ဗီလိန်ရဲ့ လမ်းပြကြယ်

CrystalKyi

780K 131K 3.7K

ဝတ္ထုစာအုပ်ထဲကို ဝိဉာဉ္ကူးပြောင်းလာတဲ့ ချောင်လန်တစ်ယောက် သူမရဲ့ နေရာက ဇာတ်လိုက် မင်းသားကို ကြိုက် မိသွားတဲ့ ဗ... Еще

မိတ်ဆက်
အပိုင်း (၁)
အပိုင်း(၂)
အပိုင်း(၃)
အပိုင်း(၄)
အပိုင်း(၅)
အပိုင်း(၆)
အပိုင်း (၇)
အပိုင်း(၈)
အပိုင်း(၉)
အပိုင်း(၁၀)
အပိုင်း(၁၁)
အပိုင်း(၁၂)
အပိုင်း(၁၃)
အပိုင်း(၁၄)
အပိုင်း(၁၅)
အပိုင်း(၁၆)
အပိုင်း(၁၇)
အပိုင်း(၁၈)
အပိုင်း(၁၉)
အပိုင်း(၂၀)
အပိုင်း(၂၁)
အပိုင်း(၂၂)
အပိုင်း(၂၃)
အပိုင်း(၂၄)
အပိုင်း(၂၅)
အပိုင်း(၂၆)
အပိုင်း(၂၇)
အပိုင်း(၂၈)
အပိုင်း(၂၉)
အပိုင်း (၃၀)
အပိုင်း(၃၁)
အပိုင်း(၃၂)
အပိုင်း(၃၃)
အပိုင်း (၃၄)
အပိုင်း(၃၅)
အပိုင်း(၃၆)
အပိုင်း(၃၇)
အပိုင်း(၃၈)
အပိုင်း(၃၉)
အပိုင်း(၄၀)
အပိုင်း(၄၁)
အပိုင်း(၄၂)
အပိုင်း(၄၃)
အပိုင်း(၄၄)
အပိုင်း(၄၅)
အပိုင်း(၄၆)
အပိုင်း(၄၇)
အပိုင်း(၄၈)
အပိုင်း(၄၉)
အပိုင်း(၅၀)
အပိုင်း(၅၁)
အပိုင်း(၅၂)
အပိုင်း(၅၄)
အပိုင်း(၅၅)
အပိုင်း(၅၆)
အပိုင်း(၅၇)
အပိုင်း(၅၈)
အပိုင်း(၅၉)
Not Upade!!!
အပိုင်း(၆၀)
အပိုင်း(၆၁)
အပိုင်း(၆၂)
အပိုင်း(၆၃)
အပိုင်း(၆၄)
အပိုင်း(၆၅)
အပိုင်း(၆၆)
အပိုင်း(၆၇)
အပိုင်း(၆၈)
အပိုင်း(၆၉)
အပိုင်း(၇၀)
အပိုင်း(၇၁)
အပိုင်း(၇၂)
အပိုင်း(၇၃)
အပိုင်း(၇၄)
အပိုင်း(၇၅)
အပိုင်း(၇၆)
အပိုင်း(၇၇)
အပိုင်း(၇၈)
အပိုင်း(၇၉)
အပိုင်း(၈၀)
အပိုင်း(၈၁)
အပိုင်း(၈၂)
အပိုင်း(၈၃)
အပိုင်း(၈၄)
အပိုင်း(၈၅)
အပိုင်း(၈၆)
အပိုင်း(၈၇)
အပိုင်း(၈၈)
အပိုင်း(၈၉)
အပိုင်း(၉၀)
အပိုင်း(၉၁)
အပိုင်း(၉၂)
အပိုင်း(၉၃)
အပိုင်း(၉၄)
အပိုင်း(၉၅)
အပိုင်း(၉၆)
အပိုင်း(၉၇)
အပိုင်း(၉၈)
အပိုင်း(၉၉)
အပိုင်း(၁၀၀)
အပိုင်း(၁၀၁)
အပိုင်း(၁၀၂)
အပိုင်း(၁၀၃)
အပိုင်း(၁၀၄)
အပိုင်း(၁၀၅)
အပိုင်း(၁၀၆)
အပိုင်း(၁၀၇)
အပိုင်း(၁၀၈)
အပိုင်း(၁၀၉)
အပိုင်း(၁၁၀)
အပိုင်း(၁၁၁)
အပိုင်း(၁၁၂)
အပိုင်း(၁၁၃)
အပိုင်း(၁၁၄)
အပိုင်း(၁၁၅)
အပိုင်း(၁၁၆)
အပိုင်း(၁၁၇)
အပိုင်း(၁၁၈)
အပိုင်း(၁၁၉)
အပိုင်း(၁၂၀)
အပိုင်း(၁၂၁)
အပိုင်း(၁၂၂)
အပိုင်း(၁၂၃)
အပိုင်း(၁၂၄)
အပိုင်း(၁၂၅)
အပိုင်း(၁၂၆)
အပိုင်း(၁၂၇)
အပိုင်း(၁၂၈)
အပိုင်း(၁၂၉)
အပိုင်း(၁၃၀)
အပိုင်း(၁၃၁)
အပိုင်း(၁၃၂)
အပိုင်း(၁၃၃)
အပိုင်း(၁၃၄)
အပိုင်း(၁၃၅)
အပိုင်း(၁၃၆)
အပိုင်း(၁၃၇)
အပိုင်း(၁၃၈)
အပိုင်း(၁၃၉)
အပိုင်း(၁၄၀)
အပိုင်း(၁၄၁)
အပိုင်း(၁၄၂)
အပိုင်း(၁၄၃)
အပိုင်း(၁၄၄)
အပိုင်း(၁၄၅)
အပိုင်း(၁၄၆)
အပိုင်း(၁၄၇)
အပိုင်း(၁၄၈)
အပိုင်း(၁၄၉)

အပိုင်း(၅၃)

5.6K 1.1K 20
CrystalKyi

Unicode

ဘာပဲပြောပြော အထက်တန်းဒုတိယနှစ်မစခင်အထိ semester တစ်ခု ကျန်သေးတယ်လေ။ အထက်တန်းဒုတိယနှစ် စပြီဆိုတာနဲ့ ကျောင်းသားကျောင်းသူတွေက ညနေခင်းပိုင်းပါ တက်ရတော့မှာ။ အဲ့တာဆို သူမ အလုပ်ဆက်လုပ်နိုင်တော့မှာ မဟုတ်ဘူး။ အဲ့တာကြောင့် အခုအချိန်ကစပြီး နောက်၂နှစ်စာအတွက် သူမတက်နိုင်သလောက် ကြိုပြင်ဆင်ထားရတော့မှာ။ ချောင်မိသားစုက သူမကို ကျောင်းဆက်ထားမလား မထားဘူးလားဆိုတာ သူမ အာမမခံနိုင်ဘူးလေ။ သူတို့က သူမကျောင်းလခပေးတာကို ရပ်ပစ်လိုက်ဖို့က ပိုများတယ်။

နှစ်သစ်ကူးနေ့မှာ မနက်ခင်း၂နာရီလောက်ထိ အလုပ်လုပ်ပြီးသွားတဲ့အချိန်မှာ နောက်ဆုံးတော့ ချောင်လန် နားချိန်ခဏလေး ရခဲ့တယ်။ ဆိုင်ပိုင်ရှင်သူဌေးမက သူမကို ကင်ထားတဲ့ စတိတ်ခ် စားဖို့ ပြောပြီး သူမကို နှစ်သစ်ကူး နှုတ်ဆက်စကားပြောသွားတယ်။ ပြီးတော့ သူမက ချောင်လန့်ကို နေ့လည်ခင်းကျမှ အလုပ်ပြန်လာဖို့ ပြောသွားတယ်။

ချောင်လန် အိမ်ပြန်ရောက်လာတော့ ချောင်မိသားစုက လူတွေအကုန်လုံး အိပ်ပျော်နေပြီ။ ပြီးတော့ အိမ်ကလဲ ရှုပ်ပွနေတာပဲ။

အတက်နိုင်ဆုံး တိတ်တိတ်လေး ကိုယ်လက်သန့်စင်ပြီးသွားတော့ သူမကိုယ်သူမ မှန်ထဲမှာ ကြည့်လိုက်တယ်။ ရေချိုးခန်းထဲက မီးအလင်းရောင်က မှိန်နေတယ်။ သူမမျက်နှာက အနည်းငယ်ပင်ပန်းနေပုံပေါက်နေတယ်။ ဒါပေမဲ့ ကြည့်ရတော့ဆိုးမနေဘူး။ ပြီးတော့ သူမလည်ပင်းက ကျောက်စိမ်းဆွဲသီးလေးက အလင်းရောင်ထဲမှာ တောက်ပနေတယ်။

ရုတ်တရက် ချောင်လန် ထန်းမော့ကို တွေးမိသွားတယ်။

အခု ထန်းမော့က ဘယ်မှာ ဘာတွေလုပ်နေမလဲဆိုတာ သူမ မသိဘူး။

ဆောင်းရာသီပိတ်ရက်က တစ်ဝက်ကျိုးသွားပြီ။ ပြီးတော့ သူမ သူ့ကို မတွေ့ရတာ ရက်အတော်ကြာသွားပြီ။

သူမဒီစာအုပ်ထဲကို ကူးပြောင်းလာပြီးကထဲက သူမရဲ့ အကောင်းဆုံးသူငယ်ချင်းတစ်ယောက်ဖြစ်တဲ့အတွက်ကြောင့် သူမက ပုံမန်ဆို သူ့ကို မက်ဆေ့နဲ့ နှစ်သစ်ကူးဆုတောင်းစာပို့ပေးရမှာ။ ကံမကောင်းစွာနဲ့ပဲ ထန်းမော့က အမြန်ထွက်သွားခဲ့တယ်။ ပြီးတော့ သူမမှာ သူ့ကို ဆက်သွယ်စရာ နည်းလမ်းမရှိခဲ့ဘူး။

ချောင်လန် အိပ်ရာပေါ်လှဲလိုက်တယ်။ သူမရုတ်တရက်တစ်ခုခုကို တွေးလိုက်မိပြီး အိပ်ရာပေါ်ကနေ ထထိုင်လိုက်တယ်။

ထန်းမော့အဖေက အခုကနေ ၃ရက်နေလို့ရှိရင် အနောက်တိုင်းစားသောက်ဆိုင်မှာ ဘိုကင်လုပ်ထားတာကို သူမ ရေးရေးလေးမှတ်မိသွားတယ်။

အလုပ်ရှုပ်လှတဲ့ တစ်နေ့တာအပြီးမှာ သူမ အရမ်းအိပ်ချင်နေတယ်။ ဒါပေမဲ့ ဒါကို တွေးလိုက်မိတော့ အရမ်းပင်ပန်းတယ်လို့ ခံစားနေရတဲ့ ချောင်လန်တစ်ယောက် ချက်ချင်းပဲ တစ်ကိုယ်လုံးက အားအင်တွေပြည့်လာတယ်။ ပြီးတော့ အဖေထန်းက တစ်ကယ်ပဲ ဘိုကင်ယူထားတာလားဆိုတာ သူမအခုချက်ချင်းသွားမစစ်နိုင်တာကို သူမ မုန်းနေမိတယ်။

အရင်ညတုန်းက ချောင်လန်က ညဂျူတီကျတယ်။ အဲ့တာကြောင့် သူမက နေ့လည်ခင်းကျ နောက်ကျမှ ရောက်ရမှာ။ ဒါပေမဲ့ ချောင်လန်က နေ့လည်စာစားချိန်ပြီးတာနဲ့ နည်းနည်းလေးစောပြီး ရောက်လာခဲ့တယ်။

နေ့မွန်းတည့်ချိန်မှာ စားသောက်ဆိုင်ထဲမှာ ဧည့်သည်အများကြီးမရှိဘူး။ ချောင်လန်က ငွေရှင်းတဲ့ ကောင်တာဆီသွားလိုက်ပြီး စားသောက်ဆိုင်ရဲ့ ဘိုကင်လုပ်ထားတဲ့ စာရင်းကို ရှာလိုက်တယ်။ နာမည်တွေကို တစ်ခုပြီးတစ်ခါလိုက်ကြည့်ရင်း နောက်ဆုံးတော့ လူကြီးမင်းထန်းဆိုတဲ့ စာလုံးကို သူမ တွေ့လိုက်ရတယ်။

ချောင်လန် သက်ပြင်းချလိုက်တယ်။ တော်သေးတာပေါ့ ထန်းမော့က ထန်းမျိုးရိုးဖြစ်နေလို့။ တစ်ကယ်လို့ သူ့မှာသာ ကျန်းတို့ လီတို့ ဝမ်တို့လို မျိုးရိုးနာမည်သာရှိနေမယ်ဆိုရင် သူ့ကိုဘယ်လိုရှာရမလဲဆိုတာ သူမ တစ်ကယ်သိမှာ မဟုတ်ဘူး။

ထန်းဆိုတဲ့ မျိုးရိုးနာမည်က ရှားတယ်။ တစ်ကယ်လို့ သူမသာ ထန်းမော့ကို မသိဘူးဆိုရင် ဒီလိုမျိုးရိုးနာမည်မျိုး ရှိမှန်းတောင် ချောင်လန် တစ်ကယ်သိမှာ မဟုတ်ဘူး။

ထန်းမော့အဖေက သဘက်ခါညနေခင်း ၇နာရီခွဲကျ စားပွဲတစ်ခု ဘိုကင်ယူထားတယ်။

ထန်းမော့နဲ့ အဖေထန်းတို့က အနောက်တိုင်းစားသောက်ဆိုင်ကို အကြိမ်ပေါင်းများစွာ လာစားဖူးတယ်။ ပြီးတော့ သူတို့ကို အမြဲတမ်း ချောင်လန်ပဲ အမှာစာယူပေးရတာ။ ထန်းမော့ကလဲ အဖေထန်းကို သူမက သူ့အတန်းဖော်တစ်ယောက်လို့ ပြောထားပေးတယ်။ အဲ့အချိန်ကျရင် သူမ အဖေထန်းကို ထန်းမော့ ဖုန်းနံပါတ် တောင်းလိုက်မယ်။

သူမက အဖေထန်းကို စောင့်နိုင်တယ်။ ဒါပေမဲ့ ချောင်လန် ရှိတဲ့နေရာနဲ့ အချိန်၁၂နာရီလောက်ကွာခြားတဲ့ နေရာမှာ ရှိနေတဲ့ ထန်းမော့ကတော့ သူထွက်ခွာလာတဲ့ နေ့ကထဲက စောင့်နေရှာတာ။

အစတုန်းကတော့ ချောင်လန်က ဖုန်းနံပါတ်ကို ရရချင်း သူ့ကို မက်ဆေ့ပို့လိမ့်မယ်လို့ သူက တွေးထားခဲ့တာ။ ပြီးတော့ ရက်တွေသာကုန်သွားတယ်။ ဦးလေးချန်က သူ့ကို နှစ်သိမ့်ပေးတယ် ချောင်လန်က အလုပ်အရမ်းများလွန်းလို့ မေ့သွားတာနေမှာလို့ ပြောတယ်။ ဒါပေမဲ့ သူမက သူ့ကို သေချာပေါက် Happy New Year လို့တော့ နှစ်သစ်ကူး ဆုတောင်းစကားပြောမှာပါတဲ့။

အစတုန်းက မပျော်ရုံပဲ မပျော်ရာကနေ နောက်တော့ ပိုပိုပြီး ဆူပုတ်လာတော့တယ်။ ထန်းမော့က ရက်ပေါင်း၁ဒါဇင်အတွင်းမှာတင် သူဘယ်တုန်းကမှ နားမလည်တဲ့ စကားလုံးတစ်လုံးကို သင်ယူနိုင်ခဲ့တယ်။

စိတ်ပျက်မှု

နှစ်သစ်ကူးနေ့ရဲ့ ညသန်းခေါင်ကနေ နောက်တစ်နေ့ မနက်ခင်းအထိ သူ့ဖုန်းက သူမျှော်နေတဲ့လူဆီကနေ မက်ဆေ့ ဘယ်တော့မှ လက်ခံမရခဲ့ဘူး။

အဲ့နေ့မှာ သူရယ် သူ့အဖွားရယ် ဦးလေးချန်ရယ် အန်တီချန်ရယ် အတူထိုင်ပြီး နွေဦးပွဲတော်အစီအစဥ်တွေကို ကြည့်နေခဲ့တယ်။ ဘာလို့ TVထဲက လူအုပ်ကြီးက ထပ်ခါထပ်ခါရယ်နေကြတာလဲဆိုတာ ထန်းမော့ လုံးဝနားမလည်နိုင်ဘူး။ အဲ့ပွဲမှာ ဘာတွေဖြစ်နေတာလဲဆိုတာ ကြည့်ဖို့လဲ စိတ်ပါမနေဘူး။ အဲ့တာက သူ့အဖိုးရဲ့ နာမကျန်းဖြစ်မှုကြောင့်လဲ ပါတယ်။ ဒီလို ပွဲတော်နေ့မှာ ပြုံးဖို့ဆိုတာ အရမ်းခက်ခဲနေတယ်။

သူတို့နိုင်ငံမှာဆို ညရောက်နေပြီ ဒါပေမဲ့ အခုဒီမှာတော့ ကောင်းကင်က လင်းထိန်နေတုန်းပဲ။ ထန်းမော့က သူ့wheelchairလေးကို တွန်းပြီး အခန်းထဲကို ဝင်သွားတယ်။ သူ wheelchair ပေါ်မှာ ထိုင်ရင်းနဲ့ပဲ ညမရောက်ခင်အချိန်အထိ တစ်နေ့ခင်းလုံး ငေးတွေးရင်းနဲ့ပဲ ကုန်ဆုံးခဲ့တယ်။

ဦးလေးချန်က သတိထားပြီး အခန်းထဲကို ဝင်လာခဲ့တယ်။ ကောင်လေးကို ဒီလိုမျိုး တွေ့လိုက်ရတော့ သူတစ်ခုခုပြောချင်မိတယ်။ ဒါပေမဲ့ အကူအညီပေးနိုင်တဲ့ဟာတစ်ခုမှ သူမစဥ်းစားမိဘူး။ အဲ့တာနဲ့ သူသက်ပြင်းချလိုက်ပြီး အခန်းထဲကနေ ထွက်သွားလိုက်တယ်။

သူ အတန်းပိုင်ဆရာဆီ ဖုန်းထပ်ဆက်ပြီး အတည်ပြုပြီးသွားပြီ။ အတန်းပိုင်ဆရာက ချောင်လန့်မိသားစုကို ဖုန်နံပါတ်ပေးပြီးသွားပြီတဲ့။ ဒါပေမဲ့ ချောင်လန်က လုံးဝ ဆက်သွယ်မလာခဲ့ဘူး။

ဦးလေးချန်က နေလာတာပဲ နှစ်ပေါင်းများစွာရှိနေပြီ။ သူက လူကဲခတ်မှားတဲ့လူမျိုးမဟုတ်ဘူးလို့ ခံစားနေရတုန်းပဲ။ ထန်းမော့အပေါ် ချောင်လန်က ဘယ်လောက်ကောင်းကောင်းဆက်ဆံလဲဆိုတာက သေချာပေါက် အတုအယောင်တော့ မဟုတ်ဘူးလေ။

အဲ့တာဆို ချောင်လန်က တစ်ခုခုကြောင့် နှောင့်နှေးနေတာများလား။ ဒါမှမဟုတ် ချောင်မိသားစုက ချောင်လန့်ကို ဖုန်းနံပါတ် မပေးတာများလား။

ဦးလေးချန် မတွေးတက်တော့ဘူး။

ထန်းမော့အတွက်ကတော့ ဒီနှစ်သစ်ကူးက ပျော်ရွှင်မှုဆိုတာ လုံးဝမရှိခဲ့ဘူး.....

နှစ်သစ်ကူး ဒုတိယနေ့မှာ ထန်းမော့အဖိုးက ကွယ်လွန်သွားခဲ့တယ်။

သူ့ရဲ့သေဆုံးခြင်းက ထန်းမော့အဖွားရဲ့ ကျန်ရှိနေတဲ့အားအင်တွေကို ရိုက်ချိုးလိုက်သလိုပဲ။ သူမက မေ့လဲသွားပြီး အရေးပေါ်ခန်းကို ပို့လိုက်ရတယ်။ ထန်းမော့က ဆေးရုံမှာ ထိုင်နေတယ်။ သူ့ရဲ့သေလောက်အောင်ဖြူဖျော့နေတဲ့လက်ချောင်းတွေက သူ့မျက်လုံးကို ကွယ်ထားတယ်။ သူ့မျက်လုံးတွေပိတ်ထားပေမဲ့လို့ သူ့ဘေးပတ်ဝန်းကျင်က ဆူညံနေတဲ့ငိုသံတွေက သူ့နားထဲကို ဝင်လာသေးတယ်။

ဒီမှာ လူတွေအများကြီးပဲ။ သူ့အမေမှာ အကိုကြီးတစ်ယောက် အမကြီးတစ်ယောက် ပြီးတော့ မောင်လေးတစ်ယောက်ရှိတယ်။ ထန်းမော့က သူတို့အပေါ်ဘာ impression မှမရှိဘူး။ သူအရမ်းငယ်ငယ်လေးတုန်းက သူ့ဝမ်းကွဲတစ်ယောက်က သူ့ကို လေကားထိပ်ကနေပြီး တွန်းချတာပဲ သူမှတ်မိတယ်။ ဒုတိယထပ်ကနေပြီး ပထမထပ်ကို ပြုတ်ကျတုန်းက သူငိုခဲ့တယ်။

တစ်ကယ်လို့ သာမန်ကလေးသာဆိုရင် ဒီလောက်ဆိုးဆိုးဝါးဝါးပြုတ်ကျခဲ့မှာ မဟုတ်ဘူး။ ဒါပေမဲ့ ထန်းမော့က သာမန်ကလေးတွေလိုမျိုး ကွေးနိုင်ဆန့်နိုင်ခြင်းမရှိခဲ့ဘူးလေ။ သူ့ရဲ့ Asperger ရောဂါကြောင့်မလို့ပေါ့။ သူက နာကျင်လို့ ငိုခဲ့တယ်။ ဒုတိယထပ်မှာ ရပ်နေတဲ့သူ့ဝမ်းကွဲကလဲ အရမ်းကြောက်သွားပြီး စငိုခဲ့တယ်။

ဒါပေမဲ့ အဲ့တာက အရမ်းကြာခဲ့ပါပြီ။ အားလုံးက အရွယ်ရောက်လာကြပြီ။ လက်ရှိမှာ အခန်းထဲမှာ လူတစ်ဒါဇင်ကျော်လောက် ရှိနေတယ်။ ဒါပေမဲ့ ထန်းမော့က အချို့ကိုပဲ သိတယ်။

အားလုံးကငိုနေကြတယ်။ သူတစ်ဦးထဲကလွဲလို့ပေါ့။ ထန်းမော့က ဒီဝမ်းနည်းဖွယ်ကောင်းတဲ့ နေရာနဲ့ မကိုက်ညီတဲ့ သူစိမ်းတစ်ယောက်လိုပဲ ဖြစ်နေခဲ့တယ်။

အဆက်မပြတ်ငိုသံတွေက သူ့နားထဲကို ဆက်တိုက်ဝင်ရောက်လာခဲ့တယ်။ အရမ်းဆူညံလွန်းလို့ သူ့အာရုံကြောတွေက တင်းကျပ်လာခဲ့တယ်။ ထန်းမော့ကငြိမ်သက်စွာနဲ့ သူ့အဖိုးရဲ့ ခန္ဓာကိုယ်ကိုကြည့်လိုက်ပြီး အကြာကြီးနေတော့မှ ဦးလေးချန်ကို ပြောလိုက်တယ်။ " သွားကြစို့ "

ဆေးရုံတွေ ဆရာဝန်တွေ သေဆုံးခြင်း ဒါမျိုးတွေကို သူနောက်တစ်ခါ ထပ်မမြင်ချင်တော့ဘူး။ သူ့ဘေးပတ်လည်က လေးလံနေတဲ့ ခံစားချက်က သူ့ကိုပြိုလဲချင်စိတ်ဖြစ်အောင်လုပ်နေတယ်။

သူက မျက်နှာသေကြီးနဲ့ အခန်းထဲကနေ wheelchair ကို တွန်းပြီး ထွက်သွားတယ်။ သူထွက်သွားတော့ အခန်းထဲက တစ်ယောက်ယောက်ပြောသံကို သူကြားလိုက်ရတယ်။ " ဘယ်လိုတောင် အသည်းနှလုံးမရှိတဲ့ကလေးလဲ "

ထန်းမော့က သူ့နှလုံးတည်ရှိတဲ့ သူ့ရင်ဖတ်ပေါ်ကနေရာကို တိတ်ဆိတ်စွာ စမ်းကြည့်လိုက်တယ်။

သူ့နှလုံးခုန်နေတာကို သူခံစားလို့ရနေတယ်။

သူက ဒီတိုင်း ဘာခံစားချက်မှ ခံစားလို့မရရုံပါပဲ။ သူက ဝမ်းနည်းမှု ၊ နာကျင်မှု ၊ ဒါမှမဟုတ် တစ်ခြားစိတ်ခံစားချက်တွေကို ခံစားလို့မရဘူး။

ဦးလေးချန်မျက်လုံးတွေ မဲမှောင်သွားတယ်။ ပြီးတော့ သူက ထန်းမော့နောက်ကနေ ဘာမှမပြောဘဲ လိုက်သွားခဲ့တယ်။ ကောင်လေးရဲ့ နောက်ကျောသေးသေးလေးကို ကြည့်ရင်း မျက်ရည်တွေကို သုတ်လိုက်တယ်။

ဦးလေးချန်က ခေါင်းငုံ့လိုက်ပြီး ထန်းမော့ကို တွန်းပေးမလို့ လုပ်လိုက်တဲ့အချိန်မှာ သူ့နောက်ကနေ လူတစ်ယောက်ထွက်လာပြီး ထန်းမော့ကို မေးလိုက်တယ်။ " နည်းနည်းကြာကြာလောက် မနေပေးနိုင်ဘူးလား "

ထန်းမော့က ဒီလူက ဘယ်သူလဲဆိုတာ မမှတ်မိဘူး။ သူက သူ့ဝမ်းကွဲတွေထဲက တစ်ယောက်ဟုတ်မဟုတ်ကိုလဲ မသိဘူး။ အနောက်ပြန်လှည့်လိုက်ပြီး သူမျက်မှောင်ကျုံ့လိုက်ချင်တယ်။ ဒါပေမဲ့ မျက်မှောင်ကျုံ့ဖို့ရာအတွက် သူ့မျက်နှာကို ဘယ်လိုလှုပ်ရှားရမယ်ဆိုတာ သူမသိဘူး။ အဲ့တာကြောင့် သူ့မျက်နှာက ပုံမန်လိုပဲ ဘာအမူအရာမရှိမနေခဲ့ဘူး။

" တစ်ခြားကိစ္စရှိသေးလား "

လူငယ်လေးက ထန်းမော့ကို ကြည့်လိုက်ပြီး ထန်းမော့လုပ်နေတာက ကျိုးကြောင့်မသင့်ဘူးလို့ပဲ ခံစားလိုက်ရတယ်။ ထန်းမော့က အသည်းနှလုံးမရှိဘူးလို့ ပြောတဲ့ ဒေါ်လေးက လုံးဝလိမ်နေတာ မဟုတ်ဘူးပဲ။ အစကနေ အဆုံးထိ ထန်းမော့ မျက်ရည်တစ်စက်ကျတာကို သူမမြင်မိဘူး။

" အထဲကလူ မင်းအဖိုးလေ။ မင်းကလေးကထဲက မင်းကို စောင့်ရှောက်ပေးခဲ့တဲ့ အဖိုးလေ။ အခု သူဆုံးသွားတာကို မင်းနည်းနည်းလေးမှ မနာကျင်ရဘူးလား။ အခြေခံအကျဆုံး ကျင့်ဝတ်ကိုရော မင်းသိရဲ့လား။ "

ဦးလေးချန်က အမြန်ပြောလိုက်တယ်။ " ဒီလိုပတ်ဝန်းကျင်မျိုးက သခင်လေးအတွက်ရှိနေဖို့ ခက်ခဲပါတယ်။ "

သူက သနားစရာကောင်းတယ်ဆိုတာ အားလုံးသိကြတယ်။ ဒါပေမဲ့ သူကဘာလို့ သနားစရာကောင်းတာလဲဆိုတာကိုတော့ ဘယ်သူမှ နားမလည်ချင်ကြဘူး။ ထန်းမော့အဖေအရင်းက သူ့သားလေးအတွက် ပြန်ဖြည့်ဆည်းပေးချင်ပါတယ်လို့ချည်း ပြောနေခဲ့တယ်။ အဲ့တာကြောင့် သူက ထန်းမော့ကို သူ့အမိမြေကို ပြန်ခေါ်သွားခဲ့တယ်။ ဒါပေမဲ့ သူ့မှာ သူ့သားအကြောင်းကို နားလည်အောင်လုပ်ဖို့ အချိန်မရှိဘူး။ သူ့ကို အကြာကြီးနေလို့တောင် မဆက်သွယ်တဲ့ ဒီအမျိုးတွေက ထန်းမော့က အသည်းနှလုံးမရှိဘူးလို့ ပြောတယ်။ ဒါပေမဲ့ သူက ဘာလို့ ဒီလိုပုံစံဖြစ်နေရတာလဲဆိုတာ ဘယ်သူကမှ နားလည်မပေးချင်ကြဘူး။

သူဒီလိုပုံစံမျိုးဖြစ်နေရတာက သူ့အပြစ်ကြောင့်လား?

သူကရော ဒီလိုမျိုး ခံစားချက်တွေကို မခံစားနိုင် နားမလည်နိုင်တဲ့ လူထူးဆန်းအဖြစ် လိုလိုလားလားနဲ့ မွေးဖွားလာချင်ခဲ့လို့လား?

သူလဲ သာမန်လူဖြစ်ချင်တာပေါ့။

ထန်းမော့က အဲ့စိတ်ကို မခံစားနိုင်ဘူး။ ဒါပေမဲ့ ဦးလေးချန်ကတော့ အဲ့စိတ်ကို ခံစားမိတယ်။ သူ့အဖိုးဆုံးပြီးသွားတော့ ဦးလေးချန်က အားလုံးရှေ့မှာ ထန်းမော့ကို အတက်နိုင်ဆုံး ဘာသိဘာသာဖြစ်မနေရအောင် ကြိုးစားလုပ်ပေးခဲ့တယ်။ ဒါပေမဲ့ အဲ့တာက အသုံးမဝင်တဲ့ပုံပါပဲ။ သူ့ရဲ့ အသက်ကြီးတဲ့ဆွေမျိုးတွေက သူ့ကို သဘောမကျကြဘူး။ သူ့ရဲ့ ဝမ်းကွဲညီ ညီမတွေကတော့ သူ့ကို ကြောက်ကြတယ်။

ဦးလေးချန်က တစ်ခုခုပြောမလို့ လုပ်လိုက်တယ်။ ဒါပေမဲ့ ထန်းမော့က ပေါ့ပါးစွာပဲ ပြောလိုက်တယ်။ " သူက ငါ့ကို စောင့်ရှောက်ပေးခဲ့တာမဟုတ်ဘူး။ "

လူငယ်လေးက ကြောင်သွားတယ်။ " ဘာ? "

" ဟုတ်တယ် အထဲကလူက ငါ့အဖိုးဆိုတာ ဟုတ်တယ်။ ဒါပေမဲ့ သူက ဘယ်တုန်းကမှ ငါ့ကို မစောင့်ရှောက်ပေးခဲ့ဘူး။ " ထန်းမော့က ချန်းလန်ကို ကြည့်လိုက်ပြီး " ငါအခုသွားလို့ရပြီလား "

ချန်းလန်က သူ့ကို ကြောင်ပြီးကြည့်နေလိုက်တယ်။ ထန်းမော့နောက်ကျောက တဖြေးဖြေးပျောက်ကွယ်သွားတာကို ကြည့်နေရင်း သူကျိန်ဆဲလိုက်တယ်။

သွေးအေးတဲ့ကောင် ၊ ရက်စက်တဲ့ကောင် ၊ အရူး..... သူ့ပါးစပ်က ထွက်လာသမျှ စကားလုံးတိုင်းကို ထန်းမော့က အကြိမ်တစ်ရာမက ကြားပြီးနေပြီ။

Zawgyi
ဘာပဲေျပာေျပာ အထက္တန္းဒုတိယႏွစ္မစခင္အထိ semester တစ္ခု က်န္ေသးတယ္ေလ။ အထက္တန္းဒုတိယႏွစ္ စၿပီဆိုတာနဲ႔ ေက်ာင္းသားေက်ာင္းသူေတြက ညေနခင္းပိုင္းပါ တက္ရေတာ့မွာ။ အဲ့တာဆို သူမ အလုပ္ဆက္လုပ္ႏိုင္ေတာ့မွာ မဟုတ္ဘူး။ အဲ့တာေၾကာင့္ အခုအခ်ိန္ကစၿပီး ေနာက္၂ႏွစ္စာအတြက္ သူမတက္ႏိုင္သေလာက္ ႀကိဳျပင္ဆင္ထားရေတာ့မွာ။ ေခ်ာင္မိသားစုက သူမကို ေက်ာင္းဆက္ထားမလား မထားဘူးလားဆိုတာ သူမ အာမမခံႏိုင္ဘူးေလ။ သူတို႔က သူမေက်ာင္းလခေပးတာကို ရပ္ပစ္လိုက္ဖို႔က ပိုမ်ားတယ္။

ႏွစ္သစ္ကူးေန႔မွာ မနက္ခင္း၂နာရီေလာက္ထိ အလုပ္လုပ္ၿပီးသြားတဲ့အခ်ိန္မွာ ေနာက္ဆုံးေတာ့ ေခ်ာင္လန္ နားခ်ိန္ခဏေလး ရခဲ့တယ္။ ဆိုင္ပိုင္ရွင္သူေဌးမက သူမကို ကင္ထားတဲ့ စတိတ္ခ္ စားဖို႔ ေျပာၿပီး သူမကို ႏွစ္သစ္ကူး ႏႈတ္ဆက္စကားေျပာသြားတယ္။ ၿပီးေတာ့ သူမက ေခ်ာင္လန္႔ကို ေန႔လည္ခင္းက်မ အလုပ္ျပန္လာဖို႔ ေျပာသြားတယ္။

ေခ်ာင္လန္ အိမ္ျပန္ေရာက္လာေတာ့ ေခ်ာင္မိသားစုက လူေတြအကုန္လုံး အိပ္ေပ်ာ္ေနၿပီ။ ၿပီးေတာ့ အိမ္ကလဲ ရႈပ္ပြေနတာပဲ။

အတက္ႏိုင္ဆုံး တိတ္တိတ္ေလး ကိုယ္လက္သန္႔စင္ၿပီးသြားေတာ့ သူမကိုယ္သူမ မွန္ထဲမွာ ၾကည့္လိုက္တယ္။ ေရခ်ိဳးခန္းထဲက မီးအလင္းေရာင္က မွိန္ေနတယ္။ သူမမ်က္ႏွာက အနည္းငယ္ပင္ပန္းေနပုံေပါက္ေနတယ္။ ဒါေပမဲ့ ၾကည့္ရေတာ့ဆိုးမေနဘူး။ ၿပီးေတာ့ သူမလည္ပင္းက ေက်ာက္စိမ္းဆြဲသီးေလးက အလင္းေရာင္ထဲမွာ ေတာက္ပေနတယ္။

႐ုတ္တရက္ ေခ်ာင္လန္ ထန္းေမာ့ကို ေတြးမိသြားတယ္။

အခု ထန္းေမာ့က ဘယ္မွာ ဘာေတြလုပ္ေနမလဲဆိုတာ သူမ မသိဘူး။

ေဆာင္းရာသီပိတ္ရက္က တစ္ဝက္က်ိဳးသြားၿပီ။ ၿပီးေတာ့ သူမ သူ႔ကို မေတြ႕ရတာ ရက္အေတာ္ၾကာသြားၿပီ။

သူမဒီစာအုပ္ထဲကို ကူးေျပာင္းလာၿပီးကထဲက သူမရဲ႕ အေကာင္းဆုံးသူငယ္ခ်င္းတစ္ေယာက္ျဖစ္တဲ့အတြက္ေၾကာင့္ သူမက ပုံမန္ဆို သူ႔ကို မက္ေဆ့နဲ႔ ႏွစ္သစ္ကူးဆုေတာင္းစာပို႔ေပးရမွာ။ ကံမေကာင္းစြာနဲ႔ပဲ ထန္းေမာ့က အျမန္ထြက္သြားခဲ့တယ္။ ၿပီးေတာ့ သူမမွာ သူ႔ကို ဆက္သြယ္စရာ နည္းလမ္းမရွိခဲ့ဘူး။

ေခ်ာင္လန္ အိပ္ရာေပၚလဲလိုက္တယ္။ သူမ႐ုတ္တရက္တစ္ခုခုကို ေတြးလိုက္မိၿပီး အိပ္ရာေပၚကေန ထထိုင္လိုက္တယ္။

ထန္းေမာ့အေဖက အခုကေန ၃ရက္ေနလို႔ရွိရင္ အေနာက္တိုင္းစားေသာက္ဆိုင္မွာ ဘိုကင္လုပ္ထားတာကို သူမ ေရးေရးေလးမွတ္မိသြားတယ္။

အလုပ္ရႈပ္လွတဲ့ တစ္ေန႔တာအၿပီးမွာ သူမ အရမ္းအိပ္ခ်င္ေနတယ္။ ဒါေပမဲ့ ဒါကို ေတြးလိုက္မိေတာ့ အရမ္းပင္ပန္းတယ္လို႔ ခံစားေနရတဲ့ ေခ်ာင္လန္တစ္ေယာက္ ခ်က္ခ်င္းပဲ တစ္ကိုယ္လုံးက အားအင္ေတြျပည့္လာတယ္။ ၿပီးေတာ့ အေဖထန္းက တစ္ကယ္ပဲ ဘိုကင္ယူထားတာလားဆိုတာ သူမအခုခ်က္ခ်င္းသြားမစစ္ႏိုင္တာကို သူမ မုန္းေနမိတယ္။

အရင္ညတုန္းက ေခ်ာင္လန္က ညဂ်ဴတီက်တယ္။ အဲ့တာေၾကာင့္ သူမက ေန႔လည္ခင္းက် ေနာက္က်မွ ေရာက္ရမွာ။ ဒါေပမဲ့ ေခ်ာင္လန္က ေန႔လည္စာစားခ်ိန္ၿပီးတာနဲ႔ နည္းနည္းေလးေစာၿပီး ေရာက္လာခဲ့တယ္။

ေန႔မြန္းတည့္ခ်ိန္မွာ စားေသာက္ဆိုင္ထဲမွာ ဧည့္သည္အမ်ားႀကီးမရွိဘူး။ ေခ်ာင္လန္က ေငြရွင္းတဲ့ ေကာင္တာဆီသြားလိုက္ၿပီး စားေသာက္ဆိုင္ရဲ႕ ဘိုကင္လုပ္ထားတဲ့ စာရင္းကို ရွာလိုက္တယ္။ နာမည္ေတြကို တစ္ခုၿပီးတစ္ခါလိုက္ၾကည့္ရင္း ေနာက္ဆုံးေတာ့ လူႀကီးမင္းထန္းဆိုတဲ့ စာလုံးကို သူမ ေတြ႕လိုက္ရတယ္။

ေခ်ာင္လန္ သက္ျပင္းခ်လိုက္တယ္။ ေတာ္ေသးတာေပါ့ ထန္းေမာ့က ထန္းမ်ိဳး႐ိုးျဖစ္ေနလို႔။ တစ္ကယ္လို႔ သူ႔မွာသာ က်န္းတို႔ လီတို႔ ဝမ္တို႔လို မ်ိဳး႐ိုးနာမည္သာရွိေနမယ္ဆိုရင္ သူ႔ကိုဘယ္လိုရွာရမလဲဆိုတာ သူမ တစ္ကယ္သိမွာ မဟုတ္ဘူး။

ထန္းဆိုတဲ့ မ်ိဳး႐ိုးနာမည္က ရွားတယ္။ တစ္ကယ္လို႔ သူမသာ ထန္းေမာ့ကို မသိဘူးဆိုရင္ ဒီလိုမ်ိဳး႐ိုးနာမည္မ်ိဳး ရွိမွန္းေတာင္ ေခ်ာင္လန္ တစ္ကယ္သိမွာ မဟုတ္ဘူး။

ထန္းေမာ့အေဖက သဘက္ခါညေနခင္း ၇နာရီခြဲက် စားပြဲတစ္ခု ဘိုကင္ယူထားတယ္။

ထန္းေမာ့နဲ႔ အေဖထန္းတို႔က အေနာက္တိုင္းစားေသာက္ဆိုင္ကို အႀကိမ္ေပါင္းမ်ားစြာ လာစားဖူးတယ္။ ၿပီးေတာ့ သူတို႔ကို အၿမဲတမ္း ေခ်ာင္လန္ပဲ အမွာစာယူေပးရတာ။ ထန္းေမာ့ကလဲ အေဖထန္းကို သူမက သူ႔အတန္းေဖာ္တစ္ေယာက္လို႔ ေျပာထားေပးတယ္။ အဲ့အခ်ိန္က်ရင္ သူမ အေဖထန္းကို ထန္းေမာ့ ဖုန္းနံပါတ္ ေတာင္းလိုက္မယ္။

သူမက အေဖထန္းကို ေစာင့္ႏိုင္တယ္။ ဒါေပမဲ့ ေခ်ာင္လန္ ရွိတဲ့ေနရာနဲ႔ အခ်ိန္၁၂နာရီေလာက္ကြာျခားတဲ့ ေနရာမွာ ရိေနတဲ့ ထန္းေမာ့ကေတာ့ သူထြက္ခြာလာတဲ့ ေန႔ကထဲက ေစာင့္ေနရွာတာ။

အစတုန္းကေတာ့ ေခ်ာင္လန္က ဖုန္းနံပါတ္ကို ရရခ်င္း သူ႔ကို မက္ေဆ့ပို႔လိမ့္မယ္လို႔ သူက ေတြးထားခဲ့တာ။ ၿပီးေတာ့ ရက္ေတြသာကုန္သြားတယ္။ ဦးေလးခ်န္က သူ႔ကို ႏွစ္သိမ့္ေပးတယ္ ေခ်ာင္လန္က အလုပ္အရမ္းမ်ားလြန္းလို႔ ေမ့သြားတာေနမွာလို႔ ေျပာတယ္။ ဒါေပမဲ့ သူမက သူ႔ကို ေသခ်ာေပါက္ Happy New Year လို႔ေတာ့ ႏွစ္သစ္ကူး ဆုေတာင္းစကားေျပာမွာပါတဲ့။

အစတုန္းက မေပ်ာ္႐ုံပဲ မေပ်ာ္ရာကေန ေနာက္ေတာ့ ပိုပိုၿပီး ဆူပုတ္လာေတာ့တယ္။ ထန္းေမာ့က ရက္ေပါင္း၁ဒါဇင္အတြင္းမွာတင္ သူဘယ္တုန္းကမွ နာမလည္တဲ့ စကားလုံးတစ္လုံးကို သင္ယူႏိုင္ခဲ့တယ္။

စိတ္ပ်က္မႈ

နစ္သစ္ကူးေန႔ရဲ႕ ညသန္းေခါင္ကေန ေနာက္တစ္ေန႔ မနက္ခင္းအထိ သူ႔ဖုန္းက သူေမွ်ာ္ေနတဲ့လူဆီကေန မက္ေဆ့ ဘယ္ေတာ့မွ လက္ခံမရခဲ့ဘူး။

အဲ့ေန႔မွာ သူရယ္ သူ႔အဖြားရယ္ ဦးေလးခ်န္ရယ္ အန္တီခ်န္ရယ္ အတူထိုင္ၿပီး ေႏြဦးပြဲေတာ္အစီအစဥ္ေတြကို ၾကည့္ေနခဲ့တယ္။ ဘာလို႔ TVထဲက လူအုပ္ႀကီးက ထပ္ခါထပ္ခါရယ္ေနၾကတာလဲဆိုတာ ထန္းေမာ့ လုံးဝနားမလည္ႏိုင္ဘူး။ အဲ့ပြဲမွာ ဘာေတြျဖစ္ေနတာလဲဆိုတာ ၾကည့္ဖို႔လဲ စိတ္ပါမေနဘူး။ အဲ့တာက သူ႔အဖိုးရဲ႕ နာမက်န္းျဖစ္မႈေၾကာင့္လဲ ပါတယ္။ ဒီလို ပြဲေတာ္ေန႔မွာ ၿပဳံးဖို႔ဆိုတာ အရမ္းခက္ခဲေနတယ္။

သူတို႔ႏိုင္ငံမွာဆို ညေရာက္ေနၿပီ ဒါေပမဲ့ အခုဒီမွာေတာ့ ေကာင္းက္က လင္းထိန္ေနတုန္းပဲ။ ထန္းေမာ့က သူ႔wheelchairေလးကို တြန္းၿပီး အခန္းထဲကို ဝင္သြားတယ္။ သူ wheelchair ေပၚမွာ ထိုင္ရင္းနဲ႔ပဲ ညမေရာက္ခင္အခ်ိန္အထိ တစ္ေန႔ခင္းလုံး ေငးေတြးရင္းနဲ႔ပဲ ကုန္ဆုံးခဲ့တယ္။

ဦးေလးခ်န္က သတိထားၿပီး အခန္းထဲကို ဝင္လာခဲ့တယ္။ ေကာင္ေလးကို ဒီလိုမ်ိဳး ေတြ႕လိုက္ရေတာ့ သူတစ္ခုခုေျပာခ်င္မိတယ္။ ဒါေပမဲ့ အကူအညီေပးႏိုင္တဲ့ဟာတစ္ခုမွ သူမစဥ္းစားမိဘူး။ အဲ့တာနဲ႔ သူသက္ျပင္းခ်လိုက္ၿပီး အခန္းထဲကေန ထြက္သြားလိုက္တယ္။

သူ အတန္းပိုင္ဆရာဆီ ဖုန္းထပ္ဆက္ၿပီး အတည္ျပဳၿပီးသြားၿပီ။ အတန္းပိုင္ဆရာက ေခ်ာင္လန္႔မိသားစုကို ဖုန္နံပါတ္ေပးၿပီးသြားၿပီတဲ့။ ဒါေပမဲ့ ေခ်ာင္လန္က လုံးဝ ဆက္သြယ္မလာခဲ့ဘူး။

ဦးေလးခ်န္က ေနလာတာပဲ ႏွစ္ေပါင္းမ်ားစြာရွိေနၿပီ။ သူက လူကဲခတ္မွားတဲ့လူမ်ိဳးမဟုတ္ဘူးလို႔ ခံစားေနရတုန္းပဲ။ ထန္းေမာ့အေပၚ ေခ်ာင္လန္က ဘယ္ေလာက္ေကာင္းေကာင္းဆက္ဆံလဲဆိုတာက ေသခ်ာေပါက္ အတုအေယာင္ေတာ့ မဟုတ္ဘူးေလ။

အဲ့တာဆို ေခ်ာင္လန္က တစ္ခုခုေၾကာင့္ ေႏွာင့္ေႏွးေနတာမ်ားလား။ ဒါမွမဟုတ္ ေခ်ာင္မိသားစုက ေခ်ာင္လန္႔ကို ဖုန္းနံပါတ္ မေပးတာမ်ားလား။

ဦးေလးခ်န္ မေတြးတက္ေတာ့ဘူး။

ထန္းေမာ့အတြက္ကေတာ့ ဒီႏွစ္သစ္ကူးက ေပ်ာ္႐ြင္မႈဆိုတာ လုံးဝမရွိခဲ့ဘူး.....

ႏွစ္သစ္ကူး ဒုတိယေန႔မွာ ထန္းေမာ့အဖိုးက ကြယ္လြန္သြားခဲ့တယ္။

သူ႔ရဲ႕ေသဆုံးျခင္းက ထန္းေမာ့အဖြားရဲ႕ က်န္ရွိေနတဲ့အားအင္ေတြကို ႐ိုက္ခ်ိဳးလိုက္သလိုပဲ။ သူမက ေမ့လဲသြားၿပီး အေရးေပၚခန္းကို ပို႔လိုက္ရတယ္။ ထန္းေမာ့က ေဆး႐ုံမွာ ထိုင္ေနတယ္။ သူ႔ရဲ႕ေသေလာက္ေအာင္ျဖဴေဖ်ာ့ေနတဲ့လက္ေခ်ာင္းေတြက သူ႔မ်က္လုံးကို ကြယ္ထားတယ္။ သူ႔မ်က္လုံးေတြပိတ္ထားေပမဲ့လို႔ သူ႔ေဘးပတ္ဝန္းက်င္က ဆူညံေနတဲ့ငိုသံေတြက သူ႔နားထဲကို ဝင္လာေသးတယ္။

ဒီမွာ လူေတြအမ်ားႀကီးပဲ။ သူ႔အေမမွာ အကိုႀကီးတစ္ေယာက္ အမႀကီးတစ္ေယာက္ ၿပီးေတာ့ ေမာင္ေလးတစ္ေယာက္ရွိတယ္။ ထန္းေမာ့က သူတို႔အေပၚဘာ impression မွမရွိဘူး။ သူအရမ္းငယ္ငယ္ေလးတုန္းက သူ႔ဝမ္းကြဲတစ္ေယာက္က သူ႔ကို ေလကားထိပ္ကေနၿပီး တြန္းခ်တာပဲ သူမွတ္မိတယ္။ ဒုတိယထပ္ကေနၿပီး ပထမထပ္ကို ျပဳတ္က်တုန္းက သူငိုခဲ့တယ္။

တစ္ကယ္လို႔ သာမန္ကေလးသာဆိုရင္ ဒီေလာက္ဆိုးဆိုးဝါးဝါးျပဳတ္က်ခဲ့မွာ မဟုတ္ဘူး။ ဒါေပမဲ့ ထန္းေမာ့က သာမန္ကေလးေတြလိုမ်ိဳး ေကြးႏိုင္ဆန္႔ႏိုင္ျခင္းမရွိခဲ့ဘူးေလ။ သူ႔ရဲ႕ Asperger ေရာဂါေၾကာင့္မလို႔ေပါ့။ သူက နာက်င္လို႔ ငိုခဲ့တယ္။ ဒုတိယထပ္မွာ ရပ္ေနတဲ့သူ႔ဝမ္းကြဲကလဲ အရမ္းေၾကာက္သြားၿပီး စငိုခဲ့တယ္။

ဒါေပမဲ့ အဲ့တာက အရမ္းၾကာခဲ့ပါၿပီ။ အားလုံးက အ႐ြယ္ေရာက္လာၾကၿပီ။ လက္ရိမွာ အခန္းထဲမွာ လူတစ္ဒါဇင္ေက်ာ္ေလာက္ ရွိေနတယ္။ ဒါေပမဲ့ ထန္းေမာ့က အခ်ိဳ႕ကိုပဲ သိတယ္။

အားလုံးကငိုေနၾကတယ္။ သူတစ္ဦးထဲကလြဲလို႔ေပါ့။ ထန္းေမာ့က ဒီဝမ္းနည္းဖြယ္ေကာင္းတဲ့ ေနရာနဲ႔ မကိုက္ညီတဲ့ သူစိမ္းတစ္ေယာက္လိုပဲ ျဖစ္ေနခဲ့တယ္။

အဆက္မျပတ္ငိုသံေတြက သူ႔နားထဲကို ဆက္တိုက္ဝင္ေရာက္လာခဲ့တယ္။ အရမ္းဆူညံလြန္းလို႔ သူ႔အာ႐ုံေၾကာေတြက တငိးက်ပ္လာခဲ့တယ္။ ထန္းေမာ့ကၿငိမ္သက္စြာနဲ႔ သူ႔အဖိုးရဲ႕ ခႏၶာကိုယ္ကိုၾကည့္လိုက္ၿပီး အၾကာႀကီးေနေတာ့မွ ဦးေလးခ်န္ကို ေျပာလိုက္တယ္။ " သြားၾကစို႔ "

ေဆး႐ုံေတြ ဆရာဝန္ေတြ ေသဆုံးျခင္း ဒါမ်ိဳးေတြကို သူေနာက္တစ္ခါ ထပ္မျမင္ခ်င္ေတာ့ဘူး။ သူ႔ေဘးပတ္လည္က ေလးလံေနတဲ့ ခံစားခ်က္က သူ႔ကိုၿပိဳလဲခ်င္စိတ္ျဖစ္ေအာင္လုပ္ေနတယ္။

သူက မ်က္ႏွာေသႀကီးနဲ႔ အခန္းထဲကေန wheelchair ကို တြန္းၿပီး ထြက္သြားတယ္။ သူထြက္သြားေတာ့ အခန္းထဲက တစ္ေယာက္ေယာက္ေျပာသံကို သူၾကားလိုက္ရတယ္။ " ဘယ္လိုေတာင္ အသည္းနလုံးမရွ္တဲ့ကေလးလဲ "

ထန္းေမာ့က သူ႔ႏွလုံးတည္ရွိတဲ့ သူ႔ရင္ဖတ္ေပၚကေနရာကို တိတ္ဆိတ္စြာ စမ္းၾကည့္လိုက္တယ္။

သူ႔ႏွလုံးခုန္ေနတာကို သူခံစားလို႔ရေနတယ္။

သူက ဒီတိုင္း ဘာခံစားခ်က္မွ ခံစားလို႔မရ႐ုံပါပဲ။ သူက ဝမ္းနည္းမႈ ၊ နာက်င္မႈ ၊ ဒါမွမဟုတ္ တစ္ျခားစိတ္ခံစားခ်က္ေတြကို ခံစားလို႔မရဘူး။

ဦးေလးခ်န္မ်က္လုံးေတြ မဲေမွာင္သြားတယ္။ ၿပီးေတာ့ သူက ထန္းေမာ့ေနာက္ကေန ဘာမွမေျပာဘဲ လိုက္သြားခဲ့တယ္။ ေကာင္ေလးရဲ႕ ေနာက္ေက်ာေသးေသးေလးကို ၾကည့္ရင္း မ်က္ရည္ေတြကို သုတ္လိုက္တယ္။

ဦးေလးခ်န္က ေခါင္းငုံ႔လိုက္ၿပီး ထန္းေမာ့ကို တြန္းေပးမလို႔ လုပ္လိုက္တဲ့အခ်ိန္မွာ သူ႔ေနာက္ကေန လူတစ္ေယာက္ထြက္လာၿပီး ထန္းေမာ့ကို ေမးလိုက္တယ္။ " နည္းနည္းၾကာၾကာေလာက္ မေနေပးႏိုင္ဘူးလား "

ထန္းေမာ့က ဒီလူက ဘယ္သူလဲဆိုတာ မမွတ္မိဘူး။ သူက သူ႔ဝမ္းကြဲေတြထဲက တစ္ေယာက္ဟုတ္မဟုတ္ကိုလဲ မသိဘူး။ အေနာက္ျပန္လွည့္လိုက္ၿပီး သူမ်က္ေမွာင္က်ဳံ႕လိုက္ခ်င္တယ္။ ဒါေပမဲ့ မ်က္ေမွာင္က်ဳံ႕ဖို႔ရာအတြက္ သူ႔မ်က္ႏွာကို ဘယ္လိုလုပ္ရွားရမယ္ဆိုတာ သူမသိဘူး။ အဲ့တာေၾကာင့္ သူ႔မ်က္ႏွာက ပုံမန္လိုပဲ ဘာအမူအရာမရွိမေနခဲ့ဘူး။

" တစ္ျခားကိစၥရွိေသးလား "

လူငယ္ေလးက ထန္းေမာ့ကို ၾကည့္လိုက္ၿပီး ထန္းေမာ့လုပ္ေနတာက က်ိဳးေၾကာင့္မသင့္ဘူးလို႔ပဲ ခံစားလိုက္ရတယ္။ ထန္းေမာ့က အသည္းႏွလုံးမရွိဘူးလို႔ ေျပာတဲ့ ေဒၚေလးက လုံးဝလိမ္ေနတာ မဟုတ္ဘူးပဲ။ အစကေန အဆုံးထိ ထန္းေမာ့ မ်က္ရည္တစ္စက္က်တာကို သူမျမင္မိဘူး။

" အထဲကလူ မင္းအဖိုးေလ။ မင္းကေလးကထဲက မင္းကို ေစာင့္ေရွာက္ေပးခဲ့တဲ့ အဖိုးေလ။ အခု သူဆုံးသြားတာကို မင္းနည္းနည္းေလးမွ မနာက်င္ရဘူးလား။ အေျခခံအက်ဆုံး က်င့္ဝတ္ကိုေရာ မင္းသိရဲ႕လား။ "

ဦးေလးခ်န္က အျမန္ေျပာလိုက္တယ္။ " ဒီလိုပတ္ဝန္းက်င္မ်ိဳးက သခင္ေလးအတြက္ရွိေနဖို႔ ခက္ခဲပါတယ္။ "

သူက သနားစရာေကာင္းတယ္ဆိုတာ အားလုံးသိၾကတယ္။ ဒါေပမဲ့ သူကဘာလို႔ သနားစရာေကာင္းတာလဲဆိုတာကိုေတာ့ ဘယ္သူမွ နားမလည္ခ်င္ၾကဘူး။ ထန္းေမာ့အေဖအရင္းက သူ႔သားေလးအတြက္ ျပန္ျဖည့္ဆည္းေပးခ်င္ပါတယ္လို႔ခ်ည္း ေျပာေနခဲ့တယ္။ အဲ့တာေၾကာင့္ သူက ထန္းေမာ့ကို သူ႔အမိေျမကို ျပန္ေခၚသြားခဲ့တယ္။ ဒါေပမဲ့ သူ႔မွာ သူ႔သားအေၾကာင္းကို နားလည္ေအာင္လုပ္ဖို႔ အခ်ိန္မရွိဘူး။ သူ႔ကို အၾကာႀကီးေနလို႔ေတာင္ မဆက္သြယ္တဲ့ ဒီအမ်ိဳးေတြက ထန္းေမာ့က အသည္းႏွလုံးမရွိဘူးလို႔ ေျပာတယ္။ ဒါေပမဲ့ သူက ဘာလို႔ ဒီလိုပုံစံျဖစ္ေနရတာလဲဆိုတာ ဘယ္သူကမွ နားလည္မေပးခ်င္ၾကဘူး။

သူဒီလိုပုံစံမ်ိဳးျဖစ္ေနရတာက သူ႔အျပစ္ေၾကာင့္လား?

သူကေရာ ဒီလိုမ်ိဳး ခံစားခ်က္ေတြကို မခံစားႏိုင္ နားမလည္ႏိုင္တဲ့ လူထူးဆန္းအျဖစ္ လိုလိုလားလားနဲ႔ ေမြးဖြားလာခ်င္ခဲ့လို႔လား?

သူလဲ သာမန္လူျဖစ္ခ်င္တာေပါ့။

ထန္းေမာ့က အဲ့စိတ္ကို မခံစားႏိုင္ဘူး။ ဒါေပမဲ့ ဦးေလးခ်န္ကေတာ့ အဲ့စိတ္ကို ခံစားမိတယ္။ သူ႔အဖိုးဆုံးၿပီးသြားေတာ့ ဦးေလးခ်န္က အားလုံးေရွ႕မွာ ထန္းေမာ့ကို အတက္ႏိုင္ဆုံး ဘာသိဘာသာျဖစ္မေနရေအာင္ ႀကိဳးစားလုပ္ေပးခဲ့တယ္။ ဒါေပမဲ့ အဲ့တာက အသုံးမဝင္တဲ့ပုံပါပဲ။ သူ႔ရဲ႕ အသက္ႀကီးတဲ့ေဆြမ်ိဳးေတြက သူ႔ကို သေဘာမက်ၾကဘူး။ သူ႔ရဲ႕ ဝမ္းကြဲညီ ညီမေတြကေတာ့ သူ႔ကို ေၾကာက္ၾကတယ္။

ဦးေလးခ်န္က တစ္ခုခုေျပာမလို႔ လုပ္လိုက္တယ္။ ဒါေပမဲ့ ထန္းေမာ့က ေပါ့ပါးစြာပဲ ေျပာလိုက္တယ္။ " သူက ငါ့ကို ေစာင့္ေရွာက္ေပးခဲ့တာမဟုတ္ဘူး။ "

လူငယ္ေလးက ေၾကာင္သြားတယ္။ " ဘာ? "

" ဟုတ္တယ္ အထဲကလူက ငါ့အဖိုးဆိုတာ ဟုတ္တယ္။ ဒါေပမဲ့ သူက ဘယ္တုန္းကမွ ငါ့ကို မေစာင့္ေရွာက္ေပးခဲ့ဘူး။ " ထန္းေမာ့က ခ်န္းလန္ကို ၾကည့္လိုက္ၿပီး " ငါအခုသြားလို႔ရၿပီလား "

ခ်န္းလန္က သူ႔ကို ေၾကာင္ၿပီးၾကည့္ေနလိုက္တယ္။ ထန္းေမာ့ေနာက္ေက်ာက တေျဖးေျဖးေပ်ာက္ကြယ္သြားတာကို ၾကည့္ေနရင္း သူက်ိန္ဆဲလိုက္တယ္။

ေသြးေအးတဲ့ေကာင္ ၊ ရက္စက္တဲ့ေကာင္ ၊ အ႐ူး..... သူ႔ပါးစပ္က ထြက္လာသမွ် စကားလုံးတိုင္းကို ထန္းေမာ့က အႀကိမ္တစ္ရာမက ၾကားၿပီးေနၿပီ။

Продолжить чтение

Вам также понравится

Over My Dead Body Rebelle Fleur

Любовные романы

37.8M 1.1M 68
Deadly assassins Allegra and Ace have been trying in vain to kill each other for years. With a mutual enemy threatening their mafias, they find thems...