Unicode
အခန်း ၃၅ ) သူ့ကိုဖမ်း!
လုချီယွမ်နှင့် သူ့လူတွေကို မြင်လိုက်ရလေလျှင် လုမန်မျက်နှာအမူအရာပြောင်းလဲသွားပေသည်။ သူမ လူနာခန်းဆီသို့ အမြန်ပြေးသွားရင်း ဖုန်းခေါ်လိုက်သည်။
“ ထန်းကျိ .. သတင်းထောက်တွေခေါ်ပြီးတော့ မေမေ့ဆေးရုံကိုလာခဲ့ပါ။ မြန်မြန်လေးနော်။ ငါ ၁၅ မိနစ်လောက်ပဲ အချိန်ဆွဲထားလို့ရမယ် ”
“ ဘာတွေဖြစ်လို့လဲ။ ၁၅ မိနစ်က လုံလောက်ပါတယ်။ ငါ့ကို စောင့်သာနေပါ... ”
ထန်းကျိက လုမန်ရှင်းပြသည်အထိ မစောင့်ဘဲ သူ့ရပ်တည်မှုကို ဖော်ပြပြီး ဖြစ်သည်။
“ လုချီယွမ်က ဆေးရုံကို လူတွေခေါ်လာတယ်။ ဒါ မေမေ့ကို လာတွေ့တာ လုံးဝ မဟုတ်နိုင်ဘူး။ ငါထင်တာမမှားရင် သူတို့တွေ ငါ့ကိုချောင်ပိတ်ဖမ်းရအောင် ရောက်လာတာပဲ။ ပြီးရင် မေမေ့ကိုခုတုံးလုပ်ပြီး လုချီအစား အချောင်ဝင်ခံပေးဖို့ ငါ့ကို အကျပ်ကိုင်လိမ့်မယ် ထင်တယ် ”
“ ဖာ့ခ်..အဲဒါ နင့်အဖေအရင်းကောဟုတ်ရဲ့လား ” ထန်းကျိ ကျိန်ဆဲပစ်လိုက်သည်။ သူ့မိသားစုက သာမန်အိမ်ထောင်စုလေးတစ်စုဖြစ်ပြီး ငယ်ငယ်လေးတည်းက သူဟာ မလိမ်မိုးမလိမ္မာနှင့် စာကောင်းကောင်းမလေ့လာသည့်အတွက် သူ့ဖေဖေက မကြာခဏ ရိုက်လေ့ရှိသည်။
သို့ပေမယ့် ဒါတွေအားလုံးဟာ သူကောင်းဖို့အတွက် ဆိုတာကို သူ သိသည်။
ထို့ပြင် ယခု သူသည် သတင်းထောက်တစ်ယောက်ဖြစ်ပြီး ထိုအလုပ်သည် မည်မည်ရရ အလုပ် မဟုတ်သည့်အပြင် လူလည်း ပင်ပန်းရသည်။ သို့သော်လည်း သူ့အဖေအတွက်တော့ သူ တရားမဝင်အလုပ်တွေ မလုပ်သရွေ့ ကိုယ်တိုင်အားထုတ်ကြိုးစားနေသရွေ့ သတင်းထောက်အလုပ်ကလည်း အဆင်ပြေသည်ပင်။
သူ တစ်နေ့လုံး ပြေးလွှားလုပ်ကိုင်နေရတာကို သိ၍ သူ့ဖေဖေက သူ အိမ်ပြန်လာချိန်မှာ ကောင်းကောင်းမွန်မွန် ဆက်ဆံပေးတတ်သည်။ သူ့မေမေကလည်း သူ့အတွက် အာဟာရဖြစ်စေမည့် အရာတွေကို ချက်ပြုတ်ကျွေးဖို့ အမြဲ လုပ်တတ်သည်။
ထို့ကြောင့် လုချီယွမ် ကဲ့သို့ စက်ဆုပ်ရွံရှာစရာကောင်းသော လူတစ်ယောက် ဤကမ္ဘာမြေတွင် တည်ရှိနေလိမ့်မည် ဟု သူ လုံးဝ မတွေးမိခဲ့ပေ။
တခြားမိန်းမရဲ့သမီးအတွက်နှင့် သူက သူ့သမီးအရင်းကို ဒီလောက်ထိ နာကျင်ခံစားရအောင် လုပ်သည်။
သူ့ဦးနှောက်မှာ တစ်ခန်းလွတ်နေသလား...
“ ငါလဲ သူ့ကို ငါ့အဖေအရင်း မဟုတ်စေချင်ဘူး။ ဒါပေမဲ့ အဲ့လိုဆိုရင် ငါ့မေမေက သူ့ကို သစ္စာဖောက်တယ် ဖြစ်သွားလိမ့်မယ်။ ဒီတော့ ဒါက မဖြစ်နိုင်ဘူး ငါ့မေမေက အဲ့လိုလူစားမျိုး မဟုတ်ဘူး ” လုမန်က ပြေးရင်းလွှားရင်း ပြောလိုက်ခြင်းဖြစ်ကာ “ ငါ နင့်ကို စကားတွေအများကြီးပြောဖို့အချိန်မရဘူး။ မြန်မြန်သာလာခဲ့ ”
“ အေးပါ! ”
လုမန် လူနာခန်းသို့ ပြန်ပြေးသွားလိုက်ကာ ပန်းကန်ခွက်ယောက်တွေကို စားပွဲပေါ်မှာချပြီး ရှချင်းဝေကို ပြောလိုက်သည်။
“ အမေ သမီးမှာလုပ်စရာလေးရှိလို့ အပြင်ခဏသွားလိုက်ဦးမယ် ”
ပြောပြီးတာနှင့် ရှချင်းဝေပင် ဘာမှမေးချိန်မရလိုက်အောင် သူမ အမြန်ပြေးထွက်ခဲ့သည်။
တကယ်တော့ လုမန်က ပထမထပ်မှာရှိသည့် ဆေးခန်းကို သွားချင်တာ ဖြစ်ပေမယ့် လုချီယွမ် အမြန်ရောက်လာလိမ့်မည် ဟု မထင်ထားမိကာ သူက သူနာပြုတွေ တာဝန်ကျသည့် နေရာသို့ပင် ရောက်ရှိနှင့်ပြီ ဖြစ်၏။
ရှချင်းယန်လဲ သူနှင့်အတူ လိုက်လာကာ သူတို့အနောက်တွင် တုတ်ခိုင်သန်မာသော လူငါးဦးလည်းပါသည်။
ဒီလူတွေကိုကြည့်ပြီး သူနာပြုတွေ ဇဝေဇဝါနှင့် သံသယဖြစ်လာသည်။ သူတို့ပုံစံက လူနာတွေ့ဖို့ လာတာနှင့် မတူဘဲ ဖျက်ဆီးသောင်းကျန်းဖို့ရောက်လာတာနှင့်တူသည်။
အခြားတစ်ဖက်တွင် ရှချင်းယန်ရဲ့မျက်လုံးတွေ စူးလက်သွားကာ လုမန်ကို မြင်လိုက်သည်နှင့် သူမက လှမ်းအော်ပစ်သည်။
“ လုမန် မပြေးနဲ့!! ”
ဒါပေမယ့် လုမန်က အစတည်းက ပြေးဖို့ရည်ရွယ်ထားတာမှ မဟုတ်တာ၊ ပြေးရင်တောင် ရှချင်းဝေက ဆေးရုံမှာ ရှိနေတုန်းမို့လို့ သူမက ဘယ်လိုလုပ်ထွက်ပြေးနိုင်မှာလဲ. . .
လုမန် သူမနှုတ်ခမ်းတွေကို တင်းတင်းစေ့ပစ်လိုက်ကာ အေးစက်စွာ မေးလိုက်သည်။
“ ရှင်တို့တွေ ဒီကိုဘာလာလုပ်တာလဲ။ သြော်.. နှစ်တွေချီအောင်ကြာပြီးမှ ကျွန်မအမေဆေးရုံမှာဆိုတာကို သတိရပြီး လာတွေ့ကြတာလား ”
ရှချင်းဝေရှိနေသည့် ဆေးရုံကို ဒီနေ့ချက်ချင်း ရောက်ချလာတယ်ဆိုကတည်းက ဒီအကြောင်းတွေကို ဟိုးအရင်တည်းက သူတို့ သိထားပြီးဖြစ်တာသေချာသည်။
အခုထိတိုင်အောင် ရှချင်းဝေဆီတစ်ခေါက်ပင် ရောက်မလာခဲ့ဖူးသော လုချီယွမ်ဟာ လုချီ ဒုက္ခရောက်မှသာ ဒီနေရာကို ရောက်လာခဲ့ပေ၏။
ထိုအခိုက်တွင် လုမန်ရင်မှာဒေါသတွေအမုန်းတွေပြည့်လွှမ်းသွားသည်။
စောစောက ထန်းကျိပြောသွားခဲ့သလိုပဲ ဒီလို ရွံစရာ လူမျိုးရှိနေတာ အံ့သြလို့ပင်မဆုံး!!
“ ငါတို့တွေလာခဲ့တာက နင့်ကိုပြန်ခေါ်သွားမလို့.. ငါတို့ပြောတဲ့အတိုင်း နင်လိုက်နာရင် နင့်အမေကို ငါတို့ ဘာမှလုပ်စရာမလိုဘူး။ ဒါပေမဲ့ အဲဒါက နင်ရွေးချယ်မယ့်အပေါ်မှာ မူတည်တယ် ”
ရှချင်းယန်က လုချီယွမ်ဘေးမှာမတ်တပ်ရပ်ပြီး ခြိမ်းခြောက်လိုက်သည်။
“ ရှင်က ဘာလုပ်ချင်လို့လဲ.. ”
လုမန် လေသံကို တမင်ကျယ်ပစ်လိုက်၏။
ဒီနေရာမှာ နဂိုကတည်းက သူတို့ကြောင့် ပွက်လောရိုက်ပြီးဖြစ်ကာ လူတကာက အာရုံစူးစိုက်နေကြလျက်~
အခု လုမန်က လေသံကို တမင် မြှင့်အော်လိုက်သည့်အတွက် လူတော်တော်များများက သူမတို့ရှိရာကို ငေးကြည့်လာကြပြီ ဖြစ်သည်။
အွန်လိုင်းမှာ သတင်းတွေ ပျံ့သွားပြီဆိုတာနှင့် လုမိသားစု ပျာပျာသလဲ ဖြစ်လာမှာကို သူမ ကြိုတွက်ထားပြီးသားပါ။
တစ်နည်းမဟုတ်တစ်နည်းနဲ့တော့ သူတို့ သူမကို ချောင်ပိတ်ဖမ်းဖို့ ကြိုးစားကြလိမ့်မည်။
သို့ပေမယ့် မနေ့ညက လုချီကိစ္စကိုရှင်းရင်း အလုပ်ရှုပ်နေရသည့်အပြင် လူအင်အားရှာရန် အချိန်လိုအပ်နေသည်ကြောင့် သူတို့ သူမကို ညတွင်းချင်း လာမရှာတာဖြစ်၏။
ထို့ကြောင့် ဒီနေ့ကစပြီး သူမမေမေနဲ့ ဆေးရုံမှာ အတူနေမယ်လို့ လုမန်က ဆုံးဖြတ်ခဲ့ကာ...
ဆေးရုံသည် အများပြည်သူပိုင်နေရာတစ်ခု ဖြစ်သည့်အတွက် လုချီယွမ်က လွန်လွန်ကြူးကြူး လုပ်ဝံ့မည် မဟုတ်ပေ။
ဒါပေမဲ့လည်း သူတို့ ဒီလိုအသည်းအသန်နှင့် သူမကို ခေါ်ဖို့ ဆေးရုံကို တန်းလိုက်လာမယ်လို့ တကယ်ကို မထင်ထားမိခြင်းပါ။
အခု ရှချင်းဝေ ရှိနေတာမို့လို့ လုမန်မှာ စိုးရိမ်စိတ်ပူစရာတွေအများကြီးရှိသည်။
“ သူ့ကိုဖမ်း! ”
လုချီယွမ်က အမိန့်ပေးလိုက်သည်။။
==================================
Zawgyi
အခန္း ၃၅ ) သူ႔ကိုဖမ္း!
လုခ်ီယြမ္ႏွင့္ သူ႔လူေတြကို ျမင္လိုက္ရေလလ်ွင္ လုမန္မ်က္ႏွာအမူအရာေျပာင္းလဲသြားေပသည္။ သူမ လူနာခန္းဆီသို႔ အျမန္ေျပးသြားရင္း ဖုန္းေခၚလိုက္သည္။
“ ထန္းက်ိ .. သတင္းေထာက္ေတြေခၚၿပီးေတာ့ ေမေမ့ေဆးရံုကိုလာခဲ့ပါ။ ျမန္ျမန္ေလးေနာ္။ ငါ ၁၅ မိနစ္ေလာက္ပဲ အခ်ိန္ဆြဲထားလို႔ရမယ္ ”
“ ဘာေတျြဖစ္လို႔လဲ။ ၁၅ မိနစ္က လံုေလာက္ပါတယ္။ ငါ့ကို ေစာင့္သာေနပါ... ”
ထန္းက်ိက လုမန္ရွင္းျပသည္အထိ မေစာင့္ဘဲ သူ႔ရပ္တည္မႈကို ေဖာ္ျပၿပီး ျဖစ္သည္။
“ လုခ်ီယြမ္က ေဆးရံုကို လူေတြေခၚလာတယ္။ ဒါ ေမေမ့ကို လာေတြ့တာ လံုးဝ မဟုတ္ႏိုင္ဘူး။ ငါထင္တာမမွားရင္ သူတို႔ေတြ ငါ့ကိုေခ်ာင္ပိတ္ဖမ္းရေအာင္ ေရာက္လာတာပဲ။ ၿပီးရင္ ေမေမ့ကိုခုတံုးလုပ္ၿပီး လုခ်ီအစား အေခ်ာင္ဝင္ခံေပးဖို႔ ငါ့ကို အက်ပ္ကိုင္လိမ့္မယ္ ထင္တယ္ ”
“ ဖာ့ခ္..အဲဒါ နင့္အေဖအရင္းေကာဟုတ္ရဲ့လား ” ထန္းက်ိ က်ိန္ဆဲပစ္လိုက္သည္။ သူ႔မိသားစုက သာမန္အိမ္ေထာင္စုေလးတစ္စုျဖစ္ၿပီး ငယ္ငယ္ေလးတည္းက သူဟာ မလိမ္မိုးမလိမၼာႏွင့္ စာေကာင္းေကာင္းမေလ့လာသည့္အတြက္ သူ႔ေဖေဖက မၾကာခဏ ရိုက္ေလ့ရိွသည္။
သို႔ေပမယ့္ ဒါေတြအားလံုးဟာ သူေကာင္းဖို႔အတြက္ ဆိုတာကို သူ သိသည္။
ထို႔ျပင္ ယခု သူသည္ သတင္းေထာက္တစ္ေယာက္ျဖစ္ၿပီး ထိုအလုပ္သည္ မည္မည္ရရ အလုပ္ မဟုတ္သည့္အျပင္ လူလည္း ပင္ပန္းရသည္။ သို႔ေသာ္လည္း သူ႔အေဖအတြက္ေတာ့ သူ တရားမဝင္အလုပ္ေတြ မလုပ္သေရြ့ ကိုယ္တိုင္အားထုတ္ႀကိဳးစားေနသေရြ့ သတင္းေထာက္အလုပ္ကလည္း အဆင္ေျပသည္ပင္။
သူ တစ္ေန့လံုး ေျပးလႊားလုပ္ကိုင္ေနရတာကို သိ၍ သူ႔ေဖေဖက သူ အိမ္ျပန္လာခ်ိန္မွာ ေကာင္းေကာင္းမြန္မြန္ ဆက္ဆံေပးတတ္သည္။ သူ႔ေမေမကလည္း သူ႔အတြက္ အာဟာရျဖစ္ေစမည့္ အရာေတြကို ခ်က္ျပဳတ္ေကြၽးဖို႔ အၿမဲ လုပ္တတ္သည္။
ထို႔ေၾကာင့္ လုခ်ီယြမ္ ကဲ့သို႔ စက္ဆုပ္ရြံရွာစရာေကာင္းေသာ လူတစ္ေယာက္ ဤကမ႓ာေျမတြင္ တည္ရိွေနလိမ့္မည္ ဟု သူ လံုးဝ မေတြးမိခဲ့ေပ။
တျခားမိန္းမရဲ့သမီးအတြက္ႏွင့္ သူက သူ႔သမီးအရင္းကို ဒီေလာက္ထိ နာက်င္ခံစားရေအာင္ လုပ္သည္။
သူ႔ဦးေနွာက္မွာ တစ္ခန္းလြတ္ေနသလား...
“ ငါလဲ သူ႔ကို ငါ့အေဖအရင္း မဟုတ္ေစခ်င္ဘူး။ ဒါေပမဲ့ အဲ့လိုဆိုရင္ ငါ့ေမေမက သူ႔ကို သစၥာေဖာက္တယ္ ျဖစ္သြားလိမ့္မယ္။ ဒီေတာ့ ဒါက မျဖစ္ႏိုင္ဘူး ငါ့ေမေမက အဲ့လိုလူစားမ်ိဳး မဟုတ္ဘူး ” လုမန္က ေျပးရင္းလႊားရင္း ေျပာလိုက္ျခင္းျဖစ္ကာ “ ငါ နင့္ကို စကားေတြအမ်ားႀကီးေျပာဖို႔အခ်ိန္မရဘူး။ ျမန္ျမန္သာလာခဲ့ ”
“ ေအးပါ! ”
လုမန္ လူနာခန္းသို႔ ျပန္ေျပးသြားလိုက္ကာ ပန္းကန္ခြက္ေယာက္ေတြကို စားပြဲေပၚမွာခ်ၿပီး ရွခ်င္းေဝကို ေျပာလိုက္သည္။
“ အေမ သမီးမွာလုပ္စရာေလးရိွလို႔ အျပင္ခဏသြားလိုက္ဦးမယ္ ”
ေျပာၿပီးတာႏွင့္ ရွခ်င္းေဝပင္ ဘာမွေမးခ်ိန္မရလိုက္ေအာင္ သူမ အျမန္ေျပးထြက္ခဲ့သည္။
တကယ္ေတာ့ လုမန္က ပထမထပ္မွာရိွသည့္ ေဆးခန္းကို သြားခ်င္တာ ျဖစ္ေပမယ့္ လုခ်ီယြမ္ အျမန္ေရာက္လာလိမ့္မည္ ဟု မထင္ထားမိကာ သူက သူနာျပဳေတြ တာဝန္က်သည့္ ေနရာသို႔ပင္ ေရာက္ရိွႏွင့္ၿပီ ျဖစ္၏။
ရွခ်င္းယန္လဲ သူႏွင့္အတူ လိုက္လာကာ သူတို႔အေနာက္တြင္ တုတ္ခိုင္သန္မာေသာ လူငါးဦးလည္းပါသည္။
ဒီလူေတြကိုၾကည့္ၿပီး သူနာျပဳေတြ ဇေဝဇဝါႏွင့္ သံသယျဖစ္လာသည္။ သူတို႔ပံုစံက လူနာေတြ့ဖို႔ လာတာႏွင့္ မတူဘဲ ဖ်က္ဆီးေသာင္းက်န္းဖို႔ေရာက္လာတာႏွင့္တူသည္။
အျခားတစ္ဖက္တြင္ ရွခ်င္းယန္ရဲ့မ်က္လံုးေတြ စူးလက္သြားကာ လုမန္ကို ျမင္လိုက္သည္ႏွင့္ သူမက လွမ္းေအာ္ပစ္သည္။
“ လုမန္ မေျပးနဲ႔!! ”
ဒါေပမယ့္ လုမန္က အစတည္းက ေျပးဖို႔ရည္ရြယ္ထားတာမွ မဟုတ္တာ၊ ေျပးရင္ေတာင္ ရွခ်င္းေဝက ေဆးရံုမွာ ရိွေနတုန္းမို႔လို႔ သူမက ဘယ္လိုလုပ္ထြက္ေျပးႏိုင္မွာလဲ. . .
လုမန္ သူမႏႈတ္ခမ္းေတြကို တင္းတင္းေစ့ပစ္လိုက္ကာ ေအးစက္စြာ ေမးလိုက္သည္။
“ ရွင္တို႔ေတြ ဒီကိုဘာလာလုပ္တာလဲ။ ေၾသာ္.. ႏွစ္ေတြခ်ီေအာင္ၾကာၿပီးမွ ကြၽန္မအေမေဆးရံုမွာဆိုတာကို သတိရၿပီး လာေတြ့ၾကတာလား ”
ရွခ်င္းေဝရိွေနသည့္ ေဆးရံုကို ဒီေန့ခ်က္ခ်င္း ေရာက္ခ်လာတယ္ဆိုကတည္းက ဒီအေၾကာင္းေတြကို ဟိုးအရင္တည္းက သူတို႔ သိထားၿပီးျဖစ္တာေသခ်ာသည္။
အခုထိတိုင္ေအာင္ ရွခ်င္းေဝဆီတစ္ေခါက္ပင္ ေရာက္မလာခဲ့ဖူးေသာ လုခ်ီယြမ္ဟာ လုခ်ီ ဒုကၡေရာက္မွသာ ဒီေနရာကို ေရာက္လာခဲ့ေပ၏။
ထိုအခိုက္တြင္ လုမန္ရင္မွာေဒါသေတြအမုန္းေတျြပည့္လႊမ္းသြားသည္။
ေစာေစာက ထန္းက်ိေျပာသြားခဲ့သလိုပဲ ဒီလို ရြံစရာ လူမ်ိဳးရိွေနတာ အံ့ၾသလို႔ပင္မဆံုး!!
“ ငါတို႔ေတြလာခဲ့တာက နင့္ကိုျပန္ေခၚသြားမလို႔.. ငါတို႔ေျပာတဲ့အတိုင္း နင္လိုက္နာရင္ နင့္အေမကို ငါတို႔ ဘာမွလုပ္စရာမလိုဘူး။ ဒါေပမဲ့ အဲဒါက နင္ေရြးခ်ယ္မယ့္အေပၚမွာ မူတည္တယ္ ”
ရွခ်င္းယန္က လုခ်ီယြမ္ေဘးမွာမတ္တပ္ရပ္ၿပီး ၿခိမ္းေျခာက္လိုက္သည္။
“ ရွင္က ဘာလုပ္ခ်င္လို႔လဲ.. ”
လုမန္ ေလသံကို တမင္က်ယ္ပစ္လိုက္၏။
ဒီေနရာမွာ နဂိုကတည္းက သူတို႔ေၾကာင့္ ပြက္ေလာရိုက္ၿပီးျဖစ္ကာ လူတကာက အာရံုစူးစိုက္ေနၾကလ်က္~
အခု လုမန္က ေလသံကို တမင္ ျမႇင့္ေအာ္လိုက္သည့္အတြက္ လူေတာ္ေတာ္မ်ားမ်ားက သူမတို႔ရိွရာကို ေငးၾကည့္လာၾကၿပီ ျဖစ္သည္။
အြန္လိုင္းမွာ သတင္းေတြ ပ်ံ့သြားၿပီဆိုတာႏွင့္ လုမိသားစု ပ်ာပ်ာသလဲ ျဖစ္လာမွာကို သူမ ႀကိဳတြက္ထားၿပီးသားပါ။
တစ္နည္းမဟုတ္တစ္နည္းနဲ႔ေတာ့ သူတို႔ သူမကို ေခ်ာင္ပိတ္ဖမ္းဖို႔ ႀကိဳးစားၾကလိမ့္မည္။
သို႔ေပမယ့္ မေန့ညက လုခ်ီကိစၥကိုရွင္းရင္း အလုပ္ရႈပ္ေနရသည့္အျပင္ လူအင္အားရွာရန္ အခ်ိန္လိုအပ္ေနသည္ေၾကာင့္ သူတို႔ သူမကို ညတြင္းခ်င္း လာမရွာတာျဖစ္၏။
ထို႔ေၾကာင့္ ဒီေန့ကစၿပီး သူမေမေမနဲ႔ ေဆးရံုမွာ အတူေနမယ္လို႔ လုမန္က ဆံုးျဖတ္ခဲ့ကာ...
ေဆးရံုသည္ အမ်ားျပည္သူပိုင္ေနရာတစ္ခု ျဖစ္သည့္အတြက္ လုခ်ီယြမ္က လြန္လြန္ၾကဴးၾကဴး လုပ္ဝံ့မည္ မဟုတ္ေပ။
ဒါေပမဲ့လည္း သူတို႔ ဒီလိုအသည္းအသန္ႏွင့္ သူမကို ေခၚဖို႔ ေဆးရံုကို တန္းလိုက္လာမယ္လို႔ တကယ္ကို မထင္ထားမိျခင္းပါ။
အခု ရွခ်င္းေဝ ရိွေနတာမို႔လို႔ လုမန္မွာ စိုးရိမ္စိတ္ပူစရာေတြအမ်ားႀကီးရိွသည္။
“ သူ႔ကိုဖမ္း! ”
လုခ်ီယြမ္က အမိန္႔ေပးလိုက္သည္။
==================================