system 091

Galing kay TeeKo0

1.1M 121K 5.8K

wang yibo 💞 xiao zhan [ကျေးဇူးပြုပြီးအုန်းသီးကိုလေးစားပါ] ^^^^^^^^^^^ ^^^^ [ေက်းဇူးျပဳၿပီးအုန္းသီးကိုေလးစားပ... Higit pa

intro
(1.1)Arc 1
Character introduction
(1.2)
(1.3)
(1.5)
(1.6)
(1.7)
(1.8)
(1.9)
(1.10)
(1.11)
(1.12)
(1.13)
(1.14)
(1.15)End....
Arc(2)
Character introduction
(2.1)
(2.2)
(2.3)
(2.4)
(2.5)
(2.6)
(2.7)
(2.8)
(2.9)
(2.10)
(2.11)
(2.12)
(2.13)
(2.14)
(2.15)
(2.16)
(2.17)
(2.18)
(2.19)
(2.20)End....
Arc(3)
Character introduction
(3.1)
(3.2)
(3.3)
(3.4)
(3.5)
(3.6)
(3.7)
(3.8)
(3.9)
(3.10)
(3.11)
(3.12)
(3.13)
(3.14)
(3.15)
(3.16)
(3.17)
(3.18)
(3.19)
(3.20)End....
Arc(4)
Character introduction
(4.1)
(4.2)
(4.3)
(4.4)
(4.5)
(4.6)
(4.7)
(4.8)
(4.9)
(4.10)
(4.11)
(4.12)
(4.13)
(4.14)
(4.15)
(4.16)
(4.17)
(4.18)
(4.19)End....
Arc(5)
Character introduction
(5.1)
(5.2)
(5.3)
(5.4)
(5.5)
(5.6)
(5.7)
(5.8)
(5.9)
(5.10)
(5.11)
(5.12)
(5.13)
(5.14)
(5.15)
(5.16)
(5.17)
(5.18)
(5.19)
(5.20)
(5.21)
(5.22)
(5.23)
(5.24)End....
Arc(6)
Character introduction
(6.1)
(6.2)
(6.3)
(6.4)
(6.5)
(6.6)
(6.7)
(6.8)
(6.9)
(6.10)
(6.11)
(6.12)
(6.13)
(6.14)
(6.15)
(6.16)
(6.17)
(6.18)
(6.19)
(6.20)
(6.21)End....
Arc(7)
Character introduction
(7.1)
(7.2)
(7.3)
(7.4)
(7.5)
(7.6)
(7.7)
(7.8)
(7.9)
(7.10)
(7.11)
(7.12)
(7.13)
(7.14)
(7.15)
(7.16)
(7.17)
(7.18)
(7.19)
(7.20)
(7.21)End....
Arc(1.16) [Return]
(1.17) [Return]
(1.18) [Return]
(1.19) [Return]
(1.20) [Return]
(1.21) [Return]
(1.22) [Return]
(1.23) [Return]
(1.24) [Return]
(1.25) [Return]
(1.26) [Return]
(1.27) [Return]
(1.28) [Return]
(1.29) [Return]
(1.30) [Return]
(1.31) [Return]
(1.32) [Return]End....
Arc(8)
Character introduction
(8.1)
(8.2)
(8.3)
Book ခွဲခြင်း

(1.4)

10.4K 973 6
Galing kay TeeKo0

Unicode

လရိပ်တည်းခိုဆောင်သည် အလွန်တရာအေးချမ်းတဲ့ပတ်ဝန်းကျင်နှင့် ခရီးသွားကျင့်ကြံသူတွေ အန္တရာယ်ကင်းကင်းတည်းခိုရန်အတွက်အဓိကဆောက်လုပ်ပေးထားခြင်းဖြစ်သည်။ အခုလောလောဆည်တွင် တည်းခိုခန်းပိုင်ရှင်အမျိုးသမီးဟာ ကောင်တာမှာထိုင်နေရင်း သူမအရှေ့ရှိယောက်ျားပျိုနှစ်ဦးအား ထူးဆန်းသည့်မျက်လုံးတစ်စုံဖြင့်အကဲခတ်နေလေသည်။

သူမအရှေ့ကယောက်ျားနှစ်ယောက်က တစ်ယောက်ကိုတစ်ယောက်မသိသလိုပြုမူနေကြသော်လည်းပဲ သူတို့နှစ်ယောက်ရဲ့လက်တစ်စုံဟာ သစ္စာဖောက်စွာတင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားကြသည်။

ညာဘက်မှာရှိတဲ့အမျိုးသားဟာ အဖြူရောင်ကိုမှ အပြာရောင်ကွပ်ထားသည့် ဝတ်ရုံရှည်ကိုဝတ်ဆင်ထားပြီး မျက်နှာတစ်ဝက်အား အဖြူရောင်ပိတ်စတစ်ခုဖြင့် ဖုံးအုပ်ထားသည်။ ညှိ့အားပြင်းထန်သည့် မြစိမ်းရောင်မျက်ဝန်းတစ်စုံကိုသာ လှပစွာဖော်ပြထားသော်လည်းပဲ ငွေရောင်တောက်ပသည့်ဆံနွယ်ရှည်တွေကသူ့ကို လျှို့ဝှက်ဆန်းကျယ်မှုနှင့် နတ်ဒေဝါတစ်ပါးလိုခံစားသွားရစေသည်။

နောက်တစ်ယောက်ကတော့ တစ်ကိုယ်လုံးအနက်ရောင်ဝတ်ရုံရှည်ဖြင့် ဖုံးကွယ်ဝတ်ဆင်ထားတာကြောင့်ဘာမှမမြင်ရပေမယ့် ဝတ်ရုံအောက်ကစူးရှလွန်းသည့် ဓားထက်ထက်လိုမျိုး အကြည့်တစ်စုံကိုတော့ ခံစားမိနေပေသည်။ ဆိုင်ရှင်အမျိုးသမီးဟာ ကြည့်ရင်း၊ ကြည့်ရင်း တစ်စုံတစ်ခုကိုနားလည်သဘောပေါက်သွားသကဲ့သို့ အဓိပ္ပါယ်ပါပါပြုံးမိလိုက်လေသည်။

ဟ...ဟ...လက်စသက်တော့ အတွဲတွေကအချစ်စမ်းနေကြတာကိုး။

ဒီကမ္ဘာရဲ့ကျင့်ကြံရေးလောကမှာ လိင်တူအတွဲတွေအများကြီးရှိတာကြောင့် ယောက်ျားလေးချင်းကြိုက်သည့်ကိစ္စဟာ ထူးထူးဆန်းဆန်းမဟုတ်ဟု သတ်မှတ်ထားကြသည်။ ရှောင်ကျန့်ဟာ ဆိုင်ရှင်အမျိုးသမီး၏ ငါနားလည်ပါတယ်ဆိုတဲ့ အကြည့်ကြီးကြောင့် အလွန်အမင်းဆွံ့အ သွားရှာပြီးဘာပြောရမှန်းမသိဖြစ်သွားရလေသည်။

"အဟမ်း...တစ်ခန်းယူမယ်ဟုတ်...ရပြီ...ဒီမှာသော့...အခန်းနံပတ်က၅၆....ကောင်းကောင်းမွန်မွန်အနားယူကြပါ...."

တည်းခိုခန်းပိုင်ရှင်အမျိုးသမီးရဲ့ ကံကောင်းပါစေဟု မပြောရုံတမယ် အပြုံးကြီးကို လျစ်လျူရှု့၍ ရှောင်ကျန့်ဟာအဆင့်နိမ့်ဝိဉာဉ်ကျောက်တုံးတစ်တုံးကိုပြစ်ပေးကာ သော့ကိုင်ပြီးတည်းခိုခန်းအပေါ်ထပ်သို့ဦးဆောင်တတ်သွားသည်။ နက်ရောင်ဝတ်ရုံခြုံထားတဲ့လူစိမ်းကို ဆွဲခေါ်ပြီးတော့တစ်ရွတ်တိုက်ဆွဲခေါ်သွားတာကနည်းနည်းထူးဆန်းပေမယ့်....အဟွတ်။ တည်းခိုခန်းပိုင်ရှင်အမျိုးသမီးဟာ ရှောင်ကျန့်ရဲ့ရက်ရောမှုကို အံ့ဩစွာဖြင့်မျက်ခုံးတစ်ဖက်ပင့်ကာကောင်တာ၌ကျန်ခဲ့၏။

ရှောင်ကျန့်ဟာ အခန်းနံပါတ်၅၉ကို လျှင်မြန်စွာရှာတွေ့သွားပြီးအခန်းတွင်းသို့အမြန်ဝင်ကာ ကမန်းကတန်း တံခါးဆွဲ​ပိတ်လိုက်သည်။

"ကျွန်တော်ခင်ဗျားနဲ့ အရင်ဆုံးဆွေးနွေး
ချင်တယ်...."

"....."

တစ်ဖက်လူက အတော်ကြာတဲ့အထိဘာသံမှ
ထွက်မလာပဲ သူ့ကိုသာစူးစိုက်ကြည့်နေတာကြောင့် ရှောင်ကျန့်ဟာအနည်းငယ်သောနေရခက်မှုနဲ့အတူကျွဲမြှီးတိုသွားသည်။ သူလေသံမာမာနှင့် ထပ်မေးလိုက်သည်။

"ခင်များကျွန်တော်ပြောတာ ကြားရောကြားရဲ့လား.....ဒါမှမဟုတ် အ များ အ နေတာလား..."

"ကိုယ် မအပါဘူး"

တစ်ဖက်လူဆီက ထွက်လာသည့်အသံမှာ ဩရှရှဖြင့် sexyကျပြီးဆွဲဆောင်အားပြင်းထန်လွန်းသည်။ ထိုအသံကြောင့် ရှောင်ကျန့်မှာနားရွက်ဖျားလေးတွေတောင် နီရဲမတတ်ဖြစ်သွားရ၏။

'ဝါး...နားထောင်လို့ကောင်းလိုက်တဲ့အသံ....၂၁ရာစုမှာသာ အဆိုတော်လုပ်စားရင်အောင်မြင်လောက်တယ်....'

[host...စိတ်နည်းနည်းထိန်းပါ....]

'တိတ်တိတ်လေးနေစမ်းပါ အုန်းသီး....မင်းကို ဟိုကိစ္စနဲ့ပတ်သတ်ပြီးသိပ်ကြည်သေးတာ မဟုတ်ဘူးနော်.....'

အုန်းသီးဟာချက်ချင်းဆိုသလိုသူ့ပါးစပ်ကို ဇစ်ပိတ်သလိုပိတ်ချလိုက်သည်။

ဒါပေမယ့်ရုတ်တရက်ကြီး သူ့အရှေ့ကလူစိမ်းဟာ ခေါင်းပေါ်ကအနက်ရောင်ခြုံထည်၏ ခေါင်းဆောင်းကို အနောက်လှန်တင်လိုက်လိမ့်မယ်လို့တော့ ရှောင်ကျန့်မထင်ခဲ့မိပေ။ ထိုလူစိမ်း၏မျက်နှာက ရှောင်ကျန့်ကိုကြက်သေသေသွားစေသည်။

Fuck!! သောက်ရမ်းချောတယ်ဟ။

ရှောင်ကျန့်ဟာ လူစိမ်းရဲ့ပေါ်လာတဲ့ မျက်နှာကိုငေးကြောင်ကြည့်နေရင်း အခုလောလောဆည်သူ့ခေါင်းထဲမှာပေါ်လာတဲ့တစ်ခုတည်းသောအရာက သောက်ရမ်းချောတယ် ဆိုတဲ့ စကားတစ်ခုတည်းပင်။

၎င်းတွင် ဖီးနစ်သဏ္ဌာန်ရှည်လျားကျဉ်းမြောင်းသည့် မျက်ဝန်းတစ်စုံရှိပြီး ဓားကဲ့သို့မျက်ခုံး၊ နှာတံမြင့်မြင့်နှင့် နီညိုရောင်သမ်းနေသော မထူမပါးနှုတ်ခမ်းတစ်စုံ ရှိသည်။ တင်းတင်းစေ့ထားသည့်နှုတ်ခမ်းမှာ ပိုင်ရှင်၏ အလွန်တရာအေးစက်သည့် စရိုက်ကိုဖော်ပြနေပြီး အနက်ရောင်ဆံပင်ရှည်တွေကို ဖြစ်သလိုဖြန့်ချထားပုံကအစ sexyအရမ်းကျပြီး လှပလွန်းသည်။ ထို့အပြင်ထိုသူ၏ဘေးပတ်လည်တွင် အန္တရာယ်ရှိသောအရှိန်အဝါတစ်ချို့ပျံ့လွင့်နေသေး၏။ပြောရရင်လုံးဝ Perfect ပဲ။

သူ့တစ်သက်နဲ့တစ်ကိုယ်ဒီလောက်ချော
တဲ့သူကိုမမြင်ဖူးတာသေချာသည်။ ဇာတ်လိုက်တောင်ဒီလူနဲ့ယှဉ်ရင် ရုပ်ဆိုးသွားသလိုခံစားရစေ၏။

ရှောင်ကျန့်ဟာ သူ့ရှေ့ကနတ်ဘုရားလို ချောမောလွန်းလှသော လူကိုငေးကြောင်ကြည့်နေချိန်မှာပင် တစ်ဖက်လူ၏ ခပ်တင်းတင်းစေ့ထားသည့်နှုတ်ခမ်းထောင့်စွန်းတွေမှာ သေးငယ်လှပစွာအပေါ်သို့ကွေးတတ်လာ၏။ ရှောင်ကျန့်မှာသူ့မျက်လုံးတွေကမ်းကုန်ပြီဟုတောင်ထင်မှတ်မိသွားသည်။ ဒီလူကအရမ်းချောလွန်းနေသည်။

တစ်ဖက်လူရဲ့ခေါင်းက ရှောင်ကျန့်မျက်နှာနားသို့ တဖြည်းဖြည်းငုံ့ဆင်းလာပြီး နီးကပ်လာသည်မှာ တစ်ယောက်အသက်ရှုလိုက်တဲ့လေငွေ့ကို တစ်ယောက်က ခံစားမိသည်အထိပင်။

ရုတ်ချည်းပင် ထိုသူကရှောင်ကျန့်မျက်နှာပေါ်က ပုဝါစကိုဆွဲယူလိုက်ပြီး ရှောင်ကျန့်၏ လှရက်နိုင်လွန်းသည့် မျက်နှာလေးကို ဖော်ပြလိုက်သည်။ လူစိမ်းဟာ သူ့ရဲ့နီညိုရောင် နှုတ်ခမ်းတစ်စုံကို ဖွင့်ဟ၍ လူတိုင်း၏နားရွက်ဖျားကိုနီရဲစေနိုင်သည့် အန္တရာယ်များလွန်းသောအသံဖြင့်ပြောသည်။

"ကိုယ့်နာမည်ကဝမ်ရိပေါ်....ခင်ဗျားမဟုတ်ဘူး...ပြီးတော့...."

ထိုဝမ်ရိပေါ်ဆိုသူက သဘောကျစွာတစ်ချက်ရယ်လိုက်ပြီး သူ့ရဲ့ချောမောခန့်ညားမှုတွေကို
ထပ်ဆင့်တိုးပေးလိုက်ပြန်သည်။ သူကအပြုံးဖွဖွလေးတစ်ခုကိုဖော်ပြလိုက်သည်။

"မင်းကမြေခွေးလေးပဲ"

ရှောင်ကျန့်၏ မြစိမ်းရောင်မျက်ဝန်းလေးတွေမှာ အံ့အားသင့်ထိတ်လန့်မှုကြောင့်ပြူးကျယ်ဝိုင်းစက်သွားသည်။ ချယ်ရီရောင်နှုတ်ခမ်းဖူးဖူးတစ်စုံမှာ အနည်းငယ်ပွင့်ဟသွား၏။ ထိုအပြုအမူသေးသေးက ဝမ်ရိပေါ်ဆိုသူကို ပြင်းပြင်းထန်ထန်ပြုစားလိုက်သလိုမျိုး သက်ရောက်မှုကြီးမားသွားစေသည်။ ၎င်းကိုလုံးဝမသိသည့် ရှောင်ကျန့်ဟာ သူ့စိတ်ထဲတွင် အရာအားလုံး နာဂစ်တိုက်သလိုမျိုး ပြာယာခတ်နေလေသည်။

'သူကငါမြေခွေးဆိုတာကိုသိနေတယ်....'

*************

လန်ချောင်မြို့က အတော်အတန်ကြီးမားသော မြို့တစ်မြို့ဖြစ်ပြီး ချန်မိသားစု၊ဖန်မိသားစုနဲ့ လင်မိသားစုကြီးသုံးစုက လက်ဝါးကြီးအုပ်ထားသည်။ ဒီထဲတွင် ဖန်မိသားစုက အင်အားအကြီးဆုံးဖြစ်သည်။ အခုတလောတွင် မြို့တွင်း၌ အလွန်နာမည်ကြီး ရေပန်းစားနေသော သတင်းသုံးပုဒ်ရှိသည်။

ပထမမြောက်သတင်းက ဖန်မိသားစုရဲ့သားလတ် ဖန်ရှင်းရှို့ဟာ ချန်အိမ်တော်ရဲ့တရားဝင်သားကြီးဖြစ်သူ ချန်လင်းရန်နှင့်စေ့စပ်ပွဲဖျက်သိမ်းလိုက်ခြင်းအကြောင်းဖြစ်ပြီး ဒုတိယမြောက်သတင်းကတော့ ချန်အိမ်တော်ရဲ့တရားဝင်သားကြီး ချန်လင်းရန်၏ပြောင်းလဲလာမှုအကြောင်းဖြစ်သည်။ တတိယအရေးကြီးသတင်းမှာ မဟူရာလေလံအိမ်တော်က တစ်နှစ်တစ်ကြိမ်ကျင်းပတဲ့လေလံပွဲကို ယခုနှစ်တွင်လန်ချောင်မြို့အတွင်း ယနေ့ကျင်းပမည့်အကြောင်းဖြစ်သည်။

၎င်းလေလံပွဲကြောင့် ကျင့်ကြံရေးလောကအနှံ့ရှိ ကျင့်ကြံသူပေါင်းများစွာနှင့် နာမည်ကြီးအိမ်တော်၊ မိသားစုကြီးတွေနှင့် သိုင်းဂိုဏ်းကြီးတွေရောက်လာကြမည် ဖြစ်တာကြောင့် တစ်မြို့လုံးစိတ်လှုပ်ရှား တတ်ကြွနေကြလေသည်။ အခန့်မသင့်ရင် ဂိုဏ်းကြီးတစ်ခုခု၏တပည့်အဖြစ်သတ်မှတ်ခံရပြီးစွမ်းအားကြီးကျင့်ကြံသူတစ်ဦးကိုဆရာတော်ရနိုင်သည်။

လေလံပွဲကျင်းပမည့်နေ့၊ လန်ချောင်မြို့အဝင်ဂိတ်တံခါးအပြင်ဘက်တွင်။

"မသွားဘူး!!....မသွားဘူးလို့!!!....ဝမ်ရိပေါ်!....ခွေးကောင်!!!....ငါမသွားဘူးလို့ပြောနေတယ်လေ....အား!!!!....ငါမင်းကိုရိုက်မှာနော်....မရိုက်ရဲဘူးထင်မနေနဲ့...."

ပွက်လောရိုက်လောက်အောင် ဆူညံနေတဲ့အော်သံကြောင့် မြို့အဝင်ရှိလူအားလုံး၏အကြည့်မှာအသံလာရာဆီသို့ရောက်ရှိလာကြသည်။ သူတို့မြင်လိုက်ရတာက အနည်းငယ် အူကြောင်ကြောင်နိုင်တာကြောင့် လူတိုင်းဆွံ့အ သွားရရှာသည်။

ဖြစ်ပုံက ဝမ်ရိပေါ်ဟာ အရေးကြီးပစ္စည်းတစ်ခုကိုဝယ်ဖို့ရန်ကိစ္စရှိပြီး သူတို့နှစ်ယောက်၏လက်နှစ်ဖက်ကို ပြန်ဖြည်နိုင်ဖို့ရန် လိုအပ်သည့်အရာက မြို့တစ်မြို့တွင် အတူတကွရရှိနိုင်သည်ဟု ပြောခဲ့တာကြောင့် ဘာမှမတတ်နိုင်သည့်ရှောင်ကျန့်ဟာယုံယုံကြည်ကြည့်လိုက်လာခဲ့မိလေသည်။ သို့ပေမယ့် မြို့အဝင်ဝနားရောက်မှ လန်ချောင်မြို့ဖြစ်နေမှန်းသိပြီး အဓိကဇာတ်လိုက်နေထိုင်တဲ့မြို့ဖြစ်နေကြောင်းသတိရလိုက်သည်။ အစတည်းက ဇာတ်လိုက်မျိုးနွယ်မှန်သမျှဝေးဝေးကရှောင်ဖို့ရန် စိတ်ဆုံးဖြတ်ထားသည့်ရှောင်ကျန့်ဟာ အသည်းအသန်လှည့်ပြေးပေမယ့် ဝမ်ရိပေါ်က အတင်းဆွဲခေါ်တာကိုခံလိုက်ရသည်။

သူတို့နှစ်ယောက်က သေချာပေါက် ဆွဲခေါ်၊ ရုန်းကန်နေကြတာဖြစ်နေပေမယ့် လူအများအမြင်တွင် တစ်ဖက်နဲ့တစ်ဖက် မလွှတ်တမ်းတင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားတဲ့လက်တစ်စုံကြောင့် တွန်းကန်နေတဲ့ပုံမပေါ်ပဲ တစ်ယောက်နှင့်တစ်ယောက်အချစ်စမ်းပြီး ဒရမ်မာခင်းပြနေတာနဲ့ပိုတူနေ၏။

"....."

ရှောင်ကျန့်နဲ့ဝမ်ရိပေါ်ဟာ သူတို့ခေါင်းပေါ်တွင်ပုဝါရှည်ကာထားသည့် ခမောက်ကြီးတွေကိုဆောင်းထားတာကြောင့် လူအများအမြင်တွင် အဖြူဝတ်စုံနှင့်အနက်ဝတ်စုံဝတ်ဆင်ထားသည့်လူနှစ်ယောက်မှာ အဝတ်ရှည်ကြီးတကားတားဖြင့် အရူးတွေအလားပင်။

"ရှောင်ကျန့်....ငြိမ်ငြိမ်လေးလိုက်ခဲ့လို့မရဘူးလား...."

ဝမ်ရိပေါ်ရဲ့လေသံဟာဆူနေပုံပေါက်နေပေမယ့် ရှောင်ကျန့်ကိုပြောလိုက်ချိန်မှာတော့ နွေဦးလေပြေလေးတိုက်သလိုကိုညင်သာနေလေသည်။ ဝမ်ရိပေါ်ရှောင်ကျန့်နာမည်ကိုဘယ်လိုသိလဲဆိုရင် သေချာပေါက်ပြောပြထားတာပေါ့။

"ဂါး...ငါမသွားဘူးလို့...."

'အုန်းသီး.....ငါအဓိကဇာတ်ကောင်ရဲ့ မြို့ထဲကိုမဝင်ချင်ဘူး....ငါဘယ်လိုလုပ်ရမလဲ'

[host ကျွန်တော့်ကိုစိတ်ဆိုးပြေသွား ပြီလားဟင်....]

မှန်ပေသည်။ ရှောင်ကျန့်ဟာ ချီစွမ်းအားကြောင့်တစ်စစီဖြစ်သွားတဲ့ ပုဝါကိစ္စကို မကျေနပ်တာကြောင့် အုန်းသီးကို စကားမပြောပဲနေနေတာဖြစ်သည်။

စဥ်းစားကြည့်စမ်းပါ။ ပြောတော့ဖြင့်လေကြီး၊ မိုးကြီးနဲ့ဓာတ်ကြီးငါးပါးတောင်မဖျက်စီးနိုင်ဘူးဆိုလို့ သူ့မှာအထင်ကြီးလိုက်ရတာ။ ဟိုကဖြင့်ချီစွမ်းအားလေး နည်းနည်းနဲ့တင် တစ်စစီဖြစ်သွားပြီ။ ဒီလောကကြီးမှာ ချီစွမ်းအင်ပိုင်ဆိုင်ထားသည့် ကျင့်ကြံသူတွေမရှားပါးပေ။ အဝတ်မှန်သမျှ ချီစွမ်းအားနည်နည်းလေးတောင် တောင့်ခံနိုင်စွမ်းမရှိမှတော့ တကယ်လို့ကျင့်ကြံသူအချင်းချင်းတိုက်ခိုက်တော့မယ်ဆိုရင် အကုန်လုံးကိုယ်လုံးတီးတွေမဖြစ်ကုန်ဘူးလား။ မိန်းကလေးကျင့်ကြံသူတွေဆိုရင်ပိုတောင်ကြည့်လှအုံးမယ်။

အမှန်တော့ ကျင့်ကြံသူတွေဝတ်တဲ့အဝတ်အစားတွေက ချီစွမ်းအားကိုတောင့်ခံနိုင်စွမ်းရှိတဲ့ အကောင်းစားဝတ်စုံတွေချည်းဖြစ်သည်။ အုန်းသီးပေးလိုက်တဲ့ ဝတ်စုံကအမှန်တကယ်အထင်ကြီးစရာကောင်းပေမယ့် သူတစ်သက်လုံးဒီဝတ်စုံချည်းပဲဝတ်နေမှာမဟုတ်ပေ။ အဓိကအရေးကြီးအကြောင်းအရာကိုပြန်သွားရရင် အဝတ်တောင်အကောင်းစားဝတ်စုံကိုပေးထားရင် ဒီပုဝါသေးသေးလေးကျတော့ ဘောက်မဲ့ကြောင့်သာမန်ထက်ပိုပြီးသာမန်ဆန်တာကိုမှပေးလိုက်သေးလဲ။ ချီစွမ်းအားနည်းနည်းလေးနဲ့ အမှုန့်ဖြစ်သွားတဲ့ အဝတ်စလေးလေ။ ဒီ့အတွက်ကြောင့်သူ့မှာ လူအုပ်လိုက်ကြီး၏ ငမ်းငမ်းတတ်မျက်နှာဖြင့်ပြေးလိုက်ခြင်းကိုခံခဲ့ရပြီး သူ့မျက်နှာက ပေါ်ဖြစ်အောင်ပေါ်သွားသေးသည်။ အခုဆို အမျိုးသားဇာတ်လိုက် (gong) ကသူ့မျက်နှာကိုမြင်သွားပြီမဟုတ်ပါလား။

ရှောင်ကျန့်၏စိတ်ဆိုးရသည့်အကြောင်းအရင်းကို systemသာသိသွားလို့ကတော့ ငိုသံကြီးဖြင့်ယခုလိုပြောမှာကိုတောင်ကြားယောင်နိုင်သည်။ 'ကျွန်တော်ပြောတာ
ဝတ်စုံကိုလေ....ပုဝါကိုမှမဟုတ်တာလို့' ဆိုပြီး နားပေါက်ကွဲမတတ် အသံဆိုးကြီးဖြင့်အော်ငိုပေလိမ့်မည်။

"ကောင်းပြီ...ကောင်းပြီ....ငါစိတ်မဆိုးပါဘူး....ဒါကြောင့် ဘယ်လိုလုပ်ရမလဲသာ ငါ့ကိုပြောတော့...."

[အမှန်တိုင်းပြောရရင်....ကျွန်တော်လည်း ဘာလုပ်ရမှန်းမသိဘူး...]

'.......'

ရှောင်ကျန့် ဆွံ့အ သွားသည်။ နောက်ဆုံးတွင်ဝမ်ရိပေါ်ဟာ ရုန်းကန်နေသည့်ရှောင်ကျန့်ကိုပုခုံးပေါ်သို့ ကောက်ပွေ့တင်လိုက်ပြီး ရုန်းကန်လှုပ်ရှားများကို လျစ်လျူရှု့၍ လန်ချောင်မြို့အတွင်းသို့ ဆွဲခေါ်သွားခဲ့လေသည်။

***************
******

ရှောင်ကျန့်ဟာ သူ့ဘေးနားတွင် အေးအေးဆေးဆေးထိုင်နေသည့် ဝမ်ရိပေါ်ကို မျက်စောင်းချည်းလှိမ့်ထိုးနေ၏။ အခုသူတို့နှစ်ဦးဟာ မဟူရာလေလံပွဲ၏ သီးသန့်ခန်းနံပါတ်(၁)၌ ထိုင်နေတာဖြစ်ပြီး ဝမ်ရိပေါ်က ရှောင်ကျန့်၏ပြာကျသွားမတတ်မျက်စောင်းကိုဘယ်လိုမှသဘောထူးဟန်မရပဲ လှပလွန်းသည့်အပြုံးဖျော့ဖျော့လေးတစ်ခုကိုသာဖော်ပြထားသည်။ တစ်ခါတလေ သူကရှောင်ကျန့်ဘက် မသိမသာမျက်လုံးထောင့်ကနေကြည့်ရင်း သူ့နှုတ်ခမ်းထက်ကအပြုံးမှာပိုမိုသိသာလာသေးသည်။

မတိုင်ခင်အဖြစ်အပျက်တွေကိုပြန်ပြောင်းပြောပြရရင် ရှောင်ကျန့်မှာ ကလန်ကဆန်ဆက် မလုပ်တော့ပါဘူးလို့ ကတိပေးပြီးကာမှပုခုံးပေါ်ထမ်းတင်ထားခံရသည့် ဝဋ်ကနေလွတ်မြောက်ခဲ့ရရှာသည်။

လေလံအိမ်ရှေ့ရောက်တော့ လူတန်းရှည်ကြီးကို တွေ့လိုက်ရတာကြောင့် ရှောင်ကျန့်မှာ စောင့်ဆိုင်းရမယ့်ဒုက္ခကိုတွေးမိသွားတာကြောင့်စိတ်ပျက်သွားပေမယ့် ဝမ်ရိပေါ်ဟာလူတန်းကြီးကိုဖြတ်ကျော်ပြီး သူ့ကိုဆွဲခေါ်ကာ လေလံအိမ်အစောင့်တွေစီတိုက်ရိုက်လျှောက်သွား၏။ သူက အနက်ရောင်ပေါ်တွင် ရွှေရောင်ကွပ်ထားသည့် တံဆိပ်ပြားတစ်ခုကိုထုတ်ပေးလိုက်သည်။ ထိုတံဆိပ်ပြားလေးတစ်ခုက လေလံအိမ်မှာရှိတဲ့ စီစဥ်သူတွေကိုအထိတ်တလန့်ဖြစ်သွားစေပြီး အရူးတစ်ယောက်လိုအပြေးအလွှားရောက်ရှိလာကာ ရိုသေလေးစားမှုအပြည့် အမူအရာဖြင့် သီးသန့်ခန်း နံပါတ် (၁) ရှိရာဆီသို့ကိုယ်တိုင်ကိုယ်ကျလိုက်ပို့ခဲ့လေသည်။

သီးသန့်ခန်းနံပါတ်(၁)က လေလံခန်းမအတွင်းတွင် အကောင်းဆုံး အခန်းဖြစ်ပြီး လေလံစင်ဖြင့်အနီးဆုံးတွင်ရှိနေသည့်အပြင် အခန်းအတွင်းမှအပြင်ဘက်ရှိအရာအားလုံးကို ပုံမှန်ထက်ကြည်ကြည်လင်လင်၊ ပြတ်ပြတ်သားသား မြင်တွေ့နေရသည်။ အတွင်းဘက်က အပြင်ဘက်ကို ရှင်းရှင်းလင်းလင်းမြင်နေရပေမယ့် အပြင်ဘက်ကကြည့်လျှင်တော့ အလုံပိတ်အခန်းတစ်ခုအသွင်သာမြင်တွေ့နိုင်အောင်အကောင်းစားအစီအရင်တွေဖြင့်ဖုံးကွယ်ထားသည်။ ထို့ကြောင့် သူတို့နှစ်ယောက်လုံး၏ မျက်နှာကိုအေးအေးဆေးဆေးဖော်ပြထားနိုင်တာကြောင့် သိပ်ပြီးစိုးရိမ်ပူပန်စရာတော့မရှိပေ။

ရှောင်ကျန့်ဟာမျက်မှောင်ကြုပ်ရင်း ဝမ်ရိပေါ်ကို မျက်လုံးလေးမှေးကာစိုက်ကြည့်နေသည်။ ဝမ်ရိပေါ်ရဲ့နောက်ခံက အမှန်တကယ်မရိုးရှင်းလောက်မှန်း သူခံစားမိသည်။ ဝမ်ရိပေါ်ဟာလည်း ရှောင်ကျန့်စိုက်ကြည့်နေသည်ကိုခံစားမိပုံရသည်။

"ဘာလို့ကိုယ့်ကိုပေါက်ထွက်မတတ်စိုက်ကြည့်နေတာလဲ....ကိုယ်ချောမှန်း ကိုယ်သိပါတယ်...."

"ဟမ့်....ဘဝင်ရူး...."

ရှောင်ကျန့်ဟာ တိုးတိုးလေးပွစိပွစိပြော
ရင်း မျက်နှာကို တစ်ဖက်လှည့်သွားသည်။ ၎င်းအပြုအမူသေးသေးလေးကိုပဲ ဝမ်ရိပေါ်ဟာ သဘောကျစွာ ခပ်တိုးတိုးရယ်မိလိုက်၏။

ရှောင်ကျန့်ဟာ သီးသန့်ခန်းအပေါ်ထပ်ကနေ အောက်ဘက်က သာမန်ခုံတန်းတွေကိုသာမန်ကာလျှံကာ လျှောက်ကြည့်နေရင်း တစ်နေရာအရောက်တွင် ဇာတ်လိုက်လီဟူရီနှင့် သူတော်စင်ကျောက်စိမ်း ဂိုဏ်းသူ/သား
တွေကို ဝန်ထမ်းမိန်းကလေးတစ်ယောက်က ဦးဆောင်လမ်းပြရင်း သီးသန့်ခန်းတစ်ခန်းသို့ဦးဆောင်ခေါ်သွားတာကိုတွေ့လိုက်ရသည်။ ကြည့်ရတာအမျိုးသားဇာတ်လိုက်တို့အုပ်စုလည်း လေလံပွဲကိုအဓိကလာရောက်သည့်ပုံရ၏။

"ဝါး....ဒါဖန်မိသားစုရဲ့ အကြီးဆုံးသခင်လေးဖန်ချင်းရှို့မဟုတ်လား....."

"သခင်လေးချင်းရှို့က ကြည့်ကောင်းလိုက်တာ....."

"ငါကြားတာတော့သခင်လေးချင်းရှို့က သူတော်စင်ကျောက်စိမ်းဂိုဏ်းက အတွင်းစည်းတပည့်တစ်ယောက်ဆို...."

"အား....အဲ့ဒါဘယ်သူလဲ...လှလိုက်တာ..."

"ဟုတ်ပါ့....အရမ်းလှတာပဲ....သူဘယ်သူလဲဆိုတာ သိတဲ့လူရှိကြလား..."

"ငါသိတယ်...ငါသိတယ်....သူကချန်အိမ်တော်ရဲ့တရားဝင်သားကြီး ချန်လင်းရန်လေ...."

"ဖြစ်နိုင်လို့လား....ငါကြားတာတော့ သခင်လေးလင်းရန်က အရမ်းဝပြီး ရုပ်ဆိုးတယ်ဆို...."

"ဟ..ဟ..နင်ဘာသိလို့လဲ....သခင်လေးချန်လင်းရန်ကမွေးထဲက အဝလွန်တဲ့ရောဂါတစ်မျိုးရှိနေတာတဲ့....မကြာသေးခင်ကပဲ အရမ်းတော်တဲ့သမားတော်တစ်ယောက်က အဝလွန်တဲ့ရောဂါကို ကုသပေးခဲ့တာကြောင့် သူ့ရဲ့မူရင်းရုပ်ရည်ပေါ်လာခဲ့တာ...."

သာမန်ခုံတန်းပေါ်တွင် ထိုင်နေသည့် ကျင့်ကြံသူတစ်ချို့၏စကားအမျိုးမျိုးဟာ ရှောင်ကျန့်ကိုမျက်မှောင်တစ်ချက်ကြုပ်သွားစေပြီး လေလံခန်းမ၏ အပေါက်ဝဆီသို့အကြည့်ရောက်သွား၏။ လေလံတံခါးဝတွင် အတော်လေး လှပတဲ့အသက်၁၇၊ ၁၈ အရွယ်ကောင်လေးတစ်ယောက်နှင့် ထိုကောင်လေးကိုချစ်မြတ်နိုးတဲ့မျက်လုံးတွေဖြင့်စိုက်ကြည့်နေသူ အသက်၂၀ကျော်အရွယ် ချောမောသည့်လူငယ်တစ်ယောက်က လူအုပ်ကြီးထဲတွင်ထင်းလင်းနေလေသည်။

[အဲ့တာ အဓိကဇာတ်လိုက်ချန်လင်းရန်နဲ့ ဒုတိယဇာတ်လိုက်ဖန်ချင်းရှို့ပါ host....]

'အဓိကဇာတ်လိုက်က ဘယ်လိုဖြစ်သွားတာလဲ....ငါက ဒီမှာအကောင်းကြီးရှိနေသေးတယ်မဟုတ်ဘူးလား.....'

အဓိကဇာတ်လိုက်၏လှပလာရခြင်းးနောက်ကွယ်က အကြောင်းအရင်းမှာ နတ်ဘုရားမြေခွေး၏အမြုတေဖြစ်ပြီး အခုရှောင်ကျန့်ကိုယ်ထဲက အမြုတေမှာခြစ်ရာတောင်မထင်ပါပဲ ​ရှိနေသေးသလို ရှောင်ကျန့်ကိုယ်တိုင်လည်း၊ အားနည်းဒဏ်ရာရမည့်အကြောင်းပြချက်ရှိမနေပေ။

[အဲ့ဒါက.....ပြောရရင် အဓိကဇာတ်လိုက်ရဲ့ကံကောင်းခြင်းရောင်ဝါကိုပဲအပြစ်တင်ရလိမ့်မယ် host....တောထဲမှာhostနဲ့မတွေ့ခဲ့ပေမယ့် နတ်ဆေးသမားတော်တစ်ယောက်ရဲ့ အသက်ကိုကယ်ပေးလိုက်မိတယ်လေ....အဟမ်း....ဒါက နည်းနည်းအဓိပ္ပါယ်မဲ့တယ်ဆိုပေမယ့် အဲ့ဒါကြောင့်နတ်ဆေးသမားတော်က ကျေးဇူးဆပ်တဲ့အနေနဲ့နတ်ဆေးလုံး တစ်လုံးကိုပေးခဲ့တယ်ဗျ....ဆေးလုံးက ခန္ဓာကိုယ်ရဲ့အဆိပ်အတောက်တွေအားလုံးကို စွန့်ထုတ်စေပြီး အဆီတွေအကုန် ခန္ဓာကိုယ်ပြင်ပကို ရောက်ကုန်တာကြောင့် ဒီလိုပုံစံဖြစ်သွားခဲ့ရတာပါ....]

'......'

[ဒါပေမယ့် host စိတ်မပူပါနဲ့.... ချန်လင်းရန်က အရင်ဘဝတုန်းကလောက် လှပပြီးငြင်းဆန်မရတဲ့ဆွဲဆောင်မှုမျိုးတော့မရှိတော့ပါဘူး....ပြီးတော့ သူ့မှာသန့်စင်သောယင်ခန္ဓာကိုယ်ကို အရင်ဘဝတုန်းကလိုမပိုင်ဆိုင်ခဲ့တာကြောင့် ယောက်ျားတိုင်းလိုလို ငမ်းငမ်းတတ်လိုချင်တဲ့အဆင့်မျိုးထိတော့ ရောက်မလာတော့ပါဘူး....အလွန်ဆုံးမှ သူ့အလှကိုချီးကျူးဂုဏ်ပြုရုံလောက်ပါပဲ...ဘယ်လိုလုပ် host ကိုယှဥ်နိုင်မှာလဲ....နောက်ထပ်သတင်းကောင်းက သူ့မှာ host ကိုသတ်ဖို့အကြောင်းပြချက်မရှိတော့ဘူးလေ.....မမိုက်ဘူးလား....]

ရှောင်ကျန့်က အချိန်အတော်ကြာတိတ်ဆိတ်နေသည်။ အုန်းသီးအနည်းငယ်လန့်လာသည်။

[Host?]

'ဇာတ်လိုက်လို့မပြောရဘူး....ကမ္ဘာကြီးကသူ့အပေါ်မျက်နှာလိုက်တာ လဲသေလောက်တယ်....တစ်နည်းမဟုတ် တစ်နည်းနဲ့ ကောင်းချီးပေးနေတာပဲ....'

ချန်လင်းရန်နဲ့ဖန်ချင်းရှို့တို့နှစ်ဦးဟာ ခုနကဇာတ်လိုက်လီဟူရီတို့အဖွဲ့ကို ဦးဆောင်ခေါ်ဆောင်သွားတဲ့ ဝန်ထမ်းမိန်းကလေး၏ အနောက်ကနေတစ်ဆင့် လိုက်သွားရင်း ရှောင်ကျန့်မျက်စိအောက်ကနေပျောက်ကွယ်သွားသည်။ ရှောင်ကျန့်ရဲ့မြစိမ်းရောင် မျက်လုံးတစ်စုံဟာ ယခုချိန်ထိ လေလံတံခါးအပေါက်ဝမှာတင် ရပ်နေသေးသည့် လူနှစ်ယောက်ရှိရာဆီသို့ရောက်ရှိသွားသည်။

အရပ်မြင့်မြင့်နဲ့တစ်ယောက်က ဖန်းအိမ်တော်၏ဒုတိယသခင်လေးဖြစ်သူ၊ ဒုတိယဇာတ်လိုက် ဖန်ချင်းရှို့၏ညီ ဖန်းရှုင်းရှို့နှင့် ခန်အိမ်တော်၏တရားမဝင်သား ချန်ချင်းရှောက်တို့ဖြစ်ကြသည်။ ချန်လင်းရန်၏ပြောင်းလဲလာမှုက သူတို့နှစ်ယောက်အပေါ်ထိရောက်မှုအပြင်းထန်ဆုံးဖြစ်ပြီး ချန်ချင်းရှောက်ဟာ ချန်လင်းရန်ထွက်သွားရာဘက်သို့ မုန်းတီးမှုပြည့်နှက်နေသော မျက်လုံးများဖြင့် နှုတ်ခမ်းကိုက်ကာလက်သီးတင်းတင်းဆုပ်ရင်း စိုက်ကြည့်နေခဲ့သည်။ ဖန်ရှင်းရှို့၏တုံ့ပြန်မှုက ချန်ရှောက်ချင်းလိုအမုန်းတရားသက်သက်တော့မဟုတ်ပေ။ ၎င်းကမုန်းတီးမှုတစ်ပိုင်းတစ်စအပြင် ဝမ်းနည်းမှု၊နောင်တ တရားနှင့် စိတ်ပျက်မှုတို့ပါဝင်နေသည်။ သူက သူစွန့်ပြစ်ခဲ့သည့် ဇနီးလောင်းကိုလွန်စွာ နှမြော တွန့်တိုနေကြောင်းမည်သူမဆိုပြောနိုင်၏။

ရှောင်ကျန့်စိတ်ဝင်တစားပြုံးလိုက်သည်။

'အုန်းသီး....'

[ဗျာ host]

'ချန်လင်းရန်နဲ့ ဖန်ချင်းရှို့က လီဟူရီရှိနေတဲ့သီးသန့်ခန်းထဲဝင်သွားတာ မဟုတ်လား.....'

[ဝါး....hostဘယ်လိုသိတာလဲ....]

'ဒုတိယဇာတ်လိုက်ဖန်ချင်းရှို့က သူတော်စင်ကျောက်စိမ်းဂိုဏ်းရဲ့ အတွင်းစည်းတပည့်တစ်ယောက်လေ....ဒီတော့သူချစ်ရတဲ့သူကို အဆက်အသွယ်ရစေချင်တာ ပုံမှန်ပဲ....အခုလေလံပွဲကို လိုက်လာတဲ့လူ အကုန်လုံးက တစ်ယောက်မှရိုးရှင်းတဲ့လူမပါဘူး....အဓိကတပည့်တွေနဲ့အတွင်းစည်းတပည့်တစ်ချို့အပြင် အကြီးအကဲတွေတောင်ပါသေးတယ်....တကယ်လို့ချန်လင်းရန်သာအဲ့ဒီလူတွေကို အမြင်ကောင်းချန်ထားခဲ့နိုင်ရင် အနာဂတ်ဂိုဏ်းထဲဝင်တဲ့အခါမှာ အထောက်အကူမဖြစ်ဘူးလား....'

[hostက အရမ်းတော်တာပဲ......]

'ဒါကဘာမှမဟုတ်ဘူး....ဇာတ်လိုက်နှစ်ယောက်ရှိနေတဲ့သီးသန့်ခန်းက ဘယ်မှာလဲ'

[သီးသန့်ခန်းနံပါတ် (၉) .....hostတို့ မျက်နှာချင်းဆိုင်က သီးသန့်ခန်းထဲမှာပဲ....]

'ပွဲကောင်းကောင်းကြည့်ရဖို့မျှော်လင့်ရတာပဲ....ဟီး...ဟီး...'

သူအစတည်းက ဇာတ်လိုက်တွေကိုဝေးဝေးရှောင်နိုင်ဖို့ကြိုးစားခဲ့သေးတာပဲ။ ဒါပေမယ့် သူ့ကြိုးစားမှုကအရာမထင်မှတော့ ဘာကြောင့်ဆက်ပြေးနေရအုံးမှာလဲ။ နည်းနည်းပါးပါးလောက်ပြဿနာရှာကြည့်လိုက်ရင်မကောင်းဘူးလား။ အဆင်မပြေရင် နည်းနည်းလောက်ဥာဏ်ထုတ်သုံးလိုက်ရုံပဲလေ။

ရှောင်ကျန့်ဟာ အရူးလေးတစ်ယောက်လိုလူယုတ်မာပြုံးပြုံးလိုက်ပေမယ့် သူ့ကိုတစ်ချိန်လုံးအကဲခတ်နေသည့် ဝမ်ရိပေါ်၏မျက်လုံးထဲတွင်တော့ သူ့နှလုံးသားကို
ကြောင်သေးသေးလေးတစ်ကောင် ကုပ်ခြစ်နေသလိုမျိုးခံစားလိုက်ရစေသည်။ သူ့မျက်နှာချောချောထက်တွင် အပြုံးလေးတစ်ခုပေါ်လာပြီး သူ့မျက်လုံးတွေက အရာအားလုံးကိုအရည်ပျော်ကျမတတ် နူးညံသွားခဲ့၏။

_________________________________________________________

Zawgyi

လရိပ္တည္းခိုေဆာင္သည္ အလြန္တရာေအးခ်မ္းတဲ့ပတ္ဝန္းက်င္ႏွင့္ ခရီးသြားက်င့္ႀကံသူေတြ အႏၱရာယ္ကင္းကင္းတည္းခိုရန္အတြက္အဓိကေဆာက္လုပ္ေပးထားျခင္းျဖစ္သည္။ အခုေလာေလာဆည္တြင္ တည္းခိုခန္းပိုင္ရွင္အမ်ိဳးသမီးဟာ ေကာင္တာမွာထိုင္ေနရင္း သူမအေရွ႕ရွိေယာက္်ားပ်ိဳႏွစ္ဦးအား ထူးဆန္းသည့္မ်က္လုံးတစ္စုံျဖင့္အကဲခတ္ေနေလသည္။

သူမအေရွ႕ကေယာက္်ားႏွစ္ေယာက္က တစ္ေယာက္ကိုတစ္ေယာက္မသိသလိုျပဳမူေနၾကေသာ္လည္းပဲ သူတို႔ႏွစ္ေယာက္ရဲ႕လက္တစ္စုံဟာ သစၥာေဖာက္စြာတင္းတင္းၾကပ္ၾကပ္ ဆုပ္ကိုင္ထားၾကသည္။

ညာဘက္မွာရွိတဲ့အမ်ိဳးသားဟာ အျဖဴေရာင္ကိုမွ အျပာေရာင္ကြပ္ထားသည့္ ဝတ္႐ုံရွည္ကိုဝတ္ဆင္ထားၿပီး မ်က္ႏွာတစ္ဝက္အား အျဖဴေရာင္ပိတ္စတစ္ခုျဖင့္ ဖုံးအုပ္ထားသည္။ ညွိ့အားျပင္းထန္သည့္ ျမစိမ္းေရာင္မ်က္ဝန္းတစ္စုံကိုသာ လွပစြာေဖာ္ျပထားေသာ္လည္းပဲ ေငြေရာင္ေတာက္ပသည့္ဆံႏြယ္ရွည္ေတြကသူ႕ကို လွ်ို႔ဝွက္ဆန္းက်ယ္မႈႏွင့္ နတ္ေဒဝါတစ္ပါးလိုခံစားသြားရေစသည္။

ေနာက္တစ္ေယာက္ကေတာ့ တစ္ကိုယ္လုံးအနက္ေရာင္ဝတ္႐ုံရွည္ျဖင့္ ဖုံးကြယ္ဝတ္ဆင္ထားတာေၾကာင့္ဘာမွမျမင္ရေပမယ့္ ဝတ္႐ုံေအာက္ကစူးရွလြန္းသည့္ ဓားထက္ထက္လိုမ်ိဳး အၾကည့္တစ္စုံကိုေတာ့ ခံစားမိေနေပသည္။ ဆိုင္ရွင္အမ်ိဳးသမီးဟာ ၾကည့္ရင္း၊ ၾကည့္ရင္း တစ္စုံတစ္ခုကိုနားလည္သေဘာေပါက္သြားသကဲ့သို႔ အဓိပ္ပါယ်ပါပါပြုံးမိလိုက်လေသည်။

ဟ...ဟ...လက္စသက္ေတာ့ အတြဲေတြကအခ်စ္စမ္းေနၾကတာကိုး။

ဒီကမၻာရဲ႕က်င့္ႀကံေရးေလာကမွာ လိင္တူအတြဲေတြအမ်ားႀကီးရွိတာေၾကာင့္ ေယာက္်ားေလးခ်င္းႀကိဳက္သည့္ကိစၥဟာ ထူးထူးဆန္းဆန္းမဟုတ္ဟု သတ္မွတ္ထားၾကသည္။ ေရွာင္က်န႔္ဟာ ဆိုင္ရွင္အမ်ိဳးသမီး၏ ငါနားလည္ပါတယ္ဆိုတဲ့ အၾကည့္ႀကီးေၾကာင့္ အလြန္အမင္းဆြံ႕အ သြားရွာၿပီးဘာေျပာရမွန္းမသိျဖစ္သြားရေလသည္။

"အဟမ္း...တစ္ခန္းယူမယ္ဟုတ္...ရၿပီ...ဒီမွာေသာ့...အခန္းနံပတ္က၅၆....ေကာင္းေကာင္းမြန္မြန္အနားယူၾကပါ...."

တည္းခိုခန္းပိုင္ရွင္အမ်ိဳးသမီးရဲ႕ ကံေကာင္းပါေစဟု မေျပာ႐ုံတမယ္ အၿပဳံးႀကီးကို လ်စ္လ်ဴရႈ႕၍ ေရွာင္က်န႔္ဟာအဆင့္နိမ့္ဝိဉာဥ္ေက်ာက္တုံးတစ္တုံးကိုျပစ္ေပးကာ ေသာ့ကိုင္ၿပီးတည္းခိုခန္းအေပၚထပ္သို႔ဦးေဆာင္တတ္သြားသည္။ နက္ေရာင္ဝတ္႐ုံၿခဳံထားတဲ့လူစိမ္းကို ဆြဲေခၚၿပီးေတာ့တစ္႐ြတ္တိုက္ဆြဲေခၚသြားတာကနည္းနည္းထူးဆန္းေပမယ့္....အဟြတ္။ တည္းခိုခန္းပိုင္ရွင္အမ်ိဳးသမီးဟာ ေရွာင္က်န႔္ရဲ႕ရက္ေရာမႈကို အံ့ဩစြာျဖင့္မ်က္ခုံးတစ္ဖက္ပင့္ကာေကာင္တာ၌က်န္ခဲ့၏။

ေရွာင္က်န႔္ဟာ အခန္းနံပါတ္၅၉ကို လွ်င္ျမန္စြာရွာေတြ႕သြားၿပီးအခန္းတြင္းသို႔အျမန္ဝင္ကာ ကမန္းကတန္း တံခါးဆြဲပိတ္လိုက္သည္။

"ကြၽန္ေတာ္ခင္ဗ်ားနဲ႕ အရင္ဆုံးေဆြးႏြေး
ခ်င္တယ္...."

"....."

တစ္ဖက္လူက အေတာ္ၾကာတဲ့အထိဘာသံမွ
ထြက္မလာပဲ သူ႕ကိုသာစူးစိုက္ၾကည့္ေနတာေၾကာင့္ ေရွာင္က်န႔္ဟာအနည္းငယ္ေသာေနရခက္မႈနဲ႕အတူကြၽဲျမႇီးတိုသြားသည္။ သူေလသံမာမာႏွင့္ ထပ္ေမးလိုက္သည္။

"ခင္မ်ားကြၽန္ေတာ္ေျပာတာ ၾကားေရာၾကားရဲ႕လား.....ဒါမွမဟုတ္ အ မ်ား အ ေနတာလား..."

"ကိုယ္ မအပါဘူး"

တစ္ဖက္လူဆီက ထြက္လာသည့္အသံမွာ ဩရွရွျဖင့္ sexyက်ၿပီးဆြဲေဆာင္အားျပင္းထန္လြန္းသည္။ ထိုအသံေၾကာင့္ ေရွာင္က်န႔္မွာနား႐ြက္ဖ်ားေလးေတြေတာင္ နီရဲမတတ္ျဖစ္သြားရ၏။

'ဝါး...နားေထာင္လို႔ေကာင္းလိုက္တဲ့အသံ....၂၁ရာစုမွာသာ အဆိုေတာ္လုပ္စားရင္ေအာင္ျမင္ေလာက္တယ္....'

[host...စိတ္နည္းနည္းထိန္းပါ....]

'တိတ္တိတ္ေလးေနစမ္းပါ အုန္းသီး....မင္းကို ဟိုကိစၥနဲ႕ပတ္သတ္ၿပီးသိပ္ၾကည္ေသးတာ မဟုတ္ဘူးေနာ္.....'

အုန္းသီးဟာခ်က္ခ်င္းဆိုသလိုသူ႕ပါးစပ္ကို ဇစ္ပိတ္သလိုပိတ္ခ်လိဳက္သည္။

ဒါေပမယ့္႐ုတ္တရက္ႀကီး သူ႕အေရွ႕ကလူစိမ္းဟာ ေခါင္းေပၚကအနက္ေရာင္ၿခဳံထည္၏ ေခါင္းေဆာင္းကို အေနာက္လွန္တင္လိုက္လိမ့္မယ္လို႔ေတာ့ ေရွာင္က်န့္မထင္ခဲ့မိေပ။ ထိုလူစိမ္း၏မ်က္ႏွာက ေရွာင္က်န့္ကိုၾကက္ေသေသသြားေစသည္။

Fuck!! ေသာက္ရမ္းေခ်ာတယ္ဟ။

ေရွာင္က်န႔္ဟာ လူစိမ္းရဲ႕ေပၚလာတဲ့ မ်က္ႏွာကိုေငးေၾကာင္ၾကည့္ေနရင္း အခုေလာေလာဆည္သူ႕ေခါင္းထဲမွာေပၚလာတဲ့တစ္ခုတည္းေသာအရာက ေသာက္ရမ္းေခ်ာတယ္ ဆိုတဲ့ စကားတစ္ခုတည္းပင္။

၎တြင္ ဖီးနစ္သဏၭာန္ရွည္လ်ားက်ဥ္းေျမာင္းသည့္ မ်က္ဝန္းတစ္စုံရွိၿပီး ဓားကဲ့သို႔မ်က္ခုံး၊ ႏွာတံျမင့္ျမင့္ႏွင့္ နီညိုေရာင္သမ္းေနေသာ မထူမပါးႏႈတ္ခမ္းတစ္စုံ ရွိသည္။ တင္းတင္းေစ့ထားသည့္ႏႈတ္ခမ္းမွာ ပိုင္ရွင္၏ အလြန္တရာေအးစက္သည့္ စရိုက္ကိုေဖာ္ျပေနၿပီး အနက္ေရာင္ဆံပင္ရွည္ေတြကို ျဖစ္သလိုျဖန့္ခ်ထားပုံကအစ sexyအရမ္းက်ၿပီး လွပလြန္းသည္။ ထို႔အျပင္ထိုသူ၏ေဘးပတ္လည္တြင္ အႏၱရာယ္ရွိေသာအရွိန္အဝါတစ္ခ်ိဳ႕ပ်ံ့လြင့္ေနေသး၏။ေျပာရရင္လုံးဝ Perfect ပဲ။

သူ႕တစ္သက္နဲ႕တစ္ကိုယ္ဒီေလာက္ေခ်ာ
တဲ့သူကိုမျမင္ဖူးတာေသခ်ာသည္။ ဇာတ္လိုက္ေတာင္ဒီလူနဲ႕ယွဥ္ရင္ ႐ုပ္ဆိုးသြားသလိုခံစားရေစ၏။

ေရွာင္က်န႔္ဟာ သူ႕ေရွ႕ကနတ္ဘုရားလို ေခ်ာေမာလြန္းလွေသာ လူကိုေငးေၾကာင္ၾကည့္ေနခ်ိန္မွာပင္ တစ္ဖက္လူ၏ ခပ္တင္းတင္းေစ့ထားသည့္ႏႈတ္ခမ္းေထာင့္စြန္းေတြမွာ ေသးငယ္လွပစြာအေပၚသို႔ေကြးတတ္လာ၏။ ေရွာင္က်န့္မွာသူ႕မ်က္လုံးေတြကမ္းကုန္ၿပီဟုေတာင္ထင္မွတ္မိသြားသည္။ ဒီလူကအရမ္းေခ်ာလြန္းေနသည္။

တစ္ဖက္လူရဲ႕ေခါင္းက ေရွာင္က်န႔္မ်က္ႏွာနားသို႔ တျဖည္းျဖည္းငုံ႕ဆင္းလာၿပီး နီးကပ္လာသည္မွာ တစ္ေယာက္အသက္ရႈလိုက္တဲ့ေလေငြ႕ကို တစ္ေယာက္က ခံစားမိသည္အထိပင္။

႐ုတ္ခ်ည္းပင္ ထိုသူကေရွာင္က်န့္မ်က္ႏွာေပၚက ပုဝါစကိုဆြဲယူလိုက္ၿပီး ေရွာင္က်န့္၏ လွရက္နိုင္လြန္းသည့္ မ်က္ႏွာေလးကို ေဖာ္ျပလိုက္သည္။ လူစိမ္းဟာ သူ႕ရဲ႕နီညိုေရာင္ ႏႈတ္ခမ္းတစ္စုံကို ဖြင့္ဟ၍ လူတိုင္း၏နား႐ြက္ဖ်ားကိုနီရဲေစနိုင္သည့္ အႏၱရာယ္မ်ားလြန္းေသာအသံျဖင့္ေျပာသည္။

"ကိုယ့္နာမည္ကဝမ္ရိေပၚ....ခင္ဗ်ားမဟုတ္ဘူး...ၿပီးေတာ့...."

ထိုဝမ္ရိေပၚဆိုသူက သေဘာက်စြာတစ္ခ်က္ရယ္လိုက္ၿပီး သူ႕ရဲ႕ေခ်ာေမာခန႔္ညားမႈေတြကို
ထပ္ဆင့္တိုးေပးလိုက္ျပန္သည္။ သူကအၿပဳံးဖြဖြေလးတစ္ခုကိုေဖာ္ျပလိုက္သည္။

"မင္းကေျမေခြးေလးပဲ"

ေရွာင္က်န႔္၏ ျမစိမ္းေရာင္မ်က္ဝန္းေလးေတြမွာ အံ့အားသင့္ထိတ္လန့္မႈေၾကာင့္ျပဴးက်ယ္ဝိုင္းစက္သြားသည္။ ခ်ယ္ရီေရာင္ႏႈတ္ခမ္းဖူးဖူးတစ္စုံမွာ အနည္းငယ္ပြင့္ဟသြား၏။ ထိုအျပဳအမူေသးေသးက ဝမ္ရိေပၚဆိုသူကို ျပင္းျပင္းထန္ထန္ျပဳစားလိုက္သလိုမ်ိဳး သက္ေရာက္မႈႀကီးမားသြားေစသည္။ ၎ကိုလုံးဝမသိသည့္ ေရွာင္က်န႔္ဟာ သူ႕စိတ္ထဲတြင္ အရာအားလုံး နာဂစ္တိုက္သလိုမ်ိဳး ျပာယာခတ္ေနေလသည္။

'သူကငါေျမေခြးဆိုတာကိုသိေနတယ္....'

*************

လန္ေခ်ာင္ၿမိဳ႕က အေတာ္အတန္ႀကီးမားေသာ ၿမိဳ႕တစ္ၿမိဳ႕ျဖစ္ၿပီး ခ်န္မိသားစု၊ဖန္မိသားစုနဲ႕ လင္မိသားစုႀကီးသုံးစုက လက္ဝါးႀကီးအုပ္ထားသည္။ ဒီထဲတြင္ ဖန္မိသားစုက အင္အားအႀကီးဆုံးျဖစ္သည္။ အခုတေလာတြင္ ၿမိဳ႕တြင္း၌ အလြန္နာမည္ႀကီး ေရပန္းစားေနေသာ သတင္းသုံးပုဒ္ရွိသည္။

ပထမေျမာက္သတင္းက ဖန္မိသားစုရဲ႕သားလတ္ ဖန္ရွင္းရွို႔ဟာ ခ်န္အိမ္ေတာ္ရဲ႕တရားဝင္သားႀကီးျဖစ္သူ ခ်န္လင္းရန္ႏွင့္ေစ့စပ္ပြဲဖ်က္သိမ္းလိုက္ျခင္းအေၾကာင္းျဖစ္ၿပီး ဒုတိယေျမာက္သတင္းကေတာ့ ခ်န္အိမ္ေတာ္ရဲ႕တရားဝင္သားႀကီး ခ်န္လင္းရန္၏ေျပာင္းလဲလာမႈအေၾကာင္းျဖစ္သည္။ တတိယအေရးႀကီးသတင္းမွာ မဟူရာေလလံအိမ္ေတာ္က တစ္ႏွစ္တစ္ႀကိမ္က်င္းပတဲ့ေလလံပြဲကို ယခုႏွစ္တြင္လန္ေခ်ာင္ၿမိဳ႕အတြင္း ယေန႕က်င္းပမည့္အေၾကာင္းျဖစ္သည္။

၎ေလလံပြဲေၾကာင့္ က်င့္ႀကံေရးေလာကအႏွံ႕ရွိ က်င့္ႀကံသူေပါင္းမ်ားစြာႏွင့္ နာမည္ႀကီးအိမ္ေတာ္၊ မိသားစုႀကီးေတြႏွင့္ သိုင္းဂိုဏ္းႀကီးေတြေရာက္လာၾကမည္ ျဖစ္တာေၾကာင့္ တစ္ၿမိဳ႕လုံးစိတ္လႈပ္ရွား တတ္ႂကြေနၾကေလသည္။ အခန့္မသင့္ရင္ ဂိုဏ္းႀကီးတစ္ခုခု၏တပည့္အျဖစ္သတ္မွတ္ခံရၿပီးစြမ္းအားႀကီးက်င့္ႀကံသူတစ္ဦးကိုဆရာေတာ္ရနိုင္သည္။

ေလလံပြဲက်င္းပမည့္ေန႕၊ လန္ေခ်ာင္ၿမိဳ႕အဝင္ဂိတ္တံခါးအျပင္ဘက္တြင္။

"မသြားဘူး!!....မသြားဘူးလို႔!!!....ဝမ္ရိေပၚ!....ေခြးေကာင္!!!....ငါမသြားဘူးလို႔ေျပာေနတယ္ေလ....အား!!!!....ငါမင္းကိုရိုက္မွာေနာ္....မရိုက္ရဲဘူးထင္မေနနဲ႕...."

ပြက္ေလာရိုက္ေလာက္ေအာင္ ဆူညံေနတဲ့ေအာ္သံေၾကာင့္ ၿမိဳ႕အဝင္ရွိလူအားလုံး၏အၾကည့္မွာအသံလာရာဆီသို႔ေရာက္ရွိလာၾကသည္။ သူတို႔ျမင္လိုက္ရတာက အနည္းငယ္ အူေၾကာင္ေၾကာင္နိုင္တာေၾကာင့္ လူတိုင္းဆြံ႕အ သြားရရွာသည္။

ျဖစ္ပုံက ဝမ္ရိေပၚဟာ အေရးႀကီးပစၥည္းတစ္ခုကိုဝယ္ဖို႔ရန္ကိစၥရွိၿပီး သူတို႔ႏွစ္ေယာက္၏လက္ႏွစ္ဖက္ကို ျပန္ျဖည္နိုင္ဖို႔ရန္ လိုအပ္သည့္အရာက ၿမိဳ႕တစ္ၿမိဳ႕တြင္ အတူတကြရရွိနိုင္သည္ဟု ေျပာခဲ့တာေၾကာင့္ ဘာမွမတတ္နိုင္သည့္ေရွာင္က်န့္ဟာယုံယုံၾကည္ၾကည့္လိုက္လာခဲ့မိေလသည္။ သို႔ေပမယ့္ ၿမိဳ႕အဝင္ဝနားေရာက္မွ လန္ေခ်ာင္ၿမိဳ႕ျဖစ္ေနမွန္းသိၿပီး အဓိကဇာတ္လိုက္ေနထိုင္တဲ့ၿမိဳ႕ျဖစ္ေနေၾကာင္းသတိရလိုက္သည္။ အစတည္းက ဇာတ္လိုက္မ်ိဳးႏြယ္မွန္သမွ်ေဝးေဝးကေရွာင္ဖို႔ရန္ စိတ္ဆုံးျဖတ္ထားသည့္ေရွာင္က်န့္ဟာ အသည္းအသန္လွည့္ေျပးေပမယ့္ ဝမ္ရိေပၚက အတင္းဆြဲေခၚတာကိုခံလိုက္ရသည္။

သူတို႔ႏွစ္ေယာက္က ေသခ်ာေပါက္ ဆြဲေခၚ၊ ႐ုန္းကန္ေနၾကတာျဖစ္ေနေပမယ့္ လူအမ်ားအျမင္တြင္ တစ္ဖက္နဲ႕တစ္ဖက္ မလႊတ္တမ္းတင္းတင္းက်ပ္က်ပ္ ဆုပ္ကိုင္ထားတဲ့လက္တစ္စုံေၾကာင့္ တြန္းကန္ေနတဲ့ပုံမေပၚပဲ တစ္ေယာက္ႏွင့္တစ္ေယာက္အခ်စ္စမ္းၿပီး ဒရမ္မာခင္းျပေနတာနဲ႕ပိုတူေန၏။

"....."

ေရွာင္က်န့္နဲ႕ဝမ္ရိေပၚဟာ သူတို႔ေခါင္းေပၚတြင္ပုဝါရွည္ကာထားသည့္ ခေမာက္ႀကီးေတြကိုေဆာင္းထားတာေၾကာင့္ လူအမ်ားအျမင္တြင္ အျဖဴဝတ္စုံႏွင့္အနက္ဝတ္စုံဝတ္ဆင္ထားသည့္လူႏွစ္ေယာက္မွာ အဝတ္ရွည္ႀကီးတကားတားျဖင့္ အ႐ူးေတြအလားပင္။

"ေရွာင္က်န႔္....ၿငိမ္ၿငိမ္ေလးလိုက္ခဲ့လို႔မရဘူးလား...."

ဝမ္ရိေပၚရဲ႕ေလသံဟာဆူေနပုံေပါက္ေနေပမယ့္ ေရွာင္က်န႔္ကိုေျပာလိုက္ခ်ိန္မွာေတာ့ ႏြေဦးေလေျပေလးတိုက္သလိုကိုညင္သာေနေလသည္။ ဝမ္ရိေပၚေရွာင္က်န႔္နာမည္ကိုဘယ္လိုသိလဲဆိုရင္ ေသခ်ာေပါက္ေျပာျပထားတာေပါ့။

"ဂါး...ငါမသြားဘူးလို႔...."

'အုန္းသီး.....ငါအဓိကဇာတ္ေကာင္ရဲ႕ ၿမိဳ႕ထဲကိုမဝင္ခ်င္ဘူး....ငါဘယ္လိုလုပ္ရမလဲ'

[host ကြၽန္ေတာ့္ကိုစိတ္ဆိုးေျပသြား ၿပီလားဟင္....]

မွန္ေပသည္။ ေရွာင္က်န႔္ဟာ ခ်ီစြမ္းအားေၾကာင့္တစ္စစီျဖစ္သြားတဲ့ ပုဝါကိစၥကို မေက်နပ္တာေၾကာင့္ အုန္းသီးကို စကားမေျပာပဲေနေနတာျဖစ္သည္။

စဥ္းစားၾကည့္စမ္းပါ။ ေျပာေတာ့ျဖင့္ေလႀကီး၊ မိုးႀကီးနဲ႕ဓာတ္ႀကီးငါးပါးေတာင္မဖ်က္စီးနိုင္ဘူးဆိုလို႔ သူ႕မွာအထင္ႀကီးလိုက္ရတာ။ ဟိုကျဖင့္ခ်ီစြမ္းအားေလး နည္းနည္းနဲ႕တင္ တစ္စစီျဖစ္သြားၿပီ။ ဒီေလာကႀကီးမွာ ခ်ီစြမ္းအင္ပိုင္ဆိုင္ထားသည့္ က်င့္ႀကံသူေတြမရွားပါးေပ။ အဝတ္မွန္သမွ် ခ်ီစြမ္းအားနည္နည္းေလးေတာင္ ေတာင့္ခံနိုင္စြမ္းမရွိမွေတာ့ တကယ္လို႔က်င့္ႀကံသူအခ်င္းခ်င္းတိုက္ခိုက္ေတာ့မယ္ဆိုရင္ အကုန္လုံးကိုယ္လုံးတီးေတြမျဖစ္ကုန္ဘူးလား။ မိန္းကေလးက်င့္ႀကံသူေတြဆိုရင္ပိုေတာင္ၾကည့္လွအုံးမယ္။

အမွန္ေတာ့ က်င့္ႀကံသူေတြဝတ္တဲ့အဝတ္အစားေတြက ခ်ီစြမ္းအားကိုေတာင့္ခံနိုင္စြမ္းရွိတဲ့ အေကာင္းစားဝတ္စုံေတြခ်ည္းျဖစ္သည္။ အုန္းသီးေပးလိုက္တဲ့ ဝတ္စုံကအမွန္တကယ္အထင္ႀကီးစရာေကာင္းေပမယ့္ သူတစ္သက္လုံးဒီဝတ္စုံခ်ည္းပဲဝတ္ေနမွာမဟုတ္ေပ။ အဓိကအေရးႀကီးအေၾကာင္းအရာကိုျပန္သြားရရင္ အဝတ္ေတာင္အေကာင္းစားဝတ္စုံကိုေပးထားရင္ ဒီပုဝါေသးေသးေလးက်ေတာ့ ေဘာက္မဲ့ေၾကာင့္သာမန္ထက္ပိုၿပီးသာမန္ဆန္တာကိုမွေပးလိုက္ေသးလဲ။ ခ်ီစြမ္းအားနည္းနည္းေလးနဲ႕ အမႈန့္ျဖစ္သြားတဲ့ အဝတ္စေလးေလ။ ဒီ့အတြက္ေၾကာင့္သူ႕မွာ လူအုပ္လိုက္ႀကီး၏ ငမ္းငမ္းတတ္မ်က္ႏွာျဖင့္ေျပးလိုက္ျခင္းကိုခံခဲ့ရၿပီး သူ႕မ်က္ႏွာက ေပၚျဖစ္ေအာင္ေပၚသြားေသးသည္။ အခုဆို အမ်ိဳးသားဇာတ္လိုက္ (gong) ကသူ႕မ်က္ႏွာကိုျမင္သြားၿပီမဟုတ္ပါလား။

ေရွာင္က်န့္၏စိတ္ဆိုးရသည့္အေၾကာင္းအရင္းကို systemသာသိသြားလို႔ကေတာ့ ငိုသံႀကီးျဖင့္ယခုလိုေျပာမွာကိုေတာင္ၾကားေယာင္နိုင္သည္။ 'ကြၽန္ေတာ္ေျပာတာ
ဝတ္စုံကိုေလ....ပုဝါကိုမွမဟုတ္တာလို႔' ဆိုၿပီး နားေပါက္ကြဲမတတ္ အသံဆိုးႀကီးျဖင့္ေအာ္ငိုေပလိမ့္မည္။

"ေကာင္းၿပီ...ေကာင္းၿပီ....ငါစိတ္မဆိုးပါဘူး....ဒါေၾကာင့္ ဘယ္လိုလုပ္ရမလဲသာ ငါ့ကိုေျပာေတာ့...."

[အမွန္တိုင္းေျပာရရင္....ကြၽန္ေတာ္လည္း ဘာလုပ္ရမွန္းမသိဘူး...]

'.......'

ေရွာင္က်န႔္ ဆြံ႕အ သြားသည္။ ေနာက္ဆုံးတြင္ဝမ္ရိေပၚဟာ ႐ုန္းကန္ေနသည့္ေရွာင္က်န႔္ကိုပုခုံးေပၚသို႔ ေကာက္ေပြ႕တင္လိုက္ၿပီး ႐ုန္းကန္လႈပ္ရွားမ်ားကို လ်စ္လ်ဴရႈ႕၍ လန္ေခ်ာင္ၿမိဳ႕အတြင္းသို႔ ဆြဲေခၚသြားခဲ့ေလသည္။

***************
******

ေရွာင္က်န႔္ဟာ သူ႕ေဘးနားတြင္ ေအးေအးေဆးေဆးထိုင္ေနသည့္ ဝမ္ရိေပၚကို မ်က္ေစာင္းခ်ည္းလွိမ့္ထိုးေန၏။ အခုသူတို႔ႏွစ္ဦးဟာ မဟူရာေလလံပြဲ၏ သီးသန႔္ခန္းနံပါတ္(၁)၌ ထိုင္ေနတာျဖစ္ၿပီး ဝမ္ရိေပၚက ေရွာင္က်န့္၏ျပာက်သြားမတတ္မ်က္ေစာင္းကိုဘယ္လိုမွသေဘာထူးဟန္မရပဲ လွပလြန္းသည့္အၿပဳံးေဖ်ာ့ေဖ်ာ့ေလးတစ္ခုကိုသာေဖာ္ျပထားသည္။ တစ္ခါတေလ သူကေရွာင္က်န့္ဘက္ မသိမသာမ်က္လုံးေထာင့္ကေနၾကည့္ရင္း သူ႕ႏႈတ္ခမ္းထက္ကအၿပဳံးမွာပိုမိုသိသာလာေသးသည္။

မတိုင္ခင္အျဖစ္အပ်က္ေတြကိုျပန္ေျပာင္းေျပာျပရရင္ ေရွာင္က်န႔္မွာ ကလန္ကဆန္ဆက္ မလုပ္ေတာ့ပါဘူးလို႔ ကတိေပးၿပီးကာမွပုခုံးေပၚထမ္းတင္ထားခံရသည့္ ဝဋ္ကေနလြတ္ေျမာက္ခဲ့ရရွာသည္။

ေလလံအိမ္ေရွ႕ေရာက္ေတာ့ လူတန္းရွည္ႀကီးကိုေတြ႕လိုက္ရတာေၾကာင့္ ေရွာင္က်န႔္မွာ ေစာင့္ဆိုင္းရမယ့္ဒုကၡကိုေတြးမိသြားတာေၾကာင့္စိတ္ပ်က္သြားေပမယ့္ ဝမ္ရိေပၚဟာလူတန္းႀကီးကိုျဖတ္ေက်ာ္ၿပီး သူ႕ကိုဆြဲေခၚကာ ေလလံအိမ္အေစာင့္ေတြစီတိုက္ရိုက္ေလွ်ာက္သြား၏။ သူက အနက္ေရာင္ေပၚတြင္ ေ႐ႊေရာင္ကြပ္ထားသည့္ တံဆိပ္ျပားတစ္ခုကိုထုတ္ေပးလိုက္သည္။ ထိုတံဆိပ္ျပားေလးတစ္ခုက ေလလံအိမ္မွာရွိတဲ့ စီစဥ္သူေတြကိုအထိတ္တလန့္ျဖစ္သြားေစၿပီး အ႐ူးတစ္ေယာက္လိုအေျပးအလႊားေရာက္ရွိလာကာ ရိုေသေလးစားမႈအျပည့္ အမူအရာျဖင့္ သီးသန႔္ခန္း နံပါတ္ (၁) ရွိရာဆီသို႔ကိုယ္တိုင္ကိုယ္က်လိဳက္ပို႔ခဲ့ေလသည္။

သီးသန႔္ခန္းနံပါတ္(၁)က ေလလံခန္းမအတြင္းတြင္ အေကာင္းဆုံး အခန္းျဖစ္ၿပီး ေလလံစင္ျဖင့္အနီးဆုံးတြင္ရွိေနသည့္အျပင္ အခန္းအတြင္းမွအျပင္ဘက္ရွိအရာအားလုံးကို ပုံမွန္ထက္ၾကည္ၾကည္လင္လင္၊ ျပတ္ျပတ္သားသား ျမင္ေတြ႕ေနရသည္။ အတြင္းဘက္က အျပင္ဘက္ကို ရွင္းရွင္းလင္းလင္းျမင္ေနရေပမယ့္ အျပင္ဘက္ကၾကည့္လွ်င္ေတာ့ အလုံပိတ္အခန္းတစ္ခုအသြင္သာျမင္ေတြ႕နိုင္ေအာင္အေကာင္းစားအစီအရင္ေတြျဖင့္ဖုံးကြယ္ထားသည္။ ထို႔ေၾကာင့္ သူတို႔ႏွစ္ေယာက္လုံး၏ မ်က္ႏွာကိုေအးေအးေဆးေဆးေဖာ္ျပထားနိုင္တာေၾကာင့္ သိပ္ၿပီးစိုးရိမ္ပူပန္စရာေတာ့မရွိေပ။

ေရွာင္က်န႔္ဟာမ်က္ေမွာင္ၾကဳပ္ရင္း ဝမ္ရိေပၚကို မ်က္လုံးေလးေမွးကာစိုက္ၾကည့္ေနသည္။ ဝမ္ရိေပၚရဲ႕ေနာက္ခံက အမွန္တကယ္မရိုးရွင္းေလာက္မွန္း သူခံစားမိသည္။ ဝမ္ရိေပၚဟာလည္း ေရွာင္က်န႔္စိုက္ၾကည့္ေနသည္ကိုခံစားမိပုံရသည္။

"ဘာလို႔ကိုယ့္ကိုေပါက္ထြက္မတတ္စိုက္ၾကည့္ေနတာလဲ....ကိုယ္ေခ်ာမွန္း ကိုယ္သိပါတယ္...."

"ဟမ့္....ဘဝင္႐ူး...."

ေရွာင္က်န႔္ဟာ တိုးတိုးေလးပြစိပြစိေျပာ
ရင္း မ်က္ႏွာကို တစ္ဖက္လွည့္သြားသည္။ ၎အျပဳအမူေသးေသးေလးကိုပဲ ဝမ္ရိေပၚဟာ သေဘာက်စြာ ခပ္တိုးတိုးရယ္မိလိုက္၏။

ေရွာင္က်န႔္ဟာ သီးသန႔္ခန္းအေပၚထပ္ကေန ေအာက္ဘက္က သာမန္ခုံတန္းေတြကိုသာမန္ကာလွ်ံကာ ေလွ်ာက္ၾကည့္ေနရင္း တစ္ေနရာအေရာက္တြင္ ဇာတ္လိုက္လီဟူရီႏွင့္ သူေတာ္စင္ေက်ာက္စိမ္း ဂိုဏ္းသူ/သား
ေတြကို ဝန္ထမ္းမိန္းကေလးတစ္ေယာက္က ဦးေဆာင္လမ္းျပရင္း သီးသန႔္ခန္းတစ္ခန္းသို႔ဦးေဆာင္ေခၚသြားတာကိုေတြ႕လိုက္ရသည္။ ၾကည့္ရတာအမ်ိဳးသားဇာတ္လိုက္တို႔အုပ္စုလည္း ေလလံပြဲကိုအဓိကလာေရာက္သည့္ပုံရ၏။

"ဝါး....ဒါဖန္မိသားစုရဲ႕ အႀကီးဆုံးသခင္ေလးဖန္ခ်င္းရွို႔မဟုတ္လား....."

"သခင္ေလးခ်င္းရွို႔က ၾကည့္ေကာင္းလိုက္တာ....."

"ငါၾကားတာေတာ့သခင္ေလးခ်င္းရွို႔က သူေတာ္စင္ေက်ာက္စိမ္းဂိုဏ္းက အတြင္းစည္းတပည့္တစ္ေယာက္ဆို...."

"အား....အဲ့ဒါဘယ္သူလဲ...လွလိုက္တာ..."

"ဟုတ္ပါ့....အရမ္းလွတာပဲ....သူဘယ္သူလဲဆိုတာ သိတဲ့လူရွိၾကလား..."

"ငါသိတယ္...ငါသိတယ္....သူကခ်န္အိမ္ေတာ္ရဲ႕တရားဝင္သားႀကီး ခ်န္လင္းရန္ေလ...."

"ျဖစ္နိုင္လို႔လား....ငါၾကားတာေတာ့ သခင္ေလးလင္းရန္က အရမ္းဝၿပီး ႐ုပ္ဆိုးတယ္ဆို...."

"ဟ..ဟ..နင္ဘာသိလို႔လဲ....သခင္ေလးခ်န္လင္းရန္ကေမြးထဲက အဝလြန္တဲ့ေရာဂါတစ္မ်ိဳးရွိေနတာတဲ့....မၾကာေသးခင္ကပဲ အရမ္းေတာ္တဲ့သမားေတာ္တစ္ေယာက္က အဝလြန္တဲ့ေရာဂါကို ကုသေပးခဲ့တာေၾကာင့္ သူ႕ရဲ႕မူရင္း႐ုပ္ရည္ေပၚလာခဲ့တာ...."

သာမန္ခုံတန္းေပၚတြင္ ထိုင္ေနသည့္ က်င့္ႀကံသူတစ္ခ်ိဳ႕၏စကားအမ်ိဳးမ်ိဳးဟာ ေရွာင္က်န့္ကိုမ်က္ေမွာင္တစ္ခ်က္ၾကဳပ္သြားေစၿပီး ေလလံခန္းမ၏ အေပါက္ဝဆီသို႔အၾကည့္ေရာက္သြား၏။ ေလလံတံခါးဝတြင္ အေတာ္ေလး လွပတဲ့အသက္၁၇၊ ၁၈ အ႐ြယ္ေကာင္ေလးတစ္ေယာက္ႏွင့္ ထိုေကာင္ေလးကိုခ်စ္ျမတ္နိုးတဲ့မ်က္လုံးေတြျဖင့္စိုက္ၾကည့္ေနသူ အသက္၂၀ေက်ာ္အ႐ြယ္ ေခ်ာေမာသည့္လူငယ္တစ္ေယာက္က လူအုပ္ႀကီးထဲတြင္ထင္းလင္းေနေလသည္။

[အဲ့တာ အဓိကဇာတ္လိုက္ခ်န္လင္းရန္နဲ႕ ဒုတိယဇာတ္လိုက္ဖန္ခ်င္းရွို႔ပါ host....]

'အဓိကဇာတ္လိုက္က ဘယ္လိုျဖစ္သြားတာလဲ....ငါက ဒီမွာအေကာင္းႀကီးရွိေနေသးတယ္မဟုတ္ဘူးလား.....'

အဓိကဇာတ္လိုက္၏လွပလာရျခင္းးေနာက္ကြယ္က အေၾကာင္းအရင္းမွာ နတ္ဘုရားေျမေခြး၏အျမဳေတျဖစ္ၿပီး အခုေရွာင္က်န့္ကိုယ္ထဲက အျမဳေတမွာျခစ္ရာေတာင္မထင္ပါပဲ ရွိေနေသးသလို ေရွာင္က်န့္ကိုယ္တိုင္လည္း၊ အားနည္းဒဏ္ရာရမည့္အေၾကာင္းျပခ်က္ရွိမေနေပ။

[အဲ့ဒါက.....ေျပာရရင္ အဓိကဇာတ္လိုက္ရဲ႕ကံေကာင္းျခင္းေရာင္ဝါကိုပဲအျပစ္တင္ရလိမ့္မယ္ host....ေတာထဲမွာhostနဲ႕မေတြ႕ခဲ့ေပမယ့္ နတ္ေဆးသမားေတာ္တစ္ေယာက္ရဲ႕ အသက္ကိုကယ္ေပးလိုက္မိတယ္ေလ....အဟမ္း....ဒါက နည်းနည်းအဓိပ္ပါယ်မဲ့တယ်ဆိုပေမယ့် အဲ့ဒါေၾကာင့္နတ္ေဆးသမားေတာ္က ေက်းဇူးဆပ္တဲ့အေနနဲ႕နတ္ေဆးလုံး တစ္လုံးကိုေပးခဲ့တယ္ဗ်....ေဆးလုံးက ခႏၶာကိုယ္ရဲ႕အဆိပ္အေတာက္ေတြအားလုံးကို စြန့္ထုတ္ေစၿပီး အဆီေတြအကုန္ ခႏၶာကိုယ္ျပင္ပကို ေရာက္ကုန္တာေၾကာင့္ ဒီလိုပုံစံျဖစ္သြားခဲ့ရတာပါ....]

'......'

[ဒါေပမယ့္ host စိတ္မပူပါနဲ႕.... ခ်န္လင္းရန္က အရင္ဘဝတုန္းကေလာက္ လွပၿပီးျငင္းဆန္မရတဲ့ဆြဲေဆာင္မႈမ်ိဳးေတာ့မရွိေတာ့ပါဘူး....ၿပီးေတာ့ သူ႕မွာသန့္စင္ေသာယင္ခႏၶာကိုယ္ကို အရင္ဘဝတုန္းကလိုမပိုင္ဆိုင္ခဲ့တာေၾကာင့္ ေယာက္်ားတိုင္းလိုလို ငမ္းငမ္းတတ္လိုခ်င္တဲ့အဆင့္မ်ိဳးထိေတာ့ ေရာက္မလာေတာ့ပါဘူး....အလြန္ဆုံးမွ သူ႕အလွကိုခ်ီးက်ဴးဂုဏ္ျပဳ႐ုံေလာက္ပါပဲ...ဘယ္လိုလုပ္ host ကိုယွဥ္နိုင္မွာလဲ....ေနာက္ထပ္သတင္းေကာင္းက သူ႕မွာ host ကိုသတ္ဖို႔အေၾကာင္းျပခ်က္မရွိေတာ့ဘူးေလ.....မမိုက္ဘူးလား....]

ေရွာင္က်န့္က အခ်ိန္အေတာ္ၾကာတိတ္ဆိတ္ေနသည္။ အုန္းသီးအနည္းငယ္လန့္လာသည္။

[Host?]

'ဇာတ္လိုက္လို႔မေျပာရဘူး....ကမၻာႀကီးကသူ႕အေပၚမ်က္ႏွာလိုက္တာ လဲေသေလာက္တယ္....တစ္နည္းမဟုတ္ တစ္နည္းနဲ႕ ေကာင္းခ်ီးေပးေနတာပဲ....'

ခ်န္လင္းရန္နဲ႕ဖန္ခ်င္းရွို႔တို႔ႏွစ္ဦးဟာ ခုနကဇာတ္လိုက္လီဟူရီတို႔အဖြဲ႕ကို ဦးေဆာင္ေခၚေဆာင္သြားတဲ့ ဝန္ထမ္းမိန္းကေလး၏ အေနာက္ကေနတစ္ဆင့္ လိုက္သြားရင္း ေရွာင္က်န့္မ်က္စိေအာက္ကေနေပ်ာက္ကြယ္သြားသည္။ ေရွာင္က်န႔္ရဲ႕ျမစိမ္းေရာင္ မ်က္လုံးတစ္စုံဟာ ယခုခ်ိန္ထိ ေလလံတံခါးအေပါက္ဝမွာတင္ ရပ္ေနေသးသည့္ လူႏွစ္ေယာက္ရွိရာဆီသို႔ေရာက္ရွိသြားသည္။

အရပ္ျမင့္ျမင့္နဲ႕တစ္ေယာက္က ဖန္းအိမ္ေတာ္၏ဒုတိယသခင္ေလးျဖစ္သူ၊ ဒုတိယဇာတ္လိုက္ ဖန္ခ်င္းရွို႔၏ညီ ဖန္းရႈင္းရွို႔ႏွင့္ ခန္အိမ္ေတာ္၏တရားမဝင္သား ခ်န္ခ်င္းေရွာက္တို႔ျဖစ္ၾကသည္။ ခ်န္လင္းရန္၏ေျပာင္းလဲလာမႈက သူတို႔ႏွစ္ေယာက္အေပၚထိေရာက္မႈအျပင္းထန္ဆုံးျဖစ္ၿပီး ခ်န္ခ်င္းေရွာက္ဟာ ခ်န္လင္းရန္ထြက္သြားရာဘက္သို႔ မုန္းတီးမႈျပည့္ႏွက္ေနေသာ မ်က္လုံးမ်ားျဖင့္ ႏႈတ္ခမ္းကိုက္ကာလက္သီးတင္းတင္းဆုပ္ရင္း စိုက္ၾကည့္ေနခဲ့သည္။ ဖန္ရွင္းရွို႔၏တုံ႕ျပန္မႈက ခ်န္ေရွာက္ခ်င္းလိုအမုန္းတရားသက္သက္ေတာ့မဟုတ္ေပ။ ၎ကမုန္းတီးမႈတစ္ပိုင္းတစ္စအျပင္ ဝမ္းနည္းမႈ၊ေနာင္တ တရားႏွင့္ စိတ္ပ်က္မႈတို႔ပါဝင္ေနသည္။ သူက သူစြန့္ျပစ္ခဲ့သည့္ ဇနီးေလာင္းကိုလြန္စြာ ႏွေျမာ တြန့္တိုေနေၾကာင္းမည္သူမဆိုေျပာနိုင္၏။

ေရွာင္က်န့္စိတ္ဝင္တစားၿပဳံးလိုက္သည္။

'အုန္းသီး....'

[ဗ်ာ host]

'ခ်န္လင္းရန္နဲ႕ ဖန္ခ်င္းရွို႔က လီဟူရီရွိေနတဲ့သီးသန႔္ခန္းထဲဝင္သြားတာ မဟုတ္လား.....'

[ဝါး....hostဘယ္လိုသိတာလဲ....]

'ဒုတိယဇာတ္လိုက္ဖန္ခ်င္းရွို႔က သူေတာ္စင္ေက်ာက္စိမ္းဂိုဏ္းရဲ႕ အတြင္းစည္းတပည့္တစ္ေယာက္ေလ....ဒီေတာ့သူခ်စ္ရတဲ့သူကို အဆက္အသြယ္ရေစခ်င္တာ ပုံမွန္ပဲ....အခုေလလံပြဲကို လိုက္လာတဲ့လူ အကုန္လုံးက တစ္ေယာက္မွရိုးရွင္းတဲ့လူမပါဘူး....အဓိကတပည့္ေတြနဲ႕အတြင္းစည္းတပည့္တစ္ခ်ိဳ႕အျပင္ အႀကီးအကဲေတြေတာင္ပါေသးတယ္....တကယ္လို႔ခ်န္လင္းရန္သာအဲ့ဒီလူေတြကို အျမင္ေကာင္းခ်န္ထားခဲ့နိုင္ရင္ အနာဂတ္ဂိုဏ္းထဲဝင္တဲ့အခါမွာ အေထာက္အကူမျဖစ္ဘူးလား....'

[hostက အရမ္းေတာ္တာပဲ......]

'ဒါကဘာမွမဟုတ္ဘူး....ဇာတ္လိုက္ႏွစ္ေယာက္ရွိေနတဲ့သီးသန့္ခန္းက ဘယ္မွာလဲ'

[သီးသန႔္ခန္းနံပါတ္ (၉) .....hostတို႔ မ်က္ႏွာခ်င္းဆိုင္က သီးသန႔္ခန္းထဲမွာပဲ....]

'ပြဲေကာင္းေကာင္းၾကည့္ရဖို႔ေမွ်ာ္လင့္ရတာပဲ....ဟီး...ဟီး...'

သူအစတည္းက ဇာတ္လိုက္ေတြကိုေဝးေဝးေရွာင္နိုင္ဖို႔ႀကိဳးစားခဲ့ေသးတာပဲ။ ဒါေပမယ့္ သူ႕ႀကိဳးစားမႈကအရာမထင္မွေတာ့ ဘာေၾကာင့္ဆက္ေျပးေနရအုံးမွာလဲ။ နည္းနည္းပါးပါးေလာက္ျပႆနာရွာၾကည့္လိုက္ရင္မေကာင္းဘူးလား။ အဆင္မေျပရင္ နည္းနည္းေလာက္ဥာဏ္ထုတ္သုံးလိုက္႐ုံပဲေလ။

ေရွာင္က်န႔္ဟာ အ႐ူးေလးတစ္ေယာက္လိုလူယုတ္မာၿပဳံးၿပဳံးလိုက္ေပမယ့္ သူ႕ကိုတစ္ခ်ိန္လုံးအကဲခတ္ေနသည့္ ဝမ္ရိေပၚ၏မ်က္လုံးထဲတြင္ေတာ့ သူ႕ႏွလုံးသားကို
ေၾကာင္ေသးေသးေလးတစ္ေကာင္ ကုပ္ျခစ္ေနသလိုမ်ိဳးခံစားလိုက္ရေစသည္။ သူ႕မ်က္ႏွာေခ်ာေခ်ာထက္တြင္ အၿပဳံးေလးတစ္ခုေပၚလာၿပီး သူ႕မ်က္လုံးေတြက အရာအားလုံးကိုအရည္ေပ်ာ္က်မတတ္ ႏူးညံသြားခဲ့၏။

_________________________________________________________

Ipagpatuloy ang Pagbabasa

Magugustuhan mo rin

51.8K 5.4K 45
✔Uploaded in both Zawgyi and Unicode. ကာကွယ်​ပေးမည် ဆို​သော ဒမ်ဘယ်​ဒေါ၏ ကမ်းလှမ်းမှုကို နက္ခတ်ကြည့်​မျှော်စင်​ပေါ်မှာ မာလ်ဖွိုင်း လက်ခံခဲ့လိုက်လျှင်​...
119K 10.7K 85
host: ဇာတ်လိုက်တွေက ငါလေးကို ကြိတ်ကြံနေတယ် system : mission အတွက်အထောက်အကူဖြစ်တယ် အစားခံလိုက်ပါhost someone: အဟက် ဘယ်လိုလုပ်မလဲ မင်းဘယ်ပြေးပြေး မလွတ...
2.2K 272 5
lee jeonghyeon × shen quanrui (oneshots collection) written in burmese
2.4M 152K 97
လူတိုင်းပါးစပ်ဖျားမှ ဇမ်းဆိုတဲ့ကောင်က အပေအတေကောင်လို့သမုတ်လဲ သူတို့သတ်မှတ်ချက်အတိုင်းသွားပါစေ.....ကိုယ့်ထမင်းကိုယ်စားပြီး သူများစကားတွေကိုထိုင်ခံစားန...