system 091

By TeeKo0

1.1M 121K 5.8K

wang yibo 💞 xiao zhan [ကျေးဇူးပြုပြီးအုန်းသီးကိုလေးစားပါ] ^^^^^^^^^^^ ^^^^ [ေက်းဇူးျပဳၿပီးအုန္းသီးကိုေလးစားပ... More

intro
(1.1)Arc 1
Character introduction
(1.2)
(1.4)
(1.5)
(1.6)
(1.7)
(1.8)
(1.9)
(1.10)
(1.11)
(1.12)
(1.13)
(1.14)
(1.15)End....
Arc(2)
Character introduction
(2.1)
(2.2)
(2.3)
(2.4)
(2.5)
(2.6)
(2.7)
(2.8)
(2.9)
(2.10)
(2.11)
(2.12)
(2.13)
(2.14)
(2.15)
(2.16)
(2.17)
(2.18)
(2.19)
(2.20)End....
Arc(3)
Character introduction
(3.1)
(3.2)
(3.3)
(3.4)
(3.5)
(3.6)
(3.7)
(3.8)
(3.9)
(3.10)
(3.11)
(3.12)
(3.13)
(3.14)
(3.15)
(3.16)
(3.17)
(3.18)
(3.19)
(3.20)End....
Arc(4)
Character introduction
(4.1)
(4.2)
(4.3)
(4.4)
(4.5)
(4.6)
(4.7)
(4.8)
(4.9)
(4.10)
(4.11)
(4.12)
(4.13)
(4.14)
(4.15)
(4.16)
(4.17)
(4.18)
(4.19)End....
Arc(5)
Character introduction
(5.1)
(5.2)
(5.3)
(5.4)
(5.5)
(5.6)
(5.7)
(5.8)
(5.9)
(5.10)
(5.11)
(5.12)
(5.13)
(5.14)
(5.15)
(5.16)
(5.17)
(5.18)
(5.19)
(5.20)
(5.21)
(5.22)
(5.23)
(5.24)End....
Arc(6)
Character introduction
(6.1)
(6.2)
(6.3)
(6.4)
(6.5)
(6.6)
(6.7)
(6.8)
(6.9)
(6.10)
(6.11)
(6.12)
(6.13)
(6.14)
(6.15)
(6.16)
(6.17)
(6.18)
(6.19)
(6.20)
(6.21)End....
Arc(7)
Character introduction
(7.1)
(7.2)
(7.3)
(7.4)
(7.5)
(7.6)
(7.7)
(7.8)
(7.9)
(7.10)
(7.11)
(7.12)
(7.13)
(7.14)
(7.15)
(7.16)
(7.17)
(7.18)
(7.19)
(7.20)
(7.21)End....
Arc(1.16) [Return]
(1.17) [Return]
(1.18) [Return]
(1.19) [Return]
(1.20) [Return]
(1.21) [Return]
(1.22) [Return]
(1.23) [Return]
(1.24) [Return]
(1.25) [Return]
(1.26) [Return]
(1.27) [Return]
(1.28) [Return]
(1.29) [Return]
(1.30) [Return]
(1.31) [Return]
(1.32) [Return]End....
Arc(8)
Character introduction
(8.1)
(8.2)
(8.3)
Book ခွဲခြင်း

(1.3)

10.1K 1K 6
By TeeKo0

Unicode

ရှောင်ကျန့်ဟာ တားမြစ်တောအုပ်ထဲကနေခုန်ဆွခုန်ဆွဖြင့်ပျော်ပျော်ရွှင်ရွှင်ထွက်ခွာလာသည်။ မြေခွေးလက်သေးသေးလေး
မှာ ချည်နှောင်ထားသည့်ဟန်းချိန်းကြိုးကသူ့ရဲ့လှုပ်ရှားမှုတွေနဲ့အညီလှုပ်ယမ်းနေ၏။

အတော်ဝေးဝေးသို့ရောက်သည့်အခါတွင် သူ့ခန္ဓာကိုယ်ကရုတ်တရက်ကြီးပူတတ်လာ၏။
ရှောင်ကျန့်မှာအတော်လေးလန့်သွားသည်။သူ မတတ်သာစွာအုန်းသီးအားလှမ်းမေးကြည့်လိုက်မိသည်။

'အုန်းသီး...ငါ့ခန္ဓာကိုယ်က ဘာဖြစ်တာလဲ....'

[အိုး.....hostကိုသတိပေးဖို့မေ့ နေတာ.....hostအသက်၁၆နှစ်ပြည့်တာနဲ့လူပုံစံပြောင်းဖို့ကူညီပေးမယ်လို့ ပြောထားတယ်လေ.....]

'မင်း...စောစောသတိပေးရင် လေဖြတ်သေမှာမလို့လားဟင်.....'

[ဟီး.....sorry......]

'.....'

ရှောင်ကျန့်မှာsystemအုန်းသီးရဲ့တောင်းပန်စကားကိုတောင်ဂရုမစိုက်အားသေးပါပဲယိုင်တိယိုင်တိုင်ဖြင့်အရှေ့ဘက်သို့ဆက်နေရုံသာတတ်နိုင်သည်။သူကလုံခြုံစိတ်ချမည်ထင်ရသည့်နေရာတစ်ခုအားရှာဖွေလိုသည်။

မဟုတ်ရင်သူအသေအလဲအားနည်းနေတုန်းနဂိုမူလဇာတ်ကြောင်းထဲကလိုအဓိကဇာတ်လိုက်နဲ့သွားတိုးပြီးအမြုတေထုတ်အသတ်ခံလိုက်ရရင်ဘယ်လိုလုပ်မလဲ။

'အုန်းသီး....ငါ့ကိုလုံခြုံတဲ့ နေရာအရင်ရှာပေး.....'

[ဟုတ်ကဲ့host....]

အုန်းသီးကသူ့hostရဲ့စကားကိုတသွေမတိမ်းလိုက်နာလျက်ပြန်ဖြေသည်။သူသတိပေးဖို့မေ့သွားတာကြောင့်လည်းပါသည်။ တဖြည်းဖြည်းပူသထက်ပူလာသည့်မြေခွေးခန္ဓာကိုယ်ကြောင့်ရှောင်ကျန့်ခမျာအသက်ပြင်းပြင်းရှုရှိုက်နေရရှာသည်။သိပ်မကြာခင်မှာပဲအုန်းသီးရဲ့လမ်းညွှန်ချက်မှာထွက်ပေါ်လာ၏။သူကလုံခြုံစိတ်ချရမည့်နေရာအားပြောပြပေးသည်။

အသည်းအသန်ခြေလေးချောင်းသုံး၍ပြေးရင်းပြေးရင်းဖြင့်အုန်းသီးညွှန်ပြသည့်ရေကန်လေးတစ်ကန်နားသို့ရောက်လာသည်။ရေကန်အတွင်းရှိရေတွေမှာကြည်ပြီးပြာလဲ့နေလေသည်။ပတ်ဝန်းကျင်တစ်ခုလုံးမြူတွေဆိုင်းလျက်အလွန်တရာလှပနေပေမယ့်
ရှောင်ကျန့်မှာ၎င်းကိုခံစားဖို့ရန်အချိန်မရှိတာကဆိုးလှသည်။

နောက်ဆုံးမှာတော့သူ့စိတ်ကိုလွှတ်ချလိုက်ကာရေကန်ဘေးနားမှာပဲနာကျင်ပူလောင်မှုတွေနဲ့အတူမေ့လဲကျသွားသည်။

သူမသိလိုက်သည်ကသတိလစ်သွားပြီးခဏအကြာမှာပဲစိတ်စွမ်းအင်မြူတစ်ရပ်ထွက်ပေါ်လာပြီးသူ့ရဲ့သေးကွေးတဲ့အဖြူရောင်မြေခွေးခန္ဓာကိုယ်လေးကိုဖုံးအုပ်သွားခြင်းဖြစ်သည်။သူ့ရဲ့ခန္ဓာကိုယ်သေးသေးလေးဟာတဖြည်းဖြည်းကြီးထွားလာပြီးကျောက်စိမ်းကဲ့သို့အပြစ်အနာအဆာကင်းမဲ့တဲ့ကျောက်စိမ်းဖြူရောင်ခြေတံတစ်စုံနှင့်သွယ်လျလှပသောတုနှိုင်းမဲ့ခန္ဓာကိုယ်တစ်ခုဟာမှော်ဆန်စွာပေါ်ပေါက်လာခဲ့သည်။

*************
*****

[host!!!!!ထပါတော့hostရဲ့!!!ကျွန်တော်တောင်းပန်ပါတယ်....ဝူး...ဝူး.....သေများသွားပြီလားမသိဘူး....]

ရှောင်ကျန့်ခမျာနိုးနိုးချင်းကြားလိုက်ရတဲ့အုန်းသီးရဲ့ကျီးအာသီးလိုငှက်ဆိုးထိုးသံကြောင့်မျက်ဖြူတောင်လန်ချင်သလိုလိုဖြစ်သွားသည်။

"တော်...တော်ပါတော့......ငါမင်းရဲ့အသံဆိုးကြီးကိုမကြားချင်တော့ဘူး....."

[.....]

"ဟမ်....နေစမ်းပါဦး....ငါစကားပြောနိုင်ပြီ..."

ထိုအခါမှရှောင်ကျန့်ဟာသူ့ခန္ဓာကိုယ်အခြေအနေကိုသတိထားမိသွားသည်။သူ့လက်ချောင်းတွေကိုငုံ့ကြည့်မိလိုက်တော့ဖြူဖြူသွယ်သွယ်နှင့်နတ်ဘုရားကဲ့သို့လှပတင့်တယ်လှသည်ကိုမျက်မြင်ကိုယ်တွေ့ကြုံလိုက်ရသည်။

"ဝါး....လှလိုက်တဲ့လက်ချောင်းရှည်လေး
တွေ....."

ရှောင်ကျန့်သူ့ခန္ဓာကိုယ်ကိုထပ်မံငုံ့ကိုင်းကြည့်လိုက်မိသည့်အခါတွင်သူ့မျက်နှာလေးမှာဖြန်းကနဲရဲတတ်သွား၏။

ဘာမှလည်းမဝတ်ထားဘူး။

'အုန်းသီး....'

[ဗျာ.....]

'ငါ့အတွက်အဝတ်တွေရော....'

[အာ...စိတ်မပူပါနဲ့hostရဲ့....အုန်းသီးကိုစိတ်သာချထားလိုက်...]

systemအုန်းသီးရဲ့စကားဆုံးသည်နှင့်သူ့အရှေ့တွင်အဖြူရောင်ပိုးသားဝတ်စုံရှည်ထက်တွင်မိုးပြာရောင်အနားကွပ်ထားသည့်တရုတ်ရိုးရာအဝတ်တစ်ထည်မှာသူ့ခန္ဓာကိုယ်ပေါ်နေရာယူလျက်သားပေါ်ပေါက်လာသည်။ရှောင်ကျန့်ကနူးညံ့တဲ့၎င်းဝတ်စုံကိုသဘောကျစွာထိကိုင်လိုက်သည်။

[ဒီဝတ်စုံကိုအထင်မသေးနဲ့hostရ....ဓား၊လှံ၊နဲ့တစ်ခြားလက်နက်တွေကိုခံနိုင်ရည်ရှိတဲ့အပြင်မီးနဲ့ရေကိုလည်းဂရုစိုက်စရာမလိုဘူးဗျ.....ကုန်ကုန်ပြောရရင်ဓာတ်ကြီးငါးပါးတောင်မှဒီဝတ်စုံကိုမဖျက်စီးပြစ်နိုင်ဘူးလေ.....ဟဲ...ဟဲ...မမိုက်ဘူးလား......]

'အင်း...မဆိုးပါဘူး....'

ရှောင်ကျန့်ဟာသဘောကျနှစ်ခြိုက်သလိုမျိုးသူ့ကိုယ်ကိုတစ်ပါတ်လှည့်ကြည့်လိုက်သည်။သူ့ရဲ့မျက်လုံးတစ်စုံမှာမတော်တဆဆိုသလိုသူ့ဘေးနားရှိရေကန်ကိုဖျက်ကနဲတစ်ချက်မျှလှမ်းကြည့်လိုက်မိသည့်တစ်ခဏမှာတင်လုံးဝကိုကြက်သေသေသွားရရှာသည်။

ရေကန်ထက်မှာပေါ်နေသည့်မျက်နှာလေးဟာလောကကြီးတစ်ခုလုံးစစ်မက်ဖြစ်ပွားစေနိုင်လောက်သည်အထိလှရက်နိုင်လွန်းလေသည်။

သူ့ရဲ့မက်မွန်ပွင့်သဏ္ဍာန်မြစိမ်းရောင်မျက်ဝန်းဝိုင်းတစ်စုံကိုရှည်လျားကော့ညွှတ်သည့်မျက်တောင်တွေကကားရံထားသည်။
စင်ယော်တောင်မျက်ခုံး၊သွယ်လျသောနှာတံလုံးလုံးလေးနှင့်တစ်လောကလုံးအရူးအမူးနမ်းချင်လာအောင်ခပ်ရဲရဲဖြင့်နှုတ်ခမ်းတစ်စုံကိုပိုင်ဆိုင်ထားသည်။အရာအားလုံးကလုံးဝကိုအသက်ရှုမှားချင်စဖွယ်ကောင်းလွန်းလှ၏။

ငွေရောင်တောက်ပ၍ပိုးသားကဲ့သို့နူးညံ့လှသောဆံနွယ်ရှည်တွေမှာသူ့ရဲ့အလှကိုထပ်ဆင့်တိုးလှပလာအောင်ပံ့ပိုးနေလေသည်။ရူးလောက်အောင်လှတယ်ဆိုတာသူ့အတွက်ဖန်တီးထားသလိုထင်ရသည်။

[ဝါး....hostရဲ့မျက်နှာလေးက စစ်ပွဲတွေကိုဖိတ်ခေါ်နေသလိုပဲ....]

ရှောင်ကျန့်ရဲ့မျက်နှာလေးမှာစိတ်ပျက်လက်ပျက်ဖြစ်သွားရှာသည်။ရေကန်မျက်နှာပြင်မှာထင်ဟပ်နေသည့်သူ့မျက်နှာလေးကိုကြည့်ကာစိတ်နာသလိုဆိုလိုက်မိသည်။

'ငါသာဒီမျက်နှာနဲ့ဆိုရင်ဘယ်လိုလွတ်လွတ်လပ်လပ်သွားလာနိုင်ပါတော့မလဲ'

[ဟီး.....ရုပ်ပိုင်းဆိုင်ရာမြှင့်တင်ခြင်းကိုပါတစ်ခါတည်းအသက်သွင်းလိုက်တာမလို့ဒီလောက်လှတာလဲပါတယ်....hostမမေ့နဲ့အုံး....မူလခန္ဓာကိုယ်ပိုင်ရှင်ကသန့်စင်သောနိုင်းမြစ်ယင်ခန္ဓာကိုယ်ကိုပိုင်ဆိုင်ထားတာလေ....]

'ဒါတွေထက်ဒီမျက်နှာကိုဘယ်လိုလုပ်ကြမလဲ....'

[မစိုးရိမ်ပါနဲ့hostရဲ့....]

ပြီးနောက်သူ့လက်ထဲသို့အဖြူရောင် ပုဝါစတစ်ခုဖြတ်ကနဲရောက်ချသည်။

[hostမျက်နှာတစ်ဝက်လောက်ကို ဒီပုဝါနဲ့ဖုံးထားလိုက်ရုံပဲ....]

ရှောင်ကျန့်ကသူ့မျက်ခုံးလေးတစ်ဖက်ကိုပင့်တင်လိုက်သည်။သူကအပျိုဖြန်းလေးတွေကိုမျက်နှာကိုအုပ်ပြီးလျှောက်မသွားချင်ပေမယ့်ဒီလိုမှမလုပ်ရင်သူတတ်နိုင်တာလည်း မရှိတာကြောင့်ငြင်းဆန်မနေတော့ပေ။သူ့မျက်နှာထက်တွင်မျက်လုံးလေးတစ်စုံသာဖော်ထားလျက်အသေအချာစည်းနှောင်လိုက်သည်။ထို့နောက်ဒီနေရာကနေစတင်လှည့်ထွက်သွားခဲ့သည်။

***********
*****

ချီယွန်မြို့လေးကမရဏတောအုပ်အစပ်နားမှာရှိတဲ့မြို့တစ်မြို့ဖြစ်ပြီးမှော်သားရဲတွေအမဲလိုက်ခြင်း၊မှော်သားရဲအမြုတေတွေရောင်းဝယ်ဖောက်ကားခြင်းနှင့်မှော်ဆေးပင်တွေမှော်ဆေးလုံးတွေရောင်းချလဲလှယ်ခြင်းတို့ဖြင့်ကူးသန်းရောင်းဝယ်ခြင်းထွန်းကားသည့်အချက်အချာမြို့တစ်မြို့ဖြစ်သည်။

ထိုမြို့လေးကအထူးသဖြင့်ကြေးစားတွေအတွက်အလွန်အဆင်ပြေချောမွေ့သောအသက်မွေးဝမ်းကြောင်းပညာရပ်တွေကိုဖန်တီးပေးနိုင်သည်။

ပြာပန်းခတ်သွားလာနေသည့်မြို့လည်ခေါင်တွင်ယနေ့၌မြို့တွင်းရှိလူအပေါင်းဟာအဖြူရောင်ပုံရိပ်လေးတစ်ခုရဲ့သွားရာတစ်လျောက်ကိုလည်ပြန်ငေးကြည့်ရင်းဖြင့်အလုပ်ရှုပ်နေကြသည်။

၎င်းအဖြူရောင်ပုံရိပ်က တစ်ခြားသူမဟုတ်ပဲ မကြာခင်ကမှတောအုပ်ထဲကထွက်ခွာလာတဲ့ ရှောင်ကျန့်ကိုယ်တိုင်ပင်ဖြစ်သည်။ ပတ်ဝန်းကျင်ကိုသူ့ရဲ့မြစိမ်းရောင်မျက်လုံးတောက်တောက်လေးတွေနဲ့ လိုက်လံစူးစမ်းကြည့်နေသည်က မည်သည့်သက်ရှိကိုမဆိုဆွဲဆောင်ထားနိုင်၏။

ရှောင်ကျန့်အနေနဲ့သူ့မျက်နှာလေးကို ပုဝါဖြင့်ဖုံးကွယ်ထားသော်လည်းသူ့ရဲ့လှပမှုအစုစုကိုလုံခြုံအောင်မဖုံးကွယ်နိုင်သည့်အပြင်ပို၍ထူးခြားဆန်းကြယ်ပုံတောင်ပေါက်နေသေးသည်။ သူက လူတွေရဲ့အပြုအမူကိုဂရုမစိုက်စွာ မြို့ထဲကအရာမှန်သမျှလျှောက်ငမ်းနေရင်းဖြင့်အလွန်တရာပျော်ရွှင်နေပေသည်။

ဝါး...မုန့်တွေအများကြီးပဲ။

"ဂိုဏ်းတူအစ်ကို...ညီမကို ဟိုလည်ဆွဲလေးဝယ်ပေးပါလားဟင်...."

ရှောင်ကျန့်မှာမုန့်မျိုးစုံကို သရေကျမတတ်ငမ်းနေရင်းကနေ ရုံးပတေသီးအဖေခေါ်ရလောက်သည်အထိ ချွဲပြစ်ပျော့ဖက်နေတဲ့အသံကြောင့်ကြက်သီးထစွာအနောက်သို့လှည့်ကြည့်လိုက်မိသည်။

မိန်းကလေးပစ္စည်းတွေရောင်းသည့် ဆိုင်တန်းတစ်ခုရှေ့တွင်ချောမောခန့်ညားတဲ့ယောက်ျားလေးတစ်ယောက်နဲ့ အလွန်လှပတဲ့မိန်းကလေးတစ်ယောက်ကိုတွေ့လိုက်ရသည်။သူတို့နှစ်ယောက်အနောက်တွင် သူတို့နဲ့ပုံစံတူ တူညီတဲ့ဝတ်စုံဝတ်ထားတဲ့ယောက်ျားလေး မိန်းကလေးအုပ်စုလည်းရှိနေ၏။

'ကြည့်ရတာဂိုဏ်းတစ်ခုခုကထင်တယ်....'

[host ပြေးတော့!! အဲ့ဒါဇာတ်လိုက်လီဟူရီကြီး....]

ရှောင်ကျန့်ရဲ့မျက်လုံးတွေမှာပြူးကျယ်ဝိုင်းစက်သွားသည်။သူ့မှာငမ်းနေတဲ့မုန့်တွေကိုတောင်မေ့လျော့သွားပြီးချက်ချင်းအထိတ်တလန့်ဖြင့်လှည့်ပြေးထွက်သွားသည်။

မထူးဆန်းတော့ပါဘူး။ ဒီလောက်ချောနေတာ။ ရှောင်မယ်ဆိုကာမှ တည့်တည့်တိုးနေတဲ့သူ့ကံကို နားရင်းကြီးသာပိတ်အုပ်လိုက်ချင်တော့သည်။

ရှောင်ကျန့်မှာအသည်းအသန်ပြေးလွှားရင်း လူတစ်ယောက်ကိုဝင်တိုက်မိသွားသေားသည်။လဲကျတော့မည့်ခန္ဓာကိုယ်ကိုတောင်မနည်းထိန်းချုပ်လိုက်ရသည်။

အော်....ငါ့နှယ်။အရေးအကြောင်းဆိုကောင်းလိုက်တဲ့ကံ။

ဝင်တိုက်ခံရတဲ့သူကလည်းစိတ်တိုသွားသည်ထင်၏။ချက်ချင်းပြဿနာထရှာသည်။

"မင်းကဘာကောင်မလို့ငါ့ကိုဝင်တိုက်!!!အာ.....အလှလေးပဲ....."

ရှောင်ကျန့်ကသူ့မျက်နှာကိုဖုံးကွယ်ထားသော်လည်းပဲဘယ်လိုကြည့်ကြည့်လှပသူဆိုတာသိသာလွန်းနေသည်မဟုတ်ပါလား။ပြဿနာရှာသူရဲ့အသံကမတိုးတာကြောင့်ဇာတ်လိုက်တို့အပါအဝင်လူတိုင်းဟာသူတို့ဘက်လှည့်ကြည့်လာကြသည်။

"ဒါ....သခင်လေးယွီမဟုတ်လား....ဒီကောင်လေးတော့ဒုက္ခရောက်ပြီ...."

"ဟုတ်ပ...သခင်လေးယွီကလှတဲ့သူမှန်သမျှအကုန်စားတာ...."

ကြည့်ရတာသခင်လေးယွီဆိုသူကအကောင်ကြီးကြီးထဲကထင်သည်။

ငါယိုးဘဝ။

ရှောင်ကျန့်မှာဇာတ်လိုက်တို့အဖွဲ့သူဆီအာရုံရောက်ရှိလာတာကိုမြင်သည့်အခါတွင်ဘာမှစဥ်းစားမနေတော့ပဲသခင်လေးယွီဆိုသူရဲ့ခွကြားထဲကိုစောင့်ကန်ထည့်လိုက်သည်။ပြီးတော့လှစ်ကနဲပြေးထွက်သွား၏။

သခင်လေးယွီ : "....."

လူတိုင်း : "....."

သခင်လေးယွီခမျာသူ့ရဲ့ခွကြားကိုကိုင်လျက်နာကျင်မှုကြောင့်သူ့မှာကြီးမှာရှုံ့တွနီရဲနေလေသည်။သူကအံကြိတ်သံကြီးဖြင့်သူ့အနောက်ကအစောင့်တွေကိုအမိန့်ပေးသည့။

"အဲ့ကောင်ကိုဖမ်း!!အခုချက်ချင်းဖမ်းစမ်း!!!"

ရှောင်ကျန့်ကအရှေ့ကပြေးသလိုနောက်ကနေသခင်လေးယွီရဲ့သက်တော်စောင့်တွေကလည်းအသည်းအသန်ပြေးလိုက်သည်။အစောင့်တစ်ယောက်ကရှောင်ကျန့်ဆီမြှားနဲ့ဆက်တိုက်ပြစ်ကာနှောင့်ယှက်နေတာကြောင့်အသည်းအသန်ရှောင်နေရပြန်သည်။

ရှောင်ကျန့်မှာလမ်းမအလည်၌ပြေးရင်းပြေးရင်းဖြင့်တစ်ကိုယ်လုံးအမဲရောင်ခြုံထည်ကြီးတစ်ခုကိုဝတ်ဆင်ထားသည့်အရပ်မြင့်မြင့်
လူတစ်ယောက်နား၌ဖြတ်ပြေးလိုက်မိသည်။သို့သော်ထိုအချိန်၌သူ့ကိုမြေခွေးမေမေကိုယ်တိုင်လက်မှာချည်နှောင်ပေးထားခဲ့သည့်လက်ပတ်ကြိုးလေးမှာအလင်းရောင်တစ်ချက်လက်ကနဲတောက်ပသွား၏။

သူ့ရဲ့ညာဘက်လက်လေးမှာသံလိုက်တစ်ခုနဲ့ဆွဲငင်ခြင်းခံလိုက်ရသလိုမျိုးအနက်ရောင်ခေါင်းစွပ်ဖြင့်ခြုံထည်ကိုဝတ်ဆင်ထားသည့်အနှီးလူစိမ်း၏သန်မာတဲ့လက်ဝါးကြီးတစ်ဖက်ကိုသွားရောက်ဆုပ်ကိုင်သည်။ရှောင်ကျန့်ရဲ့သွေးသွယ်လှပတဲ့နူးညံ့သောလက်ဖဝါးလေးမှာတစ်ဖက်လူ၏လက်ဖဝါးကြီးအောက်တွင်မြုတ်သွားလုမတတ်ပင်ဖြစ်သွားရသည်။

ရှောင်ကျန့် : "....."

လူစိမ်း : "....."

fuck!!

ရှောင်ကျန့်နှင့်မျက်နှာကိုဖုံးကွယ်ထားသောအနှီးလူစိမ်းမှာတစ်ယောက်မျက်နှာတစ်ယောက်ကြောင်တောင်တောင်ဖြင့်ကြည့်လိုက်မိကြသည်။ရှောင်ကျန့်ဟာချက်ချင်းသတိဝင်သွားပြီးသူ့ရဲ့ညာလက်နှင့်တစ်ဖက်လူ၏ဘယ်လက်ကိုအသည်းအသန်ဆွဲခွာသည်။သို့ပေမယ့်၎င်းလက်နှစ်ဖက်မှာနှစ်သန်းပေါင်းများစွာခွဲခွာနေရပြီးမှပြန်လည်ပေါင်းဖက်ရသလိုမျိုးကပ်နေသည်မှာသံနဲ့ရိုက်ခွာရင်တောင်ရမယ့်ပုံမပေါ်ချေ။

"......."

ထိုအချိန်လေး၌ပြင်းထန်သည့်အရှိန်နှင့်မြှားတစ်ချောင်းဟာရှောင်ကျန့်ရဲ့ဦးခေါင်းရှိရာဆီသို့ဦးတည်လာသည်။ရှောင်ကျန့်မှာမြှားကိုရှောင်တိမ်းရန်ခေါင်းကိုအနောက်ဆုတ်လိုက်ပေမယ့်လက်နှစ်ဖက်ပြဿနာကိုအာရုံစိုက်နေရတာကြောင့်မြှားမှာကပ်ပါလာသည့်ချီစွမ်းအင်ကိုသတိမထားမိလိုက်ပေ။ထိုချီစွမ်းအင်မှာရှောင်ကျန့်မျက်နှာရှိအဖြူရောင်ပုဝါစလေးကိုတစ်စစီအမှုန့်ဖြစ်သွားစေသည်။

ရုတ်တရတ်ဆိုသလို လောကကြီးတစ်ခုလုံးရပ်တန့်သွားသလိုလူတိုင်းခံစားလိုက်ရသည်။အရာအားလုံးလည်း တိတ်...ဆိတ်...သွား...လေသည်။

အခုချိန်မှာလူတိုင်းဟာသူတို့ရှေ့ကယောက်ျားမိန်းမဆိုတဲ့ကန့်သတ်မှုထက်ကျော်လွန်စွာလှပကျော့ရှင်းသောအနှီးနတ်ဘုရားလေးကိုသာကြည့်ဖို့သတိရကြတော့သည်။လူတိုင်းအရာအားလုံးကိုမေ့လျော့သွားပေသည်။ဤအရာကိုအခုလေးတင်မှရောက်လာတဲ့ဇာတ်လိုက်တို့အဖွဲ့ဟာလည်းမြင်တွေ့လိုက်ရသည်။ဇာတ်လိုက်လီဟူရီ၏ခန္ဓာကိုယ်မှာတောင့်တောင့်ကြီးဖြင့်ကြက်သေသေသွားရှာ၏။

ရှောင်ကျန့်ဟာပတ်ဝန်းကျင်ရဲ့တိတ်ဆိတ်ငြိမ်သက်မှုနဲ့အတူသူ့မျက်နှာလေးကိုသူထိကိုင်လိုက်မိသည်။သူ့မှာချက်ချင်းထိတ်လန့်သွားပြီးမတတ်သာစွာအမဲရောင်ဝတ်ရုံနှင့်လူစိမ်းကိုပါသူနဲ့အတူဆွဲခေါ်ကာပြေးထွက်သွားသည်။

တစ်ခြားလူတွေလည်းထိုအခါမှသတိဝင်လာ၍ရှောင်ကျန့်တို့နှစ်ယောက်နောက်ပြေး
လိုက်လာသဖြင့်ချီယွန်မြို့အတွင်း၌ရုန်းရင်းဆန်ခတ်ဖြစ်ဖြစ်လာသည်။

ရှောင်ကျန့်အနေနဲ့နောက်မှလူတစ်ယောက်
ကိုဆွဲပြီးပြေးရတာကြောင့်သိပ်တော့အဆင်မပြေလှပေ။နောက်ဆုံးတော့လူစိမ်းဖြစ်သူမှာ
မကြည့်ရက်တော့ဘူးထင်၏။ရှောင်ကျန့်ကိုပုခုံးပေါ်သို့ကောက်ပွေ့ပြီးတင်လိုက်ကာထိုနေရာမှဖြတ်ကနဲ့ပျောက်ကွယ်သွားပြီးတစ်ခါပြန်ပေါ်လာသည်နှင့်တော်တော်ဝေးဝေးကိုရောက်နေခဲ့ပြီဖြစ်သည်။မကြာခင်မှာပဲများပြားလှစွာသောလူအုပ်ကိုမျက်ခြေဖျက်ချလိုက်နိုင်ခဲ့သည်။

ရှောင်ကျန့်မှာထိုအခါမှသက်ပြင်းကို
ချလိုက်နိုင်လိုက်သည်။

အမ်.....နေစမ်းပါဦး....ငါ့ကိုသူ့ပုခုံးပေါ်မှာထမ်းတင်ထားတာလား။

ရှောင်ကျန့် : "....."

ကျွန်တော်တို့ရဲ့ဇာတ်လိုက်ကျော်
အမောင်ရှောင်ကျန့်မှာအချိန်အတော်ကြာမှတစ်ဖက်လူစိမ်းရဲ့ပုခုံးပေါ်သို့မှောက်ယက်လေးပါသွားမှန်းသတိထားမိလေသည်။

__________________________________________________________

Zawgyi

ေရွာင္က်န႔္ဟာ တားျမစ္ေတာအုပ္ထဲကေနခုန္ဆြခုန္ဆြျဖင့္ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ထြက္ခြာလာသည္။ ေျမေခြးလက္ေသးေသးေလး
မွာ ခ်ည္ႏွောင္ထားသည့္ဟန္းခ်ိန္းႀကိဳးကသူ႕ရဲ႕လႈပ္ရွားမႈေတြနဲ႕အညီလႈပ္ယမ္းေန၏။

အေတာ္ေဝးေဝးသို႔ေရာက္သည့္အခါတြင္ သူ႕ခႏၶာကိုယ္က႐ုတ္တရက္ႀကီးပူတတ္လာ၏။
ေရွာင္က်န့္မွာအေတာ္ေလးလန့္သြားသည္။သူ မတတ္သာစြာအုန္းသီးအားလွမ္းေမးၾကည့္လိုက္မိသည္။

'အုန္းသီး...ငါ့ခႏၶာကိုယ္က ဘာျဖစ္တာလဲ....'

[အိုး.....hostကိုသတိေပးဖို႔ေမ့ ေနတာ.....hostအသက္၁၆ႏွစ္ျပည့္တာနဲ႕လူပုံစံေျပာင္းဖို႔ကူညီေပးမယ္လို႔ ေျပာထားတယ္ေလ.....]

'မင္း...ေစာေစာသတိေပးရင္ ေလျဖတ္ေသမွာမလို႔လားဟင္.....'

[ဟီး.....sorry......]

'.....'

ေရွာင္က်န႔္မွာsystemအုန္းသီးရဲ႕ေတာင္းပန္စကားကိုေတာင္ဂ႐ုမစိုက္အားေသးပါပဲယိုင္တိယိုင္တိုင္ျဖင့္အေရွ႕ဘက္သို႔ဆက္ေန႐ုံသာတတ္နိုင္သည္။သူကလုံၿခဳံစိတ္ခ်မည္ထင္ရသည့္ေနရာတစ္ခုအားရွာေဖြလိုသည္။

မဟုတ္ရင္သူအေသအလဲအားနည္းေနတုန္းနဂိုမူလဇာတ္ေၾကာင္းထဲကလိုအဓိကဇာတ္လိုက္နဲ႕သြားတိုးၿပီးအျမဳေတထုတ္အသတ္ခံလိုက္ရရင္ဘယ္လိုလုပ္မလဲ။

'အုန္းသီး....ငါ့ကိုလုံၿခဳံတဲ့ ေနရာအရင္ရွာေပး.....'

[ဟုတ္ကဲ့host....]

အုန္းသီးကသူ႕hostရဲ႕စကားကိုတေသြမတိမ္းလိုက္နာလ်က္ျပန္ေျဖသည္။သူသတိေပးဖို႔ေမ့သြားတာေၾကာင့္လည္းပါသည္။ တျဖည္းျဖည္းပူသထက္ပူလာသည့္ေျမေခြးခႏၶာကိုယ္ေၾကာင့္ေရွာင္က်န့္ခမ်ာအသက္ျပင္းျပင္းရႈရွိုက္ေနရရွာသည္။သိပ္မၾကာခင္မွာပဲအုန္းသီးရဲ႕လမ္းၫႊန္ခ်က္မွာထြက္ေပၚလာ၏။သူကလုံၿခဳံစိတ္ခ်ရမည့္ေနရာအားေျပာျပေပးသည္။

အသည္းအသန္ေျခေလးေခ်ာင္းသုံး၍ေျပးရင္းေျပးရင္းျဖင့္အုန္းသီးၫႊန္ျပသည့္ေရကန္ေလးတစ္ကန္နားသို႔ေရာက္လာသည္။ေရကန္အတြင္းရွိေရေတြမွာၾကည္ၿပီးျပာလဲ့ေနေလသည္။ပတ္ဝန္းက်င္တစ္ခုလုံးျမဴေတြဆိုင္းလ်က္အလြန္တရာလွပေနေပမယ့္
ေရွာင္က်န႔္မွာ၎ကိုခံစားဖို႔ရန္အခ်ိန္မရွိတာကဆိုးလွသည္။

ေနာက္ဆုံးမွာေတာ့သူ႕စိတ္ကိုလႊတ္ခ်လိဳက္ကာေရကန္ေဘးနားမွာပဲနာက်င္ပူေလာင္မႈေတြနဲ႕အတူေမ့လဲက်သြားသည္။

သူမသိလိုက္သည္ကသတိလစ္သြားၿပီးခဏအၾကာမွာပဲစိတ္စြမ္းအင္ျမဴတစ္ရပ္ထြက္ေပၚလာၿပီးသူ႕ရဲ႕ေသးေကြးတဲ့အျဖဴေရာင္ေျမေခြးခႏၶာကိုယ္ေလးကိုဖုံးအုပ္သြားျခင္းျဖစ္သည္။သူ႕ရဲ႕ခႏၶာကိုယ္ေသးေသးေလးဟာတျဖည္းျဖည္းႀကီးထြားလာၿပီးေက်ာက္စိမ္းကဲ့သို႔အျပစ္အနာအဆာကင္းမဲ့တဲ့ေက်ာက္စိမ္းျဖဴေရာင္ေျခတံတစ္စုံႏွင့္သြယ္လ်လွပေသာတုႏွိုင္းမဲ့ခႏၶာကိုယ္တစ္ခုဟာေမွာ္ဆန္စြာေပၚေပါက္လာခဲ့သည္။

*************
*****

[host!!!!!ထပါေတာ့hostရဲ႕!!!ကြၽန္ေတာ္ေတာင္းပန္ပါတယ္....ဝူး...ဝူး.....ေသမ်ားသြားၿပီလားမသိဘူး....]

ေရွာင္က်န႔္ခမ်ာနိုးနိုးခ်င္းၾကားလိုက္ရတဲ့အုန္းသီးရဲ႕က်ီးအာသီးလိုငွက္ဆိုးထိုးသံေၾကာင့္မ်က္ျဖဴေတာင္လန္ခ်င္သလိုလိုျဖစ္သြားသည္။

"ေတာ္...ေတာ္ပါေတာ့......ငါမင္းရဲ႕အသံဆိုးႀကီးကိုမၾကားခ်င္ေတာ့ဘူး....."

[.....]

"ဟမ္....ေနစမ္းပါဦး....ငါစကားေျပာနိုင္ၿပီ..."

ထိုအခါမွေရွာင္က်န႔္ဟာသူ႕ခႏၶာကိုယ္အေျခအေနကိုသတိထားမိသြားသည္။သူ႕လက္ေခ်ာင္းေတြကိုငုံ႕ၾကည့္မိလိုက္ေတာ့ျဖဴျဖဴသြယ္သြယ္ႏွင့္နတ္ဘုရားကဲ့သို႔လွပတင့္တယ္လွသည္ကိုမ်က္ျမင္ကိုယ္ေတြ႕ႀကဳံလိုက္ရသည္။

"ဝါး....လွလိုက္တဲ့လက္ေခ်ာင္းရွည္ေလး
ေတြ....."

ေရွာင္က်န႔္သူ႕ခႏၶာကိုယ္ကိုထပ္မံငုံ႕ကိုင္းၾကည့္လိုက္မိသည့္အခါတြင္သူ႕မ်က္ႏွာေလးမွာျဖန္းကနဲရဲတတ္သြား၏။

ဘာမွလည္းမဝတ္ထားဘူး။

'အုန္းသီး....'

[ဗ်ာ.....]

'ငါ့အတြက္အဝတ္ေတြေရာ....'

[အာ...စိတ္မပူပါနဲ႕hostရဲ႕....အုန္းသီးကိုစိတ္သာခ်ထားလိုက္...]

systemအုန္းသီးရဲ႕စကားဆုံးသည္ႏွင့္သူ႕အေရွ႕တြင္အျဖဴေရာင္ပိုးသားဝတ္စုံရွည္ထက္တြင္မိုးျပာေရာင္အနားကြပ္ထားသည့္တ႐ုတ္ရိုးရာအဝတ္တစ္ထည္မွာသူ႕ခႏၶာကိုယ္ေပၚေနရာယူလ်က္သားေပၚေပါက္လာသည္။ေရွာင္က်န့္ကႏူးညံ့တဲ့၎ဝတ္စုံကိုသေဘာက်စြာထိကိုင္လိုက္သည္။

[ဒီဝတ္စုံကိုအထင္မေသးနဲ႕hostရ....ဓား၊လွံ၊နဲ႕တစ္ျခားလက္နက္ေတြကိုခံနိုင္ရည္ရွိတဲ့အျပင္မီးနဲ႕ေရကိုလည္းဂ႐ုစိုက္စရာမလိုဘူးဗ်.....ကုန္ကုန္ေျပာရရင္ဓာတ္ႀကီးငါးပါးေတာင္မွဒီဝတ္စုံကိုမဖ်က္စီးျပစ္နိုင္ဘူးေလ.....ဟဲ...ဟဲ...မမိုက္ဘူးလား......]

'အင္း...မဆိုးပါဘူး....'

ေရွာင္က်န႔္ဟာသေဘာက်ႏွစ္ၿခိဳက္သလိုမ်ိဳးသူ႕ကိုယ္ကိုတစ္ပါတ္လွည့္ၾကည့္လိုက္သည္။သူ႕ရဲ႕မ်က္လုံးတစ္စုံမွာမေတာ္တဆဆိုသလိုသူ႕ေဘးနားရွိေရကန္ကိုဖ်က္ကနဲတစ္ခ်က္မွ်လွမ္းၾကည့္လိုက္မိသည့္တစ္ခဏမွာတင္လုံးဝကိုၾကက္ေသေသသြားရရွာသည္။

ေရကန္ထက္မွာေပၚေနသည့္မ်က္ႏွာေလးဟာေလာကႀကီးတစ္ခုလုံးစစ္မက္ျဖစ္ပြားေစနိုင္ေလာက္သည္အထိလွရက္နိုင္လြန္းေလသည္။

သူ႕ရဲ႕မက္မြန္ပြင့္သ႑ာန္ျမစိမ္းေရာင္မ်က္ဝန္းဝိုင္းတစ္စုံကိုရွည္လ်ားေကာ့ၫႊတ္သည့္မ်က္ေတာင္ေတြကကားရံထားသည္။
စင္ေယာ္ေတာင္မ်က္ခုံး၊သြယ္လ်ေသာႏွာတံလုံးလုံးေလးႏွင့္တစ္ေလာကလုံးအ႐ူးအမူးနမ္းခ်င္လာေအာင္ခပ္ရဲရဲျဖင့္ႏႈတ္ခမ္းတစ္စုံကိုပိုင္ဆိုင္ထားသည္။အရာအားလုံးကလုံးဝကိုအသက္ရႈမွားခ်င္စဖြယ္ေကာင္းလြန္းလွ၏။

ေငြေရာင္ေတာက္ပ၍ပိုးသားကဲ့သို႔ႏူးညံ့လွေသာဆံႏြယ္ရွည္ေတြမွာသူ႕ရဲ႕အလွကိုထပ္ဆင့္တိုးလွပလာေအာင္ပံ့ပိုးေနေလသည္။႐ူးေလာက္ေအာင္လွတယ္ဆိုတာသူ႕အတြက္ဖန္တီးထားသလိုထင္ရသည္။

[ဝါး....hostရဲ႕မ်က္ႏွာေလးက စစ္ပြဲေတြကိုဖိတ္ေခၚေနသလိုပဲ....]

ေရွာင္က်န့္ရဲ႕မ်က္ႏွာေလးမွာစိတ္ပ်က္လက္ပ်က္ျဖစ္သြားရွာသည္။ေရကန္မ်က္ႏွာျပင္မွာထင္ဟပ္ေနသည့္သူ႕မ်က္ႏွာေလးကိုၾကည့္ကာစိတ္နာသလိုဆိုလိုက္မိသည္။

'ငါသာဒီမ်က္ႏွာနဲ႕ဆိုရင္ဘယ္လိုလြတ္လြတ္လပ္လပ္သြားလာနိုင္ပါေတာ့မလဲ'

[ဟီး.....႐ုပ္ပိုင္းဆိုင္ရာျမႇင့္တင္ျခင္းကိုပါတစ္ခါတည္းအသက္သြင္းလိုက္တာမလို႔ဒီေလာက္လွတာလဲပါတယ္....hostမေမ့နဲ႕အုံး....မူလခႏၶာကိုယ္ပိုင္ရွင္ကသန႔္စင္ေသာနိုင္းျမစ္ယင္ခႏၶာကိုယ္ကိုပိုင္ဆိုင္ထားတာေလ....]

'ဒါေတြထက္ဒီမ်က္ႏွာကိုဘယ္လိုလုပ္ၾကမလဲ....'

[မစိုးရိမ္ပါနဲ႕hostရဲ႕....]

ၿပီးေနာက္သူ႕လက္ထဲသို႔အျဖဴေရာင္ ပုဝါစတစ္ခုျဖတ္ကနဲေရာက္ခ်သည္။

[hostမ်က္ႏွာတစ္ဝက္ေလာက္ကို ဒီပုဝါနဲ႕ဖုံးထားလိုက္႐ုံပဲ....]

ေရွာင္က်န့္ကသူ႕မ်က္ခုံးေလးတစ္ဖက္ကိုပင့္တင္လိုက္သည္။သူကအပ်ိဳျဖန္းေလးေတြကိုမ်က္ႏွာကိုအုပ္ၿပီးေလွ်ာက္မသြားခ်င္ေပမယ့္ဒီလိုမွမလုပ္ရင္သူတတ္နိုင္တာလည္း မရွိတာေၾကာင့္ျငင္းဆန္မေနေတာ့ေပ။သူ႕မ်က္ႏွာထက္တြင္မ်က္လုံးေလးတစ္စုံသာေဖာ္ထားလ်က္အေသအခ်ာစည္းႏွောင္လိုက္သည္။ထို႔ေနာက္ဒီေနရာကေနစတင္လွည့္ထြက္သြားခဲ့သည္။

***********
*****

ခ်ီယြန္ၿမိဳ႕ေလးကမရဏေတာအုပ္အစပ္နားမွာရွိတဲ့ၿမိဳ႕တစ္ၿမိဳ႕ျဖစ္ၿပီးေမွာ္သားရဲေတြအမဲလိုက္ျခင္း၊ေမွာ္သားရဲအျမဳေတေတြေရာင္းဝယ္ေဖာက္ကားျခင္းႏွင့္ေမွာ္ေဆးပင္ေတြေမွာ္ေဆးလုံးေတြေရာင္းခ်လဲလွယ္ျခင္းတို႔ျဖင့္ကူးသန္းေရာင္းဝယ္ျခင္းထြန္းကားသည့္အခ်က္အခ်ာၿမိဳ႕တစ္ၿမိဳ႕ျဖစ္သည္။

ထိုၿမိဳ႕ေလးကအထူးသျဖင့္ေၾကးစားေတြအတြက္အလြန္အဆင္ေျပေခ်ာေမြ႕ေသာအသက္ေမြးဝမ္းေၾကာင္းပညာရပ္ေတြကိုဖန္တီးေပးနိုင္သည္။

ျပာပန္းခတ္သြားလာေနသည့္ၿမိဳ႕လည္ေခါင္တြင္ယေန႕၌ၿမိဳ႕တြင္းရွိလူအေပါင္းဟာအျဖဴေရာင္ပုံရိပ္ေလးတစ္ခုရဲ႕သြားရာတစ္ေလ်ာက္ကိုလည္ျပန္ေငးၾကည့္ရင္းျဖင့္အလုပ္ရႈပ္ေနၾကသည္။

၎အျဖဴေရာင္ပုံရိပ္က တစ္ျခားသူမဟုတ္ပဲ မၾကာခင္ကမွေတာအုပ္ထဲကထြက္ခြာလာတဲ့ ေရွာင္က်န့္ကိုယ္တိုင္ပင္ျဖစ္သည္။ ပတ္ဝန္းက်င္ကိုသူ႕ရဲ႕ျမစိမ္းေရာင္မ်က္လုံးေတာက္ေတာက္ေလးေတြနဲ႕ လိုက္လံစူးစမ္းၾကည့္ေနသည္က မည္သည့္သက္ရွိကိုမဆိုဆြဲေဆာင္ထားနိုင္၏။

ေရွာင္က်န့္အေနနဲ႕သူ႕မ်က္ႏွာေလးကို ပုဝါျဖင့္ဖုံးကြယ္ထားေသာ္လည္းသူ႕ရဲ႕လွပမႈအစုစုကိုလုံၿခဳံေအာင္မဖုံးကြယ္နိုင္သည့္အျပင္ပို၍ထူးျခားဆန္းၾကယ္ပုံေတာင္ေပါက္ေနေသးသည္။ သူက လူေတြရဲ႕အျပဳအမူကိုဂ႐ုမစိုက္စြာ ၿမိဳ႕ထဲကအရာမွန္သမွ်ေလွ်ာက္ငမ္းေနရင္းျဖင့္အလြန္တရာေပ်ာ္႐ႊင္ေနေပသည္။

ဝါး...မုန႔္ေတြအမ်ားႀကီးပဲ။

"ဂိုဏ္းတူအစ္ကို...ညီမကို ဟိုလည္ဆြဲေလးဝယ္ေပးပါလားဟင္...."

ေရွာင္က်န႔္မွာမုန႔္မ်ိဳးစုံကို သေရက်မတတ္ငမ္းေနရင္းကေန ႐ုံးပေတသီးအေဖေခၚရေလာက္သည္အထိ ခြၽဲျပစ္ေပ်ာ့ဖက္ေနတဲ့အသံေၾကာင့္ၾကက္သီးထစြာအေနာက္သို႔လွည့္ၾကည့္လိုက္မိသည္။

မိန္းကေလးပစၥည္းေတြေရာင္းသည့္ ဆိုင္တန္းတစ္ခုေရွ႕တြင္ေခ်ာေမာခန့္ညားတဲ့ေယာက္်ားေလးတစ္ေယာက္နဲ႕ အလြန္လွပတဲ့မိန္းကေလးတစ္ေယာက္ကိုေတြ႕လိုက္ရသည္။သူတို႔ႏွစ္ေယာက္အေနာက္တြင္ သူတို႔နဲ႕ပုံစံတူ တူညီတဲ့ဝတ္စုံဝတ္ထားတဲ့ေယာက္်ားေလး မိန္းကေလးအုပ္စုလည္းရွိေန၏။

'ၾကည့္ရတာဂိုဏ္းတစ္ခုခုကထင္တယ္....'

[host ေျပးေတာ့!! အဲ့ဒါဇာတ္လိုက္လီဟူရီႀကီး....]

ေရွာင္က်န႔္ရဲ႕မ်က္လုံးေတြမွာျပဴးက်ယ္ဝိုင္းစက္သြားသည္။သူ႕မွာငမ္းေနတဲ့မုန့္ေတြကိုေတာင္ေမ့ေလ်ာ့သြားၿပီးခ်က္ခ်င္းအထိတ္တလန့္ျဖင့္လွည့္ေျပးထြက္သြားသည္။

မထူးဆန္းေတာ့ပါဘူး။ ဒီေလာက္ေခ်ာေနတာ။ ေရွာင္မယ္ဆိုကာမွ တည့္တည့္တိုးေနတဲ့သူ႕ကံကို နားရင္းႀကီးသာပိတ္အုပ္လိုက္ခ်င္ေတာ့သည္။

ေရွာင္က်န႔္မွာအသည္းအသန္ေျပးလႊားရင္း လူတစ္ေယာက္ကိုဝင္တိုက္မိသြားေသားသည္။လဲက်ေတာ့မည့္ခႏၶာကိုယ္ကိုေတာင္မနည္းထိန္းခ်ဳပ္လိုက္ရသည္။

ေအာ္....ငါ့ႏွယ္။အေရးအေၾကာင္းဆိုေကာင္းလိုက္တဲ့ကံ။

ဝင္တိုက္ခံရတဲ့သူကလည္းစိတ္တိုသြားသည္ထင္၏။ခ်က္ခ်င္းျပႆနာထရွာသည္။

"မင္းကဘာေကာင္မလို႔ငါ့ကိုဝင္တိုက္!!!အာ.....အလွေလးပဲ....."

ေရွာင္က်န့္ကသူ႕မ်က္ႏွာကိုဖုံးကြယ္ထားေသာ္လည္းပဲဘယ္လိုၾကည့္ၾကည့္လွပသူဆိုတာသိသာလြန္းေနသည္မဟုတ္ပါလား။ျပႆနာရွာသူရဲ႕အသံကမတိုးတာေၾကာင့္ဇာတ္လိုက္တို႔အပါအဝင္လူတိုင္းဟာသူတို႔ဘက္လွည့္ၾကည့္လာၾကသည္။

"ဒါ....သခင္ေလးယြီမဟုတ္လား....ဒီေကာင္ေလးေတာ့ဒုကၡေရာက္ၿပီ...."

"ဟုတ္ပ...သခင္ေလးယြီကလွတဲ့သူမွန္သမွ်အကုန္စားတာ...."

ၾကည့္ရတာသခင္ေလးယြီဆိုသူကအေကာင္ႀကီးႀကီးထဲကထင္သည္။

ငါယိုးဘဝ။

ေရွာင္က်န႔္မွာဇာတ္လိုက္တို႔အဖြဲ႕သူဆီအာ႐ုံေရာက္ရွိလာတာကိုျမင္သည့္အခါတြင္ဘာမွစဥ္းစားမေနေတာ့ပဲသခင္ေလးယြီဆိုသူရဲ႕ခြၾကားထဲကိုေစာင့္ကန္ထည့္လိုက္သည္။ၿပီးေတာ့လွစ္ကနဲေျပးထြက္သြား၏။

သခင္ေလးယြီ : "....."

လူတိုင္း : "....."

သခင္ေလးယြီခမ်ာသူ႕ရဲ႕ခြၾကားကိုကိုင္လ်က္နာက်င္မႈေၾကာင့္သူ႕မွာႀကီးမွာရႈံ႕တြနီရဲေနေလသည္။သူကအံႀကိတ္သံႀကီးျဖင့္သူ႕အေနာက္ကအေစာင့္ေတြကိုအမိန့္ေပးသည့။

"အဲ့ေကာင္ကိုဖမ္း!!အခုခ်က္ခ်င္းဖမ္းစမ္း!!!"

ေရွာင္က်န့္ကအေရွ႕ကေျပးသလိုေနာက္ကေနသခင္ေလးယြီရဲ႕သက္ေတာ္ေစာင့္ေတြကလည္းအသည္းအသန္ေျပးလိုက္သည္။အေစာင့္တစ္ေယာက္ကေရွာင္က်န႔္ဆီျမႇားနဲ႕ဆက္တိုက္ျပစ္ကာႏွောင့္ယွက္ေနတာေၾကာင့္အသည္းအသန္ေရွာင္ေနရျပန္သည္။

ေရွာင္က်န႔္မွာလမ္းမအလည္၌ေျပးရင္းေျပးရင္းျဖင့္တစ္ကိုယ္လုံးအမဲေရာင္ၿခဳံထည္ႀကီးတစ္ခုကိုဝတ္ဆင္ထားသည့္အရပ္ျမင့္ျမင့္
လူတစ္ေယာက္နား၌ျဖတ္ေျပးလိုက္မိသည္။သို႔ေသာ္ထိုအခ်ိန္၌သူ႕ကိုေျမေခြးေမေမကိုယ္တိုင္လက္မွာခ်ည္ႏွောင္ေပးထားခဲ့သည့္လက္ပတ္ႀကိဳးေလးမွာအလင္းေရာင္တစ္ခ်က္လက္ကနဲေတာက္ပသြား၏။

သူ႕ရဲ႕ညာဘက္လက္ေလးမွာသံလိုက္တစ္ခုနဲ႕ဆြဲငင္ျခင္းခံလိုက္ရသလိုမ်ိဳးအနက္ေရာင္ေခါင္းစြပ္ျဖင့္ၿခဳံထည္ကိုဝတ္ဆင္ထားသည့္အႏွီးလူစိမ္း၏သန္မာတဲ့လက္ဝါးႀကီးတစ္ဖက္ကိုသြားေရာက္ဆုပ္ကိုင္သည္။ေရွာင္က်န့္ရဲ႕ေသြးသြယ္လွပတဲ့ႏူးညံ့ေသာလက္ဖဝါးေလးမွာတစ္ဖက္လူ၏လက္ဖဝါးႀကီးေအာက္တြင္ျမဳတ္သြားလုမတတ္ပင္ျဖစ္သြားရသည္။

ေရွာင္က်န႔္ : "....."

လူစိမ္း : "....."

fuck!!

ေရွာင္က်န့္ႏွင့္မ်က္ႏွာကိုဖုံးကြယ္ထားေသာအႏွီးလူစိမ္းမွာတစ္ေယာက္မ်က္ႏွာတစ္ေယာက္ေၾကာင္ေတာင္ေတာင္ျဖင့္ၾကည့္လိုက္မိၾကသည္။ေရွာင္က်န့္ဟာခ်က္ခ်င္းသတိဝင္သြားၿပီးသူ႕ရဲ႕ညာလက္ႏွင့္တစ္ဖက္လူ၏ဘယ္လက္ကိုအသည္းအသန္ဆြဲခြာသည္။သို႔ေပမယ့္၎လက္ႏွစ္ဖက္မွာႏွစ္သန္းေပါင္းမ်ားစြာခြဲခြာေနရၿပီးမွျပန္လည္ေပါင္းဖက္ရသလိုမ်ိဳးကပ္ေနသည္မွာသံနဲ႕ရိုက္ခြာရင္ေတာင္ရမယ့္ပုံမေပၚေခ်။

"......."

ထိုအခ်ိန္ေလး၌ျပင္းထန္သည့္အရွိန္ႏွင့္ျမႇားတစ္ေခ်ာင္းဟာေရွာင္က်န့္ရဲ႕ဦးေခါင္းရွိရာဆီသို႔ဦးတည္လာသည္။ေရွာင္က်န့္မွာျမႇားကိုေရွာင္တိမ္းရန္ေခါင္းကိုအေနာက္ဆုတ္လိုက္ေပမယ့္လက္ႏွစ္ဖက္ျပႆနာကိုအာ႐ုံစိုက္ေနရတာေၾကာင့္ျမႇားမွာကပ္ပါလာသည့္ခ်ီစြမ္းအင္ကိုသတိမထားမိလိုက္ေပ။ထိုခ်ီစြမ္းအင္မွာေရွာင္က်န့္မ်က္ႏွာရွိအျဖဴေရာင္ပုဝါစေလးကိုတစ္စစီအမႈန့္ျဖစ္သြားေစသည္။

႐ုတ္တရတ္ဆိုသလို ေလာကႀကီးတစ္ခုလုံးရပ္တန႔္သြားသလိုလူတိုင္းခံစားလိုက္ရသည္။အရာအားလုံးလည္း တိတ္...ဆိတ္...သြား...ေလသည္။

အခုခ်ိန္မွာလူတိုင္းဟာသူတို႔ေရွ႕ကေယာက္်ားမိန္းမဆိုတဲ့ကန႔္သတ္မႈထက္ေက်ာ္လြန္စြာလွပေက်ာ့ရွင္းေသာအႏွီးနတ္ဘုရားေလးကိုသာၾကည့္ဖို႔သတိရၾကေတာ့သည္။လူတိုင္းအရာအားလုံးကိုေမ့ေလ်ာ့သြားေပသည္။ဤအရာကိုအခုေလးတင္မွေရာက္လာတဲ့ဇာတ္လိုက္တို႔အဖြဲ႕ဟာလည္းျမင္ေတြ႕လိုက္ရသည္။ဇာတ္လိုက္လီဟူရီ၏ခႏၶာကိုယ္မွာေတာင့္ေတာင့္ႀကီးျဖင့္ၾကက္ေသေသသြားရွာ၏။

ေရွာင္က်န႔္ဟာပတ္ဝန္းက်င္ရဲ႕တိတ္ဆိတ္ၿငိမ္သက္မႈနဲ႕အတူသူ႕မ်က္ႏွာေလးကိုသူထိကိုင္လိုက္မိသည္။သူ႕မွာခ်က္ခ်င္းထိတ္လန့္သြားၿပီးမတတ္သာစြာအမဲေရာင္ဝတ္႐ုံႏွင့္လူစိမ္းကိုပါသူနဲ႕အတူဆြဲေခၚကာေျပးထြက္သြားသည္။

တစ္ျခားလူေတြလည္းထိုအခါမွသတိဝင္လာ၍ေရွာင္က်န႔္တို႔ႏွစ္ေယာက္ေနာက္ေျပး
လိုက္လာသျဖင့္ခ်ီယြန္ၿမိဳ႕အတြင္း၌႐ုန္းရင္းဆန္ခတ္ျဖစ္ျဖစ္လာသည္။

ေရွာင္က်န႔္အေနနဲ႕ေနာက္မွလူတစ္ေယာက္
ကိုဆြဲၿပီးေျပးရတာေၾကာင့္သိပ္ေတာ့အဆင္မေျပလွေပ။ေနာက္ဆုံးေတာ့လူစိမ္းျဖစ္သူမွာ
မၾကည့္ရက္ေတာ့ဘူးထင္၏။ေရွာင္က်န႔္ကိုပုခုံးေပၚသို႔ေကာက္ေပြ႕ၿပီးတင္လိုက္ကာထိုေနရာမွျဖတ္ကနဲ႕ေပ်ာက္ကြယ္သြားၿပီးတစ္ခါျပန္ေပၚလာသည္ႏွင့္ေတာ္ေတာ္ေဝးေဝးကိုေရာက္ေနခဲ့ၿပီျဖစ္သည္။မၾကာခင္မွာပဲမ်ားျပားလွစြာေသာလူအုပ္ကိုမ်က္ေျခဖ်က္ခ်လိဳက္နိုင္ခဲ့သည္။

ေရွာင္က်န႔္မွာထိုအခါမွသက္ျပင္းကို
ခ်လိဳက္နိုင္လိုက္သည္။

အမ္.....ေနစမ္းပါဦး....ငါ့ကိုသူ႕ပုခုံးေပၚမွာထမ္းတင္ထားတာလား။

ေရွာင္က်န့္ : "....."

ကြၽန္ေတာ္တို႔ရဲ႕ဇာတ္လိုက္ေက်ာ္
အေမာင္ေရွာင္က်န႔္မွာအခ်ိန္အေတာ္ၾကာမွတစ္ဖက္လူစိမ္းရဲ႕ပုခုံးေပၚသို႔ေမွာက္ယက္ေလးပါသြားမွန္းသတိထားမိေလသည္။

__________________________________________________________

Continue Reading

You'll Also Like

2.2K 272 5
lee jeonghyeon × shen quanrui (oneshots collection) written in burmese
295K 7.3K 76
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
2.4M 153K 97
လူတိုင်းပါးစပ်ဖျားမှ ဇမ်းဆိုတဲ့ကောင်က အပေအတေကောင်လို့သမုတ်လဲ သူတို့သတ်မှတ်ချက်အတိုင်းသွားပါစေ.....ကိုယ့်ထမင်းကိုယ်စားပြီး သူများစကားတွေကိုထိုင်ခံစားန...
33.8K 4.2K 19
All the little things. ©® Helen_Fighter_Hnin Edits are mine unless stated otherwise. Some drabbles are inspired by random prompts from other social m...