My Son Or Boyfriend (Complete)

By KhineLay443

375K 19.3K 1.9K

Uni ကလေးနဲ့ကိုယ့်ကြားမှာ တားဆီးတာမှန်သမျှကို အကုန်ရှင်းပြစ်ဖို့ ဝန်မလေးဘူး။ ကိုယ်က မနူးညံ့တတ်ဘူး...ဒါပင်မဲ့ က... More

My Son Or Boyfriend 1
My Son Or Boyfriend 2
My Son or boyfriend 3
My son or boyfriend 4
My Son or boyfriend 5
My son or boyfriend 6
My son or boyfriend 8
My son or boyfriend 9
My son or boyfriend 10
My son or boyfriend 11
My son or boyfriend 12
My son or boyfriend 13
my son or boyfriend 14
My son or boyfriend 15
My son or boyfriend 16
My son or boyfriend 17
My son or boyfriend 18
My son or boyfriend 19
My son or boyfriend 20
My son or boyfriend 21
My son or boyfriend 22
My son or boyfriend 23
My son or boyfriend 24
My son or boyfriend 25
My son or boyfriend 26
My son or boyfriend 27
My son or boyfriend 28
My son or boyfriend 29
My son or boyfriend 30
My son or boyfriend 31
My son or boyfriend 32
My son or boyfriend 33
My son or boyfriend 34
My son or boyfriend 35
My son or boyfriend 36
My son or boyfriend 37
My son or boyfriend 38
My son or boyfriend 39
My son or boyfriend 40
My son or boyfriend 41
My son or boyfriend 42
My son or boyfriend 43 (Final)
စျေးဗန်း
Happy news
Season 2 is coming

My son or boyfriend 7

8.9K 521 39
By KhineLay443

Uni

ပြဿနာတွေက တစ်ခုပြီးတစ်ခုမို့ အတော်ကို ရှင်းယူနေရသည်။ မြန်မာနိုင်ငံကိုလဲ ပြန်ချင်နေပြီ...ဒါပင်မဲ့ မဖြစ်သေး။ အလုပ်ကိစ္စတွေ အားလုံးအခြေကျကာ ပုံမှန်အတိုင်းပြန်ဖြစ်ဖို့ အနည်းဆုံး တစ်နှစ်ခွဲလောက်က ကြာဦးမယ်။

ကုတင်ပေါ် ခြေပစ်လက်ပစ် ပြစ်လဲလိုက်ပြီး မျက်လုံးကို အသာမှိတ်ကာ အနားယူလိုက်သည်။ ခတ်တာက အတွေးထဲဝင်လာသောကောင်လေး ဒီအချိန် သူဘာတွေလုပ်နေမလဲ။

သူချစ်တဲ့သူဖြစ်ဖြစ် တွေ့နေပြီလား။ တက္ကသိုလ် ကျောင်းသားတစ်ယောက်ဖြစ်တာကြောင့် လွန်းထက်သာ ပို၍စိတ်ပူမိသည်။

ဒါပင်မဲ့ ဒီကောင်လေးကို သူမချုပ်ချယ်ချင်...ချုပ်ချယ်ရအောင်လဲ သူနဲ့က ဘာမှမဆိုင်သေးတာ....

ဒီလောက်အလုပ်တွေများနေတဲ့ ကိုယ့်ဘဝကိုပဲ အပြစ်တင်မိသည်။ ခတ်တယ်...ဒီကောင်လေးကို လွမ်းလို့ သေသွားမလားပဲ....
_________________

အူကြောင်ကြောင်လေး နဲ့ ဧည့်ခန်းထဲထိုင်နေပုံကြောင့် ဇေရဲမာန် ပြုံးမိသွားသည်။

"ရောက်လာပြီပေါ့"
"ဟုတ်ကဲ့..."

Sofaပေါ်တွင် ဇေရဲမာန် ဝင်ထိုင်လိုက်ကာ...
"ဒီမှာနေရင် ဒီအိမ်စည်းကမ်းတွေ မင်းကို ပြောပြထားမယ်....လိုက်နာနိုင်မလား"

မျက်လုံးအဝိုင်းလေးတွေလဲ မိမိအား ပြန်ကြည့်လာသောကြောင့် သဘောကျမိသည်။

"ဟုတ်...ဟုတ်ကဲ့..."

"အင်း...အဓိကကတော့ မင်းကိုမသွားရဘူးဆိုတဲ့နေရာကို ခြေဦးတောင် မလှည့်မိပါစေနဲ့...အစားပုံမှန်စားရမယ်။ စာကြိုးစားရမယ်....ကျန်တာသဘော..."

"ဟုတ်ကဲ့...ကိုကြီး" ယဥ်ကျေးပြီး ငြိမ်ကုတ်နေသော ပုံစံကြောင့် ဇေရဲမာန် ပြုံးမိပြန်သည်။

"သြော်...ပြောဖို့ကျန်နေတာ....ကိုယ့်ကို ကိုကြီးလို့မခေါ်နဲ့ ကိုကို လို့ခေါ်..."
"ဗျာ..."

လပြည့်ဝန်း မှာ မျက်လုံးတောင်ပြူးသွားသည်။ 'ကိုကို' တဲ့ ယောက်ျားလေးတစ်ယောက်က ခုလိုခေါ်ဖို့ကျ စိတ်ထဲတစ်မျိုးကြီးဖြစ်နေသည်။ ဒါပင်မဲ့ လပြည့်ဝန်း မငြင်းဆန်နိုင်...

"ဟုတ်..ကို...ကိုကို.."
"အင်း သွားနားတော့....ဥက္ကာ အခန်းလိုက်ပြလိုက်"

"ဟုတ်ကဲ့ Boss. ..ကျွန်တော်သယ်ပေးပါ့မယ် ကိုလေး"
ဥက္ကာက ရှေ့ကဦးဆောင်ကာ လပြည့်ဝန်း နေရမဲ့ အခန်းရှိရာသို့....

"ဒါ ကိုလေးအခန်းပါ...လိုတာရှိရင်လဲ အချိန်မရွေး ခေါ်ခိုင်းလို့ရပါတယ်။ ကျွန်တော့် နာမည်က ဥက္ကာပါ... ကိုလေး"

မိမိထက်အသက်ကြီးသူက တရိုတသေပြောနေခြင်းကြောင့် လပြည့်ဝန်း မနေတတ်တော့။ ဂုတ်ကလေးကိုပွတ်ကာ စပ်ဖြီးဖြီးနဲ့ပဲ...
"ဟိုလေ...ကိုလေးလို့ မခေါ်ပါနဲ့လား။ ပြီးတော့ မိတ်ဆွေတစ်ယောက်လို....သူငယ်ချင်းတစ်ယောက်လိုပဲ ပြောပါလား။ ကျွန်တော် မနေတတ်လို့...."

ဥက္ကာလဲ ဘာပြောလို့ ပြောရမှန်းမသိတော့ Bossရဲ့ကောင်လေးက တကယ်ရိုးသားပြီး အပြစ်ကင်းတယ်။
"ဟို...Bossက ကျွန်တော့်ကို ခုလိုခေါ်ဖို့ပြောထားလို့ပါ။ နောက်တော့ နေသားကျသွားပါလိမ့်မယ်...ဒါဆို ကျွန်တော့်ကို ခွင့်ပြုပါဦး"

လပြည့်ဝန်း မှာ နှုတ်ခမ်း ဆူ၍သာကျန်ခဲ့ပြန်သည်။ တကယ် ဘယ်လိုတွေမှန်းမသိဘူး။

မိမိအခန်းထဲကိုဝင်လိုက်တော့...
"ဘုရားရေ!!! ဒါ...ဒါ ငါတစ်ယောက်ထဲ နေဖို့လား"

ကျယ်ပြန့်လှသောအခန်းကြောင့် လပြည့်ဝန်း အံ့သြသွားသည်။ အရာရာဟာ သူ့နေရာနဲ့သူ အစီအစဥ်တကျရှိနေခြင်းကြောင့် အတော်လဲသန့်ပြန့်နေသည်။

သူ့ရုံးခန်းကိုလဲ ရောက်ဖူးတုန်းက ခုလိုပဲ ခံစားရသည်။ ဒီလူအတော်သန့်ပြန့်သေသပ်အောင် နေတတ်တာပဲ...
________________

ကျောင်းသွားရမှာမို့ လပြည့်ဝန်း တစ်ယောက်စောစောထကာ ပြင်ဆင်နေသည်။ မနက်စာစားဖို့အောက်ထပ်ကို ဆင်းလာတော့...
"ကိုလေး....Boss ထမင်းစားဖို့ စောင့်နေပါတယ်"

အိမ်အကူကောင်မလေးလာခေါ်တာကြောင့် လပြည့်ဝန်းလဲ လိုက်သွားလိုက်သည်။

ရှည်လျားသော ထမင်းစားခုံကြောင့် လပြည့်ဝန်း မှာ ဘယ်ထိုင်လို့ ထိုင်ရမှန်းမသိ လမ်းပျောက်နေသည်။

ဒါကိုသိသော ဇေရဲမာန် ကပဲ လက်ဝဲဘက်ခုံကို ပြကာ..
"ဒီမှာလာထိုင်"
"ဟုတ်ကဲ့"

ခုံရဲ့ထိပ်ဆုံးမှာ ဇေရဲမာန် က ထိုင်နေပြီး လက်ဝဲဘက်မှာ လပြည့်ဝန်း....

စုံလင်လှသော မုန့်တွေကြောင့် လပြည့်ဝန်းမှာ အီလည်လည်ဖြစ်သွားသည်။ နဂိုထဲက အစားဆို အအီစာတွေ မကြိုက်တတ်တာကြောင့် ခုလို cakeတွေ မုန့်တွေက လပြည့်ဝန်း မျက်လုံးထဲ ကြိမ်းစပ်လျက်...

အသင့်ဖျော်ပေးထားသော Coffee ကို သောက်ကြည့်လိုက်တော့....
' ဘုရားရေ...'မခါးလွန်း မချိုလွန်းသော Coffeeကြောင့် လပြည့်ဝန်း သဘောကျသွားသည်။

"ကြိုက်လား။ နောက်တစ်ခါ မနက်စာဘာစားချင်လဲ Chef ကိုကြိုပြောထားလိုက်"
"ဟင်...ဟုတ်ကဲ့"

ဘယ်လောက်တောင် ချမ်းသာလဲမသိ Chefတောင်ခေါ်ပြီး အစားအသောက်ပြင်ခိုင်းတယ်။ ဘာပဲပြောပြောလပြည့်ဝန်း တို့ကတော့ အမြတ်ပဲလေ အစားနဲ့ပတ်သက်တာကို....

"ပြီးတော့ 'ဟုတ်ကဲ့' လို့ပြောပြီးတာနဲ့ အနောက်မှာ 'ကိုကို' ဆိုတာ ထည့်ပြော..."

အစစအရာရာလိုက်ပြီး ပြောနေပုံကြောင့် လပြည့်ဝန်း သိပ်တော့အမြင်မကြည်တော့။ ဒီလူဘာဖြစ်ချင်နေတာလဲ..

"ဘာလဲ ချုပ်ချယ်တယ်လို့ ပြောချင်တာလား"

မိမိစိတ်အား Scan ဖတ်သလို ပြောလိုက်တာကြောင့် လပြည့်ဝန်း အထိတ်တလန့်ဖြစ်ကာ..
"အာ..မ..မဟုတ်ပါဘူး...ကိုကို....ကျွန်တော်..... က...ဒီအတိုင်း...ဟီးးးး"

သွားလေးတွေပေါ်တဲ့အထိ အကြောက်အကန်ငြင်းနေခြင်းကြောင့် ဇေရဲမာန် ...သူပြောတာမှန်မှန်းသိလိုက်သည်။ ဒါပင်မဲ့...

"ထားလိုက်တော့...စားပြီးကျောင်းလိုက်ပို့ပေးမယ်"
တည်တင်းနေသော မျက်နှာထားကြောင့် လပြည့်ဝန်း ငိုချင်စိတ်ပင်ပေါက်လာသည်။ သူများအိမ်မှာနေနေရတော့ အိမ်ပိုင်ရှင်မျက်နှာကို ကြည့်နေရသည်။

ဒါတောင်သူက သိရဲ့လားမသိ မျက်နှာကြီးကို အမြဲတင်းထားသည်။ ဖေဖေရေ...ဖေဖေ့သားလေးကို ပြန်ခေါ်ပါလားဟင်....

ကျောင်းကိုလဲ ဇေရဲမာန် ကိုယ်တိုင်လိုက်ပို့ပေးသည်။ ကျောင်းပြန်ချိန်ကိုလဲ အချိန်အတိအကျနဲ့ ပြန်လာကြိုဦးမည်တဲ့....

"အ့.." ထုံးစံအတိုင် ခုန်ပေါက်ကာ လာနေတုန်း ထောင့်အကွေ့နေရာတွင် လပြည့်ဝန်း လူတစ်ယောက်နဲ့တိုက်မိသည်။

အရှိန်ပြင်းမပြင်းတော့မသိဘူး ခုတော့လပြည့်ဝန်း ပက်လက်လဲမတတ်....
"ကလေးရလား...ဘယ်နားနာသွားသေးလဲ"

တိုက်မိသူက ပြာပြာသလဲမေးတာကြောင့် လပြည့်ဝန်းလဲ
"ရပါတယ်..."

ရတယ် သာပြောတာ ကောင်လေးမျက်နှာက အခြေအနေမကောင်းတာကြောင့်
"ပြစမ်း.... လက်ထိသွားတာပဲ...လာ...မနွေး ဆေးထည့်ပေးမယ်"

လက်ဖဝါးပေါ်က ပွန်းရာကြောင့် နွေးသစ္စာ လဲ အားနာသွားသည်။ နောက်တော့ကျောင်းဆေးပေးခန်းကို ကိုယ်တိုင်သွားပြီး ဆေးထည့်ပေးရတော့သည်။

အရက်ပြန်ကြောင့် ရှုံ့မဲ့သွားသော ကောင်လေးမျက်နှာကိုကြည့်ပြီး နွေးသစ္စာရယ်ချင်သွားသည်။ ဒါပင်မဲ့ သူမရယ်လိုက်လျှင် ရှက်သွားမှာလဲ စိုးသည်။

"ကဲရပြီ....မင်းက ကလေးလဲမဟုတ်တော့ဘူး။ ဘာလို့ခုန်ပေါက်ပြီးလာတာတုန်း"
ဆူသလိုလို ပြောတာကြောင့် လပြည့်ဝန်း မျက်နှာမှာ ဇီးရွက်လောက်သာရှိတော့သည်။

ယောက်ျားလေးတစ်ယောက်ဖြစ်ပြီး မိန်းကလေးနဲ့ဝင်တိုင်တာကို သူကလဲသွားတော့ ရှက်လဲရှက်မိသည်။

"အကျင့်ဖြစ်နေလို့"
"ဟားးး ဟုတ်ပါပြီ...မင်းက အရှိန်နဲ့ ခုန်ပေါက်လာတော့ ဟန်ချက်မထိန်းနိုင်ဖြစ်သွားတာပါ...ဒါနဲ့ မ နာမည်က နွေးသစ္စာ... မနွေးလို့ခေါ်ပေါ့.. မ က ဒီဆေးပေးခန်းက ဆရာဝန်"

ရွှင်ပြပြအပြုံးကြောင့် လပြည့်ဝန်း လဲ အလိုလို ပြုံးမိသွားသည်။ အရပ်အမောင်းက မိမိနဲ့ရွယ်တူဖြစ်နေသည်။ ပြီးတော့ ဒီအမက လှသည်။ လှတာထက် နန်းဆန်တယ်ဆို ပိုမှန်သည်။

သူမပြုံးလိုက်တိုင်း တကယ်ကို ကျက်သရေရှိသည်။
"ဟုတ်...ကျွန်တော့်နာမည် လပြည့်ဝန်းပါ လပြည့်လို့ခေါ်လဲရပါတယ်"

"အင်း မ ကိုလဲ မနွေးလို့ခေါ်ပေါ့ အတန်းစတော့မယ်ထင်တယ်"
"ဟုတ်သားပဲ ကျွန်တော် သွားတော့မယ်နော်...ဆေးထည့်ပေးလို့ ကျေးဇူးပါဗျ..."

ပြေးထွက်သွားသော ကောင်လေးအားကြည့်ရင်း နွေးသစ္စာမှာတော့ တွေးတွေးစစပင်...ယောက်ျားလေးပင်မဲ့ အဲ့လိုချစ်ဖို့ကောင်းဖို့ လိုလို့လား....
________________
30.6.2021
Khine Lay

Zaw

ျပႆနာေတြက တစ္ခုၿပီးတစ္ခုမို႔ အေတာ္ကို ရွင္းယူေနရသည္။ ျမန္မာနိုင္ငံကိုလဲ ျပန္ခ်င္ေနၿပီ...ဒါပင္မဲ့ မျဖစ္ေသး။ အလုပ္ကိစၥေတြ အားလုံးအေျခက်ကာ ပုံမွန္အတိုင္းျပန္ျဖစ္ဖို႔ အနည္းဆုံး တစ္ႏွစ္ခြဲေလာက္က ၾကာဦးမယ္။

ကုတင္ေပၚ ေျခပစ္လက္ပစ္ ျပစ္လဲလိုက္ၿပီး မ်က္လုံးကို အသာမွိတ္ကာ အနားယူလိုက္သည္။ ခတ္တာက အေတြးထဲဝင္လာေသာေကာင္ေလး ဒီအခ်ိန္ သူဘာေတြလုပ္ေနမလဲ။

သူခ်စ္တဲ့သူျဖစ္ျဖစ္ ေတြ႕ေနၿပီလား။ တကၠသိုလ္ ေက်ာင္းသားတစ္ေယာက္ျဖစ္တာေၾကာင့္ လြန္းထက္သာ ပို၍စိတ္ပူမိသည္။

ဒါပင္မဲ့ ဒီေကာင္ေလးကို သူမခ်ဳပ္ခ်ယ္ခ်င္...ခ်ဳပ္ခ်ယ္ရေအာင္လဲ သူနဲ႕က ဘာမွမဆိုင္ေသးတာ....

ဒီေလာက္အလုပ္ေတြမ်ားေနတဲ့ ကိုယ့္ဘဝကိုပဲ အျပစ္တင္မိသည္။ ခတ္တယ္...ဒီေကာင္ေလးကို လြမ္းလို႔ ေသသြားမလားပဲ....
_________________

အူေၾကာင္ေၾကာင္ေလး နဲ႕ ဧည့္ခန္းထဲထိုင္ေနပုံေၾကာင့္ ေဇရဲမာန္ ၿပဳံးမိသြားသည္။

"ေရာက္လာၿပီေပါ့"
"ဟုတ္ကဲ့..."

Sofaေပၚတြင္ ေဇရဲမာန္ ဝင္ထိုင္လိုက္ကာ...
"ဒီမွာေနရင္ ဒီအိမ္စည္းကမ္းေတြ မင္းကို ေျပာျပထားမယ္....လိုက္နာနိုင္မလား"

မ်က္လုံးအဝိုင္းေလးေတြလဲ မိမိအား ျပန္ၾကည့္လာေသာေၾကာင့္ သေဘာက်မိသည္။

"ဟုတ္...ဟုတ္ကဲ့..."

"အင္း...အဓိကကေတာ့ မင္းကိုမသြားရဘူးဆိုတဲ့ေနရာကို ေျခဦးေတာင္ မလွည့္မိပါေစနဲ႕...အစားပုံမွန္စားရမယ္။ စာႀကိဳးစားရမယ္....က်န္တာသေဘာ..."

"ဟုတ္ကဲ့...ကိုႀကီး" ယဥ္ေက်းၿပီး ၿငိမ္ကုတ္ေနေသာ ပုံစံေၾကာင့္ ေဇရဲမာန္ ၿပဳံးမိျပန္သည္။

"ေၾသာ္...ေျပာဖို႔က်န္ေနတာ....ကိုယ့္ကို ကိုႀကီးလို႔မေခၚနဲ႕ ကိုကို လို႔ေခၚ..."
"ဗ်ာ..."

လျပည့္ဝန္း မွာ မ်က္လုံးေတာင္ျပဴးသြားသည္။ 'ကိုကို' တဲ့ ေယာက္်ားေလးတစ္ေယာက္က ခုလိုေခၚဖို႔က် စိတ္ထဲတစ္မ်ိဳးႀကီးျဖစ္ေနသည္။ ဒါပင္မဲ့ လျပည့္ဝန္း မျငင္းဆန္နိုင္...

"ဟုတ္..ကို...ကိုကို.."
"အင္း သြားနားေတာ့....ဥကၠာ အခန္းလိုက္ျပလိုက္"

"ဟုတ္ကဲ့ Boss. ..ကြၽန္ေတာ္သယ္ေပးပါ့မယ္ ကိုေလး"
ဥကၠာက ေရွ႕ကဦးေဆာင္ကာ လျပည့္ဝန္း ေနရမဲ့ အခန္းရွိရာသို႔....

"ဒါ ကိုေလးအခန္းပါ...လိုတာရွိရင္လဲ အခ်ိန္မေ႐ြး ေခၚခိုင္းလို႔ရပါတယ္။ ကြၽန္ေတာ့္ နာမည္က ဥကၠာပါ... ကိုေလး"

မိမိထက္အသက္ႀကီးသူက တရိုတေသေျပာေနျခင္းေၾကာင့္ လျပည့္ဝန္း မေနတတ္ေတာ့။ ဂုတ္ကေလးကိုပြတ္ကာ စပ္ၿဖီးၿဖီးနဲ႕ပဲ...
"ဟိုေလ...ကိုေလးလို႔ မေခၚပါနဲ႕လား။ ၿပီးေတာ့ မိတ္ေဆြတစ္ေယာက္လို....သူငယ္ခ်င္းတစ္ေယာက္လိုပဲ ေျပာပါလား။ ကြၽန္ေတာ္ မေနတတ္လို႔...."

ဥကၠာလဲ ဘာေျပာလို႔ ေျပာရမွန္းမသိေတာ့ Bossရဲ႕ေကာင္ေလးက တကယ္ရိုးသားၿပီး အျပစ္ကင္းတယ္။
"ဟို...Bossက ကြၽန္ေတာ့္ကို ခုလိုေခၚဖို႔ေျပာထားလို႔ပါ။ ေနာက္ေတာ့ ေနသားက်သြားပါလိမ့္မယ္...ဒါဆို ကြၽန္ေတာ့္ကို ခြင့္ျပဳပါဦး"

လျပည့္ဝန္း မွာ ႏႈတ္ခမ္း ဆူ၍သာက်န္ခဲ့ျပန္သည္။ တကယ္ ဘယ္လိုေတြမွန္းမသိဘူး။

မိမိအခန္းထဲကိုဝင္လိုက္ေတာ့...
"ဘုရားေရ!!! ဒါ...ဒါ ငါတစ္ေယာက္ထဲ ေနဖို႔လား"

က်ယ္ျပန့္လွေသာအခန္းေၾကာင့္ လျပည့္ဝန္း အံ့ၾသသြားသည္။ အရာရာဟာ သူ႕ေနရာနဲ႕သူ အစီအစဥ္တက်ရွိေနျခင္းေၾကာင့္ အေတာ္လဲသန့္ျပန့္ေနသည္။

သူ႕႐ုံးခန္းကိုလဲ ေရာက္ဖူးတုန္းက ခုလိုပဲ ခံစားရသည္။ ဒီလူအေတာ္သန့္ျပန့္ေသသပ္ေအာင္ ေနတတ္တာပဲ...
________________

ေက်ာင္းသြားရမွာမို႔ လျပည့္ဝန္း တစ္ေယာက္ေစာေစာထကာ ျပင္ဆင္ေနသည္။ မနက္စာစားဖို႔ေအာက္ထပ္ကို ဆင္းလာေတာ့...
"ကိုေလး....Boss ထမင္းစားဖို႔ ေစာင့္ေနပါတယ္"

အိမ္အကူေကာင္မေလးလာေခၚတာေၾကာင့္ လျပည့္ဝန္းလဲ လိုက္သြားလိုက္သည္။

ရွည္လ်ားေသာ ထမင္းစားခုံေၾကာင့္ လျပည့္ဝန္း မွာ ဘယ္ထိုင္လို႔ ထိုင္ရမွန္းမသိ လမ္းေပ်ာက္ေနသည္။

ဒါကိုသိေသာ ေဇရဲမာန္ ကပဲ လက္ဝဲဘက္ခုံကို ျပကာ..
"ဒီမွာလာထိုင္"
"ဟုတ္ကဲ့"

ခုံရဲ႕ထိပ္ဆုံးမွာ ေဇရဲမာန္ က ထိုင္ေနၿပီး လက္ဝဲဘက္မွာ လျပည့္ဝန္း....

စုံလင္လွေသာ မုန့္ေတြေၾကာင့္ လျပည့္ဝန္းမွာ အီလည္လည္ျဖစ္သြားသည္။ နဂိုထဲက အစားဆို အအီစာေတြ မႀကိဳက္တတ္တာေၾကာင့္ ခုလို cakeေတြ မုန့္ေတြက လျပည့္ဝန္း မ်က္လုံးထဲ ႀကိမ္းစပ္လ်က္...

အသင့္ေဖ်ာ္ေပးထားေသာ Coffee ကို ေသာက္ၾကည့္လိုက္ေတာ့....
' ဘုရားေရ...'မခါးလြန္း မခ်ိဳလြန္းေသာ Coffeeေၾကာင့္ လျပည့္ဝန္း သေဘာက်သြားသည္။

"ႀကိဳက္လား။ ေနာက္တစ္ခါ မနက္စာဘာစားခ်င္လဲ Chef ကိုႀကိဳေျပာထားလိုက္"
"ဟင္...ဟုတ္ကဲ့"

ဘယ္ေလာက္ေတာင္ ခ်မ္းသာလဲမသိ Chefေတာင္ေခၚၿပီး အစားအေသာက္ျပင္ခိုင္းတယ္။ ဘာပဲေျပာေျပာလျပည့္ဝန္း တို႔ကေတာ့ အျမတ္ပဲေလ အစားနဲ႕ပတ္သက္တာကို....

"ၿပီးေတာ့ 'ဟုတ္ကဲ့' လို႔ေျပာၿပီးတာနဲ႕ အေနာက္မွာ 'ကိုကို' ဆိုတာ ထည့္ေျပာ..."

အစစအရာရာလိုက္ၿပီး ေျပာေနပုံေၾကာင့္ လျပည့္ဝန္း သိပ္ေတာ့အျမင္မၾကည္ေတာ့။ ဒီလူဘာျဖစ္ခ်င္ေနတာလဲ..

"ဘာလဲ ခ်ဳပ္ခ်ယ္တယ္လို႔ ေျပာခ်င္တာလား"

မိမိစိတ္အား Scan ဖတ္သလို ေျပာလိုက္တာေၾကာင့္ လျပည့္ဝန္း အထိတ္တလန့္ျဖစ္ကာ..
"အာ..မ..မဟုတ္ပါဘူး...ကိုကို....ကြၽန္ေတာ္..... က...ဒီအတိုင္း...ဟီးးးး"

သြားေလးေတြေပၚတဲ့အထိ အေၾကာက္အကန္ျငင္းေနျခင္းေၾကာင့္ ေဇရဲမာန္ ...သူေျပာတာမွန္မွန္းသိလိုက္သည္။ ဒါပင္မဲ့...

"ထားလိုက္ေတာ့...စားၿပီးေက်ာင္းလိုက္ပို႔ေပးမယ္"
တည္တင္းေနေသာ မ်က္ႏွာထားေၾကာင့္ လျပည့္ဝန္း ငိုခ်င္စိတ္ပင္ေပါက္လာသည္။ သူမ်ားအိမ္မွာေနေနရေတာ့ အိမ္ပိုင္ရွင္မ်က္ႏွာကို ၾကည့္ေနရသည္။

ဒါေတာင္သူက သိရဲ႕လားမသိ မ်က္ႏွာႀကီးကို အၿမဲတင္းထားသည္။ ေဖေဖေရ...ေဖေဖ့သားေလးကို ျပန္ေခၚပါလားဟင္....

ေက်ာင္းကိုလဲ ေဇရဲမာန္ ကိုယ္တိုင္လိုက္ပို႔ေပးသည္။ ေက်ာင္းျပန္ခ်ိန္ကိုလဲ အခ်ိန္အတိအက်နဲ႕ ျပန္လာႀကိဳဦးမည္တဲ့....

"အ့.." ထုံးစံအတိုင္ ခုန္ေပါက္ကာ လာေနတုန္း ေထာင့္အေကြ႕ေနရာတြင္ လျပည့္ဝန္း လူတစ္ေယာက္နဲ႕တိုက္မိသည္။

အရွိန္ျပင္းမျပင္းေတာ့မသိဘူး ခုေတာ့လျပည့္ဝန္း ပက္လက္လဲမတတ္....
"ကေလးရလား...ဘယ္နားနာသြားေသးလဲ"

တိုက္မိသူက ျပာျပာသလဲေမးတာေၾကာင့္ လျပည့္ဝန္းလဲ
"ရပါတယ္..."

ရတယ္ သာေျပာတာ ေကာင္ေလးမ်က္ႏွာက အေျခအေနမေကာင္းတာေၾကာင့္
"ျပစမ္း.... လက္ထိသြားတာပဲ...လာ...မႏြေး ေဆးထည့္ေပးမယ္"

လက္ဖဝါးေပၚက ပြန္းရာေၾကာင့္ ႏြေးသစၥာ လဲ အားနာသြားသည္။ ေနာက္ေတာ့ေက်ာင္းေဆးေပးခန္းကို ကိုယ္တိုင္သြားၿပီး ေဆးထည့္ေပးရေတာ့သည္။

အရက္ျပန္ေၾကာင့္ ရႈံ႕မဲ့သြားေသာ ေကာင္ေလးမ်က္ႏွာကိုၾကည့္ၿပီး ႏြေးသစၥာရယ္ခ်င္သြားသည္။ ဒါပင္မဲ့ သူမရယ္လိုက္လွ်င္ ရွက္သြားမွာလဲ စိုးသည္။

"ကဲရၿပီ....မင္းက ကေလးလဲမဟုတ္ေတာ့ဘူး။ ဘာလို႔ခုန္ေပါက္ၿပီးလာတာတုန္း"
ဆူသလိုလို ေျပာတာေၾကာင့္ လျပည့္ဝန္း မ်က္ႏွာမွာ ဇီး႐ြက္ေလာက္သာရွိေတာ့သည္။

ေယာက္်ားေလးတစ္ေယာက္ျဖစ္ၿပီး မိန္းကေလးနဲ႕ဝင္တိုင္တာကို သူကလဲသြားေတာ့ ရွက္လဲရွက္မိသည္။

"အက်င့္ျဖစ္ေနလို႔"
"ဟားးး ဟုတ္ပါၿပီ...မင္းက အရွိန္နဲ႕ ခုန္ေပါက္လာေတာ့ ဟန္ခ်က္မထိန္းနိုင္ျဖစ္သြားတာပါ...ဒါနဲ႕ မ နာမည္က ႏြေးသစၥာ... မႏြေးလို႔ေခၚေပါ့.. မ က ဒီေဆးေပးခန္းက ဆရာဝန္"

႐ႊင္ျပျပအၿပဳံးေၾကာင့္ လျပည့္ဝန္း လဲ အလိုလို ၿပဳံးမိသြားသည္။ အရပ္အေမာင္းက မိမိနဲ႕႐ြယ္တူျဖစ္ေနသည္။ ၿပီးေတာ့ ဒီအမက လွသည္။ လွတာထက္ နန္းဆန္တယ္ဆို ပိုမွန္သည္။

သူမၿပဳံးလိုက္တိုင္း တကယ္ကို က်က္သေရရွိသည္။
"ဟုတ္...ကြၽန္ေတာ့္နာမည္ လျပည့္ဝန္းပါ လျပည့္လို႔ေခၚလဲရပါတယ္"

"အင္း မ ကိုလဲ မႏြေးလို႔ေခၚေပါ့ အတန္းစေတာ့မယ္ထင္တယ္"
"ဟုတ္သားပဲ ကြၽန္ေတာ္ သြားေတာ့မယ္ေနာ္...ေဆးထည့္ေပးလို႔ ေက်းဇူးပါဗ်..."

ေျပးထြက္သြားေသာ ေကာင္ေလးအားၾကည့္ရင္း ႏြေးသစၥာမွာေတာ့ ေတြးေတြးစစပင္...ေယာက္်ားေလးပင္မဲ့ အဲ့လိုခ်စ္ဖို႔ေကာင္းဖို႔ လိုလို႔လား....
________________
30.6.2021
Khine Lay

Continue Reading

You'll Also Like

270K 17K 47
The feeling of being abandoned by one's own family was not unknown to Aadhira. She hates her family for abandoning her when she was only a newborn, l...
22.3K 2.2K 27
Zay Group လုပ်ငန်းစုရဲ့ မိသားစုလေးဆီ အလည်ခေါ်သွားကြည့်ပါ့မယ် ✨ Zay Group လုပ္ငန္းစုရဲ႕ မိသားစုေလးဆီ အလည္ေခၚသြားၾကည့္ပါ့မယ္ ✨
10.4K 480 28
in a universe where soulmates exist, two passionate dancers try to figure each other out ❝𝘪 𝘩𝘢𝘵𝘦 𝘸𝘢𝘬𝘪𝘯𝘨 𝘶𝘱 𝘸𝘪𝘵𝘩 𝘺𝘰𝘶 𝘰𝘯 𝘮𝘺 𝘮�...
2.3K 94 22
Meera is your typical college girl, with a sweet smile and demure outfits. But there is nothing demure about the deepest darkest thoughts swirling in...