My Son Or Boyfriend (Complete)

Da KhineLay443

375K 19.3K 1.9K

Uni ကလေးနဲ့ကိုယ့်ကြားမှာ တားဆီးတာမှန်သမျှကို အကုန်ရှင်းပြစ်ဖို့ ဝန်မလေးဘူး။ ကိုယ်က မနူးညံ့တတ်ဘူး...ဒါပင်မဲ့ က... Altro

My Son Or Boyfriend 1
My Son Or Boyfriend 2
My Son or boyfriend 3
My son or boyfriend 4
My Son or boyfriend 5
My son or boyfriend 6
My son or boyfriend 7
My son or boyfriend 8
My son or boyfriend 9
My son or boyfriend 10
My son or boyfriend 12
My son or boyfriend 13
my son or boyfriend 14
My son or boyfriend 15
My son or boyfriend 16
My son or boyfriend 17
My son or boyfriend 18
My son or boyfriend 19
My son or boyfriend 20
My son or boyfriend 21
My son or boyfriend 22
My son or boyfriend 23
My son or boyfriend 24
My son or boyfriend 25
My son or boyfriend 26
My son or boyfriend 27
My son or boyfriend 28
My son or boyfriend 29
My son or boyfriend 30
My son or boyfriend 31
My son or boyfriend 32
My son or boyfriend 33
My son or boyfriend 34
My son or boyfriend 35
My son or boyfriend 36
My son or boyfriend 37
My son or boyfriend 38
My son or boyfriend 39
My son or boyfriend 40
My son or boyfriend 41
My son or boyfriend 42
My son or boyfriend 43 (Final)
စျေးဗန်း
Happy news
Season 2 is coming

My son or boyfriend 11

8K 489 31
Da KhineLay443

Uni

အထုပ်ကလေးကိုဆွဲကာ ခြေသံကိုဖွဖွလျှောက်ရင်း အိမ်ထဲသို့ ကုတ်ချောင်းချောင်းနဲ့ ဝင်လာသော လပြည့်ဝန်း။ ခြေလှမ်း လှမ်းလိုက်တိုင်း ရင်တုန်နေတာထိန်းမရအောင်ပင်။

"ကိုယ့်ကို ပြောစရာမရှိဘူးလား" မာတင်းနေသောအသံကြောင့် လပြည့်ဝန်း ခြေလှမ်းတွေချက်ချင်းရပ်သွားကာ အသံလာရာနောက်သို့ကြည့်လိုက်တော့......

လှေကားခြေရင်းတွင် လက်ပိုက်ကာ အကြည့်စူးစူးနဲ့ကြည့်နေသော ဇေရဲမာန်......
"ဟို...မရှိပါဘူးဗျ..."

"ဘာ!!"
'ဘုန်း..' လှေကားလက်ကိုင်ဘုကို အားပါပါနဲ့ ရိုက်ချလိုက်သော ဇေရဲမာန်...

လပြည့်ဝန်း မှာ သတွေးတောင်မနည်းမြိုချနေရသည်။
"မ..မဟုတ်ပါဘူး...ကျွန်တော်.... တောင်းပန်ပါတယ်"

"တောင်းပန်တာထက်...မလုပ်ခင်ထဲက ကြိုတွေးထားရင် မင်းအတွက်ပိုမကောင်းဘူးလား...ဟမ်!!!"

ယောက်ျားလေးတွေ မျက်ရည်မကျရဘူးလို့ ဘယ်ဥပဒေမှ ထုတ်ပြန်ထားတာမဟုတ်ဘူးလေ....လပြည့်ဝန်း လဲ အော်ခံလိုက်ရတာကြောင့် ချက်ချင်းဆိုသလို မျက်ရည်ဝဲတတ်သွားသည်။
အသည်းငယ်လို့တော့မဟုတ်....

"ဒါပင်မဲ့... ကျွန်တော် ဝင်ပြိုင်ချင်လို့"
"မင်း ငါ့ကို နည်းနည်းလေးတောင်မှ ထုတ်မပြောတာကော ဘာသဘောလဲ။ ဘာလဲ မင်းက 'ငါလုပ်ချင်းတိုင်း လုပ်မှာပဲ' ဆိုတဲ့သဘောလား"

မာတင်းနေသော ဇေရဲမာန် ၏ အသံက အိမ်တစ်ခုလုံးကို ဟိန်းထွက်သွားသည့်အလား။

"မဟုတ်ပါဘူး... "
"ဘာလဲ...မင်းလုပ်သမျှကို ငါမသိဘူးများ ထင်နေတာလား လပြည့်ဝန်း"

"ကျွန်တော် အဲ့လို မဟုတ်ဘူးလို့ ပြောပြီးပြီးလေဗျာ..."
ရောက်နေသောလှေကားအလည်ကနေ ခုထိ လပြည့်ဝန်း ခြေတစ်လှမ်းမှ မရွေ့ရသေး....

"ဒါဆိုဘာလို့ ငါမသိဘဲ လုပ်ရတာလဲ"
"ကျွန်တော် ဝါသနာပါလို့...."

"မပါရဘူး!!! မင်းလုံးဝ ဝါသနာမပါရဘူး!!"
ဇေရဲမာန် ၏ အော်သံက မီးဖို​​ချောင်​ရှိ အိမ်အကူတွေတောင် လန့်ဖြန့်ကုန်သည်။

"ဟင့်....ကျွန်တော့် လွတ်လပ်ခွင့်ဗျ...ကျွန်တော့်ကို မပိတ်ပင်ပါနဲ့.... ကျွန်တော့်ကို မချုပ်ချယ်ပါနဲ့...ကျွန်တော်မကြိုက်ဘူး!!!" လပြည့်ဝန်း ပါးပြင်ပေါ်သို့ မဖိတ်ခေါ်ဘဲ မျက်ရည်များ စီးဆင်းလာသည်။

"ဒါတွေ ငါမသိဘူး...သိလဲမသိချင်ဘူး...သွား...အခုချက်ချင်း အိပ်ခန်းထဲဝင်!"
"ဟင့်....."

'ဝုန်း..' အခန်းတံခါးအား အသံမြည်အောင်ပိတ်လိုက်သည်။ ပြီးတော့ ထိန်းချုပ်နေတဲ့ကြားက ကျလာတဲ့မျက်ရည်များကို ခုတော့ မထိန်းချုပ်ချင်တော့...

ကုတင်ပေါ်သို့ ဝမ်းလျားမှောက်ကာ တအိအိငိုကြွေးနေမိသည်။

ဘာမှားလို့လဲ မိမိဝါသနာပါရာလေးကို စိတ်တိုင်းကျလုပ်လိုက်တာ။ မိမိလုပ်ရပ်က အခြားဘယ်သူ့ကိုမှ မထိခိုက် မနစ်နာစေသလို...ဘယ်သူ့အသက်ကိုမှလဲ ထိပါးတာမဟုတ်.... ခုလိုအရာရာ ဒီလောက် လိုက်ပိတ်ပင်နေလိမ့်မယ်လို့ လပြည့်ဝန်း ထင်မထားမိ..

'ဝါသနာမပါရဘူး' တဲ့လား...ဒါမိမိစိတ်နဲ့ မိမိကိုယ်ပါ။ ဝါသနာပါတာကအစ လိုက်ပိတ်ပင်ဖို့လိုလို့လား...

"တော်ပြီ....မနေဘူး...ပြန်မယ်" ဘီဒိုထဲက အဝတ်တွေကို အိတ်ထဲအကုန်ထည့် ပစ္စည်းတွေကို အကုန်ထည့်ကာ မနိုင်မနင်းအောက်ထပ်သို့ ဆင်းလာလိုက်သည်။

"ဒါဘယ်လဲ" အိမ်ရှေ့တံခါးပေါက်ရောက်ခါနီး ဧည့်ခန်းထဲမှ ဇေရဲမာန် မေးလိုက်ခြင်းဖြစ်သည်။
"အိမ်ပြန်မလို့"

​'ရောင်းသူဝယ်သူ အသံတူ' ဆိုတဲ့ စကားအတိုင်း ဘောက်ဆက်ဆက်နဲ့ မေးတာကြောင့် လပြည့်ဝန်း လဲ ဘောက်ဆက်ဆက်သာ ပြန်ဖြေလိုက်သည်။

မိမိအဖြေကြောင့် ချက်ချင်းမိမိဘေးကိုရောက်လာသောကြောင့် မကြောက်ဘူးလို့တော့ မပြောသာ... အနည်းငယ်တော့ လန့်သွားသည်။

"ဘယ်သူ့ခွင့်ပြုချက်နဲ့လဲ"
"ကျွန်တော့်ခွင့်ပြုချက်နဲ့"

ဇေရဲမာန် လက်ခုပ်လက်ဝါးတီးကာ ရယ်တော့သည်။
"ဟားးးး သိပ်ကို ပြတ်သားပြနေတာပါလား လပြည့်ဝန်း... လပြည့်ဝန်း... အားကိုးရှိနေပုံပဲ...."

"ဘယ်သူမှ အားကိုးစရာမလိုပါဘူး...ကျွန်တော့်အိမ်ကျွန်တော်ပြန်တာ"
"Okလေ...သွားပါဗျာ..." လက်ကိုမြှောက်ကာ အပြင်ထွက်ဖို့ ခွင့်ပြုလိုက်တာကြောင့် လပြည့်ဝန်း လဲ မနိုင်မနင်း အထုပ်ကိုဆွဲကာ ထွက်သွားရှာသည်။

လပြည့်ဝန်း ကိုယ်တိုင်ခြံတံခါးကိုဖွင့်နေတုန်း....
"ဟိတ်....ပြောလိုက်မယ်...မင်းသဘောနဲ့ မင်း ထွက်သွားတယ် အေး....မင်း ပြန်လာရတယ်ဆိုရင်တော့ ဒီတစ်ခါ...ငါမင်းကို ဒီထက်မက ချုပ်နှောင်ထားမှာ...ကဲ...သွားတော့"

ပြုံးပြုံးကြီးနဲ့ ပြောလာသော ဇေရဲမာန် စကားများကြောင့် လပြည့်ဝန်း တစ်ကိုယ်လုံး ကြက်သီးထသွားသည်။ အေးဆေးပါ...ပြန်မလာတာ သေချာတာမို့.....

အပြင်သို့ လှုပ်ပဲ့လှုပ်ပဲ့နဲ့ အထုပ်ကလေးဆွဲကာ ထွက်သွားသော ကောင်လေးကိုကြည့်ရင်း ဇေရဲမာန် မဲ့ပြုံးပြုံးလိုက်သည်...ထိုအပြုံးကို မြင်သွားသော ဥက္ကာမှာတော့ သတ်ပြင်းချကာ လပြည့်ဝန်း ကို သနားသွားသည်။

ငယ်ငယ်ထဲက Bossအကြောင်းကို ကောင်းကောင်းသိသော ဥက္ကာ....ဖြူစင်လှသော လပြည့်ဝန်း ဆိုတဲ့ကောင်လေးကို တရင်းတနှီးစကားတွေမပြောဖူးပင်မဲ့ သူခင်သည်။
လပြည့်ဝန်း ကိုကြည့်ရင်း
"လပြည့်ဝန်း.... မင်းအစောကြီးထဲက ထွက်သွားမယ်ဆိုတဲ့ အတွေးကို မတွေးခဲ့မိရင် သိပ်ကောင်းမှာပဲ..."
____________________

အိမ်မှာခြံစောင့်ရှိနေလို့တော်သေးသည်။ လပြည့်ဝန်း ခြံစောင့်အား ခြံတံခါးဖွင့်ခိုင်းပြီး ဝင်လာလိုက်သည်။ မိမိနေခဲ့တဲ့အခန်းကိုသာ တန်းတန်းမတ်မတ်သွားလိုက်သည်။ ဘာလို့ဆို ဒီချိန်ဖေဖေက ရုံးကပြန်ရောက်ဦးမှာ မဟုတ်သေးလို့ပင်။

"ဟင့်...ငါ့အိမ်မှာငါနေတာပဲ ကောင်းတယ်...."
မဆော့တာကြာပြီဖြစ်တဲ့ TV Gameအား စိတ်ပြေလက်ပြေ ထိုင်ဆော့နေလိုက်သည်။ ဘေးတွင်လဲ မုန့်ထုပ်တွေ ဝန်းရံလျက်.....

'ဒေါက်...ဒေါက်...'
"သား..." Game ထဲ စိတ်ရောက်နေတာကြောင့် ဘယ်အချိန်တွေရှိမှန်းတောင်မသိတော့ ဖခင်တံခါးလာခေါက်တော့မှ နာရီကိုကြည့်လိုက်တော့ ၄နာရီတောင်ထိုးပြီးပြီ...

"လာပြီ ဖေဖေ..." လပြည့်ဝန်း တံခါးကိုဖွင့်ပေးလိုက်တော့ မျက်နှာမကောင်းသည့် ဖခင်ကို အရင်ဦးဆုံးတွေ့ရတော့သည်....

"ဖေဖေ...မျက်နှာလဲ မကောင်းပါလား"
"ဧည့်ခန်းထဲ ခဏလာခဲ့ ဖေဖေ သားကို ပြောစရာရှိလို့"

"ဟုတ်...သားလာခဲ့ပါ့မယ်" လှည့်ထွက်သွားသော ဖခင်၏ကျောပြင်သည် အလိုလိုနေရင်း ဝမ်းနည်းစိတ်ဖြစ်ပေါ်လာသည်။

ဧည့်ခန်းထဲတွင် သားအဖနှစ်ယောက်ထိုင်နေသည်မှာ ခေတ္တတော့ တိတ်ဆိတ်နေသည်။ နောက်တော့ ဖခင်ဆီမှ သတ်ပြင်းချသံ ထွက်လာပြီး...
"သား...ပြန်သွားလိုက်ပါ"

ပြောစရာဆိုတာ ဒါလား သားတစ်ယောက် အိမ်ပြန်လာတာ မပျော်တဲ့အပြင် ပြန်ပြီးသွားဖို့ပြောနေပုံက အရင်ကဖေဖေ့ပုံစံနဲ့ ကွာဟနေသည်။

"ဘာလို့လဲ ဖေဖေ...သား ပြန်လာတာ ဖေဖေ မပျော်ဘူးလား။ သားကို အိမ်မှာ မနေစေချင်တာလား"
ဖျော့တော့နေသော သားဖြစ်သူ၏ အသံကြောင့် ဦးမင်းဟိန်း စိတ်မကောင်း ဖြစ်သွားသည်။ ဒါပင်မဲ့ အရာရာက ဖြစ်ချင်တာထက် ဖြစ်သင့်တာကို ဦးစားပေးသင့်သည် မဟုတ်လား။

"ဖေဖေက သားကို မချစ်လို့၊ သားနဲ့အတူတူမနေချင်လို့ ပြောတာမဟုတ်ပါဘူး.... ဒါပင်မဲ့ သား မောင်ဇေရဲမာန် အိမ်ကို ပြန်သွားလိုက်ပါ"

အမြဲတမ်းဒေါသနဲ့ ပြဿနာတစ်ခုကို မဖြေရှင်းတတ်သော ဖေဖေ။ မိမိကိုလဲ ပြဿနာ တစ်ခုကြုံလာလျှင် ခေါင်းအေးအေးထားကာ ဖြေရှင်းဖို့ အမြဲဆုံးမတတ်သောဖေဖေ။ လပြည့်ဝန်း ဒီလိုဆုံးမတာတွေကို နာခံခဲ့ပင်မဲ့ ခုတော့ မနာခံပါရစေနဲ့ဦး.....

"သားမနေချင်ဘူး...သားအိမ်မှာပဲ သား နေပါရစေဗျာ!!!!" ခေါင်းကဆံပင်တွေကို ထိုးဖွကာ အော်ပြောမိလိုက်သည်။ မွမ်းကြပ်လို့.....

"ဘာလို့လဲ.... ဘာလို့ သားကို သူ့အိမ်မှာပဲနေဖို့ အတင်းတိုက်တွန်းနေရတာလဲ!!! သားတို့ဘာဖြစ်ခဲ့ကြတယ်ဆိုတာကော မမေးတော့ဘူးလား ဖေဖေ" မျက်နှာလွှဲသွားသော ဦးမင်းဟိန်း ကိုကြည့်ရင်း လပြည့်ဝန်း ရင်ပိုနာလာသည်။

"မဖြေဘူးသား... ဖေ​ဖေလုံးဝမဖြေဘူး....ဖေဖေတောင်းဆိုတာပါ...သားပြန်သွားလိုက်ပါ....ဖေဖေတောင်းပန်ပါတယ်သားရယ်" မိဘကို မျက်ရည်ကျအောင်လုပ်တဲ့ သားသမီးက မကောင်းမှန်းသိပင်မဲ့....

ခုဖေဖေမျက်လုံးထဲမှာရှိနေတဲ့ မျက်ရည်တွေကို မြင်ရတာလပြည့်ဝန်း ရင်နာသည်။ ဘာတွေဖုံးကွယ်နေတာလဲ...

တင်းကြပ်နေသော ခံစားချက်ကို လပြည့်ဝန်း ဘယ်လိုဖြေသိမ့်ရမလဲ မတွေးတတ်တော့....ခုတော့ ဖခင်ရှေ့ကနေ ထွက်လာလိုက်သည်။
_________________

9.7.2021
Khine Lay

လက်ကောက်ဝတ်က အကြောရောင်နေတာ စာကိုဖြည်းဖြည်းချင်းရိုက်နေရလို့ ပိုကြာသွားတယ်....

အခါးလေးလဲထည့်ပေးပါဆိုလို့ အဆင်ပြေရဲ့လား

Zaw

အထုပ္ကေလးကိုဆြဲကာ ေျခသံကိုဖြဖြေလွ်ာက္ရင္း အိမ္ထဲသို႔ ကုတ္ေခ်ာင္းေခ်ာင္းနဲ႕ ဝင္လာေသာ လျပည့္ဝန္း။ ေျခလွမ္း လွမ္းလိုက္တိုင္း ရင္တုန္ေနတာထိန္းမရေအာင္ပင္။

"ကိုယ့္ကို ေျပာစရာမရွိဘူးလား" မာတင္းေနေသာအသံေၾကာင့္ လျပည့္ဝန္း ေျခလွမ္းေတြခ်က္ခ်င္းရပ္သြားကာ အသံလာရာေနာက္သို႔ၾကည့္လိုက္ေတာ့......

ေလွကားေျခရင္းတြင္ လက္ပိုက္ကာ အၾကည့္စူးစူးနဲ႕ၾကည့္ေနေသာ ေဇရဲမာန္......
"ဟို...မရွိပါဘူးဗ်..."

"ဘာ!!"
'ဘုန္း..' ေလွကားလက္ကိုင္ဘုကို အားပါပါနဲ႕ ရိုက္ခ်လိဳက္ေသာ ေဇရဲမာန္...

လျပည့္ဝန္း မွာ သေတြးေတာင္မနည္းၿမိဳခ်ေနရသည္။
"မ..မဟုတ္ပါဘူး...ကြၽန္ေတာ္.... ေတာင္းပန္ပါတယ္"

"ေတာင္းပန္တာထက္...မလုပ္ခင္ထဲက ႀကိဳေတြးထားရင္ မင္းအတြက္ပိုမေကာင္းဘူးလား...ဟမ္!!!"

ေယာက္်ားေလးေတြ မ်က္ရည္မက်ရဘူးလို႔ ဘယ္ဥပေဒမွ ထုတ္ျပန္ထားတာမဟုတ္ဘူးေလ....လျပည့္ဝန္း လဲ ေအာ္ခံလိုက္ရတာေၾကာင့္ ခ်က္ခ်င္းဆိုသလို မ်က္ရည္ဝဲတတ္သြားသည္။
အသည္းငယ္လို႔ေတာ့မဟုတ္....

"ဒါပင္မဲ့... ကြၽန္ေတာ္ ဝင္ၿပိဳင္ခ်င္လို႔"
"မင္း ငါ့ကို နည္းနည္းေလးေတာင္မွ ထုတ္မေျပာတာေကာ ဘာသေဘာလဲ။ ဘာလဲ မင္းက 'ငါလုပ္ခ်င္းတိုင္း လုပ္မွာပဲ' ဆိုတဲ့သေဘာလား"

မာတင္းေနေသာ ေဇရဲမာန္ ၏ အသံက အိမ္တစ္ခုလုံးကို ဟိန္းထြက္သြားသည့္အလား။

"မဟုတ္ပါဘူး... "
"ဘာလဲ...မင္းလုပ္သမွ်ကို ငါမသိဘူးမ်ား ထင္ေနတာလား လျပည့္ဝန္း"

"ကြၽန္ေတာ္ အဲ့လို မဟုတ္ဘူးလို႔ ေျပာၿပီးၿပီးေလဗ်ာ..."
ေရာက္ေနေသာေလွကားအလည္ကေန ခုထိ လျပည့္ဝန္း ေျခတစ္လွမ္းမွ မေ႐ြ႕ရေသး....

"ဒါဆိုဘာလို႔ ငါမသိဘဲ လုပ္ရတာလဲ"
"ကြၽန္ေတာ္ ဝါသနာပါလို႔...."

"မပါရဘူး!!! မင္းလုံးဝ ဝါသနာမပါရဘူး!!"
ေဇရဲမာန္ ၏ ေအာ္သံက မီးဖို​​ေခ်ာင္​ရွိ အိမ္အကူေတြေတာင္ လန့္ျဖန့္ကုန္သည္။

"ဟင့္....ကြၽန္ေတာ့္ လြတ္လပ္ခြင့္ဗ်...ကြၽန္ေတာ့္ကို မပိတ္ပင္ပါနဲ႕.... ကြၽန္ေတာ့္ကို မခ်ဳပ္ခ်ယ္ပါနဲ႕...ကြၽန္ေတာ္မႀကိဳက္ဘူး!!!" လျပည့္ဝန္း ပါးျပင္ေပၚသို႔ မဖိတ္ေခၚဘဲ မ်က္ရည္မ်ား စီးဆင္းလာသည္။

"ဒါေတြ ငါမသိဘူး...သိလဲမသိခ်င္ဘူး...သြား...အခုခ်က္ခ်င္း အိပ္ခန္းထဲဝင္!"
"ဟင့္....."

'ဝုန္း..' အခန္းတံခါးအား အသံျမည္ေအာင္ပိတ္လိုက္သည္။ ၿပီးေတာ့ ထိန္းခ်ဳပ္ေနတဲ့ၾကားက က်လာတဲ့မ်က္ရည္မ်ားကို ခုေတာ့ မထိန္းခ်ဳပ္ခ်င္ေတာ့...

ကုတင္ေပၚသို႔ ဝမ္းလ်ားေမွာက္ကာ တအိအိငိုေႂကြးေနမိသည္။

ဘာမွားလို႔လဲ မိမိဝါသနာပါရာေလးကို စိတ္တိုင္းက်လဳပ္လိုက္တာ။ မိမိလုပ္ရပ္က အျခားဘယ္သူ႕ကိုမွ မထိခိုက္ မနစ္နာေစသလို...ဘယ္သူ႕အသက္ကိုမွလဲ ထိပါးတာမဟုတ္.... ခုလိုအရာရာ ဒီေလာက္ လိုက္ပိတ္ပင္ေနလိမ့္မယ္လို႔ လျပည့္ဝန္း ထင္မထားမိ..

'ဝါသနာမပါရဘူး' တဲ့လား...ဒါမိမိစိတ္နဲ႕ မိမိကိုယ္ပါ။ ဝါသနာပါတာကအစ လိုက္ပိတ္ပင္ဖို႔လိုလို႔လား...

"ေတာ္ၿပီ....မေနဘူး...ျပန္မယ္" ဘီဒိုထဲက အဝတ္ေတြကို အိတ္ထဲအကုန္ထည့္ ပစၥည္းေတြကို အကုန္ထည့္ကာ မနိုင္မနင္းေအာက္ထပ္သို႔ ဆင္းလာလိုက္သည္။

"ဒါဘယ္လဲ" အိမ္ေရွ႕တံခါးေပါက္ေရာက္ခါနီး ဧည့္ခန္းထဲမွ ေဇရဲမာန္ ေမးလိုက္ျခင္းျဖစ္သည္။
"အိမ္ျပန္မလို႔"

​'ေရာင္းသူဝယ္သူ အသံတူ' ဆိုတဲ့ စကားအတိုင္း ေဘာက္ဆက္ဆက္နဲ႕ ေမးတာေၾကာင့္ လျပည့္ဝန္း လဲ ေဘာက္ဆက္ဆက္သာ ျပန္ေျဖလိုက္သည္။

မိမိအေျဖေၾကာင့္ ခ်က္ခ်င္းမိမိေဘးကိုေရာက္လာေသာေၾကာင့္ မေၾကာက္ဘူးလို႔ေတာ့ မေျပာသာ... အနည္းငယ္ေတာ့ လန့္သြားသည္။

"ဘယ္သူ႕ခြင့္ျပဳခ်က္နဲ႕လဲ"
"ကြၽန္ေတာ့္ခြင့္ျပဳခ်က္နဲ႕"

ေဇရဲမာန္ လက္ခုပ္လက္ဝါးတီးကာ ရယ္ေတာ့သည္။
"ဟားးးး သိပ္ကို ျပတ္သားျပေနတာပါလား လျပည့္ဝန္း... လျပည့္ဝန္း... အားကိုးရွိေနပုံပဲ...."

"ဘယ္သူမွ အားကိုးစရာမလိုပါဘူး...ကြၽန္ေတာ့္အိမ္ကြၽန္ေတာ္ျပန္တာ"
"Okေလ...သြားပါဗ်ာ..." လက္ကိုျမႇောက္ကာ အျပင္ထြက္ဖို႔ ခြင့္ျပဳလိုက္တာေၾကာင့္ လျပည့္ဝန္း လဲ မနိုင္မနင္း အထုပ္ကိုဆြဲကာ ထြက္သြားရွာသည္။

လျပည့္ဝန္း ကိုယ္တိုင္ၿခံတံခါးကိုဖြင့္ေနတုန္း....
"ဟိတ္....ေျပာလိုက္မယ္...မင္းသေဘာနဲ႕ မင္း ထြက္သြားတယ္ ေအး....မင္း ျပန္လာရတယ္ဆိုရင္ေတာ့ ဒီတစ္ခါ...ငါမင္းကို ဒီထက္မက ခ်ဳပ္ႏွောင္ထားမွာ...ကဲ...သြားေတာ့"

ၿပဳံးၿပဳံးႀကီးနဲ႕ ေျပာလာေသာ ေဇရဲမာန္ စကားမ်ားေၾကာင့္ လျပည့္ဝန္း တစ္ကိုယ္လုံး ၾကက္သီးထသြားသည္။ ေအးေဆးပါ...ျပန္မလာတာ ေသခ်ာတာမို႔.....

အျပင္သို႔ လႈပ္ပဲ့လႈပ္ပဲ့နဲ႕ အထုပ္ကေလးဆြဲကာ ထြက္သြားေသာ ေကာင္ေလးကိုၾကည့္ရင္း ေဇရဲမာန္ မဲ့ၿပဳံးၿပဳံးလိုက္သည္...ထိုအၿပဳံးကို ျမင္သြားေသာ ဥကၠာမွာေတာ့ သတ္ျပင္းခ်ကာ လျပည့္ဝန္း ကို သနားသြားသည္။

ငယ္ငယ္ထဲက Bossအေၾကာင္းကို ေကာင္းေကာင္းသိေသာ ဥကၠာ....ျဖဴစင္လွေသာ လျပည့္ဝန္း ဆိုတဲ့ေကာင္ေလးကို တရင္းတႏွီးစကားေတြမေျပာဖူးပင္မဲ့ သူခင္သည္။
လျပည့္ဝန္း ကိုၾကည့္ရင္း
"လျပည့္ဝန္း.... မင္းအေစာႀကီးထဲက ထြက္သြားမယ္ဆိုတဲ့ အေတြးကို မေတြးခဲ့မိရင္ သိပ္ေကာင္းမွာပဲ..."
____________________

အိမ္မွာၿခံေစာင့္ရွိေနလို႔ေတာ္ေသးသည္။ လျပည့္ဝန္း ၿခံေစာင့္အား ၿခံတံခါးဖြင့္ခိုင္းၿပီး ဝင္လာလိုက္သည္။ မိမိေနခဲ့တဲ့အခန္းကိုသာ တန္းတန္းမတ္မတ္သြားလိုက္သည္။ ဘာလို႔ဆို ဒီခ်ိန္ေဖေဖက ႐ုံးကျပန္ေရာက္ဦးမွာ မဟုတ္ေသးလို႔ပင္။

"ဟင့္...ငါ့အိမ္မွာငါေနတာပဲ ေကာင္းတယ္...."
မေဆာ့တာၾကာၿပီျဖစ္တဲ့ TV Gameအား စိတ္ေျပလက္ေျပ ထိုင္ေဆာ့ေနလိုက္သည္။ ေဘးတြင္လဲ မုန့္ထုပ္ေတြ ဝန္းရံလ်က္.....

'ေဒါက္...ေဒါက္...'
"သား..." Game ထဲ စိတ္ေရာက္ေနတာေၾကာင့္ ဘယ္အခ်ိန္ေတြရွိမွန္းေတာင္မသိေတာ့ ဖခင္တံခါးလာေခါက္ေတာ့မွ နာရီကိုၾကည့္လိုက္ေတာ့ ၄နာရီေတာင္ထိုးၿပီးၿပီ...

"လာၿပီ ေဖေဖ..." လျပည့္ဝန္း တံခါးကိုဖြင့္ေပးလိုက္ေတာ့ မ်က္ႏွာမေကာင္းသည့္ ဖခင္ကို အရင္ဦးဆုံးေတြ႕ရေတာ့သည္....

"ေဖေဖ...မ်က္ႏွာလဲ မေကာင္းပါလား"
"ဧည့္ခန္းထဲ ခဏလာခဲ့ ေဖေဖ သားကို ေျပာစရာရွိလို႔"

"ဟုတ္...သားလာခဲ့ပါ့မယ္" လွည့္ထြက္သြားေသာ ဖခင္၏ေက်ာျပင္သည္ အလိုလိုေနရင္း ဝမ္းနည္းစိတ္ျဖစ္ေပၚလာသည္။

ဧည့္ခန္းထဲတြင္ သားအဖႏွစ္ေယာက္ထိုင္ေနသည္မွာ ေခတၱေတာ့ တိတ္ဆိတ္ေနသည္။ ေနာက္ေတာ့ ဖခင္ဆီမွ သတ္ျပင္းခ်သံ ထြက္လာၿပီး...
"သား...ျပန္သြားလိုက္ပါ"

ေျပာစရာဆိုတာ ဒါလား သားတစ္ေယာက္ အိမ္ျပန္လာတာ မေပ်ာ္တဲ့အျပင္ ျပန္ၿပီးသြားဖို႔ေျပာေနပုံက အရင္ကေဖေဖ့ပုံစံနဲ႕ ကြာဟေနသည္။

"ဘာလို႔လဲ ေဖေဖ...သား ျပန္လာတာ ေဖေဖ မေပ်ာ္ဘူးလား။ သားကို အိမ္မွာ မေနေစခ်င္တာလား"
ေဖ်ာ့ေတာ့ေနေသာ သားျဖစ္သူ၏ အသံေၾကာင့္ ဦးမင္းဟိန္း စိတ္မေကာင္း ျဖစ္သြားသည္။ ဒါပင္မဲ့ အရာရာက ျဖစ္ခ်င္တာထက္ ျဖစ္သင့္တာကို ဦးစားေပးသင့္သည္ မဟုတ္လား။

"ေဖေဖက သားကို မခ်စ္လို႔၊ သားနဲ႕အတူတူမေနခ်င္လို႔ ေျပာတာမဟုတ္ပါဘူး.... ဒါပင္မဲ့ သား ေမာင္ေဇရဲမာန္ အိမ္ကို ျပန္သြားလိုက္ပါ"

အၿမဲတမ္းေဒါသနဲ႕ ျပႆနာတစ္ခုကို မေျဖရွင္းတတ္ေသာ ေဖေဖ။ မိမိကိုလဲ ျပႆနာ တစ္ခုႀကဳံလာလွ်င္ ေခါင္းေအးေအးထားကာ ေျဖရွင္းဖို႔ အၿမဲဆုံးမတတ္ေသာေဖေဖ။ လျပည့္ဝန္း ဒီလိုဆုံးမတာေတြကို နာခံခဲ့ပင္မဲ့ ခုေတာ့ မနာခံပါရေစနဲ႕ဦး.....

"သားမေနခ်င္ဘူး...သားအိမ္မွာပဲ သား ေနပါရေစဗ်ာ!!!!" ေခါင္းကဆံပင္ေတြကို ထိုးဖြကာ ေအာ္ေျပာမိလိုက္သည္။ မြမ္းၾကပ္လို႔.....

"ဘာလို႔လဲ.... ဘာလို႔ သားကို သူ႕အိမ္မွာပဲေနဖို႔ အတင္းတိုက္တြန္းေနရတာလဲ!!! သားတို႔ဘာျဖစ္ခဲ့ၾကတယ္ဆိုတာေကာ မေမးေတာ့ဘူးလား ေဖေဖ" မ်က္ႏွာလႊဲသြားေသာ ဦးမင္းဟိန္း ကိုၾကည့္ရင္း လျပည့္ဝန္း ရင္ပိုနာလာသည္။

"မေျဖဘူးသား... ေဖ​ေဖလုံးဝမေျဖဘူး....ေဖေဖေတာင္းဆိုတာပါ...သားျပန္သြားလိုက္ပါ....ေဖေဖေတာင္းပန္ပါတယ္သားရယ္" မိဘကို မ်က္ရည္က်ေအာင္လုပ္တဲ့ သားသမီးက မေကာင္းမွန္းသိပင္မဲ့....

ခုေဖေဖမ်က္လုံးထဲမွာရွိေနတဲ့ မ်က္ရည္ေတြကို ျမင္ရတာလျပည့္ဝန္း ရင္နာသည္။ ဘာေတြဖုံးကြယ္ေနတာလဲ...

တင္းၾကပ္ေနေသာ ခံစားခ်က္ကို လျပည့္ဝန္း ဘယ္လိုေျဖသိမ့္ရမလဲ မေတြးတတ္ေတာ့....ခုေတာ့ ဖခင္ေရွ႕ကေန ထြက္လာလိုက္သည္။
_________________

9.7.2021
Khine Lay

လက္ေကာက္ဝတ္က အေၾကာေရာင္ေနတာ စာကိုျဖည္းျဖည္းခ်င္းရိုက္ေနရလို႔ ပိုၾကာသြားတယ္....

အခါးေလးလဲထည့္ေပးပါဆိုလို႔ အဆင္ေျပရဲ႕လား

Continua a leggere

Ti piacerà anche

511K 32.6K 41
Let's see how different personalities mends with each other to form a beautifull bond together. Where the Eldest is calm and cold, Second is aggress...
447K 17.7K 48
Vikram, a senior officer, prioritizes his duty above all else, much like his father, ACP Rajendra. He has three siblings: one is an officer, and the...
55.9K 1.5K 12
I hear by invite you to watch the truth. The truth of what happens when one insignificant person goes into a story already written. Turns out she was...
300K 21.8K 26
Avantika Aadish Rajawat Aadi, with his fiery nature, adds intensity and excitement to their relationship, igniting a spark in Avni. Avni, like the ca...