system 091

By TeeKo0

1.1M 122K 5.8K

wang yibo 💞 xiao zhan [ကျေးဇူးပြုပြီးအုန်းသီးကိုလေးစားပါ] ^^^^^^^^^^^ ^^^^ [ေက်းဇူးျပဳၿပီးအုန္းသီးကိုေလးစားပ... More

intro
Character introduction
(1.2)
(1.3)
(1.4)
(1.5)
(1.6)
(1.7)
(1.8)
(1.9)
(1.10)
(1.11)
(1.12)
(1.13)
(1.14)
(1.15)End....
Arc(2)
Character introduction
(2.1)
(2.2)
(2.3)
(2.4)
(2.5)
(2.6)
(2.7)
(2.8)
(2.9)
(2.10)
(2.11)
(2.12)
(2.13)
(2.14)
(2.15)
(2.16)
(2.17)
(2.18)
(2.19)
(2.20)End....
Arc(3)
Character introduction
(3.1)
(3.2)
(3.3)
(3.4)
(3.5)
(3.6)
(3.7)
(3.8)
(3.9)
(3.10)
(3.11)
(3.12)
(3.13)
(3.14)
(3.15)
(3.16)
(3.17)
(3.18)
(3.19)
(3.20)End....
Arc(4)
Character introduction
(4.1)
(4.2)
(4.3)
(4.4)
(4.5)
(4.6)
(4.7)
(4.8)
(4.9)
(4.10)
(4.11)
(4.12)
(4.13)
(4.14)
(4.15)
(4.16)
(4.17)
(4.18)
(4.19)End....
Arc(5)
Character introduction
(5.1)
(5.2)
(5.3)
(5.4)
(5.5)
(5.6)
(5.7)
(5.8)
(5.9)
(5.10)
(5.11)
(5.12)
(5.13)
(5.14)
(5.15)
(5.16)
(5.17)
(5.18)
(5.19)
(5.20)
(5.21)
(5.22)
(5.23)
(5.24)End....
Arc(6)
Character introduction
(6.1)
(6.2)
(6.3)
(6.4)
(6.5)
(6.6)
(6.7)
(6.8)
(6.9)
(6.10)
(6.11)
(6.12)
(6.13)
(6.14)
(6.15)
(6.16)
(6.17)
(6.18)
(6.19)
(6.20)
(6.21)End....
Arc(7)
Character introduction
(7.1)
(7.2)
(7.3)
(7.4)
(7.5)
(7.6)
(7.7)
(7.8)
(7.9)
(7.10)
(7.11)
(7.12)
(7.13)
(7.14)
(7.15)
(7.16)
(7.17)
(7.18)
(7.19)
(7.20)
(7.21)End....
Arc(1.16) [Return]
(1.17) [Return]
(1.18) [Return]
(1.19) [Return]
(1.20) [Return]
(1.21) [Return]
(1.22) [Return]
(1.23) [Return]
(1.24) [Return]
(1.25) [Return]
(1.26) [Return]
(1.27) [Return]
(1.28) [Return]
(1.29) [Return]
(1.30) [Return]
(1.31) [Return]
(1.32) [Return]End....
Arc(8)
Character introduction
(8.1)
(8.2)
(8.3)
Book ခွဲခြင်း

(1.1)Arc 1

15.9K 1K 2
By TeeKo0

Unicode

ရှောင်ကျန့်ဟာ နာကျင်နေတဲ့ခေါင်းနဲ့အတူမျက်လုံးဖွင့်ကြည့်လိုက်သည်။ သို့ပေမယ့် သူအရင်ဆုံး မြင်လိုက်ရတာက အလင်းရောင်အပြည့်ဖြင့်ပတ်ဝန်းကျင်ကိုမဟုတ်ပဲ နက်မှောင်သည့် အမှောင်ထုဖြစ်နေသည်။

ရှောင်ကျန့် : "....."

အမှောင်ထု??။ လာနောက်နေတာလား။ သူက မျက်မမြင်တော့မဟုတ်ပါဘူးနော်။

"ဟေ့....အုန်းသီး....ဒါဘယ်လိုဖြစ်တာလဲ..."

ရှောင်ကျန့် systemအုန်းသီးကိုစကားလှမ်းပြောလိုက်ပေမယ့်လည်း ထွက်လာတာက ဂီးဂီးဂါးဂါးဆိုတဲ့အသံတွေဖြစ်နေသည်။

ရှောင်ကျန့် : "....."

[အဟမ်း....စိတ်ထဲကနေ လှမ်းပြောလို့ရပါတယ် host....]

မဟုတ်ရင် တစ်ခြားသူတွေ သူ့ရဲ့အသစ်စက်စက် ​host ကို ​ေ*ာက်ရူးလို့ထင်နေကြအုံးမယ်။

'အစထဲကပြောလေ....အရေးကြီးဆုံးက အခုငါကဘာကြီးထဲ ရောက်နေတာလဲ...'

[ဟီး....ဘာကြီးလဲမဟုတ်ပါဘူး host ရဲ့....ဘာလေးလဲပါဗျ...hostကအခု မွေးကင်းစအမြှီးကိုးချောင်းမြေခွေးပေါက်လေးရဲ့ ခန္ဓာကိုယ်ထဲရောက်နေတာ....မွေးဖွားပြီးတာ မိနစ်ပိုင်းပဲရှိသေးတာကြောင့် ဘာမှမမြင်ရတာမထူးဆန်းပါဘူး....]

'မွေးကင်းစအရွယ် မြေခွေး??'

[ဟုတ်ပါတယ် host...]

ရုတ်တရတ်ကြီး စိုစွတ်ပြီးနူးညံ့တဲ့ရှည်မြောမြောအရာတစ်ခုက သူ့ရဲဲ့မြေခွေးပေါက်စခန္ဓာကိုယ်ကို ထိတွေ့လာသည်။ ရှောင်ကျန့်ခမျာထခုန်မတတ်လန့်ဖြန့်သွားရ၏။ ကံကောင်းစွာဖြင့် ရှောင်ကျန့်ဟာမွေးကင်းစအရွယ်ခန္ဓာကိုယ်လေးထဲကို ရောက်နေတာကြောင့် အနည်းငယ်တုန်တတ်သွားရုံက လွဲ၍ဘာမှတော့မဖြစ်သွားခဲ့ပေ။

'အုန်းသီး!...အဲ့တာဘာကြီးလဲ...'

[မူလပိုင်ရှင်ရဲ့မွေးအမေမြေခွေးပါ host....host ဆီကနေ ဂီးဂီးဂါးဂါးအသံတွေ ထွက်လာတာကြောင့်စိုးရိမ်ပြီး လျှာနဲ့လျက်ပေးနေတာပါ...]

ရှောင်ကျန့်အနည်းငယ် စိတ်အေးသွားသည်။

'ဒါနဲ့ မင်းငါ့ကိုဒီကမ္ဘာအကြောင်းပြောပြဖို့ အစီအစဥ်ရှိလား'

[ဟုတ်ကဲ့...ဒီကမ္ဘာရဲ့ဇာတ်ကြောင်းနဲ့ မူရင်းခန္ဓာကိုယ်ပိုင်ရှင်ရဲ့ မှတ်ဉာဏ်တွေကို hostခေါင်းထဲ ထည့်သွင်းပေးထားပြီးသားပါ...ဒါကြောင့် host အေးအေးဆေးဆေးဖတ်ကြည့်လို့ရပါတယ်...]

ရှောင်ကျန့်ဟာ အုန်းသီးပြောတဲ့အတိုင်း သူ့မှတ်ဉာဏ်တွေထဲရှာဖွေကြည့်လိုက်သည့်အခါတွင် အမှန်တကယ်ပင် ယခုကမ္ဘာ၏ ဇာတ်ကြောင်းကို ရှာဖွေတွေ့ရှိသွား၏။

ဒီကမ္ဘာက ကျင့်ကြံခြင်းလောက တစ်ခုအကြောင်းဖြစ်ပြီး အဓိကဇာတ်လိုက်မှာ အနာဂတ်ကနေသေဆုံးပြီးနောက် အတိတ်သို့ ပြန်လည်မွေးဖွားလာသူတစ်ဦးဖြစ်သည်။ အဓိကဇာတ်လိုက်(shou)မှာ ချန်မိသားစုရဲ့တရားဝင်သားကြီး ချန်လင်းရန်ဖြစ်သော်လည်းပဲ သူသည်ပထမဆုံးဘဝတွင်အရည်အချင်းမရှိသည့်အပြင် အလွန်တရာဝပြဲနေကာရုပ်ဆိုးသည့်အထဲ ပါဝင်လေသည်။

သူနဲ့စေ့စပ်ထားသည့် ဖန်အိမ်တော်၏ ဒုတိယသခင်လေး ဖန်ရှင်းရှို့ဟာလည်းချန်အိမ်တော်ရဲ့ တရားမဝင်သား ချန်ချင်းရှောက်နဲ့ချစ်ကြိုက်သွားခဲ့ပြီး လူအများရှေ့မှာတင်ချန်လင်းရန်ကိုအရှက်ခွဲ၊ စော်ကား၍ စေ့စပ်ပွဲဖျက်သိမ်းခဲ့လေသည်။ နောက်ပိုင်းအကြောင်းတစ်ခုခုကြောင့် ချန်အိမ်တော်ဟာဖျက်စီးခံရကာ ချန်လင်းရန်ကိုယ်တိုင်လည်း အမျိုးမျိုးနှိပ်စက်ခံရပြီး ရုပ်ပျက်ဆင်းပျက်သေဆုံးခဲ့ရသည်။

ဒါပေမယ့် ချန်လင်းရန် ပြန်လည်မွေးဖွားလာချိန်မှာတော့ အရာအားလုံး စတင်ပြောင်းလဲသွားသည်။ တစ်ခါသေခဲ့ဖူးသည့် ချန်လင်းရန်ဟာ သူ့ကိုယ်သူ အကြီးအကျယ် ပြုပြင်ပြောင်းလဲခဲ့ပြီး သူ့ရဲ့ကြင်နာမှုနဲ့ထူးချွန်မှုတွေက ကျင့်ကြံရေးလောကအနှံ့ ပျံ့နှံ့သွားခဲ့သည်။

ပိုပြီးအံ့ဩစရာကောင်းသည်က ချန်လင်းရန်၏ အဝလွန်နေသည့်ခန္ဓာကိုယ်မှာ ပိန်ပါးလှပလာပြီး ကျင့်ကြံသူတိုင်းလိုချင်တပ်မက်ရသည့် သန့်စင်ယင်ခန္ဓာကိုယ်ကို ပိုင်ဆိုင်လာခဲ့ခြင်းဖြစ်သည်။ ချန်လင်းရန်ဟာ အရင်ဘဝက သူ့ကိုနှိမ်ခဲ့သူအားလုံးကို ဆရာကျကျပြန်လည်ကလဲ့စားချေခဲ့ပြီး ချန်အိမ်တော်ပျက်စီးမှုမှလည်း တစ်ယောက်တည်းကိုယ်လွတ်ရုန်းထွက်ခွာနိုင်ခဲ့သည်။

ထို့နောက်တွင် ချန်လင်းရန်ဟာ ဒုတိယဇာတ်လိုက်၏အကူအညီဖြင့် ကျင့်ကြံရေးလောကတွင် နံပါတ်တစ်ဂိုဏ်းအဖြစ်ထင်ရှားသော သူတော်စင်ကျောက်စိမ်းဂိုဏ်းအတွင်းသို့ ဝင်ရောက်သွားခဲ့၏။ ဂိုဏ်းတွင် အမျိုးသားဇာတ်လိုက်(gong) ဖြစ်သူ လီဟူရီနှင့်စတင်တွေ့ဆုံခဲ့သည်။ လီဟူရီက သူတော်စင်ကျောက်စိမ်းဂိုဏ်း၏ အတော်ဆုံးအဓိကတပည့်တစ်ယောက်ဖြစ်ပြီး ဂိုဏ်းချုပ်ရဲ့ အကြီးဆုံးတပည့်ရင်းလည်း ဖြစ်နေသေးသည်။ ဇာတ်လိုက်(gong)လီဟူရီဟာ အဓိကဇာတ်လိုက်(shou)ချန်လင်းရန်ကို ပထမ စိတ်ဝင်စားခဲ့ရာကနေ ချန်လင်းရန်း လှပမှုတွေ၊ ရဲရင့်မှုတွေ၊ စိတ်ဓာတ်ကြံ့ခိုင်မှုတွေ၊ ထူးချွန်ထက်မြက်မှုတွေနဲ့ ဖြူစင်မှုတွေကိုမြင်တွေ့လာရတာကြောင့် တဖြည်းဖြည်းစွဲလမ်းလာပြီး ချစ်ကြိုက်သွား၏။

ချန်လင်းရန်ကိုယ်တိုင်လည်း လီဟူရီရဲ့ချောမောခန့်ညားသည့်ရုပ်ရည်နှင့် ထူးချွန်သည့်ကျင့်ကြံဆင့်ကြောင့်အပြင် နောက်ခံကအတော်လေး တောင့်တာကြောင့် အနည်းငယ်စဥ်းစားပြီးနောက်တွင် ဇာတ်လိုက်(gong)ရဲ့အချစ်ကို လက်ခံလိုက်သည်။ ပြီးနောက် အန္တရာယ်တွေအမျိုးမျိုး အတူတကွရင်ဆိုင်ကျော်ဖြတ်ခဲ့ရပြီး တစ်ယောက်နဲ့တစ်ယောက် သံယောဇဥ်တွယ်သထက်တွယ်လာပြီး ခွဲမရတော့တဲ့အထိ အချင်းချင်းပေးစပ်ရင်းနေထိုင်သွားခဲ့ကြသည်။ ဇာတ်လိုက်နှစ်ယောက်ကို ကျင့်ကြံရေးလောကတွင်နတ်ဖက်တဲ့စုံတွဲအဖြစ်သတ်မှတ်ခဲ့ကြပြီးနောက် ထုံးစံအတိုင်း ပျော်ရွှင်စွာအတူတကွနေထိုင်သွားခဲ့ကြ၏။ ဘယ်လောက်တောင် ပုံပြင်ဆန်လိုက်သလဲ။

'နေစမ်းပါဦး...ငါ့အကြောင်းရော....ငါကဘယ်မှာလဲ...'

[ရှိပါတယ်...hostရဲ့...
သေသေချာချာကြည့်ပါ...]

ရှောင်ကျန့်ဟာ အုန်းသီးပြောတဲ့အတိုင်းအသေအချာရှာကြည့်လိုက်မိသည်။ သူ့ရဲ့ရောနှောနေသည့်မှတ်ဥာဏ်အစိတ်အပိုင်းတွေထဲ၌ မူလခန္ဓာကိုယ်ပိုင်ရှင်ရဲ့အကြောင်းတွေကိုတွေ့လိုက်ရသည်။ မူလခန္ဓာကိုယ်ပိုင်ရှင်ရဲ့နာမည်ဟာလည်းရှောင်ကျန့်ပဲဖြစ်ပြီး ဒဏ္ဍာရီလာနတ်ဘုရားသားရဲ၊ သားရဲအားလုံးရဲ့ဧကရာဇ်ဖြစ်သူအမြှီးကိုးချောင်းမြေခွေးလေးတစ်ကောင်အဖြစ်မွေးဖွားလာခဲ့သည်။

ပထမဘဝတွင် မူလရှောင်ကျန့်ဟာအသက်၁၆နှစ်ပြည့်သောအခါ အပြင်လောကကိုထွက်လေ့လာရင်းတောထဲမှာတင် အဆိပ်သီးတစ်လုံးကိုစားမိကာ အဆိပ်မိပြီးသေဆုံးခဲ့ရသည်။

'.......'

[အဟွတ်....]

ထားလိုက်ပါ။ ဒုတိယဘဝမှာတော့ အဆိပ်ထပ်မိပြီး တောထဲမှာလဲနေချိန် အဓိကဇာတ်လိုက်ချန်လင်းရန်နဲ့တွေ့ဆုံခဲ့ပြီး အမြုတေထုတ်ယူခြင်းကိုခံခဲ့ရသည်။

'.......'

[ဒီတစ်ယောက်ကအတော်လေးကို
ကံဆိုးတာပဲနော်host...]

'အင်း.....လက်စသတ်တော့ မူလရှောင်ကျန့်က ဇာတ်လိုက်လှပလာရတဲ့ နောက်ကွယ်က
အကြောင်းအရင်းဖြစ်နေတာပဲ....'

မူလရှောင်ကျန့် အဆိပ်မိချိန်တွင်အမြှီးကိုးချောင်းဟာထိန်းမရစွာပေါ်ပေါက်လာတာကြောင့်ချန်လင်းရန်ဟာနတ်ဘုရားသားရဲမှန်းသိသွားကာအမြုတေထုတ်ယူပြီးအသုံးချခဲ့ခြင်းဖြစ်သည်။ မူလရှောင်ကျန့်က သန့်စင်သောနိုင်းမြစ်ယင်ခန္ဓာကိုယ်ပိုင်ရှင်ဖြစ်တာကြောင့် အမြုတေကို စားသုံးခဲ့သည့် အဓိကဇာတ်လိုက်ချန်လင်းရန်ဟာ သန့်စင်ယင်ခန္ဓာကိုယ်ကိုပိုင်ဆိုင်ခဲ့သည်။ သန့်စင်သောနိုင်းမြစ်ယင်ခန္ဓာကိုယ်က သန့်စင်သောယင်ခန္ဓာကိုယ်ထက်ပိုမိုအဆင့်မြင့်ပြီး ၎င်းနှင့်နှစ်ကိုယ်ယှဉ်တွဲကျင့်ကြံသူတိုင်းဟာ ဝက်လိုပါရမီရှိနေရင်တောင် ထိပ်တန်းအဆင့်ပါရမီနဲ့ ကျင့်ကြံဆင့်တွေကို ကြောက်စရာအမြန်နှုန်းဖြင့်တိုးတတ်စေနိုင်၏။

'ဒါဆိုမူလပိုင်ရှင်ရဲ့ ဆန္ဒကဘာလဲ....'

[ဟုတ်....မူလရှောင်ကျန့်ရဲ့ဆန္ဒက....
(၁)အသေမစောစေရန် - points 300
(၂)ကျင့်ကြံရေးလောကမှာရှိတဲ့မြို့တစ်ချို့ကိုလျှောက်လည်ပတ်ချင်တာက - points 700
အခုလက်ရှိhostမှာ လူသစ်လက်ဆောင် points 100 ရှိထားပါတယ်ဗျ....ဒါကြောင့်missionသာအောင်ရင် စုစုပေါင်း points 1100တောင်ရမှာနော်....host fighting!!!....]

ရှောင်ကျန့်သက်ပြင်းရှည်ကြီးကိုချလိုက်သည်။ အခုလောလောဆယ်မွေးကင်းစအရွယ်လေးဖြစ်နေတာကြောင့်အသက်၁၆နှစ်မပြည့်မီအထိလုံခြုံလို့တော်ပါသေးရဲ့။

________________________________________________________________

Zawgyi

ေရွာင္က်န့္ဟာ နာက်င္ေနတဲ့ေခါင္းနဲ႕အတူမ်က္လုံးဖြင့္ၾကည့္လိုက္သည္။ သို႔ေပမယ့္ သူအရင္ဆုံး ျမင္လိုက္ရတာက အလင္းေရာင္အျပည့္ျဖင့္ပတ္ဝန္းက်င္ကိုမဟုတ္ပဲ နက္ေမွာင္သည့္ အေမွာင္ထုျဖစ္ေနသည္။

ေရွာင္က်န့္ : "....."

အေမွာင္ထု??။ လာေနာက္ေနတာလား။ သူက မ်က္မျမင္ေတာ့မဟုတ္ပါဘူးေနာ္။

"ေဟ့....အုန္းသီး....ဒါဘယ္လိုျဖစ္တာလဲ..."

ေရွာင္က်န႔္ systemအုန္းသီးကိုစကားလွမ္းေျပာလိုက္ေပမယ့္လည္း ထြက္လာတာက ဂီးဂီးဂါးဂါးဆိုတဲ့အသံေတြျဖစ္ေနသည္။

ေရွာင္က်န့္ : "....."

[အဟမ္း....စိတ္ထဲကေန လွမ္းေျပာလို႔ရပါတယ္ host....]

မဟုတ္ရင္ တစ္ျခားသူေတြ သူ႕ရဲ႕အသစ္စက္စက္ host ကို ေ*ာက္႐ူးလို႔ထင္ေနၾကအုံးမယ္။

'အစထဲကေျပာေလ....အေရးႀကီးဆုံးက အခုငါကဘာႀကီးထဲ ေရာက္ေနတာလဲ...'

[ဟီး....ဘာႀကီးလဲမဟုတ္ပါဘူး host ရဲ႕....ဘာေလးလဲပါဗ်...hostကအခု ေမြးကင္းစအျမႇီးကိုးေခ်ာင္းေျမေခြးေပါက္ေလးရဲ႕ ခႏၶာကိုယ္ထဲေရာက္ေနတာ....ေမြးဖြားၿပီးတာ မိနစ္ပိုင္းပဲရွိေသးတာေၾကာင့္ ဘာမွမျမင္ရတာမထူးဆန္းပါဘူး....]

'ေမြးကင္းစအ႐ြယ္ ေျမေခြး??'

[ဟုတ္ပါတယ္ host...]

႐ုတ္တရတ္ႀကီး စိုစြတ္ၿပီးႏူးညံ့တဲ့ရွည္ေျမာေျမာအရာတစ္ခုက သူ႕ရဲဲ့ေျမေခြးေပါက္စခႏၶာကိုယ္ကို ထိေတြ႕လာသည္။ ေရွာင္က်န႔္ခမ်ာထခုန္မတတ္လန႔္ျဖန႔္သြားရ၏။ ကံေကာင္းစြာျဖင့္ ေရွာင္က်န႔္ဟာေမြးကင္းစအ႐ြယ္ခႏၶာကိုယ္ေလးထဲကို ေရာက္ေနတာေၾကာင့္ အနည္းငယ္တုန္တတ္သြား႐ုံက လြဲ၍ဘာမွေတာ့မျဖစ္သြားခဲ့ေပ။

'အုန္းသီး!...အဲ့တာဘာႀကီးလဲ...'

[မူလပိုင္ရွင္ရဲ႕ေမြးအေမေျမေခြးပါ host....host ဆီကေန ဂီးဂီးဂါးဂါးအသံေတြ ထြက္လာတာေၾကာင့္စိုးရိမ္ၿပီး လွ်ာနဲ႕လ်က္ေပးေနတာပါ...]

ေရွာင္က်န့္အနည္းငယ္ စိတ္ေအးသြားသည္။

'ဒါနဲ႕ မင္းငါ့ကိုဒီကမၻာအေၾကာင္းေျပာျပဖို႔ အစီအစဥ္ရွိလား'

[ဟုတ္ကဲ့...ဒီကမၻာရဲ႕ဇာတ္ေၾကာင္းနဲ႕ မူရင္းခႏၶာကိုယ္ပိုင္ရွင္ရဲ႕ မွတ္ဉာဏ္ေတြကို hostေခါင္းထဲ ထည့္သြင္းေပးထားၿပီးသားပါ...ဒါေၾကာင့္ host ေအးေအးေဆးေဆးဖတ္ၾကည့္လို႔ရပါတယ္...]

ေရွာင္က်န႔္ဟာ အုန္းသီးေျပာတဲ့အတိုင္း သူ႕မွတ္ဉာဏ္ေတြထဲရွာေဖြၾကည့္လိုက္သည့္အခါတြင္ အမွန္တကယ္ပင္ ယခုကမၻာ၏ ဇာတ္ေၾကာင္းကို ရွာေဖြေတြ႕ရွိသြား၏။

ဒီကမၻာက က်င့္ႀကံျခင္းေလာက တစ္ခုအေၾကာင္းျဖစ္ၿပီး အဓိကဇာတ္လိုက္မွာ အနာဂတ္ကေနေသဆုံးၿပီးေနာက္ အတိတ္သို႔ ျပန္လည္ေမြးဖြားလာသူတစ္ဦးျဖစ္သည္။ အဓိကဇာတ္လိုက္(shou)မွာ ခ်န္မိသားစုရဲ႕တရားဝင္သားႀကီး ခ်န္လင္းရန္ျဖစ္ေသာ္လည္းပဲ သူသည္ပထမဆုံးဘဝတြင္အရည္အခ်င္းမရွိသည့္အျပင္ အလြန္တရာဝၿပဲေနကာ႐ုပ္ဆိုးသည့္အထဲ ပါဝင္ေလသည္။

သူနဲ႕ေစ့စပ္ထားသည့္ ဖန္အိမ္ေတာ္၏ ဒုတိယသခင္ေလး ဖန္ရွင္းရွို႔ဟာလည္းခ်န္အိမ္ေတာ္ရဲ႕ တရားမဝင္သား ခ်န္ခ်င္းေရွာက္နဲ႕ခ်စ္ႀကိဳက္သြားခဲ့ၿပီး လူအမ်ားေရွ႕မွာတင္ခ်န္လင္းရန္ကိုအရွက္ခြဲ၊ ေစာ္ကား၍ ေစ့စပ္ပြဲဖ်က္သိမ္းခဲ့ေလသည္။ ေနာက္ပိုင္းအေၾကာင္းတစ္ခုခုေၾကာင့္ ခ်န္အိမ္ေတာ္ဟာဖ်က္စီးခံရကာ ခ်န္လင္းရန္ကိုယ္တိုင္လည္း အမ်ိဳးမ်ိဳးႏွိပ္စက္ခံရၿပီး ႐ုပ္ပ်က္ဆင္းပ်က္ေသဆုံးခဲ့ရသည္။

ဒါေပမယ့္ ခ်န္လင္းရန္ ျပန္လည္ေမြးဖြားလာခ်ိန္မွာေတာ့ အရာအားလုံး စတင္ေျပာင္းလဲသြားသည္။ တစ္ခါေသခဲ့ဖူးသည့္ ခ်န္လင္းရန္ဟာ သူ႕ကိုယ္သူ အႀကီးအက်ယ္ ျပဳျပင္ေျပာင္းလဲခဲ့ၿပီး သူ႕ရဲ႕ၾကင္နာမႈနဲ႕ထူးခြၽန္မႈေတြက က်င့္ႀကံေရးေလာကအႏွံ႕ ပ်ံ့ႏွံ႕သြားခဲ့သည္။

ပိုၿပီးအံ့ဩစရာေကာင္းသည္က ခ်န္လင္းရန္၏ အဝလြန္ေနသည့္ခႏၶာကိုယ္မွာ ပိန္ပါးလွပလာၿပီး က်င့္ႀကံသူတိုင္းလိုခ်င္တပ္မက္ရသည့္ သန႔္စင္ယင္ခႏၶာကိုယ္ကို ပိုင္ဆိုင္လာခဲ့ျခင္းျဖစ္သည္။ ခ်န္လင္းရန္ဟာ အရင္ဘဝက သူ႕ကိုႏွိမ္ခဲ့သူအားလုံးကို ဆရာက်က်ျပန္လည္ကလဲ့စားေခ်ခဲ့ၿပီး ခ်န္အိမ္ေတာ္ပ်က္စီးမႈမွလည္း တစ္ေယာက္တည္းကိုယ္လြတ္႐ုန္းထြက္ခြာနိုင္ခဲ့သည္။

ထို႔ေနာက္တြင္ ခ်န္လင္းရန္ဟာ ဒုတိယဇာတ္လိုက္၏အကူအညီျဖင့္ က်င့္ႀကံေရးေလာကတြင္ နံပါတ္တစ္ဂိုဏ္းအျဖစ္ထင္ရွားေသာ သူေတာ္စင္ေက်ာက္စိမ္းဂိုဏ္းအတြင္းသို႔ ဝင္ေရာက္သြားခဲ့၏။ ဂိုဏ္းတြင္ အမ်ိဳးသားဇာတ္လိုက္(gong) ျဖစ္သူ လီဟူရီႏွင့္စတင္ေတြ႕ဆုံခဲ့သည္။ လီဟူရီက သူေတာ္စင္ေက်ာက္စိမ္းဂိုဏ္း၏ အေတာ္ဆုံးအဓိကတပည့္တစ္ေယာက္ျဖစ္ၿပီး ဂိုဏ္းခ်ဳပ္ရဲ႕ အႀကီးဆုံးတပည့္ရင္းလည္း ျဖစ္ေနေသးသည္။ ဇာတ္လိုက္(gong)လီဟူရီဟာ အဓိကဇာတ္လိုက္(shou)ခ်န္လင္းရန္ကို ပထမ စိတ္ဝင္စားခဲ့ရာကေန ခ်န္လင္းရန္း လွပမႈေတြ၊ ရဲရင့္မႈေတြ၊ စိတ္ဓာတ္ႀကံ့ခိုင္မႈေတြ၊ ထူးခြၽန္ထက္ျမက္မႈေတြနဲ႕ ျဖဴစင္မႈေတြကိုျမင္ေတြ႕လာရတာေၾကာင့္ တျဖည္းျဖည္းစြဲလမ္းလာၿပီး ခ်စ္ႀကိဳက္သြား၏။

ခ်န္လင္းရန္ကိုယ္တိုင္လည္း လီဟူရီရဲ႕ေခ်ာေမာခန႔္ညားသည့္႐ုပ္ရည္ႏွင့္ ထူးခြၽန္သည့္က်င့္ႀကံဆင့္ေၾကာင့္အျပင္ ေနာက္ခံကအေတာ္ေလး ေတာင့္တာေၾကာင့္ အနည္းငယ္စဥ္းစားၿပီးေနာက္တြင္ ဇာတ္လိုက္(gong)ရဲ႕အခ်စ္ကို လက္ခံလိုက္သည္။ ၿပီးေနာက္ အႏၱရာယ္ေတြအမ်ိဳးမ်ိဳး အတူတကြရင္ဆိုင္ေက်ာ္ျဖတ္ခဲ့ရၿပီး တစ္ေယာက္နဲ႕တစ္ေယာက္ သံေယာဇဥ္တြယ္သထက္တြယ္လာၿပီး ခြဲမရေတာ့တဲ့အထိ အခ်င္းခ်င္းေပးစပ္ရင္းေနထိုင္သြားခဲ့ၾကသည္။ ဇာတ္လိုက္ႏွစ္ေယာက္ကို က်င့္ႀကံေရးေလာကတြင္နတ္ဖက္တဲ့စုံတြဲအျဖစ္သတ္မွတ္ခဲ့ၾကၿပီးေနာက္ ထုံးစံအတိုင္း ေပ်ာ္႐ႊင္စြာအတူတကြေနထိုင္သြားခဲ့ၾက၏။ ဘယ္ေလာက္ေတာင္ ပုံျပင္ဆန္လိုက္သလဲ။

'ေနစမ္းပါဦး...ငါ့အေၾကာင္းေရာ....ငါကဘယ္မွာလဲ...'

[ရွိပါတယ္...hostရဲ႕...
ေသေသခ်ာခ်ာၾကည့္ပါ...]

ေရွာင္က်န႔္ဟာ အုန္းသီးေျပာတဲ့အတိုင္းအေသအခ်ာရွာၾကည့္လိုက္မိသည္။ သူ႕ရဲ႕ေရာႏွောေနသည့္မွတ္ဥာဏ္အစိတ္အပိုင္းေတြထဲ၌ မူလခႏၶာကိုယ္ပိုင္ရွင္ရဲ႕အေၾကာင္းေတြကိုေတြ႕လိုက္ရသည္။ မူလခႏၶာကိုယ္ပိုင္ရွင္ရဲ႕နာမည္ဟာလည္းေရွာင္က်န႔္ပဲျဖစ္ၿပီး ဒ႑ာရီလာနတ္ဘုရားသားရဲ၊ သားရဲအားလုံးရဲ႕ဧကရာဇ္ျဖစ္သူအျမႇီးကိုးေခ်ာင္းေျမေခြးေလးတစ္ေကာင္အျဖစ္ေမြးဖြားလာခဲ့သည္။

ပထမဘဝတြင္ မူလေရွာင္က်န႔္ဟာအသက္၁၆ႏွစ္ျပည့္ေသာအခါ အျပင္ေလာကကိုထြက္ေလ့လာရင္းေတာထဲမွာတင္ အဆိပ္သီးတစ္လုံးကိုစားမိကာ အဆိပ္မိၿပီးေသဆုံးခဲ့ရသည္။

'.......'

[အဟြတ္....]

ထားလိုက္ပါ။ ဒုတိယဘဝမွာေတာ့ အဆိပ္ထပ္မိၿပီး ေတာထဲမွာလဲေနခ်ိန္ အဓိကဇာတ္လိုက္ခ်န္လင္းရန္နဲ႕ေတြ႕ဆုံခဲ့ၿပီး အျမဳေတထုတ္ယူျခင္းကိုခံခဲ့ရသည္။

'.......'

[ဒီတစ္ေယာက္ကအေတာ္ေလးကို
ကံဆိုးတာပဲေနာ္host...]

'အင္း.....လက္စသတ္ေတာ့ မူလေရွာင္က်န႔္က ဇာတ္လိုက္လွပလာရတဲ့ ေနာက္ကြယ္က
အေၾကာင္းအရင္းျဖစ္ေနတာပဲ....'

မူလေရွာင္က်န႔္ အဆိပ္မိခ်ိန္တြင္အျမႇီးကိုးေခ်ာင္းဟာထိန္းမရစြာေပၚေပါက္လာတာေၾကာင့္ခ်န္လင္းရန္ဟာနတ္ဘုရားသားရဲမွန္းသိသြားကာအျမဳေတထုတ္ယူၿပီးအသုံးခ်ခဲ့ျခင္းျဖစ္သည္။ မူလေရွာင္က်န႔္က သန႔္စင္ေသာနိုင္းျမစ္ယင္ခႏၶာကိုယ္ပိုင္ရွင္ျဖစ္တာေၾကာင့္ အျမဳေတကို စားသုံးခဲ့သည့္ အဓိကဇာတ္လိုက္ခ်န္လင္းရန္ဟာ သန႔္စင္ယင္ခႏၶာကိုယ္ကိုပိုင္ဆိုင္ခဲ့သည္။ သန႔္စင္ေသာနိုင္းျမစ္ယင္ခႏၶာကိုယ္က သန႔္စင္ေသာယင္ခႏၶာကိုယ္ထက္ပိုမိုအဆင့္ျမင့္ၿပီး ၎ႏွင့္ႏွစ္ကိုယ္ယွဥ္တြဲက်င့္ႀကံသူတိုင္းဟာ ဝက္လိုပါရမီရွိေနရင္ေတာင္ ထိပ္တန္းအဆင့္ပါရမီနဲ႕ က်င့္ႀကံဆင့္ေတြကို ေၾကာက္စရာအျမန္ႏႈန္းျဖင့္တိုးတတ္ေစနိုင္၏။

'ဒါဆိုမူလပိုင္ရွင္ရဲ႕ ဆႏၵကဘာလဲ....'

[ဟုတ္....မူလေရွာင္က်န႔္ရဲ႕ဆႏၵက....
(၁)အေသမေစာေစရန္ - points 300
(၂)က်င့္ႀကံေရးေလာကမွာရွိတဲ့ၿမိဳ႕တစ္ခ်ိဳ႕ကိုေလွ်ာက္လည္ပတ္ခ်င္တာက - points 700
အခုလက္ရွိhostမွာ လူသစ္လက္ေဆာင္ points 100 ရွိထားပါတယ္ဗ်....ဒါေၾကာင့္missionသာေအာင္ရင္ စုစုေပါင္း points 1100ေတာင္ရမွာေနာ္....host fighting!!!....]

ေရွာင္က်န႔္သက္ျပင္းရွည္ႀကီးကိုခ်လိဳက္သည္။ အခုေလာေလာဆယ္ေမြးကင္းစအ႐ြယ္ေလးျဖစ္ေနတာေၾကာင့္အသက္၁၆ႏွစ္မျပည့္မီအထိလုံၿခဳံလို႔ေတာ္ပါေသးရဲ႕။

________________________________________________________________

Continue Reading

You'll Also Like

401K 15.3K 43
ကိုယ်ဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုစိန်ခေါ်လာသမျှကောင်တွေအကုန် ထိုးရဲတယ် သတ်ရဲတယ် ကိုယ်နိုင်မယ်ဆိုတဲ့ယုံကြည်မှုရှိတယ် ကိုယ်မလုပ်ရဲတာဘာမှမရှိဘူးလို့ထင...
3.5M 360K 38
ခူးဆြတ္ဖို႔မေလာပါနဲ႔ တစ္ခ်ိန္မွာအလိုက္သင့္ေႂကြက်ေပးပါ့မယ္ အဲအခ်ိန္က်ရင္သာ တယုတယနဲ႔ေကာက္ယူပါ ေမာင္ရယ္
639K 84.9K 144
Start Date - 10 Feb 2021 End Date - ? { BJYX } Gong - Wang Yibo Shou - Xiao Zhan [ Both Zawgyi and Unicode ]
311K 11.2K 44
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...