Uni
"လပြည့်...မနွေးလိုက်ပို့ပေးမယ်လေ"
ကျောင်းရှေ့တွင် ရပ်စောင့်နေသော လပြည့်ဝန်း ကို နွေးသစ္စာ ကားပေါ်မှ ပြောခြင်းဖြစ်သည်။
"အာ..မနွေး ရပါတယ် လာကြိုမှာမို့လို့"
"တစ်ယောက်ထဲ ဖြစ်ရဲ့လား..ကြယ်စင်ကော မပါဘူးလား"
"ဟုတ် ဖြစ်ပါတယ် မနွေး။ ကြယ်စင့်ကို အရင်ပြန်ခိုင်းလိုက်တာ...ကျွန်တော့်ကိုစောင့်ပေးရမှာ အားနာလို့..ဒီနေ့မှ အိမ်ကနောက်ကျနေတာ"
"အဆင်မပြေရင်လဲ လာမကြိုခိုင်းနဲ့လေ မနွေးလိုက်ပို့ပေးမှာပေါ့"
နွေးသစ္စာမှာ လပြည့်ဝန်း ကို အတင်းလိုက်ပို့ချင်နေသည်။ မဖြစ်ဘူး ဒီလိုဆက်လုပ်နေရင် လပြည့်ဝန်း ဆူခံထိလိမ့်မယ်....
"ဟုတ်ကဲ့ ရပါတယ် မနွေး။ အိမ်ကလဲ ရောက်ခါနီးနေပြီဆိုလို့"
"OKလေ ဒါဆို...မနွေးကို ခွင့်ပြုဦး"
"ဟုတ်ကဲ့..."
မနွေးကားထွက်သွားတော့မှ လပြည့်ဝန်း သက်ပြင်းချနိုင်သည်။ တစ်ခါက အတန်းမတတ်ချင်လို့ မနွေးရယ် ကြယ်စင်ရယ်နဲ့ ရုပ်ရှင်သွားကြည့်ဖူးသည်။ ဒါကို ဘယ်ကနေ ဘယ်လို ကိုကိုသိသွားလဲမသိဘူး။ ချက်ချင်း ရုပ်ရှင်ရုံထဲအထိ ဝင်ခေါ်သည်။
အဲ့နောက်ပိုင်း ကိုကိုမသိပဲ ဘယ်မှမသွားရဘူးဆိုတဲ့ အမိန့်ပါ ရောပါလာသည်။ မိမိမှာလဲ အထွန့်မတတ်ရဲ...ဖေဖေ့ကိုပြောတော့ ဖေဖေက စကားနားထောင်ဖို့ပဲ ပြောနေတယ်။
အဲ့အထဲက ဘယ်မှ ကိုကိုမသိအောင်မသွားရဲ....
"ဘာတွေတွေးနေတာလဲ" ဇေရဲမာန် အသံကြားတော့မှ လပြည့်ဝန်းအတွေးတွေ ချက်ချင်း ရပ်သွားသည်။
"အာ...ဘာမှမဟုတ်ပါဘူး..."
"လာ...တတ်...သွားစရာရှိတယ်"
"ဟုတ်" အမိန့်ဆန်ဆန်စကားတွေကို လပြည့်ဝန်း မလွန်ဆန်ရဲ...လွန်ဆန်ဖို့လဲ သူကြောက်သည်။ ကိုကို့ရဲ့ဒေါသကို ဟိုတစ်ခါထဲကသိသွားသည်။
အဲ့တုန်းကဆိုရင် ကိုကိုတော်တော်သောင်းကျန်းခဲ့တာ မိမိကိုတော့ အသားနာအောင်မလုပ်ခဲ့။ ဒါပင်မဲ့ သူ့ဒေါသကို အိမ်ကပစ္စည်းတွေအပေါ်ပုံချခဲ့သည်။ ဘာဖြစ်လို့ အဲ့လောက်ထိ ဒေါသထွက်သွားလဲ မစဥ်းစားတတ်...အပြင်လေး သူမသိအောင်သွားလိုက်တာအဲ့လောက်တောင် ဆိုးရွားသွားခဲ့တာပဲလား။
ဒီအဖြေကိုတော့ လပြည့်ဝန်း သူကိုယ်တိုင်တောင် တွေးမရခဲ့ဘူး.....
.
.
.
"ဒါ..ဒါက"
"အင်း...မင်းအတွက်"
ဆိုင်တစ်ဆိုင် အတိအကျပြောရရင် ရေခဲမုန့်ဆိုင်....အတွင်း Design ကတော့ အတော်အသင့်ပြီးနေပြီ။
ပါးစပ်အဟောင်းသားလေးနဲ့ လပြည့်ဝန်း မှာ ပြောစရာစကားတောင် ပျောက်ရှသွားသည်။
"အစကတော့ မင်းမွေးနေ့မှအပြီးသတ်ပြီး ပေးမလို့ပဲ...အားလုံးပြီးသွားမှ မင်းမကြိုက်တဲ့နေရာတွေ ရှိမှာဆိုးလို့ သေချာလုပ်ရအောင် အသိပေးတာ"
"ကျွန်တော့်အတွက်..." ခုထိမယုံနိုင်ဖြစ်နေသော ကောင်လေး။
"အင်း ပြင်ချင်တဲ့နေရာဖြစ်ဖြစ်ရှိလား။"
"ပြင်ချင်တာတော့ မဟုတ်ပင်မဲ့ နည်းနည်းထပ်ဖြည့်ချင်လို့"
ခုဆို လပြည့်ဝန်းမှာ Designer ကို လိုချင်တဲ့ပုံစံတွေ သေချာပြောပြနေသည်။ ဇေရဲမာန် မှာတော့ တောက်တဲ့တောက်တဲ့ လျှောက်သွားနေသောကောင်လေးကို စူးစူးစိုက်စိုက် ကြည့်မိသည်။
.
.
.
(((("အဖေ.....သားကြောက်တယ်..."
"မကြောက်နဲ့ မင်းယောက်ျားမဟုတ်ဘူးလား ဟမ်!!!"
အော်ငေါက်နေသော ဖခင်ကြောင့် ကောင်လေးမှာ မျက်ရည်များဝဲကာ ငိုမဲ့မဲ့ဖြင့်...
ရှေ့မှာလဲလူတစ်ယောက်မှာ လက်နှစ်ဖက်ကို ကြိုးတုတ်ခံထားရပြီး ပင့်မြှောက်ထားသည်။ ပါးစပ်တွင်လဲ တိတ်ဖြင့်ကပ်ထားသည်။ ခြေထောက်မှာလဲ မြေကြီးကို ထိသည်ဆိုရုံမျှသာ...
ထိုလူ့တစ်ကိုယ်လုံးလဲ ရိုက်နှက်ရာများဖြင့် ပြည့်နှက်နေသည်။ ရိုက်နှက်ဒဏ်ရာများကြောင့် တစ်ချို့နေရာတွေဆို ပေါက်ပြဲကာ သွေးစပင် ထွက်နေလေပြီ။
မျက်နှာတစ်ခုလုံးလဲ အရိုက်ခံထားရသောကြောင့် မြင်မကောင်းအောင် ဖူးရောင်နေသည်။ ထိုလူမှာ အသံတောင်မနည်းထွက်နေရပင်မဲ့ သေမှာကိုတော့ အတော်ကြောက်လန့်နေသည်။
"မင်းမလုပ်ဘူးလား။ မင်းသူ့ကိုမလုပ်ရင် မင်းကို ငါလုပ်မှာတော် ဇေရဲမာန်! !!!"
ဖခင်၏ကြိမ်းမောင်းသံကြောင့် ဇေရဲမာန်မှာ လက်ထဲဓားနဲ့ ထိုလူ့ပေါင်ကို ထိုးစိုက်လိုက်သည်။
ချက်ချင်းဆိုသလို သွေးများဖျာထွက်လာပြီး ဇေရဲမာန် မျက်နှာကိုတောင် သွေးစတွေလာစင်သည်။ ထိုးခံရသောသူလဲ မချိမဆန့်အော်နေသည်။
"ဟုတ်ပြီ အောက်ကိုဆွဲချလိုက်..... ဓားနဲ့ခွဲချလိုက်စမ်း!!!"
ကြောက်ကြောက်လန့်လန့်နဲ့ပဲ ဇေရဲမာန် က ထို့လူ့ပေါင်တစ်လျှောက်ကို ထိုးခွဲလိုက်သည်။
"ဒါမှ ငါ့သား ဇေရဲမာန် ကွ...." လက်သီးလက်မောင်းတန်းအား ဂုဏ်ယူနေသော ဖခင်နှင် ကြောက်လန့်နေသော ၇နှစ်အရွယ်ကောင်လေး။
ငယ်စဥ်ထဲက ခုလိုသွန်သင်ကာ အကွက်ချလေ့ကျင့်ပေးခြင်းခံရသော ၇နှစ်အရွယ်ကောင်လေး ဇေရဲမာန် မှာ ကံကောင်းသည်လား.... ကံဆိုးသည်လား.....))))
"ကိုကို....ကိုကို....ပြန်ကြရအောင်" ဇေရဲမာန် အတွေးတွေက လပြည့်ဝန်း ခေါ်သံကြားမှ ပျောက်ကွယ်သွားသည်။
"အင်းပြီးပြီလား"
"ဟုတ်...နောက်မှတစ်ခေါက်ထက်လာကြည့်မယ်...ခုတော့ပြန်မယ်နော်"
"ဗိုက်ဆာနေပြီထင်တယ်...."
အိမ်ပဲပြန်မယ်ပြောနေတာကြောင့် ဒီကောင်လေးဗိုက်ဆာနေမှန်း ဇေရဲမာန် ကောင်းကောင်းသိတယ်။
"ဟီး...ဟုတ်...ပြီးတော့...ကျေးဇူးပါ..."
"မလိုပါဘူး...မင်းသာ ကိုယ့်စကားနားထောင်"
"Yes sir!!!" ပြောစပ်စပ်လုပ်နေသော လပြည့်ဝန်း ဆံပင်ကို ဇေရဲမာန် ဆွဲဖွလိုက်သည်။ သူ့ဆံပင်ပုံပျက်မှာတော့ကြောက်သား အတင်းရုန်းတော့သည်။
ကျွန်တော်စိတ်ချမ်းသားတယ် ဒီကောင်လေး အနားမှာရှိနေလို့ အလိုလို စိတ်ချမ်းသာတယ်..
______________
"ဖြစ်ပါ့မလား ဆရာမ"
"အော်...ဘာလို့မဖြစ်ရမှာလဲ သားက ဒီလောက်ချောတာကို"
လပြည့်ဝန်းကို Major King ပြိုင်ဖို့ ဆရာမက တိုက်တွန်းနေခြင်းဖြစ်သည်။ ကြယ်စင့်ကိုကြည့်ပြန်တော့ ကြယ်စင်ကလဲ ဝင်ပြိုင်စေချင်ပုံ...
မိမိလား အမှန်ပြောရရင် Model လုပ်ရတာတို့ကို ဝါသနာပါသည်။ အရမ်းရူးသွပ်နေတာကြီးတော့ မဟုတ်ပင်မဲ့ ထိုအလုပ်ကို လုပ်ကြည့်ချင်တယ်လို့တော့ စိတ်ကူးဖူးသည်။
ဆရာမကိုလဲ နောက်မှ အကြောင်းပြန်မည်လို့သာ ကြည့်ပြောလိုက်သည်။
"ပြိုင်ပါလား နင်ကရုပ်ရည်လဲရှိတာကို"
"ငါကပြိုင်ချင်တယ်...ကိုကိုက ခွင့်မပြုမှာကြောက်တယ်"
"လပြည့်ကလဲဟာ...အမြဲကိုကို ကိုကို ဆိုတာပဲ...နင့်စိတ်ကြိုက်လေးလဲ နင်ရွေးချယ်ပါဦးဟ...သူက အမြဲတမ်း နင့်ကို ထိန်းချုပ်နေသလိုပဲ"
ကြယ်စင်ရွှန်းလဲ့ ပြောတာ မှန်တာကြောင့် လပြည့်ဝန်းလဲ ပြန်မပြောရဲ...အမှန်ဆို သူလဲ အလိုလိုကြောက်နေသည်။ ကိုကိုပြောထားတဲ့ 'ဘာပဲလုပ်လုပ် ကို့ကိုပြောရမယ်' ဆိုတဲ့ စကားက အမိန့်စကားလား မဝေခွဲတတ်။
ပြီးတော့ ကိုကိုက ဒီအလုပ်ကိုခွင့်ပြုဖို့ 30%ရောက်သာသေချာသည်။ ခတ်တာက မိမိကလဲ ဝင်ပြိုင်ချင်သည်...ကိုကို မသိလောက်ဖူးမှတ်လား....
_____________
ကျောင်းပိတ်ရက် စနေနေ့မို့ လပြည်ဝန်း အလုပ်လိုက်လာသည်။ ကျောင်းပိတ်ရက်တွေတိုင်း ဇေရဲမာန် အလုပ်ကို ဝင်ကူရင်း ပညာသင်နေခြင်းလဲဖြစ်သည်။
ဒီနေ့ Shopping center တစ်ခုလုံးကို ကွင်းဆင်းလိုက်စစ်ဆေးမှာကြောင့် တစ်ရုံးလုံး အလုပ်များနေသည်။
"နောက်ကလိုက်ခဲ့ရမယ်...ပြောထားမယ် ကိုယ့် အနားမှာပဲနေ ဘယ်မှမသွားရဘူး"
"ဟုတ်"
ဖခင်တစ်ယောက်ပမာ မှာကြားနေပုံကြောင့် တစ်ခါတစ်လေကျရင် ကိုကိုက သူရဲ့ဖေဖေလို့တောင် ခံစားမိသည်။
Shopping center မှာ တစ်ဆိုင်ဝင်တစ်ဆိုင်ထွက် ရောင်းအားတွေ၊ လိုအပ်ချက်တွေနဲ့ ပြင်ဆင်ပုံတွေကို ဇေရဲမာန် ကိုယ်တိုင် ဝန်ထမ်းတွေကို မှာကြားနေသည်။
ဒါပင်မဲ့ ဒီနေ့ထူးဆန်းနေတာက ဖြူဖြူသေးသေးကောင်လေးတစ်ယောက်က သူတို့Bossနားမှာ ကပ်ကပ်ပြီးပါလာတာပင်။ ဒီလိုမြင်ကွင်းမျိုး တစ်ခါမှမမြင်းဖူးဘူး။
"ဒီ ထက်ချဲ့ထားတဲ့ဆိုင်ခန်းအတွက် Booking စာရင်းကကော..."
"ဟုတ်ကဲ့ Boss လောလောဆယ်တော့ ၂၀နီးပါးကပ်တော့ပါတယ်" တာဝန်ခံက လက်ထဲကစာရွက်ကိုကမ်းပေးသည်။
အသစ်တိုးချဲ့ထားတဲ့ဆိုင်ခန်းကို ဝင်ယူရောင်းချင်တဲ့ လူတွေကခပ်များများ ဇေရဲမာန် ဆိုတာက သေချာတွေးတောပြီး သင့်တော်တဲ့သူကို ရောင်းခိုင်းမည်သာ။
လက်ထဲက စာရွက်ကိုကြည့်တော့ အဝတ်အစားဆိုင်နာမည်တွေ၊ စာသောက်ဆိုင် နာမည်တွေနဲ့ ပြည့်နှက်နေသည်။ သူတို့ဘက်ကလဲ ဇေရဲမာန် ပိုင်တဲ့ Shopping center ဆိုရင် အလုအယက် ဆိုင်ခန်းဝင်ပါချင်ကြတာမှတ်လား။
မိမိဘေးနားက တစ်ချိန်လုံးငြိမ်ကုတ်နေသော ကောင်လေးကိုကြည့်လိုက်ပြီး
"ကဲပြောပါဦး...ဒီဆိုင်ခန်းကို ဘာထည့်ရောင်းသင့်လဲ"
ချက်ချင်းဆိုသလို လပြည့်ဝန်း မျက်ဝန်းတွေတောက်ပသွားပြီး
"ပျော့ပျော့အိအိ"
______________
2.7.2021
Khine Lay
ကြိုက်ကြရဲ့လားးး😁 နေမကောင်းတုန်းက စိတ်ပူပေးကြသူတွေကို ကျေးဇူးတင်ပါတယ်🤗 ဖတ်ရတာ မပေါ့သွားဘူး မှတ်လားဟင် ကိုယ်စိတ်ပူလို့ပါ။ နောက်ပိုင်းမှာ ပိုစိတ်ဝင်စားအောင်ရေးနေပါတယ်😁
Vote and feedback 🖤🖤🖤🖤
Zaw
"ဟုတ်ကဲ့..."
"အာ...ဘာမှမဟုတ်ပါဘူး..."
"လာ...တတ်...သွားစရာရှိတယ်"
.
.
.
"ဒါ..ဒါက"
"အင်း...မင်းအတွက်"
.
.
.
(((("အဖေ.....သားကြောက်တယ်..."
"အင်းပြီးပြီလား"
"ဗိုက်ဆာနေပြီထင်တယ်...."
______________
"ဖြစ်ပါ့မလား ဆရာမ"
_____________
"ဟုတ်"
"ပျော့ပျော့အိအိ"
______________
2.7.2021
Khine Lay
Vote and feedback 🖤🖤🖤🖤