Unicode
သီးသန့်ခန်းနံပါတ်(၉)က ထွက်ပေါ်လာသည့် အသံကြောင့် လေလံစင်မြင့်အောက်ရှိလူတွေနဲ့ သီးသန့်ခန်းအချို့တွင်ထိုင်နေသူတွေက အနည်းငယ်သော အံအားသင့်မှုကိုခံစားလိုက်ကြသည်။ ဒါပေမယ်ရှောင်ကျန့်ကတော့ ဒီအသံက အဓိကဇာတ်လိုက်ချန်လင်းရန်ရဲ့
အသံဆိုတာ သေချာပေါက်သိသည်။
'အုန်းသီး'
[ပြောပါ host]
'မူရင်းဇာတ်ကြောင်းမှာ ဒီထူးဆန်းတဲ့ ကျောက်တုန်းကို လေလံဝင်ဆွဲတဲ့အခန်းရောပါလား'
[မရှိခဲ့ပါဘူးhost...]
'ဒါဆိုသူ ဘာအကြောင်းပြချက်ကြောင့် ဒီကျောက်တုန်းကိုလိုချင်နေတယ်မင်းထင်လဲ....ဒါကသာမန်ကျောက်တုံးမဟုတ်တဲ့ပုံပဲ'
[ခဏနော် host ဒါကhostကနေအစပြု
ပြီးဖြစ်လာတာပါ...]
'ငါ???'
[ဟုတ်ပါတယ် host]
[ဘာကိစ္စ သူဒီကျောက်တုံးကိုလေလံဝင်ဆွဲတာ ငါနဲ့ပတ်သပ်နေရပြန်တာလဲ...'
[ဟီး....ဒါကဒီလိုရှိပါတယ်ဗျ....အခုအဓိကဇာတ်လိုက်ရဲ့ရုပ်ရည်ကို ပြုပြင်ပေးလိုက်တဲ့နတ်ဆေးသမားတော်ကို ဆရာတင်ချင်ရာကနေစတာပဲ....နတ်ဆေးသမားတော်က ဆေးပညာရပ်တွေအနီးကပ်သင်ကြားပေးဖို့ သဘောမတူဘူး....ဒါပေမယ့် ချွင်းချက်အနေနဲ့ နတ်ဆေးသမားတော်က အခုကျင်းပတဲ့ လေလံပွဲကနေ ဒီထူးဆန်းတဲ့ကျောက်တုံးကို ရယူပေးနိုင်ရင် တပည့်အဖြစ်လက်ခံမယ်ဆိုပြီးအပေးအယူလုပ်ခဲ့တယ်....ဒါကြောင့်ပဲ ဘုမသိဘမသိနဲ့ လေလံဝင်ဆွဲနေရတာ.....နတ်ဆေးသမားတော်နဲ့ဆုံတွေ့ရတာက hostရဲ့အမြုတေကိုမရလိုက်လို့လေ....ဒါကြောင့်အရာအားအားလုံးရဲ့အစက host ပေါ့....]
'အစထဲက တည့်ရှင်းပြလိုက်ရင်ပြီးနေတာကို ကွေ့ပတ်ပြီး ငါ့ကိုအပြစ်တင်နိုင်သေးတယ်....မင်းကတော်တော်လေးကို
အရစ်ရှည်တယ်နော်အုန်းသီး...'
[အရစ်ရှည်တာဟုတ်ပါဘူးညော်]
ရှောင်ကျန့်နဲ့systemအုန်းသီး ဆက်သွယ်နေစဥ်မှာပင် စင်မြင့်ထက်ရှိစီစဉ်ဆင်ဆက်သူမိန်းကလေးက တတ်ကြွသည့်မျက်နှာဖြင့် ကြေညာလိုက်သည်။
"ကဲ....သီးသန့်ခန်းနံပါတ်(၉)က ဈေးထက်ပိုပေးချင်တဲ့သူ ရှိပါသေးသလားရှင်.....အလယ်အလတ်ဝိဉာဉ်ကျောက်တုံး ဆယ်သိန်း တစ်ကြိမ် .....အလယ်အလတ်ဝိဉာဉ်ကျောက်တုံး ဆယ်သိန်း နှစ်ကြိမ်......"
ရှောင်ကျန့်က အဓိကဇာတ်လိုက်ဖြစ်သူကိုအနည်းငယ် ဝင်နှောင့်ဖို့ရန် ပါးစပ်ဟလိုက်စဥ်မှာပဲ သူ့ဘေးနားကနေ ထွက်လာတဲ့ ခပ်ဩဩအသံကိုကြားလိုက်ရလေသည်။
"အလယ်အလတ်အဆင့်ဝိဉာဉ်ကျောက်တုံး
သိန်း၂၀..."
ရှောင်ကျန့်ဟာ မျက်ခုံးတစ်ချက်ပင့်ရင်း သူ့ဘေးထိုင်ခုံတွင် အေးအေးဆေးဆေးထိုင်နေသည့်ဝမ်ရိပေါ်ဘက် လှည့်ကြည့်သည်။ ဝမ်ရိပေါ်က သူ့အကြည့်ကိုနားလည်ပုံဖြင့်ခေါင်းလေးစောင်းကာပြန်ဖြေ၏။
"ဒီကျောက်တုံးကကိုယ်လိုချင်နေတဲ့ ပစ္စည်းဆိုတာလေ....ဘာလဲ....မင်းဒီပစ္စည်းကိုလိုချင်လို့လား...ဒါဆို ကိုယ်နောက်ဆုတ်ပေးပါ့မယ်..."
ဒီတော့မှရှောင်ကျန့်ဟာ ဝမ်ရိပေါ်ကတစ်စုံတစ်ခုကိုဝယ်ယူရန်အတွက် ဒီနေရာသို့ရောက်လာတာဖြစ်ကြောင်းသတိရလိုက်သည်။ ရှောင်ကျန့်က ဝမ်ရိပေါ်ကိုခေါင်းအသာခါပြရင်း သူ မလိုချင်ကြောင်းငြင်းသည်။
လေလံပွဲရှိလူအုပ်ကြီးဟာ သီးသန့်ခန်းနံပါတ်(၁)ဆီမှထွက်ပေါ်လာတဲ့ ဩရှရှအသံကြောင့်ပွက်လောရိုက်နေကြသည်။ လူအများစုက ဘာကြောင့် ဒီသာမန်ကျောက်တုံးလေးကိုဒီလောက်ဈေးပေးပြီး အရှုံးခံဝယ်ယူနေကြမှန်းမသိကြပေ။ ပြီးတော့ ကြားလိုက်ရတဲ့အသံက မိန်းကလေးတော်တော်များများကိုယစ်မူးစေသည်အထိ ဆွဲဆောင်အားကောင်းလွန်းနေသည်။
သီးသန့်ခန်းနံပါတ်(၉)က အရင်ဆုံးဈေးစခေါ်လိုက်သည့် ချန်လင်းရန်ဟာဒေါသတကြီးအံကြိတ်လိုက်သော်လည်းပဲ အမည်မသိ တစ်ဖက်လူ၏ယောက်ျားပီသသည့် ခပ်ဩရှရှအသံက သူ့နားရွက်ဖျားတွေကိုနီရဲလာစေသည်။ ဒါပေမယ့် သီးသန့်ခန်းအတွင်းရှိလူတွေ၊ အထူးသဖြင့်သူတော်စင်ကျောက်စိမ်း
ဂိုဏ်းရဲ့အဓိကတပည့်၊ ဂိုဏ်းချုပ်ရဲ့အကြီးဆုံးတပည့်လီဟူရီ၏ ရှေ့မှောက်တွင်ရုပ်ပျက်ဆင်းပျက်မဖြစ်စေရန် ကိုယ့်ကိုကိုယ်ပြန်လည်ထိန်းချုပ်လိုက်ပြီး ဈေးထပ်ခေါ်လိုက်သည်။
ဟမ့်....မင်းကိုယ်မင်း ဝိဉာဉ်ကျောက်တုံးတွေပေါပေါသောသောရှိတယ်လို့ထင်နေတယ်မဟုတ်လား။ အမြဲတမ်းပိုပေးနိုင်တဲ့သူကရစမြဲပဲ။ ငါနဲ့လာပြိုင်ချင်ရင်အရင်ဆုံးအရှက်မကွဲမိစေနဲ့။
မတိုင်ခင်ကပဲ ချန်လင်းရန်ဟာ တောထဲတွင်ဝိဉာဉ်ကြောကြီးတစ်ခုရှာတွေ့ထားသည်။ ထို့ကြောင့်အခုချိန်တွင် သူ့အတွက်အပေါဆုံးက ဝိဉာဉ်ကျောက်တုံးတွေသာဖြစ်သည်။ ရှောင်ကျန့်ဟာ အုန်းသီးကနေတစ်ဆင့် ချန်လင်းရန်ရရှိထားသည့်ဝိဉာဉ်ကြောအကြောင်း သိလိုက်ရသည်။ သူ့မှာအဓိကဇာတ်လိုက်ရဲ့ကံကောင်းမှုကို လက်ဖျားခါရုံလောက်ပဲ တတ်နိုင်တော့သည်။
"အလယ်လတ်ဆင့်ဝိဉာဉ်ကျောက်တုံးနှစ်ဆယ့်တစ်သိန်း..."
"သိန်းသုံးဆယ်"
"သုံးဆယ့်တစ်သိန်း"
"သိန်းငါးဆယ်"
"ငါးဆယ့်နှစ်သိန်း"
"သိန်းရှစ်ဆယ်"
ရှောင်ကျန့်က ဝမ်ရိပေါ်ရဲ့လက်ဖွာပုံကိုပါးစပ်အဟောင်းသားနဲ့ကြည့်နေမိသည်။ ဈေးတစ်ခါတိုးပေးတိုင်းဝမ်ရိပေါ်ကြည့်ရတာ ဖိအားတစ်စုံတရာရှိပုံမပေါ်ပဲ တစ်ဖက်လူကိုကစားနေသည့်ဟန်တောင်ပေါ်သေးသည်။ လေလံစင်အောက်ရှိလူတွေနဲ့ အခြားသီးသန့်
ခန်းကလူတစ်ချို့တောင် အဆိုပါကျောက်တုံးကို စတင်စိတ်ဝင်စားလာကြသည်။
ဘာပစ္စည်းဖြစ်နေလို့ နှစ်ဖက်လုံးအသည်း
အသန်လိုချင်နေရတာလဲ။
စိတ်ဝင်စားသည့်တစ်ချို့လူတွေက ဝင်ရောက်လေလံဆွဲကြပေမယ့်လည်း ဝမ်ရိပေါ်နဲ့ချန်လင်းရန်တို့နှစ်ယောက်၏ ကြောက်စရာဈေးနှုန်းတွေကြောင့်အကုန်လုံးနောက်ပြန်ဆုတ်သွားကြသည်။ လေလံဈေးက မြင့်သထက်မြင့်တတ်လာပြီး အလယ်အလတ်အဆင့်ဝိဉာဉ်ကျောက်တုံးသိန်း၅၀၀အထိကိုမြင့်တတ်လာခဲ့သည်။
"အဆင့်မြင့်ဝိဉာဉ်ကျောက်တုံးသိန်းငါးဆယ်"
ချန်လင်းရန်၏ နောက်ဆုံးဈေးနှုန်းက လေလံပွဲရှိလူတိုင်းရဲ့အသံတွေကို ခဏမျှတိတ်ဆိတ်သွားစေသည်။ ဗုံးတစ်လုံး
ပေါက်ခွဲလိုက်သလိုမျိုး လူတိုင်းရဲ့အာမေဍိတ် အသံအမျိုးမျိုး ထွက်ပေါ်လာခဲ့သည်။
အဆင့်မြင့်ဝိဉာဉ်ကျောက်တုံးသိန်းတစ်ရာ။ ဒါဘာကိုဆိုလိုတာလဲ။ ဒါကအလယ်အလတ်အဆင့်ဝိဉာဉ်ကျောက်တုံးပေါင်းမြောက်များစွာတန်နေပြီလေ။
"အဆင့်မြင့်ဝိဉာဉ်ကျောက်တုံး သိန်းတစ်ရာ"
ရှောင်ကျန့်ကတော့ဝမ်ရိပေါ်ကိုကြည့်ရင်း
ကြည့်ရင်းနဲ့ ငွေထုပ်ကြီးလိုမြင်လာသည်။ဒီလူ....တော်တော်လေးကိုချမ်းသာတာပဲ။
သီးသန့်ခန်းနံပါတ်(၉)ရှိ ချန်လင်းရန်၏မျက်နှာထက်တွင် အရောင်မျိုးစုံဖြတ်ပြေးသွားရင်း အံကြိတ်ကာ လက်သီးတင်းတင်းဆုပ်ထားမိလိုက်သည်။ သူ့ဘေးနားမှာရှိတဲ့ဖန်ချင်းရှို့ဟာ ချန်လင်းရန်ရဲ့ကျောပြင်ကိုဖွဖွလေးပုတ်ပေးကာ စိတ်လျော့ရန်ဖြေသိမ့်ပေးနေလေသည်။ ဇာတ်လိုက်လီဟူရီကတော့စိတ်နဲ့လူနဲ့ကပ်ပုံမရပဲ ထိုင်ခုံ၌သာထိုင်ရင်းတစ်စုံတစ်ခုဆီ အတွေးလွင့်နေပုံရသည်။
ချန်လင်းရန်ဟာ နှုတ်ခမ်းအောက်ကိုကိုက်ရင်းထပ်တိုးလိုက်သည်။
"အဆင့်မြင့်ဝိဉာဉ်ကျောက်တုံးသိန်းတစ်ရာ့တစ်ဆယ်"
"သိန်းနှစ်ရာ"
"သိန်းနှစ်ရာ့နှစ်ဆယ်"
"သိန်းသုံးရာ"
ဈေးနှုန်းက တစ်ဖြည်းဖြည်းနဲ့ကြောက်မက်
ဖွယ်တိုးတက်လာသည်နှင့်အမျှ စီစဉ်တင်ဆက်သူမိန်းကလေးဟာလည်းစိတ်လှုပ်ရှားမှု
ကြောင့်တစ်ဆတ်ဆတ်တုန်ရီလာသည်။ သူမအနေနဲ့ဒီကျောက်တုံးလေးကို ဈေးမြင့်မားစွာနဲ့ရောင်းထွက်နိုင်လိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။
ကြာလာတော့ဝမ်ရိပေါ်ဟာ ဈေးပြိုင်ငြင်းရတာစိတ်မရှည်ဖြစ်လာ၏။
"စိတ်ဝိဉာဉ်ကျောက်တုံးသုံးတုံး"
၎င်းစကားသံဟာ လေလံအိမ်တော်ကို အကြိမ်ကြိမ်ပဲ့တင်ထပ်သွားပေမယ့် လူတိုင်းဟာအသိမဝင်နိုင်တော့ပေ။ တစ်ချိန်လုံးအသိစိတ်လွတ်သလိုဖြစ်နေတဲ့ ဇာတ်လိုက်လီဟူရီတောင်မှအထိတ်တလန့်ဖြင့် ထခုန်မိမတတ်ဖြစ်ပျက်သွားရသည်။ ရှောင်ကျန့်ဟာအလန့်တကြားဖြင့်ဝမ်ရိပေါ်ဘက်လှည့်ကြည့်သည်။ သူအမှန်တကယ်ဘာပြောရမှန်းမသိတော့ပေ။ ဝမ်ရိပေါ်က ရှောင်ကျန့်ကို ပြုံးစစလေးကြည့်ရင်း ပြောသည်။
"ဘာဖြစ်လို့လဲ...ဒါကစိတ်ဝိဉာဉ်ကျောက်တုံးလေးသုံးတုံးပဲမဟုတ်လား...."
ဝမ်ရိပေါ်ရဲ့စကားက ရှောင်ကျန့်တင်မကsystemအုန်းသီးကိုပါဆွံ့အသွားစေပုံရသည်။
[hostဒီလူကသောက်ရမ်းချမ်းသာတာပဲ....]
'အင်း....ဒီတစ်ခါတော့မင်းမှန်တယ်...'
စီစဉ်တင်ဆက်သူမိန်းကလေးဟာ အတော်ကြာတိတ်ဆိတ်ငြိမ်သက်နေပြီး စိတ်နဲ့လူနဲ့ကင်းကွာသွားပုံရသည်။ သတိဝင်လာပြီးနောက်တွင် သူမနားကြားမလွဲတာသေချာစေရန် မေးမြန်းလိုက်မိသည်။
"လူ...လူကြီးမင်းရှင့်...နောက်တစ်ခေါက်လောက်ပြန်ပြောပေးနိုင်မလား..."
"စိတ်ဝိဉာဉ်ကျောက်တုံးသုံးတုံးလေ....ဘာလဲ....နည်းလို့လား..."
"မ...မဟုတ်ပါဘူး...ကျွန်မကသေချာအောင်လို့မေးမြန်းကြည့်ရုံပါ....လူကြီးမင်းအနေနဲ့ခွင့်လွှတ်ပေးဖို့မျှော်လင့်ပါတယ်...."
"ဒါဆိုပိုင်ဆိုင်တဲ့လူကို ကြေညာလို့ရပြီထင်တယ်...."
"အာ....ဒါပေါ့..ဒါပေါ့....စိတ်ဝိဉာဉ်ကျောက်တုံးသုံးခုထက်ပိုပေးနိုင်တဲ့သူများရှိလားရှင့်....စိတ်ဝိဉာဉ်ကျောက်တုံးသုံးခု တစ်ကြိမ်....စိတ်ဝိဉာဉ်ကျောက်တုံးသုံးခု နှစ်ကြိမ်....စိတ်ဝိဉာဉ်ကျောက်တုံးသုံးခု သုံးကြိမ်....ဂုဏ်ယူပါတယ်....အခုကျောက်တုံးကိုသီးသန့်ခန်းနံပါတ်(၁)မှ ရရှိသွားပါပြီရှင့်...."
ထိုအခါမှ လေလံစင်မြင့်အောက်ရှိလူတွေနဲ့ သီးသန့်ခန်းအမျိုးမျိုးက ထိတ်လန့်အံ့အားသင့်သံတွေထွက်ပေါ်လာကြသည်။ သီးသန့်ခန်းနံပါတ်(၉)ရှိ ချန်လင်းရန်ရဲ့မျက်နှာဟာလည်း ချက်ချင်းဖြူဖျော့သွားပြီး ပြောမပြတတ်နိုင်လောက်အောင်ထိတ်လန့်သွားခဲ့သည်။
စိတ်ဝိဉာဉ်ကျောက်တုံး။
ထိုအရာဟာအလွန်တရာရှားပါးလွန်းတာကြောင့် သူတော်စင်ကျောက်စိမ်းဂိုဏ်းလို နံပါတ်တစ် ဂိုဏ်းကြီးမှာတောင် စိတ်ဝိဉာဉ်
ကျောက်တုံးခုနှစ်ခုသာရှိပြီး အလွန်တရာလုံခြုံရေးတင်းကြပ်စွာချ၍ ထိန်းသိမ်းထားလေသည်။ဒါပေမယ့်တစ်ဖက်လူရဲ့လေသံအရ သူပေးလိုက်တာကစိတ်ဝိဉာဉ်ကျောက်တုံးသုံးခုမဟုတ်ပဲ သာမန်ကျောက်တုံးသုံးခုကိုပြောလိုက်သလို ပေါ့ပါးနေလေသည်။ ဒါကိုကြည့်ရရင် သာမန်လူတစ်ယောက်ဟုတ်ပုံမပေါ်ပေ။
ချန်လင်းရန်က ထိတ်လန့်အံ့အားသင့်မှုကြောင့်မျက်နှာဖြူဖျော့လာပြီး ချွေးစေးတွေ
ကျဆင်းလာသည်။ သူရန်စလိုက်တဲ့သူက သာမန်လူဖြစ်ပုံမရချေ။ ခုနလေးတင်သူ့ကို
ချီးကျူးနေကြတဲ့ သူတော်စင်ကျောက်စိမ်းဂိုဏ်းသားများက ချက်ချင်းကိုသူ့အနားကနေရောဂါတစ်ခုလိုရှောင်ခွာသွားကြသည်။ တစ်ချို့မိန်းကလေးတွေဆိုရင် သူ့ကိုလှောင်ပြောင်တဲ့အပြုံးမျိုးဖြင့်ကြည့်နေကြသေးသည်။
ဖန်ချင်းရှို့တစ်ယောက်သာလျှင် သူ့ကိုနှစ်သိမ့်ရင်းဖက်ထားပေးခဲ့သည်။ ချန်လင်းရန်ဟာ ဖန်ချင်းရှို့ကို အားတင်းကာပြုံးပြလိုက်ပေမယ့် သူ့စိတ်ထဲကနေကြောက်လန့်သည့်ခံစားချက်ကိုထိန်းချုပ်မရတော့ပေ။ အစတုန်းက သတိမထားမိပေမယ့် သီးသန့်ခန်းနံပါတ်(၁)က သူတော်စင်ကျောက်စိမ်းဂိုဏ်းရဲ့ ဂိုဏ်းချုပ်ကိုယ်တိုင်ရောက်လာရင်တောင် ဝင်ရောက်ခွင့်မရသည့်တစ်ခုတည်းသောအခန်းဖြစ်ကြောင်းမေ့နေခဲ့သည်။
တစ်ခြားသူတွေက မသိပေမယ့်သူကတော့အရင်ဘဝထဲက ၎င်းသီးသန့်ခန်းဟာ တစ်စုံတစ်ယောက်ကိုစောင့်ဆိုင်းနေသလိုမျိုး အမြဲတမ်းလွတ်နေတတ်မှန်းသိသည်။ ဘယ်လောက်ပဲစွမ်းအားကြီးတဲ့သူ လာရောက်နေပါစေ။ အမြဲတမ်း၎င်းအခန်းက တမင်သတ်သတ် သီးသန့်ချန်ထားသလိုမျိုး မည်သူမှဝင်ခွင့်မရှိခဲ့ချေ။ သူကအခုမှကောင်းကင်အဆင့်သာရှိသေးတာကြောင့် သန်မာအားကောင်းတဲ့လူတိုင်းကို ရန်စမရပေ။
ရှောင်ကျန့်က အဓိကဇာတ်လိုက်ရဲ့ထိတ်လန့်တုန်လှုပ်မှုကိုမသိပဲ ဝမ်ရိပေါ်ကိုကြည့်ရင်း သူစိုးရိမ်နေသည့်အရာကိုမေးမြန်းလိုက်၏။
"ခင်ဗျားက ဒီလောက်ထိသုံးလိုက်တော့ ကျွန်တော့်အတွက်ရော ကျန်ပါတော့မလား....ခင်ဗျား ကိုယ့်စကားကို ရုတ်သိမ်းလို့မရဘူးနော်....ကျွန်တော်လိုချင်တာအကုန်ဝယ်ပေးရမှာ...."
[hostဘယ်လိုတောင်အရှက်မရှိတာလဲ....hostမှာဝိဉာဉ်ကျောက်တုံးတွေတောင်ပုံရာပုံရှိနေတဲ့အပြင် စိတ်ဝိဉာဉ်ကျောက်တုံး အနည်းဆုံးဆယ်ဂဏန်းလောက်ရှိနေတာပဲမဟုတ်လား....]
'ပါးစပ်ပိတ်'
ဝမ်ရိပေါ်ဟာ ရှောင်ကျန့်စကားကြောင့်စိတ်မဆိုးတဲ့အပြင် ပိုတောင်သဘောကျသွားပုံရသည်။ သူကအပြုံးလေးဖြင့်ပြန်ဖြေလိုက်သည်။
"ကိုယ်ကပြောပြီးသားစကားကို ပြန်မပြင်တတ်ပါဘူး...မင်းကြိုက်တာ ကြိုက်တဲ့ဈေးနှုန်းပေးပြီးဝယ်လို့ရတယ်....တကယ်လို့များ ဒီထက်ပိုလိုချင်တာတွေရှိရင် ကိုယ့်ကိုအပိုင်သိမ်း လိုက်တာပိုမကောင်းဘူးလား.....ဒီလိုဆိုရင်ကိုယ်အပါအဝင် ကိုယ်ပိုင်ဆိုင်တာတွေအားလုံးက မင်းအတွက်ပဲ....ဘယ်လိုလဲ...."
"....."
ရှောင်ကျန့် : 'သွားသေလိုက်လေ....'
______________________________
____________________
ပြဇာတ်တို။
ဝမ်ရိပေါ် : "ကိုယ်ကရုပ်လည်းအရမ်းချောတယ်၊ စွမ်းအားလည်းကြီးတယ်၊ ပြီးတော့ အရမ်းချမ်းသာတာကြောင့် ကိုယ့်ကိုအပိုင်သိမ်းရင်ရှောင်ကျန့် မနစ်နာစေရဘူး....ကိုယ်ရဲရဲကြီးအာမခံနိုင်တယ်"
ရှောင်ကျန့် : "ဖုန်ရှုလိုက်...."
အုန်းသီး : "ကျွန်တော်ဘာမှမသိဘူး...
ကျွန်တော်ဘာမှမမြင်ဘူး..."
စာရေးသူ : "......."
_________________________________________________________
Zawgyi
သီးသန႔္ခန္းနံပါတ္(၉)က ထြက္ေပၚလာသည့္ အသံေၾကာင့္ ေလလံစင္ျမင့္ေအာက္ရွိလူေတြနဲ႕ သီးသန႔္ခန္းအခ်ိဳ႕တြင္ထိုင္ေနသူေတြက အနည္းငယ္ေသာ အံအားသင့္မႈကိုခံစားလိုက္ၾကသည္။ ဒါေပမယ္ေရွာင္က်န႔္ကေတာ့ ဒီအသံက အဓိကဇာတ္လိုက္ခ်န္လင္းရန္ရဲ႕
အသံဆိုတာ ညေသခ်ာေပါက္သိသည္။
'အုန္းသီး'
[ေျပာပါ host]
'မူရင္းဇာတ္ေၾကာင္းမွာ ဒီထူးဆန္းတဲ့ ေက်ာက္တုန္းကို ေလလံဝင္ဆြဲတဲ့အခန္းေရာပါလား'
[မရွိခဲ့ပါဘူးhost...]
'ဒါဆိုသူ ဘာအေၾကာင္းျပခ်က္ေၾကာင့္ ဒီေက်ာက္တုန္းကိုလိုခ်င္ေနတယ္မင္းထင္လဲ....ဒါကသာမန္ေက်ာက္တုံးမဟုတ္တဲ့ပုံပဲ'
[ခဏေနာ္ host ဒါကhostကေနအစျပဳ
ၿပီးျဖစ္လာတာပါ...]
'ငါ???'
[ဟုတ္ပါတယ္ host]
[ဘာကိစၥ သူဒီေက်ာက္တုံးကိုေလလံဝင္ဆြဲတာ ငါနဲ႕ပတ္သပ္ေနရျပန္တာလဲ...'
[ဟီး....ဒါကဒီလိုရွိပါတယ္ဗ်....အခုအဓိကဇာတ္လိုက္ရဲ႕႐ုပ္ရည္ကို ျပဳျပင္ေပးလိုက္တဲ့နတ္ေဆးသမားေတာ္ကို ဆရာတင္ခ်င္ရာကေနစတာပဲ....နတ္ေဆးသမားေတာ္က ေဆးပညာရပ္ေတြအနီးကပ္သင္ၾကားေပးဖို႔ သေဘာမတူဘူး....ဒါေပမယ့္ ခြၽင္းခ်က္အေနနဲ႕ နတ္ေဆးသမားေတာ္က အခုက်င္းပတဲ့ ေလလံပြဲကေန ဒီထူးဆန္းတဲ့ေက်ာက္တုံးကို ရယူေပးနိုင္ရင္ တပည့္အျဖစ္လက္ခံမယ္ဆိုၿပီးအေပးအယူလုပ္ခဲ့တယ္....ဒါေၾကာင့္ပဲ ဘုမသိဘမသိနဲ႕ ေလလံဝင္ဆြဲေနရတာ.....နတ္ေဆးသမားေတာ္နဲ႕ဆုံေတြ႕ရတာက hostရဲ႕အျမဳေတကိုမရလိုက္လို႔ေလ....ဒါေၾကာင့္အရာအားအားလုံးရဲ႕အစက host ေပါ့....]
'အစထဲက တည့္ရွင္းျပလိုက္ရင္ၿပီးေနတာကို ေကြ႕ပတ္ၿပီး ငါ့ကိုအျပစ္တင္နိုင္ေသးတယ္....မင္းကေတာ္ေတာ္ေလးကို
အရစ္ရွည္တယ္ေနာ္အုန္းသီး...'
[အရစ္ရွည္တာဟုတ္ပါဘူးေညာ္]
ေရွာင္က်န႔္နဲ႕systemအုန္းသီး ဆက္သြယ္ေနစဥ္မွာပင္ စင္ျမင့္ထက္ရွိစီစဥ္ဆင္ဆက္သူမိန္းကေလးက တတ္ႂကြသည့္မ်က္ႏွာျဖင့္ ေၾကညာလိုက္သည္။
"ကဲ....သီးသန႔္ခန္းနံပါတ္(၉)က ေဈးထက္ပိုေပးခ်င္တဲ့သူ ရွိပါေသးသလားရွင္.....အလယ္အလတ္ဝိဉာဥ္ေက်ာက္တုံး ဆယ္သိန္း တစ္ႀကိမ္ .....အလယ္အလတ္ဝိဉာဥ္ေက်ာက္တုံး ဆယ္သိန္း ႏွစ္ႀကိမ္......"
ေရွာင္က်န႔္က အဓိကဇာတ္လိုက္ျဖစ္သူကိုအနည္းငယ္ ဝင္ႏွောင့္ဖို႔ရန္ ပါးစပ္ဟလိုက္စဥ္မွာပဲ သူ႕ေဘးနားကေန ထြက္လာတဲ့ ခပ္ဩဩအသံကိုၾကားလိုက္ရေလသည္။
"အလယ္အလတ္အဆင့္ဝိဉာဥ္ေက်ာက္တုံး
သိန္း၂၀..."
ေရွာင္က်န႔္ဟာ မ်က္ခုံးတစ္ခ်က္ပင့္ရင္း သူ႕ေဘးထိုင္ခုံတြင္ ေအးေအးေဆးေဆးထိုင္ေနသည့္ဝမ္ရိေပၚဘက္ လွည့္ၾကည့္သည္။ ဝမ္ရိေပၚက သူ႕အၾကည့္ကိုနားလည္ပုံျဖင့္ေခါင္းေလးေစာင္းကာျပန္ေျဖ၏။
"ဒီေက်ာက္တုံးကကိုယ္လိုခ်င္ေနတဲ့ ပစၥည္းဆိုတာေလ....ဘာလဲ....မင္းဒီပစၥည္းကိုလိုခ်င္လို႔လား...ဒါဆို ကိုယ္ေနာက္ဆုတ္ေပးပါ့မယ္..."
ဒီေတာ့မွေရွာင္က်န႔္ဟာ ဝမ္ရိေပၚကတစ္စုံတစ္ခုကိုဝယ္ယူရန္အတြက္ ဒီေနရာသို႔ေရာက္လာတာျဖစ္ေၾကာင္းသတိရလိုက္သည္။ ေရွာင္က်န႔္က ဝမ္ရိေပၚကိုေခါင္းအသာခါျပရင္း သူ မလိုခ်င္ေၾကာင္းျငင္းသည္။
ေလလံပြဲရွိလူအုပ္ႀကီးဟာ သီးသန႔္ခန္းနံပါတ္(၁)ဆီမွထြက္ေပၚလာတဲ့ ဩရွရွအသံေၾကာင့္ပြက္ေလာရိုက္ေနၾကသည္။ လူအမ်ားစုက ဘာေၾကာင့္ ဒီသာမန္ေက်ာက္တုံးေလးကိုဒီေလာက္ေဈးေပးၿပီး အရႈံးခံဝယ္ယူေနၾကမွန္းမသိၾကေပ။ ၿပီးေတာ့ ၾကားလိုက္ရတဲ့အသံက မိန္းကေလးေတာ္ေတာ္မ်ားမ်ားကိုယစ္မူးေစသည္အထိ ဆြဲေဆာင္အားေကာင္းလြန္းေနသည္။
သီးသန႔္ခန္းနံပါတ္(၉)က အရင္ဆုံးေဈးစေခၚလိုက္သည့္ ခ်န္လင္းရန္ဟာေဒါသတႀကီးအံႀကိတ္လိုက္ေသာ္လည္းပဲ အမည္မသိ တစ္ဖက္လူ၏ေယာက္်ားပီသသည့္ ခပ္ဩရွရွအသံက သူ႕နား႐ြက္ဖ်ားေတြကိုနီရဲလာေစသည္။ ဒါေပမယ့္ သီးသန႔္ခန္းအတြင္းရွိလူေတြ၊ အထူးသျဖင့္သူေတာ္စင္ေက်ာက္စိမ္း
ဂိုဏ္းရဲ႕အဓိကတပည့္၊ ဂိုဏ္းခ်ဳပ္ရဲ႕အႀကီးဆုံးတပည့္လီဟူရီ၏ ေရွ႕ေမွာက္တြင္႐ုပ္ပ်က္ဆင္းပ်က္မျဖစ္ေစရန္ ကိုယ့္ကိုကိုယ္ျပန္လည္ထိန္းခ်ဳပ္လိုက္ၿပီး ေဈးထပ္ေခၚလိုက္သည္။
ဟမ့္....မင္းကိုယ္မင္း ဝိဉာဥ္ေက်ာက္တုံးေတြေပါေပါေသာေသာရွိတယ္လို႔ထင္ေနတယ္မဟုတ္လား။ အၿမဲတမ္းပိုေပးနိုင္တဲ့သူကရစၿမဲပဲ။ ငါနဲ႕လာၿပိဳင္ခ်င္ရင္အရင္ဆုံးအရွက္မကြဲမိေစနဲ႕။
မတိုင္ခင္ကပဲ ခ်န္လင္းရန္ဟာ ေတာထဲတြင္ဝိဉာဥ္ေၾကာႀကီးတစ္ခုရွာေတြ႕ထားသည္။ ထို႔ေၾကာင့္အခုခ်ိန္တြင္ သူ႕အတြက္အေပါဆုံးက ဝိဉာဥ္ေက်ာက္တုံးေတြသာျဖစ္သည္။ ေရွာင္က်န႔္ဟာ အုန္းသီးကေနတစ္ဆင့္ ခ်န္လင္းရန္ရရွိထားသည့္ဝိဉာဥ္ေၾကာအေၾကာင္း သိလိုက္ရသည္။ သူ႕မွာအဓိကဇာတ္လိုက္ရဲ႕ကံေကာင္းမႈကို လက္ဖ်ားခါ႐ုံေလာက္ပဲ တတ္နိုင္ေတာ့သည္။
"အလယ္လတ္ဆင့္ဝိဉာဥ္ေက်ာက္တုံးႏွစ္ဆယ့္တစ္သိန္း..."
"သိန္းသုံးဆယ္"
"သုံးဆယ့္တစ္သိန္း"
"သိန္းငါးဆယ္"
"ငါးဆယ့္ႏွစ္သိန္း"
"သိန္းရွစ္ဆယ္"
ေရွာင္က်န႔္က ဝမ္ရိေပၚရဲ႕လက္ဖြာပုံကိုပါးစပ္အေဟာင္းသားနဲ႕ၾကည့္ေနမိသည္။ ေဈးတစ္ခါတိုးေပးတိုင္းဝမ္ရိေပၚၾကည့္ရတာ ဖိအားတစ္စုံတရာရွိပုံမေပၚပဲ တစ္ဖက္လူကိုကစားေနသည့္ဟန္ေတာင္ေပၚေသးသည္။ ေလလံစင္ေအာက္ရွိလူေတြနဲ႕ အျခားသီးသန႔္
ခန္းကလူတစ္ခ်ိဳ႕ေတာင္ အဆိုပါေက်ာက္တုံးကို စတင္စိတ္ဝင္စားလာၾကသည္။
ဘာပစၥည္းျဖစ္ေနလို႔ ႏွစ္ဖက္လုံးအသည္း
အသန္လိုခ်င္ေနရတာလဲ။
စိတ္ဝင္စားသည့္တစ္ခ်ိဳ႕လူေတြက ဝင္ေရာက္ေလလံဆြဲၾကေပမယ့္လည္း ဝမ္ရိေပၚနဲ႕ခ်န္လင္းရန္တို႔ႏွစ္ေယာက္၏ ေၾကာက္စရာေဈးႏႈန္းေတြေၾကာင့္အကုန္လုံးေနာက္ျပန္ဆုတ္သြားၾကသည္။ ေလလံေဈးက ျမင့္သထက္ျမင့္တတ္လာၿပီး အလယ္အလတ္အဆင့္ဝိဉာဥ္ေက်ာက္တုံးသိန္း၅၀၀အထိကိုျမင့္တတ္လာခဲ့သည္။
"အဆင့္ျမင့္ဝိဉာဥ္ေက်ာက္တုံးသိန္းငါးဆယ္"
ခ်န္လင္းရန္၏ ေနာက္ဆုံးေဈးႏႈန္းက ေလလံပြဲရွိလူတိုင္းရဲ႕အသံေတြကို ခဏမွ်တိတ္ဆိတ္သြားေစသည္။ ဗုံးတစ္လုံး
ေပါက္ခြဲလိုက္သလိုမ်ိဳး လူတိုင္းရဲ႕အာေမဍိတ္ အသံအမ်ိဳးမ်ိဳး ထြက္ေပၚလာခဲ့သည္။
အဆင့္ျမင့္ဝိဉာဥ္ေက်ာက္တုံးသိန္းတစ္ရာ။ ဒါဘာကိုဆိုလိုတာလဲ။ ဒါကအလယ္အလတ္အဆင့္ဝိဉာဥ္ေက်ာက္တုံးေပါင္းေျမာက္မ်ားစြာတန္ေနၿပီေလ။
"အဆင့္ျမင့္ဝိဉာဥ္ေက်ာက္တုံး သိန္းတစ္ရာ"
ေရွာင္က်န႔္ကေတာ့ဝမ္ရိေပၚကိုၾကည့္ရင္း
ၾကည့္ရင္းနဲ႕ ေငြထုပ္ႀကီးလိုျမင္လာသည္။ဒီလူ....ေတာ္ေတာ္ေလးကိုခ်မ္းသာတာပဲ။
သီးသန႔္ခန္းနံပါတ္(၉)ရွိ ခ်န္လင္းရန္၏မ်က္ႏွာထက္တြင္ အေရာင္မ်ိဳးစုံျဖတ္ေျပးသြားရင္း အံႀကိတ္ကာ လက္သီးတင္းတင္းဆုပ္ထားမိလိုက္သည္။ သူ႕ေဘးနားမွာရွိတဲ့ဖန္ခ်င္းရွို႔ဟာ ခ်န္လင္းရန္ရဲ႕ေက်ာျပင္ကိုဖြဖြေလးပုတ္ေပးကာ စိတ္ေလ်ာ့ရန္ေျဖသိမ့္ေပးေနေလသည္။ ဇာတ္လိုက္လီဟူရီကေတာ့စိတ္နဲ႕လူနဲ႕ကပ္ပုံမရပဲ ထိုင္ခုံ၌သာထိုင္ရင္းတစ္စုံတစ္ခုဆီ အေတြးလြင့္ေနပုံရသည္။
ခ်န္လင္းရန္ဟာ ႏႈတ္ခမ္းေအာက္ကိုကိုက္ရင္းထပ္တိုးလိုက္သည္။
"အဆင့္ျမင့္ဝိဉာဥ္ေက်ာက္တုံးသိန္းတစ္ရာ့တစ္ဆယ္"
"သိန္းႏွစ္ရာ"
"သိန္းႏွစ္ရာ့ႏွစ္ဆယ္"
"သိန္းသုံးရာ"
ေဈးႏႈန္းက တစ္ျဖည္းျဖည္းနဲ႕ေၾကာက္မက္
ဖြယ္တိုးတက္လာသည္ႏွင့္အမွ် စီစဥ္တင္ဆက္သူမိန္းကေလးဟာလည္းစိတ္လႈပ္ရွားမႈ
ေၾကာင့္တစ္ဆတ္ဆတ္တုန္ရီလာသည္။ သူမအေနနဲ႕ဒီေက်ာက္တုံးေလးကို ေဈးျမင့္မားစြာနဲ႕ေရာင္းထြက္နိုင္လိမ့္မည္ဟု မထင္မွတ္ထားခဲ့ေပ။
ၾကာလာေတာ့ဝမ္ရိေပၚဟာ ေဈးၿပိဳင္ျငင္းရတာစိတ္မရွည္ျဖစ္လာ၏။
"စိတ္ဝိဉာဥ္ေက်ာက္တုံးသုံးတုံး"
၎စကားသံဟာ ေလလံအိမ္ေတာ္ကို အႀကိမ္ႀကိမ္ပဲ့တင္ထပ္သြားေပမယ့္ လူတိုင္းဟာအသိမဝင္နိုင္ေတာ့ေပ။ တစ္ခ်ိန္လုံးအသိစိတ္လြတ္သလိုျဖစ္ေနတဲ့ ဇာတ္လိုက္လီဟူရီေတာင္မွအထိတ္တလန႔္ျဖင့္ ထခုန္မိမတတ္ျဖစ္ပ်က္သြားရသည္။ ေရွာင္က်န႔္ဟာအလန႔္တၾကားျဖင့္ဝမ္ရိေပၚဘက္လွည့္ၾကည့္သည္။ သူအမွန္တကယ္ဘာေျပာရမွန္းမသိေတာ့ေပ။ ဝမ္ရိေပၚက ေရွာင္က်န႔္ကို ၿပဳံးစစေလးၾကည့္ရင္း ေျပာသည္။
"ဘာျဖစ္လို႔လဲ...ဒါကစိတ္ဝိဉာဥ္ေက်ာက္တုံးေလးသုံးတုံးပဲမဟုတ္လား...."
ဝမ္ရိေပၚရဲ႕စကားက ေရွာင္က်န႔္တင္မကsystemအုန္းသီးကိုပါဆြံ႕အသြားေစပုံရသည္။
[hostဒီလူကေသာက္ရမ္းခ်မ္းသာတာပဲ....]
'အင္း....ဒီတစ္ခါေတာ့မင္းမွန္တယ္...'
စီစဥ္တင္ဆက္သူမိန္းကေလးဟာ အေတာ္ၾကာတိတ္ဆိတ္ၿငိမ္သက္ေနၿပီး စိတ္နဲ႕လူနဲ႕ကင္းကြာသြားပုံရသည္။ သတိဝင္လာၿပီးေနာက္တြင္ သူမနားၾကားမလြဲတာေသခ်ာေစရန္ ေမးျမန္းလိုက္မိသည္။
"လူ...လူႀကီးမင္းရွင့္...ေနာက္တစ္ေခါက္ေလာက္ျပန္ေျပာေပးနိုင္မလား..."
"စိတ္ဝိဉာဥ္ေက်ာက္တုံးသုံးတုံးေလ....ဘာလဲ....နည္းလို႔လား..."
"မ...မဟုတ္ပါဘူး...ကြၽန္မကေသခ်ာေအာင္လို႔ေမးျမန္းၾကည့္႐ုံပါ....လူႀကီးမင္းအေနနဲ႕ခြင့္လႊတ္ေပးဖို႔ေမွ်ာ္လင့္ပါတယ္...."
"ဒါဆိုပိုင္ဆိုင္တဲ့လူကို ေၾကညာလို႔ရၿပီထင္တယ္...."
"အာ....ဒါေပါ့..ဒါေပါ့....စိတ္ဝိဉာဥ္ေက်ာက္တုံးသုံးခုထက္ပိုေပးနိုင္တဲ့သူမ်ားရွိလားရွင့္....စိတ္ဝိဉာဥ္ေက်ာက္တုံးသုံးခု တစ္ႀကိမ္....စိတ္ဝိဉာဥ္ေက်ာက္တုံးသုံးခု ႏွစ္ႀကိမ္....စိတ္ဝိဉာဥ္ေက်ာက္တုံးသုံးခု သုံးႀကိမ္....ဂုဏ္ယူပါတယ္....အခုေက်ာက္တုံးကိုသီးသန႔္ခန္းနံပါတ္(၁)မွ ရရွိသြားပါၿပီရွင့္...."
ထိုအခါမွ ေလလံစင္ျမင့္ေအာက္ရွိလူေတြနဲ႕ သီးသန့္ခန္းအမ်ိဳးမ်ိဳးက ထိတ္လန႔္အံ့အားသင့္သံေတြထြက္ေပၚလာၾကသည္။ သီးသန႔္ခန္းနံပါတ္(၉)ရွိ ခ်န္လင္းရန္ရဲ႕မ်က္ႏွာဟာလည္း ခ်က္ခ်င္းျဖဴေဖ်ာ့သြားၿပီး ေျပာမျပတတ္နိုင္ေလာက္ေအာင္ထိတ္လန႔္သြားခဲ့သည္။
စိတ္ဝိဉာဥ္ေက်ာက္တုံး။
ထိုအရာဟာအလြန္တရာရွားပါးလြန္းတာေၾကာင့္ သူေတာ္စင္ေက်ာက္စိမ္းဂိုဏ္းလို နံပါတ္တစ္ ဂိုဏ္းႀကီးမွာေတာင္ စိတ္ဝိဉာဥ္
ေက်ာက္တုံးခုႏွစ္ခုသာရွိၿပီး အလြန္တရာလုံၿခဳံေရးတင္းၾကပ္စြာခ်၍ ထိန္းသိမ္းထားေလသည္။ဒါေပမယ့္တစ္ဖက္လူရဲ႕ေလသံအရ သူေပးလိုက္တာကစိတ္ဝိဉာဥ္ေက်ာက္တုံးသုံးခုမဟုတ္ပဲ သာမန္ေက်ာက္တုံးသုံးခုကိုေျပာလိုက္သလို ေပါ့ပါးေနေလသည္။ ဒါကိုၾကည့္ရရင္ သာမန္လူတစ္ေယာက္ဟုတ္ပုံမေပၚေပ။
ခ်န္လင္းရန္က ထိတ္လန႔္အံ့အားသင့္မႈေၾကာင့္မ်က္ႏွာျဖဴေဖ်ာ့လာၿပီး ေခြၽးေစးေတြ
က်ဆင္းလာသည္။ သူရန္စလိုက္တဲ့သူက သာမန္လူျဖစ္ပုံမရေခ်။ ခုနေလးတင္သူ႕ကို
ခ်ီးက်ဴးေနၾကတဲ့ သူေတာ္စင္ေက်ာက္စိမ္းဂိုဏ္းသားမ်ားက ခ်က္ခ်င္းကိုသူ႕အနားကေနေရာဂါတစ္ခုလိုေရွာင္ခြာသြားၾကသည္။ တစ္ခ်ိဳ႕မိန္းကေလးေတြဆိုရင္ သူ႕ကိုေလွာင္ေျပာင္တဲ့အၿပဳံးမ်ိဳးျဖင့္ၾကည့္ေနၾကေသးသည္။
ဖန္ခ်င္းရွို႔တစ္ေယာက္သာလွ်င္ သူ႕ကိုႏွစ္သိမ့္ရင္းဖက္ထားေပးခဲ့သည္။ ခ်န္လင္းရန္ဟာ ဖန္ခ်င္းရွို႔ကို အားတင္းကာၿပဳံးျပလိုက္ေပမယ့္ သူ႕စိတ္ထဲကေနေၾကာက္လန႔္သည့္ခံစားခ်က္ကိုထိန္းခ်ဳပ္မရေတာ့ေပ။ အစတုန္းက သတိမထားမိေပမယ့္ သီးသန႔္ခန္းနံပါတ္(၁)က သူေတာ္စင္ေက်ာက္စိမ္းဂိုဏ္းရဲ႕ ဂိုဏ္းခ်ဳပ္ကိုယ္တိုင္ေရာက္လာရင္ေတာင္ ဝင္ေရာက္ခြင့္မရသည့္တစ္ခုတည္းေသာအခန္းျဖစ္ေၾကာင္းေမ့ေနခဲ့သည္။
တစ္ျခားသူေတြက မသိေပမယ့္သူကေတာ့အရင္ဘဝထဲက ၎သီးသန႔္ခန္းဟာ တစ္စုံတစ္ေယာက္ကိုေစာင့္ဆိုင္းေနသလိုမ်ိဳး အၿမဲတမ္းလြတ္ေနတတ္မွန္းသိသည္။ ဘယ္ေလာက္ပဲစြမ္းအားႀကီးတဲ့သူ လာေရာက္ေနပါေစ။ အၿမဲတမ္း၎အခန္းက တမင္သတ္သတ္ သီးသန႔္ခ်န္ထားသလိုမ်ိဳး မည္သူမွဝင္ခြင့္မရွိခဲ့ေခ်။ သူကအခုမွေကာင္းကင္အဆင့္သာရွိေသးတာေၾကာင့္ သန္မာအားေကာင္းတဲ့လူတိုင္းကို ရန္စမရေပ။
ေရွာင္က်န႔္က အဓိကဇာတ္လိုက္ရဲ႕ထိတ္လန႔္တုန္လႈပ္မႈကိုမသိပဲ ဝမ္ရိေပၚကိုၾကည့္ရင္း သူစိုးရိမ္ေနသည့္အရာကိုေမးျမန္းလိုက္၏။
"ခင္ဗ်ားက ဒီေလာက္ထိသုံးလိုက္ေတာ့ ကြၽန္ေတာ့္အတြက္ေရာ က်န္ပါေတာ့မလား....ခင္ဗ်ား ကိုယ့္စကားကို ႐ုတ္သိမ္းလို႔မရဘူးေနာ္....ကြၽန္ေတာ္လိုခ်င္တာအကုန္ဝယ္ေပးရမွာ...."
[hostဘယ္လိုေတာင္အရွက္မရွိတာလဲ....hostမွာဝိဉာဥ္ေက်ာက္တုံးေတြေတာင္ပုံရာပုံရွိေနတဲ့အျပင္ စိတ္ဝိဉာဥ္ေက်ာက္တုံး အနည္းဆုံးဆယ္ဂဏန္းေလာက္ရွိေနတာပဲမဟုတ္လား....]
'ပါးစပ္ပိတ္'
ဝမ္ရိေပၚဟာ ေရွာင္က်န႔္စကားေၾကာင့္စိတ္မဆိုးတဲ့အျပင္ ပိုေတာင္သေဘာက်သြားပုံရသည္။ သူကအၿပဳံးေလးျဖင့္ျပန္ေျဖလိုက္သည္။
"ကိုယ္ကေျပာၿပီးသားစကားကို ျပန္မျပင္တတ္ပါဘူး...မင္းႀကိဳက္တာ ႀကိဳက္တဲ့ေဈးႏႈန္းေပးၿပီးဝယ္လို႔ရတယ္....တကယ္လို႔မ်ား ဒီထက္ပိုလိုခ်င္တာေတြရွိရင္ ကိုယ့္ကိုအပိုင္သိမ္း လိုက္တာပိုမေကာင္းဘူးလား.....ဒီလိုဆိုရင္ကိုယ္အပါအဝင္ ကိုယ္ပိုင္ဆိုင္တာေတြအားလုံးက မင္းအတြက္ပဲ....ဘယ္လိုလဲ...."
"....."
ေရွာင္က်န႔္ : 'သြားေသလိုက္ေလ....'
______________________________
____________________
ျပဇာတ္တို။
ဝမ္ရိေပၚ : "ကိုယ္က႐ုပ္လည္းအရမ္းေခ်ာတယ္၊ စြမ္းအားလည္းႀကီးတယ္၊ ၿပီးေတာ့ အရမ္းခ်မ္းသာတာေၾကာင့္ ကိုယ့္ကိုအပိုင္သိမ္းရင္ေရွာင္က်န႔္ မနစ္နာေစရဘူး....ကိုယ္ရဲရဲႀကီးအာမခံနိုင္တယ္"
ေရွာင္က်န႔္ : "ဖုန္ရႈလိုက္...."
အုန္းသီး : "ကြၽန္ေတာ္ဘာမွမသိဘူး...
ကြၽန္ေတာ္ဘာမွမျမင္ဘူး..."
စာေရးသူ : "......."
_________________________________________________________