To be a Heartthrob in a Horro...
Od Kuro_Fuyu
433K 87.8K 4.7K
Original Author - Jiang Zhi Yu(姜之鱼) Chapters - 149+7 extras English Translator - Naeda / Kk translates [Zawgy... Více
Prologue
[Arc 1] Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
[Arc 1 END] Chapter 15
Chapter 16
Chapter 17
[Arc 2] Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
[Arc 2 END] Chapter 39
[Arc 3] Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 53
Chapter 54
Chapter 55
Chapter 56
Chapter 57
[Arc 3 END] Chapter 58
[Arc 4] Chapter 59
Chapter 60
Chapter 61
Chapter 62
Chapter 63
Chapter 64
Chapter 65
Chapter 66
Chapter 67
Chapter 68
Chapter 69
Chapter 70
Chapter 71
Chapter 72
Chapter 73.1
Chapter 73.2
Chapter 74
Chapter 75
Chapter 76
Chapter 77
Chapter 78
Chapter 79
[Arc 4 END] Chapter 80
[Arc 5] Chapter 81
Chapter 82
Chapter 83
Chapter 84
Chapter 85
Chapter 86
Chapter 87
Chapter 88
Chapter 89
Chapter 90
Chapter 91
Chapter 92
Chapter 93
Chapter 94
Chapter 95
Chapter 96
Chapter 97
Chapter 98
Chapter 99
Chapter 100
Chapter 101
Chapter 102
Chapter 103
Chapter 104
Chapter 105
Chapter 106
Chapter 107
[Arc 5 END] Chapter 108
[Arc 6] Chapter 109
Chapter 110
Chapter 111
Chapter 112
Chapter 113
Chapter 114 [ဟောလိုးဝင်းအထူးသီးသန့်]
Chapter 115[ဟောလိုးဝင်းအထူးသီးသန့် End]
Chapter 116
Chapter 117
Chapter 118
Chapter 119
Chapter 5
6.2K 1.2K 181
Od Kuro_Fuyu
Chapter 5: ညဉ့်နက်အချိန်
ကွိုင့်ရှင်းမျက်နှာ?
လင်းရှောင်ယန်ခေါင်းခါပြလျက် .."ငါတို့ သူ့ပုံစံကိုကြည့်ရဲတယ်ဆိုရင်တောင် အချိန်မလောက်ဘူး"
မနေ့ညက သူမငုံကြည့်မိတော့ မထင်မှတ်စွာ လျှိုလီလီ၏အရိပ်ကို တွေ့လိုက်ပြီး ထိုအကြောင်းမေးမိအချိန် လျှိုလီလီ၏အော်သံက ကြားဖြတ်၍ ကွိုင့်ရှင်းကိုအမြန်ပို့ဆောင်လိုက်ကြသည်။
သူမတကယ်ပြန်ပို့ခဲ့လားဆိုတာတော့ ... သူမ မသိဘူး။
စုမင်မျက်မှောင်ကျုံ့ကာ .."ငါ အဲ့ကွိုင့်ရှင်းကို ဒီ့ထက်ပိုပြီး စုံစမ်းချင်သေးတယ်။ ဒါပေမယ့် အခုအခွင့်ရေးမရှ်ိတော့ဘူး" မနက်ခင်းလည်းဖြစ်တာမို့ အ‌မျိုးသမီးအဆောင်တွင် လူများစွာရှိနေသေးသည်။
"စုံစမ်းမယ် ... ဘာကိုစုံစမ်းမလို့လဲ?" လင်းယိကျီတိုးတိုးပြောလာတယ် .."ဆွဲထုတ်တာက သူများကိစ္စနော်"
လင်းရှောင်ယန်နဲ့ သူတို့က သူငယ်ချင်းလည်းမဟုတ်သလို ဆွေမျိုး‌လည်းမဟုတ် ... သူတို့အချင်းချင်းက အတန်းဖော်တွေသာ ... ဒီလို အသက်ပေးရမယ့်ကိစ္စမှာ စုမင်က အမှန်တကယ် ပါဝင်ချင်နေတယ်။
စုမင်ခေါင်းခါပြီး .."မေ့လိုက်တော့ ... ငါအဆောင်ပြန်တော့မယ်"
အချိန်တိုအတွင်း ကွိုင့်ရှင်းသတင်းကို ထပ်ရရှိမှာမဟုတ်ပေ။ သူ အွန်လိုင်း၌ ရုံးဌာနရဲ့ခုနှစ်လွှာအကြောင်းကို ထပ်တူးဆွလို့ရသေးတယ်။
ထူးထူးဆန်းဆန်းတွေ ဖြစ်ပြီးကတည်းက ထပ်ဖြစ်လာမည်ပင်။
ခုနှစ်လွှာမှာ အချို့သော့ချက်တွေ ပုန်းကွယ်ထားပုံရပေမယ့် အခုတော့ သူမသွားရဲပေ။
စုမင်သည် ဘေးမှာရပ်ပြီး ဇာတ်ရည်လည်သည်ထိ ကြည့်နေမယ့်လူမျိုးမဟုတ်ပေ ... အမျိုးသားအဆောင်ကို သူပြန်ကာ ဒီနေရာမှာအလုပ်လုပ်သည့် အန်တီကြီးတံခါးကိုမြင်တော့ တံခါးနားအရောက်တွင်ရပ်လိုက်သည်။
အန်တီကြီးက တစ်နှစ်ပတ်လုံးဤနေရာတွင် ရှိနေခဲ့သည်။ အစားထိုးစောင့်ရှောက်သူများလိုတော့ မဟုတ်သလိုပဲ။
ဘာဖြစ်ခဲ့လဲဆိုတာ သူမသိလောက်မယ်။
စုမင်တံ‌ခါးခေါက်ကာ .."အန်တီ ... အထဲမှာရှိလား?"
တံခါးပွင့်လာပြီး အန်တီကြီး‌ရောက်လာသည်။
"ဘာတုန်းကွယ့်?" သူမမေး၏။
စုမင်အတွေးတွေ စုစည်းပြီး ပြောသည်။ "အန်တီ ... ကျွန်တော်မေးစရာရှိလို့ ... ဒီမှာအန်တီအလုပ်လုပ်တာ ဘယ်လောက်ကြာပြီလဲ?"
အန်တီကြီးတခဏတွေးဆပြီး .."ခြောက်နှစ် ထင်တယ် ... ၂၀၁၂မှာ စတာဆိုတော့ မမှားလောက်ပါဘူး"
တော်တော်ကြာပြီပဲ ... ဒါဆို သူမသိနိုင်သည်။
စုမင် အသံနိမ့်နိမ့်ဖြင့် မေးလိုက်၏။ "အန်တီ ... ရုံးဌာနက ခုနှစ်လွှာဘာဖြစ်ခဲ့ -"
"မင်း ဒါကိုမမေးသင့်ဘူး" သူမ ချက်ချင်းစကားဖြတ်လိုက်၏။
အန်တီကြီးအမူအရာနည်းနည်းပြောင်းသွားတော့ ခုနှစ်လွှာမှာ ဖြစ်ခဲ့သည့်ကိစ္စက အသေးအဖွဲ့မဖြစ်နိုင်ဘူးဆိုတာ စုမင်ပြောနိုင်သည်။
"ဘာလို့လဲ? အန်တီမပြောနိုင်ဘူးလား?"
"မင်းက ကျောင်းသားပဲရှိသေးတယ် ... စာကြိုးစား ... ရှုပ်ရှုပ်ယှက်ယှက်ကိစ္စတွေ မမေးနဲ့ ... ဒါပဲဆိုရင် ကျုပ်တံခါးပိတ်ပြီ"
သူ့မျက်နှာရှေ့ တံခါးကို သူမဆောင့်ပိတ်လိုက်သည်။
သူ့နှာခေါင်းကို ပွတ်လျက် ... စုမင် အခန်းဆီလျှောက်သွားသည်။ အထဲရောက်သည်နဲ့ ထိုင်ခုံဆွဲကာ အချက်အလတ်တွေကို ရှာဖွေသည်။ ဒီ horrorဇာတ်ကားက ၂၀၁၈မှာစခဲ့သောကြောင့် အင်တာနက်က သူလိုသမျှရှာဖို့ လုံလောက်စွာဖွံ့ဖြိုးလောက်မည်။
ဒါ့ပြင် ဆရာဒါမှမဟုတ် ကျောင်းသားကျောင်းသူသေဆုံးခြင်းနဲ့ ဆက်နွယ်သည့်ကိစ္စက သေးငယ်တဲ့သတင်းတော့မဖြစ်လောက်ဘူး။
စုမင် စာလုံးအချို့ရိုက်နှိပ်ပြီး enterနှိပ်ချိန် မရေတွက်နိုင်သော webpageများ ပေါ်လာတယ်။
ကျောင်းပြင်ပ၌ မတော်တဆဖြစ်ပွားမှုများက ဖြစ်လေ့ဖြစ်ထရှိတဲ့ကိစ္စရပ်ပင်။
ပေ့ခ်ျအချို့ကို ရှာဖွေပြီးသည့်တိုင် အသုံးဝင်သည့် အကြောင်းအရာကိုရှာမတွေ့ဘဲ ကျောင်းဖိုရမ်မှာပဲ လည်နေတယ်။ ပို့စ်အဟောင်းတွေကို တူးဆွပြီး သူသိသည့် ခေါင်းစဉ်များကို ရှာဖွေသည်။
ရုံးဌာနအဆောက်အဦးနဲ့ပတ်သက်သည့် ပို့စ်ကိုရှာတွေ့တဲ့အချိန်ဆိုရင် ဖြေကြားချက်များက စကားလမ်းကြောင်းလွှဲထားကြပြီး မပြတ်မသားနဲ့ပင် ... ဒါ့ပြင် လေးထပ်နှင့် ငါးထပ်အကြောင်းသာ ပြောထားကြသည်။
ဒီကျောင်းကြီးက အလွန်သန့်ရှင်း၏။
သန့်ရှင်းလွန်းသည်က ပုံမှန်မဟုတ်ပေ။
အင်တာနက်ကနေ ဘာမှမရတာကြောင့် စုမင်သည် အရာရာတိုးတက်သည်ထိပဲ တိတ်တဆိတ် စောင့်နိုင်တယ်။
နေ့လည်အတန်းချိန်မရှိ၍ ကျောင်းအဆောင်၊ ကျောင်းစာသင်ခန်းပြင်ပတွေကို အေးအေးလူလူလမ်းလျှောက်ပတ်သည်။ ကျေနပ်အားရပြီးနောက် သူ ကျောင်းဝင်းမှအနီးအနားရှိ စတိုးဆိုင်များသို့သွားပြီး နောက်ထပ်သတင်းအချက်အလက်များကို ရှာဖွေခဲ့သည်။
နောက်ဆုံး စတိုးဆိုင်ပိုင်ရှင်၏ တုန့်ပြန်မှုသည်လည်း အန်တီကြီးလိုပင် ...
ကြီးမားသောထိုးဖောက်မှုများ မရှိခဲ့သော်လည်း စုမင်က ဤအချက်အလက်အနည်းငယ်ကို ဖော်ထုတ်နိုင်ခဲ့သည်။ ပြန်လည်အသုံးပြုရန် မမွမ်းမံမီ ရုံးအဆောက်အအုံဟောင်းကို တစ်ချိန်က ချိတ်ပိတ်ထားခဲ့သည်။
အဆောက်အအုံအတွက် ကနဦးဆောက်လုပ်ရေးကုန်ကျစရိတ်က အလွန်ဈေးကြီးသဖြင့် ယင်းအားအပြီးမဖယ်ရှားနိုင်ခဲ့ပေ။ ပြန်လည်မွမ်းမံပြီးသောအခါမှ အဆောက်အဦးသည် မူလပုံစံနဲ့ အလွန်ကွာခြားသွားသည်။
မည်သို့ပင်ဖြစ်စေ အဆောက်အဦးတစ်ခုလုံးကိုတောင် ကျောင်းကပုံစံပြောင်းခဲ့တာဆိုတော့ ... ဖြစ်ပျက်ခဲ့သမျှအလွန်အရေးကြီးလောက်မယ် ...
စုမင် ဘာဖြစ်ခဲ့သလဲဆိုတဲ့အကြောင်းကို ယဲ့ယဲ့လေးသာ သိပေမယ့် သူထင်ထားသလို မဟုတ်ခဲ့ ...
ညနက်အချိန် ... ရုပ်ရှင်ရုံကြောင့် နိုးလာခဲ့သည်။
【ပရိသတ်စုမင် ... နေ့တစ်ရက်အပြည့် အောင်မြင်စွာ အသက်ရှင်ခဲ့တဲ့အတွက် ဂုဏ်ယူပါတယ်။ ကျေးဇူးပြုပြီးဆက်ကြိုးစားပေးပါ။ ဒီနေ့သဲလွန်စ: အိမ်သာခန်းငယ်】
အိမ်သာခန်း?
စုမင် အိမ်သာခန်းဝန်းကျင်ရှိ ပုံပြင်ဒဏ္ဍာရီများအကြောင်း၊ ထိတ်လန့်တုန်လှုပ်ဖွယ်ဇာတ်ကားများမှ ထွက်ပေါ်လာသည့်အရာအားလုံးကို ကြားသိခဲ့သည်။ စိတ်လှုပ်ရှားစရာများသည် အိမ်သာအခန်းကဏ္ဍမှာ အဖြစ်များသောကြောင့် ၎င်းသည်အံ့အားသင့်စရာမဟုတ်။
ဒီဇာတ်ကွက်ကို ဘယ်သူကျော်ဖြတ်မှာလဲ?
မနေ့က ရေချိုးခန်းကိစ္စကို လျှိုလီလီကြုံတွေ့ခဲ့တာဆိုတော့ ဒီနေ့အိမ်သာကဏ္ဍကို ကျန်ရှိနေတဲ့အခန်းဖော်တွေထဲမှ တစ်ယောက်ကြုံတွေ့နိုင်သည်။
အဆောင်အဆောက်အအုံသည် သီးသန့်အိမ်သာများသာ ရှိသောကြောင့် အိမ်သာခန်းငယ်များသည် စာသင်ဆောင်များ သို့မဟုတ်ရုံးအဆောက်အအုံများတွင်သာ ရှိနိုင်သည်။
လင်းရှောင်ယန်ထံသို့ စုမင်မတ်ဆေ့ခ်ျပို့လိုက်၏။
သူမကိုယ်ပိုင်အဆောင်ခန်းဆီ ပြန်ရမှာကြောက်လွန်းသဖြင့် နောက်တစ်ခန်းတွင် လင်းရှောင်ယန်အိပ်သည်။ သူမအခြားအခန်းဖော်တွေလည်း အခြားတစ်နေရာမှာ အိပ်ကြသည်။
၁၂နာရီသာ ရှိသေးတယ် ... သူမ မအိပ်ပျော်သေးပေ။
"အိုခေ" လင်းရှောင်ယန် စာပြန်ရိုက်ပို့လိုက်သည်။
ခဏအကြာ သူမမတ်ဆေ့ခ်ျအသစ် ထပ်ပို့လိုက်၏ .."ကျောင်းယွမ် ရုံးဌာနအဆောက်အဦးဆီ ဦးတည်သွားတယ်လို့ တစ်ယောက်ပြောတာ ငါကြားခဲ့တယ်"
ကျောင်းယွမ်သည် ကွိုင့်ရှင်းတွင်ပါဝင်ကစားခဲ့သည့် အခန်းဖော်တစ်ယောက်ပင်။
ဒီည သူမက အခြားအဆောင်မှသူငယ်ချင်းနဲ့ အတူနေခဲ့တာဖြစ်သည်။
စုမင်ချက်ချင်းလှည့်ပြီး ကုတင်မှထလာသည်။ ထိုဝုန်းဒိုင်းကြဲဆူညံသံကြောင့် လင်းယိကျီနိုးလာ၏။
သူအိပ်ချင်မူးတူးဖြင့် မေးလေသည်.."မင်းဘာလုပ်နေတာလဲ?"
"ရုံးဌာနဆီသွားချင်လား?" စုမင်ထပ်ပေါင်းပြော၏.."လင်းရှောင်ယန်လည်းသွားမှာ"
လင်းယိကျီကြားတော့ ချက်ချင်းဆိုသလို နိုးသွားပြီး သတိဝီရိယရှိစွာမေးလိုက်တယ်.."အဲ့မှာမင်းတို့ဘာသွားလုပ်မလို့လဲ? အခုလောက်ဆို သော့ပိတ်ထားလောက်ပြီ"
"လိုက်မှာလား မလိုက်ဘူးလား?" စုမင်ထပ်မေး၏။
လင်းယိကျီသွားချင်ပေမယ့် သွားလည်းမသွားချင်ဘူး ... သူ စက္ကန့်အနည်းမျှတွေးတောပြီး နောက်ဆုံးသွားဖို့ ဆုံးဖြတ်လိုက်သည်။ အိပ်ယာထဲမှာ တွားသွားနေချိန်မှာတော့ သူ အိပ်ချင်စိတ်မပြေသေးသည့် ညည်းညူသံကို မရပ်နိုင်ခဲ့ပေ။
သူ့အင်္ကျီဝတ်နေတုန်း လင်းယိကျီတိုးတိုးလေးဖြင့် .."ငါတို့ အဲ့အရာကိုရှာဖို့သွားကြမှာလား? ငါတို့ ကျင်ငယ်နည်းနည်းလောက်ယူသွားသင့်လား?"
စုမင်: "..."
(*သရဲကိုနှင်တဲ့အခါ ကျင်ငယ်ကိုသုံးတတ်တယ်လို့ ပြောပါတယ်)
သူဟာ အန္တရာယ်ကိုသတိထားပေမဲ့ မသွားဘူးဆိုရင် သူ့ဆီ သေမင်းလာတဲ့အထိ စောင့်နေမယ်လို့ မဆိုလိုဘူး။
Horrorရုပ်ရှင်ရဲ့ အနက်ရှိုင်းဆုံးလျှို့ဝှက်ချက်ကို မဖော်ထုတ်ဘဲ သူ့ပန်းတိုင်အမှတ်အထိ အသက်ရှင်နေထိုင်တာ ... စုမင်က ထိုလိုလူစားမျိုးမဟုတ်ပေ။
ဘယ်လိုပဲဖြစ်ဖြစ် ... ပထမဆုံးသူ့ရဲ့ Horrorရုပ်ရှင်ထဲမှာ အသက်ရှင်သည့် အတွေ့ကြုံက သိပ်မဆိုးလောက်ပါဘူး။
သူတို့နှစ်ယောက် ... အဆောင်အပြင်၌ လင်းရှောင်ယန်နဲ့ဆုံကြသည်။
‌ကော်လိပ်ကျောင်းသူကျောင်းသားအများဆုံးက ညဇီးကွက်တွေဖြစ်ပေမယ့် ညသန်းခေါင်ယံကြီး ခြေဦးတည့်ရာသဝေထိုးနေတာမျိုးတော့ မဆိုလိုပေ။
လမ်းမီးသည် ကျိုးတိုးကျဲတဲနှင့် တစ်စွန်းတစသာ ထိန်လင်း၏။
"ငါ ကျောင်းယွမ်အပြင်ထွက်သွားတာကို သူမသူငယ်ချင်းဆီက ကြားခဲ့တာ ... သူငယ်ချင်းက သူမတစ်ခုခုမှာ စိုးရိမ်လို့ သူမနောက်လိုက်သွားတယ် ... ညလယ်ကြီး ကျောင်းယွမ်ဘာလုပ်‌နေတာပါလိမ့်?" လင်းရှောင်ယန် တိုးညှင်းစွာရေရွတ်လိုက်သည်။
ထိုသူငယ်ချင်းသည် နှစ်မိနစ်မျှနီးနီးကပ်ကပ်လိုက်ခဲ့ပြီး ကျောင်းယွမ်က ရုံဌာနဆီဦးတည်နေသည်ကို တွေ့ခဲ့သည်။ တစ်လမ်းလုံး ကျောင်းယွမ် တစ်ခေါက်မှ သူမခေါင်းကိုနောက်လှည့်မကြည့်ခဲ့ဘူး ... သူမအမြင်အာရုံက အရှေ့သာဦးတည်နေပြီး မသိရင် သူမဝိညာဉ်နှင့်နှလုံးသားသည် မစ်ရှင်တစ်ခုလုပ်ဆောင်နေပုံပင် ...
ဒီလောက် ညအချိန်မတော် ကျောင်းယွမ်သူငယ်ချင်းသည် အပြင်မထွက်ချင်ပေ။ သူမအကြိမ်အနည်းငယ် ကျောင်းယွမ်ကိုပြန်လာရန် ဘယ်လောက်ပဲ အကျယ်ကြီးအော်ခေါ်‌ခေါ် တစ်ဖက်လူက လှည့်မကြည့်သလို ပြန်လည်းမဖြေပေ။ ထို့ကြောင့် အဆောင်ကိုတစ်ယောက်တည်းပဲ ပြန်လာခဲ့သည်။
စုမင်လမ်းမီးဘေး၌ မတ်တပ်ရပ်နေပြီး .."ငါတို့ရောက်တဲ့အခါ သိလိမ့်မယ်"
ကျောင်းယွမ် ထွက်သွားတာ သိပ်မကြာသေးပေ။ တကယ်လို့ သူတို့ပြေးသွားရင် မှီလောက်ပြီး သဲလွန်စတွေပိုရလိမ့်မယ်။
ရုံးဌာနက အဆောင်နဲ့ သိပ်မဝေးသောကြောင့် သူတို့မိနစ်အနည်းငယ်အတွင်း ရောက်သွားသည်။
ညဉ့်နက်အချိန်၌ ... ရုံးဌာနအဆောက်အဦးတွင်း မည်သည့်အလင်းရောင်မှ မရှိပေ။ အနက်ရောင်ဆေး‌ခြယ်ထားသည့်သဏ္ဍာန်မှာ လုံးလုံးထိတ်လန့်တုန်လှုပ်ဖွယ်ကောင်းလှသည်။ ပြတင်းပေါက်များသည် လူသားစားအပေါက်များနှင့် ဆင်တူသည်။
စုမင် ပတ်ပတ်လည်ကြည့်ပြီး .."တံခါးပွင့်နေတယ်"
ကြည့်ရတာ အတင်းအကျပ်ဆွဲဖွင့်ထားသလိုပဲ ... ကျောင်းယွမ်က တရားခံဖြစ်နိုင်‌ချေပိုများသည်။
လင်းရှောင်ယန်ဖုန်းမီးအလင်းဖွင့်လိုက်ပြီး စုမင်နောက်သို့လိုက်ရင်း အဆောက်အဦးထဲဝင်လာသည်။ အလင်းရှိတာတောင် ကော်ရစ်ဒါအရှည်ကြီး၏အဆုံးကို မမြင်နိုင်ပေ။
ညဥ့်နက်သန်းခေါင်အချိန်တွင် ရုံးအဆောက်အအုံသည် လူသူကင်းမဲ့ပြီးစိတ်ပျက်စရာပင်။ ဘာအသံမှလည်း မကြားနိုင်ဘူး ... နေ့ခင်းဘက်တွင် သတိပြုမိမည်မဟုတ်သော်လည်း ညအချိန်၌ အတွင်းပိုင်းများသည် အလွန်ကြောက်မက်ဖွယ်ကောင်းသည်။
"မင်း ဘယ်သွားမလို့လဲ?" လင်းယိကျီမေး၏။
"အိမ်သာ" စုမင်ဖြေလိုက်သည်။
သူ့ပန်းတိုင်က အိမ်သာခန်းဖြစ်တာမို့ သူတို့အိမ်သာသွားမှ ရမယ် ... ဒါပေမယ့် အထပ်များစွာပါသော အဆောက်အဦးမလို့ ဘယ်အိမ်သာလည်း သူမသိဘူး။
"အဲ့-အဲ့ကို?" လင်းယိကျီတုံ့ဆိုင်းကာ တုန်ယင်လျက် .."မင်း အိမ်သာဒဏ္ဍာရီအကြောင်းတွေမသိဘူးလား? ငါကြားခဲ့တာ ယောက်ျားလေးတစ်ယောက် အိမ်သာသွားခဲ့တုန်းက ... သူ့နာမည်ခေါ်သံကိုကြားနေရတော့ ... သူလှည့်ကြည့်မိတဲ့အချိန် သူ့ခေါင်းကိုသရဲလာကိုင်တယ်တဲ့
စုမင် မနေနိုင်ဘဲ ပြောလိုက်သည်။ .."ပြီးတော့ မင်းအခုမှပြောတယ်?"
လင်းယိကျီမှားသွားသလို ခံစားမိသည်။ သူတကယ်ကြောက်တာ ...
သူပြောမည့်အချိန်၌ ရုတ်တရက် သူ့အနောက်မှ သေးငယ်ပြီး ချည့်နဲ့သောအသံကြားလိုက်ရတယ် .."စုမင်?"
စုမင်နဲ့ လင်းယိကျီလန့်ဖျပ်ကာ ကြောက်စိတ်တို့ဝင်လာသည်။ အထူးသဖြင့် စုမင် ... ကျီးကန်းနှုတ်သီး*ရတယ်ဆိုသည့် အဓိပ္ပါယ်ကို သူနောက်ဆုံးနားလည်ခဲ့ပြီ။
(*နိမိတ်မရှိတာကို ဆိုလိုသည်)
လင်းယိကျီတံထွေးမြိုချရင်း စုမင်အင်္ကျီကိုဆွဲကာ စကားထစ်စွာမေးလိုက်၏။
"အခု ...အခုဘယ်လိုလုပ်ကြမလဲ?"
"ပြေး!"
စုမင်အသံဆုံးသည်နှင့် နှစ်ယောက်သားခြေထောက်မကာ နောက်လှည့်မကြည့်ဘဲ တဟုန်ထိုးပြေးလေသည်။
စက္ကန့်အနည်းငယ်ကြာ ပြေးနေပြီးနောက် လင်းရှောင်ယန် မခံနိုင်ဘဲ မေးလိုက်လေသည်။ "စုမင် ငါတို့ ဘာလို့ပြေးတာလဲ?"
"မင်းမေလင် ... နာမည်ခေါ်တဲ့သရဲတွေရှိတယ်!" လင်းယိကျီအော်ပြော၏။
လင်းရှောင်ယန်ရပ်လိုက်ပြီး မျက်လုံးလှည့်ကာ .."ငါခေါ်တာလေ ... ငါ့အသံကိုမမှတ်မိဘူးလား?"
တကယ်ဘာမှမဖြစ်ဘူးဆိုတာလည်း သိရော စုမင်ခြေလှမ်းနှေးကွေးသွားသည်။ သုံးဦးသား လှေကားတွင်ထိုင်ရင်း စိတ်မောစွာ အချင်းချင်းကြည့်ကြသည်။
ဘယ်သူထင်မှာလဲ ... လင်းယိကျီသရဲပုံပြင်ပြောအပြီး လင်းရှောင်ယန်က အမှတ်တမဲ့ခေါ်လိုက်သည်က သူတို့နှစ်ယောက်ကို လိပ်ပြာလွင့်မတတ် လန့်သွားစေခဲ့လိမ့်မယ်လို့ ...
ရှက်ဖို့ကောင်းလိုက်တာ ....
"နင်တို့ပြောနေတာကြားတော့ ငါ့စိတ်ကလွင့်မျောနေတာလေ ... လင်းယိကျီ နင်သရဲပုံပြင်ပြောဖို့ အမှန်တကယ်နေရာကောင်းကိုရွေးခဲ့တာပဲ" လင်းရှောင်ယန်သရော်လိုက်သည်။
"ငါလည်း မနေနိုင်လို့" လင်းယိကျီ သူမှားသည်ဟု ခံစားမိကာ ရေရွတ်လိုက်၏။
ဒီလို အခြေအနေကို သူရောက်တာနဲ့ သူ့စိတ်ထဲ၌ ဖြစ်နိုင်ချေရှိသည့် သရဲပုံပြင်အမျိုးမျိုးကို စဉ်းစားနေမိသည်။ သူ့ကြောက်စိတ်ကို လျော့စေရန် အတွေးကိုထုတ်ပြောမိတာ။
လင်းရှောင်ယန် သူ့ကိုလက်မထောင်ပြီး .."ငါနင့်ကို ယောက်ျားတစ်ယောက်အနေနဲ့ လေးစားသွားပြီ"
စုမင် ဘာမှမပြောပေ။ အပြင်ဘက်ရှိ လအလင်းရောင်သည် ပြတင်းပေါက်များမှ တဆင့်ဖြာထွက်၍ သူတို့ထံ ကျရောက်ပြီး မြေပြင်ပေါ်တွင် မထင်မရှားအရိပ်သုံးခုဖြစ်ပေါ်စေသည်။
အေးစိမ့်စိမ့်ခံစားချက်နဲ့အတူ ... သူ့ရဲ့ကိုယ်ပိုင်အရိပ်လှုပ်ရှားသွားတာကို တွေ့လိုက်ရပြီး တစ်ဖြည်းဖြည်းတိုလာကာ သူ့ခြေထောက်နား ချည်းကပ်လာတယ်။
စုမင် ရုတ်ခနဲခြေလှမ်းနောက်ဆုတ်မိသည်။ သူ့အရိပ် ခြေထောက်‌အောက်ကနေခွာသွားသည်ကို ကြည့်နေသည်။
သူစဉ်းစားမိသည့် တစ်ခုတည်းသောအကြောင်းရင်းက ထိုသရဲပဲ ...
အရိပ်ဆိုးသည် တွန့်ကွေးကာ လည်သွားပြီး အသည်းပုံ❤️အသွင် ပြောင်းသွား၏။
စုမင်: "..."
ဒီ‌အခြေအနေက အလွန်အိမ်မက်ဆန်သလိုပဲ ... Horrorရုပ်ရှင်ထဲက အရိပ်သရဲတွေက ဇာတ်ညွှန်းအတိုင်းမလုပ်ကြဘူး ... ကျေးဇူးပြုပြီး ကြောက်စရာကောင်းတဲ့ကျောင်းလိုပြန်ဖြစ်ပြီး ပိုပြီးပရော်ဖက်ရှင်နယ်လို လုပ်ကြပါ ...
"ဘာကြည့်နေတာလဲ စုမင်?" လင်းရှောင်ယန်မေး၏။
မျက်စိတစ်မှိတ်အတွင်း အရိပ်ကပုံမှန်လို ပြန်ပြောင်းသွားသည်။
သူတုန့်ပြန်မည့်အချိန် သူ့နားနား၌ အသံကြားလိုက်ရသည်။ အပေါ်ထပ်ကဖြစ်ပြီး ... ပိုပိုနီးလာသည်။
"အပေါ်ထပ်မှာလူတွေရှိတယ်" စုမင် နှစ်ယောက်ကို အမြန်သတိပေးလိုက်သည်။
လင်းယိကျီမျက်တောင်ပုတ်ခတ်ပြီး တိုးတိုးလေးဖြင့် .."သူတို့က လူသားတွေမဖြစ်နိုင်ဘူး"
လင်းရှောင်ယန် ရုတ်တရက် သူ့ကိုလည်ပင်းညစ်သတ်ချင်စိတ်ပေါက်လာပြီး ပြောလိုက်သည်။ "အခုကစပြီး နင်စကားပြောခွင့်မရှိတော့ဘူး"
စာရေးသူမှာ ပြောစရာရှိတယ်:
လင်းယိကျီ ပါးစပ်ပိတ်ထားစမ်း ... ဘာလို့ဒါကိုပြောနေတာလဲ ဟားဟားဟား
အရိပ်: အသည်းပုံထပ်ပိုလို့မရဘူးလား? မရဘူးပေါ့? ဒါဆို ရုပ်ရှင်ထဲက လှိမ့်တော့!
*******************************
ဟီး ဟီး ကိုယ်ပျော်နေလို့ ဘောနပ်စ်တစ်ပိုင်းပါ တင်ပေးလိုက်ပါတယ်^ ^
Sorry for mistakes
Thank you all
July 7, 2021
------------------------------------------------------------------------------------------------------------------------------
ကွိုင့်ရှင်းမျက်နှာ?
"ဘာတုန်းကွယ့်?" သူမမေး၏။
အိမ်သာခန်း?
စုမင်: "..."
"ပြေး!"
စုမင်: "..."
*******************************
Sorry for mistakes
Thank you all
July 7, 2021
------------------------------------------------------------------------------------------------------------------------------
Pokračovat ve čtení
Mohlo by se ti líbit
62.6K 6.7K 37
Start date _ 15/3/2023 End date - I don't own this novel and cover art. Just a fan translation. All credit to original author & artist.
117K 12.2K 32
Athulya Singhania has spent her entire life in solitude, yearning for the love of a family. Over the years, she mastered the art of concealing her em...
OBSESSED Od thisbejaja
Mystery / Thriller
97.3K 4.1K 26
obsessed
45.4K 2.6K 32
«អូនស្រឡាញ់បង នេះជាលើកទី១ហើយក៏ជាលើកចុងក្រោយដែលៗអូននិយាយប្រាប់បង» «gemini norawit អូនស្រឡាញ់បង!!!»