ဗီလိန်ရဲ့ လမ်းပြကြယ်

By CrystalKyi

783K 131K 3.7K

ဝတ္ထုစာအုပ်ထဲကို ဝိဉာဉ္ကူးပြောင်းလာတဲ့ ချောင်လန်တစ်ယောက် သူမရဲ့ နေရာက ဇာတ်လိုက် မင်းသားကို ကြိုက် မိသွားတဲ့ ဗ... More

မိတ်ဆက်
အပိုင်း (၁)
အပိုင်း(၂)
အပိုင်း(၃)
အပိုင်း(၄)
အပိုင်း(၅)
အပိုင်း(၆)
အပိုင်း (၇)
အပိုင်း(၈)
အပိုင်း(၉)
အပိုင်း(၁၀)
အပိုင်း(၁၁)
အပိုင်း(၁၂)
အပိုင်း(၁၃)
အပိုင်း(၁၄)
အပိုင်း(၁၅)
အပိုင်း(၁၆)
အပိုင်း(၁၇)
အပိုင်း(၁၈)
အပိုင်း(၁၉)
အပိုင်း(၂၀)
အပိုင်း(၂၁)
အပိုင်း(၂၂)
အပိုင်း(၂၃)
အပိုင်း(၂၄)
အပိုင်း(၂၅)
အပိုင်း(၂၆)
အပိုင်း(၂၇)
အပိုင်း(၂၈)
အပိုင်း(၂၉)
အပိုင်း (၃၀)
အပိုင်း(၃၁)
အပိုင်း(၃၂)
အပိုင်း(၃၃)
အပိုင်း (၃၄)
အပိုင်း(၃၅)
အပိုင်း(၃၆)
အပိုင်း(၃၇)
အပိုင်း(၃၈)
အပိုင်း(၃၉)
အပိုင်း(၄၀)
အပိုင်း(၄၁)
အပိုင်း(၄၂)
အပိုင်း(၄၃)
အပိုင်း(၄၄)
အပိုင်း(၄၅)
အပိုင်း(၄၆)
အပိုင်း(၄၇)
အပိုင်း(၄၈)
အပိုင်း(၄၉)
အပိုင်း(၅၀)
အပိုင်း(၅၁)
အပိုင်း(၅၂)
အပိုင်း(၅၃)
အပိုင်း(၅၄)
အပိုင်း(၅၅)
အပိုင်း(၅၆)
အပိုင်း(၅၇)
အပိုင်း(၅၈)
အပိုင်း(၅၉)
Not Upade!!!
အပိုင်း(၆၀)
အပိုင်း(၆၁)
အပိုင်း(၆၂)
အပိုင်း(၆၃)
အပိုင်း(၆၄)
အပိုင်း(၆၅)
အပိုင်း(၆၆)
အပိုင်း(၆၇)
အပိုင်း(၆၈)
အပိုင်း(၆၉)
အပိုင်း(၇၀)
အပိုင်း(၇၂)
အပိုင်း(၇၃)
အပိုင်း(၇၄)
အပိုင်း(၇၅)
အပိုင်း(၇၆)
အပိုင်း(၇၇)
အပိုင်း(၇၈)
အပိုင်း(၇၉)
အပိုင်း(၈၀)
အပိုင်း(၈၁)
အပိုင်း(၈၂)
အပိုင်း(၈၃)
အပိုင်း(၈၄)
အပိုင်း(၈၅)
အပိုင်း(၈၆)
အပိုင်း(၈၇)
အပိုင်း(၈၈)
အပိုင်း(၈၉)
အပိုင်း(၉၀)
အပိုင်း(၉၁)
အပိုင်း(၉၂)
အပိုင်း(၉၃)
အပိုင်း(၉၄)
အပိုင်း(၉၅)
အပိုင်း(၉၆)
အပိုင်း(၉၇)
အပိုင်း(၉၈)
အပိုင်း(၉၉)
အပိုင်း(၁၀၀)
အပိုင်း(၁၀၁)
အပိုင်း(၁၀၂)
အပိုင်း(၁၀၃)
အပိုင်း(၁၀၄)
အပိုင်း(၁၀၅)
အပိုင်း(၁၀၆)
အပိုင်း(၁၀၇)
အပိုင်း(၁၀၈)
အပိုင်း(၁၀၉)
အပိုင်း(၁၁၀)
အပိုင်း(၁၁၁)
အပိုင်း(၁၁၂)
အပိုင်း(၁၁၃)
အပိုင်း(၁၁၄)
အပိုင်း(၁၁၅)
အပိုင်း(၁၁၆)
အပိုင်း(၁၁၇)
အပိုင်း(၁၁၈)
အပိုင်း(၁၁၉)
အပိုင်း(၁၂၀)
အပိုင်း(၁၂၁)
အပိုင်း(၁၂၂)
အပိုင်း(၁၂၃)
အပိုင်း(၁၂၄)
အပိုင်း(၁၂၅)
အပိုင်း(၁၂၆)
အပိုင်း(၁၂၇)
အပိုင်း(၁၂၈)
အပိုင်း(၁၂၉)
အပိုင်း(၁၃၀)
အပိုင်း(၁၃၁)
အပိုင်း(၁၃၂)
အပိုင်း(၁၃၃)
အပိုင်း(၁၃၄)
အပိုင်း(၁၃၅)
အပိုင်း(၁၃၆)
အပိုင်း(၁၃၇)
အပိုင်း(၁၃၈)
အပိုင်း(၁၃၉)
အပိုင်း(၁၄၀)
အပိုင်း(၁၄၁)
အပိုင်း(၁၄၂)
အပိုင်း(၁၄၃)
အပိုင်း(၁၄၄)
အပိုင်း(၁၄၅)
အပိုင်း(၁၄၆)
အပိုင်း(၁၄၇)
အပိုင်း(၁၄၈)
အပိုင်း(၁၄၉)

အပိုင်း(၇၁)

5.3K 955 13
By CrystalKyi

Unicode
သူမ ဦးလေးချန်ကိုသိလာတာ နှစ်ဝက်ကျော်လာပြီ။ ချောင်လန်က ဦးလေးချန်နဲ့ အရမ်းလဲ ရင်းနီးတယ်။ ပြီးတော့ သူ့ကိုလဲ အရမ်းကျေးဇူးတင်တယ်။ သာကြောင်းမာကြောင်း စကားနည်းနည်းလောက်ပြောပြီးတော့ ချောင်လန်က ဦးလေးချန်ကို ဘာကိစ္စရှိလို့လဲလို့ မေးလိုက်တယ်။ ဦးလေးချန်က မျက်မှောင်ကျုံ့လိုက်ပြီး အကြာကြီးစဥ်းစားနေတယ်။ ပြီးတော့မှ ရှက်ရှက်နဲ့ ပြောလိုက်တယ်။

" ကိစ္စသေးသေးလေးတစ်ခုတော့ ရှိတယ်။ "

အန်တီချန့်မိသားစုမှာ ပြဿနာလေးတစ်ခုဖြစ်လို့ အဲ့တာကြောင့် သူမက သူမမိဘအိမ်ကို ပြန်သွားရမှာလို့ ဦးလေးချန်ကပြောတယ်။ သူမက ဘယ်အချိန်ပြန်လာမလဲဆိုတာ သူမသိဘူး။ ဦးလေးချန်က ထန်းမော့ကို ပြုစုဂရုစိုက်ဖို့အတွက် လူတစ်ယောက်လောက် ရှာချင်တာ။ ဒါပေမဲ့ ထန်းမော့က အပြင်လူတွေကိုဆိုရင် အရမ်းမကြိုက်ဘူးလေ။ အဲ့တာကြောင့် ဒီကိစ္စလေးက ကိုင်တွယ်ဖို့ အရမ်းခက်ခဲနေတာပေါ့။

အဲ့တာနဲ့ သူက ချောင်လန့်ကို တွေးမိသွားတယ်။

" လန်လန် သမီးနဲ့ သခင်လေးတို့က သူငယ်ချင်းတွေလဲ ဖြစ်တယ်။ အတန်းဖော်တွေလဲ ဖြစ်တယ်လေ။ ဒီလိုအကူအညီတောင်းရတာ နည်းနည်း နေရခက်မယ်ဆိုတာတော့ ဦးလေးသိပါတယ်။ ဒါပေမဲ့ ဦးလေးတို့လင်မယားအပြင် သူက သမီးတစ်ယောက်ထဲကိုပဲ စကားပြောနိုင်တာလေ။ "

ချောင်လန်က သဘောမတူချင်ဘူး။

သဘောမတူရတဲ့ အဓိကအကြောင်းရင်းကတော့ ဦးလေးချန်နဲ့ ထန်းမော့တို့က သူမကသွားစရာနေရာမရှိဘူး၊ သူမကို ဂရုစိုက်ပေးမဲ့လူတစ်ယောက်မှ မရှိဘူးလို့ ထင်နေကြလို့ ဒီလိုလုပ်ဖို့ တွေးမိတာ ဖြစ်မှာကို သူမကြောက်နေလို့ပဲ။

ဘာပဲပြောပြော ထန်းမော့က စာမေးပွဲမှာ တမင်သက်သက် အဖြေလွှာဗလာကြီးတောင်အပ်ပြီး သူမကို scholarship ရအောင် လုပ်ပေးခဲ့တာလေ။ ဒီအပိုင်းမှာတော့ ဦးလေးချန်က ထန်းမော့ထက် အများကြီးပိုတော်တယ်။ အချိန်ခဏလောက်တော့ ဦးလေးချန်ကပြောနေတာတွေက တစ်ကယ်လား လိမ်နေတာလားဆိုတာ ချောင်လန်တစ်ကယ် မသိတော့ဘူး။

ချောင်လန်ရဲ့ တုံ့ဆိုင်းမှုကို အခွင့်ကောင်းယူပြီး ဦးလေးချန်က ဆက်ပြောလိုက်တယ်။ " သခင်လေးရဲ့ နေ့စဥ်လုပ်ငန်းဆောင်တာတွေက ဦးလေးတာဝန်ပါ။ ပြီးတော့ အာဟာရပညာရှင်ကလဲ နေ့တိုင်းနေ့တိုင်း သူစားတာမှန်သမျှကို ယူလာပေးမှာပါ။ လေးလေးပင်ပင်လုပ်ရတဲ့ အလုပ်လဲ မရှိဘူး။ ပြီးတော့ အရမ်းလဲ ပင်ပန်းမှာ မဟုတ်ဘူး။ ပြီးတော့ လစာကိုလဲ စိတ်မပူပါနဲ့။ ဦးလေးတို့က သမီးကို........ "

" မဟုတ်ပါဘူး မဟုတ်ပါဘူး။ " ချောင်လန်က အမြန်ပြောလိုက်ရတယ်။ " သမီးက ဒါကိုစိတ်ထဲမထားပါဘူး။ " ပြောပြီးသွားတော့ သူမရပ်လိုက်တယ်။ ဘာဆက်ပြောရမလဲဆိုတာ တုံ့ဆိုင်းနေတယ်။ ဒါပေမဲ့ နောက်ဆုံးတော့ အမှန်ကိုပဲ ပြောလိုက်တယ်။ " ဦးလေးချန်က. ဦးလေးက ဒီကို အထူးတလည်လာပြောတာက သမီးကို ကူညီပေးချင်လို့လားလို့ သမီးက တွေးနေမိလို့ပါ။ "

ဦးလေးချန်က ပြုံးလိုက်တယ်။ " ဦးလေးက သမီးကို ကူညီပေးချင်လို့လာတာလဲ ဟုတ်တယ်။ ဒါပေမဲ့ ဦးလေးမိန်းမက အိမ်ပြန်ဖို့လိုနေတာကလဲ အမှန်ပဲ။ ပြီးတော့ သခင်လေးကလဲ သူ့ကိုစောင့်ရှောက်ပေးမဲ့လူတစ်ယောက်လိုနေတာလေ။ " အဲ့တာပြောပြီးတော့ သူကထပ်ပေါင်းပြောလိုက်တယ်။ " သခင်လေးက သမီးကို တွေ့ချင်နေတာလဲ အမှန်ပဲ။ "

ထန်းမော့က အခုတလော သူမကိုအရမ်းမှီခိုလွန်းနေတာမှန်း ချောင်လန်သိတယ်။ ဒါပေမဲ့ ဦးလေးချန်ရဲ့ စကားတွေက နည်းနည်း ထူးဆန်းနေတယ်။ ဒါကလွဲလို့ ချောင်လန်က သိပ်ပြီး မတွေးမိဘူး။

ဦးလေးချန်က သူဒီလိုလုပ်တာက သူမကိုကူညီချင်တာလဲ တစ်ပိုင်းပါတယ် လို့ ပွင့်ပွင့်လင်းလင်း ဝန်ခံခဲ့တယ်။ ဒါပေမဲ့ သူကလဲ ချောင်လန့်အကူအညီကို တစ်ကယ်လိုအပ်နေတယ်လေ။ အဲ့တာကြောင့် ချောင်လန်က စိတ်ပြောင်းသွားခဲ့တယ်။

ချောင်လန်က အပေါ်ထပ်ကို တက်သွားပြီး သူမပစ္စည်းတွေကို ထုပ်ပိုးလိုက်တယ်။ ပြီးတော့ သက်ပြင်းချလိုက်တယ်။ အစားအသောက်နဲ့ နေထိုင်စရာနေရာအပြင် စားကောင်းသောက်ကောင်းတွေနဲ့ ကောင်းတဲ့နေရာမှာ နေရမှာပဲကို ဘာလို့မသွားရမှာလဲ။

အား.... ငါက အရမ်းလက်တွေ့ဆန်တာပဲ။

ချောင်လန့်မှာက ပစ္စည်းအများကြီးမရှိဘူး။ သူမက အဝတ်အစားတစ်ချို့နဲ့ စာအုပ်တစ်ချို့ကို ယူလာပြီး အောက်ကိုဆင်းလာခဲ့တယ်။ ကားစက်နှိုးဖို့ကို စောင့်ရင်း သူမက ဦးလေးချန်နဲ့ အလာပသလာပ အကြောင်းတွေပြောနေခဲ့တယ်။

ထန်းမော့ရှိနေတဲ့အချိန်ဆိုရင် ဦးလေးချန်ပြောလို့မရတဲ့ အကြောင်းအရာတွေအများကြီးရှိတယ်။ ဒါပေမဲ့ အခု ထန်းမော့က မရှိဘူးဆိုတော့ ဦးလေးချန်ကို တားဖို့ ဘာမှမရှိတော့ဘူးလေ။ အဲ့တာကြောင့် သူက သူမမိသားစု အခြေအနေနဲ့ ပတ်သက်ပြီး မေးလိုက်တယ်။

တစ်ကယ်လို့ သူမအိမ်မပြန်ဘူးဆိုရင် သူမမိဘတွေက စိုးရိမ်နေမှာလားလို့ ဦးလေးချန်က သူမကိုမေးတယ်။ ချောင်လန်က ဒီအကြောင်းကို ဖုံးကွယ်ထားစရာမလိုဘူးလေ။ အပြင်လူတစ်ယောက်ရဲ့ ရှုထောင့်ကနေ သူမက ချောင်မိသားစုက လူတွေအကြောင်းကို ပြောပြခဲ့တယ်။ သူမက အရမ်းစိတ်ခိုင်တာပဲလို့ ချောင်လန်ခံစားနေရတယ်။

မျက်နှာထားသိပ်မရှိတဲ့ ကောင်မလေးကို ဦးလေးချန်က နောက်ကြည့်မှန်ကနေ လှမ်းကြည့်နေခဲ့တယ်။ ပြီးတော့ ဒီကလေးမလေးက သူမအရွယ်ကလေးတွေနဲ့ ယှဥ်ရင် အများကြီးပိုရင့်ကျက်တာပဲလို့ တွေးနေမိတယ်။

ထန်းမော့က သူ့ရဲ့ Asperger ရောဂါကြောင့် သူနဲ့ရွယ်တူတွေနဲ့ ပြောဆိုဆက်ဆံတဲ့ အခါမှာ အမြဲအခက်တွေ့ရတယ်။ အစတုန်းက ဦးလေးချန်တွေးခဲ့တာက တစ်ကယ်လို့ တစ်နေ့နေ့မှာ ထန်းမော့မှာ ရင်းနီးတဲ့ သူငယ်ချင်းတစ်ယောက်လောက်ရှိလာမယ်ဆိုရင် အဲ့သူငယ်ချင်းက ထန်းမော့ထက် နည်းနည်းပိုအသက်ကြီးလောက်မယ်လို့ပေါ့။ ဒါပေမဲ့ တစ်ကယ်လို့ သူ ဒါမှမဟုတ် သူမက ထန်းမော့နဲ့ ရွယ်တူဆိုရင်လဲ အဲ့လူက သူနဲ့ရွယ်တူတွေထက် ပိုရင့်ကျက်လိမ့်မယ်။ ဘာလို့လဲဆိုတော့ ထန်းမော့ရဲ့ စိတ်ကိုသည်းခံနိုင်ဖို့က သူက အများကြီး စိတ်ရှည်ရမှာ မလို့လေ။ အဲ့တာက ထန်းမော့ရဲ့ မထုံတက်ထေး အပြုအမူတွေကို ကျော်လွှားစေနိုင်ပြီး သူ့ကို တစ်ဖြည်းဖြည်းနားလည်လာစေမှာလေ။

ဦးလေးချန်က လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကထဲက မထုံတက်ထေး အပြုအမူတွေကနေစပြီး အရင်နှစ်တုန်းကဖြစ်သွားတဲ့ကိစ္စကြောင့် စိတ်ဓာတ်ပျက်ပြားသွားတာထိ ထန်းမော့ကြီးပြင်းလာတာကို စောင့်ကြည့်လာခဲ့တာ။ အခုလို သူ နည်းနည်း နည်းနည်းချင်းစီ စပြောင်းလဲလာတာ အထိပေါ့။ ဒီလိုတိုးတက်လာမှုကို တွေ့လိုက်ရတော့ ဦးလေးချန်နှလုံးသားထဲမှာ ခံစားရတဲ့ ပျော်ရွှင်မှုသက်သက်ကို ဘယ်သူမှ သိကြမှာ မဟုတ်ဘူး။ နားလည်ကြမှာလဲ မဟုတ်ဘူး။

ထန်းမော့က အခုအချိန်ထိ မျက်နှာသေကြီးနဲ့ ဖြစ်နေတုန်းဆိုပေမဲ့ သူကတဖြေးဖြေးနဲ့ လူတွေကို ဘယ်လိုအရင်စပြီး စကားပြောရမယ်၊ ဘယ်လိုဂရုစိုက်ရမယ်ဆိုတာကို သင်ယူလာနေပြီ။ သူက ပိုများတဲ့စိတ်ခံစားချက်တွေကိုလဲ နားလည်လာပြီ။ ပျော်ရွှင်မှု၊ ဒေါသ၊ စိတ်ပျက်အားငယ်မှု၊ ပြီးတော့ ခံပြင်းတာကိုတောင်မှပေါ့။ သူ့ရဲ့နံရံတွေက နည်းနည်း နည်းနည်းချင်းစီ ကျလာနေတယ်။

ကောင်လေးက အမြဲတမ်း အဖြူနဲ့ အမဲဆိုတဲ့ ကမ္ဘာထဲမှာပဲ ရှိနေခဲ့တာ။ ဒါပေမဲ့ ဖြေးဖြေးချင်းစီ တစ်ခြားအရောင်အသစ်တွေကို ထည့်ပေးနေတယ်။ ဒီဟာကနှေးပေမဲ့ ဒါကသူ့ကိုအရမ်းအရမ်းကို အံ့အားသင့်စေနေပါပြီ။

ဒီလိုလူတစ်ယောက်ကိုတွေ့ဖို့ဆိုတာက ထန်းမော့အတွက် ဘယ်လောက်ခက်ခဲမှန်း ဦးလေးချန်က သိတယ်။ အဲ့တာကြောင့် ဦးလေးချန်က ရသမျှ အခွင့်အရေးတိုင်းကို အသုံးချပြီး ချောင်လန်နဲ့ ထန်းမော့တို့ကို ရင်းနီးအောင်လုပ်ပေးတယ်။ ဥပမာ ဒီနေ့လို အကူအညီတောင်းတာမျိုးပေါ့။ ဥပမာ ဒီနေ့ကျောင်းကိုသွားပြီး သူလုပ်ခဲ့တာမျိုးပေါ့။ သူ့က ကျောင်းအုပ်ရုံးခန်းကိုသွားပြီး နောက်နှစ်ကျရင် ချောင်လန်နဲ့ ထန်းမော့နဲ့ကို တစ်ခန်းထဲတူတူထားပေးဖို့ မျှော်လင့်တယ်ဆိုတဲ့ အကြောင်းသွားပြောလာခဲ့တာလေ။

ကံကောင်းတာက ချောင်လန့်အဆင့်တွေကလဲ အရမ်းကောင်းနေတာပဲ။ မဟုတ်လို့ကတော့ ကိုင်တွယ်ဖို့ နည်းနည်းခက်နေတော့မှာလေ။

တစ်ကယ်တော့ ထန်းမော့က နွေရာသီပိတ်ရက်ကို မကြိုက်ဘူး။ အခုသူ့မှာ ချောင်လန့်ဖုန်းနံပါတ်ရှိတယ်၊ ပြီးတော့ ချောင်လန်ကလဲ သူမအချိန်ရလို့ရှိရင် သူ့ဆီလာပြီး အပြင်ထွက်စားဖို့လာခေါ်မယ်လို့လဲ ပြောထားတယ်ဆိုပေမဲ့ သူမက ဘယ်တုန်းကမှ အချိန်ကို တိတိကျကျမပြောခဲ့ဘူးလေ။ ဒါပေမဲ့ အချိန်တိတိကျကျပြောထားခဲ့တယ်ဆိုရင်လဲ နွေရာသီကျောင်းပိတ်ရက်အတွင်းမှာ သူတို့တွေ့လို့ရမဲ့ အချိန်တွေက သူတို့ကျောင်းမှာ နာရီပေါင်းများစွာ တူတူနေခဲ့တဲ့ အချိန်တွေကိုတော့ ယှဥ်လို့မရဘူးပေါ့။

နွေရာသီကျောင်းပိတ်ရက်ကလဲ အရမ်းရှည်လွန်းတယ်။ အားလပ်ရက်က ၂လ နီးပါးကြီးတောင်မှလေ။ တစ်ယောက်နဲ့တစ်ယောက် ၁ခါ ၂ခါလောက်ပဲ တွေ့လို့ရမှာက အရမ်း သနားစရာကောင်းနေတယ်။

နွေရာသီကျောင်းပိတ်ရက်က ဘာလို့ အရမ်းရှည်ရတာလဲ။ ဆောင်းရာသီကျောင်းပိတ်ရက်လိုမျိုး နည်းနည်းလောက်တိုလိုက်ရင် မရဘူးလား။

စာအုပ်စင်ကနေ စာအုပ်တစ်အုပ်ကို ထပ်ထုတ်လိုက်ပြီး သူ့ခေါင်းထဲက ရှုပ်ပွနေတဲ့ အတွေးတွေကို ရှင်းထုတ်လိုက်တယ်။ အချိန်ခဏလောက်တော့ သူ့ရွယ်တူတွေနားမလည်နိုင်တဲ့ သင်္ကေတတွေနဲ့ စာလုံးတွေပဲ သူ့ခေါင်းထဲမှာ ကျန်နေတော့တယ်။

ထန်းမော့က တစ်ခုခုကို စိတ်နှစ်လိုက်ပြီဆိုတာနဲ့ သူ့ကိုနှောင့်ယှက်ဖို့ဆိုတာ နည်းနည်းခက်တယ်။ သူဖတ်ချင်တဲ့ ခေါင်းစဥ်တွေအားလုံးဖတ်ပြီးသွားတော့ သူနည်းနည်း ရေဆာလာတယ်။ အဲ့တာကြောင့် သူအခန်းတံခါးကိုဖွင့်လိုက်ပြီး မီးဖိုချောင်ထဲမှာ ရေသွားသောက်ဖို့လုပ်လိုက်တယ်။

အဲ့မှာ သူ့အိမ်ထဲမှာ တစ်စုံတစ်ယောက်ကို တွေ့လိုက်ရတော့ သူအကြာကြီး ကြောင်သွားတယ်။

ချောင်လန်က စားပွဲရှေ့က ဆိုဖာပေါ်မှာ ထိုင်နေပြီး သူမလက်ထဲမှာ စာအုပ်တစ်အုပ်ကို ကိုင်ထားတယ်။ အဲ့စာအုပ်က ထန်းမော့ ချောင်လန့်ကို ပေးထားခဲ့တဲ့ ကမ္ဘာ့သမိုင်းစာအုပ်ကြီးပဲ။ ဦးလေးချန်နဲ့ ချောင်လန်တို့ အိမ်ကိုရောက်လာတော့ ထန်းမော့အခန်းထဲက ဘာအသံမှ မကြားခဲ့ရဘူး။ ထန်းမော့က စာဖတ်နေတာနေမှာလို့ ဦးလေးချန်က သူမကို ရှင်းပြလိုက်တယ်။ အဲ့တာကြောင့် ချောင်လန်ကလဲ သူ့ကို အနှောင့်အယှက်မဖြစ်အောင်လို့ အထဲမဝင်တော့တာလေ။

ကြောင်ပြီး တွေတွေကြီးဖြစ်နေတဲ့ ထန်းမော့ကို ပြုံးပြီးကြည့်လိုက်ကာ ချောင်လန်က စားပွဲပေါ်က လိမ္မော်သီးစိတ်လေးတွေကို ညွှန်ပြလိုက်တယ်။ " စာဖတ်ပြီးသွားပြီဆိုရင် နင် အနားယူပြီး တစ်ခုခုစားချင်လား။ "

ထန်းမော့က အဲ့အချိန်ထိ ဘာမှမတုံ့ပြန်သေးဘူး။ ဦးလေးချန် အခန်းထဲက ထွက်လာပြီး ထန်းမော့ကို အတိုချုံးမရှင်းပြခင်အထိပေါ့။ ဦးလေးချန်ပြောတာကိုနားထောင်ပြီးသွားတော့ ထန်းမော့က ချောင့်လန့်ဘက်ကိုလှည့်လိုက်ပြီး ပြောလိုက်တယ်။ " ငါ့ကို မစောင့်ရှောက်နဲ့ "

" ဟမ်? " ချောင်လန်က မော့ကြည့်လိုက်တယ်။

" အန်တီချန်က ဒီမှာမရှိဘူး။ ဒီတိုင်း ဒီမှာပဲနေ။ "

သူမဒီမှာနေမယ်ဆိုရင် ရတယ်။ ဒါပေမဲ့ သူမက သူ့ကို စောင့်ရှောက်ပေးဖို့ရော တစ်ခုခုလုပ်ပေးဖို့ရော မလိုဘူး။ ချောင်လန် ဒီမှာရှိနေတာကိုက အရမ်းအရမ်းကောင်းနေနှင့်ပြီးသားလို့ ထန်းမော့က တွေးနေတယ်။

ဦးလေးချန်က ထန်းမော့ရဲ့ စိတ်ရင်းအမှန်နဲ့ဖြစ်နေတဲ့ ပုံစံကိုကြည့်ပြီး အချိန်အကြာကြီး ပျော်နေခဲ့တယ်။ သူသိသားပဲ ချောင်လန့်ကို အိမ်ထဲကိုခေါ်လာလိုက်ရင် သေချာပေါက်ကို အကျိုးထူးမှာပါလို့လေ။

ထန်းမော့က အစကတော့ ဝမ်းနည်းနေတယ်။ အဲ့တာပြီးတော့ ရုတ်တရက်ကြီး သူကြောင်သွားရတယ်။ အချိန်ခဏအတွင်းမှာပဲ ပြောင်းပြန်ဖြစ်သွားသလိုပဲ။ သူပျော်လာသလိုပဲ။ ဒါပေမဲ့ အဲ့တာပြီးတော့လဲ သူထိန်းချုပ်လို့မရတဲ့ တင်းအားတစ်ခုက ရှိနေတယ်။ သူက အခုအချိန်ထိ မျက်နှာသေကြီးနဲ့ ဖြစ်နေသေးတယ်ဆိုပေမဲ့ ချောင်လန်က ထန်းမော့စိတ်လှုပ်ရှားလာရင် လုပ်တက်တဲ့ စက်ဝိုင်းတွေဆွဲနေတာကို မြင်သွားတယ်။

ညစာက ထန်းမော့ရဲ့အချိန်ပြည့် အာဟာရပညာရှင်က လုပ်ပေးတာဖြစ်တယ်။ ပြီးတော့ တိကျတဲ့အချိန်မှာပဲ လာပို့ပေးတယ်။ ပုံမန်ဆိုရင်တော့ အန်တီချန်က အစားအသောက်plan အတိုင်း သူမဘာသာပဲ ချက်လိုက်တာ။ ဒါပေမဲ့ အန်တီချန်က မရှိဘူးဆိုတော့ အာဟာရပညာရှင်က ကိုယ်တိုင်လာရတာပေါ့။

ချောင်လန်က အလုပ်မျိုးစုံကိုလုပ်နေကျ၊ အဲ့တာကြောင့် သူမရဲ့ဘဝအတွေ့အကြုံတွေက အတော်လေးကြွယ်ဝတယ်လို့ ပြောပေမဲ့ သူမက ကလေးဘဝကထဲက မိသားစုမရှိဘူးလေ။ အဲ့တာကြောင့်သူမက ဟင်းမချက်တက်ဘူး။

သူမ လုပ်တက်တာဆိုလို့ အချိုပွဲတွေနဲ့ ကော်ဖီပဲ ဘယ်လိုလုပ်ရမလဲဆိုတာ သိတာ။ ဘာပဲပြောပြော သူမက ကော်ဖီဆိုင်တွေမှာ အချိန်အတော်ကြာ အလုပ်လုပ်ခဲ့တာလေ။ အဲ့အချိန်တုန်းက သူမ တက္ကသိုလ်တက်နေတဲ့အချိန်ပေါ့။ သူမသွားတဲ့ ကော်ဖီဆိုင်က ကျောင်းနဲ့လဲ သိပ်မဝေးဘူး။ ဆိုင်က သေးတယ်ဆိုပေမဲ့ အတော်လေးထူးခြားတယ်။ ဆိုင်ပိုင်ရှင်က ချောင်လန့်ရဲ့ စီနီယာအစ်မလေ။ သူမက အားတဲ့အချိန်တွေမှာ ချောင်လန့်ကို အချိုပွဲလုပ်နည်းတွေ သင်ပေးခဲ့တယ်။

ချောင်လန် မီးဖိုချောင်ကို လှည့်ပတ်ကြည့်လိုက်တယ်။ အန်တီချန်က ဟင်းချက်ရတာ ကြိုက်တဲ့လူတစ်ယောက်ပဲ ဖြစ်ရမယ်။ မီးဖိုချောင်ထဲမှာ ပစ္စည်းကိရိယာ အစုံရှိတယ်။ ရေခဲသေတ္တာထဲမှာလဲ နေ့တိုင်းနေ့တိုင်း လာပို့ပေးတဲ့ လက်ဆတ်တဲ့ ဟင်းချက်စရာပစ္စည်းတွေ အမျိုးစုံ ရှိတယ်။

ဒါကို ကြည့်လိုက်ပြီး ချောင်လန် စိတ်လှုပ်ရှားသွားတယ်။

ထန်းမော့က အချိုတွေကို အရမ်းကြိုက်တယ်။ ဒီအကြောင်းကို ချောင်လန်က ထန်းမော့နဲ့ ၂လလောက် တူတူထိုင်ပြီးတော့မှ ရှာတွေ့ခဲ့တာ။

အေးစက်တယ်လို့ ထင်ရတဲ့ ကောင်လေးက တစ်ကယ်တော့ အချိုကြိုက်တာပဲ။ ကွာခြားချက်က အရမ်းကို ပြောင်းပြန်ပဲ။ ဒါပေမဲ့ အတော်လေးလဲ ချစ်စရာကောင်းတယ်။

ချောင်လန်က ဖုန်းထုတ်လိုက်ပြီး သူမမှတ်ဥာဏ်ကို သုံးကာ သူမအရင်ကလုပ်ခဲ့ဖူးတဲ့ အချိုပွဲတစ်ချို့ကို ရှာလိုက်တယ်။ သူမ မုန့်မလုပ်တာ အတော်ကြာနေပြီလေ။ သူမ သိပ်မမှတ်မိတော့ဘူး။ ရှာပြီးသွားတော့ လုပ်ဖို့အတွက် ကောင်းတဲ့အချိုပွဲတစ်ခုကို တွေ့သွားတော့ သူမအဲ့တာကို save ထားလိုက်တယ်။

အခွင့်အရေးရရင် သူမလုပ်ကြည့်မယ်လို့ တွေးထားတာ။

ဒါပေမဲ့ အခွင့်အရေးက ဒီလောက်မြန်မြန်ရောက်လာလိမ့်မယ်လို့ သူမ မထင်ထားခဲ့ဘူး။

Zawgyi
သူမ ဦးေလးခ်န္ကိုသိလာတာ ႏွစ္ဝက္ေက်ာ္လာၿပီ။ ေခ်ာင္လန္က ဦးေလးခ်န္နဲ႔ အရမ္းလဲ ရင္းနီးတယ္။ ၿပီးေတာ့ သူ႔ကိုလဲ အရမ္းေက်းဇူးတင္တယ္။ သာေၾကာင္းမာေၾကာင္း စကားနည္းနည္းေလာက္ေျပာၿပီးေတာ့ ေခ်ာင္လန္က ဦးေလးခ်န္ကို ဘာကိစၥရွိလို႔လဲလို႔ ေမးလိုက္တယ္။ ဦးေလးခ်န္က မ်က္ေမွာင္က်ဳံ႕လိုက္ၿပီး အၾကာႀကီးစဥ္းစားေနတယ္။ ၿပီးေတာ့မွ ရွက္ရွက္နဲ႔ ေျပာလိုက္တယ္။

" ကိစၥေသးေသးေလးတစ္ခုေတာ့ ရွိတယ္။ "

အန္တီခ်န္႔မိသားစုမွာ ျပသနာေလးတစ္ခုျဖစ္လို႔ အဲ့တာေၾကာင့္ သူမက သူမမိဘအိမ္ကို ျပန္သြားရမွာလို႔ ဦးေလးခ်န္ကေျပာတယ္။ သူမက ဘယ္အခ်ိန္ျပန္လာမလဲဆိုတာ သူမသိဘူး။ ဦးေလးခ်န္က ထန္းေမာ့ကို ျပဳစုဂ႐ုစိုက္ဖို႔အတြက္ လူတစ္ေယာက္ေလာက္ ရွာခ်င္တာ။ ဒါေပမဲ့ ထန္းေမာ့က အျပင္လူေတြကိုဆိုရင္ အရမ္းမႀကိဳက္ဘူးေလ။ အဲ့တာေၾကာင့္ ဒီကိစၥေလးက ကိုင္တြယ္ဖို႔ အရမ္းခက္ခဲေနတာေပါ့။

အဲ့တာနဲ႔ သူက ေခ်ာင္လန္႔ကို ေတြးမိသြားတယ္။

" လန္လန္ သမီးနဲ႔ သခင္ေလးတို႔က သူငယ္ခ်င္းေတြလဲ ျဖစ္တယ္။ အတန္းေဖာ္ေတြလဲ ျဖစ္တယ္ေလ။ ဒီလိုအကူအညီေတာင္းရတာ နည္းနည္း ေနရခက္မယ္ဆိုတာေတာ့ ဦးေလးသိပါတယ္။ ဒါေပမဲ့ ဦးေလးတို႔လင္မယားအျပင္ သူက သမီးတစ္ေယာက္ထဲကိုပဲ စကားေျပာႏိုင္တာေလ။ "

ေခ်ာင္လန္က သေဘာမတူခ်င္ဘူး။

သေဘာမတူရတဲ့ အဓိကအေၾကာင္းရင္းကေတာ့ ဦးေလးခ်န္နဲ႔ ထန္းေမာ့တို႔က သူမကသြားစရာေနရာမရွိဘူး၊ သူမကို ဂ႐ုစိုက္ေပးမဲ့လူတစ္ေယာက္မွ မရွိဘူးလို႔ ထင္ေနၾကလို႔ ဒီလိုလုပ္ဖို႔ ေတြးမိတာ ျဖစ္မွာကို သူမေၾကာက္ေနလို႔ပဲ။

ဘာပဲေျပာေျပာ ထန္းေမာ့က စာေမးပြဲမွာ တမင္သက္သက္ အေျဖလႊာဗလာႀကီးေတာင္အပ္ၿပီး သူမကို scholarship ရေအာင္ လုပ္ေပးခဲ့တာေလ။ ဒီအပိုင္းမွာေတာ့ ဦးေလးခ်န္က ထန္းေမာ့ထက္ အမ်ားႀကီးပိုေတာ္တယ္။ အခ်ိန္ခဏေလာက္ေတာ့ ဦးေလးခ်န္ကေျပာေနတာေတြက တစ္ကယ္လား လိမ္ေနတာလားဆိုတာ ေခ်ာင္လန္တစ္ကယ္ မသိေတာ့ဘူး။

ေခ်ာင္လန္ရဲ႕ တုံ႔ဆိုင္းမႈကို အခြင့္ေကာင္းယူၿပီး ဦးေလးခ်န္က ဆက္ေျပာလိုက္တယ္။ " သခင္ေလးရဲ႕ ေန႔စဥ္လုပ္ငန္းေဆာင္တာေတြက ဦးေလးတာဝန္ပါ။ ၿပီးေတာ့ အာဟာရပညာရွင္ကလဲ ေန႔တိုင္းေန႔တိုင္း သူစားတာမွန္သမွ်ကို ယူလာေပးမွာပါ။ ေလးေလးပင္ပင္လုပ္ရတဲ့ အလုပ္လဲ မရွိဘူး။ ၿပီးေတာ့ အရမ္းလဲ ပင္ပန္းမွာ မဟုတ္ဘူး။ ၿပီးေတာ့ လစာကိုလဲ စိတ္မပူပါနဲ႔။ ဦးေလးတို႔က သမီးကို........ "

" မဟုတ္ပါဘူး မဟုတ္ပါဘူး။ " ေခ်ာင္လန္က အျမန္ေျပာလိုက္ရတယ္။ " သမီးက ဒါကိုစိတ္ထဲမထားပါဘူး။ " ေျပာၿပီးသြားေတာ့ သူမရပ္လိုက္တယ္။ ဘာဆက္ေျပာရမလဲဆိုတာ တုံ႔ဆိုင္းေနတယ္။ ဒါေပမဲ့ ေနာက္ဆုံးေတာ့ အမွန္ကိုပဲ ေျပာလိုက္တယ္။ " ဦးေလးခ်န္က ဦးေလးက ဒီကို အထူးတလည္လာေျပာတာက သမီးကို ကူညီေပးခ်င္လို႔လားလို႔ သမီးက ေတြးေနမိလို႔ပါ။ "

ဦးေလးခ်န္က ၿပဳံးလိုက္တယ္။ " ဦးေလးက သမီးကို ကူညီေပးခ်င္လို႔လာတာလဲ ဟုတ္တယ္။ ဒါေပမဲ့ ဦးေလးမိန္းမက အိမ္ျပန္ဖို႔လိုေနတာကလဲ အမွန္ပဲ။ ၿပီးေတာ့ သခင္ေလးကလဲ သူ႔ကိုေစာင့္ေရွာက္ေပးမဲ့လူတစ္ေယာက္လိုေနတာေလ။ " အဲ့တာေျပာၿပီးေတာ့ သူကထပ္ေပါင္းေျပာလိုက္တယ္။ " သခင္ေလးက သမီးကို ေတြ႕ခ်င္ေနတာလဲ အမွန္ပဲ။ "

ထန္းေမာ့က အခုတေလာ သူမကိုအရမ္းမွီခိုလြန္းေနတာမွန္း ေခ်ာင္လန္သိတယ္။ ဒါေပမဲ့ ဦးေလးခ်န္ရဲ႕ စကားေတြက နည္းနည္း ထူးဆန္းေနတယ္။ ဒါကလြဲလို႔ ေခ်ာင္လန္က သိပ္ၿပီး မေတြးမိဘူး။

ဦးေလးခ်န္က သူဒီလိုလုပ္တာက သူမကိုကူညီခ်င္တာလဲ တစ္ပိုင္းပါတယ္ လို႔ ပြင့္ပြင့္လင္းလင္း ဝန္ခံခဲ့တယ္။ ဒါေပမဲ့ သူကလဲ ေခ်ာင္လန္႔အကူအညီကို တစ္ကယ္လိုအပ္ေနတယ္ေလ။ အဲ့တာေၾကာင့္ ေခ်ာင္လန္က စိတ္ေျပာင္းသြားခဲ့တယ္။

ေခ်ာင္လန္က အေပၚထပ္ကို တက္သြားၿပီး သူမပစၥည္းေတြကို ထုပ္ပိုးလိုက္တယ္။ ၿပီးေတာ့ သက္ျပင္းခ်လိုက္တယ္။ အစားအေသာက္နဲ႔ ေနထိုင္စရာေနရာအျပင္ စားေကာင္းေသာက္ေကာင္းေတြနဲ႔ ေကာင္းတဲ့ေနရာမွာ ေနရမွာပဲကို ဘာလို႔မသြားရမွာလဲ။

အား. ငါက အရမ္းလက္ေတြ႕ဆန္တာပဲ။

ေခ်ာင္လန္႔မွာက ပစၥည္းအမ်ားႀကီးမရွ္ဘူး။ သူမက အဝတ္အစားတစ္ခ်ိဳ႕နဲ႔ စာအုပ္တစ္ခ်ိဳ႕ကို ယူလာၿပီး ေအာက္ကိုဆင္းလာခဲ့တယ္။ ကားစက္ႏႈိးဖို႔ကို ေစာင့္ရင္း သူမက ဦးေလးခ်န္နဲ႔ အလာပသလာပ အေၾကာင္းေတြေျပာေနခဲ့တယ္။

ထန္းေမာ့ရွိေနတဲ့အခ်ိန္ဆိုရင္ ဦးေလးခ်န္ေျပာလို႔မရတဲ့ အေၾကာင္းအရာေတြအမ်ားႀကီးရွိတယ္။ ဒါေပမဲ့ အခု ထန္းေမာ့က မရွိဘူးဆိုေတာ့ ဦးေလးခ်န္ကို တားဖို႔ ဘာမွမရွိေတာ့ဘူးေလ။ အဲ့တာေၾကာင့္ သူက သူမမိသားစု အေျခအေနနဲ႔ ပတ္သက္ၿပီး ေမးလိုက္တယ္။

တစ္ကယ္လို႔ သူမအိမ္မျပန္ဘူးဆိုရင္ သူမမိဘေတြက စိုးရိမ္ေနမွာလားလို႔ ဦးေလးခ်န္က သူမကိုေမးတယ္။ ေခ်ာင္လန္က ဒီအေၾကာင္းကို ဖုံးကြယ္ထားစရာမလိုဘူးေလ။ အျပင္လူတစ္ေယာက္ရဲ႕ ရႈေထာင့္ကေန သူမက ေခ်ာင္မိသားစုက လူေတြအေၾကာင္းကို ေျပာျပခဲ့တယ္။ သူမက အရမ္းစိတ္ခိုင္တာပဲလို႔ ေခ်ာင္လန္ခံစားေနရတယ္။

မ်က္ႏွာထားသိပ္မရွိတဲ့ ေကာင္မေလးကို ဦးေလးခ်န္က ေနာက္ၾကည့္မွန္ကေန လမ္းၾကည့္ေနခဲ့တယ္။ ၿပီးေတာ့ ဒီကေလးမေလးက သူမအ႐ြယ္ကေလးေတြနဲ႔ ယွဥ္ရင္ အမ်ားႀကီးပိုရင့္က်က္တာပဲလို႔ ေတြးေနမိတယ္။

ထန္းေမာ့က သူ႔ရဲ႕ Asperger ေရာဂါေၾကာင့္ သူနဲ႔႐ြယ္တူေတြနဲ႔ ေျပာဆိုဆက္ဆံတဲ့ အခါမွာ အၿမဲအခက္ေတြ႕ရတယ္။ အစတုန္းက ဦးေလးခ်န္ေတြးခဲ့တာက တစ္ကယ္လို႔ တစ္ေန႔ေန႔မွာ ထန္းေမာ့မွာ ရင္းနီးတဲ့ သူငယ္ခ်င္းတစ္ေယာက္ေလာက္ရွိလာမယ္ဆိုရင္ အဲ့သူငယ္ခ်င္းက ထန္းေမာ့ထက္ နည္းနည္းပိုအသက္ႀကီးေလာက္မယ္လို႔ေပါ့။ ဒါေပမဲ့ တစ္ကယ္လို႔ သူ ဒါမွမဟုတ္ သူမက ထန္းေမာ့နဲ႔ ႐ြယ္တူဆိုရင္လဲ အဲ့လူက သူနဲ႔႐ြယ္တူေတြထက္ ပိုရင့္က်က္လိမ့္မယ္။ ဘာလို႔လဲဆိုေတာ့ ထန္းေမာ့ရဲ႕ စိတ္ကိုသည္းခံႏိုင္ဖို႔က သူက အမ်ားႀကီး စိတ္ရွည္ရမွာ မလို႔ေလ။ အဲ့တာက ထန္းေမာ့ရဲ႕ မထုံတက္ေထး အျပဳအမူေတြကို ေက်ာ္လြားေစႏိုင္ၿပီး သူ႔ကို တစ္ျဖည္းျဖည္းနားလည္လာေစမွာေလ။

ဦးေလးခ်န္က လြန္ခဲ့တဲ့ ႏွစ္အနညးငယ္ကထဲက မထုံတက္ေထး အျပဳအမူေတြကေနစၿပီး အရင္ႏွစ္တုန္းကျဖစ္သြားတဲ့ကိစၥေၾကာင့္ စိတ္ဓာတ္ပ်က္ျပားသြားတာထိ ထန္းေမာ့ႀကီးျပင္းလာတာကို ေစာင့္ၾကည့္လာခဲ့တာ။ အခုလို သူ နည္းနည္း နည္းနည္းခ်င္းစီ စေျပာင္းလဲလာတာ အထိေပါ့။ ဒီလိုတိုးတက္လာမႈကို ေတြ႕လိုက္ရေတာ့ ဦးေလးခ်န္နလုံးသားထဲမွာ ခံစားရတဲ့ ေပ်ာ္႐ႊင္မႈသက္သက္ကို ဘယ္သူမွ သိၾကမွာ မဟုတ္ဘူး။ နားလည္ၾကမွာလဲ မဟုတ္ဘူး။

ထန္းေမာ့က အခုအခ်ိန္ထိ မ်က္ႏွာေသႀကီးနဲ႔ ျဖစ္ေနတုန္းဆိုေပမဲ့ သူကတေျဖးေျဖးနဲ႔ လူေတြကို ဘယ္လိုအရင္စၿပီး စကားေျပာရမယ္၊ ဘယ္လိုဂ႐ုစိုက္ရမယ္ဆိုတာကို သင္ယူလာေနၿပီ။ သူက ပိုမ်ားတဲ့စိတ္ခံစားခ်က္ေတြကိုလဲ နားလည္လာၿပီ။ ေပ်ာ္႐ႊင္မႈ၊ ေဒါသ၊ စိတ္ပ်က္အားငယ္မႈ၊ ၿပီးေတာ့ ခံျပင္းတာကိုေတာင္မွေပါ့။ သူ႔ရဲ႕နံရံေတြက နည္းနည္း နည္းနည္းခ်င္းစီ က်လာေနတယ္။

ေကာင္ေလးက အၿမဲတမ္း အျဖဴနဲ႔ အမဲဆိုတဲ့ ကမာၻထဲမွာပဲ ရွိေနခဲ့တာ။ ဒါေပမဲ့ ေျဖးေျဖးခ်င္းစီ တစ္ျခားအေရာင္အသစ္ေတြကို ထည့္ေပးေနတယ္။ ဒီဟာကေႏွးေပမဲ့ ဒါကသူ႔ကိုအရမ္းအရမ္းကို အံ့အားသင့္ေစေနပါၿပီ။

ဒီလိုလူတစ္ေယာက္ကိုေတြ႕ဖို႔ဆိုတာက ထန္းေမာ့အတြက္ ဘယ္ေလာက္ခက္ခဲမွန္း ဦးေလးခ်န္က သိတယ္။ အဲ့တာေၾကာင့္ ဦးေလးခ်န္က ရသမွ် အခြင့္အေရးတိုင္းကို အသုံးခ်ၿပီး ေခ်ာင္လန္နဲ႔ ထန္းေမာ့တို႔ကို ရင္းႏီွးေအာင္လုပ္ေပးတယ္။ ဥပမာ ဒီေန႔လို အကူအညီေတာင္းတာမ်ိဳးေပါ့။ ဥပမာ ဒီေန႔ေက်ာင္းကိုသြားၿပီး သူလုပ္ခဲ့တာမ်ိဳးေပါ့။ သူ႔က ေက်ာင္းအုပ္႐ုံးခန္းကိုသြားၿပီး ေနာက္ႏွစ္က်ရင္ ေခ်ာင္လန္နဲ႔ ထန္းေမာ့နဲ႔ကို တစ္ခန္းထဲတူတူထားေပးဖို႔ ေမွ်ာ္လင့္တယ္ဆိုတဲ့ အေၾကာင္းသြားေျပာလာခဲ့တာေလ။

ကံေကာင္းတာက ေခ်ာင္လန္႔အဆင့္ေတြကလဲ အရမ္းေကာင္းေနတာပဲ။ မဟုတ္လို႔ကေတာ့ ကိုင္တြယ္ဖို႔ နည္းနည္းခက္ေနေတာ့မွာေလ။

တစ္ကယ္ေတာ့ ထန္းေမာ့က ေႏြရာသီပိတ္ရက္ကို မႀကိဳက္ဘူး။ အခုသူ႔မွာ ေခ်ာင္လန္႔ဖုန္းနံပါတ္ရွိတယ္၊ ၿပီးေတာ့ ေခ်ာင္လန္ကလဲ သူမအခ်ိန္ရလို႔ရွိရင္ သူ႔ဆီလာၿပီး အျပင္ထြက္စားဖို႔လာေခၚမယ္လို႔လဲ ေျပာထားတယ္ဆိုေပမဲ့ သူမက ဘယ္တုန္းကမွ အခ်ိန္ကို တိတိက်က်မေျပာခဲ့ဘူးေလ။ ဒါေပမဲ့ အခ်ိန္တိတိက်က်ေျပာထားခဲ့တယ္ဆိုရင္လဲ ေႏြရာသီေက်ာင္းပိတ္ရက္အတြင္းမွာ သူတို႔ေတြ႕လို႔ရမဲ့ အခ်ိန္ေတြက သူတို႔ေက်ာင္းမွာ နာရီေပါင္းမ်ားစြာ တူတူေနခဲ့တဲ့ အခ်ိန္ေတြကိုေတာ့ ယွဥ္လို႔မရဘူးေပါ့။

ေႏြရာသီေက်ာင္းပိတ္ရက္ကလဲ အရမ္းရွည္လြန္းတယ္။ အားလပ္ရက္က ၂လ နီးပါးႀကီးေတာင္မွေလ။ တစ္ေယာက္နဲ႔တစ္ေယာက္ ၁ခါ ၂ခါေလာက္ပဲ ေတြ႕လို႔ရမွာက အရမ္း သနားစရာေကာင္းေနတယ္။

ေႏြရာသီေက်ာင္းပိတ္ရက္က ဘာလို႔ အရမ္းရွည္ရတာလဲ။ ေဆာင္းရာသီေက်ာင္းပိတ္ရက္လိုမ်ိဳး နည္းနည္းေလာက္တိုလိုက္ရင္ မရဘူးလား။

စာအုပ္စင္ကေန စာအုပ္တစ္အုပ္ကို ထပ္ထုတ္လိုက္ၿပီး သူ႔ေခါင္းထဲက ရႈပ္ပြေနတဲ့ အေတြးေတြကို ရွင္းထုတ္လိုက္တယ္။ အခ်ိန္ခဏေလာက္ေတာ့ သူ႔႐ြယ္တူေတြနားမလည္ႏိုင္တဲ့ သေကၤတေတြနဲ႔ စာလုံးေတြပဲ သူ႔ေခါင္းထဲမွာ က်န္ေနေတာ့တယ္။

ထန္းေမာ့က တစ္ခုခုကို စိတ္ႏွစ္လိုက္ၿပီဆိုတာနဲ႔ သူ႔ကိုေႏွာင့္ယွက္ဖို႔ဆိုတာ နည္းနည္းခက္တယ္။ သူဖတ္ခ်င္တဲ့ ေခါင္းစဥ္ေတြအားလုံးဖတ္ၿပီးသြားေတာ့ သူနည္းနည္း ေရဆာလာတယ္။ အဲ့တာေၾကာင့္ သူအခန္းတံခါးကိုဖြင့္လိုက္ၿပီး မီးဖိုေခ်ာင္ထဲမွာ ေရသြားေသာက္ဖို႔လုပ္လိုက္တယ္။

အဲ့မွာ သူ႔အိမ္ထဲမွာ တစ္စုံတစ္ေယာက္ကို ေတြ႕လိုက္ရေတာ့ သူအၾကာႀကီး ေၾကာင္သြားတယ္။

ေခ်ာင္လန္က စားပြဲေရွ႕က ဆိုဖာေပၚမွာ ထိုင္ေနၿပီး သူမလက္ထဲမွာ စာအုပ္တစ္အုပ္ကို ကိုင္ထားတယ္။ အဲ့စာအုပ္က ထန္းေမာ့ ေခ်ာင္လန္႔ကို ေပးထားခဲ့တဲ့ ကမာၻ႔သမိုင္းစာအုပ္ႀကီးပဲ။ ဦးေလးခ်န္နဲ႔ ေခ်ာင္လန္တို႔ အိမ္ကိုေရာက္လာေတာ့ ထန္းေမာ့အခန္းထဲက ဘာအသံမွ မၾကားခဲ့ရဘူး။ ထန္းေမာ့က စာဖတ္ေနတာေနမွာလို႔ ဦးေလးခ်န္က သူမကို ရွင္းျပလိုက္တယ္။ အဲ့တာေၾကာင့္ ေခ်ာင္လန္ကလဲ သူ႔ကို အေႏွာင့္အယွက္မျဖစ္ေအာင္လို႔ အထဲမဝင္ေတာ့တာေလ။

ေၾကာင္ၿပီး ေတြေတြႀကီးျဖစ္ေနတဲ့ ထန္းေမာ့ကို ၿပဳံးၿပီးၾကည့္လိုက္ကာ ေခ်ာင္လန္က စားပြဲေပၚက လိေမၼာ္သီးစိတ္ေလးေတြကို ၫႊန္ျပလိုက္တယ္။ " စာဖတ္ၿပီးသြားၿပီဆိုရင္ နင္ အနားယူၿပီး တစ္ခုခုစားခ်င္လား။ "

ထန္းေမာ့က အဲ့အခ်ိန္ထိ ဘာမွမတုံ႔ျပန္ေသးဘူး။ ဦးေလးခ်န္ အခန္းထဲက ထြက္လာၿပီး ထန္းေမာ့ကို အတိုခ်ဳံးမရွင္းျပခင္အထိေပါ့။ ဦးေလးခ်န္ေျပာတာကိုနားေထာင္ၿပီးသြားေတာ့ ထန္းေမာ့က ေခ်ာင့္လန္႔ဘက္ကိုလွည့္လိုက္ၿပီး ေျပာလိုက္တယ္။ " ငါ့ကို မေစာင့္ေရွာက္နဲ႔ "

" ဟမ္? " ေခ်ာင္လန္က ေမာ့ၾကည့္လိုက္တယ္။

" အန္တီခ်န္က ဒီမွာမရွိဘူး။ ဒီတိုင္း ဒီမွာပဲေန။ "

သူမဒီမွာေနမယ္ဆိုရင္ ရတယ္။ ဒါေပမဲ့ သူမက သူ႔ကို ေစာင့္ေရွာက္ေပးဖို႔ေရာ တစ္ခုခုလုပ္ေပးဖို႔ေရာ မလိုဘူး။ ေခ်ာင္လန္ ဒီမွာရွိေနတာကိုက အရမ္းအရမ္းေကာင္းေနႏွင့္ၿပီးသားလို႔ ထန္းေမာ့က ေတြးေနတယ္။

ဦးေလးခ်န္က ထန္းေမာ့ရဲ႕ စိတ္ရင္းအမွန္နဲ႔ျဖစ္ေနတဲ့ ပုံစံကိုၾကည့္ၿပီး အခ်ိန္အၾကာႀကီး ေပ်ာ္ေနခဲ့တယ္။ သူသိသားပဲ ေခ်ာင္လန္႔ကို အိမ္ထဲကိုေခၚလာလိုက္ရင္ ေသခ်ာေပါက္ကို အက်ိဳးထူးမွာပါလို႔ေလ။

ထန္းေမာ့က အစကေတာ့ ဝမ္းနည္းေနတယ။ အဲ့တာၿပီးေတာ့ ႐ုတ္တရက္ႀကီး သူေၾကာင္သြားရတယ္။ အခ်ိန္ခဏအတြင္းမွာပဲ ေျပာင္းျပန္ျဖစ္သြားသလိုပဲ။ သူေပ်ာ္လာသလိုပဲ။ ဒါေပမဲ့ အဲ့တာၿပီးေတာ့လဲ သူထိန္းခ်ဳပ္လို႔မရတဲ့ တင္းအားတစ္ခုက ရွိေနတယ္။ သူက အခုအခ်ိန္ထိ မ်က္ႏွာေသႀကီးနဲ႔ ျဖစ္ေနေသးတယ္ဆိုေပမဲ့ ေခ်ာင္လန္က ထန္းေမာ့စိတ္လႈပ္ရွားလာရင္ လုပ္တက္တဲ့ စက္ဝိုင္းေတြဆြဲေနတာကို ျမင္သြားတယ္။

ညစာက ထန္းေမာ့ရဲ႕အခ်ိန္ျပည့္ အာဟာရပညာရွင္က လုပ္ေပးတာျဖစ္တယ္။ ၿပီးေတာ့ တိက်တဲ့အခ်ိန္မွာပဲ လာပို႔ေပးတယ္။ ပုံမန္ဆိုရင္ေတာ့ အန္တီခ်န္က အစားအေသာက္plan အတိုင္း သူမဘာသာပဲ ခ်က္လိုက္တာ။ ဒါေပမဲ့ အန္တီခ်န္က မရွိဘူးဆိုေတာ့ အာဟာရပညာရွင္က ကိုယ္တိုင္လာရတာေပါ့။

ေခ်ာင္လန္က အလုပ္မ်ိဳးစုံကိုလုပ္ေနက်၊ အဲ့တာေၾကာင့္ သူမရဲ႕ဘဝအေတြ႕အႀကဳံေတြက အေတာ္ေလးႂကြယ္ဝတယ္လို႔ ေျပာေပမဲ့ သူမက ကေလးဘဝကထဲက မိသားစုမရွိဘူးေလ။ အဲ့တာေၾကာင့္သူမက ဟင္းမခ်က္တက္ဘူး။

သူမ လုပ္တက္တာဆိုလို႔ အခ်ိဳပြဲေတြနဲ႔ ေကာ္ဖီပဲ ဘယ္လိုလုပ္ရမလဲဆိုတာ သိတာ။ ဘာပဲေျပာေျပာ သူမက ေကာ္ဖီဆိုင္ေတြမွာ အခ်ိန္အေတာ္ၾကာ အလုပ္လုပ္ခဲ့တာေလ။ အဲ့အခ်ိန္တုန္းက သူမ တကၠသိုလ္တက္ေနတဲ့အခ်ိန္ေပါ့။ သူမသြားတဲ့ ေကာ္ဖီဆိုင္က ေက်ာင္းနဲ႔လဲ သိပ္မေဝးဘူး။ ဆိုင္က ေသးတယ္ဆိုေပမဲ့ အေတာ္ေလးထူးျခားတယ္။ ဆိုင္ပိုင္ရွင္က ေခ်ာင္လန္႔ရဲ႕ စီနီယာအစ္မေလ။ သူမက အားတဲ့အခ်ိန္ေတြမွာ ေခ်ာင္လန္႔ကို အခ်ိဳပြဲလုပ္နည္းေတြ သင္ေပးခဲ့တယ္။

ေခ်ာင္လန္ မီးဖိုေခ်ာင္ကို လည့္ပတ္ၾကည့္လိုက္တယ္။ အန္တီခ်န္က ဟင္းခ်က္ရတာ ႀကိဳက္တဲ့လူတစ္ေယာက္ပဲ ျဖစ္ရမယ္။ မီးဖိုေခ်ာင္ထဲမွာ ပစၥည္းကိရိယာ အစုံရိတယ္။ ေရခဲေသတၱာထဲမွာလဲ ေန႔တိုင္းေန႔တိုင္း လာပို႔ေပးတဲ့ လက္ဆတ္တဲ့ ဟင္းခ်က္စရာပစၥည္းေတြ အမ်ိဳးစုံ ရွိတယ္။

ဒါကို ၾကည့္လိုက္ၿပီး ေခ်ာင္လန္ စိတ္လႈပ္ရွားသြားတယ္။

ထန္းေမာ့က အခ်ိဳေတြကို အရမ္းႀကိဳက္တယ္။ ဒီအေၾကာင္းကို ေခ်ာင္လန္က ထန္းေမာ့နဲ႔ ၂လေလာက္ တူတူထိုင္ၿပီးေတာ့မွ ရွာေတြ႕ခဲ့တာ။

ေအးစက္တယ္လို႔ ထင္ရတဲ့ ေကာင္ေလးက တစ္ကယ္ေတာ့ အခ်ိဳႀကိဳက္တာပဲ။ ကြာျခားခ်က္က အရမ္းကို ေျပာင္းျပန္ပဲ။ ဒါေပမဲ့ အေတာ္ေလးလဲ ခ်စ္စရာေကာင္းတယ္။

ေခ်ာင္လန္က ဖုန္းထုတ္လိုက္ၿပီး သူမမွတ္ဥာဏ္ကို သုံးကာ သူမအရင္ကလုပ္ခဲ့ဖူးတဲ့ အခ်ိဳပြဲတစ္ခ်ိဳ႕ကို ရွာလိုက္တယ္။ သူမ မုန္႔မလုပ္တာ အေတာ္ၾကာေနၿပီေလ။ သူမ သိပ္မမွတ္မိေတာ့ဘူး။ ရွာၿပီးသြားေတာ့ လုပ္ဖို႔အတြက္ ေကာင္းတဲ့အခ်ိဳပြဲတစ္ခုကို ေတြ႕သြားေတာ့ သူမအဲ့တာကို save ထားလိုက္တယ္။

အခြင့္အေရးရရင္ သူမလုပ္ၾကည့္မယ္လို႔ ေတြးထားတာ။

ဒါေပမဲ့ အခြင့္အေရးက ဒီေလာက္ျမန္ျမန္ေရာက္လာလိမ့္မယ္လို႔ သူမ မထင္ထားခဲ့ဘူး။

Continue Reading

You'll Also Like

37.8M 1.1M 68
Deadly assassins Allegra and Ace have been trying in vain to kill each other for years. With a mutual enemy threatening their mafias, they find thems...