ဗီလိန်ရဲ့ လမ်းပြကြယ်

By CrystalKyi

783K 131K 3.7K

ဝတ္ထုစာအုပ်ထဲကို ဝိဉာဉ္ကူးပြောင်းလာတဲ့ ချောင်လန်တစ်ယောက် သူမရဲ့ နေရာက ဇာတ်လိုက် မင်းသားကို ကြိုက် မိသွားတဲ့ ဗ... More

မိတ်ဆက်
အပိုင်း (၁)
အပိုင်း(၂)
အပိုင်း(၃)
အပိုင်း(၄)
အပိုင်း(၅)
အပိုင်း(၆)
အပိုင်း (၇)
အပိုင်း(၈)
အပိုင်း(၉)
အပိုင်း(၁၀)
အပိုင်း(၁၁)
အပိုင်း(၁၂)
အပိုင်း(၁၃)
အပိုင်း(၁၄)
အပိုင်း(၁၅)
အပိုင်း(၁၆)
အပိုင်း(၁၇)
အပိုင်း(၁၈)
အပိုင်း(၁၉)
အပိုင်း(၂၀)
အပိုင်း(၂၁)
အပိုင်း(၂၂)
အပိုင်း(၂၃)
အပိုင်း(၂၄)
အပိုင်း(၂၅)
အပိုင်း(၂၆)
အပိုင်း(၂၇)
အပိုင်း(၂၈)
အပိုင်း(၂၉)
အပိုင်း (၃၀)
အပိုင်း(၃၁)
အပိုင်း(၃၂)
အပိုင်း(၃၃)
အပိုင်း (၃၄)
အပိုင်း(၃၅)
အပိုင်း(၃၆)
အပိုင်း(၃၇)
အပိုင်း(၃၈)
အပိုင်း(၃၉)
အပိုင်း(၄၀)
အပိုင်း(၄၁)
အပိုင်း(၄၂)
အပိုင်း(၄၃)
အပိုင်း(၄၄)
အပိုင်း(၄၅)
အပိုင်း(၄၆)
အပိုင်း(၄၇)
အပိုင်း(၄၈)
အပိုင်း(၄၉)
အပိုင်း(၅၀)
အပိုင်း(၅၁)
အပိုင်း(၅၂)
အပိုင်း(၅၃)
အပိုင်း(၅၄)
အပိုင်း(၅၅)
အပိုင်း(၅၆)
အပိုင်း(၅၇)
အပိုင်း(၅၉)
Not Upade!!!
အပိုင်း(၆၀)
အပိုင်း(၆၁)
အပိုင်း(၆၂)
အပိုင်း(၆၃)
အပိုင်း(၆၄)
အပိုင်း(၆၅)
အပိုင်း(၆၆)
အပိုင်း(၆၇)
အပိုင်း(၆၈)
အပိုင်း(၆၉)
အပိုင်း(၇၀)
အပိုင်း(၇၁)
အပိုင်း(၇၂)
အပိုင်း(၇၃)
အပိုင်း(၇၄)
အပိုင်း(၇၅)
အပိုင်း(၇၆)
အပိုင်း(၇၇)
အပိုင်း(၇၈)
အပိုင်း(၇၉)
အပိုင်း(၈၀)
အပိုင်း(၈၁)
အပိုင်း(၈၂)
အပိုင်း(၈၃)
အပိုင်း(၈၄)
အပိုင်း(၈၅)
အပိုင်း(၈၆)
အပိုင်း(၈၇)
အပိုင်း(၈၈)
အပိုင်း(၈၉)
အပိုင်း(၉၀)
အပိုင်း(၉၁)
အပိုင်း(၉၂)
အပိုင်း(၉၃)
အပိုင်း(၉၄)
အပိုင်း(၉၅)
အပိုင်း(၉၆)
အပိုင်း(၉၇)
အပိုင်း(၉၈)
အပိုင်း(၉၉)
အပိုင်း(၁၀၀)
အပိုင်း(၁၀၁)
အပိုင်း(၁၀၂)
အပိုင်း(၁၀၃)
အပိုင်း(၁၀၄)
အပိုင်း(၁၀၅)
အပိုင်း(၁၀၆)
အပိုင်း(၁၀၇)
အပိုင်း(၁၀၈)
အပိုင်း(၁၀၉)
အပိုင်း(၁၁၀)
အပိုင်း(၁၁၁)
အပိုင်း(၁၁၂)
အပိုင်း(၁၁၃)
အပိုင်း(၁၁၄)
အပိုင်း(၁၁၅)
အပိုင်း(၁၁၆)
အပိုင်း(၁၁၇)
အပိုင်း(၁၁၈)
အပိုင်း(၁၁၉)
အပိုင်း(၁၂၀)
အပိုင်း(၁၂၁)
အပိုင်း(၁၂၂)
အပိုင်း(၁၂၃)
အပိုင်း(၁၂၄)
အပိုင်း(၁၂၅)
အပိုင်း(၁၂၆)
အပိုင်း(၁၂၇)
အပိုင်း(၁၂၈)
အပိုင်း(၁၂၉)
အပိုင်း(၁၃၀)
အပိုင်း(၁၃၁)
အပိုင်း(၁၃၂)
အပိုင်း(၁၃၃)
အပိုင်း(၁၃၄)
အပိုင်း(၁၃၅)
အပိုင်း(၁၃၆)
အပိုင်း(၁၃၇)
အပိုင်း(၁၃၈)
အပိုင်း(၁၃၉)
အပိုင်း(၁၄၀)
အပိုင်း(၁၄၁)
အပိုင်း(၁၄၂)
အပိုင်း(၁၄၃)
အပိုင်း(၁၄၄)
အပိုင်း(၁၄၅)
အပိုင်း(၁၄၆)
အပိုင်း(၁၄၇)
အပိုင်း(၁၄၈)
အပိုင်း(၁၄၉)

အပိုင်း(၅၈)

5.4K 1K 20
By CrystalKyi

Unicode
ထန်းမော့က ဘာစကားမှ မပြောဘဲ ချောင်လန့်ကို ကြည့်နေတယ်။ အကြာကြီးနေတော့မှ သူက ထိုင်းမှိုင်းနေတဲ့အသံနဲ့ ပြောလိုက်တယ်။ " အဲ့တာဆို ငါမလာတော့ဘူး "

ချောင်လန် စိတ်သက်သာရာရစွာနဲ့ သက်ပြင်းတောင်မချရသေးခင်မှာပဲ သူက ဆက်ပြောလိုက်တယ်။ " ငါ ဦးလေးချန်ကိုပဲ နေ့တိုင်းနေ့ ပါဆယ်လာယူခိုင်းလိုက်မယ်။ " ချောင်လန် တံတွေး သီးတော့မလိုတောင်ဖြစ်သွားတယ်။

" မဟုတ်ဘူးလေ " ချောင်လန် နောက်ဆုံးတော့နားလည်သွားတယ် ထန်းမော့ကို ကွေ့ပတ်ပြီး ပြောလို့ လုံးဝမရဘူးဆိုတာကိုပေါ့။ သူမပြောချင်တာကို တိုက်ရိုက် ရှင်းရှင်းလင်းလင်း ပြောဖို့လိုတယ်။ " ဒီကိုညစာလာမစားနဲ့တော့။ ပြီးတော့ ဦးလေးချန်ကိုလဲ ပါဆယ်လာမယူခိုင်းနဲ့... "

ထန်းမော့ စိတ်ရှုပ်လာတယ်။ သူနားမလည်နိုင်တော့ဘူး။

" နင်က ပိုက်ဆံလဲ မလိုချင်ဘူး။ ပြီးတော့ ငါ့ကိုလဲ မလာစေချင်ဘူး။ အဲ့တော့ နင်ငါ့ကို ဘာလုပ်စေချင်နေတာလဲ။ "

" ထန်းမော့ နင်ဘာမှ လုပ်စရာ မလိုပါဘူး။ " ချောင်လန်က ထပ်ပြောလိုက်တယ်။ " နင်ဘာမှ လုပ်စရာမလိုဘူး။ နင်ငါ့ကို ပိုက်ဆံပေးပြီး ကူညီစရာလဲမလိုဘူး။ ငါ့မှာပိုက်ဆံရှိပါတယ်။ ငါ့ဘာသာငါလုပ်နိုင်... "

" တစ်ကယ်လို့ နင်လုပ်နိုင်တယ်ဆိုရင် ဘာလို့ ဒီကိုအလုပ်လာလုပ်နေတာလဲ "

ထန်းမော့က ခေါင်းမာတယ်။ ပြီးတော့ ချောင်လန်က ဘာလို့ဒီပြဿနာကို ရုန်းကန်နေရတာလဲ ဆိုတာ သူနားမလည်နိုင်ဘူး။ သူမက ပိုက်ဆံလိုတယ်။ သူ့မှာ ပိုက်ဆံရှိတယ်။ ဒါကယွမ်၇သောင်းထဲပဲဟာကို။ ဘာလို့ ဒီလောက်ပိုက်ဆံလေးက ခက်ခဲနေရမှာလဲ။

ချောင်လန်က သူမပြောနေတာကို ထန်းမော့အနေနဲ့ ဘာလို့သဘောမပေါက်တာလဲဆိုတာ သူမနားမလည်နိုင်တဲ့အတွက် ချောင်လန့်အသံက ပိုပြီးလေးနက်လာတယ်။ " ငါက ပိုက်ဆံလိုတာဟုတ်တယ်။ ဒါပေမဲ့ အဲ့တာနဲ့ နင်နဲ့မဆိုင်ဘူးလေ။ နင်ဘာလို့ နားမလည်ရတာလဲ။ ငါတို့က သူငယ်ချင်းတွေ ပြီးတော့ အတန်းဖော်တွေလေ။ ဘယ်သူငယ်ချင်း ဘယ်အတန်းဖော်ကမှ ဒီလိုလုပ်မှာ မဟုတ်ဘူး။ ထန်းမော့ နင်ငါ့ကို ထောက်ပံ့ပေးဖို့မလိုဘူး။ နင်အဲ့လိုလုပ်ပေးဖို့ ငါတို့ကြားမှာ ဘာ.. ဆက်ဆံရေးမှ မရှိဘူးလေ "

နောက်ဆုံးစာကြောင်းကို ကြားလိုက်ရတော့ ထန်းမော့ရဲ့ ဖိနှိပ်ထားတဲ့ ဒေါသတွေက ပေါက်ထွက်လာတယ်။ သူ့လက်ထဲက ဓားနဲ့ခက်ရင်းနဲ့ကို ပန်းကန်ပြားပေါ် ပစ်ချပစ်လိုက်တယ်။ အဲ့တာက ချောင်လန့်ကို လန့်သွားစေတယ်။ သူတို့ဘေးကလူတွေတောင် လှည့်ကြည့်ကြတယ်။

သူများတွေရဲ့ အကြည့်ကို လျစ်လျူရှုလိုက်ပြီး သူက ချောင်လန့်ကို အေးစက်စွာ စိုက်ကြည့်လိုက်တယ်။ " ငါစားလို့ပြီးပြီ။ ငွေရှင်းချင်တယ်။ "

ထန်းမော့က လောကကြီးကိုနားမည်ဘူး။ ဒါပေမဲ့ သူက တစ်ကယ်တော့ အရမ်းဥာဏ်ကောင်းပါတယ်။

အခုအချိန်မှာ သူအရမ်းစိတ်တိုနေတယ်ဆိုတာ မှန်ပါတယ်။ ဒါပေမဲ့ စိတ်ရင်းစေတနာကလဲ အမှန်ပဲလေ။

ချောင်လန်ကပြောတယ် သူ သူမကို ဒီလိုမျိုး ထောက်ပံ့နေရအောင် သူတို့၂ယောက်က ဘာဆက်ဆံရေးမှ မရှိဘူးတဲ့။ 'သူတို့ကြားမှာ ဆက်ဆံရေးမရှိဘူး' ဆိုတဲ့ စကားက ရုပ်ရှင်ကားထဲက ဇာတ်ဝင်ခန်းလိုပဲ သူ့ခေါင်းထဲမှာ ထပ်တလဲလဲ ပေါ်လာနေတယ်။

သူ ဓားနဲ့ခက်ရင်းနဲ့ကို ပန်းကန်ပြားပေါ်ကို အကြမ်းကြီး ပစ်ချလိုက်တယ်။ ဒေါသ ၊ ဝမ်းနည်းမှု ၊ စိတ်တိုမှု ၊ စိတ်ပျက်မှု၊ ပူဆွေးမှု ပြီးတော့ သူမဖော်ပြတက်တဲ့ တစ်ခြားခံစားချက်တွေက သူ့စိတ်ထဲမှာ ပြည့်လာနေတယ်။

သူ့မျက်လုံးတွေက မြူဖုံးနေသလိုပဲ။ ပြီးတော့ သူ ဒေါသထွက်လွန်းလို့ ဒီနေရာကနေ ထွက်သွားချင်နေတယ်။

ချောင်လန်က အနှောင့်အယှက်ဖြစ်သွားတဲ့ ဧည့်သည်တွေကို အမြန်တောင်းပန်လိုက်ပြီး ပြန်ပြေးလာတယ်။ " ဦးလေးချန်က အခုထိ မလာသေးဘူး။ နင်ဘယ်သွားမလို့လဲ။ ထန်းမော့ ငါနင့်ကို ဒေါသထွက်အောင်လို့ ပြောလိုက်တာ မဟုတ်ပါဘူး။ "

သူ နားမထောင်ချင်ဘူး။ ဘယ်နေရာဖြစ်ဖြစ်သွားချင်နေတယ်။ ဒီနေရာမှာ ဆက်မနေချင်တော့တာပဲ သူသိတယ်။

ချောင်လန်က ထန်းမော့ စားပွဲကို ပြန်ပြင်ပေးလိုက်တယ်။ ပြီးတော့ ထန်းမော့ ထွက်သွားလို့မရအောင် သူ့ wheelchair ရှေ့က ပိတ်ရပ်လိုက်တယ်။ ထန်းမော့က wheelchair ပေါ်မှာ အေးစက်စွာထိုင်နေပြီး ချောင်လန့်ကို ကြည့်လိုက်တယ်။

သူတို့၂ယောက်ကြားက အခြေအနေက တင်းမာနေတယ်။ ဒါပေမဲ့ အဲ့တာကို ချောင်လန်ပဲ ခံစားလို့ရတယ်။ ထန်းမော့က ဘာမှ မခံစားတက်ဘူး။ သူက ချောင်လန့်ကို ဘာစကားမှ မပြောဘဲ ဒီတိုင်းပဲ အကြာကြီး စိုက်ကြည့်နေတယ်။ ပြီးတော့ သူ ချောင်လန့်ကို ပထမဆုံးအကြိမ် မနက်စာယူလာပေးတုန်းကလဲ သူတို့ဒီလိုမျိုး စကားများကြတာကို သူရုတ်တရက် သတိရသွားတယ်။

အဲ့အချိန်တုန်းက ချောင်လန်က မစားခဲ့ဘူး။ သူကလဲ ချောင်လန့်ကို အခု သူ သူမကို ကြည့်နေသလိုမျိုးပဲ ကြည့်နေခဲ့တာ။ တစ်ကယ်လို့ သူမမစားဘူးဆိုရင် သူက အဲ့တာတွေကို လွှင့်ပစ်လိုက်မယ်ဆိုပြီး ပြောရင်းနဲ့ပေါ့။ နောက်ဆုံးတော့ ချောင်လန်က စားလိုက်တယ်။

ထန်းမော့ ကြောင်သွားတယ်။ ရုတ်တရက် သူစိတ်က တစ်နေရာကို ရောက်သွားတယ်။ ပြီးတော့ သူထွက်နေတဲ့ ဒေါသတွေကလဲ တစ်ခြားတစ်နေရာကို ပြောင်းသွားတယ်။ သူ တွေးနေရင်းနဲ့ ခေါင်းကို အောက်ငုံ့လိုက်တယ်။ အခုအချိန်မှာ ထန်းမော့စိတ်ထဲမှာ ဘာတွေးနေတာလဲဆိုတာ ချောင်လန် မသိခဲ့ဘူး။ သူမ သူ့ကို ကြည့်လိုက်ပြီး ကူကယ်ရာမဲ့စွာနဲ့ ပြောလိုက်တယ်။ " ငါနင့်ကို နောက်ထပ် steak အသစ်တစ်ပွဲ ပြန်ပေးမယ်။ စားသောက်ဆိုင်က နင့်ကို အလကား အလျော်ပေးလိမ့်မယ်။ "

ဒါကို ကြားလိုက်ရတော့ ထန်းမော့ အသိစိတ်ပြန်ဝင်သွားတယ်။

" မစားဘူး " သူ ခေါင်းကို မော့လိုက်ပြီး ချောင်လန့်ကို စိုက်ကြည့်လိုက်တယ်။ " ငါမစားချင်ဘူး "

ချောင်လန်က နည်းနည်းလေးစားရုံပဲစားရသေးတဲ့ steak ကို ကြည့်လိုက်တယ်။ ထန်းမော့က ဒီနေ့ နည်းနည်းလေးပဲ စားရသေးတာ။ သူဒီတိုင်းပြန်သွားရင် ဗိုက်ဆာနေတော့မှာပဲ။

" အဲ့တာဆို ငါပါဆယ်ထုတ်ပေးလိုက်မယ်။ ခဏနေ ဦးလေးချန်လာတော့ ယူသွားပေါ့။ "

ထန်းမော့ မျက်လုံးတွေ အရောင်တောက်သွားတယ်။ " အဲ့တာဆို ငါဦးလေးချန်ကို လွှင့်ပစ်ခိုင်းလိုက်မှာ "

ချောင်လန် : " ....... "

ထန်းမော့က ချောင်လန့်ရဲ့ ဘာစကားမထွက်မလာတော့တဲ့ ပုံစံကို ကြည့်ပြီး နောက်ဆုံးတော့ အခြေအနေက နည်းနည်းပိုကောင်းလာတယ်လို့ ခံစားနေရတယ်။ ချောင်လန်က အရင်တစ်ခေါက်ကလိုပဲ သူ့သဘောအတိုင်းလိုက်လုပ်တော့မယ်လို့ သူထင်သွားတယ်။ ဒါပေမဲ့ ချောင်လန်က ပြုံးတာကိုရပ်လိုက်ပြီး မျက်နှာသေကြီးနဲ့ မျက်နှာလွှဲသွားတယ်။

" အဲ့တာဆိုလဲ အဲ့လိုလုပ်ပေါ့ "

ထန်းမော့က ကိစ္စတွေ သူစိတ်တိုင်းကျမဖြစ်တာကို တစ်ခါမှ မကြုံတွေ့ဖူးတဲ့ကလေးလေးလို့ သူမတစ်ကယ် ခံစားနေရတယ်။ ပြီးတော့ ဒါကို ဆက်ပြီး မကိုင်တွယ်နိုင်တော့ဘူး။ အဲ့တာကြောင့် ချောင်လန်က လှည့်ပြီး ထွက်သွားခဲ့တယ်။

ထန်းမော့က အဲ့နေရာမှာပဲ ကြောင်ပြီး ကျန်နေခဲ့တယ်။ သူအသိစိတ်ပြန်ဝင်လာတော့ သူမက ထွက်သွားတာ ကြာလှနေပြီ။

ခဏကြာတော့ ဦးလေးချန်က အမြန်ရောက်လာခဲ့တယ်။ သူရောက်လာတော့ အခြေအနေတွေက သိပ်ပုံမန်မဟုတ်တာကို တွေ့သွားတယ်။ သူက သတိထားပြီး ထန်းမော့ မျက်နှာကို တစ်ချက်ကြည့်လိုက်တယ်။ သူ့မျက်နှာက အရင်လိုပဲ မျက်နှာသေကြီးဖြစ်နေပေမဲ့လဲ မုန်တိုင်းထန်နေတာကို သူ့မျက်လုံးကတစ်ဆင့် ရှင်းလင်းစွာ တွေ့နေရတယ်။

ဘာဖြစ်ခဲ့တာပါလိမ့်။

စိတ်ရှုပ်ထွေးစွာနဲ့ပဲ ဦးလေးချန်က ထန်းမော့ကို ကားထဲ ခေါ်သွားတယ်။ ခဏလောက်မောင်းပြီးတဲ့အချိန်မှာ သူက ထန်းမော့ကို မေးလိုက်တယ်။ " ဘာဖြစ်လို့လဲ။ ရန်ဖြစ်ခဲ့တာလား။ "

အကြာကြီးနေတော့မှ အနောက်ကနေ ထန်းမော့ရဲ့ ထိုင်းမှိုင်းနေတဲ့ အသံက ထွက်လာခဲ့တယ်။ " သူမကပြောတယ် စားသောက်ဆိုင်ကို နောက်ထပ်မလာနဲ့တော့တဲ့။ "

ထန်းမော့အသံကပုံမန်ထက်အနည်းငယ် နိမ့်နေတယ်။ ပြီးတော့ သူ့ tone ကလဲ အတက်အကျမရှိဘဲ အသေလိုက်ကြီးအတိုင်းပဲ ဆိုပေမဲ့ အဲ့အသံနောက်က မတရားခံထားရသလိုမျိုး ပုံစံပေါက်နေတာကို ဦးလေးချန်ကြားနေရတယ်။

အဲ့တော့ သူမက ထန်းမော့ကို နောက်ထပ်စားသောက်ဆိုင်ကို မလာခိုင်းတာပေါ့။ ဘာလို့လဲဆိုတဲ့ အကြောင်းပြချက်ကို ဦးလေးချန်က ခန့်မှန်းမိနေပါပြီ။ ဒါပေမဲ့ မေးလိုက်သေးတယ်။ " ချောင်လန်က သခင်လေးကိုဘာလို့မလာခိုင်းရတာလဲ။ အကြောင်းရင်းကိုရော ပြောသေးလား။ "

ဦးလေးချန်က ထန်းမော့နဲ့ ပုံမန်လို စကားပြောနိုင်တဲ့ ဘယ်လိုအခွင့်အရေးမျိုးကိုမဆို သေချာပေါက် လက်လွှတ်မှာ မဟုတ်ဘူး။ ဒီလို စိတ်ခံစားချက်နဲ့ဆိုင်တာတွေကို စကားပြောပေးတာက ထန်းမော့အတွက် အကူအညီဖြစ်စေတယ်လေ။

ထန်းမောက ခဏလောက်တိတ်ဆိတ်သွားပြီး ခေါင်းမော့ကယ အဝေးမှာရှိတဲ့ လမ်းမီးတိုင်ကို လှမ်းကြည့်လိုက်တယ်။ ပြီးတော့မှ စကားပြောလိုက်တယ်။

" ချောင်လန်က ပြောတယ် ကျွန်တော်က ၃လအတွင်းမှာ စုစုပေါင်းယွမ်၇သောင်းလောက် သုံးပြီးသွားပြီတဲ့။ သုံးစွဲတဲ့နှုန်းက အရမ်းများလွန်းတယ်တဲ့။ ကျွန်တော်က မများဘူးလို့ ပြောလိုက်တယ်။ သူမက ပြောတယ် အရမ်းများတယ်တဲ့။ ပြီးတော့ အဲ့တာက ဖြုန်းတီးတာတဲ့။ ပြီးတော့ အနောက်တိုင်းစားသောက်ဆိုင်က အစားအသောက်တွေက ကျွန်တော့်ကျန်းမာရေးအတွက် မကောင်းဘူးတဲ့။ ပြီးတော့ သူမကပြောသေးတယ် ကျွန်တော်တို့က အတန်းဖော်တွေ သူငယ်ချင်းတွေတဲ့။ အဲ့လို သူငယ်ချင်းတွေအတန်းဖော်တွေက တစ်ယောက်ကိုတစ်ယောက် ဒီလိုလုပ်ပေးစရာမလိုဘူးတဲ့။ အဲ့တာကြောင့် သူမကို ပိုက်ဆံပေးဖို့ရော ကူညီဖို့ရောမလိုဘူးတဲ့။ "

ထန်းမော့ရဲ့ Asperger ရောဂါကြောင့် ဦးလေးချန်က အမြဲစိတ်ပူရပေမဲ့ တစ်ခါတစ်လေကျတော့လဲ ရောဂါမှာလဲ သူကောင်းကွက်တော့ရှိသေးတာပဲလို့ ခံစားမိပြန်တယ်။ ဥပမာပြောရရင် လိမ်မပြောနိုင်တာ၊ မဟုတ်တာတွေထပ်မထည့်ပဲ အရှိကို အရှိအတိုင်းပြန်ပြောပြပေးနိုင်တာတွေပေါ့။

စကားလုံးတွေက တည့်တိုးဆန်ပြီး ခံစားချက်ကင်းမဲ့နေတာက စိုးရိမ်စရာရှိပေမဲ့လို့ပေါ့။

ထန်းမော့ရဲ့ဖော်ပြချက်ကို နားထောင်ပြီးသွားတဲ့အချိန်မှာ ထန်းမော့ကို မလာခိုင်းတဲ့ ချောင်လန့်ရဲ့ အကြောင်းပြချက်က သူတွေးထားတာနဲ့ အတော်လေး ဆင်တူနေတယ်။

သာမန်ခံယူချက်ရှိတဲ့ လူတစ်ယောက်အနေနဲ့ ဦးလေးချန်က ချောင်လန့်ရဲ့ခံစားချက်တွေကို လေးစားရုံတင်မကဘူး ချောင်လန့်ရဲ့ အပြုအမူတွေကိုပါ လေးစားတယ်။ ဒါပေမဲ့လဲ တစ်ကယ်လို့ ထန်းမော့ဖြစ်နေတယ်ဆိုရင်တော့ သူက ချောင်လန် ရှက်တာကို ခံစားနိုင်မှာ မဟုတ်ဘူး။ နားလည်မှာလဲမဟုတ်ဘူး။ သူ့အတွေးတွေက ကွန်ပျုတာ ပရိုဂရမ်လိုပဲ။ သူကိုယ်တိုင်ချမှတ်ထားနဲ့ ခံယူချက်တွေနဲ့ လည်ပတ်နေတယ်။ သူ့ခံယူချက်က ကျိုးကြောင်းခိုင်လုံရင် တစ်ခြားသူတွေရဲ့ ခံယူချက်က အသုံးမဝင်ဘူး။

သူအရမ်းငယ်ငယ်လေးတုန်း ၃ - ၄နှစ်လောက်တုန်းက ထန်းမော့က သူ့အခန်းထဲမှာ နှင်းလူသားလုပ်ခဲ့တယ်။

သာမန်ကလေးတွေကတော့ အပူပေးလိုက်လို့ရှိရင် နှင်းတွေက အရည်ပျော်တက်တယ်ဆိုတဲ့ သဘောတရားကို နားမလည်လောက်ဘူး။ ဒါပေမဲ့ နှင်းတွေကို အိမ်ထဲကို ရွေ့ယူလာလို့မရဘူး ဆိုတာကိုတော့ နားလည်ကြတယ်။

အဲ့အချိန်တုန်းက ထန်းမော့ အမေက အသက်ရှင်သေးတယ်။ သူမက ထန်းမော့ရဲ့ နီရဲနေတဲ့ လက်တွေကို ကိုင်လိုက်ပြီး ဘာလို့အခန်းထဲမှာ နှင်းလူသားလုပ်ချင်ရတာလဲ လို့ သူ့ကို မေးလိုက်တယ်။ သူက အပြင်မှာ လေတိုက်လို့ သက်တောင့်သက်သာမဖြစ်ဘူးလို့ ရှင်းပြလိုက်တယ်။ အဲ့လိုပြောနေတဲ့အချိန်မှာ သူ့မျက်နှာသေးသေးလေးမှာ ဘာအမူအရာမှ ရှိမနေဘူး။

လေတွေက သူ့ကို သက်တောင့်သက်သာမဖြစ်စေဘူး။ ဒါပေမဲ့ သူက နှင်းတွေနဲ့ ဆော့ချင်တယ်။ အဲ့တော့ သူက နှင်းတွေကို အခန်းထဲပြောင်းရွေ့လာပြီး အခန်းထဲမှာ နှင်းလူသားလုပ်ခဲ့တယ်။

ဒါက ထန်းမော့လေးရဲ့ ကိုယ်ပိုင် ကျိုးကြောင်းဆီလျော်တဲ့ အတွေးပေါ့။

တစ်ခြားသူတွေရဲ့ မျက်လုံးထဲမှာတော့ ဒါက အရမ်းကို တုံးလွန်းတာပေါ့။

နောက်တော့ ထန်းမော့ အမေက နှင်းတွေအရည်ပျော်သွားတဲ့အထိ သူနဲ့အတူ စောင့်ပေးခဲ့တယ်။ အဲ့ကျတော့မှ သူ့ကို ပြောလိုက်တယ်။ နှင်းတွေအရည်ပျော်သွားရင် နှင်းတွေက ရေတွေအဖြစ်ကို ပြောင်းသွားတယ်။ အဲ့ရေတွေက ကြမ်းပြင်ကို ညစ်ပတ်စေပြီး ဆိုဖာတွေကို စိုရွဲသွားစေတယ် လို့ပေါ့။ အဲ့တော့မှ ထန်းမော့က လက်ခံတော့တယ်။

သူတွေးထားတာတက် ပိုပြီးမှန်ကန်တဲ့ အကြောင်းပြချက်မရှိဘဲနဲ့တော့ ထန်းမော့ကို စိတ်ပြောင်းခိုင်းဖို့ အရမ်းခက်တယ်။

အရင်တုန်းကတော့ ထန်းမော့အမေက ထန်းမော့လက်ခံအောင်လို့ အရည်ပျော်နေတဲ့နှင်းကို အသုံးပြုလို့ရခဲ့တယ်။ ဒါကသဘာဝဖြစ်စဥ်ဆိုတော့ ရှင်းတာပေါ့။ ဒါပေမဲ့ အခုအခြေအနေက ချောင်လန်က လက်မခံနိုင်လို့ သူ့ကို စားသောက်ဆိုင်မလာနဲ့လို့ ပြောလိုက်တာလေ။ အဲ့တာကို ဦးလေးချန်က ထန်းမော့ကို ဘယ်လိုရှင်းပြရမှာလဲ။

ထန်းမော့ရဲ့ ခံယူချက်အရဆိုရင် အကူညီခံရတာက အရမ်းကို ပျော်ရွှင်စရာကောင်းတယ်။ သူ့အကူအညီကြောင့် ချောင်လန်က ဘာလို့ ရက်ပြီး မပျော်မရွှင်ဖြစ်ရမှာလဲဆိုတာ သူနားမလည်နိုင်ဘူး။ သူ့စိတ်ထဲမှာတော့ သူမက သူ့ကို မကြိုက်လို့ မပျော်မရွှင်ဖြစ်တာ။ အဲ့တာကြောင့် မလိုချင်တာလေ။

ချောင်လန်က သူ့ပိုက်ဆံကို လက်မခံဘူး။ အဲ့တာက သူ့ကို လက်မခံတာနဲ့ ကွာခြားချက်မရှိဘူး။

ဦးလေးချန် ခေါင်းကိုက်လာတယ်။

အရင်တုန်းက ဦးလေးချန်က ထန်းမော့ကို သူနဲ့ စကားပြောနိုင်မဲ့ သူ့အပေါ်ကောင်းပေးမဲ့ သူငယ်ချင်းတစ်ယောက်ရှိစေချင်ခဲ့တာ။ အခု သူမာ တစ်ယောက်ရှိလာတော့ ပြဿနာအသစ်တွေက ပေါ်လာပြန်ပြီ။

သူငယ်ချင်းတွေအပေါ် ထန်းမော့ရဲ့ အပြုအမူက သာမန်လူတွေနဲ့ မတူဘူး။ သူ့ရဲ့ သူငယ်ချင်းဆိုတဲ့ ဖွင့်ဆိုချက်ကတောင် သာမန်လူတွေနဲ့ မတူဘူးလေ။

Zawgyi
ထန္းေမာ့က ဘာစကားမွ မေျပာဘဲ ေခ်ာင္လန္႔ကို ၾကည့္ေနတယ္။ အၾကာႀကီးေနေတာ့မ သူက ထိုင္းမိႈင္းေနတဲ့အသံနဲ႔ ေျပာလိုက္တယ္။ " အဲ့တာဆို ငါမလာေတာ့ဘူး "

ေခ်ာင္လန္ စိတ္သက္သာရာရစြာနဲ႔ သက္ျပင္းေတာင္မခ်ရေသးခင္မွာပဲ သူက ဆက္ေျပာလိုက္တယ္။ " ငါ ဦးေလးခ်န္ကိုပဲ ေန႔တိုင္းေန႔ ပါဆယ္လာယူခိုင္းလိုက္မယ္။ " ေခ်ာင္လန္ တံေတြး သီးေတာ့မလိုေတာင္ျဖစ္သြားတယ္။

" မဟုတ္ဘူးေလ " ေခ်ာင္လန္ ေနာက္ဆုံးေတာ့နားလည္သြားတယ္ ထန္းေမာ့ကို ေကြ႕ပတ္ၿပီး ေျပာလို႔ လုံးဝမရဘူးဆိုတာကိုေပါ့။ သူမေျပာခ်င္တာကို တိုက္႐ိုက္ ရွင္းရွင္းလင္းလင္း ေျပာဖို႔လိုတယ္။ " ဒီကိုညစာလာမစားနဲ႔ေတာ့။ ၿပီးေတာ့ ဦးေလးခ်န္ကိုလဲ ပါဆယ္လာမယူခိုင္းနဲ႔... "

ထန္းေမာ့ စိတ္ရႈပ္လာတယ္။ သူနားမလည္ႏိုင္ေတာ့ဘူး။

" နင္က ပိုက္ဆံလဲ မလိုခ်င္ဘူး။ ၿပီးေတာ့ ငါ့ကိုလဲ မလာေစခ်င္ဘူး။ အဲ့ေတာ့ နင္ငါ့ကို ဘာလုပ္ေစခ်င္ေနတာလဲ။ "

" ထန္းေမာ့ နင္ဘာမွ လုပ္စရာ မလိုပါဘူး။ " ေခ်ာင္လန္က ထပ္ေျပာလိုက္တယ္။ " နင္ဘာမွ လုပ္စရာမလိုဘူး။ နင္ငါ့ကို ပိုက္ဆံေပးၿပီး ကူညီစရာလဲမလိုဘူး။ ငါ့မွာပိုက္ဆံရွိပါတယ္။ ငါ့ဘာသာငါလုပ္ႏိုင္... "

" တစ္ကယ္လို႔ နင္လုပ္ႏိုင္တယ္ဆိုရင္ ဘာလို႔ ဒီကိုအလုပ္လာလုပ္ေနတာလဲ "

ထန္းေမာ့က ေခါင္းမာတယ္။ ၿပီးေတာ့ ေခ်ာင္လန္က ဘာလို႔ဒီျပႆနာကို ႐ုန္းကန္ေနရတာလဲ ဆိုတာ သူနားမလည္ႏိုင္ဘူး။ သူမက ပိုက္ဆံလိုတယ္။ သူ႔မွာ ပိုက္ဆံရွိတယ္။ ဒါကယြမ္၇ေသာင္းထဲပဲဟာကို။ ဘာလို႔ ဒီေလာက္ပိုက္ဆံေလးက ခက္ခဲေနရမွာလဲ။

ေခ်ာင္လန္က သူမေျပာေနတာကို ထန္းေမာ့အေနနဲ႔ ဘာလို႔သေဘာမေပါက္တာလဲဆိုတာ သူမနားမလည္ႏိုင္တဲ့အတြက္ ေခ်ာင္လန္႔အသံက ပိုၿပီးေလးနက္လာတယ္။ " ငါက ပိုက္ဆံလိုတာဟုတ္တယ္။ ဒါေပမဲ့ အဲ့တာနဲ႔ နင္နဲ႔မဆိုင္ဘူးေလ။ နင္ဘာလို႔ နားမလည္ရတာလဲ။ ငါတို႔က သူငယ္ခ်င္းေတြ ၿပီးေတာ့ အတန္းေဖာ္ေတြေလ။ ဘယ္သူငယ္ခ်င္း ဘယ္အတန္းေဖာ္ကမွ ဒီလိုလုပ္မွာ မဟုတ္ဘူး။ ထန္းေမာ့ နင္ငါ့ကို ေထာက္ပံ့ေပးဖို႔မလိုဘူး။ နင္အဲ့လိုလုပ္ေပးဖို႔ ငါတို႔ၾကားမွာ ဘာ ဆက္ဆံေရးမွ မရွိဘူးေလ "

ေနာက္ဆုံးစာေၾကာင္းကို ၾကားလိုက္ရေတာ့ ထန္းေမာ့ရဲ႕ ဖိႏွိပ္ထားတဲ့ ေဒါသေတြက ေပါက္ထြက္လာတယ္။ သူ႔လက္ထဲက ဓားနဲ႔ခက္ရင္းနဲ႔ကို ပန္းကန္ျပားေပၚ ပစ္ခ်ပစ္လိုက္တယ္။ အဲ့တာက ေခ်ာင္လန႔္ကို လန္႔သြားေစတယ္။ သူတို႔ေဘးကလူေတြေတာင္ လွည့္ၾကည့္ၾကတယ္။

သူမ်ားေတြရဲ႕ အၾကည့္ကို လ်စ္လ်ဴရႈလိုက္ၿပီး သူက ေခ်ာင္လန္႔ကို ေအးစက္စြာ စိုက္ၾကည့္လိုက္တယ္။ " ငါစားလို႔ၿပီးၿပီ။ ေငြရွင္းခ်င္တယ္။ "

ထန္းေမာ့က ေလာကႀကီးကိုနားမည္ဘူး။ဒါေပမဲ့ သူက တစ္ကယ္ေတာ့ အရမ္းဥာဏ္ေကာင္းပါတယ္။

အခုအခ်ိန္မွာ သူအရမ္းစိတ္တိုေနတယ္ဆိုတာ မွန္ပါတယ္။ ဒါေပမဲ့ စိတ္ရင္းေစတနာကလဲ အမွန္ပဲေလ။

ေခ်ာင္လန္ကေျပာတယ္ သူ သူမကို ဒီလိုမ်ိဳး ေထာက္ပံ့ေနရေအာင္ သူတို႔၂ေယာက္က ဘာဆက္ဆံေရးမွ မရွိဘူးတဲ့။ 'သူတို႔ၾကားမွာ ဆက္ဆံေရးမရွိဘူး' ဆိုတဲ့ စကားက ႐ုပ္ရွင္ကားထဲက ဇာတ္ဝင္ခန္းလိုပဲ သူ႔ေခါင္းထဲမွာ ထပ္တလဲလဲ ေပၚလာေနတယ္။

သူ ဓားနဲ႔ခက္ရင္းနဲ႔ကို ပန္းကန္ျပားေပၚကို အၾကမ္းႀကီး ပစ္ခ်လိုက္တယ္။ ေဒါသ ၊ ဝမ္းနည္းမႈ ၊ စိတ္တိုမႈ ၊ စိတ္ပ်က္မႈ ၊ ပူေဆြးမႈ ၿပီးေတာ့ သူမေဖာ္ျပတက္တဲ့ တစ္ျခားခံစားခ်က္ေတြက သူ႔စိတ္ထဲမွာ ျပည့္လာေနတယ္။

သူ႔မ်က္လုံးေတြက ျမဴဖုံးေနသလိုပဲ။ ၿပီးေတာ့ သူ ေဒါသထြက္လြန္းလို႔ ဒီေနရာကေန ထြက္သြားခ်င္ေနတယ္။

ေခ်ာင္လန္က အေႏွာင့္အယက္ျဖစ္သြားတဲ့ ဧည့္သည္ေတြကို အျမန္ေတာင္းပန္လိုက္ၿပီး ျပန္ေျပးလာတယ္။ " ဦးေလးခ်န္က အခုထိ မလာေသးဘူး။ နင္ဘယ္သြားမလို႔လဲ။ ထန္းေမာ့ ငါနင့္ကို ေဒါသထြက္ေအာင္လို႔ ေျပာလိုက္တာ မဟုတ္ပါဘူး။ "

သူ နားမေထာင္ခ်င္ဘူး။ ဘယ္ေနရာျဖစ္ျဖစ္သြားခ်င္ေနတယ္။ ဒီေနရာမွာ ဆက္မေနခ်င္ေတာ့တာပဲ သူသိတယ္။

ေခ်ာင္လန္က ထန္းေမာ့ စားပြဲကို ျပန္ျပင္ေပးလိုက္တယ္။ ၿပီးေတာ့ ထန္းေမာ့ ထြက္သြားလို႔မရေအာင္ သူ႔ wheelchair ေရွ႕က ပိတ္ရပ္လိုက္တယ္။ ထန္းေမာ့က wheelchair ေပၚမွာ ေအးစက္စြာထိုင္ေနၿပီး ေခ်ာင္လန္႔ကို ၾကည့္လိုက္တယ္။

သူတို႔၂ေယာက္ၾကားက အေျခအေနက တင္းမာေနတယ္။ ဒါေပမဲ့ အဲ့တာကို ေခ်ာင္လန္ပဲ ခံစားလို႔ရတယ္။ ထန္းေမာ့က ဘာမွ မခံစားတက္ဘူး။ သူက ေခ်ာင္လန္႔ကို ဘာစကားမ မေျပာဘဲ ဒီတိုင္းပဲ အၾကာႀကီး စိုက္ၾကည့္ေနတယ္။ ၿပီးေတာ့ သူ ေခ်ာင္လန္႔ကို ပထမဆုံးအႀကိမ္ မနက္စာယူလာေပးတုန္းကလဲ သူတို႔ဒီလိုမ်ိဳး စကားမ်ားၾကတာကို သူ႐ုတ္တရက္ သတိရသြားတယ္။

အဲ့အခ်ိန္တုန္းက ေခ်ာင္လန္က မစားခဲ့ဘူး။ သူကလဲ ေခ်ာင္လန္႔ကို အခု သူ သူမကို ၾကည့္ေနသလိုမ်ိဳးပဲ ၾကည့္ေနခဲ့တာ။ တစ္ကယ္လို႔ သူမမစားဘူးဆိုရင္ သူက အဲ့တာေတြကို လြင့္ပစ္လိုက္မယ္ဆိုၿပီး ေျပာရင္းနဲ႔ေပါ့။ ေနာက္ဆုံးေတာ့ ေခ်ာင္လန္က စားလိုက္တယ္။

ထန္းေမာ့ ေၾကာင္သြားတယ္။ ႐ုတ္တရက္ သူစိတ္က တစ္ေနရာကို ေရာက္သြားတယ္။ ၿပီးေတာ့ သူထြက္ေနတဲ့ ေဒါသေတြကလဲ တစ္ျခားတစ္ေနရာကို ေျပာင္းသြားတယ္။ သူ ေတြးေနရင္းနဲ႔ ေခါင္းကို ေအာက္ငုံ႔လိုက္တယ္။ အခုအခ်ိန္မွာ ထန္းေမာ့စိတ္ထဲမွာ ဘာေတြးေနတာလဲဆိုတာ ေခ်ာင္လန္ မသိခဲ့ဘူး။ သူမ သူ႔ကို ၾကည့္လိုက္ၿပီး ကူကယ္ရာမဲ့စြာနဲ႔ ေျပာလိုက္တယ္။ " ငါနင့္ကို ေနာက္ထပ္ steak အသစ္တစ္ပြဲ ျပန္ေပးမယ္။ စားေသာက္ဆိုင္က နင့္ကို အလကား အေလ်ာ္ေပးလိမ့္မယ္။ "

ဒါကို ၾကားလိုက္ရေတာ့ ထန္းေမာ့ အသိစိတ္ျပန္ဝင္သြားတယ္။

" မစားဘူး " သူ ေခါင္းကို ေမာ့လိုက္ၿပီး ေခ်ာင္လန္႔ကို စိုက္ၾကည့္လိုက္တယ္။ " ငါမစားခ်င္ဘူး "

ေခ်ာင္လန္က နည္းနည္းေလးစား႐ုံပဲစားရေသးတဲ့ steak ကို ၾကည့္လိုက္တယ္။ ထန္းေမာ့က ဒီေန႔ နည္းနည္းေလးပဲ စားရေသးတာ။ သူဒီတိုင္းျပန္သြားရင္ ဗိုက္ဆာေနေတာ့မွာပဲ။

" အဲ့တာဆို ငါပါဆယ္ထုတ္ေပးလိုက္မယ္။ ခဏေန ဦးေလးခ်န္လာေတာ့ ယူသြားေပါ့။ "

ထန္းေမာ့ မ်က္လုံးေတြ အေရာင္ေတာက္သြားတယ္။ " အဲ့တာဆို ငါဦးေလးခ်န္ကို လြင့္ပစ္ခိုင္းလိုက္မွာ "

ေခ်ာင္လန္ : " ....... "

ထန္းေမာ့က ေခ်ာင္လန္႔ရဲ႕ ဘာစကားမထြက္မလာေတာ့တဲ့ ပုံစံကို ၾကည့္ၿပီး ေနာက္ဆုံးေတာ့ အေျခအေနက နည္းနည္းပိုေကာင္းလာတယ္လို႔ ခံစားေနရတယ္။ ေခ်ာင္လန္က အရင္တစ္ေခါက္ကလိုပဲ သူ႔သေဘာအတိုင္းလိုက္လုပ္ေတာ့မယ္လို႔ သူထင္သြားတယ္။ ဒါေပမဲ့ ေခ်ာင္လန္က ၿပဳံးတာကိုရပ္လိုက္ၿပီး မ်က္ႏွာေသႀကီးနဲ႔ မ်က္ႏွာလြဲသြားတယ္။

" အဲ့တာဆိုလဲ အဲ့လိုလုပ္ေပါ့ "

ထန္းေမာ့က ကိစၥေတြ သူစိတ္တိုင္းက်မျဖစ္တာကို တစ္ခါမွ မႀကဳံေတြ႕ဖူးတဲ့ကေလးေလးလို႔ သူမတစ္ကယ္ ခံစားေနရတယ္။ ၿပီးေတာ့ ဒါကို ဆက္ၿပီး မကိုင္တြယ္ႏိုင္ေတာ့ဘူး။ အဲ့တာေၾကာင့္ ေခ်ာင္လန္က လွည့္ၿပီး ထြက္သြားခဲ့တယ္။

ထန္းေမာ့က အဲ့ေနရာမွာပဲ ေၾကာင္ၿပီး က်န္ေနခဲ့တယ္။ သူအသိစိတ္ျပန္ဝင္လာေတာ့ သူမက ထြက္သြားတာ ၾကာလွေနၿပီ။

ခဏၾကာေတာ့ ဦးေလးခ်န္က အျမန္ေရာက္လာခဲ့တယ္။ သူေရာက္လာေတာ့ အေျခအေနေတြက သိပ္ပုံမန္မဟုတ္တာကို ေတြ႕သြားတယ္။ သူက သတိထားၿပီး ထန္းေမာ့ မ်က္ႏွာကို တစ္ခ်က္ၾကည့္လိုက္တယ္။ သူ႔မ်က္ႏွာက အရင္လိုပဲ မ်က္ႏွာေသႀကီးျဖစ္ေနေပမဲ့လဲ မုန္တိုင္းထန္ေနတာကို သူ႔မ်က္လုံးကတစ္ဆင့္ ရွင္းလင္းစြာ ေတြ႕ေနရတယ္။

ဘာျဖစ္ခဲ့တာပါလိမ့္။

စိတ္ရႈပ္ေထြးစြာနဲ႔ပဲ ဦးေလးခ်န္က ထန္းေမာ့ကို ကားထဲ ေခၚသြားတယ္။ ခဏေလာက္ေမာင္းၿပီးတဲ့အခ်ိန္မ​ော သူက ထန္းေမာ့ကို ေမးလိုက္တယ္။ " ဘာျဖစ္လို႔လဲ။ ရန္ျဖစ္ခဲ့တာလား။ "

အၾကာႀကီးေနေတာ့မွ အေနာက္ကေန ထန္းေမာ့ရဲ႕ ထိုင္မိႈင္းေနတဲ့ အသံက ထြက္လာခဲ့တယ္။ " သူမကေျပာတယ္ စားေသာက္ဆိုင္ကို ေနာက္ထပ္မလာနဲ႔ေတာ့တဲ့။ "

ထန္းေမာ့အသံကပုံမန္ထက္အနည္းငယ္ နိမ့္ေနတယ္။ ၿပီးေတာ့ သူ႔ tone ကလဲ အတက္အက်မရွိဘဲ အေသလိုက္ႀကီးအတိုင္းပဲ ဆိုေပမဲ့ အဲ့အသံေနာက္က မတရားခံထားရသလိုမ်ိဳး ပုံစံေပါက္ေနတာကို ဦးေလးခ်န္ၾကားေနရတယ္။

အဲ့ေတာ့ သူမက ထန္းေမာ့ကို ေနာက္ထပ္စားေသာက္ဆိုင္ကို မလာခိုင္းတာေပါ့။ ဘာလို႔လဲဆိုတဲ့ အေၾကာင္းျပခ်က္ကို ဦးေလးခ်န္က ခန္႔မန္းမိေနပါၿပီ။ ဒါေပမဲ့ ေမးလိုက္ေသးတယ္။ " ေခ်ာင္လန္က သခင္ေလးကိုဘာလို႔မလာခိုင္းရတာလဲ။ အေၾကာင္းရင္းကိုေရာ ေျပာေသးလား။ "

ဦးေလးခ်န္က ထန္းေမာ့နဲ႔ ပုံမန္လို စကားေျပာႏိုင္တဲ့ ဘယ္လိုအခြင့္အေရးမ်ိဳးကိုမဆို ေသခ်ာေပါက္ လက္လႊတ္မွာ မဟုတ္ဘူး။ ဒီလို စိတ္ခံစားခ်က္နဲ႔ဆိုင္တာေတြကို စကားေျပာေပးတာက ထန္းေမာ့အတြက္ အကူအညီျဖစ္ေစတယ္ေလ။

ထန္းေမာက ခဏေလာက္တိတ္ဆိတ္သြားၿပီး ေခါင္းေမာ့ကယ အေဝးမွာရွိတဲ့ လမ္းမီးတိုင္ကို လမ္းၾကည့္လိုက္တယ္။ ၿပီးေတာ့မွ စကားေျပာလိုက္တယ္။

" ေခ်ာင္လန္က ေျပာတယ္ ကြၽန္ေတာ္က ၃လအတြင္းမွာ စုစုေပါင္းယြမ္၇ေသာင္းေလာက္ သုံးၿပီးသြားၿပီတဲ့။ သုံးစြဲတဲ့ႏႈန္းက အရမ္းမ်ားလြန္းတယ္တဲ့။ ကြၽန္ေတာ္က မမ်ားဘူးလို႔ ေျပာလိုက္တယ္။ သူမက ေျပာတယ္ အရမ္းမ်ားတယ္တဲ့။ ၿပီးေတာ့ အဲ့တာက ျဖဳန္းတီးတာတဲ့။ ၿပီးေတာ့ အေနာက္တိုင္းစားေသာက္ဆိုင္က အစားအေသာက္ေတြက ကြၽန္ေတာ့္က်န္းမာေရးအတြက္ မေကာင္းဘူးတဲ့။ ၿပီးေတာ့ သူမကေျပာေသးတယ္ ကြၽန္ေတာ္တို႔က အတန္းေဖာ္ေတြ သူငယ္ခ်င္းေတြတဲ့။ အဲ့လို သူငယ္ခ်င္းေတြအတန္းေဖာ္ေတြက တစ္ေယာက္ကိုတစ္ေယာက္ ဒီလိုလုပ္ေပးစရာမလိုဘူးတဲ့။ အဲ့တာေၾကာင့္ သူမကို ပိုက္ဆံေပးဖို႔ေရာ ကူညီဖို႔ေရာမလိုဘူးတဲ့။ "

ထန္းေမာ့ရဲ႕ Asperger ေရာဂါေၾကာင့္ ဦးေလးခ်န္က အၿမဲစိတ္ပူရေပမဲ့ တစ္ခါတစ္ေလက်ေတာ့လဲ ေရာဂါမွာလဲ သူေကာင္းကြက္ေတာ့ရွိေသးတာပဲလို႔ ခံစားမိျပန္တယ္။ ဥပမာေျပာရရင္ လိမ္မေျပာႏိုင္တာ ၊ မဟုတ္တာေတြထပ္မထည့္ပဲ အရွိကို အရွိအတိုင္းျပန္ေျပာျပေပးႏိုင္တာေတြေပါ့။

စကားလုံးေတြက တည့္တိုးဆန္ၿပီး ခံစားခ်က္ကင္းမဲ့ေနတာက စိုးရိမ္စရာရွိေပမဲ့လို႔ေပါ့။

ထန္းေမာ့ရဲ႕ေဖာ္ျပခ်က္ကို နားေထာင္ၿပီးသြားတဲ့အခ်ိန္မွာ ထန္းေမာ့ကို မလာခိုင္းတဲ့ ေခ်ာင္လန္႔ရဲ႕ အေၾကာင္းျပခ်က္က သူေတြးထားတာနဲ႔ အေတာ္ေလး ဆင္တူေနတယ္။

သာမန္ခံယူခ်က္ရွိတဲ့ လူတစ္ေယာက္အေနနဲ႔ ဦးေလးခ်န္က ေခ်ာင္လန္႔ရဲ႕ခံစားခ်က္ေတြကို ေလးစား႐ုံတင္မကဘူး ေခ်ာင္လန္႔ရဲ႕ အျပဳအမူေတြကိုပါ ေလးစားတယ္။ ဒါေပမဲ့လဲ တစ္ကယ္လို႔ ထန္းေမာ့ျဖစ္ေနတယ္ဆိုရင္ေတာ့ သူက ေခ်ာင္လန္ ရွက္တာကို ခံစားႏိုင္မွာ မဟုတ္ဘူး။ နားလည္မွာလဲမဟုတ္ဘူး။ သူ႔အေတြးေတြက ကြန္ပ်ဳတာ ပ႐ိုဂရမ္လိုပဲ။ သူကိုယ္တိုင္ခ်မွတ္ထားနဲ႔ ခံယူခ်က္ေတြနဲ႔ လည္ပတ္ေနတယ္။ သူ႔ခံယူခ်က္က က်ိဳးေၾကာင္းခိုင္လုံရင္ တစ္ျခားသူေတြရဲ႕ ခံယူခ်က္က အသုံးမဝင္ဘူး။

သူအရမ္းငယ္ငယ္ေလးတုန္း ၃ - ၄ႏွစ္ေလာက္တုန္းက ထန္းေမာ့က သူ႔အခန္းထဲမွာ ႏွင္းလူသားလုပ္ခဲ့တယ္။

သာမန္ကေလးေတြကေတာ့ အပူေပးလိုက္လို႔ရွိရင္ ႏွင္းေတြက အရည္ေပ်ာ္တက္တယ္ဆိုတဲ့ သေဘာတရားကို နားမလည္ေလာက္ဘူး။ ဒါေပမဲ့ ႏွင္းေတြကို အိမ္ထဲကို ေ႐ြ႕ယူလာလို႔မရဘူး ဆိုတာကိုေတာ့ နားလည္ၾကတယ္။

အဲ့အခ်ိန္တုန္းက ထန္းေမာ့ အေမက အသက္ရွင္ေသးတယ္။ သူမက ထန္းေမာ့ရဲ႕ နီရဲေနတဲ့ လက္ေတြကို ကိုင္လိုက္ၿပီး ဘာလို႔အခန္းထဲမွာ ႏွင္းလူသားလုပ္ခ်င္ရတာလဲ လို႔ သူ႔ကို ေမးလိုက္တယ္။ သူက အျပင္မွာ ေလတိုက္လို႔ သက္ေတာင့္သက္သာမျဖစ္ဘူးလို႔ ရွင္းျပလိုက္တယ္။ အဲ့လိုေျပာေနတဲ့အခ်ိန္မွာ သူ႔မ်က္ႏွာေသးေသးေလးမွာ ဘာအမူအရာမွ ရွိမေနဘူး။

ေလေတြက သူ႔ကို သက္ေတာင့္သက္သာမျဖစ္ေစဘူး။ ဒါေပမဲ့ သူက ႏွင္းေတြနဲ႔ ေဆာ့ခ်င္တယ္။ အဲ့ေတာ့ သူက နင္းေတြကို အခန္းထဲေျပာင္းေ႐ြ႕လာၿပီး အခန္းထဲမွာ နင္းလူသားလုပ္ခဲ့တယ္။

ဒါက ထန္းေမာ့ေလးရဲ႕ ကိုယ္ပိုင္ က်ိဳးေၾကာင္းဆီေလ်ာ္တဲ့ အေတြးေပါ့။

တစ္ျခားသူေတြရဲ႕ မ်က္လုံးထဲမွာေတာ့ ဒါက အရမ္းကို တုံးလြန္းတာေပါ့။

ေနာက္ေတာ့ ထန္းေမာ့ အေမက နင္းေတြအရည္ေပ်ာ္သြားတဲ့အထိ သူနဲ႔အတူ ေစာင့္ေပးခဲ့တယ္။ အဲ့က်ေတာ့မွ သူ႔ကို ေျပာလိုက္တယ္။ နင္းေတြအရည္ေပ်ာ္သြားရင္ နင္းေတြက ေရေတြအျဖစ္ကို ေျပာင္းသြားတယ္။ အဲ့ေရေတြက ၾကမ္းျပင္ကို ညစ္ပတ္ေစၿပီး ဆိုဖာေတြကို စို႐ြဲသြားေစတယ္ လို႔ေပါ့။ အဲ့ေတာ့မွ ထန္းေမာ့က လက္ခံေတာ့တယ္။

သူေတြးထားတာတက္ ပိုၿပီးမွန္ကန္တဲ့ အေၾကာင္းျပခ်က္မရွိဘဲနဲ႔ေတာ့ ထန္းေမာ့ကို စိတ္ေျပာင္းခိုင္းဖို႔ အရမ္းခက္တယ္။

အရင္တုန္းကေတာ့ ထန္းေမာ့အေမက ထန္းေမာ့လက္ခံေအာင္လို႔ အရည္ေပ်ာ္ေနတဲ့နင္းကို အသုံးျပဳလို႔ရခဲ့တယ္။ ဒါကသဘာဝျဖစ္စဥ္ဆိုေတာ့ ရွင္းတာေပါ့။ ဒါေပမဲ့ အခုအေျခအေနက ေခ်ာင္လန္က လက္မခံႏိုင္လို႔ သူ႔ကို စားေသာက္ဆိုင္မလာနဲ႔လို႔ ေျပာလိုက္တာေလ။ အဲ့တာကို ဦးေလးခ်န္က ထန္းေမာ့ကို ဘယ္လိုရွင္းျပရမွာလဲ။

ထန္းေမာ့ရဲ႕ ခံယူခ်က္အရဆိုရင္ အကူညီခံရတာက အရမ္းကို ေပ်ာ္႐ႊင္စရာေကာင္းတယ္။ သူ႔အကူအညီေၾကာင့္ ေခ်ာင္လန္က ဘာလို႔ ရက္ၿပီး မေပ်ာ္မ႐ႊင္ျဖစ္ရမွာလဲဆိုတာ သူနားမလည္ႏိုင္ဘူး။ သူ႔စိတ္ထဲမွာေတာ့ သူမက သူ႔ကို မႀကိဳက္လို႔ မေပ်ာ္မ႐ႊင္ျဖစ္တာ။ အဲ့တာေၾကာင့္ မလိုခ်င္တာေလ။

ေခ်ာင္လန္က သူ႔ပိုက္ဆံကို လက္မခံဘူး။ အဲ့တာက သူ႔ကို လက္မခံတာနဲ႔ ကြာျခားခ်က္မရွိဘူး။

ဦးေလးခ်န္ ေခါင္းကိုက္လာတယ္။

အရင္တုန္းက ဦးေလးခ်န္က ထန္းေမာ့ကို သူနဲ႔ စကားေျပာႏိုင္မဲ့ သူ႔အေပၚေကာင္းေပးမဲ့ သူငယ္ခ်င္းတစ္ေယာက္ရွိေစခ်င္ခဲ့တာ။ အခု သူမာ တစ္ေယာက္ရွိလာေတာ့ ျပႆနာအသစ္ေတြက ေပၚလာျပန္ၿပီ။

သူငယ္ခ်င္းေတြအေပၚ ထန္းေမာ့ရဲ႕ အျပဳအမူက သာမန္လူေတြနဲ႔ မတူဘူး။ သူ႔ရဲ႕ သူငယ္ခ်င္းဆိုတဲ့ ဖြင့္ဆိုခ်က္ကေတာင္ သာမန္လူေတြနဲ႔ မတူဘူးေလ။

   

Continue Reading

You'll Also Like

37.8M 1.1M 68
Deadly assassins Allegra and Ace have been trying in vain to kill each other for years. With a mutual enemy threatening their mafias, they find thems...