ဗီလိန်ရဲ့ လမ်းပြကြယ်

By CrystalKyi

780K 131K 3.7K

ဝတ္ထုစာအုပ်ထဲကို ဝိဉာဉ္ကူးပြောင်းလာတဲ့ ချောင်လန်တစ်ယောက် သူမရဲ့ နေရာက ဇာတ်လိုက် မင်းသားကို ကြိုက် မိသွားတဲ့ ဗ... More

မိတ်ဆက်
အပိုင်း (၁)
အပိုင်း(၂)
အပိုင်း(၃)
အပိုင်း(၄)
အပိုင်း(၅)
အပိုင်း(၆)
အပိုင်း (၇)
အပိုင်း(၈)
အပိုင်း(၉)
အပိုင်း(၁၀)
အပိုင်း(၁၁)
အပိုင်း(၁၂)
အပိုင်း(၁၃)
အပိုင်း(၁၄)
အပိုင်း(၁၅)
အပိုင်း(၁၆)
အပိုင်း(၁၇)
အပိုင်း(၁၈)
အပိုင်း(၁၉)
အပိုင်း(၂၀)
အပိုင်း(၂၁)
အပိုင်း(၂၂)
အပိုင်း(၂၃)
အပိုင်း(၂၄)
အပိုင်း(၂၅)
အပိုင်း(၂၆)
အပိုင်း(၂၇)
အပိုင်း(၂၈)
အပိုင်း(၂၉)
အပိုင်း (၃၀)
အပိုင်း(၃၁)
အပိုင်း(၃၂)
အပိုင်း(၃၃)
အပိုင်း (၃၄)
အပိုင်း(၃၅)
အပိုင်း(၃၆)
အပိုင်း(၃၇)
အပိုင်း(၃၈)
အပိုင်း(၃၉)
အပိုင်း(၄၀)
အပိုင်း(၄၁)
အပိုင်း(၄၂)
အပိုင်း(၄၃)
အပိုင်း(၄၄)
အပိုင်း(၄၅)
အပိုင်း(၄၆)
အပိုင်း(၄၇)
အပိုင်း(၄၈)
အပိုင်း(၄၉)
အပိုင်း(၅၀)
အပိုင်း(၅၁)
အပိုင်း(၅၂)
အပိုင်း(၅၃)
အပိုင်း(၅၄)
အပိုင်း(၅၅)
အပိုင်း(၅၆)
အပိုင်း(၅၇)
အပိုင်း(၅၈)
အပိုင်း(၅၉)
Not Upade!!!
အပိုင်း(၆၀)
အပိုင်း(၆၁)
အပိုင်း(၆၂)
အပိုင်း(၆၃)
အပိုင်း(၆၅)
အပိုင်း(၆၆)
အပိုင်း(၆၇)
အပိုင်း(၆၈)
အပိုင်း(၆၉)
အပိုင်း(၇၀)
အပိုင်း(၇၁)
အပိုင်း(၇၂)
အပိုင်း(၇၃)
အပိုင်း(၇၄)
အပိုင်း(၇၅)
အပိုင်း(၇၆)
အပိုင်း(၇၇)
အပိုင်း(၇၈)
အပိုင်း(၇၉)
အပိုင်း(၈၀)
အပိုင်း(၈၁)
အပိုင်း(၈၂)
အပိုင်း(၈၃)
အပိုင်း(၈၄)
အပိုင်း(၈၅)
အပိုင်း(၈၆)
အပိုင်း(၈၇)
အပိုင်း(၈၈)
အပိုင်း(၈၉)
အပိုင်း(၉၀)
အပိုင်း(၉၁)
အပိုင်း(၉၂)
အပိုင်း(၉၃)
အပိုင်း(၉၄)
အပိုင်း(၉၅)
အပိုင်း(၉၆)
အပိုင်း(၉၇)
အပိုင်း(၉၈)
အပိုင်း(၉၉)
အပိုင်း(၁၀၀)
အပိုင်း(၁၀၁)
အပိုင်း(၁၀၂)
အပိုင်း(၁၀၃)
အပိုင်း(၁၀၄)
အပိုင်း(၁၀၅)
အပိုင်း(၁၀၆)
အပိုင်း(၁၀၇)
အပိုင်း(၁၀၈)
အပိုင်း(၁၀၉)
အပိုင်း(၁၁၀)
အပိုင်း(၁၁၁)
အပိုင်း(၁၁၂)
အပိုင်း(၁၁၃)
အပိုင်း(၁၁၄)
အပိုင်း(၁၁၅)
အပိုင်း(၁၁၆)
အပိုင်း(၁၁၇)
အပိုင်း(၁၁၈)
အပိုင်း(၁၁၉)
အပိုင်း(၁၂၀)
အပိုင်း(၁၂၁)
အပိုင်း(၁၂၂)
အပိုင်း(၁၂၃)
အပိုင်း(၁၂၄)
အပိုင်း(၁၂၅)
အပိုင်း(၁၂၆)
အပိုင်း(၁၂၇)
အပိုင်း(၁၂၈)
အပိုင်း(၁၂၉)
အပိုင်း(၁၃၀)
အပိုင်း(၁၃၁)
အပိုင်း(၁၃၂)
အပိုင်း(၁၃၃)
အပိုင်း(၁၃၄)
အပိုင်း(၁၃၅)
အပိုင်း(၁၃၆)
အပိုင်း(၁၃၇)
အပိုင်း(၁၃၈)
အပိုင်း(၁၃၉)
အပိုင်း(၁၄၀)
အပိုင်း(၁၄၁)
အပိုင်း(၁၄၂)
အပိုင်း(၁၄၃)
အပိုင်း(၁၄၄)
အပိုင်း(၁၄၅)
အပိုင်း(၁၄၆)
အပိုင်း(၁၄၇)
အပိုင်း(၁၄၈)
အပိုင်း(၁၄၉)

အပိုင်း(၆၄)

5.3K 1K 11
By CrystalKyi

Unicode
စာသင်နှစ်ဝက်ရောက်သွားတာမလို့ ချောင်လန်က အခုအချိန်မှာတော့ အဆောင်မှာ နေလို့ရတယ်။ ဒါပေမဲ့ သူမအခန်းထဲက အခန်းဖော်တွေနဲ့ တော့ တူတူမကျတော့ဘူးပေါ့။

အဲ့တာကြောင့် ချောင်လန့် အဆောင်အခန်းဖော်တွေက မတူတဲ့အခန်း ကျောင်းသူတွေပဲ ဖြစ်တယ်။ ပြီးတော့ သူတို့က အဆောင်မှာ ၂လ ၃လလောက် နေပြီးနေကြပြီ။

အဆောင်တစ်ခန်းမှာ ၈ယောက်နေရတယ်။ ချောင်လန် ပြောင်းလာတဲ့ အဆောင်အခန်းက၃ယောက်ပဲ ရှိသေးတယ်။ ကျန်တာတွေက လွတ်နေသေးတယ်။ ချောင်လန် အပါအဝင်ဆိုမှ အခုမှ၄ယောက်ပဲ ရှိသေးတယ်။

ချောင်လန်က ချောင်မိသားစုအိမ်ကိုပြန်ပြီး ဘာပစ္စည်းမှသွားမယူခဲ့ဘူး။ သူမအတွက် အဖိုးတန်တဲ့ ပစ္စည်းတွေကို သူမက အိမ်မှာ သိမ်းမထားဘူးလေ။ အိမ်မှာက အဝတ်အစားတစ်ချို့နဲ့ စာအုပ်တစ်ချို့ပဲ ရှိတာ။

အထက်တန်းကျောင်းသား ကျောင်းသူတွေက အချိန်တိုင်းနီးပါး ယူနီဖောင်းဝတ်နေရတာဆိုတော့ ဝတ်စရာ အဝတ်အစား အများကြီးမလိုဘူး။ အခုရာသီဥတုကလဲ နွေးလာပြီဆိုတော့ အင်္ကျီအထူကြီးတွေလဲ ဝတ်စရာမလိုတော့ဘူး။ သူမ အွန်လိုင်းကနေ ရှပ်အင်္ကျီတစ်ချို့နဲ့ တစ်ခြားလိုတဲ့ ပစ္စည်းတွေကို ဝယ်လိုက်ရင် ရပြီ။

သူမ ပြောင်းလာတော့ ပိတ်ရက်ဖြစ်နေတယ်။ အဆောင်မှာ ကောင်မလေးတွေ အများကြီးပဲ ရှိကြတယ်။

သူတို့အားလုံးက အထက်တန်းပထမနှစ်ကျောင်းသူတွေပဲ ဖြစ်တယ်။ သူတို့ထဲက တစ်ချို့က ချောင်လန့်ကို အပြင်မှာ မတွေ့ဘူးရင်တောင် သူမနာမည်ကို ကြားဖူးကြတယ်။ ဘာပဲပြောပြော စာမေးပွဲတိုင်းမှာ သူမနာမည်က ထိပ်ဆုံးအဆင့်တွေမှာ ရှိနေတာကိုး။ ချောင်လန်နဲ့ တစ်ခန်းထဲကျတဲ့ အဆောင်ခန်းက ကောင်မလေးတွေက သူတို့ရဲ့ အခန်းဖော်အသစ်က ချောင်လန်ဆိုတာလဲ ကြားလိုက်ရရော သူတို့လဲ ချောင်လန်လာမှာကို စောင့်နေကြတယ်။

အားလုံးမှာ ထိပ်တန်းကျောင်းသားကျောင်းသူတွေနဲ့ အဆက်အဆံလုပ်ချင်ကြတဲ့ စိတ်ရှိကြပေမဲ့ သူတို့အပေါ်ကို ဘက်လိုက်တဲ့အမြင်ကလဲ အမြဲတမ်းရှိကြတာပဲ။ ဥပမာပြောရရင် စာတော်တဲ့ ကလေးတွေက စာကြမ်းပိုးတွေ၊ သူတို့က ကောင်းကောင်း စကားမပြောနိုင်ကြဘူးလို့ထင်ကြတယ်။ မထင်မှတ်စွာပဲ တစ်နှစ်လုံးမှာ အကောင်းဆုံးအဆင့်တွေပဲ ရခဲ့တဲ့ ကောင်မလေးက တစ်ကယ်တော့ အရမ်းပြောရဆိုရလွယ်တဲ့သူ ဖြစ်နေခဲ့တယ်။

ချောင်လန်က သူမရဲ့အတန်းဖော်တော်တော်များများနဲ့ သိပ်စကားမပြောဘူး။ ဒါပေမဲ့ ဒါကတော့ သူမရဲ့အခန်းဖော်အသစ်လေးတွေနဲ့တော့ မဆိုင်ဘူးပေါ့။ သူတို့အားလုံးက ၁၅နှစ် ၁၆နှစ်အရွယ်ကောင်မလေးတွေပဲလေ။ ရက်အနည်းငယ်လောက်တွေ့ပြီးသွားတဲ့အခါမှာတော့ သူတို့က သိပ်မဆိုးဘူးလို့ သူမခံစားလာရတယ်။ ချောင်လန်ရဲ့ အဆောင်နေ့စဥ်ဘဝက သူမထင်ထားတာထက် အများကြီးပိုစိတ်ကျေနပ်စရာကောင်းနေတယ်။

တစ်ခုတည်းသောစိတ်ရှုပ်စရာကောင်းတဲ့အရာကတော့ ဒီကလေးမတွေက သူတို့အချိန်ရတဲ့ အချိန်တိုင်း သူမကို ချန်ယောင်းရန်အကြောင်း မေးနေကြတာပဲ။

ချန်ယောင်းရန်က ချောလား?

သူက ဒီတိုင်းဖြစ်သလို စာကြည့်ရုံနဲ့ စာမေးပွဲတွေကို ဖြေနိုင်တယ်ဆိုတာ အမှန်ပဲလား?

ချန်ယောင်းရန်က စုန့်ယောင်နဲ့ ကြိုက်နေတာလား.....

" သူက ချောပါတယ် "

" မဟုတ်ဘူး။သူက စာနဲ့ပတ်သက်ရင် လေးလေးနက်နက်ရှိပါတယ်။ "

" ငါမသိဘူး "

သူမ တစ်ကယ်မသိပါဘူးနော်။ ချောင်လန်က ချန်ယောင်းရန်ကို ဘယ်တုန်းကမှ မသိခဲ့ဘူး။ အထူးသဖြင့် ချန်ယောင်းရန်နဲ့ စုန့်ယောင်တို့က သူမနဲ့ ဝေးတဲ့နေရာမှာ ထိုင်နေတဲ့ အချိန်မှာပေါ့။ ချောင်လန်က သူတို့၂ယောက်ရဲ့ ဆက်ဆံရေးကို တစ်ခုမှ မသိပါဘူးနော်။

ကောင်မလေးတွေက သူတို့မေးလို့ရသမျှ အကုန်မေးတယ်။ ဒါပေမဲ့ ကြည့်ရတာ ချောင်လန်က တစ်ကယ်ပဲ မသိဘူးနဲ့တူတယ်။ သူတို့က နည်းနည်းတော့ စိတ်ပျက်သွားတယ်။ ဒါပေမဲ့ ဒါက တအားကြီးတော့ ဘာမှဖြစ်မသွားပါဘူး။

ယောက်ျားလေးတွေအဆောင်မှာ အမျာဆုံးပြောကြတဲ့ အကြောင်းအရာက ကောင်မလေးတွေအကြောင်းဆိုရင် ကောင်မလေးတွေ ပြောရတာ အကြိုက်ဆုံးအကြောင်းကလဲ ကောင်လေးတွေအကြောင်းပဲ ဖြစ်တယ်။ သူတို့တွေက ကြည့်ကောင်းပြီး ရုပ်ချောတဲ့လူတွေအကြောင်း အတင်းအဖျင်းပြောရတာကို အနှစ်သက်ဆုံးအရွယ်တွေပဲလေ။ သူတို့က ချန်ယောင်းရန်အကြောင်းကို ဘာမှရှာလို့မရတော့ ထန်းမော့ဘက်ကို လှည့်လာကြတယ်။

အားလုံးက ဥာဏ်ကြီးရှင်အကြောင်းကို စပ်စုချင်နေကြတယ်။ အထူးသဖြင့် သူက မထင်မှတ်ထားလောက်အောင် ရုပ်ချောနေတဲ့ အချိန်မှာပေါ့။

ကောင်မလေးတစ်ယောက်က ပြောလိုက်တယ်။ " ထန်းမော့က တစ်ကယ်ကြည့်လို့ကောင်းတယ်။ တစ်ခါတုန်းကဆိုရင် ငါသူ့ကို အကြာကြီး စိုက်ကြည့်နေဖူးတယ်။ ဒါပေမဲ့ သူ့ကြည့်ရတာ စိတ်ဆိုးသွားသလိုပဲ။ အဲ့တာနဲ့ ငါလဲ ကြောက်သွားပြီး သူ့ကို ထပ်မကြည့်ရဲတော့ဘူး။ "

" ဟုတ်လား။ ငါလဲ သူ့ကို နည်းနည်းတော့ ကြောက်တယ်။ "

" ချောင်လန် ထန်းမော့က တစ်ကယ်ပဲ စကားနည်းပြီး အေးစက်စက်နိုင်တာလား။ သူက အရမ်းတော်တယ်လို့ လူတွေအများကြီးပြောတာကိုတော့ ငါကြားဖူးတယ်။ အဲ့တာကြောင့် သူက တစ်ခြားသူတွေကို လုံးဝစကားမပြောချင်တာလား...... "

ချောင်လန်က အင်အားအပြည့်နဲ့ ပြန်ဖြစ်လာတယ်။ ချန်ယောင်းရန်အကြောင်းပြောနေတုန်းက သူမရဲ့ ဘာသိဘာသာအပြုအမူကို ပြင်လိုက်ပြီး အမြန်ပြန်ပြောလိုက်တယ်။ " သူက အရမ်းတော်တယ်။ ဒါပေမဲ့ သူက တစ်ကယ်တမ်း ပြောရဆိုရလဲ လွယ်ပါတယ်ဟ။ သူက စကားပြောနည်းတာပဲ ရှိတာပါ။ တစ်ကယ်တော့ သူ့ရဲ့ personality က အရမ်း သိမ်မွေ့တယ်။ သူက လူတွေနဲ့ နီးနီးကပ်ကပ်နေရတာကို ကျင့်သားမရသေးတာပဲ ရှိတာပါ။ အေးစက်စက်နိုင်တာ မဟုတ်ပါဘူး။ သူ့ကို စိတ်ရှည်ရှည်ထားပြီးသာ စကားပြောရင်ရတယ်။ သူက ရယ်ရတာ ပြုံးရတာမကြိုက်ဘူးလေ။ အဲ့တာကြောင့် သူက နည်းနည်းကြမ်းတမ်းတဲ့ပုံပေါ်နေတာပါ။ "

" ချောင်လန် နင်က ထန်းမော့အကြောင်းပြောတဲ့အချိန်ကျ တစ်ခြားသူတစ်ယောက်ဖြစ်သွားသလိုပဲနော်။ " ကောင်မလေးတစ်ယောက်က ရယ်လိုက်တယ်။ " နင်က သူ့အကြောင်းကို ဘာလို့ ဒီလောက်ကောင်းကောင်းသိနေရတာလဲ။ "

" ငါတို့က တစ်စားပွဲထဲ ထိုင်တာလေ။ " ချောင်လန်က ပြောလိုက်တယ်။ " သေချာပေါက် ငါသူ့အကြောင်းကို သိတာပေါ့။ "

လူတွေက ထန်းမော့ကို ရူးနေတာ တုံးလိုက်တာ လို့တော့ မပြောကြတော့ဘူး။ ဒါပေမဲ့ ကံမကောင်းစွာနဲ့ပဲ လူနည်းနည်းလေးကပဲ ထန်းမော့ကို စကားသွားပြောရဲသေးတယ်။ သူနဲ့ အဆက်အသွယ်လုပ်ကြသေးတယ်။ ခုနကပြောလိုက်တဲ့ ကောင်မလေးလိုပေါ့။ သူတို့က ထန်းမော့ကို နည်းနည်းတော့ ကြောက်နေကြသေးတယ်။

ဥာဏ်ကြီးရှင်ဆိုတဲ့ စကားလုံးက လူတွေကို အထင်ကြီးလေးစားစေသလို တစ်ချိန်ထဲမှာလဲ လူတွေနဲ့လဲ ဝေးကွာစေတယ်။

ထန်းမော့က မျက်နှာသေကြီးနဲ့ ဆိုတော့ ပိုဆိုးပေါ့။ အဲ့တော့ သူက အမြဲတမ်း ဘယ်သူမှ အဆက်အဆံလုပ်လို့မရတဲ့ အေးစက်မာကျောတဲ့ ကျောက်တုံးနံရံကြီးဖြစ်နေတော့တာပေါ့။

အားလုံးက ထန်းမော့ကို အထင်အမြင်လွဲမှားနေကြတာမျိုးကို ချောင်လန်က မဖြစ်စေချင်ဘူး။ သူက ကြင်နာတက်ပြီး အပြစ်ကင်းစင်တဲ့ ကောင်လေးတစ်ယောက်ပါ။ သူမက တစ်ခြားသူတွေကို ထန်းမော့က ကောင်းတဲ့လူတစ်ယောက်ဆိုတာ သိစေချင်တယ်။ အဲ့တာမှ သူတို့က သူနဲ့ ရင်းနီးလာပြီး သူ့ကို သဘောကျလာကြအောင်ပေါ့။

သူမက ထန်းမော့ကို ဖြေးဖြေးချင်း ပုံမန်လူလို ဖြစ်လာစေချင်တယ်။ အဲ့တာမှ သူ ရယ်နိုင်လာပြီး သူငယ်ချင်းတွေရှိလာမှာပေါ့။

ဒါက ခက်ခဲတယ်ဆိုပေမဲ့ မဖြစ်နိုင်ဘူး လုပ်လို့မရဘူးဆိုတာ ဘာမှမရှိဘူးလေ။ ဒီကောင်မလေးတွေ ထန်းမော့အပေါ် အမြင်သစ်ရလာတာကို ကြည့်ပြီး ချောင်လန်က နေလို့ပိုကောင်းလာတယ်။

မျက်စိတစ်မှိတ်အတွင်းမှာပဲ ချောင်လန် အဆောင်မှာ နေတာ တစ်ပတ်ပြည့်သွားပြီ။ အဖေချောင်နဲ့ အမေချောင်တို့က ချောင်လန်ပြန်လာတာကို စောင့်မနေခဲ့ဘူး။ သူမဘယ်ကိုထွက်သွားတာလဲဆိုတာ သူတို့စိတ်မဝင်စားခင်မှာပဲ ရုတ်တရက် ကိစ္စတစ်ခု ဖြစ်သွားခဲ့တယ်။

နေ့လည်ခင်းတစ်ခုမှာ ကျောင်းသားတစ်ချို့က စားသောက်ဆိုင်သေးသေးလေးကို ရောက်လာခဲ့ကြတယ်။ အမေချောင်က ပျော်တာပေါ့။ ဒီကလေးတွေက ချောင်ယွမ့်သူငယ်ချင်းတွေဆိုတာ သူမသိတယ်လေ။ သူတို့က ဒီကို မကြာခဏလာစားနေကြလေ။ အဲ့တာကြောင့်လဲ အမေချောင်က သူတို့ကို ပိုက်ဆံလျှော့ကောက်လေ့ရှိတယ်။

ကလေးတွေကလဲ ခဏခဏလာနေကြဆိုတော့ အမေချောင်နဲ့ စကားပြောတဲ့နေရာမှာ ဘာအထစ်အငေါ့မှ မရှိကြဘူး။ သူတို့စကားပြောနေရင်းနဲ့ အမေချောင်က မူမမှန်တာတစ်ခုခုကို ကြားလိုက်မိတယ်။

ကလေးတစ်ယောက်ကပြောတယ် သူက ချောင်ယွမ့်ကို အရမ်းအားကျတာပဲတဲ့။ ဘာလို့လဲဆိုတော့ အဖေချောင်တဲ့ အမေချောင်တို့က ချောင်ယွမ့်ကို မုန့်ဖိုးခဏခဏပေးတာမလို့တဲ့။ ပြီးတော့ ပေးရင်လဲ အများကြီးတွေပေးလို့တဲ့။ ဒါကို ကြားလိုက်ရတော့ အမေချောင်က သိပ်မတွေးမိဘူး။ အဲ့အစား သူမက ဂုဏ်တောင်ယူနေသေးတယ်။

ဒါပေမဲ့ သူတို့ကမကြာသေးခင်တုန်းကပဲ အကင်သွားစားကြတာ၊ အဲ့မှာ ချောင်ယွမ်က ပိုက်ဆံအကုန်ကို ရဲရဲတင်းတင်းပဲ ရှင်းပေးခဲ့တာ၊ ပြီးတော့ ယွမ်၆၀၀နီးပါးလောက်ကို သုံးခဲ့တာ လို့ ကလေးတစ်ယောက်ပြောတာကို သူမကြားလိုက်ရတယ်။

ကလေးတွေက သတို့အရမ်းအားကျကြတာပဲ လို့ပြောကြတယ်။ သူတို့အားလုံးက အလယ်တန်းကျောင်းသားလေးတွေလေ။ သူတို့လက်ထဲမှာ ယွမ်၁၀ ၂၀လောက်ရှိရင်ကို ကံကောင်းနေပြီ။ ချောင်ယွမ်ကတော့ အကင်ဖိုးကိုတောင် ယွမ်၆၀၀ဖိုးလောက်ဖြုန်းနိုင်တယ်ဆိုတော့ အဲ့တာက အရမ်းမိုက်တာပေါ့။

ဒါပေမဲ့ ဘာပဲပြောပြော သူတို့က ချောင်ယွမ့်သူငယ်ချင်းတွေဆိုတော့ သူတို့က တစ်ချို့အကြောင်းအရာတွေကိုတော့ ထိန်ချန်ခဲ့တယ်။ ဥပမာပြောရရင် ချောင်ယွမ်က သူတို့ကို အကင်ခေါ်ကျွေးတာက အဓိကအကြောင်းရင်းက သူက အတန်းထဲကကောင်မလေးတစ်ယောက်ကို ဖိတ်ချင်လို့ဆိုတာကိုပေါ့။ အဲ့ကောင်မလေးက အရမ်း အရမ်းကို လှတာလေ။

ကလေးတွေအကုန်လုံးက ဒီလိုအကြောင်းတွေကို အလိုလို လျှို့ဝှက်ထားကြပြီး ဘယ်တော့မှ သူတို့မိဘတွေကို ပြန်မပြောကြဘူး။ ဒါပေမဲ့ အဖေချောင်နဲ့ အမေချောင်တို့က ချောင်ယွမ့်ကို တအားချစ်တာလေ။ ပြီးတော့ သူ့ကိုလဲ မုန့်ဖိုးအများကြီးပေးကြတယ်ဆိုတော့ လျှို့ဝှက်ထားစရာမလိုဘူးလို့ ထင်သွားကြတယ်။

ကလေးတွေက အားကျမှုအပြည့်နဲ့ ပြောနေကြတယ်။ ဒါပေမဲ့ အမေချောင်ကတော့ ကြောင်သွားတယ်။

သူမက ချောင်ယွမ့်ကိုချစ်ပါတယ်။ ပြီးတော့ ချောင်ယွမ့်ကိုလဲ မုန့်ဖိုးမကြာခဏဆိုသလို ပေးလေ့ရှိတယ်။ ဒါပေမဲ့ အဲ့တာက ပုံမန်ဆို အများကြီးမဟုတ်ပါဘူး။ တစ်ခါတစ်လေ ၂၀ ၃၀လောက်၊ တစ်ခါတစ်လေ ၅၀လောက်ပေါ့။ အများဆုံးမှ ယွမ်၁၀၀လောက်ပဲ ပေးဖူးတာလေ။ ချောင်ယွမ်က ဘယ်နေရာကနေပြီး ဒီလောက်ပိုက်ဆံအများကြီးရှိသွားပြီးး သူ့အတန်းဖော်တွေကို မုန့်ခေါ်ကျွေးနိုင်ရတာလဲ။

သူ စုထားခဲ့တာများလား??

ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ ချောင်ယွမ်က ပိုက်ဆံစုနိုင်တဲ့သူ လုံးဝမဟုတ်ဘူး။ ပြီးတော့ သူမဆီကိုလဲ ရက်အနည်းငယ်ခြားတိုင်း မုန့်ဖိုးတောင်းနေတာလေ။ ဘယ်လိုလုပ်စုလို့ရမှာလဲ။

နောက်ဆုံးတော့ အမေချောင်က တစ်ခုခုမှားနေတယ်ဆိုတာကို သတိထားမိသွားပြီ။ ပြီးတော့ မီးဖိုချောင်ထဲမှာ ရှိနေတဲ့ အဖေချောင်ကို လှမ်းကြည့်လိုက်တယ်။ အမေချောင်က မျက်မှောင်ကျုံ့လိုက်ပြီး ချောင်ယွမ်ကပိုက်ဆံတွေကို ဘယ်ကရတယ်လို့ပြောလဲလို့ ကလေးတွေကို မေးလိုက်တယ်။ အဲ့ကျတော့ ကလေးတစ်ယောက်က သူမကိုပြောတယ် ချောင်ယွမ်က အဲ့ပိုက်ဆံက အရမ်းချမ်းသာတဲ့ သူ့ရဲ့ဒုတိယအစ်မက သူ့မိဘတွေကို ပေးတာ၊ ပြီးတော့ သူ့ကို သူ့မိဘတွေက ပေးတာလို့ ပြောတာတဲ့။

သူ့စကားတွေက သူမနားထဲကို ရောက်လာတော့ အမေချောင် ခေါင်းတွေမူးလာသလိုခံစားလာရတယ်။ ပြီးတော့ သူမလက်ထဲက ဇွန်းက မြေပြင်ပေါ်ကျသွားတယ်။

ချောင်လန်အိမ်ပြန်မလာတာ ၁၀ရက်လောက်ရှိနေပြီ။ ဒါပေမဲ့ ချောင်မိသားစုက ဒါကို စိတ်ထဲမထားကြဘူး။ ဒုတိယအစ်မချောင်ငယ်တုန်းကလဲ ဒီလိုပဲ အိမ်ကနေ ၁လ ၂လလောက်ထွက်သွားဖူးတာပဲ။ ပြီးတော့ အကောင်းအတိုင်းပဲ ပြန်ရောက်လာတာလေ။ သူတို့စိတ်တိုတာက ချောင်လန်က ပိုက်ဆံကို ခိုးသွားခဲ့တယ်ဆိုတာကိုပဲ။

ဥပမာပြောရရင် သူတို့ကပြောတယ် ချောင်လန်က သူမအတောင်စုံလာပြီဆိုပြီး ရဲတင်းလာတယ်ပေါ့။ ရဲတင်းလွန်းတာမှ အခုဆို သူတို့ပြောစကားကို နားမထောင်တော့ဘူးပေါ့။ သူမအကြောင်းတွေးလိုက်တိုင်း သူတို့က အရမ်းစိတ်တိုလာရတယ်။ ပြီးတော့ ဒီတစ်ခေါက် အဖေချောင်ကတောင်မှ ချောင်လန် အိမ်ကနေ ထွက်ပြေးသွားတာကို မကျေမနပ်ဖြစ်နေတယ်။ ချောင်လန်ပြန်လာရင် နောက်ထပ် ထပ်မပြေးနိုင်အောင် သူမကို ကြိုးတုပ်ထားမယ်လို့ သူက အကြိမ်ပေါင်းများစွာပြောနေတယ်။

ဒါပေမဲ့ ချောင်လန်ပြန်မလာသေးခင်မှာပဲ ပိုက်ဆံတွေခိုးသွားတာက ချောင်လန် မဖြစ်နိုင်ဘူးဆိုတာကို အမေချောင်က မတော်တဆ ရှာတွေ့သွားတယ်။

အဲ့တာက ချောင်ယွမ်ပဲ။

အမေချောင်က ချောင်ယွမ့်အတန်းဖော်တွေပြန်တာကိုစောင့်နေတယ်။ သူတို့ပြန်သွားတော့မှ သူမက ခြေမကိုင်မိလက်မကိုင်မိတွေ ဖြစ်လာတယ်။ သူမက အဖေချောင့်ကို အိမ်မှာ တစ်ခုခုလုပ်စရာရှိလို့ လို့ပြောပြီး အမြန်ထွက်လာခဲ့တယ်။ ပြီးတော့ ချောင်ယွမ့်အခန်းထဲကို တိုက်ရိုက်ဝင်သွားခဲ့တယ်။

ချောင်ယွမ်က လန့်သွားခဲ့တယ်။ သူက အိမ်မှာဆို အမြဲအလိုလိုက်ခံထားရတာလေ။ အဲ့တော့ သူ့အမေက သူ့လွယ်အိတ်ကို ဆွဲလုတာကို မြင်လိုက်တော့ သူ့မျက်နှာမှာ စိတ်မရှည်တဲ့ မျက်နှာထားပေါ်လာပြီး " အမေ ဘာလုပ်တာလဲ!!! "

သူက သူ့လွယ်အိတ်ကို ပြန်လုဖို့ ကြိုးစားတယ်။ ဘာလို့လဲဆိုတော့ သူ့ကျောင်းလွယ်အိတ်ထဲမှာ အမေချောင်မြင်လို့မရတဲ့ ပစ္စည်းတွေရှိနေလို့လေ။

အဆုံးမှာတော့ ပုံမန်ဆို သူ့ကိုစကားလေးနဲ့တောင် ကြမ်းကြမ်းတမ်းတမ်း မဆူရက်တဲ့ အမေချောင်က သူ့လက်ကို ဖြတ်ရိုက်လိုက်ပြီး သူ့ကို အသံမာမာနဲ့ ထိုင်နေ လို့ပြောခဲ့တယ်။

ချောင်ယွမ်က ကြောက်တာရော လန့်တာရော ဖြစ်သွားတယ်။ ပြီးတော့ သူ့စိတ်ထဲမှာ မကောင်းတာဖြစ်တော့မယ်လို့ ခံစားလာရတယ်။

အဲ့မှာ အမေချောင်က သူ့လွယ်အိတ်ထဲကနေ သူခုနလေးကမှ ဝယ်လာခဲ့တဲ့ စိတ်ကူးယဥ်ဝတ္ထု စာအုပ် ၃အုပ်ကို ထုတ်လိုက်တာကို တွေ့လိုက်ရတယ်။ ပြီးတော့ ကလစ်လေးထည့်ထားတဲ့ မဖွင့်ရသေးတဲ့ ပါကင်ဘူးလေးကိုရောပေါ့။ အဲ့တာက လွန်ခဲ့တဲ့၂ရက်တုန်းက သူ ယောင်စစ်မုန့်အတွက် ဝယ်ထားတဲ့ မွေးနေ့လက်ဆောင်လေးလေ။

Zawgyi
စာသင္ႏွစ္ဝက္ေရာက္သြားတာမလို႔ ေခ်ာင္လန္က အခုအခ်ိန္မွာေတာ့ အေဆာင္မွာ ေနလို႔ရတယ္။ ဒါေပမဲ့ သူမအခန္းထဲက အခန္းေဖာ္ေတြနဲ႔ ေတာ့ တူတူမက်ေတာ့ဘူးေပါ့။

အဲ့တာေၾကာင့္ ေခ်ာင္လန္႔ အေဆာင္အခန္းေဖာ္ေတြက မတူတဲ့အခန္း ေက်ာင္းသူေတြပဲ ျဖစ္တယ္။ ၿပီးေတာ့ သူတို႔က အေဆာင္မွာ ၂လ ၃လေလာက္ ေနၿပီးေနၾကၿပီ။

အေဆာင္တစ္ခန္းမွာ ၈ေယာက္ေနရတယ္။ ေခ်ာင္လန္ ေျပာင္းလာတဲ့ အေဆာင္အခန္းက၃ေယာက္ပဲ ရွိေသးတယ္။ က်န္တာေတြက လြတ္ေနေသးတယ္။ ေခ်ာင္လန္ အပါအဝင္ဆိုမွ အခုမွ၄ေယာက္ပဲ ရွိေသးတယ္။

ေခ်ာင္လန္က ေခ်ာင္မိသားစုအိမ္ကိုျပန္ၿပီး ဘာပစၥည္းမသြားမယူခဲ့ဘူး။ သူမအတြက္ အဖိုးတန္တဲ့ ပစၥည္းေတြကို သူမက အိမ္မွာ သိမ္းမထားဘူးေလ။ အိမ္မွာက အဝတ္အစားတစ္ခ်ိဳ႕နဲ႔ စာအုပ္တစ္ခ်ိဳ႕ပဲ ရွိတာ။

အထက္တန္းေက်ာင္းသား ေက်ာင္းသူေတြက အခ်ိန္တိုင္းနီးပါး ယူနီေဖာင္းဝတ္ေနရတာဆိုေတာ့ ဝတ္စရာ အဝတ္အစား အမ်ားႀကီးမလိုဘူး။ အခုရာသီဥတုကလဲ ေႏြးလာၿပီဆိုေတာ့ အက်ႌအထူႀကီးေတြလဲ ဝတ္စရာမလိုေတာ့ဘူး။ သူမ အြန္လိုင္းကေန ရွပ္အက်ႌတစ္ခ်ိဳ႕နဲ႔ တစ္ျခားလိုတဲ့ ပစၥည္းေတြကို ဝယ္လိုက္ရင္ ရၿပီ။

သူမ ေျပာင္းလာေတာ့ ပိတ္ရက္ျဖစ္ေနတယ္။ အေဆာင္မွာ ေကာင္မေလးေတြ အမ်ားႀကီးပဲ ရွိၾကတယ္။

သူတို႔အားလုံးက အထက္တန္းပထမႏွစ္ေက်ာင္းသူေတြပဲ ျဖစ္တယ္။ သူတို႔ထဲက တစ္ခ်ိဳ႕က ေခ်ာင္လန္႔ကို အျပင္မွာ မေတြ႕ဘူးရင္ေတာင္ သူမနာမည္ကို ၾကားဖူးၾကတယ္။ ဘာပဲေျပာေျပာ စာေမးပြဲတိုင္းမွာ သူမနာမည္က ထိပ္ဆုံးအဆင့္ေတြမွာ ရွိေနတာကိုး။ ေခ်ာင္လန္နဲ႔ တစ္ခန္းထဲက်တဲ့ အေဆာင္ခန္းက ေကာင္မေလးေတြက သူတို႔ရဲ႕ အခန္းေဖာ္အသစ္က ေခ်ာင္လန္ဆိုတာလဲ ၾကားလိုက္ရေရာ သူတို႔လဲ ေခ်ာင္လန္လာမွာကို ေစာင့္ေနၾကတယ္။

အားလုံးမွာ ထိပ္တန္းေက်ာင္းသားေက်ာင္းသူေတြနဲ႔ အဆက္အဆံလုပ္ခ်င္ၾကတဲ့ စိတ္ရွိၾကေပမဲ့ သူတို႔အေပၚကို ဘက္လိုက္တဲ့အျမင္ကလဲ အၿမဲတမ္းရွိၾကတာပဲ။ ဥပမာေျပာရရင္ စာေတာ္တဲ့ ကေလးေတြက စာၾကမ္းပိုးေတြ၊ သူတို႔က ေကာင္းေကာင္း စကားမေျပာႏိုင္ၾကဘူးလို႔ထင္ၾကတယ္။ မထင္မွတ္စြာပဲ တစ္ႏွစ္လုံးမွာ အေကာင္းဆုံးအဆင့္ေတြပဲ ရခဲ့တဲ့ ေကာင္မေလးက တစ္ကယ္ေတာ့ အရမ္းေျပာရဆိုရလြယ္တဲ့သူ ျဖစ္ေနခဲ့တယ္။

ေခ်ာင္လန္က သူမရဲ႕အတန္းေဖာ္ေတာ္ေတာ္မ်ားမ်ားနဲ႔ သိပ္စကားမေျပာဘူး။ ဒါေပမဲ့ ဒါကေတာ့ သူမရဲ႕အခန္းေဖာ္အသစ္ေလးေတြနဲ႔ေတာ့ မဆိုင္ဘူးေပါ့။ သူတို႔အားလုံးက ၁၅ႏွစ္ ၁၆ႏွစ္အ႐ြယ္ေကာင္မေလးေတြပဲေလ။ ရက္အနည္းငယ္ေလာက္ေတြ႕ၿပီးသြားတဲ့အခါမွာေတာ့ သူတို႔က သိပ္မဆိုးဘူးလို႔ သူမခံစားလာရတယ္။ ေခ်ာင္လန္ရဲ႕ အေဆာင္ေန႔စဥ္ဘဝက သူမထင္ထားတာထက္ အမ်ားႀကီးပိုစိတ္ေက်နပ္စရာေကာင္းေနတယ္။

တစ္ခုတည္းေသာစိတ္ရႈပ္စရာေကာင္းတဲ့အရာကေတာ့ ဒီကေလးမေတြက သူတို႔အခ်ိန္ရတဲ့ အခ်ိန္တိုင္း သူမကို ခ်န္ေယာင္းရန္အေၾကာင္း ေမးေနၾကတာပဲ။

ခ်န္ေယာင္းရန္က ေခ်ာလား?

သူက ဒီတိုင္းျဖစ္သလို စာၾကည့္႐ုံနဲ႔ စာေမးပြဲေတြကို ေျဖႏိုင္တယ္ဆိုတာ အမွန္ပဲလား?

ခ်န္ေယာင္းရန္က စုန္႔ေယာင္နဲ႔ ႀကိဳက္ေနတာလား.....

" သူက ေခ်ာပါတယ္ "

" မဟုတ္ဘူး။သူက စာနဲ႔ပတ္သက္ရင္ ေလးေလးနက္နက္ရွိပါတယ္။ "

" ငါမသိဘူး "

သူမ တစ္ကယ္မသိပါဘူးေနာ္။ ေခ်ာင္လန္က ခ်န္ေယာင္းရန္ကို ဘယ္တုန္းကမွ မသိခဲ့ဘူး။ အထူးသျဖင့္ ခ်န္ေယာင္းရန္နဲ႔ စုန္႔ေယာင္တို႔က သူမနဲ႔ ေဝးတဲ့ေနရာမွာ ထိုင္ေနတဲ့ အခ်ိန္မွာေပါ့။ ေခ်ာင္လန္က သူတို႔၂ေယာက္ရဲ႕ ဆက္ဆံေရးကို တစ္ခုမွ မသိပါဘူးေနာ္။

ေကာင္မေလးေတြက သူတို႔ေမးလို႔ရသမွ် အကုန္ေမးတယ္။ ဒါေပမဲ့ ၾကည့္ရတာ ေခ်ာင္လန္က တစ္ကယ္ပဲ မသိဘူးနဲ႔တူတယ္။ သူတို႔က နည္းနည္းေတာ့ စိတ္ပ်က္သြားတယ္။ ဒါေပမဲ့ ဒါက တအားႀကီးေတာ့ ဘာမွျဖစ္မသြားပါဘူး။

ေယာက္်ားေလးေတြအေဆာင္မွာ အမ်ာဆုံးေျပာၾကတဲ့ အေၾကာင္းအရာက ေကာင္မေလးေတြအေၾကာင္းဆိုရင္ ေကာင္မေလးေတြ ေျပာရတာ အႀကိဳက္ဆုံးအေၾကာင္းကလဲ ေကာင္ေလးေတြအေၾကာင္းပဲ ျဖစ္တယ္။ သူတို႔ေတြက ၾကည့္ေကာင္းၿပီး ႐ုပ္ေခ်ာတဲ့လူေတြအေၾကာင္း အတင္းအဖ်င္းေျပာရတာကို အႏွစ္သက္ဆုံးအ႐ြယ္ေတြပဲေလ။ သူတို႔က ခ်န္ေယာင္းရန္အေၾကာင္းကို ဘာမွရွာလို႔မရေတာ့ ထန္းေမာ့ဘက္ကို လွည့္လာၾကတယ္။

အားလုံးက ဥာဏ္ႀကီးရွင္အေၾကာင္းကို စပ္စုခ်င္ေနၾကတယ္။ အထူးသျဖင့္ သူက မထင္မွတ္ထားေလာက္ေအာင္ ႐ုပ္ေခ်ာေနတဲ့ အခ်ိန္မွာေပါ့။

ေကာင္မေလးတစ္ေယာက္က ေျပာလိုက္တယ္။ " ထန္းေမာ့က တစ္ကယ္ၾကည့္လို႔ေကာင္းတယ္။ တစ္ခါတုန္းကဆိုရင္ ငါသူ႔ကို အၾကာႀကီး စိုက္ၾကည့္ေနဖူးတယ္။ ဒါေပမဲ့ သူ႔ၾကည့္ရတာ စိတ္ဆိုးသြားသလိုပဲ။ အဲ့တာနဲ႔ ငါလဲ ေၾကာက္သြားၿပီး သူ႔ကို ထပ္မၾကည့္ရဲေတာ့ဘူး။ "

" ဟုတ္လား။ ငါလဲ သူ႔ကို နည္းနည္းေတာ့ ေၾကာက္တယ္။ "

" ေခ်ာင္လန္ ထန္းေမာ့က တစ္ကယ္ပဲ စကားနည္းၿပီး ေအးစက္စက္ႏိုင္တာလား။ သူက အရမ္းေတာ္တယ္လို႔ လူေတြအမ်ားႀကီးေျပာတာကိုေတာ့ ငါၾကားဖူးတယ္။ အဲ့တာေၾကာင့္ သူက တစ္ျခားသူေတြကို လုံးဝစကားမေျပာခ်င္တာလား...... "

ေခ်ာင္လန္က အင္အားအျပည့္နဲ႔ ျပန္ျဖစ္လာတယ္။ ခ်န္ေယာင္းရန္အေၾကာင္းေျပာေနတုန္းက သူမရဲ႕ ဘာသိဘာသာအျပဳအမူကို ျပင္လိုက္ၿပီး အျမန္ျပန္ေျပာလိုက္တယ္။ " သူက အရမ္းေတာ္တယ္။ ဒါေပမဲ့ သူက တစ္ကယ္တမ္း ေျပာရဆိုရလဲ လြယ္ပါတယ္ဟ။ သူက စကားေျပာနည္းတာပဲ ရွိတာပါ။ တစ္ကယ္ေတာ့ သူ႔ရဲ႕ personality က အရမ္း သိမ္ေမြ႕တယ္။ သူက လူေတြနဲ႔ နီးနီးကပ္ကပ္ေနရတာကို က်င့္သားမရေသးတာပဲ ရွ္တာပါ။ ေအးစက္စက္ႏိုင္တာ မဟုတ္ပါဘူး။ သူ႔ကို စိတ္ရွည္ရွည္ထားၿပီးသာ စကားေျပာရင္ရတယ္။ သူက ရယ္ရတာ ၿပဳံးရတာမႀကိဳက္ဘူးေလ။ အဲ့တာေၾကာင့္ သူက နည္းနည္းၾကမ္းတမ္းတဲ့ပုံေပၚေနတာပါ။ "

" ေခ်ာင္လန္ နင္က ထန္းေမာ့အေၾကာင္းေျပာတဲ့အခ်ိန္က် တစ္ျခားသူတစ္ေယာက္ျဖစ္သြားသလိုပဲေနာ္။ " ေကာင္မေလးတစ္ေယာက္က ရယ္လိုက္တယ္။ " နင္က သူ႔အေၾကာင္းကို ဘာလို႔ ဒီေလာက္ေကာင္းေကာင္းသိေနရတာလဲ။ "

" ငါတို႔က တစ္စားပြဲထဲ ထိုင္တာေလ။ " ေခ်ာင္လန္က ေျပာလိုက္တယ္။ " ေသခ်ာေပါက္ ငါသူ႔အေၾကာင္းကို သိတာေပါ့။ "

လူေတြက ထန္းေမာ့ကို ႐ူးေနတာ တုံးလိုက္တာ လို႔ေတာ့ မေျပာၾကေတာ့ဘူး။ ဒါေပမဲ့ ကံမေကာင္းစြာနဲ႔ပဲ လူနည္းနည္းေလးကပဲ ထန္းေမာ့ကို စကားသြားေျပာရဲေသးတယ္။ သူနဲ႔ အဆက္အသြယ္လုပ္ၾကေသးတယ္။ ခုနကေျပာလိုက္တဲ့ ေကာင္မေလးလိုေပါ့။ သူတို႔က ထန္းေမာ့ကို နည္းနည္းေတာ့ ေၾကာက္ေနၾကေသးတယ္။

ဥာဏ္ႀကီးရွင္ဆိုတဲ့ စကားလုံးက လူေတြကို အထင္ႀကီးေလးစားေစၿပီး လူေတြနဲ႔လဲ ေဝးကြာေစတယ္။

ထန္းေမာ့က မ်က္ႏွာေသႀကီးနဲ႔ ဆိုေတာ့ ပိုဆိုးေပါ့။ အဲ့ေတာ့ သူက အၿမဲတမ္း ဘယ္သူမ အဆက္အဆံလုပ္လို႔မရတဲ့ ေအးစက္မာေက်ာတဲ့ ေက်ာက္တုံးနံရံႀကီးျဖစ္ေနေတာ့တာေပါ့။

အားလုံးက ထန္းေမာ့ကို အထင္အျမင္လြဲမွားေနၾကတာမ်ိဳးကို ေခ်ာင္လန္က မျဖစ္ေစခ်င္ဘူး။ သူက ၾကင္နာတက္ၿပီး အျပစ္ကင္းစင္တဲ့ ေကာင္ေလးတစ္ေယာက္ပါ။ သူမက တစ္ျခားသူေတြကို ထန္းေမာ့က ေကာင္းတဲ့လူတစ္ေယာက္ဆိုတာ သိေစခ်င္တယ္။ အဲ့တာမွ သူတို႔က သူနဲ႔ ရင္းႏီွးလာၿပီး သူ႔ကို သေဘာက်လာၾကေအာင္ေပါ့။

သူမက ထန္းေမာ့ကို ေျဖးေျဖးခ်င္း ပုံမန္လူလို ျဖစ္လာေစခ်င္တယ္။ အဲ့တာမွ သူ ရယ္ႏိုင္လာၿပီး သူငယ္ခ်င္းေတြရွိလာမွာေပါ့။

ဒါက ခက္ခဲတယ္ဆိုေပမဲ့ မျဖစ္ႏိုင္ဘူး လုပ္လို႔မရဘူးဆိုတာ ဘာမွမရွိဘူးေလ။ ဒီေကာင္မေလးေတြ ထန္းေမာ့အေပၚ အျမင္သစ္ရလာတာကို ၾကည့္ၿပီး ေခ်ာင္လန္က ေနလို႔ပိုေကာင္းလာတယ္။

မ်က္စိတစ္မိတ္အတြင္းမွာပဲ ေခ်ာင္လန္ အေဆာင္မွာ ေနတာ တစ္ပတ္ျပည့္သြားၿပီ။ အေဖေခ်ာင္နဲ႔ အေမေခ်ာင္တို႔က ေခ်ာင္လန္ျပန္လာတာကို ေစာင့္မေနခဲ့ဘူး။ သူမဘယ္ကိုထြက္သြားတာလဲဆိုတာ သူတို႔စိတ္မဝင္စားခင္မွာပဲ ႐ုတ္တရက္ ကိစၥတစ္ခု ျဖစ္သြားခဲ့တယ္။

ေန႔လည္ခင္းတစ္ခုမွာ ေက်ာင္းသားတစ္ခ်ိဳ႕က စားေသာက္ဆိုင္ေသးေသးေလးကို ေရာက္လာခဲ့ၾကတယ္။ အေမေခ်ာင္က ေပ်ာ္တာေပါ့။ ဒီကေလးေတြက ေခ်ာင္ယြမ့္သူငယ္ခ်င္းေတြဆိုတာ သူမသိတယ္ေလ။ သူတို႔က ဒီကို မၾကာခဏလာစားေနၾကေလ။ အဲ့တာေၾကာင့္လဲ အေမေခ်ာင္က သူတို႔ကို ပိုက္ဆံေလွ်ာ့ေကာက္ေလ့ရွိတယ္။

ကေလးေတြကလဲ ခဏခဏလာေနၾကဆိုေတာ့ အေမေခ်ာင္နဲ႔ စကားေျပာတဲ့ေနရာမွာ ဘာအထစ္အေငါ့မွ မရွိၾကဘူး။ သူတို႔စကားေျပာေနရင္းနဲ႔ အေမေခ်ာင္က မူမမွန္တာတစ္ခုခုကို ၾကားလိုက္မိတယ္။

ကေလးတစ္ေယာက္ကေျပာတယ္ သူက ေခ်ာင္ယြမ့္ကို အရမ္းအားက်တာပဲတဲ့။ ဘာလို႔လဲဆိုေတာ့ အေဖေခ်ာင္တဲ့ အေမေခ်ာင္တို႔က ေခ်ာင္ယြမ့္ကို မုန္႔ဖိုးခဏခဏေပးတာမလို႔တဲ့။ ၿပီးေတာ့ ေပးရင္လဲ အမ်ားႀကီးေတြေပးလို႔တဲ့။ ဒါကို ၾကားလိုက္ရေတာ့ အေမေခ်ာင္က သိပ္မေတြးမိဘူး။ အဲ့အစား သူမက ဂုဏ္ေတာင္ယူေနေသးတယ္။

ဒါေပမဲ့ သူတို႔ကမၾကာေသးခင္တုန္းကပဲ အကင္သြားစားၾကတာ၊ အဲ့မွာ ေခ်ာင္ယြမ္က ပိုက္ဆံအကုန္ကို ရဲရဲတင္းတင္းပဲ ရွင္းေပးခဲ့တာ၊ ၿပီးေတာ့ ယြမ္၆၀၀နီးပါးေလာက္ကို သုံးခဲ့တာ လို႔ ကေလးတစ္ေယာက္ေျပာတာကို သူမၾကားလိုက္ရတယ္။

ကေလးေတြက သတို႔အရမ္းအားက်ၾကတာပဲ လို႔ေျပာၾကတယ္။ သူတို႔အားလုံးက အလယ္တန္းေက်ာင္းသားေလးေတြေလ။ သူတို႔လက္ထဲမွာ ယြမ္၁၀ ၂၀ေလာက္ရွိရင္ကို ကံေကာင္းေနၿပီ။ ေခ်ာင္ယြမ္ကေတာ့ အကင္ဖိုးကိုေတာင္ ယြမ္၆၀၀ဖိုးေလာက္ျဖဳန္းႏိုင္တယ္ဆိုေတာ့ အဲ့တာက အရမ္းမိုက္တာေပါ့။

ဒါေပမဲ့ ဘာပဲေျပာေျပာ သူတို႔က ေခ်ာင္ယြမ့္သူငယ္ခ်င္းေတြဆိုေတာ့ သူတို႔က တစ္ခ်ိဳ႕အေၾကာင္းအရာေတြကိုေတာ့ ထိန္ခ်န္ခဲ့တယ္။ ဥပမာေျပာရရင္ ေခ်ာင္ယြမ္က သူတို႔ကို အကင္ေခၚေကြၽးတာက အဓိကအေၾကာင္းရင္းက သူက အတန္းထဲကေကာင္မေလးတစ္ေယာက္ကို ဖိတ္ခ်င္လို႔ဆိုတာကိုေပါ့။ အဲ့ေကာင္မေလးက အရမ္း အရမ္းကို လွတာေလ။

ကေလးေတြအကုန္လုံးက ဒီလိုအေၾကာင္းေတြကို အလိုလို လွ်ိဳ႕ဝွက္ထားၾကၿပီး ဘယ္ေတာ့မွ သူတို႔မိဘေတြကို ျပန္မေျပာၾကဘူး။ ဒါေပမဲ့ အေဖေခ်ာင္နဲ႔ အေမေခ်ာင္တို႔က ေခ်ာင္ယြမ့္ကို တအားခ်စ္တာေလ။ ၿပီးေတာ့ သူ႔ကိုလဲ မုန္႔ဖိုးအမ်ားႀကီးေပၾကတယ္ဆိုေတာ့ လွ်ိဳ႕ဝွက္ထားစရာမလိုဘူးလို႔ ထင္သြားၾကတယ္။

ကေလးေတြက အားက်မႈအျပည့္နဲ႔ ေျပာေနၾကတယ္။ ဒါေပမဲ့ အေမေခ်ာင္ကေတာ့ ေၾကာင္သြားတယ္။

သူမက ေခ်ာင္ယြမ့္ကိုခ်စ္ပါတယ္။ ၿပီးေတာ့ ေခ်ာင္ယြမ့္ကိုလဲ မုန္႔ဖိုးမၾကာခဏဆိုသလို ေပးေလ့ရွိတယ္။ ဒါေပမဲ့ အဲ့တာက ပုံမန္ဆို အမ်ားႀကီးမဟုတ္ပါဘူး။ တစ္ခါတစ္ေလ ၂၀ ၃၀ေလာက္၊ တစ္ခါတစ္ေလ ၅၀ေလာက္ေပါ့။ အမ်ားဆုံးမွ ယြမ္၁၀၀ေလာက္ပဲ ေပးဖူးတာေလ။ ေခ်ာင္ယြမ္က ဘယ္ေနရာကေနၿပီး ဒီေလာက္ပိုက္ဆံအမ်ားႀကီးရွိသြားၿပီးး သူ႔အတန္းေဖာ္ေတြကို မုန္႔ေခၚေကြၽးႏိုင္ရတာလဲ။

သူ စုထားခဲ့တာမ်ားလား??

ဘယ္လိုလုပ္ျဖစ္ႏိုင္မွာလဲ။ ေခ်ာင္ယြမ္က ပိုက္ဆံစုႏိုင္တဲ့သူ လုံးဝမဟုတ္ဘူး။ ၿပီးေတာ့ သူမဆီကိုလဲ ရက္အနည္းငယ္ျခားတိုင္း မုန္႔ဖိုးေတာင္းေနတာေလ။ ဘယ္လိုလုပ္စုလို႔ရမွာလဲ။

ေနာက္ဆုံးေတာ့ အေမေခ်ာင္က တစ္ခုခုမားေနတယ္ဆိုတာကို သတိထားမိသြားၿပီ။ ၿပီးေတာ့ မီးဖိုေခ်ာင္ထဲမွာ ရွိေနတဲ့ အေဖေခ်ာင္ကို လွမ္းၾကည့္လိုက္တယ္။ အေမေခ်ာင္က မ်က္ေမွာင္က်ဳံ႕လိုက္ၿပီး ေခ်ာင္ယြမ္ကပိုက္ဆံေတြကို ဘယ္ကရတယ္လို႔ေျပာလဲလို႔ ကေလးေတြကို ေမးလိုက္တယ္။ အဲ့က်ေတာ့ ကေလးတစ္ေယာက္က သူမကိုေျပာတယ္ ေခ်ာင္ယြမ္က အဲ့ပိုက္ဆံက အရမ္းခ်မ္းသာတဲ့ သူ႔ရဲ႕ဒုတိယအစ္မက သူ႔မိဘေတြကို ေပးတာ၊ ၿပီးေတာ့ သူ႔ကို သူ႔မိဘေတြက ေပးတာလို႔ ေျပာတာတဲ့။

သူ႔စကားေတြက သူမနားထဲကို ေရာက္လာေတာ့ အေမေခ်ာင္ ေခါင္းေတြမူးလာသလိုခံစားလာရတယ္။ ၿပီးေတာ့ သူမလက္ထဲက ဇြန္းက ေျမျပင္ေပၚက်သြားတယ္။

ေခ်ာင္လန္အိမ္ျပန္မလာတာ ၁၀ရက္ေလာက္ရွိေနၿပီ။ ဒါေပမဲ့ ေခ်ာင္မိသားစုက ဒါကို စိတ္ထဲမထားၾကဘူး။ ဒုတိယအစ္မေခ်ာင္ငယ္တုန္းကလဲ ဒီလိုပဲ အိမ္ကေန ၁လ ၂လေလာက္ထြက္သြားဖူးတာပဲ။ ၿပီးေတာ့ အေကာင္းအတိုင္းပဲ ျပန္ေရာက္လာတာေလ။ သူတို႔စိတ္တိုတာက ေခ်ာင္လန္က ပိုက္ဆံကို ခိုးသြားခဲ့တယ္ဆိုတာကိုပဲ။

ဥပမာေျပာရရင္ သူတို႔ကေျပာတယ္ ေခ်ာင္လန္က သူမအေတာင္စုံလာၿပီဆိုၿပီး ရဲတင္းလာတယ္ေပါ့။ ရဲတင္းလြန္းတာမွ အခုဆို သူတို႔ေျပာစကားကို နားမေထာင္ေတာ့ဘူးေပါ့။ သူမအေၾကာင္းေတြးလိုက္တိုင္း သူတို႔က အရမ္းစိတ္တိုလာရတယ္။ ၿပီးေတာ့ ဒီတစ္ေခါက္ အေဖေခ်ာင္ကေတာင္မွ ေခ်ာင္လန္ အိမ္ကေန ထြက္ေျပးသြားတာကို မေက်မနပ္ျဖစ္ေနတယ္။ ေခ်ာင္လန္ျပန္လာရင္ ေနာက္ထပ္ ထပ္မေျပးႏိုင္ေအာင္ သူမကို ႀကိဳးတုပ္ထားမယ္လို႔ သူက အႀကိမ္ေပါင္းမ်ားစြာေျပာေနတယ္။

ဒါေပမဲ့ ေခ်ာင္လန္ျပန္မလာေသးခင္မွာပဲ ပိုက္ဆံေတြခိုးသြားတာက ေခ်ာင္လန္ မျဖစ္ႏိုင္ဘူးဆိုတာကို အေမေခ်ာင္က မေတာ္တဆ ရွာေတြ႕သြားတယ္။

အဲ့တာက ေခ်ာင္ယြမ္ပဲ။

အေမေခ်ာင္က ေခ်ာင္ယြမ့္အတန္းေဖာ္ေတြျပန္တာကိုေစာင့္ေနတယ္။ သူတို႔ျပန္သြားေတာ့မွ သူမက ေျခမကိုင္မိလက္မကိုင္မိေတြ ျဖစ္လာတယ္။ သူမက အေဖေခ်ာင့္ကို အိမ္မွာ တစ္ခုခုလုပ္စရာရွိလို႔ လို႔ေျပာၿပီး အျမန္ထြက္လာခဲ့တယ္။ ၿပီးေတာ့ ေခ်ာင္ယြမ့္အခန္းထဲကို တိုက္႐ိုက္ဝင္သြားခဲ့တယ္။

ေခ်ာင္ယြမ္က လန္႔သြားခဲ့တယ္။ သူက အိမ္မွာဆို အၿမဲအလိုလိုက္ခံထားရတာေလ။ အဲ့ေတာ့ သူ႔အေမက သူ႔လြယ္အိတ္ကို ဆြဲလုတာကို ျမင္လိုက္ေတာ့ သူ႔မ်က္ႏွာမွာ စိတ္မရွည္တဲ့ မ်က္ႏွာထားေပၚလာၿပီး " အေမ ဘာလုပ္တာလဲ!!! "

သူက သူ႔လြယ္အိတ္ကို ျပန္လုဖို႔ ႀကိဳးစားတယ္။ ဘာလို႔လဲဆိုေတာ့ သူ႔ေက်ာင္းလြယ္အိတ္ထဲမွာ အေမေခ်ာင္ျမင္လို႔မရတဲ့ ပစၥည္းေတြရွိေနလို႔ေလ။

အဆုံးမွာေတာ့ ပုံမန္ဆို သူ႔ကိုစကားေလးနဲ႔ေတာင္ ၾကမ္းၾကမ္းတမ္းတမ္း မဆူရက္တဲ့ အေမေခ်ာင္က သူ႔လက္ကို ျဖတ္႐ိုက္လိုက္ၿပီး သူ႔ကို အသံမာမာနဲ႔ ထိုင္ေန လို႔ေျပာခဲ့တယ္။

ေခ်ာင္ယြမ္က ေၾကာက္တာေရာ လန္႔တာေရာ ျဖစ္သြားတယ္။ ၿပီးေတာ့ သူ႔စိတ္ထဲမွာ မေကာင္းတာျဖစ္ေတာ့မယ္လို႔ ခံစားလာရတယ္။

အဲ့မွာ အေမေခ်ာင္က သူ႔လြယ္အိတ္ထဲကေန သူခုနေလးကမွ ဝယ္လာခဲ့တဲ့ စိတ္ကူးယဥ္ဝတၳဳ စာအုပ္ ၃အုပ္ကို ထုတ္လိုက္တာကို ေတြ႕လိုက္ရတယ္။ ၿပီးေတာ့ ကလစ္ေလးထည့္ထားတဲ့ မဖြင့္ရေသးတဲ့ ပါကင္ဘူးေလးကိုေရာေပါ့။ အဲ့တာက လြန္ခဲ့တဲ့၂ရက္တုန္းက သူ ေယာင္စစ္မုန္႔အတြက္ ဝယ္ထားတဲ့ ေမြးေန႔လက္ေဆာင္ေလးေလ။

Continue Reading