ဗီလိန်ရဲ့ လမ်းပြကြယ်

Od CrystalKyi

783K 131K 3.7K

ဝတ္ထုစာအုပ်ထဲကို ဝိဉာဉ္ကူးပြောင်းလာတဲ့ ချောင်လန်တစ်ယောက် သူမရဲ့ နေရာက ဇာတ်လိုက် မင်းသားကို ကြိုက် မိသွားတဲ့ ဗ... Více

မိတ်ဆက်
အပိုင်း (၁)
အပိုင်း(၂)
အပိုင်း(၃)
အပိုင်း(၄)
အပိုင်း(၅)
အပိုင်း(၆)
အပိုင်း (၇)
အပိုင်း(၈)
အပိုင်း(၉)
အပိုင်း(၁၀)
အပိုင်း(၁၁)
အပိုင်း(၁၂)
အပိုင်း(၁၃)
အပိုင်း(၁၄)
အပိုင်း(၁၅)
အပိုင်း(၁၆)
အပိုင်း(၁၇)
အပိုင်း(၁၈)
အပိုင်း(၁၉)
အပိုင်း(၂၀)
အပိုင်း(၂၁)
အပိုင်း(၂၂)
အပိုင်း(၂၃)
အပိုင်း(၂၄)
အပိုင်း(၂၅)
အပိုင်း(၂၆)
အပိုင်း(၂၇)
အပိုင်း(၂၈)
အပိုင်း(၂၉)
အပိုင်း (၃၀)
အပိုင်း(၃၁)
အပိုင်း(၃၂)
အပိုင်း(၃၃)
အပိုင်း (၃၄)
အပိုင်း(၃၅)
အပိုင်း(၃၆)
အပိုင်း(၃၇)
အပိုင်း(၃၈)
အပိုင်း(၃၉)
အပိုင်း(၄၀)
အပိုင်း(၄၁)
အပိုင်း(၄၂)
အပိုင်း(၄၃)
အပိုင်း(၄၄)
အပိုင်း(၄၅)
အပိုင်း(၄၆)
အပိုင်း(၄၇)
အပိုင်း(၄၈)
အပိုင်း(၄၉)
အပိုင်း(၅၀)
အပိုင်း(၅၁)
အပိုင်း(၅၂)
အပိုင်း(၅၃)
အပိုင်း(၅၅)
အပိုင်း(၅၆)
အပိုင်း(၅၇)
အပိုင်း(၅၈)
အပိုင်း(၅၉)
Not Upade!!!
အပိုင်း(၆၀)
အပိုင်း(၆၁)
အပိုင်း(၆၂)
အပိုင်း(၆၃)
အပိုင်း(၆၄)
အပိုင်း(၆၅)
အပိုင်း(၆၆)
အပိုင်း(၆၇)
အပိုင်း(၆၈)
အပိုင်း(၆၉)
အပိုင်း(၇၀)
အပိုင်း(၇၁)
အပိုင်း(၇၂)
အပိုင်း(၇၃)
အပိုင်း(၇၄)
အပိုင်း(၇၅)
အပိုင်း(၇၆)
အပိုင်း(၇၇)
အပိုင်း(၇၈)
အပိုင်း(၇၉)
အပိုင်း(၈၀)
အပိုင်း(၈၁)
အပိုင်း(၈၂)
အပိုင်း(၈၃)
အပိုင်း(၈၄)
အပိုင်း(၈၅)
အပိုင်း(၈၆)
အပိုင်း(၈၇)
အပိုင်း(၈၈)
အပိုင်း(၈၉)
အပိုင်း(၉၀)
အပိုင်း(၉၁)
အပိုင်း(၉၂)
အပိုင်း(၉၃)
အပိုင်း(၉၄)
အပိုင်း(၉၅)
အပိုင်း(၉၆)
အပိုင်း(၉၇)
အပိုင်း(၉၈)
အပိုင်း(၉၉)
အပိုင်း(၁၀၀)
အပိုင်း(၁၀၁)
အပိုင်း(၁၀၂)
အပိုင်း(၁၀၃)
အပိုင်း(၁၀၄)
အပိုင်း(၁၀၅)
အပိုင်း(၁၀၆)
အပိုင်း(၁၀၇)
အပိုင်း(၁၀၈)
အပိုင်း(၁၀၉)
အပိုင်း(၁၁၀)
အပိုင်း(၁၁၁)
အပိုင်း(၁၁၂)
အပိုင်း(၁၁၃)
အပိုင်း(၁၁၄)
အပိုင်း(၁၁၅)
အပိုင်း(၁၁၆)
အပိုင်း(၁၁၇)
အပိုင်း(၁၁၈)
အပိုင်း(၁၁၉)
အပိုင်း(၁၂၀)
အပိုင်း(၁၂၁)
အပိုင်း(၁၂၂)
အပိုင်း(၁၂၃)
အပိုင်း(၁၂၄)
အပိုင်း(၁၂၅)
အပိုင်း(၁၂၆)
အပိုင်း(၁၂၇)
အပိုင်း(၁၂၈)
အပိုင်း(၁၂၉)
အပိုင်း(၁၃၀)
အပိုင်း(၁၃၁)
အပိုင်း(၁၃၂)
အပိုင်း(၁၃၃)
အပိုင်း(၁၃၄)
အပိုင်း(၁၃၅)
အပိုင်း(၁၃၆)
အပိုင်း(၁၃၇)
အပိုင်း(၁၃၈)
အပိုင်း(၁၃၉)
အပိုင်း(၁၄၀)
အပိုင်း(၁၄၁)
အပိုင်း(၁၄၂)
အပိုင်း(၁၄၃)
အပိုင်း(၁၄၄)
အပိုင်း(၁၄၅)
အပိုင်း(၁၄၆)
အပိုင်း(၁၄၇)
အပိုင်း(၁၄၈)
အပိုင်း(၁၄၉)

အပိုင်း(၅၄)

5.5K 1.1K 27
Od CrystalKyi

Unicode
ထန်းမော့ မျက်တောင်တွေကို အောက်ချလိုက်တယ်။ ဘာမှမဖြစ်ဘူး။ သူက ဒီလိုစကားလုံးတွေကို ကြားရတာ ကျင့်သားရနေပြီ။

" မင်းက သနားစရာကောင်းတယ်လို့ သူတို့ကပြောတယ်။ ဒါပေမဲ့ မင်းရဲ့ ဘယ်နားကအပိုင်းက သနားစရာကောင်းနေလို့လဲ?! တစ်ကယ်လို့ မင်းကသနားစရာကောင်းတယ်ဆိုရင်တောင် လူတွေက မင်းလိုလူလို ဘာလို့ ချစ်ရမှာလဲ။ မင်းက ဘာမှမခံစားတက်ဘူး။ တစ်ကိုယ်ကောင်းဆန်တယ်။ ကြောင်တောင်တောင်နဲ့... ဘယ်သူကမှ မင်းကို သည်းခံနိုင်မှာမဟုတ်ဘူး။ ဘယ်သူကမှ မင်းကို ချစ်မှာမဟုတ်ဘူး။ မင်းက မင်းဘဝတစ်သက်လုံး တစ်ယောက်ထဲ ဖြတ်သန်းသွားရမှာ!! "

wheelchairပေါ်က သူ့ရဲ့ ဖြူဖျော့နေတဲ့လက်တွေက ရုတ်တရက် တောင့်သွားတယ်။ ပြီးတော့ ထန်းမော့စိတ်ကလဲ တစ်ယောက်ယောက်ဆီကနေ လက်သီးနဲ့ အထိုးခံလိုက်ရသလို ဝေဝါးလာတယ်။

" သူက လူတွေကို ရိုက်တယ်။ ငါတို့ သူနဲ့ မကစားတော့ဘူး!!! "

" သူက အရူးကြီး မင်းတို့အားလုံး သူနဲ့ ဝေးဝေးကနေကြနော်။ "

" မင်းအဖေက မင်းငယ်ငယ်လေးတုန်းက မင်းကို မလိုချင်ဘူး။ ပြီးတော့ မင်းအမေက သူမသေတဲ့နေ့အထိ မင်းကြောင့် လုံးပါးပါးခဲ့ရတာ။ သူမကရော မင်းကိုလိုချင်တယ်လို့ မင်းထင်လို့လား။ "

" မင်းက ဘာမှမခံစားတက်ဘူး တစ်ကိုယ်ကောင်းဆန်တယ် ကြောင်တောင်တောင်နဲ့ ဘယ်သူကမှ မင်းကို သည်းခံနိုင်မှာ မဟုတ်ဘူး။ ဘယ်သူကမှ မင်းကို ချစ်မှာ မဟုတ်ဘူး။ မင်းက မင်းဘဝတစ်သက်လုံး တစ်ယောက်ထဲ ဖြတ်သန်းသွားရမှာ။ "

သူ့ဦးနောက်ထဲမှာ အော်သံတွေနဲ့ ပြည့်နေတယ်။ တစ်ခြားသူတွေ မကြားရပေမဲ့လို့ပေါ့။ သူ့အရှေ့မှာ အမှောင်ထုကြီးရှိနေတယ်။ ပြီးတော့ သူဘာကိုမှ မြင်ရဘူး။ အချိန်အကြာကြီး သူ့စိတ်ထဲမှာ ဖိနှိပ်ထားခဲ့ရတဲ့ မှတ်ဥာဏ်တွေက ပြန်ပေါ်လာတယ်။ ပြီးတော့ သူ့အမြင်အာရုံကို ဖုံးလွှမ်းသွားပြီး သူ့အတွေးတွေထဲမှာ ပြည့်နှက်နေတယ်။

သူ့အဖေက သူကလေးလေးကထဲက သူ့ကို မချစ်ခဲ့ဘူး။ ပြီးတော့ သူ့အမေကလဲ သူ့ကြောင့်မလို့ ၁၀နှစ်ကျော်လောက် လုံးပါးပါးခဲ့ရတယ်။ သူယုံကြည်လို့ရတယ်လို့ သူထင်ထားခဲ့တဲ့သူကလဲ သူ့ကို တစ်စက်ကလေးမှ ဂရုမစိုက်ဘူး။

ရုတ်တရက် ထန်းမော့ဖုန်းက မြည်လာခဲ့တယ်။

ထန်းမော့ ခေါင်းကို ငုံ့လိုက်တယ်။ သူမသိတဲ့နံပါတ်စိမ်းကို ကြည့်ရင်း သူ့အသက်ရှူသံတွေ မတည်မငြိမ်ဖြစ်လာတယ်။ ပြီးတော့ သူဖုန်းကိုင်လိုက်တယ်။

" ဟယ်လို? " သူ့စိတ်ထဲမှာ ဆူညံသံတွေက ဆက်ရှိနေတယ်။ ဒါပေမဲ့ ကောင်မလေးရဲ့ ကြည်လင်နေတဲ့ အသံက အဲ့အသံတွေကို မုန်တိုင်းတိုက်နေတဲ့အချိန်လျှပ်စီးလက်လိုက်သလိုပဲ ဖောက်ထွင်းသွားတယ်။

" ဟေး " ဖုန်းရဲ့တစ်ဖက်က အသံက တစ်ကယ့်အစစ်လို့ မထင်ရဘူး။

" ထန်းမော့ နင်လား? နင်ဘာဖြစ်လို့လဲ။ နင်အအေးမိထားလို့လား။ နင့်အသံက ဘာလို့ နည်းနည်း ထူးဆန်းနေရတာလဲ။ "

ထန်းမော့က ဖုန်းကို ကိုင်ရက်ကြီးနဲ့ပဲ အေးခဲသွားတယ်။

အချိန်အကြာကြီးနေတော့ သူက ဖုန်းကို သူ့ရဲ့အေးနေတဲ့ပါးပေါ်ကို တင်းတင်းဖိလိုက်တယ်။

အခုအချိန်က ဘော့စတွန်မှာ ညနေ၁၂ခွဲ ရှိပြီ။ သူတို့နိုင်ငံထက် ၁၂နာရီစောနေတယ်။ ဆိုလိုတာက ကမ္ဘာတစ်ဖက်ခြမ်းက ချောင်လန့်ဘက်မှာ မနက်ခင်း၁၂ခွဲကြီးပေါ့။

ချောင်လန်က လွန်ခဲ့တဲ့နာရီပိုင်းလောက်ကမှ ထန်းမော့ဖုန်းနံပါတ်ကို ရခဲ့တာ။ သူမအလုပ်ချိန်လဲပြီးရော သူမ သူဌေးဖုန်းကိုငှားပြီး ထန်းမော့ဖုန်းနံပါတ်ကို ဆက်လိုက်တာ။

ဖုန်းရဲ့တစ်ဖက်မှာ နည်းနည်း ဆူညံနေတယ်။ ထန်းမော့ အအေးမိနေတာလား ဒါမှမဟုတ် တစ်ခုခုဖြစ်တာလားဆိုတာ သူမမသိဘူး။ ဒါပေမဲ့ သူ့အသံကတော့ နည်းနည်းအက်ကွဲနေတယ်။

" ထန်းမော့ နင်အအေးမိထားတာလား။ ဘာလို့ နင့်အသံက နည်းနည်း ပြာနေသလိုဖြစ်နေရတာလဲ။ " ချောင်လန်က သူ့ကို မေးလိုက်တယ်။ ခဏကြာတော့ သူမမေးခွန်းကို ဖုန်းကနေတစ်ဆင့်ဖြေသံကြားလိုက်ရတယ်။ " မဟုတ်ပါဘူး "

ပြီးတော့ ဘာမှထပ်မရှိတော့ဘူး။

တစ်ကယ်လို့ ချောင်လန်ကသာ ထန်းမော့အကျင့်ကို နားမလည်ဘူးဆိုရင် သူကဒီလိုကပုံမန်ပဲဆိုတာကို မသိခဲ့ဘူးဆိုရင် ဒီဖုန်းဆက်တာက ရှေ့ဆက်ဖို့ အတော်လေးခက်ခဲတော့မှာပဲ။

သူမထန်းမော့ကို စကားပြောလို့ရှိရင် သူက သူအရမ်းစိတ်ဝင်စားတဲ့အကြောင်းအရာတွေ ဒါမှမဟုတ် စာအုပ်တွေအကြောင်းကို အများကြီး ပြောလေ့ရှိတယ်။ ကျန်တဲ့အချိန်တွေမှာ အထူးသဖြင့် ဒီတိုင်းသာမန်စကားပြောတဲ့အချိန်ဆိုရင် ထန်းမော့က စကားသိပ်မပြောဘူး။ သူ့ကို မေးမှ မဟုတ်လို့ရှိရင် သူကအရင်စပြီး ဘယ်တော့မှမပြောဘူး။

ချောင်လန်က စစ်ကြည့်ပြီးသွားပြီ။ ဒါက Asperger ရောဂါရှိတဲ့သူတွေမှာ ပုံမန်ပဲဆိုတာ တွေ့လိုက်ရတယ်။ ဘာလို့လဲဆိုတော့ သူတို့က ဒီလို နေ့စဥ်အကြောင်းကိစ္စတွေပြောရတာကို မလိုအပ်ဘူးလို့ တွေးထားလို့ပေါ့။

ဒါကိုသတိရလိုက်တော့ ချောင်လန်က စိတ်ထဲမှာ မှတ်ထားလိုက်တယ်။ ကျောင်းပြန်ဖွင့်ရင် ထန်းမော့ရဲ့စကားမပြောတဲ့အကျင့်ကို ပြင်ဖို့ နည်းလမ်းတစ်ခုရှာရမယ်လို့ပေါ့။ မဟုတ်လို့ရှိရင် သူ့ကိုကူညီဖို့ သူမက အနားမှာမရှိတဲ့အချိန်ကျ သူ တစ်ခြားသူတွေနဲ့ ဘယ်လိုပြောဆို ဆက်ဆံတော့မှာလဲ။

" နင် အမေရိကားကို သွားတာ အရေးကြီးကိစ္စတစ်ခုခုများဖြစ်လို့လား " ချောင်လန်က အပြင်ဘက်မှာ လေထဲမှာမြောနေတဲ့ နှင်းတွေကို ကြည့်လိုက်တယ်။ " နင်က အမြန်ထွက်သွားတော့ ငါနင့်ကိုမေးဖို့ အချိန်မရလိုက်ဘူးလေ "

ဖုန်းရဲ့တစ်ဖက်က ဆူညံသံတွေက တစ်ဖြေးဖြေး ပျောက်ကွယ်သွားတယ်။ ကြည့်ရတာ ထန်းမော့က တစ်ခြားတစ်နေရာကို ရွှေ့လိုက်တယ်နဲ့တူတယ်။ " အဖိုးက နေမကောင်းဖြစ်နေတယ် "

" အိုး ဟုတ်လား " ချောင်လန်က ခေါင်းငြိမ့်လိုက်တယ်။ " နင်ဒီလောက်အမြန်ကြီး ထွက်သွားတာ မထူးဆန်းတော့ပါဘူး။ အခုရော နေပြန်ကောင်းသွားပြီလား။ "

" သူက မနေ့က ဆုံးသွားတယ် "

ချောင်လန် : " ..... ငါတောင်းပန်ပါတယ်နော် "

ထန်းမော့က သူဝမ်းမနည်းပါဘူး ပြီးတော့ သူ့ကို တောင်းပန်စရာမလိုဘူးလို့ ပြောချင်တယ်။ ဒါပေမဲ့ သူမပြောခဲ့ဘူး။

ဦးလေးချန်က သူ့ကို ဆေးရုံအပြင်ဘက်ကို တွန်းလာခဲ့တယ်။ ကားထဲကို ဝင်ပြီးသွားတော့ ဘေးပတ်ဝန်းကျင်က ပိုပြီး တိတ်ဆိတ်လာတယ်။ ချောင်လန့်အသံကလဲ ဖုန်းထဲမှာ ပိုပြီး ကြည်လင်လာတယ်။ ဒီဘက်ကနေ ဦးလေးချန်တောင် သူမအသံကို ကြားနေရတယ်။

ထန်းမော့ရဲ့ အေးစက်နေတဲ့ " ဆုံးသွားပြီ " ဆိုတဲ့ အသံကိုကြားလိုက်ရတော့ သူမနေနိုင်တော့ဘဲ ချောင်းဆိုးလိုက်ရတယ်။ ထန်းမော့က ရှုပ်ထွေးပွေလီတဲ့ လူမှုဆက်ဆံရေးတွေကို နားမလည်ဘူး။ သူက အမှန်ကို ပြောနေတာပဲလေ။ ဒါပေမဲ့ တစ်ခြားလူအတွက်ကတော့ နားထောင်ရခက်တယ်။ ချောင်လန်က စက္ကန့်အနည်းငယ်လောက် ကြောင်သွားတယ်။ ပြီးတော့မှ သူမက အမြန် ခေါင်းစဥ်ပြောင်းလိုက်တယ်။

" နင်က အရင်တစ်ခေါက်တုန်းက အမြန်ပြန်သွားတာလေ။ နင်နောက်ဆုံးဘာသာကိုတောင် ပြီးအောင်ဖြေမသွားဘူးဆို..... ဒါပေမဲ့ အဲ့တာတောင် နင်က အဆင့်၁ဖြစ်နေတုန်းပဲ သိလား။ "

" အိုး " ထန်းမော့က ပြောလိုက်တယ်။

ထန်းမော့က အခုလက်ရှိ conversation ကို သိပ်စိတ်မဝင်စားဘူး။ သူက တစ်ကယ်တော့ ချောင်လန့်ကို မေးချင်တာက ဘာလို့ သူ့ကို အခုမှ ဖုန်းဆက်ရတာလဲ ဘာလို့ စောစောမဆက်တာလဲ....ဆိုတာ အရမ်းမေးချင်နေတာ။ ဒါပေမဲ့ ချောင်လန်က စကားပြောနေတာလေ။ အဲ့တော့ ထန်းမော့က သူမပြောအပြီးကို လိမ်လိမ်မာမာနဲ့ စောင့်နေပေးတယ်။

" နင်က ဒုတိယရတာလား "

" အင်း " ချောင်လန်က အရမ်းပျော်နေတယ်။ " ငါက အမှတ်တွေသိရတော့ နင့်ကို ပြောပြချင်တာ။ ဒါပေမဲ့ ငါ့မှာ နင့်ကို ဆက်သွယ်ဖို့ ဖုန်းနံပါတ်မရှိဘူးလေ။ နှမြောစရာပဲ "

ထန်းမော့က ကြောင်သွားတယ်။ ပြီးတော့ သူ့မျက်ခုံးတွေက ရုတ်တရက် မြင့်သွားတယ်။ တစ်ဖက်မှာတော့ ချောင်လန်က အကြာကြီးစောင့်နေပေမဲ့ ဘာreply မှပြန်မလာတော့ " ဘာဖြစ်လို့လဲ "

" ငါ ငါ့ဖုန်းနံပါတ်ကို ချန်ထားခဲ့တယ်လေ " ထန်းမော့က အသံတိုးတိုးလေးနဲ့ ပြောလိုက်တယ်။ ပြီးတော့ ထပ်ပေါင်းပြောလိုက်တယ်။ " ပြီးတော့ အတန်းပိုင်ဆရာကို နင့်ကို ပြောပေးဖို့ ပြောခဲ့တယ်လေ။ "

ဒီတစ်ခေါက်တော့ ချောင်လန် ကြက်သေသေရမယ့်အချိန်ပဲ။

သူမစာမေးပွဲပြီးသွားတာ ရက်၂၀တောင်ကျော်သွားပြီ။ ချောင်လန်က အတန်းပိုင်ဆရာကို လုံးဝမတွေ့ခဲ့ပါဘူး။ အဲ့တော့ သေချာပေါက် သူက သူမကို ဘာမှမပေးခဲ့ဘူးပေါ့။

ဒါပေမဲ့ ထန်းမော့က သူမသွားခင် အတန်းပိုင်ဆရာကို သူ့ဖုန်းနံပါတ်ကို သူမကို ပြောပေးဖို့ ပြောခဲ့တယ်တဲ့။ အတန်းပိုင်ဆရာက မေ့သွားတာများလား။ ဒါမှမဟုတ် တစ်နည်းနည်းကြောင့်များ နှောင့်နှေးသွားတာလား။

အချိန်ခဏတော့ ချောင်လန် ဘာပြောရမယ်မှန်းမသိခဲ့ဘူး။

အကြာကြီးနေတော့မှ သူမပြောလိုက်တယ်။

" ငါမရခဲ့ဘူး "

အရှေ့မှာထိုင်နေတဲ့ ဦးလေးချန်က သက်ပြင်းချလိုက်တယ်။ တစ်ခုခုမှားနေတာဖြစ်ရမယ်လို့ သူထင်ခဲ့သားပဲ။ ထင်ထားတဲ့အတိုင်းပဲ ချောင်လန်က ထန်းမော့ကို မဆက်သွယ်ခဲ့တာမဟုတ်ဘူး၊ သူမက ထန်းမော့ကို လုံးဝ ဆက်သွယ်လို့ မရခဲ့တာပဲ။

ချောင်လန်က ရှင်းပြလိုက်တယ်။ လူကြီးမင်းထန်းက စားသောက်ဆိုင်ကို လာစားတော့ သူမက ထန်းမော့ ဖုန်းနံပါတ်ကို အထူးတလည်သွားတောင်းခဲ့တာလို့ပေါ့ အဲတာမှ သူမက သူ့ကို နှစ်သစ်ကူးဆုတောင်းပို့ပေးလို့ရမှာလို့ပေါ့ ၂ရက်နောက်ကျနေပြီဆိုပေမဲ့လို့လေ။

နောက်ဆုံးသူဖုန်းချလိုက်တော့ ဦးလေးချန်က ဖုန်းကို အကြာကြီးစိုက်ကြည့်နေတဲ့ ထန်းမော့ကို ကားနောက်ကြည့်မှန်ကနေတစ်ဆင့် လှမ်းကြည့်လိုက်တယ်။ နောက်ဆုံးတော့ သူ့ရင်ဘတ်ထဲမှာ တွဲလောင်းဖြစ်နေတဲ့ ကျောက်တုံးကြီးက ကျသွားတာကို ခံစားလိုက်ရတယ်။

လွန်ခဲ့တဲ့၂ရက် နှစ်သစ်ကူးနေ့တုန်းက ထန်းမော့က ရုတ်တရက်ကြီး သူ့ကိုလာပြောတယ်။ သူတရုတ်ပြည်ကို ပြန်မသွားချင်တော့ဘူးတဲ့လေ။ အဲ့တာက ဦးလေးချန်ကို အတော်လန့်သွားစေတယ်။

ဒါပေမဲ့ အခုတော့... ဦးလေးချန် စိတ်ပေါ့သွားပြီ။ အခု ထန်းမော့ အဖိုးရဲ့ နာရေးက ပြီးသွားပြီဆိုတော့ သူတို့ တရုတ်ပြည်ကို ပြန်လို့ရပြီ။

ဒါပေမဲ့ ထန်းမော့ရဲ့ ရိုးရှင်းမှုနဲ့ နှိုင်းယှဥ်ရင် ဦးလေးချန်က ဒါကို နက်နက်နဲနဲ တွေးမိတယ်။

သူအရင်တုန်းက ထန်းမော့ အတန်းပိုင်ဆရာကို ဖုန်းဆက်မေးသေးတယ်။ ပြီးတော့ သူက ထန်းမော့ ဖုန်းနံပါတ်ကို ချောင်လန့်မိဘတွေဆီပို့လိုက်တယ်ဆိုတာကိုလဲ အတည်ပြုပြီးသွားပြီ။ တစ်ကယ်လို့ ချောင်လန့်မိဘတွေက မက်ဆေ့ကို လက်ခံရတယ်ဆိုရင် သူတို့က ဘာလို့ ချောင်လန့်ကို မပြောပြရတာလဲ။

သူတို့က သူမကို ပြောဖို့ မေ့သွားတာလား ဒါမှမဟုတ် တမင်မပြောဘဲ ထားရင်းက မေ့သွားတာလား။

ပထမတစ်ခုဆိုရင်တော့ ရက်စက်တဲ့တိုက်ဆိုင်မှုပေါ့။ ဒါပေမဲ့ ဒုတိယတစ်ခုဆိုရင်တော့ စိုးရိမ်စရာပဲ။

သူတို့က ဘယ်လိုစိတ်မျိုးထားထား ဒါကသေချာပေါက်တော့ ပုံမန်မိဘတွေ ရှိသင့်တဲ့ စိတ်မျိုးတော့ ဟုတ်မနေဘူး။ ချောင်လန် အလုပ်လုပ်တာကို ဦးလေးချန်မြင်ဖူးတယ်။ အဲ့တုန်းက သူထင်တာက ချောင်လန့်မိသားစုက အရမ်းဆင်းရဲတယ်လို့ပေါ့။ ဒါပေမဲ့ အခုတော့ အခြေအနေက ထင်သလောက်မရိုးရှင်းဘူးနဲ့တူတယ်။

ဦးလေးချန်မျက်မှောင်ကျုံ့လိုက်တယ်။ အကြာကြီးစဥ်းစားပြီးသွားတော့ အနောက်ကိုလှည့်ပြီး ဖုန်းကို ဆက်ကြည့်နေတဲ့ ထန်းမော့ကို မေးလိုက်တယ်။ " သခင်လေး ချောင်လန်က သူမမိဘတွေ ဘာလုပ်လဲဆိုတာ သခင်လေးကို ပြောသေးလား "

ထန်းမော့သူ့ဖုန်းကို စိုက်ကြည့်နေတယ်။ ဖုန်းခေါ်ဆိုတာ ကြာမြင့်ချိန်၁၀မိနစ် ဆိုတာကို ကြည့်နေတယ်။ သူကမော့မကြည့်လာဘူး။ ဒါပေမဲ့ ပြောလိုက်တယ်။ " သူမက ပြောဖူးတယ် "

" ဘာလုပ်တာတဲ့လဲ "

ထန်းမော့က မှတ်ဥာဏ်ကောင်းတယ်။ ချောင်လန်ဘာပြောပြော သူက ရှင်းရှင်းလင်းလင်း မှတ်မိတယ်။ " တွဲဖက်အလယ်တန်းကျောင်းနားမှာ စားသောက်ဆိုင်သေးသေးလေး ဖွင့်ထားတယ်။

အဲ့တာဆို သူတို့ကအလယ်တန်းကျောင်းနားမှာ စားသောင်ဆိုင်ဖွင့်ထားတာပေါ့။

ကျောင်းရှေ့မှာ စားသောက်ဆိုင်သေးသေးလေး ပိုင်တယ်ဆိုတော့ သူတို့က ငွေရေးကြေးရေး အရမ်းကြီး မကျပ်တည်းလောက်ဘူး။ ကျောင်းမှာ ကျောင်းသားကျောင်းသူတွေအများကြီးရှိတယ်။ ပြီးတော့ ဖြတ်သွားတဲ့ကားတွေလဲ သေချာပေါက်ကို များတယ်။ အမြတ်က သိပ်မများဘူးဆိုရင်တောင် တအားကြီးတော့ မနည်းလောက်ဘူး။

အဲ့တာတောင် ချောင်လန်က အလုပ်လုပ်နေရသေးတယ်?

အရင်တုန်းက ဦးလေးချန်က ချောင်လန့်မိသားစုအခြေအနေက ထူးခြားတယ်လို့ပဲ ထင်ခဲ့တာ။ ဒါပေမဲ့ အခုတော့ ချောင်လန့်မိဘတွေက သေချာပေါက်ကို ပြဿနာ အချို့ရှိရမယ်ဆိုတာ သူလုံးဝသေချာသွားပြီ။

Zawgyi
ထန္းေမာ့ မ်က္ေတာင္ေတြကို ေအာက္ခ်လိုက္တယ္။ ဘာမွမျဖစ္ဘူး။ သူက ဒီလိုစကားလုံးေတြကို ၾကားရတာ က်င့္သားရေနၿပီ။

" မင္းက သနားစရာေကာင္းတယ္လို႔ သူတို႔ကေျပာတယ္။ ဒါေပမဲ့ မင္းရဲ႕ ဘယ္နားကအပိုင္းက သနားစရာေကာင္းေနလို႔လဲ?! တစ္ကယ္လို႔ မင္းကသနားစရာေကာင္းတယ္ဆိုရင္ေတာင္ လူေတြက မင္းလိုလူလို ဘာလို႔ ခ်စ္ရမွာလဲ။ မင္းက ဘာမွမခံစားတက္ဘူး။ တစ္ကိုယ္ေကာင္းဆန္တယ္။ ေၾကာင္ေတာင္ေတာင္နဲ႔... ဘယ္သူကမွ မင္းကို သည္းခံႏိုင္မွာမဟုတ္ဘူး။ ဘယ္သူကမွ မင္းကို ခ်စ္မွာမဟုတ္ဘူး။ မင္းက မင္းဘဝတစ္သက္လုံး တစ္ေယာက္ထဲ ျဖတ္သန္းသြားရမွာ!! "

wheelchairေပၚက သူ႔ရဲ႕ ျဖဴေဖ်ာ့ေနတဲ့လက္ေတြက ႐ုတ္တရက္ ေတာင့္သြားတယ္။ ၿပီးေတာ့ ထန္းေမာ့စိတ္ကလဲ တစ္ေယာက္ေယာက္ဆီကေန လက္သီးနဲ႔ အထိုးခံလိုက္ရသလို ေဝဝါးလာတယ္။

" သူက လူေတြကို ႐ိုက္တယ္။ ငါတို႔ သူနဲ႔ မကစားေတာ့ဘူး!!! "

" သူက အ႐ူးႀကီး မင္းတို႔အားလုံး သူနဲ႔ ေဝးေဝးကေနၾကေနာ္။ "

" မင္းအေဖက မင္းငယ္ငယ္ေလးတုန္းက မင္းကို မလိုခ်င္ဘူး။ ၿပီးေတာ့ မင္းအေမက သူမေသတဲ့ေန႔အထိ မင္းေၾကာင့္ လုံးပါးပါးခဲ့ရတာ။ သူမကေရာ မင္းကိုလိုခ်င္တယ္လို႔ မင္းထင္လို႔လား။ "

" မင္းက ဘာမမခံစားတက္ဘူး တစ္ကိုယ္ေကာင္းဆန္တယ္ ေၾကာင္ေတာင္ေတာင္နဲ႔ ဘယ္သူကမွ မင္းကို သည္းခံႏိုင္မွာ မဟုတ္ဘူး။ ဘယ္သူကမွ မင္းကို ခ်စ္မွာ မဟုတ္ဘူး။ မင္းက မင္းဘဝတစ္သက္လုံး တစ္ေယာက္ထဲ ျဖတ္သန္းသြားရမွာ။ "

သူ႔ဦးေနာက္ထဲမွာ ေအာ္သံေတြနဲ႔ ျပည့္ေနတယ္။ တစ္ျခားသူေတြ မၾကားရေပမဲ့လို႔ေပါ့။ သူ႔အေရွ႕မွာ အေမွာင္ထုႀကီးရွိေနတယ္။ ၿပီးေတာ့ သူဘာကိုမွ ျမင္ရဘူး။ အခ်ိန္အၾကာႀကီး သူ႔စိတ္ထဲမွာ ဖိႏွိပ္ထားခဲ့ရတဲ့ မွတ္ဥာဏ္ေတြက ျပန္ေပၚလာတယ္။ ၿပီးေတာ့ သူ႔အျမင္အာ႐ုံကို ဖုံးလြမ္းသြားၿပီး သူ႔အေတြးေတြထဲမွာ ျပည့္ႏွက္ေနတယ္။

သူ႔အေဖက သူကေလးေလးကထဲက သူ႔ကို မခ်စ္ခဲ့ဘူး။ ၿပီးေတာ့ သူ႔အေမကလဲ သူ႔ေၾကာင့္မလို႔ ၁၀ႏွစ္ေက်ာ္ေလာက္ လုံးပါးပါးခဲ့ရတယ္။ သူယုံၾကည္လို႔ရတယ္လို႔ သူထင္ထားခဲ့တဲ့သူကလဲ သူ႔ကို တစ္စက္ကေလးမ ဂ႐ုမစိုက္ဘူး။

႐ုတ္တရက္ ထန္းေမာ့ဖုန္းက ျမည္လာခဲ့တယ္။

ထန္းေမာ့ ေခါင္းကို ငုံ႔လိုက္တယ္။ သူမသိတဲ့နံပါတ္စိမ္းကို ၾကည့္ရင္း သူ႔အသက္ရႉသံေတြ မတည္မၿငိမ္ျဖစ္လာတယ္။ ၿပီးေတာ့ သူဖုန္းကိုင္လိုက္တယ္။

" ဟယ္လို? " သူ႔စိတ္ထဲမွာ ဆူညံသံေတြက ဆက္ရွိေနတယ္။ ဒါေပမဲ့ ေကာင္မေလးရဲ႕ ၾကည္လင္ေနတဲ့ အသံက အဲ့အသံေတြကို မုန္တိုင္းတိုက္ေနတဲ့အခ်ိန္လွ်ပ္စီးလက္လိုက္သလိုပဲ ေဖာက္ထြင္းသြားတယ္။

" ေဟး " ဖုန္းရဲ႕တစ္ဖက္က အသံက တစ္ကယ့္အစစ္လို႔ မထင္ရဘူး။

" ထန္းေမာ့ နင္လား? နင္ဘာျဖစ္လို႔လဲ။ နင္အေအးမိထားလို႔လား။ နင့္အသံက ဘာလို႔ နည္းနည္း ထူးဆန္းေနရတာလဲ။ "

ထန္းေမာ့က ဖုန္းကို ကိုင္ရက္ႀကီးနဲ႔ပဲ ေအးခဲသြားတယ္။

အခ်ိန္အၾကာႀကီးေနေတာ့ သူက ဖုန္းကို သူ႔ရဲ႕ေအးေနတဲ့ပါးေပၚကို တင္းတင္းဖိလိုက္တယ္။

အခုအခ်ိန္က ေဘာ့စတြန္မွာ ည၁၂ခြဲ ရွိၿပီ။ သူတို႔ႏိုင္ငံထက္ ၁၂နာရီေစာေနတယ္။ ဆိုလိုတာက ကမာၻတစ္ဖက္ျခမ္းက ေခ်ာင္လန္႔ဘက္မွာ မနက္ခင္း၁၂ခြဲႀကီးေပါ့။

ေခ်ာင္လန္က လြန္ခဲ့တဲ့နာရီပိုင္းေလာက္ကမွ ထန္းေမာ့ဖုန္းနံပါတ္ကို ရခဲ့တာ။ သူမအလုပ္ခ်ိန္လဲၿပီးေရာ သူမ သူေဌးဖုန္းကိုငွားၿပီး ထန္းေမာ့ဖုန္းနံပါတ္ကို ဆက္လိုက္တာ။

ဖုန္းရဲ႕တစ္ဖက္မွာ နည္းနည္း ဆူညံေနတယ္။ ထန္းေမာ့ အေအးမိေနတာလား ဒါမမဟုတ္ တစ္ခုခုျဖစ္တာလားဆိုတာ သူမမသိဘူး။ ဒါေပမဲ့ သူ႔အသံကေတာ့ နည္းနည္းအက္ကြဲေနတယ္။

" ထန္းေမာ့ နင္အေအးမိထားတာလား။ ဘာလို႔ နင့္အသံက နည္းနည္း ျပာေနသလိုျဖစ္ေနရတာလဲ။ " ေခ်ာင္လန္က သူ႔ကို ေမးလိုက္တယ္။ ခဏၾကာေတာ့ သူမေမးခြန္းကို ဖုန္းကေနတစ္ဆင့္ေျဖသံၾကားလိုက္ရတယ္။ " မဟုတ္ပါဘူး "

ၿပီးေတာ့ ဘာမွထပ္မရွိေတာ့ဘူး။

တစ္ကယ္လို႔ ေခ်ာင္လန္ကသာ ထန္းေမာ့အက်င့္ကို နားမလည္ဘူးဆိုရင္ သူကဒီလိုကပုံမန္ပဲဆိုတာကို မသိခဲ့ဘူးဆိုရင္ ဒီဖုန္းဆက္တာက ေရွ႕ဆက္ဖို႔ အေတာ္ေလးခက္ခဲေတာ့မွာပဲ။

သူမထန္းေမာ့ကို စကားေျပာလို႔ရွိရင္ သူက သူအရမ္းစိတ္ဝင္စားတဲ့အေၾကာင္းအရာေတြ ဒါမွမဟုတ္ စာအုပ္ေတြအေၾကာင္းကို အမ်ားႀကီး ေျပာေလ့ရိတယ္။ က်န္တဲ့အခ်ိန္ေတြမွာ အထူးသျဖင့္ ဒီတိုင္းသာမန္စကားေျပာတဲ့အခ်ိန္ဆိုရင္ ထန္းေမာ့က စကားသိပ္မေျပာဘူး။ သူ႔ကို ေမးမွ မဟုတ္လို႔ရွိရင္ သူကအရင္စၿပီး ဘယ္ေတာ့မွမေျပာဘူး။

ေခ်ာင္လန္က စစ္ၾကည့္ၿပီးသြားၿပီ။ ဒါက Asperger ေရာဂါရွိတဲ့သူေတြမွာ ပုံမန္ပဲဆိုတာ ေတြ႕လိုက္ရတယ္။ ဘာလို႔လဲဆိုေတာ့ သူတို႔က ဒီလို ေန႔စဥ္အေၾကာင္းကိစၥေတြေျပာရတာကို မလိုအပ္ဘူးလို႔ ေတြးထားလို႔ေပါ့။

ဒါကိုသတိရလိုက္ေတာ့ ေခ်ာင္လန္က စိတ္ထဲမွာ မွတ္ထားလိုက္တယ္။ ေက်ာင္းျပန္ဖြင့္ရင္ ထန္းေမာ့ရဲ႕စကားမေျပာတဲ့အက်င့္ကို ျပင္ဖို႔ နည္းလမ္းတစ္ခုရွာရမယ္လို႔ေပါ့။ မဟုတ္လို႔ရွိရင္ သူ႔ကိုကူညီဖို႔ သူမက အနားမွာမရွိတဲ့အခ်ိန္က် သူ တစ္ျခားသူေတြနဲ႔ ဘယ္လိုေျပာဆို ဆက္ဆံေတာ့မွာလဲ။

" နင္ အေမရိကားကို သြားတာ အေရးႀကီးကိစၥတစ္ခုခုမ်ားျဖစ္လို႔လား " ေခ်ာင္လန္က အျပင္ဘက္မွာ ေလထဲမွာေျမာေနတဲ့ ႏွင္းေတြးကို ၾကည့္လိုက္တယ္။ " နင္က အျမန္ထြက္သြားေတာ့ ငါနင့္ကိုေမးဖို႔ အခ်ိန္မရလိုက္ဘူးေလ "

ဖုန္းရဲ႕တစ္ဖက္က ဆူညံသံေတြက တစ္ေျဖးေျဖး ေပ်ာက္ကြယ္သြားတယ္။ ၾကည့္ရတာ ထန္းေမာ့က တစ္ျခားတစ္ေနရာကို ေ႐ြ႕လိုက္တယ္နဲ႔တူတယ္။ " အဖိုးက ေနမေကာင္းျဖစ္ေနတယ္ "

" အိုး ဟုတ္လား " ေခ်ာင္လန္က ေခါင္းၿငိမ့္လိုက္တယ္။ " နင္ဒီေလာက္အျမန္ႀကီး ထြက္သြားတာ မထူးဆန္းေတာ့ပါဘူး။ အခုေရာ ေနျပန္ေကာင္းသြားၿပီလား။ "

" သူက မေန႔က ဆုံးသြားတယ္ "

ေခ်ာင္လန္ : " ..... ငါေတာင္းပန္ပါတယ္ေနာ္ "

ထန္းေမာ့က သူဝမ္းမနည္းပါဘူး ၿပီးေတာ့ သူ႔ကို ေတာင္းပန္စရာမလိုဘူးလို႔ ေျပာခ်င္တယ္။ ဒါေပမဲ့ သူမေျပာခဲ့ဘူး။

ဦးေလးခ်န္က သူ႔ကို ေဆး႐ုံအျပင္ဘက္ကို တြန္းလာခဲ့တယ္။ ကားထဲကို ဝင္ၿပီးသြားေတာ့ ေဘးပတ္ဝန္းက်င္က ပိုၿပီး တိတ္ဆိတ္လာတယ္။ ေခ်ာင္လန္႔အသံကလဲ ဖုန္းထဲမွာ ပိုၿပီး ၾကည္လင္လာတယ္။ ဒီဘက္ကေန ဦးေလးခ်န္ေတာင္ သူမအသံကို ၾကားေနရတယ္။

ထန္းေမာ့ရဲ႕ ေအးစက္ေနတဲ့ " ဆုံးသြားၿပီ " ဆိုတဲ့ အသံကိုၾကားလိုက္ရေတာ့ သူမေနႏိုင္ေတာ့ဘဲ ေခ်ာင္းဆိုးလိုက္ရတယ္။ ထန္းေမာ့က ရႈပ္ေထြးေပြလီတဲ့ လူမႈဆက္ဆံေရးေတြကို နားမလည္ဘူး။ သူက အမွန္ကို ေျပာေနတာပဲေလ။ ဒါေပမဲ့ တစ္ျခားလူအတြက္ကေတာ့ နားေထာင္ရခက္တယ္။ ေခ်ာင္လန္က စကၠန္႔အနည္းငယ္ေလာက္ ေၾကာင္သြားတယ္။ ၿပီးေတာ့မွ သူမက အျမန္ ေခါင္းစဥ္ေျပာင္းလိုက္တယ္။

" နင္က အရင္တစ္ေခါက္တုန္းက အျမန္ျပန္သြားတာေလ။ နင္ေနာက္ဆုံးဘာသာကိုေတာင္ ၿပီးေအာင္ေျဖမသြားဘူးဆို..... ဒါေပမဲ့ အဲ့တာေတာင္ နင္က အဆင့္၁ျဖစ္ေနတုန္းပဲ သိလား။ "

" အိုး " ထန္းေမာ့က ေျပာလိုက္တယ္။

ထန္းေမာ့က အခုလက္ရွိ conversation ကို သိပ္စိတ္မဝင္စားဘူး။ သူက တစ္ကယ္ေတာ့ ေခ်ာင္လန္႔ကို ေမးခ်င္တာက ဘာလို႔ သူ႔ကို အခုမွ ဖုန္းဆက္ရတာလဲ ဘာလို႔ ေစာေစာမဆက္တာလဲ....ဆိုတာ အရမ္းေမးခ်င္ေနတာ။ ဒါေပမဲ့ ေခ်ာင္လန္က စကားေျပာေနတာေလ။ အဲ့ေတာ့ ထန္းေမာ့က သူမေျပာအၿပီးကို လိမ္လိမ္မာမာနဲ႔ ေစာင့္ေနေပးတယ္။

" နင္က ဒုတိယရတာလား "

" အင္း " ေခ်ာင္လန္က အရမ္းေပ်ာ္ေနတယ္။ " ငါက အမွတ္ေတြသိရေတာ့ နင့္ကို ေျပာျပခ်င္တာ။ ဒါေပမဲ့ ငါ့မွာ နင့္ကို ဆက္သြယ္ဖို႔ ဖုန္းနံပါတ္မရွိဘူးေလ။ ႏွေျမာစရာပဲ "

ထန္းေမာ့က ေၾကာင္သြားတယ္။ ၿပီးေတာ့ သူ႔မ်က္ခုံးေတြက ႐ုတ္တရက္ ျမင့္သြားတယ္။ တစ္ဖက္မွာေတာ့ ေခ်ာင္လန္က အၾကာႀကီးေစာင့္ေနေပမဲ့ ဘာreply မွျပန္မလာေတာ့ " ဘာျဖစ္လို႔လဲ "

" ငါ ငါ့ဖုန္းနံပါတ္ကို ခ်န္ထားခဲ့တယ္ေလ " ထန္းေမာ့က အသံတိုးတိုးေလးနဲ႔ ေျပာလိုက္တယ္။ ၿပီးေတာ့ ထပ္ေပါင္းေျပာလိုက္တယ္။ " ၿပီးေတာ့ အတန္းပိုင္ဆရာကို နင့္ကို ေျပာေပးဖို႔ ေျပာခဲ့တယ္ေလ။ "

ဒီတစ္ေခါက္ေတာ့ ေခ်ာင္လန္ ၾကက္ေသေသရမယ့္အခ်ိန္ပဲ။

သူမစာေမးပြဲၿပီးသြားတာ ရက္၂၀ေတာင္ေက်ာ္သြားၿပီ။ ေခ်ာင္လန္က အတန္းပိုင္ဆရာကို လုံးဝမေတြ႕ခဲ့ပါဘူး။ အဲ့ေတာ့ ေသခ်ာေပါက္ သူက သူမကို ဘာမွမေပးခဲ့ဘူးေပါ့။

ဒါေပမဲ့ ထန္းေမာ့က သူမသြားခင္ အတန္းပိုင္ဆရာကို သူ႔ဖုန္းနံပါတ္ကို သူမကို ေျပာေပးဖို႔ ေျပာခဲ့တယ္တဲ့။ အတန္းပိုင္ဆရာက ေမ့သြားတာမ်ားလား။ ဒါမွမဟုတ္ တစ္နည္းနည္းေၾကာင့္မ်ား ေႏွာင့္ေႏွးသြားတာလား။

အခ်ိန္ခဏေတာ့ ေခ်ာင္လန္ ဘာေျပာရမယ္မွန္းမသိခဲ့ဘူး။

အၾကာႀကီးေနေတာ့မွ သူမေျပာလိုက္တယ္။

" ငါမရခဲ့ဘူး "

အေရွ႕မွာထိုင္ေနတဲ့ ဦးေလးခ်န္က သက္ျပင္းခ်လိုက္တယ္။ တစ္ခုခုမွားေနတာျဖစ္ရမယ္လို႔ သူထင္ခဲ့သားပဲ။ ထင္ထားတဲ့အတိုင္းပဲ ေခ်ာင္လန္က ထန္းေမာ့ကို မဆက္သြယ္ခဲ့တာမဟုတ္ဘူး၊ သူမက ထန္းေမာ့ကို လုံးဝ ဆက္သြယ္လို႔ မရခဲ့တာပဲ။

ေခ်ာင္လန္က ရွင္းျပလိုက္တယ္။ လူႀကီးမင္းထန္းက စားေသာက္ဆိုင္ကို လာစားေတာ့ သူမက ထန္းေမာ့ ဖုန္းနံပါတ္ကို အထူးတလည္သြားေတာင္းခဲ့တာလို႔ေပါ့ အဲတာမွ သူမက သူ႔ကို ႏွစ္သစ္ကူးဆုေတာင္းပို႔ေပးလို႔ရမွာလို႔ေပါ့ ၂ရက္ေနာက္က်ေနၿပီဆိုေပမဲ့လို႔ေလ။

ေနာက္ဆုံးသူဖုန္းခ်လိုက္ေတာ့ ဦးေလးခ်န္က ဖုန္းကို အၾကာႀကီးစိုက္ၾကည့္ေနတဲ့ ထန္းေမာ့ကို ကားေနာက္ၾကည့္မွန္ကေနတစ္ဆင့္ လွမ္းၾကည့္လိုက္တယ္။ ေနာက္ဆုံးေတာ့ သူ႔ရင္ဘတ္ထဲမွာ တြဲေလာင္းျဖစ္ေနတဲ့ ေက်ာက္တုံးႀကီးက က်သြားတာကို ခံစားလိုက္ရတယ္။

လြန္ခဲ့တဲ့၂ရက္ ႏွစ္သစ္ကူးေန႔တုန္းက ထန္းေမာ့က ႐ုတ္တရက္ႀကီး သူ႔ကိုလာေျပာတယ္။ သူတ႐ုတ္ျပည္ကို ျပန္မသြားခ်င္ေတာ့ဘူးတဲ့ေလ။ အဲ့တာက ဦးေလးခ်န္ကို အေတာ္လန္႔သြားေစတယ္။

ဒါေပမဲ့ အခုေတာ့... ဦးေလးခ်န္ စိတ္ေပါ့သြားၿပီ။ အခု ထန္းေမာ့ အဖိုးရဲ႕ နာေရးက ၿပီးသြားၿပီဆိုေတာ့ သူတို႔ တ႐ုတ္ျပည္ကို ျပန္လို႔ရၿပီ။

ဒါေပမဲ့ ထန္းေမာ့ရဲ႕ ႐ိုးရွင္းမႈနဲ႔ ႏိုင္းယွဥ္ရင္ ဦးေလးခ်န္က ဒါကို နက္နက္နဲနဲ ေတြးမိတယ္။

သူအရင္တုန္းက ထန္းေမာ့ အတန္းပိုင္ဆရာကို ဖုန္းဆက္ေမးေသးတယ္။ ၿပီးေတာ့ သူက ထန္းေမာ့ ဖုန္းနံပါတ္ကို ေခ်ာင္လန္႔မိဘေတြဆီပို႔လိုက္တယ္ဆိုတာကိုလဲ အတည္ျပဳၿပီးသြားၿပီ။ တစ္ကယ္လို႔ ေခ်ာင္လန္႔မိဘေတြက မက္ေဆ့ကို လက္ခံရတယ္ဆိုရင္ သူတို႔က ဘာလို႔ ေခ်ာင္လန္႔ကို မေျပာျပရတာလဲ။

သူတို႔က သူမကို ေျပာဖို႔ ေမ့သြားတာလား ဒါမွမဟုတ္ တမင္မေျပာဘဲ ထားရင္းက ေမ့သြားတာလား။

ပထမတစ္ခုဆိုရင္ေတာ့ ရက္စက္တဲ့တိုက္ဆိုင္မႈေပါ့။ ဒါေပမဲ့ ဒုတိယတစ္ခုဆိုရင္ေတာ့ စိုးရိမ္စရာပဲ။

သူတို႔က ဘယ္လိုစိတ္မ်ိဳးထားထား ဒါကေသခ်ာေပါက္ေတာ့ ပုံမန္မိဘေတြ ရွိသင့္တဲ့ စိတ္မ်ိဳးေတာ့ ဟုတ္မေနဘူး။ ေခ်ာင္လန္ အလုပ္လုပ္တာကို ဦးေလးခ်န္ျမင္ဖူးတယ္။ အဲ့တုန္းက သူထင္တာက ေခ်ာင္လန္႔မိသားစုက အရမ္းဆင္းရဲတယ္လို႔ေပါ့။ ဒါေပမဲ့ အခုေတာ့ အေျခအေနက ထင္သေလာက္မ႐ိုးရွင္းဘူးနဲ႔တူတယ္။

ဦးေလးခ်န္မ်က္ေမွာင္က်ဳံ႕လိုက္တယ္။ အၾကာႀကီးစဥ္းစားၿပီးသြားေတာ့ အေနာက္ကိုလွည့္ၿပီး ဖုန္းကို ဆက္ၾကည့္ေနတဲ့ ထန္းေမာ့ကို ေမးလိုက္တယ္။ " သခင္ေလး ေခ်ာင္လန္က သူမမိဘေတြ ဘာလုပ္လဲဆိုတာ သခင္ေလးကို ေျပာေသးလား "

ထန္းေမာ့သူ႔ဖုန္းကို စိုက္ၾကည့္ေနတယ္။ ဖုန္းေခၚဆိုတာ ၾကာျမင့္ခ်ိန္၁၀မိနစ္ ဆိုတာကို ၾကည့္ေနတယ္။ သူကေမာ့မၾကည့္လာဘူး။ ဒါေပမဲ့ ေျပာလိုက္တယ္။ " သူမက ေျပာဖူးတယ္ "

" ဘာလုပ္တာတဲ့လဲ "

ထန္းေမာ့က မွတ္ဥာဏ္ေကာင္းတယ္။ ေခ်ာင္လန္ဘာေျပာေျပာ သူက ရွင္းရွင္းလင္းလင္း မွတ္မိတယ္။ " တြဲဖက္အလယ္တန္းေက်ာင္း နားမွာ စားေသာက္ဆိုင္ေသးေသးေလး ဖြင့္ထားတယ္။

အဲ့တာဆို သူတို႔ကအလယ္တန္းေက်ာင္းနားမွာ စားေသာင္ဆိုင္ဖြင့္ထားတာေပါ့။

ေက်ာင္းေရွ႕မွာ စားေသာက္ဆိုင္ေသးေသးေလး ပိုင္တယ္ဆိုေတာ့ သူတို႔က ေငြေရးေၾကးေရး အရမ္းႀကီး မက်ပ္တည္းေလာက္ဘူး။ ေက်ာင္းမွာ ေက်ာင္းသားေက်ာင္းသူေတြအမ်ားႀကီးရွိတယ္။ ၿပီးေတာ့ ျဖတ္သြားတဲ့ကားေတြလဲ ေသခ်ာေပါက္ကို မ်ားတယ္။ အျမတ္က သိပ္မမ်ားဘူးဆိုရင္ေတာင္ တအားႀကီးေတာ့ မနည္းေလာက္ဘူး။

အဲ့တာေတာင္ ေခ်ာင္လန္က အလုပ္လုပ္ေနရေသးတယ္?

အရင္တုန္းက ဦးေလးခ်န္က ေခ်ာင္လန္႔မိသားစုအေျခအေနက ထူးျခားတယ္လို႔ပဲ ထင္ခဲ့တာ။ ဒါေပမဲ့ အခုေတာ့ ေခ်ာင္လန္႔မိဘေတြက ေသခ်ာေပါက္ကို ျပႆနာ အခ်ိဳ႕ရွိရမယ္ဆိုတာ သူလုံးဝေသခ်ာသြားၿပီ။

Pokračovat ve čtení

Mohlo by se ti líbit

37.8M 1.1M 68
Deadly assassins Allegra and Ace have been trying in vain to kill each other for years. With a mutual enemy threatening their mafias, they find thems...