My Son Or Boyfriend (Complete)

By KhineLay443

396K 19.6K 1.9K

Uni ကလေးနဲ့ကိုယ့်ကြားမှာ တားဆီးတာမှန်သမျှကို အကုန်ရှင်းပြစ်ဖို့ ဝန်မလေးဘူး။ ကိုယ်က မနူးညံ့တတ်ဘူး...ဒါပင်မဲ့ က... More

My Son Or Boyfriend 1
My Son Or Boyfriend 2
My Son or boyfriend 3
My son or boyfriend 4
My Son or boyfriend 5
My son or boyfriend 6
My son or boyfriend 7
My son or boyfriend 8
My son or boyfriend 9
My son or boyfriend 11
My son or boyfriend 12
My son or boyfriend 13
my son or boyfriend 14
My son or boyfriend 15
My son or boyfriend 16
My son or boyfriend 17
My son or boyfriend 18
My son or boyfriend 19
My son or boyfriend 20
My son or boyfriend 21
My son or boyfriend 22
My son or boyfriend 23
My son or boyfriend 24
My son or boyfriend 25
My son or boyfriend 26
My son or boyfriend 27
My son or boyfriend 28
My son or boyfriend 29
My son or boyfriend 30
My son or boyfriend 31
My son or boyfriend 32
My son or boyfriend 33
My son or boyfriend 34
My son or boyfriend 35
My son or boyfriend 36
My son or boyfriend 37
My son or boyfriend 38
My son or boyfriend 39
My son or boyfriend 40
My son or boyfriend 41
My son or boyfriend 42
My son or boyfriend 43 (Final)
စျေးဗန်း
Happy news
Season 2 is coming

My son or boyfriend 10

9.1K 490 28
By KhineLay443

Uni

ထူးစစ်သော် တစ်ယောက် ဒီနေ့အပျော်ကြီးပျော်နေသည်။ ဘာလို့ဆို သူတစ်လကျော်လိုက်ထားတဲ့ လူသတ်မှုက တရားခံကို မိလို့ပင်။

"​ရဲမှူး...ဒီနေ့သွားသောက်ကြမလား" ထက်ပိုင်က အောင်ပွဲခံသလိုလို ပြောနေပုံကြောင့် ထူးစစ်သော်လဲ လက်ခံလိုက်ကာ....beer ဆိုင်သို့....

"ရဲမှူး ဒီလောက်တော်တာ ကျွန်တော်အစောကြီးထဲက သိသားပဲ..." အာလေးလျှာလေးနှင့် ပြောနေပုံထောက်ရင် ထက်ပိုင် အနည်းငယ်တော့မူးနေပြီ...

"ဟက်....မင်းက ငါတိုက်လို့ ငါ့ကိုဖားမနေစမ်းပါနဲ့ သောက်မှာသာ သောက်စမ်းပါ" ထူးစစ်သော် ပုံစံမှာတော့ အလန်းကြီးပင်။ သူ့ကိုယ်သူလဲသိသည် သူက ကြွက်တွင်းဆိုတာ..

"ရဲမှူး ကျွန်တော်မေးမလို့ အဲ့အကောင် ဒီမိသားစုကို လုပ်ကြံမယ်မှန်း ရဲမှူး ဘယ်လိုတွေးမိသွားတာလဲ" ထက်ပိုင်မေးတာကို ထူးစစ်သော် မှာ ခေါင်းတစ်ဆက်ဆက်နှင့်....

တရားခံက လွန်ခဲ့သော တစ်ပတ်ကျော်က မိသားစုတစ်စုကို သတ်ဖြတ်ကာ အတွင်းပစ္စည်းတွေကော ယူသွားခဲ့သည်။ ဒီအမှုကို ထူးစစ်သော် အသေအလဲလိုက်ခဲ့သည်။ အခင်းဖြစ်တဲ့အိမ်ရှေ့က CCTVမှာ ဦးထုပ်ငိုက်စိုက်သာ စောင်းထားသောပုံကို ဖမ်းမိခဲ့သည်။ ဘယ်သူဘယ်ဝါဆိုတာကိုလဲ မသိခဲ့ရ....

ခုတော့ တရားခံက နောက်ထပ်မိသားစုတစ်စုကို ထိုနည်းအတိုင်း သတ်ဖို့ကြံခဲ့ခြင်းဖြစ်သည်။ ဒါကိုထူးစစ်သော်က ကြိုမိသွားခြင်း....

"အင်း...ဒီလိုကွ...ငါမနက်က အခင်းဖြစ်တဲ့အိမ်ရှေ့ကို သွားတုန်း လမ်းထောင့်တစ်ခုကနေ ငါ့ကိုကြည့်နေသလိုခံစားရလို့ လှည့်ကြည့်လိုက်တာ လူတစ်ယောက်ကိုတွေ့တယ်။

အစကငါလဲ သိပ်ပြီး မတွေးမိလိုက်ဘူး။ နောက်တော့ အိမ်ထဲဝင်ပြီး သဲလွန်စရှာတုန်း ငါလဲ အပြင်ကိုထက်ကြည့်လိုက်တယ်။ အဲ့မှာ အဲ့လူကိုထက်တွေ့တာပဲ....သူက ငါ့ကိုတော့ အပြင်ကနေ မြင်ပုံမရဘူးကွ"

စကား အရှည်ကြီးပြောလိုက်ရသောကြောင့် အရှေ့က Beerကို တစ်မော့မော့ချလိုက်ပြီး အမြည်းပါ ကောက်ဝါးလိုက်သည်။ ပြီးတော့မှ ထူးစစ်သော် စကားဆက်သည်။

"ဒါနဲ့ ငါလဲ ငါ့ဘက်မှာ သတ်သေမရှိလို့ သူ့ကိုဖမ်းမရဘူး... နောက်တော့ အဲ့လမ်းထိပ်က mini shop မှာ ငါမုန့်ဝင်ဝယ်သလို လုပ်နေတာ သူကလဲ ငါ့နောက်ကဆက်လိုက်တုန်း...ဦးထုပ်ကော Mask ရောတပ်ထားတော့ ငါလဲ သဲသဲကွဲကွဲမသိဘူး...

နောက်တော့ ငါ phဆက်သလိုလိုနဲ့ ဒီည အခင်းဖြစ်တဲ့ဆီမှာပဲ ကင်းစောင့်ကြလို့ သူကြားအောင် ပြောနေလိုက်တာ...ဒါနဲ့ သူက ထွက်သွားရော...ဒီတော့ ငါ့အလှည့်ပြန်ရောက်လာပြီလေ။ ငါသူ့အနောက် ပြန်လိုက်ရတော့တာပေါ့...

ဒါနဲ့ပဲ သူချောင်းနေတဲ့ နောက်တစ်အိမ်ကို ငါတွေ့တာပဲ...ဒါကြောင့် မင်းတို့ကို phဆက်ပြီး ထွက်လာခိုင်းတာ..နောက်တော့ သူအိမ်ထဲဝင်နေတုန်း ငါချောင်းပြီး ဖမ်းတယ်...အဲ့မှာမိရော ဟားးး"

ထူးစစ်သော် ပုံစံမှာ အတော်ပျော်နေသည်။ မှန်လဲမှန်တာပဲ ထက်ပိုင်တို့အဖွဲ့ရောက်လာသော တရားခံက ရဲမှူး လက်ထဲတောင် ရောက်နေပြီလေ....

"ဒါကြောင့်ပြောတာပေါ့ ကျွန်တော့်ဆရာ ရဲမှူးက တော်ပါတယ်လို့.. "  နှစ်ယောက်သား ခွက်ချင်းတိုက်ကာ ဂုဏ်ယူနေကြသည်။ သူတို့မသိလိုက်တာက​ တစ်ဘက်ဝိုင်းတွင် သူတို့ကို စောင့်ကြည့်နေသောသူပင်....

"ဟက်...Bossက စောင့်ကြည့်ပါ ဆိုလို့သာ စောင့်ကြည့်နေတာ ဒီတစ်ယောက်က ရဲမှူးသာပြောတာ ကလေးသာသာပင်။" ဥက္ကာမှာ တီးတိုးပြောရင်းရယ်မိပြန်သည်။
______________

"ဟဲ့...ငါအဆင်ပြေလား" စင်ပေါ်တတ်ခါနီး လပြည့်ဝန်း မှာ အတော်ရင်တုန်နေသည်။
"ပြေပါတယ်ဆိုဟာ..သေချာတယ် နင် ငါတို့ Majorရဲ့ King ဖြစ်မှာ"

ကြယ်စင့်ဘက်က ဘယ်လောက်ပဲပြောပြော လပြည့်ဝန်း ရင်တုန်နေတာ ပျောက်မသွားသေး။

စင်ပေါ်က MCမှာလဲ တစ်ယောက်ပြီး တစ်ယောက်နဲ့ မိတ်ဆက်နေတုန်း
"ကဲ...ဒါဆိုရင် နောက်ဆုံးကျန်ရှိနေတဲ့ Kingလေးနဲ့ မိတ်ဆက်ပေးပါ့မယ်...ခါးနံပါတ် ၉ ..."

MC ရဲ့ဖိတ်ခေါ်သံကြောင့် လပြည့်ဝန်း စင်ပေါ်တတ်သွားသည်။ Shirtအင်္ကျီအဖြူကို ရင်စိထိ ကြယ်သီးတတ်ထား ပြီး အနက်ရောင်​​ယောပုဆိုးလေး တွဲဖက်ဝတ်ဆင်ထားသော လပြည့်ဝန်း... ခြေထောက်တွင်လဲ အနက်ရောင် ကတ္တီပါနဲ့ သူ၏ဖြူဖွေးသော ခြေချောင်းလေးတွေက လိုက်ဖက်ပြန်လေသည်။

လပြည့်ဝန်း စင်ပေါ်တတ်လာတာနဲ့ အောက်က လက်ခုပ်သံများက ဆူညံသွားသည်။

အားလုံးကို သူ၏အပြုံးလေးဖြင့် ပြန်လည်ဖမ်းစားသောကြောင့် ကောင်မလေးတွေအသံသာမက ကောင်​​လေးတွေရဲ့အသံပါ ဆူညံသွားသည်။

"အားလုံးပဲ မင်္ဂလာပါ ကျွန်တော့်နာမည် လပြည့်ဝန်းပါ။ ခါးနံပါတ် ကတော့ ၉ ဖြစ်ပါတယ်..."

"နာမည်လေးနဲ့လိုက် လိုက်တာ ညီရာ!!!"
"လပြည့်လေးလို ဝန်းပနေတဲ့ ညီ့မျက်နှာကို ကို မမေ့တော့ဘူး!!!" အောက်က စနောက်နေကြတဲ့အသံကြောင့် ဆရာမတွေပါ ပြုံးကုန်ကြသည်။
.
.
.
"ကဲ.....စာရင်းတွေကတော့ ကျွန်တော့်ဆီရောက်နေပြီနော်"
MC လက်ထဲကစာရွက်ကို အားလုံးရင်ခုန်စွာ ကြည့်နေကြသည်။

"Final အတွက် အရင်ဆုံး စံကာတင် ၅ယောက်စီရွေးပါ့မယ်။ ပြီးရင်း ရွေးခံရတဲ့သူတွေက မဲနှိုက်ပြီး ဆရာတွေမေးထားတဲ့ မေးခွန်းကို ဖြေပေးရပါမယ်....

အရင်ဆုံး Queen လေး ၅ယောက်ကို ကြော်ငြာပေးပါ့မယ်...No. ..:. ..:. ...:. ....:. ...:. ...
.
.
.
ကဲ ဒီတစ်ခါတော့ King တွေအလှည့်ကို ရောက်လာပါပြီ...ပြီးရင်လဲ ရှေ့ကလို မေးခွန်းလေးတွေ ဖြေရပါမယ်... King ၅ယောက်ကတော့..... No. ..:. ....:. ....:. ....9....:. ....တိုဖြစ်ပါတယ်...."

MC ၏ ကြော်ကြာချက်ကြောင့် လပြည့်ဝန်း သာမက စင်အောက်က ကြယ်စင်ရွှန်းလဲ့ လဲ ပျော်သွားသည်။

နောက်တော့ အသီးသီးမေးခွန်းတွေဖြေဆိုပြီးလို့ လပြည့်ဝန်းအလှည့်ကိုရောက်လာသည်.... လပြည်ဝန်း မဲနှိုက်လိုက်တဲ့ မေးခွန်းကို MCက ဖတ်ပြလိုက်သည်။
"ဘဝရဲ့ရည်မှန်းချက်နဲ့....အချစ်ကို ဘယ်လိုခံယူထားပါသလဲ..."

"ဟုတ်ကဲ့....ကျွန်တော့်ရည်မှန်းချက်ကတော့ ရိုးရှင်းပါတယ်...ဖေဖေလိုယောက်ျားတစ်ယောက်ဖြစ်ချင်တယ်။ ဘာလို့ဆို ဖေဖေက အလုပ်မှာ စည်းစနစ်ကျပြီး အကွက်အကွင်းမြင်သလို...မိသားစုအပေါ်ကိုလဲ တာဝန်မလစ်ဟင်းတဲ့ ယောက်ျားကောင်းတစ်ယောက်ပါ....ဒါကြောင့် ဖေဖေလိုလူမျိုးဖြစ်အောင် ကျွန်တော်ကြိုးစားမယ်လို့ ရည်မှန်းချက်ရှိပါတယ်...."

လပြည့်ဝန်း ရဲ့ တည်ကြည်ပြတ်သားသော စကားကြောင့် ဆရာတွေကော ကျောင်းသားတွေကော လက်ခုပ်တီးကာ အားပေးကြသည်။

နောက်ထပ်ကျန်ရှိနေတဲ့ မေးခွန်းကို MCက လှမ်းထောက်လိုက်သည်။
"သိပ်ကောင်းလိုက်တဲ့အဖြေပါ...ဗျာ...ဒါနဲ့အောက်က မဒီလေးတွေသိချင်နေတဲ့ 'အချစ်ကို ဘယ်လိုခံယူထားပါ သလဲ' ဆိုတဲ့မေးခွန်းလေးကို ဖြေပေးပါဦး"

လပြည့်ဝန်း ပြုံးကာ စကားဆက်တော့သည်။
"အချစ်ဆိုတာဘယ်လိုရယ်လို့ အကန့်အသတ်မထားချင်ဘူး ၅၂၈ဆိုတဲ့ချစ်ခြင်းမေတ္တာက နွေးထွေးလုံခြုံသလို...၁၅၀၀ဆိုတဲ့ ချစ်ခြင်းကလဲ ဒီလိုပဲလို့ ကျွန်တော်ထင်တယ်...ကျွန်တော် ၁၅၀၀လို မချစ်ဖူးသေးဘူးဗျ..."

"Wooooo" လပြည့်ဝန်းရဲ့ စကားကြောင့် လူတွေပွဲကျအောင်သဘောတွေကျလက်ခုပ်တီးပြီး အားပေးကြသည်။
.
.
နောက်ဆုံးတော့ King ဖြစ်မဲ့သူသာ ကြော်ငြာရတော့မှာမို့ အားလုံးရင်တမမနဲ့စောင့်နေကြသည်။
"No. .9 မောင်လပြည့်ဝန်း ဖြစ်ပါတယ်....လက်ခုပ်တီးပြီး ဂုဏ်ပြုပေးလိုက်ကြပါဦး"

လပြည့်ဝန်းပျော်သွားသလို ကြယ်စင်မှာလဲ အူမြူးကာ ထခုန်တော့သည်။

ဆုလက်ခံပြီးလို့ ပွဲရဲ့ Sponsor က ဆုချီးမြင့်မှာမို့ လပြည့်ဝန်း လဲ အသင့်စောင့်နေသည်။

စင်အနောက်ကနေ ခြေလှမ်းကြဲကြီးများနှင့် ထွက်လာသောသူ.....ထိုလူကြောင့် ပွဲထဲကလူတွေ၏ တီးတိုးစကားသံများဆူညံသွားသည်။

ထိုလူ့ခြေလှမ်းတွေက လပြည့်ဝန်း ကို ပိုရင်ခုန်မှုပေးစေတာပဲလား....လပြည့်ဝန်း ထိုနေရာတွင်သာ မှင်သေသေမတ်တပ်ရပ်နေမိသည်။

"ဂုဏ်ယူပါတယ်" သြရှရှအသံနဲ့ ဆွဲဆောင်မှုရှိလှသော်လဲ ထိုအသံကြောင့် လပြည့်ဝန်း ရင်ထဲတုန်လှုပ်နေသည်။

ကမ်းပေးသောလက်ကို လက်ဆွဲပြန်နှုတ်ဆက်သော်လဲ အေးစက်နေသောလက်ကြောင့်...
"မင်းလက်တွေအေးနေတယ်...ဘာလဲ ရင်တွေတုန်နေတာလား" နှစ်ယောက်ထဲကြားရုံမျှ တိုးတိုးသာပြောလာသည်။

"မဟုတ်...မဟုတ်ပါဘူး ကိုကို....ပြီး"
"ရှူးးးး အိမ်ရောက်မှ စကားဆက်ပြောကြမယ်နော်"

​လပြည့်ဝန်း မှာ ဂနာမငြိမ်တော့ စိတ်ရှိတိုင်းသာဆို စင်အောက်ကိုသာ ပြေးဆင်းပြီး ထွက်ပြေးလိုက်ချင်ပြီ....

"သေပြီ..." ကြယ်စင်မှာ ခုနကအပျော်တွေတောင် ဘယ်ခုန်ကူးသွားလဲမသိ...

စူးရှသော ဇေရဲမာန် ၏ မျက်လုံးများကို လပြည်ဝန်း ရှောင်လွှဲမိသည်။ စိတ်ထဲလဲ ကြီးမားတဲ့ပြဿနာတစ်ခုခုဖြစ်တော့မယ်ဆိုတာ ကြိုသိနေပြီ...

ဖြစ်သမျှအကြောင်း ကိုယ့်ရဲ့ ကံလို့သာ လပြည့်ဝန်း သတ်မှတ်လိုက်ရတော့သည်။ ဘာပဲဖြစ်ဖြစ် အရင်တုန်းကလို ရုပ်ရှင်ရုံထဲကအတင်းဆွဲမခေါ်သွားတာပဲ ကျေးဇူးပြန်တင်နေရသည်......
___________

7.7.2021
Khine Lay

အခါးလေးလဲ ထည့်ပေးပါဆိုလို့ ထည့်ပေးလိုက်ပြီနော်..
တစ်ခါတစ်လေကျရင် လောကကြီးထဲက အပြီးထွက်သွားချင်စိတ်ပေါက်တယ်...ဖြစ်ချင်တာတွေ လုပ်ချင်တာတွေရှိသေးလို့သာ အားတင်းနေနေရတယ်....🤗

Zaw

ထူးစစ္ေသာ္ တစ္ေယာက္ ဒီေန႕အေပ်ာ္ႀကီးေပ်ာ္ေနသည္။ ဘာလို႔ဆို သူတစ္လေက်ာ္လိုက္ထားတဲ့ လူသတ္မႈက တရားခံကို မိလို႔ပင္။

"​ရဲမႉး...ဒီေန႕သြားေသာက္ၾကမလား" ထက္ပိုင္က ေအာင္ပြဲခံသလိုလို ေျပာေနပုံေၾကာင့္ ထူးစစ္ေသာ္လဲ လက္ခံလိုက္ကာ....beer ဆိုင္သို႔....

"ရဲမႉး ဒီေလာက္ေတာ္တာ ကြၽန္ေတာ္အေစာႀကီးထဲက သိသားပဲ..." အာေလးလွ်ာေလးႏွင့္ ေျပာေနပုံေထာက္ရင္ ထက္ပိုင္ အနည္းငယ္ေတာ့မူးေနၿပီ...

"ဟက္....မင္းက ငါတိုက္လို႔ ငါ့ကိုဖားမေနစမ္းပါနဲ႕ ေသာက္မွာသာ ေသာက္စမ္းပါ" ထူးစစ္ေသာ္ ပုံစံမွာေတာ့ အလန္းႀကီးပင္။ သူ႕ကိုယ္သူလဲသိသည္ သူက ႂကြက္တြင္းဆိုတာ..

"ရဲမႉး ကြၽန္ေတာ္ေမးမလို႔ အဲ့အေကာင္ ဒီမိသားစုကို လုပ္ႀကံမယ္မွန္း ရဲမႉး ဘယ္လိုေတြးမိသြားတာလဲ" ထက္ပိုင္ေမးတာကို ထူးစစ္ေသာ္ မွာ ေခါင္းတစ္ဆက္ဆက္ႏွင့္....

တရားခံက လြန္ခဲ့ေသာ တစ္ပတ္ေက်ာ္က မိသားစုတစ္စုကို သတ္ျဖတ္ကာ အတြင္းပစၥည္းေတြေကာ ယူသြားခဲ့သည္။ ဒီအမႈကို ထူးစစ္ေသာ္ အေသအလဲလိုက္ခဲ့သည္။ အခင္းျဖစ္တဲ့အိမ္ေရွ႕က CCTVမွာ ဦးထုပ္ငိုက္စိုက္သာ ေစာင္းထားေသာပုံကို ဖမ္းမိခဲ့သည္။ ဘယ္သူဘယ္ဝါဆိုတာကိုလဲ မသိခဲ့ရ....

ခုေတာ့ တရားခံက ေနာက္ထပ္မိသားစုတစ္စုကို ထိုနည္းအတိုင္း သတ္ဖို႔ႀကံခဲ့ျခင္းျဖစ္သည္။ ဒါကိုထူးစစ္ေသာ္က ႀကိဳမိသြားျခင္း....

"အင္း...ဒီလိုကြ...ငါမနက္က အခင္းျဖစ္တဲ့အိမ္ေရွ႕ကို သြားတုန္း လမ္းေထာင့္တစ္ခုကေန ငါ့ကိုၾကည့္ေနသလိုခံစားရလို႔ လွည့္ၾကည့္လိုက္တာ လူတစ္ေယာက္ကိုေတြ႕တယ္။

အစကငါလဲ သိပ္ၿပီး မေတြးမိလိုက္ဘူး။ ေနာက္ေတာ့ အိမ္ထဲဝင္ၿပီး သဲလြန္စရွာတုန္း ငါလဲ အျပင္ကိုထက္ၾကည့္လိုက္တယ္။ အဲ့မွာ အဲ့လူကိုထက္ေတြ႕တာပဲ....သူက ငါ့ကိုေတာ့ အျပင္ကေန ျမင္ပုံမရဘူးကြ"

စကား အရွည္ႀကီးေျပာလိုက္ရေသာေၾကာင့္ အေရွ႕က Beerကို တစ္ေမာ့ေမာ့ခ်လိဳက္ၿပီး အျမည္းပါ ေကာက္ဝါးလိုက္သည္။ ၿပီးေတာ့မွ ထူးစစ္ေသာ္ စကားဆက္သည္။

"ဒါနဲ႕ ငါလဲ ငါ့ဘက္မွာ သတ္ေသမရွိလို႔ သူ႕ကိုဖမ္းမရဘူး... ေနာက္ေတာ့ အဲ့လမ္းထိပ္က mini shop မွာ ငါမုန့္ဝင္ဝယ္သလို လုပ္ေနတာ သူကလဲ ငါ့ေနာက္ကဆက္လိုက္တုန္း...ဦးထုပ္ေကာ Mask ေရာတပ္ထားေတာ့ ငါလဲ သဲသဲကြဲကြဲမသိဘူး...

ေနာက္ေတာ့ ငါ phဆက္သလိုလိုနဲ႕ ဒီည အခင္းျဖစ္တဲ့ဆီမွာပဲ ကင္းေစာင့္ၾကလို႔ သူၾကားေအာင္ ေျပာေနလိုက္တာ...ဒါနဲ႕ သူက ထြက္သြားေရာ...ဒီေတာ့ ငါ့အလွည့္ျပန္ေရာက္လာၿပီေလ။ ငါသူ႕အေနာက္ ျပန္လိုက္ရေတာ့တာေပါ့...

ဒါနဲ႕ပဲ သူေခ်ာင္းေနတဲ့ ေနာက္တစ္အိမ္ကို ငါေတြ႕တာပဲ...ဒါေၾကာင့္ မင္းတို႔ကို phဆက္ၿပီး ထြက္လာခိုင္းတာ..ေနာက္ေတာ့ သူအိမ္ထဲဝင္ေနတုန္း ငါေခ်ာင္းၿပီး ဖမ္းတယ္...အဲ့မွာမိေရာ ဟားးး"

ထူးစစ္ေသာ္ ပုံစံမွာ အေတာ္ေပ်ာ္ေနသည္။ မွန္လဲမွန္တာပဲ ထက္ပိုင္တို႔အဖြဲ႕ေရာက္လာေသာ တရားခံက ရဲမႉး လက္ထဲေတာင္ ေရာက္ေနၿပီေလ....

"ဒါေၾကာင့္ေျပာတာေပါ့ ကြၽန္ေတာ့္ဆရာ ရဲမႉးက ေတာ္ပါတယ္လို႔.. "  ႏွစ္ေယာက္သား ခြက္ခ်င္းတိုက္ကာ ဂုဏ္ယူေနၾကသည္။ သူတို႔မသိလိုက္တာက​ တစ္ဘက္ဝိုင္းတြင္ သူတို႔ကို ေစာင့္ၾကည့္ေနေသာသူပင္....

"ဟက္...Bossက ေစာင့္ၾကည့္ပါ ဆိုလို႔သာ ေစာင့္ၾကည့္ေနတာ ဒီတစ္ေယာက္က ရဲမႉးသာေျပာတာ ကေလးသာသာပင္။" ဥကၠာမွာ တီးတိုးေျပာရင္းရယ္မိျပန္သည္။
______________

"ဟဲ့...ငါအဆင္ေျပလား" စင္ေပၚတတ္ခါနီး လျပည့္ဝန္း မွာ အေတာ္ရင္တုန္ေနသည္။
"ေျပပါတယ္ဆိုဟာ..ေသခ်ာတယ္ နင္ ငါတို႔ Majorရဲ႕ King ျဖစ္မွာ"

ၾကယ္စင့္ဘက္က ဘယ္ေလာက္ပဲေျပာေျပာ လျပည့္ဝန္း ရင္တုန္ေနတာ ေပ်ာက္မသြားေသး။

စင္ေပၚက MCမွာလဲ တစ္ေယာက္ၿပီး တစ္ေယာက္နဲ႕ မိတ္ဆက္ေနတုန္း
"ကဲ...ဒါဆိုရင္ ေနာက္ဆုံးက်န္ရွိေနတဲ့ Kingေလးနဲ႕ မိတ္ဆက္ေပးပါ့မယ္...ခါးနံပါတ္ ၉ ..."

MC ရဲ႕ဖိတ္ေခၚသံေၾကာင့္ လျပည့္ဝန္း စင္ေပၚတတ္သြားသည္။ Shirtအကၤ်ီအျဖဴကို ရင္စိထိ ၾကယ္သီးတတ္ထား ၿပီး အနက္ေရာင္​​ေယာပုဆိုးေလး တြဲဖက္ဝတ္ဆင္ထားေသာ လျပည့္ဝန္း... ေျခေထာက္တြင္လဲ အနက္ေရာင္ ကတၱီပါနဲ႕ သူ၏ျဖဴေဖြးေသာ ေျခေခ်ာင္းေလးေတြက လိုက္ဖက္ျပန္ေလသည္။

လျပည့္ဝန္း စင္ေပၚတတ္လာတာနဲ႕ ေအာက္က လက္ခုပ္သံမ်ားက ဆူညံသြားသည္။

အားလုံးကို သူ၏အၿပဳံးေလးျဖင့္ ျပန္လည္ဖမ္းစားေသာေၾကာင့္ ေကာင္မေလးေတြအသံသာမက ေကာင္​​ေလးေတြရဲ႕အသံပါ ဆူညံသြားသည္။

"အားလုံးပဲ မဂၤလာပါ ကြၽန္ေတာ့္နာမည္ လျပည့္ဝန္းပါ။ ခါးနံပါတ္ ကေတာ့ ၉ ျဖစ္ပါတယ္..."

"နာမည္ေလးနဲ႕လိုက္ လိုက္တာ ညီရာ!!!"
"လျပည့္ေလးလို ဝန္းပေနတဲ့ ညီ့မ်က္ႏွာကို ကို မေမ့ေတာ့ဘူး!!!" ေအာက္က စေနာက္ေနၾကတဲ့အသံေၾကာင့္ ဆရာမေတြပါ ၿပဳံးကုန္ၾကသည္။
.
.
.
"ကဲ.....စာရင္းေတြကေတာ့ ကြၽန္ေတာ့္ဆီေရာက္ေနၿပီေနာ္"
MC လက္ထဲကစာ႐ြက္ကို အားလုံးရင္ခုန္စြာ ၾကည့္ေနၾကသည္။

"Final အတြက္ အရင္ဆုံး စံကာတင္ ၅ေယာက္စီေ႐ြးပါ့မယ္။ ၿပီးရင္း ေ႐ြးခံရတဲ့သူေတြက မဲႏွိုက္ၿပီး ဆရာေတြေမးထားတဲ့ ေမးခြန္းကို ေျဖေပးရပါမယ္....

အရင္ဆုံး Queen ေလး ၅ေယာက္ကို ေၾကာ္ျငာေပးပါ့မယ္...No. ..:. ..:. ...:. ....:. ...:. ...
.
.
.
ကဲ ဒီတစ္ခါေတာ့ King ေတြအလွည့္ကို ေရာက္လာပါၿပီ...ၿပီးရင္လဲ ေရွ႕ကလို ေမးခြန္းေလးေတြ ေျဖရပါမယ္... King ၅ေယာက္ကေတာ့..... No. ..:. ....:. ....:. ....9....:. ....တိုျဖစ္ပါတယ္...."

MC ၏ ေၾကာ္ၾကာခ်က္ေၾကာင့္ လျပည့္ဝန္း သာမက စင္ေအာက္က ၾကယ္စင္႐ႊန္းလဲ့ လဲ ေပ်ာ္သြားသည္။

ေနာက္ေတာ့ အသီးသီးေမးခြန္းေတြေျဖဆိုၿပီးလို႔ လျပည့္ဝန္းအလွည့္ကိုေရာက္လာသည္.... လျပည္ဝန္း မဲႏွိုက္လိုက္တဲ့ ေမးခြန္းကို MCက ဖတ္ျပလိုက္သည္။
"ဘဝရဲ႕ရည္မွန္းခ်က္နဲ႕....အခ်စ္ကို ဘယ္လိုခံယူထားပါသလဲ..."

"ဟုတ္ကဲ့....ကြၽန္ေတာ့္ရည္မွန္းခ်က္ကေတာ့ ရိုးရွင္းပါတယ္...ေဖေဖလိုေယာက္်ားတစ္ေယာက္ျဖစ္ခ်င္တယ္။ ဘာလို႔ဆို ေဖေဖက အလုပ္မွာ စည္းစနစ္က်ၿပီး အကြက္အကြင္းျမင္သလို...မိသားစုအေပၚကိုလဲ တာဝန္မလစ္ဟင္းတဲ့ ေယာက္်ားေကာင္းတစ္ေယာက္ပါ....ဒါေၾကာင့္ ေဖေဖလိုလူမ်ိဳးျဖစ္ေအာင္ ကြၽန္ေတာ္ႀကိဳးစားမယ္လို႔ ရည္မွန္းခ်က္ရွိပါတယ္...."

လျပည့္ဝန္း ရဲ႕ တည္ၾကည္ျပတ္သားေသာ စကားေၾကာင့္ ဆရာေတြေကာ ေက်ာင္းသားေတြေကာ လက္ခုပ္တီးကာ အားေပးၾကသည္။

ေနာက္ထပ္က်န္ရွိေနတဲ့ ေမးခြန္းကို MCက လွမ္းေထာက္လိုက္သည္။
"သိပ္ေကာင္းလိုက္တဲ့အေျဖပါ...ဗ်ာ...ဒါနဲ႕ေအာက္က မဒီေလးေတြသိခ်င္ေနတဲ့ 'အခ်စ္ကို ဘယ္လိုခံယူထားပါ သလဲ' ဆိုတဲ့ေမးခြန္းေလးကို ေျဖေပးပါဦး"

လျပည့္ဝန္း ၿပဳံးကာ စကားဆက္ေတာ့သည္။
"အခ်စ္ဆိုတာဘယ္လိုရယ္လို႔ အကန့္အသတ္မထားခ်င္ဘူး ၅၂၈ဆိုတဲ့ခ်စ္ျခင္းေမတၱာက ႏြေးေထြးလုံၿခဳံသလို...၁၅၀၀ဆိုတဲ့ ခ်စ္ျခင္းကလဲ ဒီလိုပဲလို႔ ကြၽန္ေတာ္ထင္တယ္...ကြၽန္ေတာ္ ၁၅၀၀လို မခ်စ္ဖူးေသးဘူးဗ်..."

"Wooooo" လျပည့္ဝန္းရဲ႕ စကားေၾကာင့္ လူေတြပြဲက်ေအာင္သေဘာေတြက်လက္ခုပ္တီးၿပီး အားေပးၾကသည္။
.
.
ေနာက္ဆုံးေတာ့ King ျဖစ္မဲ့သူသာ ေၾကာ္ျငာရေတာ့မွာမို႔ အားလုံးရင္တမမနဲ႕ေစာင့္ေနၾကသည္။
"No. .9 ေမာင္လျပည့္ဝန္း ျဖစ္ပါတယ္....လက္ခုပ္တီးၿပီး ဂုဏ္ျပဳေပးလိုက္ၾကပါဦး"

လျပည့္ဝန္းေပ်ာ္သြားသလို ၾကယ္စင္မွာလဲ အူျမဴးကာ ထခုန္ေတာ့သည္။

ဆုလက္ခံၿပီးလို႔ ပြဲရဲ႕ Sponsor က ဆုခ်ီးျမင့္မွာမို႔ လျပည့္ဝန္း လဲ အသင့္ေစာင့္ေနသည္။

စင္အေနာက္ကေန ေျခလွမ္းႀကဲႀကီးမ်ားႏွင့္ ထြက္လာေသာသူ.....ထိုလူေၾကာင့္ ပြဲထဲကလူေတြ၏ တီးတိုးစကားသံမ်ားဆူညံသြားသည္။

ထိုလူ႕ေျခလွမ္းေတြက လျပည့္ဝန္း ကို ပိုရင္ခုန္မႈေပးေစတာပဲလား....လျပည့္ဝန္း ထိုေနရာတြင္သာ မွင္ေသေသမတ္တပ္ရပ္ေနမိသည္။

"ဂုဏ္ယူပါတယ္" ၾသရွရွအသံနဲ႕ ဆြဲေဆာင္မႈရွိလွေသာ္လဲ ထိုအသံေၾကာင့္ လျပည့္ဝန္း ရင္ထဲတုန္လႈပ္ေနသည္။

ကမ္းေပးေသာလက္ကို လက္ဆြဲျပန္ႏႈတ္ဆက္ေသာ္လဲ ေအးစက္ေနေသာလက္ေၾကာင့္...
"မင္းလက္ေတြေအးေနတယ္...ဘာလဲ ရင္ေတြတုန္ေနတာလား" ႏွစ္ေယာက္ထဲၾကား႐ုံမွ် တိုးတိုးသာေျပာလာသည္။

"မဟုတ္...မဟုတ္ပါဘူး ကိုကို....ၿပီး"
"ရႉးးးး အိမ္ေရာက္မွ စကားဆက္ေျပာၾကမယ္ေနာ္"

​လျပည့္ဝန္း မွာ ဂနာမၿငိမ္ေတာ့ စိတ္ရွိတိုင္းသာဆို စင္ေအာက္ကိုသာ ေျပးဆင္းၿပီး ထြက္ေျပးလိုက္ခ်င္ၿပီ....

"ေသၿပီ..." ၾကယ္စင္မွာ ခုနကအေပ်ာ္ေတြေတာင္ ဘယ္ခုန္ကူးသြားလဲမသိ...

စူးရွေသာ ေဇရဲမာန္ ၏ မ်က္လုံးမ်ားကို လျပည္ဝန္း ေရွာင္လႊဲမိသည္။ စိတ္ထဲလဲ ႀကီးမားတဲ့ျပႆနာတစ္ခုခုျဖစ္ေတာ့မယ္ဆိုတာ ႀကိဳသိေနၿပီ...

ျဖစ္သမွ်အေၾကာင္း ကိုယ့္ရဲ႕ ကံလို႔သာ လျပည့္ဝန္း သတ္မွတ္လိုက္ရေတာ့သည္။ ဘာပဲျဖစ္ျဖစ္ အရင္တုန္းကလို ႐ုပ္ရွင္႐ုံထဲကအတင္းဆြဲမေခၚသြားတာပဲ ေက်းဇူးျပန္တင္ေနရသည္......
___________

7.7.2021
Khine Lay

အခါးေလးလဲ ထည့္ေပးပါဆိုလို႔ ထည့္ေပးလိုက္ၿပီေနာ္..
တစ္ခါတစ္ေလက်ရင္ ေလာကႀကီးထဲက အၿပီးထြက္သြားခ်င္စိတ္ေပါက္တယ္...ျဖစ္ခ်င္တာေတြ လုပ္ခ်င္တာေတြရွိေသးလို႔သာ အားတင္းေနေနရတယ္....🤗

Continue Reading

You'll Also Like

9.5K 192 16
Hattie Olson is a headstrong, caring girl, she won't take no for an answer and she is protective over her boyfriend, Nathan Prescott. However, she ma...
38.8K 1K 14
𝚈/𝙽 𝚑𝚊𝚜 𝚑𝚊𝚍 𝚊 𝚌𝚛𝚞𝚜𝚑 𝚘𝚗 𝙿𝚎𝚝𝚎𝚛 𝙿𝚊𝚛𝚔𝚎𝚛 𝚏𝚘𝚛 𝚊𝚜 𝚕𝚘𝚗𝚐 𝚊𝚜 𝚑𝚎 𝚌𝚊𝚗 𝚛𝚎𝚖𝚎𝚖𝚋𝚎𝚛, 𝚋𝚞𝚝 𝚠𝚒𝚝𝚑 𝙿𝚎𝚝𝚎𝚛'𝚜...
443K 17.2K 80
Jungkook met taehyung again after 5 years, and this time, he'll make sure that Taehyung wont ever be able to run away from him again But little did h...
4.1K 160 18
Mingi and Yunho are best friends. But Mingi is hiding 2 big secrets... He has autism and he has a huge crush on Yunho. he tries to get his attention...