ထိုမှစခဲ့သော အချစ်များစွာသည်
By Fiendyy
639K 69.2K 1K
Translation of ❛ The Long-awaited Mr. Han『韩先生,情谋已久』❜ written by the author As If Dawn『恍若晨曦』. Story Cover is n... More
INTRO
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
42
43
44
45
46
47
48
49
50
51
52
53
54
55
56
57
58
59
60
61
62
63
64
65
66
67
68
69
70 + Paid Group Details
71
72
73
74
75
76
77
78
79
80
81
82
83
84
85
86
87
88
89
90
91
92
93
94
95
96
97
98
99
100
101
102
103
104
105
106
107
108
109
110
111 ~ 113
114 ~ 115
116 ~ 120
121 ~ 125
126 ~ 130
131 ~ 135
136 ~ 140
141 ~ 145
146 ~ 150
151 ~ 155
156 ~ 160
161 ~ 165
166 ~ 170
171 ~ 175
176 ~ 180
181 ~ 185
186 ~ 190
191 + 192
193 + 194
195 + 196
197 + 198
199 + 200
201 + 202
203 + 204
205 + 206
207 + 208
209 + 210
41
6.3K 865 59
By Fiendyy
《Unicode》
အခန်း ၄၁ ) မြင်တာနဲ့ လွှတ်တိုးတော့တာပဲ ..
ဒီလောက်တောင် လွမ်းနေတာလား ?
“ ဆောရီး ”
ဝုန်းခနဲ ဒိုင်းခနဲ ဝင်ဆောင့်လိုက်တာကြောင့် လုမန် မိုက်ခနဲဖြစ်သွားကာ အနောက်ကို ဆုတ်လိုက်မိသည်။
ဘာလို့မှန်းမသိ ဒီရင်ဘတ်က ရင်းနှီးသလိုရှိသည်။ သင်းသင်းပျံ့ပျံ့လေးနဲ့ ကိုယ်သင်းနံ့ဟာလည်း ထူးထူးဆန်းဆန်း ကျွမ်းဝင်လို့နေ၏။
သို့ပေမယ့် ထိုအခိုက်မှာ တစ်ဖက်လူ ဘယ်လိုပုံစံရှိသလဲ လုမန် မကြည့်ချင်၊ ဓာတ်လှေကားထဲကိုဝင်ဖို့ နောက်ဆုတ်လိုက်ပေမယ့် တစ်ဖက်လူက သူမကို ရုတ်တရက် ပွေ့ဖက်လို့လာ၏။
သံမဏိပမာ လက်တံရှည်တွေနဲ့ သူမကို ရင်ခွင်တွင်း တင်းကျပ်စွာ ရစ်ပိုက်ထားကာ..
လူရမ်းကားနှင့်မှ ဝင်တိုက်မိမယ်လို့ မထင်ထားသဖြင့် လုမန် ရိုက်ဖို့ရွယ်လိုက်ချိန်မှာ ခေါင်းထက်က ကျွမ်းဝင်သောအသံတစ်ခုကို ကြားလိုက်ရ၏။
“ မြင်တာနဲ့ လွှတ်တိုးတော့တာပဲ ..
ဒီလောက်တောင် လွမ်းနေတာလား ? ”
ဒီအသံ!
ထိတ်လန့်ကြီးစွာနှင့် လုမန် မော့ကြည့်လိုက်မိ၏။ သူမဝင်တိုက်မိတာက ဟန်ကျိုးလီတဲ့လေ!!
မှင်တက်မိသွားသော လုမန်ကိုကြည့်ပြီး ဟန်ကျိုးလီက တိုးတိုးဖွဖွရယ်သည်။
ဒီမိန်းကလေး.. သူတို့ဆုံလိုက်တိုင်းမှာ မတူညီတဲ့ ပုံစံတစ်မျိုးကို တွေ့ရသည်။
အရင်တစ်ခေါက်က မြေခွေးမိစ္ဆာလို ဖမ်းရခက်ခက် မြှူဆွယ်​ဖြားယောင်းတတ်တဲ့ အသွင်နဲ့..
ခုတစ်ခေါက်ကျ ပေါတောတောနဲ့ ချစ်စရာကောင်းသည်။
ဟန်ကျိုးလီက ဓာတ်လှေကားထဲကထွက်လိုက်ပေမယ့် လက်တွေကတော့ သူမကို မလွှတ်တမ်းထွေးပိုက်ထားဆဲ..
ထို့ကြောင့် လုမန်မှာ မတတ်သာဘဲ သူ့အတိုင်းလိုက်လုပ်ရသည်။
ဟန်ကျိုးလီ ပွေ့ဖက်ထားတုန်း လုမန်ကို ငုံ့ကြည့်လိုက်စဥ် ရုန်းရင်းဆန်ခတ်သံတွေက သူ့နားထဲရောက်လာ၏။
လှမ်းကြည့်လိုက်တော့ လုချီယွမ်နှင့် ရှချင်းယန်က လူတချို့နှင့်အတူ ​အပြေးလာနေသည်။
တကယ်တော့ လုမန်ကို ခြိမ်းခြောက်ရအောင်ပြေးလာတာဆိုပေမယ့် ဟန်ကျိုးလီကိုမြင်ပြီး ရုတ်ခြည်း အရှိန်သေသွား၏။
“ သခင်လေးဟန်! ”
ရှေ့က ဟန်ကျိုးလီကိုကြည့်ပြီး လန့်ဖျပ်သွားသော လုချီယွမ်မှာ ဟန်ကျိုးလီရဲ့ရင်ခွင်ထဲမှာ ရောက်နေသော လုမန်ကြောင့် သွေးတက်သွားရ၏။
ဘာတွေဖြစ်နေတာလဲ.. ?
လုမန်နဲ့ဟန်ကျိုးလီက တကယ်ကြီး တွဲနေကြတာများလား.. ?
ဒါဆိုရင် မကောင်းတော့ဘူး!
မျက်ဝါးထင်ထင်မြင်လိုက်ရတော့ ရှချင်းယန်မျက်နှာမှာ မနာလိုဝန်တိုစိတ်တွေပြည့်လာကာ.. လုမန်က ဟန်ကျိုးလီနဲ့ တကယ်ပတ်သက်နေတာလား!!
“ ဒီမှာဘာတွေဖြစ်နေတာလဲ ”
လုမန်ကိုငုံ့ကြည့်ရင်း ဟန်ကျိုးလီကမေးလိုက်သည်။ “ မင်းကိုလိုက်ဖမ်းနေကြတာလား ”
သို့ပေမယ့် လုမန် ဟင်းခနဲ သက်ပြင်း တစ်ချက်ချကာ ရှင်းလည်းမပြဖြစ်။
အရင်တစ်ခါ ဝင်လုံးတဲ့အချိန် ဟန်ကျိုးလီက အလိုက်အထိုက်သရုပ်ဆောင်ပေးခဲ့တာဟာ ကံကောင်းလွန်းလို့ ဟု မှတ်ယူရမည်။
သူ့ကိုမြင်တိုင်း အသုံးချနေလို့မဖြစ်..
ပြီးတော့ ဟန်ကျိုးလီက သူမနဲ့ ရန်ငြိုးမရှိသလို သူမစိတ်ပျက်အောင်လည်း တစ်ခုမှ မလုပ်ထားတာကြောင့် ဟန်ကျိုးလီကို ဒီပြဿနာထဲဆွဲသွင်းလိုက်ရင် သူမကိုယ်သူမ အထင်သေးမိမှာဖြစ်သည်။
“ အခြေအနေကို ပြောပြဖို့စိတ်ကူးမရှိဘူးလား ”
ဟန်ကျိုးလီ သူမရှင်းပြမှာကို စောင့်နေပေမယ့် တော်တော်ကြာတာတောင် လုမန်ကရှင်းမပြပေ။
“ သခင်လေးဟန် .. ရှင်ကျွန်မကိုတစ်ခါကူညီခဲ့ပြီးပါပြီ .. အဲဒီအတွက်လည်း တကယ်ကို ကျေးဇူးတင်ပါတယ် .. ကျွန်မက အရေထူတဲ့သူ မဟုတ်ပါဘူး .. ဒါကြောင့်– ”
ပြောချင်တဲ့စကားတွေမဆုံးသေး .. ပွဲကြည့်ပရိသတ်တွေက အနားရောက်လာကြပြီးဖြစ်၏။
မနေနိုင်တဲ့တချို့လူတွေက ပြောကြသည်။
“ ညီမအစား အစ်မကို အပြစ်ဖို့ချတယ်ဆိုတော့ သူတို့ခေါင်းမှာ တစ်ခုခု ချွတ်ယွင်းနေတာပဲ ဖြစ်ရမယ်! အငယ်မက သူတို့သမီးပဲထားဦး .. အကြီးမကကော သူတို့သမီး မဟုတ်ဘူးလား ”
“ နင်မသိဘူးလား။ သူတို့ပြောနေတဲ့လုချီက အနုပညာရှင် လုချီ။ အဲ့ဒီလုချီဆိုရင် သူ့သမီးအရင်းမဟုတ်ဘူး။ မယားပါသမီးဟဲ့ .. မယားပါသမီး.. ”
“ အဲ့ဒီလူက ဘာကြောင်တာလဲ .. ကိုယ့်သားသမီးကို မယားပါသမီးက အနိုင်ကျင့်တာကို လွှတ်ပေးထားရအောင် သူက ဂေါက်သီးလား ”
“ အဖေဖြစ်ဖို့ မထိုက်တန်လိုက်တာကွာ.. ဒီလိုအဖေမျိုး တွေ့ကို မတွေ့ဖူးသေးဘူး .. ကိုယ့်သားသမီးကို ဆက်ဆံတဲ့ပုံစံကလည်း! သမီးအရင်းကိုတောင်မှ.. ”
“ ဘေးမှာ ဆိုးတူကောင်းတူမျှဝေခံစားပေးခဲ့တဲ့ ဇနီးကိုတောင် ပစ်ထားခဲ့တာပါဆို .. ဒီလိုလူမျိုးကို လူကောင်းပါလို့ မျှော်လင့်ရလား ”
“ ဟားဟား  လုချီပထွေးကို ဒီလို လူထူးဆန်းကြီးလို့ မထင်ထားဘူး။ မိသားစုတစ်ခုမှာ ကလေးတွေများရင် ပိုချစ်ရတဲ့ကလေး ပိုအလိုလိုက်မိတဲ့ကလေးဆိုတာရှိတတ်ပေမယ့် ဒါမျိုးတော့ မဟုတ်ဘူးလေ။ မယားပါသမီးကိုအလိုလိုက်ပြီး ကိုယ့်သွေးသားကိုတော့ ဒီလိုလုပ်တယ်.. ”
“ နင်က အခုမှရောက်လာတော့ ဘာတွေဖြစ်သွားမှန်းမသိလိုက်ဘူးမလား။ သူ့အရင်အိမ်ထောင်က သူ့ကြောင့် စိတ်တွေတိုပြီး မူးမေ့သွားလို့ ခွဲခန်းပို့လိုက်ရတယ်။ အခြေအနေကမဟန်ဘူးဟယ်။ အဲဒါကို သင်းက ဂရုလေးတောင်မစိုက်ဘူး .. ဒီသမီးကိုချည်း လိုက်လို့ဖမ်းနေတာ.. ”
“ ရာဇဝတ်မှုကျူးလွန်တာက အငယ်မဆိုရင် သူက ဘာလို့ အကြီးမကို လိုက်ဖမ်းတာတုံး ”
“ လူမဆန်လိုက်တာ! နောက်မယားက ဘာတွေနှစ်ကိုယ်ကြား ကပ်ပြောထားတယ် မသိဘူး ... အရင်အိမ်ထောင်နဲ့ သမီးကြီးကိုတောင် မေ့နေပြီ ”
“ ဟ! သူ့လက်ရှိဇနီးကလည်း ကောင်းမနေဘူး ”
“ ထင်သားပဲ လူကောင်းဆိုရင် အိမ်ထောင်ရှိယောက်ျားကို မြှူဆွယ်ပါ့မလား... ”
==================================
《Zawgyi》
“ ဆောရီး ”
ဒီအသံ!
“ သခင်လေးဟန်! ”
ဘာတြွေဖစ်နေတာလဲ.. ?
မျက်ဝါးထင်ထင်မြင်လိုက်ရတော့ ရှချင်းယန်မျက်နှာမှာ မနာလိုဝန်တိုစိတ်တြွေပည့်လာကာ.. လုမန်က ဟန်ကျိုးလီနဲ့ တကယ်ပတ်သက်နေတာလား!!
“ ဒီမှာဘာတြွေဖစ်နေတာလဲ ”
==================================
Continue Reading
You'll Also Like
4.3K 373 97
Story Name- Your Highness, I Know My Wrongs Chapter- 95 Chapters(Completed) Not my story I just translation English to Myanmar Language All rights go...
351K 8.6K 29
"Why can't you tell me?" Cat Noir clutched her arm. "You know why Kitty," Ladybug tried to break away, but his grasp was too tight, "Cat, I'm going t...
4.1M 170K 63
The story of Abeer Singh Rathore and Chandni Sharma continue.............. when Destiny bond two strangers in holy bond accidentally ❣️ Cover credit...
1.8M 127K 45
"Why the fuck you let him touch you!!!"he growled while punching the wall behind me 'I am so scared right now what if he hit me like my father did to...