ဗီလိန်ရဲ့ လမ်းပြကြယ်
By CrystalKyi
783K 131K 3.7K
ဝတ္ထုစာအုပ်ထဲကို ဝိဉာဉ္ကူးပြောင်းလာတဲ့ ချောင်လန်တစ်ယောက် သူမရဲ့ နေရာက ဇာတ်လိုက် မင်းသားကို ကြိုက် မိသွားတဲ့ ဗ... More
မိတ်ဆက်
အပိုင်း (၁)
အပိုင်း(၂)
အပိုင်း(၃)
အပိုင်း(၄)
အပိုင်း(၅)
အပိုင်း(၆)
အပိုင်း (၇)
အပိုင်း(၈)
အပိုင်း(၉)
အပိုင်း(၁၀)
အပိုင်း(၁၁)
အပိုင်း(၁၂)
အပိုင်း(၁၃)
အပိုင်း(၁၄)
အပိုင်း(၁၅)
အပိုင်း(၁၆)
အပိုင်း(၁၇)
အပိုင်း(၁၈)
အပိုင်း(၁၉)
အပိုင်း(၂၀)
အပိုင်း(၂၁)
အပိုင်း(၂၂)
အပိုင်း(၂၃)
အပိုင်း(၂၄)
အပိုင်း(၂၅)
အပိုင်း(၂၆)
အပိုင်း(၂၇)
အပိုင်း(၂၈)
အပိုင်း(၂၉)
အပိုင်း (၃၀)
အပိုင်း(၃၁)
အပိုင်း(၃၂)
အပိုင်း(၃၃)
အပိုင်း (၃၄)
အပိုင်း(၃၅)
အပိုင်း(၃၆)
အပိုင်း(၃၇)
အပိုင်း(၃၈)
အပိုင်း(၃၉)
အပိုင်း(၄၀)
အပိုင်း(၄၁)
အပိုင်း(၄၂)
အပိုင်း(၄၃)
အပိုင်း(၄၄)
အပိုင်း(၄၅)
အပိုင်း(၄၆)
အပိုင်း(၄၇)
အပိုင်း(၄၈)
အပိုင်း(၄၉)
အပိုင်း(၅၀)
အပိုင်း(၅၁)
အပိုင်း(၅၂)
အပိုင်း(၅၃)
အပိုင်း(၅၄)
အပိုင်း(၅၅)
အပိုင်း(၅၆)
အပိုင်း(၅၇)
အပိုင်း(၅၈)
အပိုင်း(၅၉)
Not Upade!!!
အပိုင်း(၆၀)
အပိုင်း(၆၁)
အပိုင်း(၆၂)
အပိုင်း(၆၃)
အပိုင်း(၆၄)
အပိုင်း(၆၅)
အပိုင်း(၆၆)
အပိုင်း(၆၈)
အပိုင်း(၆၉)
အပိုင်း(၇၀)
အပိုင်း(၇၁)
အပိုင်း(၇၂)
အပိုင်း(၇၃)
အပိုင်း(၇၄)
အပိုင်း(၇၅)
အပိုင်း(၇၆)
အပိုင်း(၇၇)
အပိုင်း(၇၈)
အပိုင်း(၇၉)
အပိုင်း(၈၀)
အပိုင်း(၈၁)
အပိုင်း(၈၂)
အပိုင်း(၈၃)
အပိုင်း(၈၄)
အပိုင်း(၈၅)
အပိုင်း(၈၆)
အပိုင်း(၈၇)
အပိုင်း(၈၈)
အပိုင်း(၈၉)
အပိုင်း(၉၀)
အပိုင်း(၉၁)
အပိုင်း(၉၂)
အပိုင်း(၉၃)
အပိုင်း(၉၄)
အပိုင်း(၉၅)
အပိုင်း(၉၆)
အပိုင်း(၉၇)
အပိုင်း(၉၈)
အပိုင်း(၉၉)
အပိုင်း(၁၀၀)
အပိုင်း(၁၀၁)
အပိုင်း(၁၀၂)
အပိုင်း(၁၀၃)
အပိုင်း(၁၀၄)
အပိုင်း(၁၀၅)
အပိုင်း(၁၀၆)
အပိုင်း(၁၀၇)
အပိုင်း(၁၀၈)
အပိုင်း(၁၀၉)
အပိုင်း(၁၁၀)
အပိုင်း(၁၁၁)
အပိုင်း(၁၁၂)
အပိုင်း(၁၁၃)
အပိုင်း(၁၁၄)
အပိုင်း(၁၁၅)
အပိုင်း(၁၁၆)
အပိုင်း(၁၁၇)
အပိုင်း(၁၁၈)
အပိုင်း(၁၁၉)
အပိုင်း(၁၂၀)
အပိုင်း(၁၂၁)
အပိုင်း(၁၂၂)
အပိုင်း(၁၂၃)
အပိုင်း(၁၂၄)
အပိုင်း(၁၂၅)
အပိုင်း(၁၂၆)
အပိုင်း(၁၂၇)
အပိုင်း(၁၂၈)
အပိုင်း(၁၂၉)
အပိုင်း(၁၃၀)
အပိုင်း(၁၃၁)
အပိုင်း(၁၃၂)
အပိုင်း(၁၃၃)
အပိုင်း(၁၃၄)
အပိုင်း(၁၃၅)
အပိုင်း(၁၃၆)
အပိုင်း(၁၃၇)
အပိုင်း(၁၃၈)
အပိုင်း(၁၃၉)
အပိုင်း(၁၄၀)
အပိုင်း(၁၄၁)
အပိုင်း(၁၄၂)
အပိုင်း(၁၄၃)
အပိုင်း(၁၄၄)
အပိုင်း(၁၄၅)
အပိုင်း(၁၄၆)
အပိုင်း(၁၄၇)
အပိုင်း(၁၄၈)
အပိုင်း(၁၄၉)
အပိုင်း(၆၇)
5.3K 1K 27
By CrystalKyi
Unicode
သူမက ဒီရက်ပိုင်း အရမ်းအားနေတာ။ အဲ့တော့ ချောင်လန်က တစ်ခါတစ်လေ ထန်းမော့အကြောင်းကိုတွေးနေမိတယ်။
သူမက ဒီကမ္ဘာကိုတည်ဆောက်ထားတဲ့ ဝတ္ထုစာအုပ်ရဲ့နာမည်ကိုမှတ်မိတယ်။ ဒါပေမဲ့ အခုဒီကမ္ဘာမှာ သူမအဲ့စာအုပ်ကို လုံးဝရှာလို့မတွေ့ဘူး။ အဲ့တော့ ချောင်လန်လဲ သူမမှတ်ဥာဏ်ကိုပဲ အားကိုးပြီး စာအုပ်ထဲက အကြောင်းအရာတွေကို ပြန်မှတ်မိအောင်လုပ်ရတော့တယ်။
ထန်းမော့က အရံဇာတ်ကောင်တစ်ယောက်။ ဒါပေမဲ့ သူကဒုတိယအရံဇာတ်ကောင်လဲ မဟုတ်ဘူး။ အဲ့တော့ သူက ဝတ္ထုထဲမှာ အများကြီးမပါဘူး။ ဒါပေမဲ့ သူပေါ်လာတဲ့အချိန်တိုင်း သူက ချောင်လန့်ကို အံ့အားသင့်စေခဲ့တယ်။
စာအုပ်ထဲမှာ ထန်းမော့ပထမဆုံးပေါ်လာတဲ့အချိန်ကလဲ ဒီအထက်တန်းပထမနှစ်မှာပဲ။ ဒါပေမဲ့နောက်တော့ သူက သူ့အတန်းဖော်တွေဆီကနေ အမြဲအနိုင်ကျင့်ခံရတာကြောင့် ကျောင်းထွက်ခဲ့တယ်။ ဇာတ်လိုက်နဲ့ဇာတ်လိုက်မတို့ တက္ကသိုလ်တက်တဲ့အချိန်ရောက်မှ သူကနောက်တစ်ခေါက်ပြန်ပေါ်လာခဲ့တယ်။
အဲ့အချိန်ကပဲ ထန်းမော့က စာဖတ်သူတော်တော်များများကို ဆွဲဆောင်နိုင်ခဲ့တာ။ ဇာတ်လိုက်မဖြစ်တဲ့စုန့်ယောင်က သူ့ကို ၃ ၄ ၅ခါလောက်ဂရုစိုက်ဖူးတာကို သူကမှတ်မိတာကြောင့် သူက သူ့ရဲ့ခိုင်မာတောင့်တင်းတဲ့ ငွေကြေးအရင်အမြစ်တွေနဲ့ အထူးကောင်းမွန်တဲ့ စီးပွားရေးတွေကို မှီခိုပြီး ဇာတ်လိုက်မင်းသား စီးပွားရေးအကျပ်အတည်းဖြစ်နေတဲ့အချိန်မှာ ကူညီပေးခဲ့တယ်။ ဒါပေမဲ့ သူကနောက်ဆုံးတော့ကောင်းကောင်းနေနိုင်တော့မယ်လို့ အားလုံးကထင်နေကြတဲ့အချိန်မှာပဲ သူ့ရဲ့ depression က ပိုပိုပြီးဆိုးရွားလာခဲ့တယ်။
နောက်ဆုံးတော့ ၂နှစ်ကြာပြီးတော့ ထန်းမော့က ကိုယ့်ကိုယ်ကို အဆုံးစီရင်တာကနေ သေဆုံးသွားခဲ့တယ်။
ချောင်လန်က ဒါကိုမြင်လိုက်တဲ့အချိန်မှာ အဲ့ဝတ္ထုကို ဆက်မဖတ်ခဲ့တော့ဘူး။ သူမအကြိုက်ဆုံးဇာတ်ကောင်က မရှိတော့ဘူး။ ပြီးတော့ ချောင်လန်က ဇာတ်လိုက်နဲ့ ဇာတ်လိုက်မအကြောင်းကို နည်းနည်းလေးမှ စိတ်မဝင်စားဘူးလေ။
ဒီမှာလဲ စုန့်ယောင်က စာအုပ်ထဲကနဲ့ တစ်ပုံစံထဲပဲ။ သူမက ကြည်နာတက်ပြီး ရိုးရှင်းတဲ့ ယုန်ဖြူလေးလို ဇာတ်လိုက်မပဲ။ အဲ့တာကြောင့် စာအုပ်ထဲမှာ ထန်းမော့ကိုအားလုံးကဝိုင်းအနိုင်ကျင့်ကြတော့ စုန့်ယောင်ကထန်းမော့ကို ကူညီပေးခဲ့တယ်လို့ ရေးထားတာက လုံးဝကျိုးကြောင်းမသင့်လျော်တာတော့ မဟုတ်ဘူး။ ဒါပေမဲ့ သူမကဒီထဲကို ကူးပြောင်းလာပြီး ထန်းမော့ကို အရင်ဂရုစိုက်ပေးခဲ့တာကြောင့်လားတော့ ချောင်လန်မသိဘူး စုန့်ယောင်မျက်လုံးထဲမှာ အစကနေအဆုံးထိ ချန်ယောင်းရန်တစ်ယောက်ထဲပဲ ရှိနေခဲ့တယ်။ ပြီးတော့ ထန်းမော့ကိုလဲ ဂရုမစိုက်ခဲ့ဘူး။
ဒါပေမဲ့ ဒါကအရေးမကြီးပါဘူး။ အရေးအကြီးဆုံးက ထန်းမော့ရဲ့ အခြေအနေပဲ။
ထန်းမော့က Asperger ရောဂါရှိပြီး အောက်ပိုင်းလဲသေနေတယ်ဆိုပေမဲ့ ဒီအကြောင်းရင်း၂ခုလုံးက ထန်းမော့ရဲ့ သေဆုံးခြင်းကို ဖြစ်စေခဲ့မှာ မဟုတ်ဘူး။ ထန်းမော့သေဆုံးရခြင်းက ပြင်းထန်တဲ့ စိတ်ကျရောဂါကိုခံစားခဲ့ရတာမလို့ပဲ။ အဲ့တာကပဲ ထန်းမော့ကိုသေကြောင်းကြံစည်စေခဲ့တာ။
အစကတော့ ထန်းမော့ပေါ် ချောင်လန့်ရဲ့စိုးရိမ်ပူပန်မှုက သူမရဲ့ဒီဇာတ်ကောင်ပေါ်ထားတဲ့အချစ်ကြောင့်ရယ်၊ ပြီးတော့ ထန်းမော့အပေါ်သနားတာကြောင့်ရယ်လေ။ ဒါပေမဲ့အခုတော့ သူမပြန်စဥ်းစားကြည့်လိုက်တဲ့အချိန်မှာ ချောင်လန်က ထန်းမော့ကိုစောင့်ရှောက်ရတာကို သူမရဲ့ကိုယ်ပိုင်တာဝန်လို့ အမြဲတစေမှတ်ယူနေမိတာပဲ။
ဘာလို့လဲဆိုတော့ သူမ ဒီကောင်လေးကို ကူညီပေးတဲ့အခါတိုင်း သူက သူမကို အများကြီးပြန်ပေးခဲ့တာမလို့လေ။
----------
ထန်းမော့က သူ့ခြေထောက်နဲ့ပတ်သက်တဲ့အကြောင်းမှန်သမျှကို အစမဖော်ခိုင်ဘူး။ တစ်ခါတစ်လေ ဆေးရုံတို့ ကုသမှုနဲ့ပတ်သက်တဲ့ ကိစ္စတွေဆို သူကအမြဲတမင်သက်သက် ငြင်းပယ်ပစ်တယ်။ ဒါကိုမြင်ရတော့ ချောင်လန်လဲ သူ့ကိုအတင်းကြီးမပြောခိုင်းရက်တော့ဘူး။
ဒါပေမဲ့ Asperger ရောဂါကိုကုသဖို့က နည်းလမ်းမရှိဘူး။ ပြီးတော့ ထန်းမော့က သူ့ခြေထောက်ကိစ္စကိုလဲ မပြောစေချင်ဘူး။ depression ကိုတော့ အခုလတ်တလောတော့ ချောင်လန် အဲ့လိုလက္ခဏာတွေတစ်ခုမှ မတွေ့ရသေးဘူး။ ဒါပေမဲ့ သူ့ကြည့်ရတာ ကိုယ်လိုရာဆွဲတွေးတက်ပြီး ဂယောင်ခြောက်ခြားတွေဖြစ်တက်သလိုပဲ။ ဒါတွေက depression ကိုဦးတည်သွားနိုင်ချေများတယ်။
သူ့အတွက် အကူအညီရပြီး ကြင်နာတက်တဲ့ အဖော်တစ်ယောက်လုပ်ပေးတာအပြင် သူမလုပ်ပေးနိုင်တာ အများကြီးမရှိဘူး။
ဒုတိယလပတ်စာမေးပွဲပြီးတော့လဲ ထန်းမော့က physics မှာ အမှတ်များများရနေတုန်းပဲ။ မေးခွန်းတွေက အများကြီးပိုခက်လာပေမဲ့လို့ပေါ့။
physics ဆရာတော်တော်များများက ထန်းမော့အဖြေလွှာကို ကိုင်ပြီး အရမ်းချီးမွမ်းနေကြတယ်။ ပြီးတော့ သူတို့က ထန်းမော့အတန်းပိုင်ဆရာကို သွားရှာကြတယ်။
အတန်းပိုင်ဆရာက စာသင်ခန်းထဲမှာ ထန်းမော့ကိုလာရှာတော့ သူ့ပုံက အရမ်းပျော်မြူးနေတဲ့ပုံပဲ။ ကျောင်းသားတွေအကုန်လုံးက အတန်းပိုင်ဆရာ ထန်းမော့ဆီပျော်ပျော်ရွှင်ရွှင်နဲ့ လျှောက်သွားတာကို တွေ့လိုက်ရတော့ ဘာဖြစ်လို့လဲ ဆိုပြီး စပ်စပ်စုစုမေးကြတယ်။
" ကောင်းတာတစ်ခုခုပေါ့ " အတန်းပိုင်ဆရာက ပဟေဠိဆန်ဆန် လုပ်ပြီး ပြောလိုက်တယ်။ သူက ပျော်နေတဲ့အချိန်ဆိုရင် တွေးဖို့ကို မေ့သွားတက်တယ်။ သူကထန်းမော့ wheelchair ကိုစိတ်လောပြီး ကူတွန်းပေးမလို့ လုပ်လိုက်မိတယ်။ ဒါပေမဲ့ ထန်းမော့က ချက်ချင်းပဲ အနောက်ကို၁မီတာလောက် ဆုတ်သွားတယ်။ ပြီးတော့ သူ့ခန္ဓာကိုယ်ကလဲ တောင့်တင်းသွားတယ်။
အတန်းပိုင်ဆရာက လွန်ခဲ့တဲ့ရက်အနည်းငယ်တုန်းက ချောင်လန်က ထန်းမော့wheelchair ကိုတွန်းပေးနေတာကို မြင်လိုက်ရတော့ ထန်းမော့က ထပ်ပြီး တိုးတက်လာပြီလို့ ထင်နေတာလေ။ ဒါပေမဲ့ ဒီနေ့သူကူညီပေးမလိုလုပ်လိုက်တော့ ထန်းမော့က ခုခံနေသေးတယ်။
အတန်းပိုင်ဆရာက ချက်ချင်းပဲ လက်ပြန်ရုတ်လိုက်တယ်။ ပြီးတော့ သူ့စိတ်ထဲမှာလဲ ပြောမပြနိုင်တဲ့ အားကျမှုနည်းနည်းလေး ပေါ်လာတယ်။ ဒါပေမဲ့ သူက သူ့အမူအရာကိုထိန်းလိုက်ပြီး ပြောရမဲ့ကိစ္စကို တိုက်ရိုက်ပြောလိုက်တယ်။ " ထန်းမော့ ဆရာနဲ့ ရုံးခန်းကိုလိုက်ခဲ့ဦး။ ဆရာမင်းကို ပြောစရာရှိတယ်။ "
ထန်းမော့ ချောင်လန်ဘေးကနေထွက်လာတော့ သူက အရင်လိုပဲရေခဲရုပ်ပြန်ဖြစ်သွားတယ်။ wheelchair လေးကို တိတ်ဆိတ်စွာတွန်းပြီး စာသင်ခန်းအပြင်ကို ထွက်လာခဲ့တယ်။ စာသင်ခန်းထဲက ကျောင်းသားကျောင်းသူတွေက ဘယ်ကြည့်လိုက် ညာကြည့်လိုက် လုပ်ပြီးတော့ သူတို့ပြောနေကြစကားကို ပြန်ဆက်ပြောကြတယ်။
ချောင်လန်က ထန်းမော့ သူမမျက်စိရှေ့ကပျောက်မသွားခင်အထိ ထန်းမော့ နောက်ကျောကို ကြည့်နေခဲ့တယ်။ ချောင်လန့်နောက်မှာ ထိုင်တဲ့ ကောင်မလေး၂ယောက်က သူမကို ဒီတိုင်းပဲ မေးလိုက်တယ်။ " ချောင်လန် နင် ဝိဇ္ဇာယူမှာလား ဒါမှမဟုတ် သိပ္ပံယူမှာလား။ "
ဒီလကုန်လို့ရှိရငိ ကျောင်းသားတွေက ဝိဇ္ဇာနဲ့ သိပ္ပံ ၂ခုထဲက တစ်ခုခုကို ရွေးရမှာ။ အဲ့တာကြောင့်လဲ ဒီဘာသာရပ်၂ခုအကြောင်းက ကျောင်းသားတွေကြားမှာ ပြောစရာခေါင်းစဥ်တစ်ခု စိုးရိမ်စရာ ကိစ္စတစ်ခု ဖြစ်လာတာပေါ့။
ဝိဇ္ဇာလား သိပ္ပံလား?
ချောင်လန်က မသိစိတ်ထဲကနေ ဝိဇ္ဇာကိုယူလိုက်ချင်နေတယ်။ ဘာပဲပြောပြော သူမက ပထမတစ်ခါတုန်းကလဲ အဲ့တာပဲယူခဲ့တာလေ။ အဲ့တော့ အဲ့တာကိုပဲ ပြန်ရွေးလိုက်ရင် နောက်တစ်ခါပြန်လေ့လာရတာဆိုတော့ ပိုလွယ်မှာပဲ။ ဒါပေမဲ့ သူမပြောမဲ့စကား နှုတ်ခမ်းဆီရောက်တဲ့အချိန်မှာ ပြန်မြိုချလိုက်တယ်။ အဲ့အစား သူမကပြောလိုက်တယ်။ " ငါ သေချာမစဥ်းစားရသေးဘူး။ "
" နင် ဝိဇ္ဇာယူသင့်တယ်။ " သူမနောက်မှာထိုင်နေတဲ့ ကောင်မလေးက ချောင်လန့်ကို ပြောလိုက်တယ်။ " နင်က နိုင်ငံရေးနဲ့ သမိုင်းမှာ အတော်တော်တယ်လေ။ "
" သူမက နိုင်ငံရေးနဲ့ သမိုင်းမှာပဲ တော်တာမဟုတ်ဘူး။ physics လဲ တော်တာပဲလေ။ ဒီတစ်ခေါက် သူမရဲ့ physics အမှတ်က ထန်းမော့ထက်နည်းနည်းပဲ လျော့တာလေ။ ပြီးတော့ သင်္ချာလဲရှိသေးတယ်။ သူမက အဲ့တာကို အမှတ်ပြည့်ရတာလေ "
" ငါက အတော်လေးလို့ ပြောခဲ့တာလေ။ အတော်လေးလို့......။ ချောင်လန်က သိပ္ပံမှာလဲ တော်ပါတယ်။ ဒါပေမဲ့ သူမက ဝိဇ္ဇာမှာပိုတော်တာလေ။ သူမက ဝိဇ္ဇာယူလိုက်ရင်လဲ သင်္ချာဆက်လေ့လာလို့ ရသေးတာပဲလေ။ "
ချောင်လန်ကအခုထိ ဘာမှမပြောရသေးဘူး။ ဒါပေမဲ့ ကောင်မလေး၂ယောက်က သူမကြောင့် စပြီးစကားနိုင်လုနေကြပြီ။ ချောင်လန်က သူတို့၂ယောက်နဲ့ စကားဆက်မပြောတော့ဘူး။ သူမစာမေးပွဲအမှတ်တွေကိုပဲ စိုက်ကြည့်နေပြီး စတွေးတောနေတယ်။
တစ်ခြားတစ်ဖက်မှာတော့ ပျော်မြူးနေတဲ့ အတန်းပိုင်ဆရာက ရုံခန်းထဲကို ခေါ်သွားခံရတဲ့ ထန်းမော့က ရုံးခန်းထဲမှာ Physics ဆရာက ထိုင်ပြီး ရေနွေးကြမ်းသောက်နေတာကို တွေ့လိုက်ရတယ်။ ထန်းမော့ဝင်လာလာချင်းမှာပဲ physics ဆရာက သူ့ကိုလဲ တွေ့ရော သူ့မျက်လုံးတွေကို မှေးကျဥ်းလိုက်တယ်။
" ဒီကိုလာ " physics ဆရာက စာပဲသင်တာလေ။ အဲ့တာကြောင့် သူက ထန်းမော့ရဲ့ထူးခြားတဲ့ အခြေအနေကို မသိဘူး။ သူ့ရဲ့ရုတ်တရက်ဆန်တဲ့ ရင်းနီးမှုက ထန်းမော့ကို အလိုလို အနောက်ကိုဆုတ်သွားစေခဲ့တယ်။
physics ဆရာက ခဏလောက်ကြောင်သွားတယ်။ အတန်းပိုင်ဆရာက အမြန်သူ့ကိုတိုးတိုးလေး သွားပြောလိုက်တယ်။ physics ဆရာကလဲ " အိုးးးး " တွေအများကြီးကိုပြောပြီး အနောက်မှာပြန်ထိုင်လိုက်တယ်။ ထန်းမော့ဆီကနေ ၁မီတာလောက်ခွာထားပြီးတော့ပေါ့။
" ဒီနေ့ ဆရာမင်းကိုလာခိုင်းရတာက အဓိကကတော့ မင်းက physics မှာ အတော့်ကိုပါရမီပါလို့ပဲကွ။ ဆရာတို့က နှစ်စဥ်နှစ်တိုင်း စာတော်တဲ့ ကျောင်းသားကျောင်းသူတစ်ချို့ကို တစ်နိုင်ငံလုံးကအထက်တန်းကျောင်းတွေရဲ့ physics ပြိုင်ပွဲမှာ ပါဝင်ယှဥ်ပြိုင်ဖို့ ရွေးလေ့ရှိတယ်။ ထန်းမော့ မင်းရောဘယ်လိုထင်လဲ။ ဝင်ပြိုင်ချင်လား။ "
ထန်းမော့က အရမ်းတော့ စိတ်မဝင်စားဘူး။ ဒါပေမဲ့ သူကချက်ချင်းလဲ မငြင်းခဲ့ဘူး။
ဒါပေမဲ့ သူကဘာမှမပြောရသေးတဲ့အချိန်မှာ physics ဆရာက အဆုံးမရှိ ဆက်ပြောတော့တာပဲ။ " အရင်ဆုံး ဝင်ခွင့်ဖောင်တင်လိုက်။ အောက်တိုဘာကျရင် မင်း ပြည်နယ်အဆင့်ပြိုင်ပွဲမှာ ဝင်ပြိုင်ပေါ့။ တစ်ကယ်လို့ မင်းကောင်းကောင်းလုပ်နိုင်တယ်ဆိုရင် ပြည်နယ်ကိုယ်စားပြုအဖွဲ့ထဲကို ဝင်လို့ရပြီး နောက်ထပ် ပိုမြင့်တဲ့ အဆင့်ကပြိုင်ပွဲတွေကို ဝင်ပြိုင်လို့ရပြီ။ ဆရာက အရင်တုန်းက ဆုရကျောင်းသားတွေကို မွေးထုတ်ပေးခဲ့ပြီးပြီ။ ဒါပေမဲ့ ထန်းမော့ မင်းရဲ့ physics level က မင်းရဲ့အရင်က စီနီယာတွေထက်တောင် အများကြီးပိုသာတယ်။ ပြည်နယ်ကိုယ်စားပြုအသင်းထဲကို ဝင်ပြီဆိုတာနဲ့ ဆောင်းရာသီလေ့ကျင့်ရေးcamp ထဲကို ဝင်လို့ရပြီ။ ပြီးတော့ နိုင်ငံအဆင့်ပြိုင်ပွဲတွေကိုရောပဲ။ အဲ့တာပြီးလို့ တစ်ကယ်လို့ မင်းက ပထမရခဲ့လို့ရှိရင် နိုင်ငံကိုယ်စားပြုအသင်းထဲကို ဝင်လို့ရပြီ။ နိုင်ငံကိုယ်စားပြုအဖွဲ့ကို နိုင်ငံကအကောင်းဆုံး ဆရာတွေက သင်ပေးတာ။ ၂လလောက် လေ့ကျင့်ရေးဆင်းပြီးတာနဲ့ အတော်ဆုံးသူတွေကို နိုင်ငံတကာphysics အိုလံပစ်မှာ အတွက် ကိုယ်စားပြုအဖြစ်ရွေးမှာကွ!! "
physics ဆရာကပိုပြောလေလေ ပိုစိတ်လှုပ်ရှားလာလေလေပဲ။ ထန်းမော့က နိုင်ငံတကာphysics အိုလံပစ်ပြိုင်ပွဲမှာ ရွှေတံဆိပ်ဆုကို အနိုင်ရသွားတဲ့အတိုင်းပဲ။
ဒါပေမဲ့ physics ဆရာအတွက်ကတော့ ကံဆိုးတာပဲ။ ဘာလို့လဲဆိုတော့ ထန်းမော့က စကား၃လုံးကို အေးစက်စွာပဲ ပြောလိုက်လို့လေ။
" မသွားဘူး "
physics ဆရာက တစ်ခြားဟာဘာမှပြောစရာတောင်မလိုဘူး။ သူက နိုင်ငံကိုယ်စားပြုအသင်း'လေ့ကျင့်ရေး' လို့ ပြောလိုက်တာနဲ့တင် ထန်းမော့ရဲ့အနည်းငယ်စိတ်မဝင်စားမှုက လုံးဝဂရုမစိုက်ခြင်းကို ပြောင်းသွားတော့တယ်။
အရမ်းကိုစိတ်အားတက်ကြွနေတဲ့ physics ဆရာတစ်ယောက် ရုတ်တရက် အေးခဲသွားတော့တယ်။
အတန်းပိုင်ဆရာက physics ဆရာကို တအားမပူပန်ဖို့ပြောတယ်။ ပြီးတော့ သူက ထန်းမော့ဘက်ကိုလှည့်လိုက်ပြီး ချော့မော့ပြောတဲ့ အသံလေးနဲ့ ပြောလိုက်တယ်။ " စာမေးပွဲတွေအများကြီးဖြေပြီးသွားတော့ ဆရာတွေတော်တော်များများက မင်းရဲ့ ပါရမီကို အံ့အားသင့်နေကြတာ။ အဲ့တာကြောင့်လဲ ဆရာတို့က မင်းကို ဒီဟာဝင်ပြိုင်ကြည့်စေချင်တာပေါ့ကွ။ "
အတန်းပိုင်ဆရာက ထန်းမော့နဲ့သိပ်မဝေးတဲ့ ထိုင်ခုံမှာ ထိုင်လိုက်ပြီး ဆက်ပြောတယ်။ " မင်းသိနေတဲ့ ဗဟုသုတတွေက အထက်တန်းကျောင်းသားတစ်ယောက်ထက် အများကြီးပိုမြင့်လွန်းနေတယ်။ မင်းနေ့တိုင်းကျောင်းလာတက်တာ တစ်ကယ်ကောင်းပါတယ်။ ဒါပေမဲ့ ဒါကအချိန်ဖြုန်းနေတာပဲလေ။ ဒီလိုအချိန်ဖြုန်းနေမဲ့အစား ပို level မြင့်တဲ့ ပညာရေးကို အရယူလိုက်တာကောင်းတာပေါ့။ ပြီးတော့ ပိုပိုမြင့်တဲ့ အသိပညာတွေကို တက်မြောက်အောင်လုပ်တာကောင်းတာပေါ့ကွာ။ "
အတန်းပိုင်ဆရာက ထန်းမော့က ဘာကိုမှစိတ်မဝင်စားဘူးဆိုတာကို ခံစားမိတယ်။ ဒါပေမဲ့ ထန်းမော့ရဲ့ သင်္ချာနဲ့ physics က အရမ်းကောင်းလွန်းတယ်။ ပြီးတော့ သူ့ရဲ့ပါရမီကလဲ ကောင်းလွန်းတယ်။ ထန်းမော့ကလဲ အသစ်အသစ်သောအရာတွေကို လေ့လာဖို့ကြိုက်မယ်ဆိုတာ သူပြောနိုင်တယ်။ အဲ့တာကြောင့် သူက ဒီအကြောင်းကိုသုံးပြီး ထန်းမော့ကိုဖြောင်းဖြချင်တာ။
ကံမကောင်းစွာနဲ့ပဲ ထန်းမော့က အဲ့တာကို ကြားပြီးတော့လဲ " မသွားဘူး " ဆိုပြီး အရင်ကစကား၃လုံးကိုပဲ ထပ်ပြောနေတုန်းပဲ။ အဲ့တာပြောပြီးသွားတော့ ထန်းမော့က သူပြန်ချင်ပြီလို့ ပြောလိုက်တယ်။
သူကဖြောင်းဖြလို့မရတာကို တွေ့လိုက်ရတော့ အတန်းပိုင်ဆရာက အမြန်ထပ်ပြောလိုက်တယ်။ " ပြိုင်ပွဲမှာ ဝင်ပြိုင်ရင် အကျိုးခံစားခွင့်တွေအများကြီးလဲ ရမှာနော်။ ထန်းမော့ ဆရာသိပါတယ် မင်းက အတန်းဖော်တွေနဲ့ စကားပြောဆိုဆက်ဆံရတာမကြိုက်ဘူးဆိုတာလေ။ ပြီးတော့ မင်းကဒီမှာ နေ့တိုင်းနေ့ ထိုင်နေရတာကိုလဲ မကြိုက်ဘူးဆိုတာကိုလေ။ တစ်ကယ်လို့ မင်းဆုတွေသာရခဲ့မယ်ဆိုရင် မင်းတစ်ခြားကျောင်းသားတွေနဲ့ ပြောဆိုစရာလဲ မလိုတော့ဘူး၊ သူတို့နဲ့တူတူထိုင်စရာလဲ မလိုတော့ဘူး။ မင်းလုပ်ချင်တဲ့အရာကိုပဲ အာရုံစိုက်လုပ်လို့ရပြီလေ။ တစ်ကယ်လို့ အနာဂတ်မှာ မင်းတစ်ကယ်ပဲပထမဆုကို ရခဲ့မယ်ဆိုရင် ဆရာတို့က မင်းကို အကောင်းဆုံးတက္ကသိုလ်ကို ပို့ပေးလို့ရပြီ။ ဒီအတန်းထဲကို နောက်ထပ်ဝင်လာစရာမလိုတော့ဘူးလေ။ အဲ့တာကို မလိုချင်ဘူးလား။ "
(TN: ဆရာကပြော​လေပြောလေ ပိုဆိုးလေပဲ😂😂)
ဒီလိုကမ်းလှမ်းချက်မျိုးက တစ်ခြားကျောင်းသားတွေအတွက်တော့ အရမ်းကို ဆွဲဆောင်မှုရှိလွန်းတာပေါ့။ ပြီးတော့ အတန်းပိုင်ဆရာကလဲ ဒီဟာက ထန်းမော့ကို ဆွဲဆောင်နိုင်လိမ့်မယ်လို့ ခံစားနေရတယ်။ ဘာပဲပြောပြော ထန်းမော့က ကျောင်းတက်ရတာကို အရမ်းမုန်းတာပဲလေ .. ဟုတ်တယ်မလား။
(TN: မဟုတ်ပါဘူးနော်😂😂)
အဲ့တာတောင် ထန်းမော့က ဘာသိဘာသာပဲဖြစ်နေသေးတာတော့ သနားစရာပဲ။ တစ်ကယ်လို့သူသာ အခုသူ့ဆီမှာဖြစ်နေတဲ့ ခံစားချက်တွေကို စကားလုံးနဲ့ဖော်ပြတက်မယ်ဆိုရင် အဲ့စကားက " အရမ်းစိတ်ရှုပ်ဖို့ကောင်းတာပဲ " ဆိုတာ ဖြစ်နေလောက်တယ်။
" မလုပ်ချင်ဘူး " ထန်းမော့က အေးစက်စွာပြောလိုက်တယ်။ သူပြောလို့ပြီးသွားတော့ ထပ်ပေါင်းပြောလိုက်သေးတယ်။ " ကျွန်တော် အတန်းထဲသွားချင်တယ်။ "
သူက ဘာဆုကိုမှ ဘာလေ့ကျင့်ရေးကိုမှ စိတ်မဝင်စားဘူး။ ဘယ်အရာကမှ သူ့ကိုဖိအားမပေးနိုင်ဘူး။ သူကအခုဒီနေရာမှာ ရှိနေရတာက ချောင်လန်က ဒီမှာရှိနေလို့လေ။ သူတို့ညွှန်းပေးတဲ့ တက္ကသိုလ်တွေကိုတော့ သူကပိုပြီးတော့တောင် စိတ်မဝင်စားသေးတယ်။ ဘယ်လောက်ပဲ နာမည်ကြီးတဲ့ တက္ကသိုလ်ပဲဖြစ်နေပါစေ တစ်ကယ်လို့ အနာဂတ်မှာ ချောင်လန်က အဲ့တက္ကသိုလ်မှာ မရှိခဲ့ဘူးဆိုရင်...
ဒါကိုတွေးလိုက်မိတော့ ထန်းမော့ကြောင်သွားရတယ်။
Zawgyi
----------
ဝိစ္ဆာလား သိပ္ပံလား?
" မသွားဘူး "
(TN: မဟုတ်ပါဘူးနော်😂😂)
Continue Reading
You'll Also Like
37.8M 1.1M 68
Deadly assassins Allegra and Ace have been trying in vain to kill each other for years. With a mutual enemy threatening their mafias, they find thems...