ဗီလိန်ရဲ့ လမ်းပြကြယ်

By CrystalKyi

780K 131K 3.7K

ဝတ္ထုစာအုပ်ထဲကို ဝိဉာဉ္ကူးပြောင်းလာတဲ့ ချောင်လန်တစ်ယောက် သူမရဲ့ နေရာက ဇာတ်လိုက် မင်းသားကို ကြိုက် မိသွားတဲ့ ဗ... More

မိတ်ဆက်
အပိုင်း (၁)
အပိုင်း(၂)
အပိုင်း(၃)
အပိုင်း(၄)
အပိုင်း(၅)
အပိုင်း(၆)
အပိုင်း (၇)
အပိုင်း(၈)
အပိုင်း(၉)
အပိုင်း(၁၀)
အပိုင်း(၁၁)
အပိုင်း(၁၂)
အပိုင်း(၁၃)
အပိုင်း(၁၄)
အပိုင်း(၁၅)
အပိုင်း(၁၆)
အပိုင်း(၁၇)
အပိုင်း(၁၈)
အပိုင်း(၁၉)
အပိုင်း(၂၀)
အပိုင်း(၂၁)
အပိုင်း(၂၂)
အပိုင်း(၂၃)
အပိုင်း(၂၄)
အပိုင်း(၂၅)
အပိုင်း(၂၆)
အပိုင်း(၂၇)
အပိုင်း(၂၈)
အပိုင်း(၂၉)
အပိုင်း (၃၀)
အပိုင်း(၃၁)
အပိုင်း(၃၂)
အပိုင်း(၃၃)
အပိုင်း (၃၄)
အပိုင်း(၃၅)
အပိုင်း(၃၆)
အပိုင်း(၃၇)
အပိုင်း(၃၈)
အပိုင်း(၃၉)
အပိုင်း(၄၀)
အပိုင်း(၄၁)
အပိုင်း(၄၂)
အပိုင်း(၄၃)
အပိုင်း(၄၄)
အပိုင်း(၄၅)
အပိုင်း(၄၆)
အပိုင်း(၄၇)
အပိုင်း(၄၈)
အပိုင်း(၄၉)
အပိုင်း(၅၀)
အပိုင်း(၅၁)
အပိုင်း(၅၂)
အပိုင်း(၅၃)
အပိုင်း(၅၄)
အပိုင်း(၅၅)
အပိုင်း(၅၆)
အပိုင်း(၅၇)
အပိုင်း(၅၈)
အပိုင်း(၅၉)
Not Upade!!!
အပိုင်း(၆၀)
အပိုင်း(၆၁)
အပိုင်း(၆၂)
အပိုင်း(၆၃)
အပိုင်း(၆၄)
အပိုင်း(၆၆)
အပိုင်း(၆၇)
အပိုင်း(၆၈)
အပိုင်း(၆၉)
အပိုင်း(၇၀)
အပိုင်း(၇၁)
အပိုင်း(၇၂)
အပိုင်း(၇၃)
အပိုင်း(၇၄)
အပိုင်း(၇၅)
အပိုင်း(၇၆)
အပိုင်း(၇၇)
အပိုင်း(၇၈)
အပိုင်း(၇၉)
အပိုင်း(၈၀)
အပိုင်း(၈၁)
အပိုင်း(၈၂)
အပိုင်း(၈၃)
အပိုင်း(၈၄)
အပိုင်း(၈၅)
အပိုင်း(၈၆)
အပိုင်း(၈၇)
အပိုင်း(၈၈)
အပိုင်း(၈၉)
အပိုင်း(၉၀)
အပိုင်း(၉၁)
အပိုင်း(၉၂)
အပိုင်း(၉၃)
အပိုင်း(၉၄)
အပိုင်း(၉၅)
အပိုင်း(၉၆)
အပိုင်း(၉၇)
အပိုင်း(၉၈)
အပိုင်း(၉၉)
အပိုင်း(၁၀၀)
အပိုင်း(၁၀၁)
အပိုင်း(၁၀၂)
အပိုင်း(၁၀၃)
အပိုင်း(၁၀၄)
အပိုင်း(၁၀၅)
အပိုင်း(၁၀၆)
အပိုင်း(၁၀၇)
အပိုင်း(၁၀၈)
အပိုင်း(၁၀၉)
အပိုင်း(၁၁၀)
အပိုင်း(၁၁၁)
အပိုင်း(၁၁၂)
အပိုင်း(၁၁၃)
အပိုင်း(၁၁၄)
အပိုင်း(၁၁၅)
အပိုင်း(၁၁၆)
အပိုင်း(၁၁၇)
အပိုင်း(၁၁၈)
အပိုင်း(၁၁၉)
အပိုင်း(၁၂၀)
အပိုင်း(၁၂၁)
အပိုင်း(၁၂၂)
အပိုင်း(၁၂၃)
အပိုင်း(၁၂၄)
အပိုင်း(၁၂၅)
အပိုင်း(၁၂၆)
အပိုင်း(၁၂၇)
အပိုင်း(၁၂၈)
အပိုင်း(၁၂၉)
အပိုင်း(၁၃၀)
အပိုင်း(၁၃၁)
အပိုင်း(၁၃၂)
အပိုင်း(၁၃၃)
အပိုင်း(၁၃၄)
အပိုင်း(၁၃၅)
အပိုင်း(၁၃၆)
အပိုင်း(၁၃၇)
အပိုင်း(၁၃၈)
အပိုင်း(၁၃၉)
အပိုင်း(၁၄၀)
အပိုင်း(၁၄၁)
အပိုင်း(၁၄၂)
အပိုင်း(၁၄၃)
အပိုင်း(၁၄၄)
အပိုင်း(၁၄၅)
အပိုင်း(၁၄၆)
အပိုင်း(၁၄၇)
အပိုင်း(၁၄၈)
အပိုင်း(၁၄၉)

အပိုင်း(၆၅)

5.3K 1K 48
By CrystalKyi

Unicode

ချောင်ယွမ်က မာနကြီးပြီး ဘဝင်မြင့်တယ်လေ။ ပြီးတော့ သူက လက်တလောကမှ သူ့သူငယ်ချင်းအတန်းဖော်တွေရှေ့မှာ ပိုက်ဆံတွေကို ထုတ်ကြွားထားတာလေ။ အဲ့တာကြောင့် သူက လက်ဆောင်မှာ ဈေးနှုန်းကဒ်ထားတာကို တမင်သက်သက်မခွာပဲ ဝယ်ခဲ့တာလေ။

၂၁၈ ယွမ်...

သူတို့အသက်အရွယ်က လက်ဆောင်တစ်ခုဆို ၁၀ယွမ်ကျော်ကျော်လောက်ဆိုရင်ကို ရနေပြီလေ။ တစ်ခါတစ်လေ ဒီပိုက်ဆံက အနုပညာရှင်တွေရဲ့ ပိုစတာ ၁ခု ၂ခုလောက်တောင် ဝယ်လို့ရတယ်။ ချောင်ယွမ်က ဈေးနှုန်းကပ်ထားတာကို တမင်သက်သက်ထားခဲ့တာက ယွမ်စစ်မုန့်ကို သူက ပိုချမ်းသာတယ် သူကပိုပြီးဂရုစိုက်တက်တယ် ဆိုတာကို သိစေချင်လို့လေ။ ပြီးတော့ တစ်ခြားကောင်လေးတွေကို အားကျစေချင်တာလဲ ပါတာပေါ့။

အဲ့တာကို ဒီလိုရုတ်တရက်ကြီး သူ့အမေက ရှာတွေ့သွားမယ်လို့ သူဘယ်လိုလုပ် ထင်ထားမှာလဲ။

အခုအချိန်မှာ သူ့စိတ်ထဲမှာ အတွေးတစ်ခုပဲ ရှိတယ်။ တစ်ကယ်လို့ သူသာ ဈေးနှုန်းကဒ်ထားတာကို ခွာခဲ့မယ်ဆိုရင်..... တစ်ကယ်လို့ အမေကသာ ဒီဈေးနှုန်းကိုမတွေ့ခဲ့ဘူးဆိုရင် ဒီလက်ဆောင်ဗူးက ယွမ်၁၀ လောက်ပဲ ကျတာလို့ သူလိမ်ပြောဖို့က မဖြစ်နိုင်တာတော့ မဟုတ်လောက်ဘူး။ ဒါပေမဲ့ အခုတော့ သူက ဈေးနှုန်းကို မခွာခဲ့ဘူး။ ပြီးတော့ အမေချောင်ကလဲ လက်ဆောင်ဗူးပေါ်ကနေကို မျက်လုံးမခွာတော့ဘူးလေ။

ချောင်ယွမ် လည်ပင်းလေးပုဝင်သွားတယ်။ " ...... အမေ ဘာလုပ်နေတာလဲ။ အခန်းထဲကို ဝင်ဝင်လာချင်း သားကျောင်းလွယ်အိတ်ကို အကုန်မှောက်ချနေတော့တာပဲ. "

" ဒါက ဘယ်ကရတာလဲ " အမေချောင်က ကလစ်ပေါ်က ၂၁၈ ဆိုတာကို စိုက်ကြည့်နေခဲ့တယ်။ စိတ်ကူးယဥ်ဝတ္ထုစာအုပ်တွေ တွေ့တုန်းကထက်တောင် ပိုပြီးစိတ်တိုနေတယ်။ သူမကတော့ ချောင်ယွမ့်ကို ကျူရှင်ထားပေးဖို့ ယွမ်ထောင်ပေါင်းများစွာ သုံးခဲ့ရတာ။ ဒါပေမဲ့ ချောင်ယွမ်ကတော့ နေ့တိုင်းနေ့ ဝတ္ထုစာအုပ်တွေကို ခိုးဖတ်နေတာပေါ့။

" ပိုက်ဆံတွေက ဘယ်က ရတာလဲလို့!!! "

" သား.. သားး. မုန့်ဖိုးထဲကနေ စုထားတဲ့ ပိုက်ဆံတွေလေ.... " ချောင်ယွမ်က နည်းနည်း ကြောက်နေတယ်။ အမေချောင်က သူပိုက်ဆံတွေခိုးသွားတယ်ဆိုတာကို သိသွားလိမ့်မယ်လို့ သူမထင်ထားခဲ့ဘူးလေ။ ဘာလို့လဲဆိုတော့ အဓိကကတော့ သူက သူ့အမေကို ကြောက်တယ်လေ။

သူက စာကောင်းကောင်းမလုပ်ဘူး။ ပြီးတော့ ဝတ္ထုတွေဖတ်တယ်။ ဒါပေမဲ့ သူ့အိမ်ကလူတွေအားလုံးက သူ့ကို အလိုလိုက်ကြတယ်လေ။ သူ့အမေကလဲ သူ့ကို အလိုလိုက်ပါတယ်။ ဒါပေမဲ့ သူ့အဖွားနဲ့ သူ့အဖေနဲ့ မတူတာက တစ်ကယ်လို့ သူစာကောင်းကောင်းမလုပ်တာပဲ ဖြစ်ဖြစ် ဒါမှမဟုတ် ညကျမုန့်တွေခိုးစားရင်ပဲ ဖြစ်ဖြစ် သူ့အမေဆီမှာ မိသွားတဲ့အချိန်ကျရင် တစ်ခါတစ်လေ အဆူခံရတယ်။ ဒါကြောင့်မလို့ပဲ ချောင်ယွမ်က အမေချောင့်ကိုတော့ နည်းနည်းကြောက်သေးတာပေါ့။

" သားက အမေပေးတဲ့ ပိုက်ဆံတွေကို အကုန်သုံးမပစ်ပါဘူး။ သားကစုထား...... "

" အဲ့တာဆို ဒါကရော? " အမေချောင်က ကလစ်ကို ကြမ်းပြင်ပေါ်ပစ်ချလိုက်တယ်။ အဲ့တာကြောင့် ကလစ်က ကျောက်လေးတစ်ချို့က ပြုတ်ထွက်သွားတယ်။ ချောင်ယွမ်က အရမ်းကို ရင်နာနေပြီ။ " အမေ မလွှင့်ပစ်နဲ့လေ...... " သူက ပြောရင် အဲ့တာကို ကုန်းကောက်ဖို့ လုပ်လိုက်တယ်။ ဒါပေမဲ့ ကလစ်က အမေချောင့်ရဲ့ခြေထောက်အောက်ကို ရောက်သွားရှာတယ်။

" ဒါကို ပိုက်ဆံစုပြီး ဝယ်ထားတာဆိုရင် အဲ့တာဆို အကင်သွားစားဖို့ ပိုက်ဆံကရော ဘယ်ကနေရတာလဲ။ "

ချောင်ယွမ်ရဲ့ မျက်နှာအရောင်ပြောင်းသွားတယ်။

ချောင်ယွမ်က ပိုက်ဆံကို ပထမဆုံးစယူတုန်းက တစ်ကယ်ပဲ အတော်လေးကြောက်ခဲ့တာပါ။ ဒါပေမဲ့ ဒီလောက်ပိုက်ဆံအထူကြီးရှိတာလေ။ ချောင်ယွမ်က ယွမ်၁၀၀လောက်ပဲယူမှာ။ အဲ့တော့ သူ့ယူတာ မမိလောက်ပါဘူး။

အဲ့အချိန်တုန်းက ယောင်စစ်မုန့်က Jasmine honey tea ကို သောက်ရတာကြိုက်တယ်။ အဲ့တာကြောင့် သူက သူမကို ၂ပုလင်းလောက်ဝယ်တိုက်ခဲ့တယ်။ ချောင်ယွမ်ကလဲ ပိုက်ဆံသုံးတာကြမ်းတယ်လေ။ ယောင်စစ်မုန့်အတွက် ပစ္စည်းတွေဝယ်ပေးပြီးသွားတော့ သူသုံးဖို့အတွက်က မလောက်တော့ဘူးလေ။

၃ ၄ရက်လောက်စောင့်ပြီးသွားတော့ ဘယ်သူမှ ရှာမတွေ့ခဲ့ကြဘူး။ အဲ့တာနဲ့ ချောင်ယွမ်ကလဲ တစ်ဖြည်းဖြည်းနဲ့ လက်ရဲလာခဲ့တာပေါ့။ အစတုန်းက သူက ယွမ်၁၀၀ ၂၀၀ ပြီးတော့ ၄၀၀ ၅၀၀ ယူခဲ့တယ်။ လဝက်လောက်ကုန်သွားတော့ သူက ယွမ်၁၅၀၀လောက် ယူပြီးနေပြီ။ ၁၅ရွက်တောင်လေ။

သူက သူငယ်ချင်းကောင်းတစ်ချို့နဲ့ ကောင်မလေးတစ်ချို့ကို အကင်စားဖို့ ဖိတ်ခဲ့တယ်။ သူခိုးခဲ့တဲ့ ကိစ္စကို စိတ်ထဲမှာ မတင်မကျဖြစ်နေပေမဲ့လို့ သူ့အတန်းဖော်သူငယ်ချင်းတွေ အားကျတာကို ခံလိုက်ရတော့ သူက အရမ်းကျေနပ်သွားခဲ့တယ်။ တစ်နေ့ကျတော့ အဖေချောင်နဲ့ အမေချောင်တို့က ရှာတွေ့သွားခဲ့တယ်။ ဒါပေမဲ့ သူတို့က သူ့ကို နည်းနည်းလေးမှ သံသယမဝင်ခဲ့ကြဘူး။ အဲ့အစား သူတို့က ချောင်လန်ခိုးတာလို့ပဲ ထင်သွားခဲ့ကြတယ်။ အဲ့တာနဲ့ ချောင်ယွမ်လဲ နောက်ဆုံးတော့ စိတ်အေးသွားခဲ့ရတယ်။

နောက်ထပ်၁၀ရက်လောက်ကုန်သွားပြီးတော့ ချောင်ယွမ်ထင်တာက ဒီကိစ္စက ပြီးသွားပြီပေါ့။ ဒါပေမဲ့ ဘာတွေဖြစ်ခဲ့တာလဲတော့ သူမသိဘူး။ အမေချောင်က ရှာတွေ့သွားခဲ့တယ်တဲ့လေ။

ချောင်ယွမ်က အခုအချိန်ထိ ခေါင်းမာနေတုန်းပဲ။ ပြီးတော့ ချောင်လန့်ခေါင်းပေါ်ပုံချချင်နေတယ်။ " ဘာအကင်လဲ။ ချောင်လန်က အမေ့ကို တစ်ခုခု ပြောလိုက်လို့လား။ " ချောင်ယွမ်က ချောင်လန်ပြောလိုက်တာလို့ ထင်နေတယ်။

ချောင်ယွမ်က အခုအချိန်ထိ အပြစ်လွှဲချချင်နေလိမ့်မယ်လို့ အမေချောင်ထင်မထားခဲ့ဘူး။ သူမစိတ်တိုတိုနဲ့ ချောင်ယွမ့်လက်မောင်းကို ဗြန်းခနဲရိုက်ချပစ်လိုက်တယ်။ " နင်အခုချိန်ထိ မဝန်ခံသေးဘူးလား!!! နင့်အတန်းဖော်တွေကလာပြောသွားတာ နင်က သူတို့ကို စားဖို့ဖိတ်ခဲ့တာဆို!! နင့်ကျောင်းကိုလိုက်လာပြီး နင့်အတန်းဖော်တွေကိုသွားမေးမှ နင်ကဝန်ခံမှာလား။ "

ချောင်ယွမ်က ဒီတစ်ခါတော့ တစ်ကယ်ကြောက်သွားပြီ။ တစ်ကယ်လို့ သူ့သူငယ်ချင်းတွေကသာ သူကအိမ်ကပိုက်ဆံတွေကိုခိုးနေတာကိုသိသွားရင် သူနောက်ဆို သူတို့ကို ဘယ်လိုမျက်နှာချင်းဆိုင်ရတော့မှာလဲ။ အမေချောင်ရှေ့မှာတင်ပဲ သူကြောက်လွန်းလို့ စငိုတော့တယ်။

မီးဖိုချောင်ထဲမှာ အလုပ်ရှုပ်နေတဲ့ အဖွားချောင်က သူ့မြေးလေးငိုတာကို ကြားလိုက်ရတော့ သူမဟင်းတွေကို ဂရုမစိုက်တော့ဘဲ အမြန်ပြေးထွက်လာခဲ့တယ်။ သူမအခန်းထဲကို ဝင်လာတော့ သူမချွေးမက သူမမြေးလေးကို ရိုက်မလို့လုပ်နေတာကိုတွေ့လိုက်ရတယ်။ အဲ့တာနဲ့ သူမက သူမချွေးမကို အော်လိုက်ပြီး ချောင်ယွမ့်ကို သူမနောက်မှာထားလိုက်တယ်။ " ညည်းရူးနေလား။ ကလေးလို့ ဘာလို့ ဒီလိုရုတ်တရက်ကြီးရိုက်ရတာလဲ။ ကလေးကငိုနေတာကို ညည်းမတွေ့ဘူးလား!!! "

" သူက ငိုဖို့မျက်နှာရှိသေးတယ်ပေါ့။ " အမေချောင်က တုန်ရီနေတယ်။ " သူအိမ်ကနေ ပိုက်ဆံဘယ်လောက်ခိုးသွားတာလဲဆိုတာ အမေပဲမေးကြည့်လိုက်တော့!! "

ပိုက်ဆံခိုးတယ်? ပိုက်ဆံခိုးတယ်? အဖွားချောင်က ကြောင်သွားတယ်။ "..... အဲ့တာက ချောင်လန်က ခိုးတာမဟုတ်ဘူးလား။ ညည်းက ငါ့မြေးကို ဘာလို့ လာစွပ်စွဲနေတာလဲ။ "

အဖွားချောင်က ဒါကို အစဖော်လိုက်တော့မှ အမေချောင်က သတိရသွားတယ် ချောင်လန်က ချောင်ယွမ့်အပြစ်ကို ရက်ပေါင်းများစွာ အပြစ်အတင်ခံနေရတာကိုပေါ့။ ဒါပေမဲ့ ဒီတစ်ခါလဲ အမေချောင်က ချောင်လန့်ကို ဂရုမစိုက်အားသေးဘူး။ သူက ချောင်ယွမ့်ကိုပဲ အာရုံစိုက်နေတုန်းပဲ။

အမေချောင်က သူမကိုယ်တိုင်က ပညာမတက်ဘူး၊ ယဥ်ကျေးမှုမရှိဘူး။ အဲ့တာကြောင့် သူမက သူမသားကိုတက်နိုင်သမျှ စားကြိုးစားစေချင်ခဲ့တာလေ။ အဲ့တာမှ အနာဂတ်မှာ သူက သူမနဲ့ အဖေချောင်တို့ထက်သာမှာပေါ့။ အဲ့ကျမှသာ သူမက အဖွားချောင်ရဲ့ ပါးစပ်ကို ဆို့ထားလို့ရမှာလေ။

ရလဒ်ကရော ချောင်ယွမ် တစ်နေကုန်လုံးဘာတွေလုပ်နေလဲ?? သူက ဝတ္ထုတွေကိုခိုးဖတ်တယ်။ အိမ်ကနေပိုက်ဆံခိုးတယ်။ ပြီးတော့ တစ်ခြားသူတွေကို အပြစ်ဖို့တယ်။ အမေချောင်က စိတ်တိုနေရင်းကပဲ စိတ်ပျက်မှု ဝမ်းနည်းမှုတွေကို ခံစားလိုက်ရတယ်။

နောက်ဆုံးတော့ အဖွားချောင်က အပြည့်အစုံကိုသိသွားခဲ့တယ်။ ဒါပေမဲ့ အမေချောင်က ချောင်ယွမ့်ကို ထပ်ရိုက်မလို့ လုပ်နေတာကို တွ့လိုက်ရတော့ မကျေမနပ်ဖြစ်သွားတယ်။ အဲ့တာကြောင့် သူမက ဒါကိုမြင်မြင်လိုက်ချင်းမှာပဲ သေနတ်ပြောင်းကို အမေချောင့်ဘက်လှည့်လိုက်တော့တယ်။

" ပိုက်ဆံယွမ်၂သောင်းကို ဘယ်နေရာမှာ သိမ်းရမယ်မှန်းမသိတာ ညည်းအပြစ်လေ။ ပိုက်ဆံကို စားပွဲခုံအံဆွဲအောက်မှာထားတယ်?? တော်သေးတာပေါ့ ပိုက်ဆံယူသွားတဲ့လူက ငါတို့အိမ်ကလူဖြစ်နေလို့။ မဟုတ်ရင်လဲ သူခိုးက အနှေးနဲ့အမြန်လာခိုးမှာပဲ။ ကိုယ့်အလုပ်ကိုသေချာမလုပ်ခဲ့တာ ညည်းအပြစ်ပဲလေ။ အခုတော့ ညည်းက ကလေးကို လာပြီးအပြစ်တင်နေတယ်။ ချောင်ယွမ်က ဘာမှမှ မသိသေးလို့ ပိုက်ဆံကိုယူသွားတာလေ။ ဘာပဲပြောပြော သူက သူ့အတန်းဖော်တွေကို မုန့်ခေါ်ကျွေးပြီး မွေးနေ့လက်ဆောင်ဝယ်ပေးတာပဲ ရှိတာလေ။ တစ်ကယ်လို့ ညည်းသာ သူ့ကို မုန့်ဖိုး လုံလုံလောက်လောက်ပေးထားခဲ့မယ်ဆိုရင် သူက ဘယ်လိုလုပ် ဒီပိုက်ဆံကို ယူဖို့ ကိုယ့်ကိုယ်ကို တွန်းအားပေးရဦးမှာလဲ။ ညည်းကတစ်နေကုန် အလုပ်ရှုပ်နေတာပဲ။ ငါ့မြေးလေးကို ဘယ်လိုစောင့်ရှောက်ရမလဲဆိုတာတောင် မသိတော့ဘူလား။ ညည်းက ဘယ်လိုအမေလဲ!!! "

အစတုန်းကတော့ အဖွားချောင်က ဒါကချောင်ယွမ့်အမှားလို့ ပြောတယ်။ ဒါပေမဲ့ စကား ၄ ၅ခွန်းလောက်နဲ့ သူမက အပြစ်တွေအကုန်လုံးကို အမေချောင့်ပေါ် ပုံချလိုက်တယ်။

" ကလေးက ဘယ်လောက်တောင်ငိုနေတာလဲ ဆိုတာ ညည်းမမြင်ဘူးလား။ ညည်းက ရင်မနာပေမဲ့ ငါကတော့ ရင်နာရတယ်.... "

အခုအချိန်မှာ ချောင်ယွမ်ဦးနှောက်က အလုပ်လုပ်လာပြီ။ အဲ့တာနဲ့ သူက ပိုပြီး ပြင်းပြင်းထန်ထန်ငိုတော့တယ်။ သူငိုတာကို ကြားလိုက်ရတော့ အဖွားချောင်က နှလုံးတွေရော ကျောက်ကပ်တွေရော နာလာသလိုခံစားလာရတယ်။

အဖေချောင်ပြန်လာတော့ သူ့အမေနဲ့ သူ့မိန်းမနဲ့က ထပ်ပြီးစကားမပြောကြတော့တာကို တွေ့လိုက်ရတယ်။ ပြီးတော့ သူ့သားကကျတော့ သူ့အဖွားနောက်မှာ ပုန်းနေတယ်။

ဘာဖြစ်တာလဲဆိုတာ မေးပြီးသွားတဲ့နောက်မှာ အဖေချောင်က ပုံမန်လိုပဲ ယောက္ခမနဲ့ချွေးမကြားကနေ ဖြန်ဖြေပေးရတယ်။ သူက အဖွားချောင်ကမြေးကို အချစ်လွန်တာပါလို့ သူ့မိန်းမကို ပြောလိုက်တယ်။ ပြီးတော့ ချောင်ယွမ့်ကို အဲ့လောက်ကြီး မတင်းကျပ်ပါနဲ့လို့ ပြောလိုက်တယ်။ နောက်ဆုံးတော့ သူက သူ့သားကိုသူ့ပေါင်ပေါ်ထိုင်ခိုင်းလိုက်ပြီး ချောင်ယွမ်ရှင်းပြတာကို တစ်နာရီကျော်လောက် နားထောင်နေခဲ့တယ်။

ချောင်ယွမ်က ၁၃နှစ်သား မဟုတ်ဘဲ ၃နှစ်သားကလေးလေး ဖြစ်နေတဲ့အတိုင်းပဲ။ အဖေချောင်က အရမ်းကို ကြင်နာပြီး စိတ်ရှည်တဲ့အပြုအမူနဲ့ နားထောင်နေတယ်။ သူ ချောင်လန့်ကို တံမြက်စည်းနဲ့ရိုက်ချင်တုန်းက သူပြခဲ့တဲ့ ကြမ်းတမ်းတဲ့ပုံနဲ့ လုံးဝကိုမတူဘူး။

သူ့သားဆီကနေ အမှန်တရားကို နားထောင်ပြီး နောက်ဆုံးနားလည်သွားပြီလို့ ခံစားလာရတဲ့အချိန်ကျတော့ သူက ချောင်ယွမ်ကို တိတ်တိတ်လေး ယွမ်၃၀၀ပေးလိုက်တယ်။ " သား တစ်ကယ်လို့ ပိုက်ဆံလိုချင်တယ်ဆိုရင် အဖေ့ကိုလာပြောလေ။ အဖေက မင်းကို ကပ်စီးမနဲပါဘူးကွ။ ခဏနေရင် မင်းအမေကို သွားတောင်းပန်လိုက်ဦး။ မင်းအမေကလဲ မင်းကောင်းဖို့အတွက်ပါကွာ။ "

ချောင်ယွမ်က ပိုက်ဆံကိုလက်ထဲမှာ ကိုင်ထားရင်း ခေါင်းငုံ့လိုက်တယ်။ ဒါပေမဲ့ သူ့စိတ်ထဲမှာတော့ တွေးနေတာက တစ်ကယ်လို့ သူပိုက်ဆံထပ်လိုလာခဲ့လို့ရှိရင် သူ့အတန်းဖော်တွေဆီက တွန်းအားပေးခံရသလိုမျိုး ဟန်ဆောင်လိုက်လို့ရတာပဲ လို့ပေါ့။

ညကျတော့ ချောင်ယွမ်က အမေချောင့်ဆီပြေးသွားပြီး သူမှားတာကို သိပါပြီ ဆိုပြီး အသံတိုးတိုးလေးနဲ့ သွားတောင်းပန်တယ်။ အမေချောင်က သူမသားရဲ့နီရဲနေတဲ့ မျက်လုံးတွေကို တွေ့လိုက်ရတော့ စိတ်ပျော့သွားပြီး ချောင်ယွမ့်ကို နောက်ကျဒီလိုမလုပ်ဖို့ ပြောလိုက်တယ်။

အဲ့တာနဲ့ပဲ ချောင်ယွမ်က ပိုက်ဆံခိုးတဲ့ မုန်တိုင်းကနေ ဘာမှအပြစ်ပေးမခံလိုက်ရဘဲ ကျော်လွှားသွားနိုင်ခဲ့တယ်။ ပြီးတော့ သူ့လက်ထဲမှာ ပိုက်ဆံအနည်းငယ်တောင်တိုးလာလိုက်သေးတယ်။

ညကျအိပ်ယာထဲမှာ အိပ်မလို့လုပ်တော့ ချောင်ယွမ်က ရုတ်တရက် အလင်းပေါက်သွားတယ်။ အဲ့တာကဘာလဲဆိုတော့ သူက ပိုက်ဆံခိုးခဲ့တာ ဒါပေမဲ့ အဲ့တာကြောင့်မလို့လဲ ပိုက်ဆံတွေအများကြီး ရခဲ့တယ် ဆိုတာကိုပေါ့။

သူက ပိုက်ဆံခိုးတဲ့အတွက် ဘာအပြစ်ဒဏ်မှ မခံလိုက်ရဘူး။ တစ်ကယ်လို့ သူ နောက်တစ်ခေါက် သူ့မိသားစုဆီက ပိုက်ဆံယူလိုက်မိရင်လဲ သူ့အမေက စိတ်တိုရင်တောင် သူ့ကိုကာကွယ်ပေးဖို့ သူ့အဖွားရှိနေတာပဲ။ တစ်ကယ်လို့ သူ့အဖွားက မနိုင်ဘူးဆိုရင်တောင် သူ့အဖေကတော့ နိုင်မှာပဲ။ သူတို့က သူ့ကို ကာကွယ်ပေးကြလိမ့်မယ်။ အဲ့တာဆို သူအရိုက်မခံရတော့ဘူး။ ပြီးတော့ ကိစ္စတွေပြီးသွားပြီဆိုရင် သူ သူ့အမေရှေ့မှာ သွားငိုပြပြီး ကလေးဆိုးကြီးတစ်ယောက်လို ဂျီကျပြလိုက်မယ်ဆိုရင် ဒီကိစ္စက ထပ်ပြီးသွားဦးမှာပဲ။ အဲ့ကျရင် သူ့မိဘတွေက သူ့ကို မုန့်ဖိုးပိုတောင် ပေးရင်ပေးနေဦးမှာ။

ဘာပဲပြောပြော သူခိုးတာက သူ့မိသားစုက ပိုက်ဆံတွေပဲလေ။ တစ်ခြားသူပိုက်ဆံတွေမှ မဟုတ်တာ။

ချောင်မိသားစုရဲ့ အလိုလိုက်အလျှော့ပေးတဲ့ နည်းနဲ့ဆုံးမတဲ့ နည်းလမ်းက အနာဂတ်မှာ ချောင်ယွမ့်အပေါ် ဘယ်လိုသက်ရောက်မှုတွေရှိမလဲ၊ ပြီးတော့ အဲ့တာက အနာဂတ်မှာ ချောင်မိသားစုကို ဘယ်လို အဓိပ္ပာယ်တွေဖြစ်စေမလဲ ဆိုတာကိုတော့ အဝေးတစ်နေရာက အဆောင်အခန်းထဲမှာ ရှိနေတဲ့ ချောင်လန်ကတော့ ဘာတစ်ခုမှ မသိခဲ့ဘူး။

နောက် semester မှာက အားလုံးစာမေးပွဲအောင်ဖို့လိုတယ်။ အဲ့တာကြောင့် အခုတလော အားလုံးက စာလုပ်နေတာနဲ့တင် အလုပ်ရှုပ်နေကြတာ။ အနားရတဲ့အချိန်မှာ ချောင်လန်က ထန်းမော့သူမကို ပေးထားတဲ့ 'Silk Road' ကိုဖတ်နေသေးတယ်။ သူမက ချောင်မိသားစုမှာ ဘာဖြစ်မလဲဆိုတာကို နည်းနည်းလေးမှ မစိုးရိမ်ဘူး။

ဒါပေမဲ့ တစ်ရက်ကျတော့ ရုတ်တရက်ကြီး အတန်းပိုင်ဆရာက သူမကိုလာပြောတယ်။ အမေချောင်က သူ့ကိုဖုန်းခေါ်ပြီး ချောင်လန် အချိန်ရရင် သူမကို ဖုန်းပြန်ခေါ်ပါဦးလို့ ပြောတယ်တဲ့။

ချောင်လန်က အမေချောင်ကို သူမဖုန်းနံပါတ်ပေးမထားခဲ့ဘူး။ အဲ့တာကြောင့် အမေချောင်က အတန်းပိုင်ဆရာကို ဖုန်းဆက်လိုက်ရတာ။ ချောင်လန်က အတန်းပိုင်ဆရာကို ဟုတ်ကဲ့ လို့သဘောတူလိုက်ပြီး အဲ့ကိစ္စကို နောက်မှာထားလိုက်တယ်။ သူမ နောက်ထပ်ချောင်မိသားစုနဲ့ ဘာမှထပ်ပြီး မပက်သတ်ချင်တော့ဘူး။ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲဖြေပြီးသွားရင် သူမတက်မဲ့ တက္ကသိုလ်က ဒီနေရာနဲ့ ဝေးတဲ့နေရာမှာဖြစ်နေရမယ်။

အမေချောင်က အစကတော့ ချောင်လန့်ကိုစကားပြောချင်ခဲ့တာ။ ဒါပေမဲ့ ချောင်လန့်ကို၂ခါလောက် ဆက်သွယ်ပြီး ချောင်လန်က သူမကို လျစ်လျူရှုနေတုန်းပဲဆိုတော့ အမေချောင်က စိတ်တိုသွားတယ်။

သူမက ချောင်လန့်ကို အရမ်းချစ်နေလို့ လာပြောတာလဲ မဟုတ်ဘူးလေ။

တစ်ကယ်လို့ ချောင်လန်က အရည်အချင်းရှိတယ်ဆိုရင် ကျန်တဲ့ဘဝတစ်သက်လုံး အိမ်ပြန်လာဖို့ မလိုတော့ဘူး။ သူမ အိမ်ကနေ ပိုက်ဆံမတောင်းသရွေ့ အဆင်ပြေတယ်။

Zawgyi

ေခ်ာင္ယြမ္က မာနႀကီးၿပီး ဘဝင္ျမင့္တယ္ေလ။ ၿပီးေတာ့ သူက လက္တေလာကမွ သူ႔သူငယ္ခ်င္းအတန္းေဖာ္ေတြေရွ႕မွာ ပိုက္ဆံေတြကို ထုတ္ႂကြားထားတာေလ။ အဲ့တာေၾကာင့္ သူက လက္ေဆာင္မွာ ေဈးႏႈန္းကဒ္ထားတာကို တမင္သက္သက္မခြာပဲ ဝယ္ခဲ့တာေလ။

၂၁၈ ယြမ္...

သူတို႔အသက္အ႐ြယ္က လက္ေဆာင္တစ္ခုဆို ၁၀ယြမ္ေက်ာ္ေက်ာ္ေလာက္ဆိုရင္ကို ရေနၿပီေလ။ တစ္ခါတစ္ေလ ဒီပိုက္ဆံက အႏုပညာရွင္ေတြရဲ႕ ပိုစတာ ၁ခု ၂ခုေလာက္ေတာင္ ဝယ္လို႔ရတယ္။ ေခ်ာင္ယြမ္က ေဈးႏႈန္းကပ္ထားတာကို တမင္သက္သက္ထားခဲ့တာက ယြမ္စစ္မုန္႔ကို သူက ပိုခ်မ္းသာတယ္ သူကပိုၿပီးဂ႐ုစိုက္တက္တယ္ ဆိုတာကို သိေစခ်င္လို႔ေလ။ ၿပီးေတာ့ တစ္ျခားေကာင္ေလးေတြကိုေလ အားက်ေစခ်င္တာလဲ ပါတာေပါ့။

အဲ့တာကို ဒီလို႐ုတ္တရက္ႀကီး သူ႔အေမက ရွာေတြ႕သြားမယ္လို႔ သူဘယ္လိုလုပ္ ထင္ထားမွာလဲ။

အခုအခ်ိန္မွာ သူ႔စိတ္ထဲမွာ အေတြးတစ္ခုပဲ ရွိတယ္။ တစ္ကယ္လို႔ သူသာ ေဈးႏႈန္းကဒ္ထားတာကို ခြာခဲ့မယ္ဆိုရင္..... တစ္ကယ္လို႔ အေမကသာ ဒီေဈးႏႈန္းကိုမေတြ႕ခဲ့ဘူးဆိုရင္ ဒီလက္ေဆာင္ဗူးက ယြမ္၁၀ ေလာက္ပဲ က်တာလို႔ သူလိမ္ေျပာဖို႔က မျဖစ္ႏိုင္တာေတာ့ မဟုတ္ေလာက္ဘူး။ ဒါေပမဲ့ အခုေတာ့ သူက ေဈးႏႈန္းကို မခြာခဲ့ဘူး။ ၿပီးေတာ့ အေမေခ်ာင္ကလဲ လက္ေဆာင္ဗူးေပၚကေနကို မ်က္လုံးမခြာေတာ့ဘူးေလ။

ေခ်ာင္ယြမ္ လည္ပင္းေလးပုဝင္သြားတယ္။ " ...... အေမ ဘာလုပ္ေနတာလဲ။ အခန္းထဲကို ဝင္ဝင္လာခ်င္း သားေက်ာင္းလြယ္အိတ္ကို အကုန္ေမွာက္ခ်ေနေတာ့တာပဲ. "

" ဒါက ဘယ္ကရတာလဲ " အေမေခ်ာင္က ကလစ္ေပၚက ၂၁၈ ဆိုတာကို စိုက္ၾကည့္ေနခဲ့တယ္။ စိတ္ကူးယဥ္ဝတၳဳစာအုပ္ေတြ ေတြ႕တုန္းကထက္ေတာင္ ပိုၿပီးစိတ္တိုေနတယ္။ သူမကေတာ့ ေခ်ာင္ယြမ့္ကို က်ဴရွင္ထားေပးဖို႔ ယြမ္ေထာင္ေပါင္းမ်ားစြာ သုံးခဲ့ရတာ။ ဒါေပမဲ့ ေခ်ာင္ယြမ္ကေတာ့ ေန႔တိုင္းေန႔ ဝတၳဳစာအုပ္ေတြကို ခိုးဖတ္ေနတာေပါ့။

" ပိုက္ဆံေတြက ဘယ္က ရတာလဲလို႔!!! "

" သား.. သားး. မုန္႔ဖိုးထဲကေန စုထားတဲ့ ပိုက္ဆံေတြေလ.... " ေခ်ာင္ယြမ္က နည္းနည္း ေၾကာက္ေနတယ္။ အေမေခ်ာင္က သူပိုက္ဆံေတြခိုးသြားတယ္ဆိုတာကို သိသြားလိမ့္မယ္လို႔ သူမထင္ထားခဲ့ဘူးေလ။ ဘာလို႔လဲဆိုေတာ့ အဓိကကေတာ့ သူက သူ႔အေမကို ေၾကာက္တယ္ေလ။

သူက စာေကာင္းေကာင္းမလုပ္ဘူး။ ၿပီးေတာ့ ဝတၳဳေတြဖတ္တယ္။ ဒါေပမဲ့ သူ႔အိမ္ကလူေတြအားလုံးက သူ႔ကို အလိုလိုက္ၾကတယ္ေလ။ သူ႔အေမကလဲ သူ႔ကို အလိုလိုက္ပါတယ္။ ဒါေပမဲ့ သူ႔အဖြားနဲ႔ သူ႔အေဖနဲ႔ မတူတာက တစ္ကယ္လို႔ သူစာေကာင္းေကာင္းမလုပ္တာပဲ ျဖစ္ျဖစ္ ဒါမွမဟုတ္ ညက်မုန္႔ေတြခိုးစားရင္ပဲ ျဖစ္ျဖစ္ သူ႔အေမဆီမွာ မိသြားတဲ့အခ်ိန္က်ရင္ တစ္ခါတစ္ေလ အဆူခံရတယ္။ ဒါေၾကာင့္မလို႔ပဲ ေခ်ာင္ယြမ္က အေမေခ်ာင့္ကိုေတာ့ နည္းနည္းေၾကာက္ေသးတာေပါ့။

" သားက အေမေပးတဲ့ ပိုက္ဆံေတြကို အကုန္သုံးမပစ္ပါဘူး။ သားကစုထား...... "

" အဲ့တာဆို ဒါကေရာ? " အေမေခ်ာင္က ကလစ္ကို ၾကမ္းျပင္ေပၚပစ္ခ်လိုက္တယ္။ အဲ့တာေၾကာင့္ ကလစ္က ေက်ာက္ေလးတစ္ခ်ိဳ႕က ျပဳတ္ထြက္သြားတယ္။ ေခ်ာင္ယြမ္က အရမ္းကို ရင္နာေနၿပီ။ " အေမ မလႊင့္ပစ္နဲ႔ေလ...... " သူက ေျပာရင္ အဲ့တာကို ကုန္းေကာက္ဖို႔ လုပ္လိုက္တယ္။ ဒါေပမဲ့ ကလစ္က အေမေခ်ာင့္ရဲ႕ေျခေထာက္ေအာက္ကို ေရာက္သြားရွာတယ္။

" ဒါကို ပိုက္ဆံစုၿပီး ဝယ္ထားတာဆိုရင္ အဲ့တာဆို အကင္သြားစားဖို႔ ပိုက္ဆံကေရာ ဘယ္ကေနရတာလဲ။ "

ေခ်ာင္ယြမ္ရဲ႕ မ်က္ႏွာအေရာင္ေျပာင္းသြားတယ္။

ေခ်ာင္ယြမ္က ပိုက္ဆံကို ပထမဆုံးစယူတုန္းက တစ္ကယ္ပဲ အေတာ္ေလးေၾကာက္ခဲ့တာပါ။ ဒါေပမဲ့ ဒီေလာက္ပိုက္ဆံအထူႀကီးရွိတာေလ။ ေခ်ာင္ယြမ္က ယြမ္၁၀၀ေလာက္ပဲယူမွာ။ အဲ့ေတာ့ သူ႔ယူတာ မမိေလာက္ပါဘူး။

အဲ့အခ်ိန္တုန္းက ေယာင္စစ္မုန္႔က Jasmine honey tea ကို ေသာက္ရတာႀကိဳက္တယ္။ အဲ့တာေၾကာင့္ သူက သူမကို ၂ပုလင္းေလာက္ဝယ္တိုက္ခဲ့တယ္။ ေခ်ာင္ယြမ္ကလဲ ပိုက္ဆံသုံးတာၾကမ္းတယ္ေလ။ ေယာင္စစ္မုန္႔အတြက္ ပစၥည္းေတြဝယ္ေပးၿပီးသြားေတာ့ သူသုံးဖို႔အတြက္က မေလာက္ေတာ့ဘူးေလ။

၃ ၄ရက္ေလာက္ေစာင့္ၿပီးသြားေတာ့ ဘယ္သူမွ ရွာမေတြ႕ခဲ့ၾကဘူး။ အဲ့တာနဲ႔ ေခ်ာင္ယြမ္ကလဲ တစ္ျဖည္းျဖည္းနဲ႔ လက္ရဲလာခဲ့တာေပါ့။ အစတုန္းက သူက ယြမ္၁၀၀ ၂၀၀ ၿပီးေတာ့ ၄၀၀ ၅၀၀ ယူခဲ့တယ္။ လဝက္ေလာက္ကုန္သြားေတာ့ သူက ယြမ္၁၅၀၀ေလာက္ ယူၿပီးေနၿပီ။ ၁၅႐ြက္ေတာင္ေလ။

သူက သူငယ္ခ်င္းေကာင္းတစ္ခ်ိဳ႕နဲ႔ ေကာင္မေလးတစ္ခ်ိဳ႕ကို အကင္စားဖို႔ ဖိတ္ခဲ့တယ္။ သူခိုးခဲ့တဲ့ ကိစၥကို စိတ္ထဲမွာ မတင္မက်ျဖစ္ေနေပမဲ့လို႔ သူ႔အတန္းေဖာ္သူငယ္ခ်င္းေတြ အားက်တာကို ခံလိုက္ရေတာ့ သူက အရမ္းေက်နပ္သြားခဲ့တယ္။ တစ္ေန႔က်ေတာ့ အေဖေခ်ာင္နဲ႔ အေမေခ်ာင္တို႔က ရွာေတြ႕သြားခဲ့တယ္။ ဒါေပမဲ့ သူတို႔က သူ႔ကို နည္းနည္းေလးမွ သံသယမဝင္ခဲ့ၾကဘူး။ အဲ့အစား သူတို႔က ေခ်ာင္လန္ခိုးတာလို႔ပဲ ထင္သြားခဲ့ၾကတယ္။ အဲ့တာနဲ႔ ေခ်ာင္ယြမ္လဲ ေနာက္ဆုံးေတာ့ စိတ္ေအးသြားခဲ့ရတယ္။

ေနာက္ထပ္၁၀ရက္ေလာက္ကုန္သြားၿပီးေတာ့ ေခ်ာင္ယြမ္ထင္တာက ဒီကိစၥက ၿပီးသြားၿပီေပါ့။ ဒါေပမဲ့ ဘာေတြျဖစ္ခဲ့တာလဲေတာ့ သူမသိဘူး။ အေမေခ်ာင္က ရွာေတြ႕သြားခဲ့တယ္တဲ့ေလ။

ေခ်ာင္ယြမ္က အခုအခ်ိန္ထိ ေခါင္းမာေနတုန္းပဲ။ ၿပီးေတာ့ ေခ်ာင္လန္႔ေခါင္းေပၚပုံခ်ခ်င္ေနတယ္။ " ဘာအကင္လဲ။ ေခ်ာင္လန္က အေမ့ကို တစ္ခုခု ေျပာလိုက္လို႔လား။ " ေခ်ာင္ယြမ္က ေခ်ာင္လန္ေျပာလိုက္တာလို႔ ထင္ေနတယ္။

ေခ်ာင္ယြမ္က အခုအခ်ိန္ထိ အျပစ္လႊဲခ်ခ်င္ေနလိမ့္မယ္လို႔ အေမေခ်ာင္ထင္မထားခဲ့ဘူး။ သူမစိတ္တိုတိုနဲ႔ ေခ်ာင္ယြမ့္လက္ေမာင္းကို ျဗန္းခနဲ႐ိုက္ခ်ပစ္လိုက္တယ္။ " နင္အခုခ်ိန္ထိ မဝန္ခံေသးဘူးလား!!! နင့္အတန္းေဖာ္ေတြကလာေျပာသြားတာ နင္က သူတို႔ကို စားဖို႔ဖိတ္ခဲ့တာဆို!! နင့္ေက်ာင္းကိုလိုက္လာၿပီး နင့္အတန္းေဖာ္ေတြကိုသြားေမးမွ နင္ကဝန္ခံမွာလား။ "

ေခ်ာင္ယြမ္က ဒီတစ္ခါေတာ့ တစ္ကယ္ေၾကာက္သြားၿပီ။ တစ္ကယ္လို႔ သူ႔သူငယ္ခ်င္းေတြကသာ သူကအိမ္ကပိုက္ဆံေတြကိုခိုးေနတာကိုသိသြားရင္ သူေနာက္ဆို သူတို႔ကို ဘယ္လိုမ်က္ႏွာခ်င္းဆိုင္ရေတာ့မွာလဲ။ အေမေခ်ာင္ေရွ႕မွာတင္ပဲ သူေၾကာက္လြန္းလို႔ စငိုေတာ့တယ္။

မီးဖိုေခ်ာင္ထဲမွာ အလုပ္ရႈပ္ေနတဲ့ အဖြားေခ်ာင္က သူ႔ေျမးေလးငိုတာကို ၾကားလိုက္ရေတာ့ သူမဟင္းေတြကို ဂ႐ုမစိုက္ေတာ့ဘဲ အျမန္ေျပးထြက္လာခဲ့တယ္။ သူမအခန္းထဲကို ဝင္လာေတာ့ သူမေခြၽးမက သူမေျမးေလးကို ႐ိုက္မလို႔လုပ္ေနတာကိုေတြ႕လိုက္ရတယ္။ အဲ့တာနဲ႔ သူမက သူမေခြၽးမကို ေအာ္လိုက္ၿပီး ေခ်ာင္ယြမ့္ကို သူမေနာက္မွာထားလိုက္တယ္။ " ညည္း႐ူးေနလား။ ကေလးလို႔ ဘာလို႔ ဒီလို႐ုတ္တရက္ႀကီး႐ိုက္ရတာလဲ။ ကေလးကငိုေနတာကို ညည္းမေတြ႕ဘူးလား!!! "

" သူက ငိုဖို႔မ်က္ႏွာရွိေသးတယ္ေပါ့။ " အေမေခ်ာင္က တုန္ရီေနတယ္။ " သူအိမ္ကေန ပိုက္ဆံဘယ္ေလာက္ခိုးသြားတာလဲဆိုတာ အေမပဲေမးၾကည့္လိုက္ေတာ့!! "

ပိုက္ဆံခိုးတယ္? ပိုက္ဆံခိုးတယ္? အဖြားေခ်ာင္က ေၾကာင္သြားတယ္။ "..... အဲ့တာက ေခ်ာင္လန္က ခိုးတာမဟုတ္ဘူးလား။ ညည္းက ငါ့ေျမးကို ဘာလို႔ လာစြပ္စြဲေနတာလဲ။ "

အဖြားေခ်ာင္က ဒါကို အစေဖာ္လိုက္ေတာ့မ အေမေခ်ာင္က သတိရသြားတယ္ ေခ်ာင္လန္က ေခ်ာင္ယြမ့္အျပစ္ကို ရက္ေပါင္းမ်ားစြာ အျပစ္အတင္ခံေနရတာကိုေပါ့။ ဒါေပမဲ့ ဒီတစ္ခါလဲ အေမေခ်ာင္က ေခ်ာင္လန္႔ကို ဂ႐ုမစိုက္အားေသးဘူး။ သူက ေခ်ာင္ယြမ့္ကိုပဲ အာ႐ုံစိုက္ေနတုန္းပဲ။

အေမေခ်ာင္က သူမကိုယ္တိုင္က ပညာမတက္ဘူး၊ ယဥ္ေက်းမႈမရွိဘူး။ အဲ့တာေၾကာင့္ သူမက သူမသားကိုတက္ႏိုင္သမွ် စားႀကိဳးစားေစခ်င္ခဲ့တာေလ။ အဲ့တာမွ အနာဂတ္မွာ သူက သူမနဲ႔ အေဖေခ်ာင္တို႔ထက္သာမွာေပါ့။ အဲ့က်မွသာ သူမက အဖြားေခ်ာင္ရဲ႕ ပါးစပ္ကို ဆို႔ထားလို႔ရမွာေလ။

ရလဒ္ကေရာ ေခ်ာင္ယြမ္ တစ္ေနကုန္လုံးဘာေတြလုပ္ေနလဲ?? သူက ဝတၳဳေတြကိုခိုးဖတ္တယ္။ အိမ္ကေနပိုက္ဆံခိုးတယ္။ ၿပီးေတာ့ တစ္ျခားသူေတြကို အျပစ္ဖို႔တယ္။ အေမေခ်ာင္က စိတ္တိုေနရင္းကပဲ စိတ္ပ်က္မႈ ဝမ္းနည္းမႈေတြကို ခံစားလိုက္ရတယ္။

ေနာက္ဆုံးေတာ့ အဖြားေခ်ာင္က အျပည့္အစုံကိုသိသြားခဲ့တယ္။ ဒါေပမဲ့ အေမေခ်ာင္က ေခ်ာင္ယြမ့္ကို ထပ္႐ိုက္မလို႔ လုပ္ေနတာကို တြ႕လိုက္ရေတာ့ မေက်မနပ္ျဖစ္သြားတယ္။ အဲ့တာေၾကာင့္ သူမက ဒါကိုျမင္ျမင္လိုက္ခ်င္းမွာပဲ ေသနတ္ေျပာင္းကို အေမေခ်ာင့္ဘက္လွည့္လိုက္ေတာ့တယ္။

" ပိုက္ဆံယြမ္၂ေသာင္းကို ဘယ္ေနရာမွာ သိမ္းရမယ္မွန္းမသိတာ ညည္းအျပစ္ေလ။ ပိုက္ဆံကို စားပြဲခုံအံဆြဲေအာက္မွာထားတယ္?? ေတာ္ေသးတာေပါ့ ပိုက္ဆံယူသြားတဲ့လူက ငါတို႔အိမ္ကလူျဖစ္ေနလို႔။ မဟုတ္ရင္လဲ သူခိုးက အေနးနဲ႔အျမန္လာခိုးမွာပဲ။ ကိုယ့္အလုပ္ကိုေသခ်ာမလုပ္ခဲ့တာ ညည္းအျပစ္ပဲေလ။ အခုေတာ့ ညည္းက ကေလးကို လာၿပီးအျပစ္တင္ေနတယ္။ ေခ်ာင္ယြမ္က ဘာမွမွ မသိေသးလို႔ ပိုက္ဆံကိုယူသြားတာေလ။ ဘာပဲေျပာေျပာ သူက သူ႔အတန္းေဖာ္ေတြကို မုန္႔ေခၚေကြၽးၿပီး ေမြးေန႔လက္ေဆာင္ဝယ္ေပးတာပဲ ရွိတာေလ။ တစ္ကယ္လို႔ ညည္းသာ သူ႔ကို မုန္႔ဖိုး လုံလုံေလာက္ေလာက္ေပးထားခဲ့မယ္ဆိုရင္ သူက ဘယ္လိုလုပ္ ဒီပိုက္ဆံကို ယူဖို႔ ကိုယ့္ကိုယ္ကို တြန္းအားေပးရဦးမွာလဲ။ ညည္းကတစ္ေနကုန္ အလုပ္ရႈပ္ေနတာပဲ။ ငါ့ေျမးေလးကို ဘယ္လိုေစာင့္ေရွာက္ရမလဲဆိုတာေတာင္ မသိေတာ့ဘူလား။ ညည္းက ဘယ္လိုအေမလဲ!!! "

အစတုန္းကေတာ့ အဖြားေခ်ာင္က ဒါကေခ်ာင္ယြမ့္အမွားလို႔ ေျပာတယ္။ ဒါေပမဲ့ စကား ၄ ၅ခြန္းေလာက္နဲ႔ သူမက အျပစ္ေတြအကုန္လုံးကို အေမေခ်ာင့္ေပၚ ပုံခ်လိုက္တယ္။

" ကေလးက ဘယ္ေလာက္ေတာင္ငိုေနတာလဲ ဆိုတာ ညည္းမျမင္ဘူးလား။ ညည္းက ရင္မနာေပမဲ့ ငါကေတာ့ ရင္နာရတယ္.... "

အခုအခ်ိန္မွာ ေခ်ာင္ယြမ္ဦးေႏွာက္က အလုပ္လုပ္လာၿပီ။ အဲ့တာနဲ႔ သူက ပိုၿပီး ျပင္းျပင္းထန္ထန္ငိုေတာ့တယ္။ သူငိုတာကို ၾကားလိုက္ရေတာ့ အဖြားေခ်ာင္က ႏွလုံးေတြေရာ ေက်ာက္ကပ္ေတြေရာ နာလာသလိုခံစားလာရတယ္။

အေဖေခ်ာင္ျပန္လာေတာ့ သူ႔အေမနဲ႔ သူ႔မိန္းမနဲ႔က ထပ္ၿပီးစကားမေျပာၾကေတာ့တာကို ေတြ႕လိုက္ရတယ္။ ၿပီးေတာ့ သူ႔သားကက်ေတာ့ သူ႔အဖြားေနာက္မွာ ပုန္းေနတယ္။

ဘာျဖစ္တာလဲဆိုတာ ေမးၿပီးသြားတဲ့ေနာက္မွာ အေဖေခ်ာင္က ပုံမန္လိုပဲ ေယာကၡမနဲ႔ေခြၽးမၾကားကေန ျဖန္ေျဖေပးရတယ္။ သူက အဖြားေခ်ာင္ကေျမးကို အခ်စ္လြန္တာပါလို႔ သူ႔မိန္းမကို ေျပာလိုက္တယ္။ ၿပီးေတာ့ ေခ်ာင္ယြမ့္ကို အဲ့ေလာက္ႀကီး မတင္းက်ပ္ပါနဲ႔လို႔ ေျပာလိုက္တယ္။ ေနာက္ဆုံးေတာ့ သူက သူ႔သားကိုသူ႔ေပါင္ေပၚထိုင္ခိုင္းလိုက္ၿပီး ေခ်ာင္ယြမ္ရွင္းျပတာကို တစ္နာရီေက်ာ္ေလာက္ နားေထာင္ေနခဲ့တယ္။

ေခ်ာင္ယြမ္က ၁၃ႏွစ္သား မဟုတ္ဘဲ ၃ႏွစ္သားကေလးေလး ျဖစ္ေနတဲ့အတိုင္းပဲ။ အေဖေခ်ာင္က အရမ္းကို ၾကင္နာၿပီး စိတ္ရွည္တဲ့အျပဳအမူနဲ႔ နားေထာင္ေနတယ္။ သူ ေခ်ာင္လန္႔ကို တံျမက္စည္းနဲ႔႐ိုက္ခ်င္တုန္းက သူျပခဲ့တဲ့ ၾကမ္းတမ္းတဲ့ပုံနဲ႔ လုံးဝကိုမတူဘူး။

သူ႔သားဆီကေန အမွန္တရားကို နားေထာင္ၿပီး ေနာက္ဆုံးနားလည္သြားၿပီလို႔ ခံစားလာရတဲ့အခ်ိန္က်ေတာ့ သူက ေခ်ာင္ယြမ္ကို တိတ္တိတ္ေလး ယြမ္၃၀၀ေပးလိုက္တယ္။ " သား တစ္ကယ္လို႔ ပိုက္ဆံလိုခ်င္တယ္ဆိုရင္ အေဖ့ကိုလာေျပာေလ။ အေဖက မင္းကို ကပ္စီးမနဲပါဘူးကြ။ ခဏေနရင္ မင္းအေမကို သြားေတာင္းပန္လိုက္ဦး။ မင္းအေမကလဲ မင္းေကာင္းဖို႔အတြက္ပါကြာ။ "

ေခ်ာင္ယြမ္က ပိုက္ဆံကိုလက္ထဲမွာ ကိုင္ထားရင္း ေခါင္းငုံ႔လိုက္တယ္။ ဒါေပမဲ့ သူ႔စိတ္ထဲမွာေတာ့ ေတြးေနတာက တစ္ကယ္လို႔ သူပိုက္ဆံထပ္လိုလာခဲ့လို႔ရွိရင္ သူ႔အတန္းေဖာ္ေတြဆီက တြန္းအားေပးခံရသလိုမ်ိဳး ဟန္ေဆာင္လိုက္လို႔ရတာပဲ လို႔ေပါ့။

ညက်ေတာ့ ေခ်ာင္ယြမ္က အေမေခ်ာင့္ဆီေျပးသြားၿပီး သူမွားတာကို သိပါၿပီ ဆိုၿပီး အသံတိုးတိုးေလးနဲ႔ သြားေတာင္းပန္တယ္။ အေမေခ်ာင္က သူမသားရဲ႕နီရဲေနတဲ့ မ်က္လုံးေတြကို ေတြ႕လိုက္ရေတာ့ စိတ္ေပ်ာ့သြားၿပီး ေခ်ာင္ယြမ့္ကို ေနာက္က်ဒီလိုမလုပ္ဖို႔ ေျပာလိုက္တယ္။

အဲ့တာနဲ႔ပဲ ေခ်ာင္ယြမ္က ပိုက္ဆံခိုးတဲ့ မုန္တိုင္းကေန ဘာမွအျပစ္ေပးမခံလိုက္ရဘဲ ေက်ာ္လြားသြားႏိုင္ခဲ့တယ္။ ၿပီးေတာ့ သူ႔လက္ထဲမွာ ပိုက္ဆံအနည္းငယ္ေတာင္တိုးလာလိုက္ေသးတယ္။

ညက်အိပ္ယာထဲမွာ အိပ္မလို႔လုပ္ေတာ့ ေခ်ာင္ယြမ္က ႐ုတ္တရက္ အလင္းေပါက္သြားတယ္။ အဲ့တာကဘာလဲဆိုေတာ့ သူက ပိုက္ဆံခိုးခဲ့တာ ဒါေပမဲ့ အဲ့တာေၾကာင့္မလို႔လဲ ပိုက္ဆံေတြအမ်ားႀကီး ရခဲ့တယ္ ဆိုတာကိုေပါ့။

သူက ပိုက္ဆံခိုးတဲ့အတြက္ ဘာအျပစ္ဒဏ္မွ မခံလိုက္ရဘူး။ တစ္ကယ္လို႔ သူ ေနာက္တစ္ေခါက္ သူ႔မိသားစုဆီက ပိုက္ဆံယူလိုက္မိရင္လဲ သူ႔အေမက စိတ္တိုရင္ေတာင္ သူ႔ကိုကာကြယ္ေပးဖို႔ သူ႔အဖြားရွိေနတာပဲ။ တစ္ကယ္လို႔ သူ႔အဖြားက မႏိုင္ဘူးဆိုရင္ေတာင္ သူ႔အေဖကေတာ့ ႏိုင္မွာပဲ။ သူတို႔က သူ႔ကို ကာကြယ္ေပးၾကလိမ့္မယ္။ အဲ့တာဆို သူအ႐ိုက္မခံရေတာ့ဘူး။ ၿပီးေတာ့ ကိစၥေတြၿပီးသြားၿပီဆိုရင္ သူ သူ႔အေမေရွ႕မွာ သြားငိုျပၿပီး ကေလးဆိုးႀကီးတစ္ေယာက္လို ဂ်ီက်ျပလိုက္မယ္ဆိုရင္ ဒီကိစၥက ထပ္ၿပီးသြားဦးမွာပဲ။ အဲ့က်ရင္ သူ႔မိဘေတြက သူ႔ကို မုန္႔ဖိုးပိုေတာင္ ေပးရင္ေပးေနဦးမွာ။

ဘာပဲေျပာေျပာ သူခိုးတာက သူ႔မိသားစုက ပိုက္ဆံေတြပဲေလ။ တစ္ျခားသူပိုက္ဆံေတြမွ မဟုတ္တာ။

ေခ်ာင္မိသားစုရဲ႕ အလိုလိုက္အေလွ်ာ့ေပးတဲ့ နည္းနဲ႔ဆုံးမတဲ့ နည္းလမ္းက အနာဂတ္မွာ ေခ်ာင္ယြမ့္အေပၚ ဘယ္လိုသက္ေရာက္မႈေတြရွိမလဲ၊ ၿပီးေတာ့ အဲ့တာက အနာဂတ္မွာ ေခ်ာင္မိသားစုကို ဘယ္လို အဓိပၸာယ္ေတြျဖစ္ေစမလဲ ဆိုတာကိုေတာ့ အေဝးတစ္ေနရာက အေဆာင္အခန္းထဲမွာ ရွိေနတဲ့ ေခ်ာင္လန္ကေတာ့ ဘာတစ္ခုမွ မသိခဲ့ဘူး။

ေနာက္ semester မွာက အားလုံးစာေမးပြဲေအာင္ဖို႔လိုတယ္။ အဲ့တာေၾကာင့္ အခုတေလာ အားလုံးက စာလုပ္ေနတာနဲ႔တင္ အလုပ္ရႈပ္ေနၾကတာ။ အနားရတဲ့အခ်ိန္မွာ ေခ်ာင္လန္က ထန္းေမာ့သူမကို ေပးထားတဲ့ 'Silk Road' ကိုဖတ္ေနေသးတယ္။ သူမက ေခ်ာင္မိသားစုမွာ ဘာျဖစ္မလဲဆိုတာကို နည္းနည္းေလးမွ မစိုးရိမ္ဘူး။

ဒါေပမဲ့ တစ္ရက္က်ေတာ့ ႐ုတ္တရက္ႀကီး အတန္းပိုင္ဆရာက သူမကိုလာေျပာတယ္။ အေမေခ်ာင္က သူ႔ကိုဖုန္းေခၚၿပီး ေခ်ာင္လန္ အခ်ိန္ရရင္ သူမကို ဖုန္းျပန္ေခၚပါဦးလို႔ ေျပာတယ္တဲ့။

ေခ်ာင္လန္က အေမေခ်ာင္ကို သူမဖုန္းနံပါတ္ေပးမထားခဲ့ဘူး။ အဲ့တာေၾကာင့္ အေမေခ်ာင္က အတန္းပိုင္ဆရာကို ဖုန္းဆက္လိုက္ရတာ။ ေခ်ာင္လန္က အတန္းပိုင္ဆရာကို ဟုတ္ကဲ့ လို႔သေဘာတူလိုက္ၿပီး အဲ့ကိစၥကို ေနာက္မွာထားလိုက္တယ္။ သူမ ေနာက္ထပ္ေခ်ာင္မိသားစုနဲ႔ ဘာမွထပ္ၿပီး မပက္သတ္ခ်င္ေတာ့ဘူး။ တကၠသိုလ္ဝင္ခြင့္စာေမးပြဲေျဖၿပီးသြားရင္ သူမတက္မဲ့ တကၠသိုလ္က ဒီေနရာနဲ႔ ေဝးတဲ့ေနရာမွာျဖစ္ေနရမယ္။

အေမေခ်ာင္က အစကေတာ့ ေခ်ာင္လန္႔ကိုစကားေျပာခ်င္ခဲ့တာ။ ဒါေပမဲ့ ေခ်ာင္လန္႔ကို၂ခါေလာက္ ဆက္သြယ္ၿပီး ေခ်ာင္လန္က သူမကို လ်စ္လ်ဴရႈေနတုန္းပဲဆိုေတာ့ အေမေခ်ာင္က စိတ္တိုသြားတယ္။

သူမက ေခ်ာင္လန္႔ကို အရမ္းခ်စ္ေနလို႔ လာေျပာတာလဲ မဟုတ္ဘူးေလ။

တစ္ကယ္လို႔ ေခ်ာင္လန္က အရည္အခ်င္းရွိတယ္ဆိုရင္ က်န္တဲ့ဘဝတစ္သက္လုံး အိမ္ျပန္လာဖို႔ မလိုေတာ့ဘူး။ သူမ အိမ္ကေန ပိုက္ဆံမေတာင္းသေ႐ြ႕ အဆင္ေျပတယ္။

Continue Reading

You'll Also Like

37.8M 1.1M 68
Deadly assassins Allegra and Ace have been trying in vain to kill each other for years. With a mutual enemy threatening their mafias, they find thems...