Transmigrator meets reincarna...

Od Larkspur41

97.6K 19.6K 978

Title: Transmigrator meets reincarnator Not my own story.Just translation. Credits to: Written by:Snow Mounta... Více

108 (part 1)
108 (part 2)
109 (part 1)
110(part 1)
110 (part 2 )
111(part 1)
111(part 2)
112(part 1)
112(part 2)
113(part 1)
113(part 2)
114(part 1)
114(part 2)
115(part 1)
115(part 2)
116(part 1)
116(part 2)
117(part 1)
117(part 2)
118(part 1)
118(part 2)
119(part 1)
119(part 2)
120(part 1)
120(part 2)
121(part 1)
121( part2 )
122(part 1)
122(part 2)
123(part 1)
123(part 2)
124(part 1)
124(part 2)
125(part 1)
125(part 2)
126(part 1)
126(part 2)
127(part 1)
127(part 2)
128
129
130
131
132
133
134
135
136
137
138
139
New Trans
140
141
142
143
144
145
146
147
148
149
150
151
152
153
154

109(part 2)

1.3K 258 8
Od Larkspur41

Unicode
သခင်မလေးစုက မျက်နှာတင်းတင်းထားပြီးဆက်ပြောလိုက်တယ်"ညီမ7 ၊ပြသာနာရှာနေတာတော်လိုက်တော့၊ဒါယင်အိမ်တော်မှာမဟုတ်ဘူး၊ ကိစ္စတေကိုကြီးကျယ်အောင်မလုပ်စမ်းနဲ့"
သခင်မလေးဖူကပါ သရော်တဲ့အကြည့်နဲ့ကြည့်ပြီးဝင်ပြောလိုက်တယ်"အစ်မ5ပြောတာမှန်တယ်၊နင့်ရဲ့မဆင်မခြင်အပြုအမူကြောင့်ငါတို့ပါသိက္ခာမကျစေနဲ့"
သခင်မလေးယွမ်ရဲ့စိတ်အခြေနေက ကူလင်းစားသောက်ဆိုင်ထဲကိုဝင်လာပြီး ဆိုင်ရဲ့ဆန်းသစ်လှတဲ့အပြင်အဆင်တေကိုမြင်ကတည်းက ဆိုးဝါးနေတာဖြစ်တယ်။အခုလိုသူမရဲ့ညီအစ်မနှစ်ယောက်ကပါ သူမကိုဆူပူလာတော့ မျက်နှာမှာဒေါသထွက်လွန်းလို့ပေါက်ထွက်မတတ်ကိုဖစ်နေပြီ။
ဒါပေမယ့်အခုအခြေနေမှာ သူမဘက်ကဘယ်သူမှရှိမနေဘူး။
ဒါအပြင်ကျင်းရှီဆိုင်မှာဖစ်ခဲ့တဲ့အဖြစ်အပျက်ပြီးကတည်းက သူမဘယ်လိုပြုမူနေထိုင်သင့်လဲဆိုတာနည်းနည်းတော့ပိုသိလာပြီလေ။
ဒါကြောင့်မို့ သူမရဲ့လက်ကိုင်‌ပဝါစကိုဖိချေပြီးတော့ဘဲဒေါ‌သတေကိုဖြေလျော့နေလိုက်တော့တယ်။ တချိန်တည်းမှာဘဲ ဒေါသတေကိုဘယ်လိုပြန်ချေပရမလဲကိုပါတွေးတောနေလိုက်တယ်။
ဘယ်လိုဖြစ်ဖြစ် သူမက ချူးလျန်ကိုဟာသဖစ်အောင်လုပ်ဖို့‌ဒီနေရာကိုလာခဲ့‌တာလေ။ဘယ်လိုလုပ်ချူးလျန်ကိုလွယ်လွယ်နဲ့လွှတ်ပေးနိုင်ပါ့မလဲ။
သူမရဲ့အစေခံတေထဲကတယောက်ကိုတိတ်တိတ်လေးခေါ်ပြီး အပြင်ကအစားအစာ‌ေသတ္တာကိုယူလာဖို့ခိုင်းလိုက်တယ်။
ခဏ‌ကြာတော့ ကူလင်းစားသောက်ဆိုင်ရဲ့ အမျိုးသမီးအစေခံတစ်ဦးကပူပူနွေးနွေးလက်ဖက်ရည်ခွက်လေးတေကိုသယ်ဆောင်လာတယ်။
လက်ဖက်ရည်မှာ ထူးကဲလှတဲ့အနံ့ရှိပြီးတော့ ခွက်ရဲ့အပေါ်ကနေတောင်အငွေ့တလူလူထနေတယ်။
ယင်အိမ်တော်ကဘယ်လိုဘဲနိမ့်ကျနေပြီဖစ်ပေမယ့်လို့ ငတ်မွတ်နေတဲ့ကုလားအုတ်က မြင်းတစ်ကောင်ထက်တော့ပိုကြီးမားနေတုန်းဘဲလေ။
သူတို့ကငယ်ရွယ်စဉ်ကတည်းက ဂရုတစိုက်ပျိုးထောင်ခံလာရသူတေဖစ်လို့ အနံ့ရလိုက်တာနဲ့ ဒါကမြောက်ပိုင်းဖူကျန်းရဲ့ လက်ဖက်ခြောက်နဲ့ဖျော်ထားတာမှန်း ခွဲခြားနိုင်ကြတယ်။
စန်ချာဖျော်နည်းက ဝူမင်းဆက်မှာ အရမ်းခေတ်စားနေပေမယ့်လည်း လက်ဖက်ရည်တေကိုသူတို့ထွက်ရှိတဲ့ဒေသကိုလိုက်ပြီးတော့ အမျိုးအစားတေအများကြီးထပ်ခွဲထားသေးတာပေါ့။
မြောက်ပိုင်းဖူကျန်းရဲ့ လက်ဖက်ရည်က အဓိက‌လက်ဖက်ရည်အမျိုးအစားတေထဲက တခုအပါဝင်ဖစ်တယ်။
၎င်းမှာ သာမန်အမျိုးအစားနဲ့ အဆင့်မြင့်အမျိုးစားဆိုပြီး နှစ်မျိုးခွဲခြားထားတယ်။ ဒါပေမယ့် လက်ဖက်ရည်ဖျော်နည်းကိုကျွမ်းကျင်နေတဲ့ပညာရှင်သာမဟုတ်ရင် ဒီနှစ်မျိုးကိုဘယ်လိုမှခွဲခြားနိုင်မှာမဟုတ်ဘူး ။
ယင်အိမ်တော်ကသခင်မလေးတေကလည်းဒါက ဘယ်လိုစန်ချာမျိုးလည်းဆိုတာ ကောင်းကောင်းကြီးခွဲခြားနိုင်ကြတာပေါ့ ။ဒါပေမယ့် ဒါနဲ့ပတ်သတ်ပြီး ဘာမှထွေထွေထူးထူးမပြောခဲ့ကြဘူး။ ချူးလျန်သာဒီနေရာမှာရှိနေရင်လည်း ဒါရဲ့အရည်အသွေးကိုသေချာခွဲခြားနိုင်မာဘဲ။
သခင်မလေးယွမ်က တချက်အနံ့ရှူကြည့်ပြီးပြောလိုက်တယ်"အစ်မ6က စားသောက်ဆိုင်တောင်ဖွင့်နိုင်နေပြီဘဲကို သူ့ညီအစ်မတေဖို့ ဒီလိုလက်ဖက်ရည်‌ေလး‌ေလာက်ဘဲ ဧည့်ခံဖို့ တွန့်တိုနေပြီလား?"
လက်ဖက်ရည်ဗန်းကိုသယ်လာတဲ့ အမျိုးသမီးအစေခံလေးခမျာ ရှက်ကိုးရှက်ကန်းဖစ်ပြီး မျက်နှာတေပါနီရဲလာတော့တယ်။ ဘာမှတောင်ပြန်မပြောနိုင်ဘဲ ခေါင်းကိုသာတချိန်လုံးငုံ့ထားလိုက်တယ်။
အစေခံလေးရဲ့လက်တေ တဆက်ဆက်တုန်နေတာကို သခင်မလေးယွမ်က သတိပြုမိတော့မှဘဲ နေရတာပိုအဆင်ပြေလာသလိုခံစားလိုက်ရတယ်။ ဒါနဲ့ သူမရဲ့အစေခံဖက်ကိုလှည့်ပြီး အမိန့်ပေးလိုက်တယ် "ငါ့အတွက် လက်ဖက်ရည်နှပ်လိုက်"။
သူမရဲ့အစေခံကလည်း မထီမဲ့မြင်အမူရာမျိုးနဲ့ ကြွေထည်သေတ္တာကို ဖြည်းဖြည်းချင်းယူဆောင်လာတယ်။
ပြီးတော့ အဲ့သေတ္တာကို သခင်မလေးစုနဲ့ သခင်မလေးဖူရှေ့မှာ ရည်ရွယ်ချက်ရှိရှိ ချထားလိုက်တယ်။
သခင်မလေးစုက မျက်မှောင်ကြုတ်မိသွားတယ် ။ဒါက အကောင်းဆုံးစန်ချာတေရှိတဲ့ ကျန်းရှန်လက်ဖက်ရည်သေတ္တာမှန်း သူမသေချာပေါက်ပြောရဲတယ်။
နှစ်တိုင်းမှာ မြို့စားအိုယင်က ဒီလိုကောင်းမွန်လှတဲ့လက်ဖက်ရည်သေတ္တာနှစ်လုံးစီ လက်ဆောင်ရတယ်။လွန်ခဲ့တဲ့နှစ်က သခင်မယင်က အဲ့ထဲက တစ်လုံးကို ဒုတိယအိမ်တော်ခွဲကို ပေးအပ်လိုက်တယ် ။ဒါပေမယ့်ဒီဟာက ညီမယွမ်ရဲ့လက်ထဲကိုရောက်နေလိမ့်မယ်လို့ သူမမထင်ခဲ့မိဘူး။
ဒါရဲ့နောက်ကွယ်က အကြောင်းအရာတေကိုသူမဘယ်လိုလုပ်သိနိုင်မှာလဲ။ ညီမယွမ်က ချူးလျန်ကိုမျက်နှာပျက်‌ရအောင်လို့စိတ်ပိုင်းဖြတ်ပြီး ဒါမျိုးတေပါပြင်ဆင်လာခဲ့တာဘဲ။ မိဘတေနဲ့လည်း အချေအတင်ပြောပြီး တောင်းခံခဲ့တာမျိုးမရှိဘူးဆိုတော့ ဒါကိုသူမခိုးယူလာတာဘဲဖစ်လိမ့်မယ်။
သခင်မလေးဖူလည်းတကယ်ကိုအံ့ဩသွားတယ်။ဒါပေမယ့် ငြိမ်ငြိမ်လေးနဲ့ဘဲထိုင်နေပြီး ဆက်ကြည့်နေလိုက်တယ်။
"ညီမယွမ်၊ နင်...."သခင်မလေးစုက တခုခုဝင်ပြောဖို့ပြင်လိုက်တယ် ။ဒါပေမယ့် သူမမပြောရသေးခင်မှာဘဲ သခင်မလေးယွမ်က ဖြတ်ပြောလိုက်တယ်။
"ဘာမှားနေလို့လဲ ၊အစ်မ5 ၊သူတို့ကသူတို့ရဲ့ဧည့်သည်တေကိုဘယ်လိုဆိုးဆိုးဝါးဝါးဆက်ဆံလဲဆိုတာကို ကြည့်အုံးလေ၊ ငါကဘာလို့ ကိုယ့်လက်ဖက်ရည်နဲ့ကိုယ်မသောက်နိုင်ရမာလဲ"
ဘယ်လိုဆိုးဝါးလိုက်တဲ့အပြုအမူလဲ? သခင်မလေးယွမ်က ဘာမဟုတ်တဲ့ ပြသာနာလေးကို အစပြုပြီးတော့ ခြတောင်ပို့လေးကို တောင်ကြီးဖစ်သွားအောင်လုပ်ချင်နေတာဘဲ။
သူမရဲ့အစေခံက ကူလင်းစားသောက်ဆိုင်ရဲ့ အမျိုးသမီးအစေခံကို လက်ဖက်ရည်ဖျော်ဖို့ပစ္စည်းကိရိယာတေတောင် တောင်းဆိုလိုက်သေးတယ်။ပြီးတော့ အခြားအစေခံတစ်ဦးက မုန့်သေတ္တာကိုပါ ဖွင့်လိုက်သေးတယ်။ အကြီးတန်းအစေခံကျုံး မုန့်ယူလာမှာကိုတောင်မစောင့်တော့ဘဲနဲ့ ဒုတိယအစေခံက ပန်ကန်ပြားတေကိုထုတ်ပြီး အထူးပြုလုပ်ထားတဲ့မုန့်တေထည့်ကာ စား‌ပွဲပေါ်မှာ တည်ခင်းလိုက်တယ်။
ဒီတစ်ကြိမ်တော့ သခင်မလေးဖူပါ ပါဝင်လာပြီ ။
သခင်မလေးစုကတော့ မယုံနိုင်တဲ့အကြည့်တေနဲ့ဘဲ သခင်မလေးယွမ်ကိုစိုက်ကြည့်နေမိတယ်။
‌ဒီမုန့်တေက De'an စားသောက်ဆိုင်‌ကမုန့်တေဆိုတာ သူတိူ့သေချာပေါက်သိတာပေါ့။ပြီးတော့ ပန်းကန်ပြားတေကရောဘဲ မြို့တော်ရဲ့အဆင့်အတန်းမြင့်သူတေမှသုံးတဲ့ ကြာပန်းပုံ‌သဏ္ဍာန်ရေးဆွဲထားတဲ့ အကောင်းဆုံးပစ္စည်းတွေလေ။သေချာတာတော့ ဒါတွေက လုံးဝဈေးမပေါဘူးဆိုတာဘဲ။ ဒီပစ္စည်းတေထည့်ထားတဲ့ သေတ္တာငယ်လေးက ငွေတုံး 10တုံးထက်ကိုပိုဈေးကြီးလောက်တယ်။
ယင်အိမ်တော်ရဲ့သခင်မ‌ေလေးတေဖြစ်ပေမယ့် သူတို့ရဲ့လစဉ်အသုံးစရိတ်ကတောင်မှ ငွေ10တုံးထိ မရဘူးလေ။
ဒီတစ်ခါတော့ ညီမယွမ်က ဘယ်လိုပရိယာယ်တေများသုံးခဲ့လဲမသိဘူး။
သခင်မလေးယွမ်က သူမရဲ့ညီအစ်မတေရဲ့ထူးဆန်းနေတဲ့အကြည့်ကြောင့်နှုတ်ခမ်း ထောင့်လေးကွေးညွှတ်နေအောင်ပြုံးပြီးတော့ပြောလိုက်တယ်"ဘာလို့ကြောင်ကြည့်နေကြတာလဲ၊ဒီကိုလာစားကြလေ ၊ငါဒီမုန့်တွေကို De'an စားသောက်ဆိုင်ကနေရလာခဲ့တာ ၊ယင်အိမ်တော်မှာတောင်ဒါမျိူးတေစားဖို့လွယ်တာမဟုတ်ဘူး"
သခင်မလေးစုရဲ့မျက်နှာထားကပိုတင်းမာလာပြီးတော့ သခင်မလေးယွမ်ကိုသတိပေးစကားပြောလိုက်တယ်"ညီမ 7၊ငါတိူ့က ဒီကိုဂုဏ်ပြုစကားလာပြောတာကိုလည်း သတိရအုံးနော်"
သခင်မလေးယွမ်ကအရေးမစိုက်ဘဲ ကွေ့ဟွားမုန့်ချိုတစ်ခုကိူကောက်ယူပြီးပြောလိုက်တယ်" အစ်မ5ကဘာတေပြောနေတာလဲ၊ ညီမက ဒီမှာ ဘာတေများလုပ်နေမိလို့လဲ?"
အကြီးတန်းအစေခံကျူံးလွှတ်လိုက်တဲ့ အစေခံငယ်လေးက ယင်အိမ်တော်ကလူတေရောက်နေ‌ေကြာင်း ချူးလျန်ကိုလာအကြောင်းကြားတဲ့အခါ ချူးလျန်က သခင်မယန်နဲ့ တော်ဝင်မင်းသမီးတွမ့်ကျားတို့နဲ့အတူရှိနေတယ်။
မင်းသမီးတွမ့်ကျားက ဒါကိုကြားတော့ ချူးလျန်ဘက်ကိုလှည့်မေးလိုက်တယ်၊"သူတို့ကဘာလာလုပ်ကြတာလဲ"
ချူးလျန်ကပြုံးဘဲ ပြုံးနေပြီး ဘာမှပြန်မဖြေလိုက်ဘူး။မင်းသမီးတွမ့်ကျားက ယင်အိမ်ကသခင်မလေးတေကိုအမြင်မကြည်ဘူးဆိုတာ သူမသိတာပေါ့။ပြီးတော့ သခင်မယန်ကလည်းထုံးတမ်းစဉ်လာတေကိုသိပ်အရေးစိုက်တတ်တဲ့သူမဟုတ်တော့ သူမနဲ့အတူသွားဖို့မခေါ်တော့ဘူး။ ဒါနဲ့ သူမရဲ့ယင်အိမ်ကလူတေနဲ့သွားတွေ့ဆုံနေချိန်မှာ သခင်မယန်နဲ့ဆက်ပြီး စကားစမြည်ပြောနေဖို့ မင်းသမီးတွမ့်ကျားကိုအကူညီတောင်းခဲ့လိုက်တယ်။
သွားတဲ့လမ်းမှာဘဲ အကြီးတန်းအစေခံကျုံးနဲ့တွေ့တော့တယ်။ အစေခံကျုံးက အစကတော့ ချီတုံချတုံဖစ်နေပြီးမှ လက်ရှိအခြေနေကိုချူးလျန်ကိုအကုန်တင်ပြလိုက်တော့တယ်။ ချူးလျန်က အစေခံကျုံးနောက်မှာရှိနေတဲ့ မုန့်တေသယ်ထားတဲ့အစေခံလေးကိုကြည့်ပြီး ပြုံးလိုက်တယ်"သူတို့က အရေးမစိုက်ဘူးဆိုရင်တောင် ငါတို့က ဖြစ်ကတတ်ဆန်းပြုမူလို့မဖြစ်ဘူး၊ မိုမို ဒီမုန့်တေကို တနည်းနည်းနဲ့ရောက်အောင်ပို့ရမယ်"
အစေခံကျုံးလည်း ယင်အိမ်က သခင်မလေးတေရဲ့အပြုအမူကို မနှစ်မြို့ပေမယ့်လည်း ချူးလျန်က ဒီလိုအမိန့်ပေးလာတော့ မနာခံလို့မရတော့ဘူး။
ဒါနဲ့ဘဲ ချူးလျန်ရဲ့နောက်ကနေ လိုက်ပြီး အမိန့်ကိုနာခံလိုက်တယ်။
ချူးလျန်က ဒါကိုမြင်တော့ တကယ်စိတ်ကျေနပ်သွားတယ်။ဟေးစန်းလန်က ဒီမိုမို 3ယောက်ကို သူမကိုစောင့်ကြည့်ဖို့ ချန်ထားခဲ့ပေမယ့် ဒီသုံးယောက်က သူမအတွက် အရမ်းအသုံးဝင်နေတယ်လေ။
ချူးလျန်ဟောခန်းကျယ်ထဲကိုဝင်ဝင်လာချင်းဘဲ အစေခံတစ်ဦးက အကြောင်းကြားလိုက်တယ်။
ချူးလျန် အခန်းငယ်လေးရဲ့ ဧည့်ခန်းထဲကိုဝင်ဝင်ချင်းဘဲ သူမရဲ့ညီအစ်မတွေက သူမကိုမတ်တပ်ရပ်ပြီးကြိုဆိုလိုက်ကြတယ်။ဒါပေမယ့် သခင်မလေးယွမ်ကတော့ စား‌ပွဲပေါ်က ပစ္စည်းတေကိုပြသဖို့ရည်ရွယ်ချက်ရှိရှိနဲ့နောက်ဆုတ်ရပ်လိုက်တယ်။
ချူးလျန်က စားပွဲကိုတချက်ကြည့်ပြီးစိတ်ထဲမှာတော့လှောင်ရယ်လိုက်တယ်။ဒီတစ်ယောက်က ကောင်းတဲ့ရည်ရွယ်ချက်နဲ့လာ တာမဟုတ်ဘူးဆိုတာ သူမ သိထားသားဘဲ ။ တကယ်လို့ အိမ်တော်နှစ်ခုကြားကချည် နှောင်ထားတဲ့ငြိမ်းချမ်းရေးလေးကြောင့်သာမဟုတ်ရင် ယင်အိမ်တော်ကိုဖိတ်စာတစောင်မှကိုပို့ပေးမှာမဟုတ်ဘူး။
သခင်မလေးစု စကားစပြောတာကိုတောင်မစောင့်နိုင်ဘဲနဲ့ သခင်မလေးယွမ်ကထေ့ငေါ့ပြီး စပြောလိုက်တယ်" အစ်မ6ကဒီနေ့တကယ်ကိုအလုပ်များနေတာ ဖစ်ရမယ်။ အစ်မရဲ့ သွေးရင်းညီအစ်မတေကိုတောင်ပစ်ပယ်ထားတယ်။ ဘယ်လိုဂုဏ်သရေရှိဧည်သည်တေကိုများ ဧည့်ခံနေရလို့လဲ။ ဘာလို့သူတို့ကို ညီမတို့နဲ့ ရင်းနှီးစေဖို့ မိတ်မဆက်ပေးရတာလဲ?"
ယင်အိမ်တော်က သခင်မလေးတေလည်း ချူးလျန်နဲ့ မင်းသားဝေအိမ်တော်ရဲ့ရင်းနှိးမှုကိုတစွန်းတစ ကြားဖူးထားကြတယ်လေ။ သခင်မလေးယွမ်ရဲ့ မျက်လုံးထဲမှာတော့ ချုးလျန်ရဲ့ အမျိုးသမီးကျင်းယီဘွဲ့က မင်းသမီးတွမ့်ကျားကို ကပ်ဖားလို့ရလာတာလို့ဘဲ ထင်မြင်နေတယ်။
သူမဘယ်လိုလုပ်သဝန်မတိုဘဲနေလို့ရမှာလဲ။
ချူးလျန် လက်မထပ်ခင်က သူမစိတ်တိုင်းကျ အနိုင်ကျင့်လို့ရခဲ့တယ်လေ။ဒါပေမယ့် ချူးလျန်က ကျင်းအန်အိမ်တော်နဲ့ လက်ထပ်ပြီးသွားတော့ သူမရဲ့ ဘဝက ချက်ချင်းပြောင်းလဲသွားတယ်။ ချူးလျန်က ဘဝကို‌အေးအေးချမ်ချမ်း နေရတာကို မြင်နေရတာ သူမအတွက်တော့သဲကြမ်းတေကိုဝါးစားနေရသလိူ ဒေါသထွက်စရာကောင်းတယ်လေ။

ချူးလျန်က နွေးထွေးကြင်နာတတ်တဲ့ ပုံနဲ့ပြုံးပြီး ထိုင်ခိုင်းလိုက်တယ်" စောစောက သခင်မယန်နဲ့ တော်ဝင်မင်းသမီး တွမ့်ကျားတို့ရောက်နေလို့ ညီအစ်မတို့ကို လာဂရုမစိုက်မိတာကို နားလည်ပေးလို့ရမလား။ ဘယ်လိုဖစ်ဖစ် သခင်မယန်က သူစိမ်းတေနဲ့တွေ့ဆုံရတာကိုသဘောမကျလို့ ညီမ 7ရဲ့တောင်းဆိုမှုကိုတော့ မကူညီပေးနိုင်မှာ စိုးရိမ်မိတယ်"
ချူးလျန်ရဲ့ ရှင်းပြမှုအပြီးမှာဘဲ သခင်မလေးယွမ်ရဲ့ မျက်နှာတခုလုံး မဲမှောင်လို့သွားတယ်။ချူးလျန်က သူမကိုတိုက်ရိုက်ငြင်းဆန်လို့မယ်လို့ မထင်ထားခဲ့ဘူးလေ။
ဘယ်လိုဘဲ ဖြစ်ဖြစ် သခင်မယန်နဲ့ မင်းသမီးတွမ့်ကျားကိုတွေ့ဖို့ ဆက်တွန်းအားပေးလို့မရမှန်း သူမ သိလို့ စိတ်ထဲမှာဘဲ ချုပ်တည်းထားလိုက်တော့တယ်။
ပြီးတော့ သူမရဲ့မျက်လူံးတေက စားပွဲပေါ်က မုန့်တေဆီရောက်သွားတော့ နတ်ဆိုးတ‌ေကာင်လိုပြုံးမိသွားတယ်။

Zawgyi

သခင္မေလးစုက မ်က္ႏွာတင္းတင္းထားၿပီးဆက္ေျပာလိုက္တယ္"ညီမ7 ၊ျပသာနာ႐ွာေနတာေတာ္လိုက္ေတာ့၊ဒါယင္အိမ္ေတာ္မွာမဟုတ္ဘူး၊ ကိစၥေတကိုႀကီးက်ယ္ေအာင္မလုပ္စမ္းနဲ႔"
သခင္မေလးဖူကပါ သေရာ္တဲ့အၾကည့္နဲ႔ၾကည့္ၿပီးဝင္ေျပာလိုက္တယ္"အစ္မ5ေျပာတာမွန္တယ္၊နင့္ရဲ႕မဆင္မျခင္အျပဳအမူေၾကာင့္ငါတို႔ပါသိကၡာမက်ေစနဲ႔"
သခင္မေလးယြမ္ရဲ႕စိတ္အေျခေနက ကူလင္းစားေသာက္ဆိုင္ထဲကိုဝင္လာၿပီး ဆိုင္ရဲ႕ဆန္းသစ္လွတဲ့အျပင္အဆင္ေတကိုျမင္ကတည္းက ဆိုးဝါးေနတာျဖစ္တယ္။အခုလိုသူမရဲ႕ညီအစ္မႏွစ္ေယာက္ကပါ သူမကိုဆူပူလာေတာ့ မ်က္ႏွာမွာေဒါသထြက္လြန္းလို႔ေပါက္ထြက္မတတ္ကိုဖစ္ေနၿပီ။
ဒါေပမယ့္အခုအေျခေနမွာ သူမဘက္ကဘယ္သူမွ႐ွိမေနဘူး။
ဒါအျပင္က်င္း႐ွီဆိုင္မွာဖစ္ခဲ့တဲ့အျဖစ္အပ်က္ၿပီးကတည္းက သူမဘယ္လိုျပဳမူေနထိုင္သင့္လဲဆိုတာနည္းနည္းေတာ့ပိုသိလာၿပီေလ။
ဒါေၾကာင့္မို႔ သူမရဲ႕လက္ကိုင္‌ပဝါစကိုဖိေခ်ၿပီးေတာ့ဘဲေဒါ‌သေတကိုေျဖေလ်ာ့ေနလိုက္ေတာ့တယ္။ တခ်ိန္တည္းမွာဘဲ ေဒါသေတကိုဘယ္လိုျပန္ေခ်ပရမလဲကိုပါေတြးေတာေနလိုက္တယ္။
ဘယ္လိုျဖစ္ျဖစ္ သူမက ခ်ဴးလ်န္ကိုဟာသဖစ္ေအာင္လုပ္ဖို႔‌ဒီေနရာကိုလာခဲ့‌တာေလ။ဘယ္လိုလုပ္ခ်ဴးလ်န္ကိုလြယ္လြယ္နဲ႔လႊတ္ေပးႏိုင္ပါ့မလဲ။
သူမရဲ႕အေစခံေတထဲကတေယာက္ကိုတိတ္တိတ္ေလးေခၚၿပီး အျပင္ကအစားအစာ‌ေသတၱာကိုယူလာဖို႔ခိုင္းလိုက္တယ္။
ခဏ‌ၾကာေတာ့ ကူလင္းစားေသာက္ဆိုင္ရဲ႕ အမ်ိဳးသမီးအေစခံတစ္ဦးကပူပူေႏြးေႏြးလက္ဖက္ရည္ခြက္ေလးေတကိုသယ္ေဆာင္လာတယ္။
လက္ဖက္ရည္မွာ ထူးကဲလွတဲ့အနံ႔႐ွိၿပီးေတာ့ ခြက္ရဲ႕အေပၚကေနေတာင္အေငြ႕တလူလူထေနတယ္။
ယင္အိမ္ေတာ္ကဘယ္လိုဘဲနိမ့္က်ေနၿပီဖစ္ေပမယ့္လို႔ ငတ္မြတ္ေနတဲ့ကုလားအုတ္က ျမင္းတစ္ေကာင္ထက္ေတာ့ပိုႀကီးမားေနတုန္းဘဲေလ။
သူတို႔ကငယ္႐ြယ္စဥ္ကတည္းက ဂ႐ုတစိုက္ပ်ိဳးေထာင္ခံလာရသူေတဖစ္လို႔ အနံ႔ရလိုက္တာနဲ႔ ဒါကေျမာက္ပိုင္းဖူက်န္းရဲ႕ လက္ဖက္ေျခာက္နဲ႔ေဖ်ာ္ထားတာမွန္း ခြဲျခားႏိုင္ၾကတယ္။
စန္ခ်ာေဖ်ာ္နည္းက ဝူမင္းဆက္မွာ အရမ္းေခတ္စားေနေပမယ့္လည္း လက္ဖက္ရည္ေတကိုသူတို႔ထြက္႐ွိတဲ့ေဒသကိုလိုက္ၿပီးေတာ့ အမ်ိဳးအစားေတအမ်ားႀကီးထပ္ခြဲထားေသးတာေပါ့။
ေျမာက္ပိုင္းဖူက်န္းရဲ႕ လက္ဖက္ရည္က အဓိက‌လက္ဖက္ရည္အမ်ိဳးအစားေတထဲက တခုအပါဝင္ဖစ္တယ္။
၎မွာ သာမန္အမ်ိဳးအစားနဲ႔ အဆင့္ျမင့္အမ်ိဳးစားဆိုၿပီး ႏွစ္မ်ိဳးခြဲျခားထားတယ္။ ဒါေပမယ့္ လက္ဖက္ရည္ေဖ်ာ္နည္းကိုကြၽမ္းက်င္ေနတဲ့ပညာ႐ွင္သာမဟုတ္ရင္ ဒီႏွစ္မ်ိဳးကိုဘယ္လိုမွခြဲျခားႏိုင္မွာမဟုတ္ဘူး ။
ယင္အိမ္ေတာ္ကသခင္မေလးေတကလည္းဒါက ဘယ္လိုစန္ခ်ာမ်ိဳးလည္းဆိုတာ ေကာင္းေကာင္းႀကီးခြဲျခားႏိုင္ၾကတာေပါ့ ။ဒါေပမယ့္ ဒါနဲ႔ပတ္သတ္ၿပီး ဘာမွေထြေထြထူးထူးမေျပာခဲ့ၾကဘူး။ ခ်ဴးလ်န္သာဒီေနရာမွာ႐ွိေနရင္လည္း ဒါရဲ႕အရည္အေသြးကိုေသခ်ာခြဲျခားႏိုင္မာဘဲ။
သခင္မေလးယြမ္က တခ်က္အနံ႔႐ွဴၾကည့္ၿပီးေျပာလိုက္တယ္"အစ္မ6က စားေသာက္ဆိုင္ေတာင္ဖြင့္ႏိုင္ေနၿပီဘဲကို သူ႕ညီအစ္မေတဖို႔ ဒီလိုလက္ဖက္ရည္‌ေလး‌ေလာက္ဘဲ ဧည့္ခံဖို႔ တြန္႔တိုေနၿပီလား?"
လက္ဖက္ရည္ဗန္းကိုသယ္လာတဲ့ အမ်ိဳးသမီးအေစခံေလးခမ်ာ ႐ွက္ကိုး႐ွက္ကန္းဖစ္ၿပီး မ်က္ႏွာေတပါနီရဲလာေတာ့တယ္။ ဘာမွေတာင္ျပန္မေျပာႏိုင္ဘဲ ေခါင္းကိုသာတခ်ိန္လုံးငုံ႔ထားလိုက္တယ္။
အေစခံေလးရဲ႕လက္ေတ တဆက္ဆက္တုန္ေနတာကို သခင္မေလးယြမ္က သတိျပဳမိေတာ့မွဘဲ ေနရတာပိုအဆင္ေျပလာသလိုခံစားလိုက္ရတယ္။ ဒါနဲ႔ သူမရဲ႕အေစခံဖက္ကိုလွည့္ၿပီး အမိန္႔ေပးလိုက္တယ္ "ငါ့အတြက္ လက္ဖက္ရည္ႏွပ္လိုက္"။
သူမရဲ႕အေစခံကလည္း မထီမဲ့ျမင္အမူရာမ်ိဳးနဲ႔ ေႂကြထည္ေသတၱာကို ျဖည္းျဖည္းခ်င္းယူေဆာင္လာတယ္။
ၿပီးေတာ့ အဲ့ေသတၱာကို သခင္မေလးစုနဲ႔ သခင္မေလးဖူေ႐ွ႕မွာ ရည္႐ြယ္ခ်က္႐ွိ႐ွိ ခ်ထားလိုက္တယ္။
သခင္မေလးစုက မ်က္ေမွာင္ၾကဳတ္မိသြားတယ္ ။ဒါက အေကာင္းဆုံးစန္ခ်ာေတ႐ွိတဲ့ က်န္း႐ွန္လက္ဖက္ရည္ေသတၱာမွန္း သူမေသခ်ာေပါက္ေျပာရဲတယ္။
ႏွစ္တိုင္းမွာ ၿမိဳ႕စားအိုယင္က ဒီလိုေကာင္းမြန္လွတဲ့လက္ဖက္ရည္ေသတၱာႏွစ္လုံးစီ လက္ေဆာင္ရတယ္။လြန္ခဲ့တဲ့ႏွစ္က သခင္မယင္က အဲ့ထဲက တစ္လုံးကို ဒုတိယအိမ္ေတာ္ခြဲကို ေပးအပ္လိုက္တယ္ ။ဒါေပမယ့္ဒီဟာက ညီမယြမ္ရဲ႕လက္ထဲကိုေရာက္ေနလိမ့္မယ္လို႔ သူမမထင္ခဲ့မိဘူး။
ဒါရဲ႕ေနာက္ကြယ္က အေၾကာင္းအရာေတကိုသူမဘယ္လိုလုပ္သိႏိုင္မွာလဲ။ ညီမယြမ္က ခ်ဴးလ်န္ကိုမ်က္ႏွာပ်က္‌ရေအာင္လို႔စိတ္ပိုင္းျဖတ္ၿပီး ဒါမ်ိဳးေတပါျပင္ဆင္လာခဲ့တာဘဲ။ မိဘေတနဲ႔လည္း အေခ်အတင္ေျပာၿပီး ေတာင္းခံခဲ့တာမ်ိဳးမ႐ွိဘူးဆိုေတာ့ ဒါကိုသူမခိုးယူလာတာဘဲဖစ္လိမ့္မယ္။
သခင္မေလးဖူလည္းတကယ္ကိုအံ့ဩသြားတယ္။ဒါေပမယ့္ ၿငိမ္ၿငိမ္ေလးနဲ႔ဘဲထိုင္ေနၿပီး ဆက္ၾကည့္ေနလိုက္တယ္။
"ညီမယြမ္၊ နင္...."သခင္မေလးစုက တခုခုဝင္ေျပာဖို႔ျပင္လိုက္တယ္ ။ဒါေပမယ့္ သူမမေျပာရေသးခင္မွာဘဲ သခင္မေလးယြမ္က ျဖတ္ေျပာလိုက္တယ္။
"ဘာမွားေနလို႔လဲ ၊အစ္မ5 ၊သူတို႔ကသူတို႔ရဲ႕ဧည့္သည္ေတကိုဘယ္လိုဆိုးဆိုးဝါးဝါးဆက္ဆံလဲဆိုတာကို ၾကည့္အုံးေလ၊ ငါကဘာလို႔ ကိုယ့္လက္ဖက္ရည္နဲ႔ကိုယ္မေသာက္ႏိုင္ရမာလဲ"
ဘယ္လိုဆိုးဝါးလိုက္တဲ့အျပဳအမူလဲ? သခင္မေလးယြမ္က ဘာမဟုတ္တဲ့ ျပသာနာေလးကို အစျပဳၿပီးေတာ့ ျခေတာင္ပို႔ေလးကို ေတာင္ႀကီးဖစ္သြားေအာင္လုပ္ခ်င္ေနတာဘဲ။
သူမရဲ႕အေစခံက ကူလင္းစားေသာက္ဆိုင္ရဲ႕ အမ်ိဳးသမီးအေစခံကို လက္ဖက္ရည္ေဖ်ာ္ဖို႔ပစၥည္းကိရိယာေတေတာင္ ေတာင္းဆိုလိုက္ေသးတယ္။ၿပီးေတာ့ အျခားအေစခံတစ္ဦးက မုန္႔ေသတၱာကိုပါ ဖြင့္လိုက္ေသးတယ္။ အႀကီးတန္းအေစခံက်ံဳး မုန္႔ယူလာမွာကိုေတာင္မေစာင့္ေတာ့ဘဲနဲ႔ ဒုတိယအေစခံက ပန္ကန္ျပားေတကိုထုတ္ၿပီး အထူးျပဳလုပ္ထားတဲ့မုန္႔ေတထည့္ကာ စား‌ပြဲေပၚမွာ တည္ခင္းလိုက္တယ္။
ဒီတစ္ႀကိမ္ေတာ့ သခင္မေလးဖူပါ ပါဝင္လာၿပီ ။
သခင္မေလးစုကေတာ့ မယုံႏိုင္တဲ့အၾကည့္ေတနဲ႔ဘဲ သခင္မေလးယြမ္ကိုစိုက္ၾကည့္ေနမိတယ္။
‌ဒီမုန္႔ေတက De'an စားေသာက္ဆိုင္‌ကမုန္႔ေတဆိုတာ သူတိူ႕ေသခ်ာေပါက္သိတာေပါ့။ၿပီးေတာ့ ပန္းကန္ျပားေတကေရာဘဲ ၿမိဳ႕ေတာ္ရဲ႕အဆင့္အတန္းျမင့္သူေတမွသုံးတဲ့ ၾကာပန္းပုံ‌သ႑ာန္ေရးဆြဲထားတဲ့ အေကာင္းဆုံးပစၥည္းေတြေလ။ေသခ်ာတာေတာ့ ဒါေတြက လုံးဝေဈးမေပါဘူးဆိုတာဘဲ။ ဒီပစၥည္းေတထည့္ထားတဲ့ ေသတၱာငယ္ေလးက ေငြတုံး 10တုံးထက္ကိုပိုေဈးႀကီးေလာက္တယ္။
ယင္အိမ္ေတာ္ရဲ႕သခင္မ‌ေေလးေတျဖစ္ေပမယ့္ သူတို႔ရဲ႕လစဥ္အသုံးစရိတ္ကေတာင္မွ ေငြ10တုံးထိ မရဘူးေလ။
ဒီတစ္ခါေတာ့ ညီမယြမ္က ဘယ္လိုပရိယာယ္ေတမ်ားသုံးခဲ့လဲမသိဘူး။
သခင္မေလးယြမ္က သူမရဲ႕ညီအစ္မေတရဲ႕ထူးဆန္းေနတဲ့အၾကည့္ေၾကာင့္ႏႈတ္ခမ္း ေထာင့္ေလးေကြးၫႊတ္ေနေအာင္ျပဳံးၿပီးေတာ့ေျပာလိုက္တယ္"ဘာလို႔ေၾကာင္ၾကည့္ေနၾကတာလဲ၊ဒီကိုလာစားၾကေလ ၊ငါဒီမုန္႔ေတြကို De'an စားေသာက္ဆိုင္ကေနရလာခဲ့တာ ၊ယင္အိမ္ေတာ္မွာေတာင္ဒါမ်ိဴးေတစားဖို႔လြယ္တာမဟုတ္ဘူး"
သခင္မေလးစုရဲ႕မ်က္ႏွာထားကပိုတင္းမာလာၿပီးေတာ့ သခင္မေလးယြမ္ကိုသတိေပးစကားေျပာလိုက္တယ္"ညီမ 7၊ငါတိူ႕က ဒီကိုဂုဏ္ျပဳစကားလာေျပာတာကိုလည္း သတိရအုံးေနာ္"
သခင္မေလးယြမ္ကအေရးမစိုက္ဘဲ ေကြ႕ဟြားမုန္႔ခ်ိဳတစ္ခုကိူေကာက္ယူၿပီးေျပာလိုက္တယ္" အစ္မ5ကဘာေတေျပာေနတာလဲ၊ ညီမက ဒီမွာ ဘာေတမ်ားလုပ္ေနမိလို႔လဲ?"
အႀကီးတန္းအေစခံက်ံဴးလႊတ္လိုက္တဲ့ အေစခံငယ္ေလးက ယင္အိမ္ေတာ္ကလူေတေရာက္ေန‌ေၾကာင္း ခ်ဴးလ်န္ကိုလာအေၾကာင္းၾကားတဲ့အခါ ခ်ဴးလ်န္က သခင္မယန္နဲ႔ ေတာ္ဝင္မင္းသမီးတြမ့္က်ားတို႔နဲ႔အတူ႐ွိေနတယ္။
မင္းသမီးတြမ့္က်ားက ဒါကိုၾကားေတာ့ ခ်ဴးလ်န္ဘက္ကိုလွည့္ေမးလိုက္တယ္၊"သူတို႔ကဘာလာလုပ္ၾကတာလဲ"
ခ်ဴးလ်န္ကျပဳံးဘဲ ျပဳံးေနၿပီး ဘာမွျပန္မေျဖလိုက္ဘူး။မင္းသမီးတြမ့္က်ားက ယင္အိမ္ကသခင္မေလးေတကိုအျမင္မၾကည္ဘူးဆိုတာ သူမသိတာေပါ့။ၿပီးေတာ့ သခင္မယန္ကလည္းထုံးတမ္းစဥ္လာေတကိုသိပ္အေရးစိုက္တတ္တဲ့သူမဟုတ္ေတာ့ သူမနဲ႔အတူသြားဖို႔မေခၚေတာ့ဘူး။ ဒါနဲ႔ သူမရဲ႕ယင္အိမ္ကလူေတနဲ႔သြားေတြ႕ဆုံေနခ်ိန္မွာ သခင္မယန္နဲ႔ဆက္ၿပီး စကားစျမည္ေျပာေနဖို႔ မင္းသမီးတြမ့္က်ားကိုအကူညီေတာင္းခဲ့လိုက္တယ္။
သြားတဲ့လမ္းမွာဘဲ အႀကီးတန္းအေစခံက်ံဳးနဲ႔ေတြ႕ေတာ့တယ္။ အေစခံက်ံဳးက အစကေတာ့ ခ်ီတုံခ်တုံဖစ္ေနၿပီးမွ လက္႐ွိအေျခေနကိုခ်ဴးလ်န္ကိုအကုန္တင္ျပလိုက္ေတာ့တယ္။ ခ်ဴးလ်န္က အေစခံက်ံဳးေနာက္မွာ႐ွိေနတဲ့ မုန္႔ေတသယ္ထားတဲ့အေစခံေလးကိုၾကည့္ၿပီး ျပဳံးလိုက္တယ္"သူတို႔က အေရးမစိုက္ဘူးဆိုရင္ေတာင္ ငါတို႔က ျဖစ္ကတတ္ဆန္းျပဳမူလို႔မျဖစ္ဘူး၊ မိုမို ဒီမုန္႔ေတကို တနည္းနည္းနဲ႔ေရာက္ေအာင္ပို႔ရမယ္"
အေစခံက်ံဳးလည္း ယင္အိမ္က သခင္မေလးေတရဲ႕အျပဳအမူကို မႏွစ္ၿမိဳ႕ေပမယ့္လည္း ခ်ဴးလ်န္က ဒီလိုအမိန္႔ေပးလာေတာ့ မနာခံလို႔မရေတာ့ဘူး။
ဒါနဲ႔ဘဲ ခ်ဴးလ်န္ရဲ႕ေနာက္ကေန လိုက္ၿပီး အမိန္႔ကိုနာခံလိုက္တယ္။
ခ်ဴးလ်န္က ဒါကိုျမင္ေတာ့ တကယ္စိတ္ေက်နပ္သြားတယ္။ေဟးစန္းလန္က ဒီမိုမို 3ေယာက္ကို သူမကိုေစာင့္ၾကည့္ဖို႔ ခ်န္ထားခဲ့ေပမယ့္ ဒီသုံးေယာက္က သူမအတြက္ အရမ္းအသုံးဝင္ေနတယ္ေလ။
ခ်ဴးလ်န္ေဟာခန္းက်ယ္ထဲကိုဝင္ဝင္လာခ်င္းဘဲ အေစခံတစ္ဦးက အေၾကာင္းၾကားလိုက္တယ္။
ခ်ဴးလ်န္ အခန္းငယ္ေလးရဲ႕ ဧည့္ခန္းထဲကိုဝင္ဝင္ခ်င္းဘဲ သူမရဲ႕ညီအစ္မေတြက သူမကိုမတ္တပ္ရပ္ၿပီးႀကိဳဆိုလိုက္ၾကတယ္။ဒါေပမယ့္ သခင္မေလးယြမ္ကေတာ့ စား‌ပြဲေပၚက ပစၥည္းေတကိုျပသဖို႔ရည္႐ြယ္ခ်က္႐ွိ႐ွိနဲ႔ေနာက္ဆုတ္ရပ္လိုက္တယ္။
ခ်ဴးလ်န္က စားပြဲကိုတခ်က္ၾကည့္ၿပီးစိတ္ထဲမွာေတာ့ေလွာင္ရယ္လိုက္တယ္။ဒီတစ္ေယာက္က ေကာင္းတဲ့ရည္႐ြယ္ခ်က္နဲ႔လာ တာမဟုတ္ဘူးဆိုတာ သူမ သိထားသားဘဲ ။ တကယ္လို႔ အိမ္ေတာ္ႏွစ္ခုၾကားကခ်ည္ ေႏွာင္ထားတဲ့ၿငိမ္းခ်မ္းေရးေလးေၾကာင့္သာမဟုတ္ရင္ ယင္အိမ္ေတာ္ကိုဖိတ္စာတေစာင္မွကိုပို႔ေပးမွာမဟုတ္ဘူး။
သခင္မေလးစု စကားစေျပာတာကိုေတာင္မေစာင့္ႏိုင္ဘဲနဲ႔ သခင္မေလးယြမ္ကေထ့ေငါ့ၿပီး စေျပာလိုက္တယ္" အစ္မ6ကဒီေန႔တကယ္ကိုအလုပ္မ်ားေနတာ ဖစ္ရမယ္။ အစ္မရဲ႕ ေသြးရင္းညီအစ္မေတကိုေတာင္ပစ္ပယ္ထားတယ္။ ဘယ္လိုဂုဏ္သေရ႐ွိဧည္သည္ေတကိုမ်ား ဧည့္ခံေနရလို႔လဲ။ ဘာလို႔သူတို႔ကို ညီမတို႔နဲ႔ ရင္းႏွီးေစဖို႔ မိတ္မဆက္ေပးရတာလဲ?"
ယင္အိမ္ေတာ္က သခင္မေလးေတလည္း ခ်ဴးလ်န္နဲ႔ မင္းသားေဝအိမ္ေတာ္ရဲ႕ရင္းႏွိးမႈကိုတစြန္းတစ ၾကားဖူးထားၾကတယ္ေလ။ သခင္မေလးယြမ္ရဲ႕ မ်က္လုံးထဲမွာေတာ့ ခ်ဳးလ်န္ရဲ႕ အမ်ိဳးသမီးက်င္းယီဘြဲ႕က မင္းသမီးတြမ့္က်ားကို ကပ္ဖားလို႔ရလာတာလို႔ဘဲ ထင္ျမင္ေနတယ္။
သူမဘယ္လိုလုပ္သဝန္မတိုဘဲေနလို႔ရမွာလဲ။
ခ်ဴးလ်န္ လက္မထပ္ခင္က သူမစိတ္တိုင္းက် အႏိုင္က်င့္လို႔ရခဲ့တယ္ေလ။ဒါေပမယ့္ ခ်ဴးလ်န္က က်င္းအန္အိမ္ေတာ္နဲ႔ လက္ထပ္ၿပီးသြားေတာ့ သူမရဲ႕ ဘဝက ခ်က္ခ်င္းေျပာင္းလဲသြားတယ္။ ခ်ဴးလ်န္က ဘဝကို‌ေအးေအးခ်မ္ခ်မ္း ေနရတာကို ျမင္ေနရတာ သူမအတြက္ေတာ့သဲၾကမ္းေတကိုဝါးစားေနရသလိူ ေဒါသထြက္စရာေကာင္းတယ္ေလ။

ခ်ဴးလ်န္က ေႏြးေထြးၾကင္နာတတ္တဲ့ ပုံနဲ႔ျပဳံးၿပီး ထိုင္ခိုင္းလိုက္တယ္" ေစာေစာက သခင္မယန္နဲ႔ ေတာ္ဝင္မင္းသမီး တြမ့္က်ားတို႔ေရာက္ေနလို႔ ညီအစ္မတို႔ကို လာဂ႐ုမစိုက္မိတာကို နားလည္ေပးလို႔ရမလား။ ဘယ္လိုဖစ္ဖစ္ သခင္မယန္က သူစိမ္းေတနဲ႔ေတြ႕ဆုံရတာကိုသေဘာမက်လို႔ ညီမ 7ရဲ႕ေတာင္းဆိုမႈကိုေတာ့ မကူညီေပးႏိုင္မွာ စိုးရိမ္မိတယ္"
ခ်ဴးလ်န္ရဲ႕ ႐ွင္းျပမႈအၿပီးမွာဘဲ သခင္မေလးယြမ္ရဲ႕ မ်က္ႏွာတခုလုံး မဲေမွာင္လို႔သြားတယ္။ခ်ဴးလ်န္က သူမကိုတိုက္႐ိုက္ျငင္းဆန္လို႔မယ္လို႔ မထင္ထားခဲ့ဘူးေလ။
ဘယ္လိုဘဲ ျဖစ္ျဖစ္ သခင္မယန္နဲ႔ မင္းသမီးတြမ့္က်ားကိုေတြ႕ဖို႔ ဆက္တြန္းအားေပးလို႔မရမွန္း သူမ သိလို႔ စိတ္ထဲမွာဘဲ ခ်ဳပ္တည္းထားလိုက္ေတာ့တယ္။
ၿပီးေတာ့ သူမရဲ႕မ်က္လူံးေတက စားပြဲေပၚက မုန္႔ေတဆီေရာက္သြားေတာ့ နတ္ဆိုးတ‌ေကာင္လိုျပဳံးမိသြားတယ္။

Pokračovat ve čtení

Mohlo by se ti líbit

The Reluctant Marchioness Od Laura

Historická literatura

1.7M 69.3K 29
After a disastrous first season in London, Rose Wilde finds herself torn between two men who love her -- but who both hide secrets that could ruin he...