ကို ကြည့်လိုက်တယ်။ သူက ချောင်လန့်မျက်နှာပုံကို ကောင်းကောင်းကြီး အတုခိုးနိုင်ပြီလို့ ခံစားနေရရင်းနဲ့ပေါ့။ ဒါပေမဲ့ သူလုပ်လိုက်တဲ့အချိန်မှာ အဲ့တာက ရိုးရှင်းတယ်ဆိုတာနဲ့ အရမ်းဝေးကွာနေတယ်။
သာမန်လူတွေက ဒါကိုသင်ယူဖို့ လုံးဝမလိုဘူး။ သူတို့က သူတို့နှလုံးသားထဲက ခံစားချက်တွေအတိုင်း သူတို့မျက်နှာအမူအရာတွေကို ဆက်တိုက်ပြောင်းလဲကြတယ်။ ဒါပေမဲ့ ထန်းမော့အတွက်ကတော့ သူ့နှလုံးသားထဲက ခံစားချက်တွေနဲ့ သူ့မျက်နှာအမူအရာတွေက လုံးဝမတူညီတဲ့နေရာမှာ ရှိနေကြသလိုပဲ။ ပြီးတော့ သူက လိုက်လျောညီထွေတဲ့ ပြောင်းလဲမှုတွေဖြစ်အောင် သူ့ရဲ့ ကိုယ်ပိုင်မျက်နှာအမူအရာတွေကို ထိန်းချုပ်ဖို့ရာအတွက် အရမ်းကြိုးစားနေရတယ်။
နှလုံးသားထဲကတော့ မဟုတ်ဘူး။ လိုက်ပြီး တုပဖို့အတွက်လေ။
ချောင်လန် အစတုန်းက ပြောခဲ့သလိုပဲ နှိုင်းယှဥ်ဆင်ခြင်တာက ကိုယ်နဲ့စိမ်းနဲ့ နိုင်ငံခြားဘာသာစကားတစ်ခုကို သင်ယူဖို့အတွက် ခြေလှမ်းတစ်လှမ်းပဲ။
စိတ်ခံစားချက်ပေါ်မူတည်တဲ့ မျက်နှာအမူအရာတစ်ခုကို မှတ်မိအောင်လုပ်တာက စကားလုံးအသစ်တစ်ခုကို မှတ်ရသလိုပဲ။ အဲ့ idea အတိုင်းလိုက်လုပ်ပြီး မျက်နှာအမူအရာနဲ့ စိတ်ခံစားချက်တွေကို မှတ်သားကာ ကောင်းကောင်းမွန်မွန် ပြန်ဖော်ပြတာက စာလုံးအသစ်တွေနဲ့ စာကြောင်းတစ်ကြောင်း အတူတူ တည်ဆောက်ရတာနဲ့ အတူတူပဲ။
ထန်းမော့က သူငယ်ငယ်လေးတုန်းက ကျောင်းမှာ ဓာတ်ပုံရိုက်တုန်းက အချိန်ကို မှတ်မိလိုက်တယ်။ အဲ့တုန်းက ကင်မရာမန်းက သူ့ကို ပြုံးဖို့အော်ပြောလိုက်တာ။ ဒါပေမဲ့ သူက အပြုံးဆိုတာ ဘာကိုဆိုလိုတာမှန်း နားမလည်ခဲ့ဘူး။
တစ်ကယ်လို့ အဲ့ဓာတ်ပုံဆရာကသာ အခုချောင်လန်ပြောပြသလို ပြုံးတဲ့အချိန်မှာ ဘယ်လိုလုပ်ရမယ်ဆိုတာကို ဥပမာလေးပြပြီး ပြောပြခဲ့ရင် သူလဲ သူ့ကလေးဘဝမှာတုန်းက ပြုံးနေတဲ့ မျက်နှာလေးတစ်ခု ရှိခဲ့မှာပဲ။
နှုတ်ခမ်းထောင့်စွန်းတွေက အပေါ်ကို မြင့်တက်သွားရမယ်။ ပြီးတော့ မျက်လုံးတွေကလဲ အနည်းငယ် မှေးကျဥ်းလိုက်ရမယ်...
ချောင်လန်က သူ့ဘေးမှာ ထိုင်ပြီး ခေါင်းလေးကိုစောင်းကာ သူ့ကို လေးလေးနက်နက်ကြည့်နေတယ်။
ထန်းမော့ကလဲ လေးလေးနက်နက် လုပ်နေတာပဲ။ ဒါပေမဲ့ သူက ဒါမျိုးကို ဘယ်တုန်းကမှမှ မလေ့လာဖူးတာ။ အဲ့တာကြောင့် အစပိုင်းက သူ့အတွက် ခက်ခဲတာပေါ့။ သူ့နှုတ်ခမ်းထောင့်တွေကို အပေါ်ကိုမြင့်ရမယ်။ ဒါပေမဲ့ သူ့နှုတ်ခမ်းထောင့်၂ခုက မြင့်တာရော အောက်ကျတာရောဖြစ်နေတယ်။ အပြုံးနဲ့မတူဘူး။ သရော်တဲ့ပုံနဲ့ ပိုတူနေတယ်။ ပြီးတော့ သူ့မျက်လုံးမှေးလိုက်တဲ့အချိန်မှာ သရော်တဲ့ပုံနဲ့ ပိုတူသွားတယ်။
" အမ်းးးးးး သိပ်မမှန်သေးဘူးဟ။ " ချောင်လန်က ပြောလိုက်တယ်။ သူမ အရှေ့ကို နည်းနည်းကုန်းလိုက်ပြီး ထန်းမော့နှုတ်ခမ်းတွေကို သူမလက်ချောင်းတွေနဲ့ သွားထိလိုက်တယ်။ ထန်းမော့ရဲ့ ထူးဆန်းနေတဲ့ အပြုံးက သူ့မျက်နှာမှာ ချက်ချင်းကိုပဲ အေးခဲသွားတော့တယ်။ သူ စက်ရုပ်လိုပဲ ခေါင်းကို လှည့်လိုက်တယ်။ သူမက သူ့မျက်နှာကို ကိုင်နေတာ
ချောင်လန်က သေသေချာချာကြည့်နေပြီး ထန်းမော့မေးစေ့ကို သူမရဲ့ဘယ်လက်နဲ့ အပေါ်ကို မော့လိုက်တယ်။ ပြီးတော့ ညာလက်နဲ့ သူ့ရဲ့ညာဘက်နှုတ်ခမ်းထောင့်ကို ထိလိုက်တယ်။ " ဒီဘက်ကိုလဲ အပေါ်ကို နည်းနည်းလောက် မြင့်လိုက်ဦး။ ဟုတ်ပြီ ဒါပဲလေ။ စိတ်မလှုပ်ရှားနဲ့။ နင့်သွားကို ပြရမှာ မကြောက်နဲ့နော်။ ငါတို့မော့မော့သွားလေးတွေက အရမ်းလှတာပဲ ဟမ်... နင့်သွားတိုက်ဆေးက လိမ္မော်အရသာလား? "
ထန်းမော့က သူ့ပါးပေါ်က ချောင်လန့်ရဲ့နွေးနေတဲ့ လက်ချောင်းလေးတွေကို အရမ်းအာရုံစိုက်ထားနေတယ်။
သူက အရမ်းစိတ်လှုပ်ရှားလွန်းလို့ ဘယ်နေရာကို ကြည့်ရမယ်မှန်းတောင် မသိတော့ဘူး။ အဲ့တာကြောင့် သူက ဒီတိုင်းပဲ ပြောလိုက်တယ်။ " လိမ္မော်သီး "
" ငါလဲ လိမ္မော်သီးတွေကို ကြိုက်တယ် " ချောင်လန်က ပြောလိုက်တယ်။ သူမအနောက်ကို ပြန်မှီလိုက်တဲ့အချိန်မှာ သူမလက်ချောင်းလေးတွေကို လွှတ်လိုက်ပြီး ပြောလိုက်တယ်။ " နင်ခဏနေကျရင် လိမ္မော်သီးတွေကို ညှစ်ပြီး လိမ္မော်ဖျော်ရည်လုပ်ချင်လား။ "
ထန်းမော့ မျက်လုံးတွေက အနည်းငယ် ကွေးသွားတယ်။ ပြီးတော့ သူက အမြန်ပြောလိုက်တယ်။ " အင်း "
" မလှုပ်နဲ့ " ချောင်လန်က ရုတ်တရက်ကြီး ပြောလိုက်တယ်။ " ဒီအတိုင်းပဲ ထိန်းထားနော် " ချောင်လန်က သူမဖုန်းကို အမြန်ထုတ်လိုက်တယ်။
ထန်းမော့က အမြဲတမ်းပြုံးရင် နည်းနည်း ထူးဆန်းနေတာလေ။ ဒါပေမဲ့ အခုအချိန်မှာ သူ့မျက်လုံးလေးတွေက ကွေးနေတယ်။ ပြီးတော့ သူ့နှုတ်ခမ်းကွေးနေတာကလဲ အရမ်းလနေတယ်။ သူက အရမ်းအေးစက်နေတာပဲလို့ လူတွေကို အမြဲခံစားရစေတဲ့ ကောင်လေးက ဘယ်တုန်းကမှ အခုအချိန်လောက် ကြည့်မကောင်းဖူးဘူး။
နေရောင်ကို မျက်နှာမူထားရင်း ချောင်လန်က ထန်းမော့ရဲ့ အခုအခိုက်အတန့်ကို ရိုက်ကူး မှတ်တမ်းတင်ခဲ့တယ်။
နေက ပြုံးနေတဲ့ ကောင်လေးပေါ်ကို တောက်ပပေးနေတယ်။
ချောင်လန်က ဖုန်းကို ထန်းမော့ကို လှမ်းပေးလိုက်တယ်။ " ပြုံးနေတာဆိုတော့ ကြည့်ကောင်းတယ်မလား "
ထန်းမော့က ဖုန်းကိုယူလိုက်ပြီး ဖုန်းထဲက သူ့ပုံကို ကြည့်လိုက်တယ်။ ပြီးတော့ ချောင်လန့်ကို မော့ကြည့်လိုက်တယ်။
ပြုံးနေရင် တစ်ကယ်ကြည့်ကောင်းတယ်။
ဒါပေမဲ့ သူက ချောင်လန့်ကို စဥ်းစားနေတာလေ။
သူမပြုံးတာ အလှဆုံးပဲ။
ဦးလေးချန်အပြင်က ပြန်လာတော့ ဒီဓာတ်ပုံကိုမြင်ပြီး အချိန်အတော်ကြာ အံ့ဩသွားခဲ့ရတယ်။ အံ့ဩတာပြီးသွားတော့ သူက ချောင်လန့်ကို သူ့ကိုလဲ အဲ့ဓာတ်ပုံလေးပိုပေးလို့ ပြောလိုက်တယ်။
ချောင်လန်က အဲ့ပုံကို ဦးလေးချန်ကိုလဲ ပို့လိုက်တယ်။ ထန်းမော့ကိုလဲ ပို့လိုက်တယ်။ ပြီးတော့ သူမက အဲ့ပုံကို အချိန်အကြာကြီး စိုက်ကြည့်နေခဲ့တယ်။
တစ်ကယ်လို့ ကြည့်ကောင်းရင် များများပြုံးနေသင့်တယ်။ နင်က ပြုံးနေရင် ပိုကြည့်ကောင်းတယ်။ တစ်ကယ်လို့ သူက ပိုပြုံးနေမယ်ဆိုရင် လူတွေက သူ့ကိုပိုကြိုက်ကြမှာပဲ။ အဲ့တာဆို သူက သူငယ်ချင်းတွေအများကြီး ရှိလာနိုင်တော့မှာ။ ပြီးတော့ သူ့ကိုချဥ်းကပ်လာတဲ့လူတွေကိုလဲ ပိုနားလည်လာတော့မှာလေ။
အဲ့တာပြီးသွားတော့ နေ့တိုင်းနေ့တိုင်း ချောင်လန်က ထန်းမော့ကို အသစ်တစ်ခုတစ်ခု သင်ပေးတယ်။ မျက်နှာအမူအရာတွေ မှတ်မိအောင်လုပ်ဖို့ပေါ့။
သူတို့က အရင်ဆုံး ခွဲခြမ်းစိတ်ဖြာတာနဲ့ စတယ်။ ပြီးတော့မှ ဖြေးဖြေးချင်း လိုက်ပြီးတုပတာပေါ့။
ချောင်လန် စာအုပ်ဖတ်နေတုန်းက စာအုပ်ထဲမှာ ညွှန်းပေးထားတဲ့ software တစ်ခုကို တွေ့ခဲ့တယ်။ ဒီ software က Harry Potter သရုပ်ဆောင်တဲ့ မင်းသားကို ဖိတ်ခေါ်ထားပြီး မျက်နှာအမူအရာတွေ၊ ခန္ဓာကိုယ်လှုပ်ရှားပုံတွေ ပြီးတော့ စိတ်ခံစားချက်နဲ့ ပတ်သတ်တဲ့ စကားပြောဆိုပုံတွေကို အသေးစိတ် အတိအကျ ပြသတာကို လုပ်ခဲ့တယ်။ လူတွေ စိတ်ခံစားချက်တွေကို ပိုပြီးနားလည်ရလွယ်ကူအောင် သက်ဆိုင်တဲ့ အဖြစ်အပျက်သေးသေးလေးတွေကိုလဲ စိတ်ခံစားချက် တစ်ခုချင်းစီအတွက် ရေးထားပေးတယ်။
ဥပမာပြောရရင် တစ်ကယ်လို့ မင်းက မင်းမွေးနေ့မှာ မင်းမိဘတွေဆီကနေ လက်ဆောင်တစ်ခုရဖို့ မျှော်လင့်နေတယ်ပေါ့။ ဒါပေမဲ့ မင်းမိဘတွေက မင်းမွေးနေ့ကို မေ့သွားတယ်ဆိုရင် အဲ့အချိန်မှာ မင်းခံစားရမဲ့ ခံစားချက်က စိတ်ပျက်မှု ဖြစ်လိမ့်မယ်။ နောက်ထပ်ဥပမာတစ်ခုကတော့ မင်းက ဘာအမှားမှ လုပ်မထားဘူး။ ဒါပေမဲ့ အားလုံးက မင်းအမှားလုပ်ခဲ့တာလို့ ထင်နေလိမ့်မယ်။ အဲ့တာဆို မင်းက အဲ့လိုအခြေအနေမှာ မတရားခံရတယ်လို့ ခံစားရင် ခံစားရမှာ။
ချောင်လန်က ထန်းမော့ကို အရင်ကြည့်ခိုင်းလိုက်တယ်။ ပြီးတော့ တစ်ဖက်လူက ဘာကိုဖော်ပြချင်တာလဲ၊ သူဒီအမူအရာကို လုပ်လိုက်တဲ့အချိန်မှာ သူ့ခံစားချက်က ဘယ်လိုရှိနေလဲ ဆိုတာကို သူ့ကို ခန့်မှန်းခိုင်းတယ်။ ပြီးတော့ ထန်းမော့ အဖြေကို စောင့်ပြီးမှ သက်ဆိုင်တဲ့ ပုံပြင်တစ်ခုကို ဖတ်ပြလိုက်တယ်။
ထန်းမော့က တစ်ကယ့်ကို ဥာဏ်ကောင်းတာပဲ။
ဒီလိုသင်ယူတဲ့ နည်းလမ်းကို အားကိုးပြီး သူက အလျင်အမြန်ကိုပဲ ခံစားချက်အများကြီးနဲ့ သက်ဆိုင်တဲ့ မျက်နှာအမူအရာတွေ ခန္ဓာကိုယ်လှုပ်ရှားပုံတွေကို မှတ်မိလာတယ်။ ပြီးတော့ သူအရင်တုန်းက မသိတဲ့ ခံစားချက်တစ်ချို့ကိုလဲ ဖြေးဖြေးချင်း နားလည်လာတယ်။
သာမန်လူတွေအတွက်ကတော့ ဒီလိုခွဲခြမ်းစိတ်ဖြာတဲ့နည်းလမ်းက အရမ်းတသွေမတိမ်းကြီးဖြစ်နေပြီး အမှားတွေလဲ အများကြီးဖြစ်နိုင်တယ် ဆိုပေမဲ့ ထန်းမော့အတွက်ကတော့ ဒါက တိုးတက်လာမှု တစ်ခုဆိုတာကိုတော့ သံသယဖြစ်လို့မရပါဘူး။
Zawgyi
ေခ်ာင္လန္ စားပြဲကေနထသြားတာ ၁မိနစ္ေတာင္မရွိေသးဘူး ထန္းေမာ့စိတ္ထဲမွာေတာ့ အေတြးေပါင္းေသာင္းေျခာက္ေထာင္ေလာက္ ေပၚလာေနၿပီ။
အဲ့အခ်ိန္အတြင္းမွာ ေခ်ာင္လန္က ဘယ္ေနရာကမွန္းမသိတဲ့ မွန္တစ္ခ်ပ္ကို ရွာလာတယ္။ ၿပီးေတာ့ ထန္းေမာ့ေဘးမွာ ထိုင္ဖို႔ ထိုင္ခုံကို ေ႐ႊ႕လိုက္တယ္။ မၾကာခဏဆိုသလိုပဲ သူမလက္ေမာင္းက ထန္းေမာ့လက္ေမာင္းကို သြားသြားထိမိေနတယ္။ သူတို႔ေက်ာင္းမွာ တစ္စားပြဲထဲထိုင္တုန္းကနဲ႔ ခံစားခ်က္ျခင္းမတူဘူး။ ေက်ာင္းမွာတုန္းက ေက်ာင္းယူနီေဖာင္းေတြဝတ္ထားရတာေလ။ အိမ္ကက်ေတာ့ အရမ္းေႏြးေထြးတယ္။ အဲ့တာေၾကာင့္ ထန္းေမာ့ ေခ်ာင္လန္႔ရဲ႕ ေႏြးေနတဲ့ အေရျပားကို ခံစားလို႔ရေနတယ္။
အဲ့တာက သူ႔အေရျပားထက္ အမ်ားႀကီး ပိုေႏြးတယ္။
ေခ်ာင္လန္က မွန္ကို ထန္းေမာ့ေရွ႕မွာထားေပးလိုက္တယ္။ " ေကာင္းၿပီ။ အေျခခံအက်ဆုံးဟာကေန စသင္လိုက္ရေအာင္။ အဲ့တာကေတာ့ အၿပဳံးေတြပဲ။ အၿပဳံးေတြက အမ်ိဳးအစားအမ်ားႀကီးပဲ ရွိတယ္။ ပုံမန္အၿပဳံး၊ ရယ္ၿပဳံး၊ ေကာက္က်စ္တဲ့ အၿပဳံး၊ မဲ့ၿပဳံး.. အမ်ားႀကီးရွိတာေပါ့။ ဒီေန႔ ငါတို႔က အ႐ိုးရွင္းဆုံး အလြယ္ကူဆုံး တစ္ခုကို စသင္မယ္။ အေျခခံအက်ဆုံး အၿပဳံးေပါ့။ ငါ့ကို ၾကည့္ေနာ္! "
ထန္းေမာ့က ေခါင္းကိုလွည့္လိုက္တယ္။
အားးး အရမ္းနီးကပ္ေနတာပဲ။
" ဘယ္လိုအၿပဳံးပဲ ျဖစ္ျဖစ္ ႏႈတ္ခမ္းေထာင့္ေတြက တစ္ျဖည္းျဖည္း ျမင့္တက္သြားတယ္ေနာ္။ တစ္ခ်ိဳ႕အၿပဳံးေတြက အေကြးႀကီးတယ္။ တစ္ခ်ိဳ႕အၿပဳံးေတြကက်ေတာ့ ေကြးတာ ေသးတယ္။ အၿပဳံးဆိုတာက လူတိုင္းလုပ္ေလ့ရွိတဲ့ တူညီတဲ့ မ်က္ႏွာထားတစ္ခုပဲ။ အ႐ိုးရွင္းဆုံးေျပာရမယ္ဆိုရင္ ၿပဳံးဖို႔ဆိုရင္ နင္ ႏႈတ္ခမ္းေလးကို အေပၚကို နည္းနည္းေလး ေကြးေပးရမယ္။ ငါေျပာတာနည္းနည္းေလးဆိုေတာ့ ႏႈတ္ခမ္းအက်ယ္က သိပ္မႀကီးဘူးေနာ္။ အဲ့တာေၾကာင့္ ပါးစပ္ေထာင့္ေတြရဲ႕ အေကြးကလဲ အရမ္းႀကီး က်ယ္မွာ မဟုတ္ဘူး။ အခု ငါလုပ္ေနသလိုမ်ိဳးေလ။ "
ေခ်ာင္လန္က သူ႔ကို ၿပဳံးၿပီး ၾကည့္လိုက္တယ္။ ၿပီးေတာ့ သူမႏႈတ္ခမ္းေထာင္ကို လက္ညိဳးထိုးျပလိုက္တယ္။ " ႏုတ္ခမ္းေထာင့္ေတြက အေပၚကို တက္ေနမယ္။ ေျဖးေျဖးခ်င္းသြားေလးေတြကို ေဖာ္မယ္။ ၿပီးေတာ့ မ်က္လုံးေလးေတြကို အနည္းငယ္ေမွးလိုက္မယ္။ ၿပီးေတာ့ မ်က္ႏွာအေကြးတစ္ခုလုံးကို အေပၚကို ေကြးလိုက္မယ္။ " ေခ်ာင္လန္က လက္၂ဖက္လုံးနဲ႔ အေပၚကို တက္တဲ့ အမူအရာေတြလုပ္ျပလိုက္တယ္။
" တစ္ကယ္လို႔ လူတစ္ေယာက္ရဲ႕ မ်က္ႏွာအသြင္အျပင္က ဒီလိုပုံမ်ိဳးျဖစ္ေနတယ္ဆိုရင္ သူၿပဳံးေနတဲ့ျဖစ္ႏိုင္ေခ်က ၈၀ကေန ၉၀ ရာခိုင္ႏႈန္းေလာက္ထိ ရွိတယ္။ ပုံမန္အားျဖင့္ေတာ့ လူေတြက ေပ်ာ္ေနတဲ့ အခ်ိန္မွာ ၿပဳံးၾကတယ္။ အၿပဳံးက လူေတြကို ပိုၿပီး ကိုယ့္ကိုယ္ကို ယုံၾကည္ခ်က္ရွိေစၿပီး ပိုၿပီး လွပေစတယ္။ တစ္ဖက္လူက ၿပဳံးေနတာကို ျမင္လို႔ရွိရင္ လူတိုင္းက ေနရတာ ပိုေကာင္းလာတာေပါ့။ "
ထန္းေမာ့က သူနဲ႔အရမ္းနီးကပ္ေနတဲ့ ေခ်ာင္လန္႔ရဲ႕ ၿပဳံးေနတဲ့ မ်က္ႏွာကေန နည္းနည္းခြာလိုက္တယ္။
လူတစ္ေယာက္က ၿပဳံးလို႔ရွိရင္ ပိုၾကည့္ေကာင္းတယ္လို႔ သူလဲထင္တယ္။
ေခ်ာင္လန္႔လိုေပါ့။ ဒီအခိုက္အတန္႔မွာ သူမက အရမ္းလွတာပဲလို႔ ထန္းေမာ့ေတြးေနမိတယ္။
ၿပီးေတာ့ သူကလဲ သူ႔ခံစားခ်က္ေတြကို လက္ခံရယူႏိုင္သလိုမ်ိဳးပဲ ျဖစ္လာၿပီး အခုသူ႔စိတ္အေျခအေနက အရမ္းေကာင္းေနတယ္လို႔ ခံစားေနရတယ္။
" အဲ့တာဆို အရင္ဆုံး ၿပဳံးတာကို သင္ရေအာင္ေနာ္။ ဟုတ္ၿပီလား။ " ေခ်ာင္လန္က ထန္းေမာ့ေရွ႕မွာ မွန္ကိုထားလိုက္ၿပီး သူမမ်က္ႏွာထားကိုလဲ အဲ့အတိုင္း ဆက္ထိန္းထားေနတယ္။ " ငါ့လိုမ်ိဳးေလ ႏႈတ္ခမ္းေလးေတြကို အေပၚကို ေကြးလိုက္... "
မွန္ထဲကို ၾကည့္ေနရင္း ေခ်ာင္လန္ ဘာေတြလုပ္ေနတာလဲ ဆိုတာ ေနာက္ဆုံးေတာ့ ထန္းေမာ့ နားလည္သြားတယ္။
သူက သူ႔ရဲ႕ေတာင့္တင္းေနတဲ့ မ်က္ႏွာႂကြက္သားေတြကို လႈပ္ရွားလိုက္တယ္။ ၿပီးေတာ့ သူ႔ေခါင္းကိုလွည့္လိုက္ၿပီး ေခ်ာင္လန္႔ကို ၾကည့္လိုက္တယ္။ သူက ေခ်ာင္လန္႔မ်က္ႏွာပုံကို ေကာင္းေကာင္းႀကီး အတုခိုးႏိုင္ၿပီလို႔ ခံစားေနရရင္းနဲ႔ေပါ့။ ဒါေပမဲ့ သူလုပ္လိုက္တဲ့အခ်ိန္မွာ အဲ့တာက ႐ိုးရွင္းတယ္ဆိုတာနဲ႔ အရမ္းေဝးကြာေနတယ္။
သာမန္လူေတြက ဒါကိုသင္ယူဖို႔ လုံးဝမလိုဘူး။ သူတို႔က သူတို႔ႏွလုံးသားထဲက ခံစားခ်က္ေတြအတိုင္း သူတို႔မ်က္ႏွာအမူအရာေတြကို ဆက္တိုက္ေျပာင္းလဲၾကတယ္။ ဒါေပမဲ့ ထန္းေမာ့အတြက္ကေတာ့ သူ႔ႏွလုံးသားထဲက ခံစားခ်က္ေတြနဲ႔ သူ႔မ်က္ႏွာအမူအရာေတြက လုံးဝမတူညီတဲ့ေနရာမွာ ရွိေနၾကသလိုပဲ။ ၿပီးေတာ့ သူက လိုက္ေလ်ာညီေထြတဲ့ ေျပာင္းလဲမႈေတြျဖစ္ေအာင္ သူ႔ရဲ႕ ကိုယ္ပိုင္မ်က္ႏွာအမူအရာေတြကို ထိန္းခ်ဳပ္ဖို႔ရာအတြက္ အရမ္းႀကိဳးစားေနရတယ္။
ႏွလုံးသားထဲကေတာ့ မဟုတ္ဘူး။ လိုက္ၿပီး တုပဖို႔အတြက္ေလ။
ေခ်ာင္လန္ အစတုန္းက ေျပာခဲ့သလိုပဲ ႏိႈင္းယွဥ္ဆင္ျခင္တာက ကိုယ္နဲ႔စိမ္းနဲ႔ ႏိုင္ငံျခားဘာသာစကားတစ္ခုကို သင္ယူဖို႔အတြက္ ေျခလွမ္းတစ္လွမ္းပဲ။
စိတ္ခံစားခ်က္ေပၚမူတည္တဲ့ မ်က္ႏွာအမူအရာတစ္ခုကို မွတ္မိေအာင္လုပ္တာက စကားလုံးအသစ္တစ္ခုကို မွတ္ရသလိုပဲ။ အဲ့ idea အတိုင္းလိုက္လုပ္ၿပီး မ်က္ႏွာအမူအရာနဲ႔ စိတ္ခံစားခ်က္ေတြကို မွတ္သားကာ ေကာင္းေကာင္းမြန္မြန္ ျပန္ေဖာ္ျပတာက စာလုံးအသစ္ေတြနဲ႔ စာေၾကာင္းတစ္ေၾကာင္း အတူတူ တည္ေဆာက္ရတာနဲ႔ အတူတူပဲ။
ထန္းေမာ့က သူငယ္ငယ္ေလးတုန္းက ေက်ာင္းမွာ ဓာတ္ပုံ႐ိုက္တုန္းက အခ်ိန္ကို မွတ္မိလိုက္တယ္။ အဲ့တုန္းက ကင္မရာမန္းက သူ႔ကို ၿပဳံးဖို႔ေအာ္ေျပာလိုက္တာ။ ဒါေပမဲ့ သူက အၿပဳံးဆိုတာ ဘာကိုဆိုလိုတာမွန္း နားမလည္ခဲ့ဘူး။
တစ္ကယ္လို႔ အဲ့ဓာတ္ပုံဆရာကသာ အခုေခ်ာင္လန္ေျပာျပသလို ၿပဳံးတဲ့အခ်ိန္မွာ ဘယ္လိုလုပ္ရမယ္ဆိုတာကို ဥပမာေလးျပၿပီး ေျပာျပခဲ့ရင္ သူလဲ သူ႔ကေလးဘဝမွာတုန္းက ၿပဳံးေနတဲ့ မ်က္ႏွာေလးတစ္ခု ရွိခဲ့မွာပဲ။
ႏႈတ္ခမ္းေထာင့္စြန္းေတြက အေပၚကို ျမင့္တက္သြားရမယ္။ ၿပီးေတာ့ မ်က္လုံးေတြကလဲ အနည္းငယ္ ေမွးက်ဥ္းလိုက္ရမယ္...
ေခ်ာင္လန္က သူ႔ေဘးမွာ ထိုင္ၿပီး ေခါင္းေလးကိုေစာင္းကာ သူ႔ကို ေလးေလးနက္နက္ၾကည့္ေနတယ္။
ထန္းေမာ့ကလဲ ေလးေလးနက္နက္ လုပ္ေနတာပဲ။ ဒါေပမဲ့ သူက ဒါမ်ိဳးကို ဘယ္တုန္းကမွမွ မေလ့လာဖူးတာ။ အဲ့တာေၾကာင့္ အစပိုင္းက သူ႔အတြက္ ခက္ခဲတာေပါ့။ သူ႔ႏႈတ္ခမ္းေထာင့္ေတြကို အေပၚကိုျမင့္ရမယ္။ ဒါေပမဲ့ သူ႔ႏႈတ္ခမ္းေထာင့္၂ခုက ျမင့္တာေရာ ေအာက္က်တာေရာျဖစ္ေနတယ္။ အၿပဳံးနဲ႔မတူဘူး။ သေရာ္တဲ့ပုံနဲ႔ ပိုတူေနတယ္။ ၿပီးေတာ့ သူ႔မ်က္လုံးေမွးလိုက္တဲ့အခ်ိန္မွာ သေရာ္တဲ့ပုံနဲ႔ ပိုတူသြားတယ္။
" အမ္းးးးးး သိပ္မမွန္ေသးဘူးဟ။ " ေခ်ာင္လန္က ေျပာလိုက္တယ္။ သူမ အေရွ႕ကို နည္းနည္းကုန္းလိုက္ၿပီး ထန္းေမာ့ႏႈတ္ခမ္းေတြကို သူမလက္ေခ်ာင္းေတြနဲ႔ သြားထိလိုက္တယ္။ ထန္းေမာ့ရဲ႕ ထူးဆန္းေနတဲ့ အၿပဳံးက သူ႔မ်က္ႏွာမွာ ခ်က္ခ်င္းကိုပဲ ေအးခဲသြားေတာ့တယ္။ သူ စက္႐ုပ္လိုပဲ ေခါင္းကို လွည့္လိုက္တယ္။ သူမက သူ႔မ်က္ႏွာကို ကိုင္ေနတာ.။
ေခ်ာင္လန္က ေသေသခ်ာခ်ာၾကည့္ေနၿပီး ထန္းေမာ့ေမးေစ့ကို သူမရဲ႕ဘယ္လက္နဲ႔ အေပၚကို ေမာ့လိုက္တယ္။ ၿပီးေတာ့ ညာလက္နဲ႔ သူ႔ရဲ႕ညာဘက္ႏႈတ္ခမ္းေထာင့္ကို ထိလိုက္တယ္။ " ဒီဘက္ကိုလဲ အေပၚကို နည္းနည္းေလာက္ ျမင့္လိုက္ဦး။ ဟုတ္ၿပီ ဒါပဲေလ။ စိတ္မလႈပ္ရွားနဲ႔။ နင့္သြားကို ျပရမွာ မေၾကာက္နဲ႔ေနာ္။ ငါတို႔ေမာ့ေမာ့သြားေလးေတြက အရမ္းလွတာပဲ ဟမ္... နင့္သြားတိုက္ေဆးက လိေမၼာ္အရသာလား? "
ထန္းေမာ့က သူ႔ပါးေပၚက ေခ်ာင္လန္႔ရဲ႕ေႏြးေနတဲ့ လက္ေခ်ာင္းေလးေတြကို အရမ္းအာ႐ုံစိုက္ထားေနတယ္။
သူက အရမ္းစိတ္လႈပ္ရွားလြန္းလို႔ ဘယ္ေနရာကို ၾကည့္ရမယ္မွန္းေတာင္ မသိေတာ့ဘူး။ အဲ့တာေၾကာင့္ သူက ဒီတိုင္းပဲ ေျပာလိုက္တယ္။ " လိေမၼာ္သီး "
" ငါလဲ လိေမၼာ္သီးေတြကို ႀကိဳက္တယ္ " ေခ်ာင္လန္က ေျပာလိုက္တယ္။ သူမအေနာက္ကို ျပန္မွီလိုက္တဲ့အခ်ိန္မွာ သူမလက္ေခ်ာင္းေလးေတြကို လႊတ္လိုက္ၿပီး ေျပာလိုက္တယ္။ " နင္ခဏေနက်ရင္ လိေမၼာ္သီးေတြကို ညစ္ၿပီး လိေမၼာ္ေဖ်ာ္ရည္လုပ္ခ်င္လား။ "
ထန္းေမာ့ မ်က္လုံးေတြက အနည္းငယ္ ေကြးသြားတယ္။ ၿပီးေတာ့ သူက အျမန္ေျပာလိုက္တယ္။ " အင္း "
" မလႈပ္နဲ႔ " ေခ်ာင္လန္က ႐ုတ္တရက္ႀကီး ေျပာလိုက္တယ္။ " ဒီအတိုင္းပဲ ထိန္းထားေနာ္ " ေခ်ာင္လန္က သူမဖုန္းကို အျမန္ထုတ္လိုက္တယ္။
ထန္းေမာ့က အၿမဲတမ္းၿပဳံးရင္ နည္းနည္း ထူးဆန္းေနတာေလ။ ဒါေပမဲ့ အခုအခ်ိန္မွာ သူ႔မ်က္လုံးေလးေတြက ေကြးေနတယ္။ ၿပီးေတာ့ သူ႔ႏႈတ္ခမ္းေကြးေနတာကလဲ အရမ္းလေနတယ္။ သူက အရမ္းေအးစက္ေနတာပဲလို႔ လူေတြကို အၿမဲခံစားရေစတဲ့ ေကာင္ေလးက ဘယ္တုန္းကမွ အခုအခ်ိန္ေလာက္ ၾကည့္မေကာင္းဖူးဘူး။
ေနေရာင္ကို မ်က္ႏွာမူထားရင္း ေခ်ာင္လန္က ထန္းေမာ့ရဲ႕ အခုအခိုက္အတန္႔ကို ႐ိုက္ကူး မွတ္တမ္းတင္ခဲ့တယ္။
ေနက ၿပဳံးေနတဲ့ ေကာင္ေလးေပၚကို ေတာက္ပေပးေနတယ္။
ေခ်ာင္လန္က ဖုန္းကို ထန္းေမာ့ကို လွမ္းေပးလိုက္တယ္။ " ၿပဳံးေနတာဆိုေတာ့ ၾကည့္ေကာင္းတယ္မလား "
ထန္းေမာ့က ဖုန္းကိုယူလိုက္ၿပီး ဖုန္းထဲက သူ႔ပုံကို ၾကည့္လိုက္တယ္။ ၿပီးေတာ့ ေခ်ာင္လန္႔ကို ေမာ့ၾကည့္လိုက္တယ္။
ၿပဳံးေနရင္ တစ္ကယ္ၾကည့္ေကာင္းတယ္။
ဒါေပမဲ့ သူက ေခ်ာင္လန္႔ကို စဥ္းစားေနတာေလ။
သူမၿပဳံးတာ အလွဆုံးပဲ။
ဦးေလးခ်န္အျပင္က ျပန္လာေတာ့ ဒီဓာတ္ပုံကိုျမင္ၿပီး အခ်ိန္အေတာ္ၾကာ အံ့ဩသြားခဲ့ရတယ္။ အံ့ဩတာၿပီးသြားေတာ့ သူက ေခ်ာင္လန္႔ကို သူ႔ကိုလဲ အဲ့ဓာတ္ပုံေလးပိုေပးလို႔ ေျပာလိုက္တယ္။
ေခ်ာင္လန္က အဲ့ပုံကို ဦးေလးခ်န္ကိုလဲ ပို႔လိုက္တယ္။ ထန္းေမာ့ကိုလဲ ပို႔လိုက္တယ္။ ၿပီးေတာ့ သူမက အဲ့ပုံကို အခ်ိန္အၾကာႀကီး စိုက္ၾကည့္ေနခဲ့တယ္။
တစ္ကယ္လို႔ ၾကည့္ေကာင္းရင္ မ်ားမ်ားၿပဳံးေနသင့္တယ္။ နင္က ၿပဳံးေနရင္ ပိုၾကည့္ေကာင္းတယ္။ တစ္ကယ္လို႔ သူက ပိုၿပဳံးေနမယ္ဆိုရင္ လူေတြက သူ႔ကိုပိုႀကိဳက္ၾကမွာပဲ။ အဲ့တာဆို သူက သူငယ္ခ်င္းေတြအမ်ားႀကီး ရွိလာႏိုင္ေတာ့မွာ။ ၿပီးေတာ့ သူ႔ကိုခ်ဥ္းကပ္လာတဲ့လူေတြကိုလဲ ပိုနားလည္လာေတာ့မွာေလ။
အဲ့တာၿပီးသြားေတာ့ ေန႔တိုင္းေန႔တိုင္း ေခ်ာင္လန္က ထန္းေမာ့ကို အသစ္တစ္ခုတစ္ခု သင္ေပးတယ္။ မ်က္ႏွာအမူအရာေတြ မွတ္မိေအာင္လုပ္ဖို႔ေပါ့။
သူတို႔က အရင္ဆုံး ခြဲျခမ္းစိတ္ျဖာတာနဲ႔ စတယ္။ ၿပီးေတာ့မွ ေျဖးေျဖးခ်င္း လိုက္ၿပီးတုပတာေပါ့။
ေခ်ာင္လန္ စာအုပ္ဖတ္ေနတုန္းက စာအုပ္ထဲမွာ ၫႊန္းေပးထားတဲ့ software တစ္ခုကို ေတြ႕ခဲ့တယ္။ ဒီ software က Harry Potter သ႐ုပ္ေဆာင္တဲ့ မင္းသားကို ဖိတ္ေခၚထားၿပီး မ်က္နာအမူအရာေတြ၊ ခႏၶာကိုယ္လႈပ္ရွားပုံေတြ ၿပီးေတာ့ စိတ္ခံစားခ်က္နဲ႔ ပတ္သတ္တဲ့ စကားေျပာဆိုပုံေတြကို အေသးစိတ္ အတိအက် ျပသတာကို လုပ္ခဲ့တယ္။ လူေတြ စိတ္ခံစားခ်က္ေတြကို ပိုၿပီးနားလည္ရလြယ္ကူေအာင္ သက္ဆိုင္တဲ့ အျဖစ္အပ်က္ေသးေသးေလးေတြကိုလဲ စိတ္ခံစားခ်က္ တစ္ခုခ်င္းစီအတြက္ ေရးထားေပးတယ္။
ဥပမာေျပာရရင္ တစ္ကယ္လို႔ မင္းက မင္းေမြးေန႔မွာ မင္းမိဘေတြဆီကေန လက္ေဆာင္တစ္ခုရဖို႔ ေမွ်ာ္လင့္ေနတယ္ေပါ့။ ဒါေပမဲ့ မင္းမိဘေတြက မင္းေမြးေန႔ကို ေမ့သြားတယ္ဆိုရင္ အဲ့အခ်ိန္မွာ မင္းခံစားရမဲ့ ခံစားခ်က္က စိတ္ပ်က္မႈ ျဖစ္လိမ့္မယ္။ ေနာက္ထပ္ဥပမာတစ္ခုကေတာ့ မင္းက ဘာအမွားမွ လုပ္မထားဘူး။ ဒါေပမဲ့ အားလုံးက မင္းအမွားလုပ္ခဲ့တာလို႔ ထင္ေနလိမ့္မယ္။ အဲ့တာဆို မင္းက အဲ့လိုအေျခအေနမွာ မတရားခံရတယ္လို႔ ခံစားရင္ ခံစားရမွာ။
ေခ်ာင္လန္က ထန္းေမာ့ကို အရင္ၾကည့္ခိုင္းလိုက္တယ္။ ၿပီးေတာ့ တစ္ဖက္လူက ဘာကိုေဖာ္ျပခ်င္တာလဲ၊ သူဒီအမူအရာကို လုပ္လိုက္တဲ့အခ်ိန္မွာ သူ႔ခံစားခ်က္က ဘယ္လိုရွိေနလဲ ဆိုတာကို သူ႔ကို ခန္႔မွန္းခိုင္းတယ္။ ၿပီးေတာ့ ထန္းေမာ့ အေျဖကို ေစာင့္ၿပီးမွ သက္ဆိုင္တဲ့ ပုံျပင္တစ္ခုကို ဖတ္ျပလိုက္တယ္။
ထန္းေမာ့က တစ္ကယ့္ကို ဥာဏ္ေကာင္းတာပဲ။
ဒီလိုသင္ယူတဲ့ နည္းလမ္းကို အားကိုးၿပီး သူက အလ်င္အျမန္ကိုပဲ ခံစားခ်က္အမ်ားႀကီးနဲ႔ သက္ဆိုင္တဲ့ မ်က္ႏွာအမူအရာေတြ ခႏၶာကိုယ္လႈပ္ရွားပုံေတြကို မွတ္မိလာတယ္။ ၿပီးေတာ့ သူအရင္တုန္းက မသိတဲ့ ခံစားခ်က္တစ္ခ်ိဳ႕ကိုလဲ ေျဖးေျဖးခ်င္း နားလည္လာတယ္။
သာမန္လူေတြအတြက္ကေတာ့ ဒီလိုခြဲျခမ္းစိတ္ျဖာတဲ့နည္းလမ္းက အရမ္းတေသြမတိမ္းႀကီးျဖစ္ေနၿပီး အမွားေတြလဲ အမ်ားႀကီးျဖစ္ႏိုင္တယ္ ဆိုေပမဲ့ ထန္းေမာ့အတြက္ကေတာ့ ဒါက တိုးတက္လာမႈ တစ္ခုဆိုတာကိုေတာ့ သံသယျဖစ္လို႔မရပါဘူး။