Transmigrator meets reincarna...

By Larkspur41

97.6K 19.6K 978

Title: Transmigrator meets reincarnator Not my own story.Just translation. Credits to: Written by:Snow Mounta... More

108 (part 1)
108 (part 2)
109(part 2)
110(part 1)
110 (part 2 )
111(part 1)
111(part 2)
112(part 1)
112(part 2)
113(part 1)
113(part 2)
114(part 1)
114(part 2)
115(part 1)
115(part 2)
116(part 1)
116(part 2)
117(part 1)
117(part 2)
118(part 1)
118(part 2)
119(part 1)
119(part 2)
120(part 1)
120(part 2)
121(part 1)
121( part2 )
122(part 1)
122(part 2)
123(part 1)
123(part 2)
124(part 1)
124(part 2)
125(part 1)
125(part 2)
126(part 1)
126(part 2)
127(part 1)
127(part 2)
128
129
130
131
132
133
134
135
136
137
138
139
New Trans
140
141
142
143
144
145
146
147
148
149
150
151
152
153
154

109 (part 1)

1.4K 273 2
By Larkspur41

Unicode

အဲ့လိုအခဲမကျေတာကြောင့်ဘဲ တခြားသခင်မလေးများနဲ့အတူဒီဆိုင်ဖွင့်ပွဲကိုလာခိုင်းဖို့ဘဲ ဒုတိယသခင်မဆီကိုမရမက ပူဆာခဲ့ရတယ်။

သခင်မယောင်လည်း အစကတော့ဆိုင်ဖွင့်ပွဲကိုအတူလိုက်ပါဖို့စီစဉ်ထားတာပါဘဲ ၊ဒါပေမယ့်မမျှော်လင့်ထားတဲ့ ပြသာနာလေးတေကပေါ်လာတော့ ယင်အိမ်တော်ရဲ့အကြီးမှူးတယောက်အနေနဲ့ အိမ်တော်ရဲ့ပြသာနာတေကိုဦးစားပေးဖြေရှင်းဖို့လိုတယ်လေ။

ဒါကြောင့်မို့ သခင်မလေး3ယောက်ကိုဘဲ ကိုယ်စားသွားခိုင်းလိုက်တော့တယ်။

3ယောက်ထဲကအကြီးဆုံးဖစ်တဲ့သခင်မလေးစုကို ရထားလုံးပေါ်မတက်ခင်ထိကိုညီမတေွကိုဂရုစိုက်ခေါ်သွားဖို့တဖွဖွမှာနေတော့တယ်။

ညီအစ်မသုံးယောက်ဆိုင်ကိုရောက်တော့ အချိန်က အရမ်းနောက်ကျလို့နေပြီ၊12နာရီကျော်သွားပြီဖစ်လို့ အမျိုးသားအစေခံတေွရော အမျိုးသမီးအစေခံတေွအားလုံးက အဝင်ပေါက်ကြိုဆို‌တဲ့နေရာကနေ အထဲကိုပြန်ဝင်သွားကြပြီ၊ချူးလျန်ရဲ့အတွေးထဲမှာလည်း ကြိုဆိုတဲ့အချိန်ကလည်းကျော်နေပြီဆိုတော့ ယင်အိမ်တော်ကနေ ဘယ်သူမှ မလာလောက်တော့ဘူးပေါ့။

ကြိုဆိုသူဘယ်သူမှ မရှိတော့တဲ့အချိန်မှာဘဲ ယင်အိမ်တော်ရဲ့ရထားလုံးက ဆိုင်အပေါက်ဝတည့်တည့်ကို‌ဆိုက်ရောက်လို့လာတယ်။

ရထားလူံးပေါ်ကနေမဆင်းခင်မှာဘဲ လှည်း‌မောင်းတဲ့လူကြီးက အသံကိုနှိမ့်ပြီး လျှောက်တင်တယ်"သခင်မလေးတို့ ကူလင်းစားသောက်ဆိုင်အဝင်ကပိတ်နေတယ်"
သခင်မလေးယွမ်ကတော့ သူမရဲ့မနာလိုမှုတေကိုဖုံးကွယ်ပြီး လိုက်ကာစကိုမတင်ကြည့်လိုက်တယ်။

ကူလင်းစားသောက်ဆိုင်ရဲ့အဝင်ဝမှာတကယ်ကိုလူတေနဲ့ပြည့်နှက်နေတယ်၊လမ်းတလျှောက်ပြည့်တဲ့အထိရှည်လျားတဲ့လူတန်းကြီးကတန်းစီနေကြတယ်။

ဒါဘယ်လိုလုပ်ဖြစ်နိုင်မာလဲ!ဒီလိုစိတ်ပျက်စရာနေရာကြီးမှာဖွင့်တဲ့ဆိုင်က ဒီလောက်များတဲ့ဧည့်သည်တေရှိနိုင်ပါ့မလား?
သခင်မလေးစုလည်းဘဲ ဒီလိုထူးဆန်းနေတာကိုတွေ့သွားတော့တယ်၊သူမက လှည်းမောင်းတဲ့လူကြီးကို အဝင်ပေါက်နားမှာရှိတဲ့တယောက်ယောက်ဆီကိုမေးမြန်းစုံစမ်းဖို့ လွှတ်လိုက်တယ်။

တခဏလောက်ကြာတော့ ပြန်ရောက်လာတယ်၊ပြီးတော့ ဇဝေဇဝါနဲ့ ဝေခွဲမရဖစ်နေတဲ့ပုံနဲ့လျှောက်တင်လိုက်တယ်"သခင်မလေး5ကို လျှောက်တင်ပါတယ်၊ဒီလူတေအကုန်လုံးက ကူလင်းစားသောက်ဆိုင်မှာ စားသောက်ဖို့ရောက်လာကြာတာပါ"

"ဘာ!"သခင်မလေးယွမ်က သူမရဲ့အသံကိုတောင်မထိန်းနိုင်ဘဲ အော်ပြောမိသွားတယ်။အဲ့လိုမဆင်မခြင်အပြုမူကြောင့် သခင်မလေးစုဆီက ဆိုးဆိုးဝါးဝဝါးအကြည့်တချက်ကိုရင်ဆိုင်လိုက်ရတယ်။

သခင်မလေးစုက ခဏလောက်ငြိမ်စဉ်းစားပြီးတော့ သူမရဲ့ အကင်္ျီလက်ထဲကနေ ဖိတ်စာ 2စောင်ထုတ်ပြီး လှည်းသမားကိုလှမ်းပေးလိုက်တယ်။

"ဒီဖိတ်စာနှစ်စောင်ကို စားသောက်ဆိုင်မန်နေဂျာကိုပေးလိုက်၊ပြီးတော့ တွေ့ဆုံဖို့လာရောက်တဲ့အကြောင်းပါထည့်ပြောခဲ့"
လှည်းသမားလည်း ဖိတ်စာယူပြီးထွက်သွားတယ်။

သိပ်မကြာခင်မှာဘဲ လှည်းမောင်းသူက မန်နေဂျာကျင်းနဲ့အတူ ထက်မြတ်တဲ့ပုံပေါ်တဲ့ အကြီးတန်းအစေခံတစ်ဦးကိုပါ ခေါ်ဆောင်လာတယ်။

မန်နေဂျာကျင်းက ယင်အိမ်တော်ရဲ့လှည်းကို ဆိုင်ရဲ့အနောက်ဘက်အပေါက်ဆီကိုမောင်းသွားဖို့ညွှန်ကြားလိုက်တယ်၊ပြီးတော့ အမျိုးသမီးဧည့်သည်များအတွက်ပြင်ဆင်ထားသော အတွင်းပိုင်းဟောခန်းထဲကိုဝင်ဝင်ချင်းဘဲ အကြီးတန်းအစေခံကျုံးကလာရောက်ခေါ်ဆောင်ပြီး အတွင်းအခန်းငယ်လေးဆီကိုပို့ဆောင်ပေးတယ်။

အမျိုးသမီးအစေခံတွေကိုလည်းယင်အိမ်တော်ရဲ့သခင်မလေး‌ေတွကို ကြိုဆိုနှုတ်ဆက်ဖို့တခါတည်းညွှန်ကြားလိုက်တယ်။

သခင်မလေးတွေအခန်းထဲမှာထိုင်ပြီးတော့မှဘဲ ဘေးကနေရိုရိုသေသေနဲ့ ပြောလိုက်တယ်"သခင်မလေးတို့ ခဏလောက်စောင့်ပေးပါ၊ကျွန်မတို့ရဲ့တတိယသခင်မလေးက မကြာခင်ရောက်လာပါလိမ့်မယ်"

သခင်မလေးဖူက အကြီးတန်းအစေခံကျုံးကို မျက်တောင်မခတ်ဘဲကိုစိုက်ကြည့်နေတယ် ၊သူမရဲ့မျက်လုံးတေက တလက်လက်တောက်ပနေတယ်၊ဒါပေမယ့် ဘာမှတော့မပြောခဲ့ဘူး။

သခင်မလေးစုက ကျေးဇူးတင်ကြောင်းပြောလိုက်တယ်။
အဲ့အချိန်မှာဘဲ သခင်မလေးယွမ်က သဘောမကျတဲ့ပုံနဲ့မေးလာတယ်"ဘာလဲ ၊ငါတို့က‌ဒီနေ့ဧည့်သည်အနေနဲ့လာတာလေ ၊အစ်မ6က ငါ့တို့ကိုတကယ်စောင့်နေရအောင်လုပ်တာလား?"

သခင်မလေးစုကမျက်မှောင်ကြုတ်လိုက်တယ်။

တဖက်မှာလည်း အကြီးတန်းအစေခံကျုံးက တကိုယ်လုံးတောင့်တင်းသွားပြီးတော့နှုတ်ခမ်းကိုဖိပြီး တောင်းပန်စကားဆိုလိုက်တယ်"ကျွန်မတို့ရဲ့တတိယသခင်မလေးက ဧည့်သည်တွေတိုင်းကိုလေးစားရိုသေပါတယ်၊အခုဟာကတော့ သခင်မလေးကိုစောစောအကြောင်းမကြားမိတဲ့ ဒီအစေခံရဲ့အမှားပါ"

သခင်မလေးယွမ်ရဲ့အမူအရာကပြောင်းသွားပြီးတော့ အစေခံကိုစိန်းစိန်းဝါးဝါးကြည့်လိုက်တယ်၊ဒီအစေခံအိုကြီးက ဒီလောက်ပါးနပ်လိမ့်မယ်လို့သူမတကယ်မထင်ထားခဲ့ဘူး။သူမကအခုချိန်မှာတကယ်ကိုချူးလျန်ကိုကာကွယ်နေတာဘဲ၊ဒီလိုအဆင့်နိမ့်အစေခံကတောင်မှ သူမကိုပြန်ပြီး ချေပပြောဆိုရဲတယ်။

သခင်မလေးယွမ်က သူမရဲ့ယင်အိမ်တော်မှာသုံးတဲ့နည်းလမ်းတေအတိုင်း အစေခံကျုံးကိုဆူပူဖို့ပြင်လိုက်တယ် ၊ဒါပေမယ့် သူမဘာတခွန်းမှမပြောရသေးခင်မှာဘဲ သခင်မလေးစုရော သခင်မလေးဖူရောကသူမကိုဆွဲတားကြတယ်၊သခင်မလေးဖူလိုနောက်ကွယ်မှာဘဲနေပြီး မီးစွဲတာကိုစောင့်တတ်တဲ့သူတောင်မှ ဒီနေ့သူမကိုတားနေတယ်၊အကြည့်စူးစူးနဲ့သခင်မလေးဖူကိုစိုက်ကြည့်လိုက်တယ်။

အစေခံကျုံးကတော့ သခင်မလေးယွမ်ရဲ့သဘောထားကိုသိပြီးတာတောင်ပြာယာခတ်နေတာမျိုးဖစ်မသွားဘူး၊သခင်မလေးသုံးယောက်ကြားဝင်ပြီးတောင် ဘာမှမဖြစ်ထားတဲ့ပုံစံနဲ့ဆက်ပြောလိုက်တယ်"ဒီအစေခံက သခင်မလေးတို့အတွက် လက်ဖက်ရည်နဲ့မုန့်တေကိုပြင်ဆင်ပေးထားပါတယ်"

အဲ့လိုပြောပြီးအခန်းအပြင်ကိုထွက်သွားတဲ့အစေခံကျုံးကို သခင်မလေးယွမ်က စိုက်ကြည့်‌ေနလိုက်တယ်၊ပြီးတာနဲ့သူမရဲ့ညီအစ်မ‌ေတွဘက်ကိုဒေါသထွက်လွန်းလို့နီရဲနေတဲ့မျက်နှာနဲ့ကြည့်ပြီးပြောလိုက်တယ်"အစ်မ5၊ညီမ9 ဒါကိုကြည့်စမ်းပါအုံး!ဒါက အစ်မ6ရဲ့သူ့ဧည့်သည်တေကို ဆက်ဆံတဲ့ပုံစံလား?ဘာလို့ငါ့ကို အဲ့အစေခံကိုမဆူခိုင်းရတာလဲ?"

သခင်မလေးစုနဲ့ သခင်မလေးဖူတို့က အဲ့လောက်ရူးမိုက်တဲ့သူတေမှမဟုတ်ဘဲ၊ချူးလျန်ကိုအပြစ်ဖို့မယ့် သခင်မလေးယွမ်ရဲ့အကြံစည်ကိုသူတို့ဘယ်သဘောတူကြမှာလဲ။

Zawgyi




ဒါကြောင့်မို့ သခင်မလေ3းယောက်ကိုဘဲ ကိုယ်စားသွားခိုင်းလိုက်တော့တယ်။

3ယောက်ထဲကအကြီးဆုံးဖစ်တဲ့သခင်မလေးစုကို ရထားလုံးပေါ်မတက်ခင်ထိကိုညီမတွေကိုဂရုစိုက်ခေါ်သွားဖို့တဖွဖွမှာနေတော့တယ်။

ညီအစ်မသုံးယောက်ဆိုင်ကိုရောက်တော့ အချိန်က အရမ်းနောက်ကျလို့နေပြီ၊12နာရီကျော်သွားပြီဖစ်လို့ အမျိုးသားအစေခံတွေရော အမျိုးသမီးအစေခံတွေအားလုံးက အဝင်ပေါက်ကြိုဆို‌တဲ့နေရာကနေ အထဲကိုပြန်ဝင်သွားကြပြီ၊ချူးလျန်ရဲ့အတွေးထဲမှာလည်း ကြိုဆိုတဲ့အချိန်ကလည်းကျော်နေပြီဆိုတော့ ယင်အိမ်တော်ကနေ ဘယ်သူမှ မလာလောက်တော့ဘူးပေါ့။







သခင်မလေးစုက ခဏလောက်ငြိမ်စဉ်းစားပြီးတော့ သူမရဲ့ အင်္ကျီလက်ထဲကနေ ဖိတ်စာ 2စောင်ထုတ်ပြီး လှည်းသမားကိုလှမ်းပေးလိုက်တယ်။




အမျိုးသမီးအစေခံတွေကိုလည်းယင်အိမ်တော်ရဲ့သခင်မလေး‌တွေကို ကြိုဆိုနှုတ်ဆက်ဖို့တခါတည်းညွှန်ကြားလိုက်တယ်။









အဲ့လိုပြောပြီးအခန်းအပြင်ကိုထွက်သွားတဲ့အစေခံကျုံးကို သခင်မလေးယွမ်က စိုက်ကြည့်‌နေလိုက်တယ်၊ပြီးတာနဲ့သူမရဲ့ညီအစ်မ‌တွေဘက်ကိုဒေါသထွက်လွန်းလို့နီရဲနေတဲ့မျက်နှာနဲ့ကြည့်ပြီးပြောလိုက်တယ်"အစ်မ5၊ညီမ9 ဒါကိုကြည့်စမ်းပါအုံး!ဒါက အစ်မ6ရဲ့သူ့ဧည့်သည်တေကို ဆက်ဆံတဲ့ပုံစံလား?ဘာလို့ငါ့ကို အဲ့အစေခံကိုမဆူခိုင်းရတာလဲ?"


Continue Reading

You'll Also Like

1.7M 69.3K 29
After a disastrous first season in London, Rose Wilde finds herself torn between two men who love her -- but who both hide secrets that could ruin he...